ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

By KimHsuYoon99

115K 13.9K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108

Chapter 50

1K 132 0
By KimHsuYoon99

Unicode

လော့ကျစ်ယွီ မစောင့်နိုင်တော့ဘူး။ လော့ချယ်ရဲ့ကံက တတိယအကြိမ်မှာ ဘယ်လိုဖြစ်မလဲဆိုတာကို သူသိချင်လှပြီ။ လော့ချယ်က တတိယအကြိမ်မှာလည်း ထပ်ပြီးအနိုင်ရမှာဦးလား?? သူ့ကတ်တွေက တောင်သူလယ်သမားနှစ်ဦးကို တောက်လျှောက် ချေမှုန်းလို့ရလောက်အောင် ကောင်းမွန်နေတာလား။

လော့ကျစ်ယွီက အရမ်းတွေ စောင့်မျှော်နေမိချိန်မှာပဲ လော့ချယ်က ကတ်တွေကို လွှင့်ပစ်လိုက်ပြီး ပြတ်ပြတ်သားသားနဲ့ "မကစားတော့ဘူး"

လော့ကျစ်ယွီက "အဲ့လိုမလုပ်နဲ့လေ ဒါက နောက်ထပ်တကျော့လေးပဲကို မြန်မြန်ပြီးသွားမှာပါ"

လော့ချယ်က မေးစေ့ကိုမြှောက်လိုက်ပြီး အချိန်ကိုကြည့်ဖို့ ခြေဟန်လက်ဟန်ပြလိုက်တယ်။ "နောက်ကျနေပြီ၊ အိပ်ရာဝင်ချိန်ရောက်ပြီ"

ဆယ့်နှစ်နာရီထိုးခါနီးနေပြီ။

ဆယ်နာရီမှာ လော့ချယ်နဲ့ကုမျန်က ဟိုတယ်ကို ပြန်လာပြီး သူတို့ဟော့ပေါ့စားပြီးတဲ့နောက်မှာတော့ ဆယ့်တစ်နာရီထိုးပြီးနေပြီ။

ညဘက်ကြီး မိန်းကလေးတစ်ယောက်ရဲ့ အခန်းထဲမှာ ရှိနေတာ မကောင်းဘူး။သူတို့က လေးယောက်ရှိပေမယ့် ရှောင်ကျူးက ဒီလိုအထူးစပယ်ရှယ်နေ့တစ်နေ့မှာ ကောင်းကောင်းအနားယူဖို့ လိုအပ်တယ်။

လော့ကျစ်ယွီက မလိုလားပေမယ့်လည်း ရှောင်ကျူးနဲ့ မရင်းနှီးတဲ့အတွက် ဆက်နေဖို့ရာ ရှက်ရွံ့သွားရတယ်။။(T/N-သူတို့က ရှောင်ကျူးရဲ့ အခန်းထဲမှာ ရှိနေကြတာမို့ပါ)

သူက မတ်တပ်ထရပ်ပြီး ခါးကိုဆန့်လိုက်ကာ "နောက်ကျနေပြီ ဒီနေ့တော့ အားလုံး ပင်ပန်းနေကြပြီဆိုတော့ စောစောအိပ်ကြ နောက်တစ်ခါ အခွင့်အရေးရရင် Dou Dizhu ကို ထပ်ကစားကြမယ်"

လော့ချယ်နဲ့ကုမျန်တို့လည်း မတ်တပ်ထရပ်လိုက်ကြတယ်။

ရှောင်ကျူးရဲ့အခန်းထဲကထွက်သွားပြီး သူမရဲ့အခန်းထဲပြန်ဝင်လာပြီးနောက် ကုမျန်က ရေချိုးခန်းထဲဝင်သွားပြီး ရေချိုးကာ အိပ်ရာဝင်ခဲ့တယ်။

