A Starry Night in Paris

By Rion___99

9.9K 631 7

" ဒီမိန်းကလေးက Jennie Ruby Jane ကို နှလုံးသားတစ်ခု ပေးအပ်ချင်ပါတယ် ဒီနှလုံးသားကို Jennie Ruby Jane လက်ခံပါသလာ... More

Part- 1
Part- 2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part- 9
Part- 10
Part- 11
Part- 13
Part- 14
Final Part

Part- 12

479 35 0
By Rion___99

ပန်းချီပြပွဲမှာ Lisa ရှိမှာ မဟုတ်လို့ Jaungtae ကမ်းလှမ်းတာကို Chaeyoung လက်ခံခိုင်းလိုက်သည်။အဲ့ဒီရက်အတွင်း Lisa ဂျပန်သွားစရာ ရှိသည်။ထင်ထားတဲ့ ရက်ထက် နှစ်ရက်စောပြီး Lisa စောသွားခဲ့တာတော့ Chaeyoung မသိလိုက်။Chaeyoung လည်း တက္ကသိုလ်က စာကြည့်တိုက် အတွက် ပါဝင်ကူညီပေးနေတာနဲ့ အလုပ်များသွားသည်။

" Jennie ဖုန်းလာနေတယ် "

Chaeyoung စာအုပ်စင်က စာအုပ်တွေ ထုတ်နေတုန်း Jennie ဖုန်း ဝင်လာတာကြောင့် လှမ်းခေါ်လိုက်သည်။

" Omma ဆက်တာပဲ "

Jennie ကောက်ကိုင်ကာ အပြင်ထွက်သွားသည်။ပြန်ဝင်လာတော့ Jennie က မျက်နှာမကောင်း။

" ဘာဖြစ်တာလဲ "

" Omma က ပြန်လာခဲ့တော့တဲ့ "

" မနက်ဖြန် ပြပွဲတက်ပြီး ခဏသွားလိုက်ပေါ့ "

" ဒီနေ့ ခေါ်နေတာ "

Chaeyoung က သဘောပဲ ဆိုတဲ့ သဘောဖြင့် နှုတ်ခမ်းတွန့်ပြသည်။Jennie မသွားဖြစ်လိုက်ပါ။ပြပွဲကို တက်ဖို့ စိတ်ကူးခဲ့သည်။Chaeyoung ပါ သွားမှာမို့ Jennie နဲ့အတူပဲ သွားဖြစ်မည်။

ပန်းချီပြပွဲမို့ အများစုသော ပန်းချီစိတ်ဝင်စားတဲ့ လူတွေ,  ပန်းချီပညာရှင်တွေ စီးပွားရေး မိတ်ဖက်တွေ လူကြီးလူကောင်းတွေ တက်ရောက်ကြသည်။ကိုရီးယားရဲ့ ထိပ်တန်း မီဒီယာတွေကလည်း ရောက်ရှိနေကြပြီ။

Jennie တို့ ရောက်တော့ Jisoo နဲ့ Naeun လေးလည်း ရောက်နှင့်နေကြပြီ။Jaungtae ကတော့ Jennie ကို အထူးကြိုဆိုလေသည်။Jisoo က Jennie ကိုတွေ့ရ၍ ကျေနပ်ပျော်ရွှင်နေသည်။
®
Lisa ထင်ထားသလို ဂျပန်မှာ ရက်သိပ်မကြာလိုက် သုံးရက်အတွင်းပင် ပြီးစီးသွားလေသည်။Chaeyoung ကို ဖုန်းဆက် ပြောဖို့စိတ်ကူးပေမဲ့ မပြောမိတော့။လေဆိပ်ရောက်မှ အတွင်းရေးမှူးCha ကိုလာကြိုဖို့ ဖုန်းဆက်ရသည်။​ပြောစရာ ထပ်မရှိတော့တာနဲ့ Lisa လည်းဖုန်းပိတ်လိုက်တော့သည်။ဂျပန်ကနေ လေယာဥ်စီးပြီး အင်ချွန်းလေဆိပ်ရောက်တော့ လာကြိုတဲ့သူက အတွင်းရေးမှူး Cha ဖြစ်မနေ။

" မင်းက ဘယ်သူလဲ "

" အတွင်းရေးမှူး Cha က လွှတ်လိုက်တဲ့ လူပါ အတွင်းရေးမှူးCha က Naeun လေးတို့ သားအမိကို ပိုကြို့လုပ်ရမှာမို့လို့ "

