Unicode Version
အဲဒီဆယ့်နှစ်နှစ်တာကာလ
< ရွက်ကြွေဝေ၏အမြင် >
မျက်လုံးများကိုအားယူ၍ဖွင့်လိုက်သည်နှင့်ရင်းနှီးသလိုရှိသည့်မျက်နှာကြက်ကိုအရင်မြင်လိုက်ရပြီးနောက်
"သမီး သမီးလေး သတိရလာပြီလား။"
ဦးစွာကြားလိုက်ရသည့်အသံပိုင်ရှင်ကိုရွက်ကြွေရေရွတ်မိလိုက်သည်။
"မေမေ.."
"အင်း ဟုတ်တယ် မေမေပါ။ သမီးဘယ်လိုနေသေးလဲ။ နေလို့ကောင်းရဲ့လား။"
စိတ်ပူစွာဆိုလာသည့်အမေဖြစ်သူ၏စကားကြောင့်ရွက်ကြွေလှဲနေသည့်မှအနေအထားမှရွက်ကြွေထထိုင်ရန်ပြင်လိုက်တော့ကိုက်ခဲလာသည့်ခေါင်းကြောင့်ရွက်ကြွေညီးညူမိသွားသည်။
"အား နာလိုက်တာ။"
"နာတယ် ဘယ်နားကဘယ်လိုနာတာလဲ သမီး။"
"ခေါင်းကမေမေ။ ဒါနဲ့ဖေဖေအပါအဝင်ဦးလေးတွေရော၊ဒေါ်လေးဖြူရောကဘာလို့တစ်စုတစ်စည်းရှိနေကြတာလဲ။ ပြီးတော့ဒေါ်လေးဖြူမျက်နှာကလည်းမျက်ရည်တွေနဲ့။"
ရွက်ကြွေညီးညူမိမှုကိုသေချာမေးလာသည့်အမေဖြစ်သူကိုရွက်ကြွေပြန်ဖြေရင်းမြင်နေရသောအခန်းတွင်း၌တစ်စုတစ်စည်းရှိနေသောလူကြီးများကြောင့်ရွက်ကြွေမေးလိုက်မိချိန်တွင်
"ဘာလို့ငါတို့ကတူတူရှိနေရတာလဲဆိုတာ ပြန်ပြောပြရအုံးမှာလား ရွက်ကြွေဝေ။"
ဒေါသသံဖြင့်ပြောလာသောဦးလေးငယ်ကိုဦးကြီးကလက်ဖြင့်ရပ်ရန်အမူအရာပြလိုက်ပြီး
"ရွက်ကြွေ သမီး တစ်ခုမှမမှတ်မိဘူးလား။"
"ဖေဖေ ဦးကြီးပြောတာကိုသမီးနားမလည်ဘူး။"
ရွက်ကြွေစကားအဆုံးတွင်ရွက်ကြွေဖေဖေကရွက်ကြွေအနားတွင်လာထိုင်ပြီး
"သမီး ခေါင်းထိခိုက်ရတဲ့အကြောင်းအရင်းကိုလုံးဝမမှတ်မိဘူးလား။"
"ဟင့်အင်း ဖေဖေ။ သမီး ခေါင်းတစ်ချက်ချက်နည်းနည်းနာပေမယ့် သမီးဘာမှမမှတ်မိဘူး ဖေဖေ။"
ရွက်ကြွေဖေဖေစကားကိုရွက်ကြွေပြန်ဖြေလိုက်ချိန်တွင်ရွက်ကြွေမေမေမျက်နှာတွင်ဝမ်းနည်းရိပ်များထင်လာပြီးဒေါ်လေးဖြူမျက်နှာပေါ်မျက်ရည်တစ်စက်ကျသွားသည်ကိုရွက်ကြွေမြင်လိုက်ရသဖြင့်
"ဖေဖေရောအားလုံးရော တစ်ခုခုဖြစ်နေတာကိုသမီးခံစားမိတယ်။ သမီးကိုပြောပြပေးကြပါ။"
"ကိုကြီး ကိုလတ် ကျွန်တော်ကိုလာမတားနဲ့။ ငါပြောတဲ့စကားကိုသေချာနားထောင်ရွက်ကြွေဝေ။"
ရွက်ကြွေစကားအဆုံးတွင်ဦးလေးငယ်ထံမှထွက်လာသည့်စကားကြောင့်ရွက်ကြွေ,ဆက်ပြောလာမည့်ဦးလေးငယ်စကားကိုနားထောင်နေမိသည်။
"နင်တို့ကလေးသုံးယောက် ငါတို့လူကြီးတွေမရှိတုန်း ခြံထဲမှာပြေးဆော့ကြတယ်ဆို။"
"ရွက်ကြွေတို့အမြဲတမ်း အိမ်တော်ထဲမှာပဲဆော့ကြတာပါ ဦးလေးငယ်ရဲ့။"
"နင်ကိုငါမေးနေတာမဟုတ်ဘူး။ ငါပြောပြနေတာ။ နင်တို့အဲလိုဆော့တာကိုမြင်လိုက်တဲ့အိမ်အကူလည်းရှိတယ်။ နင်တို့ဆော့ချင်တိုင်းဆော့လို့ရတယ်လို့ငါတို့ခွင့်ပြုပေးထားပေမယ့် အခုလိုခြံထဲမှာဆော့ဖို့တော့ငါတို့ခွင့်မပေးထားဘူး။...."
