ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

Per KimHsuYoon99

116K 14.1K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... Més

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109

Chapter 42

1.1K 157 1
Per KimHsuYoon99

Unicode

ကုမျန်ရဲ့ စိတ်ဓာတ်က သာမန်မိန်းကလေးတွေထက် အများကြီး ပိုသန်မာတယ်။ မနေ့ညက သွေးစွန်းနေတဲ့လက်ကို ရရှိခဲ့ရပြီးနောက် အနည်းငယ်စိတ်မသက်မသာ ဖြစ်ခဲ့ရပေမယ့်လည်း မကြာခင်မှာ သူမက စိတ်အခြေအနေကို ပြန်ချိန်ညှိလိုက်တယ်။

အိပ်ယာဝင်ပြီး ကုမျန်က ကြိမ်ဖန်များစွာ လူးလှိမ့်နေပြီးနောက် အိပ်ပျော်သွားခဲ့တယ်။ သူမက ညဘက်မှာ အိပ်မက်ဆိုးတောင် မမက်ခဲ့ဘူး။

ညမှာအိပ်မောကျသွားတတ်တဲ့စရိုက်က ကောင်းမွန်ပါတယ်။ မိုးလင်းတာနဲ့ ကုမျန်ကနိုးလာတယ်။ အချိန်က မနက်ခြောက်နာရီပဲ ရှိသေးတယ်။ အဲ့ဒီအထပ်မှာ နေထိုင်သူအများစုက အိပ်ပျော်နေကြဆဲဖြစ်ပြီး စင်္ကြံမှာ သူမတို့မှလွဲ၍ အခြားဘယ်သူမှမရှိပေ။ အရမ်းတိတ်ဆိတ်နေတယ်။

ဒါကြောင့် ကုမျန်က လော့ချယ်ကိုတွေ့လိုက်ရတဲ့အခါ အရမ်းအံ့သြသွားတာဖြစ်တယ်။ သူ ဒီမှာ တစ်ညလုံး နေပြီး မအိပ်ထားဘူးလား။

လော့ချယ်က သူ့လက်ကို မြှောက်လိုက်ပြီး မျက်ခုံးကိုဖျစ်ညှစ်ကာ အသံတိုးတိုးလေးပြုလုပ်လိုက်တယ်။

ရဲစခန်းကို တိုင်ကြားထားပြီးဖြစ်ပေမယ့်လည်း သူ အေးအေးသက်သာမနေနိုင်သေးဆဲပင်။ အရောက်ပို့သမားအတုအယောင်က ပြန်လာပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ လှုပ်ရှားမှုအချို့လုပ်လာမှာကို သူစိုးရိမ်တယ်။ အဲဒီလူက ကုမျန်ကို တကယ်ကြီးထပ်ပြီး ဒုက္ခမပေးနိုင်လောက်ပေမယ့် အကယ်၍ တစ်ခုခုဖြစ်ခဲ့ရင်တော့ အရမ်းနောက်ကျမှ သူရောက်သွားမှာမဟုတ်ဘူးလေ။

သတိရှိတာက ပိုကောင်းတယ်။

ကုမျန်က သူဘာလို့ သူမရဲ့အခန်းတံခါးဝမှာ တညလုံးနေခဲ့ရတာလဲဆိုတာ သိတယ်။ ဒါက သူမရဲ့လုံခြုံရေးအတွက်ပဲ။

သူက စာဖတ်သူတွေရဲ့ အားပေးမှုအများဆုံးရတဲ့ ဇာတ်ကောင်ဖြစ်ဖို့ ထိုက်တန်တယ်။ သူက ဂရုစိုက်တတ်၊ တာဝန်ယူတတ်သူဖြစ်ပြီး သူ့ရဲ့ပရိသတ်တွေအပေါ်လည်း ကောင်းတယ်။

သူတစ်ညလုံး မအိပ်ထားရတာကြောင့် လော့ချယ်ရဲ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှု အနည်းငယ်ရှိနေပြီး မေးစေ့ပေါ်မှာတော့ မုတ်ဆိတ်မွေးငုတ်တိုပါးပါးလေး ပေါ်နေတယ်။ဒါက သူ့ရဲ့ချောမောခန့်ညားမှုကို မလျော့သွားစေဘဲ သူ့ကို ပိုပြီး ယောက်ျားပီသစေတယ်။ကုမျန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း "ရှင် အခု ပြန်အိပ်လို့ရပြီ"

လော့ချယ်က နံရံကိုမှီရပ်နေရာကနေ ဖြည်းဖြည်းချင်း မတ်မတ်ပြန်ရပ်လိုက်တယ်။

သူက မေးလာခဲ့တယ်။"မနက်စာသွားစားဖို့လား"

