အမုန္းမွသည္...ခ်စ္ျခင္းဆီသို႔...

By MoeKyalPhyu14

152K 4.5K 278

မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More

🍂ဖတ္ေပးေစခ်င္🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 16🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁

🍁Part 17🍁

2.1K 63 4
By MoeKyalPhyu14

[Unicode]

ခွန်းဆက်တစ်ယောက် မနက်အစောကြီးနိုးနေကာ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ ဆေးရုံတွင်ရှိနေသည်မှာလည်း တစ်ပတ်ကျော်နေပြီ ဖြစ်ရာ အားလုံးပြန်ကောင်းနေပြီ ဖြစ်သည်။ ခွန်းဆက် ကုတင်ပေါ်တွင် ခြေဆင်းထိုင်လိုက်ရင်း ခေါင်းအုံးအား ကျောနောက်ဘက်တွင်ခုလိုက်လေသည်။

တစ်ဖက်လူနာစောင့်ကုတင်ပေါ်တွင် အိပ်ပျော်နေသော မာန့်ဆီ အကြည့်ရောက်မိသည်။ တစ်ခြမ်းစောင်းအိပ်နေသည်ကြောင့် နှုတ်ခမ်းဖူးဖူးလေးက ရှေ့သို့ဆူထွက်နေသည်။ နှင်းလိုဖြူသော အသားအရေနှင့် နီရဲနေသော နှုတ်ခမ်းလေးက လိုက်ဖက်လွန်းသည်။

ခွန်းဆက်အား လူနာစောင့်ပေးရသည်က တစ်ကြောင်း ကုမ္ပဏ်ီအလုပ်များကတစ်ကြောင်းနှင့် တွေ့စကာလို မာန်တွင်ပါးဖောင်းဖောင်းလေးများ မရှိတော့ပဲ မျက်တွင်းများကလည်း အနည်းငယ် ချိုင့်ဝင်လို့နေသည်။ မျက်ဝန်းများကို မှိတ်ထားသည်ကြောင့် မျက်တောင်ရှည်လေးများကို ရှင်းလင်းစွာမြင်နေရသည်။

နှာတံစင်းစင်းလေး၏ဘေးဘက် ပါးမို့ထက်တွင် စံပယ်တင်မှဲ့နက်လေးက ခွန်းဆက်၏ အာရုံကို အစွဲဆောင်နိုင်ဆုံးသော အရာလေးပင်။ ခွန်းဆက် မာန့်အား အချိန်အတော်ကြာအောင်စိုက်ကြည့်နေမိသည်။ ကြည့်နေရင်းနဲ့ပင် ရင်ထဲတစ်မျိုးတစ်မည်ခံစားလာရသည်။ ထိုအချိန် တံခါးဖွင့်ကာ ၀င်လာသော မိုးထက်။

"ဟေ့ကောင် အစောကြီးနိုးနေတာလား"

အသံကျယ်ကျယ်ဖြင့်ပြောလာသည်ကြောင့် ခွန်းဆက်နောက်တွင်ခုထားသော ခေါင်းအုံးကိုယူကာ မိုးထက်ဆီ ပစ်ပေါက်လိုက်သည်။

"တိုးတိုးပြော ခွေးသား...မာန် အိပ်နေတယ်"

"ဟီး မတွေ့လိုက်လို့ ဆောတီး ဆောတီး"

"ပြော ဘာလို့လာတာလဲ"

"မင်းဆေးရုံက ဆင်းချင်ရင် ဆင်းလို့ရပြီ"

"ဟင် ဆင်းရတော့မှာလား"

"ဘာလဲ မဆင်းချင်သေးဘူးလား"

"အဲ့လိုလည်း မဟုတ်ပါဘူး"

"ဘာလဲ ဆင်းရင် အစ်ကိုနဲ့ နှစ်ယောက်ထဲ မနေရတော့မှာ ဆိုလို့လား"

"ငါက ဘာလို့ သူနဲ့ အတူနေချင်ရမှာလဲ"

"မင်းပဲ မဆင်းချင်ဘူးဆို!!!"

"မင်းကို တိုးတိုးပြောလို့ ပြောနေတယ်လေ...ခွေးသူတောင်းစားရဲ့"

"တော်ပြီ သွားတော့မယ်...မင်းကို အဲ့တာလာပြောတာ... တကယ်တည်း အဖြစ်ကိုသည်းနေတာပဲ"

မိုးထက် ပွစိပွစိပြောကာ အခန်းထဲမှ ထွက်သွားသည်။ မိုးထက် ထွက်သွားတော့ ခွန်းဆက် မာန့်ကို ကြည့်နေမိပြန်သည်။ နှုတ်ခမ်းဖူးဖူးလေးအား ကိုက်ဆွဲချင်စိတ်များကလည်း ဖြစ်ပေါ်လာရသည်။ ခွန်းဆက် ကြည့်နေတုန်းမှာပင် မာန့်မျက်တောင်လေးများ လှုပ်လာကာ မျက်လုံးများ ပွင့်လာသည်ကြောင့် အကြည့်ကို ချက်ချင်းလွှဲလိုက်သည်။

မာန် နိုးလာတော့ ဘေးကကုတင်တွင် ခွန်းဆက်ထိုင်နေသည်ကို တွေ့တာကြောင့် မာန်လည်း လဲနေရာမှ ထထိုင်လိုက်သည်။

"မင်း နိုးနေတာကြာပြီလား"

"အင်းကြာပြီ"

ခွန်းဆက် မာန့်အား မကြည့်ပဲ ပြန်ဖြေသည်။

"အဲ့ဆို ခဏစောင့်... ငါမျက်နှာသစ်ပြီးတာနဲ့ မင်းအတွက် မနက်စာ သွားဝယ်ပေးမယ်"

"အင်း မြန်မြန်လုပ် ဗိုက်ဆာတယ်"

"အရမ်း ဗိုက်ဆာနေလားဟင်"

မာန်က သနားသည့်လေသံလေးနှင့် မေးလာသည်ကြောင့် ခွန်းဆက်လည်း မာန့်ကို ကြည့်ကာ မျက်နှာကို ဇီးရွက်လောက် ဖြစ်အောင် ငယ်ချလိုက်ပြီး အားမရှိသည့် လေသံတိုးတိုးလေးဖြင့် ပြောသည်။

"အင်း အရမ်းဗိုက်ဆာနေပြီ"

"အဲ့ဆိုလည်း မင်းဘာသာမင်း သွားဝယ်တော့... ငါ့ကို မစောင့်နဲ့တော့"

"မာန် ခင်ဗျား!!!"

"ဘာလဲ ဘာလဲ"

"ဘာမှမဟုတ်ဘူး မြန်မြန်လုပ်ပြီး သွားဝယ်ပေး"

"မြန်မြန်တော့ မလုပ်နိုင်ဘူး...စောင့်နိူင်ရင် စောင့်... မစောင့်နိူင်ရင် သွားဝယ်"

"ခင်ဗျား ဟာလေ ရုပ်ကလေးက လှသလောက် အကျင့်ကတော်တော် မကောင်းတာပဲ"

"အဲ့တော့ ဘာဖြစ်ချင်လဲ"

"တော်ပြီ တော်ပြီ သွားလုပ်တော့"

မာန်လည်း ဘာမှပြန်မပြောတော့ပဲ ရေချိုးခန်းထဲသို့သာ ၀င်လိုက်သည်။ vip room ဖြစ်တာကြောင့် ရေချိုးခန်းပါ တွဲရက်ရှိသည်။ မာန် အခန်းထဲရောက်တော့ မှန်တွင်ပေါ်နေသော သူ့မျက်နှာအား သူစိုက်ကြည့်ရင်း ရယ်လိုက်မိသည်။ မာန် မျက်နှာသစ်ပြီ ထွက်လာတော့ အခန်းထဲတွင် မာယာနှင်းဆီက ရောက်နေလေသည်။ လက်ထဲတွင်လည်း မုန့်များစွာနှင့်။

