အပိုင်း (၁၀၁) မုဆိုးကြီး၏လျို့ဝှက်ကြံစည်မှု ဖော်ထုတ်ခံရ
ပိုင်လီမှာ ချောင်ရန်ပြောတာကြားတော့ အနည်းငယ်လက်မခံချင်ဟန်ဖြင့်...
"မဟုတ်သေးဘူး အကိုကြီးချောင် ဒီလိုပြောလို့မရဘူးလေ ဒီအပင်တွေက စပျစ်သီးပင်တွေ တကယ်ဟုတ်မဟုတ်မှမသိနိုင်တာ"
ဒါကိုကြားတော့ နောက်တစ်ခိုင်ထပ်ခူးတော့မည့် ချောင်ရန်သည် ရပ်တန့်သွားခဲ့ကာ ဟုန်ရင်းနှင့် ပိုင်မိသားစုဝင်များပင်လျှင် ပိုင်လီအား လှမ်းကြည့်လိုက်ကျသည်။
ဒီလူက ဘာကိုပြောချင်နေတာတုန်း။
ချန်ရန်မှာ နားမလည်သဖြင့်....
"မင်းဘာပြောတာလဲ ဒါက စပျစ်သီးတွေမဟုတ်ဘူးလား"
ချောင်ရန်သည် စပျစ်သီးများကို မမြင်ဖူးခဲ့ချေ။စပျစ်သီးတွေ တန်ဖိုးကြီးနေရတဲ့ အကြောင်းရင်းက အရမ်းရှားတာကြောင့်လေ။ သူတို့က အဲတာကို ဝယ်နိုင်စွမ်းမရှိခဲ့ပါဘူး။ ထပ်ပြီး သူတို့ကတောရွာမှာမဟုတ်တော့ စားလို့မရတဲ့ တောစပျစ်သီးတွေက ဘယ်လိုပုံလဲဆိုတာတောင်မသိခဲ့ဘူး။ ပြောရရင် ဒါက သူတို့ရဲ့ ပထမဆုံး စပျစ်သီးကိုမြင်ဖူးခြင်းပါပဲ။
ပိုင်လီမှာ စပျစ်သီးတွေအား တစ်ခိုင်ပြီးတစ်ခိုင် ခူးနေရင်းဖြင့် ပြန်ဖြေခဲ့ပြီး...
"ဒါက စပျစ်သီးတွေတော့ဟုတ်ပါတယ် ဒါပေမယ့် ဒီနွယ်တွေကို တောထဲကနေနုတ်လာခဲ့တာလေ တောစပျစ်သီးတွေနဲ့ ဆင်တူတဲ့အချက်တွေရှိလို့သာ စပျစ်သီးလို့ အလွယ်ခေါ်ခဲ့ကျတာ ဒီတော့ ဒါတွေက စျေးကွက်မှာ ရောင်းတန်းဝင်နေတဲ့စပျစ်သီးမျိုး ဟုတ်မဟုတ်ဆိုတာ ပြောလို့ရဘူးမလား ဒီတော့ တန်းဖိုးကြီးတယ်လို့ ပြောဖို့က မဟုတ်သေးဘူးလေ"
ဤရှင်းပြချက်အဆုံးတွင် ချောင်ရန်နှင့် ကျန်လူများက တိတ်ဆိတ်သွားခဲ့ကျတော့သည်။ သူတို့ကစပျစ်သီးတွေကို ဆက်ခူးရင်းနဲ့ ပိုင်လီပြောတာကို စဥ်းစားကြည့်နေခဲ့ကျပါတယ်။
တကယ်တော့ ပိုင်လီပြောတာက လုံးဝမမှားပေ။ သူတို့တွေအကုန်လုံးက တော်ဝင်မိသားစုတွေမှ ဝယ်ယူနိုင်တဲ့ စပျစ်သီးတွေက ဘယ်လိုပုံစံရှိလဲဆိုတာကို တစ်ယောက်မှမမြင်ဖူးကျဘဲ ဒီစပျစ်သီးတွေက တောထဲကတွေ့ရတဲ့ အပင်တွေဖြစ်လို့ အဲဒီစပျစ်သီးတွေနဲ့တူမတူဆိုတာကို မသိနိုင်ကျပါဘူး။
လူတိုင်းက ဒါကိုနားလည်သွားချိန်တွင် အနည်းငယ်စိတ်ရှုပ်သွားခဲ့ကျသည်။ ဒါဖြင့် ပိုင်လီက ဒီလိုမျိုးသိနေရင်တောင် သူက ဘာလို့ ဒီအသီးတွေကို အများကြီးစိုက်ထားရတာလဲ။
ချောင်ရန်ကလည်း အကြံအိုက်စွာနဲ့ အသီးတွေခူးနေရင်းမှ...
"ဒါတွေက စားလို့ရတယ်မဟုတ်ဘူးလား စားလို့ရရင်ရောင်းလို့ရမှာပါ "
တကယ် စပျစ်သီးဟုတ်မဟုတ်က အရေးမပါပေ။ အဓိကမှာ စားလို့ရတဲ့အသီးဖြစ်နေသမျှတော့ သစ်သီးများက ရှားပါးတာကြောင့် ရောင်းလို့ရနေဦးမှာဖြစ်သည်။
ပိုင်လီကလည်း ဒါကိုတော့ လက်ခံခဲ့ပြီး...
