"နောင့်" ရိုးမ ရာဇာ

By Vi_Vian25

2M 171K 13.7K

ကြမ်းတမ်းတဲ့ ရိုးမရာဇာ မုဆိုးကြီးရဲ့ အသည်းနှလုံးကိုခြွေယူဖို့က ဘိလပ်ပြန် သုတေသနပညာရှင်လေးရဲ့ အပြုံးနုနုသာလိုပ... More

Ch 1
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 42 (Final)
ရိုးမသခင်၏ တစ်ကိုယ်တော်ခရီး
ကျေးဇူးတင်လွှာ
Q & A

Ch 41

36.5K 3.6K 308
By Vi_Vian25

Unicode

ရိုးမနှင့် မြောက်ကျွန်းဝင်ပေါက်ထိစပ်ရာနယ်မြေတစ်နေရာတွင်.......

မျက်စိတစ်ဆုံးကျယ်ဝန်းသည့် မြက်ခင်းစိမ်းကြီးတွင် အိပ်စက်အနားယူနေသည့် ကျားဖြူကြီးတစ်ကောင်ရှိပြီး ထိုကျားဖြူကြီးသည် မျက်လုံးများကို အေးချမ်းစွာမှေးစက်ထားသည်။ ထိုမှေးစက်ထားသည့် မျက်ဝန်းတို့ထဲမှ မျက်ရည်စတို့သည် ခပ်ဖြည်းဖြည်းစီးကျနေ၏ အေးချမ်းခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းကို ပြိုင်တူခံစားနေရသော ထိုကျားဖြူကြီးသည် မည်သည့်အကြောင်းအရာကိုခံစားမိနေပါသနည်း။

ထိုကျားဖြူကြီးသည် ခဏအကြာ မျက်ဝန်းတို့ ပွင့်ဟလာ၏ တံလျှပ်တို့ရှပ်ဖြာပြေးနေပုံရသည့် ကျောက်ဝင်ပေါက်ကြီးမှ ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့်အဖိုးအိုသည် တစ်လှမ်းချင်းထွက်လာပြီ ထိုကျားဖြူကြီးနားတွင်ခြေစုံရပ်တော့ ကျားဖြူကြီးက ခြေဖမိုးတို့ကို ဦးခေါင်းဖြင့် တိုးဝှေ့ပွတ်သပ်တော့သည်။

"ဝမ်းနည်းနေသလား သမီးတော်"

မည်သည့်စကားကိုမှ ပြန်မဖြေသည့် ကျားဖြူကြီးနား တင်ပလင်ခွေကာ ထိုင်ချတော့ ကျားဖြူကြီးက ဦးခေါင်းကို အဘိုးအိုခြေတစ်ဖက်ပေါ်မှေးစက်တင်ရင်း မီးခိုးရောင်မျက်ဝန်းတို့ဖြင့် လွမ်းလွမ်းဆွေးဆွေးကြည့်နေတော့သည်။

"တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒီလို ခွဲခွာရမယ်ဆိုတာသိပြီးသားပဲ မဟုတ်လားသမီးတော်။ သက်ရှိဟူသမျှဟာ ချစ်သည်ဖြစ်စေ မုန်းသည် ဖြစ်စေ ကြုံဆုံခြင်းနဲ့ခွဲခွာခြင်းကို ကြုံဆုံရမြဲပဲ မဟုတ်လားကွဲ့။ ကြုံတွေ့ရခြင်းကို နှစ်သက်ခဲ့ရတယ် ဆိုရင် ခွဲခွာရခြင်းကို လည်း ခံနိုင်ရည်ရှိရမယ် သုနန္ဒာ"

သာမန်ကျားတွေထက် ကြီးမားသည့် ထိုကျားဖြူကြီး၏ ဦးခေါင်းကို ခပ်ဖွဖွပွတ်သပ်ရင်း နှစ်သိမ့်နေသည့် အဘိုးအိုကား နန္ဒိယ ဟူသည့်အဘိုးအိုဖြစ်သည်။ မျက်နှာထက် တည်ကြည်ခြင်း၊ အေးချမ်းခြင်းကို အမြဲဆောင်ကျဥ်းနေသည့် ထိုအဘိုးအို၏ မျက်နှာထက် ဒီနေ့တော့ ဝမ်းနည်းရိပ်တို့ အနည်းငယ်ဖြတ်ပြေး၏

နေထိုင်ခဲ့သည့် နှစ်ပေါင်းရာထောင်ချီအတွင်း ကြုံဆုံခဲ့ရသည်၊ ခွဲခွာခဲ့ရသည်ကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်။ ချစ်ရသူတို့ကို လည်း အကြိမ်ကြိမ်ဆုံးရှုံးခဲ့ရဖူးသည်။ ထိုသို့သောအ‌ခြေအနေတွင်နေထိုင်နိုင်ခဲ့ဖို့ သူက စိတ်ကို များစွာပြင်ဆင်ခဲ့ရသည်။ တရားဓမ္မတို့ကို ကျင့်ကြံခဲ့ရသည်။ အခုတော့သုနန္ဒာဟူသည့် ကျားဖြူသခင်မ တဖြစ်လဲ သမီးရင်းချာတစ်ယောက်လို သတ်မှတ်ထားရသည့် သူသည်ခွဲခွာခြင်း၏ ဒဏ်ကို နင့်နင့်သည်းသည်းခံစားနေခဲ့ရလေပြီ။

သစ္စာတရားကို လက်ကိုင်ထားပြီး တစ်သက်တွင် တစ်ဦးကို သာချစ်မြတ်နိုးကြသည့် သမန်းကျားတို့၏ ဗီဇအရ သုနန္ဒာသည်လည်း တစ်သက်တွင် တစ်ဦးကို သာနင့်နင့်သည်းသည်းချစ်မြတ်နိုးခဲ့သည်။ ကျိန်စာဆိုသည့် အရာရစ်ပတ်တွယ်နှောင်ခံထားရတာတောင် ထိုသူကို အဆုံးစွန်ထိလက်မလွှတ်ခဲ့ပါလေ။ ကြီးမားလိုက်သည့် သစ္စာတရားနှင့် မေတ္တာတရားရယ်လို့ ကောက်ချက်ချရုံမှလွဲ သူ မည်သို့မှမတတ်နိုင်ပါ။

ထိုကျိန်စာကို ဖြေဖျောက်စေသူ က ရင်နှင့်အမျှချစ်ရသည့် သားတော် ဖြစ်နေလေပြန်တော့ သုနန္ဒာက မည်သူ့ကိုမှ အပြစ်ဖို့ ဖို့ မတတ်နိုင်ခဲ့ပြီထင်ပါ၏ ထိုနေရာမှာ တခြားသူသာဆို သုနန္ဒာတစ်ယောက်မည်သို့တုန့်ပြန်မည်ကို သူကိုယ်တိုင် မခန့်မှန်းနိုင်ပါလေ။

"ချစ်ရသူကိုအကြိမ်ကြိမ်ဆုံးရှုံးနေရပါပေါ့လားသုနန္ဒာ။ စက္ကငယ်က မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချခဲ့တာပါ။ သူကိုယ်တိုင်လည်း နာကျင်၀မ်းနည်းမှုကိုကြိတ်မှိတ်ခံစားနေမယ့်သူပါကွယ်။ စိတ်ဖြတ်လိုက်ပါလေတော့ သမီးတော်....။ ဘ၀ကိုအေးချမ်းစွာဖြတ်သန်းပါလေတော့"

