[Unicode]
"သွားပြီ...ငါရူးသွားပြီ...ဟိုကြောင် သားအဖကြောင့် ငါသွပ်သွပ်ခါ အောင် ရူးသွားပြီ"
ခွန်းဆက် ကား steering wheel ပေါ်ခေါင်းကို မှောက်ချလိုက်ပြီး တစ်ယောက်တည်း ရေရွတ်နေသည်။ ဖုန်းကိုယူကာ မိုးထက်ဆီ ဖုန်းခေါ်သော်လည်း ကိုင်သူမရှိ။ သုံးလေးခါလောက်ခေါ်သော်လည်း နောက်ဆုံး လူကြ်ီးမင်းနှင့်သာ တိုးသည်။ တစ်ဖန် မင်းမြတ်ဆီ ဖုန်းခေါ်သော်လည်း ဖုန်းဝင်ပြီး အတော်ကြာမှ ကိုင်လာသည်။
"Hello"
"မင်းတို့ ကောင်တွေ ဘာလုပ်နေတာလဲ...ဟိုကောင် မိုးထက်လည်း ဖုန်းမကိုင်ဘူး"
"ငါတို့ကို မင်းလို အားယားနေတယ်များ ထင်နေလား... duty ချိန်ကြီးကွ...မိုးထက်ကလည်း ခွဲခန်းထဲမှာ"
"အေးပါကွာ...ဒါနဲ့ မင်းတို့ duty ဘယ်ချိန်ပြီးမှာလဲ"
"မပြီးသေးဘူးကွာ...ဒီနေ့ night duty ပါရှိတယ်"
"ဟိုကောင်ရော"
"သူလည်း အတူတူပဲ...မင်းကဘာကိစ္စရှိလို့လဲ"
"ဒီလိုပါပဲကွာ ငါပြင်းလို့"
"အေး မင်းကပြင်းနေရင်တောင် ငါတို့ပြင်းဖို့ အချိန်မရှိဘူး...ဒါပဲကွာ ငါ duty ချိန်ကြီး ဖြစ်နေလို့"
"ခဏ နေ...နေ..."
ခွန်းဆက် စကားတောင် မဆုံးသေး မင်းမြတ်က ဖုန်းချသွားသည်။ မှောင်မည်းသွားသော ဖုန်းမျက်နှာပြင်အား ကြည့်ကာ ခွန်းဆက် မင်းမြတ်အား မေတ္တာပို့မိတော့သည်။
"ခွေးကောင်တွေ...စကားတောင် ဆုံးအောင် ပြောခွင့်မပေးဘူး...မိန်းမ မရပဲ ယောက်ကျားရပြီး ဘ၀ အဆက်ဆက် b ထိုင်ရပါစေ...ဆရာဝန်အစုတ်ပလုတ်ကောင်တွေ"
ခွန်းဆက် စိတ်တိုတိုနဲ့ ရေရွတ်ပြီး ကောင်းထက်အားဖုန်းခေါ်လိုက်တော့သည်။ဖုန်းဝင်တာနဲ့ ချက်ချင်းကိုင်ကာ ဖုန်းဖြေသံကြားလိုက်ရသည်ကြောင့် ခွန်းဆက် ဟိုနှစ်ယောက်အား ပို၍ဆဲမိတော့သည်။
ငါ့မှာ မင်းပဲရှိတယ် ကောင်းထက်.....
"Hello "
"ဟင့်...ကောင်းထက်"
ငိုသံပါသော အသံဖြင့်ခေါ်လိုက်တော့ ကောင်းထက်၏ စိုးရိမ်သံက ထွက်ပေါ်လာသည်။
"ဟေ့ကောင် ရောင်နီ...ဘာဖြစ်တာလဲ...မင်းကို ဘယ်သူဘာလုပ်လို့လဲ...ငါ့ကိုပြော"
"မင်း အခုဘယ်မှာလည်း အင့်ဟင့်"
"ငါ တောင်ဒဂုံဘက်က site ထဲရောက်နေတာ...မင်းဘာလို့ငိုနေတာလဲ ငါ့ကို အခုပြော"
"မအားဘူးပေါ့"
"အားတယ် အားတယ်...ငါအခုမင်းဆီလာခဲ့မယ်"
"ဆုံနေကြ bar ကိုသာ လာခဲ့"
"အေး...မင်း ဘယ်မှမသွားပဲ...အဲ့မှာပဲစောင့်နေ့...ငါ အခုလာခဲ့မယ်"
"အင်းပါ...အင့်...bye"
ကျသွားသော ဖုန်းကိုကြည့်ကာ ခွန်းဆက် မျက်နှာ ၀မ်းသာပိတိဂွမ်းဆီထိနေသည်။ နည်းနည်းလေး drama ခင်းပြလိုက်တာနဲ့ ယုံသွားသော ကောင်းထက်သည် တကယ့်ငတုံးလေးပါပင်။ ဒီလိုဆိုပြန်တော့လည်း ကောင်းထက်သည် ငယ်ငယ်ကတည်းက သူငယ်ချင်းများကို အရာရာထက် ဦးစားပေးခဲ့သည်သာ။ ဖြစ်ခဲ့ဖူးသော ရန်ပွဲတွေမှာလည်း သူငယ်ချင်းများအားထိ၍ ကောင်းထက်က ပါဝင်ခဲ့ခြင်းသာ ဖြစ်သည်။
"တောင်းပန်ပါတယ် ကောင်းထက်...ငါဒီလိုပြောပြီး မခေါ်လည်း မင်းလာမယ်ဆိုတာ သိပေမယ့် ငါပြင်းနေလို့ ဟဲဟဲ"
တစ်ယောက်တည်းဆိုကာ ကားပေါ်မှဆင်းပြီး bar အတွင်းသို့ ၀င်လာကာ လူရှင်းသည့် ထောင့်တစ်နေရာတွင် ထိုင်ကာ ကောင်းထက်အား စောင့်နေလိုက်တော့သည်။
********************************
ခွန်းဆက် ကားမောင်းပြီး ထွက်သွားသည်ကို မာန် လိုက်ကြည့်နေခဲ့သည်။
"အခုပဲ ပြန်ရောက်တာကို အပြင်ပြန်ထွက်သွားတယ်...တော်တော်ခြေရှည်တဲ့ကောင်"
ပြောပြီး သူပွေ့ချီထားသော ကြောင်လေးအား ကြည့်ကာ
"ပါးပါး သမီးလေးပဲကောင်းတယ်...သွားအခု အပြင်မှာ သွားဆော့...ညကျရင် စောစောပြန်လာနော်"
"ညောင်"
"အင်း...လိမ်မာတယ်...မနက်ဖြန် အလုပ်ကအပြန် ပါးသမီးလေးအတွက် မုန့်တွေအများကြီး ၀ယ်ခဲ့မယ်"