"ခွန်းဆက် ငါပြန်တော့မယ်...မင်းကို စောင့်ပေးမယ့်လူ ရောက်လာပြီမလား"

"ခင်ဗျား ဘယ်ကိုပြန်... "

"အင်း ဟုတ်တယ် ကိုကို့ကို မာယာ စောင့်ပေးလိုက်မယ်...ဒီက အစ်ကိုက ပြန်လို့ရပြီ"

ခွန်းဆက် စကားကိုဆုံးအောင် ပြောခွင့်မပေးပဲ မာယာက ဖြတ်ပြောလိုက်သည်။ မာန်လည်း မာယာ့စကားကို ခေါင်းညိတ်ပြပြီးနောက် ထိုအခန်းထဲမှ ထွက်ခဲ့တော့သည်။

*********************************

မာန် အိမ်ရောက်ရောက်ခြင်းပင် ရေမိုးချိုးအ၀တ်အစားလဲကာ လိုအပ်သည်များကိုယူပြီး ကုမ္ပဏ်ီသို့ ထွက်လာခဲ့တော့သည်။ ဒီနေ့ project အသစ် စတင်မည့်နေ့ ဖြစ်တာကြောင့် အရေးကြီး ရှယ်ယာရှင် အစည်းအဝေးရှိသည်။ ရုံးခန်းထဲရောက်တော့ မန်နေဂျာလာပို့ပေးသည့် ဖိုင်များကို စစ်ဆေးနေလိုက်သည်။

ဒေါက်...ဒေါက်... ဒေါက်

"၀င်ခဲ့"

"မာန်"

"ပြော လင်းသာ"

လင်းသာကို ပြောဟုဆိုသော်လည်း ကွန်ပြူတာမှ မာန်အကြည့်မလွှဲပေ။

"project အသစ်အတွက် ရှယ်ယာဝင်မယ့် ကုမ္ပဏ်ီ တစ်ခုတိုးလာတယ်"

"အင်း"

"အဲ့ဒါ မင်းနဲ့ နေ့လည် ထမင်းစားချိန် တွေ့ဖို့ ငါလုပ်ထားပြီးပြီ"

လင်းသာစကားကြောင့် မာန်လုပ်လက်စကို ခဏရပ်ကာ လင်းသာကို မော့ကြည့်လိုက်သည်။

"ဘာလို့လဲ...ခဏနေ အစည်းအဝေးပွဲမှာ တွေ့ရမှာပဲကို"

"သူက မင်းနဲ့တွေ့ပြီး ရင်းနှီးချင်လို့တဲ့...အဲ့ကြောင့် ငါချိန်းလိုက်တာ...မင်းတစ်ယောက်ထဲ မလွှတ်ပါဘူး ငါပါလိုက်မယ်"

"အေးပါ အဲ့ဒါပဲမလား"

"အင်း ဟုတ်တယ်"

"ဒါနဲ့ လင်းသာ"

"ပြောလေ မာန်"

"အခုရှယ်ယာရှင်က ဘယ် group ကလဲ"

"မင်းသိမယ်ထင်တယ်...rainbow group ကလေ"

"အေးအေး ဒါဆို သွားမယ့်အချိန်ငါ့ကိုလာခေါ်...အခုအစည်းအဝေးခန်းထဲ အရင်သွားကြမယ်"

မာန် ထိုင်ရာမှ ထပြီး ဖိုင်တွဲများအား လင်းသာကို ကမ်းပေးလိုက်သည်။ သို့နှင့် နှစ်ယောက်သား ရုံးခန်းထဲမှ ထွက်ကာ အစည်းအဝေးခန်းဆီသို့ လျှောက်လှမ်းသွားကြတော့သည်။

*********************************
"ကိုကို!!! "

"ဘာလဲဟာ... မာယာ နင်ဘယ်လိုဖြစ်နေတာလဲ"

"ကိုကိုမှ မာယာပြောတာ နားမထောင်တာ"

"ငါနားထောင်နေတာပဲလေ"

"ကိုကို့စိတ်က မာယာဆီမှာ ရှိမနေဘူးလေ"

"ကျစ် မာယာ ငြိမ်ငြိမ်လေး နေပေးပါလား"

"ကိုကိုကလည်း"

ခွန်းဆက် မာယာ့အားကြည့်ကာ စိတ်ရှုပ်နေမိသည်။ တစ်ချိန်လုံးစကားပြောနေသည်မှာ ပွစိပွစိနဲ့ စာကလေးတောင် အရှုံးပေးရမည်။ ရုပ်ကလေးနဲ့မှမလိုက် စကားကတော်တော်ပြောနိုင်သည်။ ယခုလည်း ငြိမ်ငြိမ်လေးနေခိုင်းတာကို စိတ်ကောက်သွားကာ နှုတ်ခမ်းကိုစူထားလေသည်။

ဆိုးဆေးအကူဖြင့်ရဲနေသော မာယာ့နှုတ်ခမ်းကို ကြည့်ရင်း ဘာမဆိုင်ညာမဆိုင် မနက်ကအိပ်နေတုန်း စူထွက်နေသည့် မာန့်နှုတ်ခမ်းရဲရဲလေးကို မြင်ယောင်မိသည်။

"ကိုကို ဘာလို့ အဲ့လောက်စိုက်ကြည့်နေတာလဲ...မာယာ မနေတက်တော့ဘူး"

မာယာ့အသံကြားမှ ခွန်းဆက် အတော်ကြာစိုက်ကြည့်မိနေသည်ကို သတိထားမိသွားကာ အမြန်ပင် မျက်နှာလွှဲ လိုက်သည်။

ဟက်... ကိုကိုက ပုရိသယောက်ကျားတစ်ယောက်ပဲ မဟုတ်လား... မာယာ့လို အလှဘုရင်မကို ရှေ့ထားပြီး ယောက်ကျားလေးတစ်ယောက်ကို ကြိုက်စရာလား... ခုတောင် ကိုကို မာယာ့အလှတွေမှာ ကြွေဆင်းသွားပြီမလား... နောက်လည်း ဒီထက်ပိုကြွေအောင် မာယာကိုကို့ကို ဆွဲဆောင်အုံးမှာ... ကိုကို ဘယ်လောက်ထိခံနိူင်မှာမို့လို့လဲ.....

မာယာ ကိုယ့်အတွေးနဲ့ကိုယ် သဘောတကျဖြစ်နေသည်။

"ရောင်နီ...ဪ မာယာလည်း ရောက်နေတာကိုး"

တံခါးဖွင့်ကာ ၀င်လာသော ကောင်းထက်ကြောင့် မာယာစိတ်ရှုပ်သွားရသည်။ ကိုကိုနဲ့ နှစ်ယောက်တည်း အတူရှိချိန်တိုင်း တစ်ယောက်မဟုတ်တစ်ယောက် ရောက်ရောက်လာသည်။ မာယာ ဟန်ဆောင်အပြုံးလေးကို ဆင်မြန်းလိုက်ကာ

"အစ်ကို ကောင်းထက်က ကိုကို့ဆီ ဘာလို့လာတာလဲ"

"ဟင်"

မာယာ့စကားကြောင့် ကောင်းထက် ဆွံ့အသွားသည်။

"ဟ နင်ကလည်း သူကငါ့ဆီ အကြောင်းရှိမှ လာရမှာလား"

"အို ကိုကိုကလည်း မာယာက ဒီတိုင်းပဲ မေးတာကို"

မာယာ နှုတ်ခမ်းစူကာ ပြောသည်။ ကောင်းထက် မာယာ့ပုံစံကို ကြည့်တာနဲ့ သိပါသည်။  သူ့အားမလာစေချင်သည်ကို။ မာယာသည် ငယ်ရွယ်ပြီး လှပသောမိန်းကလေး တစ်ယောက်ဖြစ်သည်။ ရုပ်ရည်၊ပညာအရည်အချင်း၊ မိသားစုအသိုင်းဝိုင်း အဖက်ဖက်က ပြည့်စုံသော မိန်းကလေးတစ်ယောက်။

မာယာ့အားသဘောကျသူများစွာရှိသလို အနုပညာအသိုင်းဝိုင်းကပင် မြေတောင်မြှောက်ပေးရန် ခေါ်ဆိုသူများလည်းရှိသည်။မာယာကတော့ ခွန်းဆက်ရောင်နီကိုသာ တမ်းတမ်းစွဲဖြစ်နေပြီး အခြားသူများကို ရှိသည်လို့တောင် မထင်။

မာယာ နင်ကတော့ လူမှားကြိုက်မိတာ... ငါတို့ကောင်ကြီးက ဖြောင့်မရအောင် ကွေးနေတာဟ.....

