A Starry Night in Paris
By Rion___99
9.9K 630 7
" ဒီမိန်းကလေးက Jennie Ruby Jane ကို နှလုံးသားတစ်ခု ပေးအပ်ချင်ပါတယ် ဒီနှလုံးသားကို Jennie Ruby Jane လက်ခံပါသလာ... More
Part- 1
Part- 2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part- 9
Part- 10
Part- 11
Part- 12
Part- 13
Part- 14
Final Part
1.3K 57 6
By Rion___99
nothing special in my mind for now,
and nothing is new to say for you
if there is something I have to say
that must be feeling of longing you
which never get old even much times have passed
အနီရောင် စာကဒ်လေးနဲ့အတူ အနီရောင် နှင်းဆီပွင့်လေးတစ်ပွင့် Jennie ဆီ ရောက်လာတယ်။သူရောက်လာပြီပေါ့။Jennie နှုတ်ခမ်းထောင့်စွန်း တို့ဟာ တွန့်ကွေးကုန်တယ်။အနီရောင် စာကဒ်လေးနဲ့ နှင်းဆီပန်းလေးကို Jennie နမ်းရှိုက်လိုက်တယ်။Jennie အပြင်ထွက်လာတော့ ကလေးတစ်ယောက် Jennie ဆီ ပြေးလာပြီး အဖြူရောင်စာကဒ်လေးနဲ့ နှင်းဆီဖြူတစ်ပွင့်ပေးလေသည်။စာကဒ်လေးထဲမှာ ကားရောက်လာမယ်တဲ့ ။
ကားတစ်စီးရပ်လာပြီး ကလေးက ကားကို လက်ညိုးထိုးပြတယ်။Jennie တစ်ချက်ပြုံးကာ ကားပေါ်တက်လိုက်တယ်။ကားရပ်ပေးတဲ့နေရာမှာ မိုးပျံပူဖောင်းတွေဖြင့် အုပ်မိုးထားတဲ့ လမ်းသွယ်လေး။ကလေးတစ်ယောက်က Jennie ဆီ ပြေးလာပြီး အဝါနုရောင် စာကဒ်လေးနဲ့ အဝါရောင် နှင်းဆီတစ်ပွင့်ပေးတယ်။jennie ကလေးခေါင်းကို ခပ်ဖွဖွပွတ်လိုက်သည်။
အဝါရောင် စာကဒ်လေးထဲမှာ ရှေ့တည့်တည့်ပြတဲ့ မြှားလေး ။ပူဖောင်းတွေအောက်ကနေ ရှေ့တည့်တည့်ကို လျှောက်လာတယ်။အဆုံးမှာ ကလေးတစ်ယောက် ပန်းရောင်နှင်းဆီပန်းတစ်ပွင့်နဲ့ ပန်းရောင်စာကဒ်လေး တစ်ခု။Jennie ရောက်နေတာ Eiffel Tower အောက်ခြေမှာ ။ပန်းရောင်စာကဒ်လေးမှာတော့ အသည်းပုံလေးနဲ့ I love you တဲ့။ခန့်ခန့်ညားညားဝတ်ထားတဲ့ လူတစ်ဦးက Jennie ကို Eiffel Tower ရဲ့ အမြင့်ဆုံးထပ်ကို ခေါ်သွားလေသည်။အပေါ်မှာ မှောင်နေပြီး Jennie ရောက်မှ မီးလုံးလေးတွေ ဖြတ်ခနဲ လဲ့လာသည်။Lisa က သူ့ကို ကျောပေးကာ စောင့်နေသည်။Jennie ခပ်ဖွဖွ လျှောက်လာကာ ကျောပြင်ကို မလွတ်တမ်း ငေးနေမိတယ်။Jennie အာရုံမှာ Lisa ကျောပြင်လေးရယ် ကြယ်တွေရယ် တိတ်ဆိတ်မှုရယ် ။
Lisa က ခပ်ဖြည်းဖြည်း သူ့ဘက်ကို လှည့်လာတယ်။နှုတ်ခမ်းသားတို့က အပြုံးတစ်စ။Jennie နဘေးကို ခပ်ဖွဖွ လျှောက်လာပြီး Jennie လက်ဖမိုးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
