အသက်ရှင်နိုင်ဖို့အရေး အနမ်းတွ...

By Melinoe_Megami

287K 51.4K 3.6K

I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to orig... More

Description
1
2
3 - Midnight Mansion (1)
4 - Midnight Mansion (2)
5 - Midnight Mansion (3)
6 - Midnight Mansion (4)
7 - Midnight Mansion (5)
8 - Midnight Mansion (6)
9 - Midnight mansion (7)
10 - Midnight Mansion (8)
11 - Midnight Mansion (9)
12 - Midnight Mansion (10)
13 - Midnight Mansion (End)
14
15
16
17 - Abandoned hospital (1)
18 - Abandoned Hospital (2)
19 - Abandoned Hospital (3)
20 - Abandoned Hospital (4)
21.1 -Abandoned Hospital (5)
21.2 - Abandoned Hospital (5)
22 - Abandoned Hospital (6)
23 - Abandoned Hospital (7)
24 - Abandoned Hospital (8)
25 - Abandoned Hospital (9)
26 - Abandoned Hospital (10)
28 - Abandoned Hospital (12)
29 - Abandoned Hospital (13)
30 - Abandoned Hospital (14)
31.05 - Special Episode
31 - Abandoned Hospital (15)
32 - Abandoned Hospital (End)
33
34
35
36 - Horror Variety (1)
37 - Horror Variety (2)
38 - Horror Variety (3)
39 - Horror Variety (4)
40 - Horror Variety (5)
41 - Horror Variety (6)
42 - Horror Variety (7)
43 - Horror Variety (8)
44 - Horror Variety (9)
45 - Horror Variety (End)
46
47 - Ghost School (1)
48 - Ghost School (2)
49 - Ghost School (3)
50 - Ghost School (4)
51 - Ghost School (5)
52 - Ghost School (6)
53 - Ghost School (7)
54 - Ghost School (8)
55 - Ghost School (9)
56 - Ghost School (10)
57 - Ghost School (11)
58 - Ghost School (12)
59 - Ghost School (13)
60 - Ghost School (14)
61 - Ghost School (15)
62 - Ghost School (16)
63 - Ghost School (17)
64 - Ghost School (End)
65 - Ghost's Bride (1)
66 - Ghost's Bride (2)
67 - Ghost's Bride (3)
68 -Ghost's Bride (4)
69 -Ghost's Bride (5)
70 - Ghost's Bride (6)
71 - Ghost's Bride (7)
72 - Ghost's Bride (8)
73 - Ghost's Bride (9)
74 - Ghost's Bride (10)
75 - Ghost's Bride (11)
76 - Ghost's Bride (12)
77 - Ghost's Bride (End)
Arts
78
79
80
81
82 - Out of Control Photobook (1)
83 - Out of Control Photobook (2)
84 - Out of Control Photobook (3)
85 - Out of Control Photobook (4)
86 - Out of Control Photobook (5)
87 - Out of Control Photobook (6)
88 - Out of Control Photobook (End)
89 - Finale (1)
90 - Finale
91 - Extra : Bloody Fairy Tale (1)
92 - Extra : Bloody Fairy Tale (2)
93 - Extra : Bloody Fairy Tale (3)
94 - Extra : Bloody Fairy Tale (4)
95 - Extra : Bloody Fairy Tale (5)
96 - Extra : Bloody Fairy Tale (End)
97 - Extra
98 - Extra
99 - Extra End

27 - Abandoned Hodpital (11)

2.4K 495 14
By Melinoe_Megami

Unicode

အခန်း - ၂၇ : စွန့်ပစ်ဆေးရုံ (၁၁)

ချန်ကျစ်ချူးသည် သူ၏လက်ထဲရှိ ငွေဒင်္ဂါးကို တွေတွေကြီး စိုက်ကြည့်နေလေ၏။ ခပ်ပြင်းပြင်း အရိုက်ခံလိုက်ရသည့်အလား အတော်ကြာသည်အထိ စကားမပြောနိုင်ရှာပေ။

တစ်ဖက်မှာရပ်ပြီး စပ်စုနေသည့် မုန့်ညီအစ်မလည်း ထိုအခြင်းအရာကိုမြင်ပြီး နားမလည်နိုင်ဖြစ်သွားသည်။ သူတို့က သိချင်စိတ်အပြည့်ဖြင့် မေးလာသည်။ “ဒါက လက်နက်တစ်မျိုးပဲမလား..? ဘာဖြစ်လို့လဲ..? မကောင်းလို့လား..? လက်တွေ့အသုံးဝင်မှုအဆင့်က ဘယ်လောက်မို့လဲ..?”

“…. A..”  ချန်ကျစ်ချူးသည် အတော်ကြာအောင် အသံတိတ်နေပြီးနောက် ပြန်ဖြေခဲ့သည်။

“A..?”

ညီအစ်မနှစ်ယောက်က အသံငယ်လေးဖြင့် အံ့ဩတကြီး ရေရွတ်လိုက်၏။ ငွေဒင်္ဂါးအပေါ် သူတို့၏အကြည့်က ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့၏ ကိုယ်ပိုင်လက်နက်များသည် C အဆင့်သာဖြစ်ပြီး Beginner’s Package မှ အသီးသီး ရရှိခဲ့ခြင်း ဖြစ်သည်။

A အဆင့်လက်နက်သည် အဆင့်မြင့်စွမ်းရည်၊ ကျိန်စာသင့် Item များကဲ့သို့ အသုံးဝင်ပြီး အလွန်ရှားပါးသည်။ ၎င်းကို ကံစမ်းမဲစနစ်မှ ကံစမ်းနိုင်ပြီး လက်နက်အစိတ်အပိုင်းများ စုစည်း၍ A အဆင့်လက်နက်ဖန်တီးလိုလျှင် အနည်းဆုံး လက်နက်အစိတ်အပိုင်း 1000 သို့မဟုတ် ထိုထက်ပိုပြီး လိုအပ်ပေလိမ့်မည်။ ဤပမာဏအထိ လက်နက်အစိတ်အပိုင်းများ စုစည်းရန်လည်း အတော်ကြာအောင် အချိန်ယူရပေဦးမည်။

သူတို့သာ A အဆင့်လက်နက်တစ်ခု ရရှိခဲ့မည်ဆိုလျှင် အိပ်ပျော်သွားသည်အထိ အားပါးတရ ပြုံးနေမိမည်ပင်။ သို့ဖြစ်ရာ ချန်ကျစ်ချူးက အဘယ်ကြောင့် ဤသို့ဆူပုတ်နေရသနည်း။ သူတို့ တကယ်ကို နားမလည်နိုင်တော့ပေ။

ဤလက်နက်က တစ်ခုခုချို့ယွင်းနေ၍လော။ ပုံမှန်အားဖြင့် ဒင်္ဂါးပုံစံလက်နက်များသည် အလွန်ရှားပါးရာ ထိုလက်နက်ကို အသုံးပြုရန် အဆင်မပြေဖြစ်နေခြင်း၊ သို့တည်းမဟုတ် ကန့်သတ်ချက်များရှိနေ၍ ဖြစ်နိုင်သည်။

အမြွှာညီအစ်မက တိတ်တဆိတ် ခန့်မှန်းနေကြသော်လည်း ထုတ်မမေးခဲ့ပေ။ မည်သို့ဆိုစေ ကိုယ်ရေးကိုယ်တာဖြစ်၍ အပြင်လူ ဝင်စွက်ဖက်ရန် မသင့်တော်သောကြောင့် ဖြစ်၏။

ချန်ကျစ်ချူးသည် ဆွံ့အစွာဖြင့် ငွေဒင်္ဂါးကို အတော်ကြာအောင် ငေးကြည့်နေမိသည်။ ထို့နောက် ဘာမှမဖြစ်သလိုနေရန် ဆုံးဖြတ်လိုက်ပြီး ငွေဒင်္ဂါးကို လွယ်အိတ်ထဲ သည်အတိုင်း ပစ်ထည့်လိုက်တော့သည်။

သူလည်း A အဆင့်လက်နက်က မည်မျှရှားပါးအဖိုးတန်ကြောင်း သိပါသည်။ ကံကောင်းခြင်းဆေးရည်၏ အကူအညီဖြင့်ပင် လက်နက်အစိတ်အပိုင်း 100 သုံး၍ A အဆင့်လက်နက်တစ်ခု ပေါင်းစည်းရန် ဘယ်လိုမှမဖြစ်နိုင်။ ကံစမ်းမဲစနစ်တွင် ပါဝင်ကံမစမ်းခင်က ဤသို့ရရှိခဲ့လျှင် သူ့တွင် ယခုလိုကံတရားမျိုး ရှိနေမည်ဟု ယုံကြည်မိမည်မဟုတ်ပေ။

သို့သော် ဂျိုကာဒင်္ဂါးကို လက်ဝယ်ပိုင်ဆိုင်ရချိန် ထိုပစ္စည်းမှ သွေးဆောင်နေသလိုလို ကျီစယ်နေသလိုလို အငွေ့အသက်တချို့ ခံစားလိုက်ရသဖြင့် သူ နားလည်သွားရသည်။ သူ့လိုလူမျိုးသာ ယခုလို ‘ကံကောင်းခြင်း’မျိုး ရရှိနိုင်ပေလိမ့်မည်။

အကြောင်းကား သူက အလွန်ကံကောင်းနေ၍မဟုတ်၊ ဆန့်ကျင်ဘက်အနေဖြင့် အလွန်ကံဆိုးနေ၍သာ။ ကံကောင်းခြင်းဆေးရည်ပင် မကယ်နိုင်တော့သည်အထိ ကံဆိုးလွန်းနေ၍သာ။ ထို့ကြောင့်လည်း ကိုယ့်ကိုယ်ကိုကာကွယ်ရန် သာမန်လက်နက်လေးတစ်ခု ပိုင်ဆိုင်ရမည့်အစား ကျိန်စာသင့်ပစ္စည်းကဲ့သို့ ပြဿနာများလွန်းသော လက်နက်ပစ္စည်းကို ရရှိခဲ့ခြင်း ဖြစ်ပေမည်။

သာမန်လူတစ်ယောက်သည် ဂျိုကာဒင်္ဂါးကို အသုံးမပြုခင် ကံကောင်းခြင်းဆေးရည် သုံးလိုက်လျှင် ဂျိုကာမျက်နှာကျရန် 70–80% အထိ သေချာလိမ့်မည်။ သို့သော် သူကတော့… ဂျိုကာမျက်နှာဆိုတာ မည်သို့မည်ပုံရှိမှန်း တစ်သက်လုံး မသိလိုက်ရတာပင် ဖြစ်သွားနိုင်၏။

ထို့အပြင် ဤငွေဒင်္ဂါးနှင့်ပတ်သက်ပြီး ပိုကြောက်စရာကောင်းသည့် အချက်ကား ဒင်္ဂါးမြှောက်လိုက်ချိန် နတ်ဆိုးမျက်နှာကျသွားလျှင် ကံဆိုးမှုနှင့် တွေ့ကြုံရပေဦးမည်။ ငွေဒင်္ဂါးမြှောက်တိုင်း နတ်ဆိုးမျက်နှာကျမည့် ဖြစ်နိုင်ခြေက 50 : 50 ရှိသည်အထိ မရိုးရှင်းပေ။ ငွေဒင်္ဂါးကို အကြိမ်များများမြှောက်လေ၊ နတ်ဆိုးမျက်နှာကျနိုင်ခြေက ပိုများလာလေ ဖြစ်လိမ့်မည်။

သို့ဖြစ်၍ ငွေဒင်္ဂါးကို အရမ်းကာရော အသုံးပြုမိလျှင် ကြောက်စရာကောင်းသည့် အခြေအနေတစ်ရပ်သို့ ဦးတည်သွားနိုင်သည်။ ထို့အပြင် ဆယ်ကြိမ်ဆက်တိုက် နတ်ဆိုးမျက်နှာကျလျှင်လည်း Instance က ပျက်စီးသွားဦးမည်။ ထိုကိစ္စက မဖြစ်နိုင်ဟု ထင်ရပါသော်လည်း သူ့လိုကံဆိုးလွန်းသည့် လူတစ်ယောက်အတွက်တော့ အလွန်ဖြစ်နိုင်ခြေများသည်။

ထိုသို့တွေးမိသည့်အခိုက် ချန်ကျစ်ချူးမှာ မထိန်းနိုင်အောင် တုန်ယင်သွားရသည်။

ဒင်္ဂါးမြှောက်သည်ဟု ဆိုရာတွင်လည်း ပိုင်ရှင်ကိုယ်တိုင် လုပ်ဆောင်ခြင်းကိုသာမက မတော်တဆချော်လဲ၍ ဒင်္ဂါးလိမ့်ထွက်သွားပြီး သူ့အလိုလို နတ်ဆိုးမျက်နှာဘက် ၁၀ ကြိမ်ဆက်တိုက် ကျသွားတာမျိုးပင် ဖြစ်နိုင်သည်။

ထိုမျှမက ဤငွေဒင်္ဂါးတွင် ပိုင်ရှင်ကို အသုံးပြုချင်လာအောင် ဆွဲဆောင်နေသည့် ထူးထူးဆန်းဆန်း ညှို့ဓာတ်တစ်မျိုးလည်း ရှိနေသေး၏။ ကံကောင်းမိုးမှောင်ကျနိုင်သည့် အခြေအနေတစ်ရပ် ရှိနေပါသော်ငြား ဒင်္ဂါးမြှောက်တာကို ရပ်တန့်နိုင်မည်မဟုတ်ပေ။ ထိုအစား ဒင်္ဂါးအပေါ် အလုံးစုံပုံအပ်မိသည်အထိ ရူးရူးမိုက်မိုက် အသုံးပြုမိလိမ့်မည်။

သို့သော် ငွေဒင်္ဂါးကို ချန်ကျစ်ချူး ကိုင်လိုက်စဉ်က အနှီညှို့ဓာတ်သည် ချန်ကျစ်ချူးအပေါ် သက်ရောက်မှုမရှိခဲ့ပေ။ ငွေဒင်္ဂါးကို သိမ်းဆည်းလိုက်သည့်တိုင် သူ၏မျက်နှာအမူအရာက တည်ငြိမ်နေဆဲ။

ထိုစဉ်က သူ၏မျက်နှာ မည်မျှမည်းမှောင်နေသလဲဆိုတာ သူသာ သိသည်။ နှလုံးသားတစ်ခုလုံး သေဆုံးသွားသလို မည်သည့်ဆွဲဆောင်မှုမျှ မခံစားနိုင်ခဲ့ပေ။

ငွေဒင်္ဂါးကို သိမ်းဆည်းပြီးနောက် ချန်ကျစ်ချူးသည် ပိုင်ရိနှင့်အတူ အအေးခန်းဗီရိုအနား ပြန်သွားသည်။ အစောပိုင်းက ရှဲ့ယွမ်ဟွိုင်၏ နာမည်ကဒ်ကြောင့် ပြဿနာများသွားသဖြင့် ဗီရိုကို မဖွင့်ရသေးသလို အတွင်းပိုင်းကိုလည်း မစူးစမ်းရသေးပေ။

ကျီယွင်ရှောင်တို့ တာဝန်ယူထားသော အအေးခန်းဗီရိုအတွက်တော့ ထိုဗီရိုဟာ အနီရောင်အမျိုးသမီးအလောင်း ပြေးဝင်သွားပြီး ဝက်ဝံရုပ်လေး သော့ရခဲ့သည့် ဗီရိုဖြစ်ကြောင်း အတည်ပြုပြီးဖြစ်သည်။

“ကိုယ်ဖွင့်လိုက်မယ်..”