"ဟုတ်တယ်လေ ကျွန်တော်က ဒါတွေက တန်ဖိုးကြီးတဲ့အပင်တွေ မဟုတ်ဘူးဆိုတာ အကိုကြီးချောင်နဲ့မရီးကို ပြောပြရုံတင်ပါ အဲတာကြောင့် ချင်းချင်းလည်းစားလို့ရသလို အကိုကြီးချောင်နဲ့မရီးလည်း စားလို့ရပါတယ် တကယ်စပျစ်သီးထင်ပြီး အားနာနေမှာစိုးလို့လေ"
ချောင်ရန်သည် ဒါကိုကြားတော့ နားလည်သွားပြီး သူက ပိုင်လီကို စိတ်ပျက်သည့်အကြည့်ဖြင့် ကြည့်လိုက်၏။
"မင်း စကားပြောရင် ရှင်းရှင်းလင်းလင်းမပြောတတ်ဘူးလား! ငါက မင်းများ ဗရုတ်သုတ်ခအပင်တွေကို အများကြီးစိုက်ထားမိပြီလားလို့ လန့်သွားတာပဲကွ! "
ချောင်ရန်၏ စကားကို မော့ဟွာကလည်း သဘောတူသည်ပင်။
"ဟုတ်သားပဲ မင်းဘာလို့ လူတွေကို စိုးရိမ်အောင်ပြောနေတာလဲ မင်းဒီမြေတွေကိုဝယ်ဖို့နဲ့ ရှင်းလင်းဖို့လူငှားခဲ့တာတွေနဲ့တင် ကုန်တာကမနည်းဘူး ဒီစင်တွေဆောက်တုန်းက ပင်ပန်းခဲ့တာတွေကို ထည့်မပြောနဲ့ဦး အခုလက်ရှိခေါ်ထားတဲ့ အလုပ်သမားခတွေကလည်း ရှိသေးတယ် မင်းဒီအသီးတွေကိုပြန်မရောင်းနိုင် အရှုံးပေါ်မှာသိရဲ့လား ငါဖြင့် အသီးတွေက ရောင်းမရဘူးလောက်ဘူးလား လန့်သွားတာပဲ"
ပိုင်လီသည် သူ့နှာခေါင်းသူပွတ်လိုက်ပြီး ရယ်ကျဲကျဲပြုံးနေလိုက်၏။ သူက အစထဲက စပျစ်သီးတွေကို ရောင်းဖို့စိုက်ခဲ့တာမဟုတ်တော့ ရုတ်တရက် တခြားလူတွေကိုစိတ်ပူမှာကို မေ့သွားခဲ့တာလေ။
ဒါပေမယ့် သူပြန်စဥ်းစားကြည့်အပြီးမှာ ပိုင်အမေပြောတာကမမှားပါဘူး။ ဝိုင်ဖောက်ခြင်းက ရောင်းနိုင်ဖို့ ကြာရှည်ဦးမှာဖြစ်လို့ ဒီခြံလည်ပတ်နေဖို့အတွက်ကို သူက ခြံကထွက်တဲ့အသီးနှံတချို့ကိုရောင်းချသင့်ပါတယ်။
"ဟုတ်ပါပြီ ကျွန်တော်ပြောတာလောသွားတာပါ ဒါဆို အကုန်လုံးက အသီးကိုမြည်းကြည့်ပြီး ရောင်းလို့ရနိုင်မရနိုင်ကို ခန့်မှန်းကြည့်ပေးကျလေ"
ပိုင်လီသည် ဒါကို ချောင်ရန်နှင့် ဟုန်ရင်းတင် စားဖို့ အားမနာရန်အတွက် ရည်ရွယ်ခဲ့ခြင်းမဟုတ်ပေ။ ပိုင်မိသားစုနဲ့ သူ့ရဲ့ဇနီးလေးလည်းပါဝင်ပါတယ်။ ဒီလူတွေက ဒီအသီးတွေကို စပျစ်သီးလို့ကြားပြီးထဲက သူတို့ရဲ့တုန့်ပြန်ပုံပါ ကျန်းချင်လိုပဲ။ သူတို့က ဒါကို စားခဲ့ရင်တောင် အများကြီးစားဝံ့မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က စပျစ်သီးတွေက အရမ်းအဖိုးတန်တယ်လို့ပဲ ထင်နေတာကြောင့်လေ။
ပိုင်လီ၏စကားအဆုံးတွင် လူတိုင်းက ငြိမ်သက်သွားခဲ့ကျသည်။ တကယ်တော့ စပျစ်သီးလေးတွေကအရောင်တင်မဟုတ်ဘဲ အနံ့ချိုချိုသင်းသင်းလေးတွေလည်းရှိပြီး စားချင်စရာအတိပါပဲ။ အစမှည သူတို့က ဒီအသီးတွေက အရမ်းတန်ဖိုးရှိတယ်လို့ထင်ပြီး စားဖို့ နှမျောခဲ့ကျပေမယ့် ပိုင်လီပြောသလိုပဲ ဒီအသီးတွေက တောထဲကအသီးတွေဖြစ်တာမလို့ ရောင်းဖို့ထိ အရသာကောင်းမကောင်းဆိုတာကို မြည်းကြည့်သင့်တယ်။
ဒါကြောင့် မော့ဟွာသည် သူမခြင်းထဲက စပျစ်သီးတစ်ခိုင်ကိုယူပြီး တစ်လုံးဖြုတ်ကာ အရင်စားကြည့်လိုက်တော့သည်။ သူမက စားနေရင်းဖြင့်...
"ဒီအရသာက...."
သူမသည် ပြောရင်းနှင့် ခဏလောက်ရပ်တန့်သွားခဲ့သေးသည်။ ပြီးမှ...
"ချိုချိုချဥ်ချဥ်လေးနဲ့ အေးအေးလေး တော်တော်လေးကောင်းပါတယ် "
ထို့နောက် မော့ဟွာသည် သူမခင်ပွန်းအား ကြည့်လိုက်ပြီး...
