အပိုင်း (၉၀) ဇနီးလေး...ကလေးယူချင်နေတာလား?
အိမ်မှာ ကလေးတွေမရှိတာကြောင့် ပိုင်လီနဲ့ရှောင်ဟန်က နှစ်ယောက်ထဲစားဖို့ဖြစ်လာခဲ့ပြီး ပိုင်လီက စားပွဲပေါ်က ဟင်းတွေကိုမြင်ချိန်တွင် မျက်မှောင်ကျုံ့သွားခဲ့တော့သည်။
ဒီနေ့ရဲ့ဟင်းတွေက ယုန်သားအစပ်ဟင်းနဲ့ ပိုင်လီတောထဲကခူးလာတဲ့ အရွက်တွေကိုရောကြော်ထားတဲ့အရွက်စုံကြော်ရယ် ကြက်ဥစွပ်ပြုတ်ရယ်ပါပဲ။
ရှောင်ဟန်က ပိုင်လီယူလာခဲ့တဲ့ ချက်လို့ရတဲ့အသီးတွေကိုတော့ ညစာအတွက်ချန်ထားခဲ့တယ်။
ပိုင်လီက ဟင်းတွေကိုကြည့်နေပြီး...
"မင်း ယုန်သားအကုန်လုံးကို အစပ်ဟင်းချက်လိုက်တာလား "
ရှောင်ဟန်ကမူ ပိုင်လီက ဘာကြောင့် ဒါကိုမေးရသလဲနားမလည်ပေ။ သူပဲ ယုန်သားအစပ်ဟင်းချက်ဖို့ပြောခဲ့တာမဟုတ်ဘူးလား။
"ဘာလို့လဲဟင် နည်းနေလို့လား အိုးထဲမှာရှိပါသေးတယ် "
အဲဒီနောက် ရှောင်ဟန်က တစ်ခုခုကိုသတိရသွားသဖြင့် အနည်းစိုးရိမ်ကာပြောလိုက်မိသည်။
"အာ...ကျွန်တော်. ကျွန်တော် အဖေတို့ကိုလည်း နည်းနည်းခပ်ပေးလိုက်သေးတယ်"
ဒါပေါ့ ပိုင်လီက ပိုင်အိမ်ကလူတွေအတွက် ဟင်းပေးလိုက်တာကို စိတ်ထဲမရှိပါဘူး။ ဒါ့အပြင် သူ့ဇနီးက သူ့မိသားစုအပေါ်သိတတ်တဲ့အတွက် သူဝမ်းတောင်သာပါသေးတယ်။ ဒါပေမယ့်...
" မင်းက အစပ်မစားနိုင်ဘူးလေ ဘာကြောင့် ဟင်းကိုခွဲမချက်တာလဲ "
ရှောင်ဟန်သည် အစပ်မစားနိုင်ပေ။ ပိုင်လီက ဒါကိုသိနေရက်နဲ့ သူက ရှောင်ဟန်ကို အစပ်ဟင်းချက်ဖို့သာမှာခဲ့မိပြီး တချို့ကို အစပ်မပါဘဲခွဲချက်ရန် မမှာခဲ့မိသဖြင့် သူ့ကိုယ်သူအပြစ်တင်လိုက်မိသည်။ ဒီကောင်လေးရင် သူမှာရင် မှာသလိုပဲလုပ်တတ်တာကို သူခဏမေ့သွားခဲ့မိတာပဲ။
ရှောင်ဟန်ကတော့ ဒီမေးခွန်းထုတ်မှုက သူ့အတွက်ဟုမထင်ထားခဲ့သဖြင့် အံသြသွားခဲ့ရကာ နဂိုရှုပ်ထွေးနေသည့် သူ၏စိတ်များကလည်း အနည်းငယ်ပြေလျော့သွားခဲ့ရသည်။ သူက....
"အဆင်ပြေပါတယ် ဒီမှာဥတွေပါတဲ့စွပ်ပြုတ်ရှိတာပဲလေ အရွက်ကြော်ကလည်း အရသာရှိပါတယ်"
သူတို့အိမ်တွင် ပိုင်လီ၏သဘောဆန္ဒအရ ဆီ၊ဆားနှင့်သကြားကို ခြွေတာပြီးသုံး၍မရနိုင်ပေ။ ဒါကြောင့် ဆီဝေ့နေတဲ့အသီးရွက်က အရသာရှိပြီး ကြက်ဥစွပ်ပြုတ်ကလည်း အရမ်းကောင်းပါတယ်။ အဲဒါက သူတို့အရင်တုန်းက ချက်နေကျဖြစ်တဲ့ အသီးရွက်ရေလုံပြုတ်ထားတဲ့ဟင်းတွေထက် အများကြီးပိုကောင်းပြီး ထမင်းကလည်း အဝါမဟုတ်ဘဲ မယအဖြူဖြစ်နေတာကြောင့် ရှောင်ဟန်က ပျော်ပျော်ကြီးစားနိုင်တယ်။
အမှန်တိုင်းသာဝန်ခံရရင် သူကဒီလောက်ကောင်းကောင်းမွန်မွန်စားရတာနဲ့တင် ကျေနပ်နေပြီရယ်။
သို့သော် ပိုင်လီကမူ လက်မခံနိုင်ဘဲ...
"ဒါကဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ ရှောင်ဟန် နောက်ကို ကိုယ်နဲ့ကလေးတွေက အစပ်စားလို့ အစပ်ဟင်းချက်ရင်တောင် မင်းအတွက် သီးသန့်ခွဲထားလို့ရပါတယ် ဒီနေ့လိုမျိုးမလုပ်နဲ့နော် "
အဲဒီနောက် သူကထသွားသဖြင့် ခေါင်းငြိမ့်ပြင်နေသော ရှောင်ဟန်က မသင်္ကာဖြစ်ကာ အမြန်မေးလိုက်ရသည်။
"ခင်ဗျား.. ဘာလုပ်မလို့လဲ"
ပိုင်လီက...
"အိမ်မှာ ဒရယ်သားခြောက်တွေ ရှိတယ်မလား ကိုယ်မင်းအတွက် နည်းနည်းကင်ပေးမယ်လေ "
ရှောင်ဟန်က ဒီလူက ဒီလောက် စိတ်မြန်ကိုယ်မြန်ရှိမည်ဟု မထင်ထားသဖြင့် အမြန်လှမ်းဆွဲလိုက်ရကာ...
