[Unicode]
ခွန်းဆက် အိပ်ရာမှနိုးတော့ မိုးတောင် တော်တော်လင်းနေပြီဖြစ်သည်။ နာရီကိုကြည့်မိတော့ ၉ နာရီတောင်ခွဲတော့မည်။ အိပ်ရာမှထကာ ရေချိုးခန်းဆီသို့ ဦးတည်လိုက်သည်။ မျက်နှာသစ်သွားတိုက်ရင်း ရေပါ တစ်ခါတည်း ချိုးလိုက်တော့သည်။ ထို့နောက် အ၀တ်အစားလဲကာ အောက်ထပ်သို့ဆင်းခဲ့တော့သည်။
"သား ခွန်းဆက်...ရေတောင် ချိုးပြီးသွားတာလား"
"ဟုတ်ကဲ့ အန်တီမိုး"
"လာ သား...မနက်စာ အဆင်သင့်ပဲ... စားလိုက်တော့"
ခွန်းဆက်လည်း ခေါင်းညိတ်ပြကာ ထမင်းစားပွဲတွင် ၀င်ထိုင်လိုက်တော့သည်။
"အန်တီမိုး ဟိုဟာလေ"
"ဘယ်ဟာလဲ သား"
"ဟို အပေါ်က တစ်ယောက် ရုံးသွားလိုက်ပြီလား"
"သားမာန်လား... ဟုတ်တယ်... အစည်းအဝေးရှိတယ်ဆိုပြီး အစောကြီးထွက်သွားတာ...မနက်စာတောင် စားမသွားဘူးလေ...ဘာလို့လည်း သား"
"ဘာမှမဟုတ်ပါဘူး... ဒီတိုင်းပဲ မေးကြည့်တာ"
"အန်တီလေ သားမာန့်ကို ကြည့်ရတာ အားမရဘူး... ပိန်ပိန်သေးသေးလေး... အားရှိတာတွေချက်ကျွေးအုံးမှပါ"
"အဟွတ်...အဟွတ်"
အန်တီမိုး၏ စကားကြောင့် ခွန်းဆက် စားနေတာတွေပင် သီးသွားတော့သည်။
"သားရလား... ရော့ ရေသောက်လိုက်သား"
"အဟွတ်...ဟုတ်... ဟုတ်ကဲ့"
မာန်က လူသာပိန်တာ အားက ဆင်ဆယ်ကောင်ထက် သာတယ် အန်တီမိုးရ...သားကို သနားပါဗျာ.....
ထိုစကားများကိုတော့ ခွန်းဆက်စိတ်ထဲ၌သာ ပြောမိသည်။ ခွန်းဆက် မနက်စာစားပြီး ခြံထောင့်နားက ကံ့ကော်ပန်းပင်အောက်တွင်ရှိသော ဒန်းအဖြူလေးပေါ်၌ သာ အချိန်ဖြုန်းနေတော့သည်။ ဒန်းပေါ်ထိုင်၍ ဖုန်းသုံးနေစဉ် ခြေထောက်တစ်ဖက်အား လာထိသော အထိအတွေ့လေးကြောင့် ခွန်းဆက်ငုံ့ကြည့်လိုက်တော့ သူ့ခြေထောက်အား ပွတ်သီးပွတ်သပ်လုပ်နေပါသော အဝါကောင်လေး။ တနည်းအားဖြင့် ကြောင်ဖေဖေကြီးမာန်၏ သမီးလေး။
ခွန်းဆက် ဖုန်းကို ဘေးချကာ ထိုကြောင်လေးအား ကောက်ယူလိုက်သည်။
"ဟိတ် အဝါကောင်... မင်းရည်းစားနဲ့ သွားမတွေ့ဘူးလား"
"မြောင် မြောင်"
"ဘာလဲ... အသဲကွဲလာတာလား... မင်းကောင်လေး တစ်ခြားတစ်ယောက်နောက် ပါသွားလို့လား"
"မြောင်"
"မင်းကလည်း... အဲ့လို တစ်မြောင် မြောင်လုပ်နေတော့ ငါဘယ်သိမလဲ... ငါ နားလည်အောင် ပြောစမ်းပါ"
ခွန်းဆက် ကြောင်လေးအား စကားပြောနေစဉ် ဘေးတွင်ချထားသော ဖုန်းက အသံမြည်လာသည်။ screen တွင်ပေါ်နေသော contact name ကိုကြည့်လိုက်တော့ မာယာ့ဆီက ဖြစ်နေသည်ကြောင့် ခွန်းဆက် မကိုင်ပဲ ကြောင်လေးအား ပွတ်သတ်ပေးနေလိုက်သည်။ ဖုန်းက အသံမြည်နေရာမှ ရပ်သွားတော့သည်။ တစ်ဖန် ဖုန်းက ပြန်ဝင်လာပြန်သည်။ ဒီတစ်ခါတွင်လည်း ခွန်းဆက်မကိုင်သည်ကြောင့် ကျသွားပြန်သည်။ စက္ကန့်မခြားပါပဲ ဖုန်းက ထပ်မြည်လာပြန်သည်။
ကျစ်... ဘာလို့အဲ့လောက် ခေါ်နေရတာလဲကွာ.....
