အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
"ပြီးတော့ သမီး အမှတ်မမှားရင် အဲဒီဆရာက သမီးရဲ့အဖြေလွှာကို လုံးဝ မမြင်ရသေးဘူးနော်၊ သမီး မေးပါရစေ ဆရာမလီက သမီးရဲ့အဖြေလွှာကို တိတ်တိတ်လေး တစ်ခုခုလုပ်ထားတာလား"
ရှန်ယွဲ့က ထပ်ဖြည့်ပြောလိုက်လေသည်။
" ငါ လုံးဝ ကူလီကူမာမလုပ်ထားဘူး၊ နင် မသမာနည်းသုံးခဲ့တာကို သိလိုက်လို့ နင့်အဖြေလွှာကို ဖယ်ထားခဲ့တာပဲ ရှိတာ"
မစ္စလီက မြန်မြန်ပြန်ချေပလိုက်၏။
ရှန်ယွဲ့က တစ်ဆင့်ချင်း ဖိမေးလေတော့သည်။
" သက်သေလည်း ဘာမှမရှိဘဲနဲ့၊ ဒါတောင် ဆရာမက သမီး မသမာတဲ့နည်းသုံးတယ်လို့ ပြောနေသေးတယ်နော်၊ ဒါက ဆရာတစ်ယောက်အနေနဲ့ လုပ်သင့်တဲ့အရာလား၊ ပြီးတော့ သမီးရဲ့အဖြေလွှာကို သိမ်းထားဖို့ ဆရာမမှာ ဘာအခွင့်အာဏာရှိလို့လဲ"
" ဘာလို့လဲဆိုတော့ ငါက ဌာနမှူးဖြစ်နေလို့လေ၊ ဒီတော့ ဘာဖြစ်လဲ" မစ္စလီ၏နောက်က ဌာနမှူးက ထအော်လိုက်တော့သည်။
တစ်ချိန်ထဲတွင် မစ္စလီကလည်း နောက်ကထောက်ခံပြောဆိုလိုက်၏။
" ရှန်ယွဲ့က စာမေးပွဲတိုင်းမှာအမြဲ တစ်မှတ် နှစ်မှတ်ပဲရပြီး ကျောင်းမှာ ဘိတ်ချေးဖြစ်နေတာ ဘယ်သူကမသိလို့လဲ၊ အခု သူက ရုတ်တရက်ကြီး အမှတ်ပြည့်တွေထရနေတာလေ၊ အဆင့်အကောင်းဆုံး လီရွှီတောင် အမှတ်ပြည့်မရဘူး၊ ဘယ်သူက နင့်ကိုယုံမှာလဲ၊ ရလာဒ်ကောင်းရဖို့ လိမ်ထားတာ သိသာနေတာပဲ၊ ငါက သက်သေလိုသေးလို့လား"
ဘေးကဆရာများသည် ထိုစကားကိုကြားလိုက်သောအခါ မစ္စလီကို ထောက်ခံလိုက်ကြတော့သည်။ သူတို့သည် သည်အဖြေလွှာကို အလွန်ကျေနပ်ကြသော်လည်း သည်အဖြေလွှာများကို ရှန်ယွဲ့ကဖြေထားသည်ဟု လုံးဝမယုံကြည်ကြချေ။
ထို့ကြောင့် အားလုံးက တစ်ယောက်ပြီးတစ်ယောက် ထပြောကြတော့သည်။
" ဟုတ်တယ် ရှန်ယွဲ့၊ မင်းကိုယ်မင်း သက်သေပြချင်တာ ဆရာမသိတယ်၊ ဒါပေမယ့် မင်း လိမ်လို့တော့မရဘူးလေ"
" မစ္စလီလုပ်တာကလည်း မင်းကောင်းဖို့အတွက်ပါ၊ မင်း ဒီကိစ္စကို ဝန်မခံရင် တကယ်လွန်သွားလိမ့်မယ်နော်"
" ငါ့မှာ လိမ်လည်လို့ အမှားကို ပြင်ပေးမယ်တောင်မကြံရသေးဘူး နင်က ငါ့ကို ပြဿနာလာရှာနေပြီ"
