အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ...

By FlowerRainButterfly

1.5M 191K 3.7K

အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။ More

အပိုင်း (၁) ချိုမြိန်သောမျှစ်လေးများ
စွမ်းရည်ပြည့်ဝသောမုဆိုးကြီးနှင့် ရစ်ငှက်လေးများ
မုဆိုးကြီးနဲ့တောဝက်ကြီးနှစ်ကောင်
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2
မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-2
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-3
တောဝက်ကြီးများအားရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်-4
မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု
အပိုင်း (၁၁) မုဆိုးကြီး၏ စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့
မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း
မုဆိုးကြီးအိမ်ကစားသောက်ပွဲ
မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2
ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ်
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁) မုဆိုးကြီး၏ နေအိမ်ဖောက်ထွင်းခံရမှု
လဲ့ရှီနှင့်ရှောင်အိမ်၏အရှက်မဲ့မှု
ရုံးတော်၏စီရင်ချက်
ရုံးတော်၏စီရင်ချက် -2
ရုံးတော်၏စီရင်ချက် -3
အပိုင်း (၂၆)
အပိုင်း (၂၇)
ရှောင်ဟန်ကဆံထိုးလေးကိုဖွတ်ထားတယ်
မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း
မုဆိုးကြီး၏နွေးထွေးသောမိသားစု
အပိုင်း (၃၁)
အပိုင်း (၃၂)
မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇) ချောင်ရန်၏အလည်ပတ်ရောက်ရှိလာမှု
အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်
💖Chibi💖
မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း
အပိုင်း (၄၀)
နန်ချောင်းရွာက ရွာသားတစ်ဦးသေဆုံးခြင်း
အပိုင်း (၄၃)
အပိုင်း (၄၂)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇)
အပိုင်း (၄၈)
အပိုင်း (၄၉)
မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ
❌❌
မုဆိုးကြီး၏ဝက်ဝံအမဲလိုက်ခရီးစဥ်
မုဆိုးကြီးပြန်လာပြီ
အပိုင်း (၅၃)
ဝက်ဝံကြီးများကိုရောင်းရန် ဆိပ်ကမ်းမြို့သို့အလည်တစ်ခေါက်
ဟင်းလင်းပြင်လေလံပွဲ
အပိုင်း (၅၆)
စံပါယ်ပင်လေးက မျိုးစိတ်သစ်ပါတဲ့
မိသားစုအတွက် လက်ဆောင်တွေ ဝယ် ဝယ် ဝယ်
အပိုင်း (၅၉)
ဟွမ်ဟွာ၏ဖိတ်ခေါ်မှု
မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု
အပိုင်း (၆၂)
အပိုင်း (၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
မုဆိုးကြီးပြန်လာပြီ
ဇနီးလေး ငွေလက်မှတ်တွေကိုမင်းသိမ်းထားလိုက်
ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး
(69)
ပိုင်လီ
မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း
အပိုင်း (၇၁)
ကျိုးရှီ၏အလိမ်ညာပြဇာတ်
ထူးခြားဆန်းပြားသောချီးကားများ
အပိုင်း (၇၃)
အပိုင်း (၇၄)
အပိုင်း (၇၅)
အပိုင်း (၇၆)
အပိုင်း (၇၇)
အပိုင်း (၇၈)
အပိုင်း (၇၉)
အပိုင်း (၈၀)
အပိုင်း (၈၁)
အပိုင်း (၈၂)
အပိုင်း (၈၃)
အပိုင်း (၈၄)
အပိုင်း (၈၅)
အပိုင်း (၈၆)
အပိုင်း (၈၇)
အပိုင်း (၈၈)
အပိုင်း (၈၉)
ဇနီးလေး... ကလေးယူချင်နေတာလား?
မြေဝယ်ယူမှု
အပိုင်း (၉၂)
အပိုင်း (၉၃)
အပိုင်း (၉၅)
စပျစ်သီးခူးဖို့သွားခြင်း
စပျစ်သီးလေးများ
main story complete
(98)
(99)
အပိုင်း (၁၀၀)
(101)
(102)
၁၁၃
အပိုင်း (၁၀၄)
အပိုင်း (၁၀၅)
အပိုင်း (၁၀၆)
အပိုင်း (၁၀၇)
စပျစ်သီးဝိုင်ပြုလုပ်ခြင်း
အပိုင်း (၁၀၉)
အပိုင်း (၁၁၀)
အပိုင်း (၁၁၁)
အပိုင်း (၁၁၂)
အပိုင်း (၁၁၃)
တည်သီးလေးများကိုခူးဆွတ်ခြင်း
ဇနီးလေး၏ယုံကြည်မှု
ချောင်မိသားစုသို့ အလည်တစ်ခေါက်
စပျစ်ဝိုင်လက်ဆောင်
အပိုင်း (118)
စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း
ဇနီးလေးစိတ်ဆိုးသွားခြင်း
paid gp
ဇနီးလေးစိတ်ဆိုးသွားခြင်း-2
ဇနီးလေးအားချော့မြူခြင်း
လူဆိုးလေးရှောင်ဝူ
ယွီလျန်ဟွားမှာငွေတချို့ဖြုန်းခြင်း
အပိုင်း (၁၂၅)
ဇနီးလေးရွေးပေးတဲ့လက်ဆောင်
အပိုင်း (၁၂၇)
အပိုင်း (၁၂၈)
အပိုင်း (၁၂၉)
လှည်းအပြည့် စျေးဝယ်ထွက်ခြင်း
အပိုင်း (၁၃၁)
ကျွန်စျေးသို့အလည်တစ်ခေါက်
အပိုင်း (၁၃၃)
အစေခံများ
ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်
အိမ်အသစ်ဆောက်လုပ်ခြင်း
အပိုင်း (၁၃၇)
ကျိုးရှီကိုနှင်ထုတ်ခြင်း
အပိုင်း (၁၃၉)
မီးပုံးပွဲတော်
အပိုင်း (၁၄၁)
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်
ဇနီးလေး ကိုယ်မင်းကို ချစ်မြတ်နိုးတယ်-2
အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး
ရှောင်အိမ်ရဲ့ အကြံသစ်
ပိုင်အမေ၏ အရိပ်အမွတ်
နှစ်ကိုယ်ကြားစကားဝိုင်း
ရှောင်အိမ်၏တောင်းပန်လာမှု
အပိုင်း (၁၄၉)
အပိုင်း (၁၅၀)
မုဆိုးကြီး၏ ကတုံးလေးကိုစမ်းသပ်မှု

အပိုင်း (၉၄)

