Me, You, The Ghost & Her

By PurpleNway

784 50 12

Me You the Ghost & Her More

Explanation & Introduction
Chapter-1 [Am I a Ghost?]
Chapter-2 [I Meet Her Again]
Chapter-3 [Work-Partner]
Chapter-4 [Strange Old Man]
Chapter-5 [A Night With Her]
Chapter-6 [F W M A,D]
Chapter-7 [Can you always protect me?]
Chapter-8 [I have An Answer But...]
Chapter-9 [Strange & Unseen]
Chapter-10 [Visit To Her Work]
Chapter-11 [Who Saved Me?]
Chapter-12 [Can You See Me?]
Chapter-13 [Secrets With People]
Chapter-14 [Secrets With People 2]
Chapter-15 [Who Is She?]
Chapter-16 [Again To Meet 1]
Chapter-17 [Again To Meet 2]
Chapter-18 [Can You Help Me?]
Chapter-19 [I Don't Know The Way To Help Your Friend]
Chapter-20 [ The One Who Know To Solve This Problem]
Chapter-21 [She Has Many Secrets]
Chapter - 22 [Her World's Other Side]
Chapter - 23 [ A Strange Place ]
Chapter - 24 [ Pieces of Memories ]
Chapter - 25 [ Pain & Pale ]
Chapter - 26 [ Me,You The Ghost And Her ]
Chapter - 27 [ After Situation ]
Chapter - 28 [ MaskOwner ]
Chapter - 29 [The Person Who Knows]
Chapter - 30 [ Hospital Out Day ]
Chapter - 32 [ Events On That Day ]
Chapter - 33 [ That Twelve Years ]
Chapter - 34 [ Destiny Date ]
Chapter - 35 [ One Step Near ]
Chapter - 36 [ Our Past ]
Chapter - 37 [ Thought or Truth ]
Chapter - 38 [ Team's Dinner ]
Chapter - 39 [ Something Between Them ]
Chapter - 40 [ Did We meet back ??? ]

Chapter - 31 [ Uncle's Idea ]

9 0 0
By PurpleNway

Unicode Version

အခန်း - ၃၁
ဦးလေး၏အကြံ





ကားလမ်းတစ်ဖက်တစ်ချက်စီမှာရှိနေသောစိမ်းစိုစိုသစ်ပင်ကြီးများနှင့်ညနေခင်းနေမင်းကြီး​ကိုကောင်းကင်ပြာပြာကကျောထောက်နောက်ခံပြုနေသောဤမြင်ကွင်းကကြည့်နေသောရွက်ကြွေအတွက်သက်ရှိပန်းချီကားကြီးသဖွယ်။ ရွက်ကြွေလိုက်ပါစီးနင်းနေသောတရွေ့ရွေ့မောင်းနှင်နေသည့်ကားလေး၏ဘေးကထိုမြင်ကွင်းကိုရွက်ကြွေကြည့်နေသော်လည်းရွက်ကြွေအတွေးတို့ကလွန်ခဲ့သောနာရီအချို့သို့သာရောက်ရှိနေမိသည်။

"ဒေါက် ဒေါက်"

"ကျွီ"

ရွက်ကြွေ၏ကားမှန်တံခါးကိုထိခေါက်သံကြောင့်ကားအတွင်းရှိနေသောသက်တော်စောင့်အစ်ကိုကကားမှန်ကိုချလိုက်ကာအံ့သြ​ဟန်ဖြင့်

"မမလေး မမလေးဘယ်ကပေါ်လာတာလဲ။ ကျွန်တော်မနက်ကမမလေးတိုက်ခန်းကိုလာကြည့်ပေမယ့်တံခါးကသော့ခတ်ထားတယ်။"

"ရွက်ကြွေ အလုပ်သွားတာ။"

"အလုပ်သွားတာဆို အစောကြီးပြန်ရောက်တာလား မမလေး။"

ရွက်ကြွေစကားအဆုံးတွင်သက်တော်စောင့်အစ်ကိုကအံ့သြစွာဆိုလာသဖြင့်ရွက်ကြွေကပင်ဆက်၍

"အလုပ်မှာခွင့်ကနှစ်ရက်တောင်ရှိနေပြီဆိုတော့အကျိုးအကြောင်းပြောရင်းလက်စအလုပ်သွားတက်သွားတာလေ။ ပြီးတော့အလုပ်ကအစ်မကိုအလုပ်စောစောဆင်းဖို့အကျိုးအကြောင်းပြောပြီးခပ်စောစောထွက်လာတာ။"

"အဲဒါဆိုရင်အစကတည်းကမသွားပါနဲ့လား မမလေးရယ်။ မမလေးကလည်း နေကဖြင့်ကောင်းသေးရဲ့လားမသိတာကို။"

"မနေ့ကဝယ်ပေးတဲ့ဆေးတွေကြောင့်ကောင်းကောင်းသက်သာသွားလို့ ရွက်ကြွေအလုပ်သွားတာပါ။"

စိုးရိမ်စွာပြောလာသောသက်တော်စောင့်အစ်ကို၏စကားကိုရွက်ကြွေသေချာဖြေရှင်းကာပြောလိုက်မှသက်တော်စောင့်အစ်ကိုကစိတ်ချသွားဟန်နဲ့

"မမလေး အဆင်ပြေဖို့ကအဓိကပါပဲ​ဗျာ။ ဒါနဲ့ဘာလုပ်တာလဲ မမလေး။"

ခပ်တိုးတိုးရေရွတ်လာသည့်သက်တော်စောင့်အစ်ကိုကကားထဲဝင်ထိုင်သောရွက်ကြွေကိုကားမှန်ထဲကတွေ့သွားတော့ခပ်ကျယ်ကျယ်ဆိုလာသည့်စကားကိုရွက်ကြွေခပ်ပြုံးပြုံးဖြင့်ပြန်ဖြေမိသည်က

"ရွက်ကြွေအတွက်အစ်ကိုအဆင်ပြေမှာကလည်းအဓိကနည်းနည်းတော့ကျပါတယ်။ ရွက်ကြွေကိုခေါ်လာခိုင်းတဲ့အစ်ကိုသူဌေးဆီရွက်ကြွေကိုလိုက်ပို့ပေးတော့လေ။"

ရွက်ကြွေ၏ပထမစကားတွင်ပျော်ရွှင်ရပုံရသော်လည်းဆက်၍ထွက်လာသောရွက်ကြွေ၏စကားတွင်မပျော်ရွှင်တော့ပုံရသွားသည့်တိုင်ရွက်ကြွေစကားအတိုင်းကားကိုရပ်နေရာမှမောင်းထွက်ရန်စက်နှိုးလိုက်ပြီး

"သူဌေးဘက်ကပြောလာမယ့်စကားအတိုင်းသာဖြေပါ။ ဒီရက်ပိုင်းကိစ္စတွေကိုကျွန်တော်တတ်နိုင်သလောက်ဖြေရှင်းထားပါတယ်။ ခါးပတ်လေးလည်းပတ်ထားပေးပါ မမလေး။"

သက်တော်စောင့်အစ်ကိုကပြောရင်းကားစမောင်းသဖြင့်ရွက်ကြွေလည်းခါးပတ်ကိုသာသေချာပတ်လိုက်မိသည်။ တစ်နာရီနီးပါးအချိန်ကြာပြီးနောက်ရွက်ကြွေတို့နှစ်ယောက်အိမ်တော်ရှေ့သို့ရောက်လာခဲ့ကြသည်။

.

