အပြာရောင် ကောင်းအောက်မှာ Janeကို စိတ်သန့်သန့်နဲ့ ငေးကြည့်ချင်တယ်။jane ပန်းချီဆွဲနေတာကို ၊ Jane ရယ်မောနေတာကို ။ဖြစ်သလိုနေတတ်တဲ့ Jane အစား အခန်းထဲက ပစ္စည်းတွေကို Lisa ရှင်းပေးမယ်။Jane စားချင်တာတွေ ချက်ကျွေးမယ်။Jane ပြုံးဖို့အတွက်ဆို ဘာပဲလုပ်လုပ်ရမျိုးပေါ့။စောတာလား နောက်ကျတာလား မသိပေမဲ့ တွေ့ဆုံခဲ့တဲ့ ကာလကို နောင်တမရပါဘူး။ဘာပဲဖြစ်ဖြစ် Jane ကို တွေ့ခဲ့ရပြီလေ။Jane ကိုချစ်မိလို့ တလောကလုံးရဲ့ အပြစ်တွေခံယူရလည်း ဖြစ်တယ်။Jane ပြုံးနေဖို့ပဲ လိုတယ်။အချစ်က အဲ့ဒီလို တဖြည်းဖြည်း အမြစ်တွယ်လာခဲ့တာ။
" Jennie Kim ကို Lisa က ပြခန်းလေးကို ပြင်ဆင်ပြီးတဲ့ အကြောင်း လာပြောခိုင်းလို့ပါ "
လူတစ်ယောက် Jennie အိမ်ကို လာပြီး ပြောလေသည်။ပထမတော့ Jennie အံ့သြမိသည်။
" ဖုန်းဆက် ပြောလို့ရတာပဲ လူလွှတ်ပြီး ပြောစရာ လိုလို့လား "
" သူခိုင်းတဲ့အတိုင်း လုပ်ရတာပါ "
" အင်း သိပြီမို့ သွားလို့ရပါပြီ "
" Lisa က ပြခန်းကိုပါ လိုက်ပို့ခိုင်းလို့ပါ "
" သူ မလာဘူးလား "
" အရေးကြီးကိစ္စကြောင့် ဒီမနက်ပဲ ဂျပန်ကို ထွက်သွားပါတယ် "
Lisa က စီစဥ်ပေးခဲ့တယ်ဆို၍ ထိုလူနဲ့ လိုက်ခဲ့ဖို့ လက်ခံလိုက်သည်။Jennie ထင်ထားတာထက် အများကြီး လှတာပဲ။Jennie ပြောသလို အကုန်စီစဥ်ပေးထားတယ်။မနက်ဖြန်တောင် လုပ်ငန်းစလို့ရနေပြီ။တကယ်ဆို Bam ရဲ့ လက်မောင်းကို ချိတ်တွယ်ပြီး အတူတူ ကြည့်ချင်တာ။
Lisa ခိုင်းခဲ့တဲ့ အတွင်းရေးမှုး Cha က လိုအပ်တာတွေ ကူညီပေးသည်။Jennie စိတ်တိုင်းကျ နေရာချတာနဲ့ တစ်မနက်စာ ကုန်သွားတော့သည်။Lisa ကိုလည်း သတိရမိသည်။Lisa ရှိရင် ဒီလောက် မောမှာ မဟုတ်။သူ့ကြောင့်နဲ့လည်း ကိုရီးယားထိ လာပြီး ဒုက္ခခံတာကို သူကတော့ ဂျပန်တောင် အေးအေးဆေးဆေး ထွက်သွားတယ်တဲ့ ။အေးလေ အလုပ်ကိစ္စပဲဟာ ။
" Lisa က ဂျပန်မှာ ဘယ်လောက်ကြာမှာလဲ "
" အဲ့တာတော့ မပြောတတ်ပါဘူး "
လိုချင်တဲ့အဖြေမရတာကြောင့် Jennie ဆက်မမေးတော့။အားလုံးပြီးစီးတာမို့ Lisa လွှတ်လိုက်တဲ့ လူကို ပြန်လွှတ်လိုက်တော့သည်။ခုံမှာ အမောဖြေကာ ထိုင်ရင်း Lisa ကို ဖုန်းဆက်ပေမဲ့ စက်ပိတ်ထားသည်တဲ့။နည်းနည်း ထူးဆန်းနေတယ် မထင်ဘူးလား။လှုပ်လှုပ်ရှားရှား မလုပ်ရတော့ပေမဲ့ အမောမပြေပါ။ကောင်းကင်ပြာက နည်းနည်း အပြာနုနေတယ် ခံစားရတယ်။နေရောင်ခြည်ကလည်း ဖျော့တော့လွန်းတယ်။စိတ်ခံစားချက် အဆင်မပြေတော့ လှတယ်ထင်တဲ့အရာတွေလည်း အရောင်ဖျော့ကုန်တယ်။
အတန်းပြီးလို့ Chaeyoung အပြင်ထွက်လာတော့ Naeun လေးကို တွေ့လိုက်ရသည်။Naeun လေး Lisa နဲ့ ပိုတူချင်တယ်။Chaeyoung Naeun လေးအနား ခပ်ဖွဖွလျှောက်သွားသည်။
" Naeun လေး omma ရော "
