I just Wanna be Hero, not Her...

By KoKo27644

12.1K 1.3K 90

Season 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်... More

V5 Prologue
Volume 5 Visual Poster details
V5 Chapter 1
V5 Chapter 2
V5 Chapter 3
V5 Chapter 4
V5 Chapter 5
V5 Chapter 6
V5 Chapter 7
V5 Chapter 8
V5 Chapter 9
V5 Chapter 10
V5 Chapter 11
V5 Chapter 12
V5 Chapter 13
V5 Chapter 14
V5 Chapter 15
V5 Chapter 16
V5 Chapter 17
V5 Chapter 18
V5 Chapter 19
V5 Chapter 20
V5 Chapter 21
V5 Chapter 22
V5 Chapter 23
V5 Chapter 24
V5 Chapter 25
V5 Chapter 26
V5 Chapter 27
V5 Chapter 28
V5 Chapter 29
V5 Chapter 30
V5 Chapter 31
V5 Chapter 32
V5 Chapter 33 - မှောင်မိုက်သောနေ့များ
V5 Chapter 34 ဆင့်ကဲဖြစ်စဥ်
V5 Chapter 35 ဧည့်သည်
V5 Chapter 36 ဖရာလီတာ
V5 Chapter 37 - SSS အဆင့်လား
V5 Chapter 38 - နိမိတ်
V5 Chapter 39
V5 Chapter 40 - နတ်ဆိုးနဲ့အပေးအယူလုပ်ခြင်း
V5 Chapter 41
V6 Chapter 1
V6 Chapter 2 ဝါရှင်တန်ဆန့်ကျင်ရေးသမား
V6 Chapter 3 ကတိတစ်ခု
V6 Chapter 4 ထိပ်တိုက်တွေ့ခြင်း
V6 Chapter 5
V6 Chapter 6 - ဒဏ္ဍာရီတစ်ခု၏အဆုံးသတ်
V6 Chapter 7 - ဖလေရာနှင့်ထပ်ဒိတ်ခြင်း
V6 Chapter 8
V6 Chapter 9
V6 Chapter 10
V6 Chapter 11
V6 Chapter 12
V6 Chapter 13
V6 Chapter 14
V6 Chapter 15
V6 Chapter 16
V6 Chapter 17
V6 Chapter 18
V6 Chapter 19
V6 Chapter 20
V6 Chapter 21
V6 Chapter 22
V6 Chapter 23
V6 Chapter 24
V6 Chapter 25
V6 Chapter 26
V6 Chapter 27
V6 Chapter 28
V6 Chapter 29
V6 Chapter 30
V6 Chapter 31
V6 Chapter 32
V6 Chapter 33
V6 Chapter 34
V6 Chapter 35
V6 Chapter 36
V6 Chapter 37
V6 Chapter 38
V6 Chapter 39
V6 Chapter 40
V6 Chapter 41
V7 Prologue
V7 Chapter 1
V7 Chapter 2
V7 Chapter 3
V7 Chapter 4
V7 Chapter 5
V7 Chapter 6
V7 Bonus Chapter
V7 Chapter 7
V7 Chapter 8
V7 Chapter 9
V7 Chapter 10
V7 Chapter 11
V7 Chapter 12
V7 Chapter 13
V7 Chapter 14
V7 Chapter 15
V7 Chapter 16
V7 Chapter 17
V7 Chapter 18
V7 Chapter 19
V7 Chapter 20
V7 Chapter 21
V7 Chapter 22
V7 Chapter 23
V7 Chapter 24
V7 Chapter 25
V7 Chapter 26
V7 Chapter 27
V7 Chapter 28
V7 Chapter 29
V7 Bonus Chapter 2
V7 Chapter 30
V7 Chapter 31
V7 Chapter 32
V7 Chapter 33
V7 Chapter 34
V7 Chapter 35
V7 Chapter 36
V7 Chapter 37
V7 Chapter 38
V7 Chapter 39
V7 Chapter 40
V7 Chapter 41
V7 Chapter 42
V7 Chapter 43
V8 Bonus Chapter
V8 Bonus Chapter 2
V8 Chapter 1
V8 Chapter 2
V8 Chapter 3
V8 Chapter 5
V8 Chapter 6
V8 Chapter 7
V8 Chapter 8
V8 Chapter 9
V8 Chapter 10
V8 Chapter 11
V8 Chapter 12
V8 Chapter 13
V8 Chapter 14
V8 Chapter 15
V8 Chapter 16
V8 Chapter 17
V8 Chapter 18
V8 Chapter 19
V8 Chapter 20
V8 Chapter 21
V8 Chapter 22
V3 Chapter 23
V8 Chapter 24
V8 Chapter 25
V8 Chapter 26
V8 Chapter 27
V8 Chapter 28
V8 Chapter 29
V8 Chapter 30
V8 Chapter 31
V8 Chapter 32
V8 Chapter 33
V8 Chapter 34
V8 Chapter 35
V9 Chapter 1 + မိတ်ဆက်
V9 Chapter 2
V9 Chapter 3
V9 Chapter 4
V9 Chapter 5
V9 Chapter 6
V9 Chapter 7
V9 Chapter 8
V9 Chapter 9
V9 Chapter 10
V9 Chapter 11
V9 Chapter 12
V9 Chapter 13
V9 Chapter 14
V9 C15
V9 Chapter 16
V9 Chapter 17
V9 Chapter 18
V9 Chapter 19
V9 Chapter 20
V9 Chapter 21
V9 Chapter 22
V9 Chapter 23
V9 Chapter 24
V9 Chapter 25
V9 Chapter 26
V9 Chapter 27
V9 Chapter 28
V9 Chapter 29
V9 Chapter 30
V9 Chapter 31
V9 Chapter 32
V9 Chapter 33

