စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

Von BlackLily_WhiteLily

60.3K 6.4K 217

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... Mehr

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14
🔊🔊🔊 Telegram PG လေးစပါပြီ

Chapter 1.1

1K 91 2
Von BlackLily_WhiteLily

အခန်း ၁ ဝိညာဉ်က အခြားကမ္ဘာတစ်ခုဆီသို့ ခရီးသွားခြင်း (အပိုင်း ၁)

ညမိုးချုပ်လာသည်နှင့် ဗိုလ်ချုပ်အိမ်တော်၏ဧည့်ခံခန်းမတွင် ဖယောင်းတိုင်မီးများ တောက်ပနေအောင် ထွန်းညှိထားသည်။ အခန်းကျယ်ကြီးထဲတွင် ရိုးရှင်းသော လက်ရာကြမ်းကြမ်း မဟော်ဂနီစားပွဲနှင့် ကုလားထိုင်များ၏ တစ်ဘက်စီတွင် လူနှစ်ယောက် ရှိနေသည်။ တစ်ယောက်က ထိုင်နေပြီး တစ်ယောက်က မတ်တပ်ရပ်နေကာ တစ်ယောက်က အေးအေးဆေးဆေးဖြစ်နေပြီး နောက်တစ်ယောက်က ဂနာမငြိမ်ဖြစ်နေသည်။ လူငယ်လေးက အခန်းထဲတွင် စိတ်မရှည်စွာ အပြန်ပြန်အလှန်လှန် လမ်းလျောက်နေခဲ့ပြီး နောက်ဆုံးတွင် သူ့ဘေးနားမှ တောင်တန်းကြီးလို မလှုပ်မယှက်ထိုင်နေသော ပိန်ပိန်ပိန်ပါးပါး အမျိုးသားကို ကြည့်ကာ "ဒုတိယအစ်ကို၊ အဲဒီ့မိန်းမကို အစ်ကိုကြီးရဲ့ အခန်းထဲကို ပစ်ချလိုက်တာလား? အဲ့တာက အဆင်ပြေပါ့မလား? အား?"

အစ်ကိုအကြီးဆုံးက ဒီနေ့ ရှင်းကျန်မြောက်ပိုင်းက နယ်စပ်နေရာကို ကာကွယ်စောင့်‌ရှောက်နေရာကနေ ပြန်လာမည်ဖြစ်သည်။ သူ ပြန်လာတာနဲ့ သူ့ကုတင်ဘေးမှာ လဲလျောင်းနေတဲ့ မိန်းခလေးတစ်ယောက်ကို တွေ့ရင် ဒေါသတွေ အရမ်းထွက်လာပြီး ထိုမိန်းခလေးကို လည်ပင်းညှစ်သတ်တာ ဒါမှမဟုတ် ရိုက်သတ်လိုက်တာမျိုး ဖြစ်နိုင်မလား? ဒါပေမယ့် သူ အပြစ်တင်ချင်တင် ဧကရာဇ်ကို အပြစ်တင်လေ! မိန်းခလေးတစ်ယောက်ကို လက်ဆောင်ပေးတာက ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပေမယ့် ဗိုလ်ချုပ်အိမ်တော်မှာ မိန်းမဆိုလို့ အိမ်အကူတစ်ယောက်တောင် မရှိဘူး။ အဲ့လို နေရာကို ဘာလို့ မိန်းခလေးတစ်ယောက်လာပို့တာလဲလို့ပဲ မေးချင်တော့တယ်။

စုရန်က ခေါင်းတောင် ထောင်မကြည့်ဘဲ သူ့လက်ထဲက ငွေရောင်လှံကို ညင်သာစွာ သုတ်နေရင်း ပြုံးလိုက်ပြီး "ဒါက ဧကရာဇ်မင်းမြတ်က အစ်ကိုအကြီးဆုံးကို ချီးမြှင့်ခဲ့တဲ့ မိန်းခလေးပဲ၊ သူ(မ)ကို အဲ့မှာ မထားခဲ့ဘူးဆိုရင်၊ မင်းအခန်းမှာ ထားရမှာလား?"

စုယွီက ထိုစကားကို ကြားသောအခါ ချက်ခြင်းပင် ရွံရှာစွာနဲ့ "မထားနဲ့၊ ကျွန်တော် မလိုချင်ဘူး!" ထိုကဲ့သို့ နူးညံသော မိန်းမများကို သူမုန်းတီးသည်။ သူကိုယ်တိုင်တောင်မှ ချမ်းသာပြီး ပညာတက်သော သမီးပျိုများထံမှ ရုန်းထွက်နေရခြင်းပင်၊ တွေးကြည့်ရုံနဲ့ အစားစားချင်စိတ်တောင် ပျက်တယ်!

စုရန်က ပခုံးတွန့်ပြပြီး ဘာမှ ထူးခြားတဲ့ပုံ မပြပေ။ တကယ်တော့ အိမ်တော်ထဲမှာ မိန်းခလေးတစ်ယောက်ရှိနေတာလည်း ကောင်းပါတယ်။ သူတို့မှာ ဘာမှလုပ်စရာမရှိတဲ့အခါ သူမ စိတ်လှုပ်ရှားနေတာကို စောင့်ကြည့်နေနိုင်သည်။

"ဘာကို မလိုချင်တာလဲ" ယောက်ျားတစ်ယောက်၏ အသံမာမာတစ်ခု ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အရပ်ရှည်ရှည်နှင့် ခပ်ဖြောင့်ဖြောင့် အသွင်အပြင်က ခန်းမထဲမှာ ပေါ်လာသည်။ ခရီး ပင်ပန်းနွမ်းနယ်နေသော စုလင်းက အနက်ရောင် ချပ်ဝတ်တန်ဆာနှင့် ဦးထုပ်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ဖယ်ရှားရန် အချိန်မလုံလောက်သေးပေ။

"ဘာမှ မဟုတ်ပါဘူး!" စုယွီက အားတင်းကာ နှစ်ခါလောက် ရယ်မောလိုက်ပြီး "အစ်ကိုကြီး ပြန်လာပြီလား"

စုရန်က သူ့ကို မျက်စောင်းထိုးလိုက်သည်။ အဓိပ္ပါယ်မရှိတဲ့လူ! အစ်ကိုကြီးက ဒီမှာရပ်နေတယ်လေ၊ ​​သေချာပေါက် သူ ပြန်လာပြီပေါ့ကွ။

"အင်း" စုလင်းက အေးစက်စက်နဲ့ ခေါင်းညိတ်ပြလိုက်ပြီး သူ့ဦးထုပ်ကို ချွတ်ကာ လက်ဖက်ရည်တစ်ခွက် လောင်းထည့်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

စုယွီက စုရန်ကို စိုက်ကြည့်နေပြီး သူ့အခန်းထဲရှိ မိန်းခလေးအကြောင်း စုလင်းကို ပြောပြရန် မျက်လုံးဖြင့် အချက်ပြနေသည်။ စုရန်က ခေါင်းငုံ့ပြီး ဘာမှ မမြင်ချင်ယောင်ဆောင်နေကာ သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ စုယွီက ဒေါသတကြီးဖြင့် သူ့ပခုံးကို အပြင်းအထန် တွန်းလိုက်သော်လည်း စုရန်က သူ့ကိစ္စမဟုတ်သလို ပြုမူနေဆဲဖြစ်သည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက် တစ်ယောက်ကို တစ်ယောက် တွန်းလိုက် လုပ်နေကြသည်။ စုလင်းက စိတ်မရှည်တဲ့ လေသံအေးစက်စက်နဲ့ "မင်းတို့ နှစ်ယောက် ဘာဖြစ်နေတာလဲ။ သူရဲဘောကြောင် မနေနဲ့၊ ပြောစရာရှိရင် ပြောသာပြော"

သူက ချီတုံချတုံနဲ့ တိုးတိုးသက်သာ ပြောဆိုသူတွေကို မုန်းတယ်။ ပြီးတော့ စကားများများပြောပြီး အလုပ်သေချာမလုပ်တဲ့သူတွေကိုလည်း မကြိုက်ဘူး။ သူ ထွက်သွားတာ လအနည်းငယ်ပဲ ရှိသေးတာကို ဒီလူနှစ်ယောက်မှာ ဘယ်ကအကျင့်ဆိုးတွေ ပေါ်လာတာလဲ?