" ရှန်ယွဲ့ မင်း တစ်ဆင့်ချင်းစီ လေ့လာသွားရင် ဆရာတွေကလည်း မင်းရဲ့သဘောထားကို ချီးကျူးကြမှာပါ၊ ဒါပေမယ့် မင်းက ဒီလိုနည်းလမ်းနဲ့ ရလာဒ်ကောင်းတွေ လိုချင်နေတာပဲ၊ မင်း တခြားလူကိုတော့ အရူးလုပ်လို့ရချင်ရမယ် မင်းကိုယ်မင်းတော့ အရူးလုပ်လို့မရဘူးလေ"
ရှန်ယွဲ့သည် ဘက်ပေါင်းစုံမှလာနေသည့်ဆူညံသံများကြောင့် ခေါင်းကိုက်သွားတော့သည်။ နောက်ဆုံးတော့ သူမသည် မသက်သာတော့ဘဲ လက်ခုပ်တီးလိုက်ကာ သူမကို တညီတညွှတ်တည်းတောင်းဆိုနေကြသည့် ဆရာများကို ဖြတ်ပြောလိုက်တော့သည်။
"ရပြီ သမီး ဆရာမတို့ကို ပြောပြီးပြီလေ၊ သမီး မလိမ်ခဲ့ဘူး၊ ဆရာမတို့မယုံဘူးဆိုရင် လုံခြုံရေးကင်မရာကို စစ်ကြည့်နိုင်တယ်"
ကျောင်းအုပ်ကြီးက လျှောက်လာပြီး ရှန်ယွဲ့အား ပြင်းပြင်းထန်ထန် ပြောလိုက်၏။
" ရှန်ယွဲ့ ဒီကိစ္စကို ဒီမှာပဲ ပြီးအောင်လုပ်လို့ရတယ်၊ ကိုယ့်အမှားကိုသိပြီး ပြောင်းလဲနိုင်တာက လိမ္မာတဲ့ကလေးတစ်ယောက်ပဲ၊ ဆရာမတွေကို အခုတောင်းပန်ပြီး ဒီကိစ္စကို အဆုံးသတ်လိုက်တော့"
ငါလေးက တရားမျှတမှုကို လာရှာနေလေ။ ဒီကျောင်းအုပ်ကြီးက ငါလေးကိုလက်လျှော့စေချင်ပြီး တောင်းပန်ခိုင်းနေတာလား။ ရှန်ယွဲ့သည် ရယ်ချင်သွားတော့သည်။
" ဒီတော့ ဆရာကြီးက လုံခြုံရေးကင်မရာတွေကို မစစ်တော့ဘဲနဲ့ သမီးကို လိမ်လည်ပါတယ်လို့ စွပ်စွဲတော့မှာ သေချာသွားပြီလား"
ဒါက ငါလေး ဒီဆရာတွေကို ပေးတဲ့နောက်ဆုံးအခွင့်အရေးပဲ။ အဖြေတစ်ခုရအောင်လုပ်ပြီး ငါလေးရဲ့နာမည်ကို ရှင်းလင်းဖို့ အရမ်းကို ရိုးရှင်းတဲ့ကိစ္စပါ။ ဒီလူတွေက ဘာလို့ ကိစ္စကို ဒီလောက်ရှုပ်ထွေးအောင် လုပ်ချင်နေကြတာလဲ၊ မူလခန္ဓာကိုယ်ပိုင်ရှင်က စာညံ့တဲ့ကျောင်းသူတစ်ယောက် ဖြစ်နေလို့တဲ့လား။ စာညံ့တဲ့ကျောင်းသားတွေက မျှမျှတတဆက်ဆံခံဖို့ အခွင့်အရေးမရှိလို့လား။
ကျောင်းအုပ်ကြီးသည် မေးခွန်းကြောင့် ကြောင်အမ်းအမ်းဖြစ်သွားပြီး သူ့မျက်နှာထားမှာ ချက်ချင်း အကျည်းတန်သွားတော့သည်။ အမှန်တွင်တော့ သူသည် သည်ကျောင်းသူက လိမ်တာ မလိမ်တာကို ဂရုမစိုက်ချေ။ ရှန်ယွဲ့က သည်ကိုလာသည့်တစ်လမ်းလုံး ဆူပူမှုကြီးဖြစ်အောင်လုပ်ခဲ့ရာ ကျောင်းအုပ်တစ်ယောက်အနေဖြင့် သူသည် မတတ်သာတော့ဘဲ ဖြေရှင်းပေးနေရခြင်းသာဖြစ်လေသည်။
