Unicode
သူမရဲ့Weiboက ထိန်းမနိုင်သိမ်းမရဖြစ်နေတယ်။
အချက်အလက်အားလုံးက ၉၉၉၉၉ပဲ။
ပရိသတ်တွေနဲ့commentတွေ မြင့်တက်လာပြီး သူမရဲ့နောက်ဆုံးပေါ်ဖုန်းက ဒီဗုံးပေါက်ကွဲမှုလှိုင်းကို မခံနိုင်တာကြောင့် ဟန်းတောင်ဟန်းသွားတယ်။
ကုမျန်က ဒီကိန်းဂဏန်းအချက်အလက်အနည်းငယ်ကို ထူးဆန်းတဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။ တစ်ညပဲ ကုန်သေးတယ်လေ။ သူမရဲ့ သရုပ်ဆောင်မှုစွမ်းရည်က ဆိုးရွားလွန်းတာကြောင့် လူထုကို ယမ်းပုံမီးကျဖြစ်သွားစေတာများ ဖြစ်နိုင်လား။ ဒါပေမယ့် ဒါရိုက်တာက သူမသရုပ်ဆောင်တာကို ကျေနပ်အားရနေတယ်ဆိုတာ အသိသာကြီးပါ။
သူမကို အင်တာနက်သုံးစွဲသူတွေက ဝေဖန်နေတာမဟုတ်ရင် ဒါဆို သူမ ခေတ်စားနေတာလား။
ကုမျန် ကလစ်နှိပ်လိုက်တာနဲ့ အမှန်တရားနဲ့ သူမထင်ထားတဲ့အရာကြားမှာ အနည်းငယ်ကွာဟချက်ရှိနေတုန်းပဲဆိုတာ သဘောပေါက်သွားတယ်။
သူမဟာ တကယ်ကို ခေတ်စားနေတယ်။
ဒါပေမယ့် သရုပ်ဆောင်ကြောင့်တော့ ဖြစ်ဟန်မရဘူး။
@သရုပ်ဆောင်ခန်ယန်ယန် : "ကုမျန်က ဒါကို ဟောကိန်းထုတ်ထားတယ် ငါ ကျော်ကြားလာလိမ့်မယ်လို့ သူမက နှစ်ကြိမ်တိတိ အခိုင်အမာပြောခဲ့တာ သူမက ငါ့ကို နှစ်သိမ့်နေတယ်လို့ ငါထင်ထားတာလေ မယုံခဲ့ဘူးပေါ့ အလုပ်ဖြစ်မယ်လို့ မမျှော်လင့်ထားဘူးရယ် @ကုမျန်[image ]" တွဲထားတဲ့ပုံက သူမနဲ့ကုမျန်ကြားက စကားပြောမှတ်တမ်းဖြစ်တယ်။
[ငါ အရမ်းစိတ်လှုပ်ရှားနေတယ် အနာဂတ်ကျရင် ဖျော်ဖြေရေးနယ်ပယ်မှာ ငါနေရဦးမှာလား ဒီဇာတ်ကားကို အခုလေးတင်ကြည့်ရတော့မှာလေ!]
[ကုရှောင်မျန်၊ ငါအရမ်းစိတ်လှုပ်ရှားနေတယ်၊ အား အား အား အား အား အား]
....