"ဒါပေမယ့်နင်ကဦးဆောင်ပြီးခြံထဲဆင်းဆော့ရုံသာမကငါ့ကလေးနဲ့ကိုကြီးတို့ရဲ့ကလေးကိုပါမစောင့်ရှောက်နိုင်သလိုကိုယ်ကိုယ့်ကိုတောင်မစောင့်ရှောက်နိုင်ဘူးပဲ။"
"ဦးလေးငယ် ဘာတွေပြောနေတာလဲ။ သမီးက ဝန်းလေးတို့တွေကိုဘာလုပ်မိခဲ့လို့လဲ။"
"အခု နင်ကြောင့်သူတို့တွေပျောက်သွားပြီလေ။ ခြံထဲဆင်းဆော့မယ်ဆိုပြီးနင်ဦးဆောင်ခဲ့လို့ငါတို့ကလေးတွေကိုရှာမတွေ့တော့ဘူး။"
ရွက်ကြွေအမေးစကားအဆုံးတွင်ဦးလေးငယ်ဖြေလာသောစကားကြောင့်ရွက်ကြွေခေါင်းတွေချာချာလည်လာပြီးပုံရိပ်များစွာရောထွေးလာပြီး
"ဟင့်အင်း မဟုတ်ဘူး ဝန်းလေးတို့ပျောက်နေတာကမဟုတ်ဘူး။ ဟုတ်တယ်မလား ဖေဖေ၊မေမေ။ ဒေါ်လေးဖြူ သမီးကိုဖြေပေးကြပါအုံး။"
ရွက်ကြွေစကားကိုဘယ်သူကမှပြန်မဖြေပဲဆိတ်ဆိတ်နေခြင်းဖြင့်ဝန်ခံနေကြချိန်ဦးလေးငယ်တစ်ယောက်ရွက်ကြွေရှေ့သို့လျှောက်လာပြီးရွက်ကြွေပခုံးကိုခပ်ပြင်းပြင်းဆုပ်ကိုင်ကာ
"အခုမှပျောက်တာမဟုတ်ဘူး ဘာညာပြောမနေနဲ့။ နင်ကအခုမှသိပြီးအော်ဟစ်နေချိန်မှာငါတို့ခံစားနေတာသုံးလေးရက်မကတော့ဘူးဟ။"
ဦးလေးငယ်စကားအဆုံးတွင်ရွက်ကြွေမျက်နှာပေါ်အလိုလိုမျက်ရည်များကျလာသည်။
"စိုးမိုးထိုက် မင်းတော်လိုက်တော့။ ရွက်ကြွေကအခုမှသတိရလာတာ။ သူ့စိတ်ကိုအရမ်းထိခိုက်အောင်မလုပ်ရအောင်ကွာ။"
"တော် ရမယ်။ ထိခိုက်အောင်မလုပ်ရအောင်။ ဟုတ်လား ကိုလတ်။ ပျောက်သွားတာကျွန်တော့်သားနဲ့ကိုကြီးသမီး ကိုလတ်ရဲ့တူနဲ့တူမနော်။ ကိုလတ် သမီးပဲကလေးမဟုတ်ဘူး။ ကျွန်တော်တို့သားသမီးတွေလည်း ကလေးတွေပါပဲ။ ကိုလတ်နည်းနည်းတော့ကိုယ်ချင်းစာကြည့်ဗျ။"
ဦးလေးငယ်ကရွက်ကြွေပခုံးကိုဆုပ်ထားသောသူ့လက်တို့ကိုလွှတ်ပြီးရွက်ကြွေဖေဖေကိုဆိုလာသည်။
"ဒါဆို မင်းလည်းတွေးကြည့်လေ။ ခြောက်ရက်နီးပါးလောက်သတိမရပဲ သတိရတာနာရီတောင်မပြည့်သေးတဲ့ကလေးတစ်ယောက်ကို အခုလိုစိတ်အခြေအနေပြင်းထန်အောင်လုပ်သင့်လို့လား။"
"ကိုလတ် ..."
"တော်တော့ စိုးမိုးထိုက်။"
"တော်ပါတော့ အစ်ကိုရယ်။"
ရွက်ကြွေဖေဖေ၏စကားအဆုံးတွင်ထွက်လာသည့်ဦးလေးငယ်၏စကားကိုဒေါ်လေးဖြူကအမြန်ဝင်ပြောလိုက်သလိုရွက်ကြွေမေမေကလည်းရွက်ကြွေအဖေ၏လက်ကိုကိုင်ကာဆက်မပြောရန်အမူအရာပြလိုက်သည်။
"မနှင်းပွင့်ဖြူ ပျောက်သွားတဲ့ကလေးထဲမှာခင်ဗျားကလေးလည်းပါတယ်နော်။"
"ငါ့ကလေးလည်းပါတယ် ဒါပေမယ့်ရှိနေတဲ့ကလေးဘက်လည်းငါတို့တွေကြည့်ပေးရအောင်။"
ဦးလေးငယ်၏စကားကိုပြန်ပြောလာသောဒေါ်လေးဖြူစကားအဆုံးတွင်ဦးလေးငယ်ကဒေါ်လေးဖြူကိုတစ်ချက်ခပ်စူးစူးကြည့်ပြီး
"အဲဒါတွေအကုန်လုံး မင်းကြောင့်ပဲဆိုတာ မှတ်ထား ရွက်ကြွေဝေ။.. "
ဦးလေးငယ်၏ပြောရင်းရွက်ကြွေကိုဒေါသမျက်ဝန်းတွေဖြင့်စိုက်ကြည့်ကာဆက်ပြောလာသည်။
"နင်ကကလေးတွေထဲမှာအကြီးဆုံးဖြစ်ပြီးကိုယ့်မောင်နှမတွေကိုတောင်မစောင့်ရှောက်နိုင်တဲ့အသုံးမကျတဲ့လူ။"
နားထဲကိုဝင်လာသောဦးလေးငယ်၏စကားများကအဆိပ်လူးထားတဲ့မြှားများထက်ပိုအဆိပ်ပြင်းထန်နေသည်။ဦးလေးငယ်၏ဒေါသအကြည့်များကိုရွက်ကြွေကြည့်ရင်းရွက်ကြွေမြင်ကွင်းထဲပေါ်လာသည်ကရွက်ကြွေကိုဒေါသစိတ်ဖြင့်ကြည့်နေသောလူတစ်ယောက်ပုံရိပ်နဲ့အတူလဲကျနေသောကလေးတစ်ယောက်၊ဆုပ်ကိုင်ထားသောလက်ကနေလွတ်သွားသောခံစားမှုအချို့တို့ကိုပါခံစားမြင်ယောင်လာမှုနှင့်အတူရွက်ကြွေ၏ခေါင်းတို့အင်မတန်ကိုက်လာကာရွက်ကြွေ,နာကျင်မှုအများကြီးကိုခံစားလာရသဖြင့်
"အား နာတယ်။ နာတယ်။"
ရွက်ကြွေအော်သံအဆုံးတွင်ရွက်ကြွေဖေဖေကရွက်ကြွေနားသို့ရောက်လာသလိုပြာပြာသလဲလဲဖြစ်နေသောရွက်ကြွေအမေကရွက်ကြွေခံစားရသောနာကျင်မှုများပြေပျောက်ရန်မျက်ရည်များကျနေသည့်ကြားထဲကဆရာဝန်ခေါ်နေသံကိုနားစွန်နားဖျားကြားရသည်။ ဦးလေးငယ်နှင့်ဒေါ်လေးဖြူကတော့ရွက်ကြွေကိုခံစားချက်မဲ့မျက်နှာများဖြင့်ကြည့်နေကြသည်။ နာကျင်မှုကြောင့်ရွက်ကြွေလောကကြီးအမှောင်မဖုံးခင်ရွက်ကြွေတွေ့ဖြစ်အောင်တွေ့လိုက်ရသည်ကနာကျင်မှုများစွာခံစားနေရသည့်ရွက်ကြွေကိုသဘောတကျပြုံးနေသည့်အပြုံးမျိုးနှင့်ကြည့်နေသောဦးကြီး၏အပြုံးတစ်ခုကိုပင်။
.
