[Unicode]
ခွန်းဆက် လေယာဉ်ကွင်းကိုရောက်တော့ ၁နာရီတောင် ထိုးတော့မည်ဖြစ်သည်။ မာယာစီးလာသည့် လေယာဉ်က ၁နာရီခွဲမှ ဆိုက်မည်ဖြစ်တာကြောင့် ခွန်းဆက် toilet နားက ခုံတန်းရှည်တွင် ထိုင်စောင့်မည်ဟု တွေးလျှက် ထိုနေရာကို လှမ်းလာခဲ့သည်။ တစ်ခြားနေရာများတွင် လူရှုပ်နေသည်ကြောင့် လူရှင်းသည့် ဒီနေရာကို ခွန်းဆက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ခွန်းဆက် ဖုန်းကိုထုတ်ကာ မနက်က download လုပ်ခဲ့သော သရဲနှင်နည်း videoအား ကြည့်နေလိုက်သည်။ video ထဲပါသော အကြောင်းအရာများကို စိတ်ပါဝင်စားစွာ တစ်ခုချင်းသေချာမှတ်သားနေသည်ကြောင့် ပတ်ဝန်းကျင်နှင့် အချိန်ကိုပါ မေ့လျော့နေတော့သည်။ ခွန်းဆက် ဖုန်းကြည့်နေစဉ်မှာပင် မာယာနှင်းဆီထံမှ ဖုန်းဝင်လာခဲ့သည်။
"Hello"
"ကိုကို ဘယ်မှာလဲ...လေယာဉ်ဆိုက်တာကြာပြီ...အခုထိမရောက်သေးတာလား"
တစ်ဖက်မှ ခပ်စူးစူးအသံကြောင့် ခွန်းဆက် သူ့လက်မှာပတ်ထားသော နာရီအားကြည့်လိုက်သည်။ video ကိုစိတ်ဝင်စားလွန်း၍ အချိန်ကိုပါမေ့သွားခြင်းပါလေ။
"ငါ ရောက်နေပြီ... toilet နားမှာ လာခဲ့"
"ကိုကိုကလည်း စောင့်စရာနေရာရှားလို့"
ခွန်းဆက် ဖုန်းချလိုက်ပြီး မာယာ့အလာကို စောင့်နေလိုက်သည်။ ခဏအကြာ luggage အား ဆွဲလို့ သူ့ဆီလျှောက်လာသော မာယာ့ကို တွေ့လိုက်ရသည်။ အနားမရောက်ခင်မှာပင် luggage အားပစ်ချကာ ခွန်းဆက်ကို ပြေးဖက်လာသော မာယာ့ကြောင့် ခွန်းဆက် ခြေလှမ်းပင် ယိုင်သွားရသည်။
"ကိုကို...ကိုကို့ ကို မာယာလွမ်းနေတာ"
မာယာ့၏ လုပ်ပုံကြောင့် လူအများက သူတို့နှစ်ယောက်ကိုကြည့်လာကြသည်။ ခွန်းဆက်လည်း နေရခတ်လာရကာ မာယာဖက်ထားသော လက်ကိုဖြုတ်ချလိုက်သည်။
"နင်ကလည်း လူမြင်ကွင်းကြီးမှာ...မိန်းကလေးဖြစ်ပြီး ရှက်တက်စမ်းပါ"
"ကိုကိုကလည်း...မာယာက လွမ်းလို့ဟာကို"
ခွန်းဆက် သူ့အားအမူပိုကာ နှုတ်ခမ်းဆူ၍ ချွဲ့နွဲ့ပြောနေသော မာယာ့အားကြည့်ကာ တစ်ခွန်းမကျန် ပြန်ခံပြောတက်သော နှုတ်ခမ်းရဲရဲလေး ပိုင်ရှင်အား သတိရသွားသည်။ မာန့်ပုံစံလေးအား ပြန်မြင်ယောင်လာသည်ကြောင့် နှုတ်ခမ်းလေးတစ်ဖက် ကော့တက်သွားရသည်။
ဟ...ဘာလဲ...ငါကသူ့က်ို ဘာလို့သတိရသွားတာလဲ...ခွန်းဆက်ရောင်နီ...သတိကပ်စမ်း.....
"ကိုကို!!!"
"ဟေ...အေး နင်ကလည်း ဖြေဖြေးခေါ်စမ်းပါ"
မာယာ့အသံကြောင့် ခွန်းဆက်နားကိုပိတ်ကာ ပြန်ပြောလိုက်သည်။
"မာယာ ခေါ်နေတာ သုံးလေးခါရှိပြီ...ကိုကိုမှ မထူးတာ...ပြီးတော့ မေးတာလည်း မဖြေဘူး"
"ဘာမေးလိုက်တာလဲ...ငါမကြားလိုက်လို့"
"ကိုကိုနော်...လူတစ်ယောက်လုံး ရှေ့မှာရှိနေတာကို...စိတ်တွေက ဘယ်ရောက်နေတာလဲ"
"ဘယ်မှ မရောက်ပါဘူးဟာ"
"ပြီးရော...ခုနက မေးတာက ကိုကိုရော မာယာ့ကို လွမ်းလာလို့"
"ငါလဲနင့်ကို သတိရပါတယ်...ဒါနဲ့ ဒီတစ်ခေါက်ပြန်လာတာ ဘယ်လောက်ကြာကြာနေမှာလဲ"
"ဘာလဲ ကိုကိုက အကြာကြီးနေစေချင်လို့လား"
"မဟုတ်ပါဘူး...ဒီတိုင်း ပါးစပ်အားနေလို့ မေးကြည့်တာ"
"ဟွန့် ကိုကိုကလည်း...မာယာ ဒီတစ်ခါ အပြီးပြန်လာတာ...ကိုကို ကို့ အပိုင်သိမ်းမလို့"
မာယာ ခွန်းဆက်၏ လက်မောင်းအားဖက်ရင်း ပွတ်သီးပွတ်သပ်လုပ်ကာ ပြောသည်။ ခွန်းဆက်က မာယာ့နဖူးကို လက်ညိုးဖြင့် တွန်းရင်း
"မရူးစမ်းပါနဲ့ မာယာရယ်"
"ကိုကို မယုံလည်းနေပေါ့"
"နင့်ကိုပြောပါအုံးမယ်...အခုဝတ်လာတာ တိုလွန်းတယ် မထင်ဘူးလားဟမ်"
"ဒါက အခုခေတ် style လေ ကိုကိုရ"
ခွန်းဆက် မာယ့ာအားကြည့်ကာ ခေါင်းတွင်ခါခါမိသည်။ ပေါင်လောက်သာရှိသည့် စကပ်တိုအနက်နဲ့ ခါးတိုအင်္ကျီဖြူ ဂျိုင်းပြတ်အား ၀တ်ဆင်ထားသည်မှာ ခွန်းဆက်အမြင်တွင် ကန့်လန့်ဖြစ်နေသည်။ အင်္ကျီက ရင်ဘက်လောက်တွင် ကွဲရာများပါသေးသည်။ အသားဖြူသူမို့ ကြည့်ရအဆင်ပြေပေမယ့် အသားများကို လိုသည်ထက်ပို၍ ဖော်ထားသည်မို့ ခွန်းဆက်ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေ။