V8 Chapter 4

42 5 0
By KoKo27644

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V8 Chapter 4 - အော်ရိုရာ

နယူးယောက်ဟီးရိုးကျောင်းရဲ့အစည်းအဝေးခန်းထဲမှာတော့ နှစ်ဖက်ဆရာတွေက မျက်နှာချင်းဆိုင်ထိုင်နေကြပြီး တစ်ယောက်နဲ့တစ်​​ယောက် အကြည့်ချင်းပြိုင်နေကြတယ်။ ဘေးလူတွေကြည့်ရင် မကြာခင် တိုက်ခိုက်ကြတော့မယ့် ရန်သူအဖွဲ့တွေလိုပဲ။ မက်ဒါနာတောင် စူပါအမေရိကကျောင်းခွဲကစမန်သာကို ပြန်စိုက်ကြည့်နေရတာ ကြာလွန်းလို့ မျက်လုံးတွေညောင်းလာပြီ။ ကံကောင်းစွာနဲ့ အကြည့်ချင်းပြိုင်တာမဆုံးခင်မှာပဲ ကော်ဖီအိုးနဲ့တစ်ခါသုံးစက္ကူခွက်တွေကို ယူလာတဲ့အေမီက မက်ဒါနာရှေ့မှာထားထားတဲ့ ကြွေခွက်အကောင်းစားလေးထဲကို ကော်ဖီမွှေးမွှေးလေး ငှဲ့ပေးလိုက်တယ်။ ကောင်လေးမားကပ်နားရောက်တော့ ကောင်လေးမားကပ်ကို သေချာသုံးခါလောက် ကြည့်နေသေးတယ်။

"သုံးဆောင်ပါရှင့်။" အားလုံးအတွက် ကော်ဖီငှဲ့ပေးပြီးတဲ့နောက်တော့ အေမီက နံရံနားမှာသွားကပ်နေလိုက်တယ်။ စမန်သာတစ်ယောက်သာ သူ့လက်ထဲမှာရှိတဲ့ တစ်ခါသုံးခွက်ကိုကြည့်ရင်း ဒေါသတွေအလိပ်လိုက်ထွက်နေလေရဲ့။

"ဘယ်လိုလုပ်ပြီး တစ်ခါသုံးခွက်တွေနဲ့ ဧည့်ခံနေတာလဲ။" စမန်သာက ဒီလိုပြောလိုက်တော့ အေမီကပြုံးရင်း ပြန်ဖြေဖို့လုပ်ပေမဲ့ မက်ဒါနာက ကြားဝင်ပြီးပြောလိုက်လေရဲ့။

"ကျွန်မတို့ကျောင်းက သာမန်ကျောင်းလေးတစ်ခုပဲဆိုတော့ ကြွေခွက်တို့ဘာတို့ အလုံအလောက်မရှိဘူးလေ။ ကျွန်မတို့ဆရာတွေထဲကတချို့တောင် စက္ကူခွက်နဲ့ပဲ သောက်နေရတာပါ။"

မက်ဒါနာကလည်း တူညီတဲ့အဖြစ်အပျက်မျိုးနဲ့ကြုံနေရတဲ့ ဖရက်ကိုကြည့်ပြီးပြောလိုက်တယ်။ ဖရက်က
သူ့ရှေ့စက္ကူခွက်ထဲက ကော်ဖီကို မျက်နှာငယ်လေးနဲ့ စိုက်ကြည့်နေရှာတယ်။ အေမီသာ သာမန်ထက်ပိုလွန်တဲ့ အပြုံးမျိုးနဲ့ သူတို့ကိုကြည့်နေတာပါ။

'ကောင်မစုတ်လေး၊ နင်ဒါတမင်သက်သက်လုပ်တာမဟုတ်ဘူးလား။' မက်ဒါနာက အေမီကို မျက်စောင်း
ထိုးကြည့်ရင်း စိတ်ထဲကနေ ကြိတ်ကျိန်ဆဲလိုက်လေရဲ့။ တကယ်တော့ သူတို့မှာခွက်တွေမရှိလို့မဟုတ်ဘူး၊ ဖလေရာက မက်ဒါနာသုံးဖို့အတွက်ဆိုပြီး စုံတွဲခွက်တွေအပါအဝင် ရိုးရိုးခွက်တွေအများကြီး ဝယ်ပေးထားပြီးသား။ အေမီက တမင်သက်သက်ထုတ်မပေးတာပဲနေမယ်။ ပြီးတော့ မက်ဒါနာတို့အုပ်စုထဲမှာ
စက္ကူခွက်နဲ့သောက်နေရတာဆိုလို့ ဖရက်ပဲရှိတာပါ။

"ဒီတော့ မိတ်ဆက်တာကနေ အရင်စရအောင်။ ကျွန်မက နယူးယောက်ဟီးရိုးကျောင်းရဲ့ကျောင်းအုပ် ပေါ်လီယာနာပါ။ ကျွန်မနဲ့ညာဖက်အနီးဆုံးမှာ ထိုင်နေသူကတော့ ဝါရင့်ဆရာမဟဲရိုးဖြစ်ပြီး
အလယ်မှာထိုင်နေတာကတော့ ဆရာအာသာပါ။ အစွန်ဆုံးကတော့ ဆရာဖရက်ပါ။ ကျန်တဲ့ဆရာတွေကတော့ စာသင်နေကြပါတယ်။"