မနေ့ညက သူမတို့ဝယ်ခဲ့တဲ့ညစာက လွှင့်ပစ်ခံလိုက်ရပြီး သူမ လုံးဝမစားခဲ့ရဘူး။ ဒါကြောင့် တစ်ညကုန်လွန်ပြီးနောက်မှာတော့ ကုမျန်နည်းနည်းဗိုက်ဆာနေပြီ။

ကုမျန်က ခေါင်းညိတ်ပြလိုက်တယ်။

လော့ချယ်က ရှုပ်ပွနေတဲ့ဆံပင်တွေကို ဖြီးသင်လိုက်ရင်း "ကိုယ့်ကိုစောင့်ဦး"

သူက သူ့အခန်းကို ပြန်သွားတယ်။ ဆယ်မိနစ်လောက်ကြာပြီးနောက် လော့ချယ်ပြန်ပေါ်လာတယ်။

အခန်းကိုပြန်သွားပြီးနောက် သူအလျင်အမြန်ရေချိုးလာခဲ့တယ်။ သူ့ရဲ့အနက်ရောင်ဆံပင်က ရေစိုနေသေးပြီး မုတ်ဆိတ်မွေးငုတ်တိုတွေကိုလည်း ရိတ်ထားတယ်။ သူလမ်းလျှောက်လာတဲ့အချိန် လတ်ဆတ်တဲ့ ရေချိုးဂျယ်နှင့် မုတ်ဆိတ်ရိတ်ထားတဲ့အနံ့ကိုတောင် ရနေသေးဆဲပင်။

ပင်ပန်းနွမ်းနယ်မှုတွေကတော့ သူ့မျက်နှာကနေ ပျောက်သွားပြီ။ ကင်မရာထဲမှာ အချိန်မရွေးပေါ်လာလို့ရသလိုမျိုး သူ့မျက်လုံးတွေက ကြည်လင်နေတယ်၊ သူ့အဝတ်အစားတွေကလည်း သပ်ရပ်တယ်၊။သူတစ်ညလုံး မအိပ်ထားရဘူးဆိုတာကို သူမ,မပြောနိုင်ဘူး။

"မနက်စာ သွားစားရအောင်"

ကုမျန်က စိုနေသေးတဲ့ ဆံပင်တွေကို လက်ညှိုးထိုးပြပြီး "ဆံပင်ခြောက်အောင် မှုတ်စရာမလိုဘူးလား"

လော့ချယ်က "ကိုယ့်ဆံပင်က တိုတော့ မြန်မြန်ခြောက်တယ်"

သူမတို့ ဓာတ်လှေကားထဲကို ဝင်လိုက်ကြတယ်။ လော့ချယ်က ဦးထုပ်၊ မျက်မှန် ဒါမှမဟုတ် မျက်နှာဖုံးပင် မ၀တ်ထားခဲ့ဘဲ ထင်ရှားပြတ်သားတဲ့အနားသတ်နဲ့အတူ ချောမောခန့်ညားတဲ့မျက်နှာကို ဖော်ပြထားတယ်။

သူမ မေးလိုက်ရတယ်။"ရှင် ဖုံးကွယ်ထားဖို့ လုံး၀မလိုဘူးလား"

သူမက ဆယ်လီဘရစ်တီတစ်ယောက်ဖြစ်ရခြင်းရဲ့ အသိမရှိသေးပေမယ့်လည်း ပုံမှန်ဆို စူပါစတားတွေက နေရာတွေကို ရုပ်ဖျက်ပြီးမှ အမြဲသွားလေ့ရှိကြတယ်မဟုတ်ဘူးလား။

လော့ချယ်အံ့အားသင့်သွားပြီး "မလိုပါဘူး၊ ဒီဟိုတယ်က ဘွတ်ကင်လုပ်ပြီးသွားပြီ အပြင်လူတွေ အခုဝင်လို့မရတော့ဘူး"

အပြင်လူတွေမှာ သတင်းထောက်တွေပါ အလိုအလျောက် ပါဝင်တာကြောင့် အခု သူမတို့ရဲ့ ကိုယ်ရေးကိုယ်တာတွေအတွက် စိုးရိမ်စရာ မလိုပါဘူး။

တည်းခိုနေတဲ့ဧည့်သည်တွေကို မောင်းထုတ်မရပေမယ့်လည်း ဧည့်သည်အားလုံးရဲ့ အထောက်အထားကို စစ်ဆေးပြီးပြီဖြစ်ပြီး ပြဿနာမရှိပေ။ ရိုက်ကူးရေးအဖွဲ့သားတွေ မထွက်ခွာမချင်း ဟိုတယ်က ဧည့်သည်အသစ်တွေကို ခေါ်ယူမှာမဟုတ်ပါဘူး။

