Unicode
အခန်း - ၂၉ : စွန့်ပစ်ဆေးရုံ (၁၃)
ညသန်းခေါင်ယံအလယ် ဆေးရုံတစ်ခုလုံး တိတ်ဆိတ်နေသည်။ ကောင်လေး၏အခန်းက မှောင်မည်းသော်လည်း ပြတင်းပေါက်မှ ဖြာကျလာသော လရောင်ဖျော့ဖျော့ကြောင့် ပရိဘောဂပစ္စည်းများပေါ်တွင် ငွေအလင်းမှုန်တို့ ဖြန့်ကျက်လျက်ရှိသည်။
"အွမ်း..."
ကောင်လေးက တိုးညင်းစွာ ညည်းလိုက်သည်။ ရှဲ့ယွမ်ဟွိုင်၏ ပေါင်ပေါ်တွင်ထိုင်ရင်း သူ၏လက်နှစ်ဖက်က တစ်ဖက်လူ၏ လည်တိုင်ကို ဖက်တွယ်ထား၏။ မျက်ဝန်းများက စိုစွတ်နေကာ မျက်ရည်အလွှာလေးတစ်ခု ဖုံးလွှမ်းနေသည်။ သူ့ခမျာ ပြင်းပြတက်ကြွသော အနမ်းကို မနည်းအမီလိုက်နေရသည်။
ရှဲ့ယွမ်ဟွိုင်သည် အနေအေးပုံပေါ်သော်လည်း ကောင်လေးကိုနမ်းတိုင်း ဝါးမြိုချတော့လုမတတ် ချစ်စိတ်ပြင်းပြသည်။ သူက ကောင်လေး၏ခါးကို ပွေ့ဖက်ကာ သူနှင့်အတူ အိပ်ရာပေါ် လှဲချလိုက်သည်။ ထို့နောက် တစ်ပတ်လှည့်လိုက်ရင်း ကောင်လေးကို အိပ်ရာထဲဖိကပ်ကာ အနမ်းရှည်ကြီးကို ဆက်လိုက်၏။ ကောင်လေးဘက်မှ မရုန်းကန်မချင်း သူက မလွှတ်ပေးချေ။
"အဟင့်... ဟူး..."
ကောင်လေး၏မျက်နှာက နီရဲနေသည်။ နှုတ်ခမ်းပါးလေးများဟာ အရည်လဲ့ပြီး ရွှန်းစိုနေသည်အထိ အနမ်းခံထားရသည်။ ခုတင်ပေါ်တွင် ခွေခွေလေး လဲလျောင်းရင်း အသက်လုရှူနေရသည်။
ရှဲ့ယွမ်ဟွိုင်၏ မျက်ဝန်းများက အတန်ငယ် မည်းမှောင်လာပြီး နောက်တစ်ကြိမ် ထပ်နမ်းရန် လှုပ်ရှားလာသည်။ သို့သော် ကောင်လေးက မျက်နှာလေးနီရဲလျက် အသာနောက်ဆုတ်သွားပြီး အသံငယ်လေးဖြင့် ပြောလာသည်။
"ထပ်... ထပ်မလုပ်နဲ့တော့... ကျွန်တော် မရတော့ဘူး.."
"ဒီလိုလုပ်ရတာကို မကြိုက်ဘူးလား..?" ကိုလူချောက ညင်းသွဲ့သွဲ့ ပြောလာသည်။ "မကြိုက်ရင် နောက် ဘယ်တော့မှ ထပ်မလုပ်တော့ဘူးနော်.."
"မဟုတ်.. ပါဘူး.."
ထိုစကားကြောင့် ကောင်လေးသည် ရှဲ့ယွမ်ဟွိုင်၏အင်္ကျီစကို မထိန်းနိုင်အောင် လှမ်းဆွဲလိုက်မိရင်း ပျားရည်စက်လေးများ အရည်ပျော်ကျလာသကဲ့သို့ နူးညံ့ရှက်ရွံ့စွာ ဆိုသည်။
"မကြိုက်တာ မဟုတ်ပါဘူး.."
"အလိမ္မာလေး.."
ရှဲ့ယွမ်ဟွိုင်က ကောင်လေး၏မျက်နှာကို တစ်ချက်နမ်းလိုက်ရင်း သူ၏နှုတ်ခမ်းထောင့်က ကော့တက်သွားကာ အပြုံးရိပ်တစ်ခု ထင်ဟပ်လာသည်။
သူပြုံးလိုက်လျှင် ရေခဲနှင်းပွင့်များ အရည်ပျော်ကျသွားသည့်နှယ် အလွန်လှပပေ၏။ ကောင်လေးက သူ့ကို သတိလက်လွတ် ငေးကြည့်နေခဲ့သည်။ သို့နှင့် သတိပြန်ဝင်လာချိန်တွင် ရှဲ့ချင်းလန်က သူ့ကို အိပ်ရာပေါ်ဖိကပ်ကာ ထပ်နမ်းနေချေပြီ။
အမ်း.. ကိုကိုယွမ်ဟွိုင်က အမြဲတမ်း သူ့ကို ဒီလိုမျိုးဖြားယောင်းတတ်ပေမယ့် အကြိမ်တိုင်း သူ့ဘက်က မငြင်းဆန်နိုင်ခဲ့ဘူး..!
***
"ဒီလိုဆိုရင် မကြောက်တော့ဘူးမလား..?"
ရှဲ့ယွမ်ဟွမ်သည် ကောင်လေးကို ပွေ့ချီပြီး သူ၏ရင်ခွင်ထဲ တစ်ကိုယ်လုံး ပျော့ခွေကျလာသည်အထိ နမ်းနေခဲ့၏။ ထို့နောက် သူ၏ အေးစက်သော လက်ချောင်းများဖြင့် ကောင်လေး၏ နားရွက်နီနီလေးကို အသာပွတ်သပ်ကျီစယ်ရင်း နဖူးထက်သို့ နူးညံ့စွာ အနမ်းခြွေလိုက်သည်။
"ဒါပေမဲ့...."
ကောင်လေး၏မျက်နှာက ရဲရဲနီသွားသည်။
ကိုကိုယွမ်ဟွိုင်ကို သူနှင့်အတူ ရှိစေချင်ပါသည်။ ကိုကိုသာရှိနေလျှင် သူ မည်သည့်အရာကိုမျှ ကြောက်နေစရာမလိုတော့။ သူ၏ ရည်ရွယ်ချက်က သန့်ရှင်းပါသော်ငြား ကိုကိုယွမ်ဟွိုင်ကတော့ အမြဲ... အမြဲတမ်း...
ကောင်လေးသည် စကားကို အဆုံးထိမပြောရဲခဲ့ပေ။ သူ ငြင်းဆန်လိုက်လျှင် ကိုကိုယွမ်ဟွိုင်က 'နမ်းတာကို မကြိုက်ဘူးလား..' ဟူ၍ ကျိန်းသေပေါက် မေးလာလိမ့်မည်။ သူကလည်း 'မကြိုက်ပါဘူး..'ဟု ပြန်မဖြေနိုင်ပေ။ အမှန်အတိုင်းပြောရလျှင် ကိုကိုယွမ်ဟွိုင်နှင့် နမ်းရသည်ကို အလွန်နှစ်သက်သည်။ သူက သည်အတိုင်း အကြမ်းပတမ်း မနမ်းချင်ရုံသာ။
ထို့အပြင် ကိုကိုယွမ်ဟွိုင်ကို ငြင်းလည်းမငြင်းရက်ပေ။ နေ့လည်က သူနာပြုအစ်မပြောခဲ့သော သရဲပုံပြင်များကြောင့် သူ့မှာ ညဘက်အိပ်ရန် ကြောက်လန့်နေခဲ့ရသည်။ ကိုကိုယွမ်ဟွိုင်က ထိုအကြောင်းကြားပြီး ညကြီးသန်းခေါင် သူ့အခန်းထဲအထိ တကူးတက ရောက်လာကာ အဖော်ပြုပေးခြင်းပင်။
သို့သော် ကိုကိုယွမ်ဟွိုင်က နှလုံးရောဂါကြောင့် ဆေးရုံတက်နေရမှန်း သတိရလိုက်သဖြင့် ညဘက်မအိပ်ဘဲ သူ့ကို အဖော်ပြုပေးလျှင် ကျန်းမာရေးထိခိုက်သွားမလား စိုးရိမ်လာမိသည်။
"ဘာမှမဖြစ်ပါဘူး.." ရှဲ့ယွမ်ဟွိုင်က ကောင်လေး၏ နူးညံ့အိထွေးသော ဆံနွယ်များကို အသာပွတ်သပ်ပေးရင်း.. "ကိုယ့်ကိုယ်ကို ဖိအားမပေးဘူး.. မစိုးရိမ်နဲ့နော်.."
"တကယ်လား..? တော်သေးတာပေါ့.."
ကောင်လေးက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ သိချင်စိတ်အပြည့်ဖြင့် မေးသည်။ : "ကိုကိုယွမ်ဟွိုင်.. ညဘက်ကြီး ကိုကို့အခန်းကနေ ဒီအထိလျှောက်လာတာ မကြောက်ဘူးလား..?"
နေ့ခင်းက သူနာပြုအစ်မပြောခဲ့သည့် သရဲပုံပြင်များကို ပြန်သတိရသွားသည်။ မိလ္လာကျင်းထဲမှ လူသားစားမကောင်းဆိုးဝါး၊ ရေခဲတိုက်ထဲမှ အနီရောင်ဝတ်ထားသည့် အမျိုးသမီးအလောင်း.. စသည်ဖြင့်။ အခန်းတံခါးကို လှမ်းကြည့်လိုက်မိရင်း ခန္ဓာကိုယ်လေး ကျုံ့ဝင်သွား၏။ မှောင်မည်းနေသော တံခါးမကြီးနောက်တွင် တစ်စုံတစ်ခု ရှိနေသလိုလို.. သွေးပေနေသည့် လက်တစ်စုံက အခန်းတံခါးကို တွန်းဖွင့်တော့မလိုလို.. ခံစားလာရသည်။
သို့နှင့် ရှဲ့ယွမ်ဟွိုင်၏ရင်ခွင်ထဲ မထိန်းနိုင်အောင် တိုးဝင်သွားမိပြန်သည်။
"မကြောက်ပါဘူး.." ရှဲ့ယွမ်ဟွိုင်၏အသံက တည်ငြိမ်နေပြီး.. "ဆေးရုံထဲမှာ အဲလိုအရာမျိုးတွေ မရှိပါဘူး.."
"အဲလိုသာဆို ကောင်းတာပေါ့.." ကောင်လေးက တီးတိုးရေရွတ်လိုက်သည်။ "ကိုကိုယွမ်ဟွိုင်.. ဒီကမ္ဘာပေါ်မှာ သရဲ တကယ်ရှိတယ်ထင်လား..?"
"............"
ရှဲ့ယွမ်ဟွိုင်၏ လှုပ်ရှားမှုက တစ်ခဏ ရပ်တန့်သွားသည်။
"ရှောင်ချူးရော ဘယ်လိုထင်လဲ..?"
"မသိဘူး... မရှိဖို့ပဲ မျှော်လင့်ပါတယ်.. ကျွန်တော် ကြောက်လို့.."
ရှဲ့ယွမ်ဟွိုင်သည် အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက်.. : "တစ္ဆေသရဲရှိတာကို လက်မခံနိုင်ဘူးလား..?"
"လက်မခံနိုင်လောက်ဘူးထင်တယ်.." ကောင်လေးက တွေးတွေးဆဆဖြင့် ဆက်ပြောသည်။ "ဒါပေမဲ့ မပြောတတ်ဘူးလေ.. ကျွန်တော်မှ မမြင်ဖူးတာ.. တကယ်မြင်ရတဲ့အချိန် ဘယ်လိုတုံ့ပြန်မိမလဲ ကျွန်တော်လည်း မသိဘူး.."
ရှဲ့ယွမ်ဟွိုင်က သိပြီဖြစ်ကြောင်း ခပ်တိုးတိုးအသံပြုသော်လည်း ဘာမှထပ်မပြောခဲ့ပေ။ သူရှိနေသဖြင့် ကောင်လေးလည်း စိတ်သက်သာရာရသွားပြီး ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။
အိပ်တစ်ဝက်နိုးတစ်ဝက်အချိန်ဝွင် လက်တစ်ဖက်က သူ့ကို ညင်သာစွာ ပုတ်ပေးပြီး ချော့သိပ်နေတာကို ခပ်ရေးရေးလေး ခံစားမိနေသည်။
"အိပ်... အိပ်..."
