ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

By KimHsuYoon99

114K 13.8K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108

Chapter 45

1K 145 1
By KimHsuYoon99

Unicode

လော့ချယ်က ကုမျန်ရဲ့မီဒီယာနဲ့ အင်တာနက်အသုံးပြုသူများအပေါ် တုံ့ပြန်မှုကို တွေးမိသွားတယ်။ သူ့မျက်၀န်းထဲ အပြုံးတစ်ပွင့် ပေါ်လာပြီးနောက် ထိုအပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်။ သူက လက်မြှောက်ပြီး မျက်ခုံးတွေကို ဖျစ်ညှစ်လိုက်ရင်း "သူမက အရမ်းရိုးသားလွန်းတယ် အဲ့ဒါက လူတွေကို မကျေမနပ်ဖြစ်စေလောက်တယ် "

ကုကော်အန်းရဲ့အသက်မွေးဝမ်းကြောင်က လတ်တလောနှစ်တွေမှာ တိုးတက်လာပြီး ကုမိသားစုကလည်း ကြီးမားတဲ့မိသားစုဖြစ်လာခဲ့ပေမယ့်လည်း  နယ်ပယ်ထဲမှာဆိုရင်တော့ အကောင်းဆုံးမဟုတ်ပေ။ ကုမိသားစုကို စော်ကားနိုင်သူ တစ်ယောက်မှ မရှိတာမဟုတ်ပါဘူး။ ဒါက အကျိုးစီးပွားချင်း ပဋိပက္ခမရှိရုံမျှသာပင်။

ကုမျန်ရဲ့ရိုးသားတဲ့ ကိုယ်ရည်ကိုယ်သွေးကို တန်ဖိုးထားသူတွေက သူမကို သဘောကျကြပေမယ့်လည်း အဆုံးမှာတော့ သူမက ယွမ် (ငွေ) မဟုတ်တာကြောင့် လူတိုင်းက သူမကို သဘောကျရန် မဖြစ်နိုင်ပေ။ ဒါကြောင့် အချို့လူတွေဆို သူမရဲ့ကိုယ်ရည်ကိုယ်သွေးကို မနှစ်မြို့ခြင်း ဒါမှမဟုတ် မနာလိုခြင်းပင် ဖြစ်သွားနိုင်တယ်။ သူမ ဖြစ်ချင်တာကို လုပ်နိုင်ပြီး ပြောချင်တာပြောလို့ရကာ သူမစိတ်ကြိုက် အရာအားလုံးလုပ်လို့ရနေတာကို မနာလိုဖြစ်ကြလိမ့်မယ်။

လော့ကျစ်ယွီက တုံ့ဆိုင်းနေပြီး "ဘာပဲဖြစ်ဖြစ် မင်းရဲ့ကောင်မလေးက ကံကောင်းတဲ့သူလို့ ငါထင်တယ်၊ မင်းငါ့ကို မယုံရင် စောင့်ကြည့်နေလိုက်"

တစ်ဖက်မှာတော့ ရှောင်ကျူးက ကုမျန်ရဲ့နားထဲ တိုးတိုးလေးပြောလာတယ်။ "မျန်းမျန်၊ ပထမတော့ နင်နဲ့ လော့လောင်ရှီးမှာ တကယ်ကြီးတစ်ခုခုရှိနေတယ်လို့ ထင်ခဲ့ပေမဲ့ အခု ငါအဲ့လို မထင်‌တော့ဘူး"

ကုမျန်က သူမကို ထူးဆန်းစွာ စိုက်ကြည့်ရင်း "ဘာကြီးလဲ"

ရှောင်ကျူးက လှုပ်လှုပ်ရွရွဖြစ်နေတယ်။"နင် သူ့ကိုကြည့်ဖို့ အစပျိုးခဲ့ပေမယ့် သူက နင့်ကိုတောင် အကြည့်တစ်ချက် မပေးခဲ့ဘူးလေ! ကျစ်!ကျစ်!၊ သူ့ပရိသတ်တွေ ပျော်သင့်တယ်"

နောက်ဆုံးမှာတော့ လော့ချယ်ရဲ့ ပရိသတ်တွေက မကောင်းသတင်းနဲ့ကျော်ကြားတဲ့ မနာလိုဖြစ်တတ်သူတွေပါ။ Public duetမှာ လော့ချယ်နဲ့ သရုပ်ဆောင်မင်းသမီးက တစ်ယောက်နဲ့တစ်ယောက် မကြည့်ခဲ့ကြဘူး။ သူတို့ မပျော်ရွှင်သင့်ဘူးလား။

