အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

FlowerRainButterfly

1.5M 191K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ Еще

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

အပိုင်း (၁၀၅)

7.9K 955 9
FlowerRainButterfly

အပိုင်း (၁၀၅) ဇနီးလေးအား စနောက်ခြင်း

"ဟို.. အဲတာကလေ အမေက မေးခိုင်းလိုက်လို့ပါ ကျွန်တော်တို့ စပျစ်သီးနည်းနည်းလောက် ယူလို့ရမလားဟင်"

ပိုင်လီမှာ ဒါကိုကြားခိုက်တွင် ခဏတိတ်ဆိတ်မိသွားခဲ့သည်။

သူက အသီးတွေကို နှမျောခြင်းမရှိပါဘူး။ ဒီနေ့မှာဆိုရင်လည်း အသီးခူးတဲ့လူတွေအကုန်လုံးကို အသီးတွေကို မြည်းစမ်းခွင့်ပေးထားပြီး အဲတာက ဝမ်အိမ်ကလူနှစ်ယောက်လည်း အပါဝင်ပါပဲ။ သူက ကန့်သတ်ထားခြင်းတောင် မရှိခဲ့ဘူး။

ဒါပေမယ့် သီးသန့်ပေးဖို့ကတော့ ....။

ပိုင်လီက ဝမ်လေကိုတစ်ချက်ကြည့်လိုက်ပြီး ရှောင်ဟန်ကို လှည့်ကြည့်လိုက်ရာ ထိုကောင်လေးကလည်း သူ့ကိုကြည့်နေကြောင်း တွေ့လိုက်ရသည်။

ဒါပေမယ့် သူလေးက ပိုင်လီဘာလုပ်မလဲဆိုတာကို စပ်စုသလိုလေးကြည့်နေခဲ့တာပါ။ ဒါပေမယ့် ပိုင်လီကြည့်လာချိန်မှာတော့ သူဘာကိုမှစိတ်မဝင်စားသည့်အတိုင်း ခေါင်လေးငုံ့သွားခဲ့လေသည်။

ပိုင်လီက ပြောခဲ့သလိုပဲ အသီးတွေကို နှမျောခြင်းမရှိပေမယ့် ဒီအခေါက်ထဲနဲ့ ပြီးမသွားမှာကို နည်းနည်းစိုးရိမ်နေပါတယ်။ ဝမ်မိသားစုက ခြံကအလုပ်သမားတွေဖြစ်ပြီး ခြံကဆက်လည်ပတ်နေမှာဖြစ်တဲ့အတွက် ပထမဆုံးအသုတ်မှာ အနည်းငယ်ပေးလိုက်ခြင်းက နောက်ထပ်နောက်ထပ်တွေလည်း ပေးရမယ်ဆိုတဲ့ မမြင်ရတဲ့စည်းမျဥ်းကို ချထားသလိုဖြစ်သွားပါလိမ့်မယ်။

ပိုင်လီက ဒါကိုနည်းနည်းစိုးရိမ်နေတာပါ။ သူကတစ်ခါတလေ ပေးလို့ရပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့မဟုတ်ဘူးလေ။

သူက ကျန်းအိမ်က ကျန်းချင်ကိုဆို အမြဲတမ်းပေးနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျန်းမိသားစုဟာ သူတို့နဲ့ မိတ်ဆွေအရင်းတွေဖြစ်ပြီး ပိုင်အဖေနဲ့အကြီးကဲကျန်းက ငယ်ပေါင်းတွေဖြစ်ကျသလို ပိုင်အမေနဲ့တုရှီကလည်း ညီမကောင်းတွေဖြစ်နေလို့ပဲ။ ဒါ့အပြင် ကျန်းချင်နဲ့ပိုင်မိန်က ဇနီးမောင်နှံတွေဖြစ်လာမှာဖြစ်ပြီး သူတို့နှစ်အိမ်က အချိန်တစ်ခုကြာရင် ဆွေမျိုးတွေတော်စပ်လာကျတော့မှာပါ။ အရေးကြီးဆုံးအချက်ကတော့ ကျန်းအိမ်က သူတို့လိုအပ်နေချိန်တွေမှာ အမြဲတမ်း အကူညီပေးဖို့ မတွန့်ဆုတ်နေတတ်ကျလို့ပါပဲ။ ပိုင်လီက ဒီလိုပတ်သတ်မှုမျိုးအတွက် သူ့ရဲ့ပိုင်ဆိုင်မှုတွေတောင် မျှဝေပေးနိုင်ပေမယ့် ဝမ်မိသားစုကရော? ။

သူတို့က ဝမ်မိသားစုနဲ့ တစ်ရွာတည်းမလို့ တစ်အိမ်ရဲ့တည်ရှိမှုကို တစ်အိမ်က သိကျတယ်ဆိုရင်တောင် မရင်းနှီးကျဘဲ ဘာအပေးအယူမှတောင် ရှိဘူးတာ မဟုတ်ပါဘူး။ ပိုင်လီက နေရာတကာမှာ သဘောမကောင်းနိုင်ဘူးလေ။ သူက ဝမ်ရူရဲ့သေဆုံးခြင်းကို အားနာစိတ်ဝင်မိတဲ့အတွက် သူ့(ဝမ်ရူ)မိသားစုက အခက်ခဲဖြစ်နေတယ်ဆိုလို့ အလုပ်ပေးထားခဲ့ပေမယ့် အလှူတော့မလုပ်နိုင်ပါဘူး။ သူဝမ်မိသားစုကို ပေးထားတဲ့ လုပ်အားခက ရွာထဲက ဘယ်အလုပ်မဆိုထက်များနေပြီးသားဖြစ်တဲ့အပြင် ဝမ်မိသားစုမှာက ရည်ရွယ်ချက်တွေကရှိနေသေးတယ်။

အကယ်၍ ပိုင်လီက သူတို့သဘောအတိုင်း အားနာပြီးခွင့်ပြုလိုက်ရင် သူတို့က တစ်ဆင့်တတ်ပြီး တွေးမိကျလိမ့်မယ်။ သူ(ပိုင်လီ)က သူတို့ကို မျက်နှာသာပေးတယ်လို့ပေါ့။ ဒါကြောင့် ရှေ့လျောက်ပိုအတင့်ရဲလာပြီး အဲတာက ရှောင်ဟန်ကို စိတ်အနှောက်ယှက်ဖြစ်စရာ အတွေးတွေဝင်လာစေပါလိမ့်မယ်။

ပိုင်လီက အကျိုးဆက်တွေကို တွေးအပြီးမှာ လုံးဝမဖြစ်ဘူးဆိုတဲ့ အဖြေကိုသာ တွေ့ရှိခဲ့သဖြင့် သူက...