နောက်တစ်ရက် ကောင်လေးသည် အိပ်ချင်မူးတူး မျက်လုံးဖွင့်လိုက်ရင်း အိပ်ရာနိုးလာသည်။
အခန်းတစ်ခုလုံး ပြတင်းပေါက်မှ နေရောင်ခြည်ဖြာကျနေသဖြင့် လင်းထိန်နေချေပြီ။ သို့သော် ရှဲ့ယွမ်ဟွိုင်ကိုတော့ မတွေ့ရတော့ချေ။
***
ကောင်လေးသည် မုန့်ထုပ်များပိုက်ပြီး စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဓာတ်လှေကားထဲ ဝင်လိုက်၏။ သူနေသည့် ရှစ်လွှာမှ နှလုံးရောဂါသည်များထားသည့် လေးလွှာသို့ ဆင်းသွားလိုက်သည်။
အမြဲတမ်း ကိုကိုယွမ်ဟွိုင်က သူ၏အခန်းထဲ လာရင်လာ၊ မဟုတ်လျှင် ဆေးရုံဝင်းထဲမှာသာ တွေ့ဖြစ်ခဲ့သည်။ ယခုချိန်ထိ ကိုကိုယွမ်ဟွိုင်၏ အခန်းထဲ သွားမလည်ဖူးပေ။
ယနေ့ သူနာပြုအစ်မက သူ့ကို မုန့်အများကြီး ပေးလာ၏။ သူ့အထင် အတော်လေး စားကောင်းသဖြင့် ကိုကိုယွမ်ဟွိုင်ကိုလည်း ကျွေးချင်လာသည်။ သို့သော် နှလုံးရောဂါသည် လူနာများကို ဧည့်တွေ့ခွင့်ပြုမပြု သေချာမသိသောကြောင့် အရင်ဆုံး စုံစမ်းကြည့်ရဦးမည်။
ကောင်လေးသည် ဓာတ်လှေကားထဲမှ ထွက်ပြီးနောက် လေးလွှာ၏ ကောင်တာသို့ တန်းသွားလိုက်သည်။ သူက အကြိမ်ပေါင်းများစွာ မေးခဲ့ဖူးသော်လည်း ရှဲ့ယွမ်ဟွိုင်က လုံးဝမပြောပြခဲ့သောကြောင့် ရှဲ့ယွမ်ဟွိုင်၏ အခန်းနံပါတ်ကို သူမသိပေ။ နှလုံးရောဂါကြောင့် ဆေးရုံတက်နေရသည် ဟူသောအချက်ကိုပင် ခက်ခက်ခဲခဲ မေးမြန်းခဲ့ရသည်။
"ဟယ်လို သူနာပြုအစ်မ.."
ကောင်လေး၏ မျက်ဝန်းများက တဖျက်ဖျက်လက်နေပြီး တောက်ပစွာ ပြုံးလိုက်သည်။ : "လူနာတစ်ယောက်အကြောင်း သိချင်လို့ပါ.. သူ့နာမည်က ရှဲ့ယွမ်ဟွိုင်လို့ခေါ်တယ်.. ဘယ်အခန်းမှာနေလဲဟင်..?"
"ရှဲ့ယွမ်ဟွိုင်လား စစ်ကြည့်လိုက်ဦးမယ်.." ထိုသူနာပြုက အတော်လေး ကြင်နာတတ်ဟန်ပေါ်သည်။ "သူ့နာမည်ကို ဘယ်လိုရေးရလဲ သိလား..?"
"ကျေးဇူးပါ.. အစ်မ.." ကောင်လေးက ပြုံးလိုက်ရင်း.. "ကျေးဇူးရဲ့ 'ရှဲ့'.. ဝေးကွာခြင်းရဲ့ 'ယွမ်..' ပြီးတော့ ဟွိုင်မြစ်ရဲ့ 'ဟွိုင်.'"
သူနာပြုက ကွန်ပြူတာထဲမှ လူနာစာရင်းဖွင့်ပြီး ရှာကြည့်ပေးသည်။ ထို့နောက် ခေါင်းခါယမ်းကာ ပြောလာသည်။
"နာမည်မှားနေတာလား.. အလွှာမှားနေတာလား..? အစ်မတို့ဆီမှာ 'ရှဲ့ယွမ်ဟွိုင်'ဆိုတဲ့ လူနာမရှိဘူး.."
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.." ကောင်လေးက မျက်လုံးလေးကလယ်ကလယ်ဖြင့် မယုံကြည်နိုင်သလို ပြောလာသည်။ "ဒါပေမဲ့ သူ့နာမည်က ရှဲ့ယွမ်ဟွိုင်ပါ.."
"'ရှဲ့'မျိုးရိုးနာမည်နဲ့ ရှာလိုက်တာပဲ.. ဒါပေမဲ့ မတွေ့ဘူး.." သူနာပြုက ဆက်ပြောသည်။ "ဒါမှမဟုတ် တခြားအလွှာမှာ ရှာကြည့်ပါလား.."
"ဟုတ်......."
ကောင်လေးက ညှိုးငယ်စွာ ခေါင်းညိတ်ပြသည်။ အတွင်းလူနာဆောင်၏ ကျန်ခုနစ်လွှာအပြင် သူနေသည့် ရှစ်ထပ်မြောက်အလွှာကိုပင် လိုက်ရှာခဲ့ပြီးချေပြီ။ သို့သော် 'ရှဲ့ယွမ်ဟွိုင်'ဆိုသည့် လူနာမရှိသလို ခပ်ဆင်ဆင်နာမည်မျိုးပင် မတွေ့ခဲ့ရပေ။
"ဧကန္တ ရှဲ့ဟွမ်ဟွိုင်ဆိုတာ နာမည်ပြောင်များလား..?"
ကောင်လေးသည် အတော်လေး စိတ်ရှုပ်ထွေးသွားပြီး နားမလည်နိုင်တော့ပေ။ "ဒါပေမဲ့ ကိုကိုယွမ်ဟွိုင်က ကျွန်တော့်ကို လိမ်ပြောစရာအကြောင်းမှ မရှိတာ.. အဓိပ္ပါယ်မရှိဘူးလေ.."
"သူက ဘယ်လိုပုံစံမျိုးလဲ..?"
ရှစ်လွှာ၏ သူနာပြုက ကောင်လေးအနား လျှောက်လာသည်။ စိတ်အားထက်သန်စွာ ကူညီပေးချင်နေပြီး စိုးရိမ်တကြီး မေးလာသည်။ : "အစ်မကိုပြောပြလေ.. လိုက်ရှာပေးမယ်.."
"သူက အရမ်းချောတယ်.. အရပ်ရှည်ပြီး ပိန်တယ်.. သူ့အသားအရောင်က တော်တော်လေး ဖြူဖျော့တယ်.. ဒီဆေးရုံမှာ ရုပ်အချောဆုံးလူကို ပြောပါဆိုရင် ကျိန်းသေပေါက် သူပဲ.."
ကောင်လေးက တည်ငြိမ်စွာ ပြောပြလာသည်။ ထို့နောက် တစ်စုံတစ်ရာကို တွေးမိသွားပြီး သူ့ခေါင်းသူပြန်ရိုက်ကာ ဆက်ပြောလာသည်။
"ဟုတ်သားပဲ.. ကိုကိုယွမ်ဟွိုင်ရဲ့ ဆေးရုံဝတ်စုံက ကျွန်တော်တို့နဲ့မတူဘူး.. သူရဲ့ဝတ်စုံက အဖြူရောင်.." သူက အပြာနုရောင် ဆေးရုံဝတ်စုံကို ငုံ့ကြည့်လိုက်သည်။ "ပြီးတော့ ဒီဇိုင်းလည်း မတူဘူး.. ဆေးရုံတံဆိပ်က ဘယ်ဘက်မှာမဟုတ်ဘူး.. ညာဘက်လက်ပေါ်မှာ.."
"ဟမ်..?" သူနာပြုက အလွန်အံ့အားသင့်သွားဟန်ဖြင့်.. "အဲ့ဒီဇိုင်းက အရမ်းကြာနေပြီလေ.. အစ်မတို့ မသုံးတော့တာ ကြာပြီ.. လူနာတွေအကုန်လုံး မင်းအခုဝတ်ထားသလိုမျိုး ဆေးရုံဝတ်စုံပဲ ဝတ်ကြရတာ.. ဒီဇိုင်းအဟောင်းဝတ်ထားတဲ့လူ ဘယ်လိုလုပ်ရှိမှာလဲ..?"
အခြေအနေက တစ်ခုခုထူးဆန်းနေမှန်း ထိုသူနာပြုလည်း သတိပြုမိသွားသည်။ ထိုအခိုက် ဝါရင့်သူနာပြုတစ်ဦး အနားရောက်လာ၏။ သူနာပြုအစ်မက ထိုသူနာပြုကို တားပြီး ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။
"အဲတာကြောင့်လေ ဒီဇိုင်းအဟောင်းဝတ်ထားတဲ့လူနာ ရှိလောက်လား..?"
ဝါရင့်သူနာပြု၏ မျက်နှာအမူအရာက မသိမသာ ပျက်ယွင်းသွားပြီး ကောင်လေးကို လှည့်မေးလိုက်သည်။ : "မင်းရှာနေတဲ့ လူနာရဲ့နာမည်က ရှဲ့ယွမ်ဟွိုင်လား..?"
"ဟုတ်.." ကောင်လေးက အနည်းငယ် စိတ်မကောင်းဖြစ်နေဟန်ဖြင့်.. "ဒါပေမဲ့ အဲတာက နာမည်ပြောင်လည်း ဖြစ်နိုင်ပါတယ်.."
".... မင်းရှာနေတဲ့လူတော့ မသိဘူး.. ဒါပေမဲ့ ဒီဆေးရုံမှာ ရှဲ့ယွမ်ဟွိုင်လို့ခေါ်တဲ့ လူနာတစ်ယောက် မွေးရာပါနှလုံးရောဂါကြောင့် ဆေးရုံတက်ခဲ့ဖူးတယ်.."
ဝါရင့်သူနာပြုကြီး၏ မျက်နှာအမူအရာက စိတ်ရှုပ်ထွေးနေဟန်။
"အဲတုန်းက သူ့ကို စောင့်ရှောက်ပေးခဲ့တဲ့လူက ငါလေ.. နှစ်အတော်ကြာခဲ့ပြီ.."
"သူ ဆုံးပါးသွားတာ အတော်ကြာပြီ.."
"........."
ကောင်လေး၏မျက်နှာက ဖြူရော်သွားလေသည်။
သူနာပြု၏အနောက်သို့ အကြည့်ရောက်သွားချိန် စင်္ကြံလမ်းတစ်နေရာတွင် အဖြူရောင်လူရိပ်ကို မြင်လိုက်ရသည်။
ရုပ်ချောသော ထိုအမျိုးသားသည် သူ့ကို နားလည်ရခက်စွာ စိုက်ကြည့်နေ၏။
ကောင်လေးသည် ထိုအမျိုးသား၏ ခန္ဓာကိုယ်အပူချိန်၊ သူ့ကို လူတိုင်း လျစ်လျူရှုသွားပုံ၊ ညကြီးသန်းခေါင် အသံမပေးဘာမပေးဖြင့် ပေါ်ထွက်လာတတ်ပုံ.. စသည်တို့ကို ပြန်သတိရသွားသည်။
သူ၏ မျက်လုံးသူငယ်အိမ်က ရုတ်ချည်းဆိုသလို ကျုံ့ဝင်သွားပြီး..
...... သရဲ
သူ့ရဲ့ ကိုကိုယွမ်ဟွိုင်က သရဲပဲ..!
"ရှောင်ချူး..."
ရှဲ့ယွမ်ဟွိုင်က ကောင်လေး၏နာမည်ကို တိုးညင်းစွာ ရေရွတ်လိုက်သည်။ သူက အနားသွားချင်သော်လည်း ကောင်လေးက ဖြူဖျော့နေသည့် မျက်နှာဖြင့် ချက်ချင်း နောက်လှည့်ပြေးလေသည်။
".........."
ရှဲ့ယွမ်ဟွိုင်က မျက်လွှာချကာ ထိုနေရာတွင်ပင် မတ်တပ်ရပ်ကျန်ခဲ့သည်။ အတော်ကြာသည်အထိ မလှုပ်ရှားခဲ့ပေ။
***
ညသန်းခေါင်ယံအလယ် တိတ်ဆိတ်သော လူနာခန်းထဲတွင် ကောင်လေးသည် အိပ်ရာပေါ်တွင် ပက်လက်လှန်လျက် မျက်နှာကျက်ကို မော့ကြည့်နေလေ၏။ နည်းနည်းလေးမျှ ငိုက်မြည်းနေပုံမပေါ်ချေ။
ဒီနေ့ ကိုကိုယွမ်ဟွိုင်က သူ့ကို လာမရှာဘူး..!