ခန်ယန်ယန်က သူမတစ်ယောက်တည်း သူမဘာသာ စကားပြောနေတယ်။ ကုမျန်ဆီ မက်ဆေ့ချ်များစွာ ပို့ထားတာကြောင့် သူမစိတ်လှုပ်ရှားနေကြောင်းကို မြင်နိုင်တယ်။
[စိတ်လျှော့ပါဦး ရှင်က လူကြိုက်များလာမှာပါ ]
ဒါက အစတုန်းကတော့ အကြီးအကျယ်အုတ်အော်သောင်းတင်း တကယ်မဖြစ်စေခဲ့ဘူး။ နောက်ပိုင်းမှာ မိတ်ကပ်ပညာရှင်က ထပ်ဆင့်forwardလုပ်လိုက်တယ်။
ဒီမိတ်ကပ်ပညာရှင်က "Ask the immortals" ရိုက်ကူးရေးအဖွဲ့ထဲမှာ ကုမျန်ကိုပြင်ဆင်ပေးတဲ့သူနဲ့ တူတူပါပဲ။
@မိတ်ကပ်ပညာရှင် လင်းလုံ - "ကုမျန် အဲ့ဒီအကြောင်း ဟောကိန်းထုတ်ထားတာကို ကျွန်မသက်သေခံနိုင်တယ် ခန်ယန်ယန် ကုမျန်ကို ပထမဆုံးအကြိမ်မေးတဲ့အချိန်တုန်းက ကျွန်မလည်း အဲ့မှာရှိနေခဲ့ပြီး ကျွန်မလည်း နာမည်ကြီးနိုင်လားလို့ ရယ်ရယ်မောမောနဲ့ မေးခဲ့တယ် ကျွန်မရဲ့ကျော်ကြားမှုက ခန်ယန်ယန်လောက် မကောင်းနိုင်ဘူးလို့ ကျွန်မကို သူမက အလေးအနက်ထားပြီး ပြန်ဖြေခဲ့သေးတာ ဒါပေမယ့် ကျွန်မ ကျော်ကြားမှာပါတဲ့ ဒါက အမှန်ဖြစ်မယ်လို့ မမျှော်လင့်ထားဘူး ကျွန်မတကယ်ကြီး ခေတ်စားနေတယ်!"
နှစ်ယောက်လုံးက စကားပြောဖို့ ထွက်လာကြပြီး အင်တာနက်သုံးစွဲသူတွေကလည်း စိတ်လှုပ်ရှားစွာနဲ့ forward လုပ်ခဲ့ကြတယ်။
အခုခေတ်လူတွေက ဒီလိုမျိုး koiတွေ၊ ပန်းရောင်လင်းပိုင်တွေကို forwardလုပ်ရတာ အနှစ်သက်ကြဆုံးဖြစ်ပြီး forwardလုပ်လိုက်ရင် ကံကောင်းမှုတွေကို ဆောင်ကြဉ်းနိုင်မယ်လို့ ထင်မြင်ယူဆကြတယ်။
ဒါပေမယ့် ဒီလောကထဲမှာ သိပ္ပံပညာနဲ့ မရှင်းပြနိုင်တဲ့ အရာတွေရှိတယ်။
Koi ကို ပြန်တင်လိုက်တာက တစ်ခါတစ်ရံမှာ ကံကောင်းမှုတွေကို ဆောင်ကြဉ်းပေးနိုင်ပါတယ် ။
အဲဒီနောက်မှာတော့ အင်တာနက်အသုံးပြုသူတော်တော်များများက ဒီ Weibo နှစ်ခုကို ပြန်တင်ဖို့ အပြေးအလွှားသွားခဲ့ကြပြီး အောက်မှာ ဆုမွန်ကောင်းတွေ စတင်တောင်းခဲ့ကြတယ်။
@မ၀ဘူး : " ကုKoi ငါ ကောလိပ်ဝင်ခွင့် စာမေးပွဲကို နောက်နှစ်မှာအောင်ချင်တယ် Koi ကြီးမြတ်တဲ့မသေမျိုး ကောင်းချီးပေးပါစေ"
@ စစ်ပေါင်းဇီရှုရှု : "မသေမျိုး Koi၊ ငါ့အဖွားက ကျန်းမာရေးမကောင်းဘူး ဆရာဝန်က ဒီဆောင်းရာသီမှာ အသက်မရှင်နိုင်တော့ဘူးလို့ ပြောခဲ့တယ် လာမယ့်နွေရာသီမှာ သူမရှင်သန်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ် ငါ့ကလေးက လာမယ့်နွေရာသီမှာမှ မွေးမှာမို့လို့ ကျေးဇူးပြုပြီး သူမရဲ့မြေးကို မြင်ရအောင် သူမကိုကောင်းချီးပေးပါစေ"
@ကွမ်တုံးပြည်နယ်အကြီးအကဲ : "မသေမျိုး Koi ၊ ငါ့ကောင်မလေးက ငါနဲ့ လမ်းခွဲခဲ့တယ်၊ ဒါပေမယ့် ငါ သူမကို အရမ်းချစ်နေဆဲပဲ ငါနဲ့ သူမကို ကောင်းချီးပေးပါစေ ကျေးဇူးတင်ပါတယ်!"
@ကြယ်တွေလင်းလက်နေတဲ့ကောင်းကင် : "ကု Koiကို ယုံကြည်ပါတယ် အရာအားလုံး တကယ်ဖြစ်လာမှာပါ!"