"အိုး...ငါတို့ ဒီတစ်ခေါက်စပျစ်သီးတွေကို လုပ်စရာရှိလို့ ရောင်းမှာမဟုတ်ဘူး အကယ်၍ မင်းတို့လိုချင်ရင် နောက်တစ်သုတ် အသီးတွေကျမှသာ ဝယ်လိုက်ပါ ခြံကအလုပ်သမားတွေအတွက် ငါစျေးနည်းနည်းလျော့ပေးမယ်"

အဲဒီနောက် ပိုင်လီသည် ဝမ်လေပြောတာကို မစောင့်တော့ဘဲ ရှောင်ဟန်လက်အားဆွဲပြီးနောက် ထွက်သွားခဲ့လေသည်။

သူတို့က ဝယ်ဖို့ပြောနေတာမဟုတ်ကြောင်း ပြန်ပြောဖို့ပြင်နေသည့် ဝမ်လေမှာတော့ ပိုင်လီက ရှောင်ဟန်အားဆွဲခေါ်သွားရင်း ပြောခဲ့သည့် စကားကို ကြားခဲ့ရသေးကာ..

"အိမ်ပြန်ကျစို့ ကိုယ်နည်းနည်းဗိုက်ဆာနေပြီ" ဟူ၍ပင်။

ဝမ်လေမှာ ပိုင်လီက တမင်သူ့ကို ငြင်းသွားသည်လား ဒါမှမဟုတ် တကယ်ပဲ သူက ဝယ်ဖို့အကြောင်း ပြောနေသည်ဟု ထင်သွားသည်လားကို ဝေခွဲမရဖြစ်စွာနှင့် ထွက်ခွာသွားသော လူနှစ်ယောက်ကို ငေးကြည့်နေမိခဲ့သည်။ ထိုလူနှစ်ယောက် သိပ်ဝေးဝေးမရောက်ခင်မှာ ကောသေးသေးလေးနှစ်ယောက်က သူတို့နဲ့ပူးပေါင်းခဲ့ကျပြီး သူတို့က အရမ်းကိုသဟဇာတဖြစ်ပြီး ပျော်ရွှင်နွေးထွေးမှုအပြည့်ရှိတဲ့မိသားစုလေးလိုမျိုးပါပဲ။

နေဝင်ဆည်းရဲ့ရောင်နီအောက်မှာ လူနှစ်ယောက်က​ ဘေးခြင်းယှဥ်လျက် အလျှင်မလိုစွာ လမ်းလျောက်နေကျပြီး သူတို့အနားမှာတော့ ပြေးလွှားနေတဲ့ကလေးလေးတွေရှိနေတယ်။

ဝမ်လေက တဖြေးဖြေးဝေးသွားတဲ့ ကျောပြင်နှစ်ခုကိုကြည့်နေပြီး သူတို့က သူနဲ့အရမ်း အလှမ်းဝေးနေသလိုခံစားခဲ့ရ၍ သူ့အမေပြောသလို သူက ဒီမိသားစုထဲကို ဝင်နိုင်ပါ့မလားဆိုတာကို စိုးရိမ်လာခဲ့တော့သည်။

ဝမ်အမေက သူ့ကို အချိန်တစ်ခုထိ စောင့်ဖို့ပြောခဲဲ့ပြီး ပိုင်လီက သူ့ကိုသာ စိတ်မဝင်စားရင် ခြံမှာအလုပ်လာလုပ်တာကို ခွင့်ပြုမှာမဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။

အခုချိန်မှာ ပိုင်လီက ပြေလည်လာစမလို့ ဟန်ဆောင်နေတာ ဖြစ်နိုင်ပါတယ်တဲ့။ အချိန်နည်းနည်းကြာသွားတာနဲ့ ပိုင်လီရဲ့အကျင့်ဟောင်းက ပြန်ပေါ်လာပြီး ပွေရှုပ်တတ်တဲ့စရိုက်ကြောင့် ဇနီးတွေအများကြီး ထပ်ယူနိုင်ပြီး အဲဒီအချိန်ထိ သူ့ကိုပိုင်လီရဲ့အနီးနားတစ်နေရာမှာ စောင့်နေဖို့ပြောခဲ့ပေမယ့် ဝမ်လေက အဝေးကလူနှစ်ယောက်ကို ကြည့်နေရင်း ဒါက တကယ်ပဲ ဝမ်အမေပြောသလို ဖြစ်လာနိုင်ပါ့မလားလို့ မေးခွန်းထုတ်နေမိလေသည်။

အိမ်ပြန်သွားသည့် မိသားစုလေးမှာမူ ဝမ်လေဘာတွေတွေးပြီး ကျန်နေခဲ့မှန်းကို စိတ်မဝင်စားခဲ့ကျတော့ပေ။

သူတို့က အလာတုန်းကအတိုင်း ညခြေလျင်ပြန်လာခဲ့ကျပြီး ပိုင်မိသားနဲ့ ချောင်မိသားစုကတော့ လှည်းတွေနှင့်ပြန်ကျဖြစ်၍ သူတို့က အနည်းငယ်စောကာထွက်လာခဲ့ခြင်းပင်။

အသေးလေးတွေက အလာတုန်းကအတိုင်းပဲပြေးလွှားဆော့နေကျပြီး သူတို့က မနက်ခင်းကလို ပြေးခွင့်အပိတ်ခံရမည်ဆို၍ အရမ်းမြန်မြန်တော့မပြေးရဲကျပေ။

ပိုင်လီက ကလေးတွေလဲကျရင်ချက်ခြင်းပြေးသွားနိုင်အောင်ကြည့်ပေးနေပြီး ရှောင်ဟန်ကတော့ အနည်းငယ် စိတ်တိုချင်နေခဲ့ပါတယ်။

သူက သူ့ရဲ့လက်ကို ဝတ်ရုံအောက်မှာ ဆုပ်ထားခဲ့ပြီး သူ့ဘေးကလူကိုကြည့်လိုက်ပေမယ့် ထိုလူကဘာမှမဖြစ်သလိုတည်ငြိမ်နေတာတွေ့တဲ့အခါ သူကပိုပြီးစိတ်ဆိုးချင်လာခဲ့တယ်။

အရင်ကလိုဆိုရင်တော့ သူက ဒီလိုမလုပ်ရဲမှာ သေချာပေမယ့် လက်ရှိမှာတော့ သူကနည်းနည်းအတင့်ရဲလာပြီး ဒီလူကို ပြောချင်နေခဲ့ပါတယ်။ မပြောရင် မသိလောက်ဘူးလို့လည်း ထင်နေခဲ့တာကြောင့် ရှောင်ဟန်က သူ့ကိုယ်သူရဲဆေးတင်ပြီး ပြောလိုက်တော့တယ်။

"ခင်..ခင်ဗျား အဲလိုလုပ် တာ မကောင်းဘူး!"