နန္ဒိယအဘိုးအို၏ ကရုဏာသံသည် တြိဂံနယ်မြေမှသည် မြောက်ကျွန်း၊ ရိုးမနှင့် တိဗတ်နယ်မြေတစ်ခွင် လွမ်းလွမ်းဆွတ်ဆွတ်ပျံ့နှံ့၏ ကောင်းကင်ယံသည် ကြီးမားသည့်သစ္စာတရားနှင့် အရှင်သခင်မ၏ ၀မ်းနည်းပူဆွေးမှုကိုအသိအမှတ်ပြုသည့်အလား အုံ့အုံ့ဆိုင်းဆိုင်းနှင့်။ စိတ်၏ ထမ်းပိုးထားရသည့်၀န်ကြောင့်ဖြစ်ပေါ်လာသည့် ပင်ပန်းခြင်းကိုအပြီးတိုင်လျှော့ချလိုက်သည့် ကျားဖြူကြီးသည် အဘိုးအို၏ ကိုယ်ပေါ်ဦးခေါင်းကိုမှေးစက်တင်ရင် ခဏအကြာနှစ်ခြိုက်စွာပြန်လည်အိပ်စက်သွားတော့၏ ဒီနေ့တော့ ရိုးမနှင့် တိဗက်နယ်မြေတို့သည် သခင်မ၏ ၀မ်းနည်းခြင်းကိုထပ်တူခံစားမိသလို ပုံမှန်ထက်ပိုတိတ်ဆိတ်နေပါတော့၏
.
.
.
.
.
လည်ဆွဲကို ခပ်ဖွဖွဆုပ်ကိုင်ထားမိသည့် နောင်က သက်ပြင်းအကြိမ်ကြိမ်ချမိသည်မှာ ဘယ်နခေါက်မှန်းမသိတော့။ ဒီဆွဲပြားကို စက္ကက နောင့်ကို ဆွဲပေးသည့် နေ့မှစ၍ ညစဥ်ညတိုင်း ဆွဲပြားထဲမှ ငွေရောင်အလင်းမှုန်တို့သည် နောင့်နှလုံးအိမ်ထဲ တဖြည်းဖြည်းစိမ့်ဝင်နေသည်ဆိုသည့် အိမ်မက်ကို မြင်မက်ခဲ့သည်။ စက္ကကို ပြောပြတော့ ခပ်ရေးရေးပြုံးသည့် ချစ်ရသူက *အရာဝတ္ထုပစ္စည်းတွေက သူ့ရဲ့ပိုင်ရှင်ကို ကောင်းကောင်းသိတယ် နောင်* ဆိုသည့် စကားကို သာပြော၍ မည်သည့် စကားမှထပ်မဆိုခဲ့။

ညောင်မှိုင်းသာယာရွာ သို့ ပြန်ရောက်ပြီး သုံးရက်ခန့်ကြာသည်နှင့် နောင်က ဗားကရားရှိဖေဖေနဲ့မေမေရှိရာသို့ ခဏပြန်လာခဲ့ခြင်းဖြစ်သည်။ ရိုးမဆိုတာ စက္ကနှင့် ခွဲခွာလို့ရသည့် အရာမဟုတ်။ ထို့ကြောင့် သျှောင်နောက် ဆံထုံးပါဆိုသလို နောင်က ချစ်ရသူရှိရာနေရာတွင် မခွဲမခွာ နေထိုင်ရမည်။ ထို အတွက် နောင့် အုပ်ထိန်းသူဖြစ်သည့် ဖေဖေနှင့် မေမေ၏ ခွင့်ပြုချက်ကို တောင်းခံဖို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

နောင် ပြန်ရောက်လေတော့ ဖေဖေနှင့် မေမေက ဝမ်းပန်းတသာနှင့်။ မေမေ့ပျိုးထောင်မှုကြောင့် လှလှပပ ပွင့်လန်းနေသည့် သစ္စာပန်းခင်းကြီးကို နောင်က အချိန်အတော်ကြာ ငေးကြည့်နေခဲ့မိသေးသည်။ နောင့် အကြိုက် ပိန်းဥကို ငရုပ်ကောင်းလေးနှင့် ချက်ထားသည့်ဟင်းချိုနှင့် ငါးကြော်နှပ်လေးကို မေမေက လုပ်ပေးတော့ လွမ်းနေခဲ့ရသည့် လက်ရာဖြစ်သည်မို့ ထမင်း နှစ်ပန်းကန်လောက်တောင် စားလိုက်မိသည်။

ညောင်မှိုင်းသာယာမှာကတည်းက စက္ကနှင့် နောင့်အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြထားပြီးပေမယ့် သိချင်နေသည့် မေးခွန်းများစွာတို့ ကို နောင်မပြောမချင်း ဖေဖေနဲ့မေမေက ထုတ်မမေးခဲ့ပါ။ မိဘနှင့် သားသမီး ဖြစ်စေ၊ ညီအစ်ကို မောင်နှမဆက်ဆံရေးဖြစ်စေ၊ မိတ်ဆွေဖြစ်စေထားသင့်သည် စည်းနှင့် ရှိသင့်သည့်လေးစားမှုတို့ကို နောင်က ဖေဖေနဲ့မေမေ၏ အပြုအမူတို့မှ သင်ယူခဲ့ရသည်ဖြစ်သည်။

"ငါ့သားနောင်တမရမယ့် ဆုံးဖြတ်ချက်မျိုးဆို တာသေချာရဲ့လား"

"သေချာပါတယ်ဖေဖေ"

"အေးကွာ တစ်လ တစ်ခါ ၊ နှစ်လတစ်ခါတော့ ပြန်လာခဲ့ပေါ့"

နောင်က ဖေ့ဖေ့ကို ပြုံးကြည့်ရင်းခေါင်းညိတ်လိုက်မိသည်။ မေမေကတော့ သက်ပြင်းကို သာဖွဖွချ၏။ သားသမီး ၏ ဆုံးဖြတ်ချက်ကို အလေးထားလွန်းသည့်မေမေက ဘာမှတော့ မပြောပေမယ့် ကိုယ့်ရဲ့သားပေါင်းသင်းနေထိုင်မည့်သူသည် အမျိုးသမီးတစ်ယောက်မဟုတ်ဟူသည့်အချက်သည် စိတ်နှလုံးမချမ်းမြေ့ဖွယ်ကိစ္စမဟုတ်လား။

"တစ်ဦးတည်းသော သားတစ်ယောက်အနေနဲ့  မျိုးဆက်ကို မချန်ပေးနိုင်တော့တာ ကျွန်တော် က တောင်းပန်ပါတယ်"

နောင်က ဖေဖေနဲ့မေမေ့အပေါ်တော့ သားတစ်ယောက်တာဝန်မကျေပွန်သူမဟုတ်ပါလား။ သမရိုးကျမဟုတ်သည့် ချစ်ခြင်းမေတ္တာမျိုးတွင် စက္ကဘက်က နောင့်အတွက်အရာရာကိုပေးဆပ်ထားခဲ့သည်။ ဘဝသက်တမ်းတစ်လျှောက်လုံး နောင့်ကို သာစောင့်မျှော်နေခဲ့သည်။ တွေဝေမှုတစ်ချက်မရှိဘဲ အမှားတို့ကို ခွင့်လွှတ်ပေးခဲ့သည်။ လုံခြုံနွေးထွေးစေခဲ့သည်။ ထိုအရာတို့ကို ပြန်ပေးဆပ်ဖို့ နောင့်ဘက်ကစွန့်လွှတ်ရသည့် အရာသည် စက္က၏ ပေးဆပ်မှုနှင့် ယှဥ်ပါလျှင်တော့ သေးငယ်လောက်မည်ထင်၏ ထိုပေးဆပ်မှုထဲ တာဝန်မကျေပွန်သည့် သားတစ်ယောက်ဟူသည့်ဂုဏ်ပုဒ်ကို ပါနောင်က ခံယူထားခဲ့ပါသည်။

စိတ်မကောင်းကြီးစွာပြောသည့် နောင့်စကားကြောင့် မေမေက ခေါင်းကို ဖွဖွပွတ်သပ်၏ မိဘမေတ္တာတရားနှင့် နွေးထွေးမှုကို အတိုင်းသားခံစားရလေတော့ မေမေ့ကို သိုင်းဖက်မိတော့သည်။ ကလေးဆိုးတစ်ယောက်ကို ခွင့်လွှတ်သည့် အပြုံးမျိုးနှင့် မေမေကပြုံး၏

"အို....ငါ့သားနှယ် ကလေးကျနေပါရောလား။ မျိုးဆက်ဆိုတာက မေမေ့သားရဲ့ပျော်ရွှင်မှုနဲ့ယှဥ်ရင် ဘာအရေးကြီးလို့လဲ မေမေ့သားရဲ့။ မျိုးဆက်ဆိုတာချန်ထားဖို့ မေမေ့သားကို တစ်ဘဝလုံးချစ်ရသူနဲ့ ခွဲထားတဲ့အလုပ်မျိုးမေမေတို့က မလုပ်ပါဘူးတော်"

"ခက်ခဲပေမယ့် နားလည်ပေးတာကျေးဇူးတင်ပါတယ် မေမေ"