ကုမျန်က အဲ့ဒါတွေကိုကြည့်ပြီး ဖြည်းညှင်းစွာမတုံ့ပြန်နိုင်ခင် အကြိမ်အနည်းငယ်လောက် မျက်တောင်ခတ်လိုက်တယ်။ သူမကို ကြီးမြတ်တဲ့မသေမျိုးတစ်ယောက်အဖြစ် ဆက်ဆံနေကြတာလား။
ပြီးတော့ ကုKoiက ဘာကြီးလဲ။
ကုမျန် Weibo ကို ကြည့်နေတုန်းမှာ ၀မ့်ရှားကလည်းပဲ အဲ့ဒီpostကို Weibo ပေါ်မှာ ပြန်တင်ခဲ့တယ်။
@၀မ့်ရှား : "[ချစ်စဖွယ်] လူတိုင်းက အရမ်းထိရောက်တယ်လို့ ပြောတဲ့အတွက်၊ တို့လည်း trendအတိုင်း လိုက်လုပ်မယ် ဒီနှစ်မှာ လော့လောင်ရှီးနဲ့ပူးပေါင်းဖို့ အခွင့်အရေးရနိုင်မယ်လို့ မျှော်လင့်ပါတယ်"
သိပ်မကြာခင်မှာ ကုမျန်ကလည်း ဒီ Weibo ပို့စ်ကိုမြင်သွားပြီး ၀မ့်ရှားရဲ့ယုတ်မာတဲ့ ရည်ရွယ်ချက်တွေကို သိလိုက်တယ်။
သူမက လော့ချယ်နဲ့သိပ်မကြာခင်က ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ပေမယ့် ကုမျန်ရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် သူမ အဲဒီအခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်ဆိုတာကို အင်တာနက်သုံးစွဲသူတွေဆီ ၀မ့်ရှားက သတိပေးချင်နေတာမဟုတ်ဘူးလား။
ဒါနဲ့ သူမက ကျရှုံးမှုနှစ်ခုကို ကြုံတွေ့ထားရတာ မလုံလောက်သေးဘူးပဲ။ သူမက တတိယအကြိမ် ထပ်တိုက်ခိုက်လာသေးတာလား။
တကယ်တော့ ကုမျန်က လူတွေအပေါ် ခံစားချက်သိပ်မရှိလှဘူး။ သူမက ပျင်းတာကြောင့် လူတွေ ဒါမှမဟုတ် အရာတွေကို နှစ်သက်တာ၊ မနှစ်သက်တာ သိပ်မရှိဘူး။
ဒါပေမယ့် ၀မ့်ရှားအတွက်တော့ သူမပျင်းလွန်းတယ်။
သူမကို တစ်ကြိမ်နှစ်ကြိမ်ထိုးနှက်ဖို့ သူမရဲ့တိုက်ရိုက်ထုတ်လွှင့်ခန်းဆီ သူမ(၀မ့်ရှား)ရဲ့ပရိတ်သတ်တွေကို လာခိုင်းတာက အဆင်ပြေလိမ့်မယ်။ ဘယ်လိုဖြစ်ဖြစ် သူမမှာ ကြီးမားတဲ့နှလုံးသားရှိပြီး ဒါကို အလေးအနက်ထားမှာမဟုတ်ပေ။
ဒါပေမယ့် သုံးလေးခါလား ? ဒါက သူမကို အနိုင်ကျင့်နေတာမဟုတ်ဘူးလား?
