အပိုင်း (၉၈) ချောင်မိသားစု၏ အလည်ပတ်ရောက်ရှိလာမှု
ပိုင်လီသည် စိတ်ကူးယဥ်ဆန်ဆန် လှပနေသည့်စပျစ်သီးလေးများကို ကြည့်လိုက်ပြီး ထိုစပျစ်သီးခိုင်လေးများက စင်များ၏အောက်တွင် အစီအရီတွဲလောင်းကျနေခဲ့ပေသည်။
ဒီအသီးတွေက ပိုင်လီ အရင်ကစားဖူးသမျှ စပျစ်သီးတွေထက် ပိုကြွပ်ဆတ်ပါတယ်။ ဒါကြောင့်လည်း သူက ကျန်းချင်ကို ဒီအသီးတွေက မြန်မြန်နှင့်အမှည့်လွန်သွားမည် မဟုတ်ကြောင်း ပြောခဲ့ခြင်းသာပင်။
သူ ဒီစပျစ်နွယ်ပင်တွေကို တွေ့ခါစတုန်းဆိုရင် စားလို့ရတဲ့ မှည့်နေတဲ့အသီးက တစ်လုံးတစ်လေသာကျန်တော့ပြီး အများစုမှာ စိမ်းတောက်နေသည့် အသီးတွေသာဖြစ်ခဲ့၏။ ပိုင်လီက ဒီလိုမျိုးစိတ်ကို သူ့အရင်ဘဝမှာ မတွေ့ဖူးတဲ့အတွက် အသီးသီးချိန်က ဘယ်လိုလည်ပတ်နေသလဲဆိုတာကို မသိခဲ့ပါဘူး။
သူက အဲဒီအစိမ်းသီးတွေကိုရော မထိခိုက်အောင်သယ်လာခဲ့၍ စင်ထိုးပေးထားခဲ့ကာ ယခုမှာထိုအသီးများက မှည့်လာခဲ့ခြင်းသာဖြစ်သည်။
ကျန်းချင်ကတော့ ပိုင်လီပြောတာကိုကြားပေမယ့် သူက အနည်းငယ်စိုးရိမ်နေတုန်းပါပဲ။ သူက ဒီအသီးတွေ စတင်အရောင်ပြောင်းလာထဲက ခူးဆွတ်ချိန်ကျော်သွားမှာကို စိုးရိမ်နေခဲ့တာဖြစ်ပြီး ယနေ့ကဲသို့ အသီးများက ကွဲထွက်မတတ်တင်းပြောင်နေပြီး အရောင်က အတောက်ပဆုံးသို့ ရောက်လာသောအခါတွင် သူ့နှလုံးသားက အပြင်သို့ခုန်ထွက်တော့မလို ဖြစ်နေခဲ့ရသည်။
ဘာကြောင့်လဲဆိုတော့ သူက လတ်တလောတွင် သစ်သီးခြံရဲ့ တာဝန်ခံဖြစ်နေပြီး ပိုင်လီက သူ့ကိုဒီနေရာပေးတုန်းမှာ သစ်သီးခြံ၏တာဝန်ခံသည် သစ်သီးပင်များ၏အကြောင်းကို သိအောင်လေ့လာသင့်သည်ဟု ပြောခဲ့၍ပင်။ ဒါကြောင့်သူက ဒီစပျစ်သီးတွေရဲ့နေ့စဥ်နဲ့အမျှ ပြောင်းလဲမှုကို စောင့်ကြည့်နေခဲ့ပြီး အပြင်ဘက်မှာလည်း စပျစ်သီးတွေရဲ့သတင်းကို လက်လှမ်းမှီသလောက် စုံစမ်းနေခဲ့ကာ ရလဒ်မှာတော့ စပျစ်သီးများသည် တော်ဝင်မိသားသာဝယ်စားနိုင်သည့် အဖိုးတန်ဆုံးသော အသီးများဖြစ်ကြောင်း သိခဲ့ရ၍ ခြံထဲက စပျစ်ပင်များပေါ်ထားသော သူ၏သဘောထားက ပို၍လေးနက်လာခဲ့လေသည်။
သူ့မျက်လုံးထဲမှာတော့ ဒီအသီးတွေက သစ်သီးတွေမဟုတ်ပဲ ကျောက်မြတ်ရတနာတွေလိုပါပဲ။
ပိုင်လီက စိတ်လှုပ်ရှားနေသည့် ကျန်းအိမ်၏အငယ်ဆုံးသားကိုကြည့်ကာ ပြုံးမိပေသည်။
သူက အစတုန်းက ဒီနေရာကို ကျန်းချင်အတွက်ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူမထင်ထားတာက မြေကွက်ဝယ်ပြီးနောက်နေ့ သူ့ထံအလုပ်လာတောင်းသူများထဲတွင် ဒီကောင်လေးကျန်းချင်ကပထမဆုံးဖြစ်နေလိမ့်မည်ဟုပင်။
ကျန်းချင်က နွေဦးမှာ ကျောင်းပြန်မတတ်ရရေးအတွက် ပိုင်လီက သူ့ကိုအလုပ်ပေးဖို့ မျှော်လင့်ခဲ့ကာ သူ့အနေနဲ့ ကျောင်းကို လုံးဝပြန်မတတ်ချင်ဘဲ ရွာမှာပဲနေချင်နေ၍ ပိုင်လီထံ၌ အလုပ်ကောင်းကောင်းရပါက သူ့မိဘတွေက သူ့ကိုကျောင်းပြန်မထားဖို့ ဖြစ်နိုင်သည်ဟုပြောလာခဲ့ခြင်းဖြစ်သည်။
ပိုင်လီမှာ အရင်ကတော့ ကျန်းချင်ကို ပိုင်ဝူနဲ့အတူကျောင်းပြန်တတ်စေချင်ပေမယ့် ထိုကောင်လေးကတကယ်ကြီး ကျောင်းမတတ်ချင်နေတာကို မြင်သည့်အခါ သူကလည်း ကူညီရုံသာတက်နိူင်တော့မည်ပင်။ ဒါက သူ့ရဲ့ အနာဂတ်ယောက်ဖလောင်းလေးပဲလေ။
ပြီးတော့ ကျန်းချင်က ကျောင်းတတ်ဖူးလို့ စာလည်းရေးတက်ဖတ်တတ်ရှိနေတော့ သစ်သီးခြံရဲ့တာဝန်ခံနေရာနဲ့သင့်တော်ပါတယ်။
ထို့ကြောင့် ကျန်းချင်သည် သစ်သီးခြံ၏တာဝန်ခံဖြစ်လာပြီး ဝမ်မိသားစုအတွက်ကတော့ စပျစ်ပင်တွေစစိုက်ထဲက ရောက်လာကျကာ အလုပ်အကြောင်း လာပြောခဲ့ကျသဖြင့် ပိုင်လီမှာ ရှောင်ဟန်ထိခိုက်ခဲ့သည့်ကိစ္စနှင့်ပတ်သတ်၍ မကျေနပ်သော်လည်း ဝမ်ရူအပေါ်အားနာသည့် စိတ်ကလည်းရှိနေ၍ သူတို့အား သစ်သီးခြံ၏ ပင်တိုင်အလုပ်သမားများအဖြစ် ထားပေးခဲ့လိုက်သည်။ အခုချိန်မှာ သစ်သီးခြံက အလုပ်သိပ်မရှိသေးပါဘူး။ သို့သော် ပိုင်လီသည် စကားတွေအများကြီးပြောမနေချင်၍ ဝမ်မိသားစုမှ လူနှစ်ယောက်အား တစ်ရက်လျှင် ကြေးပြားငါးဆယ်စီနှင့် အလုပ်ပေးထားခဲ့လိုက်တာဖြစ်သည်။
ဒါပေမယ့် ဒီနေ့စပျစ်သီးတွေခူးမှာမှန်းသိနေတာတောင် ဝမ်မိသားစုကလူတွေရဲ့အရိပ်ယောင်ကို မတွေ့ရသေးတာကတော့ စိတ်ပျက်စရာပါပဲ။
ဒီနေ့တင်မဟုတ်ဘဲ ပိုင်လီ ခြံကိုလာကြည့်ချိန်တိုင်းတွင် ဝမ်မိသားစုမှ ဝမ်လေကိုသာ တစ်ခါတစ်ရံ တွေ့ရတတ်ပြီး တွေ့ရသည့်အချိန်တိုင်းတွင်လည်း ကျန်းချင်ကသာ အလုပ်ကြိုးစားနေခဲ့တာဖြစ်သည်။
ထိုကောင်လေးက သစ်သီးတွေစမှည့်လာချိန်ထဲက အိမ်ကိုတောင်မပြန်တော့ပါဘူး။ သူက ညဆို ခြံနဲ့နီးတဲ့ကျွဲအိမ်မှာ သွားအိပ်တတ်ကာ တစ်ရေးနိုးလျှင်တောင် စပျစ်သီးတွေကို ဥစ္စာခြောက်စွာသွားစစ်တတ်ကြောင်း ရုံမိသားစုကပြန်ပြောသဖြင့် ပိုင်လီက ကျန်းချင်ကို တာဝန်ခံနေရာပေးခဲ့သည့်အပေါ် တော်တော်လေးကျေနပ်ခဲ့ရသည်ပင်။
ဒီကောင်လေးက စာမကျက်ချင်တာရယ်၊ ကလေးဆန်ပြီး စပ်စပ်စုစုစိတ်လေး များတာရယ်ကလွဲရင် အလုပ်ကြိုးစားချင်စိတ် အပြည့်ရှိတဲ့ လူငယ်လေးတစ်ယောက်ပါပဲ။
ပိုင်လီက သူ့ဘေးက ရှောင်ဟန်ကိုကြည့်လိုက်တော့ ထိုကောင်လေးကလည်း ကျန်းချင်ကဲ့သို့ စပျစ်သီးခိုင်များကို စိတ်လှုပ်ရှားစွာကြည့်နေကြောင်းတွေ့လိုက်ရသဖြင့် မေးလိုက်သည်။
"ရှောင်ဟန် ဒီစပျစ်သီးတွေကို မင်းဘယ်လိုထင်လဲ"
ဒါကိုကြားတော့ ရှောင်ဟန်မှာ မဝံ့မရဲနှင့်ပြန်ဖြေလာ၏။
"ကျွန်တော်ထင်တာ တော်တော်လေးလှလားလို့ပါ"
ရှောင်ဟန်က စပျစ်ပင်တွေစိုက်ပြီးခါစမှာ တစ်ခေါက်ရောက်ပြီးပေမယ့် ထိုအချိန်တုန်းက စပျစ်သီးများသည် အစိမ်းရောင်အနေနှင့်သာ ရှိနေသေးတာဖြစ်သည်။ အခုတော့ စပျစ်သီးတွေရဲ့အရောင်က ခရမ်းနုရောင်တောက်တောက်လေးနဲ့ အရမ်းလှနေပါတယ်။ စင်ပေါ်ကနေ စပျစ်ခိုင်လေးတွေများစွာ ကျနေပုံကလည်း တော်တော်လေး ကြည့်လို့ကောင်းလှတယ်။
ပိုင်လီမှာ ရှောင်ဟန်စကားကို ထောက်ခံလိုက်ပြီးနောက် သူက အနား ရှိစပျစ်သီးတစ်ခိုင်ကို လှမ်းခူးလိုက်၍ ရှောင်ဟန်ကိုလှမ်းပေးလိုက်ကာ ပြောလိုက်သည်။
"အရောင်က တကယ်ကြည့်ကောင်းတာ အရသာကလည်းမဆိုးဘူး မင်းမြည်းကြည့်သင့်တယ်"
ရှောင်ဟန်မှာ အရင်ကလောက် ပိုင်လီကို ကြောက်ရွံ့ခြင်းမရှိတော့ပေ။ ဒါကြောင့် သူက ပိုင်လီလှမ်းပေးတဲ့ စပျစ်ခိုင်လေးကို အသာလှမ်းယူလိုက်ပြီး တစ်လုံးကိုစားကြည့်လိုက်၏။
ကြွပ်ဆတ်သောအသီးလေးသည် ရာသီဥတုကြောင့် အေးမျှနေပြီး အရသာချဥ်ချဥ်ချိုချိုလေးက သူကိုကျေနပ်စွာပြုံးမိစေသည်။ ရှေ့ကကောင်လေးရဲ့ အပြုံးကိုမြင်ချိန်မှာ ပိုင်လီရဲ့မျက်ဝန်းတွေက နူးညံ့မှုတွေနဲ့ ဖုံးလွှမ်းသွားပါတော့တယ်။
သူကမမေးဘဲလည်း မနေနိုင်ပဲ...
"ဘယ်လိုလဲ အရသာကကောင်းတယ်ထင်လား"
ရှောင်ဟန်သည် ပျော်ရွှင်စွာပင် ခေါင်းငြိမ့်ခဲ့လိုက်သည်။
"အွန်း အရမ်းစားလို့ကောင်းတယ်"
အမှန်တိုင်းဝန်ခံရရင် ရှောင်ဟန်က အနည်းငယ်ပျော်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူနဲ့ပိုင်မိသားစုက ပိုင်လီက စပျစ်နွယ်တွေကို တောထဲကယူလာသည့်အခါ ထိုအပင်တွေက စားလို့မရသည့်အသီးတွေဖြစ်နေမှာကို အနည်းငယ် စိုးရိမ်စိတ်ရှိနေခဲ့ကျသည်။ အခု အသီးက စားလို့ရတဲ့အပြင် အရသာကလည်းကောင်းနေတော့ သူက ပိုင်လီရဲ့ကြိုးစားမှုတွေက အလကားဖြစ်မှာမဟုတ်တော့လို့ ပျော်ရွှင်နေပါတယ်။
ပိုင်လီကလည်း ရှောင်ဟန်က သူ့ရှေ့မှာ သူပျော်ရွှင်နေလျှင် ပျော်ရွှင်နေကြောင်း စိတ်ခံစားချက်တွေကိုထုတ်ဖော်ပြခဲ့၍ အတော်လေးကျေနပ်သွားခဲ့သည်ပင်။
ထိုအချိန်တွင်ပင် အဝေးက စပျစ်စင်တစ်ခုအောက်မှအသေးလေးများက သူတို့ဆီပြန်ပြေးလာနေကျပြီး အောင်ဟစ်လာကျသေး၏။
"ဖေဖေ ဖေဖေ သားလည်းစားမယ်လေ"
"ဟုတ်ပါတယ် သားလည်းခူးလို့မရသေးဘူး သားလည်းစားချင်တယ်"
ပိုင်လီမှာ ထိုကောင်လေးများက စပျစ်စင်များက တိုင်တွေအားတွယ်တတ်ကာ စပျစ်သီးခူးရန် ကြိုးစားခဲ့ကြောင်းကို အစောထဲကမြင်ခဲ့ပြီးသားပင်။ အဲဒါက ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်လို့သာ သူကလွှတ်ထားပေးခဲ့တာပါ။
ရှောင်ဟန်ကမူ ပိူင်လီခူးပေးထားသည့် စပျစ်ခိုင်လေးအား ထိုကောင်လေးများကိုပေးလိုက်ကာ စပျစ်စင်၏အောက်က ဒေါင့်လေး၌ ငြိမ်ငြိမ်လေးထိုင်စားကျရန်နှင့် စားပြီးမှသာဆော့ကျရန် မှာနေခဲ့၏။
အဲဒီအချိန်မှာပဲ ပိုင်လီက သူတို့ကိုကြည့်နေသည် အကြည့်တစ်ခုအား ခံစားလိုက်ရ၍ လှည့်ကြည့်လိုက်ရာ သူတို့အား ကြောင်ကြောင်လေးငေးနေသည့် ကျန်းချင်ကို တွေ့လိုက်ရတော့သည်။
မညာတမ်းပြောရရင် ပိုင်လီက အချိန်ခဏလေးလောက် ကျန်းချင်ရှိနေတာကို မေ့သွားခဲ့တာပါ။
သူက ဒါကိုဖုံးကွယ်ဖို့ အရှက်ပြေချောင်းဟန့်လိုက်ပြီး...
"အဟမ်း! ရှောင်ချင်ရော အရသာဘယ်လိုနေလဲမြည်းကြည့်ပြီးပြီလား"
ကျန်းချင်သည် ယောင်တောင်တောင်ဖြင့် ခေါင်းအသာရမ်းလိုက်မိသည်။ ပြီးနောက် သူက...
"စပျစ်သီးတွေက အရမ်းတန်ဖိုးကြီးတာဆိုမှတော့ ကျွန်တော်မစားရဲပါဘူးဗျာ ကျွန်တော့်တာဝန်က အသီးတွေကိုနဲ့အပင်တွေကို စောင့်ကြည့်ပေးဖို့ပဲလေ "
ပိုင်လီကတော့ ထိုစကားအား သဘောမတူပါချေ။
"အဲလိုလည်းမဟုတ်သေးဘူး မင်းကသစ်သီးခြံရဲ့တာဝန်ခံလေ သစ်သီးအပင်တွေအကြောင်း သိထားသင့်သလို ခြံထဲကသစ်သီးတွေရဲ့အရသာကိုလည်း သိထားရမှာပေါ့ ဒါမှသာ နောက်တစ်ပြန် သီးချိန်ကျရင် အရသာပြောင်းမပြောင်း မင်းသိတော့မှာပေါ့"
ဒါကိုတော့ ကျန်းချင်ကယုတ္တိရှိတယ်ထင်၍ သူ့အကြည့်များက စပျစ်စင်၏ထောင့်မှ အသေးများထံရောက်သွားခဲ့တော့သည်။ စပျစ်ခိုင်တစ်ခုက တော်တော်လေးကြီးတော့ သူက ထိုကောငယ်လေးတွေဆီက တစ်လုံးလောက်ကို တောင်းစားချင်နေပါတယ်။
သို့သော် သူ့အကြည့်များကို ရိပ်မိသည့် ပိုင်လီမှာ သူ့မျက်နှာအား တစ်ဖက်ပြန်လှည့်ပေးလိုက်၍ တခြားအသီးများကိုပြခဲ့ပြီး....
"ရှောင်ချင် ကလေးတွေဆီက လုဖို့မစဥ်းစားနဲ့လေ မင်းဘာသာပဲခူးစားလိုက်ပါ"
ကျန်းချင်ကတော့ အသစ်တစ်ခိုင်ကနေ ဖြုတ်ဖို့ကို နှမျောနေ၍ ခက်ခဲနေတုန်းပါပဲ။ သူက အသေးလေးတွေကို လှည့်လှည့်ကြည့်နေပြီး ထိုကောင်လေးတွေက ဆူပုတ်ပူတ်လေးတွေဖြင့် သူ့ကိုပြန်ကြည့်လာချိန်တွင် သူတောင်းစားလို့ ရမှာမဟုတ်ကြောင်း နားလည်သွားပြီး သနားစရာကောင်းစွာဖြင့် အသေးဆုံးအခိုင်ကိုရှာရန်သာ ထွက်သွားခဲ့တော့သည်။
ပိုင်လီက ကျန်းချင်မှာ အသေးဆုံးကိုခူးဖို့ လိုက်ရှာနေမှန်းသိ၍ ပြောလိုက်ပါတယ်။
"မင်း သေးတာကိုလိုက်ရှာနေလဲအပိုပဲ အခိုင်တွေကအတူတူနီးပါးတွေလေ ခူးမှာသာခူးလိုက်စမ်းပါကွာ"
သို့သော် ကျန်းချင်သည် ပိုင်လီစကားအားနားမထောင်ဘဲ တစ်ခြားစင်တွေအောက်သို့သွားကာ ဆက်ရှာနေလေသည်။
အဲဒီအချိန်မှာပဲ ရှောင်ဟန်က အနားပြန်ရောက်လာခဲ့၍....
"အခု ကျွန်တော်တို့ စခူးလို့ရပြီးလားဟင်"
ပိုင်လီက ရှောင်ဟန်ရဲ့ အသီးတွေခူးချင်နေတဲ့စိတ်လေးကို မြင်နိုင်တာကြောင့် မတားတော့ပါဘူး။ သူကခေါင်းငြိမ့်လိုက်ပြီး နှစ်ဦးသားက စပျစ်သီးခူးခြင်းကို စတင်ခဲ့ကျတော့ကာ သူတို့တွေ ခြင်းတစ်ဝက်စီလောက် ခူးပြီးကျချိန်တွင် ပိုင်ကျန်းမောင်းလာသည့် လှည်းလေးက ခြံထဲသို့ဝင်ရောက်လာခဲ့လေသည်။
ပိုင်လီက မနေ့ကညနေခင်းမှာ အသေးလေးတွေနဲ့အတူ ပိုင်အိမ်ကို ခဏအလည်သွားခဲ့ပြီး ဒီနေ့နေ့လည်မှာ စပျစ်သီးတွေသယ်ဖို့ လှည်းနဲ့လာခဲ့ဖို့ရာ ခေါ်ခဲ့ပါတယ်။ သူက ဘာကြောင့် နေ့လည်မှ ခေါ်ရသလဲဆိုတော့ ပိုင်အိမ်ကလူတွေ ရာသီဥတုအေးအေးကြီးမှာ အစောကြီးထလာနေကျမှာစိုးရိမ်လို့ပါပဲ။
ဒါတောင်မှ အခု သူတို့ရောက်လာတဲ့အချိန်က နေမွန်းမတည့်သေးပါဘူး။ သူသာစောစောလို့ပြောခေါ်ခဲ့ရင် ဒီလူတွေဘယ်ချိန်လောက်ထဲက လာကျမည်လဲကို စဥ်းတောင်မစဥ်းရဲဘူး။
ပိုင်လီမှာ သူတို့ဆီလာနေသည့်လှည်းကို တစ်ချက်ကြည့်လိုက်ပြီး ပိုင်အိမ်ကလူပဲတွေဟုထင်နေခဲ့သော်လည်း အနားရောက်လာသည့်အခါတွင် ပိုင်အိမ်ကမဟုတ်သည့် ရင်းနှီးနေသည့်အသံကြီးကိုကြားလိုက်ရလေသည်။
"ညီလေးပိုင်ရေ! မင်းရဲ့အကိုကြီးချောင်လာလည်တယ်ဟေ့!! မင်းတို့ကအိမ်မှာမရှိတော့လည်း ငါတို့ကတောထဲထိလိုက်လာရတာပေါ့ကွာ! ဟားဟားဟားဟား"
...........................................................
အပိုင္း (၉၈) ေခ်ာင္မိသားစု၏ အလည္ပတ္ေရာက္ရွိလာမႈ
ပိုင္လီသည္ စိတ္ကူးယဥ္ဆန္ဆန္ လွပေနသည့္စပ်စ္သီးေလးမ်ားကို ၾကည့္လိုက္ၿပီး ထိုစပ်စ္သီးခိုင္ေလးမ်ားက စင္မ်ား၏ေအာက္တြင္ အစီအရီတြဲေလာင္းက်ေနခဲ့ေပသည္။
ဒီအသီးေတြက ပိုင္လီ အရင္ကစားဖူးသမွ် စပ်စ္သီးေတြထက္ ပိုႂကြပ္ဆတ္ပါတယ္။ ဒါေၾကာင့္လည္း သူက က်န္းခ်င္ကို ဒီအသီးေတြက ျမန္ျမန္ႏွင့္အမွည့္လြန္သြားမည္ မဟုတ္ေၾကာင္း ေျပာခဲ့ျခင္းသာပင္။
သူ ဒီစပ်စ္ႏြယ္ပင္ေတြကို ေတြ႕ခါစတုန္းဆိုရင္ စားလို႔ရတဲ့ မွည့္ေနတဲ့အသီးက တစ္လုံးတစ္ေလသာက်န္ေတာ့ၿပီး အမ်ားစုမွာ စိမ္းေတာက္ေနသည့္ အသီးေတြသာျဖစ္ခဲ့၏။ ပိုင္လီက ဒီလိုမ်ိဳးစိတ္ကို သူ႕အရင္ဘဝမွာ မေတြ႕ဖူးတဲ့အတြက္ အသီးသီးခ်ိန္က ဘယ္လိုလည္ပတ္ေနသလဲဆိုတာကို မသိခဲ့ပါဘူး။
သူက အဲဒီအစိမ္းသီးေတြကိုေရာ မထိခိုက္ေအာင္သယ္လာခဲ့၍ စင္ထိုးေပးထားခဲ့ကာ ယခုမွာထိုအသီးမ်ားက မွည့္လာခဲ့ျခင္းသာျဖစ္သည္။
က်န္းခ်င္ကေတာ့ ပိုင္လီေျပာတာကိုၾကားေပမယ့္ သူက အနည္းငယ္စိုးရိမ္ေနတုန္းပါပဲ။ သူက ဒီအသီးေတြ စတင္အေရာင္ေျပာင္းလာထဲက ခူးဆြတ္ခ်ိန္ေက်ာ္သြားမွာကို စိုးရိမ္ေနခဲ့တာျဖစ္ၿပီး ယေန႕ကဲသို႔ အသီးမ်ားက ကြဲထြက္မတတ္တင္းေျပာင္ေနၿပီး အေရာင္က အေတာက္ပဆုံးသို႔ ေရာက္လာေသာအခါတြင္ သူ႕ႏွလုံးသားက အျပင္သို႔ခုန္ထြက္ေတာ့မလို ျဖစ္ေနခဲ့ရသည္။
ဘာေၾကာင့္လဲဆိုေတာ့ သူက လတ္တေလာတြင္ သစ္သီးၿခံရဲ႕ တာဝန္ခံျဖစ္ေနၿပီး ပိုင္လီက သူ႕ကိုဒီေနရာေပးတုန္းမွာ သစ္သီးၿခံ၏တာဝန္ခံသည္ သစ္သီးပင္မ်ား၏အေၾကာင္းကို သိေအာင္ေလ့လာသင့္သည္ဟု ေျပာခဲ့၍ပင္။ ဒါေၾကာင့္သူက ဒီစပ်စ္သီးေတြရဲ႕ေန႕စဥ္နဲ႕အမွ် ေျပာင္းလဲမႈကို ေစာင့္ၾကည့္ေနခဲ့ၿပီး အျပင္ဘက္မွာလည္း စပ်စ္သီးေတြရဲ႕သတင္းကို လက္လွမ္းမွီသေလာက္ စုံစမ္းေနခဲ့ကာ ရလဒ္မွာေတာ့ စပ်စ္သီးမ်ားသည္ ေတာ္ဝင္မိသားသာဝယ္စားနိုင္သည့္ အဖိုးတန္ဆုံးေသာ အသီးမ်ားျဖစ္ေၾကာင္း သိခဲ့ရ၍ ၿခံထဲက စပ်စ္ပင္မ်ားေပၚထားေသာ သူ၏သေဘာထားက ပို၍ေလးနက္လာခဲ့ေလသည္။
သူ႕မ်က္လုံးထဲမွာေတာ့ ဒီအသီးေတြက သစ္သီးေတြမဟုတ္ပဲ ေက်ာက္ျမတ္ရတနာေတြလိုပါပဲ။
ပိုင္လီက စိတ္လႈပ္ရွားေနသည့္ က်န္းအိမ္၏အငယ္ဆုံးသားကိုၾကည့္ကာ ၿပဳံးမိေပသည္။
သူက အစတုန္းက ဒီေနရာကို က်န္းခ်င္အတြက္ရည္႐ြယ္ထားတာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူမထင္ထားတာက ေျမကြက္ဝယ္ၿပီးေနာက္ေန႕ သူ႕ထံအလုပ္လာေတာင္းသူမ်ားထဲတြင္ ဒီေကာင္ေလးက်န္းခ်င္ကပထမဆုံးျဖစ္ေနလိမ့္မည္ဟုပင္။
က်န္းခ်င္က ႏြေဦးမွာ ေက်ာင္းျပန္မတတ္ရေရးအတြက္ ပိုင္လီက သူ႕ကိုအလုပ္ေပးဖို႔ ေမွ်ာ္လင့္ခဲ့ကာ သူ႕အေနနဲ႕ ေက်ာင္းကို လုံးဝျပန္မတတ္ခ်င္ဘဲ ႐ြာမွာပဲေနခ်င္ေန၍ ပိုင္လီထံ၌ အလုပ္ေကာင္းေကာင္းရပါက သူ႕မိဘေတြက သူ႕ကိုေက်ာင္းျပန္မထားဖို႔ ျဖစ္နိုင္သည္ဟုေျပာလာခဲ့ျခင္းျဖစ္သည္။
ပိုင္လီမွာ အရင္ကေတာ့ က်န္းခ်င္ကို ပိုင္ဝူနဲ႕အတူေက်ာင္းျပန္တတ္ေစခ်င္ေပမယ့္ ထိုေကာင္ေလးကတကယ္ႀကီး ေက်ာင္းမတတ္ခ်င္ေနတာကို ျမင္သည့္အခါ သူကလည္း ကူညီ႐ုံသာတက္နိူင္ေတာ့မည္ပင္။ ဒါက သူ႕ရဲ႕ အနာဂတ္ေယာက္ဖေလာင္းေလးပဲေလ။
ၿပီးေတာ့ က်န္းခ်င္က ေက်ာင္းတတ္ဖူးလို႔ စာလည္းေရးတက္ဖတ္တတ္ရွိေနေတာ့ သစ္သီးၿခံရဲ႕တာဝန္ခံေနရာနဲ႕သင့္ေတာ္ပါတယ္။
ထို႔ေၾကာင့္ က်န္းခ်င္သည္ သစ္သီးၿခံ၏တာဝန္ခံျဖစ္လာၿပီး ဝမ္မိသားစုအတြက္ကေတာ့ စပ်စ္ပင္ေတြစစိုက္ထဲက ေရာက္လာက်ကာ အလုပ္အေၾကာင္း လာေျပာခဲ့က်သျဖင့္ ပိုင္လီမွာ ေရွာင္ဟန္ထိခိုက္ခဲ့သည့္ကိစၥႏွင့္ပတ္သတ္၍ မေက်နပ္ေသာ္လည္း ဝမ္႐ူအေပၚအားနာသည့္ စိတ္ကလည္းရွိေန၍ သူတို႔အား သစ္သီးၿခံ၏ ပင္တိုင္အလုပ္သမားမ်ားအျဖစ္ ထားေပးခဲ့လိုက္သည္။ အခုခ်ိန္မွာ သစ္သီးၿခံက အလုပ္သိပ္မရွိေသးပါဘူး။ သို႔ေသာ္ ပိုင္လီသည္ စကားေတြအမ်ားႀကီးေျပာမေနခ်င္၍ ဝမ္မိသားစုမွ လူႏွစ္ေယာက္အား တစ္ရက္လွ်င္ ေၾကးျပားငါးဆယ္စီႏွင့္ အလုပ္ေပးထားခဲ့လိုက္တာျဖစ္သည္။
ဒါေပမယ့္ ဒီေန႕စပ်စ္သီးေတြခူးမွာမွန္းသိေနတာေတာင္ ဝမ္မိသားစုကလူေတြရဲ႕အရိပ္ေယာင္ကို မေတြ႕ရေသးတာကေတာ့ စိတ္ပ်က္စရာပါပဲ။
ဒီေန႕တင္မဟုတ္ဘဲ ပိုင္လီ ၿခံကိုလာၾကည့္ခ်ိန္တိုင္းတြင္ ဝမ္မိသားစုမွ ဝမ္ေလကိုသာ တစ္ခါတစ္ရံ ေတြ႕ရတတ္ၿပီး ေတြ႕ရသည့္အခ်ိန္တိုင္းတြင္လည္း က်န္းခ်င္ကသာ အလုပ္ႀကိဳးစားေနခဲ့တာျဖစ္သည္။
ထိုေကာင္ေလးက သစ္သီးေတြစမွည့္လာခ်ိန္ထဲက အိမ္ကိုေတာင္မျပန္ေတာ့ပါဘူး။ သူက ညဆို ၿခံနဲ႕နီးတဲ့ကြၽဲအိမ္မွာ သြားအိပ္တတ္ကာ တစ္ေရးနိုးလွ်င္ေတာင္ စပ်စ္သီးေတြကို ဥစၥာေျခာက္စြာသြားစစ္တတ္ေၾကာင္း ႐ုံမိသားစုကျပန္ေျပာသျဖင့္ ပိုင္လီက က်န္းခ်င္ကို တာဝန္ခံေနရာေပးခဲ့သည့္အေပၚ ေတာ္ေတာ္ေလးေက်နပ္ခဲ့ရသည္ပင္။
ဒီေကာင္ေလးက စာမက်က္ခ်င္တာရယ္၊ ကေလးဆန္ၿပီး စပ္စပ္စုစုစိတ္ေလး မ်ားတာရယ္ကလြဲရင္ အလုပ္ႀကိဳးစားခ်င္စိတ္ အျပည့္ရွိတဲ့ လူငယ္ေလးတစ္ေယာက္ပါပဲ။
ပိုင္လီက သူ႕ေဘးက ေရွာင္ဟန္ကိုၾကည့္လိုက္ေတာ့ ထိုေကာင္ေလးကလည္း က်န္းခ်င္ကဲ့သို႔ စပ်စ္သီးခိုင္မ်ားကို စိတ္လႈပ္ရွားစြာၾကည့္ေနေၾကာင္းေတြ႕လိုက္ရသျဖင့္ ေမးလိုက္သည္။
"ေရွာင္ဟန္ ဒီစပ်စ္သီးေတြကို မင္းဘယ္လိုထင္လဲ"
ဒါကိုၾကားေတာ့ ေရွာင္ဟန္မွာ မဝံ့မရဲႏွင့္ျပန္ေျဖလာ၏။
"ကြၽန္ေတာ္ထင္တာ ေတာ္ေတာ္ေလးလွလားလို႔ပါ"
ေရွာင္ဟန္က စပ်စ္ပင္ေတြစိုက္ၿပီးခါစမွာ တစ္ေခါက္ေရာက္ၿပီးေပမယ့္ ထိုအခ်ိန္တုန္းက စပ်စ္သီးမ်ားသည္ အစိမ္းေရာင္အေနႏွင့္သာ ရွိေနေသးတာျဖစ္သည္။ အခုေတာ့ စပ်စ္သီးေတြရဲ႕အေရာင္က ခရမ္းႏုေရာင္ေတာက္ေတာက္ေလးနဲ႕ အရမ္းလွေနပါတယ္။ စင္ေပၚကေန စပ်စ္ခိုင္ေလးေတြမ်ားစြာ က်ေနပုံကလည္း ေတာ္ေတာ္ေလး ၾကည့္လို႔ေကာင္းလွတယ္။
ပိုင္လီမွာ ေရွာင္ဟန္စကားကို ေထာက္ခံလိုက္ၿပီးေနာက္ သူက အနား ရွိစပ်စ္သီးတစ္ခိုင္ကို လွမ္းခူးလိုက္၍ ေရွာင္ဟန္ကိုလွမ္းေပးလိုက္ကာ ေျပာလိုက္သည္။
"အေရာင္က တကယ္ၾကည့္ေကာင္းတာ အရသာကလည္းမဆိုးဘူး မင္းျမည္းၾကည့္သင့္တယ္"
ေရွာင္ဟန္မွာ အရင္ကေလာက္ ပိုင္လီကို ေၾကာက္႐ြံ႕ျခင္းမရွိေတာ့ေပ။ ဒါေၾကာင့္ သူက ပိုင္လီလွမ္းေပးတဲ့ စပ်စ္ခိုင္ေလးကို အသာလွမ္းယူလိုက္ၿပီး တစ္လုံးကိုစားၾကည့္လိုက္၏။
ႂကြပ္ဆတ္ေသာအသီးေလးသည္ ရာသီဥတုေၾကာင့္ ေအးမွ်ေနၿပီး အရသာခ်ဥ္ခ်ဥ္ခ်ိဳခ်ိဳေလးက သူကိုေက်နပ္စြာၿပဳံးမိေစသည္။ ေရွ႕ကေကာင္ေလးရဲ႕ အၿပဳံးကိုျမင္ခ်ိန္မွာ ပိုင္လီရဲ႕မ်က္ဝန္းေတြက ႏူးညံ့မႈေတြနဲ႕ ဖုံးလႊမ္းသြားပါေတာ့တယ္။
သူကမေမးဘဲလည္း မေနနိုင္ပဲ...
"ဘယ္လိုလဲ အရသာကေကာင္းတယ္ထင္လား"
ေရွာင္ဟန္သည္ ေပ်ာ္႐ႊင္စြာပင္ ေခါင္းၿငိမ့္ခဲ့လိုက္သည္။
"အြန္း အရမ္းစားလို႔ေကာင္းတယ္"
အမွန္တိုင္းဝန္ခံရရင္ ေရွာင္ဟန္က အနည္းငယ္ေပ်ာ္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူနဲ႕ပိုင္မိသားစုက ပိုင္လီက စပ်စ္ႏြယ္ေတြကို ေတာထဲကယူလာသည့္အခါ ထိုအပင္ေတြက စားလို႔မရသည့္အသီးေတြျဖစ္ေနမွာကို အနည္းငယ္ စိုးရိမ္စိတ္ရွိေနခဲ့က်သည္။ အခု အသီးက စားလို႔ရတဲ့အျပင္ အရသာကလည္းေကာင္းေနေတာ့ သူက ပိုင္လီရဲ႕ႀကိဳးစားမႈေတြက အလကားျဖစ္မွာမဟုတ္ေတာ့လို႔ ေပ်ာ္႐ႊင္ေနပါတယ္။
ပိုင္လီကလည္း ေရွာင္ဟန္က သူ႕ေရွ႕မွာ သူေပ်ာ္႐ႊင္ေနလွ်င္ ေပ်ာ္႐ႊင္ေနေၾကာင္း စိတ္ခံစားခ်က္ေတြကိုထုတ္ေဖာ္ျပခဲ့၍ အေတာ္ေလးေက်နပ္သြားခဲ့သည္ပင္။
ထိုအခ်ိန္တြင္ပင္ အေဝးက စပ်စ္စင္တစ္ခုေအာက္မွအေသးေလးမ်ားက သူတို႔ဆီျပန္ေျပးလာေနက်ၿပီး ေအာင္ဟစ္လာက်ေသး၏။
"ေဖေဖ ေဖေဖ သားလည္းစားမယ္ေလ"
"ဟုတ္ပါတယ္ သားလည္းခူးလို႔မရေသးဘူး သားလည္းစားခ်င္တယ္"
ပိုင္လီမွာ ထိုေကာင္ေလးမ်ားက စပ်စ္စင္မ်ားက တိုင္ေတြအားတြယ္တတ္ကာ စပ်စ္သီးခူးရန္ ႀကိဳးစားခဲ့ေၾကာင္းကို အေစာထဲကျမင္ခဲ့ၿပီးသားပင္။ အဲဒါက ဘယ္လိုမွ ျဖစ္နိုင္မွာမဟုတ္လို႔သာ သူကလႊတ္ထားေပးခဲ့တာပါ။
ေရွာင္ဟန္ကမူ ပိူင္လီခူးေပးထားသည့္ စပ်စ္ခိုင္ေလးအား ထိုေကာင္ေလးမ်ားကိုေပးလိုက္ကာ စပ်စ္စင္၏ေအာက္က ေဒါင့္ေလး၌ ၿငိမ္ၿငိမ္ေလးထိုင္စားက်ရန္ႏွင့္ စားၿပီးမွသာေဆာ့က်ရန္ မွာေနခဲ့၏။
အဲဒီအခ်ိန္မွာပဲ ပိုင္လီက သူတို႔ကိုၾကည့္ေနသည္ အၾကည့္တစ္ခုအား ခံစားလိုက္ရ၍ လွည့္ၾကည့္လိုက္ရာ သူတို႔အား ေၾကာင္ေၾကာင္ေလးေငးေနသည့္ က်န္းခ်င္ကို ေတြ႕လိုက္ရေတာ့သည္။
မညာတမ္းေျပာရရင္ ပိုင္လီက အခ်ိန္ခဏေလးေလာက္ က်န္းခ်င္ရွိေနတာကို ေမ့သြားခဲ့တာပါ။
သူက ဒါကိုဖုံးကြယ္ဖို႔ အရွက္ေျပေခ်ာင္းဟန့္လိုက္ၿပီး...
"အဟမ္း! ေရွာင္ခ်င္ေရာ အရသာဘယ္လိုေနလဲျမည္းၾကည့္ၿပီးၿပီလား"
က်န္းခ်င္သည္ ေယာင္ေတာင္ေတာင္ျဖင့္ ေခါင္းအသာရမ္းလိုက္မိသည္။ ၿပီးေနာက္ သူက...
"စပ်စ္သီးေတြက အရမ္းတန္ဖိုးႀကီးတာဆိုမွေတာ့ ကြၽန္ေတာ္မစားရဲပါဘူးဗ်ာ ကြၽန္ေတာ့္တာဝန္က အသီးေတြကိုနဲ႕အပင္ေတြကို ေစာင့္ၾကည့္ေပးဖို႔ပဲေလ "
ပိုင္လီကေတာ့ ထိုစကားအား သေဘာမတူပါေခ်။
"အဲလိုလည္းမဟုတ္ေသးဘူး မင္းကသစ္သီးၿခံရဲ႕တာဝန္ခံေလ သစ္သီးအပင္ေတြအေၾကာင္း သိထားသင့္သလို ၿခံထဲကသစ္သီးေတြရဲ႕အရသာကိုလည္း သိထားရမွာေပါ့ ဒါမွသာ ေနာက္တစ္ျပန္ သီးခ်ိန္က်ရင္ အရသာေျပာင္းမေျပာင္း မင္းသိေတာ့မွာေပါ့"
ဒါကိုေတာ့ က်န္းခ်င္ကယုတၱိရွိတယ္ထင္၍ သူ႕အၾကည့္မ်ားက စပ်စ္စင္၏ေထာင့္မွ အေသးမ်ားထံေရာက္သြားခဲ့ေတာ့သည္။ စပ်စ္ခိုင္တစ္ခုက ေတာ္ေတာ္ေလးႀကီးေတာ့ သူက ထိုေကာငယ္ေလးေတြဆီက တစ္လုံးေလာက္ကို ေတာင္းစားခ်င္ေနပါတယ္။
သို႔ေသာ္ သူ႕အၾကည့္မ်ားကို ရိပ္မိသည့္ ပိုင္လီမွာ သူ႕မ်က္ႏွာအား တစ္ဖက္ျပန္လွည့္ေပးလိုက္၍ တျခားအသီးမ်ားကိုျပခဲ့ၿပီး....
"ေရွာင္ခ်င္ ကေလးေတြဆီက လုဖို႔မစဥ္းစားနဲ႕ေလ မင္းဘာသာပဲခူးစားလိုက္ပါ"
က်န္းခ်င္ကေတာ့ အသစ္တစ္ခိုင္ကေန ျဖဳတ္ဖို႔ကို ႏွေမ်ာေန၍ ခက္ခဲေနတုန္းပါပဲ။ သူက အေသးေလးေတြကို လွည့္လွည့္ၾကည့္ေနၿပီး ထိုေကာင္ေလးေတြက ဆူပုတ္ပူတ္ေလးေတြျဖင့္ သူ႕ကိုျပန္ၾကည့္လာခ်ိန္တြင္ သူေတာင္းစားလို႔ ရမွာမဟုတ္ေၾကာင္း နားလည္သြားၿပီး သနားစရာေကာင္းစြာျဖင့္ အေသးဆုံးအခိုင္ကိုရွာရန္သာ ထြက္သြားခဲ့ေတာ့သည္။
ပိုင္လီက က်န္းခ်င္မွာ အေသးဆုံးကိုခူးဖို႔ လိုက္ရွာေနမွန္းသိ၍ ေျပာလိုက္ပါတယ္။
"မင္း ေသးတာကိုလိုက္ရွာေနလဲအပိုပဲ အခိုင္ေတြကအတူတူနီးပါးေတြေလ ခူးမွာသာခူးလိုက္စမ္းပါကြာ"
သို႔ေသာ္ က်န္းခ်င္သည္ ပိုင္လီစကားအားနားမေထာင္ဘဲ တစ္ျခားစင္ေတြေအာက္သို႔သြားကာ ဆက္ရွာေနေလသည္။
အဲဒီအခ်ိန္မွာပဲ ေရွာင္ဟန္က အနားျပန္ေရာက္လာခဲ့၍....
"အခု ကြၽန္ေတာ္တို႔ စခူးလို႔ရၿပီးလားဟင္"
ပိုင္လီက ေရွာင္ဟန္ရဲ႕ အသီးေတြခူးခ်င္ေနတဲ့စိတ္ေလးကို ျမင္နိုင္တာေၾကာင့္ မတားေတာ့ပါဘူး။ သူကေခါင္းၿငိမ့္လိုက္ၿပီး ႏွစ္ဦးသားက စပ်စ္သီးခူးျခင္းကို စတင္ခဲ့က်ေတာ့ကာ သူတို႔ေတြ ျခင္းတစ္ဝက္စီေလာက္ ခူးၿပီးက်ခ်ိန္တြင္ ပိုင္က်န္းေမာင္းလာသည့္ လွည္းေလးက ၿခံထဲသို႔ဝင္ေရာက္လာခဲ့ေလသည္။
ပိုင္လီက မေန႕ကညေနခင္းမွာ အေသးေလးေတြနဲ႕အတူ ပိုင္အိမ္ကို ခဏအလည္သြားခဲ့ၿပီး ဒီေန႕ေန႕လည္မွာ စပ်စ္သီးေတြသယ္ဖို႔ လွည္းနဲ႕လာခဲ့ဖို႔ရာ ေခၚခဲ့ပါတယ္။ သူက ဘာေၾကာင့္ ေန႕လည္မွ ေခၚရသလဲဆိုေတာ့ ပိုင္အိမ္ကလူေတြ ရာသီဥတုေအးေအးႀကီးမွာ အေစာႀကီးထလာေနက်မွာစိုးရိမ္လို႔ပါပဲ။
ဒါေတာင္မွ အခု သူတို႔ေရာက္လာတဲ့အခ်ိန္က ေနမြန္းမတည့္ေသးပါဘူး။ သူသာေစာေစာလို႔ေျပာေခၚခဲ့ရင္ ဒီလူေတြဘယ္ခ်ိန္ေလာက္ထဲက လာက်မည္လဲကို စဥ္းေတာင္မစဥ္းရဲဘူး။
ပိုင္လီမွာ သူတို႔ဆီလာေနသည့္လွည္းကို တစ္ခ်က္ၾကည့္လိုက္ၿပီး ပိုင္အိမ္ကလူပဲေတြဟုထင္ေနခဲ့ေသာ္လည္း အနားေရာက္လာသည့္အခါတြင္ ပိုင္အိမ္ကမဟုတ္သည့္ ရင္းႏွီးေနသည့္အသံႀကီးကိုၾကားလိုက္ရေလသည္။
"ညီေလးပိုင္ေရ! မင္းရဲ႕အကိုႀကီးေခ်ာင္လာလည္တယ္ေဟ့!! မင္းတို႔ကအိမ္မွာမရွိေတာ့လည္း ငါတို႔ကေတာထဲထိလိုက္လာရတာေပါ့ကြာ! ဟားဟားဟားဟား"
...........................................................