နောက်ရက်အနည်းငယ်အတွက် ကုမျန်မှာ တင်းကျပ်တဲ့အချိန်ဇယားရှိတာကြောင့် သူမက အကြာကြီးအိပ်ရတာ ရှားလှတယ်။ နောက်တစ်နေ့ သူမထတော့ လော့ချယ်နဲ့လော့ကျစ်ယွီတို့က သူတို့ရဲ့ နောက်ထပ်ပရောဂျက်အတွက် ထွက်ခွာသွားကြပြီပင်။

ဒါက ကြယ်ပွင့်ငယ်လေးတွေနဲ့ နာမည်ကြီး စူပါစတားတွေကြားက ခြားနားချက်ဖြစ်တယ်။

နာမည်ကြီးကြယ်ပွင့်တစ်ယောက်ကလည်း အလုပ်ကြိုးစားရမှာဖြစ်ပြီး အခုလက်ရှိ သူမလောက် သူတို့က သက်တောင့်သက်သာမနေကြရဘူး။

ဇာတ်ကားနာမည်ကြီးလာပြီးနောက်မှာတော့ သူမဆီကို ကြော်ငြာတွေ အများကြီးရောက်လာခဲ့တယ်။

ကုမျန်က သူမရဲ့လက်ရှိအခြေအနေကို အရမ်း ကျေနပ်နေတယ်။ သူမ အရမ်းကြီးမတောင်းဆိုပါဘူး။ သူမ ရတဲ့လစာက သူမကိုယ်သူမ ထောက်ပံ့ဖို့ လုံလောက်တယ်။ သူမက ဘစ်ရှော့တစ်ယောက်မဟုတ်သလို စနေ၊တနင်္ဂနွေကလွဲပြီး ကြားရက်တွေမှာ အလုပ်သိပ်မများတာကြောင့် သူမသဘောကျတဲ့အရာတွေလုပ်ဖို့ အားလပ်ချိန်တွေ အများကြီးရှိတယ် ။ ဒီလိုဘဝမျိုးက အရမ်းကိုကောင်းနေပြီ။

ကုမျန်က ဖုန်းကိုဖွင့်လိုက်တော့ လော့ချယ်က သူ့အချိန်ဇယားကို သူမဆီပို့ထားကြောင်း မမျှော်လင့်ဘဲ တွေ့ရှိခဲ့တယ်။

ဒါက ချစ်သူကောင်လေးက သူဘယ်ဆီဘယ်၀ယ် ရောက်နေတယ်ဆိုတာကို သူ့ရဲ့ချစ်သူကောင်မလေးဆီ သတင်းပို့လိုက်တယ်ဆိုတာမျိုးလား။

အမျိုးသားဇာတ်ဆောင်က အရမ်းအလေးအနက်ထားပေမယ့် သူမကတော့ ကောင်းမွန်တဲ့ ချစ်သူကောင်မလေးအဖြစ်နေထိုင်ဖို့ အသိစိတ်မရှိခဲ့တဲ့အတွက် ကုမျန်ရှက်ရွံ့မိသွားတယ်။သူပို့လာတာကိုမြင်ပြီးနောက်မှာ ကုမျန်က တိတ်တဆိတ် သက်ပြင်းချလိုက်တယ်။

သူမက လော့ချယ်ရဲ့မိဘတွေနဲ့တွေ့ဆုံဖို့ နောက်ထပ်ရက်အနည်းငယ်လောက် ပျော်ပျော်ရွှင်ရွှင်ကြီး စောင့်နိုင်ပါတယ်လေ။

ကုမျန်နဲ့ရှောင်ကျူးက နေ့လယ်စာအတူတူစားဖို့ အောက်ထပ်ဆင်းလာခဲ့ကြတယ်။

သူမက Weibo ပေါ်မှာ အကြိမ်ပေါင်းများစွာ trending၀င်ခဲ့တယ်‌။ အခုထိ အရမ်းမကျော်ကြားလာသေးပေမယ့်လည်း သူမအပြင်သွားတိုင်း ဦးထုပ်၊ နေကာမျက်မှန် နဲ့ Mask တွေ ၀တ်ထားဖို့ လိုအပ်နေဆဲပင်။အဲ့ဒါကြောင့်နဲ့ပဲ ကုမျန်ရဲ့လက်ရှိနေ့စဉ်ဘဝကို မထိခိုက်သွားဘူး။

