စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

Por BlackLily_WhiteLily

60K 6.3K 215

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... Más

Description
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.3
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
🔊🔊🔊 Telegram PG လေးစပါပြီ
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12
Chapter 16.13/16.14

Intro- 1

1.9K 80 1
Por BlackLily_WhiteLily

နိဒါန်း -(အပိုင်း ၁)

ယနေ့ညတွင် လရောင်က အလွန်တောက်ပနေသော်လည်း သွေးနီရောင် တိမ်လွှာများက လကို ဖုံးအုပ်ထားကာ မူလက ပြေပြစ်သော လရောင်ကို ထူးထူးခြားခြား ကြောက်မက်ဖွယ် သွေးရောင်များလွှမ်းနေစေသည်။ လေထုသည်ပင် သွေးနံ့များ ပျံနှံနေပုံပေါ်နေသည်။ အထူးသဖြင့် နံနက် နှစ်နာရီအချိန်က အလွန်တိတ်ဆိတ်နေပြီး၊ အပြင်ဘက်မှ သစ်ရွက်ခြောက်ကြွေသံများကိုတောင် ကြားနေရတော့ ထူးဆန်းနေတဲ့ ညကောင်းကင်ကြီးကို ဘယ်သူကမှ ဂရုမစိုက်ခဲ့ပေ။

လမ်းကြမ်းသွား ဟွန်ဒါရဲကားတစ်စီးက အနီရောင်မီးကို မှိတ်ကာ မောင်းဝင်လာပြီး ထိုကားက တရားရုံးအဆောက်အဦးရှေ့တွင် ရပ်တန့်သွားသည်။ ကားတံခါးပွင့်လာပြီး သွယ်လျသောခြေထောက်တစ်စုံက ကားပေါ်မှ ဆင်းလာကာ လှပစွာ ထွက်ခွာသွားသည်။ ရောက်လာသူက အရပ် ၁၇၅ စင်တီမီတာထက် မနည်းသေးသော အရပ်မြင့်မြင့်နှင့် အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး ဆံပင်တိုတိုနှင့် ခပ်မိုက်မိုက်ပုံစံရှိကာ သန့်ရှင်းနေသော ရှပ်အင်္ကျီဖြူဖြူတွင် အတွန့်ကြောင်းလေးအနည်းငယ် ရှိနေသည်။ ညဉ့်နက်သန်းခေါင်တွင်ပင် သူမက အလွန်စိတ်အားထက်သန်နေပုံရကြောင်း သူမ၏မြဲမြံသောမျက်လုံးများက ဖော်ပြနေသည်။

ကုယွင်က မျက်လုံးများကို အနည်းငယ်မှေးကာ မော့ကြည့်လိုက်သည်။ အမှောင်ထုကြားတွင် အဆောက်အဦး၏ ဆယ့်သုံးထပ်တွင်ရှိသော အလောင်းခွဲစိတ်ခန်းမှ အလင်းရောင်ကို မြင်နိုင်သည်။ သူမ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကြွတက်လာသည်။ ကျွော့ချင်းက ဖုန်းမကိုင်တာကြောင့် သူမ အလောင်းကို ခွဲစိပ်နေတာ ဖြစ်နိုင်ဖို့များနေသည်။ သူမ အဆောက်အဦးထဲသို့ ၀င်သွားသည်နှင့် အစောင့်ဦးလေးကြီးတစ်ယောက်က ချက်ချင်း ထွက်လာသည်။ ဝင်လာသူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ ဦးလေးကြီးက ရင်းနှီးစွာ ပြုံးကာ " ခေါင်းဆောင်ကု၊ ဒေါက်တာကျွော့ကို ရှာနေတာလား?"

ကုယွင်က ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်ကဲ့"

"အခုနလေးတင် ကင်းလှည့်နေတဲ့ အချိန်တုန်းက ရင်ခွဲခန်းထဲမှာ မီးတွေ လင်းနေတာ တွေ့လိုက်ရတယ်၊ သူ(မ) အလုပ်ရှုပ်နေသေးတယ်၊ မင်းတို့က တကယ်ကို အလုပ်ကြိုးစားတာပဲ"

မနက် နှစ်နာရီ ထိုးနေပြီဖြစ်သော်လည်း အလောင်းခွဲစိတ်စစ်ဆေးမှုရလဒ်နှင့် အခြားသတင်းအချက်အလက်များကို စောင့်ဆိုင်းရန် လိုအပ်နေသေးသည်။ မှုခင်းစုံစမ်းစစ်ဆေးခြင်းလုပ်ငန်းက အမှန်တကယ်ခက်ခဲသည်။

ကုယွင်က အနည်းငယ်ပြုံးကာ လှေကားထစ်မှ တံခါးကို ကျွမ်းကျင်စွာ တွန်းဖွင့်ကာ ခြေတံရှည်များဖြင့် ဆယ့်သုံးထပ်ဆီသို့ လှမ်းတက်သွားသည်။ သူမက သာမန်အခြေအနေမှာတောင် ဓါတ်လှေကားနဲ့တက်ရတာကို မကြိုက်ဘူး။ သူမှာ claustrophobic(ပိတ်လှောင်ခြင်းကို အကြောက်လွန်သောစိတ်ရောဂါ) မရှိသော်လည်း၊ ဓါတ်လှေကားကို စောင့်ဆိုင်းရန် ပျင်းလွန်းလှသည်။

ပိန်ပိန်ပါးပါးပုံရိပ်က လှေကားထစ်ကနေ ပျောက်ကွယ်သွားတာကို မြင်လိုက်ရတော့ အစောင့်ဦးလေးကြီးက ရယ်မောရင်း ခေါင်းခါကာ "အလုပ်ရူးတွေ"

သူက ဤအဆောက်အအုံတွင် အစောင့်အဖြစ် ဆယ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အကျင့်ပျက်ခြစားသူများစွာကို တွေ့မြင်ခဲ့ရသည်။ လူငယ်တွေအတွက်ကတော့ အခက်အခဲတွေကို သည်းခံနိုင်ရန် ခက်ခဲသည်။ ဒီကလေးနှစ်ယောက်ကတော့ ကြိုးစားလွန်းကြပြီး နှစ်အနည်းငယ်အတွင်းမှာ ရာထူးတိုးလာမှာ သေချာနေသည်။

ဆယ့်သုံးထပ်သို့ လျှောက်သွားသောအခါ စင်္ကြံရှိမီးများက လင်းနေသေးသော်လည်း ရုံးခန်းတံခါးများအားလုံးကတော့ သော့ခတ်ထားသည်။ ကုယွင်က ခန္ဓာဗေဒအခန်းသို့ မသွားဘဲ ကျွော့ချင်း၏ ရုံးခန်းတံခါးအပြင်ဘက်သို့ မှီကာ လတ်တလော လူသတ်မှုကိစ္စ၏ အဖြစ်အပျက်များကို လေးလေးနက်နက် တွေးတောနေသည်။