စမန်သာက ကော်ဖီခွက်ကို အဝေးကိုတွန်းပို့လိုက်ပြီးတဲ့နောက် ဟန်ဆောင်ပြုံးရင်း ပြောလိုက်ပါတယ်။ "ဪ၊ ကျွန်မကျန်တဲ့နှစ်ယောက်ကိုတော့ ရင်းနှီးပါတယ်။ ဒီဖက်က ဖရက်ဆိုတဲ့ကောင်လေးကတော့ ဆရာအသစ်ထင်တယ်။ အတောင်ပံနက်နဲ့ဆိုတော့ နယူးယောက်ပိုးကောင်တိုက်ပွဲတုန်းက ဝင်ကူတဲ့ဟီးရိုးနဲ့များ တစ်ယောက်တည်းဖြစ်နေမလား။"

ဖရက်ရဲ့နှုတ်ခမ်းက နည်းနည်းကွေးညွှတ်သွားပါတယ်။ မက်ဒါနာက ခေါင်းညိတ်ပြလိုက်ပြီး။ "ဆရာဖရက်က အားကောင်းတဲ့မြူတန့်တစ်ယောက်ပါ။ ဒါပေမဲ့ အဲဒီတိုက်ပွဲမှာဝင်ပါရလောက်တဲ့အထိတော့ အင်အားမကြီးသေးပါဘူး။ ပြီးတော့ အတောင်ပံပါမြူတန့်တွေကလည်း အများကြီးပဲလေ။"

"အင်း၊ အတောင်ပံအနက်နဲ့ ဗီလိန်တွေဘာတွေလဲ ရှိသေးတာကိုး။" စမန်သာက မဲ့ပြုံးပြုံးရင်း ပြောလိုက်တယ်။ ​သေချာပေါက် ပြောင်လိမ်နေတာပဲဥစ္စာကို။
နောက်တော့ စမန်တာက လက်ကျိုးနေလို့ဆိုပြီး ငိုမဲ့မဲ့လုပ်ပြနေတဲ့ ကောင်လေးမားကပ်ကို ကြည့်လိုက်ပြီး

"ရှင်တို့သိတဲ့အတိုင်းပဲ ရှင်တို့ကျောင်းစောင့်က ကျွန်မတို့ကျောင်းသားကို အနိုင်ကျင့်လွှတ်လိုက်လို့ လက်ကျိုးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ပေးမှာလဲ။ သူ့ခင်ဗျာ သနားစရာကောင်းသားရယ်။"

မက်ဒါနာက စမန်သာရဲ့စကားကြောင့် နာချင်ယောင်ဆောင်ပြီး တအီအီငိုပြနေတဲ့ မားကပ်ကိုကြည့်လိုက်တယ်။ ဗီဒီယိုထဲမှာ ကြည့်လိုက်ရသလောက် လက်ကျိုးသွားတာ တကယ်ပေမဲ့ စူပါအမေရိကကျောင်းက နာမည်ကြီးဟီးရိုးကျောင်းလေ။ လက်ကျိုးတာကို
ချက်ချင်းကုပေးနိုင်မယ့် ဆေးပညာမြူတန့်တွေရှိနေမှာပဲကို။ မက်ဒါနာက အပြုံးမပြတ် အခုလိုပြန်ဖြေပါတယ်။

"ကျွန်မသိရသလောက်တော့ ရှင်တို့ကျောင်းသားတွေက ကျွန်မကျောင်းရှေ့လာပြီး ကောင်မလေးတစ်ယောက်ကို စွဲလားယမ်းလားလုပ်သတဲ့။ ဒါကြောင့် အစောင့်က ဝင်ပါတာ​ကို လက်လုပ်မယ်လုပ်လို့ဖြစ်တာ။"

"မဟုတ်ဘူး၊ သူလိမ်နေတာပါ။ အဲဒီအစောင့်က ကျွန်တော်တို့ရိုးရိုးသားသား စကားပြောနေတုန်း ထွက်လာပြီး ကျွန်တော်တို့ကိုရိုက်တာပါ။ အီးဟီးဟီး..."

မက်ဒါနာစကားမဆုံးခင်မှာပဲ မားကပ်က အသံထွက်ငိုပြီးပြောတယ်။ စူပါအမေရိကကျောင်းက ကျန်တဲ့ ဆရာတွေကလည်း မက်ဒါနာကို အချိန်မရွေးထရိုက်တော့မယ့်အတိုင်း မကျေမနပ်ကြည့်နေကြလေရဲ့။
စမန်သာက ထပ်ပြီးတော့ သူ့စကားကို အဆုံးသတ်လိုက်တယ်။

"ပြီးတော့ ဗီဒီယိုသက်သေတွေကလည်း မမြင်ချင်မှအဆုံးပဲလေ။ လူတိုင်းလိုလို ရှင်တို့အစောင့်ပြဿနာရှာတာကို လိုင်းပေါ်တင်ထားကြတာပဲဥစ္စာ။ ရှင်တို့ မျှမျှတတမဖြေရှင်းရင် ရှင်တို့ကျောင်းဂုဏ်သိက္ခာဖို့ မကောင်းဘူးနော်။"

မက်ဒါနာက ပြုံးလိုက်ပြီး ကော်ဖီကို တစ်ငုံသောက်လိုက်တယ်။ "ဟုတ်လား၊ ဒါဆိုရှင်တို့က ဘာလုပ်ဖို့ စဥ်းစားထားလဲ။"