ကျောလည်လောက်ရှိသော ဆံပင်ကိုဖြန့်ချထားပြီး မိတ်ကပ်ပါးပါးသာ လိမ်းထားသည်မှာ သက်ရှိ အရုပ်မလေးအလားပင်။ ခွန်းဆက် မာယာ့အပေါ် ညီမအရင်းလေးလို သံယောဇဉ်ရှိသည်။ ဒီကောင်မလေးအား ၀တ်ပုံစားပုံ ပြောင်းလဲစေချင်သည်။ မာယ့ာပုံစံလေးနှင့် မြန်မာဝတ်စုံသာဆိုလျှင် တော်တော်လေးကို လှပြီး ကျက်သေရေရှိမည်မှာ သေချာသည်။ အခုလိုဝတ်ပုံစားပုံနှင့် မာယာ့ကို ခွန်းဆက်ရင်လေးမိသည်။ အခုခေတ် ယောက်ကျားလေးတွေက နှမချင်းကိုယ်ချင်းစာတက်တဲ့သူ ရှားသည် မဟုတ်ပါလား။
"ကိုကို လာလေသွားမယ်"
"အင်း လာပြီ"
ရှေ့ကထွက်သွားသော မာယာနောက်ကို ခွန်းဆက် luggage ဆွဲပြ်ီးသာ လိုက်ရတော့သည်။
"ဟဲ့နင်က ရှေ့ကသွားတော့ ငါ့ကား ဘယ်ကားလဲသိလို့လား"
"ဟီး သိဘူးလေ"
ဟီးခနဲရယ်ပြကာ သူ့အားကြည့်လာသော မာယာ့ကြောင့် ခွန်းဆက် ခေါင်းသာခါလိုက်တော့သည်။ထို့နောက် သူ့ကားရပ်ထားရာဆီ လက်ညိုးထိုးပြကာ
"ဟိုမှာတွေ့လား... Lamborghini Aventador SV J အနီလေး"
"Wow...အဲ့ကားလား...ကိုကိုကတော့ ဘောစိကြီးပဲ"
ခွန်းဆက် ဟန်ပါပါဖြင့် မျက်နှာကိုဝံ့ချီထားသည်။ သို့နှင့်နှစ်ယောက်သား ကားပေါ်တက်လိုက်ကြသည်။
"ကိုကို အခု ဘယ်သွားမှာလဲ"
"နင့်အိမ်ကိုပေါ့...ဘယ်သွားရမှာလဲ"
"အိမ်မပြန်ချင်သေးဘူး...တစ်ခြားနေရာသွားမယ်လေ...ကိုကိုနဲ့ အတူရှိချင်သေးတယ်"
"မရဘူး...ငါအလုပ်ရှိတယ်...အိမ်ပြန်ရမယ်"
"ဘာလဲ...ကိုကို့ယောက်ကျားက အိမ်စောစောပြန်လာဖို့ ပြောထားလို့လား"
"သိရင်လည်း ပြီးတာပဲ"
ခွန်းဆက်စကားကြောင့် မာယာ မျက်နှာဆူပုတ်သွားကာ တစ်ဖက်လှည့်သွားသည်။ ခွန်းဆက်ရွဲ့ပြီး ဖြေလိုက်ခြင်းသာ ဖြစ်သည်။ မဟုတ်လျှင် မာယာ့အားပြောလို့ရမည် မဟုတ်။ ပြီးတော့ သူတွင်လည်း အမှန်တကယ် လုပ်စရာကရှိနေသည်လေ။
Lamborghini Aventador SV J ကားအနီလေးသည် ရန်ကုန်လေဆိပ်မှ ထွက်ခွါလာပြီး လူကုံထံများနေထိုင်ရာ စံနှင်းခ အိမ်ရာဆီသို့ ဦးတည် မောင်းနှင်သွားတော့သည်။
*********************************
"Daddy ရေ Daddy"
"မာယာလေး Daddy ဒီမှာ"
မာယာ အိမ်ထဲသို့မ၀င်ခင်မှာပင် အသံစာစာနဲ့အော်ခေါ်တော့သည်။ မာယာ့ဖခင်ဖြစ်သူ ဦးဟိန်းလင်းလျာကလည်း ချစ်သမီးအား အိမ်ဝသို့ ထွက်ကြိုသည်။ မာယာ ဖခင်ဖြစ်သူအား ပြေးဖက်လိုက်ပြီး ရင်ခွင်ထဲဝင်၍ ချွဲတော့သည်။
"Daddy ကိုအများကြီး လွမ်းနေတာ"
"Daddy လည်း သမီးကို သတိရပါတယ်...သမီးကသာ daddy ကိုလွမ်းတယ်ဆိုပြီး ဖုန်းဆက်တိုင်း သမီးကိုကို အကြောင်းပဲ မေးနေတာလေ"
မာယာ့ဖခင်၏ စကားကြောင့် ရှက်သွားသည့်ပုံစံလေးဖြင့် သူ့ဖခင်ရင်ခွင်ထဲ မျက်နှာဝှက်လိုက်တော့သည်။
"ဟာ... daddy ကလည်း"
"ကြည့်ပါအုံး...ချောလာလိုက်တာ...ပိုပြီးတော့လည်း လှလာတယ် daddy သမီးလေးက"
"Daddy သမီးက အမြဲတမ်း လှပြီးသားပါနော်"
"ဟုတ်ပါတယ်ဗျာ ဟုတ်ပါတယ်"
သားအဖနှစ်ယောက် အလွမ်းသယ်နေသည်ကို ခွန်းဆက် တစ်ယောက်ရပ်ကြည့်နေရသည်။ စိတ်ထဲတွင်တော့ အိမ်ကိုသာ အမြန်ပြန်ချင်နေပြီဖြစ်သည်။ထိုစဉ် ဦးဟိန်းလင်းလျာ၏ အကြည့်က ခွန်းဆက်ထံသို့ ကျရောက်လာသည်။
"သား လာ အိမ်ထဲလာအုံး...မာယာ့ကို တွေ့တာနဲ့ သားကို မေ့သွားတာ sorry ကွာ"
"ရပါတယ် အန်ကယ်"
ခွန်းဆက် အပြုံးလေးဖြင့်သာ ပြန်ဖြေလိုက်သည်။ သူ့စိတ်ထဲ ဘယ်လိုအကြောင်းပြပြီး ဤနေရာကထွက်ရမည်လဲဆိုသည်ကိုသာ စဉ်းစားနေသည်။
"မပြောနဲ့ daddy...အဲ့ကိုကိုက ဒီမှာနေချင်တာ မဟုတ်ဘူး...သူ့ယောက်ကျားဆီပဲ သွားချင်တာ"