Lisa လည်း ဆက်မမေးတော့ဘဲ အိပ်ကာ လိုက်ပါလာခဲ့တယ် ။ပန်းချီပြပွဲမှာတော့ Lisa ရောက်မလာ၍ လူကြီးတစ်ချို့ စိတ်ဆိုးနေကြတယ်။Chaeyoung အနား ရှယ်ယာရှင် လူကြီးတစ်ယောက်လာပြီး ဘေးမှာ  ထိုင်လေသည်။

" Lisa က တကယ်တာဝန်မဲ့တဲ့ လူပဲ ဒီလိုပွဲကြီး ကိုတောင် ရောက်မလာဘူး "

" Lisa ဂျပန်သွားနေတာ မဟုတ်ဘူးလား "

Chaeyoung မနေနိုင်တာကြောင့် ဝင်ပြောမိသည်။

" မင်းက ဘာသိလို့ ဝင်ပြောနေတာလဲ သူ့အလုပ်က မနေ့ကပဲ ပြီးလို့ ဒီနေ့ပဲ ဂျပန်က ပြန်ရောက်တာ "

လူကြီးစကားကြောင့် Chaeyoung တွေတွေဝေဝေ ဖြစ်သွားသည်။ဘေးက Jennie က ဘာပြောတာလဲ မေးသည်။Chaeyoung က Lisa ပြန်ရောက်တဲ့ အကြောင်း ပြောပြသည်။ Chaeyoung နေရာမှ ထကာ အတွင်းရေးမှူး Cha ကို လိုက်ရှာဖို့ နေရာမှ ထသွားသည်။Lisa ကို ဖုန်းဆက်ပေမဲ့ စက်ပိတ်ထားတယ်တဲ့လေ။

" အတွင်းရေးမှူး Cha "

" ဟုတ်ကဲ့ ဆရာမ Chaeyoung "

" Lisa ရော "

" အိမ်ပြန်သွားပြီထင်တယ် ၊ သူ လာကြိုဖို့တော့ ဖုန်းဆက်တယ် ကျွန်တော် သွားကြိုတော့ မတွေ့ခဲ့ဘူး "

" Lisa ကို ဘယ်အချိန်က ဖုန်းဆက်ရတာလဲ "

" လွန်ခဲ့တဲ့ တစ်နှစ်ရီကပါ "

" အခုဆက်ကြည့် "

အတွင်းရေးမှူး Cha ဆက်တော့လည်း ဆက်လို့မရ။Chaeyoung စိတ်တိုတိုနဲ့ စုတ်သုပ်လိုက်သည်။ဘာလုပ်ရမှန်း မသိတာနဲ့ Chaeyoung ခါးထောက်နေမိတယ်။အတွင်းရေးမှူး Cha က chaeyoung ကို သေချာကြည့်ပြီး တစ်ခုမေးလိုက်သည်။

" Lisa ရဲ့ Secret Person လား "

Chaeyoung ဘာမှမပြောဘဲ ကုမ္ပဏီထဲ ဝင်သွားသည်။အတွင်းရေးမှူး Cha က နောက်က လိုက်လာသည်။

" အတွင်းရေးမှူး Cha လက်ရှိ CEO က ဘယ်တော့အနားယူမှာလဲ  "

" နောက်တစ်ပတ်ထဲပါ "

" ဟ မြန်လှချည်လား "

" Lisa စီစဥ်ခိုင်းတာပါ "

" အတွင်းရေးမှုး Cha "

" ဟုတ်ကဲ့ "

" လေဆိပ်က CCTV တွေကို တစ်ချက်လောက်သွားစစ်ပေး, Lisa ဘယ်ကို သွားတာလဲဆိုတာ သေချာကြည့် "

အတွင်းရေးမှူး Cha ထွက်သွားတာနဲ့ Chaeyoung လည်း ကုမ္ပဏီ CCTV ခန်းထဲဝင်ကာ Lisa ပေးထားတဲ့ တံဆိပ်ကို ပြပြီး ဝင်စစ်လေသည်။ကွန်ပျူတာနဲ့လည်း Lisa ဖုန်းကို ခြေရာခံခိုင်းသည်။

" ဒီအခန်းက CCtV က ဘာလို့ ပိတ်ထားတာလဲ "

" Lisa ပိတ်ခိုင်းထားတာပါ "

" ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ပါဘူး အခန်းလွတ်မို့ တမင်ပိတ်ထားတာပါ "

" အဲ့ဒီ အခန်း ငါ့ကို လိုက်ပြ "