Naeun လေးက သူစိမ်းတွေဆို စကားမပြောတတ်တာမို့ Jisoo ရှိတဲ့ အခန်းကို လက်ညိုးထိုးပြလေသည်။Chaeyoung Naeun လေး ခေါင်းကို ဖွဖွလေး ကိုင်ကာ ဆံပင်လေးတွေ သပ်ပေးလိုက်သည်။
" Naeun လေး ဘယ်တွေ လျှောက်သွားနေတာလဲ "
Jisoo က နောက်က လိုက်လာသည်။
" Naeun လေး omma ကို စိတ်ကောက်နေတာလား "
Naeun လေးရဲ့ မျက်နှာမကောင်းတာကို ကြည့်ပြီး Chaeyoung မေးလိုက်ခြင်းပါ။
" ဟုတ်တယ် lili လေး မရှိတာနဲ့ ကစားကွင်းကို လိုက်မပို့နိုင်တာလေ ၊ အစ်မကို ပူဆာနေတာ လိုက်မပို့နိုင်တော့ စိတ်ကောက်နေလေရဲ့ "
"Naeun လေး သွားချင်ရင် လိုက်ပို့ပေးရမလား "
Jisoo က အားနာစွာ ကြည့်လာသည်။Naeun လေး မျက်ဝန်းတွေကတော့ မျှော်လင့်ချက်တွေဖြင့် ပြုံးလာသည်။
" ဖြစ်ရဲ့လား Chaeyoung ရဲ့ Naeun လေးက အရမ်းဆော့တာ "
" ရပါတယ် Jisoo စိတ်မချမှာသာ စိုးတာ "
" Chaeyoung နဲ့ဆို စိတ်ချပြီးသားပါ "
" ဒါဆို ကျွန်မ လိုက်ပို့လိုက်မယ်နော် "
Naeun လေး က ပြုံးပျော်နေလေသည်။Jisoo ကို နှုတ်ဆက်ကာ Naeun လေးကို ခေါ်ပြီး Chaeyoung ကစားကွင်းကိုထွက်လာခဲ့သည်။Naeun လေးက အရမ်းပျော်နေပြီး chaeyoung နဲ့လည်း အရင်ကလို မစိမ်းတော့။ကစားကွင်းက ပြန်လာတော့ Jennie ရဲ့ ပန်းချီပြခန်းကို ဝင်လာခဲ့သည်။Jennie က ပုံဆွဲနေပြီး ပြခန်းမှာတော့ ငှားထားတဲ့ မိန်းကလေးဝန်ထမ်းတစ်ဦးက တာဝန်ယူလေသည်။
" အဆင်ပြေလား ဆရာမလေး "
" ဟာ Chaeyoung အာ Naeun လေးက ဘယ်လိုပါလာတာလဲ "
Jennie Naeun လေးကို ခေါင်းလေးပွတ်သပ်လိုက်သည်။Naeun လေးနဲ့ Jennie ရင်းနှီးနေတာကို Chaeyoung မအံ့သြတော့ပါ ။
Chaeyoung က ပန်းချီကားချပ်တွေ အကြောင်းမေးလိုက်တာနဲ့ Jennie လည်း Naeun လေးနဲ့ Chaeyoung အကြောင်းကို မေးဖို့မေ့သွားတော့သည်။Jennie ရေးထားတဲ့ ပန်းချီကားချပ်တွေက လေးနက်လွန်းသည်။တစ်ချို့ကားချပ်တွေဆို chaeyoung အဓိပ်ပါယျ မသိ။
" Naeun လေးကို ပြန်ပို့လိုက်ဦးမယ် အပြန်ကျ Jennie ကို ဝင်ခေါ်မယ်လေ "
အလုပ်များနေတာမို့ Jennie ခေါင်းကငြိမ့်ပြလိုက်သည်။chaeyoung အပြင်ထွက်လာတော့ Jisoo နဲ့တွေ့သည်။
" အတော်ပဲ ခုပဲ လိုက်ပို့ဖို့လုပ်နေတာ "
" ဒါက ဘာလဲ chaeyoung "
" ခုမှ ဖွင့်တဲ့ ပန်းချီပြခန်းလေ "
" ဟုတ်လား ခုတော့ နောက်ကျနေပြီ နောက်အားကာမှ လာကြည့်ဦးမယ် "
Jisoo Naeun လေးကို ပွေ့ချီကာ ကားပေါ်တင်လိုက်ပြီး chaeyoung ကို နှုတ်ဆက်ကာ ထွက်သွားလေသည်။
ဒီတစ်ခေါက် First love စာအုပ်အဆက်အကြောင်း Jisoo မေးရင် ပြောပြချင်တယ်။ကောင်မလေးက အချစ်ဦးမမ သမီးလေးကို ပွေ့ချီခွင့်ရခဲ့တယ်လို့ ။အဝေးကငေးတဲ့ အဆင့်ကို တက်ပြီး နီးကပ်စွာ စကားပြောဆို ရင်းနှီးတဲ့အဆင့်မှာ ရောင့်ရဲစွာ ရပ်တန့်နေတဲ့ အကြောင်းပေါ့။အရေးကြီးတာ တစ်ခုရှိသေးတယ်။ဒါကတော့ ပြောလို့မဖြစ်ဘူးထင်တယ်။အချစ်ဦးမမက ကောင်မလေးရဲ့ စာဖတ်သူတစ်ဦး ဖြစ်နေတယ်ဆိုတာ။