9.7K 1.2K 13
By FlowerRainButterfly

အပိုင်း (၉၄) မိသားစုစကားဝိုင်း

ရှောင်ရုံဟွာ မည်သို့တွေးနေခဲ့မှန်း ဂရုမစိုက်သောပိုင်လီသည် ပိုင်မိသားစုနောက်သို့လိုက်ကာ သူ့အိမ်သို့ပြန်သွားခဲ့တော့သည်။

အိမ်ပြန်အရောက်မှာ ပိုင်အမေက သူနဲ့ပိုင်မိန်နှစ်ယောက်လုံးကို ပေါ်ပေါ်ထင်ထင်နေလို့ဆိုပြီး ဆူလာကာ ဒီအတွက်တော့ မောင်နှမနှစ်ယောက်လုံးက ခုခံပြောဆိုခြင်းမလုပ်ခဲ့ပေ။

အဲဒီနောက်မှာ မော့ဟွာက ပိုင်လီထံကနေ ခုထိမခွာသေးတဲ့ သူမမြေးလေးတွေကိုကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။

"ရှောင်ဝူလေးနဲ့ရှောင်ဖူလေး ဖွားဖွားတို့ဆီလည်းလာခဲ့ပါဦး မင်းတို့အဖေဆီမှာပဲ ကပ်နေတော့တာပဲ"

အသေးလေးများသည် ဤစကားများကြားသောအခါမှ ပိုင်လီကိုစွန့်ခွာကာ မော့ဟွာထံပြေးသွားခဲ့ကျတော့သည်။ ဒီနေ့ သူတို့က အပြင်မှာတစ်နေကုန်နီးပါးရှိနေခဲ့ပြီး အပြင်လူတွေနဲ့အတူရှိနေရတဲ့အခါမှာ ထိုကောင်လေးများက သူတို့အဖေထံ၌ ကပ်နေခဲ့ကျတာလည်းဖြစ်၏။

ပိုင်လီကတော့ သူ့ကိုစွန့်ခွာသွားတဲ့ ကောင်လေးတွေကို ကူကယ်ရာမဲ့စွာကြည့်လိုက်ပြီး ဒီကောင်လေးတွေက အခြေနေကို တကယ်သိတာပဲဟုတွေးခဲ့သည်။ သူတို့က အပြင်လူတွေနဲ့ရှိနေတဲ့အချိန်မှာ သူ့ကိုကပ်နေပြီး မိသားစုနဲ့ အတူရှိနေတဲ့အခါမှာတော့ သူတို့အဖွားရဲ့စကားကို ပိုပြီးနားထောင်လိမ့်မယ်။

ပိုင်လီက သူ့သားလေးတွေရဲ့အသိဉာဏ်အရှိရှိရွေးချယ်နိုင်မှုအပေါ် ကျေနပ်နေချိန်တွင် ပိုင်အဖေက သူ့အား အားမရသလိုကြည့်နေခဲ့လေသည်။

"ဒုတိယ အခုမြေတွေလည်း ဝယ်ပြီးသွားပြီ မင်းဘာဆက်လုပ်မှာလဲ"

ဒီရက်တွေမှာ ပိုင်လီက မြေတွေဝယ်ဖို့အကြောင်းသာပြောနေခဲ့ပြီး ဘာဆက်လုပ်မယ်ဆိုတာကို တိတိကျကျပြောလာခြင်းမရှိခဲ့ပါဘူး။ သူက သစ်သီးခြံတည်မယ်လို့ ပြောခဲ့ပေမယ့်လည်းတကယ်တမ်း အဲတာက ဘယ်လိုလုပ်မယ်လို့ ဘယ်သူ့ကိုမှ ပြောခဲ့ခြင်းမရှိခဲ့ဘူး။

ဒါကြောင့် ပိုင်မိသားတွေက စိုးရိမ်နေခဲ့ကျပြီး သို့သော်လည်း သူတို့က ပိုင်လီထံတွင် စီစဥ်ပြီးသားရှိမည်ထင်၍ ဘာမှမမေးဘဲနေခဲ့ကျသည်။

ဒါပေမယ့် အခုတော့ မြေတွေဝယ်ပြီးပြီဖြစ်လို့ သူတို့မေးရပါတော့မယ်။ သူတို့က ပိုင်လီလိုအေးအေးဆေးဆေး မနေနိုင်တော့ဘူးလေ။ ဘာလို့လဲဆိုတော့ နောက်နှစ် ဒီလိုအချိန်မှာ လယ်မြေတွေအတွက် အခွန်ဆောင်ရတော့မှာဖြစ်ပြီး အများစုက  စပါးစိုက်ပျိုးတဲ့ လယ်ကွက်တွေအတွက်ဆိုပေမယ့်လည်း ယခုတွင် ပိုင်လီနှင့်ပိုင်မိသားစုက လယ်ကွက်ငါးရာအတိစီ ရှိနေကျတာဖြစ်သည်။

ဒါကြောင့် သူတို့က နောက်နှစ်မှာ လယ်ကွက်ငါးရာစာစီ အခွန်ဆောင်ကျရတော့မှာပါ။ ဒီပမာဏက နောက်စရာမဟုတ်တာကြောင့်လည်း အမှန်တိုင်းပြောရရင်ပိုင် မိသားစုက ဖိအားအနည်းငယ်ကို ခံစားနေကျရပြီး သူတို့က ဒီလယ်ကွက်ငါးရာစာလုံးကို မစိုက်ပျိုးနိုင်မှာ စိုးရိမ်နေကျရသည်။

ဒါပေမယ့် သူတို့ရှေ့က ပိုင်လီကိုကြည့်ပါဦး။ သူက သူတို့လို လယ်ကွက်ငါးရာအပြင်ကို မြေကွက်ကို​လည်း ထောင့်ငါးရာအထိဝယ်ခဲ့ကာ မြေကွက်တွေက လယ်ကွက်တွေထက်စာရင် အခွန်အတော်လေးနည်းပါးပေမယ့်လည်း ပိုင်လီထံ၍ရှိနေသော ထောင့်ငါးရာဆိုသောပမာဏသည် နည်းသောပမာဏမဟုတ်ပေ။

ဒါကိုသူက ခုထိ အေးအေးဆေးဆေးထိုင်နေခဲ့လို့ ပိုင်အဖေနဲ့ပိုင်ကျန်းက အနည်းငယ် အားမရဖြစ်နေကျပါတယ်။

ပိုင်လီကမူ ပိုင်အဖေ၏စကားများကို ကြားပြီးနောက် အနည်းငယ်စဥ်းစားလိုက်ပြီး သူလက်တလောလုပ်မယ့်အရာများကို ပြောပြလိုက်၏။