Chaeyoung ပြောတာနဲ့ ဝန်ထမ်းက Chaeyoung ကို လိုက်ပို့လေသည်။

" ဒါနဲ့  ပွဲက အချိန်ဘယ်လောက်ကြာမှာလဲ "

" နောက် ၃ နာရီလောက်ပဲရှိမယ် ထင်တယ် "

အခန်းဆီ သွားနေခိုက် ဖုန်းဝင်လာတာမို့ Chaeyoung ရှေ့မဆက်ဘဲ ဖုန်းကိုင်လိုက်သည်။

" အတွင်းရေးမှူး Cha ပြောပါ "

" Lisa ကို ကားတစ်စီးနဲ့ လာခေါ်သွားတယ် "

" ဘယ်သူလဲ "

" ကျွန်တော်မသိပါဘူး လူစိမ်းတစ်ယောက်ပါ "

" ကားနံပါတ် မှတ်မိလား "

" မှတ်ထားပါတယ် "

" အဲ့ကားကို ရအောင်ရှာ "

Chaeyoung ဖုန်းချကာ ရှေ့ဆက်မသွားတော့ဘဲ Jaungtae ကို လိုက်ရှာမိတယ်။ Jaungtae က Jennie အနားမှာ ခပ်ပြုံးပြုံးပင် စကားပြောနေသည်။

®

အိပ်လိုက်နေရာမှ Lisa အပြင်ကို လှမ်းကြည့်တော့ ရဲတွေက ကားတွေကို စစ်နေလေသည်။

" ဘာတွေဖြစ်နေတာလဲ "

" ကျွန်တော်လည်း မသိဘူးဗျ "

Lisa နာရီကို တစ်ချက်ကြည့်လိုက်သည်။ပွဲပြီးခါနီးပြီပဲ။

" ကျွန်တော်တို့ ကားတစ်စီးပြောင်းမှ ဖြစ်တော့မယ် Lisa "

" ဘာလဲ ဘာတွေဖြစ်နေတာလဲ "

ကားဒရိုင်ဗာမှ Lisa ဘက်လှည့်လာပြီး သေနတ်ဖြင့်ချိန်လိုက်သည်။

" စကားမရှည်ဘဲ အေးအေးဆေးဆေး လိုက်ခဲ့ "

Lisa ​ခြေထောက်တစ်ဖက်မြှောက်ကာ သေနတ်ကို ကန်ထုတ်လိုက်ပြီး ထိုလူကို သွက်သွက်လက်လက် ချုပ်ထားလိုက်သည်။ဖွင့်ထားတဲ့ ဖုန်းမှ အသံတစ်ချက်ပေါ်လာသည်။

" MD Lisa,Lisa မိသားစုနဲ့ Lisa ချစ်သူအပြင် ကုမ္ပဏီဝန်ထမ်းတွေ အကုန်လုံးပါ ငါ့လက်ထဲမှာ ရှိနေတာနော် အေးအေးဆေးဆေး လိုက်သွားပါ မဟုတ်ရင် Korea ရဲ့ အကြီးဆုံး လုပ်ကြံမှုကြီးဆိုပြီး သတင်းစာခေါင်းစီးမှာ ပါလာလိမ့်မယ် ခြိမ်းခြောက်နေတာ မဟုတ်ဘူးနော် "

Lisa ဖမ်းချုပ်ထားတဲ့လူက ပွဲအခမ်းအနား အနီးနားမှာ တပ်ဆင်ထားတဲ့ ဗုံးတွေကို ပြလေသည်။ဒါ့အပြင် Jisoo,Naeun လေးနဲ့ Jennie တို့ပါ အဲ့ဒီပွဲမှာ ရှိနေခဲ့ကြတာ။

©

Chaeyoung CCTV အခန်းထဲကို ပြန်ဝင်လာပြီး သံသယရှိတာကို ပြန်စစ်ကြည့်နေသည်။

" နေဦး လွန်ခဲ့တဲ့ နှစ်ရက်က မှတ်တမ်းတွေ မရှိဘူးလား "

" အဲ့ဒီတုန်းက CCtV တွေမှာ Error လေး ရှိတာနဲ့ ပြန်ပြင်နေရတာပါ "

" Lisa သိလား "

" မသိပါဘူး သိရင် ကျွန်တော်တို့ အလုပ်ပြုတ်မှာပါ "

"တစ်စက်လေးမှ စောက်သုံးမကျတာ "