"ရှင်တို့အဲဒီအစောင့်ကို အလုပ်ထုတ်လိုက်ပါ၊ ပြီးရင်လူမှုကွန်ယက်ပေါ်ကနေ မှားပါတယ်လို့ တောင်းပန်ပါ။ ဒီနှစ်ကျောင်းပေါင်းစုံပြိုင်ပွဲမှာ အဲဒီနေ့က ဝင်ပါဖို့လုပ်တဲ့ ကောင်လေးတွေကို ဝင်မပြိုင်ခိုင်းနဲ့။ ဒီလိုမှမဟုတ်ရင် ကျောင်းကို တရားစွဲရပါလိမ့်မယ်။"

မက်ဒါနာက မျက်ခုံးပင့်ပြီး ဆရာအာသာကိုကြည့်လိုက်တယ်။ "ဆရာအာသာ၊ ဝင်ပါတဲ့ကျောင်းသားတွေက ဘယ်သူလဲ။" ဆရာအာသာက တစ်ချက်စဥ်းစားလိုက်ပြီး...

"ဟုတ်ကဲ့၊ အီဗန်၊ ဘယ်လာ၊ ဂိုးလ်နဲ့ အတန်း Cက သာမန်ကျောင်းသားလေးနှစ်​ယောက်ပါ။" မက်ဒါနာက ဆရာအာသာရဲ့စကားကိုကြားတော့ ပြုံးလိုက်မိတယ်။ အဲဒီလူစာရင်းကတင် သူတို့ကျောင်းရဲ့ထူးချွန်တဲ့သူတစ်ဝက်ဖြစ်သွားပြီလေ။

"ရှင်တို့လုံခြုံရေးအစောင့်ကိုထုတ်ခိုင်းတာနဲ့ တောင်းပန်တာအထိကတော့ ကျိုးကြောင့်သင့်ပါသေးတယ်။ ဒါပေမဲ့ တချို့ကျောင်းသားတွေကို ဝင်မပြိုင်ခိုင်းတာကျတော့ နည်းနည်းသဘာဝမကျဘူးလားလို့။"

မက်ဒါနာအခုလိုပြောတော့ စမန်သာက လက်ပိုက်လိုက်ပြီး "ဘာပဲပြောပြော အခုကိစ္စမှာ ရှင်တို့မှားတာလေ။ ဒီတော့ နစ်နာတဲ့သူကို ဦးစားပေးရမှာပဲမဟုတ်လား။"

"အရာ့အရာ့... ရှင်တို့က ရှင်တို့ကိုယ်ရှင်တို့မှန်တယ်လို့ အခုထိဟန်ဆောင်နေတုန်းပဲလား။ ကျွန်မကတော့
ဒီကိစ္စမှာ ရှင်တို့ကျောင်းအလွန်လို့ထင်တယ်။"

မက်ဒါနာကလည်း လက်ကိုပိုက် ထင်သာမြင်သာရှိတဲ့ မက်မွန်သီးလေးတွေကို ပေါ်လွင်အောင့်ပင့်လိုက်ပြီး ဂုဏ်စာနေတဲ့လေသံနဲ့ ပြောလိုက်တာကြောင့် စမန်သာက နှုတ်ခမ်းကိုတစ်ချက်ကိုက်ရင်း ပြန်မေးပါတယ်။

"နေစမ်းပါဦး၊ ရှင်တို့ကျောင်းစောင့်က ကျွန်မတို့ကျောင်းသားကို လက်ချိုးထားတဲ့သက်သေရှိနေတာတောင် မလွန်ဘူးလို့ပြောနေတာလား။ ရှင်တို့ကျောင်းက ဒုစရိုက်အားပေးလုပ်နေတာလား။" စမန်သာက ဒေါနဲ့မောနဲ့ပြောလိုက်တယ်။

မက်ဒါနာက စမန်သာကိုကြည့်လိုက်ပြီး အထင်သေးတဲ့လေသံနဲ့ အခုလိုစပြောတယ်။ "မဟုတ်ရပါဘူးနော်
ကျွန်မကမှ အဲဒီစကားကိုပြောရမှာပါ။ အေမီ၊ ငါ့ဖုန်းယူလာခဲ့။"

"ဟုတ်ကဲ့ မမလေး။" အေမီက ဗီရိုတစ်လုံးပေါ်မှာတင်ထားတဲ့ မက်ဒါနာရဲ့ဖုန်းပြားကြီးကို ယူလာပြီး
ဖွင့်ပေးလိုက်တယ်။ မက်ဒါနာကတော့ CCTV မှတ်တမ်းဆော့ဝဲလ်ထဲကိုဝင်ပြီး မနက်ပိုင်းက ဖြစ်ပျက်ခဲ့တဲ့ အချိန်ကိုဖွင့်တယ်။ နောက်တော့ စူပါအမေရိကကျောင်းခွဲက ဆရာတွေဘက်ကို ဖုန်းမျက်နှာပြင်လှည့်ပြလိုက်တယ်။

စမန်သာကတော့ မျက်မှောင်ကြီးကုပ်လို့ပေါ့။ ကျန်တဲ့ကျောင်းက ဆရာတွေလည်း ကြည့်လိုက်ကြပါတယ်။ ဗီဒီယိုထဲကနေ နျူရေရဲ့စူးစူးဝါးဝါးအော်တဲ့အသံက ထွက်ပေါ်လာတယ်။