"တစ်ပတ်လောက်တော့ နေသွားလေ သား......ဟိုမှာက အစားအသောက်အဆင်ပြေပါ့မလား။ မေမေအခြောက်အခြမ်းတွေလုပ်ထည့်ပေးလိုက်မယ်။ အနည်းဆုံး နှစ်လတစ်ခါတော့ မေမေတို့ဆီပြန်လာခဲ့။ သားရဲ့ ချစ်သူကိုပါခေါ်ခဲ့"

ခေါင်းတစ်ဆတ်ဆတ်ညိတ်ပြသည့် နောင်က မျက်နှာထက် မျက်ရည်စီးကြောင်းတို့နှင့်။ ကျောကို ခပ်ဖွဖွပွတ်သပ်ပေးနေသည့် မေမေ၏ ရှင်မတောင်သနပ်ခါးနံ့ကို အဆုတ်ထဲ ရောက်‌အောင်ရှူရှိုက်နေမိသည်။ ဖေဖေကတော့ အကြမ်းရည်ကို သောက်ရင်း ခပ်ဆိတ်ဆိတ်သာနေ၏

ချစ်ရသူကို လွမ်းဆွေးရသည့် ဒဏ်သည်မသေးပါ။ မိဘတွေအလိုကျ အိမ်မှာ နေနေရသည့် အချိန်တို့တွင် ဒီအချိန်ဆို စက္ကတစ်ယောက် ဘာလုပ်နေပါလိမ့်ဆိုသည့် အတွေးက ခေါင်းထဲအချိန်တိုင်းနေရာယူ၏ မေမေက တစ်ပတ်လောက်နေသွားဖို့‌ ပြောတော့ နောင် မငြင်းနိုင်ခဲ့ပါ။ တစ်ပတ်ဆိုတာ ဟိုလှည့်ဒီလှည့်နဲ့ပဲ ကုန်သွားလောက်မှာလို့ တွေးပေမယ့် ချစ်သူအနားမှာ မရှိသည့်အချိန် ကမ္ဘာကြီးလည်ပတ်မှုနှုန်းက ပုံမှန်ထက်ပိုနှေးကွေးနေသလိုပင်။

ဒီနေ့တော့ နောင်က မေမေနဲ့ မနက် စျေးခြင်းတောင်းဆွဲ စျေးလိုက်ပေးပြီး နောင်ကြိုက်သည့် ဟင်းတို့ကို ဂျီကျကာ ချက်ခိုင်းတော့၏ ငါးခူနှင့် ရဲယိုရွက်လေးကို ရောချက်ထားသည့် ဟင်းသည် နောင်အကြိုက်ဆုံးဖြစ်၏ ငါးခူသားသည် နူးညံ့ကာ အရသာက ငါးအချိုအရသာ ကောင်းစွာပေါ်လွင်၏ ရဲယိုရွက်က ခါးသက်သက်အရသာဖြစ်၏ ရောချက်လိုက်လျှင် နောင်က တစ်နေ့ကို ထမင်း ငါးခါလောက်စားနေတော့တာဖြစ်သည်။

စျေးကပြန်လာပြီး မေမေနဲ့မီးဖိုချောင်တွင်ကပ်ရှုပ်နေသည့် နောင်က အိမ်မှာနေသည့် ရက်တွေကို မေမေ့ဆီက ဟင်းချက်နည်းတွေသင်ရင်း အချိန်ကို ကုန်ဆုံး၏ စက္ကက ထမင်းဟင်းကို ဖြစ်သလို စားတတ်သည်ကြောင့် ဟင်းကောင်းလေးတွေကို ချက်ကျွေးချင်လို့လို့ပြောတော့ မေမေကခေါင်းကို ဒေါက်ခနဲခေါက်ကာ မျက်စောင်းလှည့်ထိုး၍ *မွေးရကျိုးနပ်တဲ့သား* ရယ်လို့ မြည်တွန်တောက်တီးတော့သည်။ မတတ်နိုင်ပါ....မေမေ့သားက အချစ်နွံထဲ နစ်နေတာ ဆွဲထုတ်လို့တောင်မှ မရတော့ဘဲ။

အချိန်တို့သည် တစ်ရက်ပြီးတစ်ရက်ကုန်ဆုံး၏ အားလပ်သည့် အချိန်တွေဆို ဖေဖေနှင့် နိုင်ငံရေး၊ စီးပွားရေးစသည့် ရောက်တက်ရာရာတို့ကို ပြောဖြစ်သည်။ *ဘယ်လို အိမ်ထောင်ရေးပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခုရယ်ထူထောင်ပြီးပြီဆိုလျှင် သစ္စာတရားနဲ့ နားလည်မှုရှိခြင်းတို့က အရေးအကြီးဆုံးပဲ* ဆိုသည့် ဖေဖေ့၏ ဆုံးမစကားတို့ကို နောင်က ဦးနှောက်နဲ့ရော နှလုံးသားနဲ့ပါ‌ ကောင်းမွန်စွာမှတ်သားထားခဲ့ပါသည်။ ဖေဖေကိုယ်တိုင်က နောင့် ရှေ့မှာ စံပြအိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ပြထားခဲ့သည် မဟုတ်လား။

ညအခါရောက်တိုင်း ကောင်းကင်ယံကို ကြည့်ကာ ချစ်ရသူအကြောင်း ထိုင်စဥ်းစားနေမိခဲ့သည်။ ကောင်းကင်ကြီးတစ်ခုတည်းအောက်အတူတကွနေထိုင်နေပါလားရယ်တွေးမိသည်ကပင်နွေးထွေးစေသည်။ တစ်ခါတစ်လေ နောင်ပဲ စိတ်ထင်သည်လား မသိပေမယ့် ပြတင်းပေါက်နား ပက်လက်ကုလားထိုင်လေး တစ်လုံးချကာ ထိုင်မိတိုင်း တစ်ယောက်ယောက်၏ စူးစူးစိုက်စိုက်ကြည့်နေသည်ကို ခံစားနေရသလိုပင်။

တစ်ပတ်ခန့်နေပြီး ညောင်မှိုင်းသာယာရွာလေးဆီပြန်ဖို့ လုပ်တော့ မေမေကြော်လှော်ထည့်ပေးလိုက်သည့် အခြောက်အခြမ်းတွေက တပုံတပင်ရယ်။ သားရဲ့ အမျိုးသားအတွက်ပါထည့်ပေးလိုက်တယ်လို့ ပြောတော့  နောင်က မျက်နှာပိုးသတ်မရ။ ကားဂိတ်လိုက်ပို့ပေးမယ်ဆိုတော့ နောင်လက်မခံပါ။ ဖေဖေနဲ့မေမေကို နောင့်ကြောင့် ဝန်မပိစေလို။ အထုတ်အပိုးတစ်ပုံတင်ပင်နှင့်သာ နောင် ကားဂိတ်ရှိရာ ဦးတည်ခဲ့လိုက်သည်။ ဒီအထုတ်အပိုးတွေနဲ့ဆို လန်ချားတော့ငှားသွားမှ ဖြစ်မည်ကြောင့် ဟိုဟိုဒီဒီကြည့်နေမိတုန်း မျက်စိထောင့်ပုံရိပ်တစ်ခုသည် လှစ်ခနဲ။

"နောင်"

ရင်းနှီးနေကျ ခေါ်သံသည် နှလုံးအိမ်ကို ပါ လှုပ်ခါစေ၏ ဆတ်ခနဲလှည့်ကြည့်မိတော့ ခပ်ရေးရေးပြုံးပြနေသည့် ချစ်ရသူ။ ဝတ်ထားသည့်အဝတ်အစားက သူဝတ်နေကျအတိုင်းရိုးရိုးရှင်းရှင်းပေမယ့် ဆံပင်တို့ကို နှစ်ခေါက်ခေါက်တင်ထားပြီး သက္ကလပ်ဦးထုပ်ဆောင်းထားသည့် ချစ်ရသူက နောင့်ကို တွေ့တော့ မျက်ဝန်းတို့သည် အပြာရောင်ခပ်လဲ့လဲ။ ပတ်ဝန်းကျင်မှ မိန်းကလေးတို့၏ ခလုတ်မတိုက်ရုံ ငေးမှုတို့ကြား နောင်က ဒီလူကြီးကို ရုတ်တရတ်ဘယ်နားပြေးဖွက်ရမှန်းမသိတော့။

"ဘယ်လို ရောက်လာတာလဲ"

"လိုက်လာတာ"

"ဟင်...ဘယ်တုန်းကလဲ"

"......"

