Unicode
"Ask the Immortal" ဇာတ်ကားရဲ့ ကျော်ကြားမှုနဲ့အတူ ဇာတ်ဝင်သီချင်း(theme song)၊ ဇာတ်သိမ်းသီချင်းနဲ့ ဇာတ်ဝင်ခန်း တွေကလည်း ရေပန်းစားလာခဲ့တယ်။ ဒါပေမယ့် အကျော်ကြားဆုံးကတော့ "Ask the Immortal"ရဲ့ duetသီချင်းပါ။
"Ask the Immortals" ထွက်ရှိပြီး မကြာခင်မှာပဲ နာမည်ကြီး ကာဗာအဆိုတော်အချို့ အပါအဝင် ကာဗာအဆိုတော် အများအပြားက ပြန်လည်သီဆိုခဲ့ကြတယ်။ "Ask the Immortal" က ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေတဲ့ ရှေးခေတ်သီချင်းဖြစ်လာဖို့ အချိန်သိပ်မယူလိုက်ရဘူး။
ပရိတ်သတ်ထံမှ တောင်းဆိုမှုကို တင်ဆက်သူက ကြားသွားပြီးနောက် သူ့မျက်၀န်းတွေ တောက်ပသွားတော့တယ်။
သူက မိုက်ခရိုဖုန်းကို လက်တစ်ဖက်မှာကိုင်ထားပြီး အခြားတစ်ဖက်နဲ့ ကုမျန်နဲ့ လော့ချယ်တို့ကို ဖိတ်ခေါ်တဲ့အမူအရာဖြင့် "ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်သရုပ်ဆောင်နှစ်ယောက်က လူမြင်ကွင်းမှာ မသီဆိုရသေးဘူးပဲ သူတို့ရဲ့ ပထမဆုံး public duetက ဒီနေရာ ကျွန်တော်တို့ရဲ့ road showမှာ ဖြစ်လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်မိခဲ့ဘူး လာပါ လာပါ ကျေးဇူးပြုပြီး လာကြပါဗျာ"
ကုမျန်နဲ့လော့ချယ်တို့ကို မိုက်ခရိုဖုန်းတစ်လုံး ပေးလာတယ်။
"ဒီနေ့ပွဲက အချိန်အကန့်အသတ်ရှိတယ် သီချင်းက အရှည်ကြီးဆိုတော့ climaxအပိုင်းကိုပဲ နားထောင်ကြရအောင် ကျွန်တော်တို့တော့ ကောင်းချီးပေးခံရတာပဲ ဟားဟား"တင်ဆက်သူရဲ့ နောက်ပြောင်စကားဆိုသံက ပရိသတ်ကို ရယ်မောသွားစေခဲ့တယ်။
ကုမျန် တိုက်ရိုက်သီဆိုတာ ဒါပထမဆုံးအကြိမ်ပါ။
တိုက်ရိုက်သီဆိုခြင်းက အဆိုတော်တစ်ဦးရဲ့ ခွန်အားကို စမ်းသပ်တာပါပဲ။
ပရိသတ်တွေကလည်း စိတ်အားထက်သန်မှုတွေ၊စိတ်လှုပ်ရှားမှုတွေနဲ့ အားပေးလိုက်ကြတယ်။ကုမျန်က မရင်းနှီးတဲ့မျက်နှာများစွာကို ရင်ဆိုင်နေရပေမယ့်လည်း သူမရဲ့ နှလုံးသားထဲမှာတော့ ကြောက်ရွံ့မှုမရှိနေပေ။ တိုက်ရိုက်သီဆိုခြင်းရဲ့ အကျိုးသက်ရောက်မှုကို သူမမသိပေမယ့်လည်း သူမရဲ့ရှေ့မှာ ပရော်ဖက်ရှင်နယ်ပစ္စည်းတစ်ခုသာရှိနေတဲ့ အသံသွင်းစတူဒီယိုထဲမှာ ရှိနေရသလိုမျိုး သူမသီဆိုနိုင်ပါတယ်။
ကုမျန် ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်ခဲ့ပြီးနောက် ၀မ့်ရှားက သူမ(၀မ့်ရှား)ရဲ့ ပရိသတ်တွေကို တမင်တကာဆူပူကျိန်ဆဲဖို့ လှုံ့ဆော်တာတွေနဲ့ တွေ့ကြုံခဲ့ရတယ်၊ အင်တာနက်သုံးစွဲသူတွေရဲ့ လိုက်လံရှာဖွေတာကိုလည်း ခံခဲ့ရပြီး အခြားသူတွေရဲ့ ခြိမ်းခြောက်မှုတွေကိုတောင် ကြုံတွေ့ခဲ့ရတယ်။သူမဘဝရဲ့ အတက်အကျတွေကို ခံစားလိုက်ရပြီးနောက်၊ ကုမျန်က သူမရဲ့စိတ်အခြေအနေ ပိုမိုတည်ငြိမ်လာတာကို တွေ့ရှိခဲ့တယ်။