"ကျွန်တော် ဘာဆက်လုပ်မလဲဆိုတော့ မြေကွက်ရိုင်းတွေကိုအရင်ရှင်းမယ် ပြီးရင် စပျစ်သီးတွေအရင်စိုက်မယ်လေ"

ပိုင်လီက ဝိုင်လုပ်ငန်းကို လုပ်ချင်သည့်အတွက် စပျစ်သီးပင်များသည် မပါမဖြစ် စိုက်ပျိုးရမည့်အပင်များပင်ဖြစ်သည်။ ဒါကြောင့် စပျစ်သီးအကြောင်းကို နည်းနည်းလေ့လာခဲ့ပေမယ့် ဒီမှာကစပျစ်သီးဆိုတာ ရွှေချောင်းတွေနဲ့မှဝယ်လို့ရပြီး တော်ဝင်မိသားစုတွေမှ စားနိုင်တဲ့အရာဖြစ်နေပါတယ်။

ဘာလို့ ဒီလောက်ရှားပါးရတာလဲဆိုတော့ စပျစ်သီးတွေက ဒီမှာ စိုက်ပျိုးရမလွယ်ပဲ အလွယ်တွေ့နိုင်တဲ့စပျစ်သီးတွေကလည်း စားမရလောက်အောင် ချဥ်တာကချဥ်၊ခါးတာကခါးနေလို့ပါပဲ။

ပိုင်လီက ဒီရက်တွေထဲမှာ သစ်မာသားတွေပဲရှာနေတာဆိုပေမယ့် သူက စပျစ်ပင်တွေကိုလည်း လိုက်ကြည့်နေတာဖြစ်ပြီး သူတွေ့ခဲ့ရသည့် စပျစ်ပင်အများစုမှာ စားမရအောင်ချဥ်ခါးနေကာ သူက စားလို့ရတဲ့အပင်တချို့ ရှာတွေ့ဖို့အတွက် မလွယ်ကူခဲ့တာဖြစ်သည်။ အဲတာက တောင်ခြေအနက်ထဲက ချောက်တစ်ခုထဲမှာရှိနေခဲ့ပြီး သူက အဲဒီစပျစ်သီးရဲ့အရသာကိုစမ်းကြည့်ဖို့အတွက် ချောက်ထဲကိုတောင်ခက်ခက်ခဲခဲဆင်းခဲ့ရပါသေးတယ်။

ဒါပေါ့ ဒီအကြောင်းကိုသူက သူ့မိသားစုကိုပြောပြမှာမဟုတ်ပါဘူး။

ပိုင်အဖေနှင့်ပိုင်မိသားစုသည် ပိုင်လီပြောတာကြားတော့ ဇဝေဇဝါဖြစ်သွားကျပြီး...

"စပျစ်သီးပင်လား စပျစ်သီးတွေက အရမ်းမရှားဘူးလား မင်းဝယ်ဖို့အဆက်သွယ်ရထားလို့လား"

သူတို့သည် ပိုင်လီက ချောင်ရန်လိုလူများနှင့် ရင်းနှီးသဖြင့် သစ်သီးပင်များဝယ်ဖို့ အဆက်သွယ်သုံးလိမ့်မည်ဟု ထင်နေခဲ့ကျတာဖြစ်သည်။

ဒါပေမယ့် ပိုင်လီကတော့ ခေါင်းရမ်းလာခဲ့ကာပဲ....

"အပြင်ကမဝယ်ပါဘူး ကျွန်တော် တောထဲမှာ စားလို့ရတဲ့ စပျစ်ပင်တချို့တွေ့ထားပါတယ် အဲတာတွေယူစိုက်လို့ရတာပဲ"

ဒါကိုကြားတဲ့ ပိုင်မိသားစုကတော့ လုံးဝအံသွားကျပြီး ပိုင်အဖေက...

"တောထဲက စပျစ်သီးတွေက စားမရဘူး မင်းဘယ်လိုလုပ်စိုက်လို့ရမှာလဲ ငါကြားတာတော့ စားလို့ရတဲ့စပျစ်ပင်က အရမ်းအဖိုးတန်တယ်တဲ့ မင်းသေချာလို့လား"

ပိုင်အဖေမှာ ပိုင်လီက သစ်သီးခြံဆောက်မည်ဟု ကြားပြီးထဲက သူလက်လှမ်းမှီသလောက် အသီးတွေကြောင်း လိုက်လံမေးမြန်းကြည့်နေခဲ့တာဖြစ်၍ စပျစ်သီးအကြောင်း အနည်းငယ်ကြားဖူးနေခဲ့သည်။

သူက ပိုင်လီအပြင်က ဝယ်မယ်ပဲထင်ခဲ့တာ။ ဒီကောင်လေးက စပျစ်သီးကိုတောင် တောထဲကနေယူချင်နေမယ်လို့မထင်ထားပါဘူး။ ငွေကိုခြွေတာတာကကောင်းပါတယ်။ ဒါပေမယ့် စားလို့မရတဲ့စပျစ်သီးတွေစိုက်မိရင်တော့ မကောင်းတော့ဘူး။

ပိုင်လီက...

"အဖေကလည်း ကျွန်တော်က မသေချာပဲပြောမှာလား အဖေပဲကြည့်လေ ကျွန်တော်အိမ်က သစ်တော်သီးတွေက တောထဲမှာ အလွယ်တွေ့ရတဲ့သစ်တော်သီးတွေနဲ့ မတူဘူးမလား စိတ်ချပါ ဒီသားက တောထဲက ကောင်းတာတွေကို ရှာနိုင်စွမ်းရှိပါတယ် တကယ်တော့ တောထဲမှာအဖိုးတန်တဲ့တော်တော်များများရှိနေတာ နန်တောင်ကြီးတစ်ခုလုံးက တကယ့်ရတနာပဲဗျာ"

ဒါသည် ပိုင်လီ၏ထင်မြင်မှု အမှန်ပင်။ သူ့လို တောထဲဝင်ရမှာ မကြောက်တဲ့သူအဖို့တော့ တောတောင်ထဲမှာ ဘာမဆိုရှာတွေ့နိုင်ပြီး တူးလို့မကုန်နိုင်တဲ့ ရတနာသိုက်ကြီးလိုပါပင်။ ပိုင်လီက ဒီအတွက် အတော်လေးကျေနပ်နေပါတယ်။

ဒါပေမယ့် ပိုင်မိသားစုတွေကတော့ သူ့လိုမပျော်နိုငိကျပဲ ပိုင်ကျန်းက အားလုံးကိုယ်စား သတိပေးလာကာ...