လုံခြုံရေးကင်မရာကို စစ်ပြီး ရှန်ယွဲ့အပြစ်ကင်းကြောင်း သက်သေပြဖို့က မဖြစ်နိုင်ဘူးလေ။ ရှန်ယွဲ့က ခိုးချခဲ့တာကို သူတို့တွေ့ခဲ့ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် တကယ်လို့များ ရှန်ယွဲ့က မခိုးချခဲ့ရင် ဒါက ဆရာမရဲ့အမှားဖြစ်သွားတော့မှာမလား။
သူက ရှန်ယွဲ့ပြောသလို တကယ်လုပ်ခဲ့ပြီး ဆရာမကို ဆရာတွေနဲ့ကျောင်းသားတွေအားလုံးရှေ့မှာ တောင်းပန်ခိုင်းလိုက်ရင် ဆရာတွေရဲ့မျက်နှာနဲ့ သိက္ခာ ဘယ်နားသွားထားရတော့မှာလဲ။ သူကရောနောက်ဆိုရင် ကျောင်းသားတွေကို ဘယ်လိုထိန်းသိမ်းနိုင်တော့မှာလဲ။
ထို့ကြောင့် ကျောင်းအုပ်ကြီးသည် ရှန်ယွဲ့၏တောင်းဆိုချက်ကို လုံးဝသဘောတူလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူက စိတ်ပျက်နေသည့်မျက်နှာနှင့် သူ့စောစောကသဘောထားကို ပြောင်းလိုက်လေတော့သည်။ သူက ခပ်ကျယ်ကျယ်ပြောလိုက်၏။
" မင်း ဒီမှာဘာလို့ ပြဿနာရှာနေသေးတာလဲ၊ ဒီလို ကိစ္စသေးသေးလေးအတွက် လုံခြုံရေးကင်မရာတွေကို စစ်ဆေးဖို့ ပြဿနာတွေအများကြီး ဖြစ်အောင်လုပ်နေတာပဲ၊ တစ်ကျောင်းလုံးက မင်းနဲ့ ကစားနေတယ်လို့များ ထင်နေတာလား"
" မင်း ဒီလောက်အကြာကြီး အရူးလုပ်နေတာ၊ ဆရာတွေက အလွယ်တကူအနိုင်ကျင့်လို့ရတဲ့သူတွေကို တကယ်ကြီးထင်နေတာလား၊ ရှန်ယွဲ့ မင်း ငါ့ကို ဆက်ပြီးနှောင့်ယှက်နေမယ်ဆိုရင် နောက်ဆို ကျောင်းမလာနဲ့တော့၊ မင်း ကောလိပ်ဝင်ခွင့်စာမေးပွဲလည်း ဖြေစရာမလိုတော့ဘူး"
ဌာနမှူးသည် ကျောင်းအုပ်ကြီးက သူ့အား အပြည့်အဝထောက်ခံပေးသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲသွားတော့သည်။
ဘယ်လောက်ပဲ ခေါင်းမာကာ ရဲတင်းသည့် သာမန်ကျောင်းသားများဖြစ်ပါစေ သူတို့သည် ကျောင်းဆက်မတက်နိုင် ၊ ကောလိပ်စာမေးပွဲမဖြေနိုင်တော့ပါဟု ကြားလိုက်လျှင် ကြောက်လန့်သွားကြပေလိမ့်မည်။ သို့သော် ရှန်ယွဲ့သည် သာမန်ကျောင်းသူတစ်ယောက်မဟုတ်ချေ။ အရင်ဘဝက သူမသည် မရေမတွက်နိုင်သည့်လူများက တုန်နေအောင်ကြောက်ရွံ့ခဲ့ရသည့် နံပါတ်တစ်လူသ-တ်သမားဖြစ်ခဲ့သည်။ သူမသာ သည်ဆရာများကြောင့် ကြောက်ရွံ့ရလိမ့်မည်ဆိုလျှင် သူမ၏အရင်ဘဝကသ-တ်ခဲ့သည့် မရေမတွက်နိုင်သည့် ဝိဉာဥ်များကို အလကား သေခိုင်းသလိုဖြစ်သွားပေတော့မည်။
...