လူအိုကြီးသာသိရင် နှလုံးသားအေးစက်တယ်လို့ သူမကို ကြိမ်းမောင်းလိမ့်မယ်။ ဒါပေမယ့် ဒီလို ဗုဒ္ဓဘာသာစိတ်ထားမျိုးဟာ မွေးရာပါ ဖြစ်ကောင်းဖြစ်နိုင်ပြီး ပြောင်းလဲဖို့ သူမတခါမှ မတွေးဖူးဘူး။
နှစ်ယောက်သား မတ်တပ်ထရပ်လိုက်တာနဲ့ တပြိုင်နက် ပရိသတ်ရဲ့အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။
သူမတို့ကြားက အကွာအဝေးက တစ်မီတာထက်ပိုတယ်၊ အရမ်းမနီးဘဲ အနေအထားမှန်ကန်တယ်။
"Ask the Immortal" climaxအပိုင်းရဲ့ ဂီတသံ ထွက်ပေါ်လာတယ်။ ကုမျန်က အသံသွင်းစတူဒီယိုထဲမှာ ရှိနေသလိုမျိုး မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်တယ်။
သူမနားထဲရှိနေတဲ့ ဆူညံသံအမျိုးမျိုးက လှိုင်းလုံးလို မှိန်ဖျော့သွားပြီး သူမက အခုအချိန်မှာ သီချင်းသံကိုသာ ကြားရတော့တယ်။
သူမက တွဲဖက်နဲ့အတူ သီချင်းစဆိုလိုက်တယ်။
စာကြောင်းနှစ်ကြောင်းကို သီဆိုပြီးနောက်၊ ကုမျန်က အသံသွင်းစတူဒီယိုထဲမှာ ဖြစ်ပျက်ခဲဲ့တဲ့အရာကို သတိရသွားတယ်။
အဲဒီတုန်းက သူမတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ခဲ့ကြတယ်လေ။ သူမတို့ အဲ့ဒီအချိန်တုန်းကလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ပြန်ကြည့်ရမှာမလား?။
ဒါကိုတွေးပြီး ကုမျန်က ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး သူမရဲ့မျက်၀န်းတွေက လော့ချယ်ရဲ့ အကြည့်တွေနဲ့ ချိတ်ဆက်လိုက်တယ်။
တစ်စက္ကန့် နှစ်စက္ကန့်...
ကံမကောင်းစွာနဲ့ လော့ချယ်က သူမရဲ့အကြည့်ကို လက်ခံရရှိပုံမပေါ်ဘဲ သူမတို့နှစ်ဦးကြားမှ ဆက်သွယ်မှုက မအောင်မြင်ခဲ့ဘူး။
သူက မိုက်ခရိုဖုန်းကိုကိုင်ကာ မေးစေ့ကိုနိမ့်ချထားပြီး သူမကိုမကြည့်ပေ။
ကုမျန်က ပခုံးတွန့်လိုက်ပြီး ဒီကိစ္စကို စိတ်ထဲမထားဘဲ သူမရဲ့အကြည့်ကို ပေါ့ပေါ့ပါးပါး ပြန်ဆွဲယူလိုက်တယ်။
Climaxအပိုင်းက သိပ်မကြာတဲ့အတွက် ကုမျန်က မျက်လုံးဖွင့်လိုက်တယ်။
သီဆိုပြီးတာနဲ့ ပရိသတ်ရဲ့လက်ခုပ်သံတွေ ထွက်ပေါ်လာတယ်။
စင်ပေါ်မှာရှိနေတဲ့ တင်ဆက်သူက လက်ခုပ်တီးပြီး မေးလိုက်တယ်။“သူတို့ သီချင်းဆိုသွားတာကောင်းလား”
သူက မိုက်ခရိုဖုန်းကို ပရိသတ်ဆီ လှည့်လိုက်တယ်။
ပရိသတ်က အရမ်းစိတ်အားထက်သန်စွာနဲ့ ကျယ်ကျယ်လောင်လောင် ပြန်ဖြေကြတယ်။"ကောင်းပါတယ်!"