စုလင်းက မကျေမနပ်သွားတာကို သိတာကြောင့် စုယွီက အခြေအနေကို ရေသာခိုမနေရဲတော့ဘဲ "ဧကရာဇ်မင်းမြတ်က ချီးမြှင့်တဲ့ မိန်းခလေးကို ဒီနေ့ နေ့လယ်မှာ ပို့ပေးလိုက်ပါပြီ၊ အခု သူ(မ)က အစ်ကိုကြီးအခန်းထဲမှာ ရှိနေတယ်"

လက်ဖက်ရည်ခွက်ကို ကိုင်ထားသည့် စုလင်း၏လက်က တုန့်ဆိုင်းသွားကာ သူ့၏ လင်းယုန်ကဲ့သို့မျက်လုံးများတွင် ရွံရှာသွားသော အရိပ်အယောင်များ ထွက်ပေါ်လာပြီး အေးစက်စွာနဲ့ "နောက်ဘက်ခြံဝင်းမှာ အခန်းလွတ်တစ်ခုကို ရှာလိုက်၊ ပြီးရင် သူ(မ)ကို ငါ့မြင်ကွင်းထဲကနေ ဖယ်ထုတ်လိုက်"

ဧကရာဇ်က စစ်သူကြီးအိမ်တော်ကို အမျိုးသမီးတစ်ယောက်ကို စေလွှတ်ခဲ့တယ်ပေါ့! သူဆိုတဲ့ စုလင်းက မြင်တောင်မမြင်ဖူးတဲ့ အမျိုးသမီးတစ်ယောက်ကို စိတ်ကူးမယ်တဲ့လား?

စုယွီက သူ့မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်းပုံစံဖြင့် မတ်တပ်ရပ်နေကာ စုရန်က ခေါင်းခါပြလိုက်ပြီး ချောင်းအနည်းငယ်ဟန့်ကာ ပြုံးလိုက်ပြီး "အခုတော့ မဖြစ်နိုင်ဘူး ထင်တယ်"

"ဘာလို့လဲ" စုရန်၏ မျက်နှာပေါ်ရှိ အပြုံးက အနည်းငယ် ထူးဆန်းနေပြီး စုလင်းတစ်ယောက် ဆိုးရွားသော ခံစားချက်တစ်ခု ရနေသည်။ စုရန်က ပြန်မဖြေဘဲ ခေါင်းငုံ့ကာ သူ့လက်ထဲမှ ငွေလှံကို ဆက်သုတ်နေသည်။ စုလင်းက စုယွီကို ကြည့်လိုက်တော့ စုယွီက အသံတိုးတိုးနဲ့ "အစ်ကို ဝင်သွားကြည့်ရင် သိမှာပါ"

သူတို့ နှစ်ယောက်က အရမ်းထူးဆန်းနေတယ်၊ အဲ့တာက တူညီတဲ့ မိန်းမတစ်ယောက်ဘဲ မဟုတ်ဘူးလား? သူမမှာ ဦးခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်းပါနေတာ ဖြစ်နိုင်မလား? ဒါကလဲ မဖြစ်နိုင်ပါဘူး။ စုလင်းက သူတို့ကို လျစ်လျူရှုပြီး လင်းယွန်းအဆောင်ဆီသို့ ထွက်သွားတော့သည်။

ကုယွင်က ထုံကျင်နေသော ခြေလက်များကို နောက်တစ်ကြိမ် ရွှေ့ရန် ကြိုးစားသော်လည်း ကံမကောင်းစွာပဲ ထုံကျင်နေသည့် ခံစားချက်များပင် ပျောက်ကွယ်သွားခဲ့သည်။ သူမ ထထိုင်ချင်သော်လည်း သူမ ဂုဏ်ယူခဲ့သော သူမ၏ခါးနှင့် ဝမ်းဗိုက်ရှိ ခွန်အားများ မရှိတော့သည်ကို သိလိုက်ရသည်။ အတိအကျ ဘာတွေဖြစ်နေတာလဲ? သူမမျက်နှာကို အနီရောင်အ၀တ်စကြီးဖြင့် ဖုံးအုပ်ထားကာ ကုယွင်က မျက်လုံးများကို မှိတ်ထားရင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်တွေးနေမိသည်။ ထိုနေ့ညက သူမ ကျွော့ချင်းကို သွားရှာခဲ့ပြီး ထူးဆန်းသော သက်သေအထောက်အထားတစ်ခုကို ရှာတွေ့ခဲ့သည်။ ထိုအရာဆီမှ အနီရာင်အလင်းတန်းတစ်ခု လင်းလက်သွားသည်ကို သူမ ပြန်မှတ်မိလိုက်သည်။ ထိုနောက် သူမခေါင်းက စူးစူးရှရှ နာကျင်လာကာ အမြင်အာရုံများ မှောင်မိုက်သွားပြီး သတိလစ်သွားခဲ့သည်။

အဲဒီနောက်မှာတော့ သူမ ပရမ်းပတာအချိန်တွေကို ဖြတ်သန်းကုန်ဆုံးခဲ့ရသည်။ အထူးရဲသင်တန်းမှ လေ့ကျင့်ပေးခဲ့မှုကြောင့် တစ်စုံတစ်ယောက်က သူမကို မူးယစ်ဆေးတွေ ကျွေးနေတယ်ဆိုတာကို သိတာကြောင့် နိုးကြားနေအောင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့သည်။ တစ်ချိန်တည်းမှာ ခနော်ခနဲ့ ရထားလုံးပေါ်ကနေ လွတ်မြောက်ဖို့ သူမ ကြိုးစားခဲ့ပေမယ့် သူတို့ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူတို့က သူမကို ကြိုးဖြင့် ချည်နှောင်ထားခဲ့သည်။ သာမာန်အားဖြင့် သူမက ဤကြိုးများမှ အလွယ်တကူ လွတ်မြောက်နိုင်သော်လည်း ယခု သူမ၏ခန္ဓာကိုယ်က သူမ မဟုတ်ဘဲ၊ သူမတွင် ခွန်အား လုံးဝမရှိတော့ကြောင်း ခံစားလာရသည်။

ဒီနေ့ မွန်းတည့်ချိန်မှစပြီး သူမခေါင်းကို အနီရောင်အ၀တ်စကြီးနဲ့ အုပ်ပြီး ဒီကို ပြောင်း‌ရွေ့လာခဲ့ရသည်။ ရှစ်နာရီကြာအောင် သူမပတ်ဝန်းကျင်မှာ ဘာသံမှမကြားရဘူး။ သူမရဲ့ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုကြောင့် လှုပ်ရှားဖို့ ကြိုးစားမှုတော်တော်များများက မအောင်မြင်ခဲ့ပါဘူး။ ပထမတော့ သူမနဲ့ ကျွော့ချင်းတို့ ပြန်ပေးဆွဲခံရတယ်လို့ သံသယရှိခဲ့သည်။ သူမတို့ကို ပြန်ပေးဆွဲဖို့ ဘယ်သူက အဲဒီလောက် ဒုက္ခခံခဲ့တာလဲ။ သို့သော် ပတ်​ဝန်းကျင်​နှင့် သူမ၏ခန္ဓာကိုယ်​ရှိ အဝတ်​အစားများက ​ပြောင်းလဲသွားပြီး ဆံပင်​​တောင်​​ပြောင်းလဲသွားသည်​ကို သူမ ခံစားနိုင်​သည်​။ အရာအားလုံးက ​ထူးဆန်း​သော အ​ငွေ့အသက်​များ ရှိနေသည်​။

အမှန်အတိုင်း ပြောရရင် သူမစိတ်က နည်းနည်းတော့ ရှုပ်ထွေးနေပေမယ့် သူမရဲ့နားကတော့ စူးရှထက်မြက်နေတုန်းပါပဲ။ တံခါးအပြင်ဘက်မှာ တစ်ယောက်ယောက်ရှိနေပုံရပြီး သူမ သေချာမသိခင်မှာ တံခါးက တွန်းဖွင့်ခံလိုက်ရသည်။ ကုယွင်က အသက်ရှုအောင့်ပြီး ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်မျှော်နေခဲ့သည်။