သူ ထွက်သွားပြီ။
ကောင်လေး၏ မျက်ဝန်းအိမ်ထဲတွင် မျက်ရည်စများ ရစ်သိုင်းလာပြီး ပါးပြင်မှတဆင့် ခေါင်းအုံးပေါ်သို့ လိမ့်ဆင်းသွားသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကိုကိုယွမ်ဟွိုင်ဟာ သရဲတစ္ဆေဖြစ်ကြောင်း သူ သိလိုက်ရပြီး ကြောက်ရွံ့စိတ်ကြောင့် မထိန်းနိုင်အောင် လှည့်ပြေးလာမိသည်။ သို့သော် သူ၏အပြုအမူအတွက် ချက်ချင်း နောင်တရခဲ့ပါသည်။ ကိုကိုယွမ်ဟွိုင်က သရဲ ဖြစ်သော်လည်း သူ့ကို တစ်ခါမှ ထိခိုက်နာကျင်အောင် မလုပ်ခဲ့ဖူးပေ။ သူ့အပေါ် အလွန်ဂရုစိုက်ပြီး ကြင်နာတတ်သူ ဖြစ်၏။
ကိုကိုယွမ်ဟွိုင်က သရဲဖြစ်နေလည်း ဘာအရေးလဲ..?
သို့သော် သူ၏အပြုအမူက ကိုကိုယွမ်ဟွိုင်ကို စိတ်ထိခိုက်စေခဲ့သည်။ ထိုနေ့မှစ၍ သူ၏ရှေ့တွင် ပေါ်မလာတော့ချေ။
ဘယ်လိုလုပ်ရမလဲ..? ကိုကိုယွမ်ဟွိုင် ပြန်လာအောင် သူ ဘာလုပ်သင့်လဲ..?
ကောင်လေးသည် ခေါင်းအုံးပေါ်တွင် မျက်နှာအပ်လိုက်ရင်း သူ၏ပခုံးများက တသိမ့်သိမ့် တုန်ယင်နေလေပြီး ရှိုက်သံယဲ့ယဲ့ပင် ထွက်နေသည်။
"ဂရူး.. ဂလူး... ဗွမ်း..."
ထိုအခိုက် သူ၏ သန့်စင်ခန်းထဲမှ ထူးဆန်းသောအသံတစ်ခု ကြားလိုက်ရသည်။
ဘာအသံလဲ..? ကိုကိုယွမ်ဟွိုင်လား..? ဒါပေမဲ့ မဟုတ်ဘူးထင်တယ်နော်..!
ကောင်လေးက အနည်းငယ် လန့်ဖြန့်သွားပြီး ကွင်းထိုးဖိနပ်စီးကာ ခုတင်ဘေးရှိမီးအိမ်ကို အမြန်ပြေးဖွင့်သည်။ ထို့နောက် သတိကြီးကြီးထ၍ ရေချိုးခန်းအနား လျှောက်သွားပြီး တံခါးနားကပ်ကာ အထဲမှအသံကို နားစွင့်ကြည့်လိုက်သည်။
"ဂလူး... ဂရူး..."
တစ်စုံတစ်ရာက အိမ်သာရေးဆွဲချသည့်ခလုတ်ကို နှိပ်လိုက်သလိုမျိုး ထူးဆန်းသည့်အသံကို ကြားနေရပြီး သိပ်မကြာခင် အိမ်သာရေဆွဲချသံ ထွက်ပေါ်လာသည်။
ကိုကိုယွမ်ဟွိုင်မဟုတ်တာ သေချာတယ်..!
ကောင်လေး၏မျက်နှာက ဖြူရော်သွားသည်။ 'မိလ္လာပိုက်ထဲမှ လူသားစားမကောင်းဆိုးဝါးအကြောင်း ရုတ်တရက် သတိရသွားပြီး သူ၏အခန်းထဲတွင် ဆက်မနေရဲတော့ပေ။ ချက်ချင်း အခန်းပြင်ထွက်ကာ စင်္ကြံလမ်းတစ်လျှောက် ပြေးသွားတော့သည်။
အရမ်းကြောက်ဖို့ကောင်းတာပဲ... သရဲတစ္ဆေတွေ တကယ်ရှိတယ်ဆိုတော့ လူသားစားမကောင်းဆိုးဝါးလည်း တကယ်ရှိမှာပဲ..!
ကောင်လေးသည် စင်္ကြံလမ်းပေါ်တွင် တုန်ယင်စွာ မတ်တပ်ရပ်နေသည်။ ခြေဖျားလက်ဖျားများ အေးစက်နေပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ချေ။ ထိုစဉ် သူ အပြင်ပြေးထွက်လာတာကိုမြင်၍ တာဝန်ကျသူနာပြုက စိုးရိမ်တကြီး ရောက်လာသည်။
"ကျစ်ချူး.. ဘာလို့အပြင်ထွက်လာတာလဲ..? ဘာဖြစ်လို့လဲ..?"
"ကျွန်တော်..."
ကောင်လေးက ပါးစပ်ဖွင့်ပြီးမှ ပြန်ပိတ်လိုက်၏။ သူနာပြုအစ်မကို သူသရဲတွေ့ခဲ့ကြောင်း ယုံကြည်အောင် မည်သို့ရှင်းပြရမှန်း မသိတော့ပေ။ သို့သော် ထိုအခိုက် စင်္ကြံလမ်း၏အဆုံးတွင် အနီရောင်ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ရှုပ်ထွေးနေသည့် ဆံပင်အရှည်ကြီးဖြင့် မိန်းမငယ်လေးတစ်ဦးပင်။ ဖြူဖျော့ဖျော့အသားအရေက အနည်းငယ် ပုပ်ပွနေပြီး သွေးကဲ့သို့ ရဲရဲနီသောဂါဝန်ကို ဝတ်ဆင်ထားသည်။ သူမက ဖြည်းညင်းစွာ ခေါင်းမော့လာပြီး ကောင်လေးကို တောင့်တင်းစွာ စိုက်ကြည့်လာသည်။
အနီရောင်ဝတ်ထားတဲ့ မိန်းမအလောင်း... သရဲ..! ဆေးရုံထဲမှာ တကယ်ကြီး သရဲရှိတယ်..! အဲ့ပုံပြင်တွေက အမှန်တွေချည်းပဲ..!
"အစ်မ.. သရဲရှိတယ်.. ပြေး.."
ကောင်လေးမှာ မျက်နှာတစ်ပြင်လုံး သွေးရောင်ပျောက်သည်အထိ ကြောက်လန့်သွားရှာ၏။ သူက သူနာပြု၏လက်ကို ဆုပ်ကိုင်ကာ ထွက်ပြေးရန်ပြင်သည်။ သို့သော် ဆေးရုံ၏ ဓာတ်လှေကားက အလုပ်မလုပ်တော့ပေ။ ဓာတ်လှေကားကို သုံးမရတာကြောင့် သူနာပြုအစ်မ၏ လက်ကိုဆွဲပြီး ရိုးရိုးလှေကားသို့ ပြေးရတော့သည်။
"ကျစ်ချူး..? ဟမ်..?"
သူနာပြုက နောက်လှည့်ကြည့်လိုက်သော်လည်း ဘာမှမမြင်ပေ။ ကောင်လေးတွင် စိတ်ကစဉ့်ကလျားရောဂါရှိကြောင်း သတိရလိုက်သဖြင့် ရောဂါလက္ခဏာဟု ထင်လိုက်သည်။ သို့နှင့် ကောင်လေးကို နောက်ပြန်ဆွဲပြီး စိတ်အေးအေးထားရန် ချော့မော့လေသည်။
"မကြောက်နဲ့.. ဆေးရုံထဲမှာ ဘာသရဲမှမရှိပါဘူး.. ကြည့်လေ အစ်မတောင် နှစ်တွေအများကြီး ညဂျူတီစောင့်လာတာ ဘာမှမဖြစ်ဖူးဘူး.. အဲတာကြောင့် စိတ်မပူနဲ့နော်.. သရဲဆိုတာ တကယ်မရှိဘူး.. ဆေးသောက်ပြီး အိပ်ပျော်အောင်အိပ်လိုက်.."
"မဟုတ်ဘူး.. တကယ်ရှိတယ်.."
ကောင်လေးသည် သူနာပြုက သူ၏စကားကို မယုံကြည်တာကြောင့် ပျာယာခတ်သွား၏။ သူက သူမ၏ အင်္ကျီလက်ကိုဆွဲ၍ လှေကားထစ်များအတိုင်း အောက်ဆင်းရန်ပြင်သည်။ သို့သော် အလောတကြီးဖြစ်နေ၍ လှေကားထစ်ပေါ် မနင်းမိဘဲ လေပေါ်သာ နင်းမိသွားပြီး... သူ အောက်ပြုတ်ကျသွားတော့သည်။
သူနာပြုက အသံကုန်အော်သည်။ : "ကျစ်ချူး..!"
"ဘုန်း...."
***
"ကံကောင်းလို့.. ကျစ်ချူး ဒဏ်ရာပြင်းပြင်းမရသွားတာ.."
ဒေါက်တာလော့က ကောင်လေး၏ဦးခေါင်းကို ညင်သာစွာ ကိုင်ပြီး စစ်ဆေးလိုက်သည်။ ပြီးနောက် ဦးနှောက်ဓာတ်မှန်ပုံကို အတော်ကြာအောင် စိုက်ကြည့်ပြီး ခေါင်းယမ်းကာ ပြောလာသည်။
"ဒါပေမဲ့ ခေါင်းထိထားတဲ့အရှိန်ကြောင့် အချိန်တစ်ခုထိ ခေါင်းရှုပ်နေလိမ့်မယ်.. ပြီးတော့ အစစ်အမှန်နဲ့ ပုံရိပ်ယောင်ကြား ပိုပြီးခွဲရခက်နေလိမ့်မယ်.. ကျွန်တော်တို့က သူ ပြန်သက်သာလာအောင် ဖြည်းဖြည်းချင်း ကူညီလမ်းပြပေးဖို့လိုတယ်.."
လှပကြည့်ကောင်းသည့် အမျိုးသမီးကြီးတစ်ဦးက ခေါင်းညိတ်လိုက်၏။ ခုတင်ပေါ်ထိုင်နေသည့် ကောင်လေးကို လှမ်းကြည့်ရင်း သူမ၏ မျက်ဝန်းထဲဝယ် စိုးရိမ်ပူပန်ရိပ်တချို့ ဖြတ်ပြေးသွားသည်။ : "ကျွန်မရဲ့သားလေး.. နေပြန်ကောင်းလာမှာပါနော်..?"
"စိတ်အေးအေးထားပါ.." ဒေါက်တာလော့က ခေါင်းညိတ်ကာ.. "ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီး ကုသပေးနေပါတယ်.."
ကောင်လေး၏အမေနှင့် စကားအနည်းငယ်ပြောပြီးနောက် ဒေါက်တာလော့က ခုတင်ပေါ်တွင် ဝင်ထိုင်ပြီး ကောင်လေး၏ပခုံးကို ဆုပ်ကိုင်လိုက်သည်။ ပြီးနောက် လေးနက်စွာ မေးသည်။ : "ကျစ်ချူး.. ဒေါက်တာနဲ့ သားရဲ့အမေကို ယုံကြည်လား..?"
"..........ယုံပါတယ်.."
ကောင်လေး၏ တုံ့ပြန်မှုက အတန်ငယ် နှေးကွေးနေသည်။ ပြီးခါမှ ခေါင်းညိတ်ကာ ကြည်လင်တောက်ပသည့် မျက်ဝန်းများဖြင့် ထပ်ဖြေခဲ့သည်။ : "ဒါပေါ့ ကျွန်တော် ဒေါက်တာနဲ့ အမေ့ကို ယုံပါတယ်.."
"ဟုတ်ပြီ.. ဒေါက်တာတို့ပြောချင်တာက ကမ္ဘာပေါ်မှာ သရဲလုံးဝမရှိဘူး.. အဲတာကြောင့် ကြောက်စရာမလိုဘူး.."
ဒေါက်တာလော့က ဆက်ပြောသည်။ : "သားမြင်ခဲ့တဲ့ သရဲတွေအားလုံးက စိတ်ကူးယဉ်ပုံရိပ်တွေ.. ရှဲ့ယွမ်ဟွိုင်လည်း အတူတူပဲ.. သူက ကွယ်လွန်သွားတာကြာပြီ.. အစစ်အမှန်မဟုတ်ဘူး.."
"ဒါပေမဲ့...." ကောင်လေးက ပါးစပ်ဖွင့်ပြီးမှ ပြန်ပိတ်လိုက်သည်။ တစ်ခဏကြာမှ စိုးရိမ်တကြီး ရှင်းပြလေသည်။ "ကိုကိုယွမ်ဟွိုင်က အစစ်ပါ..."
"ရှောင်ချူး..!"
မျက်ရည်ဝဲနေသော အမျိုးသမီးကြီးသည် ကောင်လေးအနား လျှောက်သွား၏။ ထို့နောက် ဖြူရော်နေသော မျက်နှာဖြင့် ကောင်လေးကို ထွေးပွေ့လိုက်ရင်း တောင်းပန်တိုးလျှိုးစွာ ပြောလာသည်။
"အမေတောင်းပန်ပါတယ် သားရယ်.. မြန်မြန်နေပြန်ကောင်းပါတော့နော်.. သား လှေကားပေါ်ကနေ ပြုတ်ကျတယ်ကြားတော့ အမေ ဘယ်လောက်စိတ်ပူသွားလဲ သားသိရဲ့လား.. အမေ တကယ် တောင်းပန်ပါတယ်..."