ကုမျန်ရဲ့နှလုံးသားထဲမှာတော့ အပြောင်းအလဲမရှိသွားခဲ့ပေ။

ဘာမှကိုမဖြစ်တာ။

ဒုတိယအကြိမ်မြောက် road showအပြီးမှာ ရိုက်ကူးရေးအဖွဲ့က ညစာစားပွဲစီစဉ်ပေးတယ်။ ကုမျန်က ဒီလိုဖျော်ဖြေမှုမျိုးကို သိပ်စိတ်မဝင်စားတဲ့အတွက် သွားဖို့ အစီအစဉ်မရှိဘူး။

သူမနဲ့ရှောင်ကျူး နှစ်ယောက်စလုံးက အနားယူဖို့ ဟိုတယ်ကို စောစောပြန်ချင်ကြတယ်။

သူမတို့ရဲ့အမြင်အရတော့ ညစာစားပွဲမှာ ဝိုင်သောက်နေရတာထက် အသင့်စား‌ခေါက်ဆွဲပြုတ် စားရတာလေးကတောင် ပိုကောင်းသေးတယ်။

ကုမျန်နဲ့ရှောင်ကျူးတို့ celebrity meeting ကျင်းပပွဲရဲ့ တံခါးငယ်လေးဆီ လျှောက်သွားလိုက်တာနဲ့ မိုးဖွဲဖွဲလေး စကျလာတော့တယ်။

မြောက်ဘက်ပိုင်းက ဆောင်းရာသီက အမြဲစောလေ့ရှိတယ်။

ကုမျန်ရော ရှောင်ကျူးရော တစ်ယောက်မှ ထီးပါမလာကြဘူး။ မိုးက သည်းသည်းထန်ထန်ရွာနေပြီး မိုးရေထဲမှာ နှင်းပွင့်အချို့ပါလာတယ်။ အေးစက်စက်လေပြင်းတစ်သုတ် တိုက်ခတ်လာပြီး ရှောင်ကျူးက ခိုက်ခိုက်တုန်သွားတော့တယ်။

သူမက ထူထဲတဲ့အဝတ်အစားတွေ ၀တ်ဆင်ထားပြီး အပြုအမူကို သိပ်ဂရုမစိုက်နေတဲ့ ကုမျန်ကို တစ်ချက်ကြည့်လိုက်တယ်။ ကောင်မလေး(ကုမျန်)က ကုတ်အင်္ကျီထဲမှာ သူမရဲ့ခေါင်းကို ဝှက်ထားလုနီးပါးပင်။ သူမက မနာလိုစွာနဲ့ စကားမပြောပဲမနေနိုင်ခဲ့ဘူး။ “မျန်းမျန်၊ နင်က အမြော်အမြင်ရှိတယ် အဝတ်ထူထူဝတ်ရမယ်ဆိုတာ သိတယ်"

‌ကုမျန်က သူမရဲ့လည်ပင်းမှာပတ်ထားတဲ့ ပဝါထူထူကို ရှောင်ကျုးကိုပေးလိုက်ပြီး "ဒါကို ခြုံထားလိုက်"

ရှောင်ကျူးက သူမကို ကျေးဇူးတင်မိသွားပြီး လေးတွဲ့စွာ ပြောလိုက်တယ်။"မျန်းမျန်၊ နင်က အကောင်းဆုံးပဲဆိုတာ ငါသိသားပဲ"

သူမက ပဝါနဲ့သူမကိုယ်သူမခြုံလိုက်ကာ ကျေနပ်စွာ သက်ပြင်းချလိုက်ပြီး "မျန်းမျန် နင်က ဖျော်ဖြေရေးနယ်ပယ်ထဲက တခြားသူတွေလိုမျိုး  *idol ရဲ့အိတ်လေး မသယ်ထားဘူးပဲ ဒီလိုလုပ်နိုင်တဲ့ အမျိုးသမီးကြယ်ပွင့်တွေက နည်းနည်းလေးပဲရှိပြီး ငါ့လက်တစ်ဖက်တည်းနဲ့တောင် ရေတွက်လို့ရတယ်"

ကုမျန်က မျက်တောင်ခတ်လိုက်ပြီး "ဘာလို့ တခြားသူတွေနဲ့ ကိုယ့်ကိုကိုယ်နှိုင်းယှဥ်ရမှာလဲ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်တာက မလုံလောက်လို့လား"

