အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
ကျောင်းအုပ်ကြီးရုံးခန်းသည် လူများနှင့် ပြည့်နေလေသည်။ ဗိုက်ပူပူသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ချို့၊ သူစိမ်းဆန်ဆန်အမူအရာတစ်ခုနှင့် ထိပ်ပြောင်ယောက်ျားတစ်ယောက် နှင့် အကျင့်မကောင်းသည့်ရုပ်ထွက်သည့် သက်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်က သူ့ဘေးတွင်ရပ်နေလေသည်။ ထို့အပြင် အနည်းငယ် အကျပ်ရိုက်နေကြသည့် လုံခြုံရေးအစောင့်တစ်ချို့လည်း ရှိနေ၏။
ရှီဖုန်း၏ ကနဦးကောက်ချက်မှာ မကောင်းသည့်သဘာဝရှိသည့် ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခု ဖြစ်နိုင်သည်ဟူ၍။ သူသည် နစ်နာသူက မည်သို့ လုပ်ဆောင်ခဲ့ပြီး ရှန်ယွဲ့က မည်သည့်အခန်းကဏ္ဍာတွင် ပါဝင်ခဲ့ကြောင်း စဥ်းစားလိုက်လေသည်။
သူ့အတွေးများသည့် ခပ်မြန်မြန်ပြေးလွှားသွားပြီးနောက် နစ်နာသူ၏အခွင့်အရေးကို တတ်နိုင်သမျှကာကွယ်ရန် တရားစွဲဆိုမှုကို မည်သို့ရင်ဆိုင်မည်ကို စဥ်းစားလိုက်လေသည်။ ရှန်ယွဲ့က သူ့နားထဲသို့ တီးတိုးပြောလိုက်ပြိး ဖြစ်ရပ်တစ်ခုလုံးကို အကျိုးအကြောင်း အကျဥ်းချုပ်ရှင်းပြလိုက်တော့သည်။
" ဒီတော့ မင်း ငါ့ကို ဒီကို လာဖို့ခေါ်ကာ သူတို့တွေက မင်းကို ခိုးချတယ်လို့ စွပ်စွဲလို့ပေါ့"
ရှီဖုန်းသည် မယုံနိုင်ဖြစ်သွားတော့သည်။ ဒါက ဒီအတိုင်း အိုဗာဖြစ်လွန်းတာ မဟုတ်ဘူးလား။
" ဟုတ်တယ်"
ရှန်ယွဲ့သည် အလွန်အပြစ်ကင်းစင်ဟန် ဖြစ်နေလေသည်။ နောက်ဆုံး သူမသည် ရှေ့နေဆိုလျှင် ရှီဖုန်းတစ်ယောက်ကိုသာ သိလေသည်။
"ကောင်းပြီလေ"
ရှီဖုန်းသည် သူ့စိတ်ထဲတွင် ခါးသီးမှုကို မြိုချထားလိုက်ပြီး သဘောတူလိုက်၏။ ဒါသည် သူ့အတွက် ပထမဆုံး အဆင့်နိမ့်တရားစွဲမှုတစ်ခု ဖြစ်သော်လည်း ကျောင်းဘက်က အရာအားလုံးဆုံးရှုံးသွားရအောင် အကောင်းဆုံး ကြိုးစားရလိမ့်မည်....