ဒါ့အပြင် "I'm So Popular" ထဲမှာ ၀မ့်ရှားနဲ့ အမျိုးသမီးဇာတ်ဆောင် ရွယ်ကွေ့၀မ်တို့က ကုမ္ပဏီတစ်ခုတည်းမှ ညီအစ်မတွေဖြစ်တယ်။ နောက်ပိုင်းမှာ သူတို့နှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာပြီး သူမက ရွယ်ကွေ့၀မ်ကို ရွံရှာဖွယ်အရာတချို့လုပ်ဖို့ ကူညီပေးခဲ့တာကြောင့် ၀မ့်ရှားအပေါ် ကုမျန်ရဲ့အဆိုးမြင်တဲ့အမြင်က လွန်ကဲလှပြီ။
၀မ့်ရှားပြန်တင်ထားတဲ့ Weibo ကို သူမကြည့်လိုက်ပြီး သူမရဲ့ပါးစပ်ထောင့်လေးတွေက အနည်းငယ်ကွေးတက်သွားတယ်။
နောက်တစ်စက္ကန့်မှာ သူမက လက်ချောင်းကို အနည်းငယ်ရွှေ့ကာ အဲ့ဒီWeibo ပို့စ်(၀မ့်ရှားပြန်တင်ထားတဲ့ပို့စ်)ကို forwardလုပ်လိုက်တယ်။ အဲ့ဒီနောက် သူမက စာပိုဒ်တစ်ပိုဒ်ကို ဖြည်းညှင်းစွာရိုက်ထည့်လိုက်တော့တယ်။"လော့ချယ်နဲ့ ပူးပေါင်းဆောင်ရွက်မှုလား နင့်မှာ အခွင့်အရေးမရှိဘူး Weibo မှာပို့စ်တင်ဖို့ အချိန်ရရင် အိမ်ပြန်ပြီး နင့်ကလေးကို ပြုစုစောင့်ရှောက်နေတာက ပိုကောင်းတယ် နင်ပို့စ်တင်တဲ့အချိန်မှာ နင်ရဲ့ကလေးက ကလေးထိန်းအနိုင်ကျင့်တာကို ခံနေရတာဖြစ်နိုင်တယ်လေ“
Paid gpမှာ Gp 2 (chapter 131)ထိ ရောက်နေပါပြီ။
Zawgyi
သူမရဲ့Weiboက ထိန္းမႏိုင္သိမ္းမရျဖစ္ေနတယ္။
အခ်က္အလက္အားလံုးက ၉၉၉၉၉ပဲ။
ပရိသတ္ေတြနဲ႔commentေတြ ျမင့္တက္လာၿပီး သူမရဲ့ေနာက္ဆံုးေပၚဖုန္းက ဒီဗံုးေပါက္ကြဲမႈလိႈင္းကို မခံႏိုင္တာေၾကာင့္ ဟန္းေတာင္ဟန္းသြားတယ္။
ကုမ်န္က ဒီကိန္းဂဏန္းအခ်က္အလက္အနည္းငယ္ကို ထူးဆန္းတဲ့အမူအရာနဲ႔ ၾကၫ့္လိုက္တယ္။ တစ္ညပဲ ကုန္ေသးတယ္ေလ။ သူမရဲ့ သရုပ္ေဆာင္မႈစြမ္းရည္က ဆိုးရြားလြန္းတာေၾကာင့္ လူထုကို ယမ္းပံုမီးက်ျဖစ္သြားေစတာမ်ား ျဖစ္ႏိုင္လား။ ဒါေပမယ့္ ဒါရိုက္တာက သူမသရုပ္ေဆာင္တာကို ေက်နပ္အားရေနတယ္ဆိုတာ အသိသာႀကီးပါ။
သူမကို အင္တာနက္သံုးစြဲသူေတြက ေဝဖန္ေနတာမဟုတ္ရင္ ဒါဆို သူမ ေခတ္စားေနတာလား။
ကုမ်န္ ကလစ္ႏိွပ္လိုက္တာနဲ႔ အမွန္တရားနဲ႔ သူမထင္ထားတဲ့အရာၾကားမွာ အနည္းငယ္ကြာဟခ်က္ရိွေနတုန္းပဲဆိုတာ သေဘာေပါက္သြားတယ္။
သူမဟာ တကယ္ကို ေခတ္စားေနတယ္။
ဒါေပမယ့္ သရုပ္ေဆာင္ေၾကာင့္ေတာ့ ျဖစ္ဟန္မရဘူး။
@သရုပ္ေဆာင္ခန္ယန္ယန္ : "ကုမ်န္က ဒါကို ေဟာကိန္းထုတ္ထားတယ္ ငါ ေက်ာ္ၾကားလာလိမ့္မယ္လို႔ သူမက ႏွစ္ႀကိမ္တိတိ အခိုင္အမာေျပာခဲ့တာ သူမက ငါ့ကို ႏွစ္သိမ့္ေနတယ္လို႔ ငါထင္ထားတာေလ မယံုခဲ့ဘူးေပါ့ အလုပ္ျဖစ္မယ္လို႔ မေမ်ွာ္လင့္ထားဘူးရယ္ @ကုမ်န္[image ]" တြဲထားတဲ့ပံုက သူမနဲ႔ကုမ်န္ၾကားက စကားေျပာမွတ္တမ္းျဖစ္တယ္။
[ငါ အရမ္းစိတ္လႈပ္ရွားေနတယ္ အနာဂတ္က်ရင္ ေဖ်ာ္ေျဖေရးနယ္ပယ္မွာ ငါေနရၪီးမွာလား ဒီဇာတ္ကားကို အခုေလးတင္ၾကၫ့္ရေတာ့မွာေလ!]