ကားရပ်လိုက်သည်နှင့်သက်တော်စောင့်အစ်ကိုကကားတံခါးလာဖွင့်ပေးသည်။ ရွက်ကြွေကားပေါ်ကဆင်းသည်နှင့်ဦးကြီးရှိနေလောက်မည့်စာကြည့်ခန်းသို့တန်းလျှောက်လာခဲ့သည်။

"ဒေါက် ဒေါက် ဒေါက်"

"ဝင်ခဲ့"

တံခါးခေါက်သံအဆုံး၌ထွက်လာသောပြန်ဖြေသံကြောင့်ရွက်ကြွေတံခါးကိုဖွင့်ကာစာကြည့်ခန်းထဲသို့ဝင်လာခဲ့သည်။

"ရွက်ကြွေကိုခေါ်ခိုင်းတယ်ဆိုတာက"

"အခုမှရောက်လာတာလား ရွက်ကြွေ။"

တစ်ဆက်တည်းဆိုသလိုထွက်လာသည့်စကားသံနှစ်ခုကြောင့်ရွက်ကြွေနဲ့ဦးကြီးတို့တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်ဖြစ်လိုက်သည်။

"မနေ့ကရွက်ကြွေတိုက်ခန်းမှာမရှိဘူး ဦးကြီး။ ရွက်ကြွေအလုပ်ကိစ္စနဲ့ရုံးကပြန်မလာဖြစ်ဘူး။"

ရွက်ကြွေအကြည့်တို့ကိုမလွှဲပဲအရင်ဖြေလိုက်တော့ဦးကြီးက

"အရင်ထိုင်ပါအုံး ပြောရမယ့်စကားတွေကနည်းနည်းများတယ်။ တစ်ခုခုသောက်ချင်သေးလား။"

"မသောက်တော့ပါဘူး။ ရွက်ကြွေမနားပဲလာခဲ့ရလို့မြန်မြန်ပြန်ချင်တယ်။"

ရွက်ကြွေ,ဦးကြီးရှေ့ကထိုင်ခုံအလွတ်တွင်ဝင်ထိုင်ရင်းပြောလိုက်တော့ဦးကြီးကစားပွဲပေါ်ကဖုန်းကိုလှမ်းယူပြီးဖုန်းထဲကိုကြည့်ပြီးမှ

"လာမယ့်ဆန်းဒေးအားတယ်မလားရွက်ကြွေ။ ဦးကြီး,ရွက်ကြွေကို Blind Date တွေ့ပေးစေချင်လို့။"

"Blind Date "

"ရွက်ကြွေလည်းမငယ်တော့ဘူးနော်။ ပြီးတော့ဦးကြီးကတွေ့ကြည့်ဖို့ပဲပြောတာပါ။ အဲဒီသူနဲ့လက်ထပ်ဖို့အထိတော့မပြောပါဘူး။"

ရွက်ကြွေ၏အထိတ်တလန့်ရေရွတ်မှုကိုဦးကြီးကစကားအေးအေးဖြင့်ဖြေလာသည်။ဦးကြီးစကားကိုရွက်ကြွေပြန်ပြောနိုင်ပဲအတွေးထဲပေါ်လာသည့်သူကိုသာခဏတွေးမိသွားသည်။ သို့သော်လည်းအကွက်ကျစီစဥ်ထားပုံရသောဦးကြီး၏ရုတ်တရက်ဆန်သောစကားကြောင့်ရွက်ကြွေစဥ်းစားနေမိစဥ်ရွက်ကြွေကြည့်မိသွားသည့်ဦးကြီးမျက်နှာကအပြုံးတစ်ခု။ကျိန်းသေပေါက်ရွက်ကြွေလုပ်ကိုလုပ်ရမယ်လို့တိုက်တွန်းနေတဲ့ထိုအပြုံးကရွက်ကြွေအတွက်ရင်းနှီးနေသည်။

"တိတ်ဆိတ်နေတယ်ဆိုတော့ရွက်ကြွေလက်ခံတယ်လို့ဦးကြီးတွေးလိုက်မယ်။"

ဦးကြီးစကားကရွက်ကြွေအတွေးတို့ကိုပြတ်တောက်သွားသည်။

"ဒါပေမယ့် ရွက်ကြွေမှာ Blind Date ဖို့အဝတ်အစား၊အပြင်အဆင်မရှိဘူး။"

"ဦးကြီးတွေ့ခိုင်းတဲ့ Blind Date ပဲ၊ဦးကြီးအကုန်စီစဥ်ပေးမယ်။ နောက်နေ့ Dark မဟုတ်ဘူး နက်ရောင်လွှမ်းနဲ့စီစဥ်ခိုင်းလိုက်မယ်။ အဲဒါသမီးကိုခေါ်ပြောပြတာ။"

"တလက်စတည်းနဲ့ရွက်ကြွေ,ဒေါ်လေးဖြူကိုဝင်ကြည့်ပြီးမှပဲပြန်တော့မယ်။ ဦးကြီး ရွက်ကြွေကိုခွင့်ပြုအုံး။"

ရွက်ကြွေပြောပြီးဦးကြီးရှေ့မှထွက်လာခဲ့သည်။

.

"ရွက်ကြွေ"

စာကြည့်ခန်းထဲမှရွက်ကြွေထွက်လာချိန်တွင်ကြားလိုက်ရသည့်နာမည်ခေါ်သံကြောင့်ရွက်ကြွေလှည့်ကြည့်လိုက်တော့အပေါ်ထပ်တွင်ရှိနေ​သောဒေါ်လေးဖြူကိုတွေ့လိုက်ရ၍ရွက်ကြွေ,ဒေါ်လေးဖြူရှိရာအပေါ်ထပ်သို့တက်လာခဲ့သည်။

"နေလို့ကောင်းသွားပြီလား ဒေါ်လေးဖြူ။"

"ကောင်းသွားတာကြာပါပြီ။ ရွက်ကြွေ​ဒီကို.."

"ဦးကြီးခေါ်ထားတာပါ။ Blind Date တွေ့ဖို့။"

"ရွက်ကြွေ.."