Chaeyoung သေချာစစ်ကြည့်လိုက်သည်။

" အဲ့ဒီနှစ်ရက်ရဲ့ ရှေ့နဲ့ နောက်ကို စစ်ကြည့်၊ ဪ ဒီတစ်ခန်းက ပိတ်ထားတာလား မင်း အဲ့ဒီအခန်း သွားစစ်ပေးပါလား "

" ဟုတ်ကဲ့ "

Chaeyoung ခိုင်းတဲ့လူက ထွက်သွားလေသည်။အခမ်းအနားတွင်းမှာ Jaungtae အနား လူတစ်ယောက် တိုးကပ်လာလေသည်။

" ဘာလဲ "

" မိန်းကလေးတစ်ယောက် CCTV တွေ​ကို စစ်ကြည့်နေတယ် "

" ဘာရယ် သူ့ကို ဘယ်သူခွင့်ပြုတာလဲ "

" သူ့ဆီမှာ Lisa ပေးထားတဲ့ တံဆိပ် ရှိနေတယ် "

" ခဏ ငါ လာခဲ့မယ် "

ကွန်ပျူတာတွေနားမှာ ရပ်နေရင်း Chaeyoung လေးလေးနက်နက် စဥ်းစားနေသည်။

" Lisa - ကုမ္ပဏီ- Lisa -Naeun"

Chaeyoung Jisoo တို့နား ပြန်ရောက်လာသည်။Jaungtae က ပွဲက အထွက်နဲ့ Chaeyoung နဲ့ မတွေ့လိုက်။

" Jennie "

Jennie က Chaeyoung ကို မေးဆတ်ပြလာသည်။

" Naeun လေးကို ခေါ်ပြီး Jisoo နဲ့ အတူ ပြန်လိုက်ပါတော့လား "

" ဟမ် စောသေးတာကို "

" အင်း စောစောပြန်လိုက်တာ ကောင်းပါတယ် "

Chaeyoung စကားကို Jennie နားထောင်လိုက်သည်။

" အာ Jennie ငါ ကားတစ်စီးစီစဥ်ပေးမယ် အဲ့ဒီကားနဲ့ပဲ ပြန် ဟုတ်ပြီလား "

Chaeyoung ထွက်သွားတော့ Jennie Jisoo ကို အကျိုးအကြောင်း ပြောပြသည်။Chaeyoung က ပြောတာဆို၍ Jisoo လွယ်လင့်တကူ လိုက်ခံလိုက်သည်။Jaung tae CCTV ခန်းထဲက ထွက်လာတော့ Jisoo ရော jennie တို့ကိုပါ မတွေ့ရတော့။ထွက်သွားတာ မြင်လိုက်သည်မို့ Jaung tae နောက်ကလိုက်သွားသည်။

" ပြန်တော့ဖို့လား Jisoo "

Jaung tae က နောက်က လိုက်လာလေသည်။

" ဟုတ်တယ် LiLi လည်း မရှိတာနဲ့ "

" ဒါဆို ကျွန်တော် လိုက်ပို့မယ်လေ "

Jennie ရော Jisoo ရော တွေဝေသွားကြသည်။

" လာပါ ကျွန်တော်လိုက်ပို့မယ် "

" ခဏနော် ကျွန်မ ပစ္စည်းလေး မေ့ကျန်ခဲ့လို့ "

Jaungtae က Jisooနဲ့ Naeun လေးကို ကားပေါ်တင်ပြီး Jennie ကို စောင့်နေလိုက်သည်။Jennie ပြန်ထွက်တော့ မျက်နှာသိပ်မကောင်း။Jennie ကတော့ ကြိုးစားပြုံးပြကာ Jaungtae နဲ့ အတူဝင်ထိုင်လိုက်သည် Jaung tae ကတော့ ကောက်ကျစ်စွာ ပြုံးလျက် မောင်းထွက်လာခဲ့သည်။

________________♥_______________

12:36PM
29/11/23

ပန္းခ်ီျပပြဲမွာ Lisa ရွိမွာ မဟုတ္လို႔ Jaungtae ကမ္းလွမ္းတာကို Chaeyoung လက္ခံခိုင္းလိုက္သည္။အဲ့ဒီရက္အတြင္း Lisa ဂ်ပန္သြားစရာ ရွိသည္။ထင္ထားတဲ့ ရက္ထက္ ႏွစ္ရက္ေစာၿပီး Lisa ေစာသြားခဲ့တာေတာ့ Chaeyoung မသိလိုက္။Chaeyoung လည္း တကၠသိုလ္က စာၾကည့္တိုက္ အတြက္ ပါဝင္ကူညီေပးေနတာနဲ႕ အလုပ္မ်ားသြားသည္။