နာရီဝက်လောက်ကြာတော့ အဝေးကနေလှမ်းလာတဲ့ ခြေရာတွေက နီးကပ်လာတာကြောင့် ကုယွင်က တချက်ငဲ့ကြည့်လိုက်တော့ ကျွော့ချင်းက ပျင်းရိငြီးငွေ့နေတဲ့မျက်နှာနဲ့ ခန္ဓာဗေဒခန်းထဲက ထွက်လာတာကို တွေ့လိုက်ရသည်။ သူမနောက်မှာ ရှင်းလန်က ပင်ပန်းနေပုံရပြီး သေတ္တာတစ်လုံးကို ကိုင်ထားသည်။

"ဘယ်လိုဖြစ်သွားပြီလဲ၊ အလောင်းစစ်ချက်အစီရင်ခံစာထွက်လာပြီလား" ရုံးခန်းနားသို့ ရောက်သောအခါ သူမတို့နှစ်ဦးကို ချက်ချင်းပိတ်ဆို့ခံလိုက်ရသည်။ တက်ကြွမှုအပြည့်နှင့် တံခါးဘောင်ကို မှီရပ်နေသော ကုယွင်ကိုကြည့်ရင်း၊ ရှင်းလန်က ငိုသံပါနဲ့ "အဖွဲ့ခေါင်းဆောင်ကု၊ ရှင်က ချဲ့ကားနေတာပဲ၊ ခု မနက်၃ နာရီပဲ ရှိသေးတယ်!"

ကုယွင်က မျက်ခုံးပင့်ကာ အနည်းငယ် ပြုံးလိုက်ပြီး "ဒါဆို?"

  ရှုံးနိမ်သွားသော ရှင်းလန်က စိတ်ပျက်လက်ပျက်ဖြင့် သူမ ပခုံးကို ကျုံရင်း ကူကယ်ရာမဲ့ ပြန်ပြောလိုက်သည်။ "ဒါဆို ခဏစောင့်၊ ကျွန်မ ချက်ချင်း သွားလုပ်ပေးမယ်။ မိုးမလင်းခင်မှာ ရလဒ်တွေ ထွက်လာစေရမယ်!"

အဖွဲ့ခေါင်းဆောင်ကုနဲ့ ဒေါက်တာကျွော့တို့ သူငယ်ချင်းကောင်းတွေဖြစ်လာကြတာ အံ့သြစရာ မဟုတ်ပေ၊ သူတို့က အလုပ်သရဲတွေ! !

ရှင်းလန်က ခေါင်းငိုက်စိုက်နဲ့ ရုံးခန်းထဲကို လျှောက်သွားတာကို မြင်တော့ ကုယွင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ကျေးဇူးအများကြီးတင်ပါတယ်!"

  ကျွော့ချင်းက သူမ၏ သီးသန့်ရုံးခန်းကို ဖွင့်လှစ်ထားပြီးဖြစ်ပြီး ကုယွင်က ချက်ချင်းပင် သူမနောက်သို့ လိုက်သွားခဲ့သည်။ သူမ စကားမပြောမီ ကျွော့ချင်း၏ ထူးခြားသော အေးစက်သော အသံတိုးတိုးက ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ "ဘာလို့ မအိပ်သေးတာလဲ ညနက်နေပြီ"

  "တော်စမ်းပါ!" ကုယွင်က သူမကို မျက်လုံးပြူးနဲ့ ကြိမ်းမောင်းလိုက်ပြီး "ပြီးခဲ့တဲ့လက အမျိုးသမီးတွေ အသတ်ခံရတဲ့အမူတွေ မကြာခဏ ဖြစ်နေတယ်။ ဌာနခေါင်းဆောင်လီရဲ့ မျက်လုံးတွေ မီးတောက်လုနီးပါး ဖြစ်နေပြီ။ အခု ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးမှာ အဖွဲ့နှစ်ဖွဲ့ခွဲထားပြီး နေ့ရော ညပါ အလုပ်လုပ်ဖို့ တာဝန်ပေးထားတယ်!"

  ကျွော့ချင်းက သူမ၏ ဆံပင်ကို ထိုးစိုက်ထားသော ဘောပင်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ရာ ခါးထိရှည်သော ဆံပင်များက ချက်ချင်း ပြေကျလာသည်။ သူမက ဆိုဖာပေါ်တွင် မောပန်းနွမ်းနယ်စွာ ထိုင်နေရင်း မျက်လုံးတဝတ်မှိတ်ထားကာ ပျင်းရိစွာ မေးလိုက်သည်။ "မနေ့က ပြည်နယ်အဆင့် ကိုယ်ခံပညာပြိုင်ပွဲရဲ့ရလဒ်နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေတာလား"

  "မဟုတ်ဘူး!" လို့ ပြန်ပြောလိုက်ပေမယ့် ဒီအကြောင်းကို ကြားတဲ့အခါ သူမ ချက်ချင်း ဒေါသထွက်လာပြန်သည်။ အမှုပေါင်း မြောက်မြားစွာ ရှိနေတာကို ဌာနခေါင်းဆောင်က သူမကို ပြည်နယ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့ တောင်းဆိုခဲ့သည်။ နှစ်စဉ်နှစ်တိုင်း အမျိုးသမီးအဖွဲ့မှာ သူမက ပထမနေရာကို ရရှိခဲ့ပြီး တခြားဘယ်သူကမှ သူမထက် ပိုမကောင်းလာနိုင်တော့ဘူး။ ကျွော့ချင်းက သူမ သက်တောင့်သက်သာရှိလာပုံပေါ်နေပြီး အိပ်ပျောခါနီးတွင် ကုယွင်က သူမကို ပုခုံးကို ပုတ်ကာ "သခင်မလေး၊ ငါက ဒီမှာရှိနေပြီး နင့်ကို စကားပြောနေတယ်လေ၊ နင် ငါ့ကို ရှင်းပြဖို့ မရှိဘူးလား?"

  ကျွော့ချင်းက သူမ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားသေးသည်။ သူမ၏အသံက ပျင်းရိနေသော်လည်း အေးစက်ကြည်လင်နေဆဲဖြစ်သည်။ "ဒီသေဆုံးသူမှာ ပထမလူသတ်မှု သုံးခုမှာ သေဆုံးသွားတဲ့ သူတွေနဲ့ တူညီတဲ့ အချက်တစ်ခုရှိတယ်။ သူတို့အားလုံးက လေပြွန်ကို လက်နဲ့ အညှစ်ခံရလို့ အသက်ရှုကြပ်ပြီး သေဆုံးခဲ့ကြတာ။ လက်ဆယ်ချောင်းလုံးက လက်သည်းတွေအားလုံးကို ဖယ်ရှားထားတာကို ကြည့်ရင် လူသတ်တဲ့ နည်းလမ်းက တူညီနေတယ်။ တကယ်လို့ ကွင်းဆက်လူသတ်မှု ဖြစ်မယ်ဆိုရင် ခန္ဓာကိုယ် ဆွေးမြေ့ပျက်စီးမှု အတိုင်းအတာအရ ဒီသေဆုံးသူအမျိုးသမီးက ပထမဆုံး သားကောင် ဖြစ်နိုင်တယ်"