ကြောင်အား သူ့ကိုယ်ပေါ်မှ ချပေးလိုက်သည်။ အပြင်ပြေးထွက်သွားသော ကြောင်လေးအား မြင်ကွင်းထဲမှ ပျောက်သွားသည်အထိ လိုက်ကြည့်နေပြီးမှ မာန် သူ့နားနေရာ အခန်းဆီသို့ တက်လာခဲ့တော့သည်။ အခန်းထဲသို့ဝင်ပြီး အခန်းတံခါးပိတ်ပြီးချိန်၌ မျက်နှာကအေးစက်သွားပြီး မျက်ဝန်းများက မုန်းတီးနာကျည်းရိပ်များဖြင့် ပြည့်နှက်သွားတော့သည်။ မျက်ဝန်းအကြည့်တို့က အ၀တ်အစားထားရာ ဗီရို ဆီအကြည့်ရောက်သွားပြီး တစ်လှမ်းချင်းလှမ်းသွားတော့သည်။
ဗီရို တံခါးအား ဖွင့်လိုက်ချိန် ဒုတိယ အကန့်တွင် ထည့်ထားသော နက်မှောင်နေသည့် စာအုပ်လေးက မာန့်မြင်ကွင်းထဲသို့ရောက်လာသည်။ စာအုပ်လေးကို လှမ်းယူလိုက်ပြီး အဖုံးအားလှန်လိုက်ကာ ပထမစာမျက်နာတွင် ရေးသားထားသော နာမည်လေးအား ဖွဖွလေး ပွတ်သတ်နေသည်။ မျက်ဝန်းထဲတွင်တော့ မုန်းတီးနာကျည်းရိပ်များ ရှိမနေတော့ပဲ ကြေကွဲဝမ်းနည်းခြင်းသာ ကျန်ရှိနေသည်။
မကြာလိုက်ပါ ပါးပြင်ပေါ်သို့ မျက်ရည်မိုးလေးက ရွာသွန်းလို့လာတော့သည်။ မာန် မျက်ရည်များကို မသုတ်ဖယ်ပဲ လွတ်လပ်စွာ ကျဆင်းခွင့်ပေးထားသည်။ စာအုပ်လေးကို ရင်ခွင်တွင်းပိုက်ထားကာ သည်းထန်စွာငိုကြွေးနေလေသည်။ ရှိုက်သံများကလည်း တစ်ချက်တစ်ချက် ထွက်ပေါ်နေသေးသည်။ ရှိုက်သံများကြားမှ စကားလုံးလေးတစ်ချို့ကိုလည်း ကြားရပြန်သေးသည်။
"မေမေ...ဖေဖေ...အမှန်တရားကို သား ရအောင် ကြိုးစားမှာ...မေမေနဲ့ ဖေဖေက ပင်ပန်းဆင်းရဲဒဏ်တွေ ခံစားခဲ့ရပြီး သေသွားခဲ့ရပေမယ့်...သူတို့...သူတို့က ရွှေဘုံပေါ်မှာ အေးအေးဆေးဆေး စံစားနေတာကို မြင်ရတာ သားရင်တွေနာတယ်...သူတို့ရဲ့ဘ၀ကို တစ်စချင်းဆီ သား ဖျက်ဆီးပစ်မယ်...မေမေတို့ ခံစားခဲ့ရတဲ့ နာကျင်မှုတွေ အတွက် ထိုက်တန်တဲ့ အပြစ်ကို သားဒဏ်ခတ်မယ်...သားရဲ့ အသွေးအသားတွေ ပျက်စီးသွားခဲ့ရင်တောင်မှ အမှန်တရားကို သားရအောင်ယူမယ်"
ထို့နောက် နာကျင်ကြေကွဲနေသောနှလုံးသားလေးအား အတင်းထိန်းချုပ်ပြီး စာအုပ်လေးအား နေရာတွင်ပြန်ထားလိုက်သည်။ အ၀တ်အစားလဲကာ မနက်ဖြန်ရုံးပြန်တက်ရန်အတွက် ပြင်ဆင်စရာရှိတာများကို ပြင်ဆင်နေတော့သည်။
*********************************
ခွန်းဆက် တစ်ယောက်တည်း ထိုင်ရင်း bar အတွင်းဝေ့၀ိုက်ကြည့်ကာ မျက်စိကစားနေသည်။ ဝိုင်ပုလင်းသည်ပင် တစ်ဝက်ကျိုးတော့မည် ကောင်းထက်ဆိုသော သကောင့်သားလေးက အခုထိပေါ်မလာသေး။ ခွန်းဆက် သက်ပြင်းချလိုက်ရင်း အိမ်တွင်ကျန်ခဲ့သော မာန့် အကြောင်းသာ တွေးတောနေသည်။
ခွန်းဆက်နဲ့ လက်မထက်ခင် မာန့်အကြောင်းကို ဖခင်ပြောပြသလောက်သာ သိရသည်။မာန်သည် ဦးညီညီနိုင်၏ မွေးစားသားဖြစ်သည်။ ဦးညီညီနိုင် မာန့်အား မွေးစားခဲ့သည်ကို သိသည့်အပြင်လူမှာ ခွန်းဆက်ဖခင်နှင့် ခွန်းဆက်သာဖြစ်သည်။စီးပွားရေးလောကတွင် မာန့်အား ဦးညီညီနိုင်၏ သားအရင်းဟုသာ ပွဲထုတ်ခဲ့သည်။မာန်ရဲ့မွေးစားဖခင် ဦးညီညီနိုင်က ခွန်းဆက်အဖေနဲ့ အတော်လေးရင်းနှီးသည့် ဆက်ဆံရေးမျိုးရှိသည်။ ခွန်းဆက်နဲ့ ဦးညီညီနိုင်သည်လည်း တကယ့်တူဝရီးလိုမျိုး ရင်းနှီးလှသည်။ယခုအချိန်ထိလည်း ဦးညီညီနိုင်နဲ့သူ အဆက်အသွယ်ရှိဆဲပင်။ငယ်စဉ်က မာန့်အား ဦးညီညီနိုင်ဘေးတွင် တစ်ခါတစ်ရံတွေ့ရသော်လည်း သူတို့နှစ်ယောက် မေးထူးခေါ်ပြောလောက်ကလွဲရင် မရင်းနှီးကြပေ။ ဦးညီညီနိုင်ဘေးတွင် မာန့်အား ပထမဆုံး တွေ့ရတုန်းကဆိုလျှင် အလင်းဆည်းဆာထင်၍ ခွန်းဆက် အထင်မှားခဲ့ဖူးသည်။