ခွန်းဆက် စုပ်သတ်ကာ ဖုန်းကိုယူပြီး accept နှိပ်လိုက်တော့သည်။
"Hello"
"ကိုကို"
"အေး ဘာလဲပြော"
"မာယာ အပြင်လျှောက်သွားချင်လို့"
"နင့်ဟာနင် သွားတာ ငါ့ကို သံတော်ဦးတင်နေရအောင် ငါက နင့်အဖေလား"
"ကိုကိုကလည်း... ကိုကို့ကို လိုက်ပို့ခိုင်းမလို့ဟာကို"
"မအားဘူး... ငါအလုပ်ရှိတယ်"
"အပိုတွေပြောမနေနဲ့...ကိုကိုမှာ အလုပ်မရှိတာ မာယာသိသားပဲ... လိုက်ပို့ပါနော် ကိုကိုကလည်း"
"ငါမသွားချင်ဘူး... နင့်ဘာသာနင်သွားလိုက်"
"ကိုကိုကလည်း မနေ့ကလဲ အဲ့လိုလုပ်တယ်... ကိုကို မကောင်းဘူး"
"အေးဟာ ပြောမရလည်း ပြီးတာပဲ... ဘယ်အချိန်လာခေါ်ရမလဲ"
"အခု"
"ဘာ!!! "
"ဘာဖြစ်လို့လဲ ကိုကို"
"ဘာမှမဖြစ်ဘူး...အဆင်သင့်ပြင်ထား"
"အဲ့ဒါကြောင့် ကိုကို့ကို ချစ်တာ"
ခွန်းဆက်လည်း ဖုန်းချလိုက်ပြီး လက်ထဲတွင်ပိုက်ထားသော ကြောင်လေးအား မြေပြင်ပေါ်ချပေးလိုက်ကာ အ၀တ်အစားလဲရန် အိမ်ထဲသို့ ၀င်ခဲ့တော့သည်။ style pants အနက်နှင့် shirt အဖြူလေးကိုသာ ၀တ်ဆင်လိုက်ပြီး စားပွဲပေါ်တင်ထားသော ကားသော့ကို ယူကာ ဆင်းခဲ့တော့သည်။ အန်တီမိုးအား အကျိုးအကြောင်း ပြောပြပြီးနောက် Lamborghini Aventador SV J အနီလေးသည် နားခိုရာ အိမ်လေးမှ တရွေ့ရွေ့ မောင်းနှင်သွားတော့သည်။
*********************************
ကုမ္ပဏ်ီတွင် မာန်တစ်ယောက် အလုပ်တွေ တစ်ပုံတစ်ပင်နှင့် ကွန်ပြူတာထဲ ခေါင်းစိုက်ဝင်တော့သယောင် ဖြစ်နေသည်။ မနက်တစ်ပိုင်းလုံး ရှယ်ယာရှင် အစည်းအဝေးတွင်သာ အချိန်ကုန်ဆုံးခဲ့ရပြီး အခုလေးတင်မှ အစည်းအဝေးပြီးကာ ရုံးခန်းထဲသို့ ပြန်ရောက်လာသော်လည်း မပြီးသေးသော အလုပ်များက သူ့အားစောင့်ကြိုနေခဲ့သည်။ Project အသစ်အတွက် အချက်အလက်များကို စစ်ဆေးနေရသည်ကြောင့်လည်း ပို၍ အလုပ်ရှုပ်နေသည်။
ဒေါက်... ဒေါက်...ဒေါက်
"၀င်ခဲ့"
"မာန်"
"ဪ လင်းသာ ခဏလေး ငါဒါလေး လက်စသတ်လိုက်အုံးမယ်"
မာန့်စကားကြောင့် လင်းသာလည်း ဆိုဖာတွင် ၀င်ထိုင်ကာ မာန့်အလုပ်ပြီးမည့် အချိန်ကို စောင့်ရတော့သည်။ ခဏအကြာမှ မာန်အလုပ်စားပွဲမှ ထလာကာ လင်းသာ ရှေ့က ဆိုဖာတွင် ၀င်ထိုင်သည်။ လင်းသာက မာန့်အား စာအိတ်တစ်ခုကို ကမ်းပေးလိုက်သည်။
"သော်တာ ပေးခိုင်းလိုက်တာ... ပြီးတော့ မာန် သော်တာ မင်းနဲ့ တွေ့ချင်တယ်တဲ့"
"ဘာလို့လဲ...တစ်ခုခုထူးခြားတာရှိလို့လား"
"အင်း အဲ့လိုပဲ ပြောရမှာပေါ့...အရင်ဆုံး မင်းလက်ထဲကဟာကို ကြည့်ကြည့်"
မာန်လည်း စာအိတ်ကို ဖွင့်ကြည့်ကာ အထဲမှာ files တွဲအား ကြည့်လိုက်သည်။
"ဒီထဲက အချက်အလက်တွေအရ မင်းအမေတို့ အမှုဖြစ်တုန်းက ဦးခွန်းမြတ်မဟာ ဒီနိုင်ငံမှာ မရှိခဲ့ဘူး မာန်"
မာန် files တွဲအားကြည့်နေစဉ် လင်းသာ ပြောလာသည့် စကားကြောင့် အံ့အားသင့်သွားရသည်။
"မဖြစ်နိုင်တာ"
မာန် သတိလက်လွတ်ရေရွတ်မိသွားရသည်။ မာန် အခုထိ မှတ်မိနေပါသေးသည်။ သူတို့မိသားစုဆီသို့ အိပ်မက်ဆိုးများယူဆောင်လာခဲ့သော နတ်ဆိုး၃ယောက်။ ထိုသူ၃ယောက်ထဲမှ ၂ယောက်၏မျက်နှာများအား အသေအချာမြင်ခဲ့ရသော်လည်း ၃ယောက်မြောက်လူကိုတော့ နောက်ကျောသာ မြင်ခဲ့ရသော်လည်း သူမမှားနိုင်ပါ။
"အဲ့ဒါကြောင့် သော်တာက မင်းနဲ့တွေ့ချင်နေတာ"
"အခု သူ့ဆီဖုန်းဆက်...ငါတို့ ကုမ္ပဏ်ီရှေ့က ကော်ဖီဆိုင်မှာတွေ့မယ်... အခုလို့"
"အေးပါကွာ...မာန် မင်းစိတ်ကို ငြိမ်ငြိမ်ထားအုံး"
"အင်းပါ"
"အင်းပါ" ဟုပြောလိုက်ရသော်လည်း တကယ်တမ်း စိတ်မငြိမ်။ 'အမှုကို အခုမှစစုံစမ်းတုန်း ရှိသေး ဗီလိန်တစ်ယောက်အား လွှတ်ပေးရတော့မှာလား'ဟူသောစိုးရိမ်စိတ်က ကြီးစိုးနေသည်။
"သော်တာလာခဲ့မယ်တဲ့ မာန်... ငါတို့သွားရအောင်"
မာန်လည်း ခေါင်းညိတ်ပြလိုက်ကာ အလုပ်စားပွဲပေါ်မှ ဖုန်းအားယူလိုက်ပြီး ကုမ္ပဏ်ီရှေ့နားရှိ ကော်ဖီဆိုင် ဆီသို့ ခြေဦးတည်ခဲ့တော့သည်။
Time Skip,
"မင်းတို့ရောက်နေတာ ကြာပြီလား"
သော်တာက မာန်တို့ထိုင်နေသော ၀ိုင်းမှ ခုံတစ်ခုအား ဆွဲယူကာ မေးသည်။
"အင်း နာရီဝက်လောက်တော့ ရှိပြီ"
သော်တာ အမေးကို လင်းသာက ဖြေလိုက်သည်။ သော်တာသည် shirt လက်ရှည် ပန်းရောင်လေးကို တံတောင်ဆစ်ထိခေါက်တင်ထားပြီး style pants အနက်နဲ့ တွဲဖက်ဝတ်ဆင်ထားသည်။ လင်းသာမှာလည်း သော်တာ့နည်းတူ style pants အနက်နဲ့ shirt လက်ရှည်ကိုသာ ၀တ်ဆင်ထားသည်။ လင်းသာ shirt အရောင်ကတော့ အပြာရောင်လေးဖြစ်သည်။ မာန် တစ်ယောက်သာ suit အနက်ကိုသာ ၀တ်ဆင်ထားသည်။