" Jennie ဖုန္းလာေနတယ္ "

Chaeyoung စာအုပ္စင္က စာအုပ္ေတြ ထုတ္ေနတုန္း Jennie ဖုန္း ဝင္လာတာေၾကာင့္ လွမ္းေခၚလိုက္သည္။

" Omma ဆက္တာပဲ "

Jennie ေကာက္ကိုင္ကာ အျပင္ထြက္သြားသည္။ျပန္ဝင္လာေတာ့ Jennie က မ်က္ႏွာမေကာင္း။

" ဘာျဖစ္တာလဲ "

" Omma က ျပန္လာခဲ့ေတာ့တဲ့ "

" မနက္ျဖန္ ျပပြဲတက္ၿပီး ခဏသြားလိုက္ေပါ့ "

" ဒီေန႕ ေခၚေနတာ "

Chaeyoung က သေဘာပဲ ဆိုတဲ့ သေဘာျဖင့္ ႏႈတ္ခမ္းတြန့္ျပသည္။Jennie မသြားျဖစ္လိုက္ပါ။ျပပြဲကို တက္ဖို႔ စိတ္ကူးခဲ့သည္။Chaeyoung ပါ သြားမွာမို႔ Jennie နဲ႕အတူပဲ သြားျဖစ္မည္။

ပန္းခ်ီျပပြဲမို႔ အမ်ားစုေသာ ပန္းခ်ီစိတ္ဝင္စားတဲ့ လူေတြ,  ပန္းခ်ီပညာရွင္ေတြ စီးပြားေရး မိတ္ဖက္ေတြ လူႀကီးလူေကာင္းေတြ တက္ေရာက္ၾကသည္။ကိုရီးယားရဲ႕ ထိပ္တန္း မီဒီယာေတြကလည္း ေရာက္ရွိေနၾကၿပီ။

Jennie တို႔ ေရာက္ေတာ့ Jisoo နဲ႕ Naeun ေလးလည္း ေရာက္ႏွင့္ေနၾကၿပီ။Jaungtae ကေတာ့ Jennie ကို အထူးႀကိဳဆိုေလသည္။Jisoo က Jennie ကိုေတြ႕ရ၍ ေက်နပ္ေပ်ာ္႐ႊင္ေနသည္။

Lisa ထင္ထားသလို ဂ်ပန္မွာ ရက္သိပ္မၾကာလိုက္ သုံးရက္အတြင္းပင္ ၿပီးစီးသြားေလသည္။Chaeyoung ကို ဖုန္းဆက္ ေျပာဖို႔စိတ္ကူးေပမဲ့ မေျပာမိေတာ့။ေလဆိပ္ေရာက္မွ အတြင္းေရးမႉးCha ကိုလာႀကိဳဖို႔ ဖုန္းဆက္ရသည္။ေျပာစရာ ထပ္မရွိေတာ့တာနဲ႕ Lisa လည္းဖုန္းပိတ္လိုက္ေတာ့သည္။ဂ်ပန္ကေန ေလယာဥ္စီးၿပီး အင္ခြၽန္းေလဆိပ္ေရာက္ေတာ့ လာႀကိဳတဲ့သူက အတြင္းေရးမႉး Cha ျဖစ္မေန။

" မင္းက ဘယ္သူလဲ "

" အတြင္းေရးမႉး Cha က လႊတ္လိုက္တဲ့ လူပါ အတြင္းေရးမႉးCha က Naeun ေလးတို႔ သားအမိကို ပိုႀကိဳ႕လုပ္ရမွာမို႔လို႔ "

Lisa လည္း ဆက္မေမးေတာ့ဘဲ အိပ္ကာ လိုက္ပါလာခဲ့တယ္ ။ပန္းခ်ီျပပြဲမွာေတာ့ Lisa ေရာက္မလာ၍ လူႀကီးတစ္ခ်ိဳ႕ စိတ္ဆိုးေနၾကတယ္။Chaeyoung အနား ရွယ္ယာရွင္ လူႀကီးတစ္ေယာက္လာၿပီး ေဘးမွာ  ထိုင္ေလသည္။

" Lisa က တကယ္တာဝန္မဲ့တဲ့ လူပဲ ဒီလိုပြဲႀကီး ကိုေတာင္ ေရာက္မလာဘူး "

" Lisa ဂ်ပန္သြားေနတာ မဟုတ္ဘူးလား "

