မစ္စလီသည် ရှန်ယွဲ့ကို ဆက်တိုက်ဆဲဆိုလိုက်ရာ ကျောင်းသားများက ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။ ထိုနောက်တွင် တစ်စုံတစ်ယောက်က ချက်ချင်းတုန့်ပြန်ကာ အံ့ဩတကြီးမေးလိုက်၏။
" ဒါဆို ရှန်ယွဲ့ သုညရတာ မသမာနည်းနဲ့ဖြေလို့ပေါ့"
" ဘုရားရေ သူက မသမာတာလုပ်ဖို့တောင် အရမ်းပျင်းလွန်းလို့ ကိုယ့်ဟာကိုပေါက်ကရတွေပဲ ရေးတတ်တဲ့သူမလား"
ရှန်ယွဲ့၏မျက်နှာပေါ်တွင် ဘာခံစားချက်မှမရှိချေ။ သူမသည် မတ်မတ်ရပ်လိုက်ပြီး သူမ၏မျက်လုံးများက အေးစက်နေရာ မစ္စလီကို သတိလက်လွှတ်တုန်ယင်သွားစေတော့သည်။
" ဆရာမက သမီးကို မသမာမှုလုပ်တယ်ဆိုပြီး စွပ်စွဲနေတာလား၊ ပေါက်ကရတွေပြောပြီး သမီးကို ဒီလိုနာမည်ဖျက်ရအောင် ဘာသက်သေရှိလို့လဲ"
" ပြီးတော့ တစ်ခန်းထဲမှာ မိနစ် နှစ်ဆယ်လုံးလုံး အဓိပ္ပါယ်မရှိတာပြောခဲ့ပြီး သမီးက မေးခွန်းလေးနှစ်ခုမေးတာကို အတန်းစာသင်ချိန်ကို နှောင့်ယှက်တာ ဖြစ်သွားတယ်ပေါ့၊ ဆရာတစ်ယောက်လုပ်ရမယ့် ဟာတွေကိုရော သိရဲ့လား"
"နင်"
မစ္စလီသည် ရှန်ယွဲ့၏စကားကြောင့် ဆွံ့အသွားတော့သည်။ ခဏလောက် ရင်ခံသွားပြီးနောက် သူမသည် ခါးထောက်ကာ ဒေါသတကြီး ပြောဆိုတော့သည်။
" ငါက နင် မသမာတာလုပ်တယ်လို့ ပြောရင် နင်က မသမာတာလုပ်တယ်ပေါ့၊ နင်က ဘာသက်သေလိုချင်နေတာလဲ၊ ငါ့စာသင်တဲ့သက်တမ်းတစ်လျှောက်လုံး မသာမှုလုပ်ထားပြီးမှ အတန်းထဲမှာ ဆရာတစ်ယောက်ကို မေးခွန်းပြန်ထုတ်ရဲ့တာ ဒါပထမဆုံးပဲ၊ ရှန်ယွဲ့ နင် တကယ် အရှက်မရှိတာပဲ ၊ ငါ နင့်ကိုပြောလိုက်မယ်၊ နင့်လို ကျောင်းသားဆိုးတစ်ယောက်ကလေ အပြစ်ပေးခံရုံမကဘူး ကျောင်းပါထုတ်ခံရမှာ ပြီးတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲကိုလည်း ဝင်ခွင့်ရမှာမဟုတ်ဘူး၊ နင်က လုံးဝအရည်အချင်းမရှိတာလေ"
" ဆရာမက သမီး မသမာတာလုပ်ခဲ့တယ်ဆိုတဲ့ သက်သေတောင် မပြနိုင်ဘဲနဲ့ ကျောင်းထုတ်မယ်လေး ကောလိပ်ဝင်ခွင့်ရမှာမဟုတ်ဘူးလေနဲ့ ခြိမ်းခြောက်နေတာလား၊ သမီးအထင် ဆရာမက ဆရာတစ်ယောက် ဆက်မလုပ်ချင်တော့ဘူးနဲ့တူတယ် ဟုတ်လား"