သို့သော် မာန်၏ ညာဘက်ပါးတွင်ရှိသော စံပယ်တင်မှဲ့လေးက အလင်းဆည်းဆာမဟုတ်ကြောင်း သက်သေခံနေ၍ ခွန်းဆက် ဘာသိဘာသာပင်နေခဲ့သည်။ ဦးညီညီနိုင်၏ တစ်ဦးတည်းသော သားဖြစ်သူ မာန်က စီးပွားရေးနဲ့ ဘွဲ့ရကာ ဖခင်၏ အကူအညီကိုမယူပဲ ကိုယ့်အားကိုယ်ကိုးပြီး ယခုလို M group ရဲ့ CEO တစ်ယောက်ဖြစ်လာခဲ့ခြင်းပေ။
"Hey...ယူ တစ်ယောက်တည်းလား"
ခွန်းဆက် အတွေးထဲမျောနေစဉ် ကောင်မလေးတစ်ယောက်အသံကြား၍ အတွေးများကိုရုတ်သိမ်းလိုက်ပြီး ထိုကောင်မလေးအား မော့ကြည့်လိုက်သည်။
"ကိုယ့်ကိုပြောတာလား"
ခွန်းဆက် သူကိုယ်သူလက်ညိုးထိုးကာ ပြန်မေးလိုက်သည်။
"ယူ တစ်ယောက်ပဲရှိတာ...ယူ့ကိုပြောတာပေါ့"
ခွန်းဆက်ရှေ့မှ ကောင်မလေးအား တစ်ချက်စိုက်ကြည့်လိုက်သည်။ ပေါင်လယ်လောက်ရှိသော လက်တစ်လုံးကြိုး ဂါဝန်အနီလေးကို ၀တ်ဆင်ထားသည်။ အနီရောင်ဂါဝန်လေးနှင့် ဖြူဖွေးသည့်အသားရောင်က လိုက်ဖက်နေသည်။ရွှေအိုရောင် ဆံပင်ရှည်များကို ကျောဘက်တွင်ဖြန့်ချထားသည်။ နားတွင်လည်း ပတ္တမြားနားကပ်လေးက မီးရောင်အောက် တလက်လက်ထနေသည်။
နှုတ်ခမ်းထက်တွင်လည်း ဆိုးဆေး၏အကူအညြီဖင့် ရဲနေအောင် ချယ်ထားသည်။ မျက်နှာသွယ်သွယ်လေးနှင့် မျက်လုံးများက မျက်ကပ်မှန်တပ်ထားသည်ကြောင့် ကြောင်မျက်လုံးလေးသဖွယ်။ခြုံငုံ ပြောရလျှင် ထိုကောင်မလေးသည် တော်တော်လေးလှပါသည်။ သို့သော်လည်း ခွန်းဆက်၏ စိတ်ကို မဖမ်းစားနိုင်ပေ။
"မဟုတ်ဘူး...သူငယ်ချင်းကိုစောင့်နေတာ"
"ယူ့ သူငယ်ချင်းမလာခင် တို့ အဖော်ပြုပေးမယ်လေ"
"မလိုဘူး...ရှုပ်ရှုပ်ယှက်ယှက်တွေ"
"တို့က မရှုပ်ပါဘူး...ယူ့ကို အေးချမ်းမှုလေး ခံစားစေချင်တာ"
"မလိုဘူးပြောနေတယ်လေ...အခုချက်ချင်း ငါ့ရှေ့က ထွက်သွား"
ခွန်းဆက် စိတ်ပေါက်ပေါက်နဲ့ အော်လိုက်သောကြောင့် ကောင်မလေးမှာလည်း မျက်နှာပျက်လျက် လှည့်ထွက်သွားသည်။ခွန်းဆက်၏အကျင့်မှာ ရင်းနှီးသူများရှေ့တွင် ပေါတောနေသလောက် တစ်ိမ်းလူများနဲ့ဆို အနေအေးကာ ခက်ထန်သည်။ ထိုကောင်မလေး ထွက်သွားပြီး မကြာ ကောင်းထက်မင်းယံ ရောက်လာသည်။
"မင်း စောင့်နေရတာ ကြာသွားပြီလား"
"အေး သူတောင်းစား ငါက မင်းသေသွားပြီတောင်ထင်တာ"
"ငါလဲ မင်းဖုန်းဆက်ပြီးပြီးချင်း အလုပ်တွေလက်စသတ်ပြ်ီး ထွက်လာတာပဲ"
"မင်းပြောတော့ အခုချက်ချင်းလာမယ်ဆို...ခုက တစ်နာရီတောင် ရှိပြီ"
"လမ်းမှာ ကားပိတ်နေလို့ပါကွာ"
"ပြောလိုက်ရင် ဆင်ခြေဆင်လက် ဆင်နားရွက် ဆင်ခြေထောက်တွေကြ်ီးပဲ"
ခွန်းဆက် ပြောပြောဆိုဆိုဖြင့် ရှေ့တွင်ရှိသော ဝိုင်ခွက်အား ကောက်မော့လိုက်သည်။
"အဲ့ဒါထားပါတော့...မင်းကို ဘယ်သူက ဘာလုပ်လို့ မင်းက ငိုတာလဲ"
"ဘယ်သူကငိုလို့လဲ"
ခွန်းဆက် မသိချင်ယောင်ဆောင်၍ ပြန်မေးလိုက်သည်။
"အစောက မင်းဖုန်းဆက်တုန်းက ငိုနေတာမဟုတ်ဘူးလား"
"မငိုပါဘူး...အားအားယားယား ငိုစရာလား"
"ခွေးသားရေ ငါ့မှာ မင်းကို စိုးရိမ်ပြီး မပြီးသေးတဲ့ အလုပ်တွေတောင် ဒီတိုင်းထားခဲ့ရတာ"
"ဟဲဟဲ မင်းကလည်း ငါတိုင်ပင်စရာရှိလို့ပါကွာ"
"အဲ့တာကောင်းကောင်းခေါ်ရင် ဘာဖြစ်မှာမို့လို့လဲ သူတောင်းစားရဲ့"
ကောင်းထက် ခွန်းဆက်အား ပြောရင်း ခွန်းဆက် သောက်နေသည့် ဝိုင်ခွက်အား ဆွဲယူကာ မော့သောက်လိုက်တော့သည်။
"ကဲ ပြော ဘာကိစ္စလဲ"
ကောင်းထက်က မေးငေါ့ကာ ပြောလာသည်မို့ ခွန်းဆက်လည်း ဝိုင်ပုလင်းထဲမှ ဝိုင်ကို ခွက်ထဲထည့်လိုက်ရင်း ပြောသည်။
"ဒီလိုကွာ "
"ဘယ်လိုလဲ"
"နေ့လည်က ငါနဲ့ မာန်နဲ့ daddy တ့်ိုအိမ်သွားပြီး ထမင်းသွားစားကြတယ်ကွာ"
"မာန် ကဘယ်သူလည်း"
ခွန်းဆက် စိတ်မရှည်စွာ ကောင်းထက်အား စောင်းကြည့်လိုက်သည်။
"ငါ့ အမျိုးသားလေး"
"ဪ ဆက်ပြော ဆက်ပြော"
ငါ့အမျိုးသားလေးတဲ့... ပေးစားလို့ယူရလို့သာပဲ... ခေါ်တာကိုက နူးနူးညံညံလေးနဲ့... အံ့ဩဘ.....