" ဒီမိန်းကလေးက Jennie Ruby Jane ကို နှလုံးသားတစ်ခု ပေးအပ်ချင်ပါတယ် ဒီနှလုံးသားကို Jennie Ruby Jane လက်ခံပါသလား "
ရစ်သိုင်းလာတဲ့ မျက်ရည်စတို့ကြားမှ Jennie ခေါင်းငြိမ့်လိုက်တယ်။
" လက်ခံပါတယ် "
Lisa ရယ်သံလေးက လေထုထဲမှာ မျောပါသွားပြီး Paris မြို့ကို လွှမ်းခြုံလိုက်လေသည်။
" Lalisa Manobam က Jennie Ruby Jane နဲ့ အတူအိုမင်းသွားချင်ပါတယ် ၊ Lalisa Manobam ကို ​ဘဝလက်တွဲဖော်အဖြစ် Jennie Ruby Jane လက်ခံပါသလား "
Jennie က ချက်ချင်းတုံ့ပြန်မလာသေးဘဲ Lisa မျက်ဝန်းတွေကို ငေးစိုက်ကြည့်နေပြီး Lisa နှုတ်ခမ်းကို ထိကပ်နမ်းလိုက်သည်။
" လက်ခံပါတယ် "
Jennie စကားဆုံးသည်နှင့် မီးဆူးမီးပန်းတွေ ကောင်းကင်မှာ ဖောင်းခနဲပေါက်ကြပြီး  တိုင်းရှစ်ခွင်မှ မီးပုံးပျံတွေနဲ့အတူ ပူဖောင်းတွေလည်း ကောင်းကင်ပေါ် ပျံတက်ကြသည်။Jennie က တအံ့တသြလေး ငေးကြည့်နေပြီး Lisa ကတော့ ငေးနေတဲ့ သူ့မိန်းကလေးကို ပြန်ငေးနေသည်။
" Lisa!"
Jennie ရယ်ပြုံးနေရင်း က Lisa လည်တိုင်ကို ဖက်တွယ်လာပြီး Lisa နှုတ်ခမ်းမှာ အနမ်းတို့ ထပ်တူ ကျစေသည်။Lisa လက်တို့ကလည်း Jennie ကိုယ်လေးကို ပွေ့ဖက်ထားလိုက်သည်။လွမ်းခဲ့ရသလောက် နမ်းပြီးမှ Lisa က Jennie လက်သူကြွယ်မှာ ပလက်တီနမ်လက်စွပ်လေး ဝတ်ပေးလိုက်သည်။Lisa သူကြွယ်မှာလည်း Jennie ကိုယ်တိုင် စွပ်ပေးလိုက်သည်။
" ချစ်တယ် My honey! အဟင်း "
Jennie က အသည်းယားက lisa ရင်ခွင်မှာ မျက်နှာအပ်လိုက်သည်။
" ချစ်တယ် Bam "
®
Lisa နဲ့ Jisoo ကွာရှင်းပြီး တစ်နှစ်အကြာမှာ lisa နဲ့ Jennie လက်ထပ်ခဲ့ကြသည်။Naeun လေးကတော့ Jisoo စောင့်ရှောက်ခွင့်ရခဲ့သည်။Jisoo လူလွတ်ဖြစ်ပြီး 3 နှစ်ကြာမှ Chaeyoung က Jisoo ကို ဖွင့်ပြောခဲ့တာ။Jisoo က ဘာပြောလဲ သိလား ။
" တော်သေးတာပေါ့ မသေခင်လေး ကြားလိုက်ရသေးလို့ " တဲ့ ။
အခုဆို Naeun လေးလည်း မူလတန်းတက်နေပြီလေ။Naeun လေးက အများကြီး ချောလာတာ။အများကြီးလည်း ရင့်ကျက်လာတယ်။
Lisa အလုပ်က ပြန်လာတော့ အိမ်ထဲက တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်လုံးပြူးသွားသည်။Jennie က အခန်းရဲ့ အလယ်မှာ ပုံဆွဲနေပြီး Hayoung လေးက ထိုင်လျက်ကနေ မုန့်​သေး​သေးလေးတွေကို တစ်ခုချင်း ယူစားနေသည်။ကျန်တဲ့ နေရာမှာတော့ ပစ္စည်းတွေး ဆေးဘူးတွေ ပွဆံကျဲနေသည်။
"Honey ဘယ်လိုဖြစ်တာလဲ "
" ရှင့်သမီး ဖွထားတာပဲ "
Lisa ခါးထောက်က Hayoung လေးကို ကြည့်လိုက်တော့ ဝူးဝူးဝါးဝါး ပြောကာ ခေါင်းရမ်းလေသည်။ကုတ်အင်္ကျီကို ဆိုဖာပေါ် ပစ်တင်ကာ အင်္ကျီလက်ကို ခေါက်တင်ပြီး အခန်းထဲ ပစ္စည်းတွေ သိမ်းရတော့သည်။