မာယာ ခွန်းဆက်အား မျက်စောင်းထိုးကာ ကြည့်ရင်း မကျေမနပ်ပြောသည်။
"သမီး ကိုကို့ ကို အဲ့လိုမပြောရဘူးလေ"
"ထားလိုက်ပါ အန်ကယ်...မာယာက အဲ့လိုပဲဟာ...အမြဲတမ်း ဂျစ်နေတဲ့ လူဆိုးမလေး"
"ကိုကိုနော်"
"ဘာလဲ မဟုတ်လို့လား"
"မဟုတ်ပါဘူး"
"ကဲ ဒီမောင်နှမနှစ်ယောက် နောက်မှရန်ဖြစ်တော့...သား အိမ်ထဲဝင်...မိသင်းရေ သားနဲ့သမီးအတွက် အအေးလေး ယူခဲ့ပါအုံး"
ဦးဟိန်းလင်းလျာ အိမ်ထဲဝင်ဖို့ ခေါ်သည်ကို ခွန်းဆက်လက်ကာပြကာ
"ရတယ် အန်ကယ် ကျွန်တော်မ၀င်တော့ဘူး...အလုပ်ရှိသေးလို့ ပြန်လိုက်ပါအုံးမယ်"
"ပြန်တော့မလို့လား ကွ"
"ဟုတ်ကဲ့"
"အဲ့ဆိုလည်း ကားကို ဂရုစိုက်မောင်းသွား"
"ဟုတ်ကဲ့...မာယာ ငါသွားပြီနော်"
"သွားသွား ဟွန့်"
ခွန်းဆက် ထိုသားအဖအားနှုတ်ဆက်ကာ ထွက်လာခဲ့တော့သည်။ မာယာနှင့် သူ့ဖခင်မှာ တော့ ခွန်းဆက်ကား ခြံထဲက ထွက်သွားသည်အထိ လိုက်ကြည့်နေသည်။ခွန်းဆက်ကား ထွက်သွားပြီနောက် မာယာ မျက်ခုံးတန်းများ တွန့်ချိုးလျှက် သူ့ဖခင်အားမေးလေသည်။
"Daddy...ကိုကို့ အဖေက ဘာလို့ ကိုကို့ ကို ယောက်ကျားတစ်ယောက် နဲ့ လက်ထပ်ပေးလိုက်ရတာလဲ...အန်တီကရော ဘာမှမပြောဘူးလား"
သမီးဖြစ်သူမေးလာသည့် အမေးစကားကို ဟိန်းလင်းလျာ မာယာ့ခေါင်းလေးအား ပွတ်သပ်ပေးရင်း ပြန်ဖြေသည်။
"ဘာလို့ လက်ထပ်ပေးလည်း daddy လည်းမသိဘူး...သမီးအန်တီကတော့ တားတာပေါ့...ဒါပေမယ့် ခွန်းမြတ်မဟာကို သူမှမလွန်ဆန်နိူင်ပဲ"
"ကိုကိုကရော မငြင်းဘူးလား"
"အင်း သားခွန်းဆက်ရောင်နီလည်း သူ့အဖေကို မလွန်ဆန်နိုင်ဘူးလေ"
"ဒါဆို ကိုကိုက အတင်းပေးစားခံရတာပေါ့နော်"
"ဒါပေါ့"
"Daddy သမီး ကိုကို့ကို လိုချင်တယ်"
"အဲ့အတွက် မပူနဲ့...သမီးအန်တီနဲ့ daddy တိုင်ပင်ထားပြီးသား...သမီး ကိုကိုက သမီးအတွက်ပဲ ဖြစ်စေရမယ်"
"ဟုတ်..အဲ့ကြောင့် daddy ကိုချစ်နေရတာ"
"အရူးမလေး...သွားနားတော့သွား...ပင်ပန်းလာတယ် မဟုတ်လား"
"ဟုတ် daddy "
အပေါ်သို့ပြေးတက်သွားသော သမီးဖြစ်သူကိုကြည့်ပြီး ဟိန်းလင်းလျာ အပြုံးပန်းတို့် ဝေဆာနေတော့သည်။
*********************************
မာန် project အသစ်အတွက် ပြင်ဆင်နေတာရော လက်ရှိ project ရဲ့ အစီအရင်ခံစာတွေကြောင့်ပါ အလုပ်နဲ့လက်နဲ့ မကွာဖြစ်နေသည်။ ရှယ်ယာရှင်စာရင်းတွေကိုလည်း အပြန်ပြန်အလှန်လှန် အသေးစိတ် ဖတ်ရှုနေရသည်။ အလုပ်ထဲ၌ ဈာန်ဝင်နေရင်း နာရီအလန်းသံကြားမှ ရုံးဆင်းချိန်ရောက်ပြီဆိုတာကို သိရသည်။
"ဒီနေ့တော့ အိမ်ကို အလုပ်တွေသယ်သွားရတော့မှာပဲ...ဟူးးးး"
သက်ပြင်းချရင်း လုပ်လက်စများကို လက်စသတ်လိုက်သည်။အားလုံးပြီးသွားချိန်တွင်တော့ လက်ဆွဲအိတ်နှင့် နေ့လည်က လင်းသာ ယူလာပေးခဲ့သော ကားသော့ကိုယူကာ ရုံးခန်းထဲမှထွက်ခဲ့တော့သည်။ ကုမ္ပဏီ၏ မျက်စောင်းထိုးလေးတွေရှိသော တိရစ္ဆာန်ကု ဆေးခန်းသို့ ကားကို အရင်ဆုံးမောင်းသွားကာ ကြောင်စာများနှင့် အားဖြည့်စာများကို ၀ယ်ယြူပီး အိမ်ပြန်လမ်းဆီသို့ မောင်းနှင်ခဲ့သည်။ လမ်းမပေါ်တွင် BMW ကားအနက်ရောင်လေးသည် တရိပ်ရိပ်ပြေးနေလျှက် နားခိုရာအိမ်လေးဆီသို့ ဦးတည်နေတော့သည်။
*********************************
မာန်ခြံရှေ့သို့ ရောက်တော့ ကားဟွန်းတီးလိုက်သည်။ အန်တီမိုး၏သား ကိုအောင်က တံခါးလာဖွင့်ပေးသည်ကြောင့် မာန်လည်း ကားကို ခြံထဲသို့ မောင်းနှင်ခဲ့တော့သည်။ ဆင်ဝင်အောက်တွင် ခွန်းဆက်ကားရှိနေသည်ကိုလည်း တွေ့လိုက်ရသည်။ မာန် ခွန်းဆက်ကားနှင့် ခမ်လှမ်းလှမ်းတွင် သူ့ကားကို ရပ်လိုက်ကာ အိမ်ထဲသို့ဝင်လာခဲ့သည်။
ဘာလဲ...သူဒီနေ့ အပြင်မသွားဘူးလား...အို သွားသွား မသွားသွား ငါနဲ့ ဘာဆိုင်တာကျလို့.....