"မောင်.....ငါဒီကို စရောက်လာတဲ့နေ့တည်းက မင်းလိုက်လာတာလို့တောမပြောနဲ့နော်"

"..............."

ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းမည်၏တဲ့။ ဒီလူကြီးကလိမ်မှမလိမ်တတ်ဘဲ။ နောင့်ထက် အသက်ကြီးလို့သာပေါ့။ နောင့်ထက်များငယ်ရင် သုံးချက်လောက်ဆွဲရိုက်ပစ်လိုက်ချင်တယ်။

"မောင် လွမ်းတယ်လေ နောင်"

မေးသည့် မေးခွန်းတို့ကို ကျော်လွန်ကာ ဖြေလာသည့် အဖြေသည် နောင့်ကို ကျရှုံးစေဖို့လုံလောက်ပါသည်။ ဒီလူကြီးက နောင်ပြန်မလာခဲ့မှာများစိုးရိမ်နေလေသလား။

"ကားဂိတ်အရင်သွားရအောင် မောင်.."

ခေါင်းညိတ်ပြသည့် ချစ်သူက လက်ထဲမှ ပစ္စည်းပစ္စယတို့ကို ပြောင်းသယ်၏ ကျန်လက်တစ်ဖက် နောင့်လက်ကို ခပ်ဖွဖွဆုပ်ကိုင်၏ ရန်ကုန်မြို့လမ်းမထက် လက်တွဲလျှောက်နေသည့် ယောကျာ်း နှစ်ယောက်၏ ပုံရိပ်သည် မည်သို့မည်ပုံတော့ရှိမည်မသိ။ ချစ်ရတဲ့မောင်က ပတ်ဝန်းကျင်ကို ဘယ်တုန်းကမှ ဂရုမစိုက်လို့ ထိုသို့တွဲလျှောက်ရဲသည် ဆိုပါလျှင် နောင်ကတော့ အချစ်နွံထဲ စုံးစုံးမြုပ်နေခဲ့လို့ ဖြစ်သည်။

"လိုက်လာရင်လည်းလိုက်လာကြောင်လေးတော့ ပြလေမောင်ရဲ့"

"အနှောက်အယှက်မဖြစ်စေချင်ဘူးနောင်"

"ဒီနေရာက ရိုးမနဲ့ဝေးလွန်းတယ်လေမောင်။ မင်း နေလို့ရလို့လား"

"အားနည်းရုံပါ"

"ဘာလို့ခပ်ပေါ့ပေါ့ပြောနေတာလဲမောင်ရဲ့"

"တစ်ပတ်လောက်က မောင့်အပေါ်ကြီးကြီးမားမားမသက်ရောက်စေပါဘူး နောင်ရဲ့"

ကားပေါ်ရောက်သည်နှင့် ပထမဆုံးပြောမိသည့်စကားသည် ထိုစကားဖြစ်သည်။ ကျိန်းသေတာတော့ တစ်ပတ်လုံးလုံး မောင်က သူနားပဲတဝဲလည်လည် ဖြစ်နေခဲ့မှာ။ ဒါကို နောင်က လုံးဝသတိမထားခဲ့မိတာပဲ။ အသုံးမကျလိုက်လေခြင်း။

"ညတွေဘယ်မှာ အိပ်လဲ မောင်"

"မောင့်အတွက် နေစရာမရှားပါဘူး"

"စိတ်ပူအောင်လုပ်ရမှ ဖြစ်မှာလား"

"မောင်က စိတ်ပူသွားစေခဲ့တာလား"

"စိတ်မပူဘဲနေမလား မောင်ရဲ့"

"နောက်တစ်ခါမောင် ဆင်ခြင်ပါ့မယ်"

ဒီသမန်းကျားကြီးက တစ်ခါတစ်လေ ထို့သို့နာခံတတ်လွန်းတဲ့ကျားပေါက်လေးအဖြစ်ပြောင်းသွားတတ်သေးသည်။ ထိုသို့အချိန်တွေဆို နောင့်မှာ အသဲတယားယားနှင့်။ အခုလည်း ဝမ်းနည်းသွားပုံပေါ်သည့် သမန်းကျားပေါက်လေးကြောင့် လက်မောင်းခပ်ကျစ်ကျစ်တစ်ဖက်ကို လက်တိုးလျိုရင်း ပခုံးပေါ်ခေါင်းမှီချမိသည်။

"မောင့်ကို အပြစ်တင်နေတာမဟုတ်ပါဘူး။ ဆင်ခြင်စရာလည်း မလိုဘူး။ အံ့သြသွားရုံပါ။ မောင့်ကို ဘယ်သူမှအန္တရာယ်မပေးနိုင်ဘူးဆိုတာသိပါတယ်။ ဒါပေမယ့် ငါတို့ကတစ်ဘဝလုံးလက်တွဲသွားမယ့်သူတွေမဟုတ်လား။ အဲ့လို လိုက်ချောင်းစရာမှမလိုဘဲ။ ဘာပဲဖြစ်ဖြစ် မောင့်စိတ်ထဲရှိတဲ့အတိုင်းပွင့်ပွင့်လင်းလင်းနေလို့ရတယ်"

"နောင့်  မိဘတွေက သဘောတူရဲ့လား"

"သဘောမတူရင် မောင်ကဘာလုပ်မှာလဲ"

"တိဗတ်ကို အပြီးခေါ်သွားမယ်"

"ခိုးပြေးမယ်ပေါ့"

"အင်း"

နောင်က သဘောတကျ ခေါင်းမော့ရယ်မိသည်။ မုဆိုးကြီးကတော့ ခပ်တည်တည်ပင်။ နောင့် မိဘတွေများသဘောမတူခဲ့ရင် ဒီလူကြီးက နောင့်ကို အတည်ပေါက်ကြီး ခိုးပြေးဖို့ ကြံစည်နေသည် ထင်ပါ၏

2804 words
10.11.2023 (1:37 am)
Vi vian
90°bow

Zawgyi

ရိုးမႏွင့္ ေျမာက္ကြၽန္းဝင္ေပါက္ထိစပ္ရာနယ္ေျမတစ္ေနရာတြင္.......

မ်က္စိတစ္ဆံုးက်ယ္ဝန္းသၫ့္ ျမက္ခင္းစိမ္းႀကီးတြင္ အိပ္စက္အနားယူေနသၫ့္ က်ားျဖဴၾကီးတစ္ေကာင္ရိွၿပီး ထိုက်ားျဖဴၾကီးသည္ မ်က္လံုးမ်ားကို ေအးခ်မ္းစြာေမွးစက္ထားသည္။ ထိုေမွးစက္ထားသၫ့္ မ်က္ဝန္းတို႔ထဲမွ မ်က္ရည္စတို႔သည္ ခပ္ျဖည္းျဖည္းစီးက်ေန၏ ေအးခ်မ္းျခင္းႏွင့္ ဝမ္းနည္းပူေဆြးျခင္းကို ၿပိဳင္တူခံစားေနရေသာ ထိုက်ားျဖဴၾကီးသည္ မည္သည့္အေၾကာင္းအရာကိုခံစားမိေနပါသနည္း။

ထိုက်ားျဖဴၾကီးသည္ ခဏအၾကာ မ်က္ဝန္းတို႔ ပြင့္ဟလာ၏ တံလ်ွပ္တို႔ရွပ္ျဖာေျပးေနပံုရသၫ့္ ေက်ာက္ဝင္ေပါက္ႀကီးမွ ဝတ္ရံုျဖဴကို ဝတ္ဆင္ထားသၫ့္အဖိုးအိုသည္ တစ္လွမ္းခ်င္းထြက္လာၿပီ ထိုက်ားျဖဴၾကီးနားတြင္ေျခစံုရပ္ေတာ့ က်ားျဖဴၾကီးက ေျခဖမိုးတို႔ကို ၪီးေခါင္းျဖင့္ တိုးေဝ႔ွပြတ္သပ္ေတာ့သည္။

"ဝမ္းနည္းေနသလား သမီးေတာ္"

မည္သၫ့္စကားကိုမွ ျပန္မေျဖသၫ့္ က်ားျဖဴၾကီးနား တင္ပလင္ေခြကာ ထိုင္ခ်ေတာ့ က်ားျဖဴၾကီးက ၪီးေခါင္းကို အဘိုးအိုေျခတစ္ဖက္ေပၚေမွးစက္တင္ရင္း မီးခိုးေရာင္မ်က္ဝန္းတို႔ျဖင့္ လြမ္းလြမ္းေဆြးေဆြးၾကၫ့္ေနေတာ့သည္။