" ဟား Hayoungလေး နောက်ခါဖွရင် တွေ့မယ်နော် "
Lisa Hayoung လေးကို ပွေ့ချီလိုက်သည်။
" လာ ဒီကလေးက အရင်ရေချိုးမယ် "
Hayoung လေးကို ပွေ့ပြီး ရေချိုးခန်းထဲ ဝင်သွားလေသည်။Jennie ကတော့ ပုံဆွဲမပျက်။Hayoung လေးကို အဝတ်လဲပေးပြီး ဆိုဖာပေါ်တင်ထားလိုက်သည်။Hayoung လေးက ပါးဖောင်းဖောင်းလေးနဲ့ Jennie နဲ့ ပိုတူသည်။စားပွဲပေါ်က ပစ္စည်းတွေကို သိမ်းပြီး ဆိုဖာမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။Jennie က ပုံဆွဲတာကို ရပ်ပြီး ဖြစ်သလိုနေမှာ ထားခဲ့ကာ Lisa ပေါင်ပေါ်လာထိုင်ပြီး လည်တိုင်ကို ချိတ်တွယ်လိုက်သည်။
" မောပြီလား Bam "
" မမောပါဘူး "
Jennie က Lisa နှုတ်ခမ်းကို ထိကပ် နမ်းလိုက်ပြီး
" ဗိုက်ဆာတယ် Bam ရဲ့ "
Lisa မျက်ဝန်းတွေ ကျယ်မသွားအောင် ပြုံးပြလိုက်ရသည်။jennie လက်တွေက Lisa လည်တိုင်မှာ ပွတ်သပ်နေတယ်။
" ဪ Honey က ဗိုက်ဆာနေပြီလား "
" အင်း "
" ခဏစောင့်နော် "
" အင်း အာ့ဆို ခဏအိပ်လိုက်ဦးမယ် ပြီးရင် လာနိူးနော် "
"အင်း Honey "
Jennie kim က lisa နှုတ်ခမ်းကို ခပ်ဖွဖွထိကပ်နမ်းကာ Hayoung လေးကို ပွေ့ချီသွားလေသည်။
" လာ baby "
Jennie အထဲဝင်သွားတာနဲ့ မီးဖိုချောင်ကို Lisa အပြေးလေးပြေးလိုက်ရသည်။အကုန်လုံး အဆင်သင့်ဖြစ်တော့ jennie ကို နိူးဖို့ အခန်းထဲ ဝင်လာသည်။Hayoung လေးက ခုတင်အောက်မှာ ဆော့ချင်သလို ဆော့နေပြီး jennie ကတော့ စိတ်ချလက်ချ အိပ်နေလေသည်။
" Honey ....Honey.... "
" ဘာလို့ လာနိုးတာလဲ အိပ်နေတာကို "
" အာ ဟို ထမင်းစားမယ်လေ အကုန်အဆင်သင့်ဖြစ်ပြီ "
" မစားဘူး "
" ဪ မစားဘူးလား "
Jennie က အစားထက် အအိပ်မက်တာကို lisa သိရက်နဲ့ လာနိူးမိတာလေ ။Jennie အိပ်နေတော့ သူ ရေချိုးဖို့ လုပ်လိုက်သည်။ရေကို စိမ်ပြေနပြေ ချိုးနေတုန်း ရေချိူးခန်းတံခါးကို တဝုန်းဝုန်း လာထုလေသည်။
" Lalisa ရား Lalisa "
" Honey ကိုယ်ရေချိုးနေတယ်လေ "
" ဘာလို့ ရေချိုးနေတာလဲ ထမင်းစားမယ် ခုထွက်ခဲ့ "
" ထွက်လို့မရဘူးလေ Honey ရဲ့ ရေချိုးနေတုန်းကြီး ၊ Honey ဆာရင် စားနှင့်လေ "
" ဘာ  တစ်ယောက်တည်း စားရမှာလား မရဘူး အခုစားချင်ပြီ အခုထွက်ခဲ့ "
ဘေးက bathrobe ကို ဆွဲယူ ဝတ်လိုက်ရပြီး ချက်ချင်းတံခါးဖွင့်လိုက်ရသည်။မဟုတ်ရင် မဖွင့်မချင်း ထုနေမှာ။
" ဘာလို့ တစ်ယောက်တည်း ချိုးနေတာလဲ "
" ဟမ် "
" ဖယ် ရေအတူချိုးမယ် "
