အမုန်းမှသည်...ချစ်ခြင်းဆီသို့...
By MoeKyalPhyu14
152K 4.5K 278
မိဘတွေမတရားခံရမှုအတွက် ကလဲ့စားချေမယ့်ကောင်လေးတစ်ယောက် အမုန်းတရားတွေကနေလွတ်မြောက်နိုင်ပြီး ချစ်ခြင်းကိုရှာဖွေတ... More
🍂ဖတ်ပေးစေချင်🍂
💠Intro💠
🍁 Part 1🍁
🍁 Part 2🍁
🍁 Part 3🍁
🍁Part 4🍁
🍁 Part 5🍁
🍁Part 6🍁
🍁Part 7🍁
🍁Part 8🍁
🍁Part 9🍁
🍁Part 10🍁
🍁Part 11🍁
🍁Part 12🍁
🍁 Part 13🍁
🍁Part 14🍁
🍁Part 15🍁
🍁Part 17🍁
🍁Part 18🍁
🍁Part 19🍁
🍁Part 20🍁
🍁Part 21🍁
🍁Part 22🍁
🍁Part 23🍁
🍁Part 24🍁
🍁Part 25🍁
🍁Part 26🍁
🍁Part 27🍁
🍁 Part 28🍁
🍁Part 29🍁
🍁Part 30🍁
🍁Part 31🍁
🍁Part 32🍁
🍁Part 33🍁
🍁Part 33.2🍁
🍁Part 33.3🍁
🍁Part 34🍁
🍁Part 35🍁
🍁Part 36🍁
🍁Part 37🍁
🍁Part 38🍁
🍁Part 39🍁
🍁Part 40🍁
🍁Part 41🍁
🍁Part 42🍁
🍁Part 43🍁
🍁Part 44🍁
🍁Part 45🍁
🍁Part 46🍁
🍁Part 47🍁
🍁Part 48🍁
🍁Part 49🍁
🍁Part 50🍁
🍁Part 51🍁
🍁Part 52🍁
🍁Part 53🍁
🍁Part 54🍁
🍁Part 55🍁
🍁Part 56🍁
🍁Part 57🍁
🍁Part 58🍁
🍁Part 60🍁
🍁Part 59🍁
🍁Part 61🍁
🍁Part 62🍁
🍁Part 63🍁
🍁Part 64🍁
🍁Part 65🍁
🍁Part 66🍁
🍁Part 67🍁
🍁Part 68🍁
🍁Part 69🍁
🍁Part 70{Final}🍁
🍁Part 16🍁
2.3K 73 4
By MoeKyalPhyu14
[Unicode]
မာန် ပင်ပန်းလွန်းသည်ကြောင့် အိပ်မောကျသွားသည်မှာ အချိန်အတော်ကြာသွားလေသည်။ မျက်လုံးများကို ပွတ်သပ်ရင်း နာရီအား ကြည့်မိတော့ ၅ နာရီတောင် ထိုးလုနီးနေပြီ ဖြစ်သည်။ အိပ်ရာမှထကာ ရေချိုးရန် ပြင်တော့သည်။
ရေမိုးချိုးပြီးနောက် ၀တ်နေကျ ဖြစ်သော shirt အဖြူလေးနှင့် ဘောင်းဘီဒဲ့ပွ အဖြူလေးကိုသာ ၀တ်ဆင်လိုက်ပြီး laptop နှင့် project နဲ့ဆိုင်သည့် စာရွက်စာတမ်းများအားယူ ကာ အောက်သို့ဆင်းလာခဲ့တော့သည်။
Time Skip ,
မာန် ခွန်းဆက်ရှိသော အခန်းရှေ့အရောက် အထဲမှ စကားသံကြောင့် ခြေလှမ်းများ ရပ်တန့်သွားသည်။
"ကိုကို သတိပြန်ရတာကြာပြီလား"
ထုံးစံအတိုင်း မာယာနှင်းဆီ ရောက်နေသောကြောင့် ဖြစ်သည်။ ခွန်းဆက် ဆေးရုံတွင် သတိမေ့နေတုန်းကလည်း တစ်နေ့ကို နှစ်ခါ ပုံမှန်လာသည်။ မာယာသည် မာန့်အား အမြဲတမ်း အထင်သေးသည့် အကြည့်များဖြင့် ကြည့်သည်။ ထိုအကြည့်များကို မာန်လုံးဝ မကြိုက်ပေ။ ထိုကြောင့် မာယာရှိနေစဉ် မာန် အခန်းထဲမှ အမြဲထွက်နေခဲ့သည်။ အခုလည်း အထဲသို့ ၀င်ချင်စိတ်မရှိပေ။ သို့သော် ကံတရားက မာန့်ဘက်တွင် မရှိ။
"အစ်ကို ရောက်နေတာကြာပြီလား... အထဲဝင်လေ...မ၀င်သေးပဲ ဘာလုပ်နေတာလဲဗျ"
"မကြာသေးပါဘူး...ကိုယ် အခုပဲရောက်တာ... ဒါနဲ့ ညီက ဘယ်သွားတာလဲ... မင်းမြတ်နဲ့ မိုးထက်ကရော"
ခွန်းဆက်အား ဆေးရုံစောင့်ပေးနေသည့်ရက်အတွင်း မာန်လည်း ခွန်းဆက်၏ သူငယ်ချင်းများနှင့် ရင်းနှီးနေပြီဖြစ်သည်။
"ဟိုနှစ်ကောင်က duty ချိန်လေ အစ်ကို...ကျွန်တော်က ရောင်နီ ပန်းသီးစားချင်တယ်ဆိုလို့ သွားဝယ်လာတာ"
ကောင်းထက် လက်ထဲမှ ကိုင်လာသော ပန်းသီးအိတ်ကို မာန်မြင်အောင် မြှောက်ပြသည်။
"လာလေ အစ်ကို... အထဲဝင်မယ်"
"အင်း ညီ အရှေ့က သွား"
ကောင်းထက်က တံခါးဖွင့်ကာ အရင်ဝင်တော့ ခွန်းဆက်နဲ့ မာယာက လှည့်ကြည်လာသည်။ ကောင်းထက် အနောက်တွင်ပါလာသော မာန့်ကို မြင်သည်နှင့် မာယာ့ မျက်နှာမဲ့သွားလေသည်။ ထိုအခြင်းအရာကို ခွန်းဆက်မမြင်ပေမယ့် ကောင်းထက်နဲ့ မာန်ကတော့ မြင်လိုက်ရသည်။
ခွန်းဆက် သူ့အားနားပူနားဆာ လုပ်နေသော မာယာ့ကြောင့် စိတ်ရှုပ်နေရာမှ ကောင်းထက်တို့ကို မြင်လိုက်ရသည်ကြောင့် အတိုင်းမသိဝမ်းသာသွားသည်။
"ကောင်းထက် မြန်မြန်လုပ်ကွာ...ငါပန်းသီးစားချင်နေပြီ"
ခွန်းဆက်က ဆိုလေတော့ မာန်က သူပါလာသည့် laptop နဲ့ ဖိုင်များကို စားပွဲပေါ်ချကာ ကောင်းထက်လက်ထဲမှ ပန်းသီးထုပ်အား လက်လွှဲယူလိုက်သည်။
"ကိုယ်ရေဆေးပြီး ခွဲလာခဲ့မယ်... ညီတို့ အေးဆေး စကားပြောကြ"
ကောင်းထက် ကိုပြောပြီး အခန်းအပြင်သို့ထွက်သွားလေသည်။ ခွန်းဆက်ထွက်သွားသူ၏ ကျောပြင်ကို အမျှင်တန်း မပြတ်ငေးကြည့်နေသည်။
ဒီမှာလည်း ခွဲလို့ရတာပဲဟာကို.....
