အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

By FlowerRainButterfly

2.1M 240K 4.3K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ More

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၄)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု
ဆန်ချောများစိုက်ဖို့ပြင်ဆင်ခြင်း
ရှောင်ရုံဟွာ၏အကြံ
လဲ့ရှီ၏တိုက်တွန်းမှု
ဇနီးလေးစကားပဲနားထောင်မယ်
မုဆိုးကြီး၏ အပင်တူးခရီး
အပိုင်း (၁၅၇)
မတူညီသောအစေခံများ
အပိုင်း (၁၅၉)
အိမ်တော်အသစ်တတ်ပွဲ
အပိုင်း (၁၆၁)
အပိုင်း (၁၆၂)
မုဆိုးကြီး၏အကြံ
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက်-2
166
မုဆိုးကြီး၏ မူယာမာယာ
အပိုင်း (168)
အပိုင်း (၁၆၉)
အပိုင်း (၁၇၀)
အပိုင်း (၁၇၁)
ဇနီးလေးအတွက် ပနိးထိုးပညာသည်ကို အိမ်တော်သို့ဖိတ်ကြားခြင်း
ရွာထဲက ကြံဖန်မမြတ်ထုတ်လိုသူများ
အပိုင်း (၁၇၄)
အပိုင်း (၁၇၅)
ကျန်းချင်၏တိုင်တန်းမှု
မုဆိုးကြီး၏ ပန်းသီးကြော်
သူခိုးများကိုဖမ်းစီး
လယ်သူဌေးကြီး၏ သတိပေးမှု
မုဆိုးကြီးတွင် မြို့သို့ပြောင်းနေရန် အစီစဥ်မရှိ
အစဥ်အေးချမ်းခြင်းကား မရှိသေး

စပျစ်သီးလေးများ

11.2K 1.1K 4
By FlowerRainButterfly


အပိုင်း (၉၇) စပျစ်သီးလေးများ

နောက်တွင် ပိုင်လီက မနေနိုင်တော့ဘဲ ဤကောင်လေးတွေ၏ ခုန်ဆွခုန်ဆွပြေးနေမှုအရ မကြာခင်မှောက်လဲလိမ့်မည်ဟု သိနေသဖြင့် သူနှင့်ရှောင်ဟန်မှာ တစ်ယောက်စီကို ချီသွားခဲ့ရတော့သည်။ ဒါက လယ်တောလမ်းတွေဖြစ်ပြီး ရွာလမ်းတွေလို မချောမွေ့ပါဘူး။ မှောက်လဲရင် ဒီကောင်လေးတွေ ဒဏ်ရာရကျလိမ့်မယ်။

ဒီအတွက် ကောသေးသေးလေးတွေက ဘယ်ကျေနပ်ပါ့မလဲ။ ရှောင်ဟန်ဆီက ရှောင်ဖူကငြိမ်နေပေမယ့် ပိုင်လီဆီက ရှောင်ဝူကတော့ သူ့ခန္ဓာကိုယ်လေးကို လှုပ်ရမ်းနေပြီး...

"အဖေ သားကအောက်ဆင်းချင်တယ်"

ပိုင်လီမှာ ဤတစ်ခါတွင် အလိုမလိုက်ဖို့ ဆုံးဖြတ်ခဲ့၍...

"မရဘူး ခြံထဲရောက်မှ ပြေးချင်ပြေးနေ ဒီမှာမြေတုံးအကြီးကြီးတွေရှိနေတာ မတွေ့ဘူးလား မှောက်လဲလိမ့်မယ်လေ"

ရှောင်ဝူက ဒါကိုကြားတော့ သူ့အဖေက သူ့ကိုပြေးခွင့်မပေးလောက်တော့မှန်း နားလည်သွား၍ သူကဝမ်းနည်းဟန်လေးနှင့် သူ့အဖေ၏ပုခုံးပေါ် မေးလေးတင်နေလိုက်၏။ ပိုင်လီက တကယ်ပဲ သူ့သားလေးတွေကို မလွန်ဆန်နိုင်ပါဘူး။ သူက သူ့သားလေးတွေ မလှုပ်တော့တာကိုမြင်တော့ စိတ်မကောင်းဖြစ်သွားပြီး....

"ကောင်းပြီ ကောင်းပြီ မင်းတို့ပြေးလို့မရပေမယ့်ခြင်းတောင်းထဲတော့ ဝင်လို့ရတယ်"

အဲဒီနောက် သူက ရပ်လိုက်၍ သူ၏နောက်ကျောလွယ်ခြင်းတောင်းထဲသို့ ရှောင်ဝူကိုထည့်ပေးလိုက်ပြီး ဒါကိုမြင်တဲ့ရှောင်ဟန်ကလည်း ရှောင်ဖူကို သူ၏ ခြင်းတောင်းထဲသို့ ထည့်ပေးခဲ့လိုက်သည်။

ပိုင်လီက ရှောင်ဟန်အတွက် ခက်ခဲမှာကို စိုးရိမ်နေပေမယ့် ပုံမှန်လည်း ဒီကောင်လေးတွေကို ချီနေကျဆိုတာကိုတွေးပြီး တားတော့မတားတော့ပါဘူး။

ထို့ကြောင့် ခြင်းတောင်းတွေထဲ ရောက်သွားကျသော ကောသေးသေးလေးများသည် ပျော်ရွှင်သွားကျကာ တဖန်ပြန်၍ တတ်ကြွလာခဲ့ကျလေသည်။ ပိုင်လီက သူ့ရဲ့နောက်ကျောလွယ် ခြင်းတောင်းထဲက ကောင်လေးက လှုပ်ရွနေတာကိုသိပြီး သူက ခေါင်းရမ်းလိုက်မိပါတယ်။

သူက သစ်သီးခြံကို လှည်းနဲ့လာရင်ရခဲ့ပေမယ့် ဒီလိုရာသီဥတုမျိုးမှာ လှုပ်လှုပ်ရှားနေပြီးသားရအောင်လမ်းလျောက်သွားကျဖို့ကိုရွေးခဲ့ပြီး အခုတော့ ဒီကောင်လေးတွေက ခြင်းတောင်းတွေထဲရောက်သွားကျပါပြီ။ ဒါပေမယ့် သူတို့လေးတွေက လှုပ်ရှားပြီးတက်ကြွနေလို့ သူ့အစီစဥ်က လုံးဝပျက်သွားတာလို့တော့ပြောမရနိုင်ပြန်ပါဘူးလေ။