"မင်းတွေ့ထားပြီဆိုရင် ကောင်းပါတယ် ဒါပေမယ့်  မင်းတောထဲဝင်တဲ့အခါ အရမ်းတော့မပေါ့ဆနဲ့ ဝမ်ရူရဲ့ကိစ္စက လမကူးသေးဘူး မင်းအမြဲသတိရှိနေရမယ်"

ပိုင်လီသည် သူ့အကြီးဆုံးအကို၏ သတိပေးစကားကို သဘောတူလက်ခံခဲ့လိုက်သည်။

"ကျွန်တော်နားလည်ပါတယ် ကျွန်တော်တောထဲဝင်ရင် ဘယ်တော့မှ သတိလျော့တာမျိုးမရှိပါဘူး"

ပိုင်မိသားစုသည် အမှန်တိုင်းပြောရလျှင် ပိုင်လီအားတောထဲသို့ ထပ်မဝင်စေချင်တော့ပေ။ သို့သော် ပိုင်လီကတော့ သူတို့တားသည့်အခေါက်တိုင်း၌ သူတို့အား မငြင်းနိုင်သည့်စကားလုံးများနှင့် နှစ်သိမ့်သွားတတ်၍ အဆုံး၌ သူတို့ပဲလက်လျော့ခဲ့ရတာဖြစ်၏။

ဒါပေမယ့် သူတို့ရင်ထဲမှာ လည်းသိနေပါတယ်။ ဝမ်ရူနဲ့ရွာသားတွေက ထဲတောထဲတစ်ခေါက်ဝင်ပြီး အဖြစ်ဆိုးနဲ့ကြုံလာပေမယ့် ပိုင်လီကတော့ တောထဲကို မရေတွက်နိုင်အောင်ဝင်နေပြီး ခြစ်ရာလေးရလာတယ်ဆိုတာကတောင် ရှားလှသည်ဖြစ်၍ ဒါသည်ကံကောင်းမှုသပ်သပ် မဟုတ်တော့ဘဲ ပိုင်လီ၏ အရည်ချင်းတစ်မျိုးသာဖြစ်ပေလိမ့်မည်။

ဒီလိုဆိုရင်တောင် သူတို့က စိုးရိမ်မိနေတုန်းဖြစ်ပြီး
ပိုင်အဖေကတော့ သက်ပြင်းချလိုက်ပြီးတော့ပဲ...

"မြေကွက်တွေရှင်းဖို့ကိုရော အလုပ်သမားတွေငှားရမှာမလား လောင်ကျန်းကိုရှာခိုင်းမှာလား"

ဒါကိုကြားတော့ ပိုင်လီက ခေါင်းငြိမ့်ခဲ့၏။

သူတို့တွေအတွက် အလုပ်သမားတွေက အများကြီးလိုလာမှာဖြစ်ပြီး ဒီအတွက် ရွာအကြီးကဲကို အကူညီတောင်းတာက ပိုကောင်းပါတယ်။ ဒါက အကြီးကဲကိုလေးစားသမှု ပြပြီးသားလည်းရောက်တယ်လေ။

ပိုင်လီက....

"အဲဒါထက် ကျွန်တော့်အထင်တော့ ကျွန်တော်တို့ ကျွဲတွေဝယ်ထားသင့်ပြီလို့ထင်တယ် "

ပိုင်အိမ်နဲ့ပိုင်လီက လယ်မြေပိုင်ဆိုင်မှုပေါင်းက မနည်းလှတာဖြစ်လို့ သူတို့ကျွဲတွေကိုလည်း အတော်လေးမွေးထားမှရပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုချောင်ကျတဲ့နေရာမျိုးမှာ သူတို့လိုချင်တဲ့ကျွဲအရေတွက်က တစ်ခါထဲမရနိုင်လို့ သူတို့က နောက်နှစ် စိုက်ပျိုးချိန် မရောက်ခင်အချိန်ထိ ဖြေးဖြေးချင်း စုသွားမှ ရလိမ့်မယ်။

ပိုင်မိသားစုကလည်း ဒါကိုနားလည်တာကြောင့် မကန့်ကွက်ပါဘူး။

ပိုင်ကျန်းက....

"ဝယ်တာက ဟုတ်ပါတယ် ဒါပေမယ့် ကျွဲတွေကိုထားဖို့ နေရာသပ်သပ်လုပ်မှရမယ်ထင်တယ်"

သူတို့က ကျွဲတွေအများကြီးဝယ်ရမှာမလို့ အိမ်တွေမှာထားဖို့ကမဖြစ်နိုင်ဘူးလေ။

ဒါကိုကြားတော့ ပိုင်လီကပြုံးလိုက်ပြီး....

"ဒီအတွက် ကျွန်တော်စဥ်းစားပြီးပြီ ကျွန်တော့်အိမ်နဲ့ အနီးဆုံးမြေကွက်တစ်ကွက်ကို ကျွဲတွေထားဖို့နေရာလုပ်လိုက်မယ် ပြီးရင်စောင့်ပေးဖို့ လူငှားလိုက်မယ်လေ"

ဝယ်ယူထားတဲ့ လယ်မြေတွေအကြောင်း ပြောရလျှင် လယ်ကွက်တွေက ပိုင်အိမ်၏ ယခင် စပါးခင်းတွေနားမှာဖြစ်ပြီး ပိုင်လီရဲ့ မြေကွက်ထောင့်ငါးရာလုံးကတော့ ရွာရဲ့အနောက်ဘက်မှာရှိနေခဲ့တာဖြစ်သည်။

ရွာအနောက်ဘက်က မြေတွေကိုဝယ်တဲ့ ပထမဆုံးလူက ပိုင်လီဖြစ်နေလို့ ဒီအကြောင်းကလည်း လူပြောစရာတွေထဲမှာ ပါလာခဲ့ပါတယ်။ ပိုင်လီက ရွာသားတွေအသွားလာနည်းတဲ့ ရွာရဲ့အနောက်ဘက်က ​မြေကွက်ရိုင်းတွေကို ဝယ်ယူခဲ့ပြီး သူ့အိမ်ကလည်း ရွာရဲ့အနောက်ပိုင်းမှာရှိနေတာဖြစ်လို့ သူက သူ့မြေကွက်တွေဆီ သွားချင်တဲ့အချိန်ကျရင် အိမ်ရဲ့နောက်ဘေးတံခါးကနေ ထွက်သွားလိုက်ရုံပါပဲ။

မြေကွက်တွေနဲ့ သူ့အိမ်က အနီးလေးမဟုတ်ပေမယ့်လည်း သွားရတဲ့လမ်းကတော့ အရမ်းလွယ်ကူသွားပြီး ရွာထဲကနေ ဖြတ်သွားစရာမလိုတော့ပါဘူး။