  ကျွော့ချင်းရဲ့ သုံးသပ်ချက်ကို နားထောင်ရင်း ကုယွင်က ရုံးခန်းထဲမှာ အပြန်ပြန် အလှန်လှန် လမ်းလျှောက်နေပြီး ကိစ္စရပ်တခုခုကို တွေးတောနေသည်။ ထိုစဥ် ရုတ်တရက် ရုံးခန်းတံခါးဝမှာ အလင်းရောင်ဖျော့ဖျော့တစ်ခုကို တွေ့လိုက်ရပြီး သူမ သွားကောက်ကိုင်လိုက်တော့ ရှစ်ထောင့်စက်ဝိုင်းပုံ စာများမြှုပ်ထားသော အဝိုင်းပြားကို တွေ့လိုက်ရသည်။ ထိုရွှေပြားအသေးလေးက သက်သေပစ္စည်းအိတ်ထဲတွင် ရှိနေရမည့် အထောက်အထားဖြစ်သည်။

  ကုယွင်က ကျွော့ချင်းဆီသို့ လျှောက်လာရင်း "ဒါက ဘာလဲ?"

 ကျွော့ချင်းက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ကုယွင်၏လက်ထဲတွင် ရှိနေသောအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူမက တိတ်တဆိတ် ကျိန်ဆဲလိုက်သည်၊ ဤမိန်းကလေး ရှင်းလန်က အမြဲတမ်း ပေါ့ပေါ့ဆဆနေတက်ပြီး ထိုကဲ့သို့သော အရေးကြီးသော အထောက်အထားများကို ဆုံးရှုံးအောင် ဘယ်လိုတောင် လုပ်နိုင်တာလဲ။ ကျွော့ချင်းက တည့်တည့်မတ်မတ် ပြင်ထိုင်ရင်း "သေဆုံးသူရဲ့အင်္ကျီအိတ်ကပ်ထဲမှာ တွေ့ခဲ့တာ၊ ဓာတ်ခွဲခန်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေက စစ်ဆေးပြီးမှ နင့်လက်ထဲကို ရောက်လာသင့်တဲ့အရာ"

  ကုယွင်က သူမလက်ထဲက အရာက ခုကိစ္စ၏ သက်သေဖြစ်ကြောင်းကို ကြားသောအခါ ချက်ချင်းပင် စိတ်အားထက်သန်လာသည်။ ရုံးခန်းထဲမှာ စားပွဲတင်မီးအိမ်လေးတစ်ခုသာ ဖွင့်ထားတာကြောင့် သူမက လိုက်ကာတွေကို ရိုးရိုးရှင်းရှင်း ဖွင့်လိုက်ပြီး ဒီည ထူးထူးခြားခြား တောက်ပနေတဲ့ လရောင်အောက်မှာ အဲ့တာကို ဂရုတစိုက် ကြည့်ရှု့လိုက်သည်။ သူမက သူမလက်ထဲတွင်ရှိနေသော အရာကို စူးစူးစိုက်စိုက်ကြည့်နေသဖြင့်၊ သူမလက်ထဲမှ ထိုစက်ဝိုင်းကို လရောင်ထိသွားသောအခါ မှောင်မိုက်နေသော ညကောင်းကင်တွင် တိမ်နီများ တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်ကို ကုယွင်က သတိမထားမိလိုက်ပေ။

  ထူးဆန်းလိုက်တာ.... အခုန မြင်လိုက်ရတာက ရွှေရောင်လေ... အသိသာကြီးလေ....

အခုဘာလို့ အနီရောင် ပြောင်းသွားတာလဲ??!

ဟိုဘက်အခြမ်းက ရွှေရောင်လား?? အဲဒါကို လှန်လိုက်ပြီး အနီးကပ် ကြည့်လိုက်တော့ တစ်ဖက်မှာလည်း တူညီတဲ့ သွေးနီရောင် ပါကွာ့စက်ဝိုင်းပုံကို တွေ့ရပြီး အဝိုင်းပြားငယ်လေးတစ်ခုလုံးက အနီရောင်အလင်းတွေ ဖျော့ဖျော့ဖြင့် တောက်ပနေပုံရသည်။

  "အား-" သူမ စိတ်ရှုပ်နေတုန်း လက်မှာလည်း ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရသည်။

  ကျွော့ချင်းက မတ်တပ်ထရပ်လာပြီး သူမနောက်ကို လျှောက်သွားကာ "ဘာဖြစ်နေတာလဲ?"

  ကုယွင်က သူမလက်ချောင်းတွေကို ငုံ့ကြည့်လိုက်တော့ သူမလက်ညိုးပေါ်မှာ သွေးရောင်တဲ့ အမှတ်အသားတစ်ခုကို တွေ့လိုက်ရပြီး အနီရောင်တောက်တောက် သွေးစက်တချို့က သက်သေပစ္စည်းပေါ်ကို ကျနေတာကို တွေ့လိုက်ရသည်။ ကုယွင်က အမှတ်တမဲ့ ပြုံးလိုက်ပြီး "ဘာမှမဟုတ်ပါဘူး၊ အဲဒါက ခြစ်မိသွားတာလား မသိဘူး"

  သူမလက်ချောင်းပေါ်က ဒဏ်ရာက နက်ပြီး သွေးတွေ ထွက်နေတုန်းပဲ။ ကုယွင်ရဲ့ သတိမမှုတဲ့ အကြည့်တွေကြောင့် ကျွော့ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူမဘေးက စာအုပ်စင်ထဲက ဂွမ်းကို ယူလိုက်ပြီး ဒဏ်ရာပေါ်ကို ဖုံးအုပ်လိုက်သည်။ ကျွော့ချင်းက အေးစက်စွာ ပြောလိုက်သည်။ "ဒဏ်ရာကို ဖိထား!"

  ကုယွင်က သူမမျက်လုံးတွေကို မှိတ်ချလိုက်ပြီး "သေးငယ်တဲ့ ခြစ်ရာတစ်ခုပါပဲ!"

  ဒဏ်ရာကို ဖိထားသော ဂွမ်းကို သွေးများ လျင်မြန်စွာ စိုစွတ်လာသည်။ ကျွော့ချင်း၏ စူးရှသော မျက်လုံးများက အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။ အဲ့လောက်သွေးထွက်လာရအေင် ဘာကနေ ဘယ်လောက်ရှသွားတာလဲ??? ကုယွင်၏လက်ကို ကိုင်ကြည့်လိုက်ရင်း ကျွော့ချင်းက အံ့အားသင့်သွားပြီး "ဒါက ဘယ်လိုဖြစ်ရတာလဲ?"

  အမြဲတမ်း အေးစက်ပြီး မာနကြီးတဲ့ မှုခင်းဆရာဝန်ကျွော့ကို ဘာက အရမ်း အံ့သြသွားစေတာလဲ? ကုယွင်လည်း စိတ်ဝင်တစားနဲ့ ငုံကြည့်လိုက်ပြီး အံ့သြတကြီးနဲ့ "သွေးတွေ... စိမ့်နေတယ်!!"