.
.
ထိုအဖြစ်အပျက်များဖြစ်ပြီးနောက်တွင်ရွက်ကြွေတို့မိသားစုအိမ်တော်သို့အသွားအလာမရှိတော့။ဦးကြီးနဲ့ဒေါ်လေးဖြူကအရင်အတိုင်းဆက်ဆံကြသည့်တိုင်ဦးလေးငယ်ကတော့ကွဲပြားခဲ့သည်။အိမ်တော်သို့ရွက်ကြွေတို့မိသားစုရောက်သည့်ချိန်ရွက်ကြွေတို့မိသားစုအထူးသဖြင့်ရွက်ကြွေနှင့်တွေ့သည့်အခါတိုင်းရွက်ကြွေကိုစကားလုံးများဖြင့်ရွက်ကြွေကိုအလိုမရှိကြောင်းဆိုတတ်သည်။ထိုအချိန်တွင်ရွက်ကြွေနားလည်ခဲ့သည့်အရာတစ်ခုရှိသည်။စကားလုံးမြှားသည်အဆိပ်လူးထားသည့်မြှားထက်ပိုအဆိပ်ပြင်းသည်ကို။ ရွက်ကြွေကိုတွေ့တိုင်းစကားစစ်ထိုးတတ်သောဦးလေးငယ်အကြောင်းသိနေသောရွက်ကြွေအဖေကရွက်ကြွေကိုအတတ်နိုင်ဆုံးအိမ်တော်နှင့်အဆက်အဆံမရှိစေအောင်ကြိုးစားသည်။ အိမ်တော်၏အခမ်းအနားများကိုရွက်ကြွေအမေဆုံးပြီးနောက်ရွက်ကြွေမပါပဲအဖေတစ်ယောက်တည်းသာတက်ရောက်သည်။ရွက်ကြွေကိုလည်းအမြဲတမ်းဦးလေးငယ်အပေါ်စိတ်မကွက်စေရန်ဆုံးမသလိုအခွင့်ကြုံတိုင်းလဲပျောက်ဆုံးသွားသည့် ဝမ်းကွဲမောင်နှမများကိုရအောင်ရှာရန်မှာကြားမပြတ်ခဲ့။ ရွက်ကြွေနဲ့အိမ်တော်ကြားပတ်သက်မှုမရှိစေရန်ရွက်ကြွေဖေဖေကြိုးစားခဲ့သည့်တိုင်ဒေါ်လေးဖြူ၏အခါခါဖိတ်ခေါ်စကားများကြောင့်ရွက်ကြွေတစ်ယောက်တစ်နှစ်လျှင်တစ်ခါ၊နှစ်ခါဆိုသလိုအိမ်တော်သို့သွားရစမြဲ။ အိမ်တော်သို့ရောက်လျှင်ရွက်ကြွေကိုအေးတိအေးစက်၊လိုသည့်စကားသာပြောတတ်သည့်ဦးကြီးနှင့်ရွက်ကြွေကိုတွေ့လျှင်စကားစစ်ထိုးတတ်သည့်ဦးလေးငယ်တို့နှင့်အားရဝမ်းသာကြိုဆိုသူကဒေါ်လေးဖြူအပြင်မရှိ။ဒေါ်လေးဖြူကဝန်းလေးကိုပေးရမည့်မေတ္တာတရားများပါရွက်ကြွေအပေါ်ထည့်၍နွေးနွေးထွေးထွေးဆက်ဆံတတ်သည်။ ရွက်ကြွေဆယ်တန်းအောင်သည့်နှစ်တွင်ရွက်ကြွေအဖေကင်ဆာဖြင့်ဆုံးသွားသဖြင့်လောကကြီးထဲတွင်ရွက်ကြွေတစ်ယောက်လမ်းပျောက်နေချိန်တွင်ဒေါ်လေးဖြူကရွက်ကြွေဘေးရှိပေးကာရွက်ကြွေကိုဘဝလမ်းထဲတစ်ကိုယ်တည်းလျှောက်နိုင်အောင်ကူညီပေးခဲ့သည်။ဒေါ်လေးဖြူ၏ကူညီပေးမှုနောက်တွင်ဦးကြီးပါကောင်းပါနေမည်ကိုရွက်ကြွေသိနေသည်။ အချိန်တွေပြောင်းသွားသည့်တိုင်ရွက်ကြွေကိုမြင်လျှင်စကားစစ်ထိုးခြင်းမပြီးနိုင်သောဦးလေးငယ်ကိုတစ်ခါတစ်လေရွက်ကြွေအဖေစကားကိုလွန်ဆန်၍တန်ပြန်စစ်ပြန်ဆင်မိသည့်အချိန်အချို့လည်းရှိခဲ့သည်။ ထိုသို့ဆယ်နှစ့်နှစ်တာအချိန်စက်ဝန်းအတွင်းရွက်ကြွေတွင်ဖြစ်ပျက်ခဲ့သမျှ၏အဦးအစဖြစ်သောအဲဒီနေ့ကအဖြစ်အပျက်ကိုရွက်ကြွေပြန်မှတ်မိသွားသည့်ဒီအချိန်တွင်ရွက်ကြွေတွင်လုပ်စရာတစ်ခုသာရှိတော့သည်။
"သူတို့တွေကိုရွက်ကြွေမတွေ့တွေ့အောင်ရှာမယ်။"
ရွက်ကြွေပြတ်သားစွာရေရွတ်မိရင်းနဲ့မှ
"အဲဒါကြောင့်အဲဒီနေ့ကဦးကြီးပြုံးနေတာကိုး"
အကြောင်းစုံကိုအသေးစိတ်မှတ်မိသွားသောရွက်ကြွေကမြင်ခဲ့ရသည့်ဦးကြီး၏အပြုံးကိုပြန်သတိထားမိပြီးရေရွတ်မိလိုက်သလိုရွက်ကြွေနားထဲလည်းရွက်ကြွေအဖေပြောခဲ့သောစကားအချို့ကိုပြန်ကြားယောင်မိလာသည်။
"ဦးလေးငယ်နှင့်ဒေါ်လေးဖြူတို့ကိုသမီးတောင်းပန်ချင်ရင် သူတို့ကလေးတွေကသမီးလက်နဲ့ရှာနိုင်လုပ်ပြီး တွေ့အောင်ရှာပါ။"
"သမီး ရည်ရွယ်ထားတဲ့အရာမှန်သမျှကိုတရားသောနည်းနှင့်ရအောင်ယူပါ။"
"အဖေ့စကားကိုအမေ့နည်းအတိုင်းသမီးရအောင်လုပ်ပါ့မယ် အဖေနဲ့အမေ။ သမီးကိုကာကွယ်ပြီးအချစ်မလျော့ခဲ့ကြလို့ကျေးဇူးတင်ပါတယ်။"
ထပ်မံကြားယောင်လာသောအမေဖြစ်သူ၏စကားအဆုံးတွင်ရွက်ကြွေကိုယ်ဘာသာကိုယ်ကတိစကားဆိုခဲ့လိုက်သည်။
.
