အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

By FlowerRainButterfly

1.5M 189K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ More

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)

(99)

8.4K 1K 8
By FlowerRainButterfly

အပိုင်း (၉၉) ချောင်မိသားစု၏ အလည်ပတ်ရောက်ရှိလာမှု -2

ပိုင်လီက ပိုင်မိသားစုရောက်လာ၍ သူ၏ဝါးခြင်းတောင်းကို ချနေတုန်းတွင် ချောင်ရန်၏အသံကိုကြားလိုက်သဖြင့် သူက လှည်းကိုပြန်လှည့်ကြည့်ခဲ့သည်။

အဲဒီမှာ လည်းကလည်း နီးကပ်လာပြီဖြစ်လို့ သူကလှည်းပေါ်မှာ မတ်တပ်လေးရပ်ပြီး သူ့ကိုလက်ဝေ့ရမ်းပြနေတဲ့ ချောင်ချင်းချင်းလေးကို တွေ့လိုက်ရပါတယ်။

လှည်းလေးသည် စပျစ်စင်များနှင့် မနီးမဝေးတွင်ရပ်တန့်သွားခဲ့ပြီး ပိုင်လီထံ ဦးဆုံးပြေးလာသူမှာ ချောင်ချင်းချင်းလေးပါပင်။ သူမလေးက ပိုင်လီထံပြေးလာရင်းနှင့်....

"ဦးဦးပိုင်! ဦးဦးပိုင်​ရေ... ချင်းချင်းက ဦးဦးတို့ဆီလာလည်တာပါ"

ပိုင်လီမှာ ဤကလေးမနှင့်မတွေ့တာ အနည်းငယ်ကြာသွားပြီပင်။ တကယ်တော့ ဆိပ်ကမ်းမြို့နဲ့ဘသူတို့ရွာလေးက မနီးလှပါဘူး။ အရင်က အကြောင်းကိစ္စတွေရှိလို့ ပိုင်လီက ဆိပ်ကမ်းမြို့ကို မကြာခဏသွားခဲ့ရပေမယ့် ကျိုးရှီရဲ့ကိစ္စပြီးထဲက သူက ဆိပ်ကမ်းမြို့ကိုထပ်မရောက်ခဲ့တော့ဘူး။

ပိုင်လီသည် အနားရောက်လာသည် ကလေးမလေး၏ ခေါင်လေးကိုပုတ်ပေးလိုက်ပြီး....

"ချင်းချင်းက တကယ်လာလည်တာပဲ အတော်ပဲ လာတုန်းကိုကူညီခိုင်းရမယ် ဦးဦးကို စပျစ်သီးကူခူးပေးရမယ်နော်"

ချောင်ချင်းချင်းသည် ဤသို့ တောရွာလေးသို့ တစ်ခါမှ မရောက်ဖူးသူလေးဖြစ်သဖြင့် ပိုင်လီကို နှုတ်ဆက်ပြီးထဲက သူမလေး၏ အကြည့်များက စပျစ်စင်မှ တွဲလောင်းကျနေသည့် လှပလွန်းသော စပျစ်ခိုင်များကို ငေးကြည့်နေခဲ့တာဖြစ်သည်။ သူမလေးက စပျစ်သီးပင်တွေကိုလည်း တစ်ခါမှမမြင်ခဲ့ပါဘူး။

သူမလေးက ပိုင်လီကိုပြန်လှည့်ကြည့်လာပြီး စပျစ်သီးခိုင်တွေကို လက်ညိုးထိုးပြလျက်...

"ဦးဦး ဒါက ဘာအသီးလေးတွေလဲဟင် လှလိုက်တာနော် "

အဲဒီနောက် သူမလေးက ပိုင်လီ၏လက်ကိုလာဆွဲကာ ကလေးဆိုးလေးလိုလှုပ်ရမ်းခဲ့ပြီး...

"ဒါတွေက ဦးဦးရဲ့အပင်တွေလားဟင် ဦးဦး ချင်းချင်းက နည်းနည်းလောက် စားကြည့်လို့ရောမရဘူးလား"

ပိုင်လီက ကလေးမလေးကို ပြုံးကာ ကြည့်လိုက်၏။ သူက နဂိုထဲက ကလေးချစ်တတ်သူတစ်ယောက်ဖြစ်တာကြောင့် ဤသို့ သွက်လက်လွန်းတဲ့ ကလေးမလေးကို မျက်ကွယ်မပြုနိုင်ပါဘူး။

"ရတာပေါ့ ဘာလို့မရရမှာလဲ "

အဲဒီနောက်သူသည် ခူးပြီးသား စပျစ်ခိုင်များထည့်ထားသည့်ခြင်းအား ညွှန်ပြလိုက်ပြီး ...

"ချင်းချင်း ကြိုက်ရင် အများကြီးစားလည်းရတယ်"

ချောင်ရန်သည် လှည်းပေါ်မှ ပထမဆုံးဆင်းခဲ့တဲ့သူ ဖြစ်သော်လည်း သူသမီးငယ်ကို အောက်ချပေးပြီးနောက် သူ့ဇနီးကို လှည်းပေါ်မှဆင်းရန် ကူညီနေရသဖြင့် ချောက်ချင်းချင်းနောက်မှ လိုက်မလာခဲ့ရပေ။

ဟုန်ရင်းက ပုံမှန်အားဖြင့် မြင်းလှည်းကိုပဲ စီးနေကျဖြစ်လို့ ဒီလိုကျွဲလှည်းက သူမအတွက် အခက်ခဲအနည်းငယ်ရှိခဲ့ပါတယ်။ ဒါပေမယ့် သူမက ဒီအတွေ့ကြုံအတွက် ပြုံးရွှင်နေတုန်းပဲ။