ဒီရွေးချယ်မှုအတွက်လည်း ပိုင်လီကတော့ အရမ်းစိတ်ကျေနပ်ခဲ့ပါတယ်။

ပိုင်မိသားစုက ပိုင်လီရဲ့အစီစဥ်ကို ကောင်းတယ်ဟုထင်ပေမယ့် လူငှားရမယ်လို့ ကြားတဲ့အခါ အနည်းငယ်တွန့်သွားခဲ့ကျပြီး ပိုင်အမေက ပြောလာခဲ့သည်။

"ဘာလို့လူငှားနေမှာလဲ မင်းရဲ့တတိယညီကို စောင့်ခိုင်းလို့ရတာပဲကို"

ပိုင်လီက ပိုင်မိသားစုမှာ ကုန်မည့်ငွေကို တွက်ချက်နေမှန်းသိတာကြောင့် ​ပြောရပြန်၏။

"အမေ.. အဆင်ပြေပါတယ် ဒီနေ့ ရွာသားတွေပြောတာ အမေလည်းကြားတယ်မလား ကျွန်တော်တို့ပြေလည်လာတဲ့အခါ သူတို့ကိုလည်း အခွင့်ရေးတချို့ပေးသင့်ပါတယ် "

သူတို့သည် တစ်ရွာထဲသားများဖြစ်ပြီး ထိုရွာသားများထဲတွင် ပိုင်အမေနှင့်ပိုင်အဖေ၏ ဆွေမျိုးများလည်းရှိနေသေးသည်။ ဒါကြောင့် တကယ်လုပ်ချင်သူတွေဆိုရင် သူတို့ကအခွင့်ပေးသင့်တယ်။

.............................................................

(AN/ paid gpမှာ main story မကြာခင်ပြီးတော့မှာဖြစ်ပါတယ်။ Extra တွေတော့ရှိဦးမှာပါ။)

###

အပိုင္း (၉၄) မိသားစုစကားဝိုင္း

ေရွာင္႐ုံဟြာ မည္သို႔ေတြးေနခဲ့မွန္း ဂ႐ုမစိုက္ေသာပိုင္လီသည္ ပိုင္မိသားစုေနာက္သို႔လိုက္ကာ သူ႕အိမ္သို႔ျပန္သြားခဲ့ေတာ့သည္။

အိမ္ျပန္အေရာက္မွာ ပိုင္အေမက သူနဲ႕ပိုင္မိန္ႏွစ္ေယာက္လုံးကို ေပၚေပၚထင္ထင္ေနလို႔ဆိုၿပီး ဆူလာကာ ဒီအတြက္ေတာ့ ေမာင္ႏွမႏွစ္ေယာက္လုံးက ခုခံေျပာဆိုျခင္းမလုပ္ခဲ့ေပ။

အဲဒီေနာက္မွာ ေမာ့ဟြာက ပိုင္လီထံကေန ခုထိမခြာေသးတဲ့ သူမေျမးေလးေတြကိုၾကည့္လိုက္ၿပီး ေျပာလိုက္ပါတယ္။

"ေရွာင္ဝူေလးနဲ႕ေရွာင္ဖူေလး ဖြားဖြားတို႔ဆီလည္းလာခဲ့ပါဦး မင္းတို႔အေဖဆီမွာပဲ ကပ္ေနေတာ့တာပဲ"

အေသးေလးမ်ားသည္ ဤစကားမ်ားၾကားေသာအခါမွ ပိုင္လီကိုစြန့္ခြာကာ ေမာ့ဟြာထံေျပးသြားခဲ့က်ေတာ့သည္။ ဒီေန႕ သူတို႔က အျပင္မွာတစ္ေနကုန္နီးပါးရွိေနခဲ့ၿပီး အျပင္လူေတြနဲ႕အတူရွိေနရတဲ့အခါမွာ ထိုေကာင္ေလးမ်ားက သူတို႔အေဖထံ၌ ကပ္ေနခဲ့က်တာလည္းျဖစ္၏။

ပိုင္လီကေတာ့ သူ႕ကိုစြန့္ခြာသြားတဲ့ ေကာင္ေလးေတြကို ကူကယ္ရာမဲ့စြာၾကည့္လိုက္ၿပီး ဒီေကာင္ေလးေတြက အေျခေနကို တကယ္သိတာပဲဟုေတြးခဲ့သည္။ သူတို႔က အျပင္လူေတြနဲ႕ရွိေနတဲ့အခ်ိန္မွာ သူ႕ကိုကပ္ေနၿပီး မိသားစုနဲ႕ အတူရွိေနတဲ့အခါမွာေတာ့ သူတို႔အဖြားရဲ႕စကားကို ပိုၿပီးနားေထာင္လိမ့္မယ္။

ပိုင္လီက သူ႕သားေလးေတြရဲ႕အသိဉာဏ္အရွိရွိေ႐ြးခ်ယ္နိုင္မႈအေပၚ ေက်နပ္ေနခ်ိန္တြင္ ပိုင္အေဖက သူ႕အား အားမရသလိုၾကည့္ေနခဲ့ေလသည္။

"ဒုတိယ အခုေျမေတြလည္း ဝယ္ၿပီးသြားၿပီ မင္းဘာဆက္လုပ္မွာလဲ"

ဒီရက္ေတြမွာ ပိုင္လီက ေျမေတြဝယ္ဖို႔အေၾကာင္းသာေျပာေနခဲ့ၿပီး ဘာဆက္လုပ္မယ္ဆိုတာကို တိတိက်က်ေျပာလာျခင္းမရွိခဲ့ပါဘူး။ သူက သစ္သီးၿခံတည္မယ္လို႔ ေျပာခဲ့ေပမယ့္လည္းတကယ္တမ္း အဲတာက ဘယ္လိုလုပ္မယ္လို႔ ဘယ္သူ႕ကိုမွ ေျပာခဲ့ျခင္းမရွိခဲ့ဘူး။

ဒါေၾကာင့္ ပိုင္မိသားေတြက စိုးရိမ္ေနခဲ့က်ၿပီး သို႔ေသာ္လည္း သူတို႔က ပိုင္လီထံတြင္ စီစဥ္ၿပီးသားရွိမည္ထင္၍ ဘာမွမေမးဘဲေနခဲ့က်သည္။

ဒါေပမယ့္ အခုေတာ့ ေျမေတြဝယ္ၿပီးၿပီျဖစ္လို႔ သူတို႔ေမးရပါေတာ့မယ္။ သူတို႔က ပိုင္လီလိုေအးေအးေဆးေဆး မေနနိုင္ေတာ့ဘူးေလ။ ဘာလို႔လဲဆိုေတာ့ ေနာက္ႏွစ္ ဒီလိုအခ်ိန္မွာ လယ္ေျမေတြအတြက္ အခြန္ေဆာင္ရေတာ့မွာျဖစ္ၿပီး အမ်ားစုက စပါးစိုက္ပ်ိဳးတဲ့ လယ္ကြက္ေတြအတြက္ဆိုေပမယ့္လည္း ယခုတြင္ ပိုင္လီႏွင့္ပိုင္မိသားစုက လယ္ကြက္ငါးရာအတိစီ ရွိေနက်တာျဖစ္သည္။

