A Starry Night in Paris

By Rion___99

9.9K 630 7

" ဒီမိန်းကလေးက Jennie Ruby Jane ကို နှလုံးသားတစ်ခု ပေးအပ်ချင်ပါတယ် ဒီနှလုံးသားကို Jennie Ruby Jane လက်ခံပါသလာ... More

Part- 2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part- 9
Part- 10
Part- 11
Part- 12
Part- 13
Part- 14
Final Part

Part- 1

2K 79 0
By Rion___99

အချစ်ဦးဆိုတာ Lisa အတွက်တော့ စွဲစွဲလမ်းလမ်း ရူးခဲ့တာ​တောင် နောက်တစ်ကြိမ် ပြန်မဖတ်တော့မဲ့ ဂန္တဝင် စာအုပ်တစ်အုပ်.....

စာမျက်နှာတိုင်းမှာ ရင်ခုန်ခဲ့ရဖူးလို့
မှတ်ဥာဏ်နဲ့ နှလုံးသားရဲ့ တစ်နေရာမှာ အထူးကြိုက်ခဲ့တဲ့ စာသားတွေကို သိမ်းထားချင် သိမ်းထားမယ်

လှုပ်ရှားနေတဲ့ နာရီတွေမှာ အမှတ်တမဲ့ သတိရ စရာလေးတွေကြောင့်
တိုက်ဆိုင်တဲ့ စာသားလေးတွေကို တမ်းတမ်းတတ ရွတ်ချင်ရွတ်မိမယ်
ဘယ်သောခါမှတော့ အဲ့ဒီ ဂန္တဝင်စာအုပ်ကို နောက်တစ်ကြိမ် ပြန်ဖွင့်မှာ မဟုတ်ဘူး.......

မေ့ပစ်ဖို့လဲ ခက်ခဲခဲ့ပါတယ်
အဆုံးမရှိတဲ့ အချစ်ကဗျာတွေ ကိုယ်တိုင်ရေးဖို့အတွက် Diary book လေးတစ်အုပ်ကိုဘုရားသခင်က မချီးမြောက်ခင်အထိ ဆိုပါတော့။ ။

Soo တားနေသည့်ကြားမှ Lisa အလုပ်တွေပစ်ကာ Paris ကို ထွက်လာခဲ့တယ်။Paris ကိုထွက်မလာခင်ဟာ Soo ရဲ့ နာမည်ကိုလည်း နောက်ဆုံးအကြိမ် အမြတ်တနိုး သုံးခဲ့တယ်ဆိုတာ Lisa လည်း ကြိုမသိခဲ့ပါဘူး။

" အတွင်းရေးမှူး Cha ကို booking ယူခိုင်းထားတာ ၊ Hotel က ? "

" Le Bristol ပါ Lisa , အဆင်မပြေတာများ ရှိလို့လား "

Lisa ခေါင်းခါလိုက်တာကို ​မှန်ထဲမှတစ်ဆင့် သူမြင်လိုက်နိုင်ပါတယ်။အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာတော့ အချိန်က အပိုအလိုမရှိ ကိုက်ညီလျက်။လေယာဥ်ထွက်ခွာချိန်မှာ မျက်လုံးတွေကို စမှိတ်လိုက်တော့ NaEun လေးက အမြင်အာရုံထဲမှာ ပျော်ရွှင်ရယ်မောလျက်။တကယ်ဆို ဒီခရီးကို NaEun လေးကိုပါ ခေါ်ချင်ခဲ့တာ။NaEun လေးက လိုက်ချင်သည့်တိုင် Soo က မထည့်။ဒါကြောင့်လည်း Soo နဲ့ စကားများခဲ့ရသေးသည်။Lisa ပွေ့မသိပ်ရင်မှ မအိပ်တတ်တဲ့ NaEun လေးအတွက် Soo နဲ့ နေခဲ့ရတာ ခက်ခဲနေမှာသာ စိုးရိမ်မိတာပါ။Sooက သူ့ထက် NaEun လေးကို အများကြီး ပိုချစ်ပေးနိုင်တဲ့သူပါ။ဒါကြောင့် Lisa လည်း အများကြီး မစိုးရိမ်တော့။