တစ်ယောက်ထဲတွေးရင်း ခေါင်းတခါခါဖြင့် အိမ်ထဲသို့ဝင်လာတော့ ဧည့်ခန်းဆိုဖာတွင် အကျအနထိုင်ကာ TV ကြည့်နေသော ခွန်းဆက်ကိုတွေ့လိုက်ရသည်။ ခွန်းဆက်ကလည်း မာန့်အား ပြန်ကြည့်လာသည်ကြောင့် နှစ်ယောက်သား အကြည့်ချင်းစုံသွားတော့သည်။
"ခင်ဗျား ပြန်လာပြီလား"
"အင်း"
"အလုပ်တွေ ပင်ပန်းလို့လား...ခင်ဗျား မျက်နှာ နွမ်းနေတာပဲရော"
မာန် ကြောင်အသွားရသည်။ ခွန်းဆက် ခန့်မှန်းမိသည်အထိ သူ့မျက်နှာ အတော်လေးနွမ်းနေသည်လား။ မဟုတ်တာ။ အိမ်ပြန်မလာခင်တုန်းကတောင် ရုံးက သန့်စင်ခန်းက မှန်ထဲ ကြည့်ခဲ့သေးသည်။
တွေ့တာနဲ့ ခန့်မှန်းမိနိူင်အောင်ထိ သူ့မျက်နှာနွမ်းမနေပါ။
"လက်ထဲက ဘာတွေလည်း"
"ငါ့ သမီးလေးအတွက်...ဒါနဲ့ မင်းသူ့ကို တွေ့မိသေးလား"
"အခုဏကပဲ ဟိုဘက်ခြမ်းက ကောင်နဲ့ ချိန်းတွေ့နေတာ တွေ့လိုက်တာ"
ခွန်းဆက် တစ်ဖက်ခြံကို မေးငေါ့ပြကာ မာန့်အမေးကို ဖြေလိုက်သည်။
"ဘာ!!ငါ့ သမီးကို မင်းလိုများမှတ်နေလား"
မာန့်စကားကြောင့် ခွန်းဆက် ထိုင်နေရာမှထကာ မျက်ခုံးများတွန့်ချိုးရင်း မာန့်ကိုကြည့်ကာ မေးလာသည်။
"နေပါအုံး မင်းလိုဆိုတာက ဘယ်လိုမျိုးလည်း"
"ကလေးက အခုမှ ငယ်ငယ်လေးရှိသေးတာ"
"တော်တော်ငယ်တယ်ဆိုတော့ ယောက်ကျားယူရင် ဆယ်ကောင်လောက်ရနေပြီ"
"မင်း ဘာပြောလိုက်တယ်"
"အော်ဟော်...ချက်ချင်းကြီး နားလေးသွားတာလား"
"တော်ပြီ...မင်းနဲ့ မပြောတော့ဘူး"
မာန် ခွန်းဆက်အား ဘာမှဆက်မပြောတော့ပဲ သူ့အခန်းဆီသို့သာ တက်လာလိုက်သည်။ ကျန်ခဲ့သည့် ခွန်းဆက်မှာတော့ အတွေးများဖြင့် ချာချာလည်နေသည်။ မာန် အိမ်ထဲဝင်လာကတည်းက သူတွေ့တာပင်။ တစ်ယောက်ထဲ ခေါင်းညိတ်ခေါင်းခါလုပ်နေသည်ကိုလည်း တွေ့သည်။ အခုလည်း ကြောင်တစ်ကောင်အတွက် သူ့အား ကတ်ကတ်လန်အောင် ရန်တွေ့သွားသေးသည်။ခွန်းဆက် တွေးရင်းတွေးရင်း အတွေးပေါက်သွားတော့သည်။
"ဒါဆိုသေချာပြီ...ဟိုကြောင်ပိုင်ရှင် သေပြီး မာန်က ကြောင်လေးကို ခေါ်ထားလို့ အဲ့ကြောင်ပိုင်ရှင် ၀င်ပူးနေတာဖြစ်ရမယ်...ဒီည ငါနဲ့တွေ့ကြသေးတာပေါ့...သရဲစုတ် သရဲနာ...မင်းကများ ငါ့မာန်ကို ၀င်ပူးရဲတယ်ပေါ့"
*********************************
#24.11.2023
#🍁Moe Kyal Phyu🍁
[Zawgyi]
ခြန္းဆက္ ေလယာဉ္ကြင္းကိုေရာက္ေတာ့ ၁နာရီေတာင္ ထိုးေတာ့မည္ျဖစ္သည္။ မာယာစီးလာသၫ့္ ေလယာဉ္က ၁နာရီခြဲမွ ဆိုက္မည္ျဖစ္တာေၾကာင့္ ခြန္းဆက္ toilet နားက ခံုတန္းရွည္တြင္ ထိုင္ေစာင့္မည္ဟု ေတြးလွ်က္ ထိုေနရာကို လွမ္းလာခဲ့သည္။ တစ္ျခားေနရာမ်ားတြင္ လူ႐ႈပ္ေနသည္ေၾကာင့္ လူရွင္းသည့္ ဒီေနရာကို ခြန္းဆက္ေရြးခ်ယ္ခဲ့ျခင္းျဖစ္သည္။
ခြန္းဆက္ ဖုန္းကိုထုတ္ကာ မနက္က download လုပ္ခဲ့ေသာ သရဲႏွင္နည္း videoအား ၾကၫ့္ေနလိုက္သည္။ video ထဲပါေသာ အေၾကာင္းအရာမ်ားကို စိတ္ပါ၀င္စားစြာ တစ္ခုခ်င္းေသခ်ာမွတ္သားေနသည္ေၾကာင့္ ပတ္၀န္းက်င္ႏွင့္ အခ်ိန္ကိုပါ ေမ့ေလ်ာ့ေနေတာ့သည္။ ခြန္းဆက္ ဖုန္းၾကၫ့္ေနစဉ္မွာပင္ မာယာႏွင္းဆီထံမွ ဖုန္း၀င္လာခဲ့သည္။
"Hello"
"ကိုကို ဘယ္မွာလဲ...ေလယာဉ္ဆိုက္တာၾကာၿပီ...အခုထိမေရာက္ေသးတာလား"
တစ္ဖက္မွ ခပ္စူးစူးအသံေၾကာင့္ ခြန္းဆက္ သူ႕လက္မွာပတ္ထားေသာ နာရီအားၾကၫ့္လိုက္သည္။ video ကိုစိတ္၀င္စားလြန္း၍ အခ်ိန္ကိုပါေမ့သြားျခင္းပါေလ။