ကုမျန်ရဲ့စကားတွေက အဓိပ္ပါယ်ရှိတယ်။

အေးရင် အနွေးထည်ဝတ်ပြီး တခြားသူတွေ အအေးခံချင်ရင်တော့ သူတို့ကို ပေးအေးခဲထားလိုက်ပေါ့။

ကုမျန်ကြောင့် သူမရဲ့ အတွေးတချို့ ဘယ်အချိန်ကတည်းက စတင်ပြောင်းလဲနေတာလဲဆိုတာ ရှောင်ကျူးမသိဘူး။ ဒါက အတိတ်တုန်းကသာဆိုရင် "ဖျော်ဖြေရေးနယ်ပယ်ထဲက မင်းသမီးတွေက အမျိုးမျိုးသော နှိုင်းယှဥ်မှုတွေနဲ့ ကြုံရမှာပဲ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်ရှိမှသာ ပန်းပေါင်းတစ်ရာပွင့်နိုင်မှာပေါ့ မဟုတ်ရင် ဖျော်ဖြေရေးနယ်ပယ်ကြီး ရှိနေပါ့တော့မလား"လို့ သူမ သေချာပေါက်ပြန်ငြင်းမိလိမ့်မယ်။

ဒါပေမယ့်၊ ကုမျန်နဲ့အချိန်အတော်ကြာ အတူရှိပြီးနောက် ရှောင်ကျူးက အရင်ကလိုမျိုး အမြန်အောင်မြင်ဖို့ စိတ်အားထက်သန်ခြင်းမရှိတော့ပေ။

မိုးသည်းထန်စွာ ရွာသွန်းနေတာကိုကြည့်ရင်း ကုမျန်က ခြေထောက်ဆောင့်လိုက်တယ်။ မိုးက ခဏလောက်နဲ့ မရပ်မယ့်ပုံရတယ်။ ဒါပေမယ့် အရိပ်ခိုဖို့အတွက် သူမနဲ့ ရှောင်ကျူးတို့က ဟိုတယ်နဲ့ဝေးတဲ့ နေရာလေးတစ်ခုဆီကို ရောက်လာကြတာလေ။ ထီးငှားဖို့ လမ်းလျှောက်ပြန်သွားရင် အသွားအပြန် မိနစ် ၂၀ ကြာလိမ့်မယ်။

မူလအစီအစဥ်က ကောင်းမွန်ပြီး သူမနဲ့ ရှောင်ကျူးက ညစာစားပွဲဆီ မသွားဘူးဆိုတာကို ဘယ်သူမှ သတိမထားမိကြဘူး။ ဒါပေမယ့် ရာသီဥတုက မလှပတော့ဘဲ ရုတ်တရက်ကြီး မိုးရွာပြီး နှင်းတွေကျလာလိမ့်မယ်လို့ ဘယ်သူကသိပါ့မလဲ။

ကုမျန် ထီးငှားဖို့အတွက် ပြန်သွားဖို့စဉ်းစားနေချိန်မှာပဲ အနက်ရောင်ထီးတစ်ချောင်းက သူမရဲ့ခေါင်းထက်မှာ ပေါ်လာတယ်။

သူမ တစ်ဖက်ကိုကြည့်လိုက်တော့ အနက်ရောင် ကုတ်အင်္ကျီရှည်ဝတ်ထားတဲ့ လော့ချယ်က သူမနောက်အနည်းငယ်အကွာမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။

လော့ချယ်က မေးလာတယ်။ "မင်းဟိုတယ်ပြန်မလို့လား"

ကုမျန်က "ဟုတ်တယ်"

လော့ချယ်က ခြေတစ်လှမ်း,လှမ်းလိုက်ပြီး "သွားရအောင်လေ"

ကုမျန် သူ့ကိုမေးလိုက်ရတယ်။ "ရှင် ညစာစားပွဲကို မသွားဘူးလား"

"မသွားဘူး!"

အနောက်ဘက်မှာရှိနေတဲ့ လော့ကျစ်ယွီက ပြုံးလိုက်ပြီး တွေဝေမိန်းမောကာ တုံ့ပြန်လာခြင်းမရှိတဲ့ ရှောင်ကျုးကို ထီးအပိုကမ်းပေးလိုက်တယ်။ "ဒီမှာ ထီး"

ရှောင်ကျူးက ထီးကို မျက်နှာချို‌သွေးစွာနဲ့ လက်ခံလိုက်ပြီး "ကျေးဇူးတင်ပါတယ်"

လော့ကျစ်ယွီက ညင်သာစွာ ပြုံးပြလိုက်ကာ "ရပါတယ်"