မြူများသည် မရှိသလောက်ကွဲသွားပြီဖြစ်သော်လည်း ခပ်ပါးပါးတော့ ကျန်ရှိနေသေး၏။ ထိုသို့ ပါးလွှသော မြူပင်လယ်ထဲမှ လယ်မြေရိုင်းတွေထဲတွင် လူနှစ်ဦးသည် ဘေးခြင်းယှဥ်လျှောက်နေကျပြီး သူတို့နှစ်ဦးရဲ့နောက်ကျောလွယ်ခြင်းတောင်းတွေထဲ၌ အဝတ်ထူထူတွေဝတ်ထားသည့် ဂွမ်းလုံးလေးတွေနှင့်တူသော လူသားအသေးလေးများရှိနေကာ ရံဖန်ရံခါ၌ ထိုအသေးလေးများ၏ ကြည်လင်ချိုသာသော ရယ်သံလေးများကလည်း မြူများကြားမှထိုးထွက်၍ ထွက်ပေါ်လာတတ်ပေသည်။

ကျွဲအိမ်ရဲ့ တံခါးရှေ့က ရုံခန်းက မြူများကြားက ထိုပုံရိပ်နှစ်ခုအား လှမ်းကြည့်နေခဲ့ပြီး အဲတာက ပိုင်လီတို့မှန်းသိသွားချိန်တွင် သူကမစဥ်းစားပဲမနေနိုင်တော့ပေ။ ဒီမိသားစုက အိမ်မှာ ကျွဲတွေ၊လှည်းတွေရှိနေတာကို ဘာကြောင့်များ လမ်းလျောက်လာကျတာပါလိမ့်။

ကျွဲအိမ်အနားသို့ရောက်ချိန်တွင် ပိုင်လီတို့ကလည်း  ခြံရှေ့၌ ရုံခန်းရှိနေကြောင်းတွေ့လိုက်ရသဖြင့် နှုတ်ဆက်ခဲ့ကျ၏။

"ဦးလေးရုံ... "

ရုံခန်းသည် သူ့ကိုနှုတ်ဆက်လာသည့် ပိုင်လီကိုရော ပြုံးပြလာသည့် ရှောင်ဟန်ကိုရော ခေါင်းငြိမ့်ပြကာ ပြန်လည်နှုတ်ဆက်ခဲ့ပေသည်။

"မင်းတို့ပါလား ခြံကိုသွားကျမလို့လား"

ထိုအချိန်တွင် ပိုင်လီပင်မဖြေရသေးခင် သူနှင့်ရှောင်ဟန်၏နောက်က ခြင်းတွေထဲမှ ခေါင်းမဲမဲလေးတွေထွက်လာကျပြီး ....

"ဖိုးဖိုးရုံ! "

"ဖိုးဖိုးရုံ ဖိုးဖိုးရုံ!"

ရုံခန်းသည် ထိုကောင်လေးတွေ၏အသံအား အဝေးထဲက ကြားပြီးဖြစ်၍ ထိုအသေးလေးများပါလာကြောင်း သိပြီးပေပြီ။ သူက ပုံမှန်ဆို မျက်နှာတည်တတ်ပေမယ့် ဒီချစ်စရာကောင်းတဲ့ ကောသေးသေးလေးတွေမြင်ချိန်မှာ မပြုံးပဲမနေနိုင်ခဲ့ပါဘူး။

"ရှောင်ဖူလေးနဲ့ ရှောင်ဝူလေးရော ပါလာတာကိုး အသီးခြံကိုသွားကျမလို့လား"

ဒါကိုကြားတော့ အသေးလေးများသည် ပျော်ရွှင်စွာပြန်ဖြေလာခဲ့ကျသည်။

"အွန်း အွန်း သားတို့အသီးသွားခူးမလို့ပါ!"

"ဖိုးဖိုးရုံ ဖိုးဖိုးရုံလိုက်လို့ မရဘူးနော် ဖိုးဖိုးရုံက စူးစူးတွေအများကြီးကို စောင့်ကြည့်ရမှာလေ "

ပိုင်လီသည် ရှောင်ဝူ၏ထိုစကားကြောင့်ညရယ်မောလိုက်မိသည်။ ဒီကောင်လေးက ကျွဲတွေဝယ်လာပြီးအိမ်မှာမရှိတော့လို့ မေးတဲ့အခါ သူက ကျွဲတွေကအများကြီးမလို့ တခြားနေရာမှာ ဖိုးဖိုးရုံနဲ့အတူရှိကြောင်း ပြောထားခဲ့ရပါတယ်။ ဒါကိုသူလေးက အခုချိန်ထိ မှတ်မိနေခဲ့တယ်လေ။

ရုံခန်းကလည်း ဒါကိုကြားတော့ ရယ်မောလိုက်ကာ...

"ကောင်းပါပြီ ဖိုးဖိုးရုံက မလိုက်ပါဘူးဗျာ "

အဲဒီနောက်သူသည် ပိုင်လီအား ကျွဲများအားလုံးအဆင်ပြေကြောင်းပြောပြီး အသီးခူးရန်အတွက်အချိန်မလင့်စေရန် ပြောခဲ့ကာ သွားခိုင်းခဲ့သည်။ ဒါကြောင့် ပိုင်လီတို့လည်း ရုံခန်းကိုနှုတ်ဆက်ပြီး ခြံဘက်ကိုဆက်ထွက်လာခဲ့ကျပါတယ်။

ကျွဲအိမ်ဟာ သစ်သီးခြံမြေနဲ့ တစ်ဆက်တည်းဆိုပေမယ့်လည်း အစွန်ကိုကျလွန်းပြီး စပျစ်သီးတွေစိုက်ထားသည်နေရာမှာလည်း တခြားအစွန်တစ်ဖက်မှာဖြစ်နေ၍ သူတို့ကခဏလောက် ဆက်သွားခဲ့ကျရသည်။

ကျွဲအိမ်အကြောင်းပြောရလျှင် ယခုပိုင်လီနှင့် ပိုင်အိမ်၏ နှစ်အိမ်ပေါင်းကျွဲပိုင်ဆိုင်မှုမှာ ဆယ့်သုံးကောင်လောက်ဖြစ်နေပြီဖြစ်ပြီး သူတို့က ဒီကျွဲတွေအတွက် ပိုင်လီစဥ်းစားထားသလို မြေကွက်ရိုင်းတွေထဲက ရွာနဲ့အနီးဆုံး အစွန်နေရာကို ကျွဲအိမ်အဖြစ်ပြုလုပ်ခဲ့ကျကာ ယခုအခါ ကျွဲအိမ်သည် ခြံတံတိုင်းလုံခြုံစွာခတ်ထားပြီဖြစ်၍ အထဲ၌ အိမ်ငယ်လေးတစ်လုံးကိုတောင် ဆောက်ပေးထားပေသည်။ ထိုအိမ်ငယ်လေးက ကျွဲအိမ်ကိုစောင့်မယ့်လူအတွက်ပါပဲ။ ကျွဲတွေများလာတာနဲ့အမျှ စောင့်တဲ့လူက ညဘက်အိမ်ပြန်အိပ်လို့ မရနိုင်တော့ဘူးမလား။