Paris ကို Soo နဲ့ NaEun လေးမပါဘဲ ထွက်လာတာ ဒီနှစ်ရဲ့ ပထမဆုံး အကြိမ်ပဲ။ခါတိုင်းဆို Soo မလိုက်နိုင်တောင် NaEun လေးတော့ ပါနေကျမလား။Hotel ပြန်ဖို့
Eiffel Tower ရဲ့ ပထမထပ်ကနေ ပြန်ဆင်းလာခဲ့သည်။Jack ရဲ့ dinnerကိုလည်း ဂုဏ်ပြုဖို့အတွက် ခဏရောက်ရုံဆိုသာ။

" အွတ် .....ရား......."

Eiffel Tower ရှေ့မှာ လျပ်စီးလို ပြေးလာတဲ့ ပုံရိပ်ကြောင့် Lisa ဘေးကို ယိမ်းလိုက်ပေမဲ့ ပုခုံးနဲ့ ပွတ်တိုက်ပြီး Lisa အနည်းငယ် ယိုင်သွားသည်။ ပြေးလာတဲ့ မိန်းကလေးကတော့ သက်သက်သာသာ လဲမကျ။

"လူမဟုတ်တဲ့ကောင် "

Lisa ဂရုမစိုက်ဘဲ ထွက်သွားဖို့ လုပ်တာကြောင့် ဆဲခံလိုက်ရသည်။ဒါကြောင့် ပြန်လှည့်လာပြီး ဆွဲထူလိုက်သည်။ဖြူဖြူသေးသေး ကောင်မလေးရဲ့ နဖူးထောင့်မှာ သွေးစရဲရဲလေး ။ ဖွေးဥနေတဲ့ နဖူးသားလေးနဲ့ ယိုစီးကျနေတဲ့ သွေးစလေးတွေ။နာကျင်စရာကောင်းပေမဲ့ ငေးကြည့်ချင်လောက်အောင် ပန်းချီဆန်နေတယ်။ဒါက ခန္ဓာကိုယ်ရဲ့ တစိတ်တပိုင်း သေးသေးမွှားမွှား အလှတစ်ခုပဲ ရှိသေးတယ်။

" ရော့ သုတ်လိုက် မင်းနဖူး နည်းနည်းပေါက်သွားတယ် "

အမြဲဆောင်ထားတဲ့ လက်ကိုင်ပဝါလေးကို ပေးတော့ အကြမ်းပတမ်း ယူပြီး သုတ်သည်။နဖူးက ဒဏ်ရာက ထင်ထားတာထက် များတာပဲ။သွေးတွေက စောစောကထက် ပိုထွက်လာသလို။

" သွေး.....သွေးတွေ.... "

" ဟာ ဟေး...."

သုတ်လိုက်တဲ့ လက်ကိုင်ပဝါမှာ စွန်းထင်းသွားတဲ့ သွေးတွေကို ကြည့်ပြီး ရှေ့က မိန်းကလေးက မေ့လဲသွားတော့သည်။မေ့လဲချင်လည်း မေ့လဲချင်စရာပါ ။အစွန်းအထင်း သွေးက မြင်မကောင်း။

ရေချိုးပြီး ညအိပ်ဝတ်စုံ လဲပြီးတော့ ဖြူလုံးလေးက သတိပြန်ရနေပြီ။Lisa ရဲ့ ခုတင်ပေါ်မှာ ထိုင်ပြီး မနက်က Lisa ဖတ်ထားတဲ့ မဂ္ဂဇင်းစာအုပ်ကို ဖတ်နေလေသည်။