သူမနဲ့ရှောင်ကျူး ထမင်းစားနေတုန်း သူမတို့ဘေးမှာရှိတဲ့စားပွဲက ဧည့်သည်တွေက Weibo ပေါ်တင်ထားတဲ့ ဖြစ်ပျက်နေတဲ့တစ်စုံတစ်ရာအကြောင်း ပြောနေကြတယ်။

ကုမျန်က အတင်းအဖျင်းပြောရတာကို စိတ်မဝင်စားပေမယ့်လည်း အရမ်းကိုကျယ်လောင်တဲ့အသံတွေက သူမတို့ဘေးနားမှာပဲ ရှိနေခဲ့တယ်လေ။ ဒါကြောင့် သူမနားမထောင်ချင်တာတောင် "ဗုဒ္ဓ" "ဖြတ်ထိုးဉာဏ်" "တရားဝင်forward" " ကြော်ငြာထားတာ"ဆိုတဲ့စကားလုံးအချို့ကို ပြတ်တောင်းပြတ်တောင်းကြားနေရတယ်။

ကုမျန်က စိတ်မဝင်စားပေမယ့် ရှောင်ကျူးကတော့ စိတ်ဝင်စားတယ်။သူမက ဖုန်းကိုဖွင့်လိုက်တော့ မျှော်လင့်ထားတဲ့အတိုင်း ကုမျန် ထပ်ပြီး hot search ၀င်နေပြန်တာကို သူမ တွေ့လိုက်ရတယ်။

ဒီတခေါက်က ဖျော်ဖြေရေးနယ်ပယ်နဲ့ မသက်ဆိုင်ပေမယ့် "ဖြတ်ထိုးဉာဏ်နဲ့ နှိမ်နင်းခံလိုက်ရတဲ့ လူဆိုး" ဆိုတာနဲ့ ဆက်စပ်နေခဲ့တာဖြစ်တယ်။

Miao-

Dou Dizhu: fight the landlord က တရုတ်နိုင်ငံမှာ ရေပန်းစားလှတဲ့ ကတ်ဂိမ်းအမျိုးအစားတစ်ခုဖြစ်တယ်။ ဂိမ်းမှာ ကစားသမား ၃ ဦးလိုပြီး၊ တစ်ဦးက မြေပိုင်ရှင်ဖြစ်ကာ ကျန်နှစ်ဦးကတော့ လယ်သမားတွေဖြစ်တယ်။ နှစ်ဖက်စလုံးက တိုက်ခိုက်ကြပြီး အောင်ပွဲရတဲ့ပါတီက သူ ဒါမှမဟုတ် သူမရဲ့ကတ်တွေကို အရင်ဆုံးပြပြီး အဆုံးသတ်လိုက်နိုင်တဲ့သူဖြစ်ပါတယ်။

Rocket က Jokerလိုပဲ ဂိမ်းထဲရှိအရာအားလုံးကို အနိုင်ယူနိုင်တယ်။

Bombကတော့ တူညီတဲ့အဆင့်ရှိတဲ့ ကတ်လေးခုပါ၊ ဥပမာပြောရရင် 7-7-7-7လိုမျိုး။



Zawgyi

ေလာ့က်စ္ယြီ မေစာင့္နိုင္ေတာ့ဘူး။ ေလာ့ခ်ယ္ရဲ႕ကံက တတိယအႀကိမ္မွာ ဘယ္လိုျဖစ္မလဲဆိုတာကို သူသိခ်င္လွၿပီ။ ေလာ့ခ်ယ္က တတိယအႀကိမ္မွာလည္း ထပ္ၿပီးအနိုင္ရမွာဦးလား?? သူ႕ကတ္ေတြက ေတာင္သူလယ္သမားႏွစ္ဦးကို ေတာက္ေလွ်ာက္ ေခ်မႈန္းလို႔ရေလာက္ေအာင္ ေကာင္းမြန္ေနတာလား။