"တစ္ေန့ေန့တစ္ခ်ိန္ခ်ိန္မွာ ဒီလို ခြဲခြာရမယ္ဆိုတာသိၿပီးသားပဲ မဟုတ္လားသမီးေတာ္။ သက္ရိွဟူသမ်ွဟာ ခ်စ္သည္ျဖစ္ေစ မုန္းသည္ ျဖစ္ေစ ႀကံဳဆံုျခင္းနဲ႔ခြဲခြာျခင္းကို ႀကံဳဆံုရၿမဲပဲ မဟုတ္လားကြဲ႔။ ႀကံဳေတြ့ရျခင္းကို ႏွစ္သက္ခဲ့ရတယ္ ဆိုရင္ ခြဲခြာရျခင္းကို လည္း ခံႏိုင္ရည္ရိွရမယ္ သုနႏၵာ"

သာမန္က်ားေတြထက္ ႀကီးမားသည့္ ထိုက်ားျဖဴၾကီး၏ ၪီးေခါင္းကို ခပ္ဖြဖြပြတ္သပ္ရင္း ႏွစ္သိမ့္ေနသၫ့္ အဘိုးအိုကား နႏၵိယ ဟူသၫ့္အဘိုးအိုျဖစ္သည္။ မ်က္ႏွာထက္ တည္ၾကည္ျခင္း၊ ေအးခ်မ္းျခင္းကို အၿမဲေဆာင္က်ဥ္းေနသၫ့္ ထိုအဘိုးအို၏ မ်က္ႏွာထက္ ဒီေန့ေတာ့ ဝမ္းနည္းရိပ္တို႔ အနည္းငယ္ျဖတ္ေျပး၏

ေနထိုင္ခဲ့သၫ့္ ႏွစ္ေပါင္းရာေထာင္ခ်ီအတြင္း ႀကံဳဆံုခဲ့ရသည္၊ ခြဲခြာခဲ့ရသည္ကို အႀကိမ္ႀကိမ္ႀကံဳေတြ့ခဲ့ရသည္။ ခ်စ္ရသူတို႔ကို လည္း အႀကိမ္ႀကိမ္ဆံုးရႈံးခဲ့ရဖူးသည္။ ထိုသို႔ေသာအ‌ေျခအေနတြင္ေနထိုင္ႏိုင္ခဲ့ဖို႔ သူက စိတ္ကို မ်ားစြာျပင္ဆင္ခဲ့ရသည္။ တရားဓမၼတို႔ကို က်င့္ႀကံခဲ့ရသည္။ အခုေတာ့သုနႏၵာဟူသၫ့္ က်ားျဖဴသခင္မ တျဖစ္လဲ သမီးရင္းခ်ာတစ္ေယာက္လို သတ္မွတ္ထားရသၫ့္ သူသည္ခြဲခြာျခင္း၏ ဒဏ္ကို နင့္နင့္သည္းသည္းခံစားေနခဲ့ရေလၿပီ။

သစၥာတရားကို လက္ကိုင္ထားၿပီး တစ္သက္တြင္ တစ္ၪီးကို သာခ်စ္ျမတ္ႏိုးၾကသၫ့္ သမန္းက်ားတို႔၏ ဗီဇအရ သုနႏၵာသည္လည္း တစ္သက္တြင္ တစ္ၪီးကို သာနင့္နင့္သည္းသည္းခ်စ္ျမတ္ႏိုးခဲ့သည္။ က်ိန္စာဆိုသၫ့္ အရာရစ္ပတ္တြယ္ေနွာင္ခံထားရတာေတာင္ ထိုသူကို အဆံုးစြန္ထိလက္မလႊတ္ခဲ့ပါေလ။ ႀကီးမားလိုက္သၫ့္ သစၥာတရားႏွင့္ ေမတၲာတရားရယ္လို႔ ေကာက္ခ်က္ခ်ရံုမွလြဲ သူ မည္သို႔မွမတတ္ႏိုင္ပါ။

ထိုက်ိန္စာကို ေျဖေဖ်ာက္ေစသူ က ရင္ႏွင့္အမ်ွခ်စ္ရသၫ့္ သားေတာ္ ျဖစ္ေနေလျပန္ေတာ့ သုနႏၵာက မည္သူ႔ကိုမွ အျပစ္ဖို႔ ဖို႔ မတတ္ႏိုင္ခဲ့ၿပီထင္ပါ၏ ထိုေနရာမွာ တျခားသူသာဆို သုနႏၵာတစ္ေယာက္မည္သို႔တုန႔္ျပန္မည္ကို သူကိုယ္တိုင္ မခန႔္မွန္းႏိုင္ပါေလ။

"ခ်စ္ရသူကိုအႀကိမ္ႀကိမ္ဆံုးရႈံးေနရပါေပါ့လားသုနႏၵာ။ စကၠငယ္က မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ကိုခ်ခဲ့တာပါ။ သူကိုယ္တိုင္လည္း နာက်င္၀မ္းနည္းမႈကိုႀကိတ္မိွတ္ခံစားေနမယ့္သူပါကြယ္။ စိတ္ျဖတ္လိုက္ပါေလေတာ့ သမီးေတာ္....။ ဘ၀ကိုေအးခ်မ္းစြာျဖတ္သန္းပါေလေတာ့"

နႏၵိယအဘိုးအို၏ ကရုဏာသံသည္ ႀတိဂံနယ္ေျမမွသည္ ေျမာက္ကြၽန္း၊ ရိုးမႏွင့္ တိဗတ္နယ္ေျမတစ္ခြင္ လြမ္းလြမ္းဆြတ္ဆြတ္ပ်ံ့ႏွံ႔၏ ေကာင္းကင္ယံသည္ ႀကီးမားသည့္သစၥာတရားႏွင့္ အရွင္သခင္မ၏ ၀မ္းနည္းပူေဆြးမႈကိုအသိအမွတ္ျပဳသည့္အလား အံု႔အံု႔ဆိုင္းဆိုင္းႏွင့္။ စိတ္၏ ထမ္းပိုးထားရသည့္၀န္ေၾကာင့္ျဖစ္ေပၚလာသည့္ ပင္ပန္းျခင္းကိုအၿပီးတိုင္ေလ်ွာ့ခ်လိုက္သည့္ က်ားျဖဴၾကီးသည္ အဘိုးအို၏ ကိုယ္ေပၚၪီးေခါင္းကိုေမွးစက္တင္ရင္ ခဏအၾကာႏွစ္ၿခိဳက္စြာျပန္လည္အိပ္စက္သြားေတာ့၏ ဒီေန့ေတာ့ ရိုးမႏွင့္ တိဗက္နယ္ေျမတို႔သည္ သခင္မ၏ ၀မ္းနည္းျခင္းကိုထပ္တူခံစားမိသလို ပံုမွန္ထက္ပိုတိတ္ဆိတ္ေနပါေတာ့၏
.
.
.
.
.
လည္ဆြဲကို ခပ္ဖြဖြဆုပ္ကိုင္ထားမိသၫ့္ ေနာင္က သက္ျပင္းအႀကိမ္ႀကိမ္ခ်မိသည္မွာ ဘယ္နေခါက္မွန္းမသိေတာ့။ ဒီဆြဲျပားကို စကၠက ေနာင့္ကို ဆြဲေပးသၫ့္ ေန့မွစ၍ ညစဥ္ညတိုင္း ဆြဲျပားထဲမွ ေငြေရာင္အလင္းမႈန္တို႔သည္ ေနာင့္ႏွလံုးအိမ္ထဲ တျဖည္းျဖည္းစိမ့္ဝင္ေနသည္ဆိုသၫ့္ အိမ္မက္ကို ျမင္မက္ခဲ့သည္။ စကၠကို ေျပာျပေတာ့ ခပ္ေရးေရးၿပံဳးသၫ့္ ခ်စ္ရသူက *အရာဝတၴုပစၥည္းေတြက သူ႔ရဲ့ပိုင္ရွင္ကို ေကာင္းေကာင္းသိတယ္ ေနာင္* ဆိုသၫ့္ စကားကို သာေျပာ၍ မည္သၫ့္ စကားမွထပ္မဆိုခဲ့။