"အေး...အဲ့တာ ထမင်းစားနေတဲ့အချိန်ထိ အကောင်းပဲ...ဦးငယ် ရောက်လာမှ"
"မင်း ဦးငယ်ရောက်လာတော့ ဘာဖြစ်လို့လဲ"
"ပြောမယ်လေကွာ နားထောင်"
ခွန်းဆက် စိတ်မရှည်စွာ ပြောမိတော့သည်။
"ဦးငယ် ရောက်လာတော့ မာန်မျက်နှာ ဖြူစွတ်သွားတာ သွေးတောင်မရှိတော့တဲ့ အတိုင်းပဲ"
"ဘာဖြစ်လို့လဲ...ဦးငယ်က ကြောက်စရာကောင်းနေလို့လား မဟုတ်သေးပါဘူး...ဦးငယ်က ငါတို့နဲ့တောင် ယှဉ်လို့ရတဲ့ ရုပ်ရည်ရှိတာပဲဟာကို"
"သူတောင်းစားရေ ငါဆက်ပြောရအုံးမှာလား"
ခွန်းဆက် စိတ်မရှည်တော့ပဲ ကောင်းထက်အား ဆဲလိုက်တော့သည်။ ထိုအခါမှ ကောင်းထက်က ရယ်ရယ်ကျဲကျဲဖြင့်
"ဆက်ပြော ဆက်ပြော"
"မျက်နှာ ဖြူလျော့သွားပြီ နောက်မကြာဘူး မျက်ရည်က ကျလာရော"
"ဟင်"
"ပြီးတော့ ထမင်းစားနေစဉ် တစ်လျှောက်လုံးလည်း ဦးငယ်ကိုပဲ ကြည့်နေတာ"
"ဦးငယ်နဲ့ မင်းယောက်ကျားနဲ့ တစ်ခုခုပတ်သက်လို့လား"
"အဲ့ဒါတော့ ငါလဲမသိဘူး...မာန့်ကို မေးကြည့်တော့ မဟုတ်ဘူးလို့ပဲပြောတယ်"
"ဒါဆို မင်းက မသင်္ကာဘူးပေါ့"
"အဲ့တာကြောင့် မင်းကို ဦးငယ်နဲ့ မာန် ပတ်သက်မှုရှိခဲ့လား စုံစမ်းခိုင်းမလို့"
"ရပါတယ်...ဒါနဲ့မင်းကိုယ်တိုင်ကျဘာလို့ မစုံစမ်းတာလဲ"
"ငါ အလင်းကို ရှာနေရတာနဲ့ မအားဘူး...ပြီးတော့ မာန်သိသွားရင်လည်း မကောင်းဘူး"
"သြော်...သြော်"
ကောင်းထက် ခွန်းဆက်ကို မဲ့ရွဲ့ကြည့်ကာ ပြောလိုက်သည်။သူ့ယောက်ကျားသိသွားရင် မကောင်းတက်လို့ စုံစမ်းခိုင်းသည်တဲ့။
"ဒါနဲ့ မင်းရဲ့ အလင်းအခြေနေ ဘာထူးလဲ"
ခွန်းဆက် ခေါင်းကိုသာ ဖြေးညှင်းစွာ ခါပြလိုက်သည်။
"ငါ့လူတွေ ဆက်တိုက်ရှာနေပေမယ့် အခုထိဘာအခြေနေမှ မထူးသေးဘူး"
"တစ်နေ့တော့တွေ့မှာပါကွာ...မင်း အားတင်းထား"
"မင်းပြောသလိုပဲ မျှော်လင့်ရတာပေါ့"
ထို့နောက် နှစ်ယောက်သား ရောက်တက်ရာရာ စကားများပြောရင်း အချိန်ဖြုန်းနေလိုက်ကြတော့သည်။ ခွန်းဆက် နာရီကိုကြည့်မိတော့ ၅ နာရီခွဲကို ညွှန်ပြနေသည်ကြောင့် အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ကာ ကောင်းထက်နဲ့အတူ bar မှထွက်လာကြပြီး ကားကိုယ်စီဖြင့် သက်ဆိုင်ရာ အိမ်ပြန်လမ်းဆီသို့ မောင်းနှင်လာခဲ့တော့သည်။
မိုးတွေမှောင်မည်းနေတာပဲ...ရွာတော့မယ်ထင်တယ်.....
ခွန်းဆက် အတွေးပင် မဆုံးသေး မိုးကရွာချလာသည်။ လေရော ရေပါ ပါသည့်အပြင် တစ်ချက်တစ်ချက် လျှပ်စီးလျှပ်ကာ မိုးခြိမ်းသံများကိုလည်း ကျယ်လောင်စွာကြားနေရသည်။ ခွန်းဆက် ကားကို သတိထားပြ်ီး မောင်းနေရသည်။ မိုးကအတော်လေးပင် သည်းလာနေပြီဖြစ်သည်။
ခြံရှေ့သို့ ကားရောက်သောအခါ ဟွန်းတီးပေမယ့် ခြံတံခါးလာဖွင့်ပေးမည့်သူမရှိတာကြောင့် ကိုယ်တိုင်ပင် ဆင်းကာဖွင့်ရသည်။ ထို့နောက်ကားကို ခြံထဲသို့မောင်းလာခဲ့ပြီး အိမ်ရှေ့ ဆင်ဝင်အောက်တွင် ကားရပ်ကာ ကားထဲမှ ဆင်းလာပြီး ခြံတံခါးသွားပိတ်မည် အပြု ဘယ်လိုမှမထင်မှတ်ထားသည့် မြင်ကွင်းအား ခွန်းဆက် မြင်လိုက်ရသည်။
ခြံထဲတွင်ရှိသော ငုဝါပန်းပင်ကြီးအောက် နားနှစ်ဖက်ကိုလက်နဲ့ပိတ်ထားပြီး ကြောက်လန့်တကြား ထိုင်ငိုနေသော မာန့်ကိုတွေ့လိုက်ရသည်။ မိုးရေများကလည်း မာန့်တစ်ကိုယ်လုံးကို ရွှဲရွှဲစိုနေသည်။ ခွန်းဆက် မာန့်ဆီသို့ ပြေးသွားလိုက်ကာ မာန့်အနားအရောက် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်သည်။ ခွန်းဆက် မာန့်ပခုံးနှစ်ဖက်အားကိုင်ကာ
"မာန်...ခင်ဗျားဘာဖြစ်တာလဲ"
"မေမေ သားကြောက်တယ်"
အမေးနဲ့အဖြေသည် ခြားနားစွာ မာန့်ဆီမှထွက်ပေါ်လာခဲ့သည်။
*********************************
#20.11.2023
#🍁Moe Kyal Phyu 🍁
ဒါဒါလေးတို့ရေ.....
အသွားအလာဂရုစိုက်ပါနော်.....
ညဘက်တွေဆိုရင်လည်း အရေးကြီး ကိစ္စမရှိပဲ အပြင်မထွက်ပါနဲ့။အတက်နိုင်ဆုံး အိမ်ထဲမှာပဲ နေကြပါနော်.....
[Zawgyi]
"သြားၿပီ...ငါရူးသြားၿပီ...ဟိုေၾကာင္ သားအဖေၾကာင့္ ငါသြပ္သြပ္ခါ ေအာင္ ရူးသြားၿပီ"
ခြန္းဆက္ ကား steering wheel ေပၚေခါင္းကို ေမွာက္ခ်လိုက္ၿပီး တစ္ေယာက္တည္း ေရရြတ္ေနသည္။ ဖုန္းကိုယူကာ မိုးထက္ဆီ ဖုန္းေခၚေသာ္လည္း ကိုင္သူမရိွ။ သံုးေလးခါေလာက္ေခၚေသာ္လည္း ေနာက္ဆံုး လူႀက္ီးမင္းႏွင့္သာ တိုးသည္။ တစ္ဖန္ မင္းျမတ္ဆီ ဖုန္းေခၚေသာ္လည္း ဖုန္း၀င္ၿပီး အေတာ္ၾကာမွ ကိုင္လာသည္။
"Hello"
"မင္းတို႔ ေကာင္ေတြ ဘာလုပ္ေနတာလဲ...ဟိုေကာင္ မိုးထက္လည္း ဖုန္းမကိုင္ဘူး"
"ငါတို႔ကို မင္းလို အားယားေနတယ္မ်ား ထင္ေနလား... duty ခ်ိန္ႀကီးကြ...မိုးထက္ကလည္း ခြဲခန္းထဲမွာ"
"ေအးပါကြာ...ဒါနဲ႔ မင္းတို႔ duty ဘယ္ခ်ိန္ၿပီးမွာလဲ"
"မၿပီးေသးဘူးကြာ...ဒီေန့ night duty ပါရိွတယ္"
"ဟိုေကာင္ေရာ"
"သူလည္း အတူတူပဲ...မင္းကဘာကိစၥရိွလို႔လဲ"
"ဒီလိုပါပဲကြာ ငါျပင္းလို႔"
"ေအး မင္းကျပင္းေနရင္ေတာင္ ငါတို႔ျပင္းဖို႔ အခ်ိန္မရိွဘူး...ဒါပဲကြာ ငါ duty ခ်ိန္ႀကီး ျဖစ္ေနလို႔"
"ခဏ ေန...ေန..."