ကုမျန်အံ့အားသင့်သွားတယ်။ ဟိုတယ်ကို ဘွတ်ကင်လုပ်ထားတာလား။

"ကျွန်မကြောင့်လား...?" ကုမျန်က ငါမှငါဆိုတဲ့အတ္တသမားမဟုတ်ပေမယ့် မနေ့ညက သူမတို့ check-in ၀င်တုန်းကတော့ အရာအားလုံးအဆင်ပြေနေတယ်လေ။ ဟိုတယ်တစ်ခုလုံးကို ဘွတ်ကင်လုပ်ထားတယ်လို့ ဘယ်သူမှ မပြောခဲ့ပါဘူး။သူမက ထိတ်လန့်စရာကောင်းတာကြီးကို ရင်ဆိုင်ခဲ့ရပြီးနောက်မှာမှ ဟိုတယ်ကို ဘွတ်ကင်လုပ်ခဲ့တယ်လေ။ဒါက သူမနဲ့ ဘာမှမဆိုင်ဘူးလို့ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။

ရိုက်ကူးရေးအဖွဲ့မှာ သူတို့ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် တာဝန်ရှိတယ်။ ဒါပေမယ့် လော့ချယ်က ဟိုတယ်အတွက် ပေးတဲ့သူဖြစ်ရမယ်။

လော့ချယ်က "ဘေးကင်းရေးက ပထမပဲ"လို့သာ ပြောလာခဲ့တယ်။

လော့ချယ်က ချန်းမိသားစုကို အခုထိမပြန်ရသေးဘဲ ဟောင်းနွမ်းပျက်စီးနေတဲ့ မြို့ဟောင်းမှာသာ ကြီးပြင်းခဲ့ရပေမယ့်လည်း အချို့သော အရာတွေကိုတော့ အမွေဆက်ခံခဲ့တယ်။ ဥပမာအားဖြင့်၊ သူ့ရဲ့ဂုဏ်သိက္ခာနဲ့ သဘာဝအရ ကြီးစိုးတတ်တဲ့ စရိုက်လက္ခဏာပင်။

အများအားဖြင့်တော့ သူက လျစ်လျူရှုထားတတ်သလို အေးစက်စက်နဲ့ အရာတော်တော်များများကို ဂရုမစိုက်တတ်ဘူး။ ဒါပေမယ့် သူကြီးစိုးနေချိန်မှာတော့ ဘယ်တော့မှ မတုန်လှုပ်သွားဘူး။

မနက်စာက အရသာရှိပြီး နှုတ်မြိန်စရာကောင်းလွန်းတယ်။ မနက်စာက ဟိုတယ်ရဲ့စားဖိုမှူးက လုပ်တာမဟုတ်ဘဲ အပြင်ကပါ။

တစ်ယောက်စာပြင်ပေးထားတဲ့ ပွဲငယ်လေးပေမယ့် ထူးထူးခြားခြားလက်ရာမြောက်တဲ့ မနက်စာကိုကြည့်ရင်း ကုမျန်က လော့ချယ်  စီစဉ်ပေးတာဖြစ်မှန်း သိလိုက်ရတယ်။ မမျှော်လင့်စွာနဲ့ လော့ချယ်က "မင်းကိုယ့်ကိုယုံရင် ကိုယ်နဲ့ထားခဲ့ပါ" လို့ ပြောခဲ့ပြီးနောက် တစ်ညတွင်းချင်းမှာပဲ အရာအားလုံးကို ပြီးပြည့်စုံအောင် တကယ်စီစဉ်ပေးခဲ့တယ်။

သူမဘေးကင်းတယ်ဆိုတာ သေချာစေဖို့ တစ်ညလုံး တံခါးမှာ ရပ်နေခဲ့တယ်။ သတင်းထောက်တွေနဲ့ အမည်မသိသူတွေ သူမကို အနှောက်အယှက်မဖြစ်စေဖို့အတွက် ဟိုတယ်တစ်ခုလုံးကိုပါ ဘွတ်ကင်လုပ်ထားခဲ့ပြီး အပြင်ကနေ မနက်စာအပြည့်အစုံကိုပါ ဝယ်ပေးထားသေးတယ်။

ကုမျန်က ဗိုက်ဆာနေတာကြောင့် အစာစားချင်စိတ်ရှိနေတယ်။ ပုဇွန်အစာသွပ်ဖက်ထုပ်နဲ့ တခြားအဆာပြေ သေးသေးလေးတွေ တစ်ခုချင်းစီက အကြီးကြီးမဟုတ်ပဲ တစ်ကိုက်စာလေးတွေပင်။ သူမက သရေစာတစ်ခုချင်းစီကို မြည်းစမ်းကြည့်တယ်။ သူမ စားပြီးတဲ့အချိန်မှာ‌တော့ အများကြီးစားမိသွားကြောင်း သိလိုက်ရတယ်။

လော့ချယ်ရဲ့လှုပ်ရှားမှုတွေက အရမ်းပြေပြစ်ပြီး ဆူညံသံမထွက်ပေ။ လှုပ်ရှားမှုတိုင်းက မျက်စိပသာဒဖြစ်လှတယ်။