"ကယ်ကြပါဦးရှင်၊ ဒီမှာနှာဘူးဗျို့။ အိယား..." ပုံရိပ်တွေထဲမှာတော့ မားကပ်ကို နျူရေလက်ကိုဖမ်းဆွဲပြီး
နျူရေရဲ့ပါးကိုကို လျှာနဲ့ယက်ဖို့လုပ်နေတဲ့ သူအဖြစ် မြင်နေရတယ်။ နျူရေကတော့ အသည်းအသန်အော်ငိုနေတာမှ ယုန်သူငယ်မလေးကျလို့။ မကြာခင်မှာပဲ ဂိုးလ်လာကူပေမဲ့ ရိုက်ထုတ်ခံလိုက်ရတာ မြင်ရပြီး အီဗန်တို့လာတော့ မားကပ်က အမှိုက်သခင်လေးစတိုင်နဲ့ သူတို့ကိုခြိမ်းခြောက်နေတာ မြင်ရတယ်။ အတော်ကြာခါမှ စကော်ပီယိုထွက်လာပြီး မားကပ်လက်ကို ချိုးလိုက်တာမြင်ရပါတယ်။

"ကဲ ဒီကိစ္စကိုရှင်တို့ဘယ်လိုဖြေရှင်းမလဲ။ ရှင်တို့ကျောင်းသားအုပ်စုက ကျွန်မတို့ကျောင်းသူတစ်ယောက်ကို ဆွဲလားယမ်းလားလုပ်တဲ့အပြင် ဂိုးလ်ဆိုတဲ့ကောင်လေးကိုပါ ဒဏ်ရာရအောင်လုပ်လိုက်သေးတယ်။ ကျွန်မတို့လုံခြုံရေးအစောင့်က သတိပေးတာကို ပြန်ခုခံဖို့ကြိုးစားတဲ့အတွက် သူ့ကိုတားဆီးခဲ့ရုံပဲ။

စမန်သာက ဒေါသနဲ့မားကပ်ကို ကြည့်လိုက်တယ်။ "နင်အဲဒီကောင်မလေးကို အဲဒီလိုသွားလုပ်တာလား။"
မားကပ်ကတော့ မျက်ရည်တွေဝဲနေတဲ့အပြင် ရှက်လွန်းလို့ မျက်နှာတွေပါနီရဲနေပြီး ပြန်ဖြေတယ်။

"မဟုတ်... ကျွန်တော်အဲဒီလိုမလုပ်ပါဘူး။ ကျွန်တော်လုပ်ခဲ့တာက ဒေါ်လေးခိုင်း...." ဒါပေမဲ့ စမန်သာက ကောင်လေးကို စကားဆုံးအောင်ပြောခွင့်မပေးဘဲ ခေါင်းခေါက်လိုက်ပြီး မက်ဒါနာကို တောင်းပန်လိုက်တယ်။

"မှားပြီးစွပ်စွဲမိတဲ့အတွက် တောင်းပန်ပါတယ်ရှင့်။ ဒီကျောင်းသားကို အပြစ်ပေးလိုက်ပါ့မယ်။"

စူပါအမေရိကကျောင်းက ကိုယ်စားလှယ်အဖွဲ့က မက်ဒါနာနဲ့ဆရာတွေကို တောင်းပန်ပြီး ပြန်ဖို့လုပ်တော့ မက်ဒါနာက သူတို့အခန်းထဲကမထွက်ခင် အခုလိုပြောလိုက်ပါတယ်။

"အခုထိအော်ငိုနေပုံထောက်တော့ အဲဒီကျောင်းသားဒဏ်ရာက တော်တော်ပြင်းပုံပဲနော်။ ကျွန်မတို့ကြောင့်
ကျိုးသွားတာဆိုတော့ အနည်းဆုံးတော့ ဆေးပညာမြူတန့်တစ်ယောက်ဆီ ကိုယ်တိုင်ခေါ်သွားပေးလို့ရပါတယ်။"

"ကျေးဇူးတင်ပေမဲ့ ကျွန်မတို့ဘာသာပဲ ဆက်လုပ်လိုက်ပါ့မယ်။" စကားဆုံးတာနဲ့စမန်သာနဲ့အုပ်စုက ကျောင်းအစည်းအဝေးခန်းထဲကနေ သုတ်သုတ်ပြာပြာပဲ ထွက်ပြေးသွားကြပါတယ်။

အစည်းအဝေးခန်းထဲကနေ ကျန်တဲ့ဆရာတွေထွက်သွားပြီးတဲ့နောက် ဖရက်၊ အေမီနဲ့ မက်ဒါနာတို့သုံးယောက်ပဲ ကျန်ပါတော့တယ်။ အေမီက မက်ဒါနာကို
ကြည့်လိုက်ပြီး

"မမလေး၊ အဲဒီဗီဒီယိုကို အွန်လိုင်းပေါ်တင်ပြီး ဖြေရှင်းလိုက်ရမလား။"

"မလိုဘူး၊ သူတို့ဘာသာ သူတို့ဗီဒီယိုတွေကို အတုလို့ပြောပြီး အလိုလိုဖြုတ်ချသွားလိမ့်မယ်။" မက်ဒါနာက ကျန်နေသေးတဲ့ ကော်ဖီကို မော့ချလိုက်ရင်းပြောပါတယ်။

ဝှစ်....