  မူလက ဖောက်ထွင်းမြင်ရသော သက်သေအိတ်အပြင်ဘက်တွင် ရွှဲနေသော သွေးစက်များက ပျောက်ကွယ်သွားပြီး သွေးနီရောင် ပါကွာ့ကွက်ပေါ်တွင် သွေးများက အမှန်တကယ် ပေါ်လာတော့သည်။

ဘယ်လိုဖြစ်တာလဲ?

သက်သေအိတ်ထဲကို သွေးတွေ စိမ့်ဝင်သွားတယ်...

"အိုး!" သူတို့နှစ်ယောက်က ခဏလောက် အံ့အားသင့်သွားပြီးနောက် "ဒီတစ်ခါ အစီရင်ခံစာရေးဖို့ ခက်လိမ့်မယ်~"

  နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခါးခါးသီးသီး ပြုံးနေရင်း သက်သေအထောက်အထားများပေါ်တွင် ကုယွင်၏သွေးများ ဘာကြောင့်ပေါ်လာသည်ကို သိချင်နေကြသည်။ ဘယ်သူမှ သတိမထားမိချိန်တွင် သွေးများက ယင်နှင့်ယန်တို့ တွေ့ဆုံနေသည့် အလယ်ဗဟိုဆီသို့ ထောင့်ချိုးပုံသဏ္ဍာန်တလျှောက် စီးဆင်းသွားသည်။ ပါကွာ့စက်ဝိုင်း၏ အလယ်ဗဟိုသို့ သွေးများကျသွားသည့်အခိုက်တွင် ထိုစက်ဝိုင်းဆီမှ ပြင်းထန်သော အနီရောင်အလင်းတန်းတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ကျွော့ချင်းနှင့် ကုယွင်နှစ်ဦးစလုံးက မတုံ့ပြန်နိုင်ခဲ့ကြပေ။ သူမတို့၏ မျက်လုံးများက မည်းမှောင်သွားပြီး မူးမိုက်သွားသလို ခံစားလိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

 မြေပြင်ပေါ်သို့ အလင်းရောင် ဖြတ်ကျော်သွားချိန်တွင် အစိုးရရှေ့နေကြီး၏ မှုခင်းဆေးပညာကုသခန်းတွင် စားပွဲတင်မီးအိမ်ငယ်တစ်ခု ကျန်ရှိနေပြီး မေ့မြောနေသည့်ပုံရိပ်နှစ်ခုက မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။

  ကုယွင်၏လက်မှ သွေးထွက်နေသောဒဏ်ရာက အမာရွတ်မရှိတော့ဘဲ ယခင်အတိုင်း ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။

  ရွှေရောင်ပါကွာ့စက်ဝိုင်းက သူမတို့အနားသို့ တဖြေးဖြေး ကျဆင်းလာကာ မူမမှန်သည့်အရာများ မရှိတော့ပေ။

  ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်က ကြည်လင်ပြီးရင်း ကြည်လင်လာပြီး အရာအားလုံးက အလွန်အေးချမ်းနေသည်။

Footnote:

trigram (bagua) (Chinese: 八卦; စာသားအရ- "eight symbols") သည် တာအိုစကြာဝဠာဗေဒတွင် သုံးထားသော trigrams 8 ခုဖြစ်ပြီး လက်တွေ့ဘဝ၏ အခြေခံမူများကို ကိုယ်စားပြုရန် ၈ပိုင်းပိုင်းကာ အပြန်အလှန်ဆက်စပ်နေသော အယူအဆများကို ရေးသားထားသည်ကို မြင်နိုင်သည်။ တစ်ခုစီတွင် စာကြောင်း ၃ ကြောင်းပါရှိပြီး လိုင်းတစ်ခုစီတွင် ယင် သို့မဟုတ် ယန် အသီးသီးကို ကိုယ်စားပြုသော "ကျိုး" သို့မဟုတ် "မပြိုကွဲသော" စကားလုံးများ ပါဝင်သည်။ ၎င်းတို့၏ သုံးပွင့်ဆိုင်ဖွဲ့စည်းပုံကြောင့် ၎င်းတို့ကို အင်္ဂလိပ်လို "trigrams" ဟု မကြာခဏ ရည်ညွှန်းကြသည်။ trigrams များသည် နက္ခတ္တဗေဒ၊ နက္ခတ်ဗေဒင်၊ ပထဝီဝင်၊ ပထဝီဝင်၊ ခန္ဓာဗေဒ၊ မိသားစုနှင့် အခြားနေရာများတွင် ဆက်စပ်မှုရှိသည်။ (အရင်းအမြစ်- Wikipedia)

နမူနာပုံလေးကို mediaမှာ ထည့်ပေးထားတယ်နော်။

💖💖💖Thank you for taking the time to read my translation💖💖💖

နိဒါန္း -(အပိုင္း ၁)

ယေန႔ညတြင္ လေရာင္က အလြန္ေတာက္ပေနေသာ္လည္း ေသြးနီေရာင္ တိမ္လႊာမ်ားက လကို ဖုံးအုပ္ထားကာ မူလက ေျပျပစ္ေသာ လေရာင္ကို ထူးထူးျခားျခား ေၾကာက္မက္ဖြယ္ ေသြးေရာင္မ်ားလႊမ္းေနေစသည္။ ေလထုသည္ပင္ ေသြးနံ႔မ်ား ပ်ံႏွံေနပုံေပၚေနသည္။ အထူးသျဖင့္ နံနက္ ႏွစ္နာရီအခ်ိန္က အလြန္တိတ္ဆိတ္ေနၿပီး၊ အျပင္ဘက္မွ သစ္႐ြက္ေျခာက္ေႂကြသံမ်ားကိုေတာင္ ၾကားေနရေတာ့ ထူးဆန္းေနတဲ့ ညေကာင္းကင္ႀကီးကို ဘယ္သူကမွ ဂ႐ုမစိုက္ခဲ့ေပ။

လမ္းၾကမ္းသြား ဟြန္ဒါရဲကားတစ္စီးက အနီေရာင္မီးကို မွိတ္ကာ ေမာင္းဝင္လာၿပီး ထိုကားက တရား႐ုံးအေဆာက္အဦးေရွ႕တြင္ ရပ္တန႔္သြားသည္။ ကားတံခါးပြင့္လာၿပီး သြယ္လ်ေသာေျခေထာက္တစ္စုံက ကားေပၚမွ ဆင္းလာကာ လွပစြာ ထြက္ခြာသြားသည္။ ေရာက္လာသူက အရပ္ ၁၇၅ စင္တီမီတာထက္ မနည္းေသးေသာ အရပ္ျမင့္ျမင့္ႏွင့္ အမ်ိဳးသမီးငယ္တစ္ဦးျဖစ္ၿပီး ဆံပင္တိုတိုႏွင့္ ခပ္မိုက္မိုက္ပုံစံရွိကာ သန႔္ရွင္းေနေသာ ရွပ္အက်ႌျဖဴျဖဴတြင္ အတြန႔္ေၾကာင္းေလးအနည္းငယ္ ရွိေနသည္။ ညဥ့္နက္သန္းေခါင္တြင္ပင္ သူမက အလြန္စိတ္အားထက္သန္ေနပုံရေၾကာင္း သူမ၏ၿမဲၿမံေသာမ်က္လုံးမ်ားက ေဖာ္ျပေနသည္။