သူက မနက်စာစားနေတဲ့အတောအတွင်း ကုမျန်ကိုကြည့်ဖို့ မျက်လွှာပင့်လာလိမ့်မယ်။ သူမ မြန်မြန်သွက်သွက်နဲ့ အများကြီးစားတာကို မြင်သွားတဲ့အချိန်ကျမှ၊ မျက်လုံးအောက်မှ အပြုံးသဲ့သဲ့ကို ဖုံးကွယ်ဖို့ မျက်လွှာချသွားလိမ့်မယ်။

သူမမှာ ဒီလိုအစာစားချင်စိတ်ရှိပြီး ဖြစ်ပျက်ခဲ့တဲ့အရာတွေက သူမရဲ့ စိတ်အခြေအနေကို မထိခိုက်စေခဲ့ဘူးပဲ။

ရိုက်ကူးရေးအဖွဲ့က road showအတွက် နောက်မြို့ကို အပြေးအလွှားသွားခဲ့ရတယ်။ မတူညီတဲ့အချိန်ဇယားတွေကြောင့် အချို့သောသူတွေက Roadshow ရဲ့နောက်ထပ်ရပ်နားမှုမှာ မပါဝင်ခဲ့ကြပဲ သူတို့ရဲ့ကိုယ်ပိုင်ပရောဂျက်တွေကို သွားရောက်ဖမ်းဆုပ်ခဲ့ကြတယ်။ ဒါကလည်း အရမ်းအဖြစ်များပါတယ်။

ခန်ယန်ယန်လည်း ကုမျန်နဲ့အတူ နောက်လာမယ့်မြို့ရဲ့ road showကို မသွားဖြစ်ခဲ့ဘူး။ “Ask the Immortals” ဇာတ်ကားနဲ့ ရေပန်းစားလာပြီးနောက် သူမရဲ့ပရောဂျက်တွေက ရုတ်တရက်ကြီး
မြင့်တက်လာခဲ့တယ်။ သူမက တစ်နှစ်မှာ လများစွာကြာအောင် ဘာမှမလုပ်ခဲ့ရပေမယ့်လည်း အခုအခါမှာတော့ နောက်ထပ်လအနည်းငယ်အတွက် သူမရဲ့အချိန်ဇယားက ပြည့်သွားခဲ့ပြီဖြစ်တယ်။

ပျော်ရွှင်ဖွယ်ရာ တန်ဆောင်မုန်းလပြည့် အခါသာမယလေးပါရှင်။ လော့ချယ်တို့က paidမှာ chapter 152ထိ ရောက်ရှိနေပါပြီနော်။ တန်ဆောင်တိုင်ကာလမို့ လော့ချယ်တို့ကို Gp 1(1-125) 2500 ၊ Gp 2(126-253) 3500 ၊  gp2ခုပေါင်း 6000ကျပ်ကို promotion အနေနဲ့ 5000ကျပ်ပဲ ယူမှာပါ။ ဒါပေမယ့် ဒီနေ့နဲ့ မနက်ဖြန် 2ရက်ပါပဲနော်။ 2ရက်ပြည့်သွားရင်တော့ ပုံမှန်ဈေးနှုန်းပြန်ဖြစ်သွားပါမှာရှင့်။ ကဲ .... Gp၀င်ချင်တဲ့သူလေးတွေက message box ကိုလာပြောဖြစ်ဖြစ် ၊ tele acc @hsuyoonkim99 ကို လာပြောတာဖြစ်ဖြစ် လုပ်လို့ရပါပြီနော်။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။




Zawgyi

ကုမ်န္ရဲ႕ စိတ္ဓာတ္က သာမန္မိန္းကေလးေတြထက္ အမ်ားႀကီး ပိုသန္မာတယ္။ မေန႕ညက ေသြးစြန္းေနတဲ့လက္ကို ရရွိခဲ့ရၿပီးေနာက္ အနည္းငယ္စိတ္မသက္မသာ ျဖစ္ခဲ့ရေပမယ့္လည္း မၾကာခင္မွာ သူမက စိတ္အေျခအေနကို ျပန္ခ်ိန္ညွိလိုက္တယ္။

အိပ္ယာဝင္ၿပီး ကုမ်န္က ႀကိမ္ဖန္မ်ားစြာ လူးလွိမ့္ေနၿပီးေနာက္ အိပ္ေပ်ာ္သြားခဲ့တယ္။ သူမက ညဘက္မွာ အိပ္မက္ဆိုးေတာင္ မမက္ခဲ့ဘူး။

ညမွာအိပ္ေမာက်သြားတတ္တဲ့စရိုက္က ေကာင္းမြန္ပါတယ္။ မိုးလင္းတာနဲ႕ ကုမ်န္ကနိုးလာတယ္။ အခ်ိန္က မနက္ေျခာက္နာရီပဲ ရွိေသးတယ္။ အဲ့ဒီအထပ္မွာ ေနထိုင္သူအမ်ားစုက အိပ္ေပ်ာ္ေနၾကဆဲျဖစ္ၿပီး စၾကၤံမွာ သူမတို႔မွလြဲ၍ အျခားဘယ္သူမွမရွိေပ။ အရမ္းတိတ္ဆိတ္ေနတယ္။