ခြန္းဆက္ စကားေတာင္ မဆံုးေသး မင္းျမတ္က ဖုန္းခ်သြားသည္။ ေမွာင္မည္းသြားေသာ ဖုန္းမ်က္ႏွာျပင္အား ၾကၫ့္ကာ ခြန္းဆက္ မင္းျမတ္အား ေမတၲာပို႔မိေတာ့သည္။
"ေခြးေကာင္ေတြ...စကားေတာင္ ဆံုးေအာင္ ေျပာခြင့္မေပးဘူး...မိန္းမ မရပဲ ေယာက္က်ားရၿပီး ဘ၀ အဆက္ဆက္ b ထိုင္ရပါေစ...ဆရာ၀န္အစုတ္ပလုတ္ေကာင္ေတြ"
ခြန္းဆက္ စိတ္တိုတိုနဲ႔ ေရရြတ္ၿပီး ေကာင္းထက္အားဖုန္းေခၚလိုက္ေတာ့သည္။ဖုန္း၀င္တာနဲ့ ခ်က္ခ်င္းကိုင္ကာ ဖုန္းေျဖသံၾကားလိုက္ရသည္ေၾကာင့္ ခြန္းဆက္ ဟိုႏွစ္ေယာက္အား ပို၍ဆဲမိေတာ့သည္။
ငါ့မွာ မင္းပဲရိွတယ္ ေကာင္းထက္.....
"Hello "
"ဟင့္...ေကာင္းထက္"
ငိုသံပါေသာ အသံျဖင့္ေခၚလိုက္ေတာ့ ေကာင္းထက္၏ စိုးရိမ္သံက ထြက္ေပၚလာသည္။
"ေဟ့ေကာင္ ေရာင္နီ...ဘာျဖစ္တာလဲ...မင္းကို ဘယ္သူဘာလုပ္လို႔လဲ...ငါ့ကိုေျပာ"
"မင္း အခုဘယ္မွာလည္း အင့္ဟင့္"
"ငါ ေတာင္ဒဂံုဘက္က site ထဲေရာက္ေနတာ...မင္းဘာလို႔ငိုေနတာလဲ ငါ့ကို အခုေျပာ"
"မအားဘူးေပါ့"
"အားတယ္ အားတယ္...ငါအခုမင္းဆီလာခဲ့မယ္"
"ဆံုေနၾက bar ကိုသာ လာခဲ့"
"ေအး...မင္း ဘယ္မွမသြားပဲ...အဲ့မွာပဲေစာင့္ေန့...ငါ အခုလာခဲ့မယ္"
"အင္းပါ...အင့္...bye"
က်သြားေသာ ဖုန္းကိုၾကၫ့္ကာ ခြန္းဆက္ မ်က္ႏွာ ၀မ္းသာပိတိဂြမ္းဆီထိေနသည္။ နည္းနည္းေလး drama ခင္းျပလိုက္တာနဲ႔ ယံုသြားေသာ ေကာင္းထက္သည္ တကယ့္ငတံုးေလးပါပင္။ ဒီလိုဆိုျပန္ေတာ့လည္း ေကာင္းထက္သည္ ငယ္ငယ္ကတည္းက သူငယ္ခ်င္းမ်ားကို အရာရာထက္ ဦးစားေပးခဲ့သည္သာ။ ျဖစ္ခဲ့ဖူးေသာ ရန္ပြဲေတြမွာလည္း သူငယ္ခ်င္းမ်ားအားထိ၍ ေကာင္းထက္က ပါ၀င္ခဲ့ျခင္းသာ ျဖစ္သည္။
"ေတာင္းပန္ပါတယ္ ေကာင္းထက္...ငါဒီလိုေျပာၿပီး မေခၚလည္း မင္းလာမယ္ဆိုတာ သိေပမယ့္ ငါျပင္းေနလို႔ ဟဲဟဲ"
တစ္ေယာက္တည္းဆိုကာ ကားေပၚမွဆင္းၿပီး bar အတြင္းသို႔ ၀င္လာကာ လူရွင္းသၫ့္ ေထာင့္တစ္ေနရာတြင္ ထိုင္ကာ ေကာင္းထက္အား ေစာင့္ေနလိုက္ေတာ့သည္။
********************************
ခြန္းဆက္ ကားေမာင္းၿပီး ထြက္သြားသည္ကို မာန္ လိုက္ၾကၫ့္ေနခဲ့သည္။
"အခုပဲ ျပန္ေရာက္တာကို အျပင္ျပန္ထြက္သြားတယ္...ေတာ္ေတာ္ေျခရွည္တဲ့ေကာင္"
ေျပာၿပီး သူေပြ့ခ်ီထားေသာ ေၾကာင္ေလးအား ၾကၫ့္ကာ
"ပါးပါး သမီးေလးပဲေကာင္းတယ္...သြားအခု အျပင္မွာ သြားေဆာ့...ညက်ရင္ ေစာေစာျပန္လာေနာ္"
"ေညာင္"
"အင္း...လိမ္မာတယ္...မနက္ျဖန္ အလုပ္ကအျပန္ ပါးသမီးေလးအတြက္ မုန႔္ေတြအမ်ားႀကီး ၀ယ္ခဲ့မယ္"
ေၾကာင္အား သူ႔ကိုယ္ေပၚမွ ခ်ေပးလိုက္သည္။ အျပင္ေျပးထြက္သြားေသာ ေၾကာင္ေလးအား ျမင္ကြင္းထဲမွ ေပ်ာက္သြားသည္အထိ လိုက္ၾကၫ့္ေနၿပီးမွ မာန္ သူ႔နားေနရာ အခန္းဆီသို႔ တက္လာခဲ့ေတာ့သည္။ အခန္းထဲသို႔၀င္ၿပီး အခန္းတံခါးပိတ္ၿပီးခ်ိန္၌ မ်က္ႏွာကေအးစက္သြားၿပီး မ်က္၀န္းမ်ားက မုန္းတီးနာက်ည္းရိပ္မ်ားျဖင့္ ျပၫ့္ႏွက္သြားေတာ့သည္။ မ်က္၀န္းအၾကၫ့္တို႔က အ၀တ္အစားထားရာ ဗီရို ဆီအၾကၫ့္ေရာက္သြားၿပီး တစ္လွမ္းခ်င္းလွမ္းသြားေတာ့သည္။
ဗီရို တံခါးအား ဖြင့္လိုက္ခ်ိန္ ဒုတိယ အကန႔္တြင္ ထၫ့္ထားေသာ နက္ေမွာင္ေနသၫ့္ စာအုပ္ေလးက မာန႔္ျမင္ကြင္းထဲသို႔ေရာက္လာသည္။ စာအုပ္ေလးကို လွမ္းယူလိုက္ၿပီး အဖံုးအားလွန္လိုက္ကာ ပထမစာမ်က္နာတြင္ ေရးသားထားေသာ နာမည္ေလးအား ဖြဖြေလး ပြတ္သတ္ေနသည္။ မ်က္၀န္းထဲတြင္ေတာ့ မုန္းတီးနာက်ည္းရိပ္မ်ား ရိွမေနေတာ့ပဲ ေၾကကြဲ၀မ္းနည္းျခင္းသာ က်န္ရိွေနသည္။