ဤတစ်ခေါက်တွင် ချောင်အိမ်၌ ညစာစားချိန်ကသာတွေ့လိုက်ရသည့် ချောင်ရန်၏ ရှစ်နှစ်အရွယ် တတိယသားလေး ချောင်လုပိုင်လည်းပါလာခဲ့ပြီး သူလေးက သူ့အဖေချီချပေးမှာကို မလိုချင်၍ လှည်းပေါ်ကနေ ကျော့ရှင်းစွာ ခုန်ချခဲ့လေသည်။ အဲဒီနောက် သူတို့မိသားစုသုံးယောက်က ပိုင်မိသားစုဝင်တွေနဲ့အတူ စပျစ်အောက်လာကျရင်းနဲ့ ပိုင်လီက ချောင်ချင်းချင်းကို ပြောနေတာကိုကြားလိုက်ကျရပါတယ်။

ပိုင်လီပြောအပြီးမှာပဲ ချောင်ချင်းချင်းဆိုတဲ့ ကောင်မလေးက ပျော်ရွှင်စွာနဲ့ ခြင်းတောင်းထဲက စပျစ်ခိုင်တွေကို လှမ်းယူတော့မှာကို မြင်လိုက်ကျရတော့ ချောင်ရန်က အမြန်ပြေးသွားပြီး တားလိုက်ရတော့ကာ သူက သမီးအငယ်ဆုံးလေးကို ငေါက်လိုက်တော့တယ်။

"ချောင်ချင်းချင်း! မင်းဆိုတဲ့ကောင်မလေးကတော့ အလိုလိုက်လို့ပျက်စီးနေပြီ ဦးဦးပိုင်ကခွင့်ပြုတိုင်း ဒီတိုင်းယူစားနေမှာလား မင်းက ဒီအသီးတွေဘယ်လောက်အဖိုးတန်လဲတောင် မကြည့်တော့ဘူး"

ပိုင်လီက ဒါကိုကြားတော့ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ကို အလိုလိုက်လွန်းတယ်ပဲ ပြောချင်ပြောပါ။ သူက ကလေးတွေကိုညလေသံမာမာနဲ့ပြောတာတွေ့ရင် တကယ်ကိုစိတ်မသက်မသာဘူး။

"အကိုကြီးချောင် ဒါကကျွန်တော့်ခြံထဲက အသီးလေးပါပဲ အပြင်ကဝယ်ရတာလဲမဟုတ်ပါဘူး ကလေးကိုဆူမနေပါနဲ့ဗျာ"

ထိုအခါ အနားရောက်လာသည့် ဟုန်ရင်းသည်...

"မောင်လေးပိုင် မင်းဒီကောင်မလေးဘက်က ကာပေးမနေပါနဲ့ ဒါက မင်းမလို့တော့ ကိစ္စမရှိပေမယ့် ဒီကောင်မလေးက နောက်ပိုင်း အရမ်းရဲတင်းလာတယ် တခြားသူတွေကိုသာ အဲလိုသွားလုပ်ရင် မကောင်းတော့ဘူးလေ  ဒါကြောင့် သူတို့အဖေကဆုံးမပါစေ"

တကယ်တော့ ချောင်းချင်းချင်းလေးသည် သာမာန်ကလေးများထက် အနည်းငယ်ရဲတင်းသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဒါပေမယ့် သူမလေးလို ကလေးမလေးက အဲလိုရဲရဲတင်းတင်း၊သွက်သွက်လက်လက်ပုံစံလေးနဲ့မှ အရမ်းချစ်ရာကောင်းနေမှာပါ။ ဒါပေါ့ ဒီခေတ်လူတွေရဲ့ မျက်လုံးထဲမှာတော့ ဒါက နည်းနည်းမသင့်တော်နိုင်ဖြစ်နေနိုင်ပါတယ်။

ဒါကိုနားလည်တဲ့အတွက် ပိုင်လီက အများကြီးငြင်းမနေတော့ပေ။ သူက မိသားစုနှစ်ခုကို အရင်မိတ်ဆက်ပေးဖို့ ကြည့်လိုက်ပြီး ဤနေရာသို့ လှည်းနှင့်ပါလညသည့် ပိုင်မိသားစုဝင်များကို ကြည့်လိုက်ရာ မပါလာသူများမှာ ကျိုးရှီနှင့်စုရှီသာရှိကြောင်း တွေ့ခဲ့ရသည်။ ဒီမှာ စပျစ်သီးကူခူးဖို့အတွက် စာလေ့လာရာကနေထွက်လာတဲ့ ပိုင်ဝူတောင်ရှိနေခဲ့ပါတယ်။

ထို့ကြောင့် ပိုင်လီက မလှမ်းမကမ်းမှ အခြေနေကို ငြိမ်ငြိမ်လေးရပ်ကြည့်နေသည့် ရှောင်ဟန်ကိုလှည့်ကြည့်ခဲ့ပြီး....

"ရှောင်ဟန် ဒီကိုလာခဲ့လေ"

ရှောင်ဟန်သည် ပိုင်လီခေါ်တာနှင့် အနားရောက်လာခဲ့ပြီး သူက ဒီမှာဧည့်သည်တွေရှိနေတဲ့အတွက် ပိုင်လီသာမခေါ်ရင် အနားလာရဲမှာမဟုတ်ပါဘူး။

အဲဒီနောက် ပိုင်လီက ထောင့်နားမှာ စပျစ်သီးထိုင်စားနေကျတဲ့ အသေးလေးတွေကိုလည်း လှမ်းခေါ်ခဲ့လိုက်သည်။

"ရှောင်ဖူလေးနဲ့ရှောင်ဝူလေး ဒီကိုခဏလာခဲ့ပါဦး"

ပိုင်ရှောင်ဖူနှင့် ပိုင်ရှောင်ဝူသည် ချောင်ချင်းချင်းဝင်လာထဲက သူမလေးကို ကြည့်နေခဲ့တာဖြစ်သည်။ နောက်တော့ သူတို့နဲ့ အသက်သိပ်မကွာလောက်တဲ့  ကလေးမ​လေးက သူတို့အဖေနဲ့ ရင်းရင်းနှီးဆက်ဆံနေလို့ သူတို့မျက်နှာလေးတွေက ဆူပုတ်ပုတ်လေးတွေဖြစ်လာကျပါတော့တယ်။