စုလင်းက အခန်းထဲကို ဝင်လိုက်တာနဲ့ သူ့ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ လူတစ်ယောက်ရှိနေတာကို ခံစားမိနေပြီဖြစ်သည်။ အခန်းက မှောင်မဲနေတာကြောင့် စုလင်းက မီးထွန်းလိုက်သည်။ ဖယောင်းတိုင်မီးမှိန်မှိန်အောက်တွင် ကုတင်ပေါ်ရှိ အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံကို ဝတ်ထားသော အမျိုးသမီးက အထူးဆွဲဆောင်နေသည်။

စုလင်း၏ အမူအရာက ပြောင်းသွားသည်။ ဒါက ဘာလဲ? ထိုမိန်းမကို သူ့အိပ်ရာပေါ် တင်ထားသည်ဆိုသော်လည်း ကြိုးချည်ထားခဲ့ခြင်းသာ ဖြစ်သည်။ စုလင်းက သံခမောက်ကို စားပွဲပေါ်တင်လိုက်ပြီး အမျိုးသမီး၏မျက်နှာကို ဖုံးအုပ်ထားသော အနီရောင်ပဝါကို ပေါ့ပေါ့ဆဆ ဖွင့်လိုက်သည်။ ပထမတော့ သူက ထိတ်လန့်တကြား ငိုနေမည့် မျက်နှာကို မြင်ရန် မျှော်လင့်ထားသော်လည်း အံ့သြသွားရသည်။ ဘာတုန်းဟ? ဒေါသထွက်နေသော မျက်လုံးတစ်စုံက သူ့ကို နှုတ်ဆက်လာသည်။

တောက်ပသော လရောင်ကဲ့သို့ အေးစက်သော မျက်လုံးတစ်စုံနှင့် နေကဲ့သို့ ပူပြင်းလှသည့် မျက်ဝန်းတစ်စုံ အကြည့်ချင်းဆုံသွားသည်။ စုလင်း၏အေးစက်သော မျက်လုံးများက အနည်းငယ် မှေးကျဥ်းသွားသည်။ ထိုကဲ့သို့သော မျက်လုံးတစ်စုံရှိနေသည့် အမျိုးသမီးက ဘယ်လိုမိန်းမမျိုးလဲ? ထိုမျက်လုံးများကြောင့် စုလင်းက ထိုမျက်နှာကို ကြည့်ရန် အနည်းငယ် စိတ်ဝင်စားလာခဲ့သည်။

နူးညံသိမ်မွေ့ပြီး နုပျိုသော မျက်နှာ၊ ရှည်လျားသော မျက်တောင်များက ဖယောင်းတိုင်မီးရောင်အောက်တွင် မှုန်မှိုင်းသော ပုံသဏ္ဌန်ကို ချန်ထားပြီး ချယ်ရီနှုတ်ခမ်းအစုံက မာနကြီးပုံပေါ်ကာ လှပသော နှာတံများ ရှိသည်။ လူတစ်ကိုယ်လုံးက အလွန်သေးသွယ်နေပုံပေါက်နေတာကြောင့် နည်းနည်းလောက်ဖိမိလျှင်ပင် ကွဲအက်သွားနိုင်ပုံရသည်။ စုလင်းက မျက်မှောင်ကြုတ်လိုက်သည်။ ဒီလိုနူးညံ့သိမ်မွေ့တဲ့ မိန်းမပျိုမျိုးကို သူ အမုန်းဆုံးပါပဲ။ သူမမှာ ဒီလိုထူးခြားတဲ့ မျက်လုံးတစ်စုံမရှိရင် သူ သူမကို တစ်ချက်တောင် ကြည့်မိမှာ မဟုတ်ဘူး။

စုလင်းက ကုယွင်ကို ကြည့်နေချိန်တွင် ကုယွင်ကလည်း သူမရှေ့မှ အေးစက်သော လူကြမ်းကြီးကို အကဲခတ်နေသည်။ သူ၏ သန်မာသော ခန္ဓာကိုယ်က ကုတင်ရှေ့တွင် ရပ်နေပြီး ဖယောင်းတိုင်မီးမှိန်ပျပျကို ပိတ်ဆို့လုနီးပါးဖြစ်နေကာ သူ၏အသွင်အပြင်ကို နောက်ခံမီးအောက်တွင် ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူက အနက်ရောင် ချပ်ဝတ်တန်ဆာနှင့် ကြေးဝါခါးပန်းကြိုးကို ၀တ်ဆင်ထားပြီး သူ၏ အရေပြားက ကျန်းမာသော အသားအရည်ကို ဖော်ပြနေသည်။ သူ၏ရဲရင့်ပြီး မောက်မာရမ်းကားပုံရကာ ရန်လိုတက်မည့် စိတ်ဓာတ်ကို သာမန်အမျိုးသားများတွင် တွေ့ရခဲသည်။ ဒါပေမယ့် သူက ဘာလို့ ချပ်ဝတ်တန်ဆာ ဝတ်ထားတာလဲ? ဘယ်လိုပဲ ကြည့်ကြည့် ဒီဝတ်စုံက နည်းနည်းဆန်းတယ်။

ကုယွင်ရဲ့ မျက်လုံးတွေကို အဆွဲဆောင်နိုင်ဆုံးအရာက ည၏မှိန်ဖျော့ဖျော့အလင်းရောင်အောက်မှာ လင်းယုန်ငှက်လို စူးရှပြီး အေးစက်နေတဲ့ မျက်လုံးတွေပဲ ဖြစ်သည်။ သူမက ရာဇ၀တ်မှု စုံစမ်းရေးအဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့နဲ့ အဓိကရုဏ်းနှိမ်နင်းရေး အဖွဲ့တွေမှာ တာဝန်ထမ်းခဲ့ပြီး သူမ တွေ့ခဲ့ဖူးသော ကြမ်းတမ်းတဲ့၊ ယုတ်ညံ့တဲ့၊ ရက်စက်တဲ့သူတွေရဲ့ မျက်လုံးများနှင့်နှိုင်းယှဥ်လျှင် သူမရှေ့မှ လူ၏မျက်လုံးများက ပို၍ ပြတ်သားပြီး ခိုင်မာမှုရှိနေသည်။ သူ့မှာ အစွမ်းသတ္တိတွေ ရှိပုံပေါ်ပြီး အံသြဖွယ်ကောင်းနေသည်။

သူမခန္ဓာကိုယ်က မလှုပ်ရှားနိုင်အောင် ချည်နှောင်ခံထားရသည်။ ကုယွင်က အဖြစ်အပျက်ကို နားမလည်သေးသော်လည်း သူမက အမြဲတည်ငြိမ်လေ့ရှိပြီး ထိတ်လန့်ခြင်း မရှိပေ။ သူမက အသံတိုးတိုးနဲ့ "ကျေးဇူးပြုပြီး ငါ့ရဲ့ကြိုးတွေကို အရင်ဖြေလျှော့ပေးပါ"

အချိန်အတော်ကြာအောင် စကားမပြောခဲ့တာကြောင့် သူမအသံက နည်းနည်း အက်နေပေမယ့် အဲဒါက သူမကိုယ်ပိုင်အသံမဟုတ်ဘူးလို့ သူမ ပြောနိုင်သေးသည်။

ကုယွင်က ထိတ်လန့်တုန်လှုပ်သွားပြီး ဒီကမ္ဘာမြေပေါ်မှာ ဘာဖြစ်နေတာလဲဟု တွေးတောနေသည်။ အဲဒီညက ရွှေရောင်အဝိုင်းပြားကို တွေ့ကတည်းက အရာအားလုံးက ထူးဆန်းနေပုံရသည်။

ကုယွင်က သူမခေါင်းကို အနည်းငယ် လှည့်လာတော့ စုလင်းက သူမ၏မျက်နှာတစ်ဖက်တွင် ဒဏ်ရာအသစ်နှင့်တူသည့် အမာရွတ်နှစ်ခုကို တွေ့လိုက်ရသည်။ သူက လက်ကို ဆန့်တန်းကာ ကုယွင်၏ မေးစေ့ကို ကိုင်လိုက်ပြီး တစ်ဖက်သို့ လှည့်လိုက်သည်။ စုလင်း၏ လက်က သူမ၏ပါးပြင်ကို ပေါ့ပေါ့တန်တန် ထိတွေ့လိုက်သည်။ သူက ဒဏ်ရာကို စစ်ဆေးကြည့်ချင်ခဲ့သည်။ တစ်စုံတစ်ဦးက ထိုကဲ့သို့သော ပျော့ညံ့သော အမျိုးသမီးတစ်ဦး၏ မျက်နှာတွင် ကြောက်မက်ဖွယ် အမာရွတ် နှစ်ခုကို ချန်ထားခဲ့လျှင် ထိုလူက ရွံရှာဖွယ်ကောင်းလှသည်။