ရွက်ကြွေကိုကြည့်လာသောဒေါ်လေးဖြူကိုရွက်ကြွေအပြုံးတစ်ခုသာပြုံးပြလိုက်ပြီးမှ

"ဒေါ်လေးဖြူ နေကောင်းအောင်နေနော်။ ရွက်ကြွေကိုအလကားနေရင်းစိတ်ပူမနေနဲ့။ နောက်ကျမှာစိုးလို့ရွက်ကြွေပြန်တော့မယ် ဒေါ်လေးဖြူ။"

"အေးပါကွယ်။"

ဒေါ်လေးဖြူ၏ပြန်ဖြေစကားအဆုံးတွင်ရွက်ကြွေအပေါ်ထပ်မှပြန်ဆင်းလာခဲ့သည်။ ရွက်ကြွေအိမ်တော်ထဲကထွက်လာတော့အိမ်တော်ရှေ့တွင်သက်တော်စောင့်အစ်ကိုကရွက်ကြွေကိုပြန်လိုက်ပို့ရန်စောင့်နေသည်။ ရွက်ကြွေလည်းသက်တော်စောင့်အစ်ကိုနှင့်အိမ်တော်မှပြန်ထွက်လာခဲ့လေသည်။

.
.
.

"မမလေး မမလေး"

သက်တော်စောင့်အစ်ကို၏ခေါ်သံကြားမှရွက်ကြွေအတွေးထဲမှထွက်လိုက်ပြီး

"ဘာဖြစ်လို့လဲဟင်။"

"သူဌေးကမမလေးကိုဘာတွေမေးလဲဆိုတာကျွန်တော်သိချင်လို့ပါ။"

"ဟိုနေ့ညကကိစ္စမပါပဲဒီအတိုင်းနောက်အကြောင်းအရာတစ်ခုပါ။  ဒါပေမယ့်ရွက်ကြွေ,အစ်ကိုဆီကသိချင်တာရှိသေးတယ်။ အစ်ကိုပြောပြနိုင်မလား။"

သက်တော်စောင့်အစ်ကို၏စကားကိုရွက်ကြွေ​ပြန်ဖြေလိုက်ရင်းရွက်ကြွေသိချင်မိသောအရာများကိုမေးကြည့်ရန်စကားစပျိုးလိုက်တော့သက်တော်စောင့်အစ်ကိုကတက်ကြွစွာဖြင့်

"မမလေး မေးချင်တာမေးကြည့်လေ။ ကျွန်တော်သိသမျှဖြေပေးပါ့မယ်။"

"အဲနေ့ညကသေနတ်နဲ့လူတွေကဦးကြီးနဲ့ပတ်သက်နေတယ်မလား။ ရွက်ကြွေတို့ဦးကြီးဘာတွေလုပ်နေလဲဆိုတာရွက်ကြွေသိချင်တယ်။"

ရွက်ကြွေစကားအဆုံးတွင်သက်တော်စောင့်အစ်ကို၏မျက်နှာမဲ့သွားသည်ကိုကားနောက်ကြည့်မှန်မှတစ်ဆင့်ရွက်ကြွေသတိထားမိသွားသဖြင့်

"အစ်ကိုဖြေဖို့အဆင်မ​ပြေရင်မဖြေလို့ရပါတယ်။ ရွက်ကြွေကိုအားနာမနေပါနဲ့။"

"မမလေးသိချင်တာတွေကိုကျွန်တော်မဖြေနိုင်ပါဘူး။ ဘာလို့ဆိုမမလေးသိသွားတာကိုဘော့စ်သိသွားရင်မမလေးကိုကျွန်တော်မကာကွယ်ပေးနိုင်လောက်ဘူး။ အဲဒါကြောင့်မမလေးလည်းသိချင်တာတွေကိုလျော့ချလိုက်ပါ။"

သက်တော်စောင့်အစ်ကို၏စကားကြောင့်ရွက်ကြွေစိတ်ထဲမွန်းကြပ်လာသဖြင့်ရွက်ကြွေ,ကားပြတင်းပေါက်ကိုသာဖွင့်လိုက်သည်။ ကားပြတင်းပေါက်မှတစ်ဆင့်ကားထဲဝင်လာသည့်လေအေးအချို့ကြောင့်ရွက်ကြွေစိတ်မွန်းကြပ်မှုအနည်းငယ်ပြေလျော့သွားသည်ကိုခံစားလိုက်ရစဥ်

"တီ တီ တီ"

"ဟယ်လို"

"ရွက်ကြွေ ဖုန်းပြောလို့ရတယ်မလား။"

ဖုန်းမြည်သံကြောင့်ရွက်ကြွေဖုန်းဖြေလာတော့တဖက်သူကအခြားသူမဟုတ်သူဇာပင်။

"ရတယ် ပြောလေ။"

"ရွက်ကြွေ နင်သိပြီးပြီလား။ စက်ကွင်းသတိရပြီတဲ့။"

ဝမ်းသာအားရပြောလာသည့်သူဇာ၏အသံကဖုန်းကိုဖြတ်သန်း၍ရွက်ကြွေနားထဲရောက်လိုက်တော့အလိုလိုရွက်ကြွေမျက်နှာပေါ်အပြုံးတစ်ခုဖြစ်ထွန်းလာပြီး

"ဟုတ်လား ကောင်းတာပေါ့။ ဒါနဲ့နင်ဘယ်လိုသိတာလဲ။"

"မျက်ဝန်းပြောပြတာလေ။ စက်ကွင်းရဲ့ညီမနဲ့ငါ့မောင်ကသူငယ်ချင်းတွေလေ။ အဲဒါကိုတော့ငါနင်ကိုမပြောပြရသေးဘူးထင်တယ်။"

"သြော် ဟုတ်လား။"

"ဒါနဲ့နင်သွားကြည့်ပြီးသွားပြီလား။ ဒီနေ့တောင်ဆေးရုံဆင်းမယ်လို့မျက်ဝန်းဆီကကြားတယ်။ ဆေးရုံကတောင်ဆင်းသွားပြီထင်တယ်။"

"သြော် ကောင်းတာပေါ့။"

"ဟဲ့ နင်ဘာဖြစ်နေတာလဲ။ နင်တစ်ခုခုဖြစ်နေတာကိုငါသိနေတယ်နော်။ ငါကိုပြောပြစမ်းပါဟ။"

"ငါဘာမှမဖြစ်ပါဘူး။ ဒီအတိုင်းငါပင်ပန်းနေလို့ပါ။"

ရွက်ကြွေ၏စကားသံကိုသတိထားမိပုံရသောသူဇာ၏အမေးကိုရွက်ကြွေအမြန်ပင်ပြန်ဖြေလိုက်တော့

"ဟုတ်လို့လား။ ငါမယုံပေမယ့်ငါနည်းနည်းအလုပ်ရှုပ်နေလို့မစစ်ဆေးတော့ဘူးနော်။"

"နင်အလုပ်ရှုပ်နေရင်လည်းဒါပဲလေ။ ငါလည်းအနားယူလိုက်အုံးမယ်။"