Chaeyoung မေနနိုင္တာေၾကာင့္ ဝင္ေျပာမိသည္။

" မင္းက ဘာသိလို႔ ဝင္ေျပာေနတာလဲ သူ႕အလုပ္က မေန႕ကပဲ ၿပီးလို႔ ဒီေန႕ပဲ ဂ်ပန္က ျပန္ေရာက္တာ "

လူႀကီးစကားေၾကာင့္ Chaeyoung ေတြေတြေဝေဝ ျဖစ္သြားသည္။ေဘးက Jennie က ဘာေျပာတာလဲ ေမးသည္။Chaeyoung က Lisa ျပန္ေရာက္တဲ့ အေၾကာင္း ေျပာျပသည္။ Chaeyoung ေနရာမွ ထကာ အတြင္းေရးမႉး Cha ကို လိုက္ရွာဖို႔ ေနရာမွ ထသြားသည္။Lisa ကို ဖုန္းဆက္ေပမဲ့ စက္ပိတ္ထားတယ္တဲ့ေလ။

" အတြင္းေရးမႉး Cha "

" ဟုတ္ကဲ့ ဆရာမ Chaeyoung "

" Lisa ေရာ "

" အိမ္ျပန္သြားၿပီထင္တယ္ ၊ သူ လာႀကိဳဖို႔ေတာ့ ဖုန္းဆက္တယ္ ကြၽန္ေတာ္ သြားႀကိဳေတာ့ မေတြ႕ခဲ့ဘူး "

" Lisa ကို ဘယ္အခ်ိန္က ဖုန္းဆက္ရတာလဲ "

" လြန္ခဲ့တဲ့ တစ္ႏွစ္ရီကပါ "

" အခုဆက္ၾကည့္ "

အတြင္းေရးမႉး Cha ဆက္ေတာ့လည္း ဆက္လို႔မရ။Chaeyoung စိတ္တိုတိုနဲ႕ စုတ္သုပ္လိုက္သည္။ဘာလုပ္ရမွန္း မသိတာနဲ႕ Chaeyoung ခါးေထာက္ေနမိတယ္။အတြင္းေရးမႉး Cha က chaeyoung ကို ေသခ်ာၾကည့္ၿပီး တစ္ခုေမးလိုက္သည္။

" Lisa ရဲ႕ Secret Person လား "

Chaeyoung ဘာမွမေျပာဘဲ ကုမၸဏီထဲ ဝင္သြားသည္။အတြင္းေရးမႉး Cha က ေနာက္က လိုက္လာသည္။

" အတြင္းေရးမႉး Cha လက္ရွိ CEO က ဘယ္ေတာ့အနားယူမွာလဲ  "

" ေနာက္တစ္ပတ္ထဲပါ "

" ဟ ျမန္လွခ်ည္လား "

" Lisa စီစဥ္ခိုင္းတာပါ "

" အတြင္းေရးမႈး Cha "

" ဟုတ္ကဲ့ "

" ေလဆိပ္က CCTV ေတြကို တစ္ခ်က္ေလာက္သြားစစ္ေပး, Lisa ဘယ္ကို သြားတာလဲဆိုတာ ေသခ်ာၾကည့္ "

အတြင္းေရးမႉး Cha ထြက္သြားတာနဲ႕ Chaeyoung လည္း ကုမၸဏီ CCTV ခန္းထဲဝင္ကာ Lisa ေပးထားတဲ့ တံဆိပ္ကို ျပၿပီး ဝင္စစ္ေလသည္။ကြန္ပ်ဴတာနဲ႕လည္း Lisa ဖုန္းကို ေျခရာခံခိုင္းသည္။

" ဒီအခန္းက CCtV က ဘာလို႔ ပိတ္ထားတာလဲ "

" Lisa ပိတ္ခိုင္းထားတာပါ "

" ဘာျဖစ္လို႔လဲ "

" ဘာမွမျဖစ္ပါဘူး အခန္းလြတ္မို႔ တမင္ပိတ္ထားတာပါ "

" အဲ့ဒီ အခန္း ငါ့ကို လိုက္ျပ "

Chaeyoung ေျပာတာနဲ႕ ဝန္ထမ္းက Chaeyoung ကို လိုက္ပို႔ေလသည္။

" ဒါနဲ႕  ပြဲက အခ်ိန္ဘယ္ေလာက္ၾကာမွာလဲ "

" ေနာက္ ၃ နာရီေလာက္ပဲရွိမယ္ ထင္တယ္ "