ထိုစကားများကိုတော့ ကောင်းထက်စိတ်ထဲ၌သာ ရေရွတ်မိသည်။

"ငါ့ကို မိုးထက်ပြောတယ် မင်းဒီနေ့ ဆင်းလို့ရပြီတဲ့"

"အဲ့တော့"

ခွန်းဆက် မျက်ခုံးပင့်ကာ ပြောလာသည်။

"ကိုကို ဒီနေ့ဆင်းလို့ရပြီ ဟုတ်လား... မာယာ အိမ်လိုက်ပို့ပေးမယ်"

"မလိုဘူး"

"ဘာလို့လဲ ကိုကိုကလည်း"

"ဘာလို့လဲဆိုတော့ ငါဆေးရုံက မဆင်းသေးဘူး"

"ဟင်" "ဟမ်"

မာယာရော ကောင်းထက်ရော ခွန်းဆက်ဆိုလာသည့် စကားကြောင့် အံ့အားသင့်သွားကြရသည်။

"မာယာ နင်ပြန်တော့...ငါကောင်းထက်ကို ပြောစရာရှိတယ်"

"ဘာပြောမို့လဲ ကိုကို"

"ဟ ဘာပဲပြောပြောပေါ့ နင်အားကြီးစပ်စုတာပဲ"

"ကိုကိုကလည်း"

"ကိုကိုကမလည်းဘူး... ထိုင်နေတာ ပြန်တော့"

"အင်းပါ မာယာ နောက်နေ့မှ ထပ်လာခဲ့မယ်...အစ်ကိုကောင်းထက် မာယာသွားပြီနော်"

"အင်း ညီမလေး"

မာယာ အခန်းထဲက ထွက်သွားပြီးနောက် ကောင်းထက်က ခွန်းဆက်ကိုကြည့်ကာ မေးသည်။

"ဘာပြောမလို့လဲ ရောင်နီ"

"မင်းကို ငါပြောထားတဲ့အကြောင်း သိရပြီမလား"

"အစ်ကို အလင်္ကာ လား"

"အင်း ဘာတဲ့လဲ"

"အစ်ကိုနဲ့ မင်းဦးငယ်က ငါစုံစမ်းရသလောက် ဘာပတ်သတ်မှုမှမရှိပါဘူး...သူတို့ပထမဆုံး ဆုံဖူးတာတောင် မင်းအိမ်မှာပဲ ဖြစ်မယ်... မင်းသက်သက်အတွေးလွန်နေတာ ဖြစ်မှာပါ"

"အဲ့လိုပဲ ဖြစ်မှာပါလေ"

"ဒါနဲ့ ဆေးရုံက မဆင်းဘူးဆိုတာ တကယ်လား"

"အင်း တကယ်"

"ဘာလို့လဲ"

"ဒီလိုပါပဲ"

"ပြီးတာပဲ ငါမိုးထက်ဆီ သွားလိုက်အုံးမယ်"

"မင်းနော်...ငါသိနေတယ်"

"သိရင်သိသလိုနေလိုက် ငါသွားပြီ"

သို့နှင့် အခန်းထဲတွင် ခွန်းဆက်တစ်ယောက်တည်း ကျန်ခဲ့တော့သည်။

*********************************

ကောင်းထက် ဆရာဝန်များနားနေခန်းတွင် မိုးထက်ကို မတွေ့တာကြောင့် ခွန်းဆက်ဆီ ပြန်လာသည့်လမ်းတွင် အတူယှဉ်တွဲလျှောက်လာသော ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ဘေးကကောင်မလေးကို စကားပြောရင်း ပြုံးပြုံးနှင့်လျှောက်လာနေသော မိုးထက်က ကောင်းထက်ကို မမြင်သေးပေ။

style pants အနက်နဲ့ အပြာနုရောင်ရှပ် အင်္ကျီကို တွဲဝတ်ထားပြီး အပေါ်က ဂျူတီကုတ်အဖြူလေး ထပ်ဝတ်ထားသော မိုးထက်ပုံစံက မျက်စိမလွှဲ ချင်စရာ ဖြစ်နေသည်။ အသားဖြူသည်မဟုတ်သော်လည်း ၀င်းနေသောအသားအရေက လှသည်။ မျက်နှာသွယ်သွယ်လေးတွင် နဖူးအုပ်ချထားသော ဆံပင်ပုံစံလေးက ချစ်ဖို့ကောင်းနေသည်။  မျက်ဝန်းညိုလေးများကို မျက်မှန်ဝိုင်းလေးမှ တစ်ဆင့်ကြည့်ရသည်မှာ ရင်ခုန်ချင်စရာ။

ကောင်းထက် မိုးထက်အားရပ်ကြည့်နေတုန်းမှာပင် မိုးထက်က သူ့ကိုမြင်ပြီး လက်ပြလာကာ အနားသို့လျှောက်လာသည်။ မိုးထက်အနောက်မှ ထိုကောင်မလေးကလည်း လိုက်လို့လာသည်။

"ကိုရဲ ရဲ့ အသိလား"

ကောင်မလေးက ကောင်းထက်ကိုကြည့်ရင်း မိုးထက်ကိုမေးသည်။မိုးထက်ကကောင်းထက် ပခုံးကိုလှမ်းဖက်လိုက်ရင်း

"အင်း... ကိုယ့်သူငယ်ချင်းလေ ကောင်းထက်မင်းယံတဲ့... ကောင်းထက် ဒါက ငါ့မေမေသူငယ်ချင်းရဲ့ သမီး မြနှင်းနွယ်တဲ့"

မိုးထက်၏ မိတ်ဆက်ပေးမှုအဆုံး

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်...ကိုရဲကို ခင်သလို နှင်းကိုလည်း ခင်လို့ရပါတယ်"

"ဟုတ်ကဲ့ ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ်"

ကောင်းထက် မြနှင်းနွယ်ဆိုသည့် မိန်းကလေးကို သေချာကြည့်မိသည်။ ယဉ်ယဉ်လေးနှင့် လှသော၊ စိတ်ကိုအေးချမ်းစေနိုင်သည့် မျက်နှာပိုင်ရှင်မျိုးဖြစ်သည်။

"ဒါဆို ကိုရဲ...နှင်းသွားတော့မယ်...မေမေကလည်း ကိုရဲကို အိမ်လာခေါ်ပါအုံးပြောနေတာ အားတဲ့နေ့ လာခဲ့နော်"

"အင်း...ကိုယ် အားတဲ့နေ့လာခဲ့မယ်လို့ အန်တီ့ကိုပြောပေးပါအုံး"

"ဟုတ်...ဒါဆို နှင်းသွားပြီနော်...ဒီဘက်က အစ်ကိုလည်း နှင်းကို သွားခွင့်ပြုပါအုံး"