ကုယြင္က မ်က္လုံးမ်ားကို အနည္းငယ္ေမွးကာ ေမာ့ၾကည့္လိုက္သည္။ အေမွာင္ထုၾကားတြင္ အေဆာက္အဦး၏ ဆယ့္သုံးထပ္တြင္ရွိေသာ အေလာင္းခြဲစိတ္ခန္းမွ အလင္းေရာင္ကို ျမင္ႏိုင္သည္။ သူမ၏ ႏႈတ္ခမ္းေထာင့္မ်ားက အနည္းငယ္ ႂကြတက္လာသည္။ ေကြၽာ့ခ်င္းက ဖုန္းမကိုင္တာေၾကာင့္ သူမ အေလာင္းကို ခြဲစိပ္ေနတာ ျဖစ္ႏိုင္ဖို႔မ်ားေနသည္။ သူမ အေဆာက္အဦးထဲသို႔ ၀င္သြားသည္ႏွင့္ အေစာင့္ဦးေလးႀကီးတစ္ေယာက္က ခ်က္ခ်င္း ထြက္လာသည္။ ဝင္လာသူကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရေတာ့ ဦးေလးႀကီးက ရင္းႏွီးစြာ ၿပဳံးကာ " ေခါင္းေဆာင္ကု၊ ေဒါက္တာေကြၽာ့ကို ရွာေနတာလား?"

ကုယြင္က ေခါင္းညိတ္ျပလိုက္ၿပီး "ဟုတ္ကဲ့"

"အခုနေလးတင္ ကင္းလွည့္ေနတဲ့ အခ်ိန္တုန္းက ရင္ခြဲခန္းထဲမွာ မီးေတြ လင္းေနတာ ေတြ႕လိုက္ရတယ္၊ သူ(မ) အလုပ္ရႈပ္ေနေသးတယ္၊ မင္းတို႔က တကယ္ကို အလုပ္ႀကိဳးစားတာပဲ"

မနက္ ႏွစ္နာရီ ထိုးေနၿပီျဖစ္ေသာ္လည္း အေလာင္းခြဲစိတ္စစ္ေဆးမႈရလဒ္ႏွင့္ အျခားသတင္းအခ်က္အလက္မ်ားကို ေစာင့္ဆိုင္းရန္ လိုအပ္ေနေသးသည္။ မႈခင္းစုံစမ္းစစ္ေဆးျခင္းလုပ္ငန္းက အမွန္တကယ္ခက္ခဲသည္။

ကုယြင္က အနည္းငယ္ၿပဳံးကာ ေလွကားထစ္မွ တံခါးကို ကြၽမ္းက်င္စြာ တြန္းဖြင့္ကာ ေျခတံရွည္မ်ားျဖင့္ ဆယ့္သုံးထပ္ဆီသို႔ လွမ္းတက္သြားသည္။ သူမက သာမန္အေျခအေနမွာေတာင္ ဓါတ္ေလွကားနဲ႔တက္ရတာကို မႀကိဳက္ဘူး။ သူမွာ claustrophobic(ပိတ္ေလွာင္ျခင္းကို အေၾကာက္လြန္ေသာစိတ္ေရာဂါ) မရွိေသာ္လည္း၊ ဓါတ္ေလွကားကို ေစာင့္ဆိုင္းရန္ ပ်င္းလြန္းလွသည္။

ပိန္ပိန္ပါးပါးပုံရိပ္က ေလွကားထစ္ကေန ေပ်ာက္ကြယ္သြားတာကို ျမင္လိုက္ရေတာ့ အေစာင့္ဦးေလးႀကီးက ရယ္ေမာရင္း ေခါင္းခါကာ "အလုပ္႐ူးေတြ"

သူက ဤအေဆာက္အအုံတြင္ အေစာင့္အျဖစ္ ဆယ္ႏွစ္ေက်ာ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး အက်င့္ပ်က္ျခစားသူမ်ားစြာကို ေတြ႕ျမင္ခဲ့ရသည္။ လူငယ္ေတြအတြက္ကေတာ့ အခက္အခဲေတြကို သည္းခံႏိုင္ရန္ ခက္ခဲသည္။ ဒီကေလးႏွစ္ေယာက္ကေတာ့ ႀကိဳးစားလြန္းၾကၿပီး ႏွစ္အနည္းငယ္အတြင္းမွာ ရာထူးတိုးလာမွာ ေသခ်ာေနသည္။

ဆယ့္သုံးထပ္သို႔ ေလွ်ာက္သြားေသာအခါ စႀကႍရွိမီးမ်ားက လင္းေနေသးေသာ္လည္း ႐ုံးခန္းတံခါးမ်ားအားလုံးကေတာ့ ေသာ့ခတ္ထားသည္။ ကုယြင္က ခႏၶာေဗဒအခန္းသို႔ မသြားဘဲ ေကြၽာ့ခ်င္း၏ ႐ုံးခန္းတံခါးအျပင္ဘက္သို႔ မွီကာ လတ္တေလာ လူသတ္မႈကိစၥ၏ အျဖစ္အပ်က္မ်ားကို ေလးေလးနက္နက္ ေတြးေတာေနသည္။

နာရီဝက္ေလာက္ၾကာေတာ့ အေဝးကေနလွမ္းလာတဲ့ ေျခရာေတြက နီးကပ္လာတာေၾကာင့္ ကုယြင္က တခ်က္ငဲ့ၾကည့္လိုက္ေတာ့ ေကြၽာ့ခ်င္းက ပ်င္းရိၿငီးေငြ႕ေနတဲ့မ်က္ႏွာနဲ႔ ခႏၶာေဗဒခန္းထဲက ထြက္လာတာကို ေတြ႕လိုက္ရသည္။ သူမေနာက္မွာ ရွင္းလန္က ပင္ပန္းေနပုံရၿပီး ေသတၱာတစ္လုံးကို ကိုင္ထားသည္။

"ဘယ္လိုျဖစ္သြားၿပီလဲ၊ အေလာင္းစစ္ခ်က္အစီရင္ခံစာထြက္လာၿပီလား" ႐ုံးခန္းနားသို႔ ေရာက္ေသာအခါ သူမတို႔ႏွစ္ဦးကို ခ်က္ခ်င္းပိတ္ဆို႔ခံလိုက္ရသည္။ တက္ႂကြမႈအျပည့္ႏွင့္ တံခါးေဘာင္ကို မွီရပ္ေနေသာ ကုယြင္ကိုၾကည့္ရင္း၊ ရွင္းလန္က ငိုသံပါနဲ႔ "အဖြဲ႕ေခါင္းေဆာင္ကု၊ ရွင္က ခ်ဲ႕ကားေနတာပဲ၊ ခု မနက္၃ နာရီပဲ ရွိေသးတယ္!"