"ဇာတ်ဆောင်နှစ်ယောက်ထဲက ဘယ်သူက ပိုကောင်းတာလဲ"
"နှစ်ယောက်လုံးကောင်းတယ်!"
ဇာတ်ဝင်သီချင်းကြောင့် ပွဲရဲ့အငွေ့အသက်က တဖြည်းဖြည်း ပိုအသက်ဝင်လာတယ်။
ဒုတိယမြောက် Road show အပြီးမှာ လော့ချယ်စင်ပေါ်ကနေ ဆင်းလာတော့ လော့ကျစ်ယွီက သူ့ဆီ အမြန်လျှောက်လာပြီး သူ့ကို စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အမူအရာနဲ့ကြည့်လာကာ "အားချယ် မင်းဘာဖြစ်နေတာလဲ အခုလေးတင် မင်းရဲ့ကောင်မလေးက မင်းကိုကြည့်နေခဲ့တာကို မင်းက သူမကိုတောင် ဘာလို့ ပြန်မကြည့်ခဲ့ရတာလဲ"
စင်ပေါ်မှာရှိနေတဲ့အငွေ့အသက်က အရမ်းကောင်းမွန်တယ်။ အလုပ်အတွက်ပဲဆိုရင်တောင် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင် အကျိုးသက်ရောက်မှုက ပိုကောင်းသွားမှာလေ။
ဒါပေမယ့် ကုမျန် လော့ချယ်ကို မျက်လုံးချင်းဆုံဖို့လုပ်တုန်းက သူ လက်မခံခဲ့ဘူး။ ကလေးမလေးက လက်ဦးမှုစယူခဲ့ပေမယ့် သူမတုံ့ပြန်ခဲ့ပေ။
ဒါက ယုတ္တိမတန်လွန်းတာမဟုတ်ဘူးလား။
သူတို့လမ်းခွဲမယ်လို့ ဆိုလိုတာလား။
လော့ကျစ်ယွီက လော့ချယ်ရဲ့ အချစ်ရေးပြဿနာ
တွေကို ရင်ဆိုင်ရတဲ့အချိန်မှာတော့ သူက အမေအိုကြီးတစ်ယောက်လိုပင်။
သူက လက်ပိုက်လိုက်ပြီး "မင်း စိတ်ထဲမှာ ဘာတွေ တွေးနေတာလဲ"
လော့ချယ်က မဖြေဘူး။ သူ ခေါင်းငုံ့ပြီး ခနလောက် စဉ်းစားလိုက်ကာ"ဒါနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ တစ်ခုခုကို Weibo မှာတွေ့ရင် အဲ့ဒါကိုရုပ်သိမ်းပြီး အင်တာနက်သုံးစွဲသူတွေက သူမရဲ့သီချင်းဆို စွမ်းရည်ကိုပဲ အာရုံစိုက်အောင်လုပ်ပေးလိုက်ပါ"
လော့ကျစ်ယွီက အစပိုင်းမှာ နားလည်မပေးချင်ပေမယ့်လည်း ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားတယ်။
လော့ချယ်က သူ ကုမျန်ကို ဒုက္ခဖြစ်စေမှာစိုးနေတာလား။