" ရှီ... ခင်ဗျားက တကယ်ပဲ ရှေ့နေကြီးရှီ လား"
ကျောင်းအုပ်ကြီးသည် နည်းငယ် အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားတော့သည်။ သူသည် ရှီဖုန်း၏မျက်နှာကို စိုက်ကြည့်လိုက်ပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားတော့သည်။
ဌာနမှူးမှာ မသက်ဆိုင်သည့်လူများက ကျောင်းအုပ်ရုံးခန်းထဲ ဝင်လာသည်ကို တွေ့လိုက်ရသောအခါ ပို၍ပင် ဒေါသထွက်လာလေသည်။ သူသည် ရှန်ယွဲ့ကို အော်ငေါက်လိုက်၏။
" မင်းက ပြဿနာကို ဘယ်လောက်ကြီးအောင်လုပ်ချင်နေတာလဲ၊ ဒါကို အရမ်းပျော်စရာကောင်းတယ်များ ထင်နေလား၊ မင်းအတွက် ဘာကကောင်းတယ်ဆိုတာ သိရင် ဒီနေရာကနေ ချက်ချင်းထွက်သွားလိုက်"
" ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်အမှုသည်ကို မအော်ပါနဲ့ ဒီနေရာမှာ ခင်များပြောတဲ့စကားတိုင်းက ကျွန်တော့် အမှုသည်ရဲ့ လုပ်ပိုင်ခွင့်နဲ့ အကျိုးအမြတ်ကို ထိပါးတဲ့အတွက် သက်သေအဖြစ် သုံးနိုင်တယ်ဆိုတာကိုတော့ သိထားရလိမ့်မယ်"
ရှီဖုန်းသည် ချက်ချင်းပင် ဌာနမှူးကို အေးစက်စက် သတိပေးလိုက်လေသည်။ ထိုသို့ပြောလိုက်ရင်း သူသည် သူ့နောက်ကလက်ထောက်ကို ထွက်ဆိုချက်ယူရန် အချက်ပြလိုက်လေသည်။
ရှီဖုန်းသည် အလုပ်မစခင်မှာပင် တံခါးနားတွင် နောက်ထပ်ဆူညံထွက်လာတော့သည်။ ဟန်လင်းသည် အသက်ပင်မရှူနိုင်ဘဲ ဝင်လာပြီး သူ့နောက်တွင် ရဲမှူးချုပ်၊ ရဲအရာအရှိအဖွဲ့နှင့် အတွင်းရေးမှူးတစ်ယာက် ပါလာလေသည်။
သူသည် ရှန်ယွဲ့ကို မြင်လိုက်သည်နှင့်ချက်ချင်း သူမကို ဆံပင်တစ်ချောင်းပင် မထိခိုက်သည်ကို အတည်ပြုလိုက်ပြီးမှ ဟန်လင်း၏လေးလံနေသည့်စိတ်မှာ သက်တောင့်သက်သာဖြစ်သွားတော့သည်။ သူသည် ကျောင်းအုပ်ကြီးဘက်သို့လှည့်ကာ ဝေဖန်အပြစ်တင်လိုက်တော့သည်။
" ခင်များ ဘယ်လိုလုပ်ပြီး ကျောင်းအုပ်ဖြစ်လာတာလဲ"
ကျောင်းအုပ်ကြီးသည့် Sမြို့တော်ဝန် ဟန်လင်း ရောက်လာသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိုးရိမ်တကြီးဖြစ်သွားတော့သည်။ ရဲမှူးချုပ်ကလည်း လူများကို ခေါ်လာသည်ကို မြင်လိုက်ရာ ကျောင်းအုပ်ကြီး၏ခြေထောက်မျာသည် ချိနဲ့သွားတော့သည်။
"မြို့တော်ဝန် ဟန်၊ ရဲမှူးချုပ်စုန့် ဘာလို့ ဒီကိုရောက်လာတာလဲ"
ထိုသို့ပြောရင်း သူသည် မြန်မြန်လှုပ်ရှားလေသည်။ သူသည် ပျာယာခတ်သွားပြီး လူကြီးမင်းနှစ်ယောက်အတွက် လက်ဖက်ရည်ထည့်ပေးချင်လိုက်သော်လည်း သူ့မျက်လုံးထောင့်မှနေ၍ ဟန်လင်းနှင့် ရဲဌာနမှ ရဲမှူးချုပ်စုန့်တို့က ရှန်ယွဲ့အား ဝိုင်းကာ အဆင်ပြေမပြေမေးနေသည်ကို တွေ့လိုက်ရလေသည်။ သူသည် အလွန်ရှောခ့်ဖြစ်သွားပြီး ချွေးများ အထပ်ထပ် ကျလာတော့သည်။ ဒီရှန်ယွဲ့က တကယ်ပဲ ဘယ်သူများလဲ။ ဖုန်းလေး တစ်ခု နှစ်ခုခေါ်လိုက်တာ လူကြီးမင်းတွေက သူကိုလာရှာကြသတဲ့လား။