ရှန်ယွဲ့သည် ဒေါသမထွက်သည့်အပြင် ရယ်မောနေလိုက်သေးသည်။ အစပိုင်းက သူမသည် မစ္စလီနှင့် စကားပြောကြည့်ရန် ဆန္ဒရှိသေးသည်။ သည်အခိုက်တွင်တော့ သူမသည် သည်တုံးအပြီး မောက်မာသည့်ကောင်ကြောင့် အမှန်ပင် စိတ်တိုသွားတော့သည်။
ငါလေးသာ လူသ-တ်သမား လင်ယွဲ့ဆိုတဲ့ သရုပ်မှန် ဖြစ်နေသေးရင် ငါလေးကို ပြဿနာလာရှာနေတဲ့ မစ္စလီကို သ-တ်လိုက်ပြီးပြီ။ ဒါပေမယ့် အခုတော့ ငါလေးက ရှန်ယွဲ့ဖြစ်နေတာလေ။ ငါလေးရဲ့သရုပ်မှန်ကို မပေါ်သွားစေချင်ရင် ပစ်မှတ်ထားမခံရချင်ရင် လူ့အသိုင်းအဝိုင်းရဲ့စည်းမျဥ်းတွေကို လိုက်နာမှပဲ ဖြစ်တော့မယ်။
ကျစ်။ တကယ် စိတ်မရှည်ချင်တော့ဘူး။
ရှန်ယွဲ့၏ စူးရှပြတ်သားသည့် မျက်လုံးများ၏ ခြောက်လန့်မှုကြောင့် မစ္စလီသည် အမှတ်တမဲ့ နောက်သို့ တစ်လှမ်းဆုတ်သွားပြီး ပိုပြီးကြောက်စရာကောင်းလောက်အောင် အော်ပြောလိုက်တော့သည်။
" ရှန်ယွဲ့ နင် ဘာအဓိပ္ပါယ်လဲ၊ တကတည်း နင်ဘာဖြစ်ချင်နေတာလဲ"
" သမီးက ဘာဖြစ်ချင်ရမှာလဲ"
ရှန်ယွဲ့သည် သူမ၏နှုတ်ခမ်းကို ကွေးထားလိုက်ပြီး သူမ၏ထိုင်ခုံမှ ထွက်လာလိုက်လေသည်။ သူသည် ဇဝေဇဝါနှင့် အပြန်အလှန်ကြည့်နေကြသည့် ကျောင်းသူများကို ဖြတ်လျှောက်သွားလိုက်ပြီး စင်ပေါ်က မစ္စလီထံသို့ တည့်တည့်လျှောက်သွားလိုက်တော့သည်။ သူမသည် လမ်းလျှောက်ရင်း ပြောလိုက်၏။
"ဆရာမက သမီးကို လူရှေ့မှာ အရှက်ခွဲပြီး နာမည်ဖျက်နေခဲ့တယ်၊ အဲဒီအတွက် သမီးကနေပြီးတော့ အဖြေလွှာကို ပြန်စစ်ဆေးပေးဖို့နဲ့ စာမေးပွဲအခန်းထဲက လုံခြုံရေးကင်မရာကို စစ်ပေးဖို့ တောင်းဆိုးတယ်၊ တကယ်လို့ သမီး မသမာမှုမလုပ်ခဲ့ရင် ဆရာမက တစ်ကျောင်းလုံးရဲ့ရှေ့မှာ သမီးကို ဦးညွှတ်ပြီးတောင်းပန်ရမယ် ဘယ်လိုလဲ"
ရှန်ယွဲ့က တဖြည်းဖြည်းနီးကပ်လာသည်ကို ကြည့်နေရင်း အမျိုးသမီးလီက အလွန်ကြောက်လန့်သွားကာ နံရံနှင့်ပင် ကပ်သွားတော့သည်။ ရှန်ယွဲ့၏ယုံကြည်မှုရှိသည့် အသံကိုကြားလိုက်ရချိန်၌ သူမသည် ပို၍ပင် ချီတုံချတုံဖြစ်သွားတော့သည်။ သူမသည် အလန့်တကြားပြောလိုက်၏။
" နင် ဘာပေါက်ကရတွေပြောနေတာလဲ၊ ငါ့-ငါ့ယောက်ျားက ဒါရိုက်တာကြီးနော်၊ ပြဿနာမရှာနဲ့"