"အဖိုးကြီး ရှင်လည်းစားကြည့်သင့်တယ်"
ဤသို့ဖြင့် ပိုင်လီ၏ အကုန်လုံးအား သူတို့စိတ်နဲ့သူတို့ စပျစ်သီးစားချင်လာအောင် စကားလှည့်ခဲ့အပြီးတွင် ခြံထဲရှိလူအကုန်လုံးကစပျစ်သီးများကိုမြည်းကြည့်ခဲ့ကျသည်။ ချောင်ရန်နှင့်ဟုန်ရင်းမှာလည်း ပိုင်မိသားစု၏ တိုက်တွန်းမှုနှင့်အတူ စားကြည့်ခဲ့ကျပြီး ဟုန်ရင်းကတော်တော်လေးသဘောကျသွားခဲ့၏။
တကယ်တော့သူတို့ကချောင်ချင်းချင်းလေးကိုမစားခိုင်းဘူးဆိုတာက ပိုင်လီကိုအားနာတဲ့အပြင်အပြန်မှာအသီးတချို့ဝယ်သွားဖို့လည်းတိတ်တဆိတ်စဥ်းစားထားကျလို့ပါ။ အခုတော့ဟုန်ရင်းက စပျစ်သီးကိုသဘောကျသွားပြီးသူမပြန်ရင်အများကြီးဝယ်သွားမယ်လို့တောင် ဆုံးဖြတ်ထားလိုက်ပါပြီ။
သူမက...
"မောင်လေးပိုင် အစ်မကတော့ ဒါက တော်တော်လေးအရသာကောင်းတယ်လို့ထင်တာပဲ မင်းဘယ်သူ့မှမရောင်းရင်တောင် ငါ့အတွက်ရောင်းပေးရမယ် ငါတော်တော်လေးကိုကြိုက်တယ်"
ပိုင်အဖေနှင့် ကျန် ပိုင်မိသားစုဝင်များသည်လည်း စပျစ်သီးများက အရသာကောင်းသည်ဟုထင်ကြောင်း သူတို့အမြင်များကို ထုတ်ပြောခဲ့ကျသည်ပင်။ တစ်ယောက်ဆီကမှ ဆိုးတဲ့စကားထွက်မလာခဲ့ပါဘူး။
မော့ဟွာနဲ့ ဟုန်ရင်းက အသီးတစ်ခိုင်ကို အတူတူစားနေခဲ့ပြီး တိတ်တဆိတ်ဖြင့် စပျစ်သီးများ ဆက်ခူးနေသောရှောင်ဟန်အား မြင်ချိန်တွင်မူ မော့ဟွာမှ...
"ရှောင်ဟန် မင်းလည်းစားကြည့်ဦးလေ"
ဟုန်ရင်းမှလည်း...
"ဟုတ်သားပဲ အရသာလေး တော်တော်ကောင်းတယ်နော် ခူးတာကိုခဏရပ်ခဲ့လိုက်ပါ"
ဒါကိုကြားတော့ ရှောင်ဟန်က မော့ဟွာနှင့် ဟုန်ရင်းလှည့်ကြည့်ကာ ပြုံးပြခဲ့ပြီး...
"ကျွန်တော်ကစားကြည့်ပြီးပါပြီ ကျွန်တော်လည်းအရသာကောင်းတယ်လို့ထင်ပါတယ်"
ပိုင်လီက ထိုစကားဝိုင်းကိုကြား၍ ရှောင်ဟန်အား သဘောကျလျှင် ထပ်စားနိုင်ကြောင်း ပြောမလို့ပြင်လိုက်သော်လည်း အသီးအား မြည်းကြည့်ပြီးသွားသည့် ချောင်ရန်က သူ့အားပြောလာသည်ကို ကြားလိုက်ရသဖြင့် မပြောနိုင်ခဲ့တော့ပေ။
"ဟုတ်တယ် အရသာကကောင်းပါတယ် ဒါ့ကြောင့် ဒီအသီးတွေက မြို့တော်ကစပျစ်သီးတွေနဲ့ မျိုးမတူရင်တောင် သူ့မှာလည်း စျေးကွက်တစ်ခု ရှိလာလိမ့်မယ်လို့ ငါတော့ထင်တယ်"
အဲဒီနောက် ချောင်ရန်သည် တစ်စုံတစ်ခုကို စဥ်းစားကြည့်နေပုံဖြင့် ခဏငြိမ်သက်သွားပြီးနောက် ပိုင်လီအားထပ်ပြောလာခဲ့၏။
"မင်း ဒါကိုကြိုက်မလားတော့မသိဘူး ငါ့မှာ သစ်သီးကုန်သည် အသိတွေရှိတယ် မင်း သူတို့နဲ့လက်တွဲချင်ရင် ငါမိတ်ဆက်ပေးလို့ရတယ် အကယ်၍ မင်းဘာသာရောင်းချင်ရင်လည်း အဆင်ပြေပါတယ်"
ချောင်ရန်သည် ပိုင်လီက သစ်သီးစျေးကွက်ထဲတိုးမဝင်မှာစိုး၍ သူ၏အသိများနှင့် မိတ်ဆက်ပေးချင်သော်လည်း ပိုင်လီသည် တောကောင်တွေရတုန်းကသူ့ဘာသာရောင်းခဲ့သည့် အတွေ့ကြုံရှိနေသဖြင့် နောက်ဆုံးတွင် ပိုင်လီ၏ရွေးချယ်မှုအတိုင်းသာပင်။
ပိုင်လီက ဒီအဆိုပြုချက်ကို ငြင်းတဲ့ထိမအပါဘူး။ သူက စပျစ်သီးတွေဆက်ခူးနေရင်းဖြင့်....