"ရောင်နီ အစ်ကို အလုပ်တွေ အရမ်းများနေပုံပဲ... ဒီညငါ စောင့်အိပ်ပေးမယ်လေ... အစ်ကို့ကိုပြန်ခိုင်းလိုက်မလား"
"ဘာလို့လဲ"
"ဟိုမှာကြည့် ဖိုင်တွေနဲ့... မင်းမြတ် ငါ့ကိုပြောတယ်... သူမင်းကို စောင့်ပေးရင်း အလုပ်တွေပါ လုပ်နေတာ... အိပ်ချိန် သိပ်မရှိဘူးတဲ့"
"ဒါတော့ ငါက သူ့ယောက်ကျားပဲ... သူဒီလောက်တော့ လုပ်ပေးရမှာပေါ့"
"မဟုတ်ဘူးလေ ရောင်နီ... နေ့လည်က အစ်ကို့ပုံစံကို မင်းမတွေ့လို့လား"
ကောင်းထက် စကားကြောင့် ခွန်းဆက်စဉ်းစားသလို ငြိမ်ကျသွားသည်။
မာယာ သူ့ကိုရှေ့မှာထားပြီး အလင်္ကာမုန်းမာန် အကြောင်းကိုသာ ပြောနေသောကြောင့် စိတ်များတိုလာရသည်။ သူ တစ်ယောက်လုံး ဒီမှာရှိနေသည်ကို ဘာလို့ အလင်္ကာမုန်းမာန် အကြောင်းပဲ ပြောနေရတာလဲ။
အလင်္ကာမုန်းမာန် နင့်ကို ငါသိပ်မုန်းတယ်...နင် ကိုကို ကိုမပိုင်စေရဘူး... ကိုကိုက ငါ့အပိုင်ပဲဖြစ်ရမယ်.....
မာယာ မျက်နှာကို အတက်နိုင်ဆုံး ချစ်ဖို့ကောင်းအောင် ပြုံးထားလိုက်သည်။
"ကိုကို အစ်ကိုအလင်္ကာ အရမ်းပင်ပန်းနေရင် ဒီညနားခိုင်းလိုက်လေ... ကိုကို့ ကို မာယာ စောင့်ပေးမယ်"
မာယာ့ စကားကြောင့် ခွန်းဆက် မာယာ့ကို ကြည့်လာသည်။ ပြီးနောက် ခေါင်းခါပြလိုက်ရင်း
"နင်က မိန်းကလေး... မကောင်းပါဘူးဟာ... ငါ့ကို ကောင်းထက် စောင့်ပေးလိမ့်မယ်"
"ဘာလို့လဲ ကိုကိုကလည်း"
မာယာ့ အထွန့်တက်ကာ မေးသည်။ မကြည့်နိုင်တော့သည့် ကောင်းထက်က ၀င်ပြောလာတော့သည်။
"ဟုတ်တယ် မာယာ... အစ်ကို စောင့်ပေးလိုက်မယ်... မာယာက မိန်းကလေးလေ... မသင့်တော်ဘူး"
"ဒါပေမယ့်... "
"ဒါပေမယ့်တွေ လုပ်မနေနဲ့တော့ မာယာ... ပြန်တော့ ငါနားချင်နေပြီ"
မာယာ မျက်နှာထိန်းမရအောင် ပျက်သွားတော့သည်။
"အင်းပါ... ကိုကို နားချင်တယ်ဆိုလည်း မာယာ ပြန်တော့မယ်နော်"
မာယာ ထပြန်ဖို့ လုပ်နေချိန် မာန် အခန်းထဲသို့ ပြန်ရောက်လာသည်။ မာယာသည် မာန့်အား လွန်စွာမုန်းတီးသော အကြည့်များဖြင့် ကြည့်နေသည်။
"မာယာ ပြန်တော့မယ်ဆို သွားတော့လေ"
"ဟုတ် သွားပြီနော် ကိုကို... ညီမ သွားပြီနော် အစ်ကို ကောင်းထက်"
"အင်း ဂရုစိုက်သွား"
မာယာ ခွန်းဆက်နှင့် ကောင်းထက်တို့ကို နှုတ်ဆက်၍ ထွက်သွားသော်လည်း မာန့်ကို ရှိသည်ဟုပင် သဘောမထားခဲ့။ မာန် သူ့အား မာယာ ထိုသို့လုပ်နေသည်ကို နားမလည်နိူင်ဖြစ်နေသည်။ ခေါင်းထဲမှ အတွေးများကို ခါထုတ်လိုက်ပြီး ခွန်းဆက်ဆီ သွားကာ ခွဲထားသော ပန်းသီးပန်းကန် ကိုပေးလိုက်သည်။
ထို့နောက် စားပွဲတွင် သွားထိုင်၍ laptop ကိုဖွင့်လိုက်ပြီး ခွန်းဆက်တို့ကို ကြည့်လိုက်သည်။
"မင်းတို့ လွတ်လွတ်လပ်လပ်နေကြ... ကိုယ့်ကိုဂရုမစိုက်နဲ့...ကုမ္ပဏ်ီ က project လေး မပျက်သေးလို့ လုပ်မလို့"
ပြောပြီး မာန် သူ့အလုပ်သာ သူလုပ်နေတော့သည်။ ကောင်းထက် ခွန်းဆက်အား မျက်လုံးဖြင့် အရိပ်အကဲ ပြလိုက်သည်။
"အဟမ်း...အလင်္ကာမုန်းမာန် ခင်ဗျား ဒီနေ့ အိမ်ပြန်လည်းရတယ်နော်"
ခွန်းဆက် စကားကြောင့် မာန် လှည့်ကြည့်လာသည်။
"ဘာလို့လဲ"