ပိုင်ရိသည် ချန်ကျစ်ချူးကို အပြုံးလေးဖြင့် အနောက်ဆုတ်ရန် ပြောသည်။ ပြီးနောက် ဗီရိုတံခါးကို ဖြည်းညင်းစွာ ဆွဲဖွင့်လိုက်လေသည်။

ချန်ကျစ်ချူးမှာ တစ်ခုခုထပ်ဖြစ်ဦးမလားဟူသည့် စိုးရိမ်စိတ်ဖြင့် အသက်ပင် ဖြောင့်ဖြောင့်မရှူနိုင်ခဲ့ချေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် အအေးခန်းဗီရိုတံခါးကို ပိုင်ရိ ဆွဲဖွင့်နေစဉ်အတွင်း မည်သည့်ကိစ္စမျှ မဖြစ်ခဲ့ပေ။

“ကျွီ….”

ပိုင်ရိသည် ဗီရိုအကန့်ထဲကို ငုံ့ကြည့်ရင်း တစ်ဝက်ခန့်ဆွဲဖွင့်ပြီးနောက် လှုပ်ရှားမှုရပ်သွား၏။ တံခါးလက်ကိုင်ကို ကိုင်ထားသည့် သူ၏လက်က တင်းကျပ်သွားပြီး မျက်နှာအမူအရာ မည်းမှောင်လာသည်။

“ဘာဖြစ်လို့လဲ..?”

ချန်ကျစ်ချူးနှင့် ကျန်လူများလည်း အနားတိုးကာ အအေးခန်းဗီရိုအကန့်ထဲ ငုံ့ကြည့်လိုက်သည်။ ထိုတဒင်္ဂ သူတို့အားလုံး ကြက်သေ,သေကုန်သည်။ မုန့်ညီအစ်မက ချန်ကျစ်ချူးကို လှည့်ကြည့်လိုက်သောအခါ မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားတာကို မြင်လိုက်ရသည်။

[ ရှောင်ချူး..]

[ ရှောင်ချူး..]

[ ရှောင်ချူး.. ရှောင်ချူး..]

[ ချန်ကျစ်ချူး..]

အအေးခန်းဗီရိုထဲတွင် တခြားဘာမှမရှိဘဲ နီညိုရောင်စာလုံးများဖြင့် ပြည့်နှက်နေ၏။ သွေးစိုနေသည့် လက်ချောင်းထိပ်ဖြင့် ရေးဆွဲထားပုံပေါ်ပြီး ဗီရိုအတွင်းပိုင်းတစ်ခုလုံး ချန်ကျစ်ချူး၏ နာမည်စာလုံးများဖြင့်သာ ပြည့်နှက်နေလေသည်။

တချို့စာလုံးများက ရှင်းလင်းသေသပ်ပြီး တချို့က ဖတ်မရအောင် ရှုပ်ထွေးနေသည်။ တချို့စာလုံးများဆိုလျှင် အတန်ငယ် တွန့်ကွေးနေပြီး ဤစာရေးသူက အအေးခန်းဗီရိုထဲ စာရေးနေစဉ် အတော်လေး နာကျင်ခံစားနေရဟန်ပေါ်သည်။ သေသေချာချာ စစ်ဆေးကြည့်လျှင် တချို့စာလုံးများဟာ ဗီရိုအသားထဲအထိ ထွင်းထုထားသလိုဖြစ်နေပြီး ဘေးတွင် သိပ်မထင်ရှားသည့် ကုတ်ခြစ်ရာများလည်း ရှိနေသေးသည်။

“ဘုရားရေ…”

မုန့်ညီအစ်မနှစ်ယောက်လုံး ကြက်သီးဖြန်းဖြန်းထ၍ အတော်ကြောက်လန့်သွားရှာသည်။

“မကြည့်နဲ့..”

ပိုင်ရိက ခပ်တိုးတိုးပြောပြီး ဗီရိုတံခါးကို ပြန်ပိတ်လိုက်သည်။ သူ၏မျက်ဝန်းများက ရေခဲတမျှ အေးစက်နေတော့သည်။

သူက အနည်းငယ် ချောက်ချားနေဟန်ပေါ်သည့် ချန်ကျစ်ချူးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် လက်မြှောက်ကာ ထိုလူသားလေး၏ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးရင်း လေသံပျော့ပျော့ဖြင့် ချော့မော့လိုက်သည်။

“ဘာမှမဖြစ်ဘူး.. မကြောက်နဲ့နော်..”

“……. အင်းပါ..”

ရှဲ့ယွမ်ဟွိုင်သည် သူ့ကို မည်မျှစွဲလမ်းနေလေသနည်း။

ချန်ကျစ်ချူး၏ ခေါင်းညိတ်ပြပုံက အတန်ငယ် တောင့်ခဲနေ၏။ သို့သော် ထိုသို့ဖြစ်ရခြင်းမှာ အအေးခန်းဗီရိုထဲမှ နာမည်စာလုံးကြောင့်ချည်းမဟုတ်၊ သူ၏ခေါင်းပေါ်မှ ပိုင်ရိ၏လက်ကြောင့်လည်း ပါသည်။ ထိုအပြုအမူက အစောပိုင်း ပိုင်ရိကြောင့် ရင်ခုန်မြန်ခဲ့ရသည့်အချိန်ကို ပြန်တွေးမိစေပြီး နောက်တစ်ကြိမ် စိတ်မလုံမလဲ ဖြစ်ရသည်။

လျှောက်မတွေးနဲ့တော့။ ဘာမဟုတ်တာလေးကို။ ပိုင်ရိနဲ့ ရင်းရင်းနှီးနှီးမနေဖူးလို့ ရှက်နေတာဖြစ်မယ်။ တခြားလူနဲ့ဆိုရင်လည်း ဒီလိုမျိုး ဖြစ်မိမှာပဲ..!

ပြီးတော့ သူတို့နှစ်ယောက်လုံးက အဖြောင့်တွေလေ။ လက်လေးနမ်းတာ ဘာဖြစ်မှာမလို့လဲ..? နှုတ်ခမ်းချင်း နမ်းမိရင်တောင် သူတို့က… ဖာ့ခ်.. မဟုတ်သေးဘူးဟ..! ဒါကတော့ ကိစ္စကြီးဖြစ်သွားပြီ..!

ချန်ကျစ်ချူး၏စိတ်ထဲတွင် ထိုအတွေးများ ဖြတ်ပြေးသွား၏။ ခေါင်းကို ကပျာကယာ ခါယမ်းလိုက်ရင်း ပေါက်ကရအတွေးများကို ဦးနှောက်ထဲမှ ဖယ်ထုတ်ပစ်လိုက်သည်။

ဤရေခဲတိုက်ထဲတွင် ထွေထွေထူးထူး လုပ်စရာမရှိတော့၍ ချန်ကျစ်ချူးနှင့် ကျန်လူများလည်း အအေးခန်းဗီရိုအတွဲလိုက်ကြီးကို ဖြတ်ကျော်ကာ မြေအောက်လူသွားလမ်း၏ တစ်ဖက်တံခါးပေါက်သို့ ဦးတည်လိုက်သည်။

ချန်ကျစ်ချူးသည် ထိုတံခါးအတွက် သော့ကို ပိုင်ဆိုင်ထားသူဖြစ်၍ သော့ကိုင်ကာ ရှေ့တက်သွားပြီး တံခါးကို အသာတွန်းဖွင့်လိုက်သည်။

အပြင်ဘက်တွင် မှောင်မည်းနေလေသည်။ ချန်ကျစ်ချူးက ဓာတ်မီးဖွင့်ကာ သတိကြီးကြီးထား၍ အပြင်ဘက်သို့ ခေါင်းလေးထုတ်ပြီး စစ်ဆေးကြည့်သည်။ ဤလမ်းအတိုင်းသွားလျှင် အတွင်းလူနာဆောင်သို့ ရောက်လိမ့်မည်။

ဓာတ်မီးထိုးထားသည့် နေရာတစ်ဝိုက်တွင် ကျဉ်းမြောင်းသည့် လှေကားထစ်တချို့ကို မြင်နေရသည်။ ချန်ကျစ်ချူး၏ စိတ်ထဲတွင် ဤအဆောက်အအုံဖွဲ့စည်းပုံက အပြင်လူနာဆောင်နှင့် တူလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ ဤလှေကားအတိုင်း တက်သွားလျှင် အတွင်းလူနာဆောင်၏ မြေညီထပ်သို့ ရောက်ရှိပေမည်။

ချန်ကျစ်ချူးသည် ထိုအတွေးတို့ဖြင့် ဓာတ်မီးကိုကိုင်ရင်း ရှေ့တစ်လှမ်းတိုးကာ ချောမွေ့နေသည့် ကြွေပြားပေါ်သို့ ခြေချလိုက်သည်။ ထိုအခိုက် ‘ဖောက်’ခနဲ မြည်သံနှင့်အတူ သူ၏ခေါင်းပေါ်မှာရှိသည့် မီးလုံးများ ရုတ်ချည်း မီးလင်းလာပြီး ထိုဧရိယာတစ်ဝိုက်ကို လင်းထိန်သွားစေသည်။

“ဒီ.. ဒီနေရာက…..”

မုန့်ခယ်၏အသံက အနည်းငယ် တုန်ယင်နေလေပြီး ချန်ကျစ်ချူး၏ ကျောဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုအတွက် ချန်ကျစ်ချူး၏စိတ်ထဲ တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရ၏။ အစောပိုင်းက သူနှင့်နီးနီးကပ်ကပ်ရှိနေသူသည် ပိုင်ရိသာဖြစ်ပြီး မုန့်ခယ်နှင့် အနည်းငယ် အလှမ်းဝေးသည်။ သို့သော် ယခုမူ အသံက အရမ်းကို နီးကပ်နေပြီး သူ၏နောက်နားမှ ထွက်ပေါ်လာသယောင် ထင်မှတ်ရသည်။

သို့နှင့် မသိစိတ်၏လှုံ့ဆော်မှုအရ နောက်လှည့်ကြည့်လိုက်သည်။ သို့သော် လုံးလုံးလျားလျား လှည့်မကြည့်ရသေးခင်မှာပင် မျက်လုံးပြူးသွားရသည်။

မုန့်ခယ်သည် ပတ်ဝန်းကျင်ကို ဆန်းစစ်ရင်း သူမ၏စိတ်ထဲ မသိုးမသန့်ဖြစ်လာသည်။ ထို့ကြောင့် ချန်ကျစ်ချူးက မျက်လုံးအပြူးသားဖြင့် သူမကို လှည့်ကြည့်သောအခါ သူမကလည်း သူမ၏ညီမဖြစ်သူကို လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။ ထိုအခါ မုန့်ရှင်း ပျောက်ဆုံးနေကြောင်း မြင်လိုက်ရသည်။ ပိုင်ရိနှင့် ကျီယွင်ရှောင်ကိုလည်း မတွေ့ရတော့ချေ။

“ရှင်းရှင်းနဲ့ တခြားလူတွေရော..?”

မုန့်ခယ်၏မျက်နှာက ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်ယင်လာသည်။ “ပြီးတော့… ဒီနေရာကြီးက… ကျွန်မတို့ ခုနကဖြတ်လာတဲ့နေရာနဲ့ မတူသလိုပဲနော်..”

ချန်ကျစ်ချူးလည်း ဤနေရာက သူတို့မြင်လိုက်ရသည့် လှေကားခွင်မဟုတ်ကြောင်း သတိပြုမိလိုက်၏။ ထိုအစား အလွန်ရှည်လျားသည့် စင်္ကြံလမ်း ဖြစ်နေသည်။

စင်္ကြံလမ်းတွင် အလင်းဖျော့ဖျော့သာရှိပြီး ဝှီးချဲ၊ ခုတင်များ ပြန့်ကျဲနေသည်။ လမ်းတစ်ဖက်တစ်ချက်တွင် လူနာဆောင်များရှိပြီး တံခါးတော်တော်များများ ပွင့်ဟနေကာ ပိန်းပိန်းမှောင်နေသည့် အတွင်းပိုင်းမြင်ကွင်းကို လှစ်ဟပြလျက်ရှိသည်။ သူတို့နှင့် ခပ်လှမ်းလှမ်းနေရာတွင် ဓာတ်လှေကားစောင့်ရသည့် လော်ဘီတစ်ခုရှိပြီး ဓာတ်လှေကား၏ တံခါးဘောင်ပေါ်တွင် ‘F9’ ဟူသည့် ဆိုင်းပုဒ်ကို ရှင်းရှင်းလင်းလင်း ချိတ်ဆွဲထားသည်။

(TN : F9 = Floor 9..)