.
.
ထိုသို့ဖြင့်ရက်အချို့ကုန်ဆုံးသွားပြီးနောက်တနင်္ဂနွေနေ့သို့ရောက်ရှိလာခဲ့လေသည်။ အများပြည်သူပိတ်ရက်ဖြစ်သည့်တနင်္ဂနွေနဲ့ကိုက်ညီစွာသာယာနေသည့်ဥတုရာသီဖြစ်ပေါ်နေသောဒီပိတ်ရက်ကချစ်ရသူနဲ့သွားလာသင့်သည့်ရက်ကောင်းတစ်ခုကဲ့သို့ပင်။
ထိုရက်ကောင်းရက်မြတ်တနင်္ဂနွေတွင်'Destiny'မြန်မာလိုကံကြမ္မာဟုအဓိပ္ပါယ်ရသောဆိုင်ငယ်လေး၌သူတို့တွေဆုံခဲ့ကြသည်။
"ဟွန်း"
"ကိုလေး
"မမ"
"နင်တို့တွေဒိတ်နေကြတာလား။"
မကျေနပ်ရေရွတ်သံ၊နာမည်ခေါ်သံနှစ်ခုနဲ့အတူစကားသံတစ်ခုတူညီစွာထွက်ပေါ်လာကြသည်။ အံ့သြမှင်သက်နေကြသောလေးဦးသား၏အကြည့်တို့တည်ရာကတော့မတူညီ။
မောင်ဖြစ်သူသော်,နဲ့မောင်ဖြစ်သူ၏သူငယ်ချင်းမိန်းကလေးဖြစ်သောမျက်ဝန်းတို့ကိုမေးခွန်းထုတ်လိုသောအကြည့်တို့ဖြင့်ကြည့်နေသောသူဇာ။ အစ်ကိုလတ်ဖြစ်သူစက်ကွင်းနဲ့တူတူလာသည့်ကိုလေး၏သူငယ်ချင်းဖြစ်သလို၊သူငယ်ချင်း၏အစ်မဖြစ်သည့်သူဇာကိုမကျေနပ်ဖြစ်နေသောအကြည့်ဖြင့်ကြည့်နေသူမျက်ဝန်း။ အစ်မဖြစ်သူကိုမကျေမနပ်ကြည့်နေသောသူငယ်ချင်းမမျက်ဝန်းနဲ့မိမိတို့သူငယ်ချင်းနှစ်ယောက်ကိုမေးခွန်းများထုတ်မည့်ဟန်နဲ့ကြည့်နေသည့်အစ်မဖြစ်သူ၏အကြည့်တို့ကြားအနေရခက်နေသူကသော်။ မျက်စိရှေ့ကညီမဖြစ်သူနဲ့သူ့သူငယ်ချင်း၊ဘေးတွင်ရပ်နေသည့်သူငယ်ချင်းမိန်းကလေးတို့ကိုကျော်၍အောက်ထပ်ကဝိုင်းတစ်ဝိုင်းတွင်သူစိမ်းယောင်္ကျားတစ်ဦးနဲ့စကားလက်ဆုံကျနေသောရွက်ကြွေဝေကိုတွေ့လိုက်၍မကျေမနပ်စိုက်ကြည့်နေသည့်သူကစက်ကွင်း။
ထိုအချိန်တွင်စက်ကွင်းနဲ့အကြည့်ချင်းဆုံသွားသည်ကရွက်ကြွေဝေ။ထိုသို့အကြည့်တို့မဆုံခင်လွန်ခဲ့သောနှစ်နာရီဝန်းကျင်ကဤသို့ပင်ဖြစ်ခဲ့လေသည်။
__________________________
With Love,
PurpleNwayW
__________________________
Zawgyi Version
အဲဒီဆယ့္ႏွစ္ႏွစ္တာကာလ
< ႐ြက္ေႂကြေဝ၏အျမင္ >
မ်က္လုံးမ်ားကိုအားယူ၍ဖြင့္လိုက္သည္ႏွင့္ရင္းႏွီးသလိုရွိသည့္မ်က္ႏွာၾကက္ကိုအရင္ျမင္လိုက္ရၿပီးေနာက္
"သမီး သမီးေလး သတိရလာၿပီလား။"
ဦးစြာၾကားလိုက္ရသည့္အသံပိုင္ရွင္ကို႐ြက္ေႂကြေရ႐ြတ္မိလိုက္သည္။
"ေမေမ.."