" good night Bam "
မနက်ခင်းတိုင်း မဟုတ်တော့ဘဲ အိပ်ခါနီး အချိန်တိုင်းမှာပါ Lisa ဆီကို နှုတ်ဆက်စကားလေးတွေ လေပြေကနေ တစ်ဆင့် မှာကြားတတ်လာပြီ။ကံတရားက တကယ် မကောင်းတဲ့ကောင်ပဲ။အမှတ်တမဲ့ ဝင်တိိုက်တယ်။ခဏလေးနဲ့ ချစ်ခွင့်ပေးတယ်။လွယ်လွယ်ကူကူ သူ့အနားရောက်စေတယ်။လွယ်လွယ်ကူကူပဲ ဝေးစေပြန်တယ်။ငယ််ငယ်ကတည်းက Jennie လိုချင်တဲ့ အရာတိုင်းကို လွယ်လွယ်ကူကူ မရခဲ့ဘူး။ဝါသနာ အလုပ်ကိုလည်း ဆေးရုံတက်ရအောင် လဲကျတဲ့အထိ ကြိုးစားပြီးမှ Omma က လွယ်လွယ်ကူကူ ဖျက်စီးပစ်တယ်။တက္ကသိုလ်အကောင်းစားကြီးမှာ မတက်ရဖို့ ဝါသနာပါတဲ့ အလုပ်ကို ခွင့်ပြုချက်ပေးဖို့ ဒူးခေါင်းပွန်းတဲ့အထိ တောင်းပန်ခဲ့ရတာ။ဒါလည်း ခွင့်မပြုခဲ့သေးပါဘူး။မရတဲ့အဆုံး Appa တားတဲ့ကြားက အိမ်ကထွက်ပြီး ဝါသနာနဲ့ ငွေရှာနိုင်အောင် ကြိုးစားခဲ့ရတာတွေ။ ဘဝရဲ့ အပင်ပမ်းဆုံးကာလတွေပဲ။အဲ့ဒီလောက် ပင်ပမ်းတာတွေ Jennie ဘဝမှာ မရှိတော့ဘူးလို့ ထင်ခဲ့တာ။လိုချင်တာတွေ ဘာတစ်ခုမှ လွယ်လွယ်ကူကူ မရခဲ့ဘဲ တစ်သက်မှာ တစ်ခါပဲ ချစ်မိတဲ့ အချစ်ကျ လွယ်လွယ်ကူကူ တွေ့ဆုံခဲ့တယ်။လွယ်လွယ်ကူကူ ရခဲ့တယ်။အဲ့ဒီကတည်းက ကံတရားကို Jennie သံသယဝင်နေခဲ့တာ။ခုတော့ ဒီအခက်ခဲတွေ ပြန်စပြီထင်တယ်။လိုချင်တာဆို ဘယ်တော့မှ လက်လျော့ခဲ့တာမို့ Lisa ကိုလည်း Jennie ဘယ်တော့မှ လက်လျော့မှာ မဟုတ်ပါဘူး။တစ်နေ့ Bam က သူ့ဆီ ပြန်ရောက်လာမှာပါ။
" Morning Bam "
ထုံးစံအတိုင်း မပျက်မကွက်ပါဘဲ။လေထုထဲက သူ့စံကားက Lisa ဆီ ရောက်မှာပါ။ကိုယ့်အသံကြားတဲ့အခါ Lisa ကို နွေးထွေးစေချင်တယ်။ 1 လပြည့်ပြီ။Lisa ကို ဆက်သွယ်မရတာ 1 လ ပြည့်ပြီ။Lisa နဲ့ ရင်းနှီးတွေ့ဆုံခဲ့တာက 2 weeks ။ ဂျပန်သွားကတည်းက အဆက်သွယ်မရတော့တာက 1 Month ။ မိုးလင်းတဲ့ အချိန်တိုင်း အိမ်ရှေ့မှာ Lisa ကားလေး ရောက်လာမလား မျှော်ရတဲ့ မျှော်လင့်ချက်ကလည်း တစ်နေ့မှ ပျောက်မသွား။ညဘက် Lisa ဖုန်းခေါ်ပြီး နွေးနွေးထွေးထွေး အိပ်ပါဆိုပြီးလည်း အသံလေးကြားရဦးမလား မျှော်ရတာ တမေ့တမော။studio ရောက်တဲ့အခါတိုင်း ရောက်လာတဲ့ လူတွေဟာ Lisa ဖြစ်နေပါစေ ဆုတောင်းရတာ။မလွယ်ကူခြင်းတွေနဲ့ နေသားကျနေပြီမို့ သိပ်ပြီးမမောတော့ပါဘူး။တစ်နေ့ Lisa သူ့ဆီ ရောက်လာမှာပါ။
" ပန်းချီကားတွေက ခံစားမှုတွေ သိပ်ပြီးလေးနက်တယ် ဒီပန်းချီမျိုးကို Paris မှာ တွေ့ဖူးတယ် "
စကားသံကြောင့် Jennie လှည့်ကြည့်တော့ ဟိုတစ်ခေါက်က မျက်နှာရင်းနှီးတဲ့ အစ်မပဲ။အလုပ်မရှိတာမို့ Lisa သူ့ဆီ လျှောက်သွားလိုက်တယ်။
" Paris မှာတွေ့ဖူးတာလား "