ေညာင္မိႈင္းသာယာရြာ သို႔ ျပန္ေရာက္ၿပီး သံုးရက္ခန႔္ၾကာသည္ႏွင့္ ေနာင္က ဗားကရားရိွေဖေဖနဲ႔ေမေမရိွရာသို႔ ခဏျပန္လာခဲ့ျခင္းျဖစ္သည္။ ရိုးမဆိုတာ စကၠႏွင့္ ခြဲခြာလို႔ရသၫ့္ အရာမဟုတ္။ ထို႔ေၾကာင့္ ေသ်ွာင္ေနာက္ ဆံထံုးပါဆိုသလို ေနာင္က ခ်စ္ရသူရိွရာေနရာတြင္ မခြဲမခြာ ေနထိုင္ရမည္။ ထို အတြက္ ေနာင့္ အုပ္ထိန္းသူျဖစ္သၫ့္ ေဖေဖႏွင့္ ေမေမ၏ ခြင့္ျပဳခ်က္ကို ေတာင္းခံဖို႔ ေရာက္ရိွလာခဲ့ျခင္းျဖစ္သည္။

ေနာင္ ျပန္ေရာက္ေလေတာ့ ေဖေဖႏွင့္ ေမေမက ဝမ္းပန္းတသာႏွင့္။ ေမေမ့ပ်ိဳးေထာင္မႈေၾကာင့္ လွလွပပ ပြင့္လန္းေနသၫ့္ သစၥာပန္းခင္းႀကီးကို ေနာင္က အခ်ိန္အေတာ္ၾကာ ေငးၾကၫ့္ေနခဲ့မိေသးသည္။ ေနာင့္ အႀကိဳက္ ပိန္းဥကို ငရုပ္ေကာင္းေလးႏွင့္ ခ်က္ထားသၫ့္ဟင္းခ်ိဳႏွင့္ ငါးေၾကာ္ႏွပ္ေလးကို ေမေမက လုပ္ေပးေတာ့ လြမ္းေနခဲ့ရသၫ့္ လက္ရာျဖစ္သည္မို႔ ထမင္း ႏွစ္ပန္းကန္ေလာက္ေတာင္ စားလိုက္မိသည္။

ေညာင္မိႈင္းသာယာမွာကတည္းက စကၠႏွင့္ ေနာင့္အေၾကာင္းကို ပြင့္ပြင့္လင္းလင္းေျပာျပထားၿပီးေပမယ့္ သိခ်င္ေနသၫ့္ ေမးခြန္းမ်ားစြာတို႔ ကို ေနာင္မေျပာမခ်င္း ေဖေဖနဲ႔ေမေမက ထုတ္မေမးခဲ့ပါ။ မိဘႏွင့္ သားသမီး ျဖစ္ေစ၊ ညီအစ္ကို ေမာင္ႏွမဆက္ဆံေရးျဖစ္ေစ၊ မိတ္ေဆျြဖစ္ေစထားသင့္သည္ စည္းႏွင့္ ရိွသင့္သၫ့္ေလးစားမႈတို႔ကို ေနာင္က ေဖေဖနဲ႔ေမေမ၏ အျပဳအမူတို႔မွ သင္ယူခဲ့ရသည္ျဖစ္သည္။

"ငါ့သားေနာင္တမရမယ့္ ဆံုးျဖတ္ခ်က္မ်ိဳးဆို တာေသခ်ာရဲ့လား"

"ေသခ်ာပါတယ္ေဖေဖ"

"ေအးကြာ တစ္လ တစ္ခါ ၊ ႏွစ္လတစ္ခါေတာ့ ျပန္လာခဲ့ေပါ့"

ေနာင္က ေဖ့ေဖ့ကို ၿပံဳးၾကၫ့္ရင္းေခါင္းညိတ္လိုက္မိသည္။ ေမေမကေတာ့ သက္ျပင္းကို သာဖြဖြခ်၏။ သားသမီး ၏ ဆံုးျဖတ္ခ်က္ကို အေလးထားလြန္းသၫ့္ေမေမက ဘာမွေတာ့ မေျပာေပမယ့္ ကိုယ့္ရဲ့သားေပါင္းသင္းေနထိုင္မၫ့္သူသည္ အမ်ိဳးသမီးတစ္ေယာက္မဟုတ္ဟူသၫ့္အခ်က္သည္ စိတ္ႏွလံုးမခ်မ္းေျမ့ဖြယ္ကိစၥမဟုတ္လား။

"တစ္ၪီးတည္းေသာ သားတစ္ေယာက္အေနနဲ႔  မ်ိဳးဆက္ကို မခ်န္ေပးႏိုင္ေတာ့တာ ကြၽန္ေတာ္ က ေတာင္းပန္ပါတယ္"

ေနာင္က ေဖေဖနဲ႔ေမေမ့အေပၚေတာ့ သားတစ္ေယာက္တာဝန္မေက်ပြန္သူမဟုတ္ပါလား။ သမရိုးက်မဟုတ္သၫ့္ ခ်စ္ျခင္းေမတၲာမ်ိဳးတြင္ စကၠဘက္က ေနာင့္အတြက္အရာရာကိုေပးဆပ္ထားခဲ့သည္။ ဘဝသက္တမ္းတစ္ေလ်ွာက္လံုး ေနာင့္ကို သာေစာင့္ေမ်ွာ္ေနခဲ့သည္။ ေတြေဝမႈတစ္ခ်က္မရိွဘဲ အမွားတို႔ကို ခြင့္လႊတ္ေပးခဲ့သည္။ လံုၿခံဳေနြးေထြးေစခဲ့သည္။ ထိုအရာတို႔ကို ျပန္ေပးဆပ္ဖို႔ ေနာင့္ဘက္ကစြန႔္လႊတ္ရသၫ့္ အရာသည္ စကၠ၏ ေပးဆပ္မႈႏွင့္ ယွဥ္ပါလ်ွင္ေတာ့ ေသးငယ္ေလာက္မည္ထင္၏ ထိုေပးဆပ္မႈထဲ တာဝန္မေက်ပြန္သၫ့္ သားတစ္ေယာက္ဟူသည့္ဂုဏ္ပုဒ္ကို ပါေနာင္က ခံယူထားခဲ့ပါသည္။

စိတ္မေကာင္းႀကီးစြာေျပာသၫ့္ ေနာင့္စကားေၾကာင့္ ေမေမက ေခါင္းကို ဖြဖြပြတ္သပ္၏ မိဘေမတၲာတရားႏွင့္ ေနြးေထြးမႈကို အတိုင္းသားခံစားရေလေတာ့ ေမေမ့ကို သိုင္းဖက္မိေတာ့သည္။ ကေလးဆိုးတစ္ေယာက္ကို ခြင့္လႊတ္သၫ့္ အၿပံဳးမ်ိဳးႏွင့္ ေမေမကၿပံဳး၏

"အို....ငါ့သားႏွယ္ ကေလးက်ေနပါေရာလား။ မ်ိဳးဆက္ဆိုတာက ေမေမ့သားရဲ့ေပ်ာ္ရႊင္မႈနဲ႔ယွဥ္ရင္ ဘာအေရးႀကီးလို႔လဲ ေမေမ့သားရဲ့။ မ်ိဳးဆက္ဆိုတာခ်န္ထားဖို႔ ေမေမ့သားကို တစ္ဘဝလံုးခ်စ္ရသူနဲ႔ ခြဲထားတဲ့အလုပ္မ်ိဳးေမေမတို႔က မလုပ္ပါဘူးေတာ္"

"ခက္ခဲေပမယ့္ နားလည္ေပးတာေက်းဇူးတင္ပါတယ္ ေမေမ"

"တစ္ပတ္ေလာက္ေတာ့ ေနသြားေလ သား......ဟိုမွာက အစားအေသာက္အဆင္ေျပပါ့မလား။ ေမေမအေျခာက္အျခမ္းေတြလုပ္ထၫ့္ေပးလိုက္မယ္။ အနည္းဆံုး ႏွစ္လတစ္ခါေတာ့ ေမေမတို႔ဆီျပန္လာခဲ့။ သားရဲ့ ခ်စ္သူကိုပါေခၚခဲ့"

ေခါင္းတစ္ဆတ္ဆတ္ညိတ္ျပသၫ့္ ေနာင္က မ်က္ႏွာထက္ မ်က္ရည္စီးေၾကာင္းတို႔ႏွင့္။ ေက်ာကို ခပ္ဖြဖြပြတ္သပ္ေပးေနသၫ့္ ေမေမ၏ ရွင္မေတာင္သနပ္ခါးနံ႔ကို အဆုတ္ထဲ ေရာက္‌ေအာင္ရႉရိႈက္ေနမိသည္။ ေဖေဖကေတာ့ အၾကမ္းရည္ကို ေသာက္ရင္း ခပ္ဆိတ္ဆိတ္သာေန၏