ရှောင်ကျူးက ခြေလှမ်းအနည်းငယ်ခုန်လိုက်ပြီး "တိုက်ဆိုင်လိုက်တာ၊ အစ်ကိုတို့နဲ့တွေ့ဖို့ မမျှော်လင့်ထားဘူး"

တိုက်ဆိုင်မှုလား။

သေချာပေါက်မဟုတ်ဘူးပေါ့။

ဒါပေမယ့် လော့ကျစ်ယွီက စကားအများကြီးမပြောဘဲ ပြုံးရုံပြုံးလိုက်ပြီး ထီးကိုင်ထားတဲ့ ရှောင်ကျူးနဲ့အတူ ရှေ့ကလူနှစ်ယောက်နောက်ကို လျှောက်သွားလိုက်တယ်။

မိုးက ပိုသည်းလာပြီး ဘယ်ဘက်ခြမ်းဆီကလာတဲ့ လေအေးတွေနဲ့အတူ အအေးဓာတ်က လူတွေကို ခိုက်ခိုက်တုန်စေတယ်။

ရှောင်ကျူးက တစ်ခုခုပြောလိုက်ချင်ပေမယ့် လော့ချယ်က ထီးကို ကုမျန်ဘက်တိတ်တဆိတ် ကာထားပေးတာကို တွေ့လိုက်ရတယ်။ သူ့ပခုံးတစ်ဝက်ကတော့ အပြင်ဘက်ကို အကာအကွယ်မဲ့ရောက်နေတယ်လေ။

သူက ထီးကိုင်ထားတဲ့အချိန်မှာ အရမ်းဂရုစိုက်ပြီး ထောက်ထားညှာတာပေးထားတာပဲ။

လော့လောင်ရှီးက သီးသန့်ဆန်တဲ့လူတစ်ယောက် မဟုတ်ဘူးလား။

Miao-

偶像包袱  [ou xiàng bão fu]  idol ရဲ့အိတ်ဆိုတာက ပရိသတ်တွေ မဆုံးရှုံးသွားစေဖိို့ တည်ဆောက်ထားတဲ့ပုံရိပ်ကို ထိန်းသိမ်းတာကိုပြောတာပါ။

ဒီအင်တာနက်ဘန်းစကားအသုံးအနှုန်းက ပရိသတ်တွေ ဆုံးရှုံးရမှာစိုးတာကြောင့် လူထုကို အစစ်အမှန်သူတို့ကို ဖုံးကွယ်ထားတဲ့ အနုပညာရှင်တွေ ဒါမှမဟုတ် နာမည်ကြီးတွေကို ရည်ညွှန်းပါတယ်။ သူတို့က ကျော်ကြားမှုကို ထိန်းသိမ်းဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတဲ့ ပုံရိပ်ကို ထိန်းသိမ်းကြရတယ်။

T/N- တောင်းပန်ပါတယ်နော်။ ပုံမှန်က သုံးရက်တပိုင်းတင်နေကျကို တလောက မျက်စိနာလို့ ဖုန်းသိပ်မကြည့်ရတော့ မတင်ပေးလိုက်ရဘူး။ အခု double updateပေးထားတယ်နော်။ paidမှာတော့ ch 160ကိုရောက်နေပါပြီ။






Zawgyi

ေလာ့ခ်ယ္က ကုမ်န္ရဲ႕မီဒီယာနဲ႕ အင္တာနက္အသုံးျပဳသူမ်ားအေပၚ တုံ႕ျပန္မႈကို ေတြးမိသြားတယ္။ သူ႕မ်က္၀န္းထဲ အၿပဳံးတစ္ပြင့္ ေပၚလာၿပီးေနာက္ ထိုအၿပဳံးက တျဖည္းျဖည္း ေပ်ာက္ကြယ္သြားခဲ့တယ္။ သူက လက္ျမႇောက္ၿပီး မ်က္ခုံးေတြကို ဖ်စ္ညွစ္လိုက္ရင္း "သူမက အရမ္းရိုးသားလြန္းတယ္ အဲ့ဒါက လူေတြကို မေက်မနပ္ျဖစ္ေစေလာက္တယ္ "

ကုေကာ္အန္းရဲ႕အသက္ေမြးဝမ္းေၾကာင္က လတ္တေလာႏွစ္ေတြမွာ တိုးတက္လာၿပီး ကုမိသားစုကလည္း ႀကီးမားတဲ့မိသားစုျဖစ္လာခဲ့ေပမယ့္လည္း  နယ္ပယ္ထဲမွာဆိုရင္ေတာ့ အေကာင္းဆုံးမဟုတ္ေပ။ ကုမိသားစုကို ေစာ္ကားနိုင္သူ တစ္ေယာက္မွ မရွိတာမဟုတ္ပါဘူး။ ဒါက အက်ိဳးစီးပြားခ်င္း ပဋိပကၡမရွိ႐ုံမွ်သာပင္။