ရဲဌာနမှ ရဲမှူးချုပ်စုန့်ကလည်း ကြင်ကြင်နာနာဖြစ် ပြောနေသည်ကို မြင်လိုက်ရလေသည်။
" ကျောင်းသူလေး အခုလေးတင် ရဲဌာနကို ဖုန်းဆက်ခဲ့တာ မင်းနော်၊ မစိုးရိမ်ပါနဲ့ ငါတို့လူတွေ ဒီမှာရှိနေပြီဆိုတော့ မင်းကို လုံးဝမနစ်နာစေရပါဘူး"
သူသည် ဟန်လင်း၏လက်အောက်တွင် ရဲမှူးချုပ်ရာထူးရလာနိုင်သည့် အကြောင်းအရင်းမှာ ဟန်လင်းဆီမှာ သင်ထားသည့် အခြေအနေကို ဖတ်ကာ လူများ၏အမူအရာကိုလေ့လာ တတ်ခဲ့ခြင်းကြောင့်ပင်။
ရှန်ယွဲ့သည် သူမ၏ရှေ့က လူနှစ်ယောက်ကို မသိဖြစ်နေရာ အနည်းငယ်တွေဝေသွားသော်လည်း သူတို့ကို ဖြစ်ကြောင်းကုန်စင်နောက်တစ်ခေါက် ထပ်ပြောပြလိုက်လေသည်။
ဟန်လင်းသည် ထိုစကားကို ကြားလိုက်သည်နှင့်ချက်ချင်း စားပွဲကို ထုလိုက်ပြီး ကျောင်းအုပ်ကြီးအား အေးစက်စက်မျက်နှာထားဖြင့် အော်ဟစ်လိုက်တော့သည်။
" ကျုပ်က ခင်များကို ဒီတာဝန်ကြီးတဲ့ သင်ကြားရေးနဲ့ ပညာရေးတာဝန်ကို လက်လွဲထားခဲ့တာလေ၊ ဒါက ခင်များ ကလေးတွေကို ဆက်ဆံတဲ့ပုံစံတဲ့လား၊ ရှန်ယွဲ့ကို မှားယွင်းစွပ်စွဲပြီး နာမည်ဖျက်လိုက်သေးတယ်၊ သူ့ကို မရိုးသားတဲ့ဆရာတစ်ယောက်ကတောင် စော်ကားခဲ့သေးတယ် ဒါပေမယ့် နောက်ဆုံးတော့ ခင်များက အမှန်နဲ့ အမှားကို မခွဲခြားဘဲနဲ့ အမှန်နဲ့ အမှားကိုတောင် ပြောင်းပြန်ဖြစ်အောင်လုပ်ခဲ့သေးတယ်တဲ့လား"
ရဲမှူးချုပ်စုန့်ကလည်း လက်ဖက်ရည်ခွက်ကို ကိုင်ကာ ပညာပေးပြန်သည်။
" ခင်များက ကျောင်းသူတစ်ယောက်နဲ့ ပဋိပက္ခဖြစ်တဲ့အချိန်မှာ မှန်မှန်ကန်ကန်နဲ့ ဘယ်လိုဖြေရှင်းပေးရမလဲ ဆိုတာ တကယ်မစဥ်းစားခဲ့တာပဲ၊ အဲဒီအစား ခင်များက ကျောင်းလုံခြုံရေးကိုခေါ်ပြီး ကျောင်းသူအပေါ်ကို အကြမ်းဖက်ပြီးတော့ ကလေးကို ရဲခေါ်ရအောင် ဖိအားပေးခဲ့သေးတယ်၊ ခင်များ တကယ်မလုပ်သင့်တာပဲ"
ရှီဖုန်းသည် သူ့ဘေးက ဆရာများကို မေးမြန်းစုံစမ်း ရန် သူ့လူများကိုခေါ်လာခဲ့သည်။ သူသည် အသေးစိတ်ဖြည့်ထားသည့် မှတ်တမ်းတစ်ထပ်ဖြင့် လျှောက်လာပြီး အေးစက်စက်ဖြင့် ပြောလိုက်လေသည်။
" ကျွန်တော် ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပြီ၊ တရားခွင်ကို တနင်္လာနေ့စမယ်၊ ခင်များ ပြင်ဆင်ထားပေးပါ"
ကျောင်းသည် အဖွဲ့သုံးခု၏ဖိအားအောက်သို့ ရောက်သွားတော့သည်။ သူတို့သည် အလွန်ထိတ်လန့်သွားပြီး ကျောပြင်တွင် ချွေးများရွှဲနစ်သွားတော့ည်။ သူတို့သည် သူတို့ကိုယ်သူတို့ ကူကယ်ရာမဲ့စွာ ခုခံဖို့ ကြိုးစားလိုက်ကြတော့သည်။
"မဟုတ်ပါဘူး...."