Zawgyi
အပိုင္း ( ၆၉) ဆရာမကိုေတာင္းပန္လိုက္
"ၿပီးေတာ့ သမီး အမွတ္မမွားရင္ အဲဒီဆရာက သမီးရဲ႕အေျဖလႊာကို လုံးဝ မျမင္ရေသးဘူးေနာ္၊ သမီး ေမးပါရေစ ဆရာမလီက သမီးရဲ႕အေျဖလႊာကို တိတ္တိတ္ေလး တစ္ခုခုလုပ္ထားတာလား"
ရွန္ယြဲ႕က ထပ္ျဖည့္ေျပာလိုက္ေလသည္။
" ငါ လုံးဝ ကူလီကူမာမလုပ္ထားဘူး၊ နင္ မသမာနည္းသုံးခဲ့တာကို သိလိုက္လို႔ နင့္အေျဖလႊာကို ဖယ္ထားခဲ့တာပဲ ရွိတာ"
မစၥလီက ျမန္ျမန္ျပန္ေခ်ပလိုက္၏။
ရွန္ယြဲ႕က တစ္ဆင့္ခ်င္း ဖိေမးေလေတာ့သည္။
" သက္ေသလည္း ဘာမွမရွိဘဲနဲ႔၊ ဒါေတာင္ ဆရာမက သမီး မသမာတဲ့နည္းသုံးတယ္လို႔ ေျပာေနေသးတယ္ေနာ္၊ ဒါက ဆရာတစ္ေယာက္အေနနဲ႔ လုပ္သင့္တဲ့အရာလား၊ ၿပီးေတာ့ သမီးရဲ႕အေျဖလႊာကို သိမ္းထားဖို႔ ဆရာမမွာ ဘာအခြင့္အာဏာရွိလို႔လဲ"
" ဘာလို႔လဲဆိုေတာ့ ငါက ဌာနမႉးျဖစ္ေနလို႔ေလ၊ ဒီေတာ့ ဘာျဖစ္လဲ" မစၥလီ၏ေနာက္က ဌာနမႉးက ထေအာ္လိုက္ေတာ့သည္။
တစ္ခ်ိန္ထဲတြင္ မစၥလီကလည္း ေနာက္ကေထာက္ခံေျပာဆိုလိုက္၏။
" ရွန္ယြဲ႕က စာေမးပြဲတိုင္းမွာအၿမဲ တစ္မွတ္ ႏွစ္မွတ္ပဲရၿပီး ေက်ာင္းမွာ ဘိတ္ေခ်းျဖစ္ေနတာ ဘယ္သူကမသိလို႔လဲ၊ အခု သူက ႐ုတ္တရက္ႀကီး အမွတ္ျပည့္ေတြထရေနတာေလ၊ အဆင့္အေကာင္းဆုံး လီ႐ႊီေတာင္ အမွတ္ျပည့္မရဘူး၊ ဘယ္သူက နင့္ကိုယုံမွာလဲ၊ ရလာဒ္ေကာင္းရဖို႔ လိမ္ထားတာ သိသာေနတာပဲ၊ ငါက သက္ေသလိုေသးလို႔လား"
ေဘးကဆရာမ်ားသည္ ထိုစကားကိုၾကားလိုက္ေသာအခါ မစၥလီကို ေထာက္ခံလိုက္ၾကေတာ့သည္။ သူတို႔သည္ သည္အေျဖလႊာကို အလြန္ေက်နပ္ၾကေသာ္လည္း သည္အေျဖလႊာမ်ားကို ရွန္ယြဲ႕ကေျဖထားသည္ဟု လုံးဝမယုံၾကည္ၾကေခ်။