၃ယောက်လုံးသည် ချောမောသော လူငယ်များဖြစ်တာကြောင့် ကော်ဖီဆိုင်အတွင်းရှိ ပျိုမေများ၏ မျက်စိအားဆေးလေးများ ဖြစ်နေကြသည်။
"sorry ပါကွာ... ကားတွေပိတ်နေလို့"
"သော်တာ ဦးခွန်းမြတ်မဟာ မရှိဘူးဆိုတဲ့ အချက်က အမှန်ပဲလား"
မာန် သိချင်သည့်စိတ်ကို မထိန်းနိုင်တော့ဟန် သော်တာ့အား အလောတကြီးမေးမိသည်။ လင်းသာလည်း သော်တာ့အဖြေကို စောင့်ဆိုင်းနေသည်။
"အင်း ငါစုံစမ်းရသလောက်... အဲ့အချိန်တုန်းက ဦးခွန်းမြတ်မဟာ ဒီမှာ မရှိဘူး"
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... အဲ့နေ့ညက ငါသေချာတွေ့ခဲ့တာ"
"မင်းတွေ့ခဲ့တာ သေချာလို့လား မာန်"
လင်းသာ အမေးကြောင့် မာန်ငြိမ်သက်သွားသည်။ ငြိမ်သက်သွားသော မာန့်အားကြည့်ရင်း သော်တာက ပြောလာသည်။
"မသေချာဘူး မဟုတ်လား"
"ငါ... ငါ ဒေါ်ရွှေအိနြေ္ဒနဲ့ ဦးဌေးသစ္စာတို့ရဲ့ မျက်နှာကို မြင်ခဲ့ရပေမယ့် ဦးခွန်းမြတ်မဟာရဲ့ ကျောကိုပဲ တွေ့ခဲ့ရတာ"
"အဲ့ဒါပဲလေ မာန်... မင်း မတွေ့ခဲ့ရဘူး မဟုတ်လား"
"ဒါပေမယ့်"
"မင်း စဉ်းစားကြည့်အုံး မာန်... တစ်ခြားတစ်ယောက်ရော မဖြစ်နိုင်ဘူးလား"
"တစ်ခြားတစ်ယောက်.... "
"အင်း တစ်ခြားတစ်ယောက်... အဲ့အချိန်တုန်းက ဒေါ်ရွှေအိနြေ္ဒတို့က ဦးခွန်းမြတ်မဟာ မဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ အဆက်အသွယ်ရှိခဲ့တယ်"
"အဲ့ဒါ ဘယ်သူလဲ"
"မင်းစဉ်းစားကြည့်လေ... ဦးခွန်းမြတ်မဟာ မဟုတ်ပဲ တစ်ခြားဘယ်သူဖြစ်နိုင်သေးလဲ"
"ဦးခွန်းမြတ်မဟာ မဟုတ်တဲ့ တစ်ခြားတစ်ယောက်"
မာန် စဉ်းစားသလို ရေရွတ်လိုက်သည်။ ခဏအကြာတစ်စုံတစ်ရာကို စဉ်းစားမိသွားဟန်ဖြင့် သော်တာ့ကို ကြည့်လိုက်တော့ သော်တာက ခေါင်းညိတ်ပြလာသည်။
"ဟုတ်တယ် မာန်... မင်းအခုစဉ်းစားမိတဲ့ သူပဲ"
"ဒါပေမယ့် ဘာလို့လဲ"
"မင်း အဲ့တုန်းက ၆ နှစ်ကျော် ၇ နှစ်ပဲရှိသေးတယ် မာန်...မင်းအရမ်းငယ်သေးတယ်...ပြီးတော့ ၃ယောက်မြောက်လူရဲ့ နောက်ကျောကိုပဲ မင်းမြင်ခဲ့တာလေ... ငယ်သေးတဲ့အချိန်က မှတ်ဥာဏ်နဲ့ ဒေါ်ရွှေအိနြေ္ဒယူထားတဲ့သူကို ကြည့်ပြီး မင်းရဲ့မသိစိတ်က အဲ့လူကို ဦးခွန်းမြတ်မဟာလို့ ကောက်ချက်ချလိုက်တာပဲ...အခုလိုပြောလို့ ဦးခွန်းမြတ်မဟာကို သံသယ စာရင်းထဲက ဖယ်ထုတ်လိုက်တာ မဟုတ်ဘူး... ငါတို့ဆက်ပြီး စုံစမ်းရမယ့်လူ တစ်ယောက်ထပ်တိုးလာတာပဲရှိတာ"
သော်တာ၏ ရှင်းပြချက်များအပြီး မာန် ဇာတ်ရည်လည်သွားသည်။ သော်တာပြောသည့်အချက်များက မှန်ကန်နေသည်။ မာန် တကယ်ကိုပဲ ထိုသို့သာ ကောက်ချက်ချခဲ့သည်လေ။
"သော်တာ အမှုပြန်ဖွင့်ဖို့က အခြေနေဘယ်လိုရှိလဲ"
မာန် ငြိမ်နေသည်ကြောင့် လင်းသာကပဲ မာန့်အစားမေးလိုက်သည်။
"အင်း တစ်ဖက်က ငွေပေးထားပုံပဲ... ပြန်ဖွင့်ဖို့က အတော်ခတ်မယ်"
"တောက်!! "
မာန်ဒေါသထွက်စွာ တောက်ခေါက်မိတော့သည်။ တစ်ခြားဝိုင်းမှလူများပင်မာန်တို့ အားကြည့်လာကြသည်။ လင်းသာက မာန့်ပုခုံးကို ဖွဖွပုတ်ပေးရင်း
"စိတ်ကိုလျှော့ပါအုံး မာန်ရာ... မင်းလည်းတက်နိုင်သလောက်ကြိုးစားနေတာပဲ... အမှန်တရားက ပုန်းကွယ်မနေပါဘူး"
"ဟုတ်တယ် မာန်...ရာဇ၀တ်ဘေး ပြေးမလွှတ်တဲ့... အပြစ်ရှိသူတွေလည်း အပြစ်ဒဏ်ခံရဖို့အတွက် အမှန်တရားက ကျိန်းသေပေါ်လာမှာ...ငါလည်း အကောင်းဆုံး ကြိုးစားပေးမယ်"
လင်းသာစကားကို သော်တာကလည်း ထောက်ခံသလို ၀င်ပြောလာသည်။ မာန်လည်း စိတ်ကိုလျှော့ချလိုက်ရသည်။
"ကျေးဇူးပါပဲကွာ... မင်းတို့ရှိနေလို့သာ ငါအဆင်ပြေနေတာ"
"မလိုပါဘူးကွာ... ဒါနဲ့သော်တာ မင်းအခုပြီးရင် အလုပ်ရှိသေးလား"
"မရှိဘူး ဘာလို့လဲ"
"ငါ... ငါ"
"ဟေ့ကောင် ပြောစရာရှိတာ ပြောစမ်းပါ"
သော်တာ စိတ်မရှည်စွာ လင်းသာအား ထအော်တော့သည်။
"ဒီကောင် ကြယ်စင်ဆီ သွားမလို့...အဲ့ဒါ မင်းကိုခေါ်နေတာ"
မာန် ၀င်ပြောလိုက်ခြင်းဖြစ်သည်။
"အဲ့ဒါများ ပြောစရာရှိတာ မပြောဘူး"
"အဲ့ဒါဆိုလည်း မင်းတို့သွားကြတော့... ငါ ကုမ္ပဏ်ီပြန်တော့မယ်"
"အေး အေး"
မာန်လည်း ထိုနှစ်ယောက်အား နှုတ်ဆက်ကာ ကော်ဖီဆိုင်ထဲမှ ထွက်ခဲ့တော့သည်။ ကုမ္ပဏ်ီသို့ ပြန်လာသော ခြေလှမ်းများသည် လေးလံစွာနှင့်။
**********************************
မာန် ထွက်သွားသည်ကို ငေးကြည့်နေပြီးမှ သော်တာက လင်းသာအား ကြည့်လိုက်သည်။