ပိုင်လီသည် ထိုကျွဲအိမ်၏ အလုပ်နေရာအား ရုံမိသားစုကိုပေးခဲ့ပြီး ကျွဲများကို စောင့်ရှောက်ပေးရုံဖြင့်ပင် တစ်ရက်ကို ကြေးပြားငါးဆယ်ရမှာဖြစ်သည်။ ပြီးတော့ ဒါက နှစ်ချုပ်နဲ့ငါးတာဖြစ်ပါတယ်။ သူတို့က ကျွဲတွေကို သူခိုးရန်က စောင့်ကြည့်ပေးရုံပဲဖြစ်ပြီး အစာလည်း ရှာပေးစရာမလိုပါဘူး။ ဒါကြောင့် ရုံအိမ်က ရုံခန်းနဲ့သူ့သားတွေက ကျွဲအိမ်ကို အလှည့်ကျစီသွားစောင့်ပေးကျပြီး သူတို့အတွက်တော့ တစ်ရက်ကို ကြေးပြားငါးဆယ်က အလွယ်ရနေသလိုပါပဲ။ ဒါကြောင့်လည်း ကျန်တဲ့မိသားစုတွေက အားတာနဲ့ ကျွဲတွေအတွက် မြက်နဲ့ပေါင်းပင်တွေရှာပေးခဲ့ပါတယ်။

ပိုင်လီက ဒါမျိုးမလုပ်ဖို့တားခဲ့ကာ သူက ကျွဲတွေအတွက်အစာအား ရွာထဲမှ အရွယ်မရောက်တရောက်ကလေးများအတွက် အခွင့်ရေးပေးခဲ့ပြီး မြက်၊ပေါင်းပင် သို့မဟုတ် ဝက်စာပင်တစ်ခြင်းလျှင် ကြေးပြားအနည်းငယ်နှင့် သူ့ထံရောင်းနိုင်ကြောင်း သတင်းပေးခဲ့လိုက်သည်။

ဒါပေါ့ တစ်နေ့ဝယ်မည့် ခြင်းအရေတွက်အား ကန့်သတ်ထားပြီး ထိုအခွင့်ရေးသည် ဆယ့်ငါးနှစ်အောက် ကလေးများအတွက်သာဖြစ်သည်။ ကျေးလတ်က ကလေးတွေက ငယ်စဥ်ထဲက အလုပ်လုပ်ကျရ၍ ဤကဲ့သို့ ဝက်စာပင်များရှာခြင်းအား ကောင်းမွန်စွာလုပ်နိုင်ကျပြီး ပိုင်လီက သူတို့အတွက် ငွေရှာဖို့အခွင့်ရေးပေးလိုက်ခြင်းသာပင်။

စစခြင်းမှာ စုပြုဝင်လာပြီး လူကြီးတွေက မဟုတ်မမှန်တဲ့ နည်းတွေကိုသုံးခဲ့ကျသေးပေမယ့် ပိုင်လီက အဲတာတွေကို စစ်ထုတ်ခဲ့တာကြောင့် အခုတော့ ဖြေးဖြေးမှန်မှန်နဲ့ပဲ လည်ပတ်နေပါတော့တယ်။

နောက်တစ်ခုမှာ ကျွဲအိမ်တည်ဆောက်ခြင်းနှင့် ရုံမိသားစုအတွက် လုပ်အားခပေးချေခြင်းအပေါ်၌ ပိုင်မိသားစုကလည်း ငွေမျှခံချင်ခဲ့သော်လည်း ပိုင်လီကလုံးဝကို ပယ်ချခဲ့လိုက်သည်။ သူက ကျွဲအိမ်တည်ဆောက်ချင်တာက သူ့အကြံဖြစ်ပြီး လူငှားချင်တာကလည်း သူအကြံဖြစ်လို့ ဒါတွေအကုန်လုံးကညသူလုပ်တာပဲလို့ ပြောခဲ့ကာ ပိုင်မိသားစုအနေနဲ့ကတော့ သူတို့သားရဲ့ကျွဲအိမ်မှာ နေရာတွေအားနေ၍ ကျွဲတွေလာထားတာလို့ သတ်မှတ်နိုင်ကြောင်း ရှင်းပြခဲ့သည်။ ပိုင်မိသားစုက ဒါက သိပ်မမှန်ဘူးလို့ထင်ကျပေမယ့် သူတို့က ပိုင်လီကို နိုင်အောင်မပြောနိုင်ခဲ့လို့ နောက်ဆုံးမှာ ပိုင်လီပြောသမျှက သဘောတူညီချက်လိုပါပဲ။

ထို့ကြောင့် ကျွဲအိမ်ကိစ္စသည် ဤကဲ့သို့ အစစအရာအရာ ပြေလည်သွားခဲ့ခြင်းပင်ဖြစ်သည်။

ပိုင်လီသည် ယခုအခါ လုံခြုံနေပြီး အခြေကျနေသောသူတို့မိသားစုပိုင် ကျွဲအိမ်ခြံဝန်းလေးကို ကျေနပ်စွာနှင့် လှည့်ကြည့်ပြီးနောက် ရှေ့ဆက်သွားခဲ့ကာ နောက်ဆုံးမှာတော့ စပျစ်သီးပင်တွေနားကို ရောက်လာခဲ့ပြီဖြစ်၏။

ထိုစပျစ်ပင်တွေနားတွင် ကျန်းချင်လည်းရှိနေပြီး ထိုကောင်လေးက ပိုင်လီတို့ကိုမြင်တာနှင့် ပြေးလာခဲ့ပြီး....

"အိုက်ယား... နောက်ဆုံးတော့ရောက်လာပြီပဲ ကျွန်တော်အကိုတို့ကို စောင့်နေတာတော်တော်ကြာပြီ "

အကယ်၍ ကျန်းချင်က သူသာ ဒီတန်ဖိုးကြီးတဲ့အသီးတွေကို ဘယ်လိုခူးရမလဲသိနေပါက အမှည့်လွန်သွားမည်စိုးလို့ ခူးပြီးနေပါပြီ။

ပိုင်လီနဲ့ရှောင်ဟန်ကတော့ အရင်ဆုံး ခြင်းတောင်းထဲက အသေးလေးတွေကို ထုတ်ပေးလိုက်ပြီး ထိုကောင်လေးတွေက လေးကလွှတ်လိုက်တဲ့ မြှားလေးတွေလို စပျစ်စင်တွေအောင် ပြေးဝင်သွားတာကို ကြည့်နေကျခဲ့သည်။

ပြီးတော့မှ ပိုင်လီက ကျန်းချင်ရဲ့ပုခုံးကို.ပုတ်လိုက်ပြီး...