ကောင်းထက် ခေါင်းသာညိတ်ပြလိုက်သည်။ မြနှင်းနွယ်ထွက်သွားသည် ကို ကောင်းထက်လိုက်ကြည့်ပြီးမှ သူ့ပခုံးအားဖက်ထားသော မိုးထက်လက်ကို ဖြုတ်ချလိုက်သည်။ ကောင်းထက် မိုးထက်အား ကြည့်တောင်မကြည့်တော့ပဲ ခွန်းဆက်ဆီသို့ ထွက်လာခဲ့သည်။ ကျန်နေခဲ့သည့် မိုးထက်မှာတော့ ကောင်းထက်ပုံစံကြောင့် ခနမျှ ကြောင်အသွားကာ ကောင်းထက်နောက် အပြေးလိုက်ရသည်။

"ဟေ့ကောင်... ကောင်းထက် ဘာဖြစ်သွားတာလဲ"

ကောင်းထက် ခွန်းဆက်အခန်းဆီရောက်တော့ တံခါးကိုအားဖြင့်ပိတ်လိုက်သည်မှာ ၀ုန်းကနဲပင်။ ပြတင်းပေါက်ကို ငေးနေသောခွန်းဆက်က အသံကြောင့် လန့်သွားရသည်။

"မအေပေး မင်းအိမ်က တံခါးများ မှတ်နေလား!! "

ကောင်းထက်၏မျက်နှာကို မြင်တော့ ခွန်းဆက် ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ အခန်းထဲကထွက်သွားသော ကောင်းထက်နဲ့ အခုပြန်ဝင်လာသော ကောင်းထက်က ကွာခြားနေသည်။ ဒေါသထွက်နေပုံရသော ကောင်းထက်ကြောင့်

"ဘာဖြစ်လာတာလဲ... ဟိုကောင် ဘာလုပ်လို့လဲ"

"ဘာမှမဖြစ်ဘူး"

ထိုတစ်ခွန်းသာပြောပြီး စားပွဲတွင်ဝင်ထိုင်လိုက်သည်။ တစ်ဖန် ခွန်းဆက်၏ အခန်းတံခါးက ပွင့်လာကာ မိုးထက်ဝင်လာသည်။ ခွန်းဆက် မိုးထက်ကိုကြည့်ပြီး 'ဘာဖြစ်တာလဲ'ဟု ကောင်းထက်အား မေးငေါ့ပြကာ မေးသည်။ မိုးထက်ကလည်း သူမသိကြောင်းကို ပခုံးတွန့်ကာ ပြန်ဖြေသည်။

"ကောင်းထက် ဘာဖြစ်နေတာလဲ"

"အခုဏက ကောင်မလေးကဘယ်သူလဲ...မင်းနဲ့ ဘယ်လိုပတ်သက်တာလဲ"

ခွန်းဆက်မေးသည်ကို ပြန်မဖြေပဲ မိုးထက်အား စူးစိုက်ကြည့်ကာ သွားကြာစေ့လေသံဖြင့် ကောင်းထက် မေးလေသည်။ ထိုအခါမှ ခွန်းဆက် အခြေအနေကို သဘောပေါက်သွားသည်ကြောင့် ထိုနှစ်ကောင်အား ပြုံးပြုံးစိစိဖြင့် ထိုင်ကြည့်နေတော့သည်။

"ရော်... မင်းကိုငါ ပြောပြီးပြီးကော... ငါ့မေမေသူငယ်ချင်းရဲ့ သမီး မြနှင်းနွယ်ပါလို့"

"မင်းနဲ့သူက အရမ်းရင်းနှီးတာလား"

"မေမေတို့ချင်း သိနေကြတော့...ငါတို့လည် ခင်သွားတာပေါ့ကွာ... ဘာလို့လဲ... မင်းသူ့ကို ကြိုက်လို့လား"

မိုးထက်စကားကြောင့် ကောင်းထက်ရော ခွန်းဆက်ပါ ဆွံ့အသွားကြတော့သည်။

"ဒီဖေ...."

ကောင်းထက် စိတ်ကို အတက်နိုင်ဆုံးလျှော့ချလိုက်ကာ ခွန်းဆက်ကို ကြည့်လိုက်သည်။

"ရောင်နီ ငါပြန်တော့မယ်"

"အေးအေး... စိတ်ကိုလျော့ မင်းကားမောင်းပြန်ရမှာ"

"အင်း ငါသွားပြီ"

"ငါမေးတာဖြေအုံးလေ...ကောင်းထက်"

ကောင်းထက် မိုးထက်အား ပြန်မဖြေတော့ပဲ အခန်းထဲမှထွက်သွားသည်။ ခွန်းဆက် ကုတင်ပေါ်မှ ဆင်းလာကာ မိုးထက်အနားသို့လျှောက်လာပြီး မိုးထက် ဂုတ်ပိုးအား ရိုက်ချလိုက်တော့သည်။

'ဖြောင်း'

"အ!! ...မင်းဘာလို့ လာရိုက်နေတာလဲ"

"ခွေးသူတောင်းစား... မင်းဒီလို တုံးအပုံမျိုးနဲ့ ဘယ်လိုဆရာဝန် ဖြစ်လာတာလဲ"

ခွန်းဆက် မိုးထက်ကို ပြောနေတုန်း မင်းမြတ်ရောက်လာသည်။

"ကောင်းထက် ဘာဖြစ်သွားတာလဲ... မျက်နှာကတည်တင်းပြီး ထွက်သွားတာ ငါခေါ်တာတောင် မကြားဘူး"

"ဘာမှမဟုတ်ဘူး...ငတုံးတစ်ကောင်ကြောင့် ရှာလကာရည်တွေ နင်သွားတာ"

ခွန်းဆက်ပြောလိုက်တော့ မင်းမြတ်က မိုးထက်ကိုကြည့်ပြီး ရယ်တော့သည်။ မိုးထက်မှာတော့ ခွန်းဆက်နဲ့မင်းမြတ်အားကြည့်ကာ ကြောင်အအလေး ဖြစ်နေတော့သည်။

*********************************
#21.12.2023
#🍁Moe Kyal Phyu🍁




[Zawgyi]

ခြန္းဆက္တစ္ေယာက္ မနက္အေစာႀကီးႏိုးေနကာ ဘာလုပ္ရမွန္း မသိျဖစ္ေနသည္။ ေဆး႐ံုတြင္ရိွေနသည္မွာလည္း တစ္ပတ္ေက်ာ္ေနၿပီ ျဖစ္ရာ အားလံုးျပန္ေကာင္းေနၿပီ ျဖစ္သည္။ ခြန္းဆက္ ကုတင္ေပၚတြင္ ေျခဆင္းထိုင္လိုက္ရင္း ေခါင္းအံုးအား ေက်ာေနာက္ဘက္တြင္ခုလိုက္ေလသည္။

တစ္ဖက္လူနာေစာင့္ကုတင္ေပၚတြင္ အိပ္ေပ်ာ္ေနေသာ မာန္႔ဆီ အၾကည့္ေရာက္မိသည္။ တစ္ျခမ္းေစာင္းအိပ္ေနသည္ေၾကာင့္ ႏႈတ္ခမ္းဖူးဖူးေလးက ေရွ႕သို႔ဆူထြက္ေနသည္။ ႏွင္းလိုျဖဴေသာ အသားအေရႏွင့္ နီရဲေနေသာ ႏႈတ္ခမ္းေလးက လိုက္ဖက္လြန္းသည္။

ခြန္းဆက္အား လူနာေစာင့္ေပးရသည္က တစ္ေၾကာင္း ကုမၸဏ္ီအလုပ္မ်ားကတစ္ေၾကာင္းႏွင့္ ေတြ႕စကာလို မာန္တြင္ပါးေဖာင္းေဖာင္းေလးမ်ား မရိွေတာ့ပဲ မ်က္တြင္းမ်ားကလည္း အနည္းငယ္ ခ်ဳိင့္၀င္လို႔ေနသည္။ မ်က္၀န္းမ်ားကို မိွတ္ထားသည္ေၾကာင့္ မ်က္ေတာင္ရွည္ေလးမ်ားကို ရွင္းလင္းစြာျမင္ေနရသည္။