"လင်းသာ မင်းဘယ်တော့ ဖွင့်ပြောမှာလဲ"
"ဘာကိုလဲ"
အအေးကို ငုံ့သောက်နေသော လင်းသာက သော်တာ့စကားကို နားမလည်သလိုမျိုးမေးလာသည်။ သော်တာ သူရှေ့မှ အမျိုးကောင်းသားလေးအား ကိုင်ပေါက်ပစ်ချင်စိတ်ဖြစ်လာမိသည်။
"အေး ကောင်းတယ်... မင်းအဲ့လို မသိသလိုနေ... အဲ့ဒါမှ ကြယ်စင် တစ်ခြားတစ်ယောက်နောက် ပါသွားမှာ"
"မင်းကလည်း ငါ မပြောရဲသေးလို့ပါဟ"
"ထ သွားမယ်"
"ဘယ်ကိုလဲ"
"ခွေးသူတောင်းစားရေ... မင်းပဲ ကြယ်စင့်ဆီသွားမယ် ပြောတာမဟုတ်ဘူးလား"
"ဟုတ်သားပဲ... ဟဲဟဲ"
သော်တာ လင်းသာကိုကြည့်ကာ ခေါင်းသာခါမိတော့သည်။
Time Skip,
သော်တာနှင့် လင်းသာတို့နှစ်ယောက် အလယ်တန်းကျောင်းတစ်ခုရှေ့တွင် ရပ်စောင့်နေကြသည်။မနက်ပိုင်းကျောင်းသားများ ကျောင်းလွှတ်ချိန်ဖြစ်သည်ကြောင့် ကျောင်းဝန်းထဲမှ အဖြူအစိမ်းနဲ့ ကျောင်းသူကျောင်းသားလေးများက သူ့အစုနဲ့သူ စကားတပြောပြောဖြင့် ထွက်လာနေကြသည်။ အချိန်တစ်ခုကြာပြီးသည့်နောက်တွင်တော့ အဖြူအစိမ်းနဲ့ ကျောင်းဆရာမလေးများက ထွက်လာကြသည်။
သော်တာနှင့်လင်းသာ သူတို့ဆီသို့ လှမ်းလာနေသော ကျောင်းဆရာမလေးအားကြည့်ရင်း ရင်ထဲကျေနပ်ပိတ်ိဖြစ်ရသည်။ အဖြူအစိမ်းလေးနှင့် တင့်တယ်နေသော ကျောင်းဆရာမလေး ကြယ်စင်မိုးမြှင့်။ သူတို့နဲ့အတူရှိချိန်တွင် ကလေးဆန်ပြီးပေါတော နေသလောက် အခုလိုပုံစံလေးက တည်ငြိ်မ်ရင့်ကျက်ဟန် အပြည့်။
"အံမယ်...နှစ်ယောက်သား ဘာစိတ်ကူးပေါက်လို့ ငါ့ကိုလာကြိုတာတုန်း... ရော့ သော်တာ ခြင်းကိုင်"
"ဪ အေးအေး... မျက်နှာလိုက်ချက်ကတော့ နှစ်ယောက်ရှိနေတာကို ငါ့ကိုပဲရွေးပေးတယ်"
သော်တာ မဲ့ရွဲ့ကာ ပြောရင်း ကြယ်စင် လက်ထဲမှ ခြင်းကို လှမ်းယူလိုက်သည်။
"အဲ့တာက နင့်ကို ပိုချစ်လို့လေ သော်တာရဲ့"
"ကျေးဇူးကြီးမားလှပါတယ် မမလေး"
"ဒါနဲ့ ဘာလာလုပ်ကြတာတုန်း"
"မတွေ့တာကြာတော့ ရုပ်မမေ့သွားအောင် လာကြည့်တာ"
"ဪ... ညတိုင်း တွေ့နေရတာ မလုံလောက်သေးဘူးပေါ့လေ"
"အင်း ငါက ခနခနမေ့တက်တယ်လေ"
သော်တာတို့ ၃ယောက်က အခုချိန်ထိ သူတို့ကြီးပြင်းခဲ့သော မိဘမဲ့ဂေဟာတွင်သာ နေ နေကြခြင်းဖြစ်သည်။ မာန်က သူ့အိမ်တွင် လာနေပါဆိုတုန်းကလည်း တညီတညွှတ်တည်း ငြင်းခဲ့ကြသေးသည်။ ငယ်စဉ်က ခိုလှုံခဲ့သော အရိပ်ကို မပစ်ပယ်နိုင်ပါဆိုသော စကားဖြင့် မာန်ပြောသည်ကို လက်မခံခဲ့ကြ။
သော်တာနဲ့ကြယ်စင် တစ်ယောက်တစ်ခွန်း စကားများနေသော်လည်း လင်းသာ တစ်ယောက်ငြိမ်သက်နေသည်။
"ဟဲ့ လင်းသာ... ဘာဖြစ်နေတာလဲ"
"ဘာ... ဘာမှမဖြစ်ပါဘူး"
"ဘာမှမဖြစ်ရင်လာအုံး... ငါနင့်ကို ပြောစရာရှိတယ်"
ဆိုကာ လင်းသာလက်ကို ဆွဲသွားပြီး ကြယ်စင်ရှေ့မှ ထွက်သွားသည်။ သော်တာ တစ်ယောက်သာ ခြင်းကိုကိုင်လျှက် ရှေ့မှစုံတွဲနောက်သို့ လိုက်ရတော့သည်။
မာန်ရေ...သူငယ်ချင်းလေး...ငါ မင်းကို သတိရလိုက်တာကွာ.....
*********************************
#24.11.2023
#🍁Moe Kyal Phyu 🍁
[Zawgyi]
ခြန္းဆက္ အိပ္ရာမွႏိုးေတာ့ မိုးေတာင္ ေတာ္ေတာ္လင္းေနၿပီျဖစ္သည္။ နာရီကိုၾကည့္မိေတာ့ ၉ နာရီေတာင္ခြဲေတာ့မည္။ အိပ္ရာမွထကာ ေရခ်ဳိးခန္းဆီသို႔ ဦးတည္လိုက္သည္။ မ်က္ႏွာသစ္သြားတိုက္ရင္း ေရပါ တစ္ခါတည္း ခ်ဳိးလိုက္ေတာ့သည္။ ထို႔ေနာက္ အ၀တ္အစားလဲကာ ေအာက္ထပ္သို႔ဆင္းခဲ့ေတာ့သည္။
"သား ခြန္းဆက္...ေရေတာင္ ခ်ဳိးၿပီးသြားတာလား"
"ဟုတ္ကဲ့ အန္တီမိုး"
"လာ သား...မနက္စာ အဆင္သင့္ပဲ... စားလိုက္ေတာ့"
ခြန္းဆက္လည္း ေခါင္းညိတ္ျပကာ ထမင္းစားပြဲတြင္ ၀င္ထိုင္လိုက္ေတာ့သည္။
"အန္တီမိုး ဟိုဟာေလ"
"ဘယ္ဟာလဲ သား"
"ဟို အေပၚက တစ္ေယာက္ ႐ံုးသြားလိုက္ၿပီလား"
"သားမာန္လား... ဟုတ္တယ္... အစည္းအေ၀းရိွတယ္ဆိုၿပီး အေစာႀကီးထြက္သြားတာ...မနက္စာေတာင္ စားမသြားဘူးေလ...ဘာလို႔လည္း သား"
"ဘာမွမဟုတ္ပါဘူး... ဒီတိုင္းပဲ ေမးၾကည့္တာ"
"အန္တီေလ သားမာန္႔ကို ၾကည့္ရတာ အားမရဘူး... ပိန္ပိန္ေသးေသးေလး... အားရိွတာေတြခ်က္ေကြၽးအံုးမွပါ"
"အဟြတ္...အဟြတ္"
အန္တီမိုး၏ စကားေၾကာင့္ ခြန္းဆက္ စားေနတာေတြပင္ သီးသြားေတာ့သည္။
"သားရလား... ေရာ့ ေရေသာက္လိုက္သား"
"အဟြတ္...ဟုတ္... ဟုတ္ကဲ့"
မာန္က လူသာပိန္တာ အားက ဆင္ဆယ္ေကာင္ထက္ သာတယ္ အန္တီမိုးရ...သားကို သနားပါဗ်ာ.....