...
Zawgyi
အပိုင္း (၇၂) အိုဗာျဖစ္လြန္းတယ္
ေက်ာင္းအုပ္ႀကီး႐ုံးခန္းသည္ လူမ်ားႏွင့္ ျပည့္ေနေလသည္။ ဗိုက္ပူပူသက္လတ္ပိုင္းအ႐ြယ္ ေယာက္်ားတစ္ခ်ိဳ႕၊ သူစိမ္းဆန္ဆန္အမူအရာတစ္ခုႏွင့္ ထိပ္ေျပာင္ေယာက္်ားတစ္ေယာက္ ႏွင့္ အက်င့္မေကာင္းသည့္႐ုပ္ထြက္သည့္ သက္လတ္ပိုင္းအ႐ြယ္မိန္းမတစ္ေယာက္က သူ႔ေဘးတြင္ရပ္ေနေလသည္။ ထို႔အျပင္ အနည္းငယ္ အက်ပ္႐ိုက္ေနၾကသည့္ လုံၿခဳံေရးအေစာင့္တစ္ခ်ိဳ႕လည္း ရွိေန၏။
ရွီဖုန္း၏ ကနဦးေကာက္ခ်က္မွာ မေကာင္းသည့္သဘာဝရွိသည့္ ေက်ာင္းတြင္းအၾကမ္းဖက္မႈတစ္ခု ျဖစ္ႏိုင္သည္ဟူ၍။ သူသည္ နစ္နာသူက မည္သို႔ လုပ္ေဆာင္ခဲ့ၿပီး ရွန္ယြဲ႕က မည္သည့္အခန္းက႑ာတြင္ ပါဝင္ခဲ့ေၾကာင္း စဥ္းစားလိုက္ေလသည္။
သူ႔အေတြးမ်ားသည့္ ခပ္ျမန္ျမန္ေျပးလႊားသြားၿပီးေနာက္ နစ္နာသူ၏အခြင့္အေရးကို တတ္ႏိုင္သမွ်ကာကြယ္ရန္ တရားစြဲဆိုမႈကို မည္သို႔ရင္ဆိုင္မည္ကို စဥ္းစားလိုက္ေလသည္။ ရွန္ယြဲ႕က သူ႔နားထဲသို႔ တီးတိုးေျပာလိုက္ၿပိး ျဖစ္ရပ္တစ္ခုလုံးကို အက်ိဳးအေၾကာင္း အက်ဥ္းခ်ဳပ္ရွင္းျပလိုက္ေတာ့သည္။
" ဒီေတာ့ မင္း ငါ့ကို ဒီကို လာဖို႔ေခၚကာ သူတို႔ေတြက မင္းကို ခိုးခ်တယ္လို႔ စြပ္စြဲလို႔ေပါ့"
ရွီဖုန္းသည္ မယုံႏိုင္ျဖစ္သြားေတာ့သည္။ ဒါက ဒီအတိုင္း အိုဗာျဖစ္လြန္းတာ မဟုတ္ဘူးလား။
" ဟုတ္တယ္"
ရွန္ယြဲ႕သည္ အလြန္အျပစ္ကင္းစင္ဟန္ ျဖစ္ေနေလသည္။ ေနာက္ဆုံး သူမသည္ ေရွ႕ေနဆိုလွ်င္ ရွီဖုန္းတစ္ေယာက္ကိုသာ သိေလသည္။
"ေကာင္းၿပီေလ"
ရွီဖုန္းသည္ သူ႔စိတ္ထဲတြင္ ခါးသီးမႈကို ၿမိဳခ်ထားလိုက္ၿပီး သေဘာတူလိုက္၏။ ဒါသည္ သူ႔အတြက္ ပထမဆုံး အဆင့္နိမ့္တရားစြဲမႈတစ္ခု ျဖစ္ေသာ္လည္း ေက်ာင္းဘက္က အရာအားလုံးဆုံးရႈံးသြားရေအာင္ အေကာင္းဆုံး ႀကိဳးစားရလိမ့္မည္....