ဒါေၾကာင့္ သူတို႔က ေနာက္ႏွစ္မွာ လယ္ကြက္ငါးရာစာစီ အခြန္ေဆာင္က်ရေတာ့မွာပါ။ ဒီပမာဏက ေနာက္စရာမဟုတ္တာေၾကာင့္လည္း အမွန္တိုင္းေျပာရရင္ပိုင္ မိသားစုက ဖိအားအနည္းငယ္ကို ခံစားေနက်ရၿပီး သူတို႔က ဒီလယ္ကြက္ငါးရာစာလုံးကို မစိုက္ပ်ိဳးနိုင္မွာ စိုးရိမ္ေနက်ရသည္။

ဒါေပမယ့္ သူတို႔ေရွ႕က ပိုင္လီကိုၾကည့္ပါဦး။ သူက သူတို႔လို လယ္ကြက္ငါးရာအျပင္ကို ေျမကြက္ကိုလည္း ေထာင့္ငါးရာအထိဝယ္ခဲ့ကာ ေျမကြက္ေတြက လယ္ကြက္ေတြထက္စာရင္ အခြန္အေတာ္ေလးနည္းပါးေပမယ့္လည္း ပိုင္လီထံ၍ရွိေနေသာ ေထာင့္ငါးရာဆိုေသာပမာဏသည္ နည္းေသာပမာဏမဟုတ္ေပ။

ဒါကိုသူက ခုထိ ေအးေအးေဆးေဆးထိုင္ေနခဲ့လို႔ ပိုင္အေဖနဲ႕ပိုင္က်န္းက အနည္းငယ္ အားမရျဖစ္ေနက်ပါတယ္။

ပိုင္လီကမူ ပိုင္အေဖ၏စကားမ်ားကို ၾကားၿပီးေနာက္ အနည္းငယ္စဥ္းစားလိုက္ၿပီး သူလက္တေလာလုပ္မယ့္အရာမ်ားကို ေျပာျပလိုက္၏။

"ကြၽန္ေတာ္ ဘာဆက္လုပ္မလဲဆိုေတာ့ ေျမကြက္ရိုင္းေတြကိုအရင္ရွင္းမယ္ ၿပီးရင္ စပ်စ္သီးေတြအရင္စိုက္မယ္ေလ"

ပိုင္လီက ဝိုင္လုပ္ငန္းကို လုပ္ခ်င္သည့္အတြက္ စပ်စ္သီးပင္မ်ားသည္ မပါမျဖစ္ စိုက္ပ်ိဳးရမည့္အပင္မ်ားပင္ျဖစ္သည္။ ဒါေၾကာင့္ စပ်စ္သီးအေၾကာင္းကို နည္းနည္းေလ့လာခဲ့ေပမယ့္ ဒီမွာကစပ်စ္သီးဆိုတာ ေ႐ႊေခ်ာင္းေတြနဲ႕မွဝယ္လို႔ရၿပီး ေတာ္ဝင္မိသားစုေတြမွ စားနိုင္တဲ့အရာျဖစ္ေနပါတယ္။

ဘာလို႔ ဒီေလာက္ရွားပါးရတာလဲဆိုေတာ့ စပ်စ္သီးေတြက ဒီမွာ စိုက္ပ်ိဳးရမလြယ္ပဲ အလြယ္ေတြ႕နိုင္တဲ့စပ်စ္သီးေတြကလည္း စားမရေလာက္ေအာင္ ခ်ဥ္တာကခ်ဥ္၊ခါးတာကခါးေနလို႔ပါပဲ။

ပိုင္လီက ဒီရက္ေတြထဲမွာ သစ္မာသားေတြပဲရွာေနတာဆိုေပမယ့္ သူက စပ်စ္ပင္ေတြကိုလည္း လိုက္ၾကည့္ေနတာျဖစ္ၿပီး သူေတြ႕ခဲ့ရသည့္ စပ်စ္ပင္အမ်ားစုမွာ စားမရေအာင္ခ်ဥ္ခါးေနကာ သူက စားလို႔ရတဲ့အပင္တခ်ိဳ႕ ရွာေတြ႕ဖို႔အတြက္ မလြယ္ကူခဲ့တာျဖစ္သည္။ အဲတာက ေတာင္ေျခအနက္ထဲက ေခ်ာက္တစ္ခုထဲမွာရွိေနခဲ့ၿပီး သူက အဲဒီစပ်စ္သီးရဲ႕အရသာကိုစမ္းၾကည့္ဖို႔အတြက္ ေခ်ာက္ထဲကိုေတာင္ခက္ခက္ခဲခဲဆင္းခဲ့ရပါေသးတယ္။

ဒါေပါ့ ဒီအေၾကာင္းကိုသူက သူ႕မိသားစုကိုေျပာျပမွာမဟုတ္ပါဘူး။

ပိုင္အေဖႏွင့္ပိုင္မိသားစုသည္ ပိုင္လီေျပာတာၾကားေတာ့ ဇေဝဇဝါျဖစ္သြားက်ၿပီး...

"စပ်စ္သီးပင္လား စပ်စ္သီးေတြက အရမ္းမရွားဘူးလား မင္းဝယ္ဖို႔အဆက္သြယ္ရထားလို႔လား"

သူတို႔သည္ ပိုင္လီက ေခ်ာင္ရန္လိုလူမ်ားႏွင့္ ရင္းႏွီးသျဖင့္ သစ္သီးပင္မ်ားဝယ္ဖို႔ အဆက္သြယ္သုံးလိမ့္မည္ဟု ထင္ေနခဲ့က်တာျဖစ္သည္။

ဒါေပမယ့္ ပိုင္လီကေတာ့ ေခါင္းရမ္းလာခဲ့ကာပဲ....

"အျပင္ကမဝယ္ပါဘူး ကြၽန္ေတာ္ ေတာထဲမွာ စားလို႔ရတဲ့ စပ်စ္ပင္တခ်ိဳ႕ေတြ႕ထားပါတယ္ အဲတာေတြယူစိုက္လို႔ရတာပဲ"

ဒါကိုၾကားတဲ့ ပိုင္မိသားစုကေတာ့ လုံးဝအံသြားက်ၿပီး ပိုင္အေဖက...