မစ္စလီက သေလောက်အောင် ကြောက်နေသည်ကို တွေ့လိုက်ရသဖြင့် ရှန်ယွဲ့သည် သူမဆီ ထပ်လျှောက်သွားကာ အဓိပ္ပါယ်ပါပါ ပြုံးလိုက်လေသည်။
" ကောင်းပြီလေ ဒါဆို ဒီကိစ္စကို ဖြေရှင်းနိုင်တဲ့ တစ်ယောက်ယောက်ကို ရှာလိုက်မယ်"
ထိုသို့ပြောလိုက်ပြီး ရှန်ယွဲ့သည် နောက်သို့ပြန်လှည့်မကြည့်ဘဲ တံခါးဆီသို့ တည့်တည့်လျှောက်ကာ ထွက်သွားလိုက်လေသည်။ သူမသည် ကျောင်းသားတစ်အုပ်တစ်မကြီးရှေ့တွင် တစ်စုံတစ်ယောက်ကို ပေါ်ပေါ်ထင်ထင် ရိုက်နက်လိမ့်မည်မဟုတ်ပါ။ အများဆုံး သူမသည် ဘာဖိအားမှမသုံးဘဲ မစ္စလီကို ခြောက်လန့်ပြီး သူမတွင်လည်ူ ပိုထိရောက်သည့်အဖြေတစ်ခု ရှိပြီးသားပင်။
မစ္စလီသည် သူမ၏အရောင်အဝါကြောင့် ကြောက်လန့်သွားတော့သည်။ သူမ၏နှလုံးမှာ တဒုတ်ဒုတ်ခုန်နေပြီး တစ်ခုခုမှားယွင်းနေသည်ဟု ခံစားမိနေတော့သည်။
အံကြိတ်ရင်း မစ္စလီသည် စိတ်ထဲတွင် အကြောင်းမဲ့ကြောက်လန့်နေသည်ကို ဖိနှိပ်လိုက်ကာ မြန်မြန်လိုက်ထွက်သွားတော့သည်။ တစ်ချိန်ထဲတွင် သူမ၏ တုန်ရီနေသည့်အသံက ဆက်ပြီး ခြိမ်းခြောက်လိုက်လေသည်။
" ရှန်ယွဲ့ နင်က ကျောင်းသူတစ်ယောက်နော်၊ မလွန်လာနဲ့၊ သတိထားနေ...."
သူတို့နှစ်ယောက် အဝေးသို့ထွက်သွားလိုက်ပြီးနေက် အတန်းထဲက အားလုံးသည် အချိန်အတော်ကြာအောင် ငေးကြောင်သွားကြပြီးနောက် ရုတ်တရက် အုံးအုံးကြွကြွဖြစ်သွားတော့သည်။
" ငါ အမြင်မှားနေတာလား၊ ရှန်ယွဲ့က ဒေါသအကြီးဆုံး ဆရာမလီနဲ့ တကယ်ကြီး ရန်ဖြစ်နေတယ်တဲ့"
" သူတို့နှစ်ယောက် စာဆက်မသင်တော့ဘဲနဲ့ တစ်လမ်းလုံး ရန်ဖြစ်သွားတယ်၊ သူတို့တွေ တကယ်အံ့ဩစရာကောင်းလိုက်တာ"
" ရှန်ယွဲ့က ရုတ်တရက်ကြီး ဘာလို့အဲလောက် သတ္တိရှိသွားတာလဲ၊ သူက ထပြီး ဆရာမကို သွားရိုက်တော့မယ်လို့တောင် ထင်သွားတာ"
" ရှန်ယွဲ့ မှားတယ်လို့တော့ မထင်ဘူး၊ သူ ခိုးချတယ်ဆိုရင်တောင် ကျောင်းမထုတ်ခင် သက်သေပြရအုံးမယ်လေ၊ ဆရာမလီက တကယ်လွန်တယ်"
" သူတို့တွေ ဘယ်လို ရန်ဖြစ်သွားတာလဲ၊ ငါအခုလေးတင် ကြောင်သွားလို့ နားမလည်လိုက်ဘူး"
" ငါ ဖုန်းထုတ်ပြီး ရိုက်ထားသေးတယ်၊ ဒီမှာ ငါ နင့်ကို ထပ်ပြမယ်...."