ႏွာတံစင္းစင္းေလး၏ေဘးဘက္ ပါးမို႔ထက္တြင္ စံပယ္တင္မွဲ႔နက္ေလးက ခြန္းဆက္၏ အာ႐ံုကို အစြဲေဆာင္ႏိုင္ဆံုးေသာ အရာေလးပင္။ ခြန္းဆက္ မာန္႔အား အခ်ိန္အေတာ္ၾကာေအာင္စိုက္ၾကည့္ေနမိသည္။ ၾကည့္ေနရင္းနဲ႔ပင္ ရင္ထဲတစ္မ်ဳိးတစ္မည္ခံစားလာရသည္။ ထိုအခ်ိန္ တံခါးဖြင့္ကာ ၀င္လာေသာ မိုးထက္။

"ေဟ့ေကာင္ အေစာႀကီးႏိုးေနတာလား"

အသံက်ယ္က်ယ္ျဖင့္ေျပာလာသည္ေၾကာင့္ ခြန္းဆက္ေနာက္တြင္ခုထားေသာ ေခါင္းအံုးကိုယူကာ မိုးထက္ဆီ ပစ္ေပါက္လိုက္သည္။

"တိုးတိုးေျပာ ေခြးသား...မာန္ အိပ္ေနတယ္"

"ဟီး မေတြ႕လိုက္လို႔ ေဆာတီး ေဆာတီး"

"ေျပာ ဘာလို႔လာတာလဲ"

"မင္းေဆး႐ံုက ဆင္းခ်င္ရင္ ဆင္းလို႔ရၿပီ"

"ဟင္ ဆင္းရေတာ့မွာလား"

"ဘာလဲ မဆင္းခ်င္ေသးဘူးလား"

"အဲ့လိုလည္း မဟုတ္ပါဘူး"

"ဘာလဲ ဆင္းရင္ အစ္ကိုနဲ႔ ႏွစ္ေယာက္ထဲ မေနရေတာ့မွာ ဆိုလို႔လား"

"ငါက ဘာလို႔ သူနဲ႔ အတူေနခ်င္ရမွာလဲ"

"မင္းပဲ မဆင္းခ်င္ဘူးဆို!!!"

"မင္းကို တိုးတိုးေျပာလို႔ ေျပာေနတယ္ေလ...ေခြးသူေတာင္းစားရဲ႕"

"ေတာ္ၿပီ သြားေတာ့မယ္...မင္းကို အဲ့တာလာေျပာတာ... တကယ္တည္း အျဖစ္ကိုသည္းေနတာပဲ"

မိုးထက္ ပြစိပြစိေျပာကာ အခန္းထဲမွ ထြက္သြားသည္။ မိုးထက္ ထြက္သြားေတာ့ ခြန္းဆက္ မာန္႔ကို ၾကည့္ေနမိျပန္သည္။ ႏႈတ္ခမ္းဖူးဖူးေလးအား ကိုက္ဆြဲခ်င္စိတ္မ်ားကလည္း ျဖစ္ေပၚလာရသည္။ ခြန္းဆက္ ၾကည့္ေနတုန္းမွာပင္ မာန္႔မ်က္ေတာင္ေလးမ်ား လႈပ္လာကာ မ်က္လံုးမ်ား ပြင့္လာသည္ေၾကာင့္ အၾကည့္ကို ခ်က္ခ်င္းလႊဲလိုက္သည္။

မာန္ ႏိုးလာေတာ့ ေဘးကကုတင္တြင္ ခြန္းဆက္ထိုင္ေနသည္ကို ေတြ႕တာေၾကာင့္ မာန္လည္း လဲေနရာမွ ထထိုင္လိုက္သည္။

"မင္း ႏိုးေနတာၾကာၿပီလား"

"အင္းၾကာၿပီ"

ခြန္းဆက္ မာန္႔အား မၾကည့္ပဲ ျပန္ေျဖသည္။

"အဲ့ဆို ခဏေစာင့္... ငါမ်က္ႏွာသစ္ၿပီးတာနဲ႔ မင္းအတြက္ မနက္စာ သြား၀ယ္ေပးမယ္"

"အင္း ျမန္ျမန္လုပ္ ဗိုက္ဆာတယ္"

"အရမ္း ဗိုက္ဆာေနလားဟင္"

မာန္က သနားသည့္ေလသံေလးႏွင့္ ေမးလာသည္ေၾကာင့္ ခြန္းဆက္လည္း မာန္႔ကို ၾကည့္ကာ မ်က္ႏွာကို ဇီးရြက္ေလာက္ ျဖစ္ေအာင္ ငယ္ခ်လိုက္ၿပီး အားမရိွသည့္ ေလသံတိုးတိုးေလးျဖင့္ ေျပာသည္။

"အင္း အရမ္းဗိုက္ဆာေနၿပီ"

"အဲ့ဆိုလည္း မင္းဘာသာမင္း သြား၀ယ္ေတာ့... ငါ့ကို မေစာင့္နဲ႔ေတာ့"

"မာန္ ခင္ဗ်ား!!!"

"ဘာလဲ ဘာလဲ"

"ဘာမွမဟုတ္ဘူး ျမန္ျမန္လုပ္ၿပီး သြား၀ယ္ေပး"

"ျမန္ျမန္ေတာ့ မလုပ္ႏိုင္ဘူး...ေစာင့္ႏိူင္ရင္ ေစာင့္... မေစာင့္ႏိူင္ရင္ သြား၀ယ္"

"ခင္ဗ်ား ဟာေလ ႐ုပ္ကေလးက လွသေလာက္ အက်င့္ကေတာ္ေတာ္ မေကာင္းတာပဲ"

"အဲ့ေတာ့ ဘာျဖစ္ခ်င္လဲ"

"ေတာ္ၿပီ ေတာ္ၿပီ သြားလုပ္ေတာ့"

မာန္လည္း ဘာမွျပန္မေျပာေတာ့ပဲ ေရခ်ဳိးခန္းထဲသို႔သာ ၀င္လိုက္သည္။ vip room ျဖစ္တာေၾကာင့္ ေရခ်ဳိးခန္းပါ တြဲရက္ရိွသည္။ မာန္ အခန္းထဲေရာက္ေတာ့ မွန္တြင္ေပၚေနေသာ သူ႕မ်က္ႏွာအား သူစိုက္ၾကည့္ရင္း ရယ္လိုက္မိသည္။ မာန္ မ်က္ႏွာသစ္ၿပီ ထြက္လာေတာ့ အခန္းထဲတြင္ မာယာႏွင္းဆီက ေရာက္ေနေလသည္။ လက္ထဲတြင္လည္း မုန္႔မ်ားစြာႏွင့္။

"ခြန္းဆက္ ငါျပန္ေတာ့မယ္...မင္းကို ေစာင့္ေပးမယ့္လူ ေရာက္လာၿပီမလား"

"ခင္ဗ်ား ဘယ္ကိုျပန္... "

"အင္း ဟုတ္တယ္ ကိုကို႔ကို မာယာ ေစာင့္ေပးလိုက္မယ္...ဒီက အစ္ကိုက ျပန္လို႔ရၿပီ"

ခြန္းဆက္ စကားကိုဆံုးေအာင္ ေျပာခြင့္မေပးပဲ မာယာက ျဖတ္ေျပာလိုက္သည္။ မာန္လည္း မာယာ့စကားကို ေခါင္းညိတ္ျပၿပီးေနာက္ ထိုအခန္းထဲမွ ထြက္ခဲ့ေတာ့သည္။