သူနဲ့မုန့်ခယ်က အတွင်းခန်းလူနာဆောင်ရဲ့ ထူးခြားဆန်းကြယ်တဲ့ ကိုးထပ်မြောက်အလွှာကို မမျှော်လင့်ဘဲ ရောက်လာခဲ့တာပဲ..!

ချန်ကျစ်ချူး၏ ခန္ဓာကိုယ်တွင်းရှိသွေးများ အေးခဲသွားသည်။ ထိုအခိုက် သူ၏လက်စွပ်က တဖြည်းဖြည်းပူလာပြီး သူ့အိတ်ကပ်ထဲမှ ဝက်ဝံရုပ်လေးသည်လည်း ဓာတ်လှေကားကိုကြည့်၍ အစွယ်ထုတ်လာသည်။

“ကလင်.. ကလင်… တင်….”

ဓာတ်လှေကား၏ အချက်ပြအမှတ်အသားက စတင်လှုပ်ရှားလာသည်။ နံပါတ်တချို့ကို ဖြတ်ကျော်ပြီးနောက် ‘9’ တွင် ရပ်တန့်သွား၏။ ထို့နောက် ဓာတ်လှေကားရပ်သွားပြီး တံခါးပွင့်သွားချိန်တွင် ထိုအထဲမှ သူနာပြုတချို့ ထွက်ပေါ်လာသည်။

သူနာပြုများသည် သေသေသပ်သပ် ဝတ်ဆင်ထားပါသော်လည်း အဖြူရောင်သူနာပြုဝတ်စုံက သွေးစွန်းနေသည်။ သူတို့၏ မျက်နှာက စကျင်ကျောက်ကဲ့သို့ ပြောင်ချောနေပြီး လည်ပင်းတွင် သံကြိုးရှည်များ ချိတ်ဆွဲထားသည်။ သံကြိုးများက ကြမ်းပြင်ပေါ်သို့ တွဲလွဲကျနေပြီး သူတို့အားလုံးကို တစ်ဖွဲ့တွဲပေးထားသည့်အလား ချိတ်ဆက်နေသည်။

အရှေ့ဆုံးမှသူနာပြုသည် ပုလင်းအမျိုးမျိုးနှင့် ရှုပ်ပွနေသည့် ဆေးထိုးအပ်ပြွန်များ၊ ထူးဆန်းသည့် နီညိုရောင်အရည်များ ဖြည့်ထားသော ဖန်ဘူးများ၊ စသည်တို့ တင်ဆောင်ထားသော လက်တွန်းလှည်းလေးကို တွန်းလာသည်။

“မင်းတို့ ဒီနေရာမှာ ဘာလုပ်နေတာလဲ..? ညဉ့်နက်နေပြီး ကိုယ့်အခန်း ကိုယ်မပြန်ကြသေးဘူးလား..?”

မျက်နှာအစိတ်အပိုင်းမပါသည့် သူနာပြုများသည် ကျီယွင်ရှောင်နှင့် ချန်ကျစ်ချူးအနားသို့ အပြေးရောက်လာကြ၏။ သူတို့၏ ရင်ဘတ်က အတန်ငယ် နိမ့်ချည်မြင့်ချည်ဖြစ်သွားပြီး ငယ်ရွယ်သည့် မိန်းကလေးအသံမျိုး ထွက်ပေါ်လာသည်။ သို့သော် အသံအတက်အကျမရှိ၍ သူတို့အားလုံး၏အသံက တစ်ထေရာတည်းပင်။ မသိလျှင် သူတို့အားလုံးက တစ်သားတည်းဖြစ်ပြီး ထပ်တူပွားထားသယောင် ထင်မှတ်ရသည်။

“ရွှီး..!”

ဝက်ဝံရုပ်လေးက ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ချန်ကျစ်ချူး၏ အိတ်ကပ်ထဲမှ ရုတ်တရက် ခုန်ထွက်သွားသည်။ သူက သူနာပြုများ၏ ဦးခေါင်းရှိရာသို့ ချိန်ရွယ်လိုက်သော်ငြား ထိုသူနာပြုများက ပုံရိပ်ယောင်သဖွယ် ဖြစ်နေပြီး တိုက်ရိုက် ဖောက်ထွက်သွား၏။ ထို့ကြောင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ အကြိမ်ရေအနည်းငယ်ခန့် တစ်ပတ်လည်သွားသည်။

“မင်းရဲ့နာမည်ကို ရှာကြည့်ဦးမယ်..”

သူနာပြုခေါင်းဆောင်သည် ဝက်ဝံရုပ်လေးကို မမြင်ရသည့်နှယ် ခေါင်းငုံ့လိုက်ပြီး တာဝန်ကျစာရင်းကိုဖွင့်ကာ ဖြူရော်နေသည့် လက်ချောင်းဖြင့် စာရွက်ပေါ်ကို ဖြည်းဖြည်းချင်း ပွတ်ဆွဲသွားသည်။

“မင်းရဲ့နာမည်က………… ချန်ကျစ်ချူး..”

“လက်စသတ်တော့ ကျစ်ချူး ပြန်လာပြီပဲ.. ကွမ်းအိုက်ဆေးရုံကနေ ပြန်လည်ကြိုဆိုပါတယ်နော်..”

“မတွေ့တာကြာတော့ ရင့်ကျက်လာတယ်.. ‘သူ’သာမြင်ရင် ကျိန်းသေပေါက် အရမ်းပျော်သွားမှာ..”

“Murmur… murmur… murmur…” (Meli လည်း အသံမထွက်တတ်တော့လို့။ )

သူနာပြုများ၏ခန္ဓာကိုယ်က အရှေ့သို့ အတန်ငယ် ကိုင်းညွတ်လာသည်။ သူတို့အားလုံး ချန်ကျစ်ချူးကို သေချာလေး ကြည့်ချင်နေသည့်နှယ်၊ သူတို့၏ရင်ဘတ်မှ နားမလည်နိုင်သည့် စကားပြောသံတချို့ ထွက်ပေါ်လာသည်ကို ကြားနေရသည်။

“ပြန်ရောက်ပြီဆိုတော့ ဆေးရုံမှာ မင်း အပ်ခဲ့တဲ့ပစ္စည်းတွေ ပြန်ယူတော့လေ..”

သူနာပြုခေါင်းဆောင်က ညစ်ပေနေသည့် ဆေးမှတ်တမ်းတစ်ခုကို ထုတ်ယူပြီး ချန်ကျစ်ချူး၏လက်ထဲ ညင်သာစွာ ထည့်ပေးသည်။

[ သဲလွန်စတစ်ခု ရှာတွေ့ပါပြီ။ Exp Points x 50 နဲ့ Survival Points x 100 ရရှိပါသည်။]

ချန်ကျစ်ချူးက တောင့်ခဲနေသည့် အမူအရာဖြင့် လက်ခံလိုက်ပြီး သူနာပြုများကို ဖြတ်ကျော်ရန် အခွင့်အရေးရှာနေစဉ် သူနာပြုခေါင်းဆောင်က တာဝန်ကျစာရင်းကို ဖွင့်ပြီး စာရင်းထပ်စစ်နေတာကို မြင်လိုက်ရသည်။ သူမက စာရင်းမကြည့်ခင် မုန့်ခယ်၏ အသွင်အပြင်ကို အတည်ပြုလိုက်သေးသည်။

တစ်ခဏကြာပြီးနောက် သူမက ရုတ်ချည်း ခေါင်းမော့လာ၏။ ထို့နောက် လူသားတို့၏ ခံစားချက်မပါသော အေးတိအေးစက်လေသံဖြင့် မေးသည်။

“မင်းက ဘယ်သူလဲ..?”

“မင်းနာမည်က စာရင်းထဲမှာမပါဘူး..”

“မင်းက ဒီနေရာနဲ့ မသက်ဆိုင်ဘူး..”

မုန့်ခယ်၏ မျက်နှာအမူအရာက အတန်ငယ် ပျက်ယွင်းသွားပြီး မထိန်းနိုင်အောင် ခြေတစ်လှမ်းနောက်ဆုတ်လိုက်မိ၏။ ချန်ကျစ်ချူးလည်း ရုတ်ချည်းဆိုသလို အခြေအနေမဟန်ကြောင်း သတိပြုမိသွားသည်။ သူမ၏လက်ကို ဆွဲပြေးရန် ကြိုးစားလိုက်သော်ငြား သူနာပြုခေါင်းဆောင်နောက်မှ သူနာပြုများသည် ရုတ်တရက် ပြေးတက်လာပြီး သူတို့၏ သံကြိုးများဖြင့် မုန့်ခယ်ကို လဲကျစေခဲ့သည်။ ထို့နောက် မုန့်ခယ်၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်ပြီး ကြမ်းပြင်ပေါ်တွင် တရွတ်တိုက် ဆွဲသွားတော့သည်။

“မုန့်ခယ်..!”

ချန်ကျစ်ချူးလည်း သူနာပြုခေါင်းဆောင်ကြောင့် ထိုနေရာတွင် လဲကျသွားသည်။ မုန့်ခယ်အား ခြေကျင်းဝတ်မှ ဆွဲကိုင်ကာ ဓာတ်လှေကားထဲ ဆွဲခေါ်သွားသည့်မြင်ကွင်းကို ငေးကြည့်နေရသည်။

“အား… မလုပ်နဲ့…!”

မုန့်ခယ်က ကြောက်လန့်တကြားဖြင့် အသံကုန်အော်ဟစ်ရင်း သူနာပြုများ၏ လက်ထဲမှ ရုန်းထွက်နိုင်ရန် ကြမ်းပြင်ကို တတ်စွမ်းသမျှ ကုတ်တွယ်ထားလေ၏။

သူမ၏ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း တရွတ်တိုက်ပါသွားပြီး လက်သည်းထိပ်များလည်း ပွန်းပဲ့ကာ ကြမ်းပြင်တစ်လျှောက် သွေးကွက်များ ကျန်ရစ်ခဲ့တော့သည်။ သို့တိုင် သူနာပြုများကို လုံးဝမရပ်တန့်နိုင်ဘဲ ဓာတ်လှေကားနှင့် တဖြည်းဖြည်းချင်း နီးကပ်လာသည်။

ဝက်ဝံရုပ်လေးသည် သူနာပြုများထံသို့ ခုန်ဝင်သွားသော်ငြား သူမည်သို့ကြိုးစားပါစေ ဝိဉာဉ်ကဲ့သို့သော သူနာပြုများကို မထိနိုင်ခဲ့ပေ။ ထပ်တလဲလဲ ကြမ်းပြင်ပေါ်သာ ပြုတ်ကျသွားသဖြင့် သူနာပြုများကို သည်အတိုင်း မာန်ဖီနေရတော့သည်။

……. မဖြစ်ဘူး.. မုန့်ခယ်ကို ဒီအတိုင်း အသေခံလိုက်လို့မဖြစ်ဘူး..!

အသက်လုနေရသည့် အခြေအနေတွင် ချန်ကျစ်ချူးသည် သူ အစောပိုင်းကရရှိခဲ့သည့် ငွေဒင်္ဂါးကို ရုတ်ချည်း သတိရသွားသည်။ သူ့ကိုယ်သူ မည်မျှကံဆိုးကြောင်း တွေးမနေနိုင်တော့ဘဲ ငွေဒင်္ဂါးကိုထုတ်ကာ ကမန်းကတန်း ပစ်မြှောက်ရင်း ပြောလိုက်သည်။

“မုန့်ခယ်ကိုဖမ်းထားတဲ့ သူနာပြုတွေကို ရှင်းလိုက်..!”

“ချလွင်…. တင်..!”

ငွေဒင်္ဂါးသည် လေထဲသို့ ငွေဖြူရောင်စက်ဝန်းခြမ်းအသွင် မြောက်တက်သွား၏။ ချလွင်ခနဲ မြည်သံနှင့်အတူ ကြမ်းပြင်ပေါ် ပြန်ကျသွားပြီး တစ်ခဏမျှလည်နေကာ နောက်ဆုံး ရပ်တန့်သွားသည်။

ဂျိုကာမျက်နှာဘက်သို့ ကျခဲ့လေသည်။

[မင်းရဲ့ဆန္ဒအတိုင်းပါပဲ…]

ချန်ကျစ်ချူး၏ စိတ်ထဲတွင် တစ္ဆေညည်းသံကဲ့သို့ ကြားလိုက်ရသည်။

နောက်တစ်စက္ကန့်မှာတော့ စင်္ကြံလမ်းတစ်လျှောက် ထူးဆန်းသော တီးလုံးသံတစ်ခု ပျံ့လွင့်လာပြီး လူပြက်ရယ်သံကိုလည်း ကြားနေရသည်။ ‘ဖောက်’ခနဲ မြည်သံနှင့်အတူ မုန့်ခယ်၏ ခြေကျင်းဝတ်ကို ကိုင်ထားသော သူနာပြု၏ ခန္ဓာကိုယ်က ရုတ်တရက် တွန့်လိမ်လာပြီး ရောင်စုံဘောလုံးအသွင် ပြောင်းလဲသွားသည်။

“ဖောက်..!” “ဖောက်..!”