ဒါပေမယ့် သူတို့က သူတို့အဖေခေါ်သံကြားတော့ ပြေးသွားလိုက်ကျတုန်းပဲ။

ဟုန်ရင်းသည် ပိုင်လီ၏ဇနီးဖြစ်ဟန်တူသည့် ကောကောင်လေးကိုကြည့်ပြီး သူက ပိုင်လီနှင့် လိုက်ဖက်တာပဲဟု တိတ်တဆိတ်တွေးနေခဲ့တာဖြစ်၏။ အဲဒီအချိန်မှာပဲ သူမက ပိုင်လီက ကလေးတွေကိုခေါ်လိုက်သံကြားတော့ ပိုင်လီကြည့်နေသည့်ဘက်ကို လှမ်းကြည့်ရာ သူမက ရုတ်တရက်ကြီး ချစ်စရာကောင်းမှုလေးများဖြင့် ထိုးနှက်ခံလိုက်ရတော့သည်။

သူမက စပျစ်သီးခိုင်လေးပိုက်ပြီး ပြေးလာတဲ့ ရှောင်ဖူနဲ့ စပျစ်လေးတစ်လုံးကိုကိုက်ရင်း သူ့အကိုနောက်ကပြေးလိုက်လာတဲ့ ရှောင်ဝူကို တွေ့လိုက်ရချိန်မှာ ဒီကောသေးသေးလေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲဆိုတာကို လက်ခံလိုက်မိပါတယ်။ အမှန်တိုင်းပြောရရင် သူမက သူမခင်ပွန်းက ပိုင်လီရဲ့သားလေးတွေက အရမ်းချစ်ဖို့ကောင်းတယ်ပဲဟု ပြောပြောနေတာကို ကြားခဲ့ပေမယ့် အဲတာကို သိပ်ပြီးအထွေထူးမထင်ခဲ့တာလည်းဖြစ်တယ်။

အခုတော့ သူမကိုယ်တိုင်မြင်လိုက်ရမှပဲ သူမခင်ပွန်းပြောတာက လုံးဝမှားမနေကြောင်း သိလိုက်ရတာကာ ဒီကောငယ်လေးတွေက အရမ်းအရမ်းကို ချစ်ဖို့ကောင်းနေတာပါ။

သူမသည် မနေနိုင်တော့ဘဲ ပြောလိုက်မိတော့၏။

"အိုက်ယား! မောင်လေးပိုင်ရေ မင်းအိမ်ကောငယ်လေးတွေက တကယ်ကိုချစ်ဖို့ကောင်းတာပဲကွယ်"

ပိုင်လီမှာ သူအိမ်က အသေးလေးတွေနှင့်ပတ်သတ်၍ ဤသို့စကားများကို များစွားကြားဖူးသဖြင့် ပြုံး၍သာနေလိုက်ပေသည်။ တကယ်တော့ နေ့တိုင်းမြင်တွေ့နေရတဲ့ သူတို့အတွက်တောင်မှ ဒီကောင်လေးတွေရဲ့ ချစ်စရာကောင်းမှုလေးတွေက ရိုးအီမသွားခဲ့ပါဘူး။ ဒါကြောင့် အခုမှမြင်ဖူးတဲ့လူတွေအတွက်တော့ ဒီကောင်လေးတွေရဲ့ ချစ်စရာကောင်မှုလေးတွေနဲ့ ထိုးနှက်ခံရတာက မထူးဆန်းတော့ဘူး။

ချောင်ရန်သည် သူ့ဇနီး၏စကားကိုကြားတော့ ငါမပြောဘူးလားဟူသည့်အမူရာဖြင့်....

"ကိုယ်မပြောဖူးလား ဒီကောင်လေးတွေက တကယ်ချစ်စရာကောင်းပါဆို ကြည့်ပါဦး ကိုယ်တွေ့တုန်းကထက် ပါးလေးတွေ ပိုဖောင်းလာကျပြီ ပေါက်စီလေးတွေလိုပဲ"

အသေးလေးတွေကိုမြင်၍ အံသြသွားသည်မှာ ဟုန်ရင်းတစ်ယောက်ထဲတော့ မဟုတ်ပေ။ ချောင်ရန်လက်ထဲက ချောင်ချင်းချင်းလေးသည် အသေးလေးတွေကိုမြင်သွားပြီး ဒါက ပိုင်လီသူမလေးကို ပြောဖူးသည့် ပေါက်စီလေးတွေဆိုတာကို သဘောပေါက်သွားခဲ့၏။ ဒါကြောင့် သူမလေးက ချောင်ရန်၏လက်ထဲမှနေ ပြေးထွက်သွားခဲ့ပြီး....

"ပေါက်စီလေးတွေ! မမလာပြီ!"

ရလဒ်မှာ ပိုင်ရှောင်ဖူနှင့်ပိုင်ရှောင်ဝူသည် သူတို့မသိသေးသည့် လူစိမ်းမိန်းကလေးထံမှ ဖက်ခြင်းခံလိုက်ရတော့သည်။

ချောင်ချင်းချင်းက အရပ်မပုပေမယ့် သူမက ပိန်ပိန်သေးသေးလေးဖြစ်တာကြောင့် အသေးလေးတွေက သူမထက်ပုပြီး သေးကျရင်တောင် သူမလေးအနေနဲ့ နှစ်ယောက်ထဲကို တစ်ပြိုင်ထဲဖက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူမလေး၏ ကလေးနှစ်ယောက်လုံးကို တစ်ပြိုင်ထဲဖက်ဖို့ ကြိုးစားနေပုံလေးမှာ အနည်းငယ် ရယ်ချင်စရာလေးဖြစ်နေတော့သည်။

လူကြီးတွေမှာ ကလေးတွေကြည့်ကာ ရယ်လိုက်ကျပြီး ပိုင်လီက နှစ်ဖက်မိသားစုနှစ်ခုလုံးကို မိတ်ဆက်ပေးလိုက်တော့၏။

"အကိုကြီးချောင်နဲ့မရီး ဒါက ကျွန်တော့်မိသားစုပါ အဖေပိုင်၊ အမေပိုင်နဲ့ အကြီးဆုံးအကိုပိုင်ကျန်း၊ တတိယညီပိုင်စန်း၊ စတုတ္ထညီပိုင်ဝူနဲ့ ဒါက အငယ်ဆုံးညီမလေး ပိုင်မိန်ပါ "

အဲဒီနောက် သူသည် ရှောင်ဟန်ကိုလည်း ညွှန်ပြခဲ့ကာဖြင့်....