"ငါ ေရာက္ေနၿပီ... toilet နားမွာ လာခဲ့"
"ကိုကိုကလည္း ေစာင့္စရာေနရာရွားလို႔"
ခြန္းဆက္ ဖုန္းခ်လိုက္ၿပီး မာယာ့အလာကို ေစာင့္ေနလိုက္သည္။ ခဏအၾကာ luggage အား ဆြဲလို႔ သူ႔ဆီေလ်ွာက္လာေသာ မာယာ့ကို ေတြ့လိုက္ရသည္။ အနားမေရာက္ခင္မွာပင္ luggage အားပစ္ခ်ကာ ခြန္းဆက္ကို ေျပးဖက္လာေသာ မာယာ့ေၾကာင့္ ခြန္းဆက္ ေျခလွမ္းပင္ ယိုင္သြားရသည္။
"ကိုကို...ကိုကို႔ ကို မာယာလြမ္းေနတာ"
မာယာ့၏ လုပ္ပံုေၾကာင့္ လူအမ်ားက သူတို႔ႏွစ္ေယာက္ကိုျကၫ့္လာၾကသည္။ ခြန္းဆက္လည္း ေနရခတ္လာရကာ မာယာဖက္ထားေသာ လက္ကိုျဖဳတ္ခ်လိုက္သည္။
"နင္ကလည္း လူျမင္ကြင္းႀကီးမွာ...မိန္းကေလးျဖစ္ၿပီး ရွက္တက္စမ္းပါ"
"ကိုကိုကလည္း...မာယာက လြမ္းလို႔ဟာကို"
ခြန္းဆက္ သူ႔အားအမူပိုကာ ႏႈတ္ခမ္းဆူ၍ ခြၽဲ႔ႏြဲ႔ေျပာေနေသာ မာယာ့အားၾကၫ့္ကာ တစ္ခြန္းမက်န္ ျပန္ခံေျပာတက္ေသာ ႏႈတ္ခမ္းရဲရဲေလး ပိုင္ရွင္အား သတိရသြားသည္။ မာန႔္ပံုစံေလးအား ျပန္ျမင္ေယာင္လာသည္ေၾကာင့္ ႏႈတ္ခမ္းေလးတစ္ဖက္ ေကာ့တက္သြားရသည္။
ဟ...ဘာလဲ...ငါကသူ႔က္ုိ ဘာလို႔သတိရသြားတာလဲ...ခြန္းဆက္ေရာင္နီ...သတိကပ္စမ္း.....
"ကိုကို!!!"
"ေဟ...ေအး နင္ကလည္း ေျဖေျဖးေခၚစမ္းပါ"
မာယာ့အသံေၾကာင့္ ခြန္းဆက္နားကိုပိတ္ကာ ျပန္ေျပာလိုက္သည္။
"မာယာ ေခၚေနတာ သံုးေလးခါရိွၿပီ...ကိုကိုမွ မထူးတာ...ၿပီးေတာ့ ေမးတာလည္း မေျဖဘူး"
"ဘာေမးလိုက္တာလဲ...ငါမၾကားလိုက္လို႔"
"ကိုကိုေနာ္...လူတစ္ေယာက္လံုး ေရ႔ွမွာရိွေနတာကို...စိတ္ေတြက ဘယ္ေရာက္ေနတာလဲ"
"ဘယ္မွ မေရာက္ပါဘူးဟာ"
"ၿပီးေရာ...ခုနက ေမးတာက ကိုကိုေရာ မာယာ့ကို လြမ္းလာလို႔"
"ငါလဲနင့္ကို သတိရပါတယ္...ဒါနဲ႔ ဒီတစ္ေခါက္ျပန္လာတာ ဘယ္ေလာက္ၾကာၾကာေနမွာလဲ"
"ဘာလဲ ကိုကိုက အၾကာႀကီးေနေစခ်င္လို႔လား"
"မဟုတ္ပါဘူး...ဒီတိုင္း ပါးစပ္အားေနလို႔ ေမးၾကၫ့္တာ"
"ဟြန႔္ ကိုကိုကလည္း...မာယာ ဒီတစ္ခါ အၿပီးျပန္လာတာ...ကိုကို ကို႔ အပိုင္သိမ္းမလို႔"
မာယာ ခြန္းဆက္၏ လက္ေမာင္းအားဖက္ရင္း ပြတ္သီးပြတ္သပ္လုပ္ကာ ေျပာသည္။ ခြန္းဆက္က မာယာ့နဖူးကို လက္ညိဳးျဖင့္ တြန္းရင္း
"မရူးစမ္းပါနဲ႔ မာယာရယ္"
"ကိုကို မယံုလည္းေနေပါ့"
"နင့္ကိုေျပာပါအံုးမယ္...အခု၀တ္လာတာ တိုလြန္းတယ္ မထင္ဘူးလားဟမ္"
"ဒါက အခုေခတ္ style ေလ ကိုကိုရ"
ခြန္းဆက္ မာယ့ာအားၾကၫ့္ကာ ေခါင္းတြင္ခါခါမိသည္။ ေပါင္ေလာက္သာရိွသၫ့္ စကပ္တိုအနက္နဲ႔ ခါးတိုအက်ႌျဖဴ ဂ်ိဳင္းျပတ္အား ၀တ္ဆင္ထားသည္မွာ ခြန္းဆက္အျမင္တြင္ ကန႔္လန႔္ျဖစ္ေနသည္။ အက်ႌက ရင္ဘက္ေလာက္တြင္ ကြဲရာမ်ားပါေသးသည္။ အသားျဖဴသူမို႔ ၾကၫ့္ရအဆင္ေျပေပမယ့္ အသားမ်ားကို လိုသည္ထက္ပို၍ ေဖာ္ထားသည္မို႔ ခြန္းဆက္ၾကၫ့္ရတာ ဘယ္လိုမွ အဆင္မေျပ။
ေက်ာလည္ေလာက္ရိွေသာ ဆံပင္ကိုျဖန႔္ခ်ထားၿပီး မိတ္ကပ္ပါးပါးသာ လိမ္းထားသည္မွာ သက္ရိွ အရုပ္မေလးအလားပင္။ ခြန္းဆက္ မာယာ့အေပၚ ညီမအရင္းေလးလို သံေယာဇဉ္ရိွသည္။ ဒီေကာင္မေလးအား ၀တ္ပုံစားပုံ ေျပာင္းလဲေစခ်င္သည္။ မာယ့ာပံုစံေလးႏွင့္ ျမန္မာ၀တ္စံုသာဆိုလ်ွင္ ေတာ္ေတာ္ေလးကို လွၿပီး က်က္ေသေရရိွမည္မွာ ေသခ်ာသည္။ အခုလို၀တ္ပံုစားပံုႏွင့္ မာယာ့ကို ခြန္းဆက္ရင္ေလးမိသည္။ အခုေခတ္ ေယာက္က်ားေလးေတြက ႏွမခ်င္းကိုယ္ခ်င္းစာတက္တဲ့သူ ရွားသည္ မဟုတ္ပါလား။