ဒါေၾကာင့္ ကုမ်န္က ေလာ့ခ်ယ္ကိုေတြ႕လိုက္ရတဲ့အခါ အရမ္းအံ့ၾသသြားတာျဖစ္တယ္။ သူ ဒီမွာ တစ္ညလုံး ေနၿပီး မအိပ္ထားဘူးလား။

ေလာ့ခ်ယ္က သူ႕လက္ကို ျမႇောက္လိုက္ၿပီး မ်က္ခုံးကိုဖ်စ္ညွစ္ကာ အသံတိုးတိုးေလးျပဳလုပ္လိုက္တယ္။

ရဲစခန္းကို တိုင္ၾကားထားၿပီးျဖစ္ေပမယ့္လည္း သူ ေအးေအးသက္သာမေနနိုင္ေသးဆဲပင္။ အေရာက္ပို႔သမားအတုအေယာင္က ျပန္လာၿပီး ေၾကာက္မက္ဖြယ္ေကာင္းတဲ့ လႈပ္ရွားမႈအခ်ိဳ႕လုပ္လာမွာကို သူစိုးရိမ္တယ္။ အဲဒီလူက ကုမ်န္ကို တကယ္ႀကီးထပ္ၿပီး ဒုကၡမေပးနိုင္ေလာက္ေပမယ့္ အကယ္၍ တစ္ခုခုျဖစ္ခဲ့ရင္ေတာ့ အရမ္းေနာက္က်မွ သူေရာက္သြားမွာမဟုတ္ဘူးေလ။

သတိရွိတာက ပိုေကာင္းတယ္။

ကုမ်န္က သူဘာလို႔ သူမရဲ႕အခန္းတံခါးဝမွာ တညလုံးေနခဲ့ရတာလဲဆိုတာ သိတယ္။ ဒါက သူမရဲ႕လုံၿခဳံေရးအတြက္ပဲ။

သူက စာဖတ္သူေတြရဲ႕ အားေပးမႈအမ်ားဆုံးရတဲ့ ဇာတ္ေကာင္ျဖစ္ဖို႔ ထိုက္တန္တယ္။ သူက ဂ႐ုစိုက္တတ္၊ တာဝန္ယူတတ္သူျဖစ္ၿပီး သူ႕ရဲ႕ပရိသတ္ေတြအေပၚလည္း ေကာင္းတယ္။

သူတစ္ညလုံး မအိပ္ထားရတာေၾကာင့္ ေလာ့ခ်ယ္ရဲ႕မ်က္ႏွာမွာ ပင္ပန္းႏြမ္းနယ္မႈ အနည္းငယ္ရွိေနၿပီး ေမးေစ့ေပၚမွာေတာ့ မုတ္ဆိတ္ေမြးငုတ္တိုပါးပါးေလး ေပၚေနတယ္။ဒါက သူ႕ရဲ႕ေခ်ာေမာခန့္ညားမႈကို မေလ်ာ့သြားေစဘဲ သူ႕ကို ပိုၿပီး ေယာက္်ားပီသေစတယ္။ကုမ်န္က ႏႈတ္ခမ္းကို တင္းတင္းေစ့လိုက္ရင္း "ရွင္ အခု ျပန္အိပ္လို႔ရၿပီ"

ေလာ့ခ်ယ္က နံရံကိုမွီရပ္ေနရာကေန ျဖည္းျဖည္းခ်င္း မတ္မတ္ျပန္ရပ္လိုက္တယ္။

သူက ေမးလာခဲ့တယ္။"မနက္စာသြားစားဖို႔လား"

မေန႕ညက သူမတို႔ဝယ္ခဲ့တဲ့ညစာက လႊင့္ပစ္ခံလိုက္ရၿပီး သူမ လုံးဝမစားခဲ့ရဘူး။ ဒါေၾကာင့္ တစ္ညကုန္လြန္ၿပီးေနာက္မွာေတာ့ ကုမ်န္နည္းနည္းဗိုက္ဆာေနၿပီ။

ကုမ်န္က ေခါင္းညိတ္ျပလိုက္တယ္။

ေလာ့ခ်ယ္က ရႈပ္ပြေနတဲ့ဆံပင္ေတြကို ၿဖီးသင္လိုက္ရင္း "ကိုယ့္ကိုေစာင့္ဦး"