" သတိရလာပြီပဲ "

နဖူးက ဒဏ်ရာကို ပလာစတာ ကပ်ပေးထားတာမို့ သွေးမထွက်တော့။နဖူးထောင့်မှာ အဖြူရောင် ပလာစတာကြီးနဲ့ ။ရယ်ဖို့မကောင်းဘဲ တစ်မျိုးချစ်ဖို့ ကောင်းနေခဲ့တယ်။

"ကိုရီးယားက လာတာလား "

" အင်း "

သူရှေ့မှာ ဝင်ထိုင်ရင်း အဖျားရှိမရှိ နဖူးကို စမ်းဖို့ ရှေ့တိုးသွားတော့ နောက်ကို ကိုယ်လေး ယို့သွားတယ်။မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး

" ရတယ် ငါ အဆင်ပြေတယ် "

" Lisa "

" Jane "

Lisa ခေါင်းငြိမ့်ပြပြီး သူ့နာမည် မိတ်ဆတ်လိုက်တယ်။မိန်းကလေးကလည်း ယဥ်ကျေးစွာ တုန့်ပြန်လာတယ်။Lisa ဝရန်တာဘက် ထွက်လာတော့ သူလည်း နောက်က ကပ်ပါလာတယ်။ပြန်သင့်နေပြီ မဟုတ်လား။Lisa က ပြန်လို့ ပြောရမလား။လူ့ယဥ်ကျေးမှု နယ်ပယ်မှာ Lisa ညံ့ဖျင်းပါသည်။

" ကြယ်တွေစုံမဲ့ညပဲ "

" starry night "

Lisa ပြောတော့ Jane က ခေါင်းငြိမ့်တယ်။

" ကြယ်တွေစုံတဲ့ ညဆို Eiffel Tower ပေါ်ကနေ ငေးကြည့်လို့ သိပ်ကောင်းတာ ၊ Paris ရဲ့ starry night ကို နင် ကြုံဖူးလား"

Lisa ခေါင်းရမ်းပြတော့ Jane က တစ်ခုခု စဥ်းစားမိသွားပုံရတယ်။

" ဒါဖြင့် ရှင့်ကို ကိုရီးယား မပြန်ခင် Paris ရဲ့ Starry Night ကို ပြသပေးချင်တယ် ငါ့ကို ကူညီထားတဲ့ ကျေးဇူး ပြန်ဆပ်သည့် သဘောပေါ့ "

ကောင်းကင်ကို Lisa ကြည့်လိုက်တယ်။
ကြယ်တွေကို ငေးကြည့်နေတဲ့ Jane မျက်ဝန်းတွေက တောက်ပရွှန်းလဲ့နေလိုက်ကြတာ Lisa သိပ် သဘောကျတာပဲ။Eiffel Tower ရဲ့ အပေါ်ဆုံး အထပ်ကို Lisa တို့ တက်လာခဲ့ကြတယ်။Jane က ဂီတာတစ်လက် ယူခဲ့တယ်။ကြယ်တွေစုံတဲ့ညဆို သူ သိပ်ဂီတာတီးချင်တာတဲ့လေ။အပေါ်ထပ် ရောက်ရောက်ချင်းပဲ Lisa တို့ ကောင်းကင်ကို အရင်ငေးကြတယ်။ကြယ်တွေပြည့်နှက်နေလိုက်တာ ။Jane က ဂီတာ စတီးတယ်။Lisa လို ဂီတာ မတီးတတ်တဲ့ လူအဖို့ ဒါက သိပ်ကို သဘောကျစရာ။သောက်စရာ ပုလင်းတစ်ချို့လည်း ပါလာတာမို့ Lisa Jane ကို တစ်ပုလင်းပစ်ပေးလိုက်သည်။

" နာမည်က Lisa ပဲလား "

" Lalisa Manobam "

" Bam "

