အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

105K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း

703 60 0
By ChihiroLily7

မစ္စလီက နှာခေါင်းရှုံ့ကာ ရှန်ယွဲ့အပေါ် မသိမသာ ဖိအားပေးကာ ဆက်ပြောလေသည်။ သူမ၏လေသံက ပိုခက်ထန်လာလေသည်။

"စာမေးပွဲမှာ အကြိမ်ကြိမ်မသမာတာတွေ လုပ်လာတဲ့ကျောင်းသားက အပြင်းထန်ဆုံးအပြစ်ကို ခံယူရလိမ့်မယ်၊ မင်းတို့တွေ အခုပြောနေတာတွေကို နားလည်ချင်မှနားလည်မယ်၊ ကျောင်းရဲ့ဆုံးဖြတ်ချက်ရလာဒ်က တစ်ရက်နှစ်ရက်နေလို့ ထွက်လာရင် အားလုံးက နားလည်သွားလိမ့်မယ်၊ အဲအချိန်ကျရင်တော့ ငါ ပြောခဲ့တဲ့စကားကို အားလုံးသတိရလာလိမ့်မယ်၊ အဲလိုအရှက်မဲ့တဲ့ကျောင်းသူ ကျောင်းသားတွေနဲ့လည်း ဝေးဝေးနေကြ"

သူမ၏လေသံ မည်မျှပင် ဒေါသထွက်ကာ ပြင်းနေထန်ပါသော်လည်း ရှန်ယွဲ့သည် သူမ၏ထိုင်ခုံတွင် တည်တည်ငြိမ်ငြိမ်ထိုင်ကာ လုံးဝမတုန့်ပြန်ပေ။

မစ္စလီသည် အံကြိတ်ထားလိုက်၏။ သူမ၏ လုပ်သက်တစ်လျှောက်တွင် ဆရာကို ပြန်အာခံရဲသည့် ကျောင်းသားဆိုးတစ်ယောက်နှင့် တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ သူမသည် ဒေါသထွက်လွန်းသဖြင့် ရှန်ယွဲ့အား လက်ညိုးငေါက်ငေါက်ထိုးကာ နေရာတွင် ပင် ကြိမ်ဆဲချင်နေတော့သည်။

သို့သော် အတန်းထဲတွင် မေးခွန်းများကို ပြန်ရှင်းရမည့်အကြောင်း စဥ်းစားလိုက်မိပြီး အချိန်ကလည်း တစ်ဝက်ကျော်နေပြီဖြစ်သဖြင့် မစ္စလီက ထိုကိစ္စကို သည်းခံထားလိုက်တော့သည်။

မည်သို့ဆိုစေ သူမသည် ယောက်ျားဖြစ်သူ ဌာနမှူးအားခေါ်ထားပြီး ရှန်ယွဲ့၏အဖြေလွှာအားလုံးကို သိမ်းဆည်းထားပြီးဖြစ်သည်။ တခြားဆရာများက အတန်းပြီးလို့ အနားယူချိန်တွင် အဖြေလွှာကို ကြည့်လိုက်လျှင် ရှန်ယွဲ့၏ မသမာမှုက အလိုလိုပေါ်ပေါက်သွားလိမ့်မည်။

ထိုသို့တွေးလိုက်ပြီး မစ္စလီက သူမ၏ဉာဏ်ရည်ကို အနည်းငယ်အထင်ကြီးသွားတော့သည်။ မနေ့ညက သူမ အဖြေလွှာတွေ စပြီးစစ်ဆေးတော့ ရှန်ယွဲ့ သင်္ချာမှာ အမှတ်ပြည့်ရတာ တွေ့သွားတယ်လေ။ အဖြေလွှာကို ဖတ်လိုက်တော့ တကယ်ပဲ အမှတ်ပြည့်ဖြစ်နေတာ ပြီးတော့ အဖြေတွေကလည်း အရမ်းကို တိတိကျကျပဲ။ ဒီလိုကိစ္စမျိုးက ငတုံးမရှန်ယွဲ့ဆီမှာ ဘယ်လိုမှဖြစ်မယ့်အရာမဟုတ်ဘူးလေ။ ဒါကြောင့် ရှန်ယွဲ့က မသမာမှုလုပ်ခဲ့တာကို ယုံတယ်။ ပြီးတော့ တခြားဆရာတွေ အဆင့်မထုတ်ရသေးခင်မှာ သူမရဲ့အဆက်အသွယ်ကို သုံးပြီး ရှန်ယွဲ့ရဲ့ဘာသာစုံအဖြေလွှာတွေကို ယူထားလိုက်တော့တာပေါ့။