"ဒါဆို အကိုကြီးချောင်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့ ကိုယ့်ဘာသာရောင်းဖို့တော့ အဆင်ပြေမယ်မထင်ပါဘူးဗျာ ဒီမှာက နီးနီးနားနားရောင်းစရာဆိုလို့ မြို့လေးပဲရှိတာလေ "
မြို့လေးကလူများသည် သစ်သီးများကို အမြဲမပျက်ဝယ်ယူနေနိုင်မည်မဟုတ်သလို စျေးအများကြီးပေးနိုင်မည်လည်း မဟုတ်ပါချေ။ အဲဒီအစား ဆိပ်ကမ်းမြို့ကို သွားရောင်းရင်တော့ ရနိုင်ပေမယ့် ပိုင်လီက ဒီလောက်ခရီးဝေးကိုအခေါက်ခေါက်အခါခါ မသွားချင်ပါဘူး။ အဲဒီအစား ဖောက်သည်ရှိပြီးသား ကုန်သည်တွေနဲ့လက်တွဲလိုက်တာကပဲ ရေရှည်အတွက် ပိုအဆင်ပြေနိုင်ပါတယ်။
ချောင်ရန်ကလည်း ဒါကိုနားလည်သည်ပင်။ ဒါကြောင့်လည်း သူက ဒီအကြံကိုပေးခဲ့တာဖြစ်ပြီး ပိုင်လီကဉာဏ်ရှိရှိရွေးချယ်လိုက်တဲ့အခါ သူက ပိုင်လီကိုပိုပြီးသဘောကျလာခဲ့ပယတော့၏။
"ဒါဆိုလည်း ဒီချောင်မျိုးရိုးကိုပဲ အပ်ထားလိုက်တော့! အကုန်လုံးအဆင်ပြေရမယ်!"
ပိုင်မိသားစုရှိ ယောင်္ကျားများသည် ချောင်ရန်၏ ပွင့်လင်းတတ်ကြွသည့် စရိုက်ကိုကြည့်ပြီး အလွန်သဘောကျနေကျပေသည်။ သူတို့အိမ်က ဒုတိယကအရင်က အပေါင်းသင်းဆိုးတွေနဲ့ပဲ ပေါင်းခဲ့သလောက် အခုတော့ လူကို ရွေးချယ်ပေါင်းတက်လိုက်တာများ ကြည့်ပါဦး။ ချောင်ရန်ကတကယ်ကို အပေးအယူရှိတတ်တဲ့မိတ်ဆွေကောင်းတစ်ယောက်ပါပဲ။
နောက်တော့ အသီးများရောင်းမည့်အစီစဥ်ဆွေးနွေးမှုထဲသို့ ပိုင်မိသားစုများလည်း ပါဝက်လာကျကာ ပိုင်ကျန်းကပိုင်လီအား....
"ဒါဆို ဒုတိယ မင်း ဒီအသုတ်က စရောင်းမှာလား ငါ့အထင် ဒီမှာ အသီးတွေတော်တော်လေးများနေတယ်"
သူတို့တွေ အုပ်စုလိုက် စပျစ်သီးများအား ခူးဆွတ်နေကျသည်ဖြစ်သော်လည်း ခုချိန်ထိ ပထမစင်၏ တစ်ဝက်ပင်မကျိုးသေးပါချေ။ စပျစ်သီးတွေက ကြည့်ရင်သာ နည်းတယ်ထင်ရပေမယ် ခူးလိုက်တော့ စင်တစ်စင်ကို အတော်လေးထွက်မယ့်ပုံပင်။
ဒါကိုကြားတော့ တခြားလးတွေကလည်း စဥ်းစားကြည့်နေကျပြီး ပိုင်ဝူက...
"ဒါပေမယ့် ကျွန်တော့်အထင်တော့ အသီးတွေကမှည့် နေပြီလားလို့ ဆိပ်ကမ်းမြို့ကိုအခုသွားရောင်းနိုင်မှ အတော်လောက်ဖြစ်မယ်ထင်တယ်"
ပိုင်လီက ဤတစ်ခေါက်တွင် အသီးများ၏ အရည်သွေးကိုသိချင်သဖြင့် မှည့်ပြီဆိုမှ ခူးဖို့စတင်ခဲ့တာဖြစ်သည်။ ရလဒ်ကတော့ သူတို့တွေခူးပြီးရင် ရက်အများကြီး မခံလောက်တော့ဘူး။
ဒါကိုကြားတော့ ပိုင်လီက သိပ်ဂရုမစိုက်တဲ့ပုံနဲ့...
"အဆင်ပြေပါတယ် ဒီတစ်ခေါက်မရောင်းသေးလည်းရတာပဲ တကယ်တော့ ငါ့မှာအသီးတွေနဲ့လုပ်ချင်တာလေးရှိတယ်"
........................
အပိုင္း (၁၀၁) မုဆိုးႀကီး၏လ်ိဳ႕ဝွက္ႀကံစည္မႈ ေဖာ္ထုတ္ခံရ
ပိုင္လီမွာ ေခ်ာင္ရန္ေျပာတာၾကားေတာ့ အနည္းငယ္လက္မခံခ်င္ဟန္ျဖင့္...
"မဟုတ္ေသးဘူး အကိုႀကီးေခ်ာင္ ဒီလိုေျပာလို႔မရဘူးေလ ဒီအပင္ေတြက စပ်စ္သီးပင္ေတြ တကယ္ဟုတ္မဟုတ္မွမသိနိုင္တာ"
ဒါကိုၾကားေတာ့ ေနာက္တစ္ခိုင္ထပ္ခူးေတာ့မည့္ ေခ်ာင္ရန္သည္ ရပ္တန့္သြားခဲ့ကာ ဟုန္ရင္းႏွင့္ ပိုင္မိသားစုဝင္မ်ားပင္လွ်င္ ပိုင္လီအား လွမ္းၾကည့္လိုက္က်သည္။
ဒီလူက ဘာကိုေျပာခ်င္ေနတာတုန္း။
ခ်န္ရန္မွာ နားမလည္သျဖင့္....