ထို႔ေၾကာင့္ အားလုံးက တစ္ေယာက္ၿပီးတစ္ေယာက္ ထေျပာၾကေတာ့သည္။
" ဟုတ္တယ္ ရွန္ယြဲ႕၊ မင္းကိုယ္မင္း သက္ေသျပခ်င္တာ ဆရာမသိတယ္၊ ဒါေပမယ့္ မင္း လိမ္လို႔ေတာ့မရဘူးေလ"
" မစၥလီလုပ္တာကလည္း မင္းေကာင္းဖို႔အတြက္ပါ၊ မင္း ဒီကိစၥကို ဝန္မခံရင္ တကယ္လြန္သြားလိမ့္မယ္ေနာ္"
" ငါ့မွာ လိမ္လည္လို႔ အမွားကို ျပင္ေပးမယ္ေတာင္မႀကံရေသးဘူး နင္က ငါ့ကို ျပႆနာလာရွာေနၿပီ"
" ရွန္ယြဲ႕ မင္း တစ္ဆင့္ခ်င္းစီ ေလ့လာသြားရင္ ဆရာေတြကလည္း မင္းရဲ႕သေဘာထားကို ခ်ီးက်ဴးၾကမွာပါ၊ ဒါေပမယ့္ မင္းက ဒီလိုနည္းလမ္းနဲ႔ ရလာဒ္ေကာင္းေတြ လိုခ်င္ေနတာပဲ၊ မင္း တျခားလူကိုေတာ့ အ႐ူးလုပ္လို႔ရခ်င္ရမယ္ မင္းကိုယ္မင္းေတာ့ အ႐ူးလုပ္လို႔မရဘူးေလ"
ရွန္ယြဲ႕သည္ ဘက္ေပါင္းစုံမွလာေနသည့္ဆူညံသံမ်ားေၾကာင့္ ေခါင္းကိုက္သြားေတာ့သည္။ ေနာက္ဆုံးေတာ့ သူမသည္ မသက္သာေတာ့ဘဲ လက္ခုပ္တီးလိုက္ကာ သူမကို တညီတၫႊတ္တည္းေတာင္းဆိုေနၾကသည့္ ဆရာမ်ားကို ျဖတ္ေျပာလိုက္ေတာ့သည္။
"ရၿပီ သမီး ဆရာမတို႔ကို ေျပာၿပီးၿပီေလ၊ သမီး မလိမ္ခဲ့ဘူး၊ ဆရာမတို႔မယုံဘူးဆိုရင္ လုံၿခဳံေရးကင္မရာကို စစ္ၾကည့္ႏိုင္တယ္"
ေက်ာင္းအုပ္ႀကီးက ေလွ်ာက္လာၿပီး ရွန္ယြဲ႕အား ျပင္းျပင္းထန္ထန္ ေျပာလိုက္၏။
" ရွန္ယြဲ႕ ဒီကိစၥကို ဒီမွာပဲ ၿပီးေအာင္လုပ္လို႔ရတယ္၊ ကိုယ့္အမွားကိုသိၿပီး ေျပာင္းလဲႏိုင္တာက လိမၼာတဲ့ကေလးတစ္ေယာက္ပဲ၊ ဆရာမေတြကို အခုေတာင္းပန္ၿပီး ဒီကိစၥကို အဆုံးသတ္လိုက္ေတာ့"
ငါေလးက တရားမွ်တမႈကို လာရွာေနေလ။ ဒီေက်ာင္းအုပ္ႀကီးက ငါေလးကိုလက္ေလွ်ာ့ေစခ်င္ၿပီး ေတာင္းပန္ခိုင္းေနတာလား။ ရွန္ယြဲ႕သည္ ရယ္ခ်င္သြားေတာ့သည္။