သိပ်မကြာခင်ကပဲ ကုမျန် ခြိမ်းခြောက်ခံခဲ့ရတယ်။ ကလေးမလေးက ညဘက်မှာ အဲ့လိုသွေးစွန်းနေတဲ့ လက်တစ်ဖက်ကို ရရှိခဲ့ရတာကြောင့် သူမက သေချာပေါက် ထိတ်လန့်သွားမှာပဲ။ သူ့ပရိသတ်တွေ သူမကိုထိခိုက်စေမှာ ကြောက်လို့ ကုမျန်ကို ကြည့်တောင်မကြည့်ရဲဘူးလို့ လော့ချယ်က အဲ့ဒီညမှာပြောခဲ့တယ်။
ဖျော်ဖြေရေးနယ်ပယ်ထဲမှာဆို သူ့ပရိသတ်တွေရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေးထိရောက်မှုကို လူတိုင်းသိကြတယ်လေ။
လော့ကျစ်ယွီ သက်ပြင်းချလိုက်တယ်။
လော့ချယ်က သူ့လက်ထောက်ဟောင်း အဖြစ်အပျက်ပြီးနောက်မှာ သူ့ကြောင့် အခြားသူတွေဆီ ဘေးဥပဒ်တွေ သယ်ဆောင်လာမိမှာကို အမြဲစိုးရိမ်နေခဲ့တာ။
နှစ်တွေကြာလာတာနဲ့အမျှ သူ့ရဲ့အပြောအဆိုနဲ့ လုပ်ရပ်တွေကို အာရုံစိုက်ခဲ့ပြီး လက်ထောက်ဟောင်းဖြစ်သူနဲ့ ဆင်တူတဲ့အရာမျိုး ဖြစ်ပေါ်လာမှာကို ကြောက်ရွံ့ခဲ့တယ်။ ကုမျန်လည်းပဲ သူနဲ့နည်းနည်းပတ်သက်မိပြီးနောက် ခြိမ်းခြောက်ခံရလိမ့်မယ်လို့ သူ မမျှော်လင့်ထားမိခဲ့ဘူး။
ကိစ္စတွေက မရှင်းလင်းသေးပေမယ့် လော့ချယ်က သူ့ကိုယ်သူ ထပ်ပြီးအပြစ်တင်နေပြန်ပြီ။
လော့ကျစ်ယွီက လက်မြှောက်ပြီး သူ့ဝမ်းကွဲပုခုံးကို ပုတ်ပေးလိုက်ရင်း "ကိုယ့်ကိုကိုယ် အရမ်းကြီးအပြစ်မတင်နေပါနဲ့၊ ဒီတစ်ခေါက် မင်းရဲ့ကောင်မလေး ဖြစ်သွားတဲ့ကိစ္စက မင်းနဲ့မဆိုင်ပါဘူး မင်းသိလား မင်းရဲ့ပရိသတ်တချို့က သူမကိုသဘောကျကြတယ် ဒါ့အပြင် ဒါက မိန်းကလေးကုလေ"
Zawgyi
"Ask the Immortal" ဇာတ္ကားရဲ႕ ေက်ာ္ၾကားမႈနဲ႕အတူ ဇာတ္ဝင္သီခ်င္း(theme song)၊ ဇာတ္သိမ္းသီခ်င္းနဲ႕ ဇာတ္ဝင္ခန္း ေတြကလည္း ေရပန္းစားလာခဲ့တယ္။ ဒါေပမယ့္ အေက်ာ္ၾကားဆုံးကေတာ့ "Ask the Immortal"ရဲ႕ duetသီခ်င္းပါ။