သူဇာစကားကိုရွက်ကြွေမြန်မြန်ပြန်ပြောပြီးသည်နှင့်ဖုန်းကိုချလိုက်ပြီးမှ

"အစ်ကို ဒီနားမှာပဲရွက်ကြွေကိုချပေးတော့။ ရွက်ကြွေသွားစရာရှိတာလေးသတိရလာလို့။"

ရွက်ကြွေကားကိုရပ်ခိုင်းလိုက်သော််လည်းသက်တော်စောင့်အစ်ကိုကကားကိုမရပ်ပေးပဲ

"ကျွန်တော်လိုက်ပို့ပေးမယ်။ အဲဒါကြောင့်မမလေးကလိပ်စာသာပြော။"

သက်တော်စောင့်အစ်ကိုစကားကြောင့်ရွက်ကြွေငြင်းရန်စဥ်းစားလိုက်သော်လည်းစက်ကွင်းတို့ကဆေးရုံမှာရှိမရှိ​၊မသေချာ၍

"....ဆေးရုံကိုမောင်းပေးပါ။"

ရွက်ကြွေစကားအဆုံးတွင်ရွက်ကြွေအိမ်သို့ဦးတည်နေသောကားလေး၏ဦးတည်ရာလမ်းကြောင်းပြောင်းသွားခဲ့သည်။

ရွက်ကြွေတို့ကားလေးဆေးရုံ၏ကားပါကင်သို့အရောက်တွင်ဆေးရုံပေါ်မှဆင်းလာသောစက်ကွင်းတို့မောင်နှမသုံးယောက်လည်းကားပေါ်အထုတ်တွေတင်ကာပြန်ရန်ပြင်ဆင်နေကြသည်ကိုရွက်ကြွေတွေ့လိုက်ရသည်။ ရွက်ကြွေလည်းကားပေါ်ကမဆင်းပဲကား​ပေါ်အထုတ်တို့တင်နေသောအစ်ကိုနဲ့ညီမဖြစ်သူတို့ကိုခပ်ပြုံးပြုံးကြည့်နေသောစက်ကွင်းကိုသာကြည့်နေမိသည်။ ဆေးရုံဆင်းပြီဖြစ်​၍လားမသိဂျင်းဘောင်းဘီ၊တီရှပ်ကိုအပေါ်ထပ်ချည်လက်ရှည်အင်္ကျီဖြင့်တွဲဖက်ဝတ်ထားသည့်စက်ကွင်းကရွက်ကြွေ​မျက်လုံးထဲပိုကြည့်၍ကောင်းသလို။ ရွက်ကြွေငေးနေမိသည်မှာသူတို့သုံးယောက်စီးနင်းသွားသည့်ကားလေးရွက်ကြွေမြင်ကွင်းထဲကထွက်သွားသည်အထိပင်။ ထိုနောက်တွင်ရွက်ကြွေလည်းအိမ်သို့ပြန်လာခဲ့သည်။

.
.
.

ခန်းဆီးလိုက်ကာစကြီးနောက်သို့ဝင်ပုန်းနေသောကလေးနှစ်ယောက်ပုံရိပ်နဲ့အတူကြားနေရသည့်မသဲမကွဲစကားသံအချို့

'အီး ဟီး ဟီး မမရေ။'

'သမီးကိုမရိုက်ပါနဲ့ဖေဖေ။'

စကားသံတွေနဲ့နောက်တွင်ပြေးထွက်သွားသောကောင်ကလေးပုံရိပ်၊ပခုံးပေါ်ကကလေးငယ်ကိုကြမ်းပြင်ပေါ်ပစ်ချလိုက်တဲ့လူတစ်ယောက်။

'ရှပ် ရှပ် ရှပ် ရှပ်'

ခြေလှမ်းသံတွေနဲ့အတူရှေ့သို့ဖြည်းဖြည်းချင်းတိုးလာတဲ့အဲဒီလူ။ အခန်းတွင်းရှိမီးရောင်ကြောင့်ရွက်ကြွေ,အဲဒီလူမျက်နှာကိုမမြင်ရသော်လည်းအဲဒီလူဦးတည်ရာကထိုကလေးမလေးဆီသို့။

'ရှပ်'

'ရှပ်'

တရှပ်ရှပ်နဲ့ထိုကလေးမလေးအနားတဖြည်းဖြည်းတိုးကပ်သွားသောထိုခြေလှမ်းသံတို့ကြောင့်ရွက်ကြွေအော်ဟစ်တားမြစ်မိလိုက်သည်။

"မ မ မသွားနဲ့။ သူ့နောက်ကိုမလိုက်ရဘူး။ ထိုက် ပြေး"

ရွက်ကြွေ၏တားမြစ်သံနောက်တွင်ဆက်တိုက်ဆိုသလိုထွက်လာသည့်အသံတို့နှင့်အတူရွက်ကြွေအိမ်မက်ဆိုးမှနိုးလာခဲ့သည်။ ရွက်ကြွေထထိုင်ကာအသက်ကိုဝဝရှုသွင်း၊ရှုသွင်းပြုလုပ်ပြီးအနီးရှိရေပုလင်းမှရေအချို့ကိုအသင့်ထားထားသောဖန်ခွက်ထဲတုန်ရီစွာထည့်ရင်းအိမ်မက်ဆိုးအကြောင်းပြန်စဥ်းစားမိတော့

"အား"

ရွက်ကြွေစဥ်းစားနေစဥ်တွင်ရုတ်တရက်ထိုးကိုက်လာသောခေါင်းကြောင့်လက်ထဲတွင်ကိုင်ထားသောရေဖန်ခွက်ပင်လက်ထဲကလွတ်ကာကြမ်းပြင်ပေါ်ကျကာကျကွဲသွားသည်။

"ခွမ်း"

ကြမ်းပြင်ပေါ်ချထားသောရွက်ကြွေ၏ခြေဖမိုးပေါ်လည်းလာရောက်ထိမှန်သည့်ဖန်ခွက်ကွဲစအချို့ကြောင့်ရွက်ကြွေခြေထောက်တွင်သွေးများထွက်လာသည်။ရွက်ကြွေ,သွေးများနှင့်ခြေထောက်ကိုကြည့်ရင်းရွက်ကြွေမြင်ကွင်းထဲပုံရိပ်အချို့နှင့်အတူထိုနေ့ကအဖြစ်အပျက်ကိုပြန်လည်မှတ်မိသွားတော့လေသည်။

_______________

Happy New year
With Love,
PurpleNwayW

_______________

Zawgyi Version

Chapter - 31 [ Uncle's Idea ]