အခန္းဆီ သြားေနခိုက္ ဖုန္းဝင္လာတာမို႔ Chaeyoung ေရွ႕မဆက္ဘဲ ဖုန္းကိုင္လိုက္သည္။

" အတြင္းေရးမႉး Cha ေျပာပါ "

" Lisa ကို ကားတစ္စီးနဲ႕ လာေခၚသြားတယ္ "

" ဘယ္သူလဲ "

" ကြၽန္ေတာ္မသိပါဘူး လူစိမ္းတစ္ေယာက္ပါ "

" ကားနံပါတ္ မွတ္မိလား "

" မွတ္ထားပါတယ္ "

" အဲ့ကားကို ရေအာင္ရွာ "

Chaeyoung ဖုန္းခ်ကာ ေရွ႕ဆက္မသြားေတာ့ဘဲ Jaungtae ကို လိုက္ရွာမိတယ္။ Jaungtae က Jennie အနားမွာ ခပ္ၿပဳံးၿပဳံးပင္ စကားေျပာေနသည္။

အိပ္လိုက္ေနရာမွ Lisa အျပင္ကို လွမ္းၾကည့္ေတာ့ ရဲေတြက ကားေတြကို စစ္ေနေလသည္။

" ဘာေတြျဖစ္ေနတာလဲ "

" ကြၽန္ေတာ္လည္း မသိဘူးဗ် "

Lisa နာရီကို တစ္ခ်က္ၾကည့္လိုက္သည္။ပြဲၿပီးခါနီးၿပီပဲ။

" ကြၽန္ေတာ္တို႔ ကားတစ္စီးေျပာင္းမွ ျဖစ္ေတာ့မယ္ Lisa "

" ဘာလဲ ဘာေတြျဖစ္ေနတာလဲ "

ကားဒရိုင္ဗာမွ Lisa ဘက္လွည့္လာၿပီး ေသနတ္ျဖင့္ခ်ိန္လိုက္သည္။

" စကားမရွည္ဘဲ ေအးေအးေဆးေဆး လိုက္ခဲ့ "

Lisa ေျခေထာက္တစ္ဖက္ျမႇောက္ကာ ေသနတ္ကို ကန္ထုတ္လိုက္ၿပီး ထိုလူကို သြက္သြက္လက္လက္ ခ်ဳပ္ထားလိုက္သည္။ဖြင့္ထားတဲ့ ဖုန္းမွ အသံတစ္ခ်က္ေပၚလာသည္။

" MD Lisa,Lisa မိသားစုနဲ႕ Lisa ခ်စ္သူအျပင္ ကုမၸဏီဝန္ထမ္းေတြ အကုန္လုံးပါ ငါ့လက္ထဲမွာ ရွိေနတာေနာ္ ေအးေအးေဆးေဆး လိုက္သြားပါ မဟုတ္ရင္ Korea ရဲ႕ အႀကီးဆုံး လုပ္ႀကံမႈႀကီးဆိုၿပီး သတင္းစာေခါင္းစီးမွာ ပါလာလိမ့္မယ္ ၿခိမ္းေျခာက္ေနတာ မဟုတ္ဘူးေနာ္ "

Lisa ဖမ္းခ်ဳပ္ထားတဲ့လူက ပြဲအခမ္းအနား အနီးနားမွာ တပ္ဆင္ထားတဲ့ ဗုံးေတြကို ျပေလသည္။ဒါ့အျပင္ Jisoo,Naeun ေလးနဲ႕ Jennie တို႔ပါ အဲ့ဒီပြဲမွာ ရွိေနခဲ့ၾကတာ။

Chaeyoung CCTV အခန္းထဲကို ျပန္ဝင္လာၿပီး သံသယရွိတာကို ျပန္စစ္ၾကည့္ေနသည္။

" ေနဦး လြန္ခဲ့တဲ့ ႏွစ္ရက္က မွတ္တမ္းေတြ မရွိဘူးလား "

" အဲ့ဒီတုန္းက CCtV ေတြမွာ Error ေလး ရွိတာနဲ႕ ျပန္ျပင္ေနရတာပါ "

" Lisa သိလား "

" မသိပါဘူး သိရင္ ကြၽန္ေတာ္တို႔ အလုပ္ျပဳတ္မွာပါ "

"တစ္စက္ေလးမွ ေစာက္သုံးမက်တာ "

Chaeyoung ေသခ်ာစစ္ၾကည့္လိုက္သည္။

" အဲ့ဒီႏွစ္ရက္ရဲ႕ ေရွ႕နဲ႕ ေနာက္ကို စစ္ၾကည့္၊ ဪ ဒီတစ္ခန္းက ပိတ္ထားတာလား မင္း အဲ့ဒီအခန္း သြားစစ္ေပးပါလား "