" Ms.Jennie Kim ပါ ဒီပန်းချီတွေ ဆွဲတဲ့သူပေါ့ "
Jennie အမေးမှာ အဲ့ဒီအစ်မက လှည့်ကြည့်လာတယ်။Jennie ဝန်ထမ်း က Jennie ကို အဲ့ဒီအစ်မနဲ့ မိတ်ဆက်ပေးလေသည်။
" Ms.Jennie Kim....Paris က ပန်းချီဆရာမ Jennie Ruby Jane နဲ့ ညီအစ်မတွေများလား "
သူ့နာမည်ကို ရွတ်ပြီး တွေးတောမေးလာတဲ့ အဲ့ဒီအစ်မကြောင့် Jennie ဝန်ထမ်းက ရယ်လိုက်တယ်။Jennie ကတော့ ပြုံးရုံသာ ။
" အဲ့ဒါ တစ်ယောက်တည်းပါပဲ "
" အိုး ဒါဖြင့်.... "
" ကျွန်မ Jennie Ruby Jane ပါ , ကျွန်မ ပန်းချီကားတွေ အစ်မက သိနေတာလား "
" သိပ်ကြိုက်တဲ့ ပန်းချီပညာရှင်ကို အပြင်မှာ အမှန်တကယ် တွေ့နေရတာပဲ,Kim Jisoo ပါ "
" ချီးကျူးလွန်းနေပါပြီ ကျွန်မက ပညာရှင်အဆင့် မရောက်သေးပါဘူး နာမည်ကို မှတ်ထားလိုက်ပါ့မယ် အစ်မ "
Kim Jisoo က အလှဆုံး ပြုံးပြလေသည်။သူ့မျက်ဝန်းတွေမှာ အနုပညာမြတ်နိုးစိတ်တွေကို Jennie တွေ့နေရသည်။
" မှတ်မိလား မသိဘူး အစ်မတို့ ချောင်အန်း တက္ကသိုလ်မှာ တစ်ခါဆုံ ဖူးတယ်လေ Chaeyoung နဲ့ ညီမ "
" ဟုတ် မှတ်မိပါပြီ,ပထမတစ်ခေါက်ကတည်းက အစ်မကို တွေ့ဖူးသလိုလို ရှိနေတာ "
" ဒါဖြင့် ဒီပန်းချီကားလေး ဝယ်သွားလို့ရလား "
Jennie ပန်းချီကားကို တစ်ချက်ကြည့်လိုက်သည်။
" အစ်မလို ချင်တယ်ဆိုရင် လက်ဆောင်ပေးလိုက်ပါ့မယ် "
" Jennie လက်ဆောင်အတွက် အစ်မသိပ်ပျော်မိတာပဲ ဒါပေမဲ့ လက်ဆောင် အနေနဲ့တော့ လက်မခံချင်ဘူး သတ်မှတ်ထားတဲ့ စျေးအတိုင်းပဲ ယူပါရစေ မငြင်းပါနဲ့ Jennie "
ပြောမရတာမို့ Jennie ရှေ့ဆက်မပြောတော့ပါ။ကိုရီးယားမှာ Jennie ကို သိတဲ့သူ ရှားတယ်လေ။Paris မှာတောင် Jennie ကို Jennie Ruby Jane မှန်း တစ်ချို့တစ်လေပဲ သိကြတာ။ပန်းချီးတွေနဲ့ ရင်းနှီးနေတဲ့ အသိုင်းဝိုင်းကပေါ့ ။
ဒီနေ့ညတော့ မှောင်စပျိုးကတည်းက နှင်းတွေအတော်ကြနေတာ။မနက်ဆိုရင်တော့ အရင်တစ်ခေါက်လို နှင်းတွေဖွေးနေဦးမယ်ထင်တယ်။နှင်းတွေဖွေးရင် Lisa ရောက်လာဦးမလား။မေဘယ်လ်ပင်အောက် ရောက်တိုင်းလည်း Lisa ကို လွမ်းတယ်။အကြောင်းပြချက်မရှိ ပျောက်ကွယ်သွားတဲ့ Bam ကို တစ်ခေါက်လောက်များ ပေါ်လာခဲ့ရင် စိတ်ရှိလက်ရှိ ထုရိုက်ပြီး ဘယ်မှ ထွက်မပြေးနိုင်အောင် ဖမ်းချုပ်ထားရမယ်။ ဘယ်အရာမှ လွယ်လွယ်ကူကူ မရခဲ့တာမို့ ဒီအချစ်စစ်ကလည်း ခက်ခဲမယ်ဆိုတာ သိပါတယ်။ကံတရားက အဲ့ဒီလောက်ထိ Jennie ကို မျက်နှာသာ မပေးပါဘူး။ဝေးချင်သလောက် ဝေးပါ နောက်ဆုံးတစ်နေ့ကျရင်တော့ ကျွန်မဆီ ရောက်အောင်လာခဲ့မယ်မလား Bam ။ မျက်ရည်ပူတစ်စက် Jennie ပါးပြင်ပေါ်ကျလာတဲ့အခါ နှလုံးသားက ထင်သလောက် ခံနိုင်ရည်မရှိခဲ့။လွမ်းတယ်ဆိုတဲ့ စကားကို Bam ကို ရှေ့မှာထားပြီး တဖွဖွပြောချင်တယ်။
_________________________________
5:54PM