အခန္း - ၃၁
ဦးေလး၏အႀကံ

ကားလမ္းတစ္ဖက္တစ္ခ်က္စီမွာရွိေနေသာစိမ္းစိုစိုသစ္ပင္ႀကီးမ်ားႏွင့္ညေနခင္းေနမင္းႀကီး​ကိုေကာင္းကင္ျပာျပာကေက်ာေထာက္ေနာက္ခံျပဳေနေသာဤျမင္ကြင္းကၾကည့္ေနေသာ႐ြက္ေႂကြအတြက္သက္ရွိပန္းခ်ီကားႀကီးသဖြယ္။ ႐ြက္ေႂကြလိုက္ပါစီးနင္းေနေသာတေ႐ြ႕ေ႐ြ႕ေမာင္းႏွင္ေနသည့္ကားေလး၏ေဘးကထိုျမင္ကြင္းကို႐ြက္ေႂကြၾကည့္ေနေသာ္လည္း႐ြက္ေႂကြအေတြးတို႔ကလြန္ခဲ့ေသာနာရီအခ်ိဳ႕သို႔သာေရာက္ရွိေနမိသည္။

"ေဒါက္ ေဒါက္"

"ကြၽီ"

႐ြက္ေႂကြ၏ကားမွန္တံခါးကိုထိေခါက္သံေၾကာင့္ကားအတြင္းရွိေနေသာသက္ေတာ္ေစာင့္အစ္ကိုကကားမွန္ကိုခ်လိဳက္ကာအံ့ၾသ​ဟန္ျဖင့္

"မမေလး မမေလးဘယ္ကေပၚလာတာလဲ။ ကြၽန္ေတာ္မနက္ကမမေလးတိုက္ခန္းကိုလာၾကည့္ေပမယ့္တံခါးကေသာ့ခတ္ထားတယ္။"

"႐ြက္ေႂကြ အလုပ္သြားတာ။"

"အလုပ္သြားတာဆို အေစာႀကီးျပန္ေရာက္တာလား မမေလး။"

႐ြက္ေႂကြစကားအဆုံးတြင္သက္ေတာ္ေစာင့္အစ္ကိုကအံ့ၾသစြာဆိုလာသျဖင့္႐ြက္ေႂကြကပင္ဆက္၍

"အလုပ္မွာခြင့္ကႏွစ္ရက္ေတာင္ရွိေနၿပီဆိုေတာ့အက်ိဳးအေၾကာင္းေျပာရင္းလက္စအလုပ္သြားတက္သြားတာေလ။ ၿပီးေတာ့အလုပ္ကအစ္မကိုအလုပ္ေစာေစာဆင္းဖို႔အက်ိဳးအေၾကာင္းေျပာၿပီးခပ္ေစာေစာထြက္လာတာ။"

"အဲဒါဆိုရင္အစကတည္းကမသြားပါနဲ႕လား မမေလးရယ္။ မမေလးကလည္း ေနကျဖင့္ေကာင္းေသးရဲ႕လားမသိတာကို။"

"မေန႕ကဝယ္ေပးတဲ့ေဆးေတြေၾကာင့္ေကာင္းေကာင္းသက္သာသြားလို႔ ႐ြက္ေႂကြအလုပ္သြားတာပါ။"

စိုးရိမ္စြာေျပာလာေသာသက္ေတာ္ေစာင့္အစ္ကို၏စကားကို႐ြက္ေႂကြေသခ်ာေျဖရွင္းကာေျပာလိုက္မွသက္ေတာ္ေစာင့္အစ္ကိုကစိတ္ခ်သြားဟန္နဲ႕

"မမေလး အဆင္ေျပဖို႔ကအဓိကပါပဲ​ဗ်ာ။ ဒါနဲ႕ဘာလုပ္တာလဲ မမေလး။"

ခပ္တိုးတိုးေရ႐ြတ္လာသည့္သက္ေတာ္ေစာင့္အစ္ကိုကကားထဲဝင္ထိုင္ေသာ႐ြက္ေႂကြကိုကားမွန္ထဲကေတြ႕သြားေတာ့ခပ္က်ယ္က်ယ္ဆိုလာသည့္စကားကို႐ြက္ေႂကြခပ္ၿပဳံးၿပဳံးျဖင့္ျပန္ေျဖမိသည္က

"႐ြက္ေႂကြအတြက္အစ္ကိုအဆင္ေျပမွာကလည္းအဓိကနည္းနည္းေတာ့က်ပါတယ္။ ႐ြက္ေႂကြကိုေခၚလာခိုင္းတဲ့အစ္ကိုသူေဌးဆီ႐ြက္ေႂကြကိုလိုက္ပို႔ေပးေတာ့ေလ။"

႐ြက္ေႂကြ၏ပထမစကားတြင္ေပ်ာ္႐ႊင္ရပုံရေသာ္လည္းဆက္၍ထြက္လာေသာ႐ြက္ေႂကြ၏စကားတြင္မေပ်ာ္႐ႊင္ေတာ့ပုံရသြားသည့္တိုင္႐ြက္ေႂကြစကားအတိုင္းကားကိုရပ္ေနရာမွေမာင္းထြက္ရန္စက္ႏွိုးလိုက္ၿပီး

"သူေဌးဘက္ကေျပာလာမယ့္စကားအတိုင္းသာေျဖပါ။ ဒီရက္ပိုင္းကိစၥေတြကိုကြၽန္ေတာ္တတ္နိုင္သေလာက္ေျဖရွင္းထားပါတယ္။ ခါးပတ္ေလးလည္းပတ္ထားေပးပါ မမေလး။"

သက္ေတာ္ေစာင့္အစ္ကိုကေျပာရင္းကားစေမာင္းသျဖင့္႐ြက္ေႂကြလည္းခါးပတ္ကိုသာေသခ်ာပတ္လိုက္မိသည္။ တစ္နာရီနီးပါးအခ်ိန္ၾကာၿပီးေနာက္႐ြက္ေႂကြတို႔ႏွစ္ေယာက္အိမ္ေတာ္ေရွ႕သို႔ေရာက္လာခဲ့ၾကသည္။

.

ကားရပ္လိုက္သည္ႏွင့္သက္ေတာ္ေစာင့္အစ္ကိုကကားတံခါးလာဖြင့္ေပးသည္။ ႐ြက္ေႂကြကားေပၚကဆင္းသည္ႏွင့္ဦးႀကီးရွိေနေလာက္မည့္စာၾကည့္ခန္းသို႔တန္းေလွ်ာက္လာခဲ့သည္။

"ေဒါက္ ေဒါက္ ေဒါက္"

"ဝင္ခဲ့"

တံခါးေခါက္သံအဆုံး၌ထြက္လာေသာျပန္ေျဖသံေၾကာင့္႐ြက္ေႂကြတံခါးကိုဖြင့္ကာစာၾကည့္ခန္းထဲသို႔ဝင္လာခဲ့သည္။

"႐ြက္ေႂကြကိုေခၚခိုင္းတယ္ဆိုတာက"

"အခုမွေရာက္လာတာလား ႐ြက္ေႂကြ။"

တစ္ဆက္တည္းဆိုသလိုထြက္လာသည့္စကားသံႏွစ္ခုေၾကာင့္႐ြက္ေႂကြနဲ႕ဦးႀကီးတို႔တစ္ေယာက္ကိုတစ္ေယာက္စိုက္ၾကည့္ျဖစ္လိုက္သည္။