မကြာမီတွင် ရှန်ယွဲ့နှင့်မစ္စလီတို့ စာသင်ခန်းထဲတွင် ငြင်းခုံမှုဖြစ်သွားသည့် ကိစ္စသည် တတိယနှစ်တစ်ကျောင်းလုံးသို့ ပြန့်သွားပြီး အုံးအုံးကြွတ်ကြွတ် ဖြစ်သွားတော့သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေရသည့် ဘဝကြီးက ပျင်းရိငြီးငွေ့ဖွယ်ဖြစ်လေသည်။ ရှန်ယွဲ့လုပ်ခဲ့သည့်အရာက ဧရာမကျောက်တုံးကြီးတစ်ခုကို တည်ငြိမ်နေသည့်ရေထဲ ပစ်ချလိုက်သလို ဧရာမရေပွက်ကြီးတစ်ခု ဖြစ်သွားတော့သည်။ ရေသည် လှိုင်းခတ်သွားပြီး လုံးဝမတည်ငြိမ်တော့ပေ။
...
Zawgyi
အပိုင္း (၆၇) ပရမ္းပတာျဖစ္ျခင္း
မစၥလီသည္ ရွန္ယြဲ႕ကို ဆက္တိုက္ဆဲဆိုလိုက္ရာ ေက်ာင္းသားမ်ားက ေၾကာင္အမ္းအမ္းျဖစ္သြားေတာ့သည္။ ထိုေနာက္တြင္ တစ္စုံတစ္ေယာက္က ခ်က္ခ်င္းတုန္႔ျပန္ကာ အံ့ဩတႀကီးေမးလိုက္၏။
" ဒါဆို ရွန္ယြဲ႕ သုညရတာ မသမာနည္းနဲ႔ေျဖလို႔ေပါ့"
" ဘုရားေရ သူက မသမာတာလုပ္ဖို႔ေတာင္ အရမ္းပ်င္းလြန္းလို႔ ကိုယ့္ဟာကိုေပါက္ကရေတြပဲ ေရးတတ္တဲ့သူမလား"
ရွန္ယြဲ႕၏မ်က္ႏွာေပၚတြင္ ဘာခံစားခ်က္မွမရွိေခ်။ သူမသည္ မတ္မတ္ရပ္လိုက္ၿပီး သူမ၏မ်က္လုံးမ်ားက ေအးစက္ေနရာ မစၥလီကို သတိလက္လႊတ္တုန္ယင္သြားေစေတာ့သည္။
" ဆရာမက သမီးကို မသမာမႈလုပ္တယ္ဆိုၿပီး စြပ္စြဲေနတာလား၊ ေပါက္ကရေတြေျပာၿပီး သမီးကို ဒီလိုနာမည္ဖ်က္ရေအာင္ ဘာသက္ေသရွိလို႔လဲ"
" ၿပီးေတာ့ တစ္ခန္းထဲမွာ မိနစ္ ႏွစ္ဆယ္လုံးလုံး အဓိပၸါယ္မရွိတာေျပာခဲ့ၿပီး သမီးက ေမးခြန္းေလးႏွစ္ခုေမးတာကို အတန္းစာသင္ခ်ိန္ကို ေႏွာင့္ယွက္တာ ျဖစ္သြားတယ္ေပါ့၊ ဆရာတစ္ေယာက္လုပ္ရမယ့္ ဟာေတြကိုေရာ သိရဲ႕လား"
"နင္"
မစၥလီသည္ ရွန္ယြဲ႕၏စကားေၾကာင့္ ဆြံ႕အသြားေတာ့သည္။ ခဏေလာက္ ရင္ခံသြားၿပီးေနာက္ သူမသည္ ခါးေထာက္ကာ ေဒါသတႀကီး ေျပာဆိုေတာ့သည္။