"ကိုကို လာေလသြားမယ္"
"အင္း လာၿပီ"
ေရ႔ွကထြက္သြားေသာ မာယာေနာက္ကို ခြန္းဆက္ luggage ဆြဲၿပ္ီးသာ လိုက္ရေတာ့သည္။
"ဟဲ့နင္က ေရ႔ွကသြားေတာ့ ငါ့ကား ဘယ္ကားလဲသိလို႔လား"
"ဟီး သိဘူးေလ"
ဟီးခနဲရယ္ျပကာ သူ႔အားၾကၫ့္လာေသာ မာယာ့ေၾကာင့္ ခြန္းဆက္ ေခါင္းသာခါလိုက္ေတာ့သည္။ထို့ေနာက္ သူ႕ကားရပ္ထားရာဆီ လက္ညိုးထိုးျပကာ
"ဟိုမွာေတြ့လား... Lamborghini Aventador SV J အနီေလး"
"Wow...အဲ့ကားလား...ကိုကိုကေတာ့ ေဘာစိႀကီးပဲ"
ခြန္းဆက္ ဟန္ပါပါျဖင့္ မ်က္ႏွာကိုဝံ့ခ်ီထားသည္။ သို႔ႏွင့္ႏွစ္ေယာက္သား ကားေပၚတက္လိုက္ၾကသည္။
"ကိုကို အခု ဘယ္သြားမွာလဲ"
"နင့္အိမ္ကိုေပါ့...ဘယ္သြားရမွာလဲ"
"အိမ္မျပန္ခ်င္ေသးဘူး...တစ္ျခားေနရာသြားမယ္ေလ...ကိုကိုနဲ႔ အတူရိွခ်င္ေသးတယ္"
"မရဘူး...ငါအလုပ္ရိွတယ္...အိမ္ျပန္ရမယ္"
"ဘာလဲ...ကိုကို႔ေယာက္က်ားက အိမ္ေစာေစာျပန္လာဖို႔ ေျပာထားလို႔လား"
"သိရင္လည္း ၿပီးတာပဲ"
ခြန္းဆက္စကားေၾကာင့္ မာယာ မ်က္ႏွာဆူပုတ္သြားကာ တစ္ဖက္လွၫ့္သြားသည္။ ခြန္းဆက္ရြဲ႔ၿပီး ေျဖလိုက္ျခင္းသာ ျဖစ္သည္။ မဟုတ္လ်ွင္ မာယာ့အားေျပာလို႔ရမည္ မဟုတ္။ ၿပီးေတာ့ သူတြင္လည္း အမွန္တကယ္ လုပ္စရာကရိွေနသည္ေလ။
Lamborghini Aventador SV J ကားအနီေလးသည္ ရန္ကုန္ေလဆိပ္မွ ထြက္ခြါလာၿပီး လူကံုထံမ်ားေနထိုင္ရာ စံႏွင္းခ အိမ္ရာဆီသို႔ ဦးတည္ ေမာင္းႏွင္သြားေတာ့သည္။
*********************************
"Daddy ေရ Daddy"
"မာယာေလး Daddy ဒီမွာ"
မာယာ အိမ္ထဲသို႔မ၀င္ခင္မွာပင္ အသံစာစာနဲ႔ေအာ္ေခၚေတာ့သည္။ မာယာ့ဖခင္ျဖစ္သူ ဦးဟိန္းလင္းလ်ာကလည္း ခ်စ္သမီးအား အိမ္၀သို႔ ထြက္ႀကိဳသည္။ မာယာ ဖခင္ျဖစ္သူအား ေျပးဖက္လိုက္ၿပီး ရင္ခြင္ထဲ၀င္၍ ခြၽဲေတာ့သည္။
"Daddy ကိုအမ်ားႀကီး လြမ္းေနတာ"
"Daddy လည္း သမီးကို သတိရပါတယ္...သမီးကသာ daddy ကိုလြမ္းတယ္ဆိုၿပီး ဖုန္းဆက္တိုင္း သမီးကိုကို အေၾကာင္းပဲ ေမးေနတာေလ"
မာယာ့ဖခင္၏ စကားေၾကာင့္ ရွက္သြားသည့္ပံုစံေလးျဖင့္ သူ႕ဖခင္ရင္ခြင္ထဲ မ်က္ႏွာ၀ွက္လိုက္ေတာ့သည္။
"ဟာ... daddy ကလည္း"
"ၾကၫ့္ပါအံုး...ေခ်ာလာလိုက္တာ...ပိုၿပီးေတာ့လည္း လွလာတယ္ daddy သမီးေလးက"
"Daddy သမီးက အၿမဲတမ္း လွၿပီးသားပါေနာ္"
"ဟုတ္ပါတယ္ဗ်ာ ဟုတ္ပါတယ္"
သားအဖႏွစ္ေယာက္ အလြမ္းသယ္ေနသည္ကို ခြန္းဆက္ တစ္ေယာက္ရပ္ၾကၫ့္ေနရသည္။ စိတ္ထဲတြင္ေတာ့ အိမ္ကိုသာ အျမန္ျပန္ခ်င္ေနၿပီျဖစ္သည္။ထိုစဉ္ ဦးဟိန္းလင္းလ်ာ၏ အၾကၫ့္က ခြန္းဆက္ထံသို႔ က်ေရာက္လာသည္။
"သား လာ အိမ္ထဲလာအံုး...မာယာ့ကို ေတြ့တာနဲ႔ သားကို ေမ့သြားတာ sorry ကြာ"
"ရပါတယ္ အန္ကယ္"
ခြန္းဆက္ အၿပံဳးေလးျဖင့္သာ ျပန္ေျဖလိုက္သည္။ သူ႕စိတ္ထဲ ဘယ္လိုအေၾကာင္းျပၿပီး ဤေနရာကထြက္ရမည္လဲဆိုသည္ကိုသာ စဥ္းစားေနသည္။
"မေျပာနဲ႔ daddy...အဲ့ကိုကိုက ဒီမွာေနခ်င္တာ မဟုတ္ဘူး...သူ႔ေယာက္က်ားဆီပဲ သြားခ်င္တာ"
မာယာ ခြန္းဆက္အား မ်က္ေစာင္းထိုးကာ ၾကည့္ရင္း မေက်မနပ္ေျပာသည္။
"သမီး ကိုကို႔ ကို အဲ့လိုမေျပာရဘူးေလ"
"ထားလိုက္ပါ အန္ကယ္...မာယာက အဲ့လိုပဲဟာ...အၿမဲတမ္း ဂ်စ္ေနတဲ့ လူဆိုးမေလး"
"ကိုကိုေနာ္"
"ဘာလဲ မဟုတ္လို႔လား"
"မဟုတ္ပါဘူး"
"ကဲ ဒီေမာင္ႏွမႏွစ္ေယာက္ ေနာက္မွရန္ျဖစ္ေတာ့...သား အိမ္ထဲ၀င္...မိသင္းေရ သားနဲ႔သမီးအတြက္ အေအးေလး ယူခဲ့ပါအံုး"