ကုယြင္က မ်က္ခုံးပင့္ကာ အနည္းငယ္ ၿပဳံးလိုက္ၿပီး "ဒါဆို?"

  ရႈံးနိမ္သြားေသာ ရွင္းလန္က စိတ္ပ်က္လက္ပ်က္ျဖင့္ သူမ ပခုံးကို က်ဳံရင္း ကူကယ္ရာမဲ့ ျပန္ေျပာလိုက္သည္။ "ဒါဆို ခဏေစာင့္၊ ကြၽန္မ ခ်က္ခ်င္း သြားလုပ္ေပးမယ္။ မိုးမလင္းခင္မွာ ရလဒ္ေတြ ထြက္လာေစရမယ္!"

အဖြဲ႕ေခါင္းေဆာင္ကုနဲ႔ ေဒါက္တာေကြၽာ့တို႔ သူငယ္ခ်င္းေကာင္းေတြျဖစ္လာၾကတာ အံ့ၾသစရာ မဟုတ္ေပ၊ သူတို႔က အလုပ္သရဲေတြ! !

ရွင္းလန္က ေခါင္းငိုက္စိုက္နဲ႔ ႐ုံးခန္းထဲကို ေလွ်ာက္သြားတာကို ျမင္ေတာ့ ကုယြင္က က်ယ္ေလာင္စြာ ရယ္ေမာလိုက္ၿပီး "ေက်းဇူးအမ်ားႀကီးတင္ပါတယ္!"

  ေကြၽာ့ခ်င္းက သူမ၏ သီးသန႔္႐ုံးခန္းကို ဖြင့္လွစ္ထားၿပီးျဖစ္ၿပီး ကုယြင္က ခ်က္ခ်င္းပင္ သူမေနာက္သို႔ လိုက္သြားခဲ့သည္။ သူမ စကားမေျပာမီ ေကြၽာ့ခ်င္း၏ ထူးျခားေသာ ေအးစက္ေသာ အသံတိုးတိုးက ျဖည္းညႇင္းစြာ ထြက္ေပၚလာသည္။ "ဘာလို႔ မအိပ္ေသးတာလဲ ညနက္ေနၿပီ"

  "ေတာ္စမ္းပါ!" ကုယြင္က သူမကို မ်က္လုံးျပဴးနဲ႔ ႀကိမ္းေမာင္းလိုက္ၿပီး "ၿပီးခဲ့တဲ့လက အမ်ိဳးသမီးေတြ အသတ္ခံရတဲ့အမူေတြ မၾကာခဏ ျဖစ္ေနတယ္။ ဌာနေခါင္းေဆာင္လီရဲ႕ မ်က္လုံးေတြ မီးေတာက္လုနီးပါး ျဖစ္ေနၿပီ။ အခု ရာဇ၀တ္မႈ စုံစမ္းစစ္ေဆးေရးမွာ အဖြဲ႕ႏွစ္ဖြဲ႕ခြဲထားၿပီး ေန႔ေရာ ညပါ အလုပ္လုပ္ဖို႔ တာဝန္ေပးထားတယ္!"

  ေကြၽာ့ခ်င္းက သူမ၏ ဆံပင္ကို ထိုးစိုက္ထားေသာ ေဘာပင္ကို ျဖည္းညႇင္းစြာ ဆြဲထုတ္လိုက္ရာ ခါးထိရွည္ေသာ ဆံပင္မ်ားက ခ်က္ခ်င္း ေျပက်လာသည္။ သူမက ဆိုဖာေပၚတြင္ ေမာပန္းႏြမ္းနယ္စြာ ထိုင္ေနရင္း မ်က္လုံးတဝတ္မွိတ္ထားကာ ပ်င္းရိစြာ ေမးလိုက္သည္။ "မေန႔က ျပည္နယ္အဆင့္ ကိုယ္ခံပညာၿပိဳင္ပြဲရဲ႕ရလဒ္နဲ႔ ပတ္သက္ၿပီး စိတ္လႈပ္ရွားေနတာလား"

  "မဟုတ္ဘူး!" လို႔ ျပန္ေျပာလိုက္ေပမယ့္ ဒီအေၾကာင္းကို ၾကားတဲ့အခါ သူမ ခ်က္ခ်င္း ေဒါသထြက္လာျပန္သည္။ အမႈေပါင္း ေျမာက္ျမားစြာ ရွိေနတာကို ဌာနေခါင္းေဆာင္က သူမကို ျပည္နယ္ၿပိဳင္ပြဲေတြမွာ ဝင္ၿပိဳင္ဖို႔ ေတာင္းဆိုခဲ့သည္။ ႏွစ္စဥ္ႏွစ္တိုင္း အမ်ိဳးသမီးအဖြဲ႕မွာ သူမက ပထမေနရာကို ရရွိခဲ့ၿပီး တျခားဘယ္သူကမွ သူမထက္ ပိုမေကာင္းလာႏိုင္ေတာ့ဘူး။ ေကြၽာ့ခ်င္းက သူမ သက္ေတာင့္သက္သာရွိလာပုံေပၚေနၿပီး အိပ္ေပ်ာခါနီးတြင္ ကုယြင္က သူမကို ပုခုံးကို ပုတ္ကာ "သခင္မေလး၊ ငါက ဒီမွာရွိေနၿပီး နင့္ကို စကားေျပာေနတယ္ေလ၊ နင္ ငါ့ကို ရွင္းျပဖို႔ မရွိဘူးလား?"

  ေကြၽာ့ခ်င္းက သူမ၏မ်က္လုံးမ်ားကို အနည္းငယ္ မွိတ္ထားေသးသည္။ သူမ၏အသံက ပ်င္းရိေနေသာ္လည္း ေအးစက္ၾကည္လင္ေနဆဲျဖစ္သည္။ "ဒီေသဆုံးသူမွာ ပထမလူသတ္မႈ သုံးခုမွာ ေသဆုံးသြားတဲ့ သူေတြနဲ႔ တူညီတဲ့ အခ်က္တစ္ခုရွိတယ္။ သူတို႔အားလုံးက ေလႁပြန္ကို လက္နဲ႔ အညႇစ္ခံရလို႔ အသက္ရႈၾကပ္ၿပီး ေသဆုံးခဲ့ၾကတာ။ လက္ဆယ္ေခ်ာင္းလုံးက လက္သည္းေတြအားလုံးကို ဖယ္ရွားထားတာကို ၾကည့္ရင္ လူသတ္တဲ့ နည္းလမ္းက တူညီေနတယ္။ တကယ္လို႔ ကြင္းဆက္လူသတ္မႈ ျဖစ္မယ္ဆိုရင္ ခႏၶာကိုယ္ ေဆြးေျမ့ပ်က္စီးမႈ အတိုင္းအတာအရ ဒီေသဆုံးသူအမ်ိဳးသမီးက ပထမဆုံး သားေကာင္ ျဖစ္ႏိုင္တယ္"