" အဲတာက ဆောင်းတွင်းအတွက် စုထားတာတွေလေ ဒါက နေ့လည်စာလေးတစ်နပ်ပဲကို ပြီးတော့ ဟင်းမရှိတာလည်းမဟုတ်ဘူး မလုပ်ပါနဲ့တော့ ခင်ဗျားဗိုက်ဆာနေတာလို့မပြောဘူးလား"
ဒါပေါ့ စားချိန်ရောက်လို့ ပိုင်လီကညနည်းနည်းဟာသလိုခံစားရတာပေါ့။ ဒါပေမယ့် အဲတာက အရမ်းဆာလောင်နေတာမှမဟုတ်တာ။ ဒါကြောင့် သူက ရှောင်ဟန်၏လက်ကို အသာဖြုတ်ချခဲ့လိုက်သည်။
"အဲဒါက သိပ်ကြာမှာမဟုတ်ပါဘူး ခဏပဲစောင့်လိုက်"
အဲဒါက တကယ်ကိုသိပ်မကြာခဲ့ပါချေ။ သူတို့အိမ်မှာ မီးလက်စရှိသေးပြီး အဲဒါက ထင်းမီးမဟုတ်တော့ဘဲ မီးခဲသေးသေးလေးတွေဖြစ်သဖြင့် အသားကင်ဖို့အဆင်ပြေသွားကာ ပိုင်လီက ဒရယ်သားအနည်းငယ်ကို လျှင်မြန်စွာကင်ခဲ့လိုက်သည်။
အဲဒီနောက် အသားကင်ဖို့ မတားနိုင်လိုက်တဲ့ရှောင်ဟန်က သူ့ခင်ပွန်းရဲ့စောင့်ကြည့်မှုအောက်မှာ အသားခြောက်ကင်ကို စားခဲ့ရပြီး ထိုအချိန်၌သူ သည် ထူးဆန်းမှုကိုခံစားခဲ့ရသည်။
သူ့ခင်ပွန်းက သူ့အတွက် သီးသန့်ဟင်းလုပ်ပေးခဲ့တာပဲ။ ဟုတ်တယ်မလား။
ရှောင်ဟန်သည် သူခံစားနေရသည့် ခံစားချက်အား ရှင်းပြရန်ခက်ခဲပါသော်လည်း သူက နောက်ထပ် ဒါမျိုးမလုပ်ရဲတော့သဖြင့် နောက်တွင်ဘအစပ်ဟင်းချက်ပါက အစပ်မထည့်ခင် သူ့အတွက်အနည်းငယ်ခွဲထားဖို့ ဆုံးဖြတ်ခဲ့ရတော့သည်။ မဟုတ်ရင် သူ့ခင်ပွန်းက သူကိုယ်တိုင်သူ့အတွက် ဟင်းစီစဥ်ပေးပါလိမ့်မယ်။ အဲဒါက တစ်မျိုးတော့ခံစားရပေမယ့် ကြောက်စရာလည်းကောင်းတယ်လေ။
သူတို့ နေ့လည်စားပြီးချိန်တွင်ပင် ပိုင်အဖေတို့ကအသေးလေးတွေနှင့်အတူ ပြန်ရောက်လာခဲ့ကျပြီး အသေးလေးတွေက သူတို့အဖေတွေကိုခေါ်ကာ အိမ်ထဲပြေးဝင်လာကျပြီး ပိုင်လီကိုတွေ့လိုက်ချိန်တွင် သူတို့က သူတို့ကိုယ်လေးတွေနှင့်ပြစ်ဝင်လာကျတော့သည်။
ပိုင်လီက တစ်မနက်လုံး အိမ်မကပ်သည့် ထိုကောင်လေးတွေကိုဖက်လိုက်ပြီး...
"မင်းတို့တွေ အိမ်ပြန်လာဖို့ သတိရသေးတယ်ပေါ့လေ နေလည်စာကရော စားပြီးကျပြီလား"
ဒါကိုကြားတော့ ရှောင်ဖူနဲ့ရှောင်ဝူက ပိုင်လီကို မှီတွယ်နေကျရင်းမှ ပြန်ဖြေလာခဲ့ကျ၏။
"သားတို့က စားပြီးပြီ ဖွားဖွားက သားတို့ကိုကျွေးတာ"
"ဟုတ်တယ် ဖွားဖွားက သားကို အဆီပါတဲ့အသားအကြီးကြီးပေးတယ်"
ကျေးလက်ရှိလူများသည် အဆီပါတဲ့အသားက အကောင်းဆုံးဟု ယူဆထားကျသဖြင့် ပိုင်လီက ရှောင်ဝူ၏စကားကို ကြားချိန်တွင် သူ့သားငယ်လေးကလည်း လူကြီးတွေစကားနှင့် အဆီပါတဲ့အသားကအကောင်းဆုံးဆိုတာ သိနေပြီဟုနားလည်သွားခဲ့သည်။
သူက ရှောင်ဝူရဲ့ပါးလေးကိုတို့လိုက်ပြီးတော့...
"မင်း အဆီပါတဲ့အသားတွေကို လျော့စားသင့်တယ်နော် မဟုတ်ရင် လူဝလေးဖြစ်လာလိမ့်မယ်"
ရှောင်ဝူက ဒါကိုနားမလည်ဘဲ နားလည်ရင်လည်းဂရုမစိုက်ပါဘူး။ သူက သူ့ပါးလေးကိုလာလာထိနေတဲ့သူ့အဖေရဲ့လက်ကိုဖမ်းလိုက်ပြီးတော့ မေးလိုက်သည်မှာ...
"အဖေ စူးစူးရော ပြန်မလာသေးဘူးဟင် သား သူ့ကိုအသီးတွေမကျွေးရသေးဘူး"
ပိုင်လီက အပယ်ထွက်လာခဲ့သည့် အသီးတွေကို အသေးလေးတွေအား စူးစူးအား ကျွေးနိုင်ကြောင်းပြောပြီး ပေးထားခဲ့သဖြင့် ဒီကောင်လေးများသည်အိမ်ကကျွဲကြီး ပြန်အလာကို မျှော်နေသည်မှာမထူးဆန်းပါချေ။
"စူးစူးက မင်းတို့ရဲ့တတိယဦးဦးနဲ့ မြို့ကိုသွားတာလေ ညနေလောက်မှပြန်ရောက်မှာပေါ့ သားတို့က အခုကြက်လေးတွေကို ကျွေးထားနှင့်လို့ရတယ်လေ"
ဒါကိုကြားတော့ အသေးလေးများ၏မျက်လုံးလေးတွေကပြူးလာကျပြီး...