နွေးထွေးသောလက်တစ်စုံက သူမပါးပြင်ကို ရုတ်တရက် ထိမိသွားတာကြောင့် ကုယွင်၏ နှလုံးခုန်သံများက မြန်ဆန်သွားကာ သူမ၏အသက်ရှုသံများပင် လှုပ်ရှားသွားသည်။ သူမ ခေါင်းကို ပြန်လှည့်ချင်ပေမယ့် ဒီလူရဲ့လက်က အရမ်းသန်မာလွန်းတာကြောင့် သူမ လှုပ်ရှားနိုင်ပေ။ ကုယွင်က ပါးစပ်ကို ဖွင့်ပြီး စုလင်းရဲ့ လက်ကောက်ဝတ်ကို ကိုက်လိုက်သည်။

သူမက ပြင်းပြင်းထန်ထန် ကိုက်ခဲလိုက်တာကြောင့် မကြာမီ သူမပါးစပ်ထဲတွင် သွေးအရသာများ ပြည့်လာသော်လည်း အေးစက်ပြီး မာနကြီးသော ယောက်ျားက မျက်မှောင်ကြုတ်ထားကာ ညည်းတောင် မညည်းညူခဲ့ပေ။ သူမ အနည်းငယ် ဝုန်းဒိုင်းကြဲမိသွားပုံရသည်။ ကုယွင်က ဒေါသတကြီး ကိုက်လိုက်ပြီးပြီဖြစ်သောကြောင့် နောင်တရလဲ အသုံးမဝင်တော့ပေ။ ထိုကြောင့် သူမ၏ အားထုတ်မှုကို အလဟသ မဖြစ်စေချင်တာကြောင့် သူမ ပါးစပ်ကို ပြန်ပိတ်ကာ သူ့လက်ကြီးများကို ဖယ်ရှားရန် အခြားနည်းလမ်းများ ရှာဖွေရန် စီစဉ်ခဲ့သည်။

စုလင်းက သူမကို ထပ်မ‌နှောက်ယှက်တော့ဘဲ သူ့လက်ကို ပြန်ဆုတ်လိုက်သည်။ သူမက ခွေးလား? စုလင်းက နက်နဲသော သွားတန်းရာနှစ်ခုကို ငုံ့ကြည့်လိုက်ပြီး ကုယွင်ကို အချိန်အကြာကြီး စိုက်ကြည့်နေရင်းမှ ပို၍ပို၍ မျက်မှောင်ကြုတ်လာကာ အေးစက်စက် အသံဖြင့် "မင်းက ချင်းမော့လား"

ဧကရာဇ်က ဒီလိုနာမည်ရှိတဲ့ မိန်းမပျိုတစ်ယောက်ကို သူ့ထံ စေလွှတ်ခဲ့တာကို သူ မှတ်မိနေသည်။ ချင်းမိသားစု၏တတိယမြောက် မိန်းမပျိုလေးက နူးညံ့သိမ်မွေ့ပြီး ချောမောလှပသည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။ သူ့ရှေ့ရှိ အမျိုးသမီးတွင် မည်သည့် သိမ်မွေ့မှု့မျိုးကိုမှ သူ မမြင်ရပေ။ ဧကရာဇ်က သူ့ကို လှည့်စားနေတာလား? ဒါမှမဟုတ် ကောလဟာလတွေက လုံးဝ မယုံရတာလား?

ချင်းမော့က ဘာလဲ? ကုယွင်က စိတ်ရှုပ်နေပေမယ့် ငြင်းဖို့ အလျင်စလို မလုပ်ဘဲ အေးအေးဆေးဆေး ပြန်ပြောလိုက်သည် "ငါ့ကို ကြိုးဖြေပေးပါ"

သူမက သူမရဲ့ လက်ခြေတွေမှာ အင်အားပြန်ရလာဖို့ စောင့်ဆိုင်းနေပြီး ဇာတ်လမ်းတစ်ခုလုံးကို အဖြေရှာဖို့ စောင့်မျှော်နေခဲ့သည်။ ဤတစ်ကြိမ်တွင် စုလင်းက သူ့အနားရှိ သစ်သားဘောင်ဆီသို့ တိုက်ရိုက်လျှောက်သွားကာ သူ၏ချပ်ဝတ်တန်ဆာအပိုင်းအစကို ချွတ်ကာ ချိတ်ဆွဲလိုက်ပြီး ကုတင်ပေါ်မှ ကုယွင်ကို နောက်တစ်ကြိမ် မကြည့်တော့ပေ။ "ဒါက ဗိုလ်ချုပ်ရဲ့ အိမ်တော်၊ မင်း ရူးရူးမိုက်မိုက် လုပ်လို့ရတဲ့ မင်းရဲ့ အတွင်းဆောင်အနောက်ဘက်ခြံဝင်း မဟုတ်ဘူး။ မင်း ဒီမှာ နေချင်ရင် မင်းတာဝန်ကို ကျေပွန်အောင် လုပ်"

ထိုသို့ အေးစက်စွာ ပြောပြီးနောက် စုလင်းက အေးစက်စက်နဲ့ အိမ်ခန်းထဲမှ ထွက်သွားလေသည်။

❤❤❤❤❤Thank you so much, each reader, for your reading, voting and supports❤❤❤❤❤


အခန္း ၁ ဝိညာဥ္က အျခားကမာၻတစ္ခုဆီသို႔ ခရီးသြားျခင္း (အပိုင္း ၁)

ညမိုးခ်ဳပ္လာသည္ႏွင့္ ဗိုလ္ခ်ဳပ္အိမ္ေတာ္၏ဧည့္ခံခန္းမတြင္ ဖေယာင္းတိုင္မီးမ်ား ေတာက္ပေနေအာင္ ထြန္းညႇိထားသည္။ အခန္းက်ယ္ႀကီးထဲတြင္ ႐ိုးရွင္းေသာ လက္ရာၾကမ္းၾကမ္း မေဟာ္ဂနီစားပြဲႏွင့္ ကုလားထိုင္မ်ား၏ တစ္ဘက္စီတြင္ လူႏွစ္ေယာက္ ရွိေနသည္။ တစ္ေယာက္က ထိုင္ေနၿပီး တစ္ေယာက္က မတ္တပ္ရပ္ေနကာ တစ္ေယာက္က ေအးေအးေဆးေဆးျဖစ္ေနၿပီး ေနာက္တစ္ေယာက္က ဂနာမၿငိမ္ျဖစ္ေနသည္။ လူငယ္ေလးက အခန္းထဲတြင္ စိတ္မရွည္စြာ အျပန္ျပန္အလွန္လွန္ လမ္းေလ်ာက္ေနခဲ့ၿပီး ေနာက္ဆုံးတြင္ သူ႔ေဘးနားမွ ေတာင္တန္းႀကီးလို မလႈပ္မယွက္ထိုင္ေနေသာ ပိန္ပိန္ပိန္ပါးပါး အမ်ိဳးသားကို ၾကည့္ကာ "ဒုတိယအစ္ကို၊ အဲဒီ့မိန္းမကို အစ္ကိုႀကီးရဲ႕ အခန္းထဲကို ပစ္ခ်လိုက္တာလား? အဲ့တာက အဆင္ေျပပါ့မလား? အား?"