28/11/23
အျပာေရာင္ ေကာင္းေအာက္မွာ Janeကို စိတ္သန့္သန့္နဲ႕ ေငးၾကည့္ခ်င္တယ္။jane ပန္းခ်ီဆြဲေနတာကို ၊ Jane ရယ္ေမာေနတာကို ။ျဖစ္သလိုေနတတ္တဲ့ Jane အစား အခန္းထဲက ပစၥည္းေတြကို Lisa ရွင္းေပးမယ္။Jane စားခ်င္တာေတြ ခ်က္ေကြၽးမယ္။Jane ၿပဳံးဖို႔အတြက္ဆို ဘာပဲလုပ္လုပ္ရမ်ိဳးေပါ့။ေစာတာလား ေနာက္က်တာလား မသိေပမဲ့ ေတြ႕ဆုံခဲ့တဲ့ ကာလကို ေနာင္တမရပါဘူး။ဘာပဲျဖစ္ျဖစ္ Jane ကို ေတြ႕ခဲ့ရၿပီေလ။Jane ကိုခ်စ္မိလို႔ တေလာကလုံးရဲ႕ အျပစ္ေတြခံယူရလည္း ျဖစ္တယ္။Jane ၿပဳံးေနဖို႔ပဲ လိုတယ္။အခ်စ္က အဲ့ဒီလို တျဖည္းျဖည္း အျမစ္တြယ္လာခဲ့တာ။
" Jennie Kim ကို Lisa က ျပခန္းေလးကို ျပင္ဆင္ၿပီးတဲ့ အေၾကာင္း လာေျပာခိုင္းလို႔ပါ "
လူတစ္ေယာက္ Jennie အိမ္ကို လာၿပီး ေျပာေလသည္။ပထမေတာ့ Jennie အံ့ၾသမိသည္။
" ဖုန္းဆက္ ေျပာလို႔ရတာပဲ လူလႊတ္ၿပီး ေျပာစရာ လိုလို႔လား "
" သူခိုင္းတဲ့အတိုင္း လုပ္ရတာပါ "
" အင္း သိၿပီမို႔ သြားလို႔ရပါၿပီ "
" Lisa က ျပခန္းကိုပါ လိုက္ပို႔ခိုင္းလို႔ပါ "
" သူ မလာဘူးလား "
" အေရးႀကီးကိစၥေၾကာင့္ ဒီမနက္ပဲ ဂ်ပန္ကို ထြက္သြားပါတယ္ "
Lisa က စီစဥ္ေပးခဲ့တယ္ဆို၍ ထိုလူနဲ႕ လိုက္ခဲ့ဖို႔ လက္ခံလိုက္သည္။Jennie ထင္ထားတာထက္ အမ်ားႀကီး လွတာပဲ။Jennie ေျပာသလို အကုန္စီစဥ္ေပးထားတယ္။မနက္ျဖန္ေတာင္ လုပ္ငန္းစလို႔ရေနၿပီ။တကယ္ဆို Bam ရဲ႕ လက္ေမာင္းကို ခ်ိတ္တြယ္ၿပီး အတူတူ ၾကည့္ခ်င္တာ။
Lisa ခိုင္းခဲ့တဲ့ အတြင္းေရးမႈး Cha က လိုအပ္တာေတြ ကူညီေပးသည္။Jennie စိတ္တိုင္းက် ေနရာခ်တာနဲ႕ တစ္မနက္စာ ကုန္သြားေတာ့သည္။Lisa ကိုလည္း သတိရမိသည္။Lisa ရွိရင္ ဒီေလာက္ ေမာမွာ မဟုတ္။သူ႕ေၾကာင့္နဲ႕လည္း ကိုရီးယားထိ လာၿပီး ဒုကၡခံတာကို သူကေတာ့ ဂ်ပန္ေတာင္ ေအးေအးေဆးေဆး ထြက္သြားတယ္တဲ့ ။ေအးေလ အလုပ္ကိစၥပဲဟာ ။
" Lisa က ဂ်ပန္မွာ ဘယ္ေလာက္ၾကာမွာလဲ "
" အဲ့တာေတာ့ မေျပာတတ္ပါဘူး "
လိုခ်င္တဲ့အေျဖမရတာေၾကာင့္ Jennie ဆက္မေမးေတာ့။အားလုံးၿပီးစီးတာမို႔ Lisa လႊတ္လိုက္တဲ့ လူကို ျပန္လႊတ္လိုက္ေတာ့သည္။ခုံမွာ အေမာေျဖကာ ထိုင္ရင္း Lisa ကို ဖုန္းဆက္ေပမဲ့ စက္ပိတ္ထားသည္တဲ့။နည္းနည္း ထူးဆန္းေနတယ္ မထင္ဘူးလား။လႈပ္လႈပ္ရွားရွား မလုပ္ရေတာ့ေပမဲ့ အေမာမေျပပါ။ေကာင္းကင္ျပာက နည္းနည္း အျပာႏုေနတယ္ ခံစားရတယ္။ေနေရာင္ျခည္ကလည္း ေဖ်ာ့ေတာ့လြန္းတယ္။စိတ္ခံစားခ်က္ အဆင္မေျပေတာ့ လွတယ္ထင္တဲ့အရာေတြလည္း အေရာင္ေဖ်ာ့ကုန္တယ္။
အတန္းၿပီးလို႔ Chaeyoung အျပင္ထြက္လာေတာ့ Naeun ေလးကို ေတြ႕လိုက္ရသည္။Naeun ေလး Lisa နဲ႕ ပိုတူခ်င္တယ္။Chaeyoung Naeun ေလးအနား ခပ္ဖြဖြေလွ်ာက္သြားသည္။
" Naeun ေလး omma ေရာ "