[ကုေရွာင္မ်န္၊ ငါအရမ္းစိတ္လႈပ္ရွားေနတယ္၊ အား အား အား အား အား အား]
....
ခန္ယန္ယန္က သူမတစ္ေယာက္တည္း သူမဘာသာ စကားေျပာေနတယ္။ ကုမ်န္ဆီ မက္ေဆ့ခ်္မ်ားစြာ ပို႔ထားတာေၾကာင့္ သူမစိတ္လႈပ္ရွားေနေၾကာင္းကို ျမင္ႏိုင္တယ္။
[စိတ္ေလ်ွာ့ပါဦး ရွင္က လူႀကိဳက္မ်ားလာမွာပါ ]
ဒါက အစတုန္းကေတာ့ အႀကီးအက်ယ္အုတ္ေအာ္ေသာင္းတင္း တကယ္မျဖစ္ေစခဲ့ဘူး။ ေနာက္ပိုင္းမွာ မိတ္ကပ္ပညာရွင္က ထပ္ဆင့္forwardလုပ္လိုက္တယ္။
ဒီမိတ္ကပ္ပညာရွင္က "Ask the immortals" ရိုက္ကူးေရးအဖြဲ႔ထဲမွာ ကုမ်န္ကိုျပင္ဆင္ေပးတဲ့သူနဲ႔ တူတူပါပဲ။
@မိတ္ကပ္ပညာရွင္ လင္းလံု - "ကုမ်န္ အဲ့ဒီအေၾကာင္း ေဟာကိန္းထုတ္ထားတာကို ကြၽန္မသက္ေသခံႏိုင္တယ္ ခန္ယန္ယန္ ကုမ်န္ကို ပထမဆံုးအႀကိမ္ေမးတဲ့အခ်ိန္တုန္းက ကြၽန္မလည္း အဲ့မွာရိွေနခဲ့ၿပီး ကြၽန္မလည္း နာမည္ႀကီးႏိုင္လားလို႔ ရယ္ရယ္ေမာေမာနဲ႔ ေမးခဲ့တယ္ ကြၽန္မရဲ့ေက်ာ္ၾကားမႈက ခန္ယန္ယန္ေလာက္ မေကာင္းႏိုင္ဘူးလို႔ ကြၽန္မကို သူမက အေလးအနက္ထားၿပီး ျပန္ေျဖခဲ့ေသးတာ ဒါေပမယ့္ ကြၽန္မ ေက်ာ္ၾကားမွာပါတဲ့ ဒါက အမွန္ျဖစ္မယ္လို႔ မေမ်ွာ္လင့္ထားဘူး ကြၽန္မတကယ္ႀကီး ေခတ္စားေနတယ္!"
ႏွစ္ေယာက္လံုးက စကားေျပာဖို႔ ထြက္လာၾကၿပီး အင္တာနက္သံုးစြဲသူေတြကလည္း စိတ္လႈပ္ရွားစြာနဲ႔ forward လုပ္ခဲ့ၾကတယ္။
အခုေခတ္လူေတြက ဒီလိုမ်ိဳး koiေတြ၊ ပန္းေရာင္လင္းပိုင္ေတြကို forwardလုပ္ရတာ အႏွစ္သက္ၾကဆံုးျဖစ္ၿပီး forwardလုပ္လိုက္ရင္ ကံေကာင္းမႈေတြကို ေဆာင္ၾကဉ္းႏိုင္မယ္လို႔ ထင္ျမင္ယူဆၾကတယ္။
ဒါေပမယ့္ ဒီေလာကထဲမွာ သိပၸံပညာနဲ႔ မရွင္းျပႏိုင္တဲ့ အရာေတြရိွတယ္။
Koi ကို ျပန္တင္လိုက္တာက တစ္ခါတစ္ရံမွာ ကံေကာင္းမႈေတြကို ေဆာင္ၾကဉ္းေပးႏိုင္ပါတယ္ ။
အဲဒီေနာက္မွာေတာ့ အင္တာနက္အသံုးျပဳသူေတာ္ေတာ္မ်ားမ်ားက ဒီ Weibo ႏွစ္ခုကို ျပန္တင္ဖို႔ အေျပးအလႊားသြားခဲ့ၾကၿပီး ေအာက္မွာ ဆုမြန္ေကာင္းေတြ စတင္ေတာင္းခဲ့ၾကတယ္။