ထိုစကားမ်ားကိုေတာ့ ခြန္းဆက္စိတ္ထဲ၌သာ ေျပာမိသည္။ ခြန္းဆက္ မနက္စာစားၿပီး ၿခံေထာင့္နားက ကံ့ေကာ္ပန္းပင္ေအာက္တြင္ရိွေသာ ဒန္းအျဖဴေလးေပၚ၌ သာ အခ်ိန္ျဖဳန္းေနေတာ့သည္။ ဒန္းေပၚထိုင္၍ ဖုန္းသံုးေနစဥ္ ေျခေထာက္တစ္ဖက္အား လာထိေသာ အထိအေတြ႕ေလးေၾကာင့္ ခြန္းဆက္ငံု႔ၾကည့္လိုက္ေတာ့ သူ႕ေျခေထာက္အား ပြတ္သီးပြတ္သပ္လုပ္ေနပါေသာ အဝါေကာင္ေလး။ တနည္းအားျဖင့္ ေၾကာင္ေဖေဖႀကီးမာန္၏ သမီးေလး။
ခြန္းဆက္ ဖုန္းကို ေဘးခ်ကာ ထိုေၾကာင္ေလးအား ေကာက္ယူလိုက္သည္။
"ဟိတ္ အဝါေကာင္... မင္းရည္းစားနဲ႔ သြားမေတြ႕ဘူးလား"
"ေျမာင္ ေျမာင္"
"ဘာလဲ... အသဲကြဲလာတာလား... မင္းေကာင္ေလး တစ္ျခားတစ္ေယာက္ေနာက္ ပါသြားလို႔လား"
"ေျမာင္"
"မင္းကလည္း... အဲ့လို တစ္ေျမာင္ ေျမာင္လုပ္ေနေတာ့ ငါဘယ္သိမလဲ... ငါ နားလည္ေအာင္ ေျပာစမ္းပါ"
ခြန္းဆက္ ေၾကာင္ေလးအား စကားေျပာေနစဥ္ ေဘးတြင္ခ်ထားေသာ ဖုန္းက အသံျမည္လာသည္။ screen တြင္ေပၚေနေသာ contact name ကိုၾကည့္လိုက္ေတာ့ မာယာ့ဆီက ျဖစ္ေနသည္ေၾကာင့္ ခြန္းဆက္ မကိုင္ပဲ ေၾကာင္ေလးအား ပြတ္သတ္ေပးေနလိုက္သည္။ ဖုန္းက အသံျမည္ေနရာမွ ရပ္သြားေတာ့သည္။ တစ္ဖန္ ဖုန္းက ျပန္ဝင္လာျပန္သည္။ ဒီတစ္ခါတြင္လည္း ခြန္းဆက္မကိုင္သည္ေၾကာင့္ က်သြားျပန္သည္။ စကၠန္႔မျခားပါပဲ ဖုန္းက ထပ္ျမည္လာျပန္သည္။
က်စ္... ဘာလို႔အဲ့ေလာက္ ေခၚေနရတာလဲကြာ.....
ခြန္းဆက္ စုပ္သတ္ကာ ဖုန္းကိုယူၿပီး accept ႏိွပ္လိုက္ေတာ့သည္။
"Hello"
"ကိုကို"
"ေအး ဘာလဲေျပာ"
"မာယာ အျပင္ေလွ်ာက္သြားခ်င္လို႔"
"နင့္ဟာနင္ သြားတာ ငါ့ကို သံေတာ္ဦးတင္ေနရေအာင္ ငါက နင့္အေဖလား"
"ကိုကိုကလည္း... ကိုကို႔ကို လိုက္ပို႔ခိုင္းမလို႔ဟာကို"
"မအားဘူး... ငါအလုပ္ရိွတယ္"
"အပိုေတြေျပာမေနနဲ႔...ကိုကိုမွာ အလုပ္မရိွတာ မာယာသိသားပဲ... လိုက္ပို႔ပါေနာ္ ကိုကိုကလည္း"
"ငါမသြားခ်င္ဘူး... နင့္ဘာသာနင္သြားလိုက္"
"ကိုကိုကလည္း မေန႔ကလဲ အဲ့လိုလုပ္တယ္... ကိုကို မေကာင္းဘူး"
"ေအးဟာ ေျပာမရလည္း ၿပီးတာပဲ... ဘယ္အခ်ိန္လာေခၚရမလဲ"
"အခု"
"ဘာ!!! "
"ဘာျဖစ္လို႔လဲ ကိုကို"
"ဘာမွမျဖစ္ဘူး...အဆင္သင့္ျပင္ထား"
"အဲ့ဒါေၾကာင့္ ကိုကို႔ကို ခ်စ္တာ"
ခြန္းဆက္လည္း ဖုန္းခ်လိုက္ၿပီး လက္ထဲတြင္ပိုက္ထားေသာ ေၾကာင္ေလးအား ေျမျပင္ေပၚခ်ေပးလိုက္ကာ အ၀တ္အစားလဲရန္ အိမ္ထဲသို႔ ၀င္ခဲ့ေတာ့သည္။ style pants အနက္ႏွင့္ shirt အျဖဴေလးကိုသာ ၀တ္ဆင္လိုက္ျပီး စားပြဲေပၚတင္ထားေသာ ကားေသာ့ကို ယူကာ ဆင္းခဲ့ေတာ့သည္။ အန္တီမိုးအား အက်ဳိးအေၾကာင္း ေျပာျပၿပီးေနာက္ Lamborghini Aventador SV J အနီေလးသည္ နားခိုရာ အိမ္ေလးမွ တေရြ႕ေရြ႕ ေမာင္းႏွင္သြားေတာ့သည္။
*********************************
ကုမၸဏ္ီတြင္ မာန္တစ္ေယာက္ အလုပ္ေတြ တစ္ပံုတစ္ပင္ႏွင့္ ကြန္ျပဴတာထဲ ေခါင္းစိုက္၀င္ေတာ့သေယာင္ ျဖစ္ေနသည္။ မနက္တစ္ပိုင္းလံုး ရွယ္ယာရွင္ အစည္းအေ၀းတြင္သာ အခ်ိန္ကုန္ဆံုးခဲ့ရၿပီး အခုေလးတင္မွ အစည္းအေ၀းၿပီးကာ ႐ံုးခန္းထဲသို႔ ျပန္ေရာက္လာေသာ္လည္း မၿပီးေသးေသာ အလုပ္မ်ားက သူ႕အားေစာင့္ႀကိဳေနခဲ့သည္။ Project အသစ္အတြက္ အခ်က္အလက္မ်ားကို စစ္ေဆးေနရသည္ေၾကာင့္လည္း ပို၍ အလုပ္႐ႈပ္ေနသည္။