ခ်စ္ရသူကို လြမ္းေဆြးရသၫ့္ ဒဏ္သည္မေသးပါ။ မိဘေတြအလိုက် အိမ္မွာ ေနေနရသည့္ အခ်ိန္တို႔တြင္ ဒီအခ်ိန္ဆို စကၠတစ္ေယာက္ ဘာလုပ္ေနပါလိမ့္ဆိုသၫ့္ အေတြးက ေခါင္းထဲအခ်ိန္တိုင္းေနရာယူ၏ ေမေမက တစ္ပတ္ေလာက္ေနသြားဖို႔‌ ေျပာေတာ့ ေနာင္ မျငင္းႏိုင္ခဲ့ပါ။ တစ္ပတ္ဆိုတာ ဟိုလွၫ့္ဒီလွၫ့္နဲ႔ပဲ ကုန္သြားေလာက္မွာလို႔ ေတြးေပမယ့္ ခ်စ္သူအနားမွာ မရိွသၫ့္အခ်ိန္ ကမ႓ာႀကီးလည္ပတ္မႈႏႈန္းက ပံုမွန္ထက္ပိုေနွးေကြးေနသလိုပင္။

ဒီေန့ေတာ့ ေနာင္က ေမေမနဲ႔ မနက္ ေစ်းျခင္းေတာင္းဆြဲ ေစ်းလိုက္ေပးၿပီး ေနာင္ႀကိဳက္သၫ့္ ဟင္းတို႔ကို ဂ်ီက်ကာ ခ်က္ခိုင္းေတာ့၏ ငါးခူႏွင့္ ရဲယိုရြက္ေလးကို ေရာခ်က္ထားသၫ့္ ဟင္းသည္ ေနာင္အႀကိဳက္ဆံုးျဖစ္၏ ငါးခူသားသည္ ႏူးညံ့ကာ အရသာက ငါးအခ်ိဳအရသာ ေကာင္းစြာေပၚလြင္၏ ရဲယိုရြက္က ခါးသက္သက္အရသာျဖစ္၏ ေရာခ်က္လိုက္လ်ွင္ ေနာင္က တစ္ေန့ကို ထမင္း ငါးခါေလာက္စားေနေတာ့တာျဖစ္သည္။

ေစ်းကျပန္လာၿပီး ေမေမနဲ႔မီးဖိုေခ်ာင္တြင္ကပ္ရႈပ္ေနသၫ့္ ေနာင္က အိမ္မွာေနသၫ့္ ရက္ေတြကို ေမေမ့ဆီက ဟင္းခ်က္နည္းေတြသင္ရင္း အခ်ိန္ကို ကုန္ဆံုး၏ စကၠက ထမင္းဟင္းကို ျဖစ္သလို စားတတ္သည္ေၾကာင့္ ဟင္းေကာင္းေလးေတြကို ခ်က္ေကြၽးခ်င္လို႔လို႔ေျပာေတာ့ ေမေမကေခါင္းကို ေဒါက္ခနဲေခါက္ကာ မ်က္ေစာင္းလွၫ့္ထိုး၍ *ေမြးရက်ိဳးနပ္တဲ့သား* ရယ္လို႔ ျမည္တြန္ေတာက္တီးေတာ့သည္။ မတတ္ႏိုင္ပါ....ေမေမ့သားက အခ်စ္ႏြံထဲ နစ္ေနတာ ဆြဲထုတ္လို႔ေတာင္မွ မရေတာ့ဘဲ။

အခ်ိန္တို႔သည္ တစ္ရက္ၿပီးတစ္ရက္ကုန္ဆံုး၏ အားလပ္သၫ့္ အခ်ိန္ေတြဆို ေဖေဖႏွင့္ ႏိုင္ငံေရး၊ စီးပြားေရးစသၫ့္ ေရာက္တက္ရာရာတို႔ကို ေျပာျဖစ္သည္။ *ဘယ္လို အိမ္ေထာင္ေရးပဲျဖစ္ျဖစ္ အိမ္ေထာင္တစ္ခုရယ္ထူေထာင္ၿပီးၿပီဆိုလ်ွင္ သစၥာတရားနဲ႔ နားလည္မႈရိျွခင္းတို႔က အေရးအႀကီးဆံုးပဲ* ဆိုသၫ့္ ေဖေဖ့၏ ဆံုးမစကားတို႔ကို ေနာင္က ၪီးေနွာက္နဲ႔ေရာ ႏွလံုးသားနဲ႔ပါ‌ ေကာင္းမြန္စြာမွတ္သားထားခဲ့ပါသည္။ ေဖေဖကိုယ္တိုင္က ေနာင့္ ေရ႔ွမွာ စံျပအိမ္ေထာင္ေရးတစ္ခုကို တည္ေဆာက္ျပထားခဲ့သည္ မဟုတ္လား။

ညအခါေရာက္တိုင္း ေကာင္းကင္ယံကို ၾကၫ့္ကာ ခ်စ္ရသူအေၾကာင္း ထိုင္စဥ္းစားေနမိခဲ့သည္။ ေကာင္းကင္ႀကီးတစ္ခုတည္းေအာက္အတူတကြေနထိုင္ေနပါလားရယ္ေတြးမိသည္ကပင္ေနြးေထြးေစသည္။ တစ္ခါတစ္ေလ ေနာင္ပဲ စိတ္ထင္သည္လား မသိေပမယ့္ ျပတင္းေပါက္နား ပက္လက္ကုလားထိုင္ေလး တစ္လံုးခ်ကာ ထိုင္မိတိုင္း တစ္ေယာက္ေယာက္၏ စူးစူးစိုက္စိုက္ၾကၫ့္ေနသည္ကို ခံစားေနရသလိုပင္။

တစ္ပတ္ခန႔္ေနၿပီး ေညာင္မိႈင္းသာယာရြာေလးဆီျပန္ဖို႔ လုပ္ေတာ့ ေမေမေၾကာ္ေလွာ္ထၫ့္ေပးလိုက္သၫ့္ အေျခာက္အျခမ္းေတြက တပံုတပင္ရယ္။ သားရဲ့ အမ်ိဳးသားအတြက္ပါထၫ့္ေပးလိုက္တယ္လို႔ ေျပာေတာ့  ေနာင္က မ်က္ႏွာပိုးသတ္မရ။ ကားဂိတ္လိုက္ပို႔ေပးမယ္ဆိုေတာ့ ေနာင္လက္မခံပါ။ ေဖေဖနဲ႔ေမေမကို ေနာင့္ေၾကာင့္ ဝန္မပိေစလို။ အထုတ္အပိုးတစ္ပံုတင္ပင္ႏွင့္သာ ေနာင္ ကားဂိတ္ရိွရာ ၪီးတည္ခဲ့လိုက္သည္။ ဒီအထုတ္အပိုးေတြနဲ႔ဆို လန္ခ်ားေတာ့ငွားသြားမွ ျဖစ္မည္ေၾကာင့္ ဟိုဟိုဒီဒီၾကၫ့္ေနမိတုန္း မ်က္စိေထာင့္ပံုရိပ္တစ္ခုသည္ လွစ္ခနဲ။

"ေနာင္"

ရင္းႏွီးေနက် ေခၚသံသည္ ႏွလံုးအိမ္ကို ပါ လႈပ္ခါေစ၏ ဆတ္ခနဲလွၫ့္ၾကၫ့္မိေတာ့ ခပ္ေရးေရးၿပံဳးျပေနသၫ့္ ခ်စ္ရသူ။ ဝတ္ထားသည့္အဝတ္အစားက သူဝတ္ေနက်အတိုင္းရိုးရိုးရွင္းရွင္းေပမယ့္ ဆံပင္တို႔ကို ႏွစ္ေခါက္ေခါက္တင္ထားၿပီး သကၠလပ္ၪီးထုပ္ေဆာင္းထားသၫ့္ ခ်စ္ရသူက ေနာင့္ကို ေတြ့ေတာ့ မ်က္ဝန္းတို႔သည္ အျပာေရာင္ခပ္လဲ့လဲ။ ပတ္ဝန္းက်င္မွ မိန္းကေလးတို႔၏ ခလုတ္မတိုက္ရံု ေငးမႈတို႔ၾကား ေနာင္က ဒီလူႀကီးကို ရုတ္တရတ္ဘယ္နားေျပးဖြက္ရမွန္းမသိေတာ့။

"ဘယ္လို ေရာက္လာတာလဲ"

"လိုက္လာတာ"

"ဟင္...ဘယ္တုန္းကလဲ"

"......"