ကုမ်န္ရဲ႕ရိုးသားတဲ့ ကိုယ္ရည္ကိုယ္ေသြးကို တန္ဖိုးထားသူေတြက သူမကို သေဘာက်ၾကေပမယ့္လည္း အဆုံးမွာေတာ့ သူမက ယြမ္ (ေငြ) မဟုတ္တာေၾကာင့္ လူတိုင္းက သူမကို သေဘာက်ရန္ မျဖစ္နိုင္ေပ။ ဒါေၾကာင့္ အခ်ိဳ႕လူေတြဆို သူမရဲ႕ကိုယ္ရည္ကိုယ္ေသြးကို မႏွစ္ၿမိဳ႕ျခင္း ဒါမွမဟုတ္ မနာလိုျခင္းပင္ ျဖစ္သြားနိုင္တယ္။ သူမ ျဖစ္ခ်င္တာကို လုပ္နိုင္ၿပီး ေျပာခ်င္တာေျပာလို႔ရကာ သူမစိတ္ႀကိဳက္ အရာအားလုံးလုပ္လို႔ရေနတာကို မနာလိုျဖစ္ၾကလိမ့္မယ္။

ေလာ့က်စ္ယြီက တုံ႕ဆိုင္းေနၿပီး "ဘာပဲျဖစ္ျဖစ္ မင္းရဲ႕ေကာင္မေလးက ကံေကာင္းတဲ့သူလို႔ ငါထင္တယ္၊ မင္းငါ့ကို မယုံရင္ ေစာင့္ၾကည့္ေနလိုက္"

တစ္ဖက္မွာေတာ့ ေရွာင္က်ဴးက ကုမ်န္ရဲ႕နားထဲ တိုးတိုးေလးေျပာလာတယ္။ "မ်န္းမ်န္၊ ပထမေတာ့ နင္နဲ႕ ေလာ့ေလာင္ရွီးမွာ တကယ္ႀကီးတစ္ခုခုရွိေနတယ္လို႔ ထင္ခဲ့ေပမဲ့ အခု ငါအဲ့လို မထင္‌ေတာ့ဘူး"

ကုမ်န္က သူမကို ထူးဆန္းစြာ စိုက္ၾကည့္ရင္း "ဘာႀကီးလဲ"

ေရွာင္က်ဴးက လႈပ္လႈပ္႐ြ႐ြျဖစ္ေနတယ္။"နင္ သူ႕ကိုၾကည့္ဖို႔ အစပ်ိဳးခဲ့ေပမယ့္ သူက နင့္ကိုေတာင္ အၾကည့္တစ္ခ်က္ မေပးခဲ့ဘူးေလ! က်စ္!က်စ္!၊ သူ႕ပရိသတ္ေတြ ေပ်ာ္သင့္တယ္"

ေနာက္ဆုံးမွာေတာ့ ေလာ့ခ်ယ္ရဲ႕ ပရိသတ္ေတြက မေကာင္းသတင္းနဲ႕ေက်ာ္ၾကားတဲ့ မနာလိုျဖစ္တတ္သူေတြပါ။ Public duetမွာ ေလာ့ခ်ယ္နဲ႕ သ႐ုပ္ေဆာင္မင္းသမီးက တစ္ေယာက္နဲ႕တစ္ေယာက္ မၾကည့္ခဲ့ၾကဘူး။ သူတို႔ မေပ်ာ္႐ႊင္သင့္ဘူးလား။

ကုမ်န္ရဲ႕ႏွလုံးသားထဲမွာေတာ့ အေျပာင္းအလဲမရွိသြားခဲ့ေပ။

ဘာမွကိုမျဖစ္တာ။

ဒုတိယအႀကိမ္ေျမာက္ road showအၿပီးမွာ ရိုက္ကူးေရးအဖြဲ႕က ညစာစားပြဲစီစဥ္ေပးတယ္။ ကုမ်န္က ဒီလိုေဖ်ာ္ေျဖမႈမ်ိဳးကို သိပ္စိတ္မဝင္စားတဲ့အတြက္ သြားဖို႔ အစီအစဥ္မရွိဘူး။