  ေကြၽာ့ခ်င္းရဲ႕ သုံးသပ္ခ်က္ကို နားေထာင္ရင္း ကုယြင္က ႐ုံးခန္းထဲမွာ အျပန္ျပန္ အလွန္လွန္ လမ္းေလွ်ာက္ေနၿပီး ကိစၥရပ္တခုခုကို ေတြးေတာေနသည္။ ထိုစဥ္ ႐ုတ္တရက္ ႐ုံးခန္းတံခါးဝမွာ အလင္းေရာင္ေဖ်ာ့ေဖ်ာ့တစ္ခုကို ေတြ႕လိုက္ရၿပီး သူမ သြားေကာက္ကိုင္လိုက္ေတာ့ ရွစ္ေထာင့္စက္ဝိုင္းပုံ စာမ်ားျမႇဳပ္ထားေသာ အဝိုင္းျပားကို ေတြ႕လိုက္ရသည္။ ထိုေ႐ႊျပားအေသးေလးက သက္ေသပစၥည္းအိတ္ထဲတြင္ ရွိေနရမည့္ အေထာက္အထားျဖစ္သည္။

  ကုယြင္က ေကြၽာ့ခ်င္းဆီသို႔ ေလွ်ာက္လာရင္း "ဒါက ဘာလဲ?"

 ေကြၽာ့ခ်င္းက မ်က္လုံးမ်ားကို ျဖည္းညႇင္းစြာ ဖြင့္လိုက္ၿပီး ကုယြင္၏လက္ထဲတြင္ ရွိေနေသာအရာကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရေသာအခါ သူမက တိတ္တဆိတ္ က်ိန္ဆဲလိုက္သည္၊ ဤမိန္းကေလး ရွင္းလန္က အၿမဲတမ္း ေပါ့ေပါ့ဆဆေနတက္ၿပီး ထိုကဲ့သို႔ေသာ အေရးႀကီးေသာ အေထာက္အထားမ်ားကို ဆုံးရႈံးေအာင္ ဘယ္လိုေတာင္ လုပ္ႏိုင္တာလဲ။ ေကြၽာ့ခ်င္းက တည့္တည့္မတ္မတ္ ျပင္ထိုင္ရင္း "ေသဆုံးသူရဲ႕အက်ႌအိတ္ကပ္ထဲမွာ ေတြ႕ခဲ့တာ၊ ဓာတ္ခြဲခန္းမွာရွိတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြက စစ္ေဆးၿပီးမွ နင့္လက္ထဲကို ေရာက္လာသင့္တဲ့အရာ"

  ကုယြင္က သူမလက္ထဲက အရာက ခုကိစၥ၏ သက္ေသျဖစ္ေၾကာင္းကို ၾကားေသာအခါ ခ်က္ခ်င္းပင္ စိတ္အားထက္သန္လာသည္။ ႐ုံးခန္းထဲမွာ စားပြဲတင္မီးအိမ္ေလးတစ္ခုသာ ဖြင့္ထားတာေၾကာင့္ သူမက လိုက္ကာေတြကို ႐ိုး႐ိုးရွင္းရွင္း ဖြင့္လိုက္ၿပီး ဒီည ထူးထူးျခားျခား ေတာက္ပေနတဲ့ လေရာင္ေအာက္မွာ အဲ့တာကို ဂ႐ုတစိုက္ ၾကည့္ရႈ႕လိုက္သည္။ သူမက သူမလက္ထဲတြင္ရွိေနေသာ အရာကို စူးစူးစိုက္စိုက္ၾကည့္ေနသျဖင့္၊ သူမလက္ထဲမွ ထိုစက္ဝိုင္းကို လေရာင္ထိသြားေသာအခါ ေမွာင္မိုက္ေနေသာ ညေကာင္းကင္တြင္ တိမ္နီမ်ား တျဖည္းျဖည္း ဖုံးလႊမ္းသြားသည္ကို ကုယြင္က သတိမထားမိလိုက္ေပ။

  ထူးဆန္းလိုက္တာ.... အခုန ျမင္လိုက္ရတာက ေ႐ႊေရာင္ေလ... အသိသာႀကီးေလ....

အခုဘာလို႔ အနီေရာင္ ေျပာင္းသြားတာလဲ??!

ဟိုဘက္အျခမ္းက ေ႐ႊေရာင္လား?? အဲဒါကို လွန္လိုက္ၿပီး အနီးကပ္ ၾကည့္လိုက္ေတာ့ တစ္ဖက္မွာလည္း တူညီတဲ့ ေသြးနီေရာင္ ပါကြာ့စက္ဝိုင္းပုံကို ေတြ႕ရၿပီး အဝိုင္းျပားငယ္ေလးတစ္ခုလုံးက အနီေရာင္အလင္းေတြ ေဖ်ာ့ေဖ်ာ့ျဖင့္ ေတာက္ပေနပုံရသည္။

  "အား-" သူမ စိတ္ရႈပ္ေနတုန္း လက္မွာလည္း ႐ုတ္တရက္ နာက်င္မႈကို ခံစားလိုက္ရသည္။

  ေကြၽာ့ခ်င္းက မတ္တပ္ထရပ္လာၿပီး သူမေနာက္ကို ေလွ်ာက္သြားကာ "ဘာျဖစ္ေနတာလဲ?"

  ကုယြင္က သူမလက္ေခ်ာင္းေတြကို ငုံ႔ၾကည့္လိုက္ေတာ့ သူမလက္ညိဳးေပၚမွာ ေသြးေရာင္တဲ့ အမွတ္အသားတစ္ခုကို ေတြ႕လိုက္ရၿပီး အနီေရာင္ေတာက္ေတာက္ ေသြးစက္တခ်ိဳ႕က သက္ေသပစၥည္းေပၚကို က်ေနတာကို ေတြ႕လိုက္ရသည္။ ကုယြင္က အမွတ္တမဲ့ ၿပဳံးလိုက္ၿပီး "ဘာမွမဟုတ္ပါဘူး၊ အဲဒါက ျခစ္မိသြားတာလား မသိဘူး"

  သူမလက္ေခ်ာင္းေပၚက ဒဏ္ရာက နက္ၿပီး ေသြးေတြ ထြက္ေနတုန္းပဲ။ ကုယြင္ရဲ႕ သတိမမႈတဲ့ အၾကည့္ေတြေၾကာင့္ ေကြၽာ့ခ်င္းက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူမေဘးက စာအုပ္စင္ထဲက ဂြမ္းကို ယူလိုက္ၿပီး ဒဏ္ရာေပၚကို ဖုံးအုပ္လိုက္သည္။ ေကြၽာ့ခ်င္းက ေအးစက္စြာ ေျပာလိုက္သည္။ "ဒဏ္ရာကို ဖိထား!"

  ကုယြင္က သူမမ်က္လုံးေတြကို မွိတ္ခ်လိုက္ၿပီး "ေသးငယ္တဲ့ ျခစ္ရာတစ္ခုပါပဲ!"