ေလာ့က်စ္ယြီက အရမ္းေတြ ေစာင့္ေမွ်ာ္ေနမိခ်ိန္မွာပဲ ေလာ့ခ်ယ္က ကတ္ေတြကို လႊင့္ပစ္လိုက္ၿပီး ျပတ္ျပတ္သားသားနဲ႕ "မကစားေတာ့ဘူး"

ေလာ့က်စ္ယြီက "အဲ့လိုမလုပ္နဲ႕ေလ ဒါက ေနာက္ထပ္တေက်ာ့ေလးပဲကို ျမန္ျမန္ၿပီးသြားမွာပါ"

ေလာ့ခ်ယ္က ေမးေစ့ကိုျမႇောက္လိုက္ၿပီး အခ်ိန္ကိုၾကည့္ဖို႔ ေျခဟန္လက္ဟန္ျပလိုက္တယ္။ "ေနာက္က်ေနၿပီ၊ အိပ္ရာဝင္ခ်ိန္ေရာက္ၿပီ"

ဆယ့္ႏွစ္နာရီထိုးခါနီးေနၿပီ။

ဆယ္နာရီမွာ ေလာ့ခ်ယ္နဲ႕ကုမ်န္က ဟိုတယ္ကို ျပန္လာၿပီး သူတို႔ေဟာ့ေပါ့စားၿပီးတဲ့ေနာက္မွာေတာ့ ဆယ့္တစ္နာရီထိုးၿပီးေနၿပီ။

ညဘက္ႀကီး မိန္းကေလးတစ္ေယာက္ရဲ႕ အခန္းထဲမွာ ရွိေနတာ မေကာင္းဘူး။သူတို႔က ေလးေယာက္ရွိေပမယ့္ ေရွာင္က်ဴးက ဒီလိုအထူးစပယ္ရွယ္ေန႕တစ္ေန႕မွာ ေကာင္းေကာင္းအနားယူဖို႔ လိုအပ္တယ္။

ေလာ့က်စ္ယြီက မလိုလားေပမယ့္လည္း ေရွာင္က်ဴးနဲ႕ မရင္းႏွီးတဲ့အတြက္ ဆက္ေနဖို႔ရာ ရွက္႐ြံ႕သြားရတယ္။။(T/N-သူတို႔က ေရွာင္က်ဴးရဲ႕ အခန္းထဲမွာ ရွိေနၾကတာမို႔ပါ)

သူက မတ္တပ္ထရပ္ၿပီး ခါးကိုဆန႔္လိုက္ကာ "ေနာက္က်ေနၿပီ ဒီေန႕ေတာ့ အားလုံး ပင္ပန္းေနၾကၿပီဆိုေတာ့ ေစာေစာအိပ္ၾက ေနာက္တစ္ခါ အခြင့္အေရးရရင္ Dou Dizhu ကို ထပ္ကစားၾကမယ္"

ေလာ့ခ်ယ္နဲ႕ကုမ်န္တို႔လည္း မတ္တပ္ထရပ္လိုက္ၾကတယ္။

ေရွာင္က်ဴးရဲ႕အခန္းထဲကထြက္သြားၿပီး သူမရဲ႕အခန္းထဲျပန္ဝင္လာၿပီးေနာက္ ကုမ်န္က ေရခ်ိဳးခန္းထဲဝင္သြားၿပီး ေရခ်ိဳးကာ အိပ္ရာဝင္ခဲ့တယ္။

ေနာက္ရက္အနည္းငယ္အတြက္ ကုမ်န္မွာ တင္းက်ပ္တဲ့အခ်ိန္ဇယားရွိတာေၾကာင့္ သူမက အၾကာႀကီးအိပ္ရတာ ရွားလွတယ္။ ေနာက္တစ္ေန႕ သူမထေတာ့ ေလာ့ခ်ယ္နဲ႕ေလာ့က်စ္ယြီတို႔က သူတို႔ရဲ႕ ေနာက္ထပ္ပေရာဂ်က္အတြက္ ထြက္ခြာသြားၾကၿပီပင္။