လေပြေတစ်ချက်တိုက်သွားပြီး မက်ဒါနာရဲ့ဘေးခုံမှာ လူတစ်ရပ်လောက်အရွယ်ရှိတဲ့ ကြောင်နက်ကြီးတစ်ကောင် ဝင်ထိုင်နေတယ်။ သူ့လက်ထဲမှာတော့
အေမီရဲ့ကော်ဖီခရားကိုကိုင်ထားပြီး စက္ကူခွက်လေးတစ်ခုထဲကို အပြည့်ငှဲ့လိုက်တယ်။

"ခရားထဲမှာ ကော်ဖီအများကြီးကျန်သေးတယ်ဆိုတော့ ငါသောက်လို့ရတယ်မဟုတ်လား။"

အေမီက တစ်ခုခုပြောချင်ပေမဲ့ မက်ဒါနာက ခေါင်းညိတ်ပြလိုက်တယ်။ "ရှင်က ကျွန်မတို့ပြဿနာတက်မှာကို ကြိုသတိပေးထားတဲ့သူဆိုတော့ ကိစ္စမရှိပါဘူး။"

"ကောင်မလေး၊ အဲဒီဗီဒီယိုက အတုမဟုတ်လား။" ကြောင်နက်က ကော်ဖီသောက်နေရင်းကနေ ပြောလိုက်တယ်။ မက်ဒါနာက ခေါင်းညိတ်လိုက်ပြီးတော့
"ကျွန်မတို့ကျောင်းသားတွေရဲ့ပြောစကားပေါ်မူတည်ပြီး CGIနည်းပညာနဲ့ အစစ်နီးနီးတူတဲ့ CCTV ဗီဒီယိုတစ်ခုဖန်တီးလိုက်တာလေ။"

"အမှန်တရားကိုဖော်ထုတ်ဖို့ အတုအယောင်တစ်ခုကို
အသုံးပြုတယ်ပေါ့။ စိတ်ဝင်စားစရာ နည်းဗျူဟာပဲ။"

ကြောင်နက်က ပြောတော့ မက်ဒါနာက ခေါင်းညိတ်ပြလိုက်တယ်။ "ရှင်ကရော ဒီနေ့ဘာမှလုပ်စရာမရှိဘူးလား။"

"ငါ့တပည့်လေးကို တစ်နေရာခေါ်သွားပြီး ထပ်လေ့ကျင့်ပေးမလို့လေ။ ဒီတော့တိုက်တိုက်ဆိုင်ဆိုင် မင်းတို့ကိစ္စကို ဝင်ကြည့်ဖြစ်သွားတာ။" ကြောင်နက်က ပြောပြောဆိုဆိုနဲ့ ဖရက်ဘက်ကို လှည့်ကြည့်လိုက်ပါတယ်။ ဖရက်ကတော့ ကျောချမ်းသွားလေရဲ့။

"ဆရာ၊ အဲဒါထပ်လုပ်ဦးမလို့လား။"

"အေး၊ ဒီတစ်ခါတော့ ငါက ကျားဖြူပြောင်းပြီးမင်းကိုတိုက်မှာ။ ငါ့ကိုပြန်ချနိုင်မှ မင်းကိုတကယ်အရည်အချင်းပြည့်မီပြီလို့သတ်မှတ်မယ်။"

ကြောင်နက်က ပြောပြောဆိုဆိုနဲ့ ကော်ဖီကို အကုန်မော့ချလိုက်ပြီး ​ဖရက်ဂုတ်ကို ဆုပ်ကိုင်လိုက်တယ်။
ဖရက်ကတော့ မက်ဒါနာကိုမော့ကြည့်ပြီး "မင်းသမီးလေးရေ၊ ကျွန်တော်ပြန်မလာခင်အထိ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးနော်။"

ဖရက်က တခြားမှာစရာတွေရှိသေးပုံရပေမဲ့ လေ့ကျင့်ပေးချင်နေတဲ့ ဆရာကြောင်နက်က အစည်းအဝေးခန်းပြတင်းပေါက်ကိုဖွင့်ပြီး အပြင်ကိုဖရက်နဲ့အတူ ခုန်ထွက်သွားတယ်။

မက်ဒါနာ: "....."

"ကြည့်ရတာ သခင်မလေးနားမှာ ရစ်သီရစ်သီလုပ်နေတဲ့ ယင်ကောင်ဖရက်တော့ သူ့ဆရာအတင်းလေ့ကျင့်ပေးတာ ခံရဦးမယ့်ပုံပဲ။ အနှောင့်အယှက်တစ်ခုလျော့သွားတာပေါ့လေ။ ဟူး။" အေမီ စိတ်သက်သာရသွားဟန်နဲ့ သက်ပြင်းချလိုက်ပေမဲ့ မက်ဒါနာက တဖြည်းဖြည်းဝေးသွားတဲ့ ဖရက်နဲ့ကြောင်နက်ကိုပဲ စိုက်ကြည့်နေမိတယ်။

....

မက္ကဆီကိုနိုင်ငံ၊ စိမ်းစိုသော သစ်တောတစ်ခု။

ကောင်းကင်တစ်ခုလုံးကို မြူနှင်းတွေက ဖုံးလွှမ်းထားတဲ့အတွက် ခပ်ဝေးဝေးကို မမြင်ရ။ သစ်တောရဲ့အလယ်ခေါင်မှာ မြေနီလမ်းလေးတစ်ခုရှိနေသေးတဲ့အတွက် တောသိပ်မနက်သေးကြောင်း သိနိုင်တယ်။
ဒါပေမဲ့ ဩစတင်းလိုမျိုး လူငယ်လေးတစ်ယောက်အဖို့တော့ အန္တရာယ်များနေဆဲပါ။

အသားညိုညိုနဲ့ဆံပင်အနက် မျက်လုံးအနက်ရောင်တွေရှိတဲ့ ဆယ့်ငါးနှစ်အရွယ်ကောင်လေးက လက်ထဲမှာ တုတ်ချွန်တစ်ချောင်းကိုဝင်လာရင်း တောထဲမှာ တစ်စုံတစ်ယောက်ကို လိုက်လံရှာဖွေနေတဲ့ပုံပါပဲ။