"မင္းဘာေျပာတာလဲ ဒါက စပ်စ္သီးေတြမဟုတ္ဘူးလား"
ေခ်ာင္ရန္သည္ စပ်စ္သီးမ်ားကို မျမင္ဖူးခဲ့ေခ်။စပ်စ္သီးေတြ တန္ဖိုးႀကီးေနရတဲ့ အေၾကာင္းရင္းက အရမ္းရွားတာေၾကာင့္ေလ။ သူတို႔က အဲတာကို ဝယ္နိုင္စြမ္းမရွိခဲ့ပါဘူး။ ထပ္ၿပီး သူတို႔ကေတာ႐ြာမွာမဟုတ္ေတာ့ စားလို႔မရတဲ့ ေတာစပ်စ္သီးေတြက ဘယ္လိုပုံလဲဆိုတာေတာင္မသိခဲ့ဘူး။ ေျပာရရင္ ဒါက သူတို႔ရဲ႕ ပထမဆုံး စပ်စ္သီးကိုျမင္ဖူးျခင္းပါပဲ။
ပိုင္လီမွာ စပ်စ္သီးေတြအား တစ္ခိုင္ၿပီးတစ္ခိုင္ ခူးေနရင္းျဖင့္ ျပန္ေျဖခဲ့ၿပီး...
"ဒါက စပ်စ္သီးေတြေတာ့ဟုတ္ပါတယ္ ဒါေပမယ့္ ဒီႏြယ္ေတြကို ေတာထဲကေနႏုတ္လာခဲ့တာေလ ေတာစပ်စ္သီးေတြနဲ႕ ဆင္တူတဲ့အခ်က္ေတြရွိလို႔သာ စပ်စ္သီးလို႔ အလြယ္ေခၚခဲ့က်တာ ဒီေတာ့ ဒါေတြက ေစ်းကြက္မွာ ေရာင္းတန္းဝင္ေနတဲ့စပ်စ္သီးမ်ိဳး ဟုတ္မဟုတ္ဆိုတာ ေျပာလို႔ရဘူးမလား ဒီေတာ့ တန္းဖိုးႀကီးတယ္လို႔ ေျပာဖို႔က မဟုတ္ေသးဘူးေလ"
ဤရွင္းျပခ်က္အဆုံးတြင္ ေခ်ာင္ရန္ႏွင့္ က်န္လူမ်ားက တိတ္ဆိတ္သြားခဲ့က်ေတာ့သည္။ သူတို႔ကစပ်စ္သီးေတြကို ဆက္ခူးရင္းနဲ႕ ပိုင္လီေျပာတာကို စဥ္းစားၾကည့္ေနခဲ့က်ပါတယ္။
တကယ္ေတာ့ ပိုင္လီေျပာတာက လုံးဝမမွားေပ။ သူတို႔ေတြအကုန္လုံးက ေတာ္ဝင္မိသားစုေတြမွ ဝယ္ယူနိုင္တဲ့ စပ်စ္သီးေတြက ဘယ္လိုပုံစံရွိလဲဆိုတာကို တစ္ေယာက္မွမျမင္ဖူးက်ဘဲ ဒီစပ်စ္သီးေတြက ေတာထဲကေတြ႕ရတဲ့ အပင္ေတြျဖစ္လို႔ အဲဒီစပ်စ္သီးေတြနဲ႕တူမတူဆိုတာကို မသိနိုင္က်ပါဘူး။
လူတိုင္းက ဒါကိုနားလည္သြားခ်ိန္တြင္ အနည္းငယ္စိတ္ရႈပ္သြားခဲ့က်သည္။ ဒါျဖင့္ ပိုင္လီက ဒီလိုမ်ိဳးသိေနရင္ေတာင္ သူက ဘာလို႔ ဒီအသီးေတြကို အမ်ားႀကီးစိုက္ထားရတာလဲ။
ေခ်ာင္ရန္ကလည္း အႀကံအိုက္စြာနဲ႕ အသီးေတြခူးေနရင္းမွ...
"ဒါေတြက စားလို႔ရတယ္မဟုတ္ဘူးလား စားလို႔ရရင္ေရာင္းလို႔ရမွာပါ "
တကယ္ စပ်စ္သီးဟုတ္မဟုတ္က အေရးမပါေပ။ အဓိကမွာ စားလို႔ရတဲ့အသီးျဖစ္ေနသမွ်ေတာ့ သစ္သီးမ်ားက ရွားပါးတာေၾကာင့္ ေရာင္းလို႔ရေနဦးမွာျဖစ္သည္။
ပိုင္လီကလည္း ဒါကိုေတာ့ လက္ခံခဲ့ၿပီး...