ေဒါက္... ေဒါက္...ေဒါက္
"၀င္ခဲ့"
"မာန္"
"ဪ လင္းသာ ခဏေလး ငါဒါေလး လက္စသတ္လိုက္အံုးမယ္"
မာန္႔စကားေၾကာင့္ လင္းသာလည္း ဆိုဖာတြင္ ၀င္ထိုင္ကာ မာန္႔အလုပ္ၿပီးမည့္ အခ်ိန္ကို ေစာင့္ရေတာ့သည္။ ခဏအၾကာမွ မာန္အလုပ္စားပြဲမွ ထလာကာ လင္းသာ ေရွ႕က ဆိုဖာတြင္ ၀င္ထိုင္သည္။ လင္းသာက မာန္႔အား စာအိတ္တစ္ခုကို ကမ္းေပးလိုက္သည္။
"ေသာ္တာ ေပးခိုင္းလိုက္တာ... ၿပီးေတာ့ မာန္ ေသာ္တာ မင္းနဲ႔ ေတြ႕ခ်င္တယ္တဲ့"
"ဘာလို႔လဲ...တစ္ခုခုထူးျခားတာရိွလို႔လား"
"အင္း အဲ့လိုပဲ ေျပာရမွာေပါ့...အရင္ဆံုး မင္းလက္ထဲကဟာကို ၾကည့္ၾကည့္"
မာန္လည္း စာအိတ္ကို ဖြင့္ၾကည့္ကာ အထဲမွာ files တြဲအား ၾကည့္လိုက္သည္။
"ဒီထဲက အခ်က္အလက္ေတြအရ မင္းအေမတို႔ အမႈျဖစ္တုန္းက ဦးခြန္းျမတ္မဟာ ဒီႏိုင္ငံမွာ မရိွခဲ့ဘူး မာန္"
မာန္ files တြဲအားၾကည့္ေနစဥ္ လင္းသာ ေျပာလာသည့္ စကားေၾကာင့္ အံ့အားသင့္သြားရသည္။
"မျဖစ္ႏိုင္တာ"
မာန္ သတိလက္လြတ္ေရရြတ္မိသြားရသည္။ မာန္ အခုထိ မွတ္မိေနပါေသးသည္။ သူတို႔မိသားစုဆီသို႔ အိပ္မက္ဆိုးမ်ားယူေဆာင္လာခဲ့ေသာ နတ္ဆိုး၃ေယာက္။ ထိုသူ၃ေယာက္ထဲမွ ၂ေယာက္၏မ်က္ႏွာမ်ားအား အေသအခ်ာျမင္ခဲ့ရေသာ္လည္း ၃ေယာက္ေျမာက္လူကိုေတာ့ ေနာက္ေက်ာသာ ျမင္ခဲ့ရေသာ္လည္း သူမမွားႏိုင္ပါ။
"အဲ့ဒါေၾကာင့္ ေသာ္တာက မင္းနဲ႔ေတြ႕ခ်င္ေနတာ"
"အခု သူ႕ဆီဖုန္းဆက္...ငါတို႔ ကုမၸဏ္ီေရွ႕က ေကာ္ဖီဆိုင္မွာေတြ႕မယ္... အခုလို႔"
"ေအးပါကြာ...မာန္ မင္းစိတ္ကို ၿငိမ္ၿငိမ္ထားအံုး"
"အင္းပါ"
"အင္းပါ" ဟုေျပာလိုက္ရေသာ္လည္း တကယ္တမ္း စိတ္မၿငိမ္။ 'အမႈကို အခုမွစစံုစမ္းတုန္း ရိွေသး ဗီလိန္တစ္ေယာက္အား လႊတ္ေပးရေတာ့မွာလား'ဟူေသာစိုးရိမ္စိတ္က ႀကီးစိုးေနသည္။
"ေသာ္တာလာခဲ့မယ္တဲ့ မာန္... ငါတို႔သြားရေအာင္"
မာန္လည္း ေခါင္းညိတ္ျပလိုက္ကာ အလုပ္စားပြဲေပၚမွ ဖုန္းအားယူလိုက္ၿပီး ကုမၸဏ္ီေရွ႕နားရိွ ေကာ္ဖီဆိုင္ ဆီသို႔ ေျခဦးတည္ခဲ့ေတာ့သည္။
Time Skip,
"မင္းတို႔ေရာက္ေနတာ ၾကာၿပီလား"
ေသာ္တာက မာန္တို႔ထိုင္ေနေသာ ၀ိုင္းမွ ခံုတစ္ခုအား ဆြဲယူကာ ေမးသည္။
"အင္း နာရီ၀က္ေလာက္ေတာ့ ရိွၿပီ"
ေသာ္တာ အေမးကို လင္းသာက ေျဖလိုက္သည္။ ေသာ္တာသည္ shirt လက္ရွည္ ပန္းေရာင္ေလးကို တံေတာင္ဆစ္ထိေခါက္တင္ထားၿပီး style pants အနက္နဲ႔ တြဲဖက္၀တ္ဆင္ထားသည္။ လင္းသာမွာလည္း ေသာ္တာ့နည္းတူ style pants အနက္နဲ႔ shirt လက္ရွည္ကိုသာ ၀တ္ဆင္ထားသည္။ လင္းသာ shirt အေရာင္ကေတာ့ အျပာေရာင္ေလးျဖစ္သည္။ မာန္ တစ္ေယာက္သာ suit အနက္ကိုသာ ၀တ္ဆင္ထားသည္။
၃ေယာက္လံုးသည္ ေခ်ာေမာေသာ လူငယ္မ်ားျဖစ္တာေၾကာင့္ ေကာ္ဖီဆိုင္အတြင္းရိွ ပ်ဳိေမမ်ား၏ မ်က္စိအားေဆးေလးမ်ား ျဖစ္ေနၾကသည္။
"sorry ပါကြာ... ကားေတြပိတ္ေနလို႔"
"ေသာ္တာ ဦးခြန္းျမတ္မဟာ မရိွဘူးဆိုတဲ့ အခ်က္က အမွန္ပဲလား"
မာန္ သိခ်င္သည့္စိတ္ကို မထိန္းႏိုင္ေတာ့ဟန္ ေသာ္တာ့အား အေလာတႀကီးေမးမိသည္။ လင္းသာလည္း ေသာ္တာ့အေျဖကို ေစာင့္ဆိုင္းေနသည္။
"အင္း ငါစံုစမ္းရသေလာက္... အဲ့အခ်ိန္တုန္းက ဦးခြန္းျမတ္မဟာ ဒီမွာ မရိွဘူး"
"ဒါ ဘယ္လိုျဖစ္ႏိုင္မွာလဲ... အဲ့ေန႔ညက ငါေသခ်ာေတြ႕ခဲ့တာ"