".........အ.. မေ..?" ရုတ်တရက် ပွေ့ဖက်ခံလိုက်ရ၍ ကောင်လေးမှာ အနည်းငယ် တောင့်ခဲသွားလေသည်။
သူ၏မှတ်ဉာဏ်ထဲတွင် သူ၏အမေက အမြဲတစေ အလုပ်များနေတတ်ပြီး သူ့ကို လုံးဝဂရုမစိုက်ပေ။ သူ၏ လိင်စိတ်တိမ်းညွတ်မှုကြောင့် သူ့ကိုမြင်တိုင်း ပြုံးပြခဲသည်။ သို့ဖြစ်ရာ ကောင်လေး၏စိတ်ထဲတွင် သူ့အမေက သူ့ကိုမချစ်ဟု အမြဲတမ်း တွေးထင်နေလေသည်။
"အမေ့ရဲ့ အဖိုးတန်သားလေး.. အမေက သားကို ဘယ်လိုလုပ်မချစ်ဘဲနေမှာလဲ..?"
အမျိုးသမီးကြီးက သူ၏အတွေးကို သိနေသကဲ့သို့ ခပ်တိုးတိုးလေး ပြောလာ၏။ သို့သော် သူမ၏ပင်ကိုစရိုက်က သိပ်မပွင့်လင်းသဖြင့် ဤမျှပြောလာသည်ကပင် ကန့်သက်ချက် ရောက်နေလေပြီ။ သူမက ဘာမှထပ်မပြောဘဲ ကောင်လေး၏ ဦးခေါင်းကိုသာ ကြင်ကြင်နာနာ ပွတ်သပ်ပေးနေခဲ့သည်။
"အမေ ပြောင်းလဲပါ့မယ်.. သားအတွက် အချိန်ပိုပေးမယ်.. သားရဲ့အဖေလည်း အတူတူပဲ သားကို အရမ်းချစ်တာ.. သားနဲ့တွေ့ချင်လို့ သိပ်မကြာခင် နိုင်ငံခြားကနေ ပြန်လာတော့မှာ.. အဲတာကြောင့် အမေတို့အတွက်တွေးပြီး နေပြန်ကောင်းအောင်နေနော်.. ဟုတ်ပြီလား..?"
".......... ဟုတ်..!"
ကောင်လေး၏မျက်ဝန်းအစုံက နီရဲတက်လာပြီး စိတ်ပါလက်ပါ ခေါင်းညိတ်ပြလိုက်သည်။ သူ့ဘက်က တင်းတင်းကျပ်ကျပ် ပြန်လည်ပွေ့ဖက်လာသဖြင့် အမျိုးသမီးကြီးမှာ အနည်းငယ် တောင့်ခဲသွားရသည်။ သူမ၏စိတ်ထဲတွင် ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းမှုတို့ ရောယှက်နေလေပြီး မထိန်းနိုင်အောင် ရှိုက်ငိုလိုက်မိ၏။ ခပ်လှမ်းလှမ်းမှကြည့်နေသော ဒေါက်တာလော့သည်လည်း ထိုမြင်ကွင်းကြောင့် လှိုက်လှဲစွာ ပြုံးလိုက်သည်။
***
သို့သော် ကောင်လေး၏ အနက်ရှိုင်းဆုံး နှလုံးသားတစ်နေရာတွင် ရှဲ့ယွမ်ဟွိုင်က ပုံရိပ်ယောင်တစ်ခုဟု လုံးဝမယုံကြည်နိုင်ခဲ့ပေ။
အစစ်အမှန်ဆိုတာ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ ထိုအမျိုးသားသည် သူ့ကို ပွေ့ဖက်ခဲ့သည်။ နမ်းရှိုက်ခဲ့သည်။ အကြွင်းမဲ့ ယုံကြည်အားကိုးခဲ့ရသည်။ ညဘက် သူအိပ်နေချိန်တွင် ဘေးမှအဖော်ပြုပေးပြီး သူ့အတွက် အလှပဆုံးသော အပြုံးများကို ဖော်ပြပေးတတ်သည်။
ကိုကိုယွမ်ဟွိုင်လို လူတစ်ဦးက သူဖန်တီးထားသည့် စိတ်ကူးယဉ်ပုံရိပ်ဆိုတာ အဘယ်သို့ဖြစ်နိုင်မည်နည်း။
"ကိုကိုယွမ်ဟွိုင်..."
လူနာခန်းထဲတွင် ကောင်လေးသည် ခုတင်ပေါ်တင် ကျုံ့ကျုံ့လေး ထိုင်နေ၏။ ပိန်သွယ်ပြီး အားနည်းဖြူဖျော့နေကာ မျက်နှာတစ်ဝက်ခန့်ကို လက်မောင်းကြားထဲ မြှုပ်ထားသည်။ နီရဲနေသည့် မျက်ဝန်းတစ်စုံကိုသာ မြင်နေရလေသည်။
"ဒေါက်တာလော့က ပြောတယ်.. ကျွန်တော်က ပုံရိပ်ယောင်နဲ့ အစစ်အမှန်ကို မခွဲခြားနိုင်ဘူးတဲ့.. အဲတာကြောင့် ကိုကိုက အစစ်ဟုတ်ရဲ့လားဆိုတာ ကျွန်တော် မသိတော့ဘူး.."
"ကျေးဇူးပြုပြီး တကယ်ရှိနေတယ်ဆိုရင် ကျွန်တော့်ဆီကို လာခဲ့ပါနော်..? ကျွန်တော်... ကျွန်တော် ကိုကို့ကို နာကျင်ရအောင် လုပ်ခဲ့မိမှန်း သိပါတယ်.. ကျွန်တော် တကယ်မရည်ရွယ်ပါဘူး.. ကိုကိုက သရဲဆိုရင်တောင် ကျွန်တော် ချစ်တယ်.. အဲတာကြောင့် ကျွန်တော့်ကို ကိုယ်ထင်ပြပါနော်..?"
ပြန်ဖြေမည့်လူမရှိ။
ကောင်လေးသည် လူနာဆောင်ထဲတွင် တစ်ညလုံး ထိုင်နေရှာသည်။ ညနက်သွားသည်အထိ ပုံရိပ်တစ်ခုပင် ပေါ်မလာခဲ့ချေ။
ဧကန္တ ကိုကိုယွမ်ဟွိုင်က သူ့ကို ခွင့်မလွှတ်သေးတာလား..?
ဒါမှမဟုတ် 'ကိုကိုယွမ်ဟွိုင်'ဆိုတာ တကယ်ပဲ သူပုံဖော်ထားတဲ့ စိတ်ကူးယဉ်ပုံရိပ်သပ်သပ်လား..?
ငိုရလွန်း၍ ကောင်လေး၏မျက်ဝန်းများ နီရဲအစ်မို့လာ၏။ သို့သော် အလွန်အမင်း ဝမ်းနည်းနေသည့်တိုင် စိတ်ကူးယဉ်ပုံရိပ်ထဲတွင် မနှစ်မြုပ်သင့်မှန်း နားလည်ပါသည်။ သူ၏ မိဘနှစ်ပါးက သူပြန်လာမည့်အချိန်ကို စောင့်မျှော်နေသည်လေ။
"နောက်ဆုံးထိ ခင်ဗျား ပေါ်မလာခဲ့ဘူး.."
သူက တိုးသဲ့စွာ ပြောသည်။ သူ၏အသံက ငိုထားသည့်အရှိန်ကြောင့် အနည်းငယ် အက်ကွဲနေသည်။
"ဒီလိုဆိုမှတော့ Goodbye.."
"Goodbye ကိုကိုယွမ်ဟွိုင်.."
ကောင်လေးက မျက်လုံးမှိတ်ကာ မျက်နှာကို လက်ဖြင့်အုပ်၍ ဘောလုံးလေးလို ကျုံ့ကျုံ့လေး ထိုင်နေရှာသည်။ သူ၏ခန္ဓာကိုယ်က အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရသည်။
သူ မမြင်နိုင်ခဲ့သည်ကား သူ၏ဘေးနားတွင် မတ်တပ်ရပ်နေသော ရှဲ့ယွမ်ဟွိုင်...
သူက ကောင်လေးကို ထိတွေ့ချင်သော်လည်း သူ၏ လက်ချောင်းများက ကောင်လေး၏ခန္ဓာကိုယ်ကို ဖြတ်လျက် ဖောက်ဝင်နေ၏။
သူ ရှောင်ချူး၏အနားတွင် တစ်ချိန်လုံး ရှိခဲ့ပါသည်။
သို့သော် ရှောင်ချူးက သူ့ကို မမြင်နိုင်တော့သလို သူကလည်း ရှောင်ချူးကို ထိတွေ့၍မရခဲ့ပေ။
***
သူ သူ့ရဲ့ရှောင်ချူးကို ဆုံးရှုံးလိုက်ရလေပြီ။
***
ပိုင်ရိ၏ ဒိုင်ယာရီမှတ်တမ်း (Part 29)
ချန်ကျစ်ချူးနှင့် အချိန်အကြာကြီး ခွဲခွာနေရသော ပိုင်ရိက ဒိုင်ယာရီမှတ်တမ်းရေးရန် ငြင်းဆိုလိုက်သည်။
.........................
Meli မှာ ဝေဘင်စရာရှိပါတယ်။
ပိုင်ရိ : *ချန်ကျစ်ချူးနဲ့ မတွေ့ရလို့ ဝမ်းနည်းနေ*
ထိုစဉ် ချန်ကျစ်ချူး : "ကိုကိုယွမ်ဟွိုင်.. ကိုကိုယွမ်ဟွိုင်.. ကိုကိုယွမ်ဟွိုင်.. ကိုကိုယွမ်ဟွိုင်.. x 9999999999...."
စကားမစပ် ရှဲ့ယွမ်ဟွိုင်လည်း သနားဖို့ကောင်းတယ်
(*T^T)
.........................
Zawgyi
အခန္း - ၂၉ : စြန႔္ပစ္ေဆး႐ုံ (၁၃)
ညသန္းေခါင္ယံအလယ္ ေဆး႐ုံတစ္ခုလုံး တိတ္ဆိတ္ေနသည္။ ေကာင္ေလး၏အခန္းက ေမွာင္မည္းေသာ္လည္း ျပတင္းေပါက္မွ ျဖာက်လာေသာ လေရာင္ေဖ်ာ့ေဖ်ာ့ေၾကာင့္ ပရိေဘာဂပစၥည္းမ်ားေပၚတြင္ ေငြအလင္းမႈန္တို႔ ျဖန႔္က်က္လ်က္ရွိသည္။
"အြမ္း..."
ေကာင္ေလးက တိုးညင္းစြာ ညည္းလိုက္သည္။ ရွဲ႕ယြမ္ဟြိဳင္၏ ေပါင္ေပၚတြင္ထိုင္ရင္း သူ၏လက္ႏွစ္ဖက္က တစ္ဖက္လူ၏ လည္တိုင္ကို ဖက္တြယ္ထား၏။ မ်က္ဝန္းမ်ားက စိုစြတ္ေနကာ မ်က္ရည္အလႊာေလးတစ္ခု ဖုံးလႊမ္းေနသည္။ သူ႔ခမ်ာ ျပင္းျပတက္ႂကြေသာ အနမ္းကို မနည္းအမီလိုက္ေနရသည္။
ရွဲ႕ယြမ္ဟြိဳင္သည္ အေနေအးပုံေပၚေသာ္လည္း ေကာင္ေလးကိုနမ္းတိုင္း ဝါးၿမိဳခ်ေတာ့လုမတတ္ ခ်စ္စိတ္ျပင္းျပသည္။ သူက ေကာင္ေလး၏ခါးကို ေပြ႕ဖက္ကာ သူႏွင့္အတူ အိပ္ရာေပၚ လွဲခ်လိုက္သည္။ ထို႔ေနာက္ တစ္ပတ္လွည့္လိုက္ရင္း ေကာင္ေလးကို အိပ္ရာထဲဖိကပ္ကာ အနမ္းရွည္ႀကီးကို ဆက္လိုက္၏။ ေကာင္ေလးဘက္မွ မ႐ုန္းကန္မခ်င္း သူက မလႊတ္ေပးေခ်။
"အဟင့္... ဟူး..."
ေကာင္ေလး၏မ်က္ႏွာက နီရဲေနသည္။ ႏႈတ္ခမ္းပါးေလးမ်ားဟာ အရည္လဲ့ၿပီး ႐ႊန္းစိုေနသည္အထိ အနမ္းခံထားရသည္။ ခုတင္ေပၚတြင္ ေခြေခြေလး လဲေလ်ာင္းရင္း အသက္လုရႉေနရသည္။
ရွဲ႕ယြမ္ဟြိဳင္၏ မ်က္ဝန္းမ်ားက အတန္ငယ္ မည္းေမွာင္လာၿပီး ေနာက္တစ္ႀကိမ္ ထပ္နမ္းရန္ လႈပ္ရွားလာသည္။ သို႔ေသာ္ ေကာင္ေလးက မ်က္ႏွာေလးနီရဲလ်က္ အသာေနာက္ဆုတ္သြားၿပီး အသံငယ္ေလးျဖင့္ ေျပာလာသည္။
"ထပ္... ထပ္မလုပ္နဲ႔ေတာ့... ကြၽန္ေတာ္ မရေတာ့ဘူး.."