" ငါက နင္ မသမာတာလုပ္တယ္လို႔ ေျပာရင္ နင္က မသမာတာလုပ္တယ္ေပါ့၊ နင္က ဘာသက္ေသလိုခ်င္ေနတာလဲ၊ ငါ့စာသင္တဲ့သက္တမ္းတစ္ေလွ်ာက္လုံး မသာမႈလုပ္ထားၿပီးမွ အတန္းထဲမွာ ဆရာတစ္ေယာက္ကို ေမးခြန္းျပန္ထုတ္ရဲ႕တာ ဒါပထမဆုံးပဲ၊ ရွန္ယြဲ႕ နင္ တကယ္ အရွက္မရွိတာပဲ ၊ ငါ နင့္ကိုေျပာလိုက္မယ္၊ နင့္လို ေက်ာင္းသားဆိုးတစ္ေယာက္ကေလ အျပစ္ေပးခံ႐ုံမကဘူး ေက်ာင္းပါထုတ္ခံရမွာ ၿပီးေတာ့ ေကာလိပ္ဝင္ခြင့္စာေမးပြဲကိုလည္း ဝင္ခြင့္ရမွာမဟုတ္ဘူး၊ နင္က လုံးဝအရည္အခ်င္းမရွိတာေလ"
" ဆရာမက သမီး မသမာတာလုပ္ခဲ့တယ္ဆိုတဲ့ သက္ေသေတာင္ မျပႏိုင္ဘဲနဲ႔ ေက်ာင္းထုတ္မယ္ေလး ေကာလိပ္ဝင္ခြင့္ရမွာမဟုတ္ဘူးေလနဲ႔ ၿခိမ္းေျခာက္ေနတာလား၊ သမီးအထင္ ဆရာမက ဆရာတစ္ေယာက္ ဆက္မလုပ္ခ်င္ေတာ့ဘူးနဲ႔တူတယ္ ဟုတ္လား"
ရွန္ယြဲ႕သည္ ေဒါသမထြက္သည့္အျပင္ ရယ္ေမာေနလိုက္ေသးသည္။ အစပိုင္းက သူမသည္ မစၥလီႏွင့္ စကားေျပာၾကည့္ရန္ ဆႏၵရွိေသးသည္။ သည္အခိုက္တြင္ေတာ့ သူမသည္ သည္တုံးအၿပီး ေမာက္မာသည့္ေကာင္ေၾကာင့္ အမွန္ပင္ စိတ္တိုသြားေတာ့သည္။
ငါေလးသာ လူသ-တ္သမား လင္ယြဲ႕ဆိုတဲ့ သ႐ုပ္မွန္ ျဖစ္ေနေသးရင္ ငါေလးကို ျပႆနာလာရွာေနတဲ့ မစၥလီကို သ-တ္လိုက္ၿပီးၿပီ။ ဒါေပမယ့္ အခုေတာ့ ငါေလးက ရွန္ယြဲ႕ျဖစ္ေနတာေလ။ ငါေလးရဲ႕သ႐ုပ္မွန္ကို မေပၚသြားေစခ်င္ရင္ ပစ္မွတ္ထားမခံရခ်င္ရင္ လူ႔အသိုင္းအဝိုင္းရဲ႕စည္းမ်ဥ္းေတြကို လိုက္နာမွပဲ ျဖစ္ေတာ့မယ္။
က်စ္။ တကယ္ စိတ္မရွည္ခ်င္ေတာ့ဘူး။
ရွန္ယြဲ႕၏ စူးရွျပတ္သားသည့္ မ်က္လုံးမ်ား၏ ေျခာက္လန္႔မႈေၾကာင့္ မစၥလီသည္ အမွတ္တမဲ့ ေနာက္သို႔ တစ္လွမ္းဆုတ္သြားၿပီး ပိုၿပီးေၾကာက္စရာေကာင္းေလာက္ေအာင္ ေအာ္ေျပာလိုက္ေတာ့သည္။
" ရွန္ယြဲ႕ နင္ ဘာအဓိပၸါယ္လဲ၊ တကတည္း နင္ဘာျဖစ္ခ်င္ေနတာလဲ"
" သမီးက ဘာျဖစ္ခ်င္ရမွာလဲ"
ရွန္ယြဲ႕သည္ သူမ၏ႏႈတ္ခမ္းကို ေကြးထားလိုက္ၿပီး သူမ၏ထိုင္ခုံမွ ထြက္လာလိုက္ေလသည္။ သူသည္ ဇေဝဇဝါႏွင့္ အျပန္အလွန္ၾကည့္ေနၾကသည့္ ေက်ာင္းသူမ်ားကို ျဖတ္ေလွ်ာက္သြားလိုက္ၿပီး စင္ေပၚက မစၥလီထံသို႔ တည့္တည့္ေလွ်ာက္သြားလိုက္ေတာ့သည္။ သူမသည္ လမ္းေလွ်ာက္ရင္း ေျပာလိုက္၏။