ထိုအသံက ဆက်တိုက်ထွက်ပေါ်လာ၏။ မုန့်ခယ်နှင့် အနီးဆုံးမှာရှိနေသည့် သူနာပြုလေးယောက်သည် ရုတ်တရက် လဲကျသွားပြီး ဖဲချပ်များ၊ ရောင်စုံဖဲပြားများအဖြစ် ပြောင်းလဲကာ ကြမ်းပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဝေ့ဝိုက်ကျသွားသည်။ ထိုမြင်ကွင်းက လူပြက်တစ်ဦး၏ ‌ဖျော်ဖြေမှုအပြီး ကန့်လန့်ကာချလိုက်သည်နှင့်ပင် တူသေးသည်။

သူနာပြုငါးယောက် ပျောက်ကွယ်သွားသဖြင့် တခြားသူနာပြုများ၏ လည်ပင်းမှ သံကြိုးများလည်း ပြုတ်ကျသွားသည်။

သူနာပြုများသည် ဗလာကျင်းသွားသော သူတို့၏လည်ပင်းကို တွေဝေစွာ ထိကြည့်လိုက်သည်။ ထို့နောက် ချန်ကျစ်ချူးနှင့် သူနာပြုခေါင်းဆောင်ထံ အကြည့်ရောက်လာသည်။ သူတို့၏ရင်ဘတ်ထဲမှ မြည်ဟည်းသံက တစ်စထက်တစ်စ ပိုမိုကျယ်လောင်လာပြီး ဝမ်းနည်းပူဆွေးမှုနှင့် နာကျည်းချက်များ ပြည့်နှက်နေခဲ့သည်။ သူတို့က စူးရှစွာ မြည်တမ်းလိုက်ရင်း သူနာပြုခေါင်းဆောင်ထံသို့ ပြေးဝင်သွားကြသည်။

သူနာပြုခေါင်းဆောင်သည် တစ်ခဏ ကြောင်အမ်းနေပြီးမှ ချန်ကျစ်ချူးကို တွန်းဖယ်ကာ နောက်ပြန်မကြည့်တမ်း ထွက်ပြေးသွားလေ၏။ သူနာပြုများက သက်ရှိလူသားနှစ်ဦးကို အဖက်ပင်မလုပ်၊ သူနာပြုခေါင်းဆောင်ကိုသာ သည်းကြီးမည်းကြီး လိုက်ဖမ်းကြသည်။ သိပ်မကြာခင်မှာပင် တိုးသထက်တိုးလာသော အော်သံများနှင့်အတူ သူတို့အားလုံး မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

“ဟောဟဲ… ဟောဟဲ.. ဟူး…”

မုန့်ခယ်မှာ ကြမ်းပြင်ပေါ်တွင် ပက်လက်လှန်လျက် အသက်လုရှူနေရသည်။ မျက်လုံးထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်နေပြီး အစောပိုင်း ကြုံတွေ့ခဲ့ရသည့် ကြောက်ရွံ့ထိတ်လန့်မှုမှ ရုန်းမထွက်နိုင်သေးပေ။

“မင်း အဆင်ပြေရဲ့လား..?”

ချန်ကျစ်ချူးသည် ငွေဒင်္ဂါးကို ပြန်ကောက်လိုက်ပြီး မုန့်ခယ်အား တွဲထူပေးကာ စင်္ကြံလမ်းရှိ ထိုင်ခုံတစ်ခုပေါ်သို့ ခေါ်သွားပေးသည်။ မုန့်ခယ်၏ ပခုံးများက တသိမ့်သိမ့် တုန်ယင်နေလေသည်။ ထို့နောက် နီရဲနေသော မျက်လုံးများဖြင့် တုန်ယင်စွာ ပြောလာခဲ့သည်။

“ကျေးဇူးတင်ပါတယ်.. ကျွန်မရဲ့အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်.. ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မ သေသွားလောက်ပြီ..”

“အဆင်ပြေသွားပါပြီ.. မကြောက်နဲ့တော့.. ကျွန်တော်တို့ ဒီနေရာကနေ အသက်ရှင်လျက် ပြန်ထွက်နိုင်မှာပါ..”

ချန်ကျစ်ချူးက သူမ၏ဦးခေါင်းကို ညင်သာစွာ ပုတ်ပေးရင်း နွေးနွေးထွေးထွေး နှစ်သိမ့်ပေး၏။ ထိုသို့လုပ်ပေးနေရင်း သူ့ညီမလေးကို ပြန်သတိရသွားသည်။ သူတို့က အသက်တူတူလောက်ပင်။

အိတ်ကပ်ထဲ လက်နှိုက်ကြည့်လိုက်သေးသည်။ သို့သော် လက်ကိုင်ပဝါကဲ့သို့ သုတ်စရာပစ္စည်းမတွေ့၍ သည်အတိုင်း ဆက်ပြီးနှစ်သိမ့်ပေးလိုက်သည်။

“ဝူး..”

ဝက်ဝံရုပ်လေးက ချန်ကျစ်ချူး၏ခြေထောက်ပေါ် တွယ်တက်လာပြီး မကူညီနိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူ အပြစ်တင်နေဟန်ဖြင့် ဝမ်းနည်းနေသည့် အမူအရာမျိုး ဖော်ပြလာသည်။

“မင်း အကောင်းဆုံးကူညီခဲ့တာပဲ..!” ချန်ကျစ်ချူးက ဝက်ဝံရုပ်လေးကို ပွေ့ချီရင်း ရယ်ရယ်မောမော ပြောသည်။ “အပြင်ရောက်ရင် မင်းအတွက် နောက်ထပ်ကြက်ကြော် ၅ တုံး ထပ်ဝယ်ပေးမယ်.. ဗိုက်တင်းအောင်သာစား..!”

“အူး~~”  ဝက်ဝံရုပ်လေးက ချက်ချင်း ပျော်မြူးသွားသည်။

မုန့်ခယ်သည် ထိုင်ခုံပေါ်တွင် ခေါင်းအသာငုံ့၍ ထိုင်နေလေ၏။ သူမ၏ရှိုက်သံက တဖြည်းဖြည်းချင်း တိုးလာပြီး သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းချုပ်နိုင်သွားသည်။ ထို့နောက် အင်္ကျီစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း တစ်ခဏ အသံတိတ်သွားပြီးနောက် ချန်ကျစ်ချူးအား နူးညံ့စွာ ပြောလာသည်။

“တောင်းပန်ပါတယ်..”

“အမ်..?” ချန်ကျစ်ချူးမှာ ကြောင်အမ်းအမ်းဖြစ်နေပြီး.. “ဘာလို့ ရုတ်တရက်ကြီး ကျွန်တော့်ကို တောင်းပန်နေတာလဲ..?”

“အမှန်အတိုင်းပြောရရင် အစတုန်းက ကျွန်မ ရှင့်ကို သိပ်ပြီးကြည့်မရခဲ့ဘူး.. ရှင်.. ရှင်က ရှောင်ရှောင့်ကို ရုတ်တရက်ကြီး ထဖက်တာကိုး.. ပြီးတော့ ဟိုလိုလိုဒီလိုလိုတွေလည်း ပြောသေးတယ်.. အထိန်းအကွပ်မဲ့လှုပ်ရှားမှုကြောင့် အဲလိုဖြစ်မှန်းသိပေမယ့် ကျွန်မစိတ်ထဲမှာ နည်းနည်းလေး……”

မုန့်ခယ်၏အသံက တဖြည်းဖြည်း တိုးဝင်သွားပြီး အတော်လေး နောင်တရနေဟန်ပေါ်သည်။

ချန်ကျစ်ချူးလည်း ထိုစကားများကြားပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။

တကယ်တော့ ထိုကိစ္စနှင့်ပတ်သက်ပြီး မုန့်ခယ် စိတ်ပူနေစရာမလိုပေ။ ချန်ကျစ်ချူးသည် မုန့်ခယ် သူ့အပေါ် ထိုသို့တွေးနေမှန်း လုံးဝသတိမထားမိသလို သူကိုယ်တိုင်ကလည်း စိတ်ထားကောင်းသူဖြစ်၍ သူမလို ကလေးမလေးကို နေရခက်အောင် လုပ်မည်မဟုတ်ပေ။

သို့သော် မုန့်ခယ်၏ တောင်းပန်စကားကြောင့် ချန်ကျစ်ချူး၏စိတ်ထဲ နွေးထွေးသွားရသည်။ ထိုစကားလုံးများကြောင့် မုန့်ခယ်ကို ကြိုးစားပမ်းစား ကယ်တင်ခဲ့ရတာ အလကားမဖြစ်ဟု တွေးလိုက်မိသည်။

ပြောရမည်ဆိုလျှင် သူ၏ကံကြမ္မာက လုံးဝဆိုးရွားနေတာမဟုတ်ဘဲ ငွေဒင်္ဂါးမြှောက်လိုက်ချိန် ဂျိုကာမျက်နှာဘက် ကျသွား၍သာ ကံကောင်းသည်။ နတ်ဆိုးမျက်နှာကျလျှင် သူတို့နှစ်ဦးလုံး သေနေလောက်ချေပြီ။

ထိုအတွေးက တကယ့်ကို ကြောက်စရာကောင်း၏။ ချန်ကျစ်ချူးလည်း ခေါင်းယမ်းလိုက်ရင်း နိမိတ်မကောင်းသည့် အတွေးများကို ဖယ်ထုတ်ပစ်လိုက်သည်။ ထို့နောက် ကိုးထပ်မြောက်အလွှာမှ လွတ်မြောက်နိုင်ရန် ဘယ်ကိုသွားသင့်သလဲ စတင်စဉ်းစားကြည့်လိုက်သည်။

အစောပိုင်းက သူနာပြုခေါင်းဆောင်သည် သဲလွန်စအနေဖြင့် ဆေးမှတ်တမ်းတစ်ခု ပေးသွားခဲ့သည်။

ချန်ကျစ်ချူးလည်း ထိုအတွေးဖြင့် ယခုလေးတင်ရရှိခဲ့သည့် ဆေးမှတ်တမ်းကို ဖွင့်ကြည့်လိုက်သည်။

သူ၏မျက်စိရှေ့တွင် ပထမဦးဆုံးပေါ်လာသည့် စာလုံးသုံးလုံးကား… “ရှဲ့ယွမ်ဟွိုင်..” ဟူ၏။

***

ပိုင်ရိ၏ ဒိုင်ယာရီမှတ်တမ်း (Part 27)

ကျစ်ချူး ဘယ်ရောက်သွားလဲ..?

‘ဟိုအကောင်’ ကျစ်ချူးကို ဘယ်နားဖွက်ထားတာလဲ..?

ဒင်းတို့အားလုံး ဘာလို့ ကျစ်ချူးကို ငါ့ဆီကနေ ဆွဲထုတ်ချင်နေကြတာလဲ..?

ဒီအတိုင်း မသေသွားနိုင်ကြဘူးလား..?

…………………………………………..

TN : ဒီနိုဗယ်က စာလုံးရေများတယ်ဆိုတာ သတိထားမိကြမှာပါ။ တကယ်လည်း Meli အရင်ဘာသာပြန်ခဲ့တဲ့ Seven men ထက် နှစ်ဆလောက် ပိုများပါတယ်။ အဲတာကြောင့် ပုံမှန်အတိုင်းဆို ၂ ရက်တစ်ပိုင်း တင်ပေးပေမယ့် ဒီနိုဗယ်လေးကိုတော့ စာလုံးရေအရ ၂ ရက်၊ (သို့) ၃ ရက် တစ်ပိုင်း ပုံမှန်တင်ပေးမယ်နော်။ Love You All 💜

…………………………………………..

Zawgyi

အခန္း - ၂၇ : စြန႔္ပစ္ေဆး႐ုံ (၁၁)

ခ်န္က်စ္ခ်ဴးသည္ သူ၏လက္ထဲရွိ ေငြဒဂၤါးကို ေတြေတြႀကီး စိုက္ၾကည့္ေနေလ၏။ ခပ္ျပင္းျပင္း အ႐ိုက္ခံလိုက္ရသည့္အလား အေတာ္ၾကာသည္အထိ စကားမေျပာႏိုင္ရွာေပ။

တစ္ဖက္မွာရပ္ၿပီး စပ္စုေနသည့္ မုန႔္ညီအစ္မလည္း ထိုအျခင္းအရာကိုျမင္ၿပီး နားမလည္ႏိုင္ျဖစ္သြားသည္။ သူတို႔က သိခ်င္စိတ္အျပည့္ျဖင့္ ေမးလာသည္။ “ဒါက လက္နက္တစ္မ်ိဳးပဲမလား..? ဘာျဖစ္လို႔လဲ..? မေကာင္းလို႔လား..? လက္ေတြ႕အသုံးဝင္မႈအဆင့္က ဘယ္ေလာက္မို႔လဲ..?”

“…. A..”  ခ်န္က်စ္ခ်ဴးသည္ အေတာ္ၾကာေအာင္ အသံတိတ္ေနၿပီးေနာက္ ျပန္ေျဖခဲ့သည္။

“A..?”