မၾကာလိုက္ပါ ပါးျပင္ေပၚသို႔ မ်က္ရည္မိုးေလးက ရြာသြန္းလို႔လာေတာ့သည္။ မာန္ မ်က္ရည္မ်ားကို မသုတ္ဖယ္ပဲ လြတ္လပ္စြာ က်ဆင္းခြင့္ေပးထားသည္။ စာအုပ္ေလးကို ရင္ခြင္တြင္းပိုက္ထားကာ သည္းထန္စြာငိုေႂကြးေနေလသည္။ ရိႈက္သံမ်ားကလည္း တစ္ခ်က္တစ္ခ်က္ ထြက္ေပၚေနေသးသည္။ ရိႈက္သံမ်ားၾကားမွ စကားလံုးေလးတစ္ခ်ိဳ႕ကိုလည္း ၾကားရျပန္ေသးသည္။
"ေမေမ...ေဖေဖ...အမွန္တရားကို သား ရေအာင္ ႀကိဳးစားမွာ...ေမေမနဲ႔ ေဖေဖက ပင္ပန္းဆင္းရဲဒဏ္ေတြ ခံစားခဲ့ရၿပီး ေသသြားခဲ့ရေပမယ့္...သူတို႔...သူတို႔က ေရႊဘံုေပၚမွာ ေအးေအးေဆးေဆး စံစားေနတာကို ျမင္ရတာ သားရင္ေတြနာတယ္...သူတို႔ရဲ့ဘ၀ကို တစ္စခ်င္းဆီ သား ဖ်က္ဆီးပစ္မယ္...ေမေမတို႔ ခံစားခဲ့ရတဲ့ နာက်င္မႈေတြ အတြက္ ထိုက္တန္တဲ့ အျပစ္ကို သားဒဏ္ခတ္မယ္...သားရဲ့ အေသြးအသားေတြ ပ်က္စီးသြားခဲ့ရင္ေတာင္မွ အမွန္တရားကို သားရေအာင္ယူမယ္"
ထို႔ေနာက္ နာက်င္ေၾကကြဲေနေသာႏွလံုးသားေလးအား အတင္းထိန္းခ်ဳပ္ၿပီး စာအုပ္ေလးအား ေနရာတြင္ျပန္ထားလိုက္သည္။ အ၀တ္အစားလဲကာ မနက္ျဖန္ရံုးျပန္တက္ရန္အတြက္ ျပင္ဆင္စရာရိွတာမ်ားကို ျပင္ဆင္ေနေတာ့သည္။
*********************************
ခြန္းဆက္ တစ္ေယာက္တည္း ထိုင္ရင္း bar အတြင္းေ၀့၀ုိက္ျကည့္ကာ မ်က္စိကစားေနသည္။ ဝိုင္ပုလင္းသည္ပင္ တစ္၀က္က်ိဳးေတာ့မည္ ေကာင္းထက္ဆိုေသာ သေကာင့္သားေလးက အခုထိေပၚမလာေသး။ ခြန္းဆက္ သက္ျပင္းခ်လိုက္ရင္း အိမ္တြင္က်န္ခဲ့ေသာ မာန့္ အေၾကာင္းသာ ေတြးေတာေနသည္။
ခြန္းဆက္နဲ႔ လက္မထက္ခင္ မာန႔္အေၾကာင္းကို ဖခင္ေျပာျပသေလာက္သာ သိရသည္။မာန္သည္ ဦးညီညီႏိုင္၏ ေမြးစားသားျဖစ္သည္။ ဦးညီညီႏိုင္ မာန္႔အား ေမြးစားခဲ့သည္ကို သိသည့္အျပင္လူမွာ ခြန္းဆက္ဖခင္ႏွင့္ ခြန္းဆက္သာျဖစ္သည္။စီးပြားေရးေလာကတြင္ မာန္႔အား ဦးညီညီႏိုင္၏ သားအရင္းဟုသာ ပြဲထုတ္ခဲ့သည္။မာန္ရဲ့ေမြးစားဖခင္ ဦးညီညီႏိုင္က ခြန္းဆက္အေဖနဲ႔ အေတာ္ေလးရင္းႏွီးသၫ့္ ဆက္ဆံေရးမ်ိဳးရိွသည္။ ခြန္းဆက္နဲ႔ ဦးညီညီႏိုင္သည္လည္း တကယ့္တူဝရီးလိုမ်ိဳး ရင္းႏွီးလွသည္။ယခုအခ်ိန္ထိလည္း ဦးညီညီႏိုင္နဲ႔သူ အဆက္အသြယ္ရိွဆဲပင္။ငယ္စဉ္က မာန႔္အား ဦးညီညီႏိုင္ေဘးတြင္ တစ္ခါတစ္ရံေတြ့ရေသာ္လည္း သူတို႔ႏွစ္ေယာက္ ေမးထူးေခၚေျပာေလာက္ကလြဲရင္ မရင္းႏီွးၾကေပ။ ဦးညီညီႏိုင္ေဘးတြင္ မာန႔္အား ပထမဆံုး ေတြ့ရတုန္းကဆိုလ်ွင္ အလင္းဆည္းဆာထင္၍ ခြန္းဆက္ အထင္မွားခဲ့ဖူးသည္။
သို႔ေသာ္ မာန္၏ ညာဘက္ပါးတြင္ရိွေသာ စံပယ္တင္မွဲ႔ေလးက အလင္းဆည္းဆာမဟုတ္ေၾကာင္း သက္ေသခံေန၍ ခြန္းဆက္ ဘာသိဘာသာပင္ေနခဲ့သည္။ ဦးညီညီႏိုင္၏ တစ္ဦးတည္းေသာ သားျဖစ္သူ မာန္က စီးပြားေရးနဲ႔ ဘြဲ႔ရကာ ဖခင္၏ အကူအညီကိုမယူပဲ ကိုယ့္အားကိုယ္ကိုးၿပီး ယခုလို M group ရဲ့ CEO တစ္ေယာက္ျဖစ္လာခဲ့ျခင္းေပ။
"Hey...ယူ တစ္ေယာက္တည္းလား"
ခြန္းဆက္ အေတြးထဲေမ်ာေနစဉ္ ေကာင္မေလးတစ္ေယာက္အသံၾကား၍ အေတြးမ်ားကိုရုတ္သိမ္းလိုက္ၿပီး ထိုေကာင္မေလးအား ေမာ့ၾကၫ့္လိုက္သည္။
