Unicode
ကုမျန်က ထိုအချိန်မှာ အနည်းငယ် စိတ်ရှုပ်နေဆဲပင်။ မျက်လုံးတွေကိုပွတ်သပ်လိုက်ပြီး သူမပထမဆုံးမြင်လိုက်ရတဲ့အရာက ခန်ယန်ယန်ဆီမှ မက်ဆေ့ခ်ျတစ်စောင်ဖြစ်တယ်။ [National Big Sister တစ်နေ့နေ့ ရှင်နာမည်ကြီးသွားရင် ရှင့်ရဲ့ညီမလေးကို ကူညီပေးဖို့ မမေ့နဲ့နော်[ပြုံးနေတဲ့မျက်နှာ]]
ကုမျန် replyပြန်လိုက်ပြီး တခြားဘာမှ မဖတ်ရသေးခင်မှာ နာနီ၀င်လာပြီး ကုကော်အန်းပြန်လာပြီလို့ သူမကိုပြောခဲ့တယ်။
ကုကော်အန်းက တစ်ပတ်လောက် အလုပ်ကိစ္စနဲ့ ခရီးထွက်နေခဲ့တာ။ ကုမျန်အိမ်ပြန်လာပြီဆိုတာကို သိပြီးနောက် သူ့ရဲ့ခုနစ်ရက်စာအလုပ်ကို ငါးရက်အဖြစ်လျှော့ကာ တစ်ညလုံး အပြေးအလွှားပြန်လာခဲ့တယ်။
ကုမျန် ရေချိုးပြီး အောက်ထပ်ကိုဆင်းလာလိုက်တယ်။ သူမ ပထမဆုံးမြင်လိုက်ရတာက ဖုန်တွေဖုံးလွှမ်းနေတဲ့ ကုကော်အန်းဖြစ်တယ်။ တစ်နှစ်ပတ်လုံး အလုပ်တွေရှုပ်နေရတာကြောင့် ဖြစ်နိုင်တယ်၊သူ့ကိုကြည့်ရတာ သူ့ရဲ့ဖြစ်သင့်တဲ့အသက်အရွယ်ထက် အနည်းငယ်ပိုကြီးနေပုံရပြီး ဆံပင်တိုတိုနဲ့ပင်။ ကုမျန်ကိုမြင်သွားတဲ့အခါ နူးညံ့ညင်သာတဲ့ အပြုံးတစ်ပွင့်က သူ့မျက်နှာပေါ်, ဖြစ်ပေါ်လာတယ်။ "မျန်းမျန်"
ကုမျန်က အောက်ထပ်ကိုရောက်လာတဲ့အခါ ခေတ္တရပ်လိုက်တယ်။"ဖေဖေ"
အဲဒါကိုကြားတော့ ကုကော်အန်းရဲ့မျက်နှာပေါ်က အပြုံးက ပိုသိသာလာတယ်။ "သမီး မနက်စာ မစားရသေးဘူးမလား။ လာ၊ ဖေဖေနဲ့ အတူလာစား"
မနက်စာစားနေတဲ့အချိန်အတွင်း ကုကော်အန်းက ကုမျန်ရဲ့အလုပ်နဲ့ဘဝအတွက် တစ်လျှောက်လုံးပူပန်နေခဲ့ပြီး ရုပ်ရှင်ရိုက်ရတာက ပင်ပန်းလား၊ ထမင်းကောင်းကောင်းစားရလား၊ အဖွဲ့သားတွေနဲ့ အဆင်ပြေရဲ့လားလို့ မေးမြန်းနေတယ်။
ကုမျန်က အဲ့ဒါတွေကို တစ်ခုပြီးတစ်ခု ပြန်ဖြေတယ်။
သူ သူမကိုမမေးခင်မှာ သူမရဲ့လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး သူ့မှာယေဘုယျအတွေးတစ်ခု ရှိပြီးသားပင်။
ပထမတော့ သူ့သမီးက ဖျော်ဖြေရေးနယ်ပယ်ထဲကို တချက်လောက်ပျော်ပါးဖို့ ဝင်ချင်ခဲ့တယ်လို့ သူထင်ခဲ့ပေမယ့် သူမ တကယ့်ကို ကောင်းကောင်းလုပ်နိုင်ခဲ့မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။ သူ့သမီးလေးက ပရိသတ်တွေကြား အရမ်းရေပန်းစားပြီး "National Big Sister" ဆိုတဲ့ ခေါင်းစဉ်ကိုရခဲ့တာပါ သိလိုက်ရတဲ့အတွက် သူ ကျေနပ်နှစ်သိမ့်မိတယ်။ အရာအားလုံး အဆင်ပြေကြောင်း သူမဆီက အခုသူသိလိုက်ရတာကြောင့် သူမကို (ထပ်မမေးမြန်းတော့ပဲ) လွတ်လပ်ခွင့်ပေးလိုက်တော့တယ်။
ကုကော်အန်းက အလုပ်အရမ်းများတယ်။ ထိုနှစ် သူကွာရှင်းပြီးနောက်မှာ သူ အခြားတစ်ယောက်နဲ့ ထပ်ပြီးလက်မထပ်ခဲ့ဘူး။ ကုမျန်က သူ့ရဲ့တစ်ဦးတည်းသောသမီးပါ။ သူမ အဝေးရောက်နေတဲ့အချိန်မှာ သူက ကုမ္ပဏီအနီးရှိ တိုက်ခန်းတစ်ခုမှာ အခြေခံအားဖြင့် နေထိုင်ခဲ့တယ်။သူ ကုမျန်နဲ့အတူတူ မနက်စာစားဖို့ အိမ်ပြန်လာပြီးနောက် အမြန်ရေချိုးဖို့ အခန်းထဲပြန်ဝင်ကာ အဝတ်အစားလဲပြီး ကုမ္ပဏီကို အပြေးအလွှားသွားတော့တယ်။
မထွက်ခွာခင်မှာ ကုကော်အန်းက "သမီးမှာ ပိုက်ဆံမလောက်ရင် ဖေဖေ့ကိုပြောနော်"
ကုမျန်က ခေါင်းညိတ်လိုက်ပြီး နွေးထွေးတယ်လို့ ခံစားလိုက်ရတယ်။ "ဟုတ်ကဲ့ ဖေဖေ"
----
အိမ်မှာအနားယူပြီး နှစ်ရက်အကြာမှာ ကုမျန်က ဖုန်းကောလ်တစ်ခု လက်ခံရရှိခဲ့တယ်။"ကုမျန်?"
"ဟုတ်ပါတယ် ရှင်က...?"
ထိုလူရဲ့အသံက ငယ်ရွယ်တယ်။ သူမရဲ့မေးခွန်းကိုကြားတော့ ထိုလူက သိသိသာသာ ရပ်တန့်သွားပြီး ပြန်မဖြေခင် နှစ်စက္ကန့်လောက်ကြာခဲ့တယ်။"ကျွန်တော်က လင်းချီပါ"
လင်းချီ၊ ဒီနာမည်က ရင်းနှီးသလိုပဲ။
ကုမျန်က ဒီလူဘယ်သူလဲဆိုတာ တခဏလောက်တော့ မမှတ်မိခဲ့ဘူး။ "ရှင် ကျွန်မနဲ့ တစ်ခုခုလုပ်စရာရှိလို့လား"
လင်းချီက ဒီတစ်ကြိမ်မှာတော့ ဖုန်းပြောတာ အတော်ကြာကြာရပ်သွားပြီး"မင်းအားရင် 'Ask the Immortal' ရဲ့ theme songကို အသံသွင်းဖို့ စတူဒီယိုကို လာခဲ့"
သူမ လင်းချီဘယ်သူလဲဆိုတာ မှတ်မိပြီ။
လင်းချီက သူရေးစပ်ခဲ့တဲ့ "Ask the Immortal" ရဲ့theme songနဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ ရေပန်းစားလာခဲ့တဲ့ အနာဂတ်ရွှေတံဆိပ်ဆုရှင် music producer ဖြစ်တယ်။ ထိုအချိန်မှစပြီး သူရေးစပ်ခဲ့တဲ့ သီချင်းတွေကို အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ လူအားလုံးနီးပါး အကြီးအကျယ် သီဆိုခဲ့ကြတယ်။ အဆိုတော်,တော်တော်များများက သူရေးစပ်ထားတဲ့ သီချင်းတွေကို သီဆိုရတာ ဂုဏ်ယူကြတယ်။
ဒါပေမယ့် အခုလောလောဆယ်မှာတော့ လင်းချီက လူနည်းနည်းသာသိတဲ့ music producerလေးတစ်ဦးသာဖြစ်ပြီး သူရဲ့နာမည်က နောက်ပိုင်း လူတိုင်းထက် လူသိနည်းလာတယ်။
သူမ စကားမပြောရသေးခင်မှာပဲ လင်းချီက ဖုန်းချသွားပြီ။
ကုမျန်က ခဏလောက် ခေါင်းကိုက်သွားခဲ့တယ်။ စာအုပ်ထဲမှာ တကယ်ပဲ ဒီလိုဇာတ်ကွက်ရှိတယ်။ မူလပိုင်ရှင်က အစကတည်းက စာချုပ်ချုပ်ဆိုထားပြီးသားပင်။ သူမက သူမရဲ့နာမည်ကို လော့ချယ်နဲ့ တန်းတူဖြစ်စေဖို့အတွက် theme song သီဆိုရာမှာ ပါဝင်ခဲ့တာဖြစ်တယ်။
သီချင်းမှာ ယောက်ျားလေးနဲ့မိန်းကလေးအတွက် အပိုင်းနှစ်ပိုင်းပါရှိပြီး ယောက်ျားလေးအသံက လော့ချယ်လို့ အစကတည်းက ဆုံးဖြတ်ထားပြီးသားပင်။ Theme song မှာ လော့ချယ်နဲ့ collaborateလုပ်ဖို့အတွက်ကြောင့်နဲ့ chorusဆိုရမယ့်အခွင့်အရေးကို ရဖို့သေချာနေတဲ့ မင်းသမီးတစ်ယောက်ရဲ့လက်ထဲကနေလည်း အတင်းအဓမ္မ လုယူခဲ့သေးတယ်။
ဒါပေမယ့် မူလပိုင်ရှင်က သီချင်းဘယ်လိုဆိုရမလဲဆိုတာကို မသိတဲ့အတွက် နောက်ပိုင်းအဆင့်တွေမှာ sound effects နဲ့ auto tune တွေအပေါ် အားကိုးခဲ့တယ်။ Sound effects နည်းပညာတွေက အရမ်းအဆင့်မြင့်လာပြီဖြစ်တဲ့အချိန်မှာတောင် ဂီတသံစဉ်အတက်အကျကို ခွဲခြားနိုင်စွမ်းမရှိသူတစ်ဦးဖြစ်တဲ့ သူမကို မကယ်တင်နိုင်ခဲ့ပေ။
Zawgyi
ကုမ်န္က ထိုအခ်ိန္မွာ အနည္းငယ္ စိတ္ရႈပ္ေနဆဲပင္။ မ်က္လုံးေတြကိုပြတ္သပ္လိုက္ၿပီး သူမပထမဆုံးျမင္လိုက္ရတဲ့အရာက ခန္ယန္ယန္ဆီမွ မက္ေဆ့ခ္်တစ္ေစာင္ျဖစ္တယ္။ [National Big Sister တစ္ေန႕ေန႕ ရွင္နာမည္ႀကီးသြားရင္ ရွင့္ရဲ႕ညီမေလးကို ကူညီေပးဖို႔ မေမ့နဲ႕ေနာ္[ၿပဳံးေနတဲ့မ်က္ႏွာ]]
ကုမ်န္ replyျပန္လိုက္ၿပီး တျခားဘာမွ မဖတ္ရေသးခင္မွာ နာနီ၀င္လာၿပီး ကုေကာ္အန္းျပန္လာၿပီလို႔ သူမကိုေျပာခဲ့တယ္။
ကုေကာ္အန္းက တစ္ပတ္ေလာက္ အလုပ္ကိစၥနဲ႕ ခရီးထြက္ေနခဲ့တာ။ ကုမ်န္အိမ္ျပန္လာၿပီဆိုတာကို သိၿပီးေနာက္ သူ႕ရဲ႕ခုနစ္ရက္စာအလုပ္ကို ငါးရက္အျဖစ္ေလွ်ာ့ကာ တစ္ညလုံး အေျပးအလႊားျပန္လာခဲ့တယ္။
ကုမ်န္ ေရခ်ိဳးၿပီး ေအာက္ထပ္ကိုဆင္းလာလိုက္တယ္။ သူမ ပထမဆုံးျမင္လိုက္ရတာက ဖုန္ေတြဖုံးလႊမ္းေနတဲ့ ကုေကာ္အန္းျဖစ္တယ္။ တစ္ႏွစ္ပတ္လုံး အလုပ္ေတြရႈပ္ေနရတာေၾကာင့္ ျဖစ္နိုင္တယ္၊သူ႕ကိုၾကည့္ရတာ သူ႕ရဲ႕ျဖစ္သင့္တဲ့အသက္အ႐ြယ္ထက္ အနည္းငယ္ပိုႀကီးေနပုံရၿပီး ဆံပင္တိုတိုနဲ႕ပင္။ ကုမ်န္ကိုျမင္သြားတဲ့အခါ ႏူးညံ့ညင္သာတဲ့ အၿပဳံးတစ္ပြင့္က သူ႕မ်က္ႏွာေပၚ, ျဖစ္ေပၚလာတယ္။ "မ်န္းမ်န္"
ကုမ်န္က ေအာက္ထပ္ကိုေရာက္လာတဲ့အခါ ေခတၱရပ္လိုက္တယ္။"ေဖေဖ"
အဲဒါကိုၾကားေတာ့ ကုေကာ္အန္းရဲ႕မ်က္ႏွာေပၚက အၿပဳံးက ပိုသိသာလာတယ္။ "သမီး မနက္စာ မစားရေသးဘူးမလား။ လာ၊ ေဖေဖနဲ႕ အတူလာစား"
မနက္စာစားေနတဲ့အခ်ိန္အတြင္း ကုေကာ္အန္းက ကုမ်န္ရဲ႕အလုပ္နဲ႕ဘဝအတြက္ တစ္ေလွ်ာက္လုံးပူပန္ေနခဲ့ၿပီး ႐ုပ္ရွင္ရိုက္ရတာက ပင္ပန္းလား၊ ထမင္းေကာင္းေကာင္းစားရလား၊ အဖြဲ႕သားေတြနဲ႕ အဆင္ေျပရဲ႕လားလို႔ ေမးျမန္းေနတယ္။
ကုမ်န္က အဲ့ဒါေတြကို တစ္ခုၿပီးတစ္ခု ျပန္ေျဖတယ္။
သူ သူမကိုမေမးခင္မွာ သူမရဲ႕လက္ရွိအေျခအေနနဲ႕ ပတ္သက္ၿပီး သူ႕မွာေယဘုယ်အေတြးတစ္ခု ရွိၿပီးသားပင္။
ပထမေတာ့ သူ႕သမီးက ေဖ်ာ္ေျဖေရးနယ္ပယ္ထဲကို တခ်က္ေလာက္ေပ်ာ္ပါးဖို႔ ဝင္ခ်င္ခဲ့တယ္လို႔ သူထင္ခဲ့ေပမယ့္ သူမ တကယ့္ကို ေကာင္းေကာင္းလုပ္နိုင္ခဲ့မယ္လို႔ မေမွ်ာ္လင့္ထားမိခဲ့ဘူး။ သူ႕သမီးေလးက ပရိသတ္ေတြၾကား အရမ္းေရပန္းစားၿပီး "National Big Sister" ဆိုတဲ့ ေခါင္းစဥ္ကိုရခဲ့တာပါ သိလိုက္ရတဲ့အတြက္ သူ ေက်နပ္ႏွစ္သိမ့္မိတယ္။ အရာအားလုံး အဆင္ေျပေၾကာင္း သူမဆီက အခုသူသိလိုက္ရတာေၾကာင့္ သူမကို (ထပ္မေမးျမန္းေတာ့ပဲ) လြတ္လပ္ခြင့္ေပးလိုက္ေတာ့တယ္။
ကုေကာ္အန္းက အလုပ္အရမ္းမ်ားတယ္။ ထိုႏွစ္ သူကြာရွင္းၿပီးေနာက္မွာ သူ အျခားတစ္ေယာက္နဲ႕ ထပ္ၿပီးလက္မထပ္ခဲ့ဘူး။ ကုမ်န္က သူ႕ရဲ႕တစ္ဦးတည္းေသာသမီးပါ။ သူမ အေဝးေရာက္ေနတဲ့အခ်ိန္မွာ သူက ကုမၸဏီအနီးရွိ တိုက္ခန္းတစ္