" ဒီေတာ့ ဆရာႀကီးက လုံၿခဳံေရးကင္မရာေတြကို မစစ္ေတာ့ဘဲနဲ႔ သမီးကို လိမ္လည္ပါတယ္လို႔ စြပ္စြဲေတာ့မွာ ေသခ်ာသြားၿပီလား"
ဒါက ငါေလး ဒီဆရာေတြကို ေပးတဲ့ေနာက္ဆုံးအခြင့္အေရးပဲ။ အေျဖတစ္ခုရေအာင္လုပ္ၿပီး ငါေလးရဲ႕နာမည္ကို ရွင္းလင္းဖို႔ အရမ္းကို ႐ိုးရွင္းတဲ့ကိစၥပါ။ ဒီလူေတြက ဘာလို႔ ကိစၥကို ဒီေလာက္ရႈပ္ေထြးေအာင္ လုပ္ခ်င္ေနၾကတာလဲ၊ မူလခႏၶာကိုယ္ပိုင္ရွင္က စာညံ့တဲ့ေက်ာင္းသူတစ္ေယာက္ ျဖစ္ေနလို႔တဲ့လား။ စာညံ့တဲ့ေက်ာင္းသားေတြက မွ်မွ်တတဆက္ဆံခံဖို႔ အခြင့္အေရးမရွိလို႔လား။
ေက်ာင္းအုပ္ႀကီးသည္ ေမးခြန္းေၾကာင့္ ေၾကာင္အမ္းအမ္းျဖစ္သြားၿပီး သူ႔မ်က္ႏွာထားမွာ ခ်က္ခ်င္း အက်ည္းတန္သြားေတာ့သည္။ အမွန္တြင္ေတာ့ သူသည္ သည္ေက်ာင္းသူက လိမ္တာ မလိမ္တာကို ဂ႐ုမစိုက္ေခ်။ ရွန္ယြဲ႕က သည္ကိုလာသည့္တစ္လမ္းလုံး ဆူပူမႈႀကီးျဖစ္ေအာင္လုပ္ခဲ့ရာ ေက်ာင္းအုပ္တစ္ေယာက္အေနျဖင့္ သူသည္ မတတ္သာေတာ့ဘဲ ေျဖရွင္းေပးေနရျခင္းသာျဖစ္ေလသည္။
လုံၿခဳံေရးကင္မရာကို စစ္ၿပီး ရွန္ယြဲ႕အျပစ္ကင္းေၾကာင္း သက္ေသျပဖို႔က မျဖစ္ႏိုင္ဘူးေလ။ ရွန္ယြဲ႕က ခိုးခ်ခဲ့တာကို သူတို႔ေတြ႕ခဲ့ရင္ေတာ့ ေကာင္းတာေပါ့။ ဒါေပမယ့္ တကယ္လို႔မ်ား ရွန္ယြဲ႕က မခိုးခ်ခဲ့ရင္ ဒါက ဆရာမရဲ႕အမွားျဖစ္သြားေတာ့မွာမလား။
သူက ရွန္ယြဲ႕ေျပာသလို တကယ္လုပ္ခဲ့ၿပီး ဆရာမကို ဆရာေတြနဲ႔ေက်ာင္းသားေတြအားလုံးေရွ႕မွာ ေတာင္းပန္ခိုင္းလိုက္ရင္ ဆရာေတြရဲ႕မ်က္ႏွာနဲ႔ သိကၡာ ဘယ္နားသြားထားရေတာ့မွာလဲ။ သူကေရာေနာက္ဆိုရင္ ေက်ာင္းသားေတြကို ဘယ္လိုထိန္းသိမ္းႏိုင္ေတာ့မွာလဲ။