"ကိုယ့္ကိုေျပာတာလား"
ခြန္းဆက္ သူကိုယ္သူလက္ညိုးထိုးကာ ျပန္ေမးလိုက္သည္။
"ယူ တစ္ေယာက္ပဲရိွတာ...ယူ႔ကိုေျပာတာေပါ့"
ခြန္းဆက္ေရ႔ွမွ ေကာင္မေလးအား တစ္ခ်က္စိုက္ၾကၫ့္လိုက္သည္။ ေပါင္လယ္ေလာက္ရိွေသာ လက္တစ္လံုးႀကိဳး ဂါ၀န္အနီေလးကို ၀တ္ဆင္ထားသည္။ အနီေရာင္ဂါ၀န္ေလးႏွင့္ ျဖဴေဖြးသၫ့္အသားေရာင္က လိုက္ဖက္ေနသည္။ေရႊအိုေရာင္ ဆံပင္ရွည္မ်ားကို ေက်ာဘက္တြင္ျဖန႔္ခ်ထားသည္။ နားတြင္လည္း ပတၲျမားနားကပ္ေလးက မီးေရာင္ေအာက္ တလက္လက္ထေနသည္။
ႏႈတ္ခမ္းထက္တြင္လည္း ဆိုးေဆး၏အကူအညျီဖင့္ ရဲေနေအာင္ ခ်ယ္ထားသည္။ မ်က္ႏွာသြယ္သြယ္ေလးႏွင့္ မ်က္လံုးမ်ားက မ်က္ကပ္မွန္တပ္ထားသည္ေၾကာင့္ ေၾကာင္မ်က္လံုးေလးသဖြယ္။ျခုံငုံ ေျပာရလ်ွင္ ထိုေကာင္မေလးသည္ ေတာ္ေတာ္ေလးလွပါသည္။ သို႔ေသာ္လည္း ခြန္းဆက္၏ စိတ္ကို မဖမ္းစားႏိုင္ေပ။
"မဟုတ္ဘူး...သူငယ္ခ်င္းကိုေစာင့္ေနတာ"
"ယူ႔ သူငယ္ခ်င္းမလာခင္ တို႔ အေဖာ္ျပဳေပးမယ္ေလ"
"မလိုဘူး...ရႈပ္ရႈပ္ယွက္ယွက္ေတြ"
"တို႔က မရႈပ္ပါဘူး...ယူ႔ကို ေအးခ်မ္းမႈေလး ခံစားေစခ်င္တာ"
"မလိုဘူးေျပာေနတယ္ေလ...အခုခ်က္ခ်င္း ငါ့ေရ႔ွက ထြက္သြား"
ခြန္းဆက္ စိတ္ေပါက္ေပါက္နဲ႔ ေအာ္လိုက္ေသာေၾကာင့္ ေကာင္မေလးမွာလည္း မ်က္ႏွာပ်က္လ်က္ လွၫ့္ထြက္သြားသည္။ခြန္းဆက္၏အက်င့္မွာ ရင္းႏီွးသူမ်ားေရွ႕တြင္ ေပါေတာေနသေလာက္ တစိ္မ္းလူမ်ားနဲ႔ဆို အေနေအးကာ ခက္ထန္သည္။ ထိုေကာင္မေလး ထြက္သြားၿပီး မၾကာ ေကာင္းထက္မင္းယံ ေရာက္လာသည္။
"မင္း ေစာင့္ေနရတာ ၾကာသြားၿပီလား"
"ေအး သူေတာင္းစား ငါက မင္းေသသြားၿပီေတာင္ထင္တာ"
"ငါလဲ မင္းဖုန္းဆက္ၿပီးၿပီးခ်င္း အလုပ္ေတြလက္စသတ္ၿပ္ီး ထြက္လာတာပဲ"
"မင္းေျပာေတာ့ အခုခ်က္ခ်င္းလာမယ္ဆို...ခုက တစ္နာရီေတာင္ ရိွၿပီ"
"လမ္းမွာ ကားပိတ္ေနလို႔ပါကြာ"
"ေျပာလိုက္ရင္ ဆင္ေျခဆင္လက္ ဆင္နားရြက္ ဆင္ေျခေထာက္ေတြႀက္ီးပဲ"
ခြန္းဆက္ ေျပာေျပာဆိုဆိုျဖင့္ ေရ႔ွတြင္ရိွေသာ ဝိုင္ခြက္အား ေကာက္ေမာ့လိုက္သည္။
"အဲ့ဒါထားပါေတာ့...မင္းကို ဘယ္သူက ဘာလုပ္လို႔ မင္းက ငိုတာလဲ"
"ဘယ္သူကငိုလို႔လဲ"
ခြန္းဆက္ မသိခ်င္ေယာင္ေဆာင္၍ ျပန္ေမးလိုက္သည္။
"အေစာက မင္းဖုန္းဆက္တုန္းက ငိုေနတာမဟုတ္ဘူးလား"
"မငိုပါဘူး...အားအားယားယား ငိုစရာလား"
"ေခြးသားေရ ငါ့မွာ မင္းကို စိုးရိမ္ၿပီး မၿပီးေသးတဲ့ အလုပ္ေတြေတာင္ ဒီတိုင္းထားခဲ့ရတာ"
"ဟဲဟဲ မင္းကလည္း ငါတိုင္ပင္စရာရိွလို႔ပါကြာ"
"အဲ့တာေကာင္းေကာင္းေခၚရင္ ဘာျဖစ္မွာမို႔လို႔လဲ သူေတာင္းစားရဲ့"
ေကာင္းထက္ ခြန္းဆက္အား ေျပာရင္း ခြန္းဆက္ ေသာက္ေနသၫ့္ ဝိုင္ခြက္အား ဆြဲယူကာ ေမာ့ေသာက္လိုက္ေတာ့သည္။
"ကဲ ေျပာ ဘာကိစၥလဲ"
ေကာင္းထက္က ေမးေငါ့ကာ ေျပာလာသည္မို႔ ခြန္းဆက္လည္း ဝိုင္ပုလင္းထဲမွ ဝိုင္ကို ခြက္ထဲထၫ့္လိုက္ရင္း ေျပာသည္။
"ဒီလိုကြာ "
"ဘယ္လိုလဲ"
"ေန့လည္က ငါနဲ႔ မာန္နဲ႔ daddy တ့္ိုအိမ္သြားၿပီး ထမင္းသြားစားၾကတယ္ကြာ"
"မာန္ ကဘယ္သူလည္း"
ခြန္းဆက္ စိတ္မရွည္စြာ ေကာင္းထက္အား ေစာင္းၾကၫ့္လိုက္သည္။
"ငါ့ အမ်ိဳးသားေလး"
"ဪ ဆက္ေျပာ ဆက္ေျပာ"
ငါ့အမ်ဳိးသားေလးတဲ့... ေပးစားလို႔ယူရလို႔သာပဲ... ေခၚတာကိုက ႏူးႏူးညံညံေလးနဲ႔... အံ့ဩဘ.....