"ခင်ဗျား ပုံစံက ပင်ပန်းနေပုံ ပေါ်လို့လေ"
"ဪ ရပါတယ်"
မာန် ခွန်းဆက် စကားကိုထိုမျှလောက်သာ တုန့်ပြန်ပြီး အလုပ်ထဲ အာရုံပြန်ရောက်သွားတော့သည်။ ခွန်းဆက်လည်း ဘာမှပြန်မပြောတော့ပဲ ကောင်းထက်ကို မျက်ခုံးတစ်ဖက်ပင့်ပြလိုက်သည်။
"အစ်ကို အိမ်ပြန်နားလိုက်ပါလား... ရောင်နီကို ကျွန်တော် စောင့်ပေးလိုက်မယ်... ပြီးတော့ ခဏနေရင် ဟိုနှစ်ကောင်လည်း duty ပြီးလောက်ပါပြီ"
"ရပါတယ်...ကိုယ်လည်း ဒါလေး လက်စသတ်ပြီးရင်... "
Ringing.....
မာန့်စကားမဆုံးသေး ဖုန်းဝင်လာသည်ကြောင့် ကောင်းထက်အား 'ခဏနော်' ဟုဆိုကာ ဖုန်းကိုင်လိုက်သည်။
"Hello "
"....."
"အင်း ငါအခုလာခဲ့မယ်... လင်းသာကိုပါ ခေါ်ခဲ့မယ်"
"....."
"အင်း မင်းတို့ရဲ့ တည်နေရာကို message ပို့ပေး"
"....."
"အေး အဲ့ဆိုဒါပဲ"
မာန် ဖုန်းချလိုက်ပြီး ကောင်းထက်အားကြည့်ကာ
"ဒါဆို ညီပဲ စောင့်ပေးလိုက်တော့နော်... ကိုယ် အရေးကြီးသွားစရာရှိလို့ သွားတော့မယ်"
မာန် ကားသော့ကို ယူကာ ပြေးထွက်သွားတော့သည်။ စားပွဲပေါ်မှ laptop မှာတော့ ဖွင့်လျက်သားကျန်ခဲ့သည်။ ခွန်းဆက်နှင့်ကောင်းထက်မှာလည်း ပုံစံချက်ချင်းပြောင်းသွားသော မာန့်ကိုကြည့်ပြီး ကောင်အသွားကြသည်။
"ဟေ့ကောင် ကောင်းထက် ဘယ်သူ့ဆီကဖုန်းလဲ"
"ငါ contact name ကိုတွေ့လိုက်တာတော့ ရှိင်းသော်တာလင်း တဲ့"
"ဪ"
"မင်းသိလို့လား"
"မာန့် သူငယ်ချင်းပဲလေ"
"ဘာဖြစ်လို့ အလောတကြီး ထွက်သွားတာလည်း မသိဘူးနော်"
"ဘယ်သိမလဲ...သိချင်ရင် သူ့နောက် လိုက်သွားပါလား"
"မင်းကလည်း စကားအဖြစ်ပြောတာပါကွာ"
*********************************
မာန် ကားမောင်းနေရင်း စိတ်လှုပ်ရှားနေမိသည်။ ဖုန်းထဲမှာပြောသော သော်တာ့စကားများကြောင့် လှုပ်ရှားနေသည့်စိတ်က ထိန်းမရ။ မေမေ တို့အမှုကို ကိုင်ခဲ့သော ဒုရဲအုပ်က မာန်နဲ့ တွေ့ချင်သည်ဟု သော်တာမှ တစ်ဆင့် ပြောလာသောကြောင့် မာန် အလောတကြီးထွက်လာခဲ့ခြင်း ဖြစ်သည်။
မာန့် မိဘများ၏ အမှုက လွန်ခဲ့သော အနှစ်၂၀ကဖြစ်ခဲ့သည်မို့ ပြန်လိုက်ရန်မလွယ်လှပေ။ ဆယ်စုနှစ်တစ်ခုကျော်မက ရှည်ကြာနေသော အမှုဖြစ်သည်ကြောင့် သက်သေများကို ပြန်ရှာဖွေရာတွင် အတော်လေးခဲယဉ်းနေသည်။ မာန် လင်းသာဆီ ဖုန်းခေါ်ဆိုလိုက်သည်။
"Hello လင်းသာ မင်းဘယ်မှာလဲ"
"ကုမ္ပဏ်ီမှာပဲရှိသေးတယ် ဘာလို့လဲ"
"ငါလာခေါ်မယ် မင်းစောင့်နေ"
"အေး အေး"
မာန် ဖုန်းချလိုက်ပြီး ကုမ္ပဏ်ီသို့ အရင်ဝင်ကာ လင်းသာကို ခေါ်ခဲ့ပြီး သော်တာ လိပ်စာပို့ပေးသည့် restaurant ဆီသို့ ဦးတည်မောင်းနှင်ခဲ့သည်။ ခဏအကြာ မာန်မောင်းလာသော BMW ကားလေးသည် restaurant တစ်ခု၏ ကားparkingတွင် ရပ်တန့်သွားလေသည်။ မာန်နဲ့ လင်းသာလည်း ဆိုင်ထဲသို့ဝင်လာပြီး ဘေးဘီဝဲယာကို မျက်လုံးကစားကြည့်တော့ ထောင့်တစ်နေရာတွင် လက်ဝှေ့ယမ်းပြနေသော သော်တာ့ကိုမြင်လိုက်ရသည်ကြောင့် ထိုဝိုင်းသို့ လျှောက်သွားတော့သည်။