သူမနဲ႕ေရွာင္က်ဴး ႏွစ္ေယာက္စလုံးက အနားယူဖို႔ ဟိုတယ္ကို ေစာေစာျပန္ခ်င္ၾကတယ္။

သူမတို႔ရဲ႕အျမင္အရေတာ့ ညစာစားပြဲမွာ ဝိုင္ေသာက္ေနရတာထက္ အသင့္စား‌ေခါက္ဆြဲျပဳတ္ စားရတာေလးကေတာင္ ပိုေကာင္းေသးတယ္။

ကုမ်န္နဲ႕ေရွာင္က်ဴးတို႔ celebrity meeting က်င္းပပြဲရဲ႕ တံခါးငယ္ေလးဆီ ေလွ်ာက္သြားလိုက္တာနဲ႕ မိုးဖြဲဖြဲေလး စက်လာေတာ့တယ္။

ေျမာက္ဘက္ပိုင္းက ေဆာင္းရာသီက အၿမဲေစာေလ့ရွိတယ္။

ကုမ်န္ေရာ ေရွာင္က်ဴးေရာ တစ္ေယာက္မွ ထီးပါမလာၾကဘူး။ မိုးက သည္းသည္းထန္ထန္႐ြာေနၿပီး မိုးေရထဲမွာ ႏွင္းပြင့္အခ်ိဳ႕ပါလာတယ္။ ေအးစက္စက္ေလျပင္းတစ္သုတ္ တိုက္ခတ္လာၿပီး ေရွာင္က်ဴးက ခိုက္ခိုက္တုန္သြားေတာ့တယ္။

သူမက ထူထဲတဲ့အဝတ္အစားေတြ ၀တ္ဆင္ထားၿပီး အျပဳအမူကို သိပ္ဂ႐ုမစိုက္ေနတဲ့ ကုမ်န္ကို တစ္ခ်က္ၾကည့္လိုက္တယ္။ ေကာင္မေလး(ကုမ်န္)က ကုတ္အကၤ်ီထဲမွာ သူမရဲ႕ေခါင္းကို ဝွက္ထားလုနီးပါးပင္။ သူမက မနာလိုစြာနဲ႕ စကားမေျပာပဲမေနနိုင္ခဲ့ဘူး။ “မ်န္းမ်န္၊ နင္က အေျမာ္အျမင္ရွိတယ္ အဝတ္ထူထူဝတ္ရမယ္ဆိုတာ သိတယ္"

‌ကုမ်န္က သူမရဲ႕လည္ပင္းမွာပတ္ထားတဲ့ ပဝါထူထူကို ေရွာင္က်ဳးကိုေပးလိုက္ၿပီး "ဒါကို ၿခဳံထားလိုက္"

ေရွာင္က်ဴးက သူမကို ေက်းဇူးတင္မိသြားၿပီး ေလးတြဲ႕စြာ ေျပာလိုက္တယ္။"မ်န္းမ်န္၊ နင္က အေကာင္းဆုံးပဲဆိုတာ ငါသိသားပဲ"

သူမက ပဝါနဲ႕သူမကိုယ္သူမၿခဳံလိုက္ကာ ေက်နပ္စြာ သက္ျပင္းခ်လိဳက္ၿပီး "မ်န္းမ်န္ နင္က ေဖ်ာ္ေျဖေရးနယ္ပယ္ထဲက တျခားသူေတြလိုမ်ိဳး  *idol ရဲ႕အိတ္ေလး မသယ္ထားဘူးပဲ ဒီလိုလုပ္နိုင္တဲ့ အမ်ိဳးသမီးၾကယ္ပြင့္ေတြက နည္းနည္းေလးပဲရွိၿပီး ငါ့လက္တစ္ဖက္တည္းနဲ႕ေတာင္ ေရတြက္လို႔ရတယ္"

ကုမ်န္က မ်က္ေတာင္ခတ္လိုက္ၿပီး "ဘာလို႔ တျခားသူေတြနဲ႕ ကိုယ့္ကိုကိုယ္ႏွိုင္းယွဥ္ရမွာလဲ၊ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္တာက မလုံေလာက္လို႔လား"

ကုမ်န္ရဲ႕စကားေတြက အဓိပၸါယ္ရွိတယ္။

ေအးရင္ အႏြေးထည္ဝတ္ၿပီး တျခားသူေတြ အေအးခံခ်င္ရင္ေတာ့ သူတို႔ကို ေပးေအးခဲထားလိုက္ေပါ့။