သူက သူ႕အခန္းကို ျပန္သြားတယ္။ ဆယ္မိနစ္ေလာက္ၾကာၿပီးေနာက္ ေလာ့ခ်ယ္ျပန္ေပၚလာတယ္။

အခန္းကိုျပန္သြားၿပီးေနာက္ သူအလ်င္အျမန္ေရခ်ိဳးလာခဲ့တယ္။ သူ႕ရဲ႕အနက္ေရာင္ဆံပင္က ေရစိုေနေသးၿပီး မုတ္ဆိတ္ေမြးငုတ္တိုေတြကိုလည္း ရိတ္ထားတယ္။ သူလမ္းေလွ်ာက္လာတဲ့အခ်ိန္ လတ္ဆတ္တဲ့ ေရခ်ိဳးဂ်ယ္ႏွင့္ မုတ္ဆိတ္ရိတ္ထားတဲ့အနံ႕ကိုေတာင္ ရေနေသးဆဲပင္။

ပင္ပန္းႏြမ္းနယ္မႈေတြကေတာ့ သူ႕မ်က္ႏွာကေန ေပ်ာက္သြားၿပီ။ ကင္မရာထဲမွာ အခ်ိန္မေ႐ြးေပၚလာလို႔ရသလိုမ်ိဳး သူ႕မ်က္လုံးေတြက ၾကည္လင္ေနတယ္၊ သူ႕အဝတ္အစားေတြကလည္း သပ္ရပ္တယ္၊။သူတစ္ညလုံး မအိပ္ထားရဘူးဆိုတာကို သူမ,မေျပာနိုင္ဘူး။

"မနက္စာ သြားစားရေအာင္"

ကုမ်န္က စိုေနေသးတဲ့ ဆံပင္ေတြကို လက္ညွိုးထိုးျပၿပီး "ဆံပင္ေျခာက္ေအာင္ မႈတ္စရာမလိုဘူးလား"

ေလာ့ခ်ယ္က "ကိုယ့္ဆံပင္က တိုေတာ့ ျမန္ျမန္ေျခာက္တယ္"

သူမတို႔ ဓာတ္ေလွကားထဲကို ဝင္လိုက္ၾကတယ္။ ေလာ့ခ်ယ္က ဦးထုပ္၊ မ်က္မွန္ ဒါမွမဟုတ္ မ်က္ႏွာဖုံးပင္ မ၀တ္ထားခဲ့ဘဲ ထင္ရွားျပတ္သားတဲ့အနားသတ္နဲ႕အတူ ေခ်ာေမာခန့္ညားတဲ့မ်က္ႏွာကို ေဖာ္ျပထားတယ္။

သူမ ေမးလိုက္ရတယ္။"ရွင္ ဖုံးကြယ္ထားဖို႔ လုံး၀မလိုဘူးလား"

သူမက ဆယ္လီဘရစ္တီတစ္ေယာက္ျဖစ္ရျခင္းရဲ႕ အသိမရွိေသးေပမယ့္လည္း ပုံမွန္ဆို စူပါစတားေတြက ေနရာေတြကို ႐ုပ္ဖ်က္ၿပီးမွ အၿမဲသြားေလ့ရွိၾကတယ္မဟုတ္ဘူးလား။

ေလာ့ခ်ယ္အံ့အားသင့္သြားၿပီး "မလိုပါဘူး၊ ဒီဟိုတယ္က ဘြတ္ကင္လုပ္ၿပီးသြားၿပီ အျပင္လူေတြ အခုဝင္လို႔မရေတာ့ဘူး"

အျပင္လူေတြမွာ သတင္းေထာက္ေတြပါ အလိုအေလ်ာက္ ပါဝင္တာေၾကာင့္ အခု သူမတို႔ရဲ႕ ကိုယ္ေရးကိုယ္တာေတြအတြက္ စိုးရိမ္စရာ မလိုပါဘူး။

တည္းခိုေနတဲ့ဧည့္သည္ေတြကို ေမာင္းထုတ္မရေပမယ့္လည္း ဧည့္သည္အားလုံးရဲ႕ အေထာက္အထားကို စစ္ေဆးၿပီးၿပီျဖစ္ၿပီး ျပႆနာမရွိေပ။ ရိုက္ကူးေရးအဖြဲ႕သားေတြ မထြက္ခြာမခ်င္း ဟိုတယ္က ဧည့္သည္အသစ္ေတြကို ေခၚယူမွာမဟုတ္ပါဘူး။

ကုမ်န္အံ့အားသင့္သြားတယ္။ ဟိုတယ္ကို ဘြတ္ကင္လုပ္ထားတာလား။

"ကြၽန္မေၾကာင့္လား...?" ကုမ်န္က ငါမွငါဆိုတဲ့အတၱသမားမဟုတ္ေပမယ့္ မေန႕ညက သူမတို႔ check-in ၀င္တုန္းကေတာ့ အရာအားလုံးအဆင္ေျပေနတယ္ေလ။ ဟိုတယ္တစ္ခုလုံးကို ဘြတ္ကင္လုပ္ထားတယ္လို႔ ဘယ္သူမွ မေျပာခဲ့ပါဘူး။သူမက ထိတ္လန႔္စရာေကာင္းတာႀကီးကို ရင္ဆိုင္ခဲ့ရၿပီးေနာက္မွာမွ ဟိုတယ္ကို ဘြတ္ကင္လုပ္ခဲ့တယ္ေလ။ဒါက သူမနဲ႕ ဘာမွမဆိုင္ဘူးလို႔ေျပာရင္ ဘယ္သူမွ ယုံမွာမဟုတ္ဘူး။