ပိုင်လီသည် ထိုစကားကိုကြားတော့ ဘေးကကောင်လေးကို ငဲ့ကြည့်လိုက်ပြီး ထိုကောင်လေး၏ နီရဲနေသည့် နားရွက်လေးတွေအရ ဘာကိုရည်ရွယ်ပြီးပြောနေမှန်း သိသော်လည်း သူက စချင်သဖြင့် မသိဟန်ဆောင်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောခဲ့လိုက်သည်။

"အမ်...ဘာကိုပြောတာလဲ သြော့..ဝမ်လေကို စပျစ်မပေးတဲ့ အကြောင်းကိုလား ကိုယ်ကနှမျောတာမဟုတ်ပါဘူးကွာ နောင်ဖြစ်လာနိုင်တဲ့ အရာတချို့ကို ကာကွယ်လိုက်ရုံပါ အဲတာကြောင့် တွေးမနေနဲ့တော့နော်"

ပိုင်လီ၏ စကားနှင့် ဘာမှမသိသလို အပြုမူကြောင့် ရှောင်ဟန်၏မျက်နှာက ပိုမိုဆူပုတ်လာခဲ့လေသည်။ သူက စိတ်ဆိုးလွန်းလို့ နှာခေါင်းထိပ်လေးတောင် နီနေပြီး သူဘေးက လူကိုမကျေမနပ်ကြည့်မိသွားကာဖြင့်...

"ကျွန်တော် ပြောနေတာ အဲတာမဟုတ်ဘူးလေ!"

အဲဒီနောက်သူသည် ပြောရခက် စွာရပ်တန့်သွားသော်လည်း စိတ်ကိုတင်းပြီး ပြောခဲ့ပေသည်။

"အဲတာ.. ခင်ဗျား လူတွေရှေ့မှာ အဲလိုလုပ်တာ မကောင်းဘူး နောက် နောက်မလုပ်ပါနဲ့"

ပိုင်လီသည် စကားများကို ကြိုးစားပြောနေသည့်ကောင်လေးကိုကြည့်ကာ ရယ်မောချင်နေသော်လည်း သူက အရိုးခံမျက်နှာလေးဖြင့်...

"ဟင်..ကိုယ်ဘာလုပ်မိလို့လဲ ကိုယ့်အထင် ကိုယ်မသင့်တော်တာ ဘာမှမလုပ်မိဘူးလားလို့ "

ရှောင်ဟန်သည် သူ့ရှေ့ကလူကို အနည်းငယ် စိတ်ကုန်စွာ ကြည့်လိုက်မိပေသည်။ ဒီလူက သူ့ကို ထုတ်မပြော ပြောအောင် တွန်းအားပေးနေတာလားပဲ။

သို့သော် ပိုင်လီ၏ အရိုးခံ မျက်နှာပေးအမူယာအားကြည့်၍ ရှောင်ဟန်က ဒီလူမှာ တကယ်မသိတာများလားဟူသည့် အတွေးအားလည်းတွေးမိခဲ့သေး၏။ ဒါက ဖြစ်တော့မဖြစ်နိုင်ပေမယ့် သူကမသိဘူးဆိုမှတော့ နောက်ခါတွေလည်း မသိလို့ဖြစ်သွားတယ် မရှိရအောင် ပြောပြရမည်ဟု ရှောင်ဟန်က စိတ်ဆုံးဖြတ်ခဲ့လိုက်သည်။ ဒါကြောင့်သူက သတ္တိကို အဆုံးထိတင်လိုက်ပြီး...

"အဲတာက လက်ကိုင်တာလေ လူရှေ့မှာ ထိတွေ့တာက လုံးဝမကောင်းဘူး မသင့်တော်ဘူး!"

ပိုင်လီက မျက်လုံးစုံမှိတ်ကာ အော်နေသည့် ကောင်လေးအားကြည့်ကာ အတော်လေး ချစ်စရာလေးပဲဟုတွေးနေမိခဲ့၏။ သူက ထပ်မံ၍ တမင်ဟန်လုပ်လိုက်ပြီး အခုမှသိပုံနှင့် အသံရှည်ဆွဲကာဖြင့်....

"သြော်........
ကိုယ်ကဘာများလဲလို့ ဒါကလက်ကိုင်လေးပဲကိုကွာ ကိုယ်က ကိုယ့်ဇနီးကိုဆွဲခေါ်တာ ဘာဖြစ်လို့လဲ ဘယ်သူဘာပြောရဲလို့လဲ"

ရှောင်ဟန်သည် သူ့ရှေ့ရှိ ဘာမှမသိလိုလုပ်နေသည့်လူအား ရှက်ရွံ့စွာဖြင့် မယုံကြည်နိုင်စွာ ကြည့်လိုက်မိလေသည်။ သူက မပြောဘဲလည်း မနေနိုင်တော့သဖြင့်.....

"ဘာလို့ မပြောရမှာလဲ သူတို့က ကွယ်ရာမှာ ပြောနေမှာလေ အရွယ်ရောက်လာရင် လိင်ကွဲတွေက နီးနီးကပ်ကပ် မနေသင့်တော့ဘူး အဲတာက လက်ထပ်ထားရင်တောင် လူမြင်ကွင်းမှာ ထိတွေ့တာက မသင့်တော်တဲ့ အပြုမူပဲလေ"

ပိုင်လီသည် ရှက်ရွံ့စွာဖြင့် ကြိုးစားရှင်းပြနေသည့်ကောင်လေးအား တမင်နားမလည်သည့်ဟန်ဖြင့် ကြည့်လိုက်လေသည်။ ပြီးနောက် သူက...

"အာ...လက်ထပ်ထားလည်း လူမြင်ကွင်းမှာထိတွေ့တာက မသင့်တော်ဘူးကိုး "

ရှောင်ဟန်က ဒါကိုထောက်ခံသည့်အနေဖြင့် ခေါင်းလေးငြိမ့်ပြလိုက်ပြီး ဒါကြောင့် နောင်တွင် ဆင်ခြင်ရန် ပြောတော့မည့်အခိုက်တန့်တွင် ပိုင်လီထပ်ပြောလာသည့် စကားကသူ့အား ကြက်သေ​သေသွားစေခဲ့လေသည်။

ပိုင်လီပြောလာသည်မှာ...

"ဒါဆို ကိုယ်တို့တွေ လူကွယ်ရာမှာတော့ ထိတွေ့သင့်တယ်ပေါ့လေ "

ရှောင်ဟန်သည် အရည်ပါးလွန်းသော ကောင်လေးဖြစ်၍ ဤကဲ့သို့ စနောက်မှုမျိုးကိုခံနိုင်ရည်မရှိပေ။ သူရဲ့မျက်နှာလေးက ချက်ခြင်းနီရဲလာပြီး ထွက်ပြေးသွားသဖြင့် ပိုင်လီကနောက်မှ အမြန်လိုက်သွားရပြီး....