ကုမ်န္ေၾကာင့္ သူမရဲ႕ အေတြးတခ်ိဳ႕ ဘယ္အခ်ိန္ကတည္းက စတင္ေျပာင္းလဲေနတာလဲဆိုတာ ေရွာင္က်ဴးမသိဘူး။ ဒါက အတိတ္တုန္းကသာဆိုရင္ "ေဖ်ာ္ေျဖေရးနယ္ပယ္ထဲက မင္းသမီးေတြက အမ်ိဳးမ်ိဳးေသာ ႏွိုင္းယွဥ္မႈေတြနဲ႕ ႀကဳံရမွာပဲ တစ္ေယာက္နဲ႕တစ္ေယာက္ အၿပိဳင္အဆိုင္ရွိမွသာ ပန္းေပါင္းတစ္ရာပြင့္နိုင္မွာေပါ့ မဟုတ္ရင္ ေဖ်ာ္ေျဖေရးနယ္ပယ္ႀကီး ရွိေနပါ့ေတာ့မလား"လို႔ သူမ ေသခ်ာေပါက္ျပန္ျငင္းမိလိမ့္မယ္။

ဒါေပမယ့္၊ ကုမ်န္နဲ႕အခ်ိန္အေတာ္ၾကာ အတူရွိၿပီးေနာက္ ေရွာင္က်ဴးက အရင္ကလိုမ်ိဳး အျမန္ေအာင္ျမင္ဖို႔ စိတ္အားထက္သန္ျခင္းမရွိေတာ့ေပ။

မိုးသည္းထန္စြာ ႐ြာသြန္းေနတာကိုၾကည့္ရင္း ကုမ်န္က ေျခေထာက္ေဆာင့္လိုက္တယ္။ မိုးက ခဏေလာက္နဲ႕ မရပ္မယ့္ပုံရတယ္။ ဒါေပမယ့္ အရိပ္ခိုဖို႔အတြက္ သူမနဲ႕ ေရွာင္က်ဴးတို႔က ဟိုတယ္နဲ႕ေဝးတဲ့ ေနရာေလးတစ္ခုဆီကို ေရာက္လာၾကတာေလ။ ထီးငွားဖို႔ လမ္းေလွ်ာက္ျပန္သြားရင္ အသြားအျပန္ မိနစ္ ၂၀ ၾကာလိမ့္မယ္။

မူလအစီအစဥ္က ေကာင္းမြန္ၿပီး သူမနဲ႕ ေရွာင္က်ဴးက ညစာစားပြဲဆီ မသြားဘူးဆိုတာကို ဘယ္သူမွ သတိမထားမိၾကဘူး။ ဒါေပမယ့္ ရာသီဥတုက မလွပေတာ့ဘဲ ႐ုတ္တရက္ႀကီး မိုး႐ြာၿပီး ႏွင္းေတြက်လာလိမ့္မယ္လို႔ ဘယ္သူကသိပါ့မလဲ။

ကုမ်န္ ထီးငွားဖို႔အတြက္ ျပန္သြားဖို႔စဥ္းစားေနခ်ိန္မွာပဲ အနက္ေရာင္ထီးတစ္ေခ်ာင္းက သူမရဲ႕ေခါင္းထက္မွာ ေပၚလာတယ္။

သူမ တစ္ဖက္ကိုၾကည့္လိုက္ေတာ့ အနက္ေရာင္ ကုတ္အကၤ်ီရွည္ဝတ္ထားတဲ့ ေလာ့ခ်ယ္က သူမေနာက္အနည္းငယ္အကြာမွာ ရပ္ေနတာကို ေတြ႕လိုက္ရတယ္။

ေလာ့ခ်ယ္က ေမးလာတယ္။ "မင္းဟိုတယ္ျပန္မလို႔လား"

ကုမ်န္က "ဟုတ္တယ္"

ေလာ့ခ်ယ္က ေျခတစ္လွမ္း,လွမ္းလိုက္ၿပီး "သြားရေအာင္ေလ"

ကုမ်န္ သူ႕ကိုေမးလိုက္ရတယ္။ "ရွင္ ညစာစားပြဲကို မသြားဘူးလား"

"မသြားဘူး!"

အေနာက္ဘက္မွာရွိေနတဲ့ ေလာ့က်စ္ယြီက ၿပဳံးလိုက္ၿပီး ေတြေဝမိန္းေမာကာ တုံ႕ျပန္လာျခင္းမရွိတဲ့ ေရွာင္က်ဳးကို ထီးအပိုကမ္းေပးလိုက္တယ္။ "ဒီမွာ ထီး"

ေရွာင္က်ဴးက ထီးကို မ်က္ႏွာခ်ိဳ‌ေသြးစြာနဲ႕ လက္ခံလိုက္ၿပီး "ေက်းဇူးတင္ပါတယ္"

ေလာ့က်စ္ယြီက ညင္သာစြာ ၿပဳံးျပလိုက္ကာ "ရပါတယ္"

ေရွာင္က်ဴးက ေျခလွမ္းအနည္းငယ္ခုန္လိုက္ၿပီး "တိုက္ဆိုင္လိုက္တာ၊ အစ္ကိုတို႔နဲ႕ေတြ႕ဖို႔ မေမွ်ာ္လင့္ထားဘူး"

တိုက္ဆိုင္မႈလား။

ေသခ်ာေပါက္မဟုတ္ဘူးေပါ့။

ဒါေပမယ့္ ေလာ့က်စ္ယြီက စကားအမ်ားႀကီးမေျပာဘဲ ၿပဳံး႐ုံၿပဳံးလိုက္ၿပီး ထီးကိုင္ထားတဲ့ ေရွာင္က်ဴးနဲ႕အတူ ေရွ႕ကလူႏွစ္ေယာက္ေနာက္ကို ေလွ်ာက္သြားလိုက္တယ္။

မိုးက ပိုသည္းလာၿပီး ဘယ္ဘက္ျခမ္းဆီကလာတဲ့ ေလေအးေတြနဲ႕အတူ အေအးဓာတ္က လူေတြကို ခိုက္ခိုက္တုန္ေစတယ္။

ေရွာင္က်ဴးက တစ္ခုခုေျပာလိုက္ခ်င္ေပမယ့္ ေလာ့ခ်ယ္က ထီးကို ကုမ်န္ဘက္တိတ္တဆိတ္ ကာထားေပးတာကို ေတြ႕လိုက္ရတယ္။ သူ႕ပခုံးတစ္ဝက္ကေတာ့ အျပင္ဘက္ကို အကာအကြယ္မဲ့ေရာက္ေနတယ္ေလ။

သူက ထီးကိုင္ထားတဲ့အခ်ိန္မွာ အရမ္းဂ႐ုစိုက္ၿပီး ေထာက္ထားညွာတာေပးထားတာပဲ။

ေလာ့ေလာင္ရွီးက သီးသန႔္ဆန္တဲ့လူတစ္ေယာက္ မဟုတ္ဘူးလား။

Miao-

偶像包袱  [ou xiàng bão fu]  idol ရဲ႕အိတ္ဆိုတာက ပရိသတ္ေတြ မဆုံးရႈံးသြားေစဖိို႔ တည္ေဆာက္ထားတဲ့ပုံရိပ္ကို ထိန္းသိမ္းတာကိုေျပာတာပါ။

ဒီအင္တာနက္ဘန္းစကားအသုံးအႏႈန္းက ပရိသတ္ေတြ ဆုံးရႈံးရမွာစိုးတာေၾကာင့္ လူထုကို အစစ္အမွန္သူတို႔ကို ဖုံးကြယ္ထားတဲ့ အႏုပညာရွင္ေတြ ဒါမွမဟုတ္ နာမည္ႀကီးေတြကို ရည္ၫႊန္းပါတယ္။ သူတို႔က ေက်ာ္ၾကားမႈကို ထိန္းသိမ္းဖို႔ ရည္႐ြယ္ခ်က္နဲ႕ တည္ေဆာက္ထားတဲ့ ပုံရိပ္ကို ထိန္းသိမ္းၾကရတယ္။

T/N- ေတာင္းပန္ပါတယ္ေနာ္။ ပုံမွန္က သုံးရက္တပိုင္းတင္ေနက်ကိဳ တေလာက မ်က္စိနာလို႔ ဖုန္းသိပ္မၾကည့္ရေတာ့ မတင္ေပးလိုက္ရဘူး။ အခု double updateေပးထားတယ္ေနာ္။ paidမွာေတာ့ ch 160ကိုေရာက္ေနပါၿပီ။

Continue Reading

You'll Also Like

319K 45.1K 84
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao Jiao Struggled Every Day [JJSED] Author...
249K 14.9K 40
My priority /property/privacy
703K 37.8K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
477K 68.4K 171
ရှီရှန်း arc 11 က​နေ စတင်တာပါ arc 1က​နေ 10ထိကို workထဲမှာ သွားရှာနိုင်ပါတယ် ႐ွီ႐ွန္း arc 11 က​ေန စတင္တာပါ arc 1က​ေန 10ထိကို workထဲမွာ သြား႐ွာႏိုင္ပါတ...