"ဟုတ္တယ္ေလ ကြၽန္ေတာ္က ဒါေတြက တန္ဖိုးႀကီးတဲ့အပင္ေတြ မဟုတ္ဘူးဆိုတာ အကိုႀကီးေခ်ာင္နဲ႕မရီးကို ေျပာျပ႐ုံတင္ပါ အဲတာေၾကာင့္ ခ်င္းခ်င္းလည္းစားလို႔ရသလို အကိုႀကီးေခ်ာင္နဲ႕မရီးလည္း စားလို႔ရပါတယ္ တကယ္စပ်စ္သီးထင္ၿပီး အားနာေနမွာစိုးလို႔ေလ"
ေခ်ာင္ရန္သည္ ဒါကိုၾကားေတာ့ နားလည္သြားၿပီး သူက ပိုင္လီကို စိတ္ပ်က္သည့္အၾကည့္ျဖင့္ ၾကည့္လိုက္၏။
"မင္း စကားေျပာရင္ ရွင္းရွင္းလင္းလင္းမေျပာတတ္ဘူးလား! ငါက မင္းမ်ား ဗ႐ုတ္သုတ္ခအပင္ေတြကို အမ်ားႀကီးစိုက္ထားမိၿပီလားလို႔ လန့္သြားတာပဲကြ! "
ေခ်ာင္ရန္၏ စကားကို ေမာ့ဟြာကလည္း သေဘာတူသည္ပင္။
"ဟုတ္သားပဲ မင္းဘာလို႔ လူေတြကို စိုးရိမ္ေအာင္ေျပာေနတာလဲ မင္းဒီေျမေတြကိုဝယ္ဖို႔နဲ႕ ရွင္းလင္းဖို႔လူငွားခဲ့တာေတြနဲ႕တင္ ကုန္တာကမနည္းဘူး ဒီစင္ေတြေဆာက္တုန္းက ပင္ပန္းခဲ့တာေတြကို ထည့္မေျပာနဲ႕ဦး အခုလက္ရွိေခၚထားတဲ့ အလုပ္သမားခေတြကလည္း ရွိေသးတယ္ မင္းဒီအသီးေတြကိုျပန္မေရာင္းနိုင္ အရႈံးေပၚမွာသိရဲ႕လား ငါျဖင့္ အသီးေတြက ေရာင္းမရဘူးေလာက္ဘူးလား လန့္သြားတာပဲ"
ပိုင္လီသည္ သူ႕ႏွာေခါင္းသူပြတ္လိုက္ၿပီး ရယ္က်ဲက်ဲၿပဳံးေနလိုက္၏။ သူက အစထဲက စပ်စ္သီးေတြကို ေရာင္းဖို႔စိုက္ခဲ့တာမဟုတ္ေတာ့ ႐ုတ္တရက္ တျခားလူေတြကိုစိတ္ပူမွာကို ေမ့သြားခဲ့တာေလ။
ဒါေပမယ့္ သူျပန္စဥ္းစားၾကည့္အၿပီးမွာ ပိုင္အေမေျပာတာကမမွားပါဘူး။ ဝိုင္ေဖာက္ျခင္းက ေရာင္းနိုင္ဖို႔ ၾကာရွည္ဦးမွာျဖစ္လို႔ ဒီၿခံလည္ပတ္ေနဖို႔အတြက္ကို သူက ၿခံကထြက္တဲ့အသီးႏွံတခ်ိဳ႕ကိုေရာင္းခ်သင့္ပါတယ္။
"ဟုတ္ပါၿပီ ကြၽန္ေတာ္ေျပာတာေလာသြားတာပါ ဒါဆို အကုန္လုံးက အသီးကိုျမည္းၾကည့္ၿပီး ေရာင္းလို႔ရနိုင္မရနိုင္ကို ခန့္မွန္းၾကည့္ေပးက်ေလ"
ပိုင္လီသည္ ဒါကို ေခ်ာင္ရန္ႏွင့္ ဟုန္ရင္းတင္ စားဖို႔ အားမနာရန္အတြက္ ရည္႐ြယ္ခဲ့ျခင္းမဟုတ္ေပ။ ပိုင္မိသားစုနဲ႕ သူ႕ရဲ႕ဇနီးေလးလည္းပါဝင္ပါတယ္။ ဒီလူေတြက ဒီအသီးေတြကို စပ်စ္သီးလို႔ၾကားၿပီးထဲက သူတို႔ရဲ႕တုန့္ျပန္ပုံပါ က်န္းခ်င္လိုပဲ။ သူတို႔က ဒါကို စားခဲ့ရင္ေတာင္ အမ်ားႀကီးစားဝံ့မွာမဟုတ္ဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔က စပ်စ္သီးေတြက အရမ္းအဖိုးတန္တယ္လို႔ပဲ ထင္ေနတာေၾကာင့္ေလ။
ပိုင္လီ၏စကားအဆုံးတြင္ လူတိုင္းက ၿငိမ္သက္သြားခဲ့က်သည္။ တကယ္ေတာ့ စပ်စ္သီးေလးေတြကအေရာင္တင္မဟုတ္ဘဲ အနံ႕ခ်ိဳခ်ိဳသင္းသင္းေလးေတြလည္းရွိၿပီး စားခ်င္စရာအတိပါပဲ။ အစမွည သူတို႔က ဒီအသီးေတြက အရမ္းတန္ဖိုးရွိတယ္လို႔ထင္ၿပီး စားဖို႔ ႏွေမ်ာခဲ့က်ေပမယ့္ ပိုင္လီေျပာသလိုပဲ ဒီအသီးေတြက ေတာထဲကအသီးေတြျဖစ္တာမလို႔ ေရာင္းဖို႔ထိ အရသာေကာင္းမေကာင္းဆိုတာကို ျမည္းၾကည့္သင့္တယ္။
ဒါေၾကာင့္ ေမာ့ဟြာသည္ သူမျခင္းထဲက စပ်စ္သီးတစ္ခိုင္ကိုယူၿပီး တစ္လုံးျဖဳတ္ကာ အရင္စားၾကည့္လိုက္ေတာ့သည္။ သူမက စားေနရင္းျဖင့္...
"ဒီအရသာက...."
သူမသည္ ေျပာရင္းႏွင့္ ခဏေလာက္ရပ္တန့္သြားခဲ့ေသးသည္။ ၿပီးမွ...
"ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ေလးနဲ႕ ေအးေအးေလး ေတာ္ေတာ္ေလးေကာင္းပါတယ္ "
ထို႔ေနာက္ ေမာ့ဟြာသည္ သူမခင္ပြန္းအား ၾကည့္လိုက္ၿပီး...