"မေန႕က႐ြက္ေႂကြတိုက္ခန္းမွာမရွိဘူး ဦးႀကီး။ ႐ြက္ေႂကြအလုပ္ကိစၥနဲ႕႐ုံးကျပန္မလာျဖစ္ဘူး။"

႐ြက္ေႂကြအၾကည့္တို႔ကိုမလႊဲပဲအရင္ေျဖလိုက္ေတာ့ဦးႀကီးက

"အရင္ထိုင္ပါအုံး ေျပာရမယ့္စကားေတြကနည္းနည္းမ်ားတယ္။ တစ္ခုခုေသာက္ခ်င္ေသးလား။"

"မေသာက္ေတာ့ပါဘူး။ ႐ြက္ေႂကြမနားပဲလာခဲ့ရလို႔ျမန္ျမန္ျပန္ခ်င္တယ္။"

႐ြက္ေႂကြ,ဦးႀကီးေရွ႕ကထိုင္ခုံအလြတ္တြင္ဝင္ထိုင္ရင္းေျပာလိုက္ေတာ့ဦးႀကီးကစားပြဲေပၚကဖုန္းကိုလွမ္းယူၿပီးဖုန္းထဲကိုၾကည့္ၿပီးမွ

"လာမယ့္ဆန္းေဒးအားတယ္မလား႐ြက္ေႂကြ။ ဦးႀကီး,႐ြက္ေႂကြကို Blind Date ေတြ႕ေပးေစခ်င္လို႔။"

"Blind Date "

"႐ြက္ေႂကြလည္းမငယ္ေတာ့ဘူးေနာ္။ ၿပီးေတာ့ဦးႀကီးကေတြ႕ၾကည့္ဖို႔ပဲေျပာတာပါ။ အဲဒီသူနဲ႕လက္ထပ္ဖို႔အထိေတာ့မေျပာပါဘူး။"

႐ြက္ေႂကြ၏အထိတ္တလန့္ေရ႐ြတ္မႈကိုဦးႀကီးကစကားေအးေအးျဖင့္ေျဖလာသည္။ဦးႀကီးစကားကို႐ြက္ေႂကြျပန္ေျပာနိုင္ပဲအေတြးထဲေပၚလာသည့္သူကိုသာခဏေတြးမိသြားသည္။ သို႔ေသာ္လည္းအကြက္က်စီစဥ္ထားပုံရေသာဦးႀကီး၏႐ုတ္တရက္ဆန္ေသာစကားေၾကာင့္႐ြက္ေႂကြစဥ္းစားေနမိစဥ္႐ြက္ေႂကြၾကည့္မိသြားသည့္ဦးႀကီးမ်က္ႏွာကအၿပဳံးတစ္ခု။က်ိန္းေသေပါက္႐ြက္ေႂကြလုပ္ကိုလုပ္ရမယ္လို႔တိုက္တြန္းေနတဲ့ထိုအၿပဳံးက႐ြက္ေႂကြအတြက္ရင္းႏွီးေနသည္။

"တိတ္ဆိတ္ေနတယ္ဆိုေတာ့႐ြက္ေႂကြလက္ခံတယ္လို႔ဦးႀကီးေတြးလိုက္မယ္။"

ဦးႀကီးစကားက႐ြက္ေႂကြအေတြးတို႔ကိုျပတ္ေတာက္သြားသည္။

"ဒါေပမယ့္ ႐ြက္ေႂကြမွာ Blind Date ဖို႔အဝတ္အစား၊အျပင္အဆင္မရွိဘူး။"

"ဦးႀကီးေတြ႕ခိုင္းတဲ့ Blind Date ပဲ၊ဦးႀကီးအကုန္စီစဥ္ေပးမယ္။ ေနာက္ေန႕ Dark မဟုတ္ဘူး နက္ေရာင္လႊမ္းနဲ႕စီစဥ္ခိုင္းလိုက္မယ္။ အဲဒါသမီးကိုေခၚေျပာျပတာ။"

"တလက္စတည္းနဲ႕႐ြက္ေႂကြ,ေဒၚေလးျဖဴကိုဝင္ၾကည့္ၿပီးမွပဲျပန္ေတာ့မယ္။ ဦးႀကီး ႐ြက္ေႂကြကိုခြင့္ျပဳအုံး။"

႐ြက္ေႂကြေျပာၿပီးဦးႀကီးေရွ႕မွထြက္လာခဲ့သည္။

.

"႐ြက္ေႂကြ"

စာၾကည့္ခန္းထဲမွ႐ြက္ေႂကြထြက္လာခ်ိန္တြင္ၾကားလိုက္ရသည့္နာမည္ေခၚသံေၾကာင့္႐ြက္ေႂကြလွည့္ၾကည့္လိုက္ေတာ့အေပၚထပ္တြင္ရွိေန​ေသာေဒၚေလးျဖဴကိုေတြ႕လိုက္ရ၍႐ြက္ေႂကြ,ေဒၚေလးျဖဴရွိရာအေပၚထပ္သို႔တက္လာခဲ့သည္။

"ေနလို႔ေကာင္းသြားၿပီလား ေဒၚေလးျဖဴ။"

"ေကာင္းသြားတာၾကာပါၿပီ။ ႐ြက္ေႂကြ​ဒီကို.."

"ဦးႀကီးေခၚထားတာပါ။ Blind Date ေတြ႕ဖို႔။"

"႐ြက္ေႂကြ.."

႐ြက္ေႂကြကိုၾကည့္လာေသာေဒၚေလးျဖဴကို႐ြက္ေႂကြအၿပဳံးတစ္ခုသာၿပဳံးျပလိုက္ၿပီးမွ

"ေဒၚေလးျဖဴ ေနေကာင္းေအာင္ေနေနာ္။ ႐ြက္ေႂကြကိုအလကားေနရင္းစိတ္ပူမေနနဲ႕။ ေနာက္က်မွာစိုးလို႔႐ြက္ေႂကြျပန္ေတာ့မယ္ ေဒၚေလးျဖဴ။"

"ေအးပါကြယ္။"

ေဒၚေလးျဖဴ၏ျပန္ေျဖစကားအဆုံးတြင္႐ြက္ေႂကြအေပၚထပ္မွျပန္ဆင္းလာခဲ့သည္။ ႐ြက္ေႂကြအိမ္ေတာ္ထဲကထြက္လာေတာ့အိမ္ေတာ္ေရွ႕တြင္သက္ေတာ္ေစာင့္အစ္ကိုက႐ြက္ေႂကြကိုျပန္လိုက္ပို႔ရန္ေစာင့္ေနသည္။ ႐ြက္ေႂကြလည္းသက္ေတာ္ေစာင့္အစ္ကိုႏွင့္အိမ္ေတာ္မွျပန္ထြက္လာခဲ့ေလသည္။

.
.
.