ဒီတစ်ခါတော့ မသမာတဲ့ကျောင်းသားတစ်ယောက်ကို ဖမ်းဖို့ အမျှော်မြင်ရှိရှိလုပ်ခဲ့တာပဲ။ နှစ်ကုန်ထူးချွန်ဆရာရွေးပွဲကျရင် ကြီးကျယ်တဲ့ဆောင်ရွက်ချက်တစ်ခုကြောင့် သေချာပေါက် ချီးမွှမ်းခံရလိမ့်မယ်။ ရှန်ယွဲ့လို ကျောင်းသားဆိုးတစ်ယောက်တစ်ယောက်ကတော့ ကျောင်းထုတ်ခံရပြီး မျက်စိပါးမွှေးစူးစရာ မရှိတော့ရင် အကောင်းဆုံးပဲ။

" တခြားအကြောင်း မပြောတော့ဘူး၊ အားလုံးက အဖြေလွှာတွေ ရပြီးပြီဆိုတော့ သည်စာမေးပွဲရဲ့ သုံးသပ်ချက်ကို ပြောတော့မယ်...."

မစ္စလီသည် ကျိတ်ကျေနပ်နေပြီး နောက်ဆုံးမှာ သင်ကြားရေး၏အရေးကြီးကိစ္စကို သတိရသွားတော့သည်။

သို့သော် သူမက မြေဖြူကို ကောက်ကိုင်လိုက်ပြီး စမပြောလိုက်ခင်မှာပင် ရှန်ယွဲ့၏ကြည်လင်သည့်အသံက အခန်းထဲမှ ထွက်လာတော့သည်။

" ဆရာမလီ သမီးရဲ့ အဖြေလွှာ ဘာလို့မရလဲဆိုတာကို သိချင်ပါတယ်"

ကျောင်းသားများသည် စပ်စုလိုစိတ်ဖြင့် မတ်တပ်ရပ်ကာ ထမေးလိုက်သည့်ရှန်ယွဲ့ကို လှည့်ကြည့်လိုက်ကြတော့သည်။

မစ္စလီ၏မျက်နှာထားသည့် ချက်ချင်းညိုမဲသွားတော့သည်။ သူမသည် မဲ့ရွဲ့လိုက်ပြီး

" ဟင်း ဟင်း နင်ဘာလို့ အဖြေလွှာတစ်ခုမှမရလဲဆိုတာ နင် ကောင်းကောင်းသိပါတယ်"

" သမီးတကယ် မသိလို့ပါ၊ ဆရာမလီက သမီးကို အကြောင်းအရင်းလေး ပြောပြပေးဖို့လိုပါတယ်၊ ပြီးတော့ သမီးဘာလို့ သင်္ချာမှာ သုည ပဲရတာလဲ"

ရှန်ယွဲ့သည် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်မေးလိုက်လေသည်။

" အဟား ဟား ရှန်ယွဲ့က သင်္ချာမှာတင် သုညရတာမဟုတ်ဘူးလေ တခြားဘာသာရပ်တွေမှာလည်း သုညပဲ၊ သူ ဘာလို့ ဘာမှမပြောတာလဲ"

ချက်ချင်းပင် အတန်းသားတစ်ယောက်က တုန့်ပြန်လိုက်ပြီး သူ့ပါးစပ်ကို ကာထားလိုက်ကာ အော်ရယ်လိုက်လေသည်။

" အဆင့်သတ်မှတ်ချက်ဌာနက ဒီရက်ပိုင်းအတွင်း သုညရတဲ့အတွက် ပြန်ကြားပေးမှာပါ၊ အ,ချင်ဟန်ဆောင်မနေနဲ့၊ ဟုတ်ပြီ ရှန်ယွဲ့ ငါ့အတန်းကိုမနှောင့်ယှက်နဲ့တော့"

မစ္စလီက မကျေမနပ်ဖြင့် ပြောလိုက်၏။ သူမသည် ရှန်ယွဲ့နှင့် ဆက်ငြင်းခုံနေလျှင် တစ်ခုခုဖြစ်တော့မည်ဟု ခံစားနေရလေသည်။