မာန် ခုံတွင် ၀င်ထိုက်လိုက်ခ်ျိန်တွင် သော်တာ့ဘေးရှိ လူက သူ့အား စိုက်ကြည့်နေသည်။ အသားညိုညိုနဲ့ မေးရိုးများ ထင်းထွက်နေကာ မျက်ခုံးမျက်လုံးကောင်းသည်။ အသက်အားဖြင့် ၅၅ ၅၆ လောက်ရှိမည်ဖြစ်သော်လည်း ပုံစံက တည်ကြည်ခန့်ညားနေ၍ ချောမောနေသေးသည်။
"မာန် ဒါက မင်းကို ငါပြောတဲ့ ဒုရဲအုပ် ထက်ပိုင်"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ "
"မင်းက မျိုးမာန်အောင်ရဲ့သားလား"
ဒုရဲအုပ်ထက်ပိုင်က မာန့်ကို ကြည့်ကာ မေးလာခြင်း ဖြစ်သည်။ မာန် စိတ်လှုပ်ရှားနေသည်ကို ထိန်းရင်း ပြန်ဖြေသည်။
"ဟုတ်ကဲ့"
"မင်းက အဖေထက် အမေနဲ့ ပိုတူတာပဲ ထားပါတော့... ဘာလို့ အမှုကို ပြန်လိုက်ချင်ရတာလဲ...အဖြေက ရှင်းနေပြီးသား မဟုတ်လား"
"ဗျာ ဘယ်နားက ရှင်းနေလို့လဲဗျာ"
"ဆေးစစ်ချက်အရ သူတိူ့ကိုယ် သူတို့ အဆိပ်သောက်သတ်သေတာလေ"
"မဟုတ်ဘူး မဟုတ်ဘူး"
မာန်စိတ်မထိန်းနိုင်စွာ ပြောမိသည်။
"ဖေဖေနဲ့မေမေက သတ်သေတာမဟုတ်ဘူး...အသတ်ခံရတာ"
ပြောရင်း မာန့်ပါးပြင်ထက် မျက်ရည်တစ်စက်က စီးဆင်းလို့လာသည်။
"အဟက်... မင်းဒီလို ပျော့ညံပုံမျိုးနဲ့ ဒီအမှုကို ပြန်လိုက်မလို့လား...ရပ်တန်းကရပ်လိုက်ပါတော့"
မာန် မျက်ရည်တို့ကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းဖိသုတ်လိုက်ပြီး စူးရဲသော မျက်လုံးများနှင့် ဒုရဲအုပ်ထက်ပိုင်ကို စိုက်ကြည့်လိုက်သည်။
"ကျွန်တော် မရပ်နိူင်ဘူး...အဲ့အတွက် သေရမယ်ဆိုရင်တောင် ရှေ့ဆက်တိုးမှာ"
"အေး ငါလည်းဒါမျိုးမှ ကြိုက်တာ...မင်းတို့အတွက် ငါလည်း တက်နိူင်သလောက်ကူညီပေးမယ်...အဲ့တုန်းက အမှုကို တုံးတိကြီး ပိတ်လိုက်လို့ ငါစိတ်ထဲထင့်နေခဲ့တာ"
"......"
ဒုရဲအုပ်၏ စကားကို ၃ယောက်လုံး ငြိမ်သက်လျှက် နားထောင်နေကြသည်။
"အမှုကို တရားရုံးမှာ ပြန်လျှောက်ယူပေးမယ်...အစကနေ ပြန်စကြတာပေါ့... ပြီးတော့ မင်းတို့ ၃ယောက်လုံး သတိထားနေကြ... အမှုကို ပြန်လျှောက်တယ်ဆိုကတည်းက တစ်ဖက်ကလူတွေ အနှေးနဲ့အမြန် သိသွားမှာပဲ... အထူးသဖြင့် သော်တာ မင်းပဲ... အဓိကလူက မာန်ဆိုပေမယ့် အမှုကိုပြန်လိုက်နေတဲ့သူက မင်းမလို့ သူတို့ရဲ့ပစ်မှတ်က ပထမဆုံး မင်းဖြစ်လာနိူင်တယ်...ဒါကြောင့် အနေအထိုင် အသွားအလာ သတိနဲ့နေ"
"ဟုတ်ကဲ့ပါ ဆရာ"
"ဒါဆို ငါသွားတော့မယ်"
ဒုရဲအုပ် ထက်ပိုင် ထွက်သွားသည်ကို လိုက်ကြည့်ပြီးနောက် လင်းသာက သော်တာ့အား မေးလေသည်။
"သော်တာ မင်း သူ့ကို ဘယ်လိုတွေ့ခဲ့တာလဲ"
"ငါလည်း အသေးစိတ်စုံစမ်းနေရင်း ဒီအမှုကို ကိုင်ခဲ့တဲ့သူက ဒုရဲအုပ်ထက်ပိုင် ဖြစ်နေတာပဲ...ကံကောင်းချင်တော့ ငါ့ဆရာနဲ့ ဒုရဲအုပ်က သူငယ်ချင်းတွေ ဖြစ်နေတာ... မာန့်အကြောင်း နည်းနည်းပါးပါး ပြောပြလိုက်တော့ မာန့်ကိုတွေ့ချင်တယ်ဆိုတာနဲ့ ငါခေါ်လိုက်တာ"
"ကျေးဇူးပါပဲ သော်တာရာ"
မာန် သော်တာကို ကြည့်ကာ ပြောလေသည်။ လင်းသာက မာန့်ကို ကြည့်နေရင်းနှင့်
"မာန်"
"ပြောလေ လင်းသာ... ဘာလဲ"
"မင်း ဆေးစစ်ကြည့်ပါလား"
"ဘာလို့လဲ"
"မင်းပုံစံကို အားမရဘူး... ဖြူဖျော့နေတာပဲ... အစထဲက အသားဖြူတဲ့သူက အခုတော့ သွေးမရှိတော့တဲ့အတိုင်းပဲ"