"မမေလး မမေလး"

သက္ေတာ္ေစာင့္အစ္ကို၏ေခၚသံၾကားမွ႐ြက္ေႂကြအေတြးထဲမွထြက္လိုက္ၿပီး

"ဘာျဖစ္လို႔လဲဟင္။"

"သူေဌးကမမေလးကိုဘာေတြေမးလဲဆိုတာကြၽန္ေတာ္သိခ်င္လို႔ပါ။"

"ဟိုေန႕ညကကိစၥမပါပဲဒီအတိုင္းေနာက္အေၾကာင္းအရာတစ္ခုပါ။  ဒါေပမယ့္႐ြက္ေႂကြ,အစ္ကိုဆီကသိခ်င္တာရွိေသးတယ္။ အစ္ကိုေျပာျပနိုင္မလား။"

သက္ေတာ္ေစာင့္အစ္ကို၏စကားကို႐ြက္ေႂကြ​ျပန္ေျဖလိုက္ရင္း႐ြက္ေႂကြသိခ်င္မိေသာအရာမ်ားကိုေမးၾကည့္ရန္စကားစပ်ိဳးလိုက္ေတာ့သက္ေတာ္ေစာင့္အစ္ကိုကတက္ႂကြစြာျဖင့္

"မမေလး ေမးခ်င္တာေမးၾကည့္ေလ။ ကြၽန္ေတာ္သိသမွ်ေျဖေပးပါ့မယ္။"

"အဲေန႕ညကေသနတ္နဲ႕လူေတြကဦးႀကီးနဲ႕ပတ္သက္ေနတယ္မလား။ ႐ြက္ေႂကြတို႔ဦးႀကီးဘာေတြလုပ္ေနလဲဆိုတာ႐ြက္ေႂကြသိခ်င္တယ္။"

႐ြက္ေႂကြစကားအဆုံးတြင္သက္ေတာ္ေစာင့္အစ္ကို၏မ်က္ႏွာမဲ့သြားသည္ကိုကားေနာက္ၾကည့္မွန္မွတစ္ဆင့္႐ြက္ေႂကြသတိထားမိသြားသျဖင့္

"အစ္ကိုေျဖဖို႔အဆင္မ​ေျပရင္မေျဖလို႔ရပါတယ္။ ႐ြက္ေႂကြကိုအားနာမေနပါနဲ႕။"

"မမေလးသိခ်င္တာေတြကိုကြၽန္ေတာ္မေျဖနိုင္ပါဘူး။ ဘာလို႔ဆိုမမေလးသိသြားတာကိုေဘာ့စ္သိသြားရင္မမေလးကိုကြၽန္ေတာ္မကာကြယ္ေပးနိုင္ေလာက္ဘူး။ အဲဒါေၾကာင့္မမေလးလည္းသိခ်င္တာေတြကိုေလ်ာ့ခ်လိဳက္ပါ။"

သက္ေတာ္ေစာင့္အစ္ကို၏စကားေၾကာင့္႐ြက္ေႂကြစိတ္ထဲမြန္းၾကပ္လာသျဖင့္႐ြက္ေႂကြ,ကားျပတင္းေပါက္ကိုသာဖြင့္လိုက္သည္။ ကားျပတင္းေပါက္မွတစ္ဆင့္ကားထဲဝင္လာသည့္ေလေအးအခ်ိဳ႕ေၾကာင့္႐ြက္ေႂကြစိတ္မြန္းၾကပ္မႈအနည္းငယ္ေျပေလ်ာ့သြားသည္ကိုခံစားလိုက္ရစဥ္

"တီ တီ တီ"

"ဟယ္လို"

"႐ြက္ေႂကြ ဖုန္းေျပာလို႔ရတယ္မလား။"

ဖုန္းျမည္သံေၾကာင့္႐ြက္ေႂကြဖုန္းေျဖလာေတာ့တဖက္သူကအျခားသူမဟုတ္သူဇာပင္။

"ရတယ္ ေျပာေလ။"

"႐ြက္ေႂကြ နင္သိၿပီးၿပီလား။ စက္ကြင္းသတိရၿပီတဲ့။"

ဝမ္းသာအားရေျပာလာသည့္သူဇာ၏အသံကဖုန္းကိုျဖတ္သန္း၍႐ြက္ေႂကြနားထဲေရာက္လိုက္ေတာ့အလိုလို႐ြက္ေႂကြမ်က္ႏွာေပၚအၿပဳံးတစ္ခုျဖစ္ထြန္းလာၿပီး

"ဟုတ္လား ေကာင္းတာေပါ့။ ဒါနဲ႕နင္ဘယ္လိုသိတာလဲ။"

"မ်က္ဝန္းေျပာျပတာေလ။ စက္ကြင္းရဲ႕ညီမနဲ႕ငါ့ေမာင္ကသူငယ္ခ်င္းေတြေလ။ အဲဒါကိုေတာ့ငါနင္ကိုမေျပာျပရေသးဘူးထင္တယ္။"

"ေၾသာ္ ဟုတ္လား။"

"ဒါနဲ႕နင္သြားၾကည့္ၿပီးသြားၿပီလား။ ဒီေန႕ေတာင္ေဆး႐ုံဆင္းမယ္လို႔မ်က္ဝန္းဆီကၾကားတယ္။ ေဆး႐ုံကေတာင္ဆင္းသြားၿပီထင္တယ္။"

"ေၾသာ္ ေကာင္းတာေပါ့။"

"ဟဲ့ နင္ဘာျဖစ္ေနတာလဲ။ နင္တစ္ခုခုျဖစ္ေနတာကိုငါသိေနတယ္ေနာ္။ ငါကိုေျပာျပစမ္းပါဟ။"

"ငါဘာမွမျဖစ္ပါဘူး။ ဒီအတိုင္းငါပင္ပန္းေနလို႔ပါ။"

႐ြက္ေႂကြ၏စကားသံကိုသတိထားမိပုံရေသာသူဇာ၏အေမးကို႐ြက္ေႂကြအျမန္ပင္ျပန္ေျဖလိုက္ေတာ့

"ဟုတ္လို႔လား။ ငါမယုံေပမယ့္ငါနည္းနည္းအလုပ္ရႈပ္ေနလို႔မစစ္ေဆးေတာ့ဘူးေနာ္။"

"နင္အလုပ္ရႈပ္ေနရင္လည္းဒါပဲေလ။ ငါလည္းအနားယူလိုက္အုံးမယ္။"

သူဇာစကားကို႐ြက္ေႂကြျမန္ျမန္ျပန္ေျပာၿပီးသည္ႏွင့္ဖုန္းကိုခ်လိဳက္ၿပီးမွ

"အစ္ကို ဒီနားမွာပဲ႐ြက္ေႂကြကိုခ်ေပးေတာ့။ ႐ြက္ေႂကြသြားစရာရွိတာေလးသတိရလာလို႔။"