" ရွီ... ခင္ဗ်ားက တကယ္ပဲ ေရွ႕ေနႀကီးရွီ လား"
ေက်ာင္းအုပ္ႀကီးသည္ နည္းငယ္ အထစ္ထစ္အေငါ့ေငါ့ ျဖစ္သြားေတာ့သည္။ သူသည္ ရွီဖုန္း၏မ်က္ႏွာကို စိုက္ၾကည့္လိုက္ၿပီး ေျခမကိုင္မိ လက္မကိုင္မိျဖစ္သြားေတာ့သည္။
ဌာနမႉးမွာ မသက္ဆိုင္သည့္လူမ်ားက ေက်ာင္းအုပ္႐ုံးခန္းထဲ ဝင္လာသည္ကို ေတြ႕လိုက္ရေသာအခါ ပို၍ပင္ ေဒါသထြက္လာေလသည္။ သူသည္ ရွန္ယြဲ႕ကို ေအာ္ေငါက္လိုက္၏။
" မင္းက ျပႆနာကို ဘယ္ေလာက္ႀကီးေအာင္လုပ္ခ်င္ေနတာလဲ၊ ဒါကို အရမ္းေပ်ာ္စရာေကာင္းတယ္မ်ား ထင္ေနလား၊ မင္းအတြက္ ဘာကေကာင္းတယ္ဆိုတာ သိရင္ ဒီေနရာကေန ခ်က္ခ်င္းထြက္သြားလိုက္"
" ဆရာ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္အမႈသည္ကို မေအာ္ပါနဲ႔ ဒီေနရာမွာ ခင္မ်ားေျပာတဲ့စကားတိုင္းက ကြၽန္ေတာ့္ အမႈသည္ရဲ႕ လုပ္ပိုင္ခြင့္နဲ႔ အက်ိဳးအျမတ္ကို ထိပါးတဲ့အတြက္ သက္ေသအျဖစ္ သုံးႏိုင္တယ္ဆိုတာကိုေတာ့ သိထားရလိမ့္မယ္"
ရွီဖုန္းသည္ ခ်က္ခ်င္းပင္ ဌာနမႉးကို ေအးစက္စက္ သတိေပးလိုက္ေလသည္။ ထိုသို႔ေျပာလိုက္ရင္း သူသည္ သူ႔ေနာက္ကလက္ေထာက္ကို ထြက္ဆိုခ်က္ယူရန္ အခ်က္ျပလိုက္ေလသည္။
ရွီဖုန္းသည္ အလုပ္မစခင္မွာပင္ တံခါးနားတြင္ ေနာက္ထပ္ဆူညံထြက္လာေတာ့သည္။ ဟန္လင္းသည္ အသက္ပင္မရႉႏိုင္ဘဲ ဝင္လာၿပီး သူ႔ေနာက္တြင္ ရဲမႉးခ်ဳပ္၊ ရဲအရာအရွိအဖြဲ႕ႏွင့္ အတြင္းေရးမႉးတစ္ယာက္ ပါလာေလသည္။
သူသည္ ရွန္ယြဲ႕ကို ျမင္လိုက္သည္ႏွင့္ခ်က္ခ်င္း သူမကို ဆံပင္တစ္ေခ်ာင္းပင္ မထိခိုက္သည္ကို အတည္ျပဳလိုက္ၿပီးမွ ဟန္လင္း၏ေလးလံေနသည့္စိတ္မွာ သက္ေတာင့္သက္သာျဖစ္သြားေတာ့သည္။ သူသည္ ေက်ာင္းအုပ္ႀကီးဘက္သို႔လွည့္ကာ ေဝဖန္အျပစ္တင္လိုက္ေတာ့သည္။