"ဒီရက်ပိုင်း ပင်ပန်းနေလို့ပါကွာ...မင်းသိတဲ့အတိုငိး project အသစ်က စတော့မှာလေ...ဒါနဲ့ မင်းနဲ့ကြယ်စင်ရော ဘယ်လိုလဲ"
အစကမာန့်ကို ဦးတည်နေသည့်စကားဝိုင်းက အခုတွင်လင်းသာဆီသို့ ကူးပြောင်းသွားသည်။ သော်တာကလည်း စိတ်ဝင်တစားဖြင့် ပြောလာသည်။
"ဟုတ်တယ် လင်းသာ... ငါလည်း သိချင်နေတာ... မာန်ပြောမှ သတိရတယ်"
"ငါ ကြယ်စင်ကို မပြောရဲဘူး"
"အေး မပြောရဲနေ... နောက်တစ်ယောက်နောက်ပါသွားမှ မာန်ရေ ကယ်ပါ လုပ်မနေနဲ့...မကယ်ဘူး"
"ငါ့လဲ လာမကယ်ခိုင်းနဲ့... မကယ်ဘူး"
"မင်းတို့ကလည်းကွာ"
"မင်းတို့ကလည်း မနေနဲ့ အခုကြယ်စင်ဆီ ဖုန်းဆက်"
"ဟမ် ဘာလုပ်မလို့လဲ"
"တစ်နေရာရာ ချိန်းလိုက်ပေါ့ကွာ... ခုမှ ၇ နာရီပဲရှိသေးတယ်...ညဘက် date ရင် ပိုမိုက်တယ်"
မာန် နာရီကိုကြည့်ကာ ပြောသည်။
"အခုလား"
"မဟုတ်ဘူး ကြယ်စင် ကလေးရမှ"
မာန် မအူမလည်ဖြစ်နေသော လင်းသာကို ကြည့်ကာ စိတ်ပေါက်ပေါက်ဖြင့် ပြောလိုက်သည်။ ကုမ္ပဏ်ီအလုပ်များတွင် ဖြတ်ထိုးဥာဏ်ကောင်းသလောက် အချစ်ရေးတွင် အူတူတူအတတနှင့်။ တစ်ဖက်က ကြယ်စင်က ရေလာအောင် မြောင်းပေးနေသော်လည်း အခုထိရေမဆင်းသေးသော လင်းသာ ကြောင့် ကြယ်စင်ကိုပင် သနားလာမိသည်။
"မာန် မင်းကလည်း အကောင်းမေးနေတာကို"
သော်တာမှာတော့ မာန်နဲ့လင်းသာကိုကြည့်ရင်း ရယ်နေတော့သည်။
"နေနေ မင်းဖုန်းမဆက်နဲ့ ငါပဲ ဆက်လိုက်တော့မယ်"
ဖုန်းကိုထုတ်ပြီး ကြယ်စင်ဆီသို့ မာန် ဖုန်းခေါ်တော့သည်။ ဖုန်းဝင်သံနှစ်ချက်မျှ ကြာပြီးနောက် ကြယ်စင်က ဖုန်းကိုင်လာသည်။ မာန်လည်း speaker ကိုဖွင့်လိုက်ပြီး ၃ ယောက်လုံးကြားနိုင်အောင် ဖုန်းကို အလယ်တွင်ထားလိုက်သညိ။
"ကြယ်စင်"
"အေးပြော မာန်"
"နင်ဘယ်မှာလဲ"
"ငါအခုမှ ဂေဟာပြန်မလို့"
"ဟင် အခုထိ ဂေဟာမရောက်သေးဘူးလား... ဘယ်အချိန်ရှိပြီလဲ!! "
မာန် စိတ်ပူပူနဲ့ ကြယ်စင်အား အော်တော့သည်။
"အချိန်ပိုသင်တာ ကြာသွားလို့ပါဟ... ဘာလို့ဖုန်းဆက်တာလဲ"
"အချိန်ပိုသင်တာကသင်တာပဲ... ဘာလို့နောက်ကျတဲ့အထိသင်ရတာလဲ"
"ကလေးတွေ နားလည်အောင် ရှင်းပြနေရလို့ ကြာသွားတာ... နင်ကလည်း အော်မယ်ဆိုတာကြီးပဲ"
"မအော်လို့ရမလား နင်... "
"တော် တော် မာန်... မင်းတော်တော့ ငါပဲဆက်ပြောလိုက်တော့မယ်"
ကြယ်စင်ကို ဖုန်းထဲမှ လှမ်းဆူနေသော မာန်ကို သော်တာ ၀င်တားလိုက်တော့သည်။
"ကြယ်စင်"
"ကျေးဇူးပဲ သော်တာ... မဟုတ်ရင် ငါနားပူနေအုံးမှာ"
"နင်ကလည်းနင်ပဲ... ထားပါတော့ လင်းသာ နင့်ကို ပြောစရာရှိလို့တဲ့"
"ဟမ် သူပြောစရာရှိတာကို နင်တို့က ဘာလို့ ဖုန်းဆက်ပြောရတာလဲ... အဲ့ကောင် ဘေးမှာရှိတယ်မလား"
"အခုနင့်ဆီလာလိမ့်မယ်... နင်သာ လူများတဲ့နေရာမှာစောင့်နေ... ဒါမှမဟုတ် ကလေးတစ်ယောက်ကို ခဏခေါ်ထား ကြားလား"
"ဟုတ်ကဲ့ပါ အစ်ကိုကြီးတို့"
သော်တာ ဖုန်းချလိုက်ပြီး မာန့်ကို ဖုန်းပြန်ပေးလိုက်သည်။ ပြီးနောက် လင်းသာကိုကြည့်ရင်း
"သွားတော့"
"ငါ...ငါ မသွားရဲဘူး"
"ဒီခွေးသားကတော့...."