"အင္း ဟုတ္တယ္ ေမေမပါ။ သမီးဘယ္လိုေနေသးလဲ။ ေနလို႔ေကာင္းရဲ႕လား။"
စိတ္ပူစြာဆိုလာသည့္အေမျဖစ္သူ၏စကားေၾကာင့္႐ြက္ေႂကြလွဲေနသည့္မွအေနအထားမွ႐ြက္ေႂကြထထိုင္ရန္ျပင္လိုက္ေတာ့ကိုက္ခဲလာသည့္ေခါင္းေၾကာင့္႐ြက္ေႂကြညီးၫူမိသြားသည္။
"အား နာလိုက္တာ။"
"နာတယ္ ဘယ္နားကဘယ္လိုနာတာလဲ သမီး။"
"ေခါင္းကေမေမ။ ဒါနဲ႕ေဖေဖအပါအဝင္ဦးေလးေတြေရာ၊ေဒၚေလးျဖဴေရာကဘာလို႔တစ္စုတစ္စည္းရွိေနၾကတာလဲ။ ၿပီးေတာ့ေဒၚေလးျဖဴမ်က္ႏွာကလည္းမ်က္ရည္ေတြနဲ႕။"
႐ြက္ေႂကြညီးၫူမိမႈကိုေသခ်ာေမးလာသည့္အေမျဖစ္သူကို႐ြက္ေႂကြျပန္ေျဖရင္းျမင္ေနရေသာအခန္းတြင္း၌တစ္စုတစ္စည္းရွိေနေသာလူႀကီးမ်ားေၾကာင့္႐ြက္ေႂကြေမးလိုက္မိခ်ိန္တြင္
"ဘာလို႔ငါတို႔ကတူတူရွိေနရတာလဲဆိုတာ ျပန္ေျပာျပရအုံးမွာလား ႐ြက္ေႂကြေဝ။"
ေဒါသသံျဖင့္ေျပာလာေသာဦးေလးငယ္ကိုဦးႀကီးကလက္ျဖင့္ရပ္ရန္အမူအရာျပလိုက္ၿပီး
"႐ြက္ေႂကြ သမီး တစ္ခုမွမမွတ္မိဘူးလား။"
"ေဖေဖ ဦးႀကီးေျပာတာကိုသမီးနားမလည္ဘူး။"
႐ြက္ေႂကြစကားအဆုံးတြင္႐ြက္ေႂကြေဖေဖက႐ြက္ေႂကြအနားတြင္လာထိုင္ၿပီး
"သမီး ေခါင္းထိခိုက္ရတဲ့အေၾကာင္းအရင္းကိုလုံးဝမမွတ္မိဘူးလား။"
"ဟင့္အင္း ေဖေဖ။ သမီး ေခါင္းတစ္ခ်က္ခ်က္နည္းနည္းနာေပမယ့္ သမီးဘာမွမမွတ္မိဘူး ေဖေဖ။"
႐ြက္ေႂကြေဖေဖစကားကို႐ြက္ေႂကြျပန္ေျဖလိုက္ခ်ိန္တြင္႐ြက္ေႂကြေမေမမ်က္ႏွာတြင္ဝမ္းနည္းရိပ္မ်ားထင္လာၿပီးေဒၚေလးျဖဴမ်က္ႏွာေပၚမ်က္ရည္တစ္စက္က်သြားသည္ကို႐ြက္ေႂကြျမင္လိုက္ရသျဖင့္
"ေဖေဖေရာအားလုံးေရာ တစ္ခုခုျဖစ္ေနတာကိုသမီးခံစားမိတယ္။ သမီးကိုေျပာျပေပးၾကပါ။"
"ကိုႀကီး ကိုလတ္ ကြၽန္ေတာ္ကိုလာမတားနဲ႕။ ငါေျပာတဲ့စကားကိုေသခ်ာနားေထာင္႐ြက္ေႂကြေဝ။"
႐ြက္ေႂကြစကားအဆုံးတြင္ဦးေလးငယ္ထံမွထြက္လာသည့္စကားေၾကာင့္႐ြက္ေႂကြ,ဆက္ေျပာလာမည့္ဦးေလးငယ္စကားကိုနားေထာင္ေနမိသည္။
"နင္တို႔ကေလးသုံးေယာက္ ငါတို႔လူႀကီးေတြမရွိတုန္း ၿခံထဲမွာေျပးေဆာ့ၾကတယ္ဆို။"
"႐ြက္ေႂကြတို႔အၿမဲတမ္း အိမ္ေတာ္ထဲမွာပဲေဆာ့ၾကတာပါ ဦးေလးငယ္ရဲ႕။"
"နင္ကိုငါေမးေနတာမဟုတ္ဘူး။ ငါေျပာျပေနတာ။ နင္တို႔အဲလိုေဆာ့တာကိုျမင္လိုက္တဲ့အိမ္အကူလည္းရွိတယ္။ နင္တို႔ေဆာ့ခ်င္တိုင္းေဆာ့လို႔ရတယ္လို႔ငါတို႔ခြင့္ျပဳေပးထားေပမယ့္ အခုလိုၿခံထဲမွာေဆာ့ဖို႔ေတာ့ငါတို႔ခြင့္မေပးထားဘူး။...."