"အော်ရိုရာ.... အော်ရိုရာရေ၊ နင်ဘယ်မှာလဲ။"

  တဖြည်းဖြည်းဝင်လာရင်းကနေ တောကနက်သည်ထက်နက်လာနေပြီ။ ဒါပေမဲ့ မလုပ်လို့မဖြစ်တဲ့ ကိစ္စတစ်ခုကြောင့် သူဒီကိုရောက်နေတာဖြစ်ပြီး လူတစ်ယောက်ရဲ့အပြုံးပန်းတစ်ပွင့်က သူ့ကိုသတ္တိတွေပေးစွမ်းထားခဲ့တယ်လေ။

"အော်ရိုရာ၊ တော်သေးတာပေါ့။" ကောင်လေးရဲ့မျက်နှာက ဝမ်းပသွားပြီး လမ်းပေါ်ကနေဆင်းကာ
တစ်နေရာကို ပြေးသွားလိုက်တယ်။ အဲဒီနေရာမှာ ဧရာမကျောက်တုံးကြီးတစ်ခုရှိနေပြီး သစ်တုံးကြီးရဲ့အပေါ်မှာတော့ သူနဲ့ရုပ်ချင်းဆင်ပြီး ကျစ်ဆံမြီးနှစ်ဖက်ခွဲစီးထားတဲ့ ကလေးမလေးတစ်ယောက်ရှိလို့နေပါတယ်။ ဒါပေမဲ့ ကောင်မလေးရဲ့မျက်လုံးတွေက သူ့လိုမဟုတ်ဘဲ အပြာရောင်ဖြစ်နေပြီး ပိုလည်းငယ်ပုံပေါ်တယ်။ ကောင်မလေးက ဘာကိုမှဂရုစိုက်ပုံမပေါ်ဘဲ သစ်တောထဲက အဝေးတစ်နေရာကိုပဲ စိုက်ကြည့်နေခဲ့ပါတယ်။

"အော်ရိုရာ... အော်ရိုရာ၊ စိတ်ကောက်နေပြန်ပြီလား။"

ကောင်လေးက အနားကိုရောက်လာပြီး အော်ရိုရာရဲ့ခန္ဓာကိုယ်ကို လှုပ်နှိုးတယ်။ အတော်ကြာတဲ့အထိ လှုပ်နှိုးလို့မရတာမလို့ ကောင်လေးလန့်လာပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အော်ရိုရာထိုင်နေတာ ဧရာမကျောက်ဆောင်ကြီးမဟုတ်ဘဲ ရှေးခေတ်ကနည်းလမ်းတွေနဲ့လုပ်ထားတဲ့ လေးထောင့်ပုံယဇ်ပလ္လင်လိုအရာတစ်ခုဖြစ်နေမှန်း သတိထားမိလိုက်တယ်။ ပလ္လင်ပေါ်မှာ ထူးဆန်းတဲ့ရုပ်ပုံတွေပါပေမဲ့ ဘာတွေမှန်းတော့ ကောင်လေးမသိ။

"ဒုက္ခပါပဲ၊ လူကြီးတွေပြောတဲ့ မိစ္ဆာပိရစ်မစ်ကျောင်းကြီးနဲ့များ နီးနေပြီလားမသိဘူး။ အော်ရိုရာကို မိစ္ဆာတွေများ ပြုစားသွားလေသလား။"

ကောင်လေးစိတ်ပူလာပြီး သူ့ညီမလေးကို ပြင်းပြင်းထပ်လှုပ်နှိုးလိုက်တယ်။ "အော်ရိုရာ..."

"ဟင်..." ဒီတစ်ခါမှ ကောင်မလေးနိုးလာပြီး သူ့ရဲ့မျက်လုံးတွေမှာ အာရုံစိုက်မှုကို ပြန်မြင်ရတယ်။ မျက်လုံးပြာပြာတွေက ဩစတင်းကိုကြည့်လိုက်ပြီး အားယူပြုံးလိုက်ပါတယ်။

"ကိုကြီး..."

"တော်သေးတာပေါ့၊ အစ်ကိုကြီးက လူကြီးတွေပြောသလို ညီမလေးလိပ်ပြာလွင့်သွားပြီလို့ ထင်နေတာ။"

ကောင်မလေးကတော့ ဘာမှပြန်မပြောဘဲ ပြုံးသာပြနေပါတယ်။ ဩစတင်းကတော့ သူ့ညီမလေးရဲ့စုတ်ပြဲနေတဲ့ အဝတ်အစားတွေကိုကြည့်ရင်း သူ့ရဲ့အပေါ်ဝတ်အင်္ကျီကို ချွတ်ပေးပြီးခြုံပေးလိုက်တယ်။

"တောထဲကို အတင်းဝင်ပြေးရင်း ခြုံတွေနဲ့တိုးမိပြန်ပြီမဟုတ်လား။ အချိန်ရှိတုန်း အိမ်ပြန်ကြရအောင်။"

အဝတ်အစားတွေပျက်စီးနေပေမဲ့ ဒဏ်ရာတွေမရှိတဲ့
ကောင်မလေးရဲ့ထူးခြားမှုကို ဩစတင်းက သိပုံမပေါ်ဘဲ ကုန်းပိုးချီလိုက်တယ်။ သူ့ခြေထောက်တွေ လမ်းကြမ်းကိုဖြတ်လာရလို့ သွေးတွေထွက်နေပြီပေမဲ့ သူ့ညီမလေးကို လမ်းလျှောက်ခွင့်ပေးမယ့်ပုံမပေါ်ဘူး။

