အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

105K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်

722 68 1
By ChihiroLily7

အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်

" လပတ်စာမေးပွဲမှာ တတိယနှစ်ကျောင်းသူ ရှန်ယွဲ့က ဆရာမလီရဲ့ မှားယွင်းအမှတ်ပေးခံရတာကြောင့် သုည ရခဲ့ပါတယ်၊ အဆင့်သတ်မှတ်ချက်အဖွဲ့ရဲ့ဆရာတွေက အဖြေလွှာကို ပြန်အကဲဖြတ်ပြီးနောက်မှာတော့ ဆရာတို့တွေက ရှန်ယွဲ့ရဲ့ ရလာဒ်အစစ်အမှန်က ၇၅၀အမှတ်ပြည့်ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်၊ သူ့ရလာဒ်တွေက အမှန်အကန်ဖြစ်ပြီး တိကျပါတယ်၊ မသမာနည်းသုံးထားတာ လုံးဝမဟုတ်ပါဘူး"

ကျောင်းအုပ်ကြီး၏အသံသည် အသံလွှင့်ခန်းမှ လွှင့်ပျံနေဆဲဖြစ်သော်လည်း အခန်းတိုင်းက ကျောင်းသား ကျောင်းသူများက စိတ်လှုပ်ရှားနေနှင့်ပြီး ဖြစ်တော့သည်။

" ရှန်ယွဲ့က ၇၅၀ အမှတ်ပြည့်ရတယ် ဟုတ်လား၊ ငါ နားကြားများမှားသွားတာလား"

" အမြဲတမ်းအဆင့်နောက်ဆုံးမှာ ရောက်နေတဲ့ ရှန်ယွဲ့ကလား၊ တခြားနာမည်တူတစ်ယောက် မရှိတာ သေချာလား"

"ဒါဆို ဒီမနက်ငါကြားခဲ့တဲ့ သတင်းတွေအားလုံးက အမှန်တွေပေါ့၊ ရှန်ယွဲ့က အဖြေလွှာကို ကိုယ်တိုင်ဖြေခဲ့တာတဲ့၊ ကျောင်းအုပ်ကြီးကတောင် ကိုယ်တိုင်ထွက်ရှင်းပေးခဲ့တယ်"

ရှန်ယွဲ့၏အတန်းထဲတွင် ကျောင်းသား ကျောင်းသူအားလုံးသည် ထိတ်လန့်ခြင်း၊ လေးစားအားကျခြင်း၊ သိလိုစိတ်တို့ဖြင့် သူမကို လှည့်ကြည့်လိုက်ကြတော့သည်။

ရှန်ယွဲ့က အမှတ်ပြည့်ရနိုင်သည့်အချက်သည် အဖျက်သမားများက ကမ္ဘာကြီးကို ဖျက်ဆီးရန် နျူကလီးယာဗုံးတစ်ခု ကျဲမည်ဟု ကြေညာလိုက်သည်ထက် ပိုပြီး ထိတ်လန့်စရာကောင်းနေတော့သည်။ သူမသည် ဘာသာရပ်အားလုံးတွင် အမှတ်ပြည့်ရနိုင်ခဲ့သည်မှာ လုံးဝမယုံနိုင်စရာပင်။ ထို့အပြင် သည်လူသည် အရင်ကဘိတ်ချေးရခဲ့သည့်ကျောင်းသူ ရှန်ယွဲ့ဖြစ်နေသည်တဲ့။

သူမ၏အတန်းဖော်များသည် သူမကို မည်မျှပင် အကဲခတ်နေပါစေ ရှန်ယွဲ့ကတော့ သူမ၏ထိုင်ခုံတွင် ငြိမ်ငြိမ်သက်သက်ထိုင်နေဆဲ။ သူမသည် အာရုံစိုက်ခံရသည်ကို နေသားကျပြီး ဖြစ်နေတော့သည်။

သို့သော် အရင်ကတော့ သူမသည် မကောင်းသည့်သာဓက သို့မဟုတ် ဟာသတစ်ခုလို ဆက်ဆံခံခဲ့ရသည်။ သူမနှင့်ပတ်သက်သည့် မှတ်ချက်များအားလုံးကလည်း မကောင်းသတင်းချည်းပင်။ အခုတော့ သူမ၏အတန်းဖော်များက သူမအကြောင်းပြောကြလျှင် သူတို့အားလုံးသည် လေးစားကြောက်ရွံ့သည့် အရိပ်အယောင်တစ်ခုကို ဆောင်ထားလေသည်။