"အဲ...အဲ မပြေးနဲ့လေ မှောက်လဲလိမ့်မယ်နော်"

အသေးလေးများသည် ဘာမှမသိလိုက်ပေ။ သူတို့ကသူတို့ရဲ့ အဖေနဲ့ဖေဖေက ပြေးနေကျတဲ့အခါ ကစားတာလို့ထင်သွားပြီး ပြေးလိုက်သွားကျသဖြင့် ဤနည်းဖြင့် မိသားစုသည် အိမ်သို့မြန်မြန်သွားရောက်သွားခဲ့လေသည်။

အိမ်ပြန်ရောက်တဲ့အခါမှာတော့ ရှောင်ဟန်က ပိုင်လီနဲ့ဝေးရာမှာပုန်းနေပြီး ဒါကို ပိုင်အမေနဲ့ဟုန်ရင်းတို့ကတောင် သတိထားမိသွားခဲ့ပါတယ်။

ညနေစောင်းတာတောင်မှ ချောင်မိသားစု ရှိနေရတဲ့ အကြောင်းပြောရရင် ပိုင်လီကလည်း အစတုန်းက ချောင်မိသားစုက မြို့လေးကို ပြန်တည်းမယ်လို့ ထင်ထားခဲ့တာဖြစ်သည်။  ဘာပဲပြောပြော ချောင်ရန်နဲ့ သူ့မိသားစုက ဆိပ်ကမ်းမြို့မှာ အနေထားတစ်ခုထိရှိတဲ့ မိသားစုတစ်ခုပဲလေ။ သူတို့က ဒီလိုကျေးလတ်က အိမ်လေးတွေမှာ အိပ်နိုင်မှာမဟုတ်လောက်ဘူးလို့ တွေးခဲ့သော်လည်း သူအတွေးမှားသွားခဲ့၏။

ချောင်မိသားစုက နှစ်နာရီလောက်ကြာမှာဖြစ်တဲ့ မြို့လေးကို ပြန်သွားဖို့ပျင်းနေခဲ့ကျပြီး သူတို့က ပိုင်အိမ်မှာ တည်းဖို့ဆန္ဒရှိခဲ့ကျပြီး ပိုင်မိသားစုက ဒါကိုမငြင်းခဲ့ကျပေမယ့် သူတို့မှာ အခန်းလွတ်က တစ်ခန်းထဲရှိတဲ့အတွက် အားနာနေခဲ့ကျသည်။

အဲဒီအခန်းလွတ်ကလည်း ပိုင်အိမ်မှာ အရင်က ပိုင်လီနေခဲ့သည့် အခန်းဖြစ်ပြီး ဒီအတွက် ချောင်မိသားစုကတော့ သိပ်ဂရုမစိုက်ပါဘူး။

ထိုအခန်းအလွတ်၌ ချောင်ရန်နှင့်ဟုန်ရင်းက သူတို့နေလို့ရကြောင်းနှင့် ချောင်လုပိုင်နှင့် ချောင်ချင်းချင်းမှာမူ လူလွတ်များဖြစ်သည့် ပိုင်ဝူနှင့် ပိုင်မိန်တို့၏အခန်းများတွင် ဝင်အိပ်လို့ရကြောင်း ပြောခဲ့ကျသည်။ ကလေးတွေကလည်း ဒါကိုမငြင်းခဲ့ကျပါဘူး။ ဘာကြောင့်လည်းဆိုတော့ ချောင်ချင်းချင်းလေးက ပိုင်မိန်နှင့် ရင်းနှီးနေပြီဖြစ်ကာ ချောင်လုပိုင်ကလည်း ပိုင်ဝူက စာလေ့လာနေသူဟုကြားသောအခါ မငြင်းခဲ့တာဖြစ်သည်။ သူတို့မှာ
ပါလာတဲ့ အစေခံတွေကလည်း ချောင်လုပိုင်နဲ့ ချောင်ချင်းချင်းရဲ့ အနီးကပ်အစေခံလေးတစ်ယောက်စီပဲဖြစ်လို့ အစေခံနှစ်ယောက်ကို ချောင်လုပိုင်နဲ့ ချောင်ချင်းချင်းရှိတဲ့အခန်းရဲ့ ကြမ်းပြင်မှာအိပ်ခိုင်းလို့ရပါတယ်။

ပိုင်မိသားစုက ဒါကို သိပ်မကောင်းဘူးလို့ ထင်နေပေမယ့် အစေခံလေးတွေကတော့ သူတို့အဆင်ပြေကြောင်း အထပ်ထပ်ပြောနေတာကြောင့် နောက်ဆုံးမှာ ဒီလိုမျိုးနဲ့ပဲ သဘောတူညီမှုရသွားခဲ့ကျတော့တယ်။

.....................................................................
(AN/ အချစ်တို့ရေ paid မှာတော့ extra တွေပါအကုန်ပြီးသွားပါပြီ။ ပိုင်လီနဲ့ရှောင်ဟန်က နောက်ထပ်ကလေးတစ်ယောက်ပါ ထပ်ရသေးပြီး စုစုပေါင်း ကလေး လေးယောက်ရှိပါတယ်။ ဟီးဟီး ဒါက စပွိုင်လာပေါ့။😁

သြော် ဒါနဲ့ 105ပိုင်းထိတင်ပြီးပြီမလို့ စျေးလေးထပ်လျော့ပါမယ်။ 105ကနေနောက်ပိုင်းထိ 7500 ဖြစ်သွားပါပြီရှင့်။💖

သဘက်ခါမှာတော့ ပိုင်လီရဲ့ သားအကြီးဆုံးဖြစ်တဲ့ ပိုင်ရှောင်ဖူရဲ့ဇာတ််လမ်းဖြစ်တဲ့ "ငယ်ရွယ်သည့်အကြံပေးအမတ်လေး၏ ကျေးလက်တောရွာကဇနီး" ဆိုတဲ့ novelလေးကို စတင်တော့မှာဖြစ်ပါတယ်။💖💖)

###

အပိုင္း (၁၀၅) ဇနီးေလးအား စေနာက္ျခင္း

"ဟို.. အဲတာကေလ အေမက ေမးခိုင္းလိုက္လို႔ပါ ကြၽန္ေတာ္တို႔ စပ်စ္သီးနည္းနည္းေလာက္ ယူလို႔ရမလားဟင္"

ပိုင္လီမွာ ဒါကိုၾကားခိုက္တြင္ ခဏတိတ္ဆိတ္မိသြားခဲ့သည္။

သူက အသီးေတြကို ႏွေမ်ာျခင္းမရွိပါဘူး။ ဒီေန႕မွာဆိုရင္လည္း အသီးခူးတဲ့လူေတြအကုန္လုံးကို အသီးေတြကို ျမည္းစမ္းခြင့္ေပးထားၿပီး အဲတာက ဝမ္အိမ္ကလူႏွစ္ေယာက္လည္း အပါဝင္ပါပဲ။ သူက ကန့္သတ္ထားျခင္းေတာင္ မရွိခဲ့ဘူး။

ဒါေပမယ့္ သီးသန့္ေပးဖို႔ကေတာ့ ....။

ပိုင္လီက ဝမ္ေလကိုတစ္ခ်က္ၾကည့္လိုက္ၿပီး ေရွာင္ဟန္ကို လွည့္ၾကည့္လိုက္ရာ ထိုေကာင္ေလးကလည္း သူ႕ကိုၾကည့္ေနေၾကာင္း ေတြ႕လိုက္ရသည္။