  ဒဏ္ရာကို ဖိထားေသာ ဂြမ္းကို ေသြးမ်ား လ်င္ျမန္စြာ စိုစြတ္လာသည္။ ေကြၽာ့ခ်င္း၏ စူးရွေသာ မ်က္လုံးမ်ားက အနည္းငယ္ မွိတ္တုတ္မွိတ္တုတ္ ျဖစ္လာသည္။ အဲ့ေလာက္ေသြးထြက္လာရေအင္ ဘာကေန ဘယ္ေလာက္ရွသြားတာလဲ??? ကုယြင္၏လက္ကို ကိုင္ၾကည့္လိုက္ရင္း ေကြၽာ့ခ်င္းက အံ့အားသင့္သြားၿပီး "ဒါက ဘယ္လိုျဖစ္ရတာလဲ?"

  အၿမဲတမ္း ေအးစက္ၿပီး မာနႀကီးတဲ့ မႈခင္းဆရာဝန္ေကြၽာ့ကို ဘာက အရမ္း အံ့ၾသသြားေစတာလဲ? ကုယြင္လည္း စိတ္ဝင္တစားနဲ႔ ငုံၾကည့္လိုက္ၿပီး အံ့ၾသတႀကီးနဲ႔ "ေသြးေတြ... စိမ့္ေနတယ္!!"

  မူလက ေဖာက္ထြင္းျမင္ရေသာ သက္ေသအိတ္အျပင္ဘက္တြင္ ႐ႊဲေနေသာ ေသြးစက္မ်ားက ေပ်ာက္ကြယ္သြားၿပီး ေသြးနီေရာင္ ပါကြာ့ကြက္ေပၚတြင္ ေသြးမ်ားက အမွန္တကယ္ ေပၚလာေတာ့သည္။

ဘယ္လိုျဖစ္တာလဲ?

သက္ေသအိတ္ထဲကို ေသြးေတြ စိမ့္ဝင္သြားတယ္...

"အိုး!" သူတို႔ႏွစ္ေယာက္က ခဏေလာက္ အံ့အားသင့္သြားၿပီးေနာက္ "ဒီတစ္ခါ အစီရင္ခံစာေရးဖို႔ ခက္လိမ့္မယ္~"

  ႏွစ္ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ခါးခါးသီးသီး ၿပဳံးေနရင္း သက္ေသအေထာက္အထားမ်ားေပၚတြင္ ကုယြင္၏ေသြးမ်ား ဘာေၾကာင့္ေပၚလာသည္ကို သိခ်င္ေနၾကသည္။ ဘယ္သူမွ သတိမထားမိခ်ိန္တြင္ ေသြးမ်ားက ယင္ႏွင့္ယန္တို႔ ေတြ႕ဆုံေနသည့္ အလယ္ဗဟိုဆီသို႔ ေထာင့္ခ်ိဳးပုံသ႑ာန္တေလွ်ာက္ စီးဆင္းသြားသည္။ ပါကြာ့စက္ဝိုင္း၏ အလယ္ဗဟိုသို႔ ေသြးမ်ားက်သြားသည့္အခိုက္တြင္ ထိုစက္ဝိုင္းဆီမွ ျပင္းထန္ေသာ အနီေရာင္အလင္းတန္းတစ္ခုကို ႐ုတ္တရက္ ထုတ္လႊတ္လိုက္သည္။ ေကြၽာ့ခ်င္းႏွင့္ ကုယြင္ႏွစ္ဦးစလုံးက မတုံ႔ျပန္ႏိုင္ခဲ့ၾကေပ။ သူမတို႔၏ မ်က္လုံးမ်ားက မည္းေမွာင္သြားၿပီး မူးမိုက္သြားသလို ခံစားလိုက္ရကာ ေျမျပင္ေပၚသို႔ လဲက်သြားသည္။

 ေျမျပင္ေပၚသို႔ အလင္းေရာင္ ျဖတ္ေက်ာ္သြားခ်ိန္တြင္ အစိုးရေရွ႕ေနႀကီး၏ မႈခင္းေဆးပညာကုသခန္းတြင္ စားပြဲတင္မီးအိမ္ငယ္တစ္ခု က်န္ရွိေနၿပီး ေမ့ေျမာေနသည့္ပုံရိပ္ႏွစ္ခုက ေျမျပင္ေပၚတြင္ လဲေလ်ာင္းေနသည္။

  ကုယြင္၏လက္မွ ေသြးထြက္ေနေသာဒဏ္ရာက အမာ႐ြတ္မရွိေတာ့ဘဲ ယခင္အတိုင္း ျပန္လည္ေကာင္းမြန္လာၿပီျဖစ္သည္။

  ေ႐ႊေရာင္ပါကြာ့စက္ဝိုင္းက သူမတို႔အနားသို႔ တေျဖးေျဖး က်ဆင္းလာကာ မူမမွန္သည့္အရာမ်ား မရွိေတာ့ေပ။

  ျပတင္းေပါက္အျပင္ဘက္က ေကာင္းကင္က ၾကည္လင္ၿပီးရင္း ၾကည္လင္လာၿပီး အရာအားလုံးက အလြန္ေအးခ်မ္းေနသည္။

Footnote:

trigram (bagua) (Chinese: 八卦; စာသားအရ- "eight symbols") သည္ တာအိုစၾကာဝဠာေဗဒတြင္ သုံးထားေသာ trigrams 8 ခုျဖစ္ၿပီး လက္ေတြ႕ဘဝ၏ အေျခခံမူမ်ားကို ကိုယ္စားျပဳရန္ ၈ပိုင္းပိုင္းကာ အျပန္အလွန္ဆက္စပ္ေနေသာ အယူအဆမ်ားကို ေရးသားထားသည္ကို ျမင္ႏိုင္သည္။ တစ္ခုစီတြင္ စာေၾကာင္း ၃ ေၾကာင္းပါရွိၿပီး လိုင္းတစ္ခုစီတြင္ ယင္ သို႔မဟုတ္ ယန္ အသီးသီးကို ကိုယ္စားျပဳေသာ "က်ိဳး" သို႔မဟုတ္ "မၿပိဳကြဲေသာ" စကားလုံးမ်ား ပါဝင္သည္။ ၎တို႔၏ သုံးပြင့္ဆိုင္ဖြဲ႕စည္းပုံေၾကာင့္ ၎တို႔ကို အဂၤလိပ္လို "trigrams" ဟု မၾကာခဏ ရည္ၫႊန္းၾကသည္။ trigrams မ်ားသည္ နကၡတၱေဗဒ၊ နကၡတ္ေဗဒင္၊ ပထဝီဝင္၊ ပထဝီဝင္၊ ခႏၶာေဗဒ၊ မိသားစုႏွင့္ အျခားေနရာမ်ားတြင္ ဆက္စပ္မႈရွိသည္။ (အရင္းအျမစ္- Wikipedia)

နမူနာပုံေလးကို mediaမွာ ထည့္ေပးထားတယ္ေနာ္။

💖💖💖Thank you for taking the time to read my translation💖💖💖

Seguir leyendo

También te gustarán

74.8K 7.3K 32
Chapters (1-53) . . . Not My Work i am just translating for Offline purpose All credits to original author and English translator
28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
79.4K 5.2K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
129K 15.6K 103
English Title - After transmigrating She became the mother of two Author - 攀枝花 All credits to Author and English translators I got from English Trans...