Jane ရဲ့ နှုတ်က စကားလုံးလေးနဲ့ လက်က ဂီတာကြိုးမျှင်ကို ထိလို့ ထွက်ပေါ်လာတဲ့ အသံဟာ တစ်ချိန်တည်း။

" Paris ကို ဘာလာ လုပ်တာလဲ "

" ခဏ ထွက်ပြေးလာတာ "

" ခဏ ထွက်ပြေးတယ်ဆိုတော့ ပြီးရင် ပြန်သွားရမှာပေါ့ "

Lisa အသက်မဲ့စွာ ပြုံးလိုက်တယ် ။ပြီးတော့ ကြယ်တွေကို တလှည့် Jane ကို တလှည့် ငေးကြည့်ပြီး

" ရအောင်ရုန်းထွက်မှာပါ "

Jane ကို ပြောပြီး လက်ထဲက ပုလင်းကို မော့လိုက်တယ်။

" မင်း သီချင်းဆိုတတ်ရင် ကိုယ့်​ကို ဆိုပြနိုင်မလား "

Jane က ခေါင်လေးရမ်းကာ ပြုံးတယ် ။

"ဒါက ငါသဘောကျရတဲ့ လူတွေကိုပဲ သီချင်းဆိုပြတတ်တယ် "

" ဟုတ်လား သူတို့က ကံကောင်းတဲ့ သူတွေ ဖြစ်မှာ "

Lisa တိုးတိတ်စွာ ပြောလိုက်တယ်။Jane ကြားနိုင်မှာပါ ။

" အင်း ဒီအချိန်ထိတော့ အဲ့လူက appa ပဲ ရှိသေးတယ် "

ဘာရယ်မဟုတ် Lisa ပြုံးမိသွားတယ်။Jane ကို ကြည့်လိုက်တော့ သူ့ကို ငေးကြည့်နေပြီး သူ ​လှည့်ကြည့်မှ ဂီတာကို ရောက်တတ်ရာရာ တီးလိုက်တယ်။

" မင်း သဘောကျအောင် ကိုယ် ဘယ်လိုလုပ်ပေးနိုင်လဲ Jane "

ဆတ်ခနဲ လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေက လွတ်လပ်မှု တစ်ခု။ပင်ပမ်းသမျှကို အင်အားဖြည့်ပေးတဲ့ ညတာရဲ့ အိပ်စက်မှုလို ဖြူစင်စွာ မက်မောချင်စရာ။

" Lisaကို သီချင်းဆိုပြရဖို့ အတွက်လား"

Lisa ခေါင်းငြိမ့်လိုက်တယ်။

" ပြုံးပြ "

" ဟမ် "

" စောစောက နင်ပြုံးလိုက်တာ သိပ်လှလို့လေ "

အခု သူ့ကို တကူးတကကြီး ပြုံးခိုင်းနေတာလား။အဲ့တာ ဘယ်လောက် ကြောင်တောင်တောင် နိုင်လိုက်လဲ။

" ကဲပါ Lisaက ချွင်းချက်အနေနဲ့ ဆိုပြပါ့မယ် "

Lisa ကိုယ်တိုင် သတိမထားဘဲ ပြုံးပြလိုက်တယ်။ဂီတာကြိုးမျှင်တွေပေါ် လက်ချောင်းလေးတွေ ခတ်ရင်း Jane က သူ့ကို ကြည့်လာတယ်။ကြယ်တွေကို ငေးရင်း ပုလင်းလေးကို တစ်ချက်လှုပ်ကာ မော့ပြီး ဘဝရဲ့လွတ်လပ်မှုမှာ စိတ်လွတ်ကိုယ်လွတ် စီးမျောမိတယ်။

- My hands, your hands ~
- Tied up like two ships
Drifting, weightless
Waves try to break it
-I'd do anything to save it
-Why is it so hard to save it?

One driection ရဲ့ strong. ကြယ်တွေပိုလင်းလာသလိုပဲ။Paris မြို့ရဲ့ အလှကို Eiffel Tower ရဲ့ အမြင့်ဆုံးအထပ်ကနေ ငေးကြည့်ရတဲ့ ရင်ခုန်မှုက Jane ရဲ့ ဂီတာသံစဥ်တွေနောက် လိုက်ပါသွားတယ်။

My heart, your heart
Sit tight like bookends
Pages between us
Written with no end
So many words we're not saying
Don't wanna wait 'til it's gone
You make me strong

Lisa လည်း Jane နဲ့အတူ ခပ်ဖွဖွလိုက်ရွတ်ရင်း ဘယ်ဘက်ရင်အုံက တဒုန်းဒုန်း ဆောင့်ခုန်နေတယ်။သူ့လက်တွေ တုန်နေရီတယ်။ကြယ်တွေကို ငေးလိုက် Jane ကို ငေးလိုက်နဲ့ ပြုံးနေမိတယ်။မနက်ဖြန်ဆို သူ ပြန်ရတော့မှာ တွေးမိတော့ Jane ကို ထပ်တွေ့ခွင့်မရတော့ဘူးပဲ။ခေါင်းကို ခါယမ်းလိုက်ပြီး ပုလင်းထဲက အရည်ကုန်အောင် မော့လိုက်တော့ ခေါင်းထဲရီဝေဝေ။Jane ရဲ့ သီချင်းသံလေးနဲ့ ဂီတာသံလေးသာ ကမ္ဘာမှာ တည်မြဲနေတော့တယ်။

I'm sorry if I say, "I need you"
But I don't care, I'm not scared of love
'Cause when I'm not with you, I'm weaker
Is that so wrong? Is it so wrong
That you make me strong?

တလောက လုံးငြိမ်သက်နေတယ်။အမှန်တကယ် ငြိမ်သက်နေတာ။Jane က ဂီတာကို ဘေးချလိုက်ပြီး ပုလင်းကို ဖွင့်ကာ သောက်ရင်းနဲ့ သူ့ကို မျက်ခုံးပင့်တယ်။Lisa ခေါင်းရမ်းလိုက်တယ်။

" Jane ကိုယ့်ကို ပုံပြင်စာအုပ်ထဲကို ဆွဲခေါ်သွားတာလား "

Jane က ဟက်ဟက်ပက်ပက် ရယ်တယ်။
Jane က သူ့ကင်မရာသေးသေးလေးနဲ့ နှစ်ယောက်ပုံကို ဖြတ်ခနဲရိုက်လိုက်တယ်။

" အမှတ်တရလေ "

သူ့ဘာသာ ပြောပြီး ရယ်နေရဲ့။Lisa ဆုတောင်း ပြည့်သွားသလိုပဲ။Jane က စိတ်လှုပ်ရှားစွာ တစ်ချက်အော်လိုက်တယ်။ဟုတ်ပါရဲ့။လျှပ်စစ်တွေမီးပျက်တောက်သွားမှ ကြယ်တွေပိုလင်းသွားသလားလို့။ကြယ်တွေနဲ့လည်း ပိုနီးသလို ခံစားရတယ်။
စကားတွေ ရောက်တတ်ရာရာ ပြောကြပြီး Paris ရဲ့ Eiffel Tower ပေါ်မှာ Adele ရဲ့ rolling in the deep ကို နှစ်ယောက်သား ဂီတာမပါပဲ ဆိုမိကြတယ်။ရယ်မောကြတယ်။Jane နဲ့ နှစ်တွေ အကြာကြီးရင်းနှီးခဲ့သူလို ခံစားရတယ်။Lisa က အမူးဒဏ်ခံနိုင်သူ မဟုတ်တော့ နောက်ပိုင်း ရီဝေဝေနဲ့ ဝေဝါးလာတယ်။Lisa သိတာကတော့ Jane က ရယ်သံချိုချိုလေးနဲ့ မျက်လုံးတွေက ​ရွန်းလဲ့ပျော်ဝင်လျက်။သိပ်ကိုလှတဲ့ နတ်သမီးတစ်ပါး Lisa ရှေ့ ရောက်နေတယ် ထင်ပါရဲ့။နောက်တော့ ချိုမြိန်တဲ့ အထိတွေ့လေး။Lisa Jane ကို နမ်းလိုက်တာလား။ခုချိန်မှာ ဒီအတွေ့လေးမှာပဲ Lisa အာရုံကြောတွေ သွေးကြောတွေမှာ ခုန်ပေါက်နေတယ်။

Jane က သူ့လက်ကို ဆွဲပြီးပြေးတယ်။Eiffel Tower ပေါ်မှာ မဟုတ်တော့ဘဲ Eiffel Tower ကြီးရဲ ရှေ့မှာ ဖြစ်နေတယ်။ရှေ့က ပြေးနေတဲ့ Jane က ပေါ့ပေါ့ပါးပါး ရယ်မောနေတယ်။နောက်တော့ မခံရပ်နိုင်စွာ လမ်းဘေးမှာ Lisa ထိုးအန်ပါလေရော။ခေါင်းကစောစောကလို မလေးပင်တော့ဘဲ အမြင်အာရုံဟာ နည်းနည်းကြည်လင်လာတယ်။

" အမူးပြေသွားပြီ မလား"

Jane ရဲ့ မေးသံ ။Jane ရဲ့ အပြုံး။တလောကလုံး အမှောင်ကျသွားတယ်။နောက်ဆုံး ကြားလိုက်ရတာက နတ်သမီးလေးရဲ့ အသံစွာစွာလေး ။

" ရား ! Lalisa "

®
" မကြာခင် အချိန်အတွင်းမှာ...." ဆိုတဲ့ လေယာဥ်မယ်ရဲ့ စကားအစချီသံနဲ့ Jennie ရင်ခုန်သံတွေမြန်လာတယ်။မှန်ကနေ တစ်ဆင့် လှမ်းကြည့်မိတယ်။နောက်ဆုံးတော့ ဒီမြေကို တစ်ခေါက် ပြန်လာရပြီပေါ့။မူးမူးတူးတူးလေးနဲ့ ယိမ်းထိုးနေတဲ့ ကောင်မလေးကို သတိရတော့ ပြုံးလိုက်မိပြန်တယ်။လေယာဥ်ပေါ်ကဆင်းလာတော့ လူအုပ်တွေထဲမှာ Elice ပြောတဲ့ လူကို ရှာကြည့်မိတယ်။ Jennie ကို ရှာနေတဲ့ပုံ တစ်ဦးမျှ မတွေ့ရတာနဲ့ တစ်ယောက်တည်းပဲ ထွက်လာခဲ့တယ်။

" အ့ "

" တောင်းပန်ပါတယ် အလျင်လိုနေလို့ပါ "

ဝင်တိုက်ပြီး တောင်းပန်စကား အပြေးအလွှားဆိုသွားတဲ့ မိန်းကလေးကို Jennie မျက်ထောင့်ကပ်ကာ ကြည့်လိုက်ပြီး တစ်ချက်ဆဲလိုက်တယ်။Elice ပြောတဲ့ သူ့ညီမက လာကြိုမဲ့ပုံ မပေါ်တာနဲ့ ကားတစ်စီးငှားကာ လိပ်စာပြကာ ကိိုယ့်ဘာသာကိုယ် သွားလိုက်တော့သည်။လိပ်စာအရ အိမ်ရှေ့ရောက်တော့ တံခါးပိတ်ထားသည်လေ။ဟုတ်ကော ဟုတ်ရဲ့လားဟု တွေဝေမိပြီး Elice ကို ဖုန်းဆက်ရမလား စဥ်းစားမိတယ်။ဒါမှမဟုတ် သူ လာမယ်လို့ Elice ပြောထားတဲ့ စကားကို အလေးမထားတာလား။

စိတ်ထွေစွာနဲ့ပဲ Luggage ဘေးချကာ အိမ်ရှေ့မှာ ထိုင်နေမိလိုက်တော့တယ်။ခုမှ သူ့ပုံက ပုံစံတစ်ခုနဲ့ သနားစရာကောင်းလာသလို။နာရီဝက်လောက် စောင့်လိုက်ရပြီး အိမ်ရှေ့မှာ ကားတစ်စီး ရပ်လာတယ်။ကားပေါ်က ဆင်းလာတဲ့သူက လေဆိပ်မှာ ဝင်တိုက်ခဲ့တဲ့ မိန်းကလေးပဲ။

" ဒီက Jennie Ruby Jane လား "

" ဟုတ်တယ် Alice ညီမဆိုတာလား "

" ဟုတ်ကဲ့ ၊ လွဲချော်သွားတဲ့ အတွက် တောင်းပန်ပါတယ် အရေးကြီးတဲ့ အလုပ်လေးကြောင့် နောက်ကျသွားတာပါ "

" ရပါတယ် "

" Park Chae Young "

Jennie ခေါင်းငြိမ့်ပြကာ သူဖွင့်ပေးတဲ့ အိမ်ထဲ ဝင်လိုက်သည်။နှစ်ထပ်ရှိပြီး Chae young က အောက်ထပ်က အိမ်လေးထဲ ခေါ်လာတာ။သန့်သန့်ရှင့်ရှင်း သပ်သပ်ရပ်ရပ်လေး။

" ဒီအောက်ထပ်က ကျွန်မနေတာ
Jennie အတွက် အပေါ်ထပ်ကို ပြင်ဆင်ထားတယ် "

" အပေါ်ထပ်ကို ငှားနေမဲ့အကြောင်း Alice က ပြောထားသလား "

" Alice က Jennie ကို မငှားရဘူးတဲ့ "

" ဘယ်အချိန်အထိ နေမလဲ မပြောတတ်ဘူး ဒါကြောင့် ငှားမှ ဖြစ်မယ် မငြင်းပါနဲ့ ဒါမှ နေတတ်လို့ပါ "

Chae Young က ခေါင်းငြိမ့်ပြကာ အပေါ်ထပ်ကို လိုက်ပို့တယ်။အခန်းလေးက ကျယ်တဲ့အပြင် ခေါင်မိုးထပ်လည်း ရှိသေးတယ်။Chae young က နှုတ်ဆက်ကာ ထွက်သွားတော့ အနောက်ဘက်က တောင်တန်းစိမ်းစိမ်းနဲ့ ကွင်းပြင်ကို ပြတင်းတံခါးဘောင်ပေါ် ​လက်ထောက်ပြီး ငေးကြည့်မိတယ်။

"ကျွန်မ ရောက်လာပြီ Bam "

_______________♥_______________

12: 00 PM
26/11/23

Continue Reading

You'll Also Like

44.3K 3.2K 30
မောင်ကလေ အဓိပ္ပါယ်တွေနက်နဲနေတဲ့ကဗျာလေး တစ်ပုဒ် ။ အပေါ်ယံဖတ်ကြည့်လိုက်ရင်တော့ ဘာမွ နားမလည်လိုက်သလိုဘဲ ဒါပေမဲ့လေ အချိန်ယူပြီးဖတ် ကြည့်ရင်တော့ တွေးလေလေ...
1M 38.4K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
739K 16.6K 45
In wich a one night stand turns out to be a lot more than that.
291K 22.5K 76
IDOLကိုအရမ်းချစ်မိသွားတဲ့Fan Girlလေးနဲ့ခပ်ချေချေIDOL Girlလေးကြားကအချစ်ဇာတ်လမ်းလေးတစ်ပုဒ်