မာန် လင်းသာ ခြေထောက်အားလှမ်းကန်တော့သည်။
"သွားစမ်းပါ လင်းသာရာ... မင်းချစ်တယ် မဟုတ်လား... ပြီးတော့ မှောင်နေပြီ ကြယ်စင်ကို အကြာကြီး မစောင့်ခိုင်းနဲ့"
သော်တာကပါ လေသံအေးဖြင့် ၀င်ပြောလာသည်။
"အဲ့ဆိုလည်း ငါသွားတော့မယ်... မင်းတို့ ဆုတောင်းပေးကြအုံး"
"အေးပါ fighting fighting "
လင်းသာထွက်သွားသည်ကိုကြည့်ပြီး နှစ်ယောက်သား ရယ်မိကြတော့သည်။
"ဒါဆို ငါပဲကျန်တော့တာပေါ့"
"အားကျမခံ မင်းလည်း ရှာလိုက်လေ"
"တော်ပါ တော်ပါ လူပျိုကြီးပဲကောင်းတယ် ဟားဟား"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်စနောက်ရင်း ကျန်နေခဲ့ကြသည်။
*********************************
လင်းသာ ကြယ်စင်ရှိသည့် ကျောင်းရှေ့ကို ရောက်တော့ ချစ်ရသူလေးက ကျောင်းရှေ့က မီးတိုင်အောက်တွင် ရပ်စောင့်နေလေသည်။ လမ်းမီးတိုင်၏ အလင်းရောင်လေးက ကြယ်စင်ပေါ် ဖြာကျနေသည်မို့ ချစ်စဖွယ်မျက်နှာလေးက ညအမှောင်တွင် ၀င်းပနေသည်။ အဖြူအစိမ်းလေးနှင့် ကြယ်စင်က တကယ့်ကိုသဘောကျစရာလေးဖြစ်နေသည်။
"ကျစ်...ကလေးတစ်ယောက်ခေါ်ပြီး စောင့်နေပါဆိုတာကို တစ်ယောက်တည်း စောင့်နေတယ်"
လင်းသာ တစ်ယောက်တည်း ရေရွတ်ရင်း ကြယ်စင်ဆီ လျှောက်သွားလိုက်သည်။ ကြယ်စင်က သူလာနေသည်ကိုမြင်တော့ လက်ပြကာ ပြုံးပြလာသည်။
"ကြယ်စင် "
လင်းသာ ကြယ်စင်ကိုခေါ်ရင်း ကြယ်စင်လက်ထဲမှ ဆွဲခြင်းလေးကို လက်လွှဲ ယူလိုက်သည်။
"လင်းသာ နင်ငါ့ကို ပြောစရာရှိတယ်ဆို...ဘာပြောမလို့လဲ"
နှစ်ယောက်သား ပခုံးချင်းယှဉ်လျှက် လမ်းလျှောက်နေရင်းမှ ကြယ်စင်က မေးလာသည်။
"ငါ...ငါ"
လင်းသာ နှလုံးခုန်သံက ကျယ်လောင်လို့လာသည်။ ကြယ်စင်ဆီလာတုန်းက ပြောရမည့်စကားများကို စာစီခဲ့သော်လည်း ယခုတွင် ပြောစရာ စကားလေးများက ပျောက်ရှလို့နေသည်။ လင်းသာ ဘေးကိုငဲ့ကြည့်လိုက်တော့ ကြယ်စင်ကရှိမနေ။ နောက်သို့လှည့်ကြည့်တော့ တရုတ်စကားပန်းပင်အောက်တွင် ကြွေကျနေသော ပန်းကလေးများအား တစ်ပွင့်ချင်းကောက်ယူနေသည်။
လင်းသာ မြတ်နိုးချင်းများစွာနှင့် ကြယ်စင်ကို ငေးကြည့်မိနေသည်။ ကြယ်စင်က ပန်းပွင့်လေးများကို လက်နှစ်ဖက်ဖြင့် ပွေ့ကာ ယူလာရင်း လင်းသာဆီ လှမ်းလာသည်။ အနားရောက်တော့ လင်းသာနှင့် မျက်နှာချင်းဆိုင်တွင် ကြယ်စင်ရပ်လိုက်ကာ လင်းသာမျက်လုံးလေးများထဲ စိုက်ကြည့်လိုက်သည်။
"ခြင်းကိုချ"
"ဟမ်"
"ခြင်းကို အောက်ခဏချလို့"
လင်းသာလည်း ကြယ်စင်ပြောသည့်အတိုင်း ခြင်းကို မြေပြင်ပေါ်ချထားလိုက်သည်။
"လက်ဖြန့်"
ကြယ်စင် သဘောအတိုင်း လင်းသာ လက်နှစ်ဖက်ကိုဖြန့်ကာ ကြယ်စင်ရှေ့ တိုးပေးသည်။ ကြယ်စင်က သူလက်ထဲရှိပန်းကလေးများကို လင်းသာလက်ထဲ လွှဲပြောင်းပေးလိုက်သည်။
"တရုတ်စကားပန်းလေးတွေက တစ်စုံတစ်ယောက်ကို မြတ်နိုးခြင်းရဲ့ သင်္ကေတ လို့ တစ်ချို့တွေက ပြောကြတယ်"
"ကြယ်စင်"
"သူ့ရဲ့ means နောက်တစ်ခုလည်း ရှိသေးတယ်...အဲ့ဒါက အသစ်တဖန် စတင်ခြင်းတဲ့"