Naeun ေလးက သူစိမ္းေတြဆို စကားမေျပာတတ္တာမို႔ Jisoo ရွိတဲ့ အခန္းကို လက္ညိုးထိုးျပေလသည္။Chaeyoung Naeun ေလး ေခါင္းကို ဖြဖြေလး ကိုင္ကာ ဆံပင္ေလးေတြ သပ္ေပးလိုက္သည္။
" Naeun ေလး ဘယ္ေတြ ေလွ်ာက္သြားေနတာလဲ "
Jisoo က ေနာက္က လိုက္လာသည္။
" Naeun ေလး omma ကို စိတ္ေကာက္ေနတာလား "
Naeun ေလးရဲ႕ မ်က္ႏွာမေကာင္းတာကို ၾကည့္ၿပီး Chaeyoung ေမးလိုက္ျခင္းပါ။
" ဟုတ္တယ္ lili ေလး မရွိတာနဲ႕ ကစားကြင္းကို လိုက္မပို႔နိုင္တာေလ ၊ အစ္မကို ပူဆာေနတာ လိုက္မပို႔နိုင္ေတာ့ စိတ္ေကာက္ေနေလရဲ႕ "
"Naeun ေလး သြားခ်င္ရင္ လိုက္ပို႔ေပးရမလား "
Jisoo က အားနာစြာ ၾကည့္လာသည္။Naeun ေလး မ်က္ဝန္းေတြကေတာ့ ေမွ်ာ္လင့္ခ်က္ေတြျဖင့္ ၿပဳံးလာသည္။
" ျဖစ္ရဲ႕လား Chaeyoung ရဲ႕ Naeun ေလးက အရမ္းေဆာ့တာ "
" ရပါတယ္ Jisoo စိတ္မခ်မွာသာ စိုးတာ "
" Chaeyoung နဲ႕ဆို စိတ္ခ်ၿပီးသားပါ "
" ဒါဆို ကြၽန္မ လိုက္ပို႔လိုက္မယ္ေနာ္ "
Naeun ေလး က ၿပဳံးေပ်ာ္ေနေလသည္။Jisoo ကို ႏႈတ္ဆက္ကာ Naeun ေလးကို ေခၚၿပီး Chaeyoung ကစားကြင္းကိုထြက္လာခဲ့သည္။Naeun ေလးက အရမ္းေပ်ာ္ေနၿပီး chaeyoung နဲ႕လည္း အရင္ကလို မစိမ္းေတာ့။ကစားကြင္းက ျပန္လာေတာ့ Jennie ရဲ႕ ပန္းခ်ီျပခန္းကို ဝင္လာခဲ့သည္။Jennie က ပုံဆြဲေနၿပီး ျပခန္းမွာေတာ့ ငွားထားတဲ့ မိန္းကေလးဝန္ထမ္းတစ္ဦးက တာဝန္ယူေလသည္။
" အဆင္ေျပလား ဆရာမေလး "
" ဟာ Chaeyoung အာ Naeun ေလးက ဘယ္လိုပါလာတာလဲ "
Jennie Naeun ေလးကို ေခါင္းေလးပြတ္သပ္လိုက္သည္။Naeun ေလးနဲ႕ Jennie ရင္းႏွီးေနတာကို Chaeyoung မအံ့ၾသေတာ့ပါ ။
Chaeyoung က ပန္းခ်ီကားခ်ပ္ေတြ အေၾကာင္းေမးလိုက္တာနဲ႕ Jennie လည္း Naeun ေလးနဲ႕ Chaeyoung အေၾကာင္းကို ေမးဖို႔ေမ့သြားေတာ့သည္။Jennie ေရးထားတဲ့ ပန္းခ်ီကားခ်ပ္ေတြက ေလးနက္လြန္းသည္။တစ္ခ်ိဳ႕ကားခ်ပ္ေတြဆို chaeyoung အဓိပ္ပါယ် မသိ။
" Naeun ေလးကို ျပန္ပို႔လိုက္ဦးမယ္ အျပန္က် Jennie ကို ဝင္ေခၚမယ္ေလ "
အလုပ္မ်ားေနတာမို႔ Jennie ေခါင္းကၿငိမ့္ျပလိုက္သည္။chaeyoung အျပင္ထြက္လာေတာ့ Jisoo နဲ႕ေတြ႕သည္။
" အေတာ္ပဲ ခုပဲ လိုက္ပို႔ဖို႔လုပ္ေနတာ "
" ဒါက ဘာလဲ chaeyoung "
" ခုမွ ဖြင့္တဲ့ ပန္းခ်ီျပခန္းေလ "
" ဟုတ္လား ခုေတာ့ ေနာက္က်ေနၿပီ ေနာက္အားကာမွ လာၾကည့္ဦးမယ္ "
Jisoo Naeun ေလးကို ေပြ႕ခ်ီကာ ကားေပၚတင္လိုက္ၿပီး chaeyoung ကို ႏႈတ္ဆက္ကာ ထြက္သြားေလသည္။
ဒီတစ္ေခါက္ First love စာအုပ္အဆက္အေၾကာင္း Jisoo ေမးရင္ ေျပာျပခ်င္တယ္။ေကာင္မေလးက အခ်စ္ဦးမမ သမီးေလးကို ေပြ႕ခ်ီခြင့္ရခဲ့တယ္လို႔ ။အေဝးကေငးတဲ့ အဆင့္ကို တက္ၿပီး နီးကပ္စြာ စကားေျပာဆို ရင္းႏွီးတဲ့အဆင့္မွာ ေရာင့္ရဲစြာ ရပ္တန့္ေနတဲ့ အေၾကာင္းေပါ့။အေရးႀကီးတာ တစ္ခုရွိေသးတယ္။ဒါကေတာ့ ေျပာလို႔မျဖစ္ဘူးထင္တယ္။အခ်စ္ဦးမမက ေကာင္မေလးရဲ႕ စာဖတ္သူတစ္ဦး ျဖစ္ေနတယ္ဆိုတာ။