ဒါက ၾကယ္ပြင့္ငယ္ေလးေတြနဲ႕ နာမည္ႀကီး စူပါစတားေတြၾကားက ျခားနားခ်က္ျဖစ္တယ္။

နာမည္ႀကီးၾကယ္ပြင့္တစ္ေယာက္ကလည္း အလုပ္ႀကိဳးစားရမွာျဖစ္ၿပီး အခုလက္ရွိ သူမေလာက္ သူတို႔က သက္ေတာင့္သက္သာမေနၾကရဘူး။

ဇာတ္ကားနာမည္ႀကီးလာၿပီးေနာက္မွာေတာ့ သူမဆီကို ေၾကာ္ျငာေတြ အမ်ားႀကီးေရာက္လာခဲ့တယ္။

ကုမ်န္က သူမရဲ႕လက္ရွိအေျခအေနကို အရမ္း ေက်နပ္ေနတယ္။ သူမ အရမ္းႀကီးမေတာင္းဆိုပါဘူး။ သူမ ရတဲ့လစာက သူမကိုယ္သူမ ေထာက္ပံ့ဖို႔ လုံေလာက္တယ္။ သူမက ဘစ္ေရွာ့တစ္ေယာက္မဟုတ္သလို စေန၊တနဂၤႏြေကလြဲၿပီး ၾကားရက္ေတြမွာ အလုပ္သိပ္မမ်ားတာေၾကာင့္ သူမသေဘာက်တဲ့အရာေတြလုပ္ဖို႔ အားလပ္ခ်ိန္ေတြ အမ်ားႀကီးရွိတယ္ ။ ဒီလိုဘဝမ်ိဳးက အရမ္းကိုေကာင္းေနၿပီ။

ကုမ်န္က ဖုန္းကိုဖြင့္လိုက္ေတာ့ ေလာ့ခ်ယ္က သူ႕အခ်ိန္ဇယားကို သူမဆီပို႔ထားေၾကာင္း မေမွ်ာ္လင့္ဘဲ ေတြ႕ရွိခဲ့တယ္။

ဒါက ခ်စ္သူေကာင္ေလးက သူဘယ္ဆီဘယ္၀ယ္ ေရာက္ေနတယ္ဆိုတာကို သူ႕ရဲ႕ခ်စ္သူေကာင္မေလးဆီ သတင္းပို႔လိုက္တယ္ဆိုတာမ်ိဳးလား။

အမ်ိဳးသားဇာတ္ေဆာင္က အရမ္းအေလးအနက္ထားေပမယ့္ သူမကေတာ့ ေကာင္းမြန္တဲ့ ခ်စ္သူေကာင္မေလးအျဖစ္ေနထိုင္ဖို႔ အသိစိတ္မရွိခဲ့တဲ့အတြက္ ကုမ်န္ရွက္႐ြံ႕မိသြားတယ္။သူပို႔လာတာကိုျမင္ၿပီးေနာက္မွာ ကုမ်န္က တိတ္တဆိတ္ သက္ျပင္းခ်လိဳက္တယ္။

သူမက ေလာ့ခ်ယ္ရဲ႕မိဘေတြနဲ႕ေတြ႕ဆုံဖို႔ ေနာက္ထပ္ရက္အနည္းငယ္ေလာက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႀကီး ေစာင့္နိုင္ပါတယ္ေလ။

ကုမ်န္နဲ႕ေရွာင္က်ဴးက ေန႕လယ္စာအတူတူစားဖို႔ ေအာက္ထပ္ဆင္းလာခဲ့ၾကတယ္။

သူမက Weibo ေပၚမွာ အႀကိမ္ေပါင္းမ်ားစြာ trending၀င္ခဲ့တယ္‌။ အခုထိ အရမ္းမေက်ာ္ၾကားလာေသးေပမယ့္လည္း သူမအျပင္သြားတိုင္း ဦးထုပ္၊ ေနကာမ်က္မွန္ နဲ႕ Mask ေတြ ၀တ္ထားဖို႔ လိုအပ္ေနဆဲပင္။အဲ့ဒါေၾကာင့္နဲ႕ပဲ ကုမ်န္ရဲ႕လက္ရွိေန႕စဥ္ဘဝကို မထိခိုက္သြားဘူး။