*********************************

မာန္ အိမ္ေရာက္ေရာက္ျခင္းပင္ ေရမိုးခ်ဳိးအ၀တ္အစားလဲကာ လိုအပ္သည္မ်ားကိုယူၿပီး ကုမၸဏ္ီသို့ ထြက္လာခဲ့ေတာ့သည္။ ဒီေန႔ project အသစ္ စတင္မည့္ေန႔ ျဖစ္တာေၾကာင့္ အေရးႀကီး ရွယ္ယာရွင္ အစည္းအေ၀းရိွသည္။ ႐ံုးခန္းထဲေရာက္ေတာ့ မန္ေနဂ်ာလာပို႔ေပးသည့္ ဖိုင္မ်ားကို စစ္ေဆးေနလိုက္သည္။

ေဒါက္...ေဒါက္... ေဒါက္

"၀င္ခဲ့"

"မာန္"

"ေျပာ လင္းသာ"

လင္းသာကို ေျပာဟုဆိုေသာ္လည္း ကြန္ျပဴတာမွ မာန္အၾကည့္မလႊဲေပ။

"project အသစ္အတြက္ ရွယ္ယာ၀င္မယ့္ ကုမၸဏ္ီ တစ္ခုတိုးလာတယ္"

"အင္း"

"အဲ့ဒါ မင္းနဲ႔ ေန႔လည္ ထမင္းစားခ်ိန္ ေတြ႕ဖို႔ ငါလုပ္ထားၿပီးၿပီ"

လင္းသာစကားေၾကာင့္ မာန္လုပ္လက္စကို ခဏရပ္ကာ လင္းသာကို ေမာ့ၾကည့္လိုက္သည္။

"ဘာလို႔လဲ...ခဏေန အစည္းအေ၀းပြဲမွာ ေတြ႕ရမွာပဲကို"

"သူက မင္းနဲ႔ေတြ႕ၿပီး ရင္းႏီွးခ်င္လို႔တဲ့...အဲ့ေၾကာင့္ ငါခ်ိန္းလိုက္တာ...မင္းတစ္ေယာက္ထဲ မလႊတ္ပါဘူး ငါပါလိုက္မယ္"

"ေအးပါ အဲ့ဒါပဲမလား"

"အင္း ဟုတ္တယ္"

"ဒါနဲ႔ လင္းသာ"

"ေျပာေလ မာန္"

"အခုရွယ္ယာရွင္က ဘယ္ group ကလဲ"

"မင္းသိမယ္ထင္တယ္...rainbow group ကေလ"

"ေအးေအး ဒါဆို သြားမယ့္အခ်ိန္ငါ့ကိုလာေခၚ...အခုအစည္းအေ၀းခန္းထဲ အရင္သြားၾကမယ္"

မာန္ ထိုင္ရာမွ ထၿပီး ဖိုင္တြဲမ်ားအား လင္းသာကို ကမ္းေပးလိုက္သည္။ သို႔ႏွင့္ ႏွစ္ေယာက္သား ႐ံုးခန္းထဲမွ ထြက္ကာ အစည္းအေ၀းခန္းဆီသို႔ ေလွ်ာက္လွမ္းသြားၾကေတာ့သည္။

*********************************
"ကိုကို!!! "

"ဘာလဲဟာ... မာယာ နင္ဘယ္လိုျဖစ္ေနတာလဲ"

"ကိုကိုမွ မာယာေျပာတာ နားမေထာင္တာ"

"ငါနားေထာင္ေနတာပဲေလ"

"ကိုကို႔စိတ္က မာယာဆီမွာ ရိွမေနဘူးေလ"

"က်စ္ မာယာ ၿငိမ္ၿငိမ္ေလး ေနေပးပါလား"

"ကိုကိုကလည္း"

ခြန္းဆက္ မာယာ့အားၾကည့္ကာ စိတ္႐ႈပ္ေနမိသည္။ တစ္ခ်ိန္လံုးစကားေျပာေနသည္မွာ ပြစိပြစိနဲ႔ စာကေလးေတာင္ အ႐ံႈးေပးရမည္။ ႐ုပ္ကေလးနဲ႔မွမလိုက္ စကားကေတာ္ေတာ္ေျပာႏိုင္သည္။ ယခုလည္း ၿငိမ္ၿငိမ္ေလးေနခိုင္းတာကို စိတ္ေကာက္သြားကာ ႏႈတ္ခမ္းကိုစူထားေလသည္။

ဆိုးေဆးအကူျဖင့္ရဲေနေသာ မာယာ့ႏႈတ္ခမ္းကို ၾကည့္ရင္း ဘာမဆိုင္ညာမဆိုင္ မနက္ကအိပ္ေနတုန္း စူထြက္ေနသည့္ မာန္႔ႏႈတ္ခမ္းရဲရဲေလးကို ျမင္ေယာင္မိသည္။

"ကိုကို ဘာလို႔ အဲ့ေလာက္စိုက္ၾကည့္ေနတာလဲ...မာယာ မေနတက္ေတာ့ဘူး"

မာယာ့အသံၾကားမွ ခြန္းဆက္ အေတာ္ၾကာစိုက္ၾကည့္မိေနသည္ကို သတိထားမိသြားကာ အျမန္ပင္ မ်က္ႏွာလႊဲ လိုက္သည္။

ဟက္... ကိုကိုက ပုရိသေယာက္က်ားတစ္ေယာက္ပဲ မဟုတ္လား... မာယာ့လို အလွဘုရင္မကို ေရွ႕ထားၿပီး ေယာက္က်ားေလးတစ္ေယာက္ကို ႀကိဳက္စရာလား... ခုေတာင္ ကိုကို မာယာ့အလွေတြမွာ ေႂကြဆင္းသြားၿပီမလား... ေနာက္လည္း ဒီထက္ပိုေႂကြေအာင္ မာယာကိုကို႔ကို ဆြဲေဆာင္အံုးမွာ... ကိုကို ဘယ္ေလာက္ထိခံႏိူင္မွာမို႔လို႔လဲ.....

မာယာ ကိုယ့္အေတြးနဲ႔ကိုယ္ သေဘာတက်ျဖစ္ေနသည္။

"ေရာင္နီ...ဪ မာယာလည္း ေရာက္ေနတာကိုး"

တံခါးဖြင့္ကာ ၀င္လာေသာ ေကာင္းထက္ေၾကာင့္ မာယာစိတ္႐ႈပ္သြားရသည္။ ကိုကိုနဲ႔ ႏွစ္ေယာက္တည္း အတူရိွခ်ိန္တိုင္း တစ္ေယာက္မဟုတ္တစ္ေယာက္ ေရာက္ေရာက္လာသည္။ မာယာ ဟန္ေဆာင္အၿပံဳးေလးကို ဆင္ျမန္းလိုက္ကာ

"အစ္ကို ေကာင္းထက္က ကိုကို႔ဆီ ဘာလို႔လာတာလဲ"

"ဟင္"

မာယာ့စကားေၾကာင့္ ေကာင္းထက္ ဆြံ႕အသြားသည္။

"ဟ နင္ကလည္း သူကငါ့ဆီ အေၾကာင္းရိွမွ လာရမွာလား"

"အို ကိုကိုကလည္း မာယာက ဒီတိုင္းပဲ ေမးတာကို"

မာယာ ႏႈတ္ခမ္းစူကာ ေျပာသည္။ ေကာင္းထက္ မာယာ့ပံုစံကို ၾကည့္တာနဲ႔ သိပါသည္။  သူ႕အားမလာေစခ်င္သည္ကို။ မာယာသည္ ငယ္ရြယ္ၿပီး လွပေသာမိန္းကေလး တစ္ေယာက္ျဖစ္သည္။ ႐ုပ္ရည္၊ပညာအရည္အခ်င္း၊ မိသားစုအသိုင္း၀ိုင္း အဖက္ဖက္က ျပည့္စံုေသာ မိန္းကေလးတစ္ေယာက္။

မာယာ့အားသေဘာက်သူမ်ားစြာရိွသလို အႏုပညာအသိုင္း၀ိုင္းကပင္ ေျမေတာင္ေျမႇာက္ေပးရန္ ေခၚဆိုသူမ်ားလည္းရိွသည္။မာယာကေတာ့ ခြန္းဆက္ေရာင္နီကိုသာ တမ္းတမ္းစြဲျဖစ္ေနၿပီး အျခားသူမ်ားကို ရိွသည္လို႔ေတာင္ မထင္။

မာယာ နင္ကေတာ့ လူမွားႀကိဳက္မိတာ... ငါတို႔ေကာင္ႀကီးက ေျဖာင့္မရေအာင္ ေကြးေနတာဟ.....