@မ၀ဘူး : " ကုKoi ငါ ေကာလိပ္ဝင္ခြင့္ စာေမးပြဲကို ေနာက္ႏွစ္မွာေအာင္ခ်င္တယ္ Koi ႀကီးျမတ္တဲ့မေသမ်ိဳး ေကာင္းခ်ီးေပးပါေစ"
@ စစ္ေပါင္းဇီရႈရႈ : "မေသမ်ိဳး Koi၊ ငါ့အဖြားက က်န္းမာေရးမေကာင္းဘူး ဆရာဝန္က ဒီေဆာင္းရာသီမွာ အသက္မရွင္ႏိုင္ေတာ့ဘူးလို႔ ေျပာခဲ့တယ္ လာမယ့္ေနြရာသီမွာ သူမရွင္သန္ႏိုင္မယ္လို႔ ငါေမ်ွာ္လင့္ပါတယ္ ငါ့ကေလးက လာမယ့္ေနြရာသီမွာမွ ေမြးမွာမို႔လို႔ ေက်းဇူးျပဳျပီး သူမရဲ့ေျမးကို ျမင္ရေအာင္ သူမကိုေကာင္းခ်ီးေပးပါေစ"
@ကြမ္တံုးျပည္နယ္အႀကီးအကဲ : "မေသမ်ိဳး Koi ၊ ငါ့ေကာင္မေလးက ငါနဲ႔ လမ္းခြဲခဲ့တယ္၊ ဒါေပမယ့္ ငါ သူမကို အရမ္းခ်စ္ေနဆဲပဲ ငါနဲ႔ သူမကို ေကာင္းခ်ီးေပးပါေစ ေက်းဇူးတင္ပါတယ္!"
@ၾကယ္ေတြလင္းလက္ေနတဲ့ေကာင္းကင္ : "ကု Koiကို ယံုၾကည္ပါတယ္ အရာအားလံုး တကယ္ျဖစ္လာမွာပါ!"
ကုမ်န္က အဲ့ဒါေတြကိုၾကၫ့္ၿပီး ျဖည္းၫွင္းစြာမတံု႔ျပန္ႏိုင္ခင္ အႀကိမ္အနည္းငယ္ေလာက္ မ်က္ေတာင္ခတ္လိုက္တယ္။ သူမကို ႀကီးျမတ္တဲ့မေသမ်ိဳးတစ္ေယာက္အျဖစ္ ဆက္ဆံေနၾကတာလား။
ၿပီးေတာ့ ကုKoiက ဘာႀကီးလဲ။
ကုမ်န္ Weibo ကို ၾကၫ့္ေနတုန္းမွာ ၀မ့္ရွားကလည္းပဲ အဲ့ဒီpostကို Weibo ေပၚမွာ ျပန္တင္ခဲ့တယ္။
@၀မ့္ရွား : "[ခ်စ္စဖြယ္] လူတိုင္းက အရမ္းထိေရာက္တယ္လို႔ ေျပာတဲ့အတြက္၊ တို႔လည္း trendအတိုင္း လိုက္လုပ္မယ္ ဒီႏွစ္မွာ ေလာ့ေလာင္ရွီးနဲ႔ပူးေပါင္းဖို႔ အခြင့္အေရးရႏိုင္မယ္လို႔ ေမ်ွာ္လင့္ပါတယ္"
သိပ္မၾကာခင္မွာ ကုမ်န္ကလည္း ဒီ Weibo ပို႔စ္ကိုျမင္သြားၿပီး ၀မ့္ရွားရဲ့ယုတ္မာတဲ့ ရည္ရြယ္ခ်က္ေတြကို သိလိုက္တယ္။
သူမက ေလာ့ခ်ယ္နဲ႔သိပ္မၾကာခင္က ပူးေပါင္းလုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္ ကုမ်န္ရဲ့ ဝင္ေရာက္စြက္ဖက္မႈေၾကာင့္ သူမ အဲဒီအခြင့္အေရးကို ဆံုးရႈံးခဲ့ရတယ္ဆိုတာကို အင္တာနက္သံုးစြဲသူေတြဆီ ၀မ့္ရွားက သတိေပးခ်င္ေနတာမဟုတ္ဘူးလား။
ဒါနဲ႔ သူမက က်ရႈံးမႈႏွစ္ခုကို ႀကံဳေတြ့ထားရတာ မလံုေလာက္ေသးဘူးပဲ။ သူမက တတိယအႀကိမ္ ထပ္တိုက္ခိုက္လာေသးတာလား။
တကယ္ေတာ့ ကုမ်န္က လူေတြအေပၚ ခံစားခ်က္သိပ္မရိွလွဘူး။ သူမက ပ်င္းတာေၾကာင့္ လူေတြ ဒါမွမဟုတ္ အရာေတြကို ႏွစ္သက္တာ၊ မႏွစ္သက္တာ သိပ္မရိွဘူး။
ဒါေပမယ့္ ၀မ့္ရွားအတြက္ေတာ့ သူမပ်င္းလြန္းတယ္။
သူမကို တစ္ႀကိမ္ႏွစ္ႀကိမ္ထိုးႏွက္ဖို႔ သူမရဲ့တိုက္ရိုက္ထုတ္လႊင့္ခန္းဆီ သူမ(၀မ့္ရွား)ရဲ့ပရိတ္သတ္ေတြကို လာခိုင္းတာက အဆင္ေျပလိမ့္မယ္။ ဘယ္လိုျဖစ္ျဖစ္ သူမမွာ ႀကီးမားတဲ့ႏွလံုးသားရိွၿပီး ဒါကို အေလးအနက္ထားမွာမဟုတ္ေပ။
ဒါေပမယ့္ သံုးေလးခါလား ? ဒါက သူမကို အႏိုင္က်င့္ေနတာမဟုတ္ဘူးလား?
ဒါ့အျပင္ "I'm So Popular" ထဲမွာ ၀မ့္ရွားနဲ႔ အမ်ိဳးသမီးဇာတ္ေဆာင္ ရြယ္ေကြ့၀မ္တို႔က ကုမၸဏီတစ္ခုတည္းမွ ညီအစ္မေတျြဖစ္တယ္။ ေနာက္ပိုင္းမွာ သူတို႔ႏွစ္ေယာက္က အခ်စ္ဆံုးသူငယ္ခ်င္းေတျြဖစ္လာၿပီး သူမက ရြယ္ေကြ့၀မ္ကို ရြံရွာဖြယ္အရာတခ်ိဳ႕လုပ္ဖို႔ ကူညီေပးခဲ့တာေၾကာင့္ ၀မ့္ရွားအေပၚ ကုမ်န္ရဲ့အဆိုးျမင္တဲ့အျမင္က လြန္ကဲလွၿပီ။
၀မ့္ရွားျပန္တင္ထားတဲ့ Weibo ကို သူမၾကၫ့္လိုက္ၿပီး သူမရဲ့ပါးစပ္ေထာင့္ေလးေတြက အနည္းငယ္ေကြးတက္သြားတယ္။
ေနာက္တစ္စကၠန႔္မွာ သူမက လက္ေခ်ာင္းကို အနည္းငယ္ေရႊ့ကာ အဲ့ဒီWeibo ပို႔စ္(၀မ့္ရွားျပန္တင္ထားတဲ့ပို႔စ္)ကို forwardလုပ္လိုက္တယ္။ အဲ့ဒီေနာက္ သူမက စာပိုဒ္တစ္ပိုဒ္ကို ျဖည္းၫွင္းစြာရိုက္ထည့္လိုက္ေတာ့တယ္။"ေလာ့ခ်ယ္နဲ႔ ပူးေပါင္းေဆာင္ရြက္မႈလား နင့္မွာ အခြင့္အေရးမရိွဘူး Weibo မွာပို႔စ္တင္ဖို႔ အခ်ိန္ရရင္ အိမ္ျပန္ၿပီး နင့္ကေလးကို ျပဳစုေစာင့္ေရွာက္ေနတာက ပိုေကာင္းတယ္ နင္ပို႔စ္တင္တဲ့အခ်ိန္မွာ နင္ရဲ့ကေလးက ကေလးထိန္းအႏိုင္က်င့္တာကို ခံေနရတာျဖစ္ႏိုင္တယ္ေလ“
Paid gpမွာ Gp 2 (chapter 131)ထိ ေရာက္ေနပါၿပီ။