" ခင္မ်ား ဘယ္လိုလုပ္ၿပီး ေက်ာင္းအုပ္ျဖစ္လာတာလဲ"
ေက်ာင္းအုပ္ႀကီးသည့္ Sၿမိဳ႕ေတာ္ဝန္ ဟန္လင္း ေရာက္လာသည္ကို ျမင္လိုက္ရေသာအခါ ခ်က္ခ်င္းပင္ စိုးရိမ္တႀကီးျဖစ္သြားေတာ့သည္။ ရဲမႉးခ်ဳပ္ကလည္း လူမ်ားကို ေခၚလာသည္ကို ျမင္လိုက္ရာ ေက်ာင္းအုပ္ႀကီး၏ေျခေထာက္မ်ာသည္ ခ်ိနဲ႔သြားေတာ့သည္။
"ၿမိဳ႕ေတာ္ဝန္ ဟန္၊ ရဲမႉးခ်ဳပ္စုန္႔ ဘာလို႔ ဒီကိုေရာက္လာတာလဲ"
ထိုသို႔ေျပာရင္း သူသည္ ျမန္ျမန္လႈပ္ရွားေလသည္။ သူသည္ ပ်ာယာခတ္သြားၿပီး လူႀကီးမင္းႏွစ္ေယာက္အတြက္ လက္ဖက္ရည္ထည့္ေပးခ်င္လိုက္ေသာ္လည္း သူ႔မ်က္လုံးေထာင့္မွေန၍ ဟန္လင္းႏွင့္ ရဲဌာနမွ ရဲမႉးခ်ဳပ္စုန္႔တို႔က ရွန္ယြဲ႕အား ဝိုင္းကာ အဆင္ေျပမေျပေမးေနသည္ကို ေတြ႕လိုက္ရေလသည္။ သူသည္ အလြန္ေရွာခ့္ျဖစ္သြားၿပီး ေခြၽးမ်ား အထပ္ထပ္ က်လာေတာ့သည္။ ဒီရွန္ယြဲ႕က တကယ္ပဲ ဘယ္သူမ်ားလဲ။ ဖုန္းေလး တစ္ခု ႏွစ္ခုေခၚလိုက္တာ လူႀကီးမင္းေတြက သူကိုလာရွာၾကသတဲ့လား။
ရဲဌာနမွ ရဲမႉးခ်ဳပ္စုန္႔ကလည္း ၾကင္ၾကင္နာနာျဖစ္ ေျပာေနသည္ကို ျမင္လိုက္ရေလသည္။
" ေက်ာင္းသူေလး အခုေလးတင္ ရဲဌာနကို ဖုန္းဆက္ခဲ့တာ မင္းေနာ္၊ မစိုးရိမ္ပါနဲ႔ ငါတို႔လူေတြ ဒီမွာရွိေနၿပီဆိုေတာ့ မင္းကို လုံးဝမနစ္နာေစရပါဘူး"
သူသည္ ဟန္လင္း၏လက္ေအာက္တြင္ ရဲမႉးခ်ဳပ္ရာထူးရလာႏိုင္သည့္ အေၾကာင္းအရင္းမွာ ဟန္လင္းဆီမွာ သင္ထားသည့္ အေျခအေနကို ဖတ္ကာ လူမ်ား၏အမူအရာကိုေလ့လာ တတ္ခဲ့ျခင္းေၾကာင့္ပင္။
ရွန္ယြဲ႕သည္ သူမ၏ေရွ႕က လူႏွစ္ေယာက္ကို မသိျဖစ္ေနရာ အနည္းငယ္ေတြေဝသြားေသာ္လည္း သူတို႔ကို ျဖစ္ေၾကာင္းကုန္စင္ေနာက္တစ္ေခါက္ ထပ္ေျပာျပလိုက္ေလသည္။