အစ္ကိုအႀကီးဆုံးက ဒီေန႔ ရွင္းက်န္ေျမာက္ပိုင္းက နယ္စပ္ေနရာကို ကာကြယ္ေစာင့္‌ေရွာက္ေနရာကေန ျပန္လာမည္ျဖစ္သည္။ သူ ျပန္လာတာနဲ႔ သူ႔ကုတင္ေဘးမွာ လဲေလ်ာင္းေနတဲ့ မိန္းခေလးတစ္ေယာက္ကို ေတြ႕ရင္ ေဒါသေတြ အရမ္းထြက္လာၿပီး ထိုမိန္းခေလးကို လည္ပင္းညႇစ္သတ္တာ ဒါမွမဟုတ္ ႐ိုက္သတ္လိုက္တာမ်ိဳး ျဖစ္ႏိုင္မလား? ဒါေပမယ့္ သူ အျပစ္တင္ခ်င္တင္ ဧကရာဇ္ကို အျပစ္တင္ေလ! မိန္းခေလးတစ္ေယာက္ကို လက္ေဆာင္ေပးတာက ေကာင္းမြန္တဲ့ လုပ္ရပ္ျဖစ္ေပမယ့္ ဗိုလ္ခ်ဳပ္အိမ္ေတာ္မွာ မိန္းမဆိုလို႔ အိမ္အကူတစ္ေယာက္ေတာင္ မရွိဘူး။ အဲ့လို ေနရာကို ဘာလို႔ မိန္းခေလးတစ္ေယာက္လာပို႔တာလဲလို႔ပဲ ေမးခ်င္ေတာ့တယ္။

စုရန္က ေခါင္းေတာင္ ေထာင္မၾကည့္ဘဲ သူ႔လက္ထဲက ေငြေရာင္လွံကို ညင္သာစြာ သုတ္ေနရင္း ၿပဳံးလိုက္ၿပီး "ဒါက ဧကရာဇ္မင္းျမတ္က အစ္ကိုအႀကီးဆုံးကို ခ်ီးျမႇင့္ခဲ့တဲ့ မိန္းခေလးပဲ၊ သူ(မ)ကို အဲ့မွာ မထားခဲ့ဘူးဆိုရင္၊ မင္းအခန္းမွာ ထားရမွာလား?"

စုယြီက ထိုစကားကို ၾကားေသာအခါ ခ်က္ျခင္းပင္ ႐ြံရွာစြာနဲ႔ "မထားနဲ႔၊ ကြၽန္ေတာ္ မလိုခ်င္ဘူး!" ထိုကဲ့သို႔ ႏူးညံေသာ မိန္းမမ်ားကို သူမုန္းတီးသည္။ သူကိုယ္တိုင္ေတာင္မွ ခ်မ္းသာၿပီး ပညာတက္ေသာ သမီးပ်ိဳမ်ားထံမွ ႐ုန္းထြက္ေနရျခင္းပင္၊ ေတြးၾကည့္႐ုံနဲ႔ အစားစားခ်င္စိတ္ေတာင္ ပ်က္တယ္!

စုရန္က ပခုံးတြန႔္ျပၿပီး ဘာမွ ထူးျခားတဲ့ပုံ မျပေပ။ တကယ္ေတာ့ အိမ္ေတာ္ထဲမွာ မိန္းခေလးတစ္ေယာက္ရွိေနတာလည္း ေကာင္းပါတယ္။ သူတို႔မွာ ဘာမွလုပ္စရာမရွိတဲ့အခါ သူမ စိတ္လႈပ္ရွားေနတာကို ေစာင့္ၾကည့္ေနႏိုင္သည္။

"ဘာကို မလိုခ်င္တာလဲ" ေယာက္်ားတစ္ေယာက္၏ အသံမာမာတစ္ခု ထြက္ေပၚလာသည္ႏွင့္ တၿပိဳင္နက္ အရပ္ရွည္ရွည္ႏွင့္ ခပ္ေျဖာင့္ေျဖာင့္ အသြင္အျပင္က ခန္းမထဲမွာ ေပၚလာသည္။ ခရီး ပင္ပန္းႏြမ္းနယ္ေနေသာ စုလင္းက အနက္ေရာင္ ခ်ပ္ဝတ္တန္ဆာႏွင့္ ဦးထုပ္ကို ဝတ္ဆင္ထားဆဲျဖစ္ၿပီး ဖယ္ရွားရန္ အခ်ိန္မလုံေလာက္ေသးေပ။

"ဘာမွ မဟုတ္ပါဘူး!" စုယြီက အားတင္းကာ ႏွစ္ခါေလာက္ ရယ္ေမာလိုက္ၿပီး "အစ္ကိုႀကီး ျပန္လာၿပီလား"

စုရန္က သူ႔ကို မ်က္ေစာင္းထိုးလိုက္သည္။ အဓိပၸါယ္မရွိတဲ့လူ! အစ္ကိုႀကီးက ဒီမွာရပ္ေနတယ္ေလ၊ ​​ေသခ်ာေပါက္ သူ ျပန္လာၿပီေပါ့ကြ။

"အင္း" စုလင္းက ေအးစက္စက္နဲ႔ ေခါင္းညိတ္ျပလိုက္ၿပီး သူ႔ဦးထုပ္ကို ခြၽတ္ကာ လက္ဖက္ရည္တစ္ခြက္ ေလာင္းထည့္ၿပီး တစ္က်ိဳက္တည္း ေမာ့ေသာက္လိုက္သည္။

စုယြီက စုရန္ကို စိုက္ၾကည့္ေနၿပီး သူ႔အခန္းထဲရွိ မိန္းခေလးအေၾကာင္း စုလင္းကို ေျပာျပရန္ မ်က္လုံးျဖင့္ အခ်က္ျပေနသည္။ စုရန္က ေခါင္းငုံ႔ၿပီး ဘာမွ မျမင္ခ်င္ေယာင္ေဆာင္ေနကာ သူ႔မ်က္လုံးမ်ားကို မွိတ္ထားလိုက္သည္။ စုယြီက ေဒါသတႀကီးျဖင့္ သူ႔ပခုံးကို အျပင္းအထန္ တြန္းလိုက္ေသာ္လည္း စုရန္က သူ႔ကိစၥမဟုတ္သလို ျပဳမူေနဆဲျဖစ္သည္။

ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ တစ္ေယာက္ကို တစ္ေယာက္ တြန္းလိုက္ လုပ္ေနၾကသည္။ စုလင္းက စိတ္မရွည္တဲ့ ေလသံေအးစက္စက္နဲ႔ "မင္းတို႔ ႏွစ္ေယာက္ ဘာျဖစ္ေနတာလဲ။ သူရဲေဘာေၾကာင္ မေနနဲ႔၊ ေျပာစရာရွိရင္ ေျပာသာေျပာ"

သူက ခ်ီတုံခ်တုံနဲ႔ တိုးတိုးသက္သာ ေျပာဆိုသူေတြကို မုန္းတယ္။ ၿပီးေတာ့ စကားမ်ားမ်ားေျပာၿပီး အလုပ္ေသခ်ာမလုပ္တဲ့သူေတြကိုလည္း မႀကိဳက္ဘူး။ သူ ထြက္သြားတာ လအနည္းငယ္ပဲ ရွိေသးတာကို ဒီလူႏွစ္ေယာက္မွာ ဘယ္ကအက်င့္ဆိုးေတြ ေပၚလာတာလဲ?

စုလင္းက မေက်မနပ္သြားတာကို သိတာေၾကာင့္ စုယြီက အေျခအေနကို ေရသာခိုမေနရဲေတာ့ဘဲ "ဧကရာဇ္မင္းျမတ္က ခ်ီးျမႇင့္တဲ့ မိန္းခေလးကို ဒီေန႔ ေန႔လယ္မွာ ပို႔ေပးလိုက္ပါၿပီ၊ အခု သူ(မ)က အစ္ကိုႀကီးအခန္းထဲမွာ ရွိေနတယ္"

လက္ဖက္ရည္ခြက္ကို ကိုင္ထားသည့္ စုလင္း၏လက္က တုန႔္ဆိုင္းသြားကာ သူ႔၏ လင္းယုန္ကဲ့သို႔မ်က္လုံးမ်ားတြင္ ႐ြံရွာသြားေသာ အရိပ္အေယာင္မ်ား ထြက္ေပၚလာၿပီး ေအးစက္စြာနဲ႔ "ေနာက္ဘက္ၿခံဝင္းမွာ အခန္းလြတ္တစ္ခုကို ရွာလိုက္၊ ၿပီးရင္ သူ(မ)ကို ငါ့ျမင္ကြင္းထဲကေန ဖယ္ထုတ္လိုက္"

ဧကရာဇ္က စစ္သူႀကီးအိမ္ေတာ္ကို အမ်ိဳးသမီးတစ္ေယာက္ကို ေစလႊတ္ခဲ့တယ္ေပါ့! သူဆိုတဲ့ စုလင္းက ျမင္ေတာင္မျမင္ဖူးတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို စိတ္ကူးမယ္တဲ့လား?