"ဆရာမက သမီးကို လူေရွ႕မွာ အရွက္ခြဲၿပီး နာမည္ဖ်က္ေနခဲ့တယ္၊ အဲဒီအတြက္ သမီးကေနၿပီးေတာ့ အေျဖလႊာကို ျပန္စစ္ေဆးေပးဖို႔နဲ႔ စာေမးပြဲအခန္းထဲက လုံၿခဳံေရးကင္မရာကို စစ္ေပးဖို႔ ေတာင္းဆိုးတယ္၊ တကယ္လို႔ သမီး မသမာမႈမလုပ္ခဲ့ရင္ ဆရာမက တစ္ေက်ာင္းလုံးရဲ႕ေရွ႕မွာ သမီးကို ဦးၫႊတ္ၿပီးေတာင္းပန္ရမယ္ ဘယ္လိုလဲ"
ရွန္ယြဲ႕က တျဖည္းျဖည္းနီးကပ္လာသည္ကို ၾကည့္ေနရင္း အမ်ိဳးသမီးလီက အလြန္ေၾကာက္လန္႔သြားကာ နံရံႏွင့္ပင္ ကပ္သြားေတာ့သည္။ ရွန္ယြဲ႕၏ယုံၾကည္မႈရွိသည့္ အသံကိုၾကားလိုက္ရခ်ိန္၌ သူမသည္ ပို၍ပင္ ခ်ီတုံခ်တုံျဖစ္သြားေတာ့သည္။ သူမသည္ အလန္႔တၾကားေျပာလိုက္၏။
" နင္ ဘာေပါက္ကရေတြေျပာေနတာလဲ၊ ငါ့-ငါ့ေယာက္်ားက ဒါ႐ိုက္တာႀကီးေနာ္၊ ျပႆနာမရွာနဲ႔"
မစၥလီက ေသေလာက္ေအာင္ ေၾကာက္ေနသည္ကို ေတြ႕လိုက္ရသျဖင့္ ရွန္ယြဲ႕သည္ သူမဆီ ထပ္ေလွ်ာက္သြားကာ အဓိပၸါယ္ပါပါ ၿပဳံးလိုက္ေလသည္။
" ေကာင္းၿပီေလ ဒါဆို ဒီကိစၥကို ေျဖရွင္းႏိုင္တဲ့ တစ္ေယာက္ေယာက္ကို ရွာလိုက္မယ္"
ထိုသို႔ေျပာလိုက္ၿပီး ရွန္ယြဲ႕သည္ ေနာက္သို႔ျပန္လွည့္မၾကည့္ဘဲ တံခါးဆီသို႔ တည့္တည့္ေလွ်ာက္ကာ ထြက္သြားလိုက္ေလသည္။ သူမသည္ ေက်ာင္းသားတစ္အုပ္တစ္မႀကီးေရွ႕တြင္ တစ္စုံတစ္ေယာက္ကို ေပၚေပၚထင္ထင္ ႐ိုက္နက္လိမ့္မည္မဟုတ္ပါ။ အမ်ားဆုံး သူမသည္ ဘာဖိအားမွမသုံးဘဲ မစၥလီကို ေျခာက္လန္႔ၿပီး သူမတြင္လည္ူ ပိုထိေရာက္သည့္အေျဖတစ္ခု ရွိၿပီးသားပင္။
မစၥလီသည္ သူမ၏အေရာင္အဝါေၾကာင့္ ေၾကာက္လန္႔သြားေတာ့သည္။ သူမ၏ႏွလုံးမွာ တဒုတ္ဒုတ္ခုန္ေနၿပီး တစ္ခုခုမွားယြင္းေနသည္ဟု ခံစားမိေနေတာ့သည္။
အံႀကိတ္ရင္း မစၥလီသည္ စိတ္ထဲတြင္ အေၾကာင္းမဲ့ေၾကာက္လန္႔ေနသည္ကို ဖိႏွိပ္လိုက္ကာ ျမန္ျမန္လိုက္ထြက္သြားေတာ့သည္။ တစ္ခ်ိန္ထဲတြင္ သူမ၏ တုန္ရီေနသည့္အသံက ဆက္ၿပီး ၿခိမ္းေျခာက္လိုက္ေလသည္။
" ရွန္ယြဲ႕ နင္က ေက်ာင္းသူတစ္ေယာက္ေနာ္၊ မလြန္လာနဲ႔၊ သတိထားေန...."