"ေတာထဲက စပ်စ္သီးေတြက စားမရဘူး မင္းဘယ္လိုလုပ္စိုက္လို႔ရမွာလဲ ငါၾကားတာေတာ့ စားလို႔ရတဲ့စပ်စ္ပင္က အရမ္းအဖိုးတန္တယ္တဲ့ မင္းေသခ်ာလို႔လား"

ပိုင္အေဖမွာ ပိုင္လီက သစ္သီးၿခံေဆာက္မည္ဟု ၾကားၿပီးထဲက သူလက္လွမ္းမွီသေလာက္ အသီးေတြေၾကာင္း လိုက္လံေမးျမန္းၾကည့္ေနခဲ့တာျဖစ္၍ စပ်စ္သီးအေၾကာင္း အနည္းငယ္ၾကားဖူးေနခဲ့သည္။

သူက ပိုင္လီအျပင္က ဝယ္မယ္ပဲထင္ခဲ့တာ။ ဒီေကာင္ေလးက စပ်စ္သီးကိုေတာင္ ေတာထဲကေနယူခ်င္ေနမယ္လို႔မထင္ထားပါဘူး။ ေငြကိုေႁခြတာတာကေကာင္းပါတယ္။ ဒါေပမယ့္ စားလို႔မရတဲ့စပ်စ္သီးေတြစိုက္မိရင္ေတာ့ မေကာင္းေတာ့ဘူး။

ပိုင္လီက...

"အေဖကလည္း ကြၽန္ေတာ္က မေသခ်ာပဲေျပာမွာလား အေဖပဲၾကည့္ေလ ကြၽန္ေတာ္အိမ္က သစ္ေတာ္သီးေတြက ေတာထဲမွာ အလြယ္ေတြ႕ရတဲ့သစ္ေတာ္သီးေတြနဲ႕ မတူဘူးမလား စိတ္ခ်ပါ ဒီသားက ေတာထဲက ေကာင္းတာေတြကို ရွာနိုင္စြမ္းရွိပါတယ္ တကယ္ေတာ့ ေတာထဲမွာအဖိုးတန္တဲ့ေတာ္ေတာ္မ်ားမ်ားရွိေနတာ နန္ေတာင္ႀကီးတစ္ခုလုံးက တကယ့္ရတနာပဲဗ်ာ"

ဒါသည္ ပိုင္လီ၏ထင္ျမင္မႈ အမွန္ပင္။ သူ႕လို ေတာထဲဝင္ရမွာ မေၾကာက္တဲ့သူအဖို႔ေတာ့ ေတာေတာင္ထဲမွာ ဘာမဆိုရွာေတြ႕နိုင္ၿပီး တူးလို႔မကုန္နိုင္တဲ့ ရတနာသိုက္ႀကီးလိုပါပင္။ ပိုင္လီက ဒီအတြက္ အေတာ္ေလးေက်နပ္ေနပါတယ္။

ဒါေပမယ့္ ပိုင္မိသားစုေတြကေတာ့ သူ႕လိုမေပ်ာ္နိုငိက်ပဲ ပိုင္က်န္းက အားလုံးကိုယ္စား သတိေပးလာကာ...

"မင္းေတြ႕ထားၿပီဆိုရင္ ေကာင္းပါတယ္ ဒါေပမယ့္ မင္းေတာထဲဝင္တဲ့အခါ အရမ္းေတာ့မေပါ့ဆနဲ႕ ဝမ္႐ူရဲ႕ကိစၥက လမကူးေသးဘူး မင္းအၿမဲသတိရွိေနရမယ္"

ပိုင္လီသည္ သူ႕အႀကီးဆုံးအကို၏ သတိေပးစကားကို သေဘာတူလက္ခံခဲ့လိုက္သည္။

"ကြၽန္ေတာ္နားလည္ပါတယ္ ကြၽန္ေတာ္ေတာထဲဝင္ရင္ ဘယ္ေတာ့မွ သတိေလ်ာ့တာမ်ိဳးမရွိပါဘူး"

ပိုင္မိသားစုသည္ အမွန္တိုင္းေျပာရလွ်င္ ပိုင္လီအားေတာထဲသို႔ ထပ္မဝင္ေစခ်င္ေတာ့ေပ။ သို႔ေသာ္ ပိုင္လီကေတာ့ သူတို႔တားသည့္အေခါက္တိုင္း၌ သူတို႔အား မျငင္းနိုင္သည့္စကားလုံးမ်ားႏွင့္ ႏွစ္သိမ့္သြားတတ္၍ အဆုံး၌ သူတို႔ပဲလက္ေလ်ာ့ခဲ့ရတာျဖစ္၏။

ဒါေပမယ့္ သူတို႔ရင္ထဲမွာ လည္းသိေနပါတယ္။ ဝမ္႐ူနဲ႕႐ြာသားေတြက ထဲေတာထဲတစ္ေခါက္ဝင္ၿပီး အျဖစ္ဆိုးနဲ႕ႀကဳံလာေပမယ့္ ပိုင္လီကေတာ့ ေတာထဲကို မေရတြက္နိုင္ေအာင္ဝင္ေနၿပီး ျခစ္ရာေလးရလာတယ္ဆိုတာကေတာင္ ရွားလွသည္ျဖစ္၍ ဒါသည္ကံေကာင္းမႈသပ္သပ္ မဟုတ္ေတာ့ဘဲ ပိုင္လီ၏ အရည္ခ်င္းတစ္မ်ိဳးသာျဖစ္ေပလိမ့္မည္။

ဒီလိုဆိုရင္ေတာင္ သူတို႔က စိုးရိမ္မိေနတုန္းျဖစ္ၿပီး
ပိုင္အေဖကေတာ့ သက္ျပင္းခ်လိဳက္ၿပီးေတာ့ပဲ...

"ေျမကြက္ေတြရွင္းဖို႔ကိုေရာ အလုပ္သမားေတြငွားရမွာမလား ေလာင္က်န္းကိုရွာခိုင္းမွာလား"

ဒါကိုၾကားေတာ့ ပိုင္လီက ေခါင္းၿငိမ့္ခဲ့၏။

သူတို႔ေတြအတြက္ အလုပ္သမားေတြက အမ်ားႀကီးလိုလာမွာျဖစ္ၿပီး ဒီအတြက္ ႐ြာအႀကီးကဲကို အကူညီေတာင္းတာက ပိုေကာင္းပါတယ္။ ဒါက အႀကီးကဲကိုေလးစားသမႈ ျပၿပီးသားလည္းေရာက္တယ္ေလ။

ပိုင္လီက....