ထို႔ေၾကာင့္ ေက်ာင္းအုပ္ႀကီးသည္ ရွန္ယြဲ႕၏ေတာင္းဆိုခ်က္ကို လုံးဝသေဘာတူလိမ့္မည္မဟုတ္ေပ။ ထို႔ေၾကာင့္ သူက စိတ္ပ်က္ေနသည့္မ်က္ႏွာႏွင့္ သူ႔ေစာေစာကသေဘာထားကို ေျပာင္းလိုက္ေလေတာ့သည္။ သူက ခပ္က်ယ္က်ယ္ေျပာလိုက္၏။
" မင္း ဒီမွာဘာလို႔ ျပႆနာရွာေနေသးတာလဲ၊ ဒီလို ကိစၥေသးေသးေလးအတြက္ လုံၿခဳံေရးကင္မရာေတြကို စစ္ေဆးဖို႔ ျပႆနာေတြအမ်ားႀကီး ျဖစ္ေအာင္လုပ္ေနတာပဲ၊ တစ္ေက်ာင္းလုံးက မင္းနဲ႔ ကစားေနတယ္လို႔မ်ား ထင္ေနတာလား"
" မင္း ဒီေလာက္အၾကာႀကီး အ႐ူးလုပ္ေနတာ၊ ဆရာေတြက အလြယ္တကူအႏိုင္က်င့္လို႔ရတဲ့သူေတြကို တကယ္ႀကီးထင္ေနတာလား၊ ရွန္ယြဲ႕ မင္း ငါ့ကို ဆက္ၿပီးေႏွာင့္ယွက္ေနမယ္ဆိုရင္ ေနာက္ဆို ေက်ာင္းမလာနဲ႔ေတာ့၊ မင္း ေကာလိပ္ဝင္ခြင့္စာေမးပြဲလည္း ေျဖစရာမလိုေတာ့ဘူး"
ဌာနမႉးသည္ ေက်ာင္းအုပ္ႀကီးက သူ႔အား အျပည့္အဝေထာက္ခံေပးသည္ကို ျမင္လိုက္ရသျဖင့္ ခ်က္ခ်င္းပင္ ေၾကာက္စရာေကာင္းေလာက္ေအာင္ ေျပာင္းလဲသြားေတာ့သည္။
ဘယ္ေလာက္ပဲ ေခါင္းမာကာ ရဲတင္းသည့္ သာမန္ေက်ာင္းသားမ်ားျဖစ္ပါေစ သူတို႔သည္ ေက်ာင္းဆက္မတက္ႏိုင္ ၊ ေကာလိပ္စာေမးပြဲမေျဖႏိုင္ေတာ့ပါဟု ၾကားလိုက္လွ်င္ ေၾကာက္လန္႔သြားၾကေပလိမ့္မည္။ သို႔ေသာ္ ရွန္ယြဲ႕သည္ သာမန္ေက်ာင္းသူတစ္ေယာက္မဟုတ္ေခ်။ အရင္ဘဝက သူမသည္ မေရမတြက္ႏိုင္သည့္လူမ်ားက တုန္ေနေအာင္ေၾကာက္႐ြံ႕ခဲ့ရသည့္ နံပါတ္တစ္လူသ-တ္သမားျဖစ္ခဲ့သည္။ သူမသာ သည္ဆရာမ်ားေၾကာင့္ ေၾကာက္႐ြံ႕ရလိမ့္မည္ဆိုလွ်င္ သူမ၏အရင္ဘဝကသ-တ္ခဲ့သည့္ မေရမတြက္ႏိုင္သည့္ ဝိဉာဥ္မ်ားကို အလကား ေသခိုင္းသလိုျဖစ္သြားေပေတာ့မည္။
. . .