သူတို႔ႏွစ္ေယာက္ အေဝးသို႔ထြက္သြားလိုက္ၿပီးေနက္ အတန္းထဲက အားလုံးသည္ အခ်ိန္အေတာ္ၾကာေအာင္ ေငးေၾကာင္သြားၾကၿပီးေနာက္ ႐ုတ္တရက္ အုံးအုံးႂကြႂကြျဖစ္သြားေတာ့သည္။
" ငါ အျမင္မွားေနတာလား၊ ရွန္ယြဲ႕က ေဒါသအႀကီးဆုံး ဆရာမလီနဲ႔ တကယ္ႀကီး ရန္ျဖစ္ေနတယ္တဲ့"
" သူတို႔ႏွစ္ေယာက္ စာဆက္မသင္ေတာ့ဘဲနဲ႔ တစ္လမ္းလုံး ရန္ျဖစ္သြားတယ္၊ သူတို႔ေတြ တကယ္အံ့ဩစရာေကာင္းလိုက္တာ"
" ရွန္ယြဲ႕က ႐ုတ္တရက္ႀကီး ဘာလို႔အဲေလာက္ သတၱိရွိသြားတာလဲ၊ သူက ထၿပီး ဆရာမကို သြား႐ိုက္ေတာ့မယ္လို႔ေတာင္ ထင္သြားတာ"
" ရွန္ယြဲ႕ မွားတယ္လို႔ေတာ့ မထင္ဘူး၊ သူ ခိုးခ်တယ္ဆိုရင္ေတာင္ ေက်ာင္းမထုတ္ခင္ သက္ေသျပရအုံးမယ္ေလ၊ ဆရာမလီက တကယ္လြန္တယ္"
" သူတို႔ေတြ ဘယ္လို ရန္ျဖစ္သြားတာလဲ၊ ငါအခုေလးတင္ ေၾကာင္သြားလို႔ နားမလည္လိုက္ဘူး"
" ငါ ဖုန္းထုတ္ၿပီး ႐ိုက္ထားေသးတယ္၊ ဒီမွာ ငါ နင့္ကို ထပ္ျပမယ္...."
မၾကာမီတြင္ ရွန္ယြဲ႕ႏွင့္မစၥလီတို႔ စာသင္ခန္းထဲတြင္ ျငင္းခုံမႈျဖစ္သြားသည့္ ကိစၥသည္ တတိယႏွစ္တစ္ေက်ာင္းလုံးသို႔ ျပန္႔သြားၿပီး အုံးအုံးႂကြတ္ႂကြတ္ ျဖစ္သြားေတာ့သည္။
ေကာလိပ္ဝင္ခြင့္စာေမးပြဲအတြက္ ျပင္ဆင္ေနရသည့္ ဘဝႀကီးက ပ်င္းရိၿငီးေငြ႕ဖြယ္ျဖစ္ေလသည္။ ရွန္ယြဲ႕လုပ္ခဲ့သည့္အရာက ဧရာမေက်ာက္တုံးႀကီးတစ္ခုကို တည္ၿငိမ္ေနသည့္ေရထဲ ပစ္ခ်လိုက္သလို ဧရာမေရပြက္ႀကီးတစ္ခု ျဖစ္သြားေတာ့သည္။ ေရသည္ လႈိင္းခတ္သြားၿပီး လုံးဝမတည္ၿငိမ္ေတာ့ေပ။
...