"မလောပါနဲ့ကွာ ဒီစပျစ်သီးတွေကြည့်ရတာ မြန်မြန်နဲ့အမှည့်လွန်မယ့်ပုံမပေါ်ပါဘူး"

ပိုင်လီရဲ့ အမြင်အရတော့ တကယ်ပင် အဲလိုမထင်ရတာဖြစ်တာ ဖြစ်သည်။ သူက ဒီစပျစ်ပင်နွယ်တွေကို  ချောက်နက်တစ်ခုထဲကနေ ခက်ခက်ခဲခဲသယ်ထုတ်လာခဲ့ရတာပါ။ နွယ်ပင်တွေဖြစ်တာကြောင့် သူက စင်တွေထိုးပေးထားပြီး စုစုပေါင်း စင်ငါးခုပဲရှိပေမယ့် စင်တစ်ခုတစ်ခုက တော်တော်လေးကို ကြီးတာဖြစ်သည်။

အရေးကြီးဆုံး အချက်ကတော့ ဒီစပျစ်သီးတွေရဲ့အရွယ်စားနဲ့ အရောင်ပါပဲ။ သူတို့ရဲ့အရွယ်စားက လက်မတစ်ဆစ်ခွဲစာလောက်ရှိပြီး ပိုင်လီက သူလာခဲ့တဲ့နေရာမှာ ဒီထက်ကြီးတာတွေတောင် တွေ့ဖူးလို့မထူးဆန်းပေမယ့် အရောင်မှာမူ သူတွေ့ဖူးခဲ့သည့် အရောင်ရင့်ရင်များနှင့်မတူဘဲ ခရမ်းနုရောင်တောက်တောက်ဖြစ်နေတာဖြစ်သည်။

အဲဒါက အရမ်းလှပေမယ့် အရောင်ရင့်တွေပဲ တွေ့ဖူးတဲ့သူ့အတွက်တော့ နည်းနည်းထူးဆန်းနေကာ အထဲက အသားကလည်း အပြင်အခွံနှင့် အရောင်တူဖြစ်နေတာကြောင့် အရည်ကလည်းအရမ်းလှနေတာပင်။ အကယ်၍ ဝိုင်သာဖောက်လိုက်ရင် ဒီခေတ်လိုနေရာမှာ အရောင်နဲ့တင် တော်တော်လေးစွဲဆောင်မှုရှိနေမှာပါ။

ပိုင်လီက ဒါကို အပင်၏အရွက်ပုံစံအရ စပျစ်ပင်ဖြစ်ရမည်ဟု ယူဆခဲ့ပြီး ယုန်နှင့်ငှက်တွေကို ကျွေးကြည့်ပြီးနောက်မှ စားကြည့်ခဲ့တာလည်းဖြစ်သည်။ အသီးက ဘာအန္တာရယ်မှမရှိခဲ့ပါဘူး။ အရသာမှာ သူစားဖူးခဲ့သည့် စပျစ်သီးအရသာနှင့် အတူတူပင်ဖြစ်ပြီး အနံ့ကလည်း ထိုကဲ့သို့ပင်။

သို့သော် အချိုဓာတ်ချည်းမဟုတ်ဘဲ အချိုဓာတ်နှင့်အချဥ်ဓာတ်မျှတစွာပါဝင်သော ချိုချိုချဥ်ချဥ်အရသာလေးဖြစ်၏။ ပိုင်လီမှာ ဤကဲ့သို့ စပျစ်ပင်များ ရှိသေးလေမလားဟု တောင်ခြေတစ်ဝိုက်တွင်လိုက်ရှာခဲ့သေးသော်လည်း ထိုချောက်နက်ထဲမှလွဲ၍ ဘယ်မှာမှရှာမတွေ့ခဲ့ပါချေ။

အဲဒါက သူရှာတွေ့ခဲ့တဲ့စံပါယ်ပင်လေးလိုပါပဲ။ တစ်နေရာထဲမှာပဲ တွေ့နိုင်တာမျိုးလို့ ထင်ရတယ်။ ပိုင်လီမှာ သေချာအောင် တောင်ပေါ်သို့ တတ်ကြည့်ချင်ခဲ့သေးသော်လည်း အန္တာရယ်များတာက တစ်ကြောင်းနှင့် တောင်ပေါ်တတ်ဖို့ဆိုလျှင် နေ့ချင်းသွား၍ မရနိုင်လို့ သူ့မိသားစုက ရိပ်မိသွားမည်ဖြစ်သောကြောင့် ထိုအကြံကိုစွန့်လွှတ်ခဲ့လိုက်သည်။

နောက်တော့ သူက ထိုချောက်ထဲက အပင်တွေကိုပဲ အပင်ငယ်တချို့ချန်ခဲ့ပြီး တော်တော်များများကိုယူလာခဲ့လိုက်ပါတယ်။

အခုတော့ ထိုအပင်တွေကိုစိုက်ပျိုးထားခဲ့တာကနေ အသီးများကလည်း မှည့်နေခဲ့ပါပြီ။

.................................................................
(AN/ ရှင်တို့က အိမ်တော်ကိုမြန်မြန်ဆောက်စေချင်တယ်ဆို။ အဲတာနွေဦးရောက်မှဆိုတော့ ကိုယ်လည်းအချိန်တွေနည်းနည်းကျော်လိုက်တော့တာပေါ့။ အဲတာကြောင့် ပိုင်လီတောထဲဝင်ပြီး စပျစ်ပင်တွေယူတဲ့အခန်းလေးလည်း ကျော်သွားခဲ့ပါပြီ။🤧
ပြီးတော့ ကိုယ်လည်း ဇာက်လမ်းကအရမ်းရှည်သွားမှာစိုးရိမ်နေလို့ပါ။

နောက်တစ်ပိုင်းရဲ့ ခေါင်းစဥ်ခွဲလေးက "ချောင်မိသားစု၏အလည်ပတ်ရောက်ရှိလာခြင်း"ပါတဲ့ရှင်။

paid gp မှာ main story ပြီးသွားပါပြီ။)

###

အပိုင္း (၉၇) စပ်စ္သီးေလးမ်ား

ေနာက္တြင္ ပိုင္လီက မေနနိုင္ေတာ့ဘဲ ဤေကာင္ေလးေတြ၏ ခုန္ဆြခုန္ဆြေျပးေနမႈအရ မၾကာခင္ေမွာက္လဲလိမ့္မည္ဟု သိေနသျဖင့္ သူႏွင့္ေရွာင္ဟန္မွာ တစ္ေယာက္စီကို ခ်ီသြားခဲ့ရေတာ့သည္။ ဒါက လယ္ေတာလမ္းေတြျဖစ္ၿပီး ႐ြာလမ္းေတြလို မေခ်ာေမြ႕ပါဘူး။ ေမွာက္လဲရင္ ဒီေကာင္ေလးေတြ ဒဏ္ရာရက်လိမ့္မယ္။

ဒီအတြက္ ေကာေသးေသးေလးေတြက ဘယ္ေက်နပ္ပါ့မလဲ။ ေရွာင္ဟန္ဆီက ေရွာင္ဖူကၿငိမ္ေနေပမယ့္ ပိုင္လီဆီက ေရွာင္ဝူကေတာ့ သူ႕ခႏၶာကိုယ္ေလးကို လႈပ္ရမ္းေနၿပီး...