"ဒီလိုလုပ္ရတာကို မႀကိဳက္ဘူးလား..?" ကိုလူေခ်ာက ညင္းသြဲ႕သြဲ႕ ေျပာလာသည္။ "မႀကိဳက္ရင္ ေနာက္ ဘယ္ေတာ့မွ ထပ္မလုပ္ေတာ့ဘူးေနာ္.."
"မဟုတ္.. ပါဘူး.."
ထိုစကားေၾကာင့္ ေကာင္ေလးသည္ ရွဲ႕ယြမ္ဟြိဳင္၏အက်ႌစကို မထိန္းႏိုင္ေအာင္ လွမ္းဆြဲလိုက္မိရင္း ပ်ားရည္စက္ေလးမ်ား အရည္ေပ်ာ္က်လာသကဲ့သို႔ ႏူးညံ့ရွက္႐ြံ႕စြာ ဆိုသည္။
"မႀကိဳက္တာ မဟုတ္ပါဘူး.."
"အလိမၼာေလး.."
ရွဲ႕ယြမ္ဟြိဳင္က ေကာင္ေလး၏မ်က္ႏွာကို တစ္ခ်က္နမ္းလိုက္ရင္း သူ၏ႏႈတ္ခမ္းေထာင့္က ေကာ့တက္သြားကာ အၿပဳံးရိပ္တစ္ခု ထင္ဟပ္လာသည္။
သူၿပဳံးလိုက္လွ်င္ ေရခဲႏွင္းပြင့္မ်ား အရည္ေပ်ာ္က်သြားသည့္ႏွယ္ အလြန္လွပေပ၏။ ေကာင္ေလးက သူ႔ကို သတိလက္လြတ္ ေငးၾကည့္ေနခဲ့သည္။ သို႔ႏွင့္ သတိျပန္ဝင္လာခ်ိန္တြင္ ရွဲ႕ခ်င္းလန္က သူ႔ကို အိပ္ရာေပၚဖိကပ္ကာ ထပ္နမ္းေနေခ်ၿပီ။
အမ္း.. ကိုကိုယြမ္ဟြိဳင္က အၿမဲတမ္း သူ႔ကို ဒီလိုမ်ိဳးျဖားေယာင္းတတ္ေပမယ့္ အႀကိမ္တိုင္း သူ႔ဘက္က မျငင္းဆန္ႏိုင္ခဲ့ဘူး..!
***
"ဒီလိုဆိုရင္ မေၾကာက္ေတာ့ဘူးမလား..?"
ရွဲ႕ယြမ္ဟြမ္သည္ ေကာင္ေလးကို ေပြ႕ခ်ီၿပီး သူ၏ရင္ခြင္ထဲ တစ္ကိုယ္လုံး ေပ်ာ့ေခြက်လာသည္အထိ နမ္းေနခဲ့၏။ ထို႔ေနာက္ သူ၏ ေအးစက္ေသာ လက္ေခ်ာင္းမ်ားျဖင့္ ေကာင္ေလး၏ နား႐ြက္နီနီေလးကို အသာပြတ္သပ္က်ီစယ္ရင္း နဖူးထက္သို႔ ႏူးညံ့စြာ အနမ္းေႁခြလိုက္သည္။
"ဒါေပမဲ့...."
ေကာင္ေလး၏မ်က္ႏွာက ရဲရဲနီသြားသည္။
ကိုကိုယြမ္ဟြိဳင္ကို သူႏွင့္အတူ ရွိေစခ်င္ပါသည္။ ကိုကိုသာရွိေနလွ်င္ သူ မည္သည့္အရာကိုမွ် ေၾကာက္ေနစရာမလိုေတာ့။ သူ၏ ရည္႐ြယ္ခ်က္က သန႔္ရွင္းပါေသာ္ျငား ကိုကိုယြမ္ဟြိဳင္ကေတာ့ အၿမဲ... အၿမဲတမ္း...
ေကာင္ေလးသည္ စကားကို အဆုံးထိမေျပာရဲခဲ့ေပ။ သူ ျငင္းဆန္လိုက္လွ်င္ ကိုကိုယြမ္ဟြိဳင္က 'နမ္းတာကို မႀကိဳက္ဘူးလား..' ဟူ၍ က်ိန္းေသေပါက္ ေမးလာလိမ့္မည္။ သူကလည္း 'မႀကိဳက္ပါဘူး..'ဟု ျပန္မေျဖႏိုင္ေပ။ အမွန္အတိုင္းေျပာရလွ်င္ ကိုကိုယြမ္ဟြိဳင္ႏွင့္ နမ္းရသည္ကို အလြန္ႏွစ္သက္သည္။ သူက သည္အတိုင္း အၾကမ္းပတမ္း မနမ္းခ်င္႐ုံသာ။
ထို႔အျပင္ ကိုကိုယြမ္ဟြိဳင္ကို ျငင္းလည္းမျငင္းရက္ေပ။ ေန႔လည္က သူနာျပဳအစ္မေျပာခဲ့ေသာ သရဲပုံျပင္မ်ားေၾကာင့္ သူ႔မွာ ညဘက္အိပ္ရန္ ေၾကာက္လန႔္ေနခဲ့ရသည္။ ကိုကိုယြမ္ဟြိဳင္က ထိုအေၾကာင္းၾကားၿပီး ညႀကီးသန္းေခါင္ သူ႔အခန္းထဲအထိ တကူးတက ေရာက္လာကာ အေဖာ္ျပဳေပးျခင္းပင္။
သို႔ေသာ္ ကိုကိုယြမ္ဟြိဳင္က ႏွလုံးေရာဂါေၾကာင့္ ေဆး႐ုံတက္ေနရမွန္း သတိရလိုက္သျဖင့္ ညဘက္မအိပ္ဘဲ သူ႔ကို အေဖာ္ျပဳေပးလွ်င္ က်န္းမာေရးထိခိုက္သြားမလား စိုးရိမ္လာမိသည္။
"ဘာမွမျဖစ္ပါဘူး.." ရွဲ႕ယြမ္ဟြိဳင္က ေကာင္ေလး၏ ႏူးညံ့အိေထြးေသာ ဆံႏြယ္မ်ားကို အသာပြတ္သပ္ေပးရင္း.. "ကိုယ့္ကိုယ္ကို ဖိအားမေပးဘူး.. မစိုးရိမ္နဲ႔ေနာ္.."
"တကယ္လား..? ေတာ္ေသးတာေပါ့.."
ေကာင္ေလးက မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္လုပ္ကာ သိခ်င္စိတ္အျပည့္ျဖင့္ ေမးသည္။ : "ကိုကိုယြမ္ဟြိဳင္.. ညဘက္ႀကီး ကိုကို႔အခန္းကေန ဒီအထိေလွ်ာက္လာတာ မေၾကာက္ဘူးလား..?"
ေန႔ခင္းက သူနာျပဳအစ္မေျပာခဲ့သည့္ သရဲပုံျပင္မ်ားကို ျပန္သတိရသြားသည္။ မိလႅာက်င္းထဲမွ လူသားစားမေကာင္းဆိုးဝါး၊ ေရခဲတိုက္ထဲမွ အနီေရာင္ဝတ္ထားသည့္ အမ်ိဳးသမီးအေလာင္း.. စသည္ျဖင့္။ အခန္းတံခါးကို လွမ္းၾကည့္လိုက္မိရင္း ခႏၶာကိုယ္ေလး က်ဳံ႕ဝင္သြား၏။ ေမွာင္မည္းေနေသာ တံခါးမႀကီးေနာက္တြင္ တစ္စုံတစ္ခု ရွိေနသလိုလို.. ေသြးေပေနသည့္ လက္တစ္စုံက အခန္းတံခါးကို တြန္းဖြင့္ေတာ့မလိုလို.. ခံစားလာရသည္။
သို႔ႏွင့္ ရွဲ႕ယြမ္ဟြိဳင္၏ရင္ခြင္ထဲ မထိန္းႏိုင္ေအာင္ တိုးဝင္သြားမိျပန္သည္။
"မေၾကာက္ပါဘူး.." ရွဲ႕ယြမ္ဟြိဳင္၏အသံက တည္ၿငိမ္ေနၿပီး.. "ေဆး႐ုံထဲမွာ အဲလိုအရာမ်ိဳးေတြ မရွိပါဘူး.."
"အဲလိုသာဆို ေကာင္းတာေပါ့.." ေကာင္ေလးက တီးတိုးေရ႐ြတ္လိုက္သည္။ "ကိုကိုယြမ္ဟြိဳင္.. ဒီကမာၻေပၚမွာ သရဲ တကယ္ရွိတယ္ထင္လား..?"
"............"
ရွဲ႕ယြမ္ဟြိဳင္၏ လႈပ္ရွားမႈက တစ္ခဏ ရပ္တန႔္သြားသည္။
"ေရွာင္ခ်ဴးေရာ ဘယ္လိုထင္လဲ..?"
"မသိဘူး... မရွိဖို႔ပဲ ေမွ်ာ္လင့္ပါတယ္.. ကြၽန္ေတာ္ ေၾကာက္လို႔.."
ရွဲ႕ယြမ္ဟြိဳင္သည္ အေတာ္ၾကာေအာင္ တိတ္ဆိတ္သြားၿပီးေနာက္.. : "တေစၦသရဲရွိတာကို လက္မခံႏိုင္ဘူးလား..?"
"လက္မခံႏိုင္ေလာက္ဘူးထင္တယ္.." ေကာင္ေလးက ေတြးေတြးဆဆျဖင့္ ဆက္ေျပာသည္။ "ဒါေပမဲ့ မေျပာတတ္ဘူးေလ.. ကြၽန္ေတာ္မွ မျမင္ဖူးတာ.. တကယ္ျမင္ရတဲ့အခ်ိန္ ဘယ္လိုတုံ႔ျပန္မိမလဲ ကြၽန္ေတာ္လည္း မသိဘူး.."
ရွဲ႕ယြမ္ဟြိဳင္က သိၿပီျဖစ္ေၾကာင္း ခပ္တိုးတိုးအသံျပဳေသာ္လည္း ဘာမွထပ္မေျပာခဲ့ေပ။ သူရွိေနသျဖင့္ ေကာင္ေလးလည္း စိတ္သက္သာရာရသြားၿပီး ျဖည္းျဖည္းခ်င္း အိပ္ေပ်ာ္သြားေတာ့သည္။
အိပ္တစ္ဝက္ႏိုးတစ္ဝက္အခ်ိန္ဝြင္ လက္တစ္ဖက္က သူ႔ကို ညင္သာစြာ ပုတ္ေပးၿပီး ေခ်ာ့သိပ္ေနတာကို ခပ္ေရးေရးေလး ခံစားမိေနသည္။
"အိပ္... အိပ္..."
ေနာက္တစ္ရက္ ေကာင္ေလးသည္ အိပ္ခ်င္မူးတူး မ်က္လုံးဖြင့္လိုက္ရင္း အိပ္ရာႏိုးလာသည္။
အခန္းတစ္ခုလုံး ျပတင္းေပါက္မွ ေနေရာင္ျခည္ျဖာက်ေနသျဖင့္ လင္းထိန္ေနေခ်ၿပီ။ သို႔ေသာ္ ရွဲ႕ယြမ္ဟြိဳင္ကိုေတာ့ မေတြ႕ရေတာ့ေခ်။
***
ေကာင္ေလးသည္ မုန႔္ထုပ္မ်ားပိုက္ၿပီး စိတ္လႈပ္ရွားမႈအျပည့္ျဖင့္ ဓာတ္ေလွကားထဲ ဝင္လိုက္၏။ သူေနသည့္ ရွစ္လႊာမွ ႏွလုံးေရာဂါသည္မ်ားထားသည့္ ေလးလႊာသို႔ ဆင္းသြားလိုက္သည္။
အၿမဲတမ္း ကိုကိုယြမ္ဟြိဳင္က သူ၏အခန္းထဲ လာရင္လာ၊ မဟုတ္လွ်င္ ေဆး႐ုံဝင္းထဲမွာသာ ေတြ႕ျဖစ္ခဲ့သည္။ ယခုခ်ိန္ထိ ကိုကိုယြမ္ဟြိဳင္၏ အခန္းထဲ သြားမလည္ဖူးေပ။
ယေန႔ သူနာျပဳအစ္မက သူ႔ကို မုန႔္အမ်ားႀကီး ေပးလာ၏။ သူ႔အထင္ အေတာ္ေလး စားေကာင္းသျဖင့္ ကိုကိုယြမ္ဟြိဳင္ကိုလည္း ေကြၽးခ်င္လာသည္။ သို႔ေသာ္ ႏွလုံးေရာဂါသည္ လူနာမ်ားကို ဧည့္ေတြ႕ခြင့္ျပဳမျပဳ ေသခ်ာမသိေသာေၾကာင့္ အရင္ဆုံး စုံစမ္းၾကည့္ရဦးမည္။
ေကာင္ေလးသည္ ဓာတ္ေလွကားထဲမွ ထြက္ၿပီးေနာက္ ေလးလႊာ၏ ေကာင္တာသို႔ တန္းသြားလိုက္သည္။ သူက အႀကိမ္ေပါင္းမ်ားစြာ ေမးခဲ့ဖူးေသာ္လည္း ရွဲ႕ယြမ္ဟြိဳင္က လုံးဝမေျပာျပခဲ့ေသာေၾကာင့္ ရွဲ႕ယြမ္ဟြိဳင္၏ အခန္းနံပါတ္ကို သူမသိေပ။ ႏွလုံးေရာဂါေၾကာင့္ ေဆး႐ုံတက္ေနရသည္ ဟူေသာအခ်က္ကိုပင္ ခက္ခက္ခဲခဲ ေမးျမန္းခဲ့ရသည္။
"ဟယ္လို သူနာျပဳအစ္မ.."