"ဒါေပမယ့္နင္ကဦးေဆာင္ၿပီးၿခံထဲဆင္းေဆာ့႐ုံသာမကငါ့ကေလးနဲ႕ကိုႀကီးတို႔ရဲ႕ကေလးကိုပါမေစာင့္ေရွာက္နိုင္သလိုကိုယ္ကိုယ့္ကိုေတာင္မေစာင့္ေရွာက္နိုင္ဘူးပဲ။"
"ဦးေလးငယ္ ဘာေတြေျပာေနတာလဲ။ သမီးက ဝန္းေလးတို႔ေတြကိုဘာလုပ္မိခဲ့လို႔လဲ။"
"အခု နင္ေၾကာင့္သူတို႔ေတြေပ်ာက္သြားၿပီေလ။ ၿခံထဲဆင္းေဆာ့မယ္ဆိုၿပီးနင္ဦးေဆာင္ခဲ့လို႔ငါတို႔ကေလးေတြကိုရွာမေတြ႕ေတာ့ဘူး။"
႐ြက္ေႂကြအေမးစကားအဆုံးတြင္ဦးေလးငယ္ေျဖလာေသာစကားေၾကာင့္႐ြက္ေႂကြေခါင္းေတြခ်ာခ်ာလည္လာၿပီးပုံရိပ္မ်ားစြာေရာေထြးလာၿပီး
"ဟင့္အင္း မဟုတ္ဘူး ဝန္းေလးတို႔ေပ်ာက္ေနတာကမဟုတ္ဘူး။ ဟုတ္တယ္မလား ေဖေဖ၊ေမေမ။ ေဒၚေလးျဖဴ သမီးကိုေျဖေပးၾကပါအုံး။"
႐ြက္ေႂကြစကားကိုဘယ္သူကမွျပန္မေျဖပဲဆိတ္ဆိတ္ေနျခင္းျဖင့္ဝန္ခံေနၾကခ်ိန္ဦးေလးငယ္တစ္ေယာက္႐ြက္ေႂကြေရွ႕သို႔ေလွ်ာက္လာၿပီး႐ြက္ေႂကြပခုံးကိုခပ္ျပင္းျပင္းဆုပ္ကိုင္ကာ
"အခုမွေပ်ာက္တာမဟုတ္ဘူး ဘာညာေျပာမေနနဲ႕။ နင္ကအခုမွသိၿပီးေအာ္ဟစ္ေနခ်ိန္မွာငါတို႔ခံစားေနတာသုံးေလးရက္မကေတာ့ဘူးဟ။"
ဦးေလးငယ္စကားအဆုံးတြင္႐ြက္ေႂကြမ်က္ႏွာေပၚအလိုလိုမ်က္ရည္မ်ားက်လာသည္။
"စိုးမိုးထိုက္ မင္းေတာ္လိုက္ေတာ့။ ႐ြက္ေႂကြကအခုမွသတိရလာတာ။ သူ႕စိတ္ကိုအရမ္းထိခိုက္ေအာင္မလုပ္ရေအာင္ကြာ။"
"ေတာ္ ရမယ္။ ထိခိုက္ေအာင္မလုပ္ရေအာင္။ ဟုတ္လား ကိုလတ္။ ေပ်ာက္သြားတာကြၽန္ေတာ့္သားနဲ႕ကိုႀကီးသမီး ကိုလတ္ရဲ႕တူနဲ႕တူမေနာ္။ ကိုလတ္ သမီးပဲကေလးမဟုတ္ဘူး။ ကြၽန္ေတာ္တို႔သားသမီးေတြလည္း ကေလးေတြပါပဲ။ ကိုလတ္နည္းနည္းေတာ့ကိုယ္ခ်င္းစာၾကည့္ဗ်။"
ဦးေလးငယ္က႐ြက္ေႂကြပခုံးကိုဆုပ္ထားေသာသူ႕လက္တို႔ကိုလႊတ္ၿပီး႐ြက္ေႂကြေဖေဖကိုဆိုလာသည္။
"ဒါဆို မင္းလည္းေတြးၾကည့္ေလ။ ေျခာက္ရက္နီးပါးေလာက္သတိမရပဲ သတိရတာနာရီေတာင္မျပည့္ေသးတဲ့ကေလးတစ္ေယာက္ကို အခုလိုစိတ္အေျခအေနျပင္းထန္ေအာင္လုပ္သင့္လို႔လား။"
"ကိုလတ္ ..."
"ေတာ္ေတာ့ စိုးမိုးထိုက္။"
"ေတာ္ပါေတာ့ အစ္ကိုရယ္။"
႐ြက္ေႂကြေဖေဖ၏စကားအဆုံးတြင္ထြက္လာသည့္ဦးေလးငယ္၏စကားကိုေဒၚေလးျဖဴကအျမန္ဝင္ေျပာလိုက္သလို႐ြက္ေႂကြေမေမကလည္း႐ြက္ေႂကြအေဖ၏လက္ကိုကိုင္ကာဆက္မေျပာရန္အမူအရာျပလိုက္သည္။
"မႏွင္းပြင့္ျဖဴ ေပ်ာက္သြားတဲ့ကေလးထဲမွာခင္ဗ်ားကေလးလည္းပါတယ္ေနာ္။"
"ငါ့ကေလးလည္းပါတယ္ ဒါေပမယ့္ရွိေနတဲ့ကေလးဘက္လည္းငါတို႔ေတြၾကည့္ေပးရေအာင္။"
ဦးေလးငယ္၏စကားကိုျပန္ေျပာလာေသာေဒၚေလးျဖဴစကားအဆုံးတြင္ဦးေလးငယ္ကေဒၚေလးျဖဴကိုတစ္ခ်က္ခပ္စူးစူးၾကည့္ၿပီး
"အဲဒါေတြအကုန္လုံး မင္းေၾကာင့္ပဲဆိုတာ မွတ္ထား ႐ြက္ေႂကြေဝ။.. "
ဦးေလးငယ္၏ေျပာရင္း႐ြက္ေႂကြကိုေဒါသမ်က္ဝန္းေတြျဖင့္စိုက္ၾကည့္ကာဆက္ေျပာလာသည္။
"နင္ကကေလးေတြထဲမွာအႀကီးဆုံးျဖစ္ၿပီးကိုယ့္ေမာင္ႏွမေတြကိုေတာင္မေစာင့္ေရွာက္နိုင္တဲ့အသုံးမက်တဲ့လူ။"
နားထဲကိုဝင္လာေသာဦးေလးငယ္၏စကားမ်ားကအဆိပ္လူးထားတဲ့ျမႇားမ်ားထက္ပိုအဆိပ္ျပင္းထန္ေနသည္။ဦးေလးငယ္၏ေဒါသအၾကည့္မ်ားကို႐ြက္ေႂကြၾကည့္ရင္း႐ြက္ေႂကြျမင္ကြင္းထဲေပၚလာသည္က႐ြက္ေႂကြကိုေဒါသစိတ္ျဖင့္ၾကည့္ေနေသာလူတစ္ေယာက္ပုံရိပ္နဲ႕အတူလဲက်ေနေသာကေလးတစ္ေယာက္၊ဆုပ္ကိုင္ထားေသာလက္ကေနလြတ္သြားေသာခံစားမႈအခ်ိဳ႕တို႔ကိုပါခံစားျမင္ေယာင္လာမႈႏွင့္အတူ႐ြက္ေႂကြ၏ေခါင္းတို႔အင္မတန္ကိုက္လာကာ႐ြက္ေႂကြ,နာက်င္မႈအမ်ားႀကီးကိုခံစားလာရသျဖင့္
"အား နာတယ္။ နာတယ္။"
႐ြက္ေႂကြေအာ္သံအဆုံးတြင္႐ြက္ေႂကြေဖေဖက႐ြက္ေႂကြနားသို႔ေရာက္လာသလိုျပာျပာသလဲလဲျဖစ္ေနေသာ႐ြက္ေႂကြအေမက႐ြက္ေႂကြခံစားရေသာနာက်င္မႈမ်ားေျပေပ်ာက္ရန္မ်က္ရည္မ်ားက်ေနသည့္ၾကားထဲကဆရာဝန္ေခၚေနသံကိုနားစြန္နားဖ်ားၾကားရသည္။ ဦးေလးငယ္ႏွင့္ေဒၚေလးျဖဴကေတာ့႐ြက္ေႂကြကိုခံစားခ်က္မဲ့မ်က္ႏွာမ်ားျဖင့္ၾကည့္ေနၾကသည္။ နာက်င္မႈေၾကာင့္႐ြက္ေႂကြေလာကႀကီးအေမွာင္မဖုံးခင္႐ြက္ေႂကြေတြ႕ျဖစ္ေအာင္ေတြ႕လိုက္ရသည္ကနာက်င္မႈမ်ားစြာခံစားေနရသည့္႐ြက္ေႂကြကိုသေဘာတက်ၿပဳံးေနသည့္အၿပဳံးမ်ိဳးႏွင့္ၾကည့္ေနေသာဦးႀကီး၏အၿပဳံးတစ္ခုကိုပင္။
.