"ဒါက ကျွန်တော့်ရဲ့ဇနီးရှောင်ဟန် အသေးတွေထဲက စပျစ်ခိုင်နဲ့တစ်ယောက်က ရှောင်ဖူ ကျန်တဲ့တစ်ယောက်ကတော့ ရှောင်ဝူ"

ရှောင်ဖူနှင့်ရှောင်ဝူသည် အမွှာများဖြစ်သော်လည်း ရုပ်မတူလှပေ။ ထို့ကြောင့် ခွဲခြားနိုင်ပြီး ခွဲမိတ်ဆက်ပေးလို့ရပါတယ်။

ထို့နောက် ပိုင်လီသည် သူ့မိသားစုအားကြည့်လိုက်ပြီး...

"အိမ်ကလူတွေက အကိုကြီးချောင်ရန်ကိုတော့ သိကျပြီးသားပါ အားလုံးပဲ ဒါက အကိုကြီးချောင်ရန်ရဲ့ဇနီး မျိုးရိုးကဟုန်ဖြစ်ပြီး ဘေးက သူတို့တတိယသားလေး ချောင်လုပိုင် ကျန်တဲ့ကလေးမလေးကတော့ သူတို့ရဲ့အငယ်ဆုံးသမီးလေး ချောင်ချင်းချင်းတဲ့"

နှစ်ဖက်မိသားစုများသည် အချင်းချင်းခေါင်းငြိမ့်ကာပြုံးပြခဲ့ကျ၍ ချောင်ရန်သည် ဖော်ရွှေသောအပြုံးကြီးဖြင့် ပြောလာခဲ့တော့သည်။

"ဦးလေးပိုင်နဲ့ ဒေါ်လေးကို ပိုင်လီကပြောထားလာတော့မသိဘူးဗျာ အကယ်၍ ဒီကောင်လေးက ပြောမထားရင် ကျွန်တော်တို့က ရုတ်တရက်ကြီး ရောက်လာသလိုဖြစ်သွားမှာ အနှောက်ယှက် ပေးမိသလိုဖြစ်သွားရင် အားနာပါတယ် အားနာပါတယ်"

သူတို့လာလည်မည်ဆိုတာကို ပိုင်လီက သိနေပြီးသားဖြစ်သော်လည်း သူ့မိသားစုကိုတော့ ပြောဖို့မေ့သွားပုံဖြင့် ​ချောင်ရန်တို့ရောက်လာတုန်းတွင် ပိုင်လီအိမ်ဘေးမှရုံရှီက ပိုင်လီတို့မရှိဟုပြောကာ ပိုင်မိသားစုအိမ်ကို လမ်းညွှန်ပေးခဲ့၍ သူတို့တွေ ပိုင်အိမ်သို့ရောက်သွားကျသော်လည်း ပိုင်မိသားစုများက အံသြသွားကျတာဖြစ်သည်။ သူတို့က ပိုင်လီထံ လာလည်တာလို့ကြားတဲ့အချိန်မှာ ပိုင်မိသားစုက အံသသြသွားကျပြီး သူတို့က မိသားစုအကုန်နီးပါး သစ်သီးခြံကိုသွားတော့မှာမလို့ ဧည့်သည်တွေနဲ့ အခက်တွေ့သွားကျပါတယ်။ အဲဒီမှာချောင်ရန်က ပိုင်လီကသစ်သီးခြံမှာ ရှိနေတယ်ဆိုတာကြားပြီး လိုက်လာခဲ့တော့တာပဲ။

ပိုင်လီမှာ ဒါကိုကြားတော့ သူ့နှာခေါင်းသူပွတ်လိုက်မိပြီး အမှန်တိုင်းဝန်ခံရရင် သူတကယ်ကို သူ့မိသားစုကိုပြောထားဖို့ မေ့နေခဲ့တာပါ။

........................................

(AN/ အချစ်တို့ရေ  ဒီနေ့ကတန်ဆောင်မုန်းလပြည့်နေ့ဖြစ်လို့ paid gpမှာ အဆုံးထိဝင်ရင် 8500ကျမှာကို 7500နဲ့လျော့ပေးသွားပါမယ်။ ဒီနေ့ည 12နာရီထိပဲ လျော့ပေးမှာဆိုတော့ နောက်ကျသွားရင်တော့ မရတော့ပါဘူးနော်။ 😚)

အပိုင္း (၉၉) ေခ်ာင္မိသားစု၏ အလည္ပတ္ေရာက္ရွိလာမႈ -2

ပိုင္လီက ပိုင္မိသားစုေရာက္လာ၍ သူ၏ဝါးျခင္းေတာင္းကို ခ်ေနတုန္းတြင္ ေခ်ာင္ရန္၏အသံကိုၾကားလိုက္သျဖင့္ သူက လွည္းကိုျပန္လွည့္ၾကည့္ခဲ့သည္။

အဲဒီမွာ လည္းကလည္း နီးကပ္လာၿပီျဖစ္လို႔ သူကလွည္းေပၚမွာ မတ္တပ္ေလးရပ္ၿပီး သူ႕ကိုလက္ေဝ့ရမ္းျပေနတဲ့ ေခ်ာင္ခ်င္းခ်င္းေလးကို ေတြ႕လိုက္ရပါတယ္။

လွည္းေလးသည္ စပ်စ္စင္မ်ားႏွင့္ မနီးမေဝးတြင္ရပ္တန့္သြားခဲ့ၿပီး ပိုင္လီထံ ဦးဆုံးေျပးလာသူမွာ ေခ်ာင္ခ်င္းခ်င္းေလးပါပင္။ သူမေလးက ပိုင္လီထံေျပးလာရင္းႏွင့္....