ကြယ်စင် လင်းသာ၏ညာဘက်ပါးလေးအား လှမ်းနမ်းလိုက်သည်။
"ငါ စောင့်ခဲ့ပါသေးတယ်...ဒါပေမယ့် နင့်ဘက်က စဖွင့်ပြောမယ့်ပုံ မပေါ်တော့ ငါပဲ စပြောလိုက်တော့မယ်...လင်းသာ ငါနင့်ကို ချစ်တယ်... ငါရဲ့ တစ်ဘ၀လုံး လက်တွဲသွားချင်တဲ့သူက နင်ပဲ... တရုတ်စကားပန်းလေးရဲ့ အဓိပ္ပာယ်လိုမျိုး နင်ငါ့လက်ကို တွဲပြီး လမ်းအသစ်ကို လျှောက်ရဲလား လင်းသာ"
လင်းသာ ပြောစရာမရှိအောင်ကို စိတ်လှုပ်ရှားကာ ရင်ကလည်း အခုန်မြန်လို့နေသည်။ ချစ်နေရတဲ့သူဆီက ချစ်ပါတယ်ဆိုသော စကားကို ကြားရခြင်းဟာ သူ့အတွက် မည်သည့်အရာနဲ့မှ နှိုင်းယှဉ်လို့မရသည့် ကံကောင်းမှုမျိုး။ လင်းသာ လက်ထဲက ပန်းလေးတွေကို ပစ်ချလိုက်ရင်း ကြယ်စင်အား ရင်ခွင်ထဲဆွဲထည့်လိုက်တော့သည်။
"ကျေးဇူး... ကျေးဇူးပါပဲ ကြယ်စင်ရယ်"
ပြောရင်း လင်းသာ မျက်ရည်တို့ဝဲတက်လာသည်။
"ငါလေ နင့်လက်ကို ဘယ်တော့မှ မလွှတ်တော့ဘူး သိလား... အမြဲတမ်း နင့်လက်ကိုပဲ ငါတွဲထားမှာ... နင်နဲ့အတူဆို လမ်းဟောင်းပဲ ဖြစ်ဖြစ် လမ်းအသစ်ပဲ ဖြစ်ဖြစ် ဆူးခင်းလမ်း ဖြစ်ဖြစ် ပန်းခင်းလမ်းဖြစ်ဖြစ် ငါလျှောက်ရဲပါတယ်"
လင်းသာ ကြယ်စင်ကို ဖက်ထားရင်း ပြောနေမိသည်။ ကြယ်စင်လည်း လင်းသာကို ပြန်ဖက်ထားလိုက်သည်။ ထိုစဉ် အမှောင်ကွယ်နေသော သစ်ပင်ရိပ်အနောက်မှ ထွက်ပေါ်လာသော စကားသံ။
"ငါထင်တယ် ငါထင်တယ်... တွေ့လား သော်တာ...ငါမင်းကို ပြောသားပဲ ကြယ်စင်က အရင်စပြောရမှာပါဆို... အခုငါနိုင်ပြီ ပေးစမ်း တစ်သောင်း"
ပြုံးစိစိနဲ့ ပြောကာ လျှောက်လာသော မာန်နဲ့ ဆူပုတ်ပုတ်မျက်နှာထားနဲ့ အိတ်ထဲမှ ပိုက်ဆံတစ်သောင်းထုတ်ပေးလိုက်သော သော်တာ။ လင်းသာနဲ့ ကြယ်စင်လည်း ထိုနှစ်ယောက် ကို နားမလည်သလို ကြည့်နေကြသည်။ သော်တာက လင်းသာ ပခုံးကို လှမ်းထိုးလိုက်သည်။
"ခွေးကောင် ယောက်ကျားလေး ဖြစ်ပြီး အဖြစ်ကို မရှိဘူး... ပါသွားပြီ ငါ့ပိုက်ဆံ တစ်သောင်း"
"မင်းပိုက်ဆံပါတာ ငါနဲ့ဘာဆိုင်လို့လဲ"
"ဟဲဟဲ ဒီလိုလေ လင်းသာရ...မင်းထွက်သွားတော့ ငါနဲ့သော်တာက အလောင်းအစားတစ်ခုလုပ်လိုက်တယ်...မင်းက ကြယ်စင်ကို အရင်ဖွင့်ပြောမယ်ဆို ငါက သော်တာ့ကို ပိုက်ဆံတစ်သောင်းပေးရမယ်...အခု ကြယ်စင်က အရင်ဖွင့်ပြောတယ်ဆိုတော့ ငါပိုက်ဆံရပြီလေ"
မာန် ရှင်းပြမှ ကြယ်စင်နဲ့ လင်းသာလည်း ပြုံးစိစိဖြစ်သွားကာ သော်တာကို ကြည့်လိုက်ကြသည်။
"ဒါနဲ့မာန် မင်းက ဘယ်လိုသိတာလည်း ကြယ်စင်က အရင်ဖွင့်ပြောမယ် ဆိုတာကို"
သော်တာက မကျေနပ်သေးဟန် မာန့်ကို မေးသည်။ မာန် သော်တာပေးသည့်ပိုက်ဆံကို ဟန်ပါပါဖြင့် အိတ်ထဲထည့်လိုက်ရင်း လင်းသာကို မေးငေါ့ပြကာ
"ဒီကောင်လား အရင်ဖွင့်ပြောမှာ...သူသာ အရင်ဖွင့်ပြောမယ်ဆို ကမ္ဘာကြီး လုံးရာကနေ ပြားသွားလိမ့်မယ်"
"ဪ... မင်းလိုပဲပေါ့...ခွန်းဆက်ရောင်နီနဲ့ တွေ့တော့ ဖြောင့်ရာကနေ ကွေးသွားတာလေ"
"ဘာ!!! "
"မဟုတ်လို့လား... ယောက်ကျားက ဆေးရုံတက်နေရတော့ ညတိုင်း ညစောင့်အိပ်ပေးရတာနဲ့"
"သော်တာ မင်း!!!"