ညီအစ္မႏွစ္ေယာက္က အသံငယ္ေလးျဖင့္ အံ့ဩတႀကီး ေရ႐ြတ္လိုက္၏။ ေငြဒဂၤါးအေပၚ သူတို႔၏အၾကည့္က ခ်က္ခ်င္း ေျပာင္းလဲသြားသည္။ သူတို႔၏ ကိုယ္ပိုင္လက္နက္မ်ားသည္ C အဆင့္သာျဖစ္ၿပီး Beginner’s Package မွ အသီးသီး ရရွိခဲ့ျခင္း ျဖစ္သည္။

A အဆင့္လက္နက္သည္ အဆင့္ျမင့္စြမ္းရည္၊ က်ိန္စာသင့္ Item မ်ားကဲ့သို႔ အသုံးဝင္ၿပီး အလြန္ရွားပါးသည္။ ၎ကို ကံစမ္းမဲစနစ္မွ ကံစမ္းႏိုင္ၿပီး လက္နက္အစိတ္အပိုင္းမ်ား စုစည္း၍ A အဆင့္လက္နက္ဖန္တီးလိုလွ်င္ အနည္းဆုံး လက္နက္အစိတ္အပိုင္း 1000 သို႔မဟုတ္ ထိုထက္ပိုၿပီး လိုအပ္ေပလိမ့္မည္။ ဤပမာဏအထိ လက္နက္အစိတ္အပိုင္းမ်ား စုစည္းရန္လည္း အေတာ္ၾကာေအာင္ အခ်ိန္ယူရေပဦးမည္။

သူတို႔သာ A အဆင့္လက္နက္တစ္ခု ရရွိခဲ့မည္ဆိုလွ်င္ အိပ္ေပ်ာ္သြားသည္အထိ အားပါးတရ ၿပဳံးေနမိမည္ပင္။ သို႔ျဖစ္ရာ ခ်န္က်စ္ခ်ဴးက အဘယ္ေၾကာင့္ ဤသို႔ဆူပုတ္ေနရသနည္း။ သူတို႔ တကယ္ကို နားမလည္ႏိုင္ေတာ့ေပ။

ဤလက္နက္က တစ္ခုခုခ်ိဳ႕ယြင္းေန၍ေလာ။ ပုံမွန္အားျဖင့္ ဒဂၤါးပုံစံလက္နက္မ်ားသည္ အလြန္ရွားပါးရာ ထိုလက္နက္ကို အသုံးျပဳရန္ အဆင္မေျပျဖစ္ေနျခင္း၊ သို႔တည္းမဟုတ္ ကန႔္သတ္ခ်က္မ်ားရွိေန၍ ျဖစ္ႏိုင္သည္။

အႁမႊာညီအစ္မက တိတ္တဆိတ္ ခန႔္မွန္းေနၾကေသာ္လည္း ထုတ္မေမးခဲ့ေပ။ မည္သို႔ဆိုေစ ကိုယ္ေရးကိုယ္တာျဖစ္၍ အျပင္လူ ဝင္စြက္ဖက္ရန္ မသင့္ေတာ္ေသာေၾကာင့္ ျဖစ္၏။

ခ်န္က်စ္ခ်ဴးသည္ ဆြံ႕အစြာျဖင့္ ေငြဒဂၤါးကို အေတာ္ၾကာေအာင္ ေငးၾကည့္ေနမိသည္။ ထို႔ေနာက္ ဘာမွမျဖစ္သလိုေနရန္ ဆုံးျဖတ္လိုက္ၿပီး ေငြဒဂၤါးကို လြယ္အိတ္ထဲ သည္အတိုင္း ပစ္ထည့္လိုက္ေတာ့သည္။

သူလည္း A အဆင့္လက္နက္က မည္မွ်ရွားပါးအဖိုးတန္ေၾကာင္း သိပါသည္။ ကံေကာင္းျခင္းေဆးရည္၏ အကူအညီျဖင့္ပင္ လက္နက္အစိတ္အပိုင္း 100 သုံး၍ A အဆင့္လက္နက္တစ္ခု ေပါင္းစည္းရန္ ဘယ္လိုမွမျဖစ္ႏိုင္။ ကံစမ္းမဲစနစ္တြင္ ပါဝင္ကံမစမ္းခင္က ဤသို႔ရရွိခဲ့လွ်င္ သူ႔တြင္ ယခုလိုကံတရားမ်ိဳး ရွိေနမည္ဟု ယုံၾကည္မိမည္မဟုတ္ေပ။

သို႔ေသာ္ ဂ်ိဳကာဒဂၤါးကို လက္ဝယ္ပိုင္ဆိုင္ရခ်ိန္ ထိုပစၥည္းမွ ေသြးေဆာင္ေနသလိုလို က်ီစယ္ေနသလိုလို အေငြ႕အသက္တခ်ိဳ႕ ခံစားလိုက္ရသျဖင့္ သူ နားလည္သြားရသည္။ သူ႔လိုလူမ်ိဳးသာ ယခုလို ‘ကံေကာင္းျခင္း’မ်ိဳး ရရွိႏိုင္ေပလိမ့္မည္။

အေၾကာင္းကား သူက အလြန္ကံေကာင္းေန၍မဟုတ္၊ ဆန႔္က်င္ဘက္အေနျဖင့္ အလြန္ကံဆိုးေန၍သာ။ ကံေကာင္းျခင္းေဆးရည္ပင္ မကယ္ႏိုင္ေတာ့သည္အထိ ကံဆိုးလြန္းေန၍သာ။ ထို႔ေၾကာင့္လည္း ကိုယ့္ကိုယ္ကိုကာကြယ္ရန္ သာမန္လက္နက္ေလးတစ္ခု ပိုင္ဆိုင္ရမည့္အစား က်ိန္စာသင့္ပစၥည္းကဲ့သို႔ ျပႆနာမ်ားလြန္းေသာ လက္နက္ပစၥည္းကို ရရွိခဲ့ျခင္း ျဖစ္ေပမည္။

သာမန္လူတစ္ေယာက္သည္ ဂ်ိဳကာဒဂၤါးကို အသုံးမျပဳခင္ ကံေကာင္းျခင္းေဆးရည္ သုံးလိုက္လွ်င္ ဂ်ိဳကာမ်က္ႏွာက်ရန္ 70–80% အထိ ေသခ်ာလိမ့္မည္။ သို႔ေသာ္ သူကေတာ့… ဂ်ိဳကာမ်က္ႏွာဆိုတာ မည္သို႔မည္ပုံရွိမွန္း တစ္သက္လုံး မသိလိုက္ရတာပင္ ျဖစ္သြားႏိုင္၏။

ထို႔အျပင္ ဤေငြဒဂၤါးႏွင့္ပတ္သက္ၿပီး ပိုေၾကာက္စရာေကာင္းသည့္ အခ်က္ကား ဒဂၤါးေျမႇာက္လိုက္ခ်ိန္ နတ္ဆိုးမ်က္ႏွာက်သြားလွ်င္ ကံဆိုးမႈႏွင့္ ေတြ႕ႀကဳံရေပဦးမည္။ ေငြဒဂၤါးေျမႇာက္တိုင္း နတ္ဆိုးမ်က္ႏွာက်မည့္ ျဖစ္ႏိုင္ေျခက 50 : 50 ရွိသည္အထိ မ႐ိုးရွင္းေပ။ ေငြဒဂၤါးကို အႀကိမ္မ်ားမ်ားေျမႇာက္ေလ၊ နတ္ဆိုးမ်က္ႏွာက်ႏိုင္ေျခက ပိုမ်ားလာေလ ျဖစ္လိမ့္မည္။

သို႔ျဖစ္၍ ေငြဒဂၤါးကို အရမ္းကာေရာ အသုံးျပဳမိလွ်င္ ေၾကာက္စရာေကာင္းသည့္ အေျခအေနတစ္ရပ္သို႔ ဦးတည္သြားႏိုင္သည္။ ထို႔အျပင္ ဆယ္ႀကိမ္ဆက္တိုက္ နတ္ဆိုးမ်က္ႏွာက်လွ်င္လည္း Instance က ပ်က္စီးသြားဦးမည္။ ထိုကိစၥက မျဖစ္ႏိုင္ဟု ထင္ရပါေသာ္လည္း သူ႔လိုကံဆိုးလြန္းသည့္ လူတစ္ေယာက္အတြက္ေတာ့ အလြန္ျဖစ္ႏိုင္ေျခမ်ားသည္။

ထိုသို႔ေတြးမိသည့္အခိုက္ ခ်န္က်စ္ခ်ဴးမွာ မထိန္းႏိုင္ေအာင္ တုန္ယင္သြားရသည္။

ဒဂၤါးေျမႇာက္သည္ဟု ဆိုရာတြင္လည္း ပိုင္ရွင္ကိုယ္တိုင္ လုပ္ေဆာင္ျခင္းကိုသာမက မေတာ္တဆေခ်ာ္လဲ၍ ဒဂၤါးလိမ့္ထြက္သြားၿပီး သူ႔အလိုလို နတ္ဆိုးမ်က္ႏွာဘက္ ၁၀ ႀကိမ္ဆက္တိုက္ က်သြားတာမ်ိဳးပင္ ျဖစ္ႏိုင္သည္။

ထိုမွ်မက ဤေငြဒဂၤါးတြင္ ပိုင္ရွင္ကို အသုံးျပဳခ်င္လာေအာင္ ဆြဲေဆာင္ေနသည့္ ထူးထူးဆန္းဆန္း ညႇိဳ႕ဓာတ္တစ္မ်ိဳးလည္း ရွိေနေသး၏။ ကံေကာင္းမိုးေမွာင္က်ႏိုင္သည့္ အေျခအေနတစ္ရပ္ ရွိေနပါေသာ္ျငား ဒဂၤါးေျမႇာက္တာကို ရပ္တန႔္ႏိုင္မည္မဟုတ္ေပ။ ထိုအစား ဒဂၤါးအေပၚ အလုံးစုံပုံအပ္မိသည္အထိ ႐ူး႐ူးမိုက္မိုက္ အသုံးျပဳမိလိမ့္မည္။

သို႔ေသာ္ ေငြဒဂၤါးကို ခ်န္က်စ္ခ်ဴး ကိုင္လိုက္စဥ္က အႏွီညႇိဳ႕ဓာတ္သည္ ခ်န္က်စ္ခ်ဴးအေပၚ သက္ေရာက္မႈမရွိခဲ့ေပ။ ေငြဒဂၤါးကို သိမ္းဆည္းလိုက္သည့္တိုင္ သူ၏မ်က္ႏွာအမူအရာက တည္ၿငိမ္ေနဆဲ။

ထိုစဥ္က သူ၏မ်က္ႏွာ မည္မွ်မည္းေမွာင္ေနသလဲဆိုတာ သူသာ သိသည္။ ႏွလုံးသားတစ္ခုလုံး ေသဆုံးသြားသလို မည္သည့္ဆြဲေဆာင္မႈမွ် မခံစားႏိုင္ခဲ့ေပ။

ေငြဒဂၤါးကို သိမ္းဆည္းၿပီးေနာက္ ခ်န္က်စ္ခ်ဴးသည္ ပိုင္ရိႏွင့္အတူ အေအးခန္းဗီ႐ိုအနား ျပန္သြားသည္။ အေစာပိုင္းက ရွဲ႕ယြမ္ဟြိဳင္၏ နာမည္ကဒ္ေၾကာင့္ ျပႆနာမ်ားသြားသျဖင့္ ဗီ႐ိုကို မဖြင့္ရေသးသလို အတြင္းပိုင္းကိုလည္း မစူးစမ္းရေသးေပ။

က်ီယြင္ေရွာင္တို႔ တာဝန္ယူထားေသာ အေအးခန္းဗီ႐ိုအတြက္ေတာ့ ထိုဗီ႐ိုဟာ အနီေရာင္အမ်ိဳးသမီးအေလာင္း ေျပးဝင္သြားၿပီး ဝက္ဝံ႐ုပ္ေလး ေသာ့ရခဲ့သည့္ ဗီ႐ိုျဖစ္ေၾကာင္း အတည္ျပဳၿပီးျဖစ္သည္။

“ကိုယ္ဖြင့္လိုက္မယ္..”

ပိုင္ရိသည္ ခ်န္က်စ္ခ်ဴးကို အၿပဳံးေလးျဖင့္ အေနာက္ဆုတ္ရန္ ေျပာသည္။ ၿပီးေနာက္ ဗီ႐ိုတံခါးကို ျဖည္းညင္းစြာ ဆြဲဖြင့္လိုက္ေလသည္။

ခ်န္က်စ္ခ်ဴးမွာ တစ္ခုခုထပ္ျဖစ္ဦးမလားဟူသည့္ စိုးရိမ္စိတ္ျဖင့္ အသက္ပင္ ေျဖာင့္ေျဖာင့္မရႉႏိုင္ခဲ့ေခ်။ သို႔ေသာ္ ကံေကာင္းေထာက္မစြာျဖင့္ အေအးခန္းဗီ႐ိုတံခါးကို ပိုင္ရိ ဆြဲဖြင့္ေနစဥ္အတြင္း မည္သည့္ကိစၥမွ် မျဖစ္ခဲ့ေပ။

“ကြၽီ….”

ပိုင္ရိသည္ ဗီ႐ိုအကန႔္ထဲကို ငုံ႔ၾကည့္ရင္း တစ္ဝက္ခန႔္ဆြဲဖြင့္ၿပီးေနာက္ လႈပ္ရွားမႈရပ္သြား၏။ တံခါးလက္ကိုင္ကို ကိုင္ထားသည့္ သူ၏လက္က တင္းက်ပ္သြားၿပီး မ်က္ႏွာအမူအရာ မည္းေမွာင္လာသည္။

“ဘာျဖစ္လို႔လဲ..?”

ခ်န္က်စ္ခ်ဴးႏွင့္ က်န္လူမ်ားလည္း အနားတိုးကာ အေအးခန္းဗီ႐ိုအကန႔္ထဲ ငုံ႔ၾကည့္လိုက္သည္။ ထိုတဒဂၤ သူတို႔အားလုံး ၾကက္ေသ,ေသကုန္သည္။ မုန႔္ညီအစ္မက ခ်န္က်စ္ခ်ဴးကို လွည့္ၾကည့္လိုက္ေသာအခါ မ်က္ႏွာတစ္ျပင္လုံး ျဖဴေဖ်ာ့သြားတာကို ျမင္လိုက္ရသည္။

[ ေရွာင္ခ်ဴး..]

[ ေရွာင္ခ်ဴး..]

[ ေရွာင္ခ်ဴး.. ေရွာင္ခ်ဴး..]

[ ခ်န္က်စ္ခ်ဴး..]