စုယြီက သူ႔မ်က္ႏွာေပၚတြင္ ရွက္ကိုးရွက္ကန္းပုံစံျဖင့္ မတ္တပ္ရပ္ေနကာ စုရန္က ေခါင္းခါျပလိုက္ၿပီး ေခ်ာင္းအနည္းငယ္ဟန႔္ကာ ၿပဳံးလိုက္ၿပီး "အခုေတာ့ မျဖစ္ႏိုင္ဘူး ထင္တယ္"

"ဘာလို႔လဲ" စုရန္၏ မ်က္ႏွာေပၚရွိ အၿပဳံးက အနည္းငယ္ ထူးဆန္းေနၿပီး စုလင္းတစ္ေယာက္ ဆိုး႐ြားေသာ ခံစားခ်က္တစ္ခု ရေနသည္။ စုရန္က ျပန္မေျဖဘဲ ေခါင္းငုံ႔ကာ သူ႔လက္ထဲမွ ေငြလွံကို ဆက္သုတ္ေနသည္။ စုလင္းက စုယြီကို ၾကည့္လိုက္ေတာ့ စုယြီက အသံတိုးတိုးနဲ႔ "အစ္ကို ဝင္သြားၾကည့္ရင္ သိမွာပါ"

သူတို႔ ႏွစ္ေယာက္က အရမ္းထူးဆန္းေနတယ္၊ အဲ့တာက တူညီတဲ့ မိန္းမတစ္ေယာက္ဘဲ မဟုတ္ဘူးလား? သူမမွာ ဦးေခါင္းသုံးလုံးနဲ႔ လက္ေျခာက္ေခ်ာင္းပါေနတာ ျဖစ္ႏိုင္မလား? ဒါကလဲ မျဖစ္ႏိုင္ပါဘူး။ စုလင္းက သူတို႔ကို လ်စ္လ်ဴရႈၿပီး လင္းယြန္းအေဆာင္ဆီသို႔ ထြက္သြားေတာ့သည္။

ကုယြင္က ထုံက်င္ေနေသာ ေျခလက္မ်ားကို ေနာက္တစ္ႀကိမ္ ေ႐ႊ႕ရန္ ႀကိဳးစားေသာ္လည္း ကံမေကာင္းစြာပဲ ထုံက်င္ေနသည့္ ခံစားခ်က္မ်ားပင္ ေပ်ာက္ကြယ္သြားခဲ့သည္။ သူမ ထထိုင္ခ်င္ေသာ္လည္း သူမ ဂုဏ္ယူခဲ့ေသာ သူမ၏ခါးႏွင့္ ဝမ္းဗိုက္ရွိ ခြန္အားမ်ား မရွိေတာ့သည္ကို သိလိုက္ရသည္။ အတိအက် ဘာေတြျဖစ္ေနတာလဲ? သူမမ်က္ႏွာကို အနီေရာင္အ၀တ္စႀကီးျဖင့္ ဖုံးအုပ္ထားကာ ကုယြင္က မ်က္လုံးမ်ားကို မွိတ္ထားရင္း ျဖစ္ပ်က္ခဲ့သည့္ အျဖစ္အပ်က္မ်ားကို ျပန္ေတြးေနမိသည္။ ထိုေန႔ညက သူမ ေကြၽာ့ခ်င္းကို သြားရွာခဲ့ၿပီး ထူးဆန္းေသာ သက္ေသအေထာက္အထားတစ္ခုကို ရွာေတြ႕ခဲ့သည္။ ထိုအရာဆီမွ အနီရာင္အလင္းတန္းတစ္ခု လင္းလက္သြားသည္ကို သူမ ျပန္မွတ္မိလိုက္သည္။ ထိုေနာက္ သူမေခါင္းက စူးစူးရွရွ နာက်င္လာကာ အျမင္အာ႐ုံမ်ား ေမွာင္မိုက္သြားၿပီး သတိလစ္သြားခဲ့သည္။

အဲဒီေနာက္မွာေတာ့ သူမ ပရမ္းပတာအခ်ိန္ေတြကို ျဖတ္သန္းကုန္ဆုံးခဲ့ရသည္။ အထူးရဲသင္တန္းမွ ေလ့က်င့္ေပးခဲ့မႈေၾကာင့္ တစ္စုံတစ္ေယာက္က သူမကို မူးယစ္ေဆးေတြ ေကြၽးေနတယ္ဆိုတာကို သိတာေၾကာင့္ ႏိုးၾကားေနေအာင္ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ႀကိဳးစားခဲ့သည္။ တစ္ခ်ိန္တည္းမွာ ခေနာ္ခနဲ႔ ရထားလုံးေပၚကေန လြတ္ေျမာက္ဖို႔ သူမ ႀကိဳးစားခဲ့ေပမယ့္ သူတို႔ကို ရွာေဖြေတြ႕ရွိသြားခဲ့သည္။ သူတို႔က သူမကို ႀကိဳးျဖင့္ ခ်ည္ေႏွာင္ထားခဲ့သည္။ သာမာန္အားျဖင့္ သူမက ဤႀကိဳးမ်ားမွ အလြယ္တကူ လြတ္ေျမာက္ႏိုင္ေသာ္လည္း ယခု သူမ၏ခႏၶာကိုယ္က သူမ မဟုတ္ဘဲ၊ သူမတြင္ ခြန္အား လုံးဝမရွိေတာ့ေၾကာင္း ခံစားလာရသည္။

ဒီေန႔ မြန္းတည့္ခ်ိန္မွစၿပီး သူမေခါင္းကို အနီေရာင္အ၀တ္စႀကီးနဲ႔ အုပ္ၿပီး ဒီကို ေျပာင္း‌ေ႐ြ႕လာခဲ့ရသည္။ ရွစ္နာရီၾကာေအာင္ သူမပတ္ဝန္းက်င္မွာ ဘာသံမွမၾကားရဘူး။ သူမရဲ႕႐ုပ္ပိုင္းဆိုင္ရာ အားနည္းမႈေၾကာင့္ လႈပ္ရွားဖို႔ ႀကိဳးစားမႈေတာ္ေတာ္မ်ားမ်ားက မေအာင္ျမင္ခဲ့ပါဘူး။ ပထမေတာ့ သူမနဲ႔ ေကြၽာ့ခ်င္းတို႔ ျပန္ေပးဆြဲခံရတယ္လို႔ သံသယရွိခဲ့သည္။ သူမတို႔ကို ျပန္ေပးဆြဲဖို႔ ဘယ္သူက အဲဒီေလာက္ ဒုကၡခံခဲ့တာလဲ။ သို႔ေသာ္ ပတ္​ဝန္းက်င္​ႏွင့္ သူမ၏ခႏၶာကိုယ္​ရွိ အဝတ္​အစားမ်ားက ​ေျပာင္းလဲသြားၿပီး ဆံပင္​​ေတာင္​​ေျပာင္းလဲသြားသည္​ကို သူမ ခံစားႏိုင္​သည္​။ အရာအားလုံးက ​ထူးဆန္း​ေသာ အ​ေငြ႕အသက္​မ်ား ရွိေနသည္​။

အမွန္အတိုင္း ေျပာရရင္ သူမစိတ္က နည္းနည္းေတာ့ ရႈပ္ေထြးေနေပမယ့္ သူမရဲ႕နားကေတာ့ စူးရွထက္ျမက္ေနတုန္းပါပဲ။ တံခါးအျပင္ဘက္မွာ တစ္ေယာက္ေယာက္ရွိေနပုံရၿပီး သူမ ေသခ်ာမသိခင္မွာ တံခါးက တြန္းဖြင့္ခံလိုက္ရသည္။ ကုယြင္က အသက္ရႈေအာင့္ၿပီး ဘာေတြျဖစ္လာမလဲဆိုတာကို ေစာင့္ေမွ်ာ္ေနခဲ့သည္။