"Ask the Immortals" ထြက္ရွိၿပီး မၾကာခင္မွာပဲ နာမည္ႀကီး ကာဗာအဆိုေတာ္အခ်ိဳ႕ အပါအဝင္ ကာဗာအဆိုေတာ္ အမ်ားအျပားက ျပန္လည္သီဆိုခဲ့ၾကတယ္။ "Ask the Immortal" က က်ယ္က်ယ္ျပန႔္ျပန႔္ ပ်ံ့ႏွံ႕ေနတဲ့ ေရွးေခတ္သီခ်င္းျဖစ္လာဖို႔ အခ်ိန္သိပ္မယူလိုက္ရဘူး။
ပရိတ္သတ္ထံမွ ေတာင္းဆိုမႈကို တင္ဆက္သူက ၾကားသြားၿပီးေနာက္ သူ႕မ်က္၀န္းေတြ ေတာက္ပသြားေတာ့တယ္။
သူက မိုက္ခရိုဖုန္းကို လက္တစ္ဖက္မွာကိုင္ထားၿပီး အျခားတစ္ဖက္နဲ႕ ကုမ်န္နဲ႕ ေလာ့ခ်ယ္တို႔ကို ဖိတ္ေခၚတဲ့အမူအရာျဖင့္ "ေျပာရမယ္ဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ ေခါင္းေဆာင္သ႐ုပ္ေဆာင္ႏွစ္ေယာက္က လူျမင္ကြင္းမွာ မသီဆိုရေသးဘူးပဲ သူတို႔ရဲ႕ ပထမဆုံး public duetက ဒီေနရာ ကြၽန္ေတာ္တို႔ရဲ႕ road showမွာ ျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ မေမွ်ာ္လင့္မိခဲ့ဘူး လာပါ လာပါ ေက်းဇူးျပဳၿပီး လာၾကပါဗ်ာ"
ကုမ်န္နဲ႕ေလာ့ခ်ယ္တို႔ကို မိုက္ခရိုဖုန္းတစ္လုံး ေပးလာတယ္။
"ဒီေန႕ပြဲက အခ်ိန္အကန႔္အသတ္ရွိတယ္ သီခ်င္းက အရွည္ႀကီးဆိုေတာ့ climaxအပိုင္းကိုပဲ နားေထာင္ၾကရေအာင္ ကြၽန္ေတာ္တို႔ေတာ့ ေကာင္းခ်ီးေပးခံရတာပဲ ဟားဟား"တင္ဆက္သူရဲ႕ ေနာက္ေျပာင္စကားဆိုသံက ပရိသတ္ကို ရယ္ေမာသြားေစခဲ့တယ္။
ကုမ်န္ တိုက္ရိုက္သီဆိုတာ ဒါပထမဆုံးအႀကိမ္ပါ။
တိုက္ရိုက္သီဆိုျခင္းက အဆိုေတာ္တစ္ဦးရဲ႕ ခြန္အားကို စမ္းသပ္တာပါပဲ။
ပရိသတ္ေတြကလည္း စိတ္အားထက္သန္မႈေတြ၊စိတ္လႈပ္ရွားမႈေတြနဲ႕ အားေပးလိုက္ၾကတယ္။ကုမ်န္က မရင္းႏွီးတဲ့မ်က္ႏွာမ်ားစြာကို ရင္ဆိုင္ေနရေပမယ့္လည္း သူမရဲ႕ ႏွလုံးသားထဲမွာေတာ့ ေၾကာက္႐ြံ႕မႈမရွိေနေပ။ တိုက္ရိုက္သီဆိုျခင္းရဲ႕ အက်ိဳးသက္ေရာက္မႈကို သူမမသိေပမယ့္လည္း သူမရဲ႕ေရွ႕မွာ ပေရာ္ဖက္ရွင္နယ္ပစၥည္းတစ္ခုသာရွိေနတဲ့ အသံသြင္းစတူဒီယိုထဲမွာ ရွိေနရသလိုမ်ိဳး သူမသီဆိုနိုင္ပါတယ္။