ရိုက္ကူးေရးအဖြဲ႕မွာ သူတို႔ဝန္ထမ္းေတြရဲ႕ လုံၿခဳံေရးအတြက္ တာဝန္ရွိတယ္။ ဒါေပမယ့္ ေလာ့ခ်ယ္က ဟိုတယ္အတြက္ ေပးတဲ့သူျဖစ္ရမယ္။

ေလာ့ခ်ယ္က "ေဘးကင္းေရးက ပထမပဲ"လို႔သာ ေျပာလာခဲ့တယ္။

ေလာ့ခ်ယ္က ခ်န္းမိသားစုကို အခုထိမျပန္ရေသးဘဲ ေဟာင္းႏြမ္းပ်က္စီးေနတဲ့ ၿမိဳ႕ေဟာင္းမွာသာ ႀကီးျပင္းခဲ့ရေပမယ့္လည္း အခ်ိဳ႕ေသာ အရာေတြကိုေတာ့ အေမြဆက္ခံခဲ့တယ္။ ဥပမာအားျဖင့္၊ သူ႕ရဲ႕ဂုဏ္သိကၡာနဲ႕ သဘာဝအရ ႀကီးစိုးတတ္တဲ့ စရိုက္လကၡဏာပင္။

အမ်ားအားျဖင့္ေတာ့ သူက လ်စ္လ်ဴရႈထားတတ္သလို ေအးစက္စက္နဲ႕ အရာေတာ္ေတာ္မ်ားမ်ားကို ဂ႐ုမစိုက္တတ္ဘူး။ ဒါေပမယ့္ သူႀကီးစိုးေနခ်ိန္မွာေတာ့ ဘယ္ေတာ့မွ မတုန္လႈပ္သြားဘူး။

မနက္စာက အရသာရွိၿပီး ႏႈတ္ၿမိန္စရာေကာင္းလြန္းတယ္။ မနက္စာက ဟိုတယ္ရဲ႕စားဖိုမႉးက လုပ္တာမဟုတ္ဘဲ အျပင္ကပါ။

တစ္ေယာက္စာျပင္ေပးထားတဲ့ ပြဲငယ္ေလးေပမယ့္ ထူးထူးျခားျခားလက္ရာေျမာက္တဲ့ မနက္စာကိုၾကည့္ရင္း ကုမ်န္က ေလာ့ခ်ယ္  စီစဥ္ေပးတာျဖစ္မွန္း သိလိုက္ရတယ္။ မေမွ်ာ္လင့္စြာနဲ႕ ေလာ့ခ်ယ္က "မင္းကိုယ့္ကိုယုံရင္ ကိုယ္နဲ႕ထားခဲ့ပါ" လို႔ ေျပာခဲ့ၿပီးေနာက္ တစ္ညတြင္းခ်င္းမွာပဲ အရာအားလုံးကို ၿပီးျပည့္စုံေအာင္ တကယ္စီစဥ္ေပးခဲ့တယ္။

သူမေဘးကင္းတယ္ဆိုတာ ေသခ်ာေစဖို႔ တစ္ညလုံး တံခါးမွာ ရပ္ေနခဲ့တယ္။ သတင္းေထာက္ေတြနဲ႕ အမည္မသိသူေတြ သူမကို အႏွောက္အယွက္မျဖစ္ေစဖို႔အတြက္ ဟိုတယ္တစ္ခုလုံးကိုပါ ဘြတ္ကင္လုပ္ထားခဲ့ၿပီး အျပင္ကေန မနက္စာအျပည့္အစုံကိုပါ ဝယ္ေပးထားေသးတယ္။

ကုမ်န္က ဗိုက္ဆာေနတာေၾကာင့္ အစာစားခ်င္စိတ္ရွိေနတယ္။ ပုဇြန္အစာသြပ္ဖက္ထုပ္နဲ႕ တျခားအဆာေျပ ေသးေသးေလးေတြ တစ္ခုခ်င္းစီက အႀကီးႀကီးမဟုတ္ပဲ တစ္ကိုက္စာေလးေတြပင္။ သူမက သေရစာတစ္ခုခ်င္းစီကို ျမည္းစမ္းၾကည့္တယ္။ သူမ စားၿပီးတဲ့အခ်ိန္မွာ‌ေတာ့ အမ်ားႀကီးစားမိသြားေၾကာင္း သိလိုက္ရတယ္။