ဖယ်ဆိုပြီး လူကို ရေပန်းအောက်တွန်းပို့ကာ ရေဖွင့်လိုက်ပြီး ခုန်ပေါက်နေသည်။Lisa ကတော့ ရပ်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
" Jennie kim က တကယ့်အဆိုးလေးပဲ "
လူကို နှိပ်စက်ချင်သလို နှိပ်စက်ပြီး ပျော်နေတဲ့ ဖြူလုံးလေးကို Lisa ပွေ့ချီပြီး bathtub ထဲ ပစ်ထည့်လိုက်သည်။ရေတွေ စင်တွက်လာသည်။
" Lalisa လူဆိုးကောင် ဘာလို့ ပစ်ထည့်တာလဲ "
" ရေအတူချိုးမယ်ဆို "
ပြောပြောဆိုဆို နဲ့ Lisa က Bathtub ထဲ သူပဲ ဝင်လိုက်သည်။
" ဘာလို့ဝင်လာတာလဲ "
" ရေအတူချိုးမယ်လေ Honey ရဲ့ "
" မချိုးဘူးနော် မချိုးဘူး ခုထွက် "
Lisa ကတော့ ခပ်ကျယ်ကျယ် ရယ်မောလိုက်ပြီး Jennie ကတော့ Lisa ရင်ခွင်ထဲမှာ ရုန်းကန်နေလေသည်။ဆူညံသံတွေနဲ့ ရယ်မောသံတွေက မိန်းကလေးနှစ်ယောက်နဲ့ ကလေးတစ်ယောက်ထဲ ရှိတဲ့အိမ်မှာ ဆူညံနေပြီး ရေချိုးခန်း အပြင်မှာတော့ Hayoung လေးက တွေ့ရာ ပစ္စည်းတွေကို ဆွဲကာ ဆော့ပြီး လွှင့်ပစ်နေတော့သည်။ရှင်းပေဦးပေါ့ Mommy lili ရယ်။
®
အခန်းထဲမှာ စာအုပ်တွေ စင်ပေါ်တင်နေတဲ့ Chaeyoung နား Jisoo ရောက်လာပြီး ကူထည့်ပေးသည်။
" ရပါတယ် Jisoo ရဲ့ အေးအေးဆေးဆေး နေစမ်းပါ "
" မင်း နေလုပ်နေတာ ပြီးမှ မပြီးပဲ "
Jisoo ကူထည့်ပေးမှ မြန်မြန် ပြီးသွားတော့သည်။ Jisoo က ကော်ဖီတစ်ခွက် ဖျော်လာပြီး အလုပ်လုပ်နေတဲ့ သူ့ဆီ ယူလာသည်။
" Jisoo အိပ်တော့မှာလား "
" မင်းမှ မအိပ်သေးတာ "
" ဟော ကိုယ့်မျက်လုံးနဲ့ ကိုယ် အိပ်တာပဲ "
Chaeyoung ပခုံးပေါ် ခေါင်းမှီးပြီး Chaeyoung လုပ်သမျှ ကို ကြည့်နေလေသည်။ခဏနေတော့ Chaeyoung က အလုပ်လုပ်နေတာကို ရပ်လိုက်သည်။
" ပြီးပြီလား "
" ဆက်မလုပ်တော့ဘူး "
" ဘာဖြစ်လို့လဲ "
" Jisoo ကို ချော့သိပ်ဖို့လေ "
Jisoo က သဘောတကျလေး ရယ်လိုက်တယ်။
" First Love Season-2 က မင်းရေးပြီးပြီမဟုတ်လား ဘာလို့ထွက်မလာသေးတာလဲ "
" နည်းနည်း ကြန့်ကြာနေတာလေးတွေ ရှိလို့ "
" အင်း "
Jisoo က Chayoung ပခုံးမှာ မှီနေရင်းက Chaeyoung ကို မေးလိုက်သည်။
" ဒါနဲ့ အခု ကောင်မလေးနဲ့ အချစ်မမက ဘယ်လိုဖြစ်သွားလဲ "
" ဘယ်လိုဖြစ်သွားလဲဆို "
Chaeyoung က Jisoo ကို ရင်ခွင်ထဲ ထည့်လိုက်ပြီး မေးဖျားကို ဆွဲယူကာ နမ်းလိုက်သည်။
" ဘယ်လိုဖြစ်သွားလဲဆို ဒီလိုဖြစ်သွားတယ်လေ "
Jisoo က ရယ်လိုက်ပြီး Chaeyoung ရင်ဘတ်ကို ခပ်ဖွဖွထုလေသည်။
" ချစ်တယ် Jisoo "
" ဘယ်အချိန်ထိလဲ "
" အနားမှာ ရှိပေးနိုင်တဲ့အထိ အသက်ရှုသံတွေ မရပ်သရွေ့ပေါ့ "
Jisoo ခပ်ဖွဖွပြုံးကာ Chaeyong ကို ပွေ့ဖက်ထားလိုက်သည်။