ကုမ်န္ ေဖ်ာ္ေျဖေရးေလာကထဲကို ဝင္ေရာက္ခဲ့ၿပီးေနာက္ ၀မ့္ရွားက သူမ(၀မ့္ရွား)ရဲ႕ ပရိသတ္ေတြကို တမင္တကာဆူပူက်ိန္ဆဲဖို႔ လႈံ႕ေဆာ္တာေတြနဲ႕ ေတြ႕ႀကဳံခဲ့ရတယ္၊ အင္တာနက္သုံးစြဲသူေတြရဲ႕ လိုက္လံရွာေဖြတာကိုလည္း ခံခဲ့ရၿပီး အျခားသူေတြရဲ႕ ၿခိမ္းေျခာက္မႈေတြကိုေတာင္ ႀကဳံေတြ႕ခဲ့ရတယ္။သူမဘဝရဲ႕ အတက္အက်ေတြကို ခံစားလိုက္ရၿပီးေနာက္၊ ကုမ်န္က သူမရဲ႕စိတ္အေျခအေန ပိုမိုတည္ၿငိမ္လာတာကို ေတြ႕ရွိခဲ့တယ္။
လူအိုႀကီးသာသိရင္ ႏွလုံးသားေအးစက္တယ္လို႔ သူမကို ႀကိမ္းေမာင္းလိမ့္မယ္။ ဒါေပမယ့္ ဒီလို ဗုဒၶဘာသာစိတ္ထားမ်ိဳးဟာ ေမြးရာပါ ျဖစ္ေကာင္းျဖစ္နိုင္ၿပီး ေျပာင္းလဲဖို႔ သူမတခါမွ မေတြးဖူးဘူး။
ႏွစ္ေယာက္သား မတ္တပ္ထရပ္လိုက္တာနဲ႕ တၿပိဳင္နက္ ပရိသတ္ရဲ႕ေအာ္ဟစ္သံေတြ ထြက္ေပၚလာတယ္။
သူမတို႔ၾကားက အကြာအေဝးက တစ္မီတာထက္ပိုတယ္၊ အရမ္းမနီးဘဲ အေနအထားမွန္ကန္တယ္။
"Ask the Immortal" climaxအပိုင္းရဲ႕ ဂီတသံ ထြက္ေပၚလာတယ္။ ကုမ်န္က အသံသြင္းစတူဒီယိုထဲမွာ ရွိေနသလိုမ်ိဳး မိုက္ခရိုဖုန္းကို ေကာက္ကိုင္လိုက္တယ္။
သူမနားထဲရွိေနတဲ့ ဆူညံသံအမ်ိဳးမ်ိဳးက လွိုင္းလုံးလို မွိန္ေဖ်ာ့သြားၿပီး သူမက အခုအခ်ိန္မွာ သီခ်င္းသံကိုသာ ၾကားရေတာ့တယ္။
သူမက တြဲဖက္နဲ႕အတူ သီခ်င္းစဆိုလိုက္တယ္။
စာေၾကာင္းႏွစ္ေၾကာင္းကို သီဆိုၿပီးေနာက္၊ ကုမ်န္က အသံသြင္းစတူဒီယိုထဲမွာ ျဖစ္ပ်က္ခဲဲ့တဲ့အရာကို သတိရသြားတယ္။
အဲဒီတုန္းက သူမတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ခဲ့ၾကတယ္ေလ။ သူမတို႔ အဲ့ဒီအခ်ိန္တုန္းကလိုမ်ိဳး တစ္ေယာက္နဲ႕တစ္ေယာက္ ျပန္ၾကည့္ရမွာမလား?။
ဒါကိုေတြးၿပီး ကုမ်န္က ေခါင္းကို ျဖည္းညွင္းစြာ လွည့္လိုက္ၿပီး သူမရဲ႕မ်က္၀န္းေတြက ေလာ့ခ်ယ္ရဲ႕ အၾကည့္ေတြနဲ႕ ခ်ိတ္ဆက္လိုက္တယ္။
တစ္စကၠန႔္ ႏွစ္စကၠန႔္...