မာန် သော်တာ့အား လက်ညိုးထိုးကာပြောရန်ပြင်သော်လည်း ဘာပြောရမှန်းမသိဖြစ်နေသည်။
"ငါ...ငါက straight ကွ"
"ဪ... အေး ယုံပေးမယ်"
သော်တာက မယုံသလိုပုံစံနဲ့ပြောသည်။ လင်းသာနဲ့ ကြယ်စင်မှာလည်း ထိုနှစ်ယောက်ကြောင့် ရယ်နေတာ မရပ်တော့။
"ဘာလဲ မယုံဘူးလား...ကြယ်စင်!!! "
"အင်း ပြော...မာန်"
"ငါ နင့်ကို ချစ်တယ်"
"ဟာ ဟိတ်ကောင် မာန်...ဒါ ငါ့ဟာ"
လင်းသာက ကြယ်စင်ကို ဖက်ကာ အလောတကြီးဝင်ပြောလာသည်။ ခဏအကြာအတွင်တော့ လေးယောက်သား တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ ရယ်မောကြတော့သည်။
"မာန် ဒီည ဂေဟာလိုက်မှာလား"
လေးယောက်လုံး ပခုံးချင်းယှဉ်ကာ လမ်းကို အပြည့်ယူထားရင်း လမ်းလျှောက်နေကြသည်။ တစ်ယောက်နဲ့တစ်ယောက်လည်း ပခုံးချင်းတိုက်နေကြသေးသည်။
"အင်း "
"ဒါဆို ကောင်းတယ်... ညကျရင် ငါလက်ဖက်သုပ်ထားမယ်...မာန် နင်က သီချင်းဆိုပြ...နင့်အသံချိုချိုလေး မကြားရတာတောင် ကြာပြီ"
"မမလေး သဘောအတိုင်းပါပဲဗျ"
ညအမှောင် လမ်းမီးတိုင်များ၏ အလင်းရောင်များအောက်တွင် လူငယ်လေး ၄ယောက် စကားတစ်ပြောပြောနှင့် ပျော်ရွှင်စွာ လမ်းလျှောက်သွားနေကြသည်မှာ နွေးထွေးမှုနှင့် အတိပြီးနေခဲ့သည်။ တစ်ခါတစ်ရံတိုက်ခတ်လာသော လေပြေများကလည်း သူတို့၏ စိတ်ကို လန်းဆန်းနေစေခဲ့သည်။
ကံဆိုးမှုများထဲမှ ကံကောင်းမှုလေး။ မာန့်အတွက် အဖိုးမဖြတ်နိုင်သော အဖိုးတန်ဆုံးလေး။ အဆုံးသတ်အထိ ကာကွယ်ချင်မိပါသောသံယောဇဉ်ကြိုးလေး။ ဘာနဲ့မှမလဲနိူင်ပါသော ရပ်ဝန်းလေး။ သက်ဆုံးတိုင် ဒီနွေးထွေးမှုလေးများနှင့် အတူရှိချင်ပါသည်။
*********************************
#18.12.2023
#🍁Moe Kyal Phyu🍁
တရုတ်စကားပန်းရဲ့ အဓိပ္ပာယ်ကို google ခေါက်ပြီးမှ ရေးတာပါ...တစ်စုံတစ်ခု လွဲမှားခဲ့သည်ရှိသော် မိုးရဲ့ လေ့လာမှု အားနည်းခြင်းကြောင့်သာ ဖြစ်ပါသည်။🥰🥰
[Zawgyi]
Time Skip ,
"လာလေ အစ်ကို... အထဲဝင်မယ်"
"အင်း ညီ အရှေ့က သွား"
"ဘာလို့လဲ"
"ဘာလို့လဲ ကိုကိုကလည်း"
"ဒါပေမယ့်... "
"အင်း ဂရုစိုက်သွား"
"ဘာလို့လဲ"
"ဪ ရပါတယ်"
Ringing.....
"Hello "
"....."
"....."
"....."
"အေး အဲ့ဆိုဒါပဲ"
"ဪ"
"မင်းသိလို့လား"
"မာန့် သူငယ်ချင်းပဲလေ"
*********************************
"အေး အေး"
"ဟုတ်ကဲ့"
"ဆေးစစ်ချက်အရ သူတို့ကိုယ် သူတို့ အဆိပ်သောက်သတ်သေတာလေ"
"မဟုတ်ဘူး မဟုတ်ဘူး"
"ကျွန်တော် မရပ်နိုင်ဘူး...အဲ့အတွက် သေရမယ်ဆိုရင်တောင် ရှေ့ဆက်တိုးမှာ"
"အေး ငါလည်းဒါမျိုးမှ ကြိုက်တာ...မင်းတို့အတွက် ငါလည်း တက်နိုင်သလောက်ကူညီပေးမယ်...အဲ့တုန်းက အမှုကို တုံးတိကြီး ပိတ်လိုက်လို့ ငါစိတ်ထဲထင့်နေခဲ့တာ"
"......"
"အမှုကို တရားရုံးမှာ ပြန်လျှောက်ယူပေးမယ်...အစကနေ ပြန်စကြတာပေါ့... ပြီးတော့ မင်းတို့ ၃ယောက်လုံး သတိထားနေကြ... အမှုကို ပြန်လျှောက်တယ်ဆိုကတည်းက တစ်ဖက်ကလူတွေ အနှေးနဲ့အမြန် သိသွားမှာပဲ... အထူးသဖြင့် သော်တာ မင်းပဲ... အဓိကလူက မာန်ဆိုပေမယ့် အမှုကိုပြန်လိုက်နေတဲ့သူက မင်းမလို့ သူတို့ရဲ့ပစ်မှတ်က ပထမဆုံး မင်းဖြစ်လာနိုင်တယ်...ဒါကြောင့် အနေအထိုင် အသွားအလာ သတိနဲ့နေ"
"ဟုတ်ကဲ့ပါ ဆရာ"
"ဒါဆို ငါသွားတော့မယ်"
"ကျေးဇူးပါပဲ သော်တာရာ"
"မာန်"
"ပြောလေ လင်းသာ... ဘာလဲ"
"ဘာလို့လဲ"
"မင်းတို့ကလည်းကွာ"
"ဟမ် ဘာလုပ်မလို့လဲ"
"အခုလား"
"ကြယ်စင်"
"အေးပြော မာန်"
"နင်ဘယ်မှာလဲ"
"မအော်လို့ရမလား နင်... "
"ကြယ်စင်"
"သွားတော့"
"ငါ...ငါ မသွားရဲဘူး"
"ဒီခွေးသားကတော့...."
*********************************
"ကြယ်စင် "
"ငါ...ငါ"
"ခြင်းကိုချ"
"ဟမ်"
"လက်ဖြန့်"
"ကြယ်စင်"
"ဘာ!!! "
"သော်တာ မင်း!!!"
"ငါ...ငါက straight ကွ"
"ဪ... အေး ယုံပေးမယ်"
"အင်း ပြော...မာန်"
"ငါ နင့်ကို ချစ်တယ်"
"အင်း "
*********************************
#18.12.2023
#🍁Moe Kyal Phyu🍁
Continue Reading
You'll Also Like
876K 62.3K 48
He is mine ?muu paing?
2.9K 152 5
အစ်ကို ဆိုတဲ့နာမ်စားလေးက သိပ်နွေးထွေးသလို သိပ်လည်း နာကျဉ်ဖို့ကောင်းတာ။ Short Story လေးပါ။
2.9K 117 17
"ညွှန်းဖွဲ့မမီ" ဇာတ်လမ်းထဲက စိုင်းခမ်းနောင်လေးအတွက် ဖန်တီးပေးဖြစ်တဲ့ ဇာတ်လမ်းလေးပါ။
3.6K 153 7
တိမ်တိုက်နွေး + ရှိုင်းရတုနောင် နွေးနဲ့ရှိုင်းတိို့ရဲ့ ကမ္ဘာလေးထဲကိုအလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