သူမနဲ႕ေရွာင္က်ဴး ထမင္းစားေနတုန္း သူမတို႔ေဘးမွာရွိတဲ့စားပြဲက ဧည့္သည္ေတြက Weibo ေပၚတင္ထားတဲ့ ျဖစ္ပ်က္ေနတဲ့တစ္စုံတစ္ရာအေၾကာင္း ေျပာေနၾကတယ္။

ကုမ်န္က အတင္းအဖ်င္းေျပာရတာကို စိတ္မဝင္စားေပမယ့္လည္း အရမ္းကိုက်ယ္ေလာင္တဲ့အသံေတြက သူမတို႔ေဘးနားမွာပဲ ရွိေနခဲ့တယ္ေလ။ ဒါေၾကာင့္ သူမနားမေထာင္ခ်င္တာေတာင္ "ဗုဒၶ" "ျဖတ္ထိုးဉာဏ္" "တရားဝင္forward" " ေၾကာ္ျငာထားတာ"ဆိုတဲ့စကားလုံးအခ်ိဳ႕ကို ျပတ္ေတာင္းျပတ္ေတာင္းၾကားေနရတယ္။

ကုမ်န္က စိတ္မဝင္စားေပမယ့္ ေရွာင္က်ဴးကေတာ့ စိတ္ဝင္စားတယ္။သူမက ဖုန္းကိုဖြင့္လိုက္ေတာ့ ေမွ်ာ္လင့္ထားတဲ့အတိုင္း ကုမ်န္ ထပ္ၿပီး hot search ၀င္ေနျပန္တာကို သူမ ေတြ႕လိုက္ရတယ္။

ဒီတေခါက္က ေဖ်ာ္ေျဖေရးနယ္ပယ္နဲ႕ မသက္ဆိုင္ေပမယ့္ "ျဖတ္ထိုးဉာဏ္နဲ႕ ႏွိမ္နင္းခံလိုက္ရတဲ့ လူဆိုး" ဆိုတာနဲ႕ ဆက္စပ္ေနခဲ့တာျဖစ္တယ္။

Miao-

Dou Dizhu: fight the landlord က တ႐ုတ္နိုင္ငံမွာ ေရပန္းစားလွတဲ့ ကတ္ဂိမ္းအမ်ိဳးအစားတစ္ခုျဖစ္တယ္။ ဂိမ္းမွာ ကစားသမား ၃ ဦးလိုၿပီး၊ တစ္ဦးက ေျမပိုင္ရွင္ျဖစ္ကာ က်န္ႏွစ္ဦးကေတာ့ လယ္သမားေတြျဖစ္တယ္။ ႏွစ္ဖက္စလုံးက တိုက္ခိုက္ၾကၿပီး ေအာင္ပြဲရတဲ့ပါတီက သူ ဒါမွမဟုတ္ သူမရဲ႕ကတ္ေတြကို အရင္ဆုံးျပၿပီး အဆုံးသတ္လိုက္နိုင္တဲ့သူျဖစ္ပါတယ္။

Rocket က Jokerလိုပဲ ဂိမ္းထဲရွိအရာအားလုံးကို အနိုင္ယူနိုင္တယ္။

Bombကေတာ့ တူညီတဲ့အဆင့္ရွိတဲ့ ကတ္ေလးခုပါ၊ ဥပမာေျပာရရင္ 7-7-7-7လိုမ်ိဳး။

Continue Reading

You'll Also Like

15.4K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
706K 38K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
519K 34.7K 31
story description>>>>> start-5/10/2021 end-1/1/2022
16.3K 1.9K 32
Totally Credited to original author