" ဟုတ္ကဲ့ "

Chaeyoung ခိုင္းတဲ့လူက ထြက္သြားေလသည္။အခမ္းအနားတြင္းမွာ Jaungtae အနား လူတစ္ေယာက္ တိုးကပ္လာေလသည္။

" ဘာလဲ "

" မိန္းကေလးတစ္ေယာက္ CCTV ေတြကို စစ္ၾကည့္ေနတယ္ "

" ဘာရယ္ သူ႕ကို ဘယ္သူခြင့္ျပဳတာလဲ "

" သူ႕ဆီမွာ Lisa ေပးထားတဲ့ တံဆိပ္ ရွိေနတယ္ "

" ခဏ ငါ လာခဲ့မယ္ "

ကြန္ပ်ဴတာေတြနားမွာ ရပ္ေနရင္း Chaeyoung ေလးေလးနက္နက္ စဥ္းစားေနသည္။

" Lisa - ကုမၸဏီ- Lisa -Naeun"

Chaeyoung Jisoo တို႔နား ျပန္ေရာက္လာသည္။Jaungtae က ပြဲက အထြက္နဲ႕ Chaeyoung နဲ႕ မေတြ႕လိုက္။

" Jennie "

Jennie က Chaeyoung ကို ေမးဆတ္ျပလာသည္။

" Naeun ေလးကို ေခၚၿပီး Jisoo နဲ႕ အတူ ျပန္လိုက္ပါေတာ့လား "

" ဟမ္ ေစာေသးတာကို "

" အင္း ေစာေစာျပန္လိုက္တာ ေကာင္းပါတယ္ "

Chaeyoung စကားကို Jennie နားေထာင္လိုက္သည္။

" အာ Jennie ငါ ကားတစ္စီးစီစဥ္ေပးမယ္ အဲ့ဒီကားနဲ႕ပဲ ျပန္ ဟုတ္ၿပီလား "

Chaeyoung ထြက္သြားေတာ့ Jennie Jisoo ကို အက်ိဳးအေၾကာင္း ေျပာျပသည္။Chaeyoung က ေျပာတာဆို၍ Jisoo လြယ္လင့္တကူ လိုက္ခံလိုက္သည္။Jaung tae CCTV ခန္းထဲက ထြက္လာေတာ့ Jisoo ေရာ jennie တို႔ကိုပါ မေတြ႕ရေတာ့။ထြက္သြားတာ ျမင္လိုက္သည္မို႔ Jaung tae ေနာက္ကလိုက္သြားသည္။

" ျပန္ေတာ့ဖို႔လား Jisoo "

Jaung tae က ေနာက္က လိုက္လာေလသည္။

" ဟုတ္တယ္ LiLi လည္း မရွိတာနဲ႕ "

" ဒါဆို ကြၽန္ေတာ္ လိုက္ပို႔မယ္ေလ "

Jennie ေရာ Jisoo ေရာ ေတြေဝသြားၾကသည္။

" လာပါ ကြၽန္ေတာ္လိုက္ပို႔မယ္ "

" ခဏေနာ္ ကြၽန္မ ပစၥည္းေလး ေမ့က်န္ခဲ့လို႔ "

Jaungtae က Jisooနဲ႕ Naeun ေလးကို ကားေပၚတင္ၿပီး Jennie ကို ေစာင့္ေနလိုက္သည္။Jennie ျပန္ထြက္ေတာ့ မ်က္ႏွာသိပ္မေကာင္း။Jennie ကေတာ့ ႀကိဳးစားၿပဳံးျပကာ Jaungtae နဲ႕ အတူဝင္ထိုင္လိုက္သည္ Jaung tae ကေတာ့ ေကာက္က်စ္စြာ ၿပဳံးလ်က္ ေမာင္းထြက္လာခဲ့သည္။

_______________________________

12:36PM
29/11/23

Continue Reading

You'll Also Like

552K 19.9K 95
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
PASADO By Estella

Fanfiction

5.3K 434 5
လွန်လေပြီးတဲ့ပြက္ခဒိန်အဟောင်းတွေ တစ်နည်းအားဖြင့်အတိတ်တွေပေါ့.....
1M 38.5K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
6K 59 24
-"The key will be found when the Son of Adam saves the Forest Watcher and unlocks the moon." Layla is just a typical girl from London, England stayin...