ထိုစကားမ်ားကိုေတာ့ ေကာင္းထက္စိတ္ထဲ၌သာ ေရရြတ္မိသည္။

"ငါ့ကို မိုးထက္ေျပာတယ္ မင္းဒီေန႔ ဆင္းလို႔ရၿပီတဲ့"

"အဲ့ေတာ့"

ခြန္းဆက္ မ်က္ခံုးပင့္ကာ ေျပာလာသည္။

"ကိုကို ဒီေန႔ဆင္းလို႔ရၿပီ ဟုတ္လား... မာယာ အိမ္လိုက္ပို႔ေပးမယ္"

"မလိုဘူး"

"ဘာလို႔လဲ ကိုကိုကလည္း"

"ဘာလို႔လဲဆိုေတာ့ ငါေဆး႐ံုက မဆင္းေသးဘူး"

"ဟင္" "ဟမ္"

မာယာေရာ ေကာင္းထက္ေရာ ခြန္းဆက္ဆိုလာသည့္ စကားေၾကာင့္ အံ့အားသင့္သြားၾကရသည္။

"မာယာ နင္ျပန္ေတာ့...ငါေကာင္းထက္ကို ေျပာစရာရိွတယ္"

"ဘာေျပာမို႔လဲ ကိုကို"

"ဟ ဘာပဲေျပာေျပာေပါ့ နင္အားႀကီးစပ္စုတာပဲ"

"ကိုကိုကလည္း"

"ကိုကိုကမလည္းဘူး... ထိုင္ေနတာ ျပန္ေတာ့"

"အင္းပါ မာယာ ေနာက္ေန႔မွ ထပ္လာခဲ့မယ္...အစ္ကိုေကာင္းထက္ မာယာသြားၿပီေနာ္"

"အင္း ညီမေလး"

မာယာ အခန္းထဲက ထြက္သြားၿပီးေနာက္ ေကာင္းထက္က ခြန္းဆက္ကိုၾကည့္ကာ ေမးသည္။

"ဘာေျပာမလို႔လဲ ေရာင္နီ"

"မင္းကို ငါေျပာထားတဲ့အေၾကာင္း သိရၿပီမလား"

"အစ္ကို အလကၤာ လား"

"အင္း ဘာတဲ့လဲ"

"အစ္ကိုနဲ႔ မင္းဦးငယ္က ငါစံုစမ္းရသေလာက္ ဘာပတ္သတ္မႈမွမရိွပါဘူး...သူတို႔ပထမဆံုး ဆံုဖူးတာေတာင္ မင္းအိမ္မွာပဲ ျဖစ္မယ္... မင္းသက္သက္အေတြးလြန္ေနတာ ျဖစ္မွာပါ"

"အဲ့လိုပဲ ျဖစ္မွာပါေလ"

"ဒါနဲ႔ ေဆး႐ံုက မဆင္းဘူးဆိုတာ တကယ္လား"

"အင္း တကယ္"

"ဘာလို႔လဲ"

"ဒီလိုပါပဲ"

"ၿပီးတာပဲ ငါမိုးထက္ဆီ သြားလိုက္အံုးမယ္"

"မင္းေနာ္...ငါသိေနတယ္"

"သိရင္သိသလိုေနလိုက္ ငါသြားၿပီ"

သို႔ႏွင့္ အခန္းထဲတြင္ ခြန္းဆက္တစ္ေယာက္တည္း က်န္ခဲ့ေတာ့သည္။

*********************************

ေကာင္းထက္ ဆရာ၀န္မ်ားနားေနခန္းတြင္ မိုးထက္ကို မေတြ႕တာေၾကာင့္ ခြန္းဆက္ဆီ ျပန္လာသည့္လမ္းတြင္ အတူယွဥ္တြဲေလွ်ာက္လာေသာ ေကာင္ေလးတစ္ေယာက္ႏွင့္ ေကာင္မေလးတစ္ေယာက္ကို ေတြ႕လိုက္ရသည္။ ေဘးကေကာင္မေလးကို စကားေျပာရင္း ၿပံဳးၿပံဳးႏွင့္ေလွ်ာက္လာေနေသာ မိုးထက္က ေကာင္းထက္ကို မျမင္ေသးေပ။

style pants အနက္နဲ႔ အျပာႏုေရာင္ရွပ္ အက်ႌကို တြဲ၀တ္ထားၿပီး အေပၚက ဂ်ဴတီကုတ္အျဖဴေလး ထပ္၀တ္ထားေသာ မိုးထက္ပံုစံက မ်က္စိမလႊဲ ခ်င္စရာ ျဖစ္ေနသည္။ အသားျဖဴသည္မဟုတ္ေသာ္လည္း ၀င္းေနေသာအသားအေရက လွသည္။ မ်က္ႏွာသြယ္သြယ္ေလးတြင္ နဖူးအုပ္ခ်ထားေသာ ဆံပင္ပံုစံေလးက ခ်စ္ဖို႔ေကာင္းေနသည္။  မ်က္၀န္းညိဳေလးမ်ားကို မ်က္မွန္၀ိုင္းေလးမွ တစ္ဆင့္ၾကည့္ရသည္မွာ ရင္ခုန္ခ်င္စရာ။

ေကာင္းထက္ မိုးထက္အားရပ္ၾကည့္ေနတုန္းမွာပင္ မိုးထက္က သူ႕ကိုျမင္ၿပီး လက္ျပလာကာ အနားသို႔ေလွ်ာက္လာသည္။ မိုးထက္အေနာက္မွ ထိုေကာင္မေလးကလည္း လိုက္လို႔လာသည္။

"ကိုရဲ ရဲ့ အသိလား"

ေကာင္မေလးက ေကာင္းထက္ကိုၾကည့္ရင္း မိုးထက္ကိုေမးသည္။မိုးထက္ကေကာင္းထက္ ပခံုးကိုလွမ္းဖက္လိုက္ရင္း

"အင္း... ကိုယ့္သူငယ္ခ်င္းေလ ေကာင္းထက္မင္းယံတဲ့... ေကာင္းထက္ ဒါက ငါ့ေမေမသူငယ္ခ်င္းရဲ႕ သမီး ျမႏွင္းႏြယ္တဲ့"

မိုးထက္၏ မိတ္ဆက္ေပးမႈအဆံုး

"ဟုတ္ကဲ့ ေတြ႕ရတာ၀မ္းသာပါတယ္...ကိုရဲကို ခင္သလို ႏွင္းကိုလည္း ခင္လို႔ရပါတယ္"

"ဟုတ္ကဲ့ ကြၽန္ေတာ္လည္း ေတြ႕ရတာ၀မ္းသာပါတယ္"

ေကာင္းထက္ ျမႏွင္းႏြယ္ဆိုသည့္ မိန္းကေလးကို ေသခ်ာၾကည့္မိသည္။ ယဥ္ယဥ္ေလးႏွင့္ လွေသာ၊ စိတ္ကိုေအးခ်မ္းေစႏိုင္သည့္ မ်က္ႏွာပိုင္ရွင္မ်ဳိးျဖစ္သည္။

"ဒါဆို ကိုရဲ...ႏွင္းသြားေတာ့မယ္...ေမေမကလည္း ကိုရဲကို အိမ္လာေခၚပါအံုးေျပာေနတာ အားတဲ့ေန႔ လာခဲ့ေနာ္"

"အင္း...ကို္ယ္ အားတဲ့ေန႔လာခဲ့မယ္လို႔ အန္တီ့ကိုေျပာေပးပါအံုး"