ဒါေပမယ့္ သူေလးက ပိုင္လီဘာလုပ္မလဲဆိုတာကို စပ္စုသလိုေလးၾကည့္ေနခဲ့တာပါ။ ဒါေပမယ့္ ပိုင္လီၾကည့္လာခ်ိန္မွာေတာ့ သူဘာကိုမွစိတ္မဝင္စားသည့္အတိုင္း ေခါင္ေလးငုံ႕သြားခဲ့ေလသည္။

ပိုင္လီက ေျပာခဲ့သလိုပဲ အသီးေတြကို ႏွေမ်ာျခင္းမရွိေပမယ့္ ဒီအေခါက္ထဲနဲ႕ ၿပီးမသြားမွာကို နည္းနည္းစိုးရိမ္ေနပါတယ္။ ဝမ္မိသားစုက ၿခံကအလုပ္သမားေတြျဖစ္ၿပီး ၿခံကဆက္လည္ပတ္ေနမွာျဖစ္တဲ့အတြက္ ပထမဆုံးအသုတ္မွာ အနည္းငယ္ေပးလိုက္ျခင္းက ေနာက္ထပ္ေနာက္ထပ္ေတြလည္း ေပးရမယ္ဆိုတဲ့ မျမင္ရတဲ့စည္းမ်ဥ္းကို ခ်ထားသလိုျဖစ္သြားပါလိမ့္မယ္။

ပိုင္လီက ဒါကိုနည္းနည္းစိုးရိမ္ေနတာပါ။ သူကတစ္ခါတေလ ေပးလို႔ရပါတယ္။ ဒါေပမယ့္ အၿမဲတမ္းေတာ့မဟုတ္ဘူးေလ။

သူက က်န္းအိမ္က က်န္းခ်င္ကိုဆို အၿမဲတမ္းေပးနိုင္တယ္။ ဘာလို႔လဲဆိုေတာ့ က်န္းမိသားစုဟာ သူတို႔နဲ႕ မိတ္ေဆြအရင္းေတြျဖစ္ၿပီး ပိုင္အေဖနဲ႕အႀကီးကဲက်န္းက ငယ္ေပါင္းေတြျဖစ္က်သလို ပိုင္အေမနဲ႕တုရွီကလည္း ညီမေကာင္းေတြျဖစ္ေနလို႔ပဲ။ ဒါ့အျပင္ က်န္းခ်င္နဲ႕ပိုင္မိန္က ဇနီးေမာင္ႏွံေတြျဖစ္လာမွာျဖစ္ၿပီး သူတို႔ႏွစ္အိမ္က အခ်ိန္တစ္ခုၾကာရင္ ေဆြမ်ိဳးေတြေတာ္စပ္လာက်ေတာ့မွာပါ။ အေရးႀကီးဆုံးအခ်က္ကေတာ့ က်န္းအိမ္က သူတို႔လိုအပ္ေနခ်ိန္ေတြမွာ အၿမဲတမ္း အကူညီေပးဖို႔ မတြန့္ဆုတ္ေနတတ္က်လိဳ႕ပါပဲ။ ပိုင္လီက ဒီလိုပတ္သတ္မႈမ်ိဳးအတြက္ သူ႕ရဲ႕ပိုင္ဆိုင္မႈေတြေတာင္ မွ်ေဝေပးနိုင္ေပမယ့္ ဝမ္မိသားစုကေရာ? ။

သူတို႔က ဝမ္မိသားစုနဲ႕ တစ္႐ြာတည္းမလို႔ တစ္အိမ္ရဲ႕တည္ရွိမႈကို တစ္အိမ္က သိက်တယ္ဆိုရင္ေတာင္ မရင္းႏွီးက်ဘဲ ဘာအေပးအယူမွေတာင္ ရွိဘူးတာ မဟုတ္ပါဘူး။ ပိုင္လီက ေနရာတကာမွာ သေဘာမေကာင္းနိုင္ဘူးေလ။ သူက ဝမ္႐ူရဲ႕ေသဆုံးျခင္းကို အားနာစိတ္ဝင္မိတဲ့အတြက္ သူ႕(ဝမ္႐ူ)မိသားစုက အခက္ခဲျဖစ္ေနတယ္ဆိုလို႔ အလုပ္ေပးထားခဲ့ေပမယ့္ အလႉေတာ့မလုပ္နိုင္ပါဘူး။ သူဝမ္မိသားစုကို ေပးထားတဲ့ လုပ္အားခက ႐ြာထဲက ဘယ္အလုပ္မဆိုထက္မ်ားေနၿပီးသားျဖစ္တဲ့အျပင္ ဝမ္မိသားစုမွာက ရည္႐ြယ္ခ်က္ေတြကရွိေနေသးတယ္။

အကယ္၍ ပိုင္လီက သူတို႔သေဘာအတိုင္း အားနာၿပီးခြင့္ျပဳလိုက္ရင္ သူတို႔က တစ္ဆင့္တတ္ၿပီး ေတြးမိက်လိမ့္မယ္။ သူ(ပိုင္လီ)က သူတို႔ကို မ်က္ႏွာသာေပးတယ္လို႔ေပါ့။ ဒါေၾကာင့္ ေရွ႕ေလ်ာက္ပိုအတင့္ရဲလာၿပီး အဲတာက ေရွာင္ဟန္ကို စိတ္အႏွောက္ယွက္ျဖစ္စရာ အေတြးေတြဝင္လာေစပါလိမ့္မယ္။

ပိုင္လီက အက်ိဳးဆက္ေတြကို ေတြးအၿပီးမွာ လုံးဝမျဖစ္ဘူးဆိုတဲ့ အေျဖကိုသာ ေတြ႕ရွိခဲ့သျဖင့္ သူက...

"အိုး...ငါတို႔ ဒီတစ္ေခါက္စပ်စ္သီးေတြကို လုပ္စရာရွိလို႔ ေရာင္းမွာမဟုတ္ဘူး အကယ္၍ မင္းတို႔လိုခ်င္ရင္ ေနာက္တစ္သုတ္ အသီးေတြက်မွသာ ဝယ္လိုက္ပါ ၿခံကအလုပ္သမားေတြအတြက္ ငါေစ်းနည္းနည္းေလ်ာ့ေပးမယ္"

အဲဒီေနာက္ ပိုင္လီသည္ ဝမ္ေလေျပာတာကို မေစာင့္ေတာ့ဘဲ ေရွာင္ဟန္လက္အားဆြဲၿပီးေနာက္ ထြက္သြားခဲ့ေလသည္။

သူတို႔က ဝယ္ဖို႔ေျပာေနတာမဟုတ္ေၾကာင္း ျပန္ေျပာဖို႔ျပင္ေနသည့္ ဝမ္ေလမွာေတာ့ ပိုင္လီက ေရွာင္ဟန္အားဆြဲေခၚသြားရင္း ေျပာခဲ့သည့္ စကားကို ၾကားခဲ့ရေသးကာ..