အေအးခန္းဗီ႐ိုထဲတြင္ တျခားဘာမွမရွိဘဲ နီညိဳေရာင္စာလုံးမ်ားျဖင့္ ျပည့္ႏွက္ေန၏။ ေသြးစိုေနသည့္ လက္ေခ်ာင္းထိပ္ျဖင့္ ေရးဆြဲထားပုံေပၚၿပီး ဗီ႐ိုအတြင္းပိုင္းတစ္ခုလုံး ခ်န္က်စ္ခ်ဴး၏ နာမည္စာလုံးမ်ားျဖင့္သာ ျပည့္ႏွက္ေနေလသည္။

တခ်ိဳ႕စာလုံးမ်ားက ရွင္းလင္းေသသပ္ၿပီး တခ်ိဳ႕က ဖတ္မရေအာင္ ရႈပ္ေထြးေနသည္။ တခ်ိဳ႕စာလုံးမ်ားဆိုလွ်င္ အတန္ငယ္ တြန႔္ေကြးေနၿပီး ဤစာေရးသူက အေအးခန္းဗီ႐ိုထဲ စာေရးေနစဥ္ အေတာ္ေလး နာက်င္ခံစားေနရဟန္ေပၚသည္။ ေသေသခ်ာခ်ာ စစ္ေဆးၾကည့္လွ်င္ တခ်ိဳ႕စာလုံးမ်ားဟာ ဗီ႐ိုအသားထဲအထိ ထြင္းထုထားသလိုျဖစ္ေနၿပီး ေဘးတြင္ သိပ္မထင္ရွားသည့္ ကုတ္ျခစ္ရာမ်ားလည္း ရွိေနေသးသည္။

“ဘုရားေရ…”

မုန႔္ညီအစ္မႏွစ္ေယာက္လုံး ၾကက္သီးျဖန္းျဖန္းထ၍ အေတာ္ေၾကာက္လန႔္သြားရွာသည္။

“မၾကည့္နဲ႔..”

ပိုင္ရိက ခပ္တိုးတိုးေျပာၿပီး ဗီ႐ိုတံခါးကို ျပန္ပိတ္လိုက္သည္။ သူ၏မ်က္ဝန္းမ်ားက ေရခဲတမွ် ေအးစက္ေနေတာ့သည္။

သူက အနည္းငယ္ ေခ်ာက္ခ်ားေနဟန္ေပၚသည့္ ခ်န္က်စ္ခ်ဴးကို လွည့္ၾကည့္လိုက္သည္။ ထို႔ေနာက္ လက္ေျမႇာက္ကာ ထိုလူသားေလး၏ေခါင္းကို ခပ္ဖြဖြပြတ္သပ္ေပးရင္း ေလသံေပ်ာ့ေပ်ာ့ျဖင့္ ေခ်ာ့ေမာ့လိုက္သည္။

“ဘာမွမျဖစ္ဘူး.. မေၾကာက္နဲ႔ေနာ္..”

“……. အင္းပါ..”

ရွဲ႕ယြမ္ဟြိဳင္သည္ သူ႔ကို မည္မွ်စြဲလမ္းေနေလသနည္း။

ခ်န္က်စ္ခ်ဴး၏ ေခါင္းညိတ္ျပပုံက အတန္ငယ္ ေတာင့္ခဲေန၏။ သို႔ေသာ္ ထိုသို႔ျဖစ္ရျခင္းမွာ အေအးခန္းဗီ႐ိုထဲမွ နာမည္စာလုံးေၾကာင့္ခ်ည္းမဟုတ္၊ သူ၏ေခါင္းေပၚမွ ပိုင္ရိ၏လက္ေၾကာင့္လည္း ပါသည္။ ထိုအျပဳအမူက အေစာပိုင္း ပိုင္ရိေၾကာင့္ ရင္ခုန္ျမန္ခဲ့ရသည့္အခ်ိန္ကို ျပန္ေတြးမိေစၿပီး ေနာက္တစ္ႀကိမ္ စိတ္မလုံမလဲ ျဖစ္ရသည္။

ေလွ်ာက္မေတြးနဲ႔ေတာ့။ ဘာမဟုတ္တာေလးကို။ ပိုင္ရိနဲ႔ ရင္းရင္းႏွီးႏွီးမေနဖူးလို႔ ရွက္ေနတာျဖစ္မယ္။ တျခားလူနဲ႔ဆိုရင္လည္း ဒီလိုမ်ိဳး ျဖစ္မိမွာပဲ..!

ၿပီးေတာ့ သူတို႔ႏွစ္ေယာက္လုံးက အေျဖာင့္ေတြေလ။ လက္ေလးနမ္းတာ ဘာျဖစ္မွာမလို႔လဲ..? ႏႈတ္ခမ္းခ်င္း နမ္းမိရင္ေတာင္ သူတို႔က… ဖာ့ခ္.. မဟုတ္ေသးဘူးဟ..! ဒါကေတာ့ ကိစၥႀကီးျဖစ္သြားၿပီ..!

ခ်န္က်စ္ခ်ဴး၏စိတ္ထဲတြင္ ထိုအေတြးမ်ား ျဖတ္ေျပးသြား၏။ ေခါင္းကို ကပ်ာကယာ ခါယမ္းလိုက္ရင္း ေပါက္ကရအေတြးမ်ားကို ဦးေႏွာက္ထဲမွ ဖယ္ထုတ္ပစ္လိုက္သည္။

ဤေရခဲတိုက္ထဲတြင္ ေထြေထြထူးထူး လုပ္စရာမရွိေတာ့၍ ခ်န္က်စ္ခ်ဴးႏွင့္ က်န္လူမ်ားလည္း အေအးခန္းဗီ႐ိုအတြဲလိုက္ႀကီးကို ျဖတ္ေက်ာ္ကာ ေျမေအာက္လူသြားလမ္း၏ တစ္ဖက္တံခါးေပါက္သို႔ ဦးတည္လိုက္သည္။

ခ်န္က်စ္ခ်ဴးသည္ ထိုတံခါးအတြက္ ေသာ့ကို ပိုင္ဆိုင္ထားသူျဖစ္၍ ေသာ့ကိုင္ကာ ေရွ႕တက္သြားၿပီး တံခါးကို အသာတြန္းဖြင့္လိုက္သည္။

အျပင္ဘက္တြင္ ေမွာင္မည္းေနေလသည္။ ခ်န္က်စ္ခ်ဴးက ဓာတ္မီးဖြင့္ကာ သတိႀကီးႀကီးထား၍ အျပင္ဘက္သို႔ ေခါင္းေလးထုတ္ၿပီး စစ္ေဆးၾကည့္သည္။ ဤလမ္းအတိုင္းသြားလွ်င္ အတြင္းလူနာေဆာင္သို႔ ေရာက္လိမ့္မည္။

ဓာတ္မီးထိုးထားသည့္ ေနရာတစ္ဝိုက္တြင္ က်ဥ္းေျမာင္းသည့္ ေလွကားထစ္တခ်ိဳ႕ကို ျမင္ေနရသည္။ ခ်န္က်စ္ခ်ဴး၏ စိတ္ထဲတြင္ ဤအေဆာက္အအုံဖြဲ႕စည္းပုံက အျပင္လူနာေဆာင္ႏွင့္ တူလိမ့္မည္ဟု ခန႔္မွန္းလိုက္သည္။ ဤေလွကားအတိုင္း တက္သြားလွ်င္ အတြင္းလူနာေဆာင္၏ ေျမညီထပ္သို႔ ေရာက္ရွိေပမည္။

ခ်န္က်စ္ခ်ဴးသည္ ထိုအေတြးတို႔ျဖင့္ ဓာတ္မီးကိုကိုင္ရင္း ေရွ႕တစ္လွမ္းတိုးကာ ေခ်ာေမြ႕ေနသည့္ ေႂကြျပားေပၚသို႔ ေျခခ်လိုက္သည္။ ထိုအခိုက္ ‘ေဖာက္’ခနဲ ျမည္သံႏွင့္အတူ သူ၏ေခါင္းေပၚမွာရွိသည့္ မီးလုံးမ်ား ႐ုတ္ခ်ည္း မီးလင္းလာၿပီး ထိုဧရိယာတစ္ဝိုက္ကို လင္းထိန္သြားေစသည္။

“ဒီ.. ဒီေနရာက…..”

မုန႔္ခယ္၏အသံက အနည္းငယ္ တုန္ယင္ေနေလၿပီး ခ်န္က်စ္ခ်ဴး၏ ေက်ာဘက္မွ ထြက္ေပၚလာျခင္း ျဖစ္သည္။

ထိုအတြက္ ခ်န္က်စ္ခ်ဴး၏စိတ္ထဲ တစ္ခုခုမွားယြင္းေနသလို ခံစားလိုက္ရ၏။ အေစာပိုင္းက သူႏွင့္နီးနီးကပ္ကပ္ရွိေနသူသည္ ပိုင္ရိသာျဖစ္ၿပီး မုန႔္ခယ္ႏွင့္ အနည္းငယ္ အလွမ္းေဝးသည္။ သို႔ေသာ္ ယခုမူ အသံက အရမ္းကို နီးကပ္ေနၿပီး သူ၏ေနာက္နားမွ ထြက္ေပၚလာသေယာင္ ထင္မွတ္ရသည္။

သို႔ႏွင့္ မသိစိတ္၏လႈံ႕ေဆာ္မႈအရ ေနာက္လွည့္ၾကည့္လိုက္သည္။ သို႔ေသာ္ လုံးလုံးလ်ားလ်ား လွည့္မၾကည့္ရေသးခင္မွာပင္ မ်က္လုံးျပဴးသြားရသည္။

မုန႔္ခယ္သည္ ပတ္ဝန္းက်င္ကို ဆန္းစစ္ရင္း သူမ၏စိတ္ထဲ မသိုးမသန႔္ျဖစ္လာသည္။ ထို႔ေၾကာင့္ ခ်န္က်စ္ခ်ဴးက မ်က္လုံးအျပဴးသားျဖင့္ သူမကို လွည့္ၾကည့္ေသာအခါ သူမကလည္း သူမ၏ညီမျဖစ္သူကို လွည့္မၾကည့္ဘဲ မေနႏိုင္ေတာ့ေပ။ ထိုအခါ မုန႔္ရွင္း ေပ်ာက္ဆုံးေနေၾကာင္း ျမင္လိုက္ရသည္။ ပိုင္ရိႏွင့္ က်ီယြင္ေရွာင္ကိုလည္း မေတြ႕ရေတာ့ေခ်။

“ရွင္းရွင္းနဲ႔ တျခားလူေတြေရာ..?”

မုန႔္ခယ္၏မ်က္ႏွာက ျဖဴေဖ်ာ့သြားၿပီး တစ္ကိုယ္လုံး တသိမ့္သိမ့္ တုန္ယင္လာသည္။ “ၿပီးေတာ့… ဒီေနရာႀကီးက… ကြၽန္မတို႔ ခုနကျဖတ္လာတဲ့ေနရာနဲ႔ မတူသလိုပဲေနာ္..”

ခ်န္က်စ္ခ်ဴးလည္း ဤေနရာက သူတို႔ျမင္လိုက္ရသည့္ ေလွကားခြင္မဟုတ္ေၾကာင္း သတိျပဳမိလိုက္၏။ ထိုအစား အလြန္ရွည္လ်ားသည့္ စႀကႍလမ္း ျဖစ္ေနသည္။

စႀကႍလမ္းတြင္ အလင္းေဖ်ာ့ေဖ်ာ့သာရွိၿပီး ဝွီးခ်ဲ၊ ခုတင္မ်ား ျပန႔္က်ဲေနသည္။ လမ္းတစ္ဖက္တစ္ခ်က္တြင္ လူနာေဆာင္မ်ားရွိၿပီး တံခါးေတာ္ေတာ္မ်ားမ်ား ပြင့္ဟေနကာ ပိန္းပိန္းေမွာင္ေနသည့္ အတြင္းပိုင္းျမင္ကြင္းကို လွစ္ဟျပလ်က္ရွိသည္။ သူတို႔ႏွင့္ ခပ္လွမ္းလွမ္းေနရာတြင္ ဓာတ္ေလွကားေစာင့္ရသည့္ ေလာ္ဘီတစ္ခုရွိၿပီး ဓာတ္ေလွကား၏ တံခါးေဘာင္ေပၚတြင္ ‘F9’ ဟူသည့္ ဆိုင္းပုဒ္ကို ရွင္းရွင္းလင္းလင္း ခ်ိတ္ဆြဲထားသည္။

(TN : F9 = Floor 9..)

သူနဲ႔မုန႔္ခယ္က အတြင္းခန္းလူနာေဆာင္ရဲ႕ ထူးျခားဆန္းၾကယ္တဲ့ ကိုးထပ္ေျမာက္အလႊာကို မေမွ်ာ္လင့္ဘဲ ေရာက္လာခဲ့တာပဲ..!

ခ်န္က်စ္ခ်ဴး၏ ခႏၶာကိုယ္တြင္းရွိေသြးမ်ား ေအးခဲသြားသည္။ ထိုအခိုက္ သူ၏လက္စြပ္က တျဖည္းျဖည္းပူလာၿပီး သူ႔အိတ္ကပ္ထဲမွ ဝက္ဝံ႐ုပ္ေလးသည္လည္း ဓာတ္ေလွကားကိုၾကည့္၍ အစြယ္ထုတ္လာသည္။

“ကလင္.. ကလင္… တင္….”