"ဦးဦးပိုင္! ဦးဦးပိုင္ေရ... ခ်င္းခ်င္းက ဦးဦးတို႔ဆီလာလည္တာပါ"

ပိုင္လီမွာ ဤကေလးမႏွင့္မေတြ႕တာ အနည္းငယ္ၾကာသြားၿပီပင္။ တကယ္ေတာ့ ဆိပ္ကမ္းၿမိဳ႕နဲ႕ဘသူတို႔႐ြာေလးက မနီးလွပါဘူး။ အရင္က အေၾကာင္းကိစၥေတြရွိလို႔ ပိုင္လီက ဆိပ္ကမ္းၿမိဳ႕ကို မၾကာခဏသြားခဲ့ရေပမယ့္ က်ိဳးရွီရဲ႕ကိစၥၿပီးထဲက သူက ဆိပ္ကမ္းၿမိဳ႕ကိုထပ္မေရာက္ခဲ့ေတာ့ဘူး။

ပိုင္လီသည္ အနားေရာက္လာသည္ ကေလးမေလး၏ ေခါင္ေလးကိုပုတ္ေပးလိုက္ၿပီး....

"ခ်င္းခ်င္းက တကယ္လာလည္တာပဲ အေတာ္ပဲ လာတုန္းကိုကူညီခိုင္းရမယ္ ဦးဦးကို စပ်စ္သီးကူခူးေပးရမယ္ေနာ္"

ေခ်ာင္ခ်င္းခ်င္းသည္ ဤသို႔ ေတာ႐ြာေလးသို႔ တစ္ခါမွ မေရာက္ဖူးသူေလးျဖစ္သျဖင့္ ပိုင္လီကို ႏႈတ္ဆက္ၿပီးထဲက သူမေလး၏ အၾကည့္မ်ားက စပ်စ္စင္မွ တြဲေလာင္းက်ေနသည့္ လွပလြန္းေသာ စပ်စ္ခိုင္မ်ားကို ေငးၾကည့္ေနခဲ့တာျဖစ္သည္။ သူမေလးက စပ်စ္သီးပင္ေတြကိုလည္း တစ္ခါမွမျမင္ခဲ့ပါဘူး။

သူမေလးက ပိုင္လီကိုျပန္လွည့္ၾကည့္လာၿပီး စပ်စ္သီးခိုင္ေတြကို လက္ညိုးထိုးျပလ်က္...

"ဦးဦး ဒါက ဘာအသီးေလးေတြလဲဟင္ လွလိုက္တာေနာ္ "

အဲဒီေနာက္ သူမေလးက ပိုင္လီ၏လက္ကိုလာဆြဲကာ ကေလးဆိုးေလးလိုလႈပ္ရမ္းခဲ့ၿပီး...

"ဒါေတြက ဦးဦးရဲ႕အပင္ေတြလားဟင္ ဦးဦး ခ်င္းခ်င္းက နည္းနည္းေလာက္ စားၾကည့္လို႔ေရာမရဘူးလား"

ပိုင္လီက ကေလးမေလးကို ၿပဳံးကာ ၾကည့္လိုက္၏။ သူက နဂိုထဲက ကေလးခ်စ္တတ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ဤသို႔ သြက္လက္လြန္းတဲ့ ကေလးမေလးကို မ်က္ကြယ္မျပဳနိုင္ပါဘူး။

"ရတာေပါ့ ဘာလို႔မရရမွာလဲ "

အဲဒီေနာက္သူသည္ ခူးၿပီးသား စပ်စ္ခိုင္မ်ားထည့္ထားသည့္ျခင္းအား ၫႊန္ျပလိုက္ၿပီး ...

"ခ်င္းခ်င္း ႀကိဳက္ရင္ အမ်ားႀကီးစားလည္းရတယ္"

ေခ်ာင္ရန္သည္ လွည္းေပၚမွ ပထမဆုံးဆင္းခဲ့တဲ့သူ ျဖစ္ေသာ္လည္း သူသမီးငယ္ကို ေအာက္ခ်ေပးၿပီးေနာက္ သူ႕ဇနီးကို လွည္းေပၚမွဆင္းရန္ ကူညီေနရသျဖင့္ ေခ်ာက္ခ်င္းခ်င္းေနာက္မွ လိုက္မလာခဲ့ရေပ။

ဟုန္ရင္းက ပုံမွန္အားျဖင့္ ျမင္းလွည္းကိုပဲ စီးေနက်ျဖစ္လို႔ ဒီလိုကြၽဲလွည္းက သူမအတြက္ အခက္ခဲအနည္းငယ္ရွိခဲ့ပါတယ္။ ဒါေပမယ့္ သူမက ဒီအေတြ႕ႀကဳံအတြက္ ၿပဳံး႐ႊင္ေနတုန္းပဲ။

ဤတစ္ေခါက္တြင္ ေခ်ာင္အိမ္၌ ညစာစားခ်ိန္ကသာေတြ႕လိုက္ရသည့္ ေခ်ာင္ရန္၏ ရွစ္ႏွစ္အ႐ြယ္ တတိယသားေလး ေခ်ာင္လုပိုင္လည္းပါလာခဲ့ၿပီး သူေလးက သူ႕အေဖခ်ီခ်ေပးမွာကို မလိုခ်င္၍ လွည္းေပၚကေန ေက်ာ့ရွင္းစြာ ခုန္ခ်ခဲ့ေလသည္။ အဲဒီေနာက္ သူတို႔မိသားစုသုံးေယာက္က ပိုင္မိသားစုဝင္ေတြနဲ႕အတူ စပ်စ္ေအာက္လာက်ရင္းနဲ႕ ပိုင္လီက ေခ်ာင္ခ်င္းခ်င္းကို ေျပာေနတာကိုၾကားလိုက္က်ရပါတယ္။

ပိုင္လီေျပာအၿပီးမွာပဲ ေခ်ာင္ခ်င္းခ်င္းဆိုတဲ့ ေကာင္မေလးက ေပ်ာ္႐ႊင္စြာနဲ႕ ျခင္းေတာင္းထဲက စပ်စ္ခိုင္ေတြကို လွမ္းယူေတာ့မွာကို ျမင္လိုက္က်ရေတာ့ ေခ်ာင္ရန္က အျမန္ေျပးသြားၿပီး တားလိုက္ရေတာ့ကာ သူက သမီးအငယ္ဆုံးေလးကို ေငါက္လိုက္ေတာ့တယ္။