"အိမ္ျပန္က်စိဳ႕ ကိုယ္နည္းနည္းဗိုက္ဆာေနၿပီ" ဟူ၍ပင္။

ဝမ္ေလမွာ ပိုင္လီက တမင္သူ႕ကို ျငင္းသြားသည္လား ဒါမွမဟုတ္ တကယ္ပဲ သူက ဝယ္ဖို႔အေၾကာင္း ေျပာေနသည္ဟု ထင္သြားသည္လားကို ေဝခြဲမရျဖစ္စြာႏွင့္ ထြက္ခြာသြားေသာ လူႏွစ္ေယာက္ကို ေငးၾကည့္ေနမိခဲ့သည္။ ထိုလူႏွစ္ေယာက္ သိပ္ေဝးေဝးမေရာက္ခင္မွာ ေကာေသးေသးေလးႏွစ္ေယာက္က သူတို႔နဲ႕ပူးေပါင္းခဲ့က်ၿပီး သူတို႔က အရမ္းကိုသဟဇာတျဖစ္ၿပီး ေပ်ာ္႐ႊင္ႏြေးေထြးမႈအျပည့္ရွိတဲ့မိသားစုေလးလိုမ်ိဳးပါပဲ။

ေနဝင္ဆည္းရဲ႕ေရာင္နီေအာက္မွာ လူႏွစ္ေယာက္က ေဘးျခင္းယွဥ္လ်က္ အလွ်င္မလိုစြာ လမ္းေလ်ာက္ေနက်ၿပီး သူတို႔အနားမွာေတာ့ ေျပးလႊားေနတဲ့ကေလးေလးေတြရွိေနတယ္။

ဝမ္ေလက တေျဖးေျဖးေဝးသြားတဲ့ ေက်ာျပင္ႏွစ္ခုကိုၾကည့္ေနၿပီး သူတို႔က သူနဲ႕အရမ္း အလွမ္းေဝးေနသလိုခံစားခဲ့ရ၍ သူ႕အေမေျပာသလို သူက ဒီမိသားစုထဲကို ဝင္နိုင္ပါ့မလားဆိုတာကို စိုးရိမ္လာခဲ့ေတာ့သည္။

ဝမ္အေမက သူ႕ကို အခ်ိန္တစ္ခုထိ ေစာင့္ဖို႔ေျပာခဲဲ့ၿပီး ပိုင္လီက သူ႕ကိုသာ စိတ္မဝင္စားရင္ ၿခံမွာအလုပ္လာလုပ္တာကို ခြင့္ျပဳမွာမဟုတ္ပါဘူးလို႔ ေျပာခဲ့ပါတယ္။

အခုခ်ိန္မွာ ပိုင္လီက ေျပလည္လာစမလို႔ ဟန္ေဆာင္ေနတာ ျဖစ္နိုင္ပါတယ္တဲ့။ အခ်ိန္နည္းနည္းၾကာသြားတာနဲ႕ ပိုင္လီရဲ႕အက်င့္ေဟာင္းက ျပန္ေပၚလာၿပီး ေပြရႈပ္တတ္တဲ့စရိုက္ေၾကာင့္ ဇနီးေတြအမ်ားႀကီး ထပ္ယူနိုင္ၿပီး အဲဒီအခ်ိန္ထိ သူ႕ကိုပိုင္လီရဲ႕အနီးနားတစ္ေနရာမွာ ေစာင့္ေနဖို႔ေျပာခဲ့ေပမယ့္ ဝမ္ေလက အေဝးကလူႏွစ္ေယာက္ကို ၾကည့္ေနရင္း ဒါက တကယ္ပဲ ဝမ္အေမေျပာသလို ျဖစ္လာနိုင္ပါ့မလားလို႔ ေမးခြန္းထုတ္ေနမိေလသည္။

အိမ္ျပန္သြားသည့္ မိသားစုေလးမွာမူ ဝမ္ေလဘာေတြေတြးၿပီး က်န္ေနခဲ့မွန္းကို စိတ္မဝင္စားခဲ့က်ေတာ့ေပ။

သူတို႔က အလာတုန္းကအတိုင္း ညေျခလ်င္ျပန္လာခဲ့က်ၿပီး ပိုင္မိသားနဲ႕ ေခ်ာင္မိသားစုကေတာ့ လွည္းေတြႏွင့္ျပန္က်ျဖစ္၍ သူတို႔က အနည္းငယ္ေစာကာထြက္လာခဲ့ျခင္းပင္။

အေသးေလးေတြက အလာတုန္းကအတိုင္းပဲေျပးလႊားေဆာ့ေနက်ၿပီး သူတို႔က မနက္ခင္းကလို ေျပးခြင့္အပိတ္ခံရမည္ဆို၍ အရမ္းျမန္ျမန္ေတာ့မေျပးရဲက်ေပ။

ပိုင္လီက ကေလးေတြလဲက်ရင္ခ်က္ျခင္းေျပးသြားနိုင္ေအာင္ၾကည့္ေပးေနၿပီး ေရွာင္ဟန္ကေတာ့ အနည္းငယ္ စိတ္တိုခ်င္ေနခဲ့ပါတယ္။

သူက သူ႕ရဲ႕လက္ကို ဝတ္႐ုံေအာက္မွာ ဆုပ္ထားခဲ့ၿပီး သူ႕ေဘးကလူကိုၾကည့္လိုက္ေပမယ့္ ထိုလူကဘာမွမျဖစ္သလိုတည္ၿငိမ္ေနတာေတြ႕တဲ့အခါ သူကပိုၿပီးစိတ္ဆိုးခ်င္လာခဲ့တယ္။

အရင္ကလိုဆိုရင္ေတာ့ သူက ဒီလိုမလုပ္ရဲမွာ ေသခ်ာေပမယ့္ လက္ရွိမွာေတာ့ သူကနည္းနည္းအတင့္ရဲလာၿပီး ဒီလူကို ေျပာခ်င္ေနခဲ့ပါတယ္။ မေျပာရင္ မသိေလာက္ဘူးလို႔လည္း ထင္ေနခဲ့တာေၾကာင့္ ေရွာင္ဟန္က သူ႕ကိုယ္သူရဲေဆးတင္ၿပီး ေျပာလိုက္ေတာ့တယ္။

"ခင္..ခင္ဗ်ား အဲလိုလုပ္ တာ မေကာင္းဘူး!"

ပိုင္လီသည္ ထိုစကားကိုၾကားေတာ့ ေဘးကေကာင္ေလးကို ငဲ့ၾကည့္လိုက္ၿပီး ထိုေကာင္ေလး၏ နီရဲေနသည့္ နား႐ြက္ေလးေတြအရ ဘာကိုရည္႐ြယ္ၿပီးေျပာေနမွန္း သိေသာ္လည္း သူက စခ်င္သျဖင့္ မသိဟန္ေဆာင္ကာ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ျပန္ေျပာခဲ့လိုက္သည္။

"အမ္...ဘာကိုေျပာတာလဲ ေၾသာ့..ဝမ္ေလကို စပ်စ္မေပးတဲ့ အေၾကာင္းကိုလား ကိုယ္ကႏွေမ်ာတာမဟုတ္ပါဘူးကြာ ေနာင္ျဖစ္လာနိုင္တဲ့ အရာတခ်ိဳ႕ကို ကာကြယ္လိုက္႐ုံပါ အဲတာေၾကာင့္ ေတြးမေနနဲ႕ေတာ့ေနာ္"

ပိုင္လီ၏ စကားႏွင့္ ဘာမွမသိသလို အျပဳမူေၾကာင့္ ေရွာင္ဟန္၏မ်က္ႏွာက ပိုမိုဆူပုတ္လာခဲ့ေလသည္။ သူက စိတ္ဆိုးလြန္းလို႔ ႏွာေခါင္းထိပ္ေလးေတာင္ နီေနၿပီး သူေဘးက လူကိုမေက်မနပ္ၾကည့္မိသြားကာျဖင့္...