ဟန္လင္းသည္ ထိုစကားကို ၾကားလိုက္သည္ႏွင့္ခ်က္ခ်င္း စားပြဲကို ထုလိုက္ၿပီး ေက်ာင္းအုပ္ႀကီးအား ေအးစက္စက္မ်က္ႏွာထားျဖင့္ ေအာ္ဟစ္လိုက္ေတာ့သည္။
" က်ဳပ္က ခင္မ်ားကို ဒီတာဝန္ႀကီးတဲ့ သင္ၾကားေရးနဲ႔ ပညာေရးတာဝန္ကို လက္လြဲထားခဲ့တာေလ၊ ဒါက ခင္မ်ား ကေလးေတြကို ဆက္ဆံတဲ့ပုံစံတဲ့လား၊ ရွန္ယြဲ႕ကို မွားယြင္းစြပ္စြဲၿပီး နာမည္ဖ်က္လိုက္ေသးတယ္၊ သူ႔ကို မ႐ိုးသားတဲ့ဆရာတစ္ေယာက္ကေတာင္ ေစာ္ကားခဲ့ေသးတယ္ ဒါေပမယ့္ ေနာက္ဆုံးေတာ့ ခင္မ်ားက အမွန္နဲ႔ အမွားကို မခြဲျခားဘဲနဲ႔ အမွန္နဲ႔ အမွားကိုေတာင္ ေျပာင္းျပန္ျဖစ္ေအာင္လုပ္ခဲ့ေသးတယ္တဲ့လား"
ရဲမႉးခ်ဳပ္စုန္႔ကလည္း လက္ဖက္ရည္ခြက္ကို ကိုင္ကာ ပညာေပးျပန္သည္။
" ခင္မ်ားက ေက်ာင္းသူတစ္ေယာက္နဲ႔ ပဋိပကၡျဖစ္တဲ့အခ်ိန္မွာ မွန္မွန္ကန္ကန္နဲ႔ ဘယ္လိုေျဖရွင္းေပးရမလဲ ဆိုတာ တကယ္မစဥ္းစားခဲ့တာပဲ၊ အဲဒီအစား ခင္မ်ားက ေက်ာင္းလုံၿခဳံေရးကိုေခၚၿပီး ေက်ာင္းသူအေပၚကို အၾကမ္းဖက္ၿပီးေတာ့ ကေလးကို ရဲေခၚရေအာင္ ဖိအားေပးခဲ့ေသးတယ္၊ ခင္မ်ား တကယ္မလုပ္သင့္တာပဲ"
ရွီဖုန္းသည္ သူ႔ေဘးက ဆရာမ်ားကို ေမးျမန္းစုံစမ္း ရန္ သူ႔လူမ်ားကိုေခၚလာခဲ့သည္။ သူသည္ အေသးစိတ္ျဖည့္ထားသည့္ မွတ္တမ္းတစ္ထပ္ျဖင့္ ေလွ်ာက္လာၿပီး ေအးစက္စက္ျဖင့္ ေျပာလိုက္ေလသည္။
" ကြၽန္ေတာ္ ရွင္းရွင္းလင္းလင္း စုံစမ္းၿပီးၿပီ၊ တရားခြင္ကို တနလၤာေန႔စမယ္၊ ခင္မ်ား ျပင္ဆင္ထားေပးပါ"
ေက်ာင္းသည္ အဖြဲ႕သုံးခု၏ဖိအားေအာက္သို႔ ေရာက္သြားေတာ့သည္။ သူတို႔သည္ အလြန္ထိတ္လန္႔သြားၿပီး ေက်ာျပင္တြင္ ေခြၽးမ်ား႐ႊဲနစ္သြားေတာ့ည္။ သူတို႔သည္ သူတို႔ကိုယ္သူတို႔ ကူကယ္ရာမဲ့စြာ ခုခံဖို႔ ႀကိဳးစားလိုက္ၾကေတာ့သည္။
"မဟုတ္ပါဘူး...."
...