"ဟုတ္...ဒါဆို ႏွင္းသြားၿပီေနာ္...ဒီဘက္က အစ္ကိုလည္း ႏွင္းကို သြားခြင့္ျပဳပါအံုး"

ေကာင္းထက္ ေခါင္းသာညိတ္ျပလိုက္သည္။ ျမႏွင္းႏြယ္ထြက္သြားသည္ ကို ေကာင္းထက္လိုက္ၾကည့္ၿပီးမွ သူ႕ပခံုးအားဖက္ထားေသာ မိုးထက္လက္ကို ျဖဳတ္ခ်လိုက္သည္။ ေကာင္းထက္ မိုးထက္အား ၾကည့္ေတာင္မၾကည့္ေတာ့ပဲ ခြန္းဆက္ဆီသို႔ ထြက္လာခဲ့သည္။ က်န္ေနခဲ့သည့္ မိုးထက္မွာေတာ့ ေကာင္းထက္ပံုစံေၾကာင့္ ခနမွ် ေၾကာင္အသြားကာ ေကာင္းထက္ေနာက္ အေျပးလိုက္ရသည္။

"ေဟ့ေကာင္... ေကာင္းထက္ ဘာျဖစ္သြားတာလဲ"

ေကာင္းထက္ ခြန္းဆက္အခန္းဆီေရာက္ေတာ့ တံခါးကိုအားျဖင့္ပိတ္လိုက္သည္မွာ ၀ုန္းကနဲပင္။ ျပတင္းေပါက္ကို ေငးေနေသာခြန္းဆက္က အသံေၾကာင့္ လန္႔သြားရသည္။

"မေအေပး မင္းအိမ္က တံခါးမ်ား မွတ္ေနလား!! "

ေကာင္းထက္၏မ်က္ႏွာကို ျမင္ေတာ့ ခြန္းဆက္ ဘာေျပာရမွန္းမသိ ျဖစ္သြားရသည္။ အခန္းထဲကထြက္သြားေသာ ေကာင္းထက္နဲ႔ အခုျပန္၀င္လာေသာ ေကာင္းထက္က ကြာျခားေနသည္။ ေဒါသထြက္ေနပံုရေသာ ေကာင္းထက္ေၾကာင့္

"ဘာျဖစ္လာတာလဲ... ဟိုေကာင္ ဘာလုပ္လို႔လဲ"

"ဘာမွမျဖစ္ဘူး"

ထိုတစ္ခြန္းသာေျပာၿပီး စားပြဲတြင္၀င္ထိုင္လိုက္သည္။ တစ္ဖန္ ခြန္းဆက္၏ အခန္းတံခါးက ပြင့္လာကာ မိုးထက္၀င္လာသည္။ ခြန္းဆက္ မိုးထက္ကိုၾကည့္ၿပီး 'ဘာျဖစ္တာလဲ'ဟု ေကာင္းထက္အား ေမးေငါ့ျပကာ ေမးသည္။ မိုးထက္ကလည္း သူမသိေၾကာင္းကို ပခံုးတြန္႔ကာ ျပန္ေျဖသည္။

"ေကာင္းထက္ ဘာျဖစ္ေနတာလဲ"

"အခုဏက ေကာင္မေလးကဘယ္သူလဲ...မင္းနဲ႔ ဘယ္လိုပတ္သက္တာလဲ"

ခြန္းဆက္ေမးသည္ကို ျပန္မေျဖပဲ မိုးထက္အား စူးစိုက္ၾကည့္ကာ သြားၾကာေစ့ေလသံျဖင့္ ေကာင္းထက္ ေမးေလသည္။ ထိုအခါမွ ခြန္းဆက္ အေျခအေနကို သေဘာေပါက္သြားသည္ေၾကာင့္ ထိုႏွစ္ေကာင္အား ၿပံဳးၿပံဳးစိစိျဖင့္ ထိုင္ၾကည့္ေနေတာ့သည္။

"ေရာ္... မင္းကိုငါ ေျပာၿပီးၿပီးေကာ... ငါ့ေမေမသူငယ္ခ်င္းရဲ႕ သမီး ျမႏွင္းႏြယ္ပါလို႔"

"မင္းနဲ႔သူက အရမ္းရင္းႏီွးတာလား"

"ေမေမတို႔ခ်င္း သိေနၾကေတာ့...ငါတို႔လည္ ခင္သြားတာေပါ့ကြာ... ဘာလို႔လဲ... မင္းသူ႕ကို ႀကိဳက္လို႔လား"

မိုးထက္စကားေၾကာင့္ ေကာင္းထက္ေရာ ခြန္းဆက္ပါ ဆြံ႕အသြားၾကေတာ့သည္။

"ဒီေဖ...."

ေကာင္းထက္ စိတ္ကို အတက္ႏိုင္ဆံုးေလွ်ာ့ခ်လိုက္ကာ ခြန္းဆက္ကို ၾကည့္လိုက္သည္။

"ေရာင္နီ ငါျပန္ေတာ့မယ္"

"ေအးေအး... စိတ္ကိုေလ်ာ့ မင္းကားေမာင္းျပန္ရမွာ"

"အင္း ငါသြားၿပီ"

"ငါေမးတာေျဖအံုးေလ...ေကာင္းထက္"

ေကာင္းထက္ မိုးထက္အား ျပန္မေျဖေတာ့ပဲ အခန္းထဲမွထြက္သြားသည္။ ခြန္းဆက္ ကုတင္ေပၚမွ ဆင္းလာကာ မိုးထက္အနားသို႔ေလွ်ာက္လာၿပီး မိုးထက္ ဂုတ္ပိုးအား ႐ိုက္ခ်လိုက္ေတာ့သည္။

'ေျဖာင္း'

"အ!! ...မင္းဘာလို႔ လာ႐ိုက္ေနတာလဲ"

"ေခြးသူေတာင္းစား... မင္းဒီလို တံုးအပံုမ်ဳိးနဲ႔ ဘယ္လိုဆရာ၀န္ ျဖစ္လာတာလဲ"

ခြန္းဆက္ မိုးထက္ကို ေျပာေနတုန္း မင္းျမတ္ေရာက္လာသည္။

"ေကာင္းထက္ ဘာျဖစ္သြားတာလဲ... မ်က္ႏွာကတည္တင္းၿပီး ထြက္သြားတာ ငါေခၚတာေတာင္ မၾကားဘူး"

"ဘာမွမဟုတ္ဘူး...ငတံုးတစ္ေကာင္ေၾကာင့္ ရွာလကာရည္ေတြ နင္သြားတာ"

ခြန္းဆက္ေျပာလိုက္ေတာ့ မင္းျမတ္က မိုးထက္ကိုၾကည့္ၿပီး ရယ္ေတာ့သည္။ မိုးထက္မွာေတာ့ ခြန္းဆက္နဲ႔မင္းျမတ္အားၾကည့္ကာ ေၾကာင္အအေလး ျဖစ္ေနေတာ့သည္။

*********************************
#21.12.2023
#🍁Moe Kyal Phyu🍁













Continue Reading

You'll Also Like

876K 62.3K 48
He is mine ?muu paing?
2.9K 152 5
အစ်ကို ဆိုတဲ့နာမ်စားလေးက သိပ်နွေးထွေးသလို သိပ်လည်း နာကျဉ်ဖို့ကောင်းတာ။ Short Story လေးပါ။
5.2K 111 3
ခေါင်းမာလွန်းလှသူအင်ဂျင်နီယာမလေးနှင့် စီးပွားရေးလောကတွင် သူဋ္ဌေးမလေးအတွင်းရေးမှူး မမ နှင့်တွေ့သောအခါ........ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ၊၊ (Mya...
3.6K 153 7
တိမ်တိုက်နွေး + ရှိုင်းရတုနောင် နွေးနဲ့ရှိုင်းတိို့ရဲ့ ကမ္ဘာလေးထဲကိုအလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