"မင္းေတြ႕ခဲ့တာ ေသခ်ာလို႔လား မာန္"
လင္းသာ အေမးေၾကာင့္ မာန္ၿငိမ္သက္သြားသည္။ ၿငိမ္သက္သြားေသာ မာန္႔အားၾကည့္ရင္း ေသာ္တာက ေျပာလာသည္။
"မေသခ်ာဘူး မဟုတ္လား"
"ငါ... ငါ ေဒၚေရႊအိေႁႏၵနဲ႔ ဦးေဌးသစၥာတို႔ရဲ႕ မ်က္ႏွာကို္ ျမင္ခဲ့ရေပမယ့္ ဦးခြန္းျမတ္မဟာရဲ႕ ေက်ာကိုပဲ ေတြ႕ခဲ့ရတာ"
"အဲ့ဒါပဲေလ မာန္... မင္း မေတြ႕ခဲ့ရဘူး မဟုတ္လား"
"ဒါေပမယ့္"
"မင္း စဥ္းစားၾကည့္အံုး မာန္... တစ္ျခားတစ္ေယာက္ေရာ မျဖစ္ႏိုင္ဘူးလား"
"တစ္ျခားတစ္ေယာက္.... "
"အင္း တစ္ျခားတစ္ေယာက္... အဲ့အခ်ိန္တုန္းက ေဒၚေရႊအိေႁႏၵတို႔က ဦးခြန္းျမတ္မဟာ မဟုတ္တဲ့ တစ္ျခားတစ္ေယာက္နဲ႔ အဆက္အသြယ္ရိွခဲ့တယ္"
"အဲ့ဒါ ဘယ္သူလဲ"
"မင္းစဥ္းစားၾကည့္ေလ... ဦးခြန္းျမတ္မဟာ မဟုတ္ပဲ တစ္ျခားဘယ္သူျဖစ္ႏိုင္ေသးလဲ"
"ဦးခြန္းျမတ္မဟာ မဟုတ္တဲ့ တစ္ျခားတစ္ေယာက္"
မာန္ စဥ္းစားသလို ေရရြတ္လိုက္သည္။ ခဏအၾကာတစ္စံုတစ္ရာကို စဥ္းစားမိသြားဟန္ျဖင့္ ေသာ္တာ့ကို ၾကည့္လိုက္ေတာ့ ေသာ္တာက ေခါင္းညိတ္ျပလာသည္။
"ဟုတ္တယ္ မာန္... မင္းအခုစဥ္းစားမိတဲ့ သူပဲ"
"ဒါေပမယ့္ ဘာလို႔လဲ"
"မင္း အဲ့တုန္းက ၆ ႏွစ္ေက်ာ္ ၇ ႏွစ္ပဲရိွေသးတယ္ မာန္...မင္းအရမ္းငယ္ေသးတယ္...ၿပီးေတာ့ ၃ေယာက္ေျမာက္လူရဲ႕ ေနာက္ေက်ာကိုပဲ မင္းျမင္ခဲ့တာေလ... ငယ္ေသးတဲ့အခ်ိန္က မွတ္ဥာဏ္နဲ႔ ေဒၚေရႊအိေႁႏၵယူထားတဲ့သူကို ၾကည့္ၿပီး မင္းရဲ႕မသိစိတ္က အဲ့လူကို ဦးခြန္းျမတ္မဟာလို႔ ေကာက္ခ်က္ခ်လိုက္တာပဲ...အခုလိုေျပာလို႔ ဦးခြန္းျမတ္မဟာကို သံသယ စာရင္းထဲက ဖယ္ထုတ္လိုက္တာ မဟုတ္ဘူး... ငါတို႔ဆက္ၿပီး စံုစမ္းရမယ့္လူ တစ္ေယာက္ထပ္တိုးလာတာပဲရိွတာ"
ေသာ္တာ၏ ရွင္းျပခ်က္မ်ားအၿပီး မာန္ ဇာတ္ရည္လည္သြားသည္။ ေသာ္တာေျပာသည့္အခ်က္မ်ားက မွန္ကန္ေနသည္။ မာန္ တကယ္ကိုပဲ ထိုသို႔သာ ေကာက္ခ်က္ခ်ခဲ့သည္ေလ။
"ေသာ္တာ အမႈျပန္ဖြင့္ဖို႔က အေျခေနဘယ္လိုရိွလဲ"
မာန္ ၿငိမ္ေနသည္ေၾကာင့္ လင္းသာကပဲ မာန္႔အစားေမးလိုက္သည္။
"အင္း တစ္ဖက္က ေငြေပးထားပံုပဲ... ျပန္ဖြင့္ဖို႔က အေတာ္ခတ္မယ္"
"ေတာက္!! "
မာန္ေဒါသထြက္စြာ ေတာက္ေခါက္မိေတာ့သည္။ တစ္ျခား၀ိုင္းမွလူမ်ားပင္မာန္တို႔ အားၾကည့္လာၾကသည္။ လင္းသာက မာန္႔ပုခံုးကို ဖြဖြပုတ္ေပးရင္း
"စိတ္ကိုေလွ်ာ့ပါအံုး မာန္ရာ... မင္းလည္းတက္ႏိုင္သေလာက္ႀကိဳးစားေနတာပဲ... အမွန္တရားက ပုန္းကြယ္မေနပါဘူး"
"ဟုတ္တယ္ မာန္...ရာဇ၀တ္ေဘး ေျပးမလႊတ္တဲ့... အျပစ္ရိွသူေတြလည္း အျပစ္ဒဏ္ခံရဖို႔အတြက္ အမွန္တရားက က်ိန္းေသေပၚလာမွာ...ငါလည္း အေကာင္းဆံုး ႀကိဳးစားေပးမယ္"
လင္းသာစကားကို ေသာ္တာကလည္း ေထာက္ခံသလို ၀င္ေျပာလာသည္။ မာန္လည္း စိတ္ကိုေလွ်ာ့ခ်လိုက္ရသည္။
"ေက်းဇူးပါပဲကြာ... မင္းတို႔ရိွေနလို႔သာ ငါအဆင္ေျပေနတာ"
"မလိုပါဘူးကြာ... ဒါနဲ႔ေသာ္တာ မင္းအခုၿပီးရင္ အလုပ္ရိွေသးလား"
"မရိွဘူး ဘာလို႔လဲ"
"ငါ... ငါ"
"ေဟ့ေကာင္ ေျပာစရာရိွတာ ေျပာစမ္းပါ"
ေသာ္တာ စိတ္မရွည္စြာ လင္းသာအား ထေအာ္ေတာ့သည္။
"ဒီေကာင္ ၾကယ္စင္ဆီ သြားမလို႔...အဲ့ဒါ မင္းကိုေခၚေနတာ"
မာန္ ၀င္ေျပာလိုက္ျခင္းျဖစ္သည္။
"အဲ့ဒါမ်ား ေျပာစရာရိွတာ မေျပာဘူး"
"အဲ့ဒါဆိုလည္း မင္းတို႔သြားၾကေတာ့... ငါ ကုမၸဏ္ီျပန္ေတာ့မယ္"
"ေအး ေအး"