ကံမေကာင္းစြာနဲ႕ ေလာ့ခ်ယ္က သူမရဲ႕အၾကည့္ကို လက္ခံရရွိပုံမေပၚဘဲ သူမတို႔ႏွစ္ဦးၾကားမွ ဆက္သြယ္မႈက မေအာင္ျမင္ခဲ့ဘူး။
သူက မိုက္ခရိုဖုန္းကိုကိုင္ကာ ေမးေစ့ကိုနိမ့္ခ်ထားၿပီး သူမကိုမၾကည့္ေပ။
ကုမ်န္က ပခုံးတြန႔္လိုက္ၿပီး ဒီကိစၥကို စိတ္ထဲမထားဘဲ သူမရဲ႕အၾကည့္ကို ေပါ့ေပါ့ပါးပါး ျပန္ဆြဲယူလိုက္တယ္။
Climaxအပိုင္းက သိပ္မၾကာတဲ့အတြက္ ကုမ်န္က မ်က္လုံးဖြင့္လိုက္တယ္။
သီဆိုၿပီးတာနဲ႕ ပရိသတ္ရဲ႕လက္ခုပ္သံေတြ ထြက္ေပၚလာတယ္။
စင္ေပၚမွာရွိေနတဲ့ တင္ဆက္သူက လက္ခုပ္တီးၿပီး ေမးလိုက္တယ္။“သူတို႔ သီခ်င္းဆိုသြားတာေကာင္းလား”
သူက မိုက္ခရိုဖုန္းကို ပရိသတ္ဆီ လွည့္လိုက္တယ္။
ပရိသတ္က အရမ္းစိတ္အားထက္သန္စြာနဲ႕ က်ယ္က်ယ္ေလာင္ေလာင္ ျပန္ေျဖၾကတယ္။"ေကာင္းပါတယ္!"
"ဇာတ္ေဆာင္ႏွစ္ေယာက္ထဲက ဘယ္သူက ပိုေကာင္းတာလဲ"
"ႏွစ္ေယာက္လုံးေကာင္းတယ္!"
ဇာတ္ဝင္သီခ်င္းေၾကာင့္ ပြဲရဲ႕အေငြ႕အသက္က တျဖည္းျဖည္း ပိုအသက္ဝင္လာတယ္။
ဒုတိယေျမာက္ Road show အၿပီးမွာ ေလာ့ခ်ယ္စင္ေပၚကေန ဆင္းလာေတာ့ ေလာ့က်စ္ယြီက သူ႕ဆီ အျမန္ေလွ်ာက္လာၿပီး သူ႕ကို စိတ္ပ်က္လက္ပ်က္ျဖစ္ေနတဲ့ အမူအရာနဲ႕ၾကည့္လာကာ "အားခ်ယ္ မင္းဘာျဖစ္ေနတာလဲ အခုေလးတင္ မင္းရဲ႕ေကာင္မေလးက မင္းကိုၾကည့္ေနခဲ့တာကို မင္းက သူမကိုေတာင္ ဘာလို႔ ျပန္မၾကည့္ခဲ့ရတာလဲ"
စင္ေပၚမွာရွိေနတဲ့အေငြ႕အသက္က အရမ္းေကာင္းမြန္တယ္။ အလုပ္အတြက္ပဲဆိုရင္ေတာင္ ႏွစ္ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကရင္ အက်ိဳးသက္ေရာက္မႈက ပိုေကာင္းသြားမွာေလ။
ဒါေပမယ့္ ကုမ်န္ ေလာ့ခ်ယ္ကို မ်က္လုံးခ်င္းဆုံဖို႔လုပ္တုန္းက သူ လက္မခံခဲ့ဘူး။ ကေလးမေလးက လက္ဦးမႈစယူခဲ့ေပမယ့္ သူမတုံ႕ျပန္ခဲ့ေပ။
ဒါက ယုတၱိမတန္လြန္းတာမဟုတ္ဘူးလား။
သူတို႔လမ္းခြဲမယ္လို႔ ဆိုလိုတာလား။
ေလာ့က်စ္ယြီက ေလာ့ခ်ယ္ရဲ႕ အခ်စ္ေရးျပႆနာ
ေတြကို ရင္ဆိုင္ရတဲ့အခ်ိန္မွာေတာ့ သူက အေမအိုႀကီးတစ္ေယာက္လိုပင္။
သူက လက္ပိုက္လိုက္ၿပီး "မင္း စိတ္ထဲမွာ ဘာေတြ ေတြးေနတာလဲ"