"အဲဒါထက္ ကြၽန္ေတာ့္အထင္ေတာ့ ကြၽန္ေတာ္တို႔ ကြၽဲေတြဝယ္ထားသင့္ၿပီလို႔ထင္တယ္ "

ပိုင္အိမ္နဲ႕ပိုင္လီက လယ္ေျမပိုင္ဆိုင္မႈေပါင္းက မနည္းလွတာျဖစ္လို႔ သူတို႔ကြၽဲေတြကိုလည္း အေတာ္ေလးေမြးထားမွရပါလိမ့္မယ္။ ဒါေပမယ့္ ဒီလိုေခ်ာင္က်တဲ့ေနရာမ်ိဳးမွာ သူတို႔လိုခ်င္တဲ့ကြၽဲအေရတြက္က တစ္ခါထဲမရနိုင္လို႔ သူတို႔က ေနာက္ႏွစ္ စိုက္ပ်ိဳးခ်ိန္ မေရာက္ခင္အခ်ိန္ထိ ေျဖးေျဖးခ်င္း စုသြားမွ ရလိမ့္မယ္။

ပိုင္မိသားစုကလည္း ဒါကိုနားလည္တာေၾကာင့္ မကန့္ကြက္ပါဘူး။

ပိုင္က်န္းက....

"ဝယ္တာက ဟုတ္ပါတယ္ ဒါေပမယ့္ ကြၽဲေတြကိုထားဖို႔ ေနရာသပ္သပ္လုပ္မွရမယ္ထင္တယ္"

သူတို႔က ကြၽဲေတြအမ်ားႀကီးဝယ္ရမွာမလို႔ အိမ္ေတြမွာထားဖို႔ကမျဖစ္နိုင္ဘူးေလ။

ဒါကိုၾကားေတာ့ ပိုင္လီကၿပဳံးလိုက္ၿပီး....

"ဒီအတြက္ ကြၽန္ေတာ္စဥ္းစားၿပီးၿပီ ကြၽန္ေတာ့္အိမ္နဲ႕ အနီးဆုံးေျမကြက္တစ္ကြက္ကို ကြၽဲေတြထားဖို႔ေနရာလုပ္လိုက္မယ္ ၿပီးရင္ေစာင့္ေပးဖို႔ လူငွားလိုက္မယ္ေလ"

ဝယ္ယူထားတဲ့ လယ္ေျမေတြအေၾကာင္း ေျပာရလွ်င္ လယ္ကြက္ေတြက ပိုင္အိမ္၏ ယခင္ စပါးခင္းေတြနားမွာျဖစ္ၿပီး ပိုင္လီရဲ႕ ေျမကြက္ေထာင့္ငါးရာလုံးကေတာ့ ႐ြာရဲ႕အေနာက္ဘက္မွာရွိေနခဲ့တာျဖစ္သည္။

႐ြာအေနာက္ဘက္က ေျမေတြကိုဝယ္တဲ့ ပထမဆုံးလူက ပိုင္လီျဖစ္ေနလို႔ ဒီအေၾကာင္းကလည္း လူေျပာစရာေတြထဲမွာ ပါလာခဲ့ပါတယ္။ ပိုင္လီက ႐ြာသားေတြအသြားလာနည္းတဲ့ ႐ြာရဲ႕အေနာက္ဘက္က ေျမကြက္ရိုင္းေတြကို ဝယ္ယူခဲ့ၿပီး သူ႕အိမ္ကလည္း ႐ြာရဲ႕အေနာက္ပိုင္းမွာရွိေနတာျဖစ္လို႔ သူက သူ႕ေျမကြက္ေတြဆီ သြားခ်င္တဲ့အခ်ိန္က်ရင္ အိမ္ရဲ႕ေနာက္ေဘးတံခါးကေန ထြက္သြားလိုက္႐ုံပါပဲ။

ေျမကြက္ေတြနဲ႕ သူ႕အိမ္က အနီးေလးမဟုတ္ေပမယ့္လည္း သြားရတဲ့လမ္းကေတာ့ အရမ္းလြယ္ကူသြားၿပီး ႐ြာထဲကေန ျဖတ္သြားစရာမလိုေတာ့ပါဘူး။

ဒီေ႐ြးခ်ယ္မႈအတြက္လည္း ပိုင္လီကေတာ့ အရမ္းစိတ္ေက်နပ္ခဲ့ပါတယ္။

ပိုင္မိသားစုက ပိုင္လီရဲ႕အစီစဥ္ကို ေကာင္းတယ္ဟုထင္ေပမယ့္ လူငွားရမယ္လို႔ ၾကားတဲ့အခါ အနည္းငယ္တြန့္သြားခဲ့က်ၿပီး ပိုင္အေမက ေျပာလာခဲ့သည္။

"ဘာလို႔လူငွားေနမွာလဲ မင္းရဲ႕တတိယညီကို ေစာင့္ခိုင္းလို႔ရတာပဲကို"

ပိုင္လီက ပိုင္မိသားစုမွာ ကုန္မည့္ေငြကို တြက္ခ်က္ေနမွန္းသိတာေၾကာင့္ ေျပာရျပန္၏။

"အေမ.. အဆင္ေျပပါတယ္ ဒီေန႕ ႐ြာသားေတြေျပာတာ အေမလည္းၾကားတယ္မလား ကြၽန္ေတာ္တို႔ေျပလည္လာတဲ့အခါ သူတို႔ကိုလည္း အခြင့္ေရးတခ်ိဳ႕ေပးသင့္ပါတယ္ "

သူတို႔သည္ တစ္႐ြာထဲသားမ်ားျဖစ္ၿပီး ထို႐ြာသားမ်ားထဲတြင္ ပိုင္အေမႏွင့္ပိုင္အေဖ၏ ေဆြမ်ိဳးမ်ားလည္းရွိေနေသးသည္။ ဒါေၾကာင့္ တကယ္လုပ္ခ်င္သူေတြဆိုရင္ သူတို႔ကအခြင့္ေပးသင့္တယ္။

.............................................................

(AN/ paid gpမွာ main story မၾကာခင္ၿပီးေတာ့မွာျဖစ္ပါတယ္။ Extra ေတြေတာ့ရွိဦးမွာပါ။)

Continue Reading

You'll Also Like

193K 17.9K 22
ခ်စ္စရာ BL ဇာတ္လမ္းတိုေလး ႀကိဳက္ရင္ေတာ့ဒါေလးဖတ္ၾကည့္လိုက္ပါ။ ချစ်စရာ BL ဇာတ်လမ်းတိုလေး ကြိုက်ရင်တော့ဒါလေးဖတ်ကြည့်လိုက်ပါ။
1.5M 191K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
234K 25.8K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
6.3K 460 20
Cake နဲ့ Seeiwရဲ့ storyလေးကို ဘာသာပြန်ချင်လို့ပါ။ လိုအပ်ချက်တွေရှိရင်တော့နားလည်ပေးနော်။