.
.
ထိုအျဖစ္အပ်က္မ်ားျဖစ္ၿပီးေနာက္တြင္႐ြက္ေႂကြတို႔မိသားစုအိမ္ေတာ္သို႔အသြားအလာမရွိေတာ့။ဦးႀကီးနဲ႕ေဒၚေလးျဖဴကအရင္အတိုင္းဆက္ဆံၾကသည့္တိုင္ဦးေလးငယ္ကေတာ့ကြဲျပားခဲ့သည္။အိမ္ေတာ္သို႔႐ြက္ေႂကြတို႔မိသားစုေရာက္သည့္ခ်ိန္႐ြက္ေႂကြတို႔မိသားစုအထူးသျဖင့္႐ြက္ေႂကြႏွင့္ေတြ႕သည့္အခါတိုင္း႐ြက္ေႂကြကိုစကားလုံးမ်ားျဖင့္႐ြက္ေႂကြကိုအလိုမရွိေၾကာင္းဆိုတတ္သည္။ထိုအခ်ိန္တြင္႐ြက္ေႂကြနားလည္ခဲ့သည့္အရာတစ္ခုရွိသည္။စကားလုံးျမႇားသည္အဆိပ္လူးထားသည့္ျမႇားထက္ပိုအဆိပ္ျပင္းသည္ကို။ ႐ြက္ေႂကြကိုေတြ႕တိုင္းစကားစစ္ထိုးတတ္ေသာဦးေလးငယ္အေၾကာင္းသိေနေသာ႐ြက္ေႂကြအေဖက႐ြက္ေႂကြကိုအတတ္နိုင္ဆုံးအိမ္ေတာ္ႏွင့္အဆက္အဆံမရွိေစေအာင္ႀကိဳးစားသည္။ အိမ္ေတာ္၏အခမ္းအနားမ်ားကို႐ြက္ေႂကြအေမဆုံးၿပီးေနာက္႐ြက္ေႂကြမပါပဲအေဖတစ္ေယာက္တည္းသာတက္ေရာက္သည္။႐ြက္ေႂကြကိုလည္းအၿမဲတမ္းဦးေလးငယ္အေပၚစိတ္မကြက္ေစရန္ဆုံးမသလိုအခြင့္ႀကဳံတိုင္းလဲေပ်ာက္ဆုံးသြားသည့္ ဝမ္းကြဲေမာင္ႏွမမ်ားကိုရေအာင္ရွာရန္မွာၾကားမျပတ္ခဲ့။ ႐ြက္ေႂကြနဲ႕အိမ္ေတာ္ၾကားပတ္သက္မႈမရွိေစရန္႐ြက္ေႂကြေဖေဖႀကိဳးစားခဲ့သည့္တိုင္ေဒၚေလးျဖဴ၏အခါခါဖိတ္ေခၚစကားမ်ားေၾကာင့္႐ြက္ေႂကြတစ္ေယာက္တစ္ႏွစ္လွ်င္တစ္ခါ၊ႏွစ္ခါဆိုသလိုအိမ္ေတာ္သို႔သြားရစၿမဲ။ အိမ္ေတာ္သို႔ေရာက္လွ်င္႐ြက္ေႂကြကိုေအးတိေအးစက္၊လိုသည့္စကားသာေျပာတတ္သည့္ဦးႀကီးႏွင့္႐ြက္ေႂကြကိုေတြ႕လွ်င္စကားစစ္ထိုးတတ္သည့္ဦးေလးငယ္တို႔ႏွင့္အားရဝမ္းသာႀကိဳဆိုသူကေဒၚေလးျဖဴအျပင္မရွိ။ေဒၚေလးျဖဴကဝန္းေလးကိုေပးရမည့္ေမတၱာတရားမ်ားပါ႐ြက္ေႂကြအေပၚထည့္၍ႏြေးႏြေးေထြးေထြးဆက္ဆံတတ္သည္။ ႐ြက္ေႂကြဆယ္တန္းေအာင္သည့္ႏွစ္တြင္႐ြက္ေႂကြအေဖကင္ဆာျဖင့္ဆုံးသြားသျဖင့္ေလာကႀကီးထဲတြင္႐ြက္ေႂကြတစ္ေယာက္လမ္းေပ်ာက္ေနခ်ိန္တြင္ေဒၚေလးျဖဴက႐ြက္ေႂကြေဘးရွိေပးကာ႐ြက္ေႂကြကိုဘဝလမ္းထဲတစ္ကိုယ္တည္းေလွ်ာက္နိုင္ေအာင္ကူညီေပးခဲ့သည္။ေဒၚေလးျဖဴ၏ကူညီေပးမႈေနာက္တြင္ဦးႀကီးပါေကာင္းပါေနမည္ကို႐ြက္ေႂကြသိေနသည္။ အခ်ိန္ေတြေျပာင္းသြားသည့္တိုင္႐ြက္ေႂကြကိုျမင္လွ်င္စကားစစ္ထိုးျခင္းမၿပီးနိုင္ေသာဦးေလးငယ္ကိုတစ္ခါတစ္ေလ႐ြက္ေႂကြအေဖစကားကိုလြန္ဆန္၍တန္ျပန္စစ္ျပန္ဆင္မိသည့္အခ်ိန္အခ်ိဳ႕လည္းရွိခဲ့သည္။ ထိုသို႔ဆယ္ႏွစ့္ႏွစ္တာအခ်ိန္စက္ဝန္းအတြင္း႐ြက္ေႂကြတြင္ျဖစ္ပ်က္ခဲ့သမွ်၏အဦးအစျဖစ္ေသာအဲဒီေန႕ကအျဖစ္အပ်က္ကို႐ြက္ေႂကြျပန္မွတ္မိသြားသည့္ဒီအခ်ိန္တြင္႐ြက္ေႂကြတြင္လုပ္စရာတစ္ခုသာရွိေတာ့သည္။
"သူတို႔ေတြကို႐ြက္ေႂကြမေတြ႕ေတြ႕ေအာင္ရွာမယ္။"