မာန္လည္း ထိုႏွစ္ေယာက္အား ႏႈတ္ဆက္ကာ ေကာ္ဖီဆိုင္ထဲမွ ထြက္ခဲ့ေတာ့သည္။ ကုမၸဏ္ီသို့ ျပန္လာေသာ ေျခလွမ္းမ်ားသည္ ေလးလံစြာႏွင့္။
**********************************
မာန္ ထြက္သြားသည္ကို ေငးၾကည့္ေနၿပီးမွ ေသာ္တာက လင္းသာအား ၾကည့္လိုက္သည္။
"လင္းသာ မင္းဘယ္ေတာ့ ဖြင့္ေျပာမွာလဲ"
"ဘာကိုလဲ"
အေအးကို ငံု့ေသာက္ေနေသာ လင္းသာက ေသာ္တာ့စကားကို နားမလည္သလိုမ်ဳိးေမးလာသည္။ ေသာ္တာ သူေရွ႕မွ အမ်ဳိးေကာင္းသားေလးအား ကိုင္ေပါက္ပစ္ခ်င္စိတ္ျဖစ္လာမိသည္။
"ေအး ေကာင္းတယ္... မင္းအဲ့လို မသိသလိုေန... အဲ့ဒါမွ ၾကယ္စင္ တစ္ျခားတစ္ေယာက္ေနာက္ ပါသြားမွာ"
"မင္းကလည္း ငါ မေျပာရဲေသးလို႔ပါဟ"
"ထ သြားမယ္"
"ဘယ္ကိုလဲ"
"ေခြးသူေတာင္းစားေရ... မင္းပဲ ၾကယ္စင့္ဆီသြားမယ္ ေျပာတာမဟုတ္ဘူးလား"
"ဟုတ္သားပဲ... ဟဲဟဲ"
ေသာ္တာ လင္းသာကိုၾကည့္ကာ ေခါင္းသာခါမိေတာ့သည္။
Time Skip,
ေသာ္တာႏွင့္ လင္းသာတို႔ႏွစ္ေယာက္ အလယ္တန္းေက်ာင္းတစ္ခုေရွ႕တြင္ ရပ္ေစာင့္ေနၾကသည္။မနက္ပိုင္းေက်ာင္းသားမ်ား ေက်ာင္းလႊတ္ခ်ိန္ျဖစ္သည္ေၾကာင့္ ေက်ာင္း၀န္းထဲမွ အျဖဴအစိမ္းနဲ႔ ေက်ာင္းသူေက်ာင္းသားေလးမ်ားက သူ႕အစုနဲ႔သူ စကားတေျပာေျပာျဖင့္ ထြက္လာေနၾကသည္။ အခ်ိန္တစ္ခုၾကာၿပီးသည့္ေနာက္တြင္ေတာ့ အျဖဴအစိမ္းနဲ႔ ေက်ာင္းဆရာမေလးမ်ားက ထြက္လာၾကသည္။
ေသာ္တာႏွင့္လင္းသာ သူတို႔ဆီသို႔ လွမ္းလာေနေသာ ေက်ာင္းဆရာမေလးအားၾကည့္ရင္း ရင္ထဲေက်နပ္ပိတိ္ျဖစ္ရသည္။ အျဖဴအစိမ္းေလးႏွင့္ တင့္တယ္ေနေသာ ေက်ာင္းဆရာမေလး ၾကယ္စင္မိုးျမႇင့္။ သူတို႔နဲ႔အတူရိွခ်ိန္တြင္ ကေလးဆန္ၿပီးေပါေတာ ေနသေလာက္ အခုလိုပံုစံေလးက တည္ၿငိ္မ္ရင့္က်က္ဟန္ အျပည့္။
"အံမယ္...ႏွစ္ေယာက္သား ဘာစိတ္ကူးေပါက္လို႔ ငါ့ကိုလာႀကိဳတာတုန္း... ေရာ့ ေသာ္တာ ျခင္းကိုင္"
"ဪ ေအးေအး... မ်က္ႏွာလိုက္ခ်က္ကေတာ့ ႏွစ္ေယာက္ရိွေနတာကို ငါ့ကိုပဲေရြးေပးတယ္"
ေသာ္တာ မဲ့ရြဲ႕ကာ ေျပာရင္း ၾကယ္စင္ လက္ထဲမွ ျခင္းကို လွမ္းယူလိုက္သည္။
"အဲ့တာက နင့္ကို ပိုခ်စ္လို႔ေလ ေသာ္တာရဲ႕"
"ေက်းဇူးျကီးမားလွပါတယ္ မမေလး"
"ဒါနဲ႔ ဘာလာလုပ္ၾကတာတုန္း"
"မေတြ႕တာၾကာေတာ့ ႐ုပ္မေမ့သြားေအာင္ လာၾကည့္တာ"
"ဪ... ညတိုင္း ေတြ႕ေနရတာ မလံုေလာက္ေသးဘူးေပါ့ေလ"
"အင္း ငါက ခနခနေမ့တက္တယ္ေလ"
ေသာ္တာတို႔ ၃ေယာက္က အခုခ်ိန္ထိ သူတို႔ႀကီးျပင္းခဲ့ေသာ မိဘမဲ့ေဂဟာတြင္သာ ေန ေနၾကျခင္းျဖစ္သည္။ မာန္က သူ႕အိမ္တြင္ လာေနပါဆို္တုန္းကလည္း တညီတၫႊတ္တည္း ျငင္းခဲ့ၾကေသးသည္။ ငယ္စဥ္က ခိုလံႈခဲ့ေသာ အရိပ္ကို မပစ္ပယ္ႏိုင္ပါဆိုေသာ စကားျဖင့္ မာန္ေျပာသည္ကို လက္မခံခဲ့ၾက။
ေသာ္တာနဲ႔ၾကယ္စင္ တစ္ေယာက္တစ္ခြန္း စကားမ်ားေနေသာ္လည္း လင္းသာ တစ္ေယာက္ၿငိမ္သက္ေနသည္။
"ဟဲ့ လင္းသာ... ဘာျဖစ္ေနတာလဲ"
"ဘာ... ဘာမွမျဖစ္ပါဘူး"
"ဘာမွမျဖစ္ရင္လာအံုး... ငါနင့္ကို ေျပာစရာရိွတယ္"
ဆိုကာ လင္းသာလက္ကို ဆြဲသြားၿပီး ၾကယ္စင္ေရွ႕မွ ထြက္သြားသည္။ ေသာ္တာ တစ္ေယာက္သာ ျခင္းကိုကိုင္လွ်က္ ေရွ႕မွစံုတြဲေနာက္သို႔ လိုက္ရေတာ့သည္။
မာန္ေရ...သူငယ္ခ်င္းေလး...ငါ မင္းကို သတိရလိုက္တာကြာ.....
*********************************
#24.11.2023
#🍁Moe Kyal Phyu 🍁