"ကြၽန္ေတာ္ ေျပာေနတာ အဲတာမဟုတ္ဘူးေလ!"

အဲဒီေနာက္သူသည္ ေျပာရခက္ စြာရပ္တန့္သြားေသာ္လည္း စိတ္ကိုတင္းၿပီး ေျပာခဲ့ေပသည္။

"အဲတာ.. ခင္ဗ်ား လူေတြေရွ႕မွာ အဲလိုလုပ္တာ မေကာင္းဘူး ေနာက္ ေနာက္မလုပ္ပါနဲ႕"

ပိုင္လီသည္ စကားမ်ားကို ႀကိဳးစားေျပာေနသည့္ေကာင္ေလးကိုၾကည့္ကာ ရယ္ေမာခ်င္ေနေသာ္လည္း သူက အရိုးခံမ်က္ႏွာေလးျဖင့္...

"ဟင္..ကိုယ္ဘာလုပ္မိလို႔လဲ ကိုယ့္အထင္ ကိုယ္မသင့္ေတာ္တာ ဘာမွမလုပ္မိဘူးလားလို႔ "

ေရွာင္ဟန္သည္ သူ႕ေရွ႕ကလူကို အနည္းငယ္ စိတ္ကုန္စြာ ၾကည့္လိုက္မိေပသည္။ ဒီလူက သူ႕ကို ထုတ္မေျပာ ေျပာေအာင္ တြန္းအားေပးေနတာလားပဲ။

သို႔ေသာ္ ပိုင္လီ၏ အရိုးခံ မ်က္ႏွာေပးအမူယာအားၾကည့္၍ ေရွာင္ဟန္က ဒီလူမွာ တကယ္မသိတာမ်ားလားဟူသည့္ အေတြးအားလည္းေတြးမိခဲ့ေသး၏။ ဒါက ျဖစ္ေတာ့မျဖစ္နိုင္ေပမယ့္ သူကမသိဘူးဆိုမွေတာ့ ေနာက္ခါေတြလည္း မသိလို႔ျဖစ္သြားတယ္ မရွိရေအာင္ ေျပာျပရမည္ဟု ေရွာင္ဟန္က စိတ္ဆုံးျဖတ္ခဲ့လိုက္သည္။ ဒါေၾကာင့္သူက သတၱိကို အဆုံးထိတင္လိုက္ၿပီး...

"အဲတာက လက္ကိုင္တာေလ လူေရွ႕မွာ ထိေတြ႕တာက လုံးဝမေကာင္းဘူး မသင့္ေတာ္ဘူး!"

ပိုင္လီက မ်က္လုံးစုံမွိတ္ကာ ေအာ္ေနသည့္ ေကာင္ေလးအားၾကည့္ကာ အေတာ္ေလး ခ်စ္စရာေလးပဲဟုေတြးေနမိခဲ့၏။ သူက ထပ္မံ၍ တမင္ဟန္လုပ္လိုက္ၿပီး အခုမွသိပုံႏွင့္ အသံရွည္ဆြဲကာျဖင့္....

"ေၾသာ္........
ကိုယ္ကဘာမ်ားလဲလို႔ ဒါကလက္ကိုင္ေလးပဲကိုကြာ ကိုယ္က ကိုယ့္ဇနီးကိုဆြဲေခၚတာ ဘာျဖစ္လို႔လဲ ဘယ္သူဘာေျပာရဲလို႔လဲ"

ေရွာင္ဟန္သည္ သူ႕ေရွ႕ရွိ ဘာမွမသိလိုလုပ္ေနသည့္လူအား ရွက္႐ြံ႕စြာျဖင့္ မယုံၾကည္နိုင္စြာ ၾကည့္လိုက္မိေလသည္။ သူက မေျပာဘဲလည္း မေနနိုင္ေတာ့သျဖင့္.....

"ဘာလို႔ မေျပာရမွာလဲ သူတို႔က ကြယ္ရာမွာ ေျပာေနမွာေလ အ႐ြယ္ေရာက္လာရင္ လိင္ကြဲေတြက နီးနီးကပ္ကပ္ မေနသင့္ေတာ့ဘူး အဲတာက လက္ထပ္ထားရင္ေတာင္ လူျမင္ကြင္းမွာ ထိေတြ႕တာက မသင့္ေတာ္တဲ့ အျပဳမူပဲေလ"

ပိုင္လီသည္ ရွက္႐ြံ႕စြာျဖင့္ ႀကိဳးစားရွင္းျပေနသည့္ေကာင္ေလးအား တမင္နားမလည္သည့္ဟန္ျဖင့္ ၾကည့္လိုက္ေလသည္။ ၿပီးေနာက္ သူက...

"အာ...လက္ထပ္ထားလည္း လူျမင္ကြင္းမွာထိေတြ႕တာက မသင့္ေတာ္ဘူးကိုး "

ေရွာင္ဟန္က ဒါကိုေထာက္ခံသည့္အေနျဖင့္ ေခါင္းေလးၿငိမ့္ျပလိုက္ၿပီး ဒါေၾကာင့္ ေနာင္တြင္ ဆင္ျခင္ရန္ ေျပာေတာ့မည့္အခိုက္တန့္တြင္ ပိုင္လီထပ္ေျပာလာသည့္ စကားကသူ႕အား ၾကက္ေသေသသြားေစခဲ့ေလသည္။

ပိုင္လီေျပာလာသည္မွာ...

"ဒါဆို ကိုယ္တို႔ေတြ လူကြယ္ရာမွာေတာ့ ထိေတြ႕သင့္တယ္ေပါ့ေလ "

ေရွာင္ဟန္သည္ အရည္ပါးလြန္းေသာ ေကာင္ေလးျဖစ္၍ ဤကဲ့သို႔ စေနာက္မႈမ်ိဳးကိုခံနိုင္ရည္မရွိေပ။ သူရဲ႕မ်က္ႏွာေလးက ခ်က္ျခင္းနီရဲလာၿပီး ထြက္ေျပးသြားသျဖင့္ ပိုင္လီကေနာက္မွ အျမန္လိုက္သြားရၿပီး....