"ကြက်လေးတွေကရော အသီးစားတာလားဟင်"
"ဝါး.. စူးစူးက အသီးတွေကို တစ်ယောက်ထဲစားလို့မရတော့ဘူး သူက ကြက်လေးတွေကို မျှပေးရတော့မယ်!"
ပိုင်လီသည် သူ၏သားလေးတွေ၏ စကားများနေသည့်ပုံလေးတွေကိုလည်း အရမ်းသဘောကျတာဖြစ်သည်။ သူက သူ့သားလေးတွေကို ချစ်မြတ်နိုးစွာကြည့်လိုက်ပြီး...
"ကောင်းပြီ အပြင်က ခြင်းထဲကနေ အသီးတစ်ယောက်တစ်လုံးစီယူပြီး မင်းတို့ဖေဖေကို စိတ်ပေးပါလို့သွားပြောလိုက် ပြီးရင် အစိတ်လေးတွေကို ကြက်လေးတွေရှေ့ချပေးလိုက် မှတ်ထားရမယ်နော် သားတို့စားချင်ရင်တော့ အပြင်ကအသီးတွေကိုမစားရဘူး အိမ်ထဲကအသီးတွေကိုပဲစားရမယ် မစားခင် အဖေ့ကိုပဲဖြစ်ဖြစ် မင်းတို့ဖေဖေကိုပဲဖြစ်ဖြစ် ရေဆေးပေးဖို့ပြောရမယ် ဟုတ်ပြီလား"
အသေးလေးများသည် သူတို့နားလည်ကြောင်းကိူတတ်ကြွစွာဖြေကြားပြီးနောက် အပြင်မှအသီးတွေသွားယူကာ စိတ်ခိုင်းရန်အတွက် ရှောင်ဟန်ကို သွားရှာကျတော့သည်။ ရှောင်ဟန်က သူတို့ရဲ့ သစ်တော်သီးတွေကို ကြက်စာကျွေးမည့်အစီစဥ်အား ကြားပြီးနောက် ရှားပါးအဖိုးတန်တဲ့အသီးများကို ကြက်စာကျွေးကျမည်ဖြစ်သဖြင့် ရင်နာသွားသော်လည်း ထိုအသီးများကအကောင်းများမဟုတ်လေရာ ကိုယ့်ကိုကိုယ်ဖြေသိမ့်ခဲ့ရ၏။
သူ အသီးတွေကို စိတ်ပေးလိုက်တော့ ထိုကောင်လေးတွေက ပြေးထွက်သွားကျပြီး ရှောင်ဟန်ကလည်း သူလုပ်စရာရှိတာများကို ဆက်လုပ်နေခဲ့လိုက်သည်။
ပိုင်လီကလည်း အသေးလေးတွေထွက်သွားတော့ ပိုင်အဖေတို့ သစ်သားရုပ်လုပ်နေရာကိုသွားခဲ့ပြီး ပိုင်အဖေက သူဒီနေ့ယူလာတဲ့ သစ်မာသားတွေကို ကြည့်နေကြောင်း တွေ့လိုက်ရသဖြင့်...
"အဖေ..ကျွန်တော်စဥ်းစားထားတာရှိတယ် ရုံအိမ်နဲ့ကျန်းအိမ်က နေ့တိုင်းအိမ်ကိုလာနေရတာ ဘာလို့သူတို့ကို သစ်သားတွေထည့်မပေးလိုက်ရမှာလဲလို့လေ ဒါဆို သူတို့ ကိုယ့်အိမ်မှာကိုယ် အေးအေးဆေးဆေးလုပ်လို့ရနိုင်တယ်မလား"
ပိုင်အဖေက ဒါကိုကြားတော့...
"ဒါက မကောင်းတာတော့မဟုတ်ပါဘူး ဒါပေမယ့် ဒီလိုဆို မင်းပစ္စည်းတွေငှားလိုက်ရမှာနော်"
မြင်းရုပ်များလုပ်ဖို့ အကြမ်းထည်ဆိုရင်တောင် လက်သမားပစ္စည်းများလိုအပ်ပြီး ထိုပစ္စည်းများကစျေးကြီးလှသည်။ ပိုင်လီက ဒါတွေကို တကယ်ပဲသူများတွေကို ငှားပေးချင်ရဲ့လားဆိုတာ သေချာစဥ်းစားရပါမယ်။
ပိုင်လီကမူ ဒါကိုကြိုတွေးပြီးသားပါပင်။
"အဆင်ပြေပါတယ် ရုံအိမ်နဲ့ကျန်းအိမ်က သူစိမ်းတွေမှမဟုတ်တာဘဲ "
ပိုင်အဖေက ဒါကိုကြားတော့ ခေါင်းငြိမ့်လိုက်ပြီးတော့သာ ပြောလိုက်သည်ပင်။
"မင်းဒီလိုတွေးတာ ကောင်းပါတယ်"
နောက်တော့ သူတို့က ရုံအိမ်နှင့် ကျန်းအိမ်က လူများပြန်လာချိန်တွင် ဒါကိုပြောပြခဲ့ကျသည်။ တကယ်တော့ ဒါက တော်တော်လေးအဆင်ပြေတာကြောင့် ရုံမိသားစုနဲ့ကျန်းမိသားစုက လက်ခံလိုက်ကျပြီး သစ်သားတုံးများကိုယူကာ ပြန်သွားကျသဖြင့် ပိုင်လီ၏အိမ်တွင် ပိုင်မိသားစုသာ ကျန်ခဲ့တော့သည်။
ပိုင်လီက ပိုင်မိသားစုကိုတော့ မိသားစုတွေဖြစ်တာကြောင့် ဘာမှပြောမှာမဟုတ်ပါဘူး။ သူတို့က သူ့အိမ်ကိုလာလုပ်ချင်လည်းရပြီး ပိုင်အိမ်ကိုသယ်ပြီး လုပ်ချင်လည်းရတာပဲလေ။