ေလာ့ခ်ယ္ရဲ႕လႈပ္ရွားမႈေတြက အရမ္းေျပျပစ္ၿပီး ဆူညံသံမထြက္ေပ။ လႈပ္ရွားမႈတိုင္းက မ်က္စိပသာဒျဖစ္လွတယ္။

သူက မနက္စာစားေနတဲ့အေတာအတြင္း ကုမ်န္ကိုၾကည့္ဖို႔ မ်က္လႊာပင့္လာလိမ့္မယ္။ သူမ ျမန္ျမန္သြက္သြက္နဲ႕ အမ်ားႀကီးစားတာကို ျမင္သြားတဲ့အခ်ိန္က်မွ၊ မ်က္လုံးေအာက္မွ အၿပဳံးသဲ့သဲ့ကို ဖုံးကြယ္ဖို႔ မ်က္လႊာခ်သြားလိမ့္မယ္။

သူမမွာ ဒီလိုအစာစားခ်င္စိတ္ရွိၿပီး ျဖစ္ပ်က္ခဲ့တဲ့အရာေတြက သူမရဲ႕ စိတ္အေျခအေနကို မထိခိုက္ေစခဲ့ဘူးပဲ။

ရိုက္ကူးေရးအဖြဲ႕က road showအတြက္ ေနာက္ၿမိဳ႕ကို အေျပးအလႊားသြားခဲ့ရတယ္။ မတူညီတဲ့အခ်ိန္ဇယားေတြေၾကာင့္ အခ်ိဳ႕ေသာသူေတြက Roadshow ရဲ႕ေနာက္ထပ္ရပ္နားမႈမွာ မပါဝင္ခဲ့ၾကပဲ သူတို႔ရဲ႕ကိုယ္ပိုင္ပေရာဂ်က္ေတြကို သြားေရာက္ဖမ္းဆုပ္ခဲ့ၾကတယ္။ ဒါကလည္း အရမ္းအျဖစ္မ်ားပါတယ္။

ခန္ယန္ယန္လည္း ကုမ်န္နဲ႕အတူ ေနာက္လာမယ့္ၿမိဳ႕ရဲ႕ road showကို မသြားျဖစ္ခဲ့ဘူး။ “Ask the Immortals” ဇာတ္ကားနဲ႕ ေရပန္းစားလာၿပီးေနာက္ သူမရဲ႕ပေရာဂ်က္ေတြက ႐ုတ္တရက္ႀကီး
ျမင့္တက္လာခဲ့တယ္။ သူမက တစ္ႏွစ္မွာ လမ်ားစြာၾကာေအာင္ ဘာမွမလုပ္ခဲ့ရေပမယ့္လည္း အခုအခါမွာေတာ့ ေနာက္ထပ္လအနည္းငယ္အတြက္ သူမရဲ႕အခ်ိန္ဇယားက ျပည့္သြားခဲ့ၿပီျဖစ္တယ္။

ေပ်ာ္႐ႊင္ဖြယ္ရာ တန္ေဆာင္မုန္းလျပည့္ အခါသာမယေလးပါရွင္။ ေလာ့ခ်ယ္တို႔က paidမွာ chapter 152ထိ ေရာက္ရွိေနပါၿပီေနာ္။ တန္ေဆာင္တိုင္ကာလမို႔ ေလာ့ခ်ယ္တို႔ကို Gp 1(1-125) 2500 ၊ Gp 2(126-253) 3500 ၊  gp2ခုေပါင္း 6000က်ပ္ကို promotion အေနနဲ႕ 5000က်ပ္ပဲ ယူမွာပါ။ ဒါေပမယ့္ ဒီေန႕နဲ႕ မနက္ျဖန္ 2ရက္ပါပဲေနာ္။ 2ရက္ျပည့္သြားရင္ေတာ့ ပုံမွန္ေဈးႏႈန္းျပန္ျဖစ္သြားပါမွာရွင့္။ ကဲ .... Gp၀င္ခ်င္တဲ့သူေလးေတြက message box ကိုလာေျပာျဖစ္ျဖစ္ ၊ tele acc @hsuyoonkim99 ကို လာေျပာတာျဖစ္ျဖစ္ လုပ္လို႔ရပါၿပီေနာ္။ ေပ်ာ္႐ႊင္ခ်မ္းေျမ့ၾကပါေစ။

Continua llegint

You'll Also Like

320K 45.1K 84
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao Jiao Struggled Every Day [JJSED] Author...
477K 68.4K 171
ရှီရှန်း arc 11 က​နေ စတင်တာပါ arc 1က​နေ 10ထိကို workထဲမှာ သွားရှာနိုင်ပါတယ် ႐ွီ႐ွန္း arc 11 က​ေန စတင္တာပါ arc 1က​ေန 10ထိကို workထဲမွာ သြား႐ွာႏိုင္ပါတ...
16.3K 1.9K 32
Totally Credited to original author
404K 52.2K 133
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...