စုလင္းက အခန္းထဲကို ဝင္လိုက္တာနဲ႔ သူ႔ကုတင္ေပၚမွာ လဲေလ်ာင္းေနတဲ့ လူတစ္ေယာက္ရွိေနတာကို ခံစားမိေနၿပီျဖစ္သည္။ အခန္းက ေမွာင္မဲေနတာေၾကာင့္ စုလင္းက မီးထြန္းလိုက္သည္။ ဖေယာင္းတိုင္မီးမွိန္မွိန္ေအာက္တြင္ ကုတင္ေပၚရွိ အနီေရာင္ေတာက္ေတာက္ မဂၤလာဝတ္စုံကို ဝတ္ထားေသာ အမ်ိဳးသမီးက အထူးဆြဲေဆာင္ေနသည္။

စုလင္း၏ အမူအရာက ေျပာင္းသြားသည္။ ဒါက ဘာလဲ? ထိုမိန္းမကို သူ႔အိပ္ရာေပၚ တင္ထားသည္ဆိုေသာ္လည္း ႀကိဳးခ်ည္ထားခဲ့ျခင္းသာ ျဖစ္သည္။ စုလင္းက သံခေမာက္ကို စားပြဲေပၚတင္လိုက္ၿပီး အမ်ိဳးသမီး၏မ်က္ႏွာကို ဖုံးအုပ္ထားေသာ အနီေရာင္ပဝါကို ေပါ့ေပါ့ဆဆ ဖြင့္လိုက္သည္။ ပထမေတာ့ သူက ထိတ္လန႔္တၾကား ငိုေနမည့္ မ်က္ႏွာကို ျမင္ရန္ ေမွ်ာ္လင့္ထားေသာ္လည္း အံ့ၾသသြားရသည္။ ဘာတုန္းဟ? ေဒါသထြက္ေနေသာ မ်က္လုံးတစ္စုံက သူ႔ကို ႏႈတ္ဆက္လာသည္။

ေတာက္ပေသာ လေရာင္ကဲ့သို႔ ေအးစက္ေသာ မ်က္လုံးတစ္စုံႏွင့္ ေနကဲ့သို႔ ပူျပင္းလွသည့္ မ်က္ဝန္းတစ္စုံ အၾကည့္ခ်င္းဆုံသြားသည္။ စုလင္း၏ေအးစက္ေသာ မ်က္လုံးမ်ားက အနည္းငယ္ ေမွးက်ဥ္းသြားသည္။ ထိုကဲ့သို႔ေသာ မ်က္လုံးတစ္စုံရွိေနသည့္ အမ်ိဳးသမီးက ဘယ္လိုမိန္းမမ်ိဳးလဲ? ထိုမ်က္လုံးမ်ားေၾကာင့္ စုလင္းက ထိုမ်က္ႏွာကို ၾကည့္ရန္ အနည္းငယ္ စိတ္ဝင္စားလာခဲ့သည္။

ႏူးညံသိမ္ေမြ႕ၿပီး ႏုပ်ိဳေသာ မ်က္ႏွာ၊ ရွည္လ်ားေသာ မ်က္ေတာင္မ်ားက ဖေယာင္းတိုင္မီးေရာင္ေအာက္တြင္ မႈန္မႈိင္းေသာ ပုံသဏၭန္ကို ခ်န္ထားၿပီး ခ်ယ္ရီႏႈတ္ခမ္းအစုံက မာနႀကီးပုံေပၚကာ လွပေသာ ႏွာတံမ်ား ရွိသည္။ လူတစ္ကိုယ္လုံးက အလြန္ေသးသြယ္ေနပုံေပါက္ေနတာေၾကာင့္ နည္းနည္းေလာက္ဖိမိလွ်င္ပင္ ကြဲအက္သြားႏိုင္ပုံရသည္။ စုလင္းက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဒီလိုႏူးညံ့သိမ္ေမြ႕တဲ့ မိန္းမပ်ိဳမ်ိဳးကို သူ အမုန္းဆုံးပါပဲ။ သူမမွာ ဒီလိုထူးျခားတဲ့ မ်က္လုံးတစ္စုံမရွိရင္ သူ သူမကို တစ္ခ်က္ေတာင္ ၾကည့္မိမွာ မဟုတ္ဘူး။

စုလင္းက ကုယြင္ကို ၾကည့္ေနခ်ိန္တြင္ ကုယြင္ကလည္း သူမေရွ႕မွ ေအးစက္ေသာ လူၾကမ္းႀကီးကို အကဲခတ္ေနသည္။ သူ၏ သန္မာေသာ ခႏၶာကိုယ္က ကုတင္ေရွ႕တြင္ ရပ္ေနၿပီး ဖေယာင္းတိုင္မီးမွိန္ပ်ပ်ကို ပိတ္ဆို႔လုနီးပါးျဖစ္ေနကာ သူ၏အသြင္အျပင္ကို ေနာက္ခံမီးေအာက္တြင္ ရွင္းရွင္းလင္းလင္း မျမင္ရေပ။ သူက အနက္ေရာင္ ခ်ပ္ဝတ္တန္ဆာႏွင့္ ေၾကးဝါခါးပန္းႀကိဳးကို ၀တ္ဆင္ထားၿပီး သူ၏ အေရျပားက က်န္းမာေသာ အသားအရည္ကို ေဖာ္ျပေနသည္။ သူ၏ရဲရင့္ၿပီး ေမာက္မာရမ္းကားပုံရကာ ရန္လိုတက္မည့္ စိတ္ဓာတ္ကို သာမန္အမ်ိဳးသားမ်ားတြင္ ေတြ႕ရခဲသည္။ ဒါေပမယ့္ သူက ဘာလို႔ ခ်ပ္ဝတ္တန္ဆာ ဝတ္ထားတာလဲ? ဘယ္လိုပဲ ၾကည့္ၾကည့္ ဒီဝတ္စုံက နည္းနည္းဆန္းတယ္။

ကုယြင္ရဲ႕ မ်က္လုံးေတြကို အဆြဲေဆာင္ႏိုင္ဆုံးအရာက ည၏မွိန္ေဖ်ာ့ေဖ်ာ့အလင္းေရာင္ေအာက္မွာ လင္းယုန္ငွက္လို စူးရွၿပီး ေအးစက္ေနတဲ့ မ်က္လုံးေတြပဲ ျဖစ္သည္။ သူမက ရာဇ၀တ္မႈ စုံစမ္းေရးအဖြဲ႕၊ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးအဖြဲ႕နဲ႔ အဓိက႐ုဏ္းႏွိမ္နင္းေရး အဖြဲ႕ေတြမွာ တာဝန္ထမ္းခဲ့ၿပီး သူမ ေတြ႕ခဲ့ဖူးေသာ ၾကမ္းတမ္းတဲ့၊ ယုတ္ညံ့တဲ့၊ ရက္စက္တဲ့သူေတြရဲ႕ မ်က္လုံးမ်ားႏွင့္ႏႈိင္းယွဥ္လွ်င္ သူမေရွ႕မွ လူ၏မ်က္လုံးမ်ားက ပို၍ ျပတ္သားၿပီး ခိုင္မာမႈရွိေနသည္။ သူ႔မွာ အစြမ္းသတၱိေတြ ရွိပုံေပၚၿပီး အံၾသဖြယ္ေကာင္းေနသည္။

သူမခႏၶာကိုယ္က မလႈပ္ရွားႏိုင္ေအာင္ ခ်ည္ေႏွာင္ခံထားရသည္။ ကုယြင္က အျဖစ္အပ်က္ကို နားမလည္ေသးေသာ္လည္း သူမက အၿမဲတည္ၿငိမ္ေလ့ရွိၿပီး ထိတ္လန႔္ျခင္း မရွိေပ။ သူမက အသံတိုးတိုးနဲ႔ "ေက်းဇူးျပဳၿပီး ငါ့ရဲ႕ႀကိဳးေတြကို အရင္ေျဖေလွ်ာ့ေပးပါ"

အခ်ိန္အေတာ္ၾကာေအာင္ စကားမေျပာခဲ့တာေၾကာင့္ သူမအသံက နည္းနည္း အက္ေနေပမယ့္ အဲဒါက သူမကိုယ္ပိုင္အသံမဟုတ္ဘူးလို႔ သူမ ေျပာႏိုင္ေသးသည္။