"အေဖ သားကေအာက္ဆင္းခ်င္တယ္"

ပိုင္လီမွာ ဤတစ္ခါတြင္ အလိုမလိုက္ဖို႔ ဆုံးျဖတ္ခဲ့၍...

"မရဘူး ၿခံထဲေရာက္မွ ေျပးခ်င္ေျပးေန ဒီမွာေျမတုံးအႀကီးႀကီးေတြရွိေနတာ မေတြ႕ဘူးလား ေမွာက္လဲလိမ့္မယ္ေလ"

ေရွာင္ဝူက ဒါကိုၾကားေတာ့ သူ႕အေဖက သူ႕ကိုေျပးခြင့္မေပးေလာက္ေတာ့မွန္း နားလည္သြား၍ သူကဝမ္းနည္းဟန္ေလးႏွင့္ သူ႕အေဖ၏ပုခုံးေပၚ ေမးေလးတင္ေနလိုက္၏။ ပိုင္လီက တကယ္ပဲ သူ႕သားေလးေတြကို မလြန္ဆန္နိုင္ပါဘူး။ သူက သူ႕သားေလးေတြ မလႈပ္ေတာ့တာကိုျမင္ေတာ့ စိတ္မေကာင္းျဖစ္သြားၿပီး....

"ေကာင္းၿပီ ေကာင္းၿပီ မင္းတို႔ေျပးလို႔မရေပမယ့္ျခင္းေတာင္းထဲေတာ့ ဝင္လို႔ရတယ္"

အဲဒီေနာက္ သူက ရပ္လိုက္၍ သူ၏ေနာက္ေက်ာလြယ္ျခင္းေတာင္းထဲသို႔ ေရွာင္ဝူကိုထည့္ေပးလိုက္ၿပီး ဒါကိုျမင္တဲ့ေရွာင္ဟန္ကလည္း ေရွာင္ဖူကို သူ၏ ျခင္းေတာင္းထဲသို႔ ထည့္ေပးခဲ့လိုက္သည္။

ပိုင္လီက ေရွာင္ဟန္အတြက္ ခက္ခဲမွာကို စိုးရိမ္ေနေပမယ့္ ပုံမွန္လည္း ဒီေကာင္ေလးေတြကို ခ်ီေနက်ဆိဳတာကိုေတြးၿပီး တားေတာ့မတားေတာ့ပါဘူး။

ထို႔ေၾကာင့္ ျခင္းေတာင္းေတြထဲ ေရာက္သြားက်ေသာ ေကာေသးေသးေလးမ်ားသည္ ေပ်ာ္႐ႊင္သြားက်ကာ တဖန္ျပန္၍ တတ္ႂကြလာခဲ့က်ေလသည္။ ပိုင္လီက သူ႕ရဲ႕ေနာက္ေက်ာလြယ္ ျခင္းေတာင္းထဲက ေကာင္ေလးက လႈပ္႐ြေနတာကိုသိၿပီး သူက ေခါင္းရမ္းလိုက္မိပါတယ္။

သူက သစ္သီးၿခံကို လွည္းနဲ႕လာရင္ရခဲ့ေပမယ့္ ဒီလိုရာသီဥတုမ်ိဳးမွာ လႈပ္လႈပ္ရွားေနၿပီးသားရေအာင္လမ္းေလ်ာက္သြားက်ဖိဳ႕ကိုေ႐ြးခဲ့ၿပီး အခုေတာ့ ဒီေကာင္ေလးေတြက ျခင္းေတာင္းေတြထဲေရာက္သြားက်ပါၿပီ။ ဒါေပမယ့္ သူတို႔ေလးေတြက လႈပ္ရွားၿပီးတက္ႂကြေနလို႔ သူ႕အစီစဥ္က လုံးဝပ်က္သြားတာလို႔ေတာ့ေျပာမရနိုင္ျပန္ပါဘူးေလ။

ျမဴမ်ားသည္ မရွိသေလာက္ကြဲသြားၿပီျဖစ္ေသာ္လည္း ခပ္ပါးပါးေတာ့ က်န္ရွိေနေသး၏။ ထိုသို႔ ပါးလႊေသာ ျမဴပင္လယ္ထဲမွ လယ္ေျမရိုင္းေတြထဲတြင္ လူႏွစ္ဦးသည္ ေဘးျခင္းယွဥ္ေလွ်ာက္ေနက်ၿပီး သူတို႔ႏွစ္ဦးရဲ႕ေနာက္ေက်ာလြယ္ျခင္းေတာင္းေတြထဲ၌ အဝတ္ထူထူေတြဝတ္ထားသည့္ ဂြမ္းလုံးေလးေတြႏွင့္တူေသာ လူသားအေသးေလးမ်ားရွိေနကာ ရံဖန္ရံခါ၌ ထိုအေသးေလးမ်ား၏ ၾကည္လင္ခ်ိဳသာေသာ ရယ္သံေလးမ်ားကလည္း ျမဴမ်ားၾကားမွထိုးထြက္၍ ထြက္ေပၚလာတတ္ေပသည္။

ကြၽဲအိမ္ရဲ႕ တံခါးေရွ႕က ႐ုံခန္းက ျမဴမ်ားၾကားက ထိုပုံရိပ္ႏွစ္ခုအား လွမ္းၾကည့္ေနခဲ့ၿပီး အဲတာက ပိုင္လီတို႔မွန္းသိသြားခ်ိန္တြင္ သူကမစဥ္းစားပဲမေနနိုင္ေတာ့ေပ။ ဒီမိသားစုက အိမ္မွာ ကြၽဲေတြ၊လွည္းေတြရွိေနတာကို ဘာေၾကာင့္မ်ား လမ္းေလ်ာက္လာက်တာပါလိမ့္။

ကြၽဲအိမ္အနားသို႔ေရာက္ခ်ိန္တြင္ ပိုင္လီတို႔ကလည္း ၿခံေရွ႕၌ ႐ုံခန္းရွိေနေၾကာင္းေတြ႕လိုက္ရသျဖင့္ ႏႈတ္ဆက္ခဲ့က်၏။

"ဦးေလး႐ုံ... "

႐ုံခန္းသည္ သူ႕ကိုႏႈတ္ဆက္လာသည့္ ပိုင္လီကိုေရာ ၿပဳံးျပလာသည့္ ေရွာင္ဟန္ကိုေရာ ေခါင္းၿငိမ့္ျပကာ ျပန္လည္ႏႈတ္ဆက္ခဲ့ေပသည္။

"မင္းတို႔ပါလား ၿခံကိုသြားက်မလို႔လား"

ထိုအခ်ိန္တြင္ ပိုင္လီပင္မေျဖရေသးခင္ သူႏွင့္ေရွာင္ဟန္၏ေနာက္က ျခင္းေတြထဲမွ ေခါင္းမဲမဲေလးေတြထြက္လာက်ၿပီး ....