" good night Bam "
မနက္ခင္းတိုင္း မဟုတ္ေတာ့ဘဲ အိပ္ခါနီး အခ်ိန္တိုင္းမွာပါ Lisa ဆီကို ႏႈတ္ဆက္စကားေလးေတြ ေလေျပကေန တစ္ဆင့္ မွာၾကားတတ္လာၿပီ။ကံတရားက တကယ္ မေကာင္းတဲ့ေကာင္ပဲ။အမွတ္တမဲ့ ဝင္တိိုက္တယ္။ခဏေလးနဲ႕ ခ်စ္ခြင့္ေပးတယ္။လြယ္လြယ္ကူကူ သူ႕အနားေရာက္ေစတယ္။လြယ္လြယ္ကူကူပဲ ေဝးေစျပန္တယ္။ငယ္္ငယ္ကတည္းက Jennie လိုခ်င္တဲ့ အရာတိုင္းကို လြယ္လြယ္ကူကူ မရခဲ့ဘူး။ဝါသနာ အလုပ္ကိုလည္း ေဆး႐ုံတက္ရေအာင္ လဲက်တဲ့အထိ ႀကိဳးစားၿပီးမွ Omma က လြယ္လြယ္ကူကူ ဖ်က္စီးပစ္တယ္။တကၠသိုလ္အေကာင္းစားႀကီးမွာ မတက္ရဖို႔ ဝါသနာပါတဲ့ အလုပ္ကို ခြင့္ျပဳခ်က္ေပးဖို႔ ဒူးေခါင္းပြန္းတဲ့အထိ ေတာင္းပန္ခဲ့ရတာ။ဒါလည္း ခြင့္မျပဳခဲ့ေသးပါဘူး။မရတဲ့အဆုံး Appa တားတဲ့ၾကားက အိမ္ကထြက္ၿပီး ဝါသနာနဲ႕ ေငြရွာနိုင္ေအာင္ ႀကိဳးစားခဲ့ရတာေတြ။ ဘဝရဲ႕ အပင္ပမ္းဆုံးကာလေတြပဲ။အဲ့ဒီေလာက္ ပင္ပမ္းတာေတြ Jennie ဘဝမွာ မရွိေတာ့ဘူးလို႔ ထင္ခဲ့တာ။လိုခ်င္တာေတြ ဘာတစ္ခုမွ လြယ္လြယ္ကူကူ မရခဲ့ဘဲ တစ္သက္မွာ တစ္ခါပဲ ခ်စ္မိတဲ့ အခ်စ္က် လြယ္လြယ္ကူကူ ေတြ႕ဆုံခဲ့တယ္။လြယ္လြယ္ကူကူ ရခဲ့တယ္။အဲ့ဒီကတည္းက ကံတရားကို Jennie သံသယဝင္ေနခဲ့တာ။ခုေတာ့ ဒီအခက္ခဲေတြ ျပန္စၿပီထင္တယ္။လိုခ်င္တာဆို ဘယ္ေတာ့မွ လက္ေလ်ာ့ခဲ့တာမို႔ Lisa ကိုလည္း Jennie ဘယ္ေတာ့မွ လက္ေလ်ာ့မွာ မဟုတ္ပါဘူး။တစ္ေန႕ Bam က သူ႕ဆီ ျပန္ေရာက္လာမွာပါ။
" Morning Bam "
ထုံးစံအတိုင္း မပ်က္မကြက္ပါဘဲ။ေလထုထဲက သူ႕စံကားက Lisa ဆီ ေရာက္မွာပါ။ကိုယ့္အသံၾကားတဲ့အခါ Lisa ကို ႏြေးေထြးေစခ်င္တယ္။ 1 လျပည့္ၿပီ။Lisa ကို ဆက္သြယ္မရတာ 1 လ ျပည့္ၿပီ။Lisa နဲ႕ ရင္းႏွီးေတြ႕ဆုံခဲ့တာက 2 weeks ။ ဂ်ပန္သြားကတည္းက အဆက္သြယ္မရေတာ့တာက 1 Month ။ မိုးလင္းတဲ့ အခ်ိန္တိုင္း အိမ္ေရွ႕မွာ Lisa ကားေလး ေရာက္လာမလား ေမွ်ာ္ရတဲ့ ေမွ်ာ္လင့္ခ်က္ကလည္း တစ္ေန႕မွ ေပ်ာက္မသြား။ညဘက္ Lisa ဖုန္းေခၚၿပီး ႏြေးႏြေးေထြးေထြး အိပ္ပါဆိုၿပီးလည္း အသံေလးၾကားရဦးမလား ေမွ်ာ္ရတာ တေမ့တေမာ။studio ေရာက္တဲ့အခါတိုင္း ေရာက္လာတဲ့ လူေတြဟာ Lisa ျဖစ္ေနပါေစ ဆုေတာင္းရတာ။မလြယ္ကူျခင္းေတြနဲ႕ ေနသားက်ေနၿပီမို႔ သိပ္ၿပီးမေမာေတာ့ပါဘူး။တစ္ေန႕ Lisa သူ႕ဆီ ေရာက္လာမွာပါ။
" ပန္းခ်ီကားေတြက ခံစားမႈေတြ သိပ္ၿပီးေလးနက္တယ္ ဒီပန္းခ်ီမ်ိဳးကို Paris မွာ ေတြ႕ဖူးတယ္ "
စကားသံေၾကာင့္ Jennie လွည့္ၾကည့္ေတာ့ ဟိုတစ္ေခါက္က မ်က္ႏွာရင္းႏွီးတဲ့ အစ္မပဲ။အလုပ္မရွိတာမို႔ Lisa သူ႕ဆီ ေလွ်ာက္သြားလိုက္တယ္။
" Paris မွာေတြ႕ဖူးတာလား "