႐ြက္ေႂကြျပတ္သားစြာေရ႐ြတ္မိရင္းနဲ႕မွ
"အဲဒါေၾကာင့္အဲဒီေန႕ကဦးႀကီးၿပဳံးေနတာကိုး"
အေၾကာင္းစုံကိုအေသးစိတ္မွတ္မိသြားေသာ႐ြက္ေႂကြကျမင္ခဲ့ရသည့္ဦးႀကီး၏အၿပဳံးကိုျပန္သတိထားမိၿပီးေရ႐ြတ္မိလိုက္သလို႐ြက္ေႂကြနားထဲလည္း႐ြက္ေႂကြအေဖေျပာခဲ့ေသာစကားအခ်ိဳ႕ကိုျပန္ၾကားေယာင္မိလာသည္။
"ဦးေလးငယ္ႏွင့္ေဒၚေလးျဖဴတို႔ကိုသမီးေတာင္းပန္ခ်င္ရင္ သူတို႔ကေလးေတြကသမီးလက္နဲ႕ရွာနိုင္လုပ္ၿပီး ေတြ႕ေအာင္ရွာပါ။"
"သမီး ရည္႐ြယ္ထားတဲ့အရာမွန္သမွ်ကိုတရားေသာနည္းႏွင့္ရေအာင္ယူပါ။"
"အေဖ့စကားကိုအေမ့နည္းအတိုင္းသမီးရေအာင္လုပ္ပါ့မယ္ အေဖနဲ႕အေမ။ သမီးကိုကာကြယ္ၿပီးအခ်စ္မေလ်ာ့ခဲ့ၾကလို႔ေက်းဇူးတင္ပါတယ္။"
ထပ္မံၾကားေယာင္လာေသာအေမျဖစ္သူ၏စကားအဆုံးတြင္႐ြက္ေႂကြကိုယ္ဘာသာကိုယ္ကတိစကားဆိုခဲ့လိုက္သည္။
.
.
.
ထိုသို႔ျဖင့္ရက္အခ်ိဳ႕ကုန္ဆုံးသြားၿပီးေနာက္တနဂၤႏြေေန႕သို႔ေရာက္ရွိလာခဲ့ေလသည္။ အမ်ားျပည္သူပိတ္ရက္ျဖစ္သည့္တနဂၤႏြေနဲ႕ကိုက္ညီစြာသာယာေနသည့္ဥတုရာသီျဖစ္ေပၚေနေသာဒီပိတ္ရက္ကခ်စ္ရသူနဲ႕သြားလာသင့္သည့္ရက္ေကာင္းတစ္ခုကဲ့သို႔ပင္။
ထိုရက္ေကာင္းရက္ျမတ္တနဂၤႏြေတြင္'Destiny'ျမန္မာလိုကံၾကမၼာဟုအဓိပၸါယ္ရေသာဆိုင္ငယ္ေလး၌သူတို႔ေတြဆုံခဲ့ၾကသည္။
"ဟြန္း"
"ကိုေလး
"မမ"
"နင္တို႔ေတြဒိတ္ေနၾကတာလား။"
မေက်နပ္ေရ႐ြတ္သံ၊နာမည္ေခၚသံႏွစ္ခုနဲ႕အတူစကားသံတစ္ခုတူညီစြာထြက္ေပၚလာၾကသည္။ အံ့ၾသမွင္သက္ေနၾကေသာေလးဦးသား၏အၾကည့္တို႔တည္ရာကေတာ့မတူညီ။
ေမာင္ျဖစ္သူေသာ္,နဲ႕ေမာင္ျဖစ္သူ၏သူငယ္ခ်င္းမိန္းကေလးျဖစ္ေသာမ်က္ဝန္းတို႔ကိုေမးခြန္းထုတ္လိုေသာအၾကည့္တို႔ျဖင့္ၾကည့္ေနေသာသူဇာ။ အစ္ကိုလတ္ျဖစ္သူစက္ကြင္းနဲ႕တူတူလာသည့္ကိုေလး၏သူငယ္ခ်င္းျဖစ္သလို၊သူငယ္ခ်င္း၏အစ္မျဖစ္သည့္သူဇာကိုမေက်နပ္ျဖစ္ေနေသာအၾကည့္ျဖင့္ၾကည့္ေနသူမ်က္ဝန္း။ အစ္မျဖစ္သူကိုမေက်မနပ္ၾကည့္ေနေသာသူငယ္ခ်င္းမမ်က္ဝန္းနဲ႕မိမိတို႔သူငယ္ခ်င္းႏွစ္ေယာက္ကိုေမးခြန္းမ်ားထုတ္မည့္ဟန္နဲ႕ၾကည့္ေနသည့္အစ္မျဖစ္သူ၏အၾကည့္တို႔ၾကားအေနရခက္ေနသူကေသာ္။ မ်က္စိေရွ႕ကညီမျဖစ္သူနဲ႕သူ႕သူငယ္ခ်င္း၊ေဘးတြင္ရပ္ေနသည့္သူငယ္ခ်င္းမိန္းကေလးတို႔ကိုေက်ာ္၍ေအာက္ထပ္ကဝိုင္းတစ္ဝိုင္းတြင္သူစိမ္းေယာကၤ်ားတစ္ဦးနဲ႕စကားလက္ဆုံက်ေနေသာ႐ြက္ေႂကြေဝကိုေတြ႕လိုက္၍မေက်မနပ္စိုက္ၾကည့္ေနသည့္သူကစက္ကြင္း။
ထိုအခ်ိန္တြင္စက္ကြင္းနဲ႕အၾကည့္ခ်င္းဆုံသြားသည္က႐ြက္ေႂကြေဝ။ထိုသို႔အၾကည့္တို႔မဆုံခင္လြန္ခဲ့ေသာႏွစ္နာရီဝန္းက်င္ကဤသို႔ပင္ျဖစ္ခဲ့ေလသည္။
__________________________
With Love,
PurpleNwayW
__________________________