သူမ၏ကိစ္စကို မစ္စလီက သတိကြီးကြီးဆွဲထုတ်လိုက်ပြီး အသာအယာပြန်ချထားသည်ကို မြင်ရလိုက်ရသဖြင့် ရှန်ယွဲ့က သူမ၏မေးခွန်းကို တမင်ရှောင်လိုက်ပြီး အသံခပ်ခယ်ကျယ်ဖြင့် ထပ်ပြောလိုက်တော့သည်။

" ဆရာမလီ သမီးကပဲ အမှားတစ်ခုလုပ်ထားတဲ့ပုံနဲ့ ဘာလို့ပြောနေတာလဲ၊ သမီးကို ဒေါသနဲ့ကြည့်ပြီး သမီးက မသမာမှုလုပ်ခဲ့တယ်လို့ ပြောတာ ဆရာမလေ ၊ သမီးကမေးတော့လည်း ဆရာမက ဟိုဟိုလိုလိုဒီလိုလို ပြောနေတယ်၊ ကျောင်းသားတွေ သမီးကို နားလည်မှုလွဲအောင် တမင်လှုံ့ဆောင်နေတာလား"

" ဟုတ်တယ် ဆရာမလီ အခု ဘာတွေပြောချင်နေတာလဲ၊ ဖုံးကွယ်မထားပါနဲ့ ကျွန်တော်တို့ကိုလည်း ပြောပြပါ"

ရှန်ယွဲ့နှင့် ဆရာမလီကြားက ရန်လိုမှုကို မြင်လိုက်ရတော့ ကောင်လေးများက ချက်ချင်း လှောင်ပြောင်ကြတော့သည်။

အတန်းထဲက ကျောင်းသူ ကျောင်းသားများကလည်း အလွန်သိချင်သွားတော့သည်။ ရှန်ယွဲ့သည် တစ်လှမ်းချင်းတစ်လှမ်း နင်းလာပြီး အပြစ်ရှိဟန်လုံးဝ မတူချေ။ မစ္စလီသည် အနည်းငယ်ရှက်လာသဖြင့် မျက်နှာကို တည်လိုက်ကာ စားပွဲကို ရိုက်လိုက်ပြီး ဆူဆဲလေတော့သည်။

"တော်တော့ ရှန်ယွဲ့ နင်က ဘာကို ဟန်ဆောင်နေတာလဲ၊ နင် အမှတ်ပြည့်ရအောင် မသမာနည်းသုံးခဲ့တာ မသိလို့လား၊ နင်က အပြစ်မရှိသလို ဟန်ဆောင်နေသေးတယ်၊ နင့်အရှက်မဲ့တဲ့ပုံကိုတော့ ငါ အရမ်းလေးစားသွားပြီ"

ငါ နင့်ကို ဒီနေရာမှာ ထုတ်မပြောရတဲ့အကြောင်းအရင်းက နင့်ကို လူသားတစ်ယောက်အနေနဲ့ သိက္ခာရှိရှိထွက်သွားစေချင်လို့ပဲ၊ သတ်မှတ်ထားတဲ့ပြစ်ဒဏ်ကျလာရင် နင် ထိုက်တန်တဲ့အပြစ်ကို ခံယူရမှာပဲ၊ ပြီးတော့ နင်က အတန်းကိုလည်း နှောင့်ယှက်ပြီး ကျောင်းသားတွေကို မေးခွန်းရှင်းပြပေးဖို့ နှောင့်နှေးအောင်လည်းလုပ်ခဲ့သေးတယ်၊ ရှန်ယွဲ့ နင့်လိုလူကလေ တကယ် ယုတ်ညံ့တဲ့သူပဲ"

....

Zawgyi






























....

Continue Reading

You'll Also Like

1.3M 45.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
151K 19.4K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
99.8K 10.5K 78
လီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွ...
5K 286 50
စုန့်လွမ်သည် "အာဏာရှင်ဝန်ကြီး" ဟု အမည်ပေးထားသော စာအုပ်ထဲကို ကူးပြောင်းလာခဲ့ပြီး ဇာတ်လိုက်၏ ဇနီးဖြစ်လာခဲ့သည်။ စာအုပ်ထဲမှာ မူလကိုယ်က မိုက်မဲကာ သူ့သားကိ...