"အဲ...အဲ မေျပးနဲ႕ေလ ေမွာက္လဲလိမ့္မယ္ေနာ္"

အေသးေလးမ်ားသည္ ဘာမွမသိလိုက္ေပ။ သူတို႔ကသူတို႔ရဲ႕ အေဖနဲ႕ေဖေဖက ေျပးေနက်တဲ့အခါ ကစားတာလို႔ထင္သြားၿပီး ေျပးလိုက္သြားက်သျဖင့္ ဤနည္းျဖင့္ မိသားစုသည္ အိမ္သို႔ျမန္ျမန္သြားေရာက္သြားခဲ့ေလသည္။

အိမ္ျပန္ေရာက္တဲ့အခါမွာေတာ့ ေရွာင္ဟန္က ပိုင္လီနဲ႕ေဝးရာမွာပုန္းေနၿပီး ဒါကို ပိုင္အေမနဲ႕ဟုန္ရင္းတို႔ကေတာင္ သတိထားမိသြားခဲ့ပါတယ္။

ညေနေစာင္းတာေတာင္မွ ေခ်ာင္မိသားစု ရွိေနရတဲ့ အေၾကာင္းေျပာရရင္ ပိုင္လီကလည္း အစတုန္းက ေခ်ာင္မိသားစုက ၿမိဳ႕ေလးကို ျပန္တည္းမယ္လို႔ ထင္ထားခဲ့တာျဖစ္သည္။  ဘာပဲေျပာေျပာ ေခ်ာင္ရန္နဲ႕ သူ႕မိသားစုက ဆိပ္ကမ္းၿမိဳ႕မွာ အေနထားတစ္ခုထိရွိတဲ့ မိသားစုတစ္ခုပဲေလ။ သူတို႔က ဒီလိုေက်းလတ္က အိမ္ေလးေတြမွာ အိပ္နိုင္မွာမဟုတ္ေလာက္ဘူးလို႔ ေတြးခဲ့ေသာ္လည္း သူအေတြးမွားသြားခဲ့၏။

ေခ်ာင္မိသားစုက ႏွစ္နာရီေလာက္ၾကာမွာျဖစ္တဲ့ ၿမိဳ႕ေလးကို ျပန္သြားဖို႔ပ်င္းေနခဲ့က်ၿပီး သူတို႔က ပိုင္အိမ္မွာ တည္းဖို႔ဆႏၵရွိခဲ့က်ၿပီး ပိုင္မိသားစုက ဒါကိုမျငင္းခဲ့က်ေပမယ့္ သူတို႔မွာ အခန္းလြတ္က တစ္ခန္းထဲရွိတဲ့အတြက္ အားနာေနခဲ့က်သည္။

အဲဒီအခန္းလြတ္ကလည္း ပိုင္အိမ္မွာ အရင္က ပိုင္လီေနခဲ့သည့္ အခန္းျဖစ္ၿပီး ဒီအတြက္ ေခ်ာင္မိသားစုကေတာ့ သိပ္ဂ႐ုမစိုက္ပါဘူး။

ထိုအခန္းအလြတ္၌ ေခ်ာင္ရန္ႏွင့္ဟုန္ရင္းက သူတို႔ေနလို႔ရေၾကာင္းႏွင့္ ေခ်ာင္လုပိုင္ႏွင့္ ေခ်ာင္ခ်င္းခ်င္းမွာမူ လူလြတ္မ်ားျဖစ္သည့္ ပိုင္ဝူႏွင့္ ပိုင္မိန္တို႔၏အခန္းမ်ားတြင္ ဝင္အိပ္လို႔ရေၾကာင္း ေျပာခဲ့က်သည္။ ကေလးေတြကလည္း ဒါကိုမျငင္းခဲ့က်ပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ ေခ်ာင္ခ်င္းခ်င္းေလးက ပိုင္မိန္ႏွင့္ ရင္းႏွီးေနၿပီျဖစ္ကာ ေခ်ာင္လုပိုင္ကလည္း ပိုင္ဝူက စာေလ့လာေနသူဟုၾကားေသာအခါ မျငင္းခဲ့တာျဖစ္သည္။ သူတို႔မွာ
ပါလာတဲ့ အေစခံေတြကလည္း ေခ်ာင္လုပိုင္နဲ႕ ေခ်ာင္ခ်င္းခ်င္းရဲ႕ အနီးကပ္အေစခံေလးတစ္ေယာက္စီပဲျဖစ္လို႔ အေစခံႏွစ္ေယာက္ကို ေခ်ာင္လုပိုင္နဲ႕ ေခ်ာင္ခ်င္းခ်င္းရွိတဲ့အခန္းရဲ႕ ၾကမ္းျပင္မွာအိပ္ခိုင္းလို႔ရပါတယ္။

ပိုင္မိသားစုက ဒါကို သိပ္မေကာင္းဘူးလို႔ ထင္ေနေပမယ့္ အေစခံေလးေတြကေတာ့ သူတို႔အဆင္ေျပေၾကာင္း အထပ္ထပ္ေျပာေနတာေၾကာင့္ ေနာက္ဆုံးမွာ ဒီလိုမ်ိဳးနဲ႕ပဲ သေဘာတူညီမႈရသြားခဲ့က်ေတာ့တယ္။

.....................................................................
(AN/ အခ်စ္တို႔ေရ paid မွာေတာ့ extra ေတြပါအကုန္ၿပီးသြားပါၿပီ။ ပိုင္လီနဲ႕ေရွာင္ဟန္က ေနာက္ထပ္ကေလးတစ္ေယာက္ပါ ထပ္ရေသးၿပီး စုစုေပါင္း ကေလး ေလးေယာက္ရွိပါတယ္။ ဟီးဟီး ဒါက စပြိုင္လာေပါ့။😁

ေၾသာ္ ဒါနဲ႕ 105ပိုင္းထိတင္ၿပီးၿပီမလို႔ ေစ်းေလးထပ္ေလ်ာ့ပါမယ္။ 105ကေနေနာက္ပိုင္းထိ 7500 ျဖစ္သြားပါၿပီရွင့္။

သဘက္ခါမွာေတာ့ ပိုင္လီရဲ႕ သားအႀကီးဆုံးျဖစ္တဲ့ ပိုင္ေရွာင္ဖူရဲ႕ဇာတ္္လမ္းျဖစ္တဲ့ "ငယ္႐ြယ္သည့္အႀကံေပးအမတ္ေလး၏ ေက်းလက္ေတာ႐ြာကဇနီး" ဆိုတဲ့ novelေလးကို စတင္ေတာ့မွာျဖစ္ပါတယ္။)

Продолжить чтение

Вам также понравится

3.8K 571 10
ဝင်ဖတ်လို့လည်းရတယ် လစ်လျူရှုလို့လည်းရတယ်...တစ်ခါတလေ စိတ်ကျဥ်းကျပ်သည့်အခါမှာ... ငါ စာတိုတွေ ရေးတတ်လာတယ်... စိတ်ခံစားချက်တွေ တိုက်မိသွားရင် ငါ့စာတိုတွေ...
1.5M 191K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
28.2K 1.6K 51
နတ်မိစ္ဆာဘုရင်လေးနဲ့ လူသားအိမ်ရှေ့စံလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ။ ဘာသာပြန်လုံးဝမဟုတ်ပါ❌❌
279K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^