ပိုင်အဖေက ဒီနေ့တော့ ပိုင်လီရဲ့အိမ်မှာပဲ လုပ်ကျပြီး နောက်ရက်အတွက်တော့ သူတို့လည်း အိမ်သို့ သယ်သွားမည်ဟုပြောခဲ့သည်။ ဘာပဲပြောပြော သူတို့အိမ်မှာလည်း လူတွေရှိတာက ပိုကောင်းတယ်မဟုတ်ဘူးလား။
ပိုင်လီက ဒီအတွက်မူ ဘာမှဘာမှမပြောခဲ့ဘဲ နေ့လယ်ခင်းတစ်ခုလုံးကို မြင်းရုပ်အကြမ်းထည်များအချောသပ်ရင်းဖြင့်ကုန်ဆုံးခဲ့လိုက်သည်။ သူကဒီအရုပ်တွေအချောသပ်ပြီးရင် ပိုင်အိမ်အတွက် စားပွဲတစ်စုံကို လုပ်ပေးချင်နေတာပါ။
တစ်ခါတစ်လေတော့ သူ့အိမ်က လူသားအသေးလေးတွေက သူတို့အလုပ်လုပ်နေကျတဲ့နား ဝေ့လည်ဝေ့လည်နဲ့ ရောက်လာကျသေးပေမယ့် မကြာခင်မှာပဲရှောင်ဟန်က ခိုက်မိမှာစိုး၍ လာလာခေါ်သွားတတ်ပြီး ဒီလိုနဲ့ နေစောင်းမှာ ပိုင်စန်းလည်းပြန်ရောက်လာခဲ့ကာ ပိုင်အမေနဲ့ ပိုင်မိန်တို့ကလည်း ရောက်လာခဲ့ကျသည်။
ပိုင်မိန်ဆိုတဲ့ကလေးမကတော့ ပိုင်လီကိုတွေ့တာနဲ့ ပုလဲထည်တွေက ဘယ်လောက်လှကြောင်းနဲ့ သူမဘယ်လောက်ကြိုက်ကြောင်း ပြော၍ အသေးလေးတွေနဲ့အပြိုင် ပိုင်လီကပ်နေခဲ့ပြီး ပိုင်လီကမူ လူအလစ်တွင် ပိုင်အမေအား ရှောင်ဟန်အား တစ်ခုခုပြောခဲ့သေးဟု၍ မေးမြန်းခဲ့လိုက်၏။
အဲဒါက ပိုင်အမေက ဆူတာလို့မထင်ပေမယ့် ပိုင်လီကတော့ ပိုင်အိမ်ကနေပြန်လာပြီးနောက်မှ ရှောင်ဟန်က တစ်မျိုးဖြစ်သွားတာဖြစ်လို့ ပိုင်အိမ်နဲ့ တစ်ခုခုပတ်သက်နေမည်ဟု တွေးမိခဲ့ပြီး သဲလွန်စလေးမှရရ ပိုင်အမေကို မေးမြန်းကြည့်ခဲ့တာဖြစ်သည်။ ဒါပေမယ့် သူက အမှန်ကိုသိလိုက်ရမယ်လို့တော့ မထင်ထားခဲ့ပါဘူး။
အဲဒါက တကယ် ပိုင်အမေကြောင့်ဖြစ်နေပြီး မော့ဟွာမှာ ရှောင်ဟန်က ငေးငိုင်ပြီး သက်ပြင်းတချချဖြစ်နေသည်ဟု ကြားသောအခါ သူမကရယ်မောပြီး မနက်က သူမက ကလေးထပ်ယူဖို့ တိုက်တွန်းခဲ့ကြောင်းကို ပိုင်လီအားပြောပြခဲ့၏။
ကြည့်ရသည်မှာ ရှောင်ဟန်က ပိုင်လီကိုပြောပြဖို့ အခက်တွေ့နေတဲ့ပုံမလို့ သူမကတောင် ပိုင်လီအား ရှောင်ဟန်အပေါ်ကောင်းဖို့ကို မှာခဲ့လိုက်သေးကာ ရလဒ်မှာတော့ ထိုည၌ ပိုင်လီက ရှောင်ဟန်အားပေါ်တင်သွားမေးခဲ့ခြင်းပင်ဖြစ်တော့သည်။
ပိုင်လီက သူ့စကားကိုနားမထောင်ဘဲ ညဘက်အဝတ်ချုပ်ဖို့ ပြင်နေတဲ့ကောင်လေးကို ဝေခွဲရခက်စွာကြည့်လိုက်ပြီး သံသယများစွာဖြင့်....
"ရှောင်ဟန် မင်း... မင်းလေ
ကလေးထပ်ယူချင်နေတာများလား?"
.....................................................................
(AN/ ပိုင်လီကလေ တခြားနေရာတွေမှာ တော်ပေမယ့် ရည်းစားကတော့ တစ်ခါမှမထားဘူးသေးတဲ့ လူရိုးလေးပါ။😐
paid မှာ 179ထိပြီးပါပြီ။ 190ကျော်လောက်မှာ ပြီးမှာဖြစ်ပါတယ်။)
###
အပိုင္း (၉၀) ဇနီးေလး...ကေလးယူခ်င္ေနတာလား?
အိမ္မွာ ကေလးေတြမရွိတာေၾကာင့္ ပိုင္လီနဲ႕ေရွာင္ဟန္က ႏွစ္ေယာက္ထဲစားဖို႔ျဖစ္လာခဲ့ၿပီး ပိုင္လီက စားပြဲေပၚက ဟင္းေတြကိုျမင္ခ်ိန္တြင္ မ်က္ေမွာင္က်ဳံ႕သြားခဲ့ေတာ့သည္။
ဒီေန႕ရဲ႕ဟင္းေတြက ယုန္သားအစပ္ဟင္းနဲ႕ ပိုင္လီေတာထဲကခူးလာတဲ့ အ႐ြက္ေတြကိုေရာေၾကာ္ထားတဲ့အ႐ြက္စုံေၾကာ္ရယ္ ၾကက္ဥစြပ္ျပဳတ္ရယ္ပါပဲ။
ေရွာင္ဟန္က ပိုင္လီယူလာခဲ့တဲ့ ခ်က္လို႔ရတဲ့အသီးေတြကိုေတာ့ ညစာအတြက္ခ်န္ထားခဲ့တယ္။
ပိုင္လီက ဟင္းေတြကိုၾကည့္ေနၿပီး...
"မင္း ယုန္သားအကုန္လုံးကို အစပ္ဟင္းခ်က္လိုက္တာလား "
ေရွာင္ဟန္ကမူ ပိုင္လီက ဘာေၾကာင့္ ဒါကိုေမးရသလဲနားမလည္ေပ။ သူပဲ ယုန္သားအစပ္ဟင္းခ်က္ဖို႔ေျပာခဲ့တာမဟုတ္ဘူးလား။
"ဘာလို႔လဲဟင္ နည္းေနလို႔လား အိုးထဲမွာရွိပါေသးတယ္ "
အဲဒီေနာက္ ေရွာင္ဟန္က တစ္ခုခုကိုသတိရသြားသျဖင့္ အနည္းစိုးရိမ္ကာေျပာလိုက္မိသည္။
"အာ...ကြၽန္ေတာ္. ကြၽန္ေတာ္ အေဖတို႔ကိုလည္း နည္းနည္းခပ္ေပးလိုက္ေသးတယ္"
ဒါေပါ့ ပိုင္လီက ပိုင္အိမ္ကလူေတြအတြက္ ဟင္းေပးလိုက္တာကို စိတ္ထဲမရွိပါဘူး။ ဒါ့အျပင္ သူ႕ဇနီးက သူ႕မိသားစုအေပၚသိတတ္တဲ့အတြက္ သူဝမ္းေတာင္သာပါေသးတယ္။ ဒါေပမယ့္...
" မင္းက အစပ္မစားနိုင္ဘူးေလ ဘာေၾကာင့္ ဟင္းကိုခြဲမခ်က္တာလဲ "
ေရွာင္ဟန္သည္ အစပ္မစားနိုင္ေပ။ ပိုင္လီက ဒါကိုသိေနရက္နဲ႕ သူက ေရွာင္ဟန္ကို အစပ္ဟင္းခ်က္ဖို႔သာမွာခဲ့မိၿပီး တခ်ိဳ႕ကို အစပ္မပါဘဲခြဲခ်က္ရန္ မမွာခဲ့မိသျဖင့္ သူ႕ကိုယ္သူအျပစ္တင္လိုက္မိသည္။ ဒီေကာင္ေလးရင္ သူမွာရင္ မွာသလိုပဲလုပ္တတ္တာကို သူခဏေမ့သြားခဲ့မိတာပဲ။
ေရွာင္ဟန္ကေတာ့ ဒီေမးခြန္းထုတ္မႈက သူ႕အတြက္ဟုမထင္ထားခဲ့သျဖင့္ အံၾသသြားခဲ့ရကာ နဂိုရႈပ္ေထြးေနသည့္ သူ၏စိတ္မ်ားကလည္း အနည္းငယ္ေျပေလ်ာ့သြားခဲ့ရသည္။ သူက....
"အဆင္ေျပပါတယ္ ဒီမွာဥေတြပါတဲ့စြပ္ျပဳတ္ရွိတာပဲေလ အ႐ြက္ေၾကာ္ကလည္း အရသာရွိပါတယ္"
သူတို႔အိမ္တြင္ ပိုင္လီ၏သေဘာဆႏၵအရ ဆီ၊ဆားႏွင့္သၾကားကို ေႁခြတာၿပီးသုံး၍မရနိုင္ေပ။ ဒါေၾကာင့္ ဆီေဝ့ေနတဲ့အသီး႐ြက္က အရသာရွိၿပီး ၾကက္ဥစြပ္ျပဳတ္ကလည္း အရမ္းေကာင္းပါတယ္။ အဲဒါက သူတို႔အရင္တုန္းက ခ်က္ေနက်ျဖစ္တဲ့ အသီး႐ြက္ေရလုံျပဳတ္ထားတဲ့ဟင္းေတြထက္ အမ်ားႀကီးပိုေကာင္းၿပီး ထမင္းကလည္း အဝါမဟုတ္ဘဲ မယအျဖဴျဖစ္ေနတာေၾကာင့္ ေရွာင္ဟန္က ေပ်ာ္ေပ်ာ္ႀကီးစားနိုင္တယ္။
အမွန္တိုင္းသာဝန္ခံရရင္ သူကဒီေလာက္ေကာင္းေကာင္းမြန္မြန္စားရတာနဲ႕တင္ ေက်နပ္ေနၿပီရယ္။
သို႔ေသာ္ ပိုင္လီကမူ လက္မခံနိုင္ဘဲ...
"ဒါကဘယ္လိုလုပ္ အဆင္ေျပနိုင္မွာလဲ ေရွာင္ဟန္ ေနာက္ကို ကိုယ္နဲ႕ကေလးေတြက အစပ္စားလို႔ အစပ္ဟင္းခ်က္ရင္ေတာင္ မင္းအတြက္ သီးသန့္ခြဲထားလို႔ရပါတယ္ ဒီေန႕လိုမ်ိဳးမလုပ္နဲ႕ေနာ္ "
အဲဒီေနာက္ သူကထသြားသျဖင့္ ေခါင္းၿငိမ့္ျပင္ေနေသာ ေရွာင္ဟန္က မသကၤာျဖစ္ကာ အျမန္ေမးလိုက္ရသည္။
"ခင္ဗ်ား.. ဘာလုပ္မလို႔လဲ"
ပိုင္လီက...
"အိမ္မွာ ဒရယ္သားေျခာက္ေတြ ရွိတယ္မလား ကိုယ္မင္းအတြက္ နည္းနည္းကင္ေပးမယ္ေလ "
ေရွာင္ဟန္က ဒီလူက ဒီေလာက္ စိတ္ျမန္ကိုယ္ျမန္ရွိမည္ဟု မထင္ထားသျဖင့္ အျမန္လွမ္းဆြဲလိုက္ရကာ...
" အဲတာက ေဆာင္းတြင္းအတြက္ စုထားတာေတြေလ ဒါက ေန႕လည္စာေလးတစ္နပ္ပဲကို ၿပီးေတာ့ ဟင္းမရွိတာလည္းမဟုတ္ဘူး မလုပ္ပါနဲ႕ေတာ့ ခင္ဗ်ားဗိုက္ဆာေနတာလို႔မေျပာဘူးလား"
ဒါေပါ့ စားခ်ိန္ေရာက္လို႔ ပိုင္လီကညနည္းနည္းဟာသလိုခံစားရတာေပါ့။ ဒါေပမယ့္ အဲတာက အရမ္းဆာေလာင္ေနတာမွမဟုတ္တာ။ ဒါေၾကာင့္ သူက ေရွာင္ဟန္၏လက္ကို အသာျဖဳတ္ခ်ခဲ့လိုက္သည္။
"အဲဒါက သိပ္ၾကာမွာမဟုတ္ပါဘူး ခဏပဲေစာင့္လိုက္"
အဲဒါက တကယ္ကိုသိပ္မၾကာခဲ့ပါေခ်။ သူတို႔အိမ္မွာ မီးလက္စရွိေသးၿပီး အဲဒါက ထင္းမီးမဟုတ္ေတာ့ဘဲ မီးခဲေသးေသးေလးေတြျဖစ္သျဖင့္ အသားကင္ဖို႔အဆင္ေျပသြားကာ ပိုင္လီက ဒရယ္သားအနည္းငယ္ကို လွ်င္ျမန္စြာကင္ခဲ့လိုက္သည္။
အဲဒီေနာက္ အသားကင္ဖို႔ မတားနိုင္လိုက္တဲ့ေရွာင္ဟန္က သူ႕ခင္ပြန္းရဲ႕ေစာင့္ၾကည့္မႈေအာက္မွာ အသားေျခာက္ကင္ကို စားခဲ့ရၿပီး ထိုအခ်ိန္၌သူ သည္ ထူးဆန္းမႈကိုခံစားခဲ့ရသည္။
သူ႕ခင္ပြန္းက သူ႕အတြက္ သီးသန့္ဟင္းလုပ္ေပးခဲ့တာပဲ။ ဟုတ္တယ္မလား။
ေရွာင္ဟန္သည္ သူခံစားေနရသည့္ ခံစားခ်က္အား ရွင္းျပရန္ခက္ခဲပါေသာ္လည္း သူက ေနာက္ထပ္ ဒါမ်ိဳးမလုပ္ရဲေတာ့သျဖင့္ ေနာက္တြင္ဘအစပ္ဟင္းခ်က္ပါက အစပ္မထည့္ခင္ သူ႕အတြက္အနည္းငယ္ခြဲထားဖို႔ ဆုံးျဖတ္ခဲ့ရေတာ့သည္။ မဟုတ္ရင္ သူ႕ခင္ပြန္းက သူကိုယ္တိုင္သူ႕အတြက္ ဟင္းစီစဥ္ေပးပါလိမ့္မယ္။ အဲဒါက တစ္မ်ိဳးေတာ့ခံစားရေပမယ့္ ေၾကာက္စရာလည္းေကာင္းတယ္ေလ။
သူတို႔ ေန႕လည္စားၿပီးခ်ိန္တြင္ပင္ ပိုင္အေဖတို႔ကအေသးေလးေတြႏွင့္အတူ ျပန္ေရာက္လာခဲ့က်ၿပီး အေသးေလးေတြက သူတို႔အေဖေတြကိုေခၚကာ အိမ္ထဲေျပးဝင္လာက်ၿပီး ပိုင္လီကိုေတြ႕လိုက္ခ်ိန္တြင္ သူတို႔က သူတို႔ကိုယ္ေလးေတြႏွင့္ျပစ္ဝင္လာက်ေတာ့သည္။
ပိုင္လီက တစ္မနက္လုံး အိမ္မကပ္သည့္ ထိုေကာင္ေလးေတြကိုဖက္လိုက္ၿပီး...
"မင္းတို႔ေတြ အိမ္ျပန္လာဖို႔ သတိရေသးတယ္ေပါ့ေလ ေနလည္စာကေရာ စားၿပီးက်ၿပီလား"
ဒါကိုၾကားေတာ့ ေရွာင္ဖူနဲ႕ေရွာင္ဝူက ပိုင္လီကို မွီတြယ္ေနက်ရင္းမွ ျပန္ေျဖလာခဲ့က်၏။
"သားတို႔က စားၿပီးၿပီ ဖြားဖြားက သားတို႔ကိုေကြၽးတာ"
"ဟုတ္တယ္ ဖြားဖြားက သားကို အဆီပါတဲ့အသားအႀကီးႀကီးေပးတယ္"
ေက်းလက္ရွိလူမ်ားသည္ အဆီပါတဲ့အသားက အေကာင္းဆုံးဟု ယူဆထားက်သျဖင့္ ပိုင္လီက ေရွာင္ဝူ၏စကားကို ၾကားခ်ိန္တြင္ သူ႕သားငယ္ေလးကလည္း လူႀကီးေတြစကားႏွင့္ အဆီပါတဲ့အသားကအေကာင္းဆုံးဆိုတာ သိေနၿပီဟုနားလည္သြားခဲ့သည္။
သူက ေရွာင္ဝူရဲ႕ပါးေလးကိုတို႔လိုက္ၿပီးေတာ့...
"မင္း အဆီပါတဲ့အသားေတြကို ေလ်ာ့စားသင့္တယ္ေနာ္ မဟုတ္ရင္ လူဝေလးျဖစ္လာလိမ့္မယ္"
ေရွာင္ဝူက ဒါကိုနားမလည္ဘဲ နားလည္ရင္လည္းဂ႐ုမစိုက္ပါဘူး။ သူက သူ႕ပါးေလးကိုလာလာထိေနတဲ့သူ႕အေဖရဲ႕လက္ကိုဖမ္းလိုက္ၿပီးေတာ့ ေမးလိုက္သည္မွာ...
"အေဖ စူးစူးေရာ ျပန္မလာေသးဘူးဟင္ သား သူ႕ကိုအသီးေတြမေကြၽးရေသးဘူး"
ပိုင္လီက အပယ္ထြက္လာခဲ့သည့္ အသီးေတြကို အေသးေလးေတြအား စူးစူးအား ေကြၽးနိုင္ေၾကာင္းေျပာၿပီး ေပးထားခဲ့သျဖင့္ ဒီေကာင္ေလးမ်ားသည္အိမ္ကကြၽဲႀကီး ျပန္အလာကို ေမွ်ာ္ေနသည္မွာမထူးဆန္းပါေခ်။
"စူးစူးက မင္းတို႔ရဲ႕တတိယဦးဦးနဲ႕ ၿမိဳ႕ကိုသြားတာေလ ညေနေလာက္မွျပန္ေရာက္မွာေပါ့ သားတို႔က အခုၾကက္ေလးေတြကို ေကြၽးထားႏွင့္လို႔ရတယ္ေလ"
ဒါကိုၾကားေတာ့ အေသးေလးမ်ား၏မ်က္လုံးေလးေတြကျပဴးလာက်ၿပီး...
"ၾကက္ေလးေတြကေရာ အသီးစားတာလားဟင္"
"ဝါး.. စူးစူးက အသီးေတြကို တစ္ေယာက္ထဲစားလို႔မရေတာ့ဘူး သူက ၾကက္ေလးေတြကို မွ်ေပးရေတာ့မယ္!"
ပိုင္လီသည္ သူ၏သားေလးေတြ၏ စကားမ်ားေနသည့္ပုံေလးေတြကိုလည္း အရမ္းသေဘာက်တာျဖစ္သည္။ သူက သူ႕သားေလးေတြကို ခ်စ္ျမတ္နိုးစြာၾကည့္လိုက္ၿပီး...
"ေကာင္းၿပီ အျပင္က ျခင္းထဲကေန အသီးတစ္ေယာက္တစ္လုံးစီယူၿပီး မင္းတို႔ေဖေဖကို စိတ္ေပးပါလို႔သြားေျပာလိုက္ ၿပီးရင္ အစိတ္ေလးေတြကို ၾကက္ေလးေတြေရွ႕ခ်ေပးလိုက္ မွတ္ထားရမယ္ေနာ္ သားတို႔စားခ်င္ရင္ေတာ့ အျပင္ကအသီးေတြကိုမစားရဘူး အိမ္ထဲကအသီးေတြကိုပဲစားရမယ္ မစားခင္ အေဖ့ကိုပဲျဖစ္ျဖစ္ မင္းတို႔ေဖေဖကိုပဲျဖစ္ျဖစ္ ေရေဆးေပးဖို႔ေျပာရမယ္ ဟုတ္ၿပီလား"
အေသးေလးမ်ားသည္ သူတို႔နားလည္ေၾကာင္းကိူတတ္ႂကြစြာေျဖၾကားၿပီးေနာက္ အျပင္မွအသီးေတြသြားယူကာ စိတ္ခိုင္းရန္အတြက္ ေရွာင္ဟန္ကို သြားရွာက်ေတာ့သည္။ ေရွာင္ဟန္က သူတို႔ရဲ႕ သစ္ေတာ္သီးေတြကို ၾကက္စာေကြၽးမည့္အစီစဥ္အား ၾကားၿပီးေနာက္ ရွားပါးအဖိုးတန္တဲ့အသီးမ်ားကို ၾကက္စာေကြၽးက်မည္ျဖစ္သျဖင့္ ရင္နာသြားေသာ္လည္း ထိုအသီးမ်ားကအေကာင္းမ်ားမဟုတ္ေလရာ ကိုယ့္ကိုကိုယ္ေျဖသိမ့္ခဲ့ရ၏။
သူ အသီးေတြကို စိတ္ေပးလိုက္ေတာ့ ထိုေကာင္ေလးေတြက ေျပးထြက္သြားက်ၿပီး ေရွာင္ဟန္ကလည္း သူလုပ္စရာရွိတာမ်ားကို ဆက္လုပ္ေနခဲ့လိုက္သည္။
ပိုင္လီကလည္း အေသးေလးေတြထြက္သြားေတာ့ ပိုင္အေဖတို႔ သစ္သား႐ုပ္လုပ္ေနရာကိုသြားခဲ့ၿပီး ပိုင္အေဖက သူဒီေန႕ယူလာတဲ့ သစ္မာသားေတြကို ၾကည့္ေနေၾကာင္း ေတြ႕လိုက္ရသျဖင့္...
"အေဖ..ကြၽန္ေတာ္စဥ္းစားထားတာရွိတယ္ ႐ုံအိမ္နဲ႕က်န္းအိမ္က ေန႕တိုင္းအိမ္ကိုလာေနရတာ ဘာလို႔သူတို႔ကို သစ္သားေတြထည့္မေပးလိုက္ရမွာလဲလို႔ေလ ဒါဆို သူတို႔ ကိုယ့္အိမ္မွာကိုယ္ ေအးေအးေဆးေဆးလုပ္လို႔ရနိုင္တယ္မလား"
ပိုင္အေဖက ဒါကိုၾကားေတာ့...
"ဒါက မေကာင္းတာေတာ့မဟုတ္ပါဘူး ဒါေပမယ့္ ဒီလိုဆို မင္းပစၥည္းေတြငွားလိုက္ရမွာေနာ္"
ျမင္း႐ုပ္မ်ားလုပ္ဖို႔ အၾကမ္းထည္ဆိုရင္ေတာင္ လက္သမားပစၥည္းမ်ားလိုအပ္ၿပီး ထိုပစၥည္းမ်ားကေစ်းႀကီးလွသည္။ ပိုင္လီက ဒါေတြကို တကယ္ပဲသူမ်ားေတြကို ငွားေပးခ်င္ရဲ႕လားဆိုတာ ေသခ်ာစဥ္းစားရပါမယ္။
ပိုင္လီကမူ ဒါကိုႀကိဳေတြးၿပီးသားပါပင္။
"အဆင္ေျပပါတယ္ ႐ုံအိမ္နဲ႕က်န္းအိမ္က သူစိမ္းေတြမွမဟုတ္တာဘဲ "
ပိုင္အေဖက ဒါကိုၾကားေတာ့ ေခါင္းၿငိမ့္လိုက္ၿပီးေတာ့သာ ေျပာလိုက္သည္ပင္။
"မင္းဒီလိုေတြးတာ ေကာင္းပါတယ္"
ေနာက္ေတာ့ သူတို႔က ႐ုံအိမ္ႏွင့္ က်န္းအိမ္က လူမ်ားျပန္လာခ်ိန္တြင္ ဒါကိုေျပာျပခဲ့က်သည္။ တကယ္ေတာ့ ဒါက ေတာ္ေတာ္ေလးအဆင္ေျပတာေၾကာင့္ ႐ုံမိသားစုနဲ႕က်န္းမိသားစုက လက္ခံလိုက္က်ၿပီး သစ္သားတုံးမ်ားကိုယူကာ ျပန္သြားက်သျဖင့္ ပိုင္လီ၏အိမ္တြင္ ပိုင္မိသားစုသာ က်န္ခဲ့ေတာ့သည္။
ပိုင္လီက ပိုင္မိသားစုကိုေတာ့ မိသားစုေတြျဖစ္တာေၾကာင့္ ဘာမွေျပာမွာမဟုတ္ပါဘူး။ သူတို႔က သူ႕အိမ္ကိုလာလုပ္ခ်င္လည္းရၿပီး ပိုင္အိမ္ကိုသယ္ၿပီး လုပ္ခ်င္လည္းရတာပဲေလ။
ပိုင္အေဖက ဒီေန႕ေတာ့ ပိုင္လီရဲ႕အိမ္မွာပဲ လုပ္က်ၿပီး ေနာက္ရက္အတြက္ေတာ့ သူတို႔လည္း အိမ္သို႔ သယ္သြားမည္ဟုေျပာခဲ့သည္။ ဘာပဲေျပာေျပာ သူတို႔အိမ္မွာလည္း လူေတြရွိတာက ပိုေကာင္းတယ္မဟုတ္ဘူးလား။
ပိုင္လီက ဒီအတြက္မူ ဘာမွဘာမွမေျပာခဲ့ဘဲ ေန႕လယ္ခင္းတစ္ခုလုံးကို ျမင္း႐ုပ္အၾကမ္းထည္မ်ားအေခ်ာသပ္ရင္းျဖင့္ကုန္ဆုံးခဲ့လိုက္သည္။ သူကဒီအ႐ုပ္ေတြအေခ်ာသပ္ၿပီးရင္ ပိုင္အိမ္အတြက္ စားပြဲတစ္စုံကို လုပ္ေပးခ်င္ေနတာပါ။
တစ္ခါတစ္ေလေတာ့ သူ႕အိမ္က လူသားအေသးေလးေတြက သူတို႔အလုပ္လုပ္ေနက်တဲ့နား ေဝ့လည္ေဝ့လည္နဲ႕ ေရာက္လာက်ေသးေပမယ့္ မၾကာခင္မွာပဲေရွာင္ဟန္က ခိုက္မိမွာစိုး၍ လာလာေခၚသြားတတ္ၿပီး ဒီလိုနဲ႕ ေနေစာင္းမွာ ပိုင္စန္းလည္းျပန္ေရာက္လာခဲ့ကာ ပိုင္အေမနဲ႕ ပိုင္မိန္တို႔ကလည္း ေရာက္လာခဲ့က်သည္။
ပိုင္မိန္ဆိုတဲ့ကေလးမကေတာ့ ပိုင္လီကိုေတြ႕တာနဲ႕ ပုလဲထည္ေတြက ဘယ္ေလာက္လွေၾကာင္းနဲ႕ သူမဘယ္ေလာက္ႀကိဳက္ေၾကာင္း ေျပာ၍ အေသးေလးေတြနဲ႕အၿပိဳင္ ပိုင္လီကပ္ေနခဲ့ၿပီး ပိုင္လီကမူ လူအလစ္တြင္ ပိုင္အေမအား ေရွာင္ဟန္အား တစ္ခုခုေျပာခဲ့ေသးဟု၍ ေမးျမန္းခဲ့လိုက္၏။
အဲဒါက ပိုင္အေမက ဆူတာလို႔မထင္ေပမယ့္ ပိုင္လီကေတာ့ ပိုင္အိမ္ကေနျပန္လာၿပီးေနာက္မွ ေရွာင္ဟန္က တစ္မ်ိဳးျဖစ္သြားတာျဖစ္လို႔ ပိုင္အိမ္နဲ႕ တစ္ခုခုပတ္သက္ေနမည္ဟု ေတြးမိခဲ့ၿပီး သဲလြန္စေလးမွရရ ပိုင္အေမကို ေမးျမန္းၾကည့္ခဲ့တာျဖစ္သည္။ ဒါေပမယ့္ သူက အမွန္ကိုသိလိုက္ရမယ္လို႔ေတာ့ မထင္ထားခဲ့ပါဘူး။
အဲဒါက တကယ္ ပိုင္အေမေၾကာင့္ျဖစ္ေနၿပီး ေမာ့ဟြာမွာ ေရွာင္ဟန္က ေငးငိုင္ၿပီး သက္ျပင္းတခ်ခ်ျဖစ္ေနသည္ဟု ၾကားေသာအခါ သူမကရယ္ေမာၿပီး မနက္က သူမက ကေလးထပ္ယူဖို႔ တိုက္တြန္းခဲ့ေၾကာင္းကို ပိုင္လီအားေျပာျပခဲ့၏။
ၾကည့္ရသည္မွာ ေရွာင္ဟန္က ပိုင္လီကိုေျပာျပဖို႔ အခက္ေတြ႕ေနတဲ့ပုံမလို႔ သူမကေတာင္ ပိုင္လီအား ေရွာင္ဟန္အေပၚေကာင္းဖို႔ကို မွာခဲ့လိုက္ေသးကာ ရလဒ္မွာေတာ့ ထိုည၌ ပိုင္လီက ေရွာင္ဟန္အားေပၚတင္သြားေမးခဲ့ျခင္းပင္ျဖစ္ေတာ့သည္။
ပိုင္လီက သူ႕စကားကိုနားမေထာင္ဘဲ ညဘက္အဝတ္ခ်ဳပ္ဖို႔ ျပင္ေနတဲ့ေကာင္ေလးကို ေဝခြဲရခက္စြာၾကည့္လိုက္ၿပီး သံသယမ်ားစြာျဖင့္....
"ေရွာင္ဟန္ မင္း... မင္းေလ
ကေလးထပ္ယူခ်င္ေနတာမ်ားလား?"
.....................................................................
(AN/ ပိုင္လီကေလ တျခားေနရာေတြမွာ ေတာ္ေပမယ့္ ရည္းစားကေတာ့ တစ္ခါမွမထားဘူးေသးတဲ့ လူရိုးေလးပါ။😐
paid မွာ 179ထိၿပီးပါၿပီ။ 190ေက်ာ္ေလာက္မွာ ၿပီးမွာျဖစ္ပါတယ္။)