ေလာ့ခ်ယ္က မေျဖဘူး။ သူ ေခါင္းငုံ႕ၿပီး ခနေလာက္ စဥ္းစားလိုက္ကာ"ဒါနဲ႕ ပတ္သတ္တဲ့ အေၾကာင္းအရာ တစ္ခုခုကို Weibo မွာေတြ႕ရင္ အဲ့ဒါကို႐ုပ္သိမ္းၿပီး အင္တာနက္သုံးစြဲသူေတြက သူမရဲ႕သီခ်င္းဆို စြမ္းရည္ကိုပဲ အာ႐ုံစိုက္ေအာင္လုပ္ေပးလိုက္ပါ"
ေလာ့က်စ္ယြီက အစပိုင္းမွာ နားလည္မေပးခ်င္ေပမယ့္လည္း ျဖစ္နိုင္ေခ်တစ္ခုကို ေတြးမိသြားတယ္။
ေလာ့ခ်ယ္က သူ ကုမ်န္ကို ဒုကၡျဖစ္ေစမွာစိုးေနတာလား။
သိပ္မၾကာခင္ကပဲ ကုမ်န္ ၿခိမ္းေျခာက္ခံခဲ့ရတယ္။ ကေလးမေလးက ညဘက္မွာ အဲ့လိုေသြးစြန္းေနတဲ့ လက္တစ္ဖက္ကို ရရွိခဲ့ရတာေၾကာင့္ သူမက ေသခ်ာေပါက္ ထိတ္လန႔္သြားမွာပဲ။ သူ႕ပရိသတ္ေတြ သူမကိုထိခိုက္ေစမွာ ေၾကာက္လို႔ ကုမ်န္ကို ၾကည့္ေတာင္မၾကည့္ရဲဘူးလို႔ ေလာ့ခ်ယ္က အဲ့ဒီညမွာေျပာခဲ့တယ္။
ေဖ်ာ္ေျဖေရးနယ္ပယ္ထဲမွာဆို သူ႕ပရိသတ္ေတြရဲ႕ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ တိုက္ခိုက္ေရးထိေရာက္မႈကို လူတိုင္းသိၾကတယ္ေလ။
ေလာ့က်စ္ယြီ သက္ျပင္းခ်လိဳက္တယ္။
ေလာ့ခ်ယ္က သူ႕လက္ေထာက္ေဟာင္း အျဖစ္အပ်က္ၿပီးေနာက္မွာ သူ႕ေၾကာင့္ အျခားသူေတြဆီ ေဘးဥပဒ္ေတြ သယ္ေဆာင္လာမိမွာကို အၿမဲစိုးရိမ္ေနခဲ့တာ။
ႏွစ္ေတြၾကာလာတာနဲ႕အမွ် သူ႕ရဲ႕အေျပာအဆိုနဲ႕ လုပ္ရပ္ေတြကို အာ႐ုံစိုက္ခဲ့ၿပီး လက္ေထာက္ေဟာင္းျဖစ္သူနဲ႕ ဆင္တူတဲ့အရာမ်ိဳး ျဖစ္ေပၚလာမွာကို ေၾကာက္႐ြံ႕ခဲ့တယ္။ ကုမ်န္လည္းပဲ သူနဲ႕နည္းနည္းပတ္သက္မိၿပီးေနာက္ ၿခိမ္းေျခာက္ခံရလိမ့္မယ္လို႔ သူ မေမွ်ာ္လင့္ထားမိခဲ့ဘူး။
ကိစၥေတြက မရွင္းလင္းေသးေပမယ့္ ေလာ့ခ်ယ္က သူ႕ကိုယ္သူ ထပ္ၿပီးအျပစ္တင္ေနျပန္ၿပီ။
ေလာ့က်စ္ယြီက လက္ျမႇောက္ၿပီး သူ႕ဝမ္းကြဲပုခုံးကို ပုတ္ေပးလိုက္ရင္း "ကိုယ့္ကိုကိုယ္ အရမ္းႀကီးအျပစ္မတင္ေနပါနဲ႕၊ ဒီတစ္ေခါက္ မင္းရဲ႕ေကာင္မေလး ျဖစ္သြားတဲ့ကိစၥက မင္းနဲ႕မဆိုင္ပါဘူး မင္းသိလား မင္းရဲ႕ပရိသတ္တခ်ိဳ႕က သူမကိုသေဘာက်ၾကတယ္ ဒါ့အျပင္ ဒါက မိန္းကေလးကုေလ"