ဦးဟိန္းလင္းလ်ာ အိမ္ထဲ၀င္ဖို႔ ေခၚသည္ကို ခြန္းဆက္လက္ကာျပကာ
"ရတယ္ အန္ကယ္ ကြၽန္ေတာ္မ၀င္ေတာ့ဘူး...အလုပ္ရိွေသးလို႔ ျပန္လိုက္ပါအံုးမယ္"
"ျပန္ေတာ့မလို႔လား ကြ"
"ဟုတ္ကဲ့"
"အဲ့ဆိုလည္း ကားကို ဂရုစိုက္ေမာင္းသြား"
"ဟုတ္ကဲ့...မာယာ ငါသြားၿပီေနာ္"
"သြားသြား ဟြန႔္"
ခြန္းဆက္ ထိုသားအဖအားႏႈတ္ဆက္ကာ ထြက္လာခဲ့ေတာ့သည္။ မာယာႏွင့္ သူ႔ဖခင္မွာ ေတာ့ ခြန္းဆက္ကား ၿခံထဲက ထြက္သြားသည္အထိ လိုက္ၾကၫ့္ေနသည္။ခြန္းဆက္ကား ထြက္သြားၿပီေနာက္ မာယာ မ်က္ခံုးတန္းမ်ား တြန္႔ခ်ဳိးလွ်က္ သူ႕ဖခင္အားေမးေလသည္။
"Daddy...ကိုကို႔ အေဖက ဘာလို႔ ကိုကို႔ ကို ေယာက္က်ားတစ္ေယာက္ နဲ႔ လက္ထပ္ေပးလိုက္ရတာလဲ...အန္တီကေရာ ဘာမွမေျပာဘူးလား"
သမီးျဖစ္သူေမးလာသည့္ အေမးစကားကို ဟိန္းလင္းလ်ာ မာယာ့ေခါင္းေလးအား ပြတ္သပ္ေပးရင္း ျပန္ေျဖသည္။
"ဘာလို႔ လက္ထပ္ေပးလည္း daddy လည္းမသိဘူး...သမီးအန္တီကေတာ့ တားတာေပါ့...ဒါေပမယ့္ ခြန္းျမတ္မဟာကို သူမွမလြန္ဆန္ႏိူင္ပဲ"
"ကိုကိုကေရာ မျငင္းဘူးလား"
"အင္း သားခြန္းဆက္ေရာင္နီလည္း သူ႔အေဖကို မလြန္ဆန္ႏိုင္ဘူးေလ"
"ဒါဆို ကိုကိုက အတင္းေပးစားခံရတာေပါ့ေနာ္"
"ဒါေပါ့"
"Daddy သမီး ကိုကို႔ကို လိုခ်င္တယ္"
"အဲ့အတြက္ မပူနဲ႔...သမီးအန္တီနဲ႔ daddy တိုင္ပင္ထားၿပီးသား...သမီး ကိုကိုက သမီးအတြက္ပဲ ျဖစ္ေစရမယ္"
"ဟုတ္..အဲ့ေၾကာင့္ daddy ကိုခ်စ္ေနရတာ"
"အရူးမေလး...သြားနားေတာ့သြား...ပင္ပန္းလာတယ္ မဟုတ္လား"
"ဟုတ္ daddy "
အေပၚသို႔ေျပးတက္သြားေသာ သမီးျဖစ္သူကိုၾကည့္ၿပီး ဟိန္းလင္းလ်ာ အၿပံဳးပန္းတို္႔ ေ၀ဆာေနေတာ့သည္။
*********************************
မာန္ project အသစ္အတြက္ ျပင္ဆင္ေနတာေရာ လက္ရိွ project ရဲ့ အစီအရင္ခံစာေတြေၾကာင့္ပါ အလုပ္နဲ႔လက္နဲ႔ မကြာျဖစ္ေနသည္။ ရွယ္ယာရွင္စာရင္းေတြကိုလည္း အျပန္ျပန္အလွန္လွန္ အေသးစိတ္ ဖတ္ရႈေနရသည္။ အလုပ္ထဲ၌ ဈာန္၀င္ေနရင္း နာရီအလန္းသံၾကားမွ ရံုးဆင္းခ်ိန္ေရာက္ၿပီဆိုတာကို သိရသည္။
"ဒီေန့ေတာ့ အိမ္ကို အလုပ္ေတြသယ္သြားရေတာ့မွာပဲ...ဟူးးးး"
သက္ျပင္းခ်ရင္း လုပ္လက္စမ်ားကို လက္စသတ္လိုက္သည္။အားလုံးျပီးသြားခ်ိန္တြင္ေတာ့ လက္ဆြဲအိတ္ႏွင့္ ေန့လည္က လင္းသာ ယူလာေပးခဲ့ေသာ ကားေသာ့ကိုယူကာ ရံုးခန္းထဲမွထြက္ခဲ့ေတာ့သည္။ ကုမၸဏီ၏ မ်က္ေစာင္းထိုးေလးေတြရိွေသာ တိရစၧာန္ကု ေဆးခန္းသို႔ ကားကို အရင္ဆံုးေမာင္းသြားကာ ေၾကာင္စာမ်ားႏွင့္ အားျဖၫ့္စာမ်ားကို ၀ယ္ယျူပီး အိမ္ျပန္လမ္းဆီသို႔ ေမာင္းႏွင္ခဲ့သည္။ လမ္းမေပၚတြင္ BMW ကားအနက္ေရာင္ေလးသည္ တရိပ္ရိပ္ေျပးေနလ်ွက္ နားခိုရာအိမ္ေလးဆီသို႔ ဦးတည္ေနေတာ့သည္။
*********************************
မာန္ၿခံေရ႔ွသို႔ ေရာက္ေတာ့ ကားဟြန္းတီးလိုက္သည္။ အန္တီမိုး၏သား ကိုေအာင္က တံခါးလာဖြင့္ေပးသည္ေၾကာင့္ မာန္လည္း ကားကို ၿခံထဲသို႔ ေမာင္းႏွင္ခဲ့ေတာ့သည္။ ဆင္၀င္ေအာက္တြင္ ခြန္းဆက္ကားရိွေနသည္ကိုလည္း ေတြ့လိုက္ရသည္။ မာန္ ခြန္းဆက္ကားႏွင့္ ခမ္လွမ္းလွမ္းတြင္ သူ႔ကားကို ရပ္လိုက္ကာ အိမ္ထဲသို႔၀င္လာခဲ့သည္။
ဘာလဲ...သူဒီေန့ အျပင္မသြားဘူးလား...အို သြားသြား မသြားသြား ငါနဲ႔ ဘာဆိုင္တာက်လို႔.....