" ရှန်ယွဲ့က အရင်ကနဲ့ လုံးဝမတူတော့ဘူးလို့ ဘာလို့ရုတ်တရက်ကြီး ခံစားလိုက်ရတာပါလိမ့်" အတန်းဖော်တစ်ယောက်က အံ့ဩတကြီးဖြင့် ရုတ်တရက်ထပြောလိုက်၏။

အတိတ်က အားလုံး၏မှတ်ဉာဏ်ထဲက ရှန်ယွဲ့နှင့်ယှဥ်လျှင် ယခုရှန်ယွဲ့သည် ခေါင်းမငုံဘဲ လမ်းလျှောက်တတ်သည့်အပြင် သူမ၏ဆံပင်ပုံစံကလည်း အလွန်သစ်လွင်လာသည်။ သူမ၏ခန္ဓာကိုယ် တစ်ခုလုံးကလည်း သန့်ရှင်းနေပြီး အရင်ကလို ထူးဆန်းသည့်ခေါင်းလိမ်းဆီနံ့ မရတော့ချေ။ ထို့အပြင် သူမစိတ်သဘောထားကလည်း အများကြီးပိုကြီး သဘောကောင်းကာ ယုံကြည်ချက်ရှိလာ၏။ သူမသည် တခြားလူများနှင့် စကားပြောရသည်ကို အခုထိ သဘောမကျသေးသောလည်း သူမ၏မျက်လုံးများက တခြားလူနှင့် မျက်လုံးချင်းဆုံလိုက်တိုင်း ယုံကြည်မှုရှိကာ တည်ငြိမ်မှုအပြည့်ဖြစ်နေ၏။

"ဟုတ်တယ်နော် သတိတောင်မထားမိလိုက်ဘူး၊ သူ အများကြီးဝိတ်ကျသွားတာပဲ၊ အရင်တုန်းက သူ ပေါင်၂၀၀လောက် ရှိမယ်၊ အခုတော့ အများဆုံးပေါင် ၁၃၀၊ ၁၄၀လာက်ပဲ ရှိတော့တယ်"

သူ့မျက်နှာပေါ်က အဆီအများစုကလည်း ပျောက်သွားတယ်နော်၊ သူ့မျက်လုံးတွေက ပိုကြီးလာပြီး မျက်ရစ်နှစ်ထပ်ကလည်း ပေါ်လာတယ်၊ သူ့နှာခေါင်းက အရမ်းဖြောင်းစင့်နေတာပဲ၊ ပြီးတော့ သူ့နှုတ်ခမ်းက အရမ်းကြည့်လို့ကောင်းတယ်"

" သူ့အသားအရေကလည်း တကယ်တော့ အရမ်းလှတာပဲနော်၊ သူက ပုံမှန်ဆို အရမ်းအထူကြီးဝတ်ထားတတ်လို့ မမြင်ရတာ"

" ငါဘာလုပ်ရမလဲ၊ သူ့မျက်နှာသွင်ပြင်က ကျောင်းတော်ရဲ့မင်းသမီးလးထက်တောင် ပိုလှနေတယ်လို့ ရုတ်တရက်ကြီးခံစားလိုက်ရတယ်"

မျက်မှန်တပ်ထားသည့် ကောင်လေးတစ်ယောက်က ရှန်ယွဲ့ကို အချိန်အကြာကြီး ငေးကြည့်လိုက်ပြီးနောက် ရှင်းပြလို့မတတ်အောင် ရှက်သွားတော့သည်။ သူသည် နှလုံးရှိသည့်ဘက်ကို ဖိထားရင် ပြောလိုက်၏။

"တကယ်ကြီးလား၊ ငါ အမြဲတမ်း အဲလိုခံစားနေခဲ့မိတာပဲ"

ရှန်ယွဲ့သည် ထိုစကားကို ကြားလိုက်ပြီးနောက် သူမ၏အတန်းဖော်များ၏ တုန့်ပြန်ချက်ကြောင့် အလွန်ကျေနပ်သွားတော့သည်။ ဒါက ငါလေး ကြိုးကြိုးစားစားလေ့ကျင့်ခဲ့က အလကားမဖြစ်ဘူးဆိုတဲ့ သဘောပဲ။ ဒီတော့ ငါလေးက မျက်မှန်နဲ့ကောင်လေးကို သဘောထားကြီးကြီးနဲ့ ပြုံးပြပေးရမှာပေါ့လေ။

ဒါသည် အတန်းထဲက ကျောင်းသား ကျောင်းသူများက ရှန်ယွဲ့ပြုံးလိုက်သည့်ပုံကို ပထမဆုံးမြင်လိုက်ခြင်းပင်။ သူတို့အားလုံးက မင်သက်သွားကြတော့သည်။ တုန့်ပြန်ရန် အချိန်တစ်ခုယူလိုက်ရပြီးနောက် သူတို့သည် အနည်းငယ်ငေးငိုင်သွားကြတော့သည်။