" Chaeyoung သိလား,တို့မှာလည်း အချစ်ဦး ရှိခဲ့တယ် အဲ့ဒီအချစ်ဦးက ကလေးတစ်ယောက်တဲ့ သူက တို့ဆီကို နေ့တိုင်း လာချောင်းတယ် တို့နဲ့ အကြည့်ဆုံတိုင်း ထွက်ထွက်ပြေးတော့တာ နောက်ကနေ လည်း တကောက်ကောက်လိုက်တယ် ပြီးတော့ နှစ်တွေအကြာကြီး ဝေးသွားတယ် "
Chaeyoung က Jisoo ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
" အခုတော့ အဲ့ဒီအချစ်ဦးက Jisoo ဆီ ပြန်ရောက်လာပြီး Jisoo ကို အခု ရင်ခွင်ထဲမှာ ထည့်ထားတယ်တဲ့ "
Chaeyoung ရော Jisoo ပါ အတူတူ ရယ်မောလိုက်ကြသည်။ရယ်သံလေးတွေဟာ လေထုထဲကနေ ကောင်းကင်ပေါ်တက်ပြီး ကြယ်လေးတွေ ဖြစ်သွားကြတယ်။အချစ်တွေ ထပ်တူကျတဲ့အခါ ကောင်းကင်မှာ ကြယ်တွေ ပိုများလာတတ်တယ်တဲ့ ။
The End.
________________♥_________________
7:04 PM
29/11/23
nothing special in my mind for now,
and nothing is new to say for you
if there is something I have to say
that must be feeling of longing you
which never get old even much times have passed
" လက်ခံပါတယ် "
" လက်ခံပါတယ် "
" Lisa!"
" ချစ်တယ် My honey! အဟင်း "
" ချစ်တယ် Bam "
"Honey ဘယ်လိုဖြစ်တာလဲ "
" ရှင့်သမီး ဖွထားတာပဲ "
" မောပြီလား Bam "
" မမောပါဘူး "
" ဗိုက်ဆာတယ် Bam ရဲ့ "
" အင်း "
" ခဏစောင့်နော် "
" အင်း အာ့ဆို ခဏအိပ်လိုက်ဦးမယ် ပြီးရင် လာနိုးနော် "
"အင်း Honey "
" လာ baby "
" Honey ....Honey.... "
" မစားဘူး "
" ဪ မစားဘူးလား "
" Lalisa ရား Lalisa "
" ဟမ် "
" ဖယ် ရေအတူချိုးမယ် "
" ရေအတူချိုးမယ်ဆို "
" ဘာလို့ဝင်လာတာလဲ "
" Jisoo အိပ်တော့မှာလား "
" မင်းမှ မအိပ်သေးတာ "
" ပြီးပြီလား "
" ဆက်မလုပ်တော့ဘူး "
" ဘာဖြစ်လို့လဲ "
" အင်း "
" ဘယ်လိုဖြစ်သွားလဲဆို "
" ချစ်တယ် Jisoo "
" ဘယ်အချိန်ထိလဲ "
The End.
_________________________________
7:04 PM
29/11/23
Continue Reading
You'll Also Like
291K 22.5K 76
IDOLကိုအရမ်းချစ်မိသွားတဲ့Fan Girlလေးနဲ့ခပ်ချေချေIDOL Girlလေးကြားကအချစ်ဇာတ်လမ်းလေးတစ်ပုဒ်
PASADO By Estella
Fanfiction
5.3K 434 5
လွန်လေပြီးတဲ့ပြက္ခဒိန်အဟောင်းတွေ တစ်နည်းအားဖြင့်အတိတ်တွေပေါ့.....
735K 16.6K 45
In wich a one night stand turns out to be a lot more than that.
4.4K 345 6
တာ၀န်‌၀တ္တရားတွေဆိုတာ အဝေးကြီးမှာ ကလေးရဲ့ ဒို့က မင်းကို ချစ်လို့ အနားမှာထားတာ လိမ်လိမ်မာမာနေ တအားဆိုးရင် အပစ်ပေးရလိမ့်မယ်