"ဖိုးဖိုး႐ုံ! "

"ဖိုးဖိုး႐ုံ ဖိုးဖိုး႐ုံ!"

႐ုံခန္းသည္ ထိုေကာင္ေလးေတြ၏အသံအား အေဝးထဲက ၾကားၿပီးျဖစ္၍ ထိုအေသးေလးမ်ားပါလာေၾကာင္း သိၿပီးေပၿပီ။ သူက ပုံမွန္ဆို မ်က္ႏွာတည္တတ္ေပမယ့္ ဒီခ်စ္စရာေကာင္းတဲ့ ေကာေသးေသးေလးေတြျမင္ခ်ိန္မွာ မၿပဳံးပဲမေနနိုင္ခဲ့ပါဘူး။

"ေရွာင္ဖူေလးနဲ႕ ေရွာင္ဝူေလးေရာ ပါလာတာကိုး အသီးၿခံကိုသြားက်မလို႔လား"

ဒါကိုၾကားေတာ့ အေသးေလးမ်ားသည္ ေပ်ာ္႐ႊင္စြာျပန္ေျဖလာခဲ့က်သည္။

"အြန္း အြန္း သားတို႔အသီးသြားခူးမလို႔ပါ!"

"ဖိုးဖိုး႐ုံ ဖိုးဖိုး႐ုံလိုက္လို႔ မရဘူးေနာ္ ဖိုးဖိုး႐ုံက စူးစူးေတြအမ်ားႀကီးကို ေစာင့္ၾကည့္ရမွာေလ "

ပိုင္လီသည္ ေရွာင္ဝူ၏ထိုစကားေၾကာင့္ညရယ္ေမာလိုက္မိသည္။ ဒီေကာင္ေလးက ကြၽဲေတြဝယ္လာၿပီးအိမ္မွာမရွိေတာ့လို႔ ေမးတဲ့အခါ သူက ကြၽဲေတြကအမ်ားႀကီးမလို႔ တျခားေနရာမွာ ဖိုးဖိုး႐ုံနဲ႕အတူရွိေၾကာင္း ေျပာထားခဲ့ရပါတယ္။ ဒါကိုသူေလးက အခုခ်ိန္ထိ မွတ္မိေနခဲ့တယ္ေလ။

႐ုံခန္းကလည္း ဒါကိုၾကားေတာ့ ရယ္ေမာလိုက္ကာ...

"ေကာင္းပါၿပီ ဖိုးဖိုး႐ုံက မလိုက္ပါဘူးဗ်ာ "

အဲဒီေနာက္သူသည္ ပိုင္လီအား ကြၽဲမ်ားအားလုံးအဆင္ေျပေၾကာင္းေျပာၿပီး အသီးခူးရန္အတြက္အခ်ိန္မလင့္ေစရန္ ေျပာခဲ့ကာ သြားခိုင္းခဲ့သည္။ ဒါေၾကာင့္ ပိုင္လီတို႔လည္း ႐ုံခန္းကိုႏႈတ္ဆက္ၿပီး ၿခံဘက္ကိုဆက္ထြက္လာခဲ့က်ပါတယ္။

ကြၽဲအိမ္ဟာ သစ္သီးၿခံေျမနဲ႕ တစ္ဆက္တည္းဆိုေပမယ့္လည္း အစြန္ကိုက်လြန္းၿပီး စပ်စ္သီးေတြစိုက္ထားသည္ေနရာမွာလည္း တျခားအစြန္တစ္ဖက္မွာျဖစ္ေန၍ သူတို႔ကခဏေလာက္ ဆက္သြားခဲ့က်ရသည္။

ကြၽဲအိမ္အေၾကာင္းေျပာရလွ်င္ ယခုပိုင္လီႏွင့္ ပိုင္အိမ္၏ ႏွစ္အိမ္ေပါင္းကြၽဲပိုင္ဆိုင္မႈမွာ ဆယ့္သုံးေကာင္ေလာက္ျဖစ္ေနၿပီျဖစ္ၿပီး သူတို႔က ဒီကြၽဲေတြအတြက္ ပိုင္လီစဥ္းစားထားသလို ေျမကြက္ရိုင္းေတြထဲက ႐ြာနဲ႕အနီးဆုံး အစြန္ေနရာကို ကြၽဲအိမ္အျဖစ္ျပဳလုပ္ခဲ့က်ကာ ယခုအခါ ကြၽဲအိမ္သည္ ၿခံတံတိုင္းလုံၿခဳံစြာခတ္ထားၿပီျဖစ္၍ အထဲ၌ အိမ္ငယ္ေလးတစ္လုံးကိုေတာင္ ေဆာက္ေပးထားေပသည္။ ထိုအိမ္ငယ္ေလးက ကြၽဲအိမ္ကိုေစာင့္မယ့္လူအတြက္ပါပဲ။ ကြၽဲေတြမ်ားလာတာနဲ႕အမွ် ေစာင့္တဲ့လူက ညဘက္အိမ္ျပန္အိပ္လို႔ မရနိုင္ေတာ့ဘူးမလား။

ပိုင္လီသည္ ထိုကြၽဲအိမ္၏ အလုပ္ေနရာအား ႐ုံမိသားစုကိုေပးခဲ့ၿပီး ကြၽဲမ်ားကို ေစာင့္ေရွာက္ေပး႐ုံျဖင့္ပင္ တစ္ရက္ကို ေၾကးျပားငါးဆယ္ရမွာျဖစ္သည္။ ၿပီးေတာ့ ဒါက ႏွစ္ခ်ဳပ္နဲ႕ငါးတာျဖစ္ပါတယ္။ သူတို႔က ကြၽဲေတြကို သူခိုးရန္က ေစာင့္ၾကည့္ေပး႐ုံပဲျဖစ္ၿပီး အစာလည္း ရွာေပးစရာမလိုပါဘူး။ ဒါေၾကာင့္ ႐ုံအိမ္က ႐ုံခန္းနဲ႕သူ႕သားေတြက ကြၽဲအိမ္ကို အလွည့္က်စီသြားေစာင့္ေပးက်ၿပီး သူတို႔အတြက္ေတာ့ တစ္ရက္ကို ေၾကးျပားငါးဆယ္က အလြယ္ရေနသလိုပါပဲ။ ဒါေၾကာင့္လည္း က်န္တဲ့မိသားစုေတြက အားတာနဲ႕ ကြၽဲေတြအတြက္ ျမက္နဲ႕ေပါင္းပင္ေတြရွာေပးခဲ့ပါတယ္။