"ေအး...အဲ့တာ ထမင္းစားေနတဲ့အခ်ိန္ထိ အေကာင္းပဲ...ဦးငယ္ ေရာက္လာမွ"
"မင္း ဦးငယ္ေရာက္လာေတာ့ ဘာျဖစ္လို႔လဲ"
"ေျပာမယ္ေလကြာ နားေထာင္"
ခြန္းဆက္ စိတ္မရွည္စြာ ေျပာမိေတာ့သည္။
"ဦးငယ္ ေရာက္လာေတာ့ မာန္မ်က္ႏွာ ျဖဴစြတ္သြားတာ ေသြးေတာင္မရိွေတာ့တဲ့ အတိုင္းပဲ"
"ဘာျဖစ္လို႔လဲ...ဦးငယ္က ေၾကာက္စရာေကာင္းေနလို႔လား မဟုတ္ေသးပါဘူး...ဦးငယ္က ငါတို႔နဲ႔ေတာင္ ယွဉ္လို႔ရတဲ့ ရုပ္ရည္ရိွတာပဲဟာကို"
"သူေတာင္းစားေရ ငါဆက္ေျပာရအံုးမွာလား"
ခြန္းဆက္ စိတ္မရွည္ေတာ့ပဲ ေကာင္းထက္အား ဆဲလိုက္ေတာ့သည္။ ထိုအခါမွ ေကာင္းထက္က ရယ္ရယ္က်ဲက်ဲျဖင့္
"ဆက္ေျပာ ဆက္ေျပာ"
"မ်က္ႏွာ ျဖဴေလ်ာ့သြားၿပီ ေနာက္မၾကာဘူး မ်က္ရည္က က်လာေရာ"
"ဟင္"
"ၿပီးေတာ့ ထမင္းစားေနစဉ္ တစ္ေလ်ွာက္လံုးလည္း ဦးငယ္ကိုပဲ ၾကၫ့္ေနတာ"
"ဦးငယ္နဲ႔ မင္းေယာက္က်ားနဲ႔ တစ္ခုခုပတ္သက္လို႔လား"
"အဲ့ဒါေတာ့ ငါလဲမသိဘူး...မာန႔္ကို ေမးၾကၫ့္ေတာ့ မဟုတ္ဘူးလို႔ပဲေျပာတယ္"
"ဒါဆို မင္းက မသကၤာဘူးေပါ့"
"အဲ့တာေၾကာင့္ မင္းကို ဦးငယ္နဲ႔ မာန္ ပတ္သက္မႈရိွခဲ့လား စံုစမ္းခိုင္းမလို႔"
"ရပါတယ္...ဒါနဲ႔မင္းကိုယ္တိုင္က်ဘာလို႔ မစံုစမ္းတာလဲ"
"ငါ အလင္းကို ရွာေနရတာနဲ႔ မအားဘူး...ၿပီးေတာ့ မာန္သိသြားရင္လည္း မေကာင္းဘူး"
"ေၾသာ္...ေၾသာ္"
ေကာင္းထက္ ခြန္းဆက္ကို မဲ့ရြဲ႔ၾကၫ့္ကာ ေျပာလိုက္သည္။သူ႕ေယာက္က်ားသိသြားရင္ မေကာင္းတက္လို႔ စံုစမ္းခိုင္းသည္တဲ့။
"ဒါနဲ႔ မင္းရဲ့ အလင္းအေျခေန ဘာထူးလဲ"
ခြန္းဆက္ ေခါင္းကိုသာ ေျဖးၫွင္းစြာ ခါျပလိုက္သည္။
"ငါ့လူေတြ ဆက္တိုက္ရွာေနေပမယ့္ အခုထိဘာအေျခေနမွ မထူးေသးဘူး"
"တစ္ေန့ေတာ့ေတြ့မွာပါကြာ...မင္း အားတင္းထား"
"မင္းေျပာသလိုပဲ ေမ်ွာ္လင့္ရတာေပါ့"
ထို႔ေနာက္ ႏွစ္ေယာက္သား ေရာက္တက္ရာရာ စကားမ်ားေျပာရင္း အခ်ိန္ျဖဳန္းေနလိုက္ၾကေတာ့သည္။ ခြန္းဆက္ နာရီကိုၾကၫ့္မိေတာ့ ၅ နာရီခြဲကို ၫႊန္ျပေနသည္ေၾကာင့္ အိမ္ျပန္ဖို႔ဆံုးျဖတ္လိုက္ကာ ေကာင္းထက္နဲ႔အတူ bar မွထြက္လာၾကၿပီး ကားကိုယ္စီျဖင့္ သက္ဆိုင္ရာ အိမ္ျပန္လမ္းဆီသို႔ ေမာင္းႏွင္လာခဲ့ေတာ့သည္။
မိုးေတြေမွာင္မည္းေနတာပဲ...ရြာေတာ့မယ္ထင္တယ္.....
ခြန္းဆက္ အေတြးပင္ မဆံုးေသး မိုးကရြာခ်လာသည္။ ေလေရာ ေရပါ ပါသၫ့္အျပင္ တစ္ခ်က္တစ္ခ်က္ လ်ွပ္စီးလ်ွပ္ကာ မိုးၿခိမ္းသံမ်ားကိုလည္း က်ယ္ေလာင္စြာၾကားေနရသည္။ ခြန္းဆက္ ကားကို သတိထားၿပ္ီး ေမာင္းေနရသည္။ မိုးကအေတာ္ေလးပင္ သည္းလာေနၿပီျဖစ္သည္။
ၿခံေရ႔ွသို႔ ကားေရာက္ေသာအခါ ဟြန္းတီးေပမယ့္ ၿခံတံခါးလာဖြင့္ေပးမၫ့္သူမရိွတာေၾကာင့္ ကိုယ္တိုင္ပင္ ဆင္းကာဖြင့္ရသည္။ ထို႔ေနာက္ကားကို ၿခံထဲသို႔ေမာင္းလာခဲ့ၿပီး အိမ္ေရ႔ွ ဆင္၀င္ေအာက္တြင္ ကားရပ္ကာ ကားထဲမွ ဆင္းလာၿပီး ၿခံတံခါးသြားပိတ္မည္ အျပဳ ဘယ္လိုမွမထင္မွတ္ထားသၫ့္ ျမင္ကြင္းအား ခြန္းဆက္ ျမင္လိုက္ရသည္။
ၿခံထဲတြင္ရိွေသာ ငုဝါပန္းပင္ျကီးေအာက္ နားႏွစ္ဖက္ကိုလက္နဲ႔ပိတ္ထားၿပီး ေၾကာက္လန႔္တၾကား ထိုင္ငိုေနေသာ မာန႔္ကိုေတြ့လိုက္ရသည္။ မိုးေရမ်ားကလည္း မာန႔္တစ္ကိုယ္လံုးကို ရႊဲရႊဲစိုေနသည္။ ခြန္းဆက္ မာန႔္ဆီသို႔ ေျပးသြားလိုက္ကာ မာန႔္အနားအေရာက္ ဒူးတစ္ဖက္ေထာက္ ထိုင္ခ်လိုက္သည္။ ခြန္းဆက္ မာန႔္ပခံုးႏွစ္ဖက္အားကိုင္ကာ
"မာန္...ခင္ဗ်ားဘာျဖစ္တာလဲ"
"ေမေမ သားေၾကာက္တယ္"
အေမးနဲ႔အေျဖသည္ ျခားနားစြာ မာန႔္ဆီမွထြက္ေပၚလာခဲ့သည္။
*********************************
#20.11.2023
#🍁Moe Kyal Phyu 🍁
ဒါဒါေလးတို႔ေရ.....
အသြားအလာဂ႐ုစို္က္ပါေနာ္.....
ညဘက္ေတြဆိုရင္လည္း အေရးႀကီး ကိစၥမရိွပဲ အျပင္မထြက္ပါနဲ႔။အတက္ႏိုင္ဆံုး အိမ္ထဲမွာပဲ ေနၾကပါေနာ္.....