"ေမာင္.....ငါဒီကို စေရာက္လာတဲ့ေန့တည္းက မင္းလိုက္လာတာလို႔ေတာမေျပာနဲ႔ေနာ္"

"..............."

ဆိတ္ဆိတ္ေနျခင္းသည္ ဝန္ခံျခင္းမည္၏တဲ့။ ဒီလူႀကီးကလိမ္မွမလိမ္တတ္ဘဲ။ ေနာင့္ထက္ အသက္ႀကီးလို႔သာေပါ့။ ေနာင့္ထက္မ်ားငယ္ရင္ သံုးခ်က္ေလာက္ဆြဲရိုက္ပစ္လိုက္ခ်င္တယ္။

"ေမာင္ လြမ္းတယ္ေလ ေနာင္။"

ေမးသၫ့္ ေမးခြန္းတို႔ကို ေက်ာ္လြန္ကာ ေျဖလာသၫ့္ အေျဖသည္ ေနာင့္ကို က်ရႈံးေစဖို႔လံုေလာက္ပါသည္။ ဒီလူႀကီးက ေနာင္ျပန္မလာခဲ့မွာမ်ားစိုးရိမ္ေနေလသလား။

"ကားဂိတ္အရင္သြားရေအာင္ ေမာင္.."

ေခါင္းညိတ္ျပသၫ့္ ခ်စ္သူက လက္ထဲမွ ပစၥည္းပစၥယတို႔ကို ေျပာင္းသယ္၏ က်န္လက္တစ္ဖက္ ေနာင့္လက္ကို ခပ္ဖြဖြဆုပ္ကိုင္၏ ရန္ကုန္ၿမိဳ႔လမ္းမထက္ လက္တြဲေလ်ွာက္ေနသၫ့္ ေယာက်ာ္း ႏွစ္ေယာက္၏ ပံုရိပ္သည္ မည္သို႔မည္ပံုေတာ့ရိွမည္မသိ။ ခ်စ္ရတဲ့ေမာင္က ပတ္ဝန္းက်င္ကို ဘယ္တုန္းကမွ ဂရုမစိုက္လို႔ ထိုသို႔တြဲေလ်ွာက္ရဲသည္ ဆိုပါလ်ွင္ ေနာင္ကေတာ့ အခ်စ္ႏြံထဲ စံုးစံုးျမဳပ္ေနခဲ့လို႔ ျဖစ္သည္။

"လိုက္လာရင္လည္းလိုက္လာေၾကာင္ေလးေတာ့ ျပေလေမာင္ရဲ့"

"အေနွာက္အယွက္မျဖစ္ေစခ်င္ဘူးေနာင္"

"ဒီေနရာက ရိုးမနဲ႔ေဝးလြန္းတယ္ေလေမာင္။ မင္း ေနလို႔ရလို႔လား"

"အားနည္းရံုပါ"

"ဘာလို႔ခပ္ေပါ့ေပါ့ေျပာေနတာလဲေမာင္ရဲ့"

"တစ္ပတ္ေလာက္က ေမာင့္အေပၚႀကီးႀကီးမားမားမသက္ေရာက္ေစပါဘူး ေနာင္ရဲ့"

ကားေပၚေရာက္သည္ႏွင့္ ပထမဆံုးေျပာမိသၫ့္စကားသည္ ထိုစကားျဖစ္သည္။ က်ိန္းေသတာေတာ့ တစ္ပတ္လံုးလံုး ေမာင္က သူနားပဲတဝဲလည္လည္ ျဖစ္ေနခဲ့မွာ။ ဒါကို ေနာင္က လံုးဝသတိမထားခဲ့မိတာပဲ။ အသံုးမက်လိုက္ေလျခင္း။

"ညေတြဘယ္မွာ အိပ္လဲ ေမာင္"

"ေမာင့္အတြက္ ေနစရာမရွားပါဘူး"

"စိတ္ပူေအာင္လုပ္ရမွ ျဖစ္မွာလား"

"ေမာင္က စိတ္ပူသြားေစခဲ့တာလား"

"စိတ္မပူဘဲေနမလား ေမာင္ရဲ့"

"ေနာက္တစ္ခါေမာင္ ဆင္ျခင္ပါ့မယ္"

ဒီသမန္းက်ားႀကီးက တစ္ခါတစ္ေလ ထို႔သို႔နာခံတတ္လြန္းတဲ့က်ားေပါက္ေလးအျဖစ္ေျပာင္းသြားတတ္ေသးသည္။ ထိုသို႔အခ်ိန္ေတြဆို ေနာင့္မွာ အသဲတယားယားႏွင့္။ အခုလည္း ဝမ္းနည္းသြားပံုေပၚသၫ့္ သမန္းက်ားေပါက္ေလးေၾကာင့္ လက္ေမာင္းခပ္က်စ္က်စ္တစ္ဖက္ကို လက္တိုးလ်ိဳရင္း ပခံုးေပၚေခါင္းမွီခ်မိသည္။

"ေမာင့္ကို အျပစ္တင္ေနတာမဟုတ္ပါဘူး။ ဆင္ျခင္စရာလည္း မလိုဘူး။ အံ့ၾသသြားရံုပါ။ ေမာင့္ကို ဘယ္သူမွအႏၲရာယ္မေပးႏိုင္ဘူးဆိုတာသိပါတယ္။ ဒါေပမယ့္ ငါတို႔ကတစ္ဘဝလံုးလက္တြဲသြားမယ့္သူေတြမဟုတ္လား။ အဲ့လို လိုက္ေခ်ာင္းစရာမွမလိုဘဲ။ ဘာပဲျဖစ္ျဖစ္ ေမာင့္စိတ္ထဲရိွတဲ့အတိုင္းပြင့္ပြင့္လင္းလင္းေနလို႔ရတယ္"

"ေနာင့္  မိဘေတြက သေဘာတူရဲ့လား"

"သေဘာမတူရင္ ေမာင္ကဘာလုပ္မွာလဲ"

"တိဗတ္ကို အၿပီးေခၚသြားမယ္"

"ခိုးေျပးမယ္ေပါ့"

"အင္း"

ေနာင္က သေဘာတက် ေခါင္းေမာ့ရယ္မိသည္။ မုဆိုးႀကီးကေတာ့ ခပ္တည္တည္ပင္။ ေနာင့္ မိဘေတြမ်ားသေဘာမတူခဲ့ရင္ ဒီလူႀကီးက ေနာင့္ကို အတည္ေပါက္ႀကီး ခိုးေျပးဖို႔ ႀကံစည္ေနသည္ ထင္ပါ၏

2804 words
10.11.2023 (1:37 am)
Vi vian
90°bow

Continue Reading

You'll Also Like

58.9K 2.9K 33
နွေးထွေးတယ့် အိမ်ထောင်ရေးလေး နားလည်မှုရှိတယ့်အိမ်ထောင်ရေးလေးကို ကိုယ်တို့အတူတူတည်ဆောက်ရအောင် တစ်ယောက်နဲ့တစ်ယောက် လက်တွဲမဖြုတ်ကြေးနော် မာန် #လွင် သဝန်...
222K 25.8K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
207K 8.8K 36
Bl ficပါ +ပါတယ်နော် 😁 အရမ်းမှောင်တယ်မထင်ပါန့ဲ semeကြီးကukeလေးကို မချစ်သလို နဲ့ အမြဲ ဂရုစိုက်တာပါ မဖတ်ကြည့်ရင်မသိဘူးနော် ရည်းစားတွေပါလိုချင်သွားလိမ...
69.5K 4.4K 21
ခင္​ဗ်ားႀကီ​းမ႐ွိလို႔ မျဖစ္​ပါဘူးဆိုၿပီး parasiteလို အပျီပင္​ ကပ္​​ေနတဲ့ krist တစ္​​ေယာက္​​ေၾကာင္​့ ​ခံစားခ်က္​ မဲ့တဲ့ ​ေအးစက္​စက္​ ​ေရခဲတံုးႀကီး sin...