ကုယြင္က ထိတ္လန႔္တုန္လႈပ္သြားၿပီး ဒီကမာၻေျမေပၚမွာ ဘာျဖစ္ေနတာလဲဟု ေတြးေတာေနသည္။ အဲဒီညက ေ႐ႊေရာင္အဝိုင္းျပားကို ေတြ႕ကတည္းက အရာအားလုံးက ထူးဆန္းေနပုံရသည္။

ကုယြင္က သူမေခါင္းကို အနည္းငယ္ လွည့္လာေတာ့ စုလင္းက သူမ၏မ်က္ႏွာတစ္ဖက္တြင္ ဒဏ္ရာအသစ္ႏွင့္တူသည့္ အမာ႐ြတ္ႏွစ္ခုကို ေတြ႕လိုက္ရသည္။ သူက လက္ကို ဆန႔္တန္းကာ ကုယြင္၏ ေမးေစ့ကို ကိုင္လိုက္ၿပီး တစ္ဖက္သို႔ လွည့္လိုက္သည္။ စုလင္း၏ လက္က သူမ၏ပါးျပင္ကို ေပါ့ေပါ့တန္တန္ ထိေတြ႕လိုက္သည္။ သူက ဒဏ္ရာကို စစ္ေဆးၾကည့္ခ်င္ခဲ့သည္။ တစ္စုံတစ္ဦးက ထိုကဲ့သို႔ေသာ ေပ်ာ့ညံ့ေသာ အမ်ိဳးသမီးတစ္ဦး၏ မ်က္ႏွာတြင္ ေၾကာက္မက္ဖြယ္ အမာ႐ြတ္ ႏွစ္ခုကို ခ်န္ထားခဲ့လွ်င္ ထိုလူက ႐ြံရွာဖြယ္ေကာင္းလွသည္။

ေႏြးေထြးေသာလက္တစ္စုံက သူမပါးျပင္ကို ႐ုတ္တရက္ ထိမိသြားတာေၾကာင့္ ကုယြင္၏ ႏွလုံးခုန္သံမ်ားက ျမန္ဆန္သြားကာ သူမ၏အသက္ရႈသံမ်ားပင္ လႈပ္ရွားသြားသည္။ သူမ ေခါင္းကို ျပန္လွည့္ခ်င္ေပမယ့္ ဒီလူရဲ႕လက္က အရမ္းသန္မာလြန္းတာေၾကာင့္ သူမ လႈပ္ရွားႏိုင္ေပ။ ကုယြင္က ပါးစပ္ကို ဖြင့္ၿပီး စုလင္းရဲ႕ လက္ေကာက္ဝတ္ကို ကိုက္လိုက္သည္။

သူမက ျပင္းျပင္းထန္ထန္ ကိုက္ခဲလိုက္တာေၾကာင့္ မၾကာမီ သူမပါးစပ္ထဲတြင္ ေသြးအရသာမ်ား ျပည့္လာေသာ္လည္း ေအးစက္ၿပီး မာနႀကီးေသာ ေယာက္်ားက မ်က္ေမွာင္ၾကဳတ္ထားကာ ညည္းေတာင္ မညည္းညဴခဲ့ေပ။ သူမ အနည္းငယ္ ဝုန္းဒိုင္းႀကဲမိသြားပုံရသည္။ ကုယြင္က ေဒါသတႀကီး ကိုက္လိုက္ၿပီးၿပီျဖစ္ေသာေၾကာင့္ ေနာင္တရလဲ အသုံးမဝင္ေတာ့ေပ။ ထိုေၾကာင့္ သူမ၏ အားထုတ္မႈကို အလဟသ မျဖစ္ေစခ်င္တာေၾကာင့္ သူမ ပါးစပ္ကို ျပန္ပိတ္ကာ သူ႔လက္ႀကီးမ်ားကို ဖယ္ရွားရန္ အျခားနည္းလမ္းမ်ား ရွာေဖြရန္ စီစဥ္ခဲ့သည္။

စုလင္းက သူမကို ထပ္မ‌ေႏွာက္ယွက္ေတာ့ဘဲ သူ႔လက္ကို ျပန္ဆုတ္လိုက္သည္။ သူမက ေခြးလား? စုလင္းက နက္နဲေသာ သြားတန္းရာႏွစ္ခုကို ငုံ႔ၾကည့္လိုက္ၿပီး ကုယြင္ကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနရင္းမွ ပို၍ပို၍ မ်က္ေမွာင္ၾကဳတ္လာကာ ေအးစက္စက္ အသံျဖင့္ "မင္းက ခ်င္းေမာ့လား"

ဧကရာဇ္က ဒီလိုနာမည္ရွိတဲ့ မိန္းမပ်ိဳတစ္ေယာက္ကို သူ႔ထံ ေစလႊတ္ခဲ့တာကို သူ မွတ္မိေနသည္။ ခ်င္းမိသားစု၏တတိယေျမာက္ မိန္းမပ်ိဳေလးက ႏူးညံ့သိမ္ေမြ႕ၿပီး ေခ်ာေမာလွပသည္ဟု ေကာလဟာလမ်ား ထြက္ေပၚေနခဲ့သည္။ သူ႔ေရွ႕ရွိ အမ်ိဳးသမီးတြင္ မည္သည့္ သိမ္ေမြ႕မႈ႕မ်ိဳးကိုမွ သူ မျမင္ရေပ။ ဧကရာဇ္က သူ႔ကို လွည့္စားေနတာလား? ဒါမွမဟုတ္ ေကာလဟာလေတြက လုံးဝ မယုံရတာလား?

ခ်င္းေမာ့က ဘာလဲ? ကုယြင္က စိတ္ရႈပ္ေနေပမယ့္ ျငင္းဖို႔ အလ်င္စလို မလုပ္ဘဲ ေအးေအးေဆးေဆး ျပန္ေျပာလိုက္သည္ "ငါ့ကို ႀကိဳးေျဖေပးပါ"

သူမက သူမရဲ႕ လက္ေျခေတြမွာ အင္အားျပန္ရလာဖို႔ ေစာင့္ဆိုင္းေနၿပီး ဇာတ္လမ္းတစ္ခုလုံးကို အေျဖရွာဖို႔ ေစာင့္ေမွ်ာ္ေနခဲ့သည္။ ဤတစ္ႀကိမ္တြင္ စုလင္းက သူ႔အနားရွိ သစ္သားေဘာင္ဆီသို႔ တိုက္႐ိုက္ေလွ်ာက္သြားကာ သူ၏ခ်ပ္ဝတ္တန္ဆာအပိုင္းအစကို ခြၽတ္ကာ ခ်ိတ္ဆြဲလိုက္ၿပီး ကုတင္ေပၚမွ ကုယြင္ကို ေနာက္တစ္ႀကိမ္ မၾကည့္ေတာ့ေပ။ "ဒါက ဗိုလ္ခ်ဳပ္ရဲ႕ အိမ္ေတာ္၊ မင္း ႐ူး႐ူးမိုက္မိုက္ လုပ္လို႔ရတဲ့ မင္းရဲ႕ အတြင္းေဆာင္ေနာက္ေဖးမွာ မဟုတ္ဘူး။ မင္း ဒီမွာ ေနခ်င္ရင္ မင္းတာဝန္ကို ေက်ပြန္ေအာင္ လုပ္"

ထိုသို႔ ေအးစက္စြာ ေျပာၿပီးေနာက္ စုလင္းက ေအးစက္စက္နဲ႔ အိမ္ခန္းထဲမွ ထြက္သြားေလသည္။

❤❤❤❤❤Thank you so much, each reader, for your reading, voting and supports❤❤❤❤❤

Weiterlesen

Das wird dir gefallen

233K 21.1K 73
Unicode Font Description စွဲမက်ဖွယ်ကောင်းပြီး ထူးချွန်သော အဆင့်(၁၈)ရှိသော မင်းသမီး Pei Yingသည် တကယ်တော့ သူမ၏ပထမဦးဆုံးအနမ်းကို မည်သူ့ကိုမှ မပေးရသေးသ...
60.3K 6.4K 91
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
30.5K 3K 44
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
129K 15.6K 103
English Title - After transmigrating She became the mother of two Author - 攀枝花 All credits to Author and English translators I got from English Trans...