ပိုင္လီက ဒါမ်ိဳးမလုပ္ဖို႔တားခဲ့ကာ သူက ကြၽဲေတြအတြက္အစာအား ႐ြာထဲမွ အ႐ြယ္မေရာက္တေရာက္ကေလးမ်ားအတြက္ အခြင့္ေရးေပးခဲ့ၿပီး ျမက္၊ေပါင္းပင္ သို႔မဟုတ္ ဝက္စာပင္တစ္ျခင္းလွ်င္ ေၾကးျပားအနည္းငယ္ႏွင့္ သူ႕ထံေရာင္းနိုင္ေၾကာင္း သတင္းေပးခဲ့လိုက္သည္။

ဒါေပါ့ တစ္ေန႕ဝယ္မည့္ ျခင္းအေရတြက္အား ကန့္သတ္ထားၿပီး ထိုအခြင့္ေရးသည္ ဆယ့္ငါးႏွစ္ေအာက္ ကေလးမ်ားအတြက္သာျဖစ္သည္။ ေက်းလတ္က ကေလးေတြက ငယ္စဥ္ထဲက အလုပ္လုပ္က်ရ၍ ဤကဲ့သို႔ ဝက္စာပင္မ်ားရွာျခင္းအား ေကာင္းမြန္စြာလုပ္နိုင္က်ၿပီး ပိုင္လီက သူတို႔အတြက္ ေငြရွာဖို႔အခြင့္ေရးေပးလိုက္ျခင္းသာပင္။

စစျခင္းမွာ စုျပဳဝင္လာၿပီး လူႀကီးေတြက မဟုတ္မမွန္တဲ့ နည္းေတြကိုသုံးခဲ့က်ေသးေပမယ့္ ပိုင္လီက အဲတာေတြကို စစ္ထုတ္ခဲ့တာေၾကာင့္ အခုေတာ့ ေျဖးေျဖးမွန္မွန္နဲ႕ပဲ လည္ပတ္ေနပါေတာ့တယ္။

ေနာက္တစ္ခုမွာ ကြၽဲအိမ္တည္ေဆာက္ျခင္းႏွင့္ ႐ုံမိသားစုအတြက္ လုပ္အားခေပးေခ်ျခင္းအေပၚ၌ ပိုင္မိသားစုကလည္း ေငြမွ်ခံခ်င္ခဲ့ေသာ္လည္း ပိုင္လီကလုံးဝကို ပယ္ခ်ခဲ့လိုက္သည္။ သူက ကြၽဲအိမ္တည္ေဆာက္ခ်င္တာက သူ႕အႀကံျဖစ္ၿပီး လူငွားခ်င္တာကလည္း သူအႀကံျဖစ္လို႔ ဒါေတြအကုန္လုံးကညသူလုပ္တာပဲလို႔ ေျပာခဲ့ကာ ပိုင္မိသားစုအေနနဲ႕ကေတာ့ သူတို႔သားရဲ႕ကြၽဲအိမ္မွာ ေနရာေတြအားေန၍ ကြၽဲေတြလာထားတာလို႔ သတ္မွတ္နိုင္ေၾကာင္း ရွင္းျပခဲ့သည္။ ပိုင္မိသားစုက ဒါက သိပ္မမွန္ဘူးလို႔ထင္က်ေပမယ့္ သူတို႔က ပိုင္လီကို နိုင္ေအာင္မေျပာနိုင္ခဲ့လို႔ ေနာက္ဆုံးမွာ ပိုင္လီေျပာသမွ်က သေဘာတူညီခ်က္လိုပါပဲ။

ထို႔ေၾကာင့္ ကြၽဲအိမ္ကိစၥသည္ ဤကဲ့သို႔ အစစအရာအရာ ေျပလည္သြားခဲ့ျခင္းပင္ျဖစ္သည္။

ပိုင္လီသည္ ယခုအခါ လုံၿခဳံေနၿပီး အေျခက်ေနေသာသူတို႔မိသားစုပိုင္ ကြၽဲအိမ္ၿခံဝန္းေလးကို ေက်နပ္စြာႏွင့္ လွည့္ၾကည့္ၿပီးေနာက္ ေရွ႕ဆက္သြားခဲ့ကာ ေနာက္ဆုံးမွာေတာ့ စပ်စ္သီးပင္ေတြနားကို ေရာက္လာခဲ့ၿပီျဖစ္၏။

ထိုစပ်စ္ပင္ေတြနားတြင္ က်န္းခ်င္လည္းရွိေနၿပီး ထိုေကာင္ေလးက ပိုင္လီတို႔ကိုျမင္တာႏွင့္ ေျပးလာခဲ့ၿပီး....

"အိုက္ယား... ေနာက္ဆုံးေတာ့ေရာက္လာၿပီပဲ ကြၽန္ေတာ္အကိုတို႔ကို ေစာင့္ေနတာေတာ္ေတာ္ၾကာၿပီ "

အကယ္၍ က်န္းခ်င္က သူသာ ဒီတန္ဖိုးႀကီးတဲ့အသီးေတြကို ဘယ္လိုခူးရမလဲသိေနပါက အမွည့္လြန္သြားမည္စိုးလို႔ ခူးၿပီးေနပါၿပီ။

ပိုင္လီနဲ႕ေရွာင္ဟန္ကေတာ့ အရင္ဆုံး ျခင္းေတာင္းထဲက အေသးေလးေတြကို ထုတ္ေပးလိုက္ၿပီး ထိုေကာင္ေလးေတြက ေလးကလႊတ္လိုက္တဲ့ ျမႇားေလးေတြလို စပ်စ္စင္ေတြေအာင္ ေျပးဝင္သြားတာကို ၾကည့္ေနက်ခဲ့သည္။

ၿပီးေတာ့မွ ပိုင္လီက က်န္းခ်င္ရဲ႕ပုခုံးကို.ပုတ္လိုက္ၿပီး...