ေကာင္ေလး၏ မ်က္ဝန္းမ်ားက တဖ်က္ဖ်က္လက္ေနၿပီး ေတာက္ပစြာ ၿပဳံးလိုက္သည္။ : "လူနာတစ္ေယာက္အေၾကာင္း သိခ်င္လို႔ပါ.. သူ႔နာမည္က ရွဲ႕ယြမ္ဟြိဳင္လို႔ေခၚတယ္.. ဘယ္အခန္းမွာေနလဲဟင္..?"
"ရွဲ႕ယြမ္ဟြိဳင္လား စစ္ၾကည့္လိုက္ဦးမယ္.." ထိုသူနာျပဳက အေတာ္ေလး ၾကင္နာတတ္ဟန္ေပၚသည္။ "သူ႔နာမည္ကို ဘယ္လိုေရးရလဲ သိလား..?"
"ေက်းဇူးပါ.. အစ္မ.." ေကာင္ေလးက ၿပဳံးလိုက္ရင္း.. "ေက်းဇူးရဲ႕ 'ရွဲ႕'.. ေဝးကြာျခင္းရဲ႕ 'ယြမ္..' ၿပီးေတာ့ ဟြိဳင္ျမစ္ရဲ႕ 'ဟြိဳင္.'"
သူနာျပဳက ကြန္ျပဴတာထဲမွ လူနာစာရင္းဖြင့္ၿပီး ရွာၾကည့္ေပးသည္။ ထို႔ေနာက္ ေခါင္းခါယမ္းကာ ေျပာလာသည္။
"နာမည္မွားေနတာလား.. အလႊာမွားေနတာလား..? အစ္မတို႔ဆီမွာ 'ရွဲ႕ယြမ္ဟြိဳင္'ဆိုတဲ့ လူနာမရွိဘူး.."
"ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ.." ေကာင္ေလးက မ်က္လုံးေလးကလယ္ကလယ္ျဖင့္ မယုံၾကည္ႏိုင္သလို ေျပာလာသည္။ "ဒါေပမဲ့ သူ႔နာမည္က ရွဲ႕ယြမ္ဟြိဳင္ပါ.."
"'ရွဲ႕'မ်ိဳး႐ိုးနာမည္နဲ႔ ရွာလိုက္တာပဲ.. ဒါေပမဲ့ မေတြ႕ဘူး.." သူနာျပဳက ဆက္ေျပာသည္။ "ဒါမွမဟုတ္ တျခားအလႊာမွာ ရွာၾကည့္ပါလား.."
"ဟုတ္......."
ေကာင္ေလးက ညႇိဳးငယ္စြာ ေခါင္းညိတ္ျပသည္။ အတြင္းလူနာေဆာင္၏ က်န္ခုနစ္လႊာအျပင္ သူေနသည့္ ရွစ္ထပ္ေျမာက္အလႊာကိုပင္ လိုက္ရွာခဲ့ၿပီးေခ်ၿပီ။ သို႔ေသာ္ 'ရွဲ႕ယြမ္ဟြိဳင္'ဆိုသည့္ လူနာမရွိသလို ခပ္ဆင္ဆင္နာမည္မ်ိဳးပင္ မေတြ႕ခဲ့ရေပ။
"ဧကႏၲ ရွဲ႕ဟြမ္ဟြိဳင္ဆိုတာ နာမည္ေျပာင္မ်ားလား..?"
ေကာင္ေလးသည္ အေတာ္ေလး စိတ္ရႈပ္ေထြးသြားၿပီး နားမလည္ႏိုင္ေတာ့ေပ။ "ဒါေပမဲ့ ကိုကိုယြမ္ဟြိဳင္က ကြၽန္ေတာ့္ကို လိမ္ေျပာစရာအေၾကာင္းမွ မရွိတာ.. အဓိပၸါယ္မရွိဘူးေလ.."
"သူက ဘယ္လိုပုံစံမ်ိဳးလဲ..?"
ရွစ္လႊာ၏ သူနာျပဳက ေကာင္ေလးအနား ေလွ်ာက္လာသည္။ စိတ္အားထက္သန္စြာ ကူညီေပးခ်င္ေနၿပီး စိုးရိမ္တႀကီး ေမးလာသည္။ : "အစ္မကိုေျပာျပေလ.. လိုက္ရွာေပးမယ္.."
"သူက အရမ္းေခ်ာတယ္.. အရပ္ရွည္ၿပီး ပိန္တယ္.. သူ႔အသားအေရာင္က ေတာ္ေတာ္ေလး ျဖဴေဖ်ာ့တယ္.. ဒီေဆး႐ုံမွာ ႐ုပ္အေခ်ာဆုံးလူကို ေျပာပါဆိုရင္ က်ိန္းေသေပါက္ သူပဲ.."
ေကာင္ေလးက တည္ၿငိမ္စြာ ေျပာျပလာသည္။ ထို႔ေနာက္ တစ္စုံတစ္ရာကို ေတြးမိသြားၿပီး သူ႔ေခါင္းသူျပန္႐ိုက္ကာ ဆက္ေျပာလာသည္။
"ဟုတ္သားပဲ.. ကိုကိုယြမ္ဟြိဳင္ရဲ႕ ေဆး႐ုံဝတ္စုံက ကြၽန္ေတာ္တို႔နဲ႔မတူဘူး.. သူရဲ႕ဝတ္စုံက အျဖဴေရာင္.." သူက အျပာႏုေရာင္ ေဆး႐ုံဝတ္စုံကို ငုံ႔ၾကည့္လိုက္သည္။ "ၿပီးေတာ့ ဒီဇိုင္းလည္း မတူဘူး.. ေဆး႐ုံတံဆိပ္က ဘယ္ဘက္မွာမဟုတ္ဘူး.. ညာဘက္လက္ေပၚမွာ.."
"ဟမ္..?" သူနာျပဳက အလြန္အံ့အားသင့္သြားဟန္ျဖင့္.. "အဲ့ဒီဇိုင္းက အရမ္းၾကာေနၿပီေလ.. အစ္မတို႔ မသုံးေတာ့တာ ၾကာၿပီ.. လူနာေတြအကုန္လုံး မင္းအခုဝတ္ထားသလိုမ်ိဳး ေဆး႐ုံဝတ္စုံပဲ ဝတ္ၾကရတာ.. ဒီဇိုင္းအေဟာင္းဝတ္ထားတဲ့လူ ဘယ္လိုလုပ္ရွိမွာလဲ..?"
အေျခအေနက တစ္ခုခုထူးဆန္းေနမွန္း ထိုသူနာျပဳလည္း သတိျပဳမိသြားသည္။ ထိုအခိုက္ ဝါရင့္သူနာျပဳတစ္ဦး အနားေရာက္လာ၏။ သူနာျပဳအစ္မက ထိုသူနာျပဳကို တားၿပီး ျဖစ္ေၾကာင္းကုန္စင္ ေျပာျပလိုက္သည္။
"အဲတာေၾကာင့္ေလ ဒီဇိုင္းအေဟာင္းဝတ္ထားတဲ့လူနာ ရွိေလာက္လား..?"
ဝါရင့္သူနာျပဳ၏ မ်က္ႏွာအမူအရာက မသိမသာ ပ်က္ယြင္းသြားၿပီး ေကာင္ေလးကို လွည့္ေမးလိုက္သည္။ : "မင္းရွာေနတဲ့ လူနာရဲ႕နာမည္က ရွဲ႕ယြမ္ဟြိဳင္လား..?"
"ဟုတ္.." ေကာင္ေလးက အနည္းငယ္ စိတ္မေကာင္းျဖစ္ေနဟန္ျဖင့္.. "ဒါေပမဲ့ အဲတာက နာမည္ေျပာင္လည္း ျဖစ္ႏိုင္ပါတယ္.."
".... မင္းရွာေနတဲ့လူေတာ့ မသိဘူး.. ဒါေပမဲ့ ဒီေဆး႐ုံမွာ ရွဲ႕ယြမ္ဟြိဳင္လို႔ေခၚတဲ့ လူနာတစ္ေယာက္ ေမြးရာပါႏွလုံးေရာဂါေၾကာင့္ ေဆး႐ုံတက္ခဲ့ဖူးတယ္.."
ဝါရင့္သူနာျပဳႀကီး၏ မ်က္ႏွာအမူအရာက စိတ္ရႈပ္ေထြးေနဟန္။
"အဲတုန္းက သူ႔ကို ေစာင့္ေရွာက္ေပးခဲ့တဲ့လူက ငါေလ.. ႏွစ္အေတာ္ၾကာခဲ့ၿပီ.."
"သူ ဆုံးပါးသြားတာ အေတာ္ၾကာၿပီ.."
"........."
ေကာင္ေလး၏မ်က္ႏွာက ျဖဴေရာ္သြားေလသည္။
သူနာျပဳ၏အေနာက္သို႔ အၾကည့္ေရာက္သြားခ်ိန္ စႀကႍလမ္းတစ္ေနရာတြင္ အျဖဴေရာင္လူရိပ္ကို ျမင္လိုက္ရသည္။
႐ုပ္ေခ်ာေသာ ထိုအမ်ိဳးသားသည္ သူ႔ကို နားလည္ရခက္စြာ စိုက္ၾကည့္ေန၏။
ေကာင္ေလးသည္ ထိုအမ်ိဳးသား၏ ခႏၶာကိုယ္အပူခ်ိန္၊ သူ႔ကို လူတိုင္း လ်စ္လ်ဴရႈသြားပုံ၊ ညႀကီးသန္းေခါင္ အသံမေပးဘာမေပးျဖင့္ ေပၚထြက္လာတတ္ပုံ.. စသည္တို႔ကို ျပန္သတိရသြားသည္။
သူ၏ မ်က္လုံးသူငယ္အိမ္က ႐ုတ္ခ်ည္းဆိုသလို က်ဳံ႕ဝင္သြားၿပီး..
...... သရဲ
သူ႔ရဲ႕ ကိုကိုယြမ္ဟြိဳင္က သရဲပဲ..!
"ေရွာင္ခ်ဴး..."
ရွဲ႕ယြမ္ဟြိဳင္က ေကာင္ေလး၏နာမည္ကို တိုးညင္းစြာ ေရ႐ြတ္လိုက္သည္။ သူက အနားသြားခ်င္ေသာ္လည္း ေကာင္ေလးက ျဖဴေဖ်ာ့ေနသည့္ မ်က္ႏွာျဖင့္ ခ်က္ခ်င္း ေနာက္လွည့္ေျပးေလသည္။
".........."
ရွဲ႕ယြမ္ဟြိဳင္က မ်က္လႊာခ်ကာ ထိုေနရာတြင္ပင္ မတ္တပ္ရပ္က်န္ခဲ့သည္။ အေတာ္ၾကာသည္အထိ မလႈပ္ရွားခဲ့ေပ။
***
ညသန္းေခါင္ယံအလယ္ တိတ္ဆိတ္ေသာ လူနာခန္းထဲတြင္ ေကာင္ေလးသည္ အိပ္ရာေပၚတြင္ ပက္လက္လွန္လ်က္ မ်က္ႏွာက်က္ကို ေမာ့ၾကည့္ေနေလ၏။ နည္းနည္းေလးမွ် ငိုက္ျမည္းေနပုံမေပၚေခ်။
ဒီေန႔ ကိုကိုယြမ္ဟြိဳင္က သူ႔ကို လာမရွာဘူး..!