"အဖိုးႀကီး ရွင္လည္းစားၾကည့္သင့္တယ္"
ဤသို႔ျဖင့္ ပိုင္လီ၏ အကုန္လုံးအား သူတို႔စိတ္နဲ႕သူတို႔ စပ်စ္သီးစားခ်င္လာေအာင္ စကားလွည့္ခဲ့အၿပီးတြင္ ၿခံထဲရွိလူအကုန္လုံးကစပ်စ္သီးမ်ားကိုျမည္းၾကည့္ခဲ့က်သည္။ ေခ်ာင္ရန္ႏွင့္ဟုန္ရင္းမွာလည္း ပိုင္မိသားစု၏ တိုက္တြန္းမႈႏွင့္အတူ စားၾကည့္ခဲ့က်ၿပီး ဟုန္ရင္းကေတာ္ေတာ္ေလးသေဘာက်သြားခဲ့၏။
တကယ္ေတာ့သူတို႔ကေခ်ာင္ခ်င္းခ်င္းေလးကိုမစားခိုင္းဘူးဆိုတာက ပိုင္လီကိုအားနာတဲ့အျပင္အျပန္မွာအသီးတခ်ိဳ႕ဝယ္သြားဖို႔လည္းတိတ္တဆိတ္စဥ္းစားထားက်လိဳ႕ပါ။ အခုေတာ့ဟုန္ရင္းက စပ်စ္သီးကိုသေဘာက်သြားၿပီးသူမျပန္ရင္အမ်ားႀကီးဝယ္သြားမယ္လို႔ေတာင္ ဆုံးျဖတ္ထားလိုက္ပါၿပီ။
သူမက...
"ေမာင္ေလးပိုင္ အစ္မကေတာ့ ဒါက ေတာ္ေတာ္ေလးအရသာေကာင္းတယ္လို႔ထင္တာပဲ မင္းဘယ္သူ႕မွမေရာင္းရင္ေတာင္ ငါ့အတြက္ေရာင္းေပးရမယ္ ငါေတာ္ေတာ္ေလးကိုႀကိဳက္တယ္"
ပိုင္အေဖႏွင့္ က်န္ ပိုင္မိသားစုဝင္မ်ားသည္လည္း စပ်စ္သီးမ်ားက အရသာေကာင္းသည္ဟုထင္ေၾကာင္း သူတို႔အျမင္မ်ားကို ထုတ္ေျပာခဲ့က်သည္ပင္။ တစ္ေယာက္ဆီကမွ ဆိုးတဲ့စကားထြက္မလာခဲ့ပါဘူး။
ေမာ့ဟြာနဲ႕ ဟုန္ရင္းက အသီးတစ္ခိုင္ကို အတူတူစားေနခဲ့ၿပီး တိတ္တဆိတ္ျဖင့္ စပ်စ္သီးမ်ား ဆက္ခူးေနေသာေရွာင္ဟန္အား ျမင္ခ်ိန္တြင္မူ ေမာ့ဟြာမွ...
"ေရွာင္ဟန္ မင္းလည္းစားၾကည့္ဦးေလ"
ဟုန္ရင္းမွလည္း...
"ဟုတ္သားပဲ အရသာေလး ေတာ္ေတာ္ေကာင္းတယ္ေနာ္ ခူးတာကိုခဏရပ္ခဲ့လိုက္ပါ"
ဒါကိုၾကားေတာ့ ေရွာင္ဟန္က ေမာ့ဟြာႏွင့္ ဟုန္ရင္းလွည့္ၾကည့္ကာ ၿပဳံးျပခဲ့ၿပီး...
"ကြၽန္ေတာ္ကစားၾကည့္ၿပီးပါၿပီ ကြၽန္ေတာ္လည္းအရသာေကာင္းတယ္လို႔ထင္ပါတယ္"
ပိုင္လီက ထိုစကားဝိုင္းကိုၾကား၍ ေရွာင္ဟန္အား သေဘာက်လွ်င္ ထပ္စားနိုင္ေၾကာင္း ေျပာမလို႔ျပင္လိုက္ေသာ္လည္း အသီးအား ျမည္းၾကည့္ၿပီးသြားသည့္ ေခ်ာင္ရန္က သူ႕အားေျပာလာသည္ကို ၾကားလိုက္ရသျဖင့္ မေျပာနိုင္ခဲ့ေတာ့ေပ။
"ဟုတ္တယ္ အရသာကေကာင္းပါတယ္ ဒါ့ေၾကာင့္ ဒီအသီးေတြက ၿမိဳ႕ေတာ္ကစပ်စ္သီးေတြနဲ႕ မ်ိဳးမတူရင္ေတာင္ သူ႕မွာလည္း ေစ်းကြက္တစ္ခု ရွိလာလိမ့္မယ္လို႔ ငါေတာ့ထင္တယ္"
အဲဒီေနာက္ ေခ်ာင္ရန္သည္ တစ္စုံတစ္ခုကို စဥ္းစားၾကည့္ေနပုံျဖင့္ ခဏၿငိမ္သက္သြားၿပီးေနာက္ ပိုင္လီအားထပ္ေျပာလာခဲ့၏။
"မင္း ဒါကိုႀကိဳက္မလားေတာ့မသိဘူး ငါ့မွာ သစ္သီးကုန္သည္ အသိေတြရွိတယ္ မင္း သူတို႔နဲ႕လက္တြဲခ်င္ရင္ ငါမိတ္ဆက္ေပးလို႔ရတယ္ အကယ္၍ မင္းဘာသာေရာင္းခ်င္ရင္လည္း အဆင္ေျပပါတယ္"
ေခ်ာင္ရန္သည္ ပိုင္လီက သစ္သီးေစ်းကြက္ထဲတိုးမဝင္မွာစိုး၍ သူ၏အသိမ်ားႏွင့္ မိတ္ဆက္ေပးခ်င္ေသာ္လည္း ပိုင္လီသည္ ေတာေကာင္ေတြရတုန္းကသူ႕ဘာသာေရာင္းခဲ့သည့္ အေတြ႕ႀကဳံရွိေနသျဖင့္ ေနာက္ဆုံးတြင္ ပိုင္လီ၏ေ႐ြးခ်ယ္မႈအတိုင္းသာပင္။
ပိုင္လီက ဒီအဆိုျပဳခ်က္ကို ျငင္းတဲ့ထိမအပါဘူး။ သူက စပ်စ္သီးေတြဆက္ခူးေနရင္းျဖင့္....