မကြာခင်မှာပဲ သူတို့နှစ်ယောက် မြေညီလမ်းပေါ်မှာသွားနေပြီဖြစ်ပြီး သစ်တောထဲကနေ တဖြည်းဖြည်းချင်းထွက်လာကြတယ်။ "နောက်ဆိုရင် တောထဲကို
တစ်ယောက်တည်းထပ်မဝင်နဲ့တော့နော်၊ အဖွားအမ်ဒရေပြောတာတော့ တောထဲမှာ မကောင်းတဲ့ပြုစားတတ်တဲ့ ဝိညာဥ်တွေနေတယ်တဲ့။"

"ဟုတ်...." ကောင်မလေးက စိတ်ခံစားချက်မရှိသေနေတဲ့ မျက်လုံးတွေနဲ့ ပြန်ဖြေလိုက်တယ်။ မကြာခင်မှာပဲ တောနဲ့ထိစပ်နေတဲ့ မြို့ငယ်လေးဆီကို သူတို့တွေရောက်လာကြတယ်။ စုတ်ချာညစ်ပတ်နေတဲ့ လမ်းကြားတချို့ကို ဖြတ်လာပြီးတဲ့နောက်တော့ သူတို့ရဲ့အိမ်လို့မခေါ်နိုင်တဲ့အိမ်လေးရှေ့ကို ရောက်လာကြတယ်။

ဒါပေမဲ့ သူတို့ကိုစီးကြိုနေခဲ့တာက ပြုံးပျော်နေတဲ့ အမေရဲ့မျက်နှာမဟုတ်ပါဘူး။ အဲဲဒီအစား ဒေါသထွက်နေတဲ့ ယောက်ျားကြီးတစ်ယောက်ရဲ့မျက်နှာပါ။

"ဩစတင်း၊ မင်းကပါ စျေးသွားမရောင်းဘဲ အဲဒီကောင်မလေးကို သွားရှာရဲတယ်ပေါ့။ အဲဒီကောင်မကို မင်းကျောပေါ်ကနေ ချလိုက်။"

ဩစတင်းရဲ့နှလုံးသားက အဖြစ်အပျက်ကိုငြင်းဆန်ချင်နေပေမဲ့ အဲဒီလူရဲ့စကားကို မငြင်းဆန်နိုင်တဲ့အတွက် အော်ရိုရာကို ကျောပေါ်ကနေ ချလိုက်ပါတယ်။ လူကြီးကတော့ သူဝတ်ထားတဲ့ ဂျင်းဘောင်းဘီစုတ်မှာပတ်ထားတဲ့ ခါးပတ်ကိုချွတ်လိုက်ပြီး ကလေးမလေးကို စရိုက်တယ်။ အသားတွေပွန်းပဲ့သွားပြီး သွေးတွေထွက်လာပေမဲ့ မရပ်တန့်ခဲ့ဘူး။

နောက်ဆုံးတော့ ရိုက်နှက်နေတဲ့ အသံဗလံတွေကြောင့် မျက်တွင်းတွင်ချောင်ကျနေပေမဲ့ ကြည့်ကောင်းနေသေးတဲ့ အမျိုးသမီးကြီးတစ်ယောက်ထွက်လာပြီး ကြားဝင်ဆွဲရတဲ့အထိပဲ။

"ဒီရေဂို၊ ရှင့်သမီးမဟုတ်တိုင်း သူ့ကိုမရိုက်ပါနဲ့။" အမျိုးသမီးကြီးဆီကနေ ခပ်တိုးတိုးစကားသံထွက်လာပေမဲ့ လူကြီးက မရပ်မနားဘဲ အော်ရိုရာကိုရော
မိခင်ကိုပါ အတူတွဲရိုက်တယ်။ နောက်ဆုံး​ဩစတင်းမနေနိုင်တော့ဘဲ အဲဒီလူကြီးကိုတွန်းထုတ်ရတဲ့အထိပဲ။ လူကြီးလည်း ဒေါသထွက်သွားပြီး ဩစတင်းကိုပါ မဲရိုက်တော့တာပေါ့။ နောက်ဆုံးသူမောသွားမှ ဘီယာပုလင်းကို ကောက်ကိုင်လိုက်ပြီး ဩစတင်းကိုပြောလိုက်တယ်။

"အရိုက်ခံထားရလို့ဆိုပြီး အလုပ်မလုပ်ဘဲ နေလို့ရမယ်မထင်နဲ့၊ သွား။ အထုပ်တွေပြင်ပြီး ကားဂိတ်ကိုသွား အအေးရောင်းတော့။"

Continue Reading

You'll Also Like

587K 104K 107
Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3 extras (Completed) Genres : Action , Mys...
1.2K 118 22
ကျွန်မနာမည်ကလွမ်းနေခြည်ကျွန်မကသာမန်မိန်းကလေးတစ်ယောက်ပါကျွန်မကbl gl novel တွင်အရမ်းဖတ်လွန်းလို့ကိုယ့်ကိုကိုnovel ထဲကဇာတ်လိုက်မင်းသမီးဖြစ်ချင်နေတဲ့အရူး...
1.2M 215K 92
ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy (秃子小贰) Translation Status - Completed ...
637K 36.5K 55
ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်းလေးပဲရေးထားတာပါ။ စိတ်ကူးထဲကအတိုင်းရေးထားတာမို့ အပြင်မှာ လက်တွေ့မဆန်တဲ့အရာတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ကောင်လေးနှစ်ယ...