"ေခ်ာင္ခ်င္းခ်င္း! မင္းဆိုတဲ့ေကာင္မေလးကေတာ့ အလိုလိုက္လို႔ပ်က္စီးေနၿပီ ဦးဦးပိုင္ကခြင့္ျပဳတိုင္း ဒီတိုင္းယူစားေနမွာလား မင္းက ဒီအသီးေတြဘယ္ေလာက္အဖိုးတန္လဲေတာင္ မၾကည့္ေတာ့ဘူး"

ပိုင္လီက ဒါကိုၾကားေတာ့ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ သူ႕ကို အလိုလိုက္လြန္းတယ္ပဲ ေျပာခ်င္ေျပာပါ။ သူက ကေလးေတြကိုညေလသံမာမာနဲ႕ေျပာတာေတြ႕ရင္ တကယ္ကိုစိတ္မသက္မသာဘူး။

"အကိုႀကီးေခ်ာင္ ဒါကကြၽန္ေတာ့္ၿခံထဲက အသီးေလးပါပဲ အျပင္ကဝယ္ရတာလဲမဟုတ္ပါဘူး ကေလးကိုဆူမေနပါနဲ႕ဗ်ာ"

ထိုအခါ အနားေရာက္လာသည့္ ဟုန္ရင္းသည္...

"ေမာင္ေလးပိုင္ မင္းဒီေကာင္မေလးဘက္က ကာေပးမေနပါနဲ႕ ဒါက မင္းမလို႔ေတာ့ ကိစၥမရွိေပမယ့္ ဒီေကာင္မေလးက ေနာက္ပိုင္း အရမ္းရဲတင္းလာတယ္ တျခားသူေတြကိုသာ အဲလိုသြားလုပ္ရင္ မေကာင္းေတာ့ဘူးေလ ဒါေၾကာင့္ သူတို႔အေဖကဆုံးမပါေစ"

တကယ္ေတာ့ ေခ်ာင္းခ်င္းခ်င္းေလးသည္ သာမာန္ကေလးမ်ားထက္ အနည္းငယ္ရဲတင္းသည္ကေတာ့ အမွန္ပင္ျဖစ္သည္။ ဒါေပမယ့္ သူမေလးလို ကေလးမေလးက အဲလိုရဲရဲတင္းတင္း၊သြက္သြက္လက္လက္ပုံစံေလးနဲ႕မွ အရမ္းခ်စ္ရာေကာင္းေနမွာပါ။ ဒါေပါ့ ဒီေခတ္လူေတြရဲ႕ မ်က္လုံးထဲမွာေတာ့ ဒါက နည္းနည္းမသင့္ေတာ္နိုင္ျဖစ္ေနနိုင္ပါတယ္။

ဒါကိုနားလည္တဲ့အတြက္ ပိုင္လီက အမ်ားႀကီးျငင္းမေနေတာ့ေပ။ သူက မိသားစုႏွစ္ခုကို အရင္မိတ္ဆက္ေပးဖို႔ ၾကည့္လိုက္ၿပီး ဤေနရာသို႔ လွည္းႏွင့္ပါလညသည့္ ပိုင္မိသားစုဝင္မ်ားကို ၾကည့္လိုက္ရာ မပါလာသူမ်ားမွာ က်ိဳးရွီႏွင့္စုရွီသာရွိေၾကာင္း ေတြ႕ခဲ့ရသည္။ ဒီမွာ စပ်စ္သီးကူခူးဖို႔အတြက္ စာေလ့လာရာကေနထြက္လာတဲ့ ပိုင္ဝူေတာင္ရွိေနခဲ့ပါတယ္။

ထို႔ေၾကာင့္ ပိုင္လီက မလွမ္းမကမ္းမွ အေျခေနကို ၿငိမ္ၿငိမ္ေလးရပ္ၾကည့္ေနသည့္ ေရွာင္ဟန္ကိုလွည့္ၾကည့္ခဲ့ၿပီး....

"ေရွာင္ဟန္ ဒီကိုလာခဲ့ေလ"

ေရွာင္ဟန္သည္ ပိုင္လီေခၚတာႏွင့္ အနားေရာက္လာခဲ့ၿပီး သူက ဒီမွာဧည့္သည္ေတြရွိေနတဲ့အတြက္ ပိုင္လီသာမေခၚရင္ အနားလာရဲမွာမဟုတ္ပါဘူး။

အဲဒီေနာက္ ပိုင္လီက ေထာင့္နားမွာ စပ်စ္သီးထိုင္စားေနက်တဲ့ အေသးေလးေတြကိုလည္း လွမ္းေခၚခဲ့လိုက္သည္။

"ေရွာင္ဖူေလးနဲ႕ေရွာင္ဝူေလး ဒီကိုခဏလာခဲ့ပါဦး"

ပိုင္ေရွာင္ဖူႏွင့္ ပိုင္ေရွာင္ဝူသည္ ေခ်ာင္ခ်င္းခ်င္းဝင္လာထဲက သူမေလးကို ၾကည့္ေနခဲ့တာျဖစ္သည္။ ေနာက္ေတာ့ သူတို႔နဲ႕ အသက္သိပ္မကြာေလာက္တဲ့ ကေလးမေလးက သူတို႔အေဖနဲ႕ ရင္းရင္းႏွီးဆက္ဆံေနလို႔ သူတို႔မ်က္ႏွာေလးေတြက ဆူပုတ္ပုတ္ေလးေတြျဖစ္လာက်ပါေတာ့တယ္။

ဒါေပမယ့္ သူတို႔က သူတို႔အေဖေခၚသံၾကားေတာ့ ေျပးသြားလိုက္က်တဳန္းပဲ။

ဟုန္ရင္းသည္ ပိုင္လီ၏ဇနီးျဖစ္ဟန္တူသည့္ ေကာေကာင္ေလးကိုၾကည့္ၿပီး သူက ပိုင္လီႏွင့္ လိုက္ဖက္တာပဲဟု တိတ္တဆိတ္ေတြးေနခဲ့တာျဖစ္၏။ အဲဒီအခ်ိန္မွာပဲ သူမက ပိုင္လီက ကေလးေတြကိုေခၚလိုက္သံၾကားေတာ့ ပိုင္လီၾကည့္ေနသည့္ဘက္ကို လွမ္းၾကည့္ရာ သူမက ႐ုတ္တရက္ႀကီး ခ်စ္စရာေကာင္းမႈေလးမ်ားျဖင့္ ထိုးႏွက္ခံလိုက္ရေတာ့သည္။