သူ ထြက္သြားၿပီ။
ေကာင္ေလး၏ မ်က္ဝန္းအိမ္ထဲတြင္ မ်က္ရည္စမ်ား ရစ္သိုင္းလာၿပီး ပါးျပင္မွတဆင့္ ေခါင္းအုံးေပၚသို႔ လိမ့္ဆင္းသြားသည္။
လြန္ခဲ့ေသာ ရက္အနည္းငယ္ခန႔္က ကိုကိုယြမ္ဟြိဳင္ဟာ သရဲတေစၦျဖစ္ေၾကာင္း သူ သိလိုက္ရၿပီး ေၾကာက္႐ြံ႕စိတ္ေၾကာင့္ မထိန္းႏိုင္ေအာင္ လွည့္ေျပးလာမိသည္။ သို႔ေသာ္ သူ၏အျပဳအမူအတြက္ ခ်က္ခ်င္း ေနာင္တရခဲ့ပါသည္။ ကိုကိုယြမ္ဟြိဳင္က သရဲ ျဖစ္ေသာ္လည္း သူ႔ကို တစ္ခါမွ ထိခိုက္နာက်င္ေအာင္ မလုပ္ခဲ့ဖူးေပ။ သူ႔အေပၚ အလြန္ဂ႐ုစိုက္ၿပီး ၾကင္နာတတ္သူ ျဖစ္၏။
ကိုကိုယြမ္ဟြိဳင္က သရဲျဖစ္ေနလည္း ဘာအေရးလဲ..?
သို႔ေသာ္ သူ၏အျပဳအမူက ကိုကိုယြမ္ဟြိဳင္ကို စိတ္ထိခိုက္ေစခဲ့သည္။ ထိုေန႔မွစ၍ သူ၏ေရွ႕တြင္ ေပၚမလာေတာ့ေခ်။
ဘယ္လိုလုပ္ရမလဲ..? ကိုကိုယြမ္ဟြိဳင္ ျပန္လာေအာင္ သူ ဘာလုပ္သင့္လဲ..?
ေကာင္ေလးသည္ ေခါင္းအုံးေပၚတြင္ မ်က္ႏွာအပ္လိုက္ရင္း သူ၏ပခုံးမ်ားက တသိမ့္သိမ့္ တုန္ယင္ေနေလၿပီး ရႈိက္သံယဲ့ယဲ့ပင္ ထြက္ေနသည္။
"ဂ႐ူး.. ဂလူး... ဗြမ္း..."
ထိုအခိုက္ သူ၏ သန႔္စင္ခန္းထဲမွ ထူးဆန္းေသာအသံတစ္ခု ၾကားလိုက္ရသည္။
ဘာအသံလဲ..? ကိုကိုယြမ္ဟြိဳင္လား..? ဒါေပမဲ့ မဟုတ္ဘူးထင္တယ္ေနာ္..!
ေကာင္ေလးက အနည္းငယ္ လန႔္ျဖန႔္သြားၿပီး ကြင္းထိုးဖိနပ္စီးကာ ခုတင္ေဘးရွိမီးအိမ္ကို အျမန္ေျပးဖြင့္သည္။ ထို႔ေနာက္ သတိႀကီးႀကီးထ၍ ေရခ်ိဳးခန္းအနား ေလွ်ာက္သြားၿပီး တံခါးနားကပ္ကာ အထဲမွအသံကို နားစြင့္ၾကည့္လိုက္သည္။
"ဂလူး... ဂ႐ူး..."
တစ္စုံတစ္ရာက အိမ္သာေရးဆြဲခ်သည့္ခလုတ္ကို ႏွိပ္လိုက္သလိုမ်ိဳး ထူးဆန္းသည့္အသံကို ၾကားေနရၿပီး သိပ္မၾကာခင္ အိမ္သာေရဆြဲခ်သံ ထြက္ေပၚလာသည္။
ကိုကိုယြမ္ဟြိဳင္မဟုတ္တာ ေသခ်ာတယ္..!
ေကာင္ေလး၏မ်က္ႏွာက ျဖဴေရာ္သြားသည္။ 'မိလႅာပိုက္ထဲမွ လူသားစားမေကာင္းဆိုးဝါးအေၾကာင္း ႐ုတ္တရက္ သတိရသြားၿပီး သူ၏အခန္းထဲတြင္ ဆက္မေနရဲေတာ့ေပ။ ခ်က္ခ်င္း အခန္းျပင္ထြက္ကာ စႀကႍလမ္းတစ္ေလွ်ာက္ ေျပးသြားေတာ့သည္။
အရမ္းေၾကာက္ဖို႔ေကာင္းတာပဲ... သရဲတေစၦေတြ တကယ္ရွိတယ္ဆိုေတာ့ လူသားစားမေကာင္းဆိုးဝါးလည္း တကယ္ရွိမွာပဲ..!
ေကာင္ေလးသည္ စႀကႍလမ္းေပၚတြင္ တုန္ယင္စြာ မတ္တပ္ရပ္ေနသည္။ ေျခဖ်ားလက္ဖ်ားမ်ား ေအးစက္ေနၿပီး ဘာလုပ္လို႔ဘာကိုင္ရမွန္း မသိေတာ့ေခ်။ ထိုစဥ္ သူ အျပင္ေျပးထြက္လာတာကိုျမင္၍ တာဝန္က်သူနာျပဳက စိုးရိမ္တႀကီး ေရာက္လာသည္။
"က်စ္ခ်ဴး.. ဘာလို႔အျပင္ထြက္လာတာလဲ..? ဘာျဖစ္လို႔လဲ..?"
"ကြၽန္ေတာ္..."
ေကာင္ေလးက ပါးစပ္ဖြင့္ၿပီးမွ ျပန္ပိတ္လိုက္၏။ သူနာျပဳအစ္မကို သူသရဲေတြ႕ခဲ့ေၾကာင္း ယုံၾကည္ေအာင္ မည္သို႔ရွင္းျပရမွန္း မသိေတာ့ေပ။ သို႔ေသာ္ ထိုအခိုက္ စႀကႍလမ္း၏အဆုံးတြင္ အနီေရာင္ပုံရိပ္တစ္ခုကို ျမင္လိုက္ရသည္။
ရႈပ္ေထြးေနသည့္ ဆံပင္အရွည္ႀကီးျဖင့္ မိန္းမငယ္ေလးတစ္ဦးပင္။ ျဖဴေဖ်ာ့ေဖ်ာ့အသားအေရက အနည္းငယ္ ပုပ္ပြေနၿပီး ေသြးကဲ့သို႔ ရဲရဲနီေသာဂါဝန္ကို ဝတ္ဆင္ထားသည္။ သူမက ျဖည္းညင္းစြာ ေခါင္းေမာ့လာၿပီး ေကာင္ေလးကို ေတာင့္တင္းစြာ စိုက္ၾကည့္လာသည္။
အနီေရာင္ဝတ္ထားတဲ့ မိန္းမအေလာင္း... သရဲ..! ေဆး႐ုံထဲမွာ တကယ္ႀကီး သရဲရွိတယ္..! အဲ့ပုံျပင္ေတြက အမွန္ေတြခ်ည္းပဲ..!
"အစ္မ.. သရဲရွိတယ္.. ေျပး.."
ေကာင္ေလးမွာ မ်က္ႏွာတစ္ျပင္လုံး ေသြးေရာင္ေပ်ာက္သည္အထိ ေၾကာက္လန႔္သြားရွာ၏။ သူက သူနာျပဳ၏လက္ကို ဆုပ္ကိုင္ကာ ထြက္ေျပးရန္ျပင္သည္။ သို႔ေသာ္ ေဆး႐ုံ၏ ဓာတ္ေလွကားက အလုပ္မလုပ္ေတာ့ေပ။ ဓာတ္ေလွကားကို သုံးမရတာေၾကာင့္ သူနာျပဳအစ္မ၏ လက္ကိုဆြဲၿပီး ႐ိုး႐ိုးေလွကားသို႔ ေျပးရေတာ့သည္။
"က်စ္ခ်ဴး..? ဟမ္..?"
သူနာျပဳက ေနာက္လွည့္ၾကည့္လိုက္ေသာ္လည္း ဘာမွမျမင္ေပ။ ေကာင္ေလးတြင္ စိတ္ကစဥ့္ကလ်ားေရာဂါရွိေၾကာင္း သတိရလိုက္သျဖင့္ ေရာဂါလကၡဏာဟု ထင္လိုက္သည္။ သို႔ႏွင့္ ေကာင္ေလးကို ေနာက္ျပန္ဆြဲၿပီး စိတ္ေအးေအးထားရန္ ေခ်ာ့ေမာ့ေလသည္။
"မေၾကာက္နဲ႔.. ေဆး႐ုံထဲမွာ ဘာသရဲမွမရွိပါဘူး.. ၾကည့္ေလ အစ္မေတာင္ ႏွစ္ေတြအမ်ားႀကီး ညဂ်ဴတီေစာင့္လာတာ ဘာမွမျဖစ္ဖူးဘူး.. အဲတာေၾကာင့္ စိတ္မပူနဲ႔ေနာ္.. သရဲဆိုတာ တကယ္မရွိဘူး.. ေဆးေသာက္ၿပီး အိပ္ေပ်ာ္ေအာင္အိပ္လိုက္.."
"မဟုတ္ဘူး.. တကယ္ရွိတယ္.."
ေကာင္ေလးသည္ သူနာျပဳက သူ၏စကားကို မယုံၾကည္တာေၾကာင့္ ပ်ာယာခတ္သြား၏။ သူက သူမ၏ အက်ႌလက္ကိုဆြဲ၍ ေလွကားထစ္မ်ားအတိုင္း ေအာက္ဆင္းရန္ျပင္သည္။ သို႔ေသာ္ အေလာတႀကီးျဖစ္ေန၍ ေလွကားထစ္ေပၚ မနင္းမိဘဲ ေလေပၚသာ နင္းမိသြားၿပီး... သူ ေအာက္ျပဳတ္က်သြားေတာ့သည္။
သူနာျပဳက အသံကုန္ေအာ္သည္။ : "က်စ္ခ်ဴး..!"
"ဘုန္း...."
***
"ကံေကာင္းလို႔.. က်စ္ခ်ဴး ဒဏ္ရာျပင္းျပင္းမရသြားတာ.."
ေဒါက္တာေလာ့က ေကာင္ေလး၏ဦးေခါင္းကို ညင္သာစြာ ကိုင္ၿပီး စစ္ေဆးလိုက္သည္။ ၿပီးေနာက္ ဦးေႏွာက္ဓာတ္မွန္ပုံကို အေတာ္ၾကာေအာင္ စိုက္ၾကည့္ၿပီး ေခါင္းယမ္းကာ ေျပာလာသည္။
"ဒါေပမဲ့ ေခါင္းထိထားတဲ့အရွိန္ေၾကာင့္ အခ်ိန္တစ္ခုထိ ေခါင္းရႈပ္ေနလိမ့္မယ္.. ၿပီးေတာ့ အစစ္အမွန္နဲ႔ ပုံရိပ္ေယာင္ၾကား ပိုၿပီးခြဲရခက္ေနလိမ့္မယ္.. ကြၽန္ေတာ္တို႔က သူ ျပန္သက္သာလာေအာင္ ျဖည္းျဖည္းခ်င္း ကူညီလမ္းျပေပးဖို႔လိုတယ္.."
လွပၾကည့္ေကာင္းသည့္ အမ်ိဳးသမီးႀကီးတစ္ဦးက ေခါင္းညိတ္လိုက္၏။ ခုတင္ေပၚထိုင္ေနသည့္ ေကာင္ေလးကို လွမ္းၾကည့္ရင္း သူမ၏ မ်က္ဝန္းထဲဝယ္ စိုးရိမ္ပူပန္ရိပ္တခ်ိဳ႕ ျဖတ္ေျပးသြားသည္။ : "ကြၽန္မရဲ႕သားေလး.. ေနျပန္ေကာင္းလာမွာပါေနာ္..?"
"စိတ္ေအးေအးထားပါ.." ေဒါက္တာေလာ့က ေခါင္းညိတ္ကာ.. "ကြၽန္ေတာ္တို႔ အေကာင္းဆုံးႀကိဳးစားၿပီး ကုသေပးေနပါတယ္.."
ေကာင္ေလး၏အေမႏွင့္ စကားအနည္းငယ္ေျပာၿပီးေနာက္ ေဒါက္တာေလာ့က ခုတင္ေပၚတြင္ ဝင္ထိုင္ၿပီး ေကာင္ေလး၏ပခုံးကို ဆုပ္ကိုင္လိုက္သည္။ ၿပီးေနာက္ ေလးနက္စြာ ေမးသည္။ : "က်စ္ခ်ဴး.. ေဒါက္တာနဲ႔ သားရဲ႕အေမကို ယုံၾကည္လား..?"
"..........ယုံပါတယ္.."
ေကာင္ေလး၏ တုံ႔ျပန္မႈက အတန္ငယ္ ေႏွးေကြးေနသည္။ ၿပီးခါမွ ေခါင္းညိတ္ကာ ၾကည္လင္ေတာက္ပသည့္ မ်က္ဝန္းမ်ားျဖင့္ ထပ္ေျဖခဲ့သည္။ : "ဒါေပါ့ ကြၽန္ေတာ္ ေဒါက္တာနဲ႔ အေမ့ကို ယုံပါတယ္.."
"ဟုတ္ၿပီ.. ေဒါက္တာတို႔ေျပာခ်င္တာက ကမာၻေပၚမွာ သရဲလုံးဝမရွိဘူး.. အဲတာေၾကာင့္ ေၾကာက္စရာမလိုဘူး.."