"ဒါဆို အကိုႀကီးေခ်ာင္ကိုပဲ ဒုကၡေပးရေတာ့မွာေပါ့ ကိုယ့္ဘာသာေရာင္းဖို႔ေတာ့ အဆင္ေျပမယ္မထင္ပါဘူးဗ်ာ ဒီမွာက နီးနီးနားနားေရာင္းစရာဆိုလို႔ ၿမိဳ႕ေလးပဲရွိတာေလ "
ၿမိဳ႕ေလးကလူမ်ားသည္ သစ္သီးမ်ားကို အၿမဲမပ်က္ဝယ္ယူေနနိုင္မည္မဟုတ္သလို ေစ်းအမ်ားႀကီးေပးနိုင္မည္လည္း မဟုတ္ပါေခ်။ အဲဒီအစား ဆိပ္ကမ္းၿမိဳ႕ကို သြားေရာင္းရင္ေတာ့ ရနိုင္ေပမယ့္ ပိုင္လီက ဒီေလာက္ခရီးေဝးကိုအေခါက္ေခါက္အခါခါ မသြားခ်င္ပါဘူး။ အဲဒီအစား ေဖာက္သည္ရွိၿပီးသား ကုန္သည္ေတြနဲ႕လက္တြဲလိုက္တာကပဲ ေရရွည္အတြက္ ပိုအဆင္ေျပနိုင္ပါတယ္။
ေခ်ာင္ရန္ကလည္း ဒါကိုနားလည္သည္ပင္။ ဒါေၾကာင့္လည္း သူက ဒီအႀကံကိုေပးခဲ့တာျဖစ္ၿပီး ပိုင္လီကဉာဏ္ရွိရွိေ႐ြးခ်ယ္လိုက္တဲ့အခါ သူက ပိုင္လီကိုပိုၿပီးသေဘာက်လာခဲ့ပယေတာ့၏။
"ဒါဆိုလည္း ဒီေခ်ာင္မ်ိဳးရိုးကိုပဲ အပ္ထားလိုက္ေတာ့! အကုန္လုံးအဆင္ေျပရမယ္!"
ပိုင္မိသားစုရွိ ေယာကၤ်ားမ်ားသည္ ေခ်ာင္ရန္၏ ပြင့္လင္းတတ္ႂကြသည့္ စရိုက္ကိုၾကည့္ၿပီး အလြန္သေဘာက်ေနက်ေပသည္။ သူတို႔အိမ္က ဒုတိယကအရင္က အေပါင္းသင္းဆိုးေတြနဲ႕ပဲ ေပါင္းခဲ့သေလာက္ အခုေတာ့ လူကို ေ႐ြးခ်ယ္ေပါင္းတက္လိုက္တာမ်ား ၾကည့္ပါဦး။ ေခ်ာင္ရန္ကတကယ္ကို အေပးအယူရွိတတ္တဲ့မိတ္ေဆြေကာင္းတစ္ေယာက္ပါပဲ။
ေနာက္ေတာ့ အသီးမ်ားေရာင္းမည့္အစီစဥ္ေဆြးႏြေးမႈထဲသို႔ ပိုင္မိသားစုမ်ားလည္း ပါဝက္လာက်ကာ ပိုင္က်န္းကပိုင္လီအား....
"ဒါဆို ဒုတိယ မင္း ဒီအသုတ္က စေရာင္းမွာလား ငါ့အထင္ ဒီမွာ အသီးေတြေတာ္ေတာ္ေလးမ်ားေနတယ္"
သူတို႔ေတြ အုပ္စုလိုက္ စပ်စ္သီးမ်ားအား ခူးဆြတ္ေနက်သည္ျဖစ္ေသာ္လည္း ခုခ်ိန္ထိ ပထမစင္၏ တစ္ဝက္ပင္မက်ိဳးေသးပါေခ်။ စပ်စ္သီးေတြက ၾကည့္ရင္သာ နည္းတယ္ထင္ရေပမယ္ ခူးလိုက္ေတာ့ စင္တစ္စင္ကို အေတာ္ေလးထြက္မယ့္ပုံပင္။
ဒါကိုၾကားေတာ့ တျခားလးေတြကလည္း စဥ္းစားၾကည့္ေနက်ၿပီး ပိုင္ဝူက...
"ဒါေပမယ့္ ကြၽန္ေတာ့္အထင္ေတာ့ အသီးေတြကမွည့္ ေနၿပီလားလို႔ ဆိပ္ကမ္းၿမိဳ႕ကိုအခုသြားေရာင္းနိုင္မွ အေတာ္ေလာက္ျဖစ္မယ္ထင္တယ္"
ပိုင္လီက ဤတစ္ေခါက္တြင္ အသီးမ်ား၏ အရည္ေသြးကိုသိခ်င္သျဖင့္ မွည့္ၿပီဆိုမွ ခူးဖို႔စတင္ခဲ့တာျဖစ္သည္။ ရလဒ္ကေတာ့ သူတို႔ေတြခူးၿပီးရင္ ရက္အမ်ားႀကီး မခံေလာက္ေတာ့ဘူး။
ဒါကိုၾကားေတာ့ ပိုင္လီက သိပ္ဂ႐ုမစိုက္တဲ့ပုံနဲ႕...
"အဆင္ေျပပါတယ္ ဒီတစ္ေခါက္မေရာင္းေသးလည္းရတာပဲ တကယ္ေတာ့ ငါ့မွာအသီးေတြနဲ႕လုပ္ခ်င္တာေလးရွိတယ္"
..........................