သူမက စပ်စ္သီးခိုင္ေလးပိုက္ၿပီး ေျပးလာတဲ့ ေရွာင္ဖူနဲ႕ စပ်စ္ေလးတစ္လုံးကိုကိုက္ရင္း သူ႕အကိုေနာက္ကေျပးလိုက္လာတဲ့ ေရွာင္ဝူကို ေတြ႕လိုက္ရခ်ိန္မွာ ဒီေကာေသးေသးေလးေတြက အရမ္းခ်စ္ဖို႔ေကာင္းတာပဲဆိုတာကို လက္ခံလိုက္မိပါတယ္။ အမွန္တိုင္းေျပာရရင္ သူမက သူမခင္ပြန္းက ပိုင္လီရဲ႕သားေလးေတြက အရမ္းခ်စ္ဖို႔ေကာင္းတယ္ပဲဟု ေျပာေျပာေနတာကို ၾကားခဲ့ေပမယ့္ အဲတာကို သိပ္ၿပီးအေထြထူးမထင္ခဲ့တာလည္းျဖစ္တယ္။

အခုေတာ့ သူမကိုယ္တိုင္ျမင္လိုက္ရမွပဲ သူမခင္ပြန္းေျပာတာက လုံးဝမွားမေနေၾကာင္း သိလိုက္ရတာကာ ဒီေကာငယ္ေလးေတြက အရမ္းအရမ္းကို ခ်စ္ဖို႔ေကာင္းေနတာပါ။

သူမသည္ မေနနိုင္ေတာ့ဘဲ ေျပာလိုက္မိေတာ့၏။

"အိုက္ယား! ေမာင္ေလးပိုင္ေရ မင္းအိမ္ေကာငယ္ေလးေတြက တကယ္ကိုခ်စ္ဖို႔ေကာင္းတာပဲကြယ္"

ပိုင္လီမွာ သူအိမ္က အေသးေလးေတြႏွင့္ပတ္သတ္၍ ဤသို႔စကားမ်ားကို မ်ားစြားၾကားဖူးသျဖင့္ ၿပဳံး၍သာေနလိုက္ေပသည္။ တကယ္ေတာ့ ေန႕တိုင္းျမင္ေတြ႕ေနရတဲ့ သူတို႔အတြက္ေတာင္မွ ဒီေကာင္ေလးေတြရဲ႕ ခ်စ္စရာေကာင္းမႈေလးေတြက ရိုးအီမသြားခဲ့ပါဘူး။ ဒါေၾကာင့္ အခုမွျမင္ဖူးတဲ့လူေတြအတြက္ေတာ့ ဒီေကာင္ေလးေတြရဲ႕ ခ်စ္စရာေကာင္မႈေလးေတြနဲ႕ ထိုးႏွက္ခံရတာက မထူးဆန္းေတာ့ဘူး။

ေခ်ာင္ရန္သည္ သူ႕ဇနီး၏စကားကိုၾကားေတာ့ ငါမေျပာဘူးလားဟူသည့္အမူရာျဖင့္....

"ကိုယ္မေျပာဖူးလား ဒီေကာင္ေလးေတြက တကယ္ခ်စ္စရာေကာင္းပါဆို ၾကည့္ပါဦး ကိုယ္ေတြ႕တုန္းကထက္ ပါးေလးေတြ ပိုေဖာင္းလာက်ၿပီ ေပါက္စီေလးေတြလိုပဲ"

အေသးေလးေတြကိုျမင္၍ အံၾသသြားသည္မွာ ဟုန္ရင္းတစ္ေယာက္ထဲေတာ့ မဟုတ္ေပ။ ေခ်ာင္ရန္လက္ထဲက ေခ်ာင္ခ်င္းခ်င္းေလးသည္ အေသးေလးေတြကိုျမင္သြားၿပီး ဒါက ပိုင္လီသူမေလးကို ေျပာဖူးသည့္ ေပါက္စီေလးေတြဆိုတာကို သေဘာေပါက္သြားခဲ့၏။ ဒါေၾကာင့္ သူမေလးက ေခ်ာင္ရန္၏လက္ထဲမွေန ေျပးထြက္သြားခဲ့ၿပီး....

"ေပါက္စီေလးေတြ! မမလာၿပီ!"

ရလဒ္မွာ ပိုင္ေရွာင္ဖူႏွင့္ပိုင္ေရွာင္ဝူသည္ သူတို႔မသိေသးသည့္ လူစိမ္းမိန္းကေလးထံမွ ဖက္ျခင္းခံလိုက္ရေတာ့သည္။

ေခ်ာင္ခ်င္းခ်င္းက အရပ္မပုေပမယ့္ သူမက ပိန္ပိန္ေသးေသးေလးျဖစ္တာေၾကာင့္ အေသးေလးေတြက သူမထက္ပုၿပီး ေသးက်ရင္ေတာင္ သူမေလးအေနနဲ႕ ႏွစ္ေယာက္ထဲကို တစ္ၿပိဳင္ထဲဖက္ဖို႔ဆိုတာ မျဖစ္နိုင္ပါဘူး။ ဒါေၾကာင့္ သူမေလး၏ ကေလးႏွစ္ေယာက္လုံးကို တစ္ၿပိဳင္ထဲဖက္ဖို႔ ႀကိဳးစားေနပုံေလးမွာ အနည္းငယ္ ရယ္ခ်င္စရာေလးျဖစ္ေနေတာ့သည္။

လူႀကီးေတြမွာ ကေလးေတြၾကည့္ကာ ရယ္လိုက္က်ၿပီး ပိုင္လီက ႏွစ္ဖက္မိသားစုႏွစ္ခုလုံးကို မိတ္ဆက္ေပးလိုက္ေတာ့၏။

"အကိုႀကီးေခ်ာင္နဲ႕မရီး ဒါက ကြၽန္ေတာ့္မိသားစုပါ အေဖပိုင္၊ အေမပိုင္နဲ႕ အႀကီးဆုံးအကိုပိုင္က်န္း၊ တတိယညီပိုင္စန္း၊ စတုတၳညီပိုင္ဝူနဲ႕ ဒါက အငယ္ဆုံးညီမေလး ပိုင္မိန္ပါ "

အဲဒီေနာက္ သူသည္ ေရွာင္ဟန္ကိုလည္း ၫႊန္ျပခဲ့ကာျဖင့္....