႐ြက္ေႂကြကားကိုရပ္ခိုင္းလိုက္ေသာ္္လည္းသက္ေတာ္ေစာင့္အစ္ကိုကကားကိုမရပ္ေပးပဲ

"ကြၽန္ေတာ္လိုက္ပို႔ေပးမယ္။ အဲဒါေၾကာင့္မမေလးကလိပ္စာသာေျပာ။"

သက္ေတာ္ေစာင့္အစ္ကိုစကားေၾကာင့္႐ြက္ေႂကြျငင္းရန္စဥ္းစားလိုက္ေသာ္လည္းစက္ကြင္းတို႔ကေဆး႐ုံမွာရွိမရွိ​၊မေသခ်ာ၍

"....ေဆး႐ုံကိုေမာင္းေပးပါ။"

႐ြက္ေႂကြစကားအဆုံးတြင္႐ြက္ေႂကြအိမ္သို႔ဦးတည္ေနေသာကားေလး၏ဦးတည္ရာလမ္းေၾကာင္းေျပာင္းသြားခဲ့သည္။

႐ြက္ေႂကြတို႔ကားေလးေဆး႐ုံ၏ကားပါကင္သို႔အေရာက္တြင္ေဆး႐ုံေပၚမွဆင္းလာေသာစက္ကြင္းတို႔ေမာင္ႏွမသုံးေယာက္လည္းကားေပၚအထုတ္ေတြတင္ကာျပန္ရန္ျပင္ဆင္ေနၾကသည္ကို႐ြက္ေႂကြေတြ႕လိုက္ရသည္။ ႐ြက္ေႂကြလည္းကားေပၚကမဆင္းပဲကား​ေပၚအထုတ္တို႔တင္ေနေသာအစ္ကိုနဲ႕ညီမျဖစ္သူတို႔ကိုခပ္ၿပဳံးၿပဳံးၾကည့္ေနေသာစက္ကြင္းကိုသာၾကည့္ေနမိသည္။ ေဆး႐ုံဆင္းၿပီျဖစ္​၍လားမသိဂ်င္းေဘာင္းဘီ၊တီရွပ္ကိုအေပၚထပ္ခ်ည္လက္ရွည္အကၤ်ီျဖင့္တြဲဖက္ဝတ္ထားသည့္စက္ကြင္းက႐ြက္ေႂကြ​မ်က္လုံးထဲပိုၾကည့္၍ေကာင္းသလို။ ႐ြက္ေႂကြေငးေနမိသည္မွာသူတို႔သုံးေယာက္စီးနင္းသြားသည့္ကားေလး႐ြက္ေႂကြျမင္ကြင္းထဲကထြက္သြားသည္အထိပင္။ ထိုေနာက္တြင္႐ြက္ေႂကြလည္းအိမ္သို႔ျပန္လာခဲ့သည္။

.
.
.

ခန္းဆီးလိုက္ကာစႀကီးေနာက္သို႔ဝင္ပုန္းေနေသာကေလးႏွစ္ေယာက္ပုံရိပ္နဲ႕အတူၾကားေနရသည့္မသဲမကြဲစကားသံအခ်ိဳ႕

'အီး ဟီး ဟီး မမေရ။'

'သမီးကိုမရိုက္ပါနဲ႕ေဖေဖ။'

စကားသံေတြနဲ႕ေနာက္တြင္ေျပးထြက္သြားေသာေကာင္ကေလးပုံရိပ္၊ပခုံးေပၚကကေလးငယ္ကိုၾကမ္းျပင္ေပၚပစ္ခ်လိဳက္တဲ့လူတစ္ေယာက္။

'ရွပ္ ရွပ္ ရွပ္ ရွပ္'

ေျခလွမ္းသံေတြနဲ႕အတူေရွ႕သို႔ျဖည္းျဖည္းခ်င္းတိုးလာတဲ့အဲဒီလူ။ အခန္းတြင္းရွိမီးေရာင္ေၾကာင့္႐ြက္ေႂကြ,အဲဒီလူမ်က္ႏွာကိုမျမင္ရေသာ္လည္းအဲဒီလူဦးတည္ရာကထိုကေလးမေလးဆီသို႔။

'ရွပ္'

'ရွပ္'

တရွပ္ရွပ္နဲ႕ထိုကေလးမေလးအနားတျဖည္းျဖည္းတိုးကပ္သြားေသာထိုေျခလွမ္းသံတို႔ေၾကာင့္႐ြက္ေႂကြေအာ္ဟစ္တားျမစ္မိလိုက္သည္။

"မ မ မသြားနဲ႕။ သူ႕ေနာက္ကိုမလိုက္ရဘူး။ ထိုက္ ေျပး"

႐ြက္ေႂကြ၏တားျမစ္သံေနာက္တြင္ဆက္တိုက္ဆိုသလိုထြက္လာသည့္အသံတို႔ႏွင့္အတူ႐ြက္ေႂကြအိမ္မက္ဆိုးမွနိုးလာခဲ့သည္။ ႐ြက္ေႂကြထထိုင္ကာအသက္ကိုဝဝရႈသြင္း၊ရႈသြင္းျပဳလုပ္ၿပီးအနီးရွိေရပုလင္းမွေရအခ်ိဳ႕ကိုအသင့္ထားထားေသာဖန္ခြက္ထဲတုန္ရီစြာထည့္ရင္းအိမ္မက္ဆိုးအေၾကာင္းျပန္စဥ္းစားမိေတာ့

"အား"

႐ြက္ေႂကြစဥ္းစားေနစဥ္တြင္႐ုတ္တရက္ထိုးကိုက္လာေသာေခါင္းေၾကာင့္လက္ထဲတြင္ကိုင္ထားေသာေရဖန္ခြက္ပင္လက္ထဲကလြတ္ကာၾကမ္းျပင္ေပၚက်ကာက်ကြဲသြားသည္။

"ခြမ္း"

ၾကမ္းျပင္ေပၚခ်ထားေသာ႐ြက္ေႂကြ၏ေျခဖမိုးေပၚလည္းလာေရာက္ထိမွန္သည့္ဖန္ခြက္ကြဲစအခ်ိဳ႕ေၾကာင့္႐ြက္ေႂကြေျခေထာက္တြင္ေသြးမ်ားထြက္လာသည္။႐ြက္ေႂကြ,ေသြးမ်ားႏွင့္ေျခေထာက္ကိုၾကည့္ရင္း႐ြက္ေႂကြျမင္ကြင္းထဲပုံရိပ္အခ်ိဳ႕ႏွင့္အတူထိုေန႕ကအျဖစ္အပ်က္ကိုျပန္လည္မွတ္မိသြားေတာ့ေလသည္။

_______________

Happy New year
With Love,
PurpleNwayW

_______________

Continue Reading

You'll Also Like

15M 460K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...
18.7K 247 15
အဆင်တွေငမ်းတတ်တဲ့ကောင်မလေးရဲ့အချစ်ဇာတ်လမ်းလေးပါဗျ
262K 5.9K 57
❝ i loved you so hard for a time, i've tried to ration it out all my life. ❞ kate martin x fem! oc