မျက်မှန်တပ်ထားသည့်ကောင်လေးနှင့် ဘေးက မိန်းကလေးများက နှစ်လိုဖွယ်အပြုံးကြောင့် မေ့မျောသွားမတတ်ပင်။ သူသည် ရေရွတ်လိုက်ကြလေသည်။

" သူ ရုတ်တရက်ကြီး အရမ်းချစ်စရာကောင်းလာတယ်ရော"

ထိုအခါကျမှ ကျောင်းသား ကျောင်းသူများသည် လူတစ်ယောက်၏ဆွဲဆောင်မှုက ပြီးပြည့်စုံသည့် အသွင်ပြင်ပေါ် မူတည်တာမဟုတ်မှန်း သိသွားကြတော့သည်။ ထို့အစား စိတ်နေစိတ်ထားနှင့် စိတ်အတွင်းမှ ထုတ်လွှတ်လိုက်သည့် အရောင်အဝါ အပြင် အတွေ့အကြုံနှင့် လုပ်ဆောင်ချက်ကြောင့်သာ ဖြစ်မှန်း သိသွားကြတော့သည်။

ဥပမာ ရှန်ယွဲ့သည် တခြားမိန်းကလေးများထက်စာလျှင် အလွန်သန်မာသည် ထင်ရသေးသော်လည်း သူမကို ရုပ်ဆိုးပြီး အသုံးမကျဟု ဘယ်သူကမှ ထပ်မပြောကြတော့ပေ။

ကျောင်းအုပ်ကြီး ကိုယ်တိုင်ဖတ်ပြလိုက်သည့် အရေးပေါ်အသိပေးချက်သည် အထက်တန်းဒုတိယနှစ် စာသင်ခန်းများသို့ လွှင့်ပျံလာ၏။

ရှန်ချန်သည် ထိုအကြောင်းအရာကို ကြားလိုက်ရချိန်၌ သူ့စိတ်တို့သည် ချက်ချင်း အားတက်သွားတော့သည်။ သူသည် ရှန်ယွဲ့အတွက် စိတ်ရင်းနှင့် ပျော်ရွှင်မိလေသည်။ နောက်ဆုံးတော့ သူ့အစ်မက IQနှိမ့်တယ်၊ ညံ့တဲ့ကျောင်းသူဆိုတဲ့ တံဆိပ်တွေကို ဆက်သယ်ထားစရာ မလိုတော့ဘူး။ အဲဒီအစား သူမက ထူးချွန်ပြီး ဉာဏ်ရည်မြင့်တဲ့အကြောင်း အားလုံးကို ချပြနိုင်ခဲ့ပြီ။

ရှန်ရှင်းအတွက်တော့ သူမ၏မျက်နှာထားသည် ရှန်ယွဲ့၏နာမည်ကို ကြားလိုက်ရချိန်၌ သူမ၏မျက်နှာထားသည် ချက်ချင်း ညိုမဲသွားတော့သည်။

" ဒီသောက်ဝက်မက ကျောင်းမှာ ပြဿနာထပ်ရှာပြန်ပြီ၊ သူ အာရုံစိုက်ခံရတာကို အဲလောက်တောင် ကြိုက်နေတာလား၊ အပေါ်စားဆန်လိုက်တာ"

ရှန်ရှင်းသည် အံကြိတ်ကာ တိုးတိုးတိတ်တိတ် ဆဲရေးလိုက်၏။ တစ်ချိန်ထဲတွင် သူမရှေ့က မှတ်စုစာအုပ်ကို ဘောပင်ဖြင့် ဒေါသတကြီး ထိုးချလိုက်လေသည်။

ထို့နောက် ရှန်ရှင်းသည် ရှန်ယွဲ့က အမှတ်အပြည့်ရခဲ့သည့်အကြောင်း ကြားလိုက်ရတော့သည်။ သူမသည် မှင်သက်သွားပြီး ချက်ချင်း ပေါက်ကွဲသွားတော့သည်။

" ရှန်ယွဲ့လို ဉာဏ်နိမ့်တဲ့သူက အမှတ်ပြည့် ဘယ်လိုလုပ်ရနိုင်မှာလဲ၊ အဲဒီဆရာတွေ ရူးနေကြပြီလား၊ သူတို့အားလုံး သူ့နည်းလမ်းမှာ အလိမ်ခံလိုက်ရတာပဲ၊ သူ ခိုးချခဲ့တာပဲ ဖြစ်ရမယ်"

...

Zawgyi
































...

Continue Reading

You'll Also Like

78K 10.9K 80
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
99.8K 10.5K 78
လီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွ...
256K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...