"ဒါက ကြၽန္ေတာ့္ရဲ႕ဇနီးေရွာင္ဟန္ အေသးေတြထဲက စပ်စ္ခိုင္နဲ႕တစ္ေယာက္က ေရွာင္ဖူ က်န္တဲ့တစ္ေယာက္ကေတာ့ ေရွာင္ဝူ"

ေရွာင္ဖူႏွင့္ေရွာင္ဝူသည္ အမႊာမ်ားျဖစ္ေသာ္လည္း ႐ုပ္မတူလွေပ။ ထို႔ေၾကာင့္ ခြဲျခားနိုင္ၿပီး ခြဲမိတ္ဆက္ေပးလို႔ရပါတယ္။

ထို႔ေနာက္ ပိုင္လီသည္ သူ႕မိသားစုအားၾကည့္လိုက္ၿပီး...

"အိမ္ကလူေတြက အကိုႀကီးေခ်ာင္ရန္ကိုေတာ့ သိက်ၿပီးသားပါ အားလုံးပဲ ဒါက အကိုႀကီးေခ်ာင္ရန္ရဲ႕ဇနီး မ်ိဳးရိုးကဟုန္ျဖစ္ၿပီး ေဘးက သူတို႔တတိယသားေလး ေခ်ာင္လုပိုင္ က်န္တဲ့ကေလးမေလးကေတာ့ သူတို႔ရဲ႕အငယ္ဆုံးသမီးေလး ေခ်ာင္ခ်င္းခ်င္းတဲ့"

ႏွစ္ဖက္မိသားစုမ်ားသည္ အခ်င္းခ်င္းေခါင္းၿငိမ့္ကာၿပဳံးျပခဲ့က်၍ ေခ်ာင္ရန္သည္ ေဖာ္ေ႐ႊေသာအၿပဳံးႀကီးျဖင့္ ေျပာလာခဲ့ေတာ့သည္။

"ဦးေလးပိုင္နဲ႕ ေဒၚေလးကို ပိုင္လီကေျပာထားလာေတာ့မသိဘူးဗ်ာ အကယ္၍ ဒီေကာင္ေလးက ေျပာမထားရင္ ကြၽန္ေတာ္တို႔က ႐ုတ္တရက္ႀကီး ေရာက္လာသလိုျဖစ္သြားမွာ အႏွောက္ယွက္ ေပးမိသလိုျဖစ္သြားရင္ အားနာပါတယ္ အားနာပါတယ္"

သူတို႔လာလည္မည္ဆိုတာကို ပိုင္လီက သိေနၿပီးသားျဖစ္ေသာ္လည္း သူ႕မိသားစုကိုေတာ့ ေျပာဖို႔ေမ့သြားပုံျဖင့္ ေခ်ာင္ရန္တို႔ေရာက္လာတုန္းတြင္ ပိုင္လီအိမ္ေဘးမွ႐ုံရွီက ပိုင္လီတို႔မရွိဟုေျပာကာ ပိုင္မိသားစုအိမ္ကို လမ္းၫႊန္ေပးခဲ့၍ သူတို႔ေတြ ပိုင္အိမ္သို႔ေရာက္သြားက်ေသာ္လည္း ပိုင္မိသားစုမ်ားက အံၾသသြားက်တာျဖစ္သည္။ သူတို႔က ပိုင္လီထံ လာလည္တာလို႔ၾကားတဲ့အခ်ိန္မွာ ပိုင္မိသားစုက အံသၾသသြားက်ၿပီး သူတို႔က မိသားစုအကုန္နီးပါး သစ္သီးၿခံကိုသြားေတာ့မွာမလို႔ ဧည့္သည္ေတြနဲ႕ အခက္ေတြ႕သြားက်ပါတယ္။ အဲဒီမွာေခ်ာင္ရန္က ပိုင္လီကသစ္သီးၿခံမွာ ရွိေနတယ္ဆိုတာၾကားၿပီး လိုက္လာခဲ့ေတာ့တာပဲ။

ပိုင္လီမွာ ဒါကိုၾကားေတာ့ သူ႕ႏွာေခါင္းသူပြတ္လိုက္မိၿပီး အမွန္တိုင္းဝန္ခံရရင္ သူတကယ္ကို သူ႕မိသားစုကိုေျပာထားဖို႔ ေမ့ေနခဲ့တာပါ။

........................................

(AN/ အခ်စ္တို႔ေရ  ဒီေန႕ကတန္ေဆာင္မုန္းလျပည့္ေန႕ျဖစ္လို႔ paid gpမွာ အဆုံးထိဝင္ရင္ 8500က်မွာကို 7500နဲ႕ေလ်ာ့ေပးသြားပါမယ္။ ဒီေန႕ည 12နာရီထိပဲ ေလ်ာ့ေပးမွာဆိုေတာ့ ေနာက္က်သြားရင္ေတာ့ မရေတာ့ပါဘူးေနာ္။ 😚)

Continue Reading

You'll Also Like

278K 19.7K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
41.7K 2.7K 42
လောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လ...
6.2K 460 20
Cake နဲ့ Seeiwရဲ့ storyလေးကို ဘာသာပြန်ချင်လို့ပါ။ လိုအပ်ချက်တွေရှိရင်တော့နားလည်ပေးနော်။
28K 1.6K 51
နတ်မိစ္ဆာဘုရင်လေးနဲ့ လူသားအိမ်ရှေ့စံလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ။ ဘာသာပြန်လုံးဝမဟုတ်ပါ❌❌