တစ္ေယာက္ထဲေတြးရင္း ေခါင္းတခါခါျဖင့္ အိမ္ထဲသို႔၀င္လာေတာ့ ဧၫ့္ခန္းဆိုဖာတြင္ အက်အနထိုင္ကာ TV ၾကၫ့္ေနေသာ ခြန္းဆက္ကိုေတြ့လိုက္ရသည္။ ခြန္းဆက္ကလည္း မာန႔္အား ျပန္ၾကၫ့္လာသည္ေၾကာင့္ ႏွစ္ေယာက္သား အၾကၫ့္ခ်င္းစံုသြားေတာ့သည္။
"ခင္ဗ်ား ျပန္လာၿပီလား"
"အင္း"
"အလုပ္ေတြ ပင္ပန္းလို႔လား...ခင္ဗ်ား မ်က္ႏွာ ႏြမ္းေနတာပဲေရာ"
မာန္ ေၾကာင္အသြားရသည္။ ခြန္းဆက္ ခန႔္မွန္းမိသည္အထိ သူ႔မ်က္ႏွာ အေတာ္ေလးႏြမ္းေနသည္လား။ မဟုတ္တာ။ အိမ္ျပန္မလာခင္တုန္းကေတာင္ ရံုးက သန႔္စင္ခန္းက မွန္ထဲ ၾကၫ့္ခဲ့ေသးသည္။
ေတြ့တာနဲ႔ ခန႔္မွန္းမိႏိူင္ေအာင္ထိ သူ႔မ်က္ႏွာႏြမ္းမေနပါ။
"လက္ထဲက ဘာေတြလည္း"
"ငါ့ သမီးေလးအတြက္...ဒါနဲ႔ မင္းသူ႔ကို ေတြ့မိေသးလား"
"အခုဏကပဲ ဟိုဘက္ျခမ္းက ေကာင္နဲ႔ ခ်ိန္းေတြ့ေနတာ ေတြ့လိုက္တာ"
ခြန္းဆက္ တစ္ဖက္ၿခံကုိ ေမးေငါ့ျပကာ မာန္႔အေမးကို ေျဖလိုက္သည္။
"ဘာ!!ငါ့ သမီးကို မင္းလိုမ်ားမွတ္ေနလား"
မာန္႔စကားေၾကာင့္ ခြန္းဆက္ ထိုင္ေနရာမွထကာ မ်က္ခံုးမ်ားတြန္႔ခ်ဳိးရင္း မာန္႔ကိုၾကည့္ကာ ေမးလာသည္။
"ေနပါအံုး မင္းလိုဆိုတာက ဘယ္လိုမ်ိဳးလည္း"
"ကေလးက အခုမွ ငယ္ငယ္ေလးရိွေသးတာ"
"ေတာ္ေတာ္ငယ္တယ္ဆိုေတာ့ ေယာက္က်ားယူရင္ ဆယ္ေကာင္ေလာက္ရေနၿပီ"
"မင္း ဘာေျပာလိုက္တယ္"
"ေအာ္ေဟာ္...ခ်က္ခ်င္းႀကီး နားေလးသြားတာလား"
"ေတာ္ၿပီ...မင္းနဲ႔ မေျပာေတာ့ဘူး"
မာန္ ခြန္းဆက္အား ဘာမွဆက္မေျပာေတာ့ပဲ သူ႔အခန္းဆီသို႔သာ တက္လာလိုက္သည္။ က်န္ခဲ့သၫ့္ ခြန္းဆက္မွာေတာ့ အေတြးမ်ားျဖင့္ ခ်ာခ်ာလည္ေနသည္။ မာန္ အိမ္ထဲ၀င္လာကတည္းက သူေတြ့တာပင္။ တစ္ေယာက္ထဲ ေခါင္းညိတ္ေခါင္းခါလုပ္ေနသည္ကိုလည္း ေတြ့သည္။ အခုလည္း ေၾကာင္တစ္ေကာင္အတြက္ သူ႔အား ကတ္ကတ္လန္ေအာင္ ရန္ေတြ့သြားေသးသည္။ခြန္းဆက္ ေတြးရင္းေတြးရင္း အေတြးေပါက္သြားေတာ့သည္။
"ဒါဆိုေသခ်ာၿပီ...ဟိုေၾကာင္ပိုင္ရွင္ ေသၿပီး မာန္က ေၾကာင္ေလးကို ေခၚထားလို႔ အဲ့ေၾကာင္ပိုင္ရွင္ ၀င္ပူးေနတာျဖစ္ရမယ္...ဒီည ငါနဲ႔ေတြ့ၾကေသးတာေပါ့...သရဲစုတ္ သရဲနာ...မင္းကမ်ား ငါ့မာန္ကို ၀င္ပူးရဲတယ္ေပါ့"
*********************************
#24.11.2023
#🍁Moe Kyal Phyu🍁