ေဒါက္တာေလာ့က ဆက္ေျပာသည္။ : "သားျမင္ခဲ့တဲ့ သရဲေတြအားလုံးက စိတ္ကူးယဥ္ပုံရိပ္ေတြ.. ရွဲ႕ယြမ္ဟြိဳင္လည္း အတူတူပဲ.. သူက ကြယ္လြန္သြားတာၾကာၿပီ.. အစစ္အမွန္မဟုတ္ဘူး.."
"ဒါေပမဲ့...." ေကာင္ေလးက ပါးစပ္ဖြင့္ၿပီးမွ ျပန္ပိတ္လိုက္သည္။ တစ္ခဏၾကာမွ စိုးရိမ္တႀကီး ရွင္းျပေလသည္။ "ကိုကိုယြမ္ဟြိဳင္က အစစ္ပါ..."
"ေရွာင္ခ်ဴး..!"
မ်က္ရည္ဝဲေနေသာ အမ်ိဳးသမီးႀကီးသည္ ေကာင္ေလးအနား ေလွ်ာက္သြား၏။ ထို႔ေနာက္ ျဖဴေရာ္ေနေသာ မ်က္ႏွာျဖင့္ ေကာင္ေလးကို ေထြးေပြ႕လိုက္ရင္း ေတာင္းပန္တိုးလွ်ိဳးစြာ ေျပာလာသည္။
"အေမေတာင္းပန္ပါတယ္ သားရယ္.. ျမန္ျမန္ေနျပန္ေကာင္းပါေတာ့ေနာ္.. သား ေလွကားေပၚကေန ျပဳတ္က်တယ္ၾကားေတာ့ အေမ ဘယ္ေလာက္စိတ္ပူသြားလဲ သားသိရဲ႕လား.. အေမ တကယ္ ေတာင္းပန္ပါတယ္..."
".........အ.. ေမ..?" ႐ုတ္တရက္ ေပြ႕ဖက္ခံလိုက္ရ၍ ေကာင္ေလးမွာ အနည္းငယ္ ေတာင့္ခဲသြားေလသည္။
သူ၏မွတ္ဉာဏ္ထဲတြင္ သူ၏အေမက အၿမဲတေစ အလုပ္မ်ားေနတတ္ၿပီး သူ႔ကို လုံးဝဂ႐ုမစိုက္ေပ။ သူ၏ လိင္စိတ္တိမ္းၫြတ္မႈေၾကာင့္ သူ႔ကိုျမင္တိုင္း ၿပဳံးျပခဲသည္။ သို႔ျဖစ္ရာ ေကာင္ေလး၏စိတ္ထဲတြင္ သူ႔အေမက သူ႔ကိုမခ်စ္ဟု အၿမဲတမ္း ေတြးထင္ေနေလသည္။
"အေမ့ရဲ႕ အဖိုးတန္သားေလး.. အေမက သားကို ဘယ္လိုလုပ္မခ်စ္ဘဲေနမွာလဲ..?"
အမ်ိဳးသမီးႀကီးက သူ၏အေတြးကို သိေနသကဲ့သို႔ ခပ္တိုးတိုးေလး ေျပာလာ၏။ သို႔ေသာ္ သူမ၏ပင္ကိုစ႐ိုက္က သိပ္မပြင့္လင္းသျဖင့္ ဤမွ်ေျပာလာသည္ကပင္ ကန႔္သက္ခ်က္ ေရာက္ေနေလၿပီ။ သူမက ဘာမွထပ္မေျပာဘဲ ေကာင္ေလး၏ ဦးေခါင္းကိုသာ ၾကင္ၾကင္နာနာ ပြတ္သပ္ေပးေနခဲ့သည္။
"အေမ ေျပာင္းလဲပါ့မယ္.. သားအတြက္ အခ်ိန္ပိုေပးမယ္.. သားရဲ႕အေဖလည္း အတူတူပဲ သားကို အရမ္းခ်စ္တာ.. သားနဲ႔ေတြ႕ခ်င္လို႔ သိပ္မၾကာခင္ ႏိုင္ငံျခားကေန ျပန္လာေတာ့မွာ.. အဲတာေၾကာင့္ အေမတို႔အတြက္ေတြးၿပီး ေနျပန္ေကာင္းေအာင္ေနေနာ္.. ဟုတ္ၿပီလား..?"
".......... ဟုတ္..!"
ေကာင္ေလး၏မ်က္ဝန္းအစုံက နီရဲတက္လာၿပီး စိတ္ပါလက္ပါ ေခါင္းညိတ္ျပလိုက္သည္။ သူ႔ဘက္က တင္းတင္းက်ပ္က်ပ္ ျပန္လည္ေပြ႕ဖက္လာသျဖင့္ အမ်ိဳးသမီးႀကီးမွာ အနည္းငယ္ ေတာင့္ခဲသြားရသည္။ သူမ၏စိတ္ထဲတြင္ ေပ်ာ္႐ႊင္ျခင္းႏွင့္ ဝမ္းနည္းမႈတို႔ ေရာယွက္ေနေလၿပီး မထိန္းႏိုင္ေအာင္ ရႈိက္ငိုလိုက္မိ၏။ ခပ္လွမ္းလွမ္းမွၾကည့္ေနေသာ ေဒါက္တာေလာ့သည္လည္း ထိုျမင္ကြင္းေၾကာင့္ လႈိက္လွဲစြာ ၿပဳံးလိုက္သည္။
***
သို႔ေသာ္ ေကာင္ေလး၏ အနက္ရႈိင္းဆုံး ႏွလုံးသားတစ္ေနရာတြင္ ရွဲ႕ယြမ္ဟြိဳင္က ပုံရိပ္ေယာင္တစ္ခုဟု လုံးဝမယုံၾကည္ႏိုင္ခဲ့ေပ။
အစစ္အမွန္ဆိုတာ ရွင္းရွင္းလင္းလင္း ခံစားမိေနသည္။ ထိုအမ်ိဳးသားသည္ သူ႔ကို ေပြ႕ဖက္ခဲ့သည္။ နမ္းရႈိက္ခဲ့သည္။ အႂကြင္းမဲ့ ယုံၾကည္အားကိုးခဲ့ရသည္။ ညဘက္ သူအိပ္ေနခ်ိန္တြင္ ေဘးမွအေဖာ္ျပဳေပးၿပီး သူ႔အတြက္ အလွပဆုံးေသာ အၿပဳံးမ်ားကို ေဖာ္ျပေပးတတ္သည္။
ကိုကိုယြမ္ဟြိဳင္လို လူတစ္ဦးက သူဖန္တီးထားသည့္ စိတ္ကူးယဥ္ပုံရိပ္ဆိုတာ အဘယ္သို႔ျဖစ္ႏိုင္မည္နည္း။
"ကိုကိုယြမ္ဟြိဳင္..."
လူနာခန္းထဲတြင္ ေကာင္ေလးသည္ ခုတင္ေပၚတင္ က်ဳံ႕က်ဳံ႕ေလး ထိုင္ေန၏။ ပိန္သြယ္ၿပီး အားနည္းျဖဴေဖ်ာ့ေနကာ မ်က္ႏွာတစ္ဝက္ခန႔္ကို လက္ေမာင္းၾကားထဲ ျမႇဳပ္ထားသည္။ နီရဲေနသည့္ မ်က္ဝန္းတစ္စုံကိုသာ ျမင္ေနရေလသည္။
"ေဒါက္တာေလာ့က ေျပာတယ္.. ကြၽန္ေတာ္က ပုံရိပ္ေယာင္နဲ႔ အစစ္အမွန္ကို မခြဲျခားႏိုင္ဘူးတဲ့.. အဲတာေၾကာင့္ ကိုကိုက အစစ္ဟုတ္ရဲ႕လားဆိုတာ ကြၽန္ေတာ္ မသိေတာ့ဘူး.."
"ေက်းဇူးျပဳၿပီး တကယ္ရွိေနတယ္ဆိုရင္ ကြၽန္ေတာ့္ဆီကို လာခဲ့ပါေနာ္..? ကြၽန္ေတာ္... ကြၽန္ေတာ္ ကိုကို႔ကို နာက်င္ရေအာင္ လုပ္ခဲ့မိမွန္း သိပါတယ္.. ကြၽန္ေတာ္ တကယ္မရည္႐ြယ္ပါဘူး.. ကိုကိုက သရဲဆိုရင္ေတာင္ ကြၽန္ေတာ္ ခ်စ္တယ္.. အဲတာေၾကာင့္ ကြၽန္ေတာ့္ကို ကိုယ္ထင္ျပပါေနာ္..?"
ျပန္ေျဖမည့္လူမရွိ။
ေကာင္ေလးသည္ လူနာေဆာင္ထဲတြင္ တစ္ညလုံး ထိုင္ေနရွာသည္။ ညနက္သြားသည္အထိ ပုံရိပ္တစ္ခုပင္ ေပၚမလာခဲ့ေခ်။
ဧကႏၲ ကိုကိုယြမ္ဟြိဳင္က သူ႔ကို ခြင့္မလႊတ္ေသးတာလား..?
ဒါမွမဟုတ္ 'ကိုကိုယြမ္ဟြိဳင္'ဆိုတာ တကယ္ပဲ သူပုံေဖာ္ထားတဲ့ စိတ္ကူးယဥ္ပုံရိပ္သပ္သပ္လား..?
ငိုရလြန္း၍ ေကာင္ေလး၏မ်က္ဝန္းမ်ား နီရဲအစ္မို႔လာ၏။ သို႔ေသာ္ အလြန္အမင္း ဝမ္းနည္းေနသည့္တိုင္ စိတ္ကူးယဥ္ပုံရိပ္ထဲတြင္ မႏွစ္ျမဳပ္သင့္မွန္း နားလည္ပါသည္။ သူ၏ မိဘႏွစ္ပါးက သူျပန္လာမည့္အခ်ိန္ကို ေစာင့္ေမွ်ာ္ေနသည္ေလ။
"ေနာက္ဆုံးထိ ခင္ဗ်ား ေပၚမလာခဲ့ဘူး.."
သူက တိုးသဲ့စြာ ေျပာသည္။ သူ၏အသံက ငိုထားသည့္အရွိန္ေၾကာင့္ အနည္းငယ္ အက္ကြဲေနသည္။
"ဒီလိုဆိုမွေတာ့ Goodbye.."
"Goodbye ကိုကိုယြမ္ဟြိဳင္.."
ေကာင္ေလးက မ်က္လုံးမွိတ္ကာ မ်က္ႏွာကို လက္ျဖင့္အုပ္၍ ေဘာလုံးေလးလို က်ဳံ႕က်ဳံ႕ေလး ထိုင္ေနရွာသည္။ သူ၏ခႏၶာကိုယ္က အနည္းငယ္ ေအးစက္သြားသလို ခံစားလိုက္ရသည္။
သူ မျမင္ႏိုင္ခဲ့သည္ကား သူ၏ေဘးနားတြင္ မတ္တပ္ရပ္ေနေသာ ရွဲ႕ယြမ္ဟြိဳင္...
သူက ေကာင္ေလးကို ထိေတြ႕ခ်င္ေသာ္လည္း သူ၏ လက္ေခ်ာင္းမ်ားက ေကာင္ေလး၏ခႏၶာကိုယ္ကို ျဖတ္လ်က္ ေဖာက္ဝင္ေန၏။
သူ ေရွာင္ခ်ဴး၏အနားတြင္ တစ္ခ်ိန္လုံး ရွိခဲ့ပါသည္။
သို႔ေသာ္ ေရွာင္ခ်ဴးက သူ႔ကို မျမင္ႏိုင္ေတာ့သလို သူကလည္း ေရွာင္ခ်ဴးကို ထိေတြ႕၍မရခဲ့ေပ။
***
သူ သူ႔ရဲ႕ေရွာင္ခ်ဴးကို ဆုံးရႈံးလိုက္ရေလၿပီ။
***
ပိုင္ရိ၏ ဒိုင္ယာရီမွတ္တမ္း (Part 29)
ခ်န္က်စ္ခ်ဴးႏွင့္ အခ်ိန္အၾကာႀကီး ခြဲခြာေနရေသာ ပိုင္ရိက ဒိုင္ယာရီမွတ္တမ္းေရးရန္ ျငင္းဆိုလိုက္သည္။
.........................
Meli မွာ ေဝဘင္စရာရွိပါတယ္။
ပိုင္ရိ : *ခ်န္က်စ္ခ်ဴးနဲ႔ မေတြ႕ရလို႔ ဝမ္းနည္းေန*
ထိုစဥ္ ခ်န္က်စ္ခ်ဴး : "ကိုကိုယြမ္ဟြိဳင္.. ကိုကိုယြမ္ဟြိဳင္.. ကိုကိုယြမ္ဟြိဳင္.. ကိုကိုယြမ္ဟြိဳင္.. x 9999999999...."
စကားမစပ္ ရွဲ႕ယြမ္ဟြိဳင္လည္း သနားဖို႔ေကာင္းတယ္
(*T^T)
.........................