" Ms.Jennie Kim ပါ ဒီပန္းခ်ီေတြ ဆြဲတဲ့သူေပါ့ "
Jennie အေမးမွာ အဲ့ဒီအစ္မက လွည့္ၾကည့္လာတယ္။Jennie ဝန္ထမ္း က Jennie ကို အဲ့ဒီအစ္မနဲ႕ မိတ္ဆက္ေပးေလသည္။
" Ms.Jennie Kim....Paris က ပန္းခ်ီဆရာမ Jennie Ruby Jane နဲ႕ ညီအစ္မေတြမ်ားလား "
သူ႕နာမည္ကို ႐ြတ္ၿပီး ေတြးေတာေမးလာတဲ့ အဲ့ဒီအစ္မေၾကာင့္ Jennie ဝန္ထမ္းက ရယ္လိုက္တယ္။Jennie ကေတာ့ ၿပဳံး႐ုံသာ ။
" အဲ့ဒါ တစ္ေယာက္တည္းပါပဲ "
" အိုး ဒါျဖင့္.... "
" ကြၽန္မ Jennie Ruby Jane ပါ , ကြၽန္မ ပန္းခ်ီကားေတြ အစ္မက သိေနတာလား "
" သိပ္ႀကိဳက္တဲ့ ပန္းခ်ီပညာရွင္ကို အျပင္မွာ အမွန္တကယ္ ေတြ႕ေနရတာပဲ,Kim Jisoo ပါ "
" ခ်ီးက်ဴးလြန္းေနပါၿပီ ကြၽန္မက ပညာရွင္အဆင့္ မေရာက္ေသးပါဘူး နာမည္ကို မွတ္ထားလိုက္ပါ့မယ္ အစ္မ "
Kim Jisoo က အလွဆုံး ၿပဳံးျပေလသည္။သူ႕မ်က္ဝန္းေတြမွာ အႏုပညာျမတ္နိုးစိတ္ေတြကို Jennie ေတြ႕ေနရသည္။
" မွတ္မိလား မသိဘူး အစ္မတို႔ ေခ်ာင္အန္း တကၠသိုလ္မွာ တစ္ခါဆုံ ဖူးတယ္ေလ Chaeyoung နဲ႕ ညီမ "
" ဟုတ္ မွတ္မိပါၿပီ,ပထမတစ္ေခါက္ကတည္းက အစ္မကို ေတြ႕ဖူးသလိုလို ရွိေနတာ "
" ဒါျဖင့္ ဒီပန္းခ်ီကားေလး ဝယ္သြားလို႔ရလား "
Jennie ပန္းခ်ီကားကို တစ္ခ်က္ၾကည့္လိုက္သည္။
" အစ္မလို ခ်င္တယ္ဆိုရင္ လက္ေဆာင္ေပးလိုက္ပါ့မယ္ "
" Jennie လက္ေဆာင္အတြက္ အစ္မသိပ္ေပ်ာ္မိတာပဲ ဒါေပမဲ့ လက္ေဆာင္ အေနနဲ႕ေတာ့ လက္မခံခ်င္ဘူး သတ္မွတ္ထားတဲ့ ေစ်းအတိုင္းပဲ ယူပါရေစ မျငင္းပါနဲ႕ Jennie "
ေျပာမရတာမို႔ Jennie ေရွ႕ဆက္မေျပာေတာ့ပါ။ကိုရီးယားမွာ Jennie ကို သိတဲ့သူ ရွားတယ္ေလ။Paris မွာေတာင္ Jennie ကို Jennie Ruby Jane မွန္း တစ္ခ်ိဳ႕တစ္ေလပဲ သိၾကတာ။ပန္းခ်ီးေတြနဲ႕ ရင္းႏွီးေနတဲ့ အသိုင္းဝိုင္းကေပါ့ ။
ဒီေန႕ညေတာ့ ေမွာင္စပ်ိဳးကတည္းက ႏွင္းေတြအေတာ္ၾကေနတာ။မနက္ဆိုရင္ေတာ့ အရင္တစ္ေခါက္လို ႏွင္းေတြေဖြးေနဦးမယ္ထင္တယ္။ႏွင္းေတြေဖြးရင္ Lisa ေရာက္လာဦးမလား။ေမဘယ္လ္ပင္ေအာက္ ေရာက္တိုင္းလည္း Lisa ကို လြမ္းတယ္။အေၾကာင္းျပခ်က္မရွိ ေပ်ာက္ကြယ္သြားတဲ့ Bam ကို တစ္ေခါက္ေလာက္မ်ား ေပၚလာခဲ့ရင္ စိတ္ရွိလက္ရွိ ထုရိုက္ၿပီး ဘယ္မွ ထြက္မေျပးနိုင္ေအာင္ ဖမ္းခ်ဳပ္ထားရမယ္။ ဘယ္အရာမွ လြယ္လြယ္ကူကူ မရခဲ့တာမို႔ ဒီအခ်စ္စစ္ကလည္း ခက္ခဲမယ္ဆိုတာ သိပါတယ္။ကံတရားက အဲ့ဒီေလာက္ထိ Jennie ကို မ်က္ႏွာသာ မေပးပါဘူး။ေဝးခ်င္သေလာက္ ေဝးပါ ေနာက္ဆုံးတစ္ေန႕က်ရင္ေတာ့ ကြၽန္မဆီ ေရာက္ေအာင္လာခဲ့မယ္မလား Bam ။ မ်က္ရည္ပူတစ္စက္ Jennie ပါးျပင္ေပၚက်လာတဲ့အခါ ႏွလုံးသားက ထင္သေလာက္ ခံနိုင္ရည္မရွိခဲ့။လြမ္းတယ္ဆိုတဲ့ စကားကို Bam ကို ေရွ႕မွာထားၿပီး တဖြဖြေျပာခ်င္တယ္။
_________________________________
5:54PM
28/11/23