ဓာတ္ေလွကား၏ အခ်က္ျပအမွတ္အသားက စတင္လႈပ္ရွားလာသည္။ နံပါတ္တခ်ိဳ႕ကို ျဖတ္ေက်ာ္ၿပီးေနာက္ ‘9’ တြင္ ရပ္တန႔္သြား၏။ ထို႔ေနာက္ ဓာတ္ေလွကားရပ္သြားၿပီး တံခါးပြင့္သြားခ်ိန္တြင္ ထိုအထဲမွ သူနာျပဳတခ်ိဳ႕ ထြက္ေပၚလာသည္။

သူနာျပဳမ်ားသည္ ေသေသသပ္သပ္ ဝတ္ဆင္ထားပါေသာ္လည္း အျဖဴေရာင္သူနာျပဳဝတ္စုံက ေသြးစြန္းေနသည္။ သူတို႔၏ မ်က္ႏွာက စက်င္ေက်ာက္ကဲ့သို႔ ေျပာင္ေခ်ာေနၿပီး လည္ပင္းတြင္ သံႀကိဳးရွည္မ်ား ခ်ိတ္ဆြဲထားသည္။ သံႀကိဳးမ်ားက ၾကမ္းျပင္ေပၚသို႔ တြဲလြဲက်ေနၿပီး သူတို႔အားလုံးကို တစ္ဖြဲ႕တြဲေပးထားသည့္အလား ခ်ိတ္ဆက္ေနသည္။

အေရွ႕ဆုံးမွသူနာျပဳသည္ ပုလင္းအမ်ိဳးမ်ိဳးႏွင့္ ရႈပ္ပြေနသည့္ ေဆးထိုးအပ္ႁပြန္မ်ား၊ ထူးဆန္းသည့္ နီညိဳေရာင္အရည္မ်ား ျဖည့္ထားေသာ ဖန္ဘူးမ်ား၊ စသည္တို႔ တင္ေဆာင္ထားေသာ လက္တြန္းလွည္းေလးကို တြန္းလာသည္။

“မင္းတို႔ ဒီေနရာမွာ ဘာလုပ္ေနတာလဲ..? ညဥ့္နက္ေနၿပီး ကိုယ့္အခန္း ကိုယ္မျပန္ၾကေသးဘူးလား..?”

မ်က္ႏွာအစိတ္အပိုင္းမပါသည့္ သူနာျပဳမ်ားသည္ က်ီယြင္ေရွာင္ႏွင့္ ခ်န္က်စ္ခ်ဴးအနားသို႔ အေျပးေရာက္လာၾက၏။ သူတို႔၏ ရင္ဘတ္က အတန္ငယ္ နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္သြားၿပီး ငယ္႐ြယ္သည့္ မိန္းကေလးအသံမ်ိဳး ထြက္ေပၚလာသည္။ သို႔ေသာ္ အသံအတက္အက်မရွိ၍ သူတို႔အားလုံး၏အသံက တစ္ေထရာတည္းပင္။ မသိလွ်င္ သူတို႔အားလုံးက တစ္သားတည္းျဖစ္ၿပီး ထပ္တူပြားထားသေယာင္ ထင္မွတ္ရသည္။

“႐ႊီး..!”

ဝက္ဝံ႐ုပ္ေလးက က်ယ္ေလာင္စြာ ဟိန္းေဟာက္ၿပီး ခ်န္က်စ္ခ်ဴး၏ အိတ္ကပ္ထဲမွ ႐ုတ္တရက္ ခုန္ထြက္သြားသည္။ သူက သူနာျပဳမ်ား၏ ဦးေခါင္းရွိရာသို႔ ခ်ိန္႐ြယ္လိုက္ေသာ္ျငား ထိုသူနာျပဳမ်ားက ပုံရိပ္ေယာင္သဖြယ္ ျဖစ္ေနၿပီး တိုက္႐ိုက္ ေဖာက္ထြက္သြား၏။ ထို႔ေၾကာင့္ ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်ကာ အႀကိမ္ေရအနည္းငယ္ခန႔္ တစ္ပတ္လည္သြားသည္။

“မင္းရဲ႕နာမည္ကို ရွာၾကည့္ဦးမယ္..”

သူနာျပဳေခါင္းေဆာင္သည္ ဝက္ဝံ႐ုပ္ေလးကို မျမင္ရသည့္ႏွယ္ ေခါင္းငုံ႔လိုက္ၿပီး တာဝန္က်စာရင္းကိုဖြင့္ကာ ျဖဴေရာ္ေနသည့္ လက္ေခ်ာင္းျဖင့္ စာ႐ြက္ေပၚကို ျဖည္းျဖည္းခ်င္း ပြတ္ဆြဲသြားသည္။

“မင္းရဲ႕နာမည္က………… ခ်န္က်စ္ခ်ဴး..”

“လက္စသတ္ေတာ့ က်စ္ခ်ဴး ျပန္လာၿပီပဲ.. ကြမ္းအိုက္ေဆး႐ုံကေန ျပန္လည္ႀကိဳဆိုပါတယ္ေနာ္..”

“မေတြ႕တာၾကာေတာ့ ရင့္က်က္လာတယ္.. ‘သူ’သာျမင္ရင္ က်ိန္းေသေပါက္ အရမ္းေပ်ာ္သြားမွာ..”

“Murmur… murmur… murmur…” (Meli လည္း အသံမထြက္တတ္ေတာ့လို႔။ )

သူနာျပဳမ်ား၏ခႏၶာကိုယ္က အေရွ႕သို႔ အတန္ငယ္ ကိုင္းၫြတ္လာသည္။ သူတို႔အားလုံး ခ်န္က်စ္ခ်ဴးကို ေသခ်ာေလး ၾကည့္ခ်င္ေနသည့္ႏွယ္၊ သူတို႔၏ရင္ဘတ္မွ နားမလည္ႏိုင္သည့္ စကားေျပာသံတခ်ိဳ႕ ထြက္ေပၚလာသည္ကို ၾကားေနရသည္။

“ျပန္ေရာက္ၿပီဆိုေတာ့ ေဆး႐ုံမွာ မင္း အပ္ခဲ့တဲ့ပစၥည္းေတြ ျပန္ယူေတာ့ေလ..”

သူနာျပဳေခါင္းေဆာင္က ညစ္ေပေနသည့္ ေဆးမွတ္တမ္းတစ္ခုကို ထုတ္ယူၿပီး ခ်န္က်စ္ခ်ဴး၏လက္ထဲ ညင္သာစြာ ထည့္ေပးသည္။

[ သဲလြန္စတစ္ခု ရွာေတြ႕ပါၿပီ။ Exp Points x 50 နဲ႔ Survival Points x 100 ရရွိပါသည္။]

ခ်န္က်စ္ခ်ဴးက ေတာင့္ခဲေနသည့္ အမူအရာျဖင့္ လက္ခံလိုက္ၿပီး သူနာျပဳမ်ားကို ျဖတ္ေက်ာ္ရန္ အခြင့္အေရးရွာေနစဥ္ သူနာျပဳေခါင္းေဆာင္က တာဝန္က်စာရင္းကို ဖြင့္ၿပီး စာရင္းထပ္စစ္ေနတာကို ျမင္လိုက္ရသည္။ သူမက စာရင္းမၾကည့္ခင္ မုန႔္ခယ္၏ အသြင္အျပင္ကို အတည္ျပဳလိုက္ေသးသည္။

တစ္ခဏၾကာၿပီးေနာက္ သူမက ႐ုတ္ခ်ည္း ေခါင္းေမာ့လာ၏။ ထို႔ေနာက္ လူသားတို႔၏ ခံစားခ်က္မပါေသာ ေအးတိေအးစက္ေလသံျဖင့္ ေမးသည္။

“မင္းက ဘယ္သူလဲ..?”

“မင္းနာမည္က စာရင္းထဲမွာမပါဘူး..”

“မင္းက ဒီေနရာနဲ႔ မသက္ဆိုင္ဘူး..”

မုန႔္ခယ္၏ မ်က္ႏွာအမူအရာက အတန္ငယ္ ပ်က္ယြင္းသြားၿပီး မထိန္းႏိုင္ေအာင္ ေျခတစ္လွမ္းေနာက္ဆုတ္လိုက္မိ၏။ ခ်န္က်စ္ခ်ဴးလည္း ႐ုတ္ခ်ည္းဆိုသလို အေျခအေနမဟန္ေၾကာင္း သတိျပဳမိသြားသည္။ သူမ၏လက္ကို ဆြဲေျပးရန္ ႀကိဳးစားလိုက္ေသာ္ျငား သူနာျပဳေခါင္းေဆာင္ေနာက္မွ သူနာျပဳမ်ားသည္ ႐ုတ္တရက္ ေျပးတက္လာၿပီး သူတို႔၏ သံႀကိဳးမ်ားျဖင့္ မုန႔္ခယ္ကို လဲက်ေစခဲ့သည္။ ထို႔ေနာက္ မုန႔္ခယ္၏ ေျခက်င္းဝတ္ကို ဆုပ္ကိုင္ၿပီး ၾကမ္းျပင္ေပၚတြင္ တ႐ြတ္တိုက္ ဆြဲသြားေတာ့သည္။

“မုန႔္ခယ္..!”

ခ်န္က်စ္ခ်ဴးလည္း သူနာျပဳေခါင္းေဆာင္ေၾကာင့္ ထိုေနရာတြင္ လဲက်သြားသည္။ မုန႔္ခယ္အား ေျခက်င္းဝတ္မွ ဆြဲကိုင္ကာ ဓာတ္ေလွကားထဲ ဆြဲေခၚသြားသည့္ျမင္ကြင္းကို ေငးၾကည့္ေနရသည္။

“အား… မလုပ္နဲ႔…!”

မုန႔္ခယ္က ေၾကာက္လန႔္တၾကားျဖင့္ အသံကုန္ေအာ္ဟစ္ရင္း သူနာျပဳမ်ား၏ လက္ထဲမွ ႐ုန္းထြက္ႏိုင္ရန္ ၾကမ္းျပင္ကို တတ္စြမ္းသမွ် ကုတ္တြယ္ထားေလ၏။

သူမ၏ခႏၶာကိုယ္က ျဖည္းျဖည္းခ်င္း တ႐ြတ္တိုက္ပါသြားၿပီး လက္သည္းထိပ္မ်ားလည္း ပြန္းပဲ့ကာ ၾကမ္းျပင္တစ္ေလွ်ာက္ ေသြးကြက္မ်ား က်န္ရစ္ခဲ့ေတာ့သည္။ သို႔တိုင္ သူနာျပဳမ်ားကို လုံးဝမရပ္တန႔္ႏိုင္ဘဲ ဓာတ္ေလွကားႏွင့္ တျဖည္းျဖည္းခ်င္း နီးကပ္လာသည္။

ဝက္ဝံ႐ုပ္ေလးသည္ သူနာျပဳမ်ားထံသို႔ ခုန္ဝင္သြားေသာ္ျငား သူမည္သို႔ႀကိဳးစားပါေစ ဝိဉာဥ္ကဲ့သို႔ေသာ သူနာျပဳမ်ားကို မထိႏိုင္ခဲ့ေပ။ ထပ္တလဲလဲ ၾကမ္းျပင္ေပၚသာ ျပဳတ္က်သြားသျဖင့္ သူနာျပဳမ်ားကို သည္အတိုင္း မာန္ဖီေနရေတာ့သည္။

……. မျဖစ္ဘူး.. မုန႔္ခယ္ကို ဒီအတိုင္း အေသခံလိုက္လို႔မျဖစ္ဘူး..!

အသက္လုေနရသည့္ အေျခအေနတြင္ ခ်န္က်စ္ခ်ဴးသည္ သူ အေစာပိုင္းကရရွိခဲ့သည့္ ေငြဒဂၤါးကို ႐ုတ္ခ်ည္း သတိရသြားသည္။ သူ႔ကိုယ္သူ မည္မွ်ကံဆိုးေၾကာင္း ေတြးမေနႏိုင္ေတာ့ဘဲ ေငြဒဂၤါးကိုထုတ္ကာ ကမန္းကတန္း ပစ္ေျမႇာက္ရင္း ေျပာလိုက္သည္။

“မုန႔္ခယ္ကိုဖမ္းထားတဲ့ သူနာျပဳေတြကို ရွင္းလိုက္..!”

“ခ်လြင္…. တင္..!”

ေငြဒဂၤါးသည္ ေလထဲသို႔ ေငြျဖဴေရာင္စက္ဝန္းျခမ္းအသြင္ ေျမာက္တက္သြား၏။ ခ်လြင္ခနဲ ျမည္သံႏွင့္အတူ ၾကမ္းျပင္ေပၚ ျပန္က်သြားၿပီး တစ္ခဏမွ်လည္ေနကာ ေနာက္ဆုံး ရပ္တန႔္သြားသည္။

ဂ်ိဳကာမ်က္ႏွာဘက္သို႔ က်ခဲ့ေလသည္။

[မင္းရဲ႕ဆႏၵအတိုင္းပါပဲ…]

ခ်န္က်စ္ခ်ဴး၏ စိတ္ထဲတြင္ တေစၦညည္းသံကဲ့သို႔ ၾကားလိုက္ရသည္။

ေနာက္တစ္စကၠန႔္မွာေတာ့ စႀကႍလမ္းတစ္ေလွ်ာက္ ထူးဆန္းေသာ တီးလုံးသံတစ္ခု ပ်ံ႕လြင့္လာၿပီး လူျပက္ရယ္သံကိုလည္း ၾကားေနရသည္။ ‘ေဖာက္’ခနဲ ျမည္သံႏွင့္အတူ မုန႔္ခယ္၏ ေျခက်င္းဝတ္ကို ကိုင္ထားေသာ သူနာျပဳ၏ ခႏၶာကိုယ္က ႐ုတ္တရက္ တြန႔္လိမ္လာၿပီး ေရာင္စုံေဘာလုံးအသြင္ ေျပာင္းလဲသြားသည္။

“ေဖာက္..!” “ေဖာက္..!”

ထိုအသံက ဆက္တိုက္ထြက္ေပၚလာ၏။ မုန႔္ခယ္ႏွင့္ အနီးဆုံးမွာရွိေနသည့္ သူနာျပဳေလးေယာက္သည္ ႐ုတ္တရက္ လဲက်သြားၿပီး ဖဲခ်ပ္မ်ား၊ ေရာင္စုံဖဲျပားမ်ားအျဖစ္ ေျပာင္းလဲကာ ၾကမ္းျပင္ေပၚသို႔ ျဖည္းျဖည္းခ်င္း ေဝ့ဝိုက္က်သြားသည္။ ထိုျမင္ကြင္းက လူျပက္တစ္ဦး၏ ‌ေဖ်ာ္ေျဖမႈအၿပီး ကန႔္လန႔္ကာခ်လိုက္သည္ႏွင့္ပင္ တူေသးသည္။

သူနာျပဳငါးေယာက္ ေပ်ာက္ကြယ္သြားသျဖင့္ တျခားသူနာျပဳမ်ား၏ လည္ပင္းမွ သံႀကိဳးမ်ားလည္း ျပဳတ္က်သြားသည္။

သူနာျပဳမ်ားသည္ ဗလာက်င္းသြားေသာ သူတို႔၏လည္ပင္းကို ေတြေဝစြာ ထိၾကည့္လိုက္သည္။ ထို႔ေနာက္ ခ်န္က်စ္ခ်ဴးႏွင့္ သူနာျပဳေခါင္းေဆာင္ထံ အၾကည့္ေရာက္လာသည္။ သူတို႔၏ရင္ဘတ္ထဲမွ ျမည္ဟည္းသံက တစ္စထက္တစ္စ ပိုမိုက်ယ္ေလာင္လာၿပီး ဝမ္းနည္းပူေဆြးမႈႏွင့္ နာက်ည္းခ်က္မ်ား ျပည့္ႏွက္ေနခဲ့သည္။ သူတို႔က စူးရွစြာ ျမည္တမ္းလိုက္ရင္း သူနာျပဳေခါင္းေဆာင္ထံသို႔ ေျပးဝင္သြားၾကသည္။

သူနာျပဳေခါင္းေဆာင္သည္ တစ္ခဏ ေၾကာင္အမ္းေနၿပီးမွ ခ်န္က်စ္ခ်ဴးကို တြန္းဖယ္ကာ ေနာက္ျပန္မၾကည့္တမ္း ထြက္ေျပးသြားေလ၏။ သူနာျပဳမ်ားက သက္ရွိလူသားႏွစ္ဦးကို အဖက္ပင္မလုပ္၊ သူနာျပဳေခါင္းေဆာင္ကိုသာ သည္းႀကီးမည္းႀကီး လိုက္ဖမ္းၾကသည္။ သိပ္မၾကာခင္မွာပင္ တိုးသထက္တိုးလာေသာ ေအာ္သံမ်ားႏွင့္အတူ သူတို႔အားလုံး ျမင္ကြင္းထဲမွ ေပ်ာက္ကြယ္သြားေတာ့သည္။

“ေဟာဟဲ… ေဟာဟဲ.. ဟူး…”

မုန႔္ခယ္မွာ ၾကမ္းျပင္ေပၚတြင္ ပက္လက္လွန္လ်က္ အသက္လုရႉေနရသည္။ မ်က္လုံးထဲတြင္ မ်က္ရည္မ်ားျဖင့္ ျပည့္ႏွက္ေနၿပီး အေစာပိုင္း ႀကဳံေတြ႕ခဲ့ရသည့္ ေၾကာက္႐ြံ႕ထိတ္လန႔္မႈမွ ႐ုန္းမထြက္ႏိုင္ေသးေပ။

“မင္း အဆင္ေျပရဲ႕လား..?”

ခ်န္က်စ္ခ်ဴးသည္ ေငြဒဂၤါးကို ျပန္ေကာက္လိုက္ၿပီး မုန႔္ခယ္အား တြဲထူေပးကာ စႀကႍလမ္းရွိ ထိုင္ခုံတစ္ခုေပၚသို႔ ေခၚသြားေပးသည္။ မုန႔္ခယ္၏ ပခုံးမ်ားက တသိမ့္သိမ့္ တုန္ယင္ေနေလသည္။ ထို႔ေနာက္ နီရဲေနေသာ မ်က္လုံးမ်ားျဖင့္ တုန္ယင္စြာ ေျပာလာခဲ့သည္။

“ေက်းဇူးတင္ပါတယ္.. ကြၽန္မရဲ႕အသက္ကို ကယ္ေပးလို႔ ေက်းဇူးတင္ပါတယ္.. ရွင့္ေၾကာင့္သာမဟုတ္ရင္ ကြၽန္မ ေသသြားေလာက္ၿပီ..”

“အဆင္ေျပသြားပါၿပီ.. မေၾကာက္နဲ႔ေတာ့.. ကြၽန္ေတာ္တို႔ ဒီေနရာကေန အသက္ရွင္လ်က္ ျပန္ထြက္ႏိုင္မွာပါ..”

ခ်န္က်စ္ခ်ဴးက သူမ၏ဦးေခါင္းကို ညင္သာစြာ ပုတ္ေပးရင္း ေႏြးေႏြးေထြးေထြး ႏွစ္သိမ့္ေပး၏။ ထိုသို႔လုပ္ေပးေနရင္း သူ႔ညီမေလးကို ျပန္သတိရသြားသည္။ သူတို႔က အသက္တူတူေလာက္ပင္။

အိတ္ကပ္ထဲ လက္ႏႈိက္ၾကည့္လိုက္ေသးသည္။ သို႔ေသာ္ လက္ကိုင္ပဝါကဲ့သို႔ သုတ္စရာပစၥည္းမေတြ႕၍ သည္အတိုင္း ဆက္ၿပီးႏွစ္သိမ့္ေပးလိုက္သည္။

“ဝူး..”

ဝက္ဝံ႐ုပ္ေလးက ခ်န္က်စ္ခ်ဴး၏ေျခေထာက္ေပၚ တြယ္တက္လာၿပီး မကူညီႏိုင္ခဲ့သည့္အတြက္ သူ႔ကိုယ္သူ အျပစ္တင္ေနဟန္ျဖင့္ ဝမ္းနည္းေနသည့္ အမူအရာမ်ိဳး ေဖာ္ျပလာသည္။

“မင္း အေကာင္းဆုံးကူညီခဲ့တာပဲ..!” ခ်န္က်စ္ခ်ဴးက ဝက္ဝံ႐ုပ္ေလးကို ေပြ႕ခ်ီရင္း ရယ္ရယ္ေမာေမာ ေျပာသည္။ “အျပင္ေရာက္ရင္ မင္းအတြက္ ေနာက္ထပ္ၾကက္ေၾကာ္ ၅ တုံး ထပ္ဝယ္ေပးမယ္.. ဗိုက္တင္းေအာင္သာစား..!”

“အူး~~”  ဝက္ဝံ႐ုပ္ေလးက ခ်က္ခ်င္း ေပ်ာ္ျမဴးသြားသည္။

မုန႔္ခယ္သည္ ထိုင္ခုံေပၚတြင္ ေခါင္းအသာငုံ႔၍ ထိုင္ေနေလ၏။ သူမ၏ရႈိက္သံက တျဖည္းျဖည္းခ်င္း တိုးလာၿပီး သူမကိုယ္သူမ တည္ၿငိမ္ေအာင္ ထိန္းခ်ဳပ္ႏိုင္သြားသည္။ ထို႔ေနာက္ အက်ႌစကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လိုက္ရင္း တစ္ခဏ အသံတိတ္သြားၿပီးေနာက္ ခ်န္က်စ္ခ်ဴးအား ႏူးညံ့စြာ ေျပာလာသည္။

“ေတာင္းပန္ပါတယ္..”

“အမ္..?” ခ်န္က်စ္ခ်ဴးမွာ ေၾကာင္အမ္းအမ္းျဖစ္ေနၿပီး.. “ဘာလို႔ ႐ုတ္တရက္ႀကီး ကြၽန္ေတာ့္ကို ေတာင္းပန္ေနတာလဲ..?”

“အမွန္အတိုင္းေျပာရရင္ အစတုန္းက ကြၽန္မ ရွင့္ကို သိပ္ၿပီးၾကည့္မရခဲ့ဘူး.. ရွင္.. ရွင္က ေရွာင္ေရွာင့္ကို ႐ုတ္တရက္ႀကီး ထဖက္တာကိုး.. ၿပီးေတာ့ ဟိုလိုလိုဒီလိုလိုေတြလည္း ေျပာေသးတယ္.. အထိန္းအကြပ္မဲ့လႈပ္ရွားမႈေၾကာင့္ အဲလိုျဖစ္မွန္းသိေပမယ့္ ကြၽန္မစိတ္ထဲမွာ နည္းနည္းေလး……”

မုန႔္ခယ္၏အသံက တျဖည္းျဖည္း တိုးဝင္သြားၿပီး အေတာ္ေလး ေနာင္တရေနဟန္ေပၚသည္။

ခ်န္က်စ္ခ်ဴးလည္း ထိုစကားမ်ားၾကားၿပီး ဘာျပန္ေျပာရမွန္းမသိ ျဖစ္သြားသည္။

တကယ္ေတာ့ ထိုကိစၥႏွင့္ပတ္သက္ၿပီး မုန႔္ခယ္ စိတ္ပူေနစရာမလိုေပ။ ခ်န္က်စ္ခ်ဴးသည္ မုန႔္ခယ္ သူ႔အေပၚ ထိုသို႔ေတြးေနမွန္း လုံးဝသတိမထားမိသလို သူကိုယ္တိုင္ကလည္း စိတ္ထားေကာင္းသူျဖစ္၍ သူမလို ကေလးမေလးကို ေနရခက္ေအာင္ လုပ္မည္မဟုတ္ေပ။

သို႔ေသာ္ မုန႔္ခယ္၏ ေတာင္းပန္စကားေၾကာင့္ ခ်န္က်စ္ခ်ဴး၏စိတ္ထဲ ေႏြးေထြးသြားရသည္။ ထိုစကားလုံးမ်ားေၾကာင့္ မုန႔္ခယ္ကို ႀကိဳးစားပမ္းစား ကယ္တင္ခဲ့ရတာ အလကားမျဖစ္ဟု ေတြးလိုက္မိသည္။

ေျပာရမည္ဆိုလွ်င္ သူ၏ကံၾကမၼာက လုံးဝဆိုး႐ြားေနတာမဟုတ္ဘဲ ေငြဒဂၤါးေျမႇာက္လိုက္ခ်ိန္ ဂ်ိဳကာမ်က္ႏွာဘက္ က်သြား၍သာ ကံေကာင္းသည္။ နတ္ဆိုးမ်က္ႏွာက်လွ်င္ သူတို႔ႏွစ္ဦးလုံး ေသေနေလာက္ေခ်ၿပီ။

ထိုအေတြးက တကယ့္ကို ေၾကာက္စရာေကာင္း၏။ ခ်န္က်စ္ခ်ဴးလည္း ေခါင္းယမ္းလိုက္ရင္း နိမိတ္မေကာင္းသည့္ အေတြးမ်ားကို ဖယ္ထုတ္ပစ္လိုက္သည္။ ထို႔ေနာက္ ကိုးထပ္ေျမာက္အလႊာမွ လြတ္ေျမာက္ႏိုင္ရန္ ဘယ္ကိုသြားသင့္သလဲ စတင္စဥ္းစားၾကည့္လိုက္သည္။

အေစာပိုင္းက သူနာျပဳေခါင္းေဆာင္သည္ သဲလြန္စအေနျဖင့္ ေဆးမွတ္တမ္းတစ္ခု ေပးသြားခဲ့သည္။

ခ်န္က်စ္ခ်ဴးလည္း ထိုအေတြးျဖင့္ ယခုေလးတင္ရရွိခဲ့သည့္ ေဆးမွတ္တမ္းကို ဖြင့္ၾကည့္လိုက္သည္။

သူ၏မ်က္စိေရွ႕တြင္ ပထမဦးဆုံးေပၚလာသည့္ စာလုံးသုံးလုံးကား… “ရွဲ႕ယြမ္ဟြိဳင္..” ဟူ၏။

***

ပိုင္ရိ၏ ဒိုင္ယာရီမွတ္တမ္း (Part 27)

က်စ္ခ်ဴး ဘယ္ေရာက္သြားလဲ..?

‘ဟိုအေကာင္’ က်စ္ခ်ဴးကို ဘယ္နားဖြက္ထားတာလဲ..?

ဒင္းတို႔အားလုံး ဘာလို႔ က်စ္ခ်ဴးကို ငါ့ဆီကေန ဆြဲထုတ္ခ်င္ေနၾကတာလဲ..?

ဒီအတိုင္း မေသသြားႏိုင္ၾကဘူးလား..?

…………………………………………..

TN : ဒီႏိုဗယ္က စာလုံးေရမ်ားတယ္ဆိုတာ သတိထားမိၾကမွာပါ။ တကယ္လည္း Meli အရင္ဘာသာျပန္ခဲ့တဲ့ Seven men ထက္ ႏွစ္ဆေလာက္ ပိုမ်ားပါတယ္။ အဲတာေၾကာင့္ ပုံမွန္အတိုင္းဆို ၂ ရက္တစ္ပိုင္း တင္ေပးေပမယ့္ ဒီႏိုဗယ္ေလးကိုေတာ့ စာလုံးေရအရ ၂ ရက္၊ (သို႔) ၃ ရက္ တစ္ပိုင္း ပုံမွန္တင္ေပးမယ္ေနာ္။ Love You All 💜

…………………………………………..

Continue Reading

You'll Also Like

290K 55.7K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.
55.3K 5.5K 73
လူတွေကကြောက်ဖို့ကောင်းတဲ့ပုံပြင်တွေပြောတဲ့အခါ သရဲပုံပြင်တွေကိုပြောကြတယ်။ ဒါပေမယ့်သရဲတွေပုံပြောကြတဲ့အခါမှာတော့ ပိုပြီးကြောက်စရာကောင်းတဲ့ လူသားတွေရဲ့အက...
21.9K 1.6K 60
English Title: Kiss me,Liar "ငါက ယောကျာ်းတွေနဲ့မအိပ်ဘူး ဒါပေမဲ့ ယွန်ဝူးကိုတော့ ထည့်မတွက်နဲ့ Keith Knight Pittman.ငါ့ဘဝကိုအမျိုးမျိုးဖြစ်စေခဲ့တဲ့လူ ဒ...