"မေလာပါနဲ႕ကြာ ဒီစပ်စ္သီးေတြၾကည့္ရတာ ျမန္ျမန္နဲ႕အမွည့္လြန္မယ့္ပုံမေပၚပါဘူး"

ပိုင္လီရဲ႕ အျမင္အရေတာ့ တကယ္ပင္ အဲလိုမထင္ရတာျဖစ္တာ ျဖစ္သည္။ သူက ဒီစပ်စ္ပင္ႏြယ္ေတြကို ေခ်ာက္နက္တစ္ခုထဲကေန ခက္ခက္ခဲခဲသယ္ထုတ္လာခဲ့ရတာပါ။ ႏြယ္ပင္ေတြျဖစ္တာေၾကာင့္ သူက စင္ေတြထိုးေပးထားၿပီး စုစုေပါင္း စင္ငါးခုပဲရွိေပမယ့္ စင္တစ္ခုတစ္ခုက ေတာ္ေတာ္ေလးကို ႀကီးတာျဖစ္သည္။

အေရးႀကီးဆုံး အခ်က္ကေတာ့ ဒီစပ်စ္သီးေတြရဲ႕အ႐ြယ္စားနဲ႕ အေရာင္ပါပဲ။ သူတို႔ရဲ႕အ႐ြယ္စားက လက္မတစ္ဆစ္ခြဲစာေလာက္ရွိၿပီး ပိုင္လီက သူလာခဲ့တဲ့ေနရာမွာ ဒီထက္ႀကီးတာေတြေတာင္ ေတြ႕ဖူးလို႔မထူးဆန္းေပမယ့္ အေရာင္မွာမူ သူေတြ႕ဖူးခဲ့သည့္ အေရာင္ရင့္ရင္မ်ားႏွင့္မတူဘဲ ခရမ္းႏုေရာင္ေတာက္ေတာက္ျဖစ္ေနတာျဖစ္သည္။

အဲဒါက အရမ္းလွေပမယ့္ အေရာင္ရင့္ေတြပဲ ေတြ႕ဖူးတဲ့သူ႕အတြက္ေတာ့ နည္းနည္းထူးဆန္းေနကာ အထဲက အသားကလည္း အျပင္အခြံႏွင့္ အေရာင္တူျဖစ္ေနတာေၾကာင့္ အရည္ကလည္းအရမ္းလွေနတာပင္။ အကယ္၍ ဝိုင္သာေဖာက္လိုက္ရင္ ဒီေခတ္လိုေနရာမွာ အေရာင္နဲ႕တင္ ေတာ္ေတာ္ေလးစြဲေဆာင္မႈရွိေနမွာပါ။

ပိုင္လီက ဒါကို အပင္၏အ႐ြက္ပုံစံအရ စပ်စ္ပင္ျဖစ္ရမည္ဟု ယူဆခဲ့ၿပီး ယုန္ႏွင့္ငွက္ေတြကို ေကြၽးၾကည့္ၿပီးေနာက္မွ စားၾကည့္ခဲ့တာလည္းျဖစ္သည္။ အသီးက ဘာအႏၱာရယ္မွမရွိခဲ့ပါဘူး။ အရသာမွာ သူစားဖူးခဲ့သည့္ စပ်စ္သီးအရသာႏွင့္ အတူတူပင္ျဖစ္ၿပီး အနံ႕ကလည္း ထိုကဲ့သို႔ပင္။

သို႔ေသာ္ အခ်ိဳဓာတ္ခ်ည္းမဟုတ္ဘဲ အခ်ိဳဓာတ္ႏွင့္အခ်ဥ္ဓာတ္မွ်တစြာပါဝင္ေသာ ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္အရသာေလးျဖစ္၏။ ပိုင္လီမွာ ဤကဲ့သို႔ စပ်စ္ပင္မ်ား ရွိေသးေလမလားဟု ေတာင္ေျခတစ္ဝိုက္တြင္လိုက္ရွာခဲ့ေသးေသာ္လည္း ထိုေခ်ာက္နက္ထဲမွလြဲ၍ ဘယ္မွာမွရွာမေတြ႕ခဲ့ပါေခ်။

အဲဒါက သူရွာေတြ႕ခဲ့တဲ့စံပါယ္ပင္ေလးလိုပါပဲ။ တစ္ေနရာထဲမွာပဲ ေတြ႕နိုင္တာမ်ိဳးလို႔ ထင္ရတယ္။ ပိုင္လီမွာ ေသခ်ာေအာင္ ေတာင္ေပၚသို႔ တတ္ၾကည့္ခ်င္ခဲ့ေသးေသာ္လည္း အႏၱာရယ္မ်ားတာက တစ္ေၾကာင္းႏွင့္ ေတာင္ေပၚတတ္ဖို႔ဆိုလွ်င္ ေန႕ခ်င္းသြား၍ မရနိုင္လို႔ သူ႕မိသားစုက ရိပ္မိသြားမည္ျဖစ္ေသာေၾကာင့္ ထိုအႀကံကိုစြန့္လႊတ္ခဲ့လိုက္သည္။

ေနာက္ေတာ့ သူက ထိုေခ်ာက္ထဲက အပင္ေတြကိုပဲ အပင္ငယ္တခ်ိဳ႕ခ်န္ခဲ့ၿပီး ေတာ္ေတာ္မ်ားမ်ားကိုယူလာခဲ့လိုက္ပါတယ္။

အခုေတာ့ ထိုအပင္ေတြကိုစိုက္ပ်ိဳးထားခဲ့တာကေန အသီးမ်ားကလည္း မွည့္ေနခဲ့ပါၿပီ။

.................................................................
(AN/ ရွင္တို႔က အိမ္ေတာ္ကိုျမန္ျမန္ေဆာက္ေစခ်င္တယ္ဆို။ အဲတာႏြေဦးေရာက္မွဆိုေတာ့ ကိုယ္လည္းအခ်ိန္ေတြနည္းနည္းေက်ာ္လိုက္ေတာ့တာေပါ့။ အဲတာေၾကာင့္ ပိုင္လီေတာထဲဝင္ၿပီး စပ်စ္ပင္ေတြယူတဲ့အခန္းေလးလည္း ေက်ာ္သြားခဲ့ပါၿပီ။
ၿပီးေတာ့ ကိုယ္လည္း ဇာက္လမ္းကအရမ္းရွည္သြားမွာစိုးရိမ္ေနလို႔ပါ။

ေနာက္တစ္ပိုင္းရဲ႕ ေခါင္းစဥ္ခြဲေလးက "ေခ်ာင္မိသားစု၏အလည္ပတ္ေရာက္ရွိလာျခင္း"ပါတဲ့ရွင္။

paid gp မွာ main story ၿပီးသြားပါၿပီ။)

Continue Reading

You'll Also Like

2.1M 240K 187
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
2.8M 125K 60
*C O M P L E T E D* "This isn't like that stupid book, Oliver." "What do you mean by that?" "I mean this isn't a love story." - - - - Oliver Green is...
160K 23.2K 56
Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန္ႀကီးရဲ႕Fan boy တစ္ေယာက္ျဖစ္လာၿပီ) Author: 不著一字 (Zawgyi +Unicode)...
154K 4.9K 38
ကျွန်တော်ဘဝမှာဘာကိုမှမျှော်လင့်ချက်မထားတော့တာတော်တော်ကြာပြီးကိုကို။ဒါပေမဲ့ကိုကိုကိုတွေ့ပြီးထဲကကျွန်တော်ကို့ကို့အချစ်ကိုမျှော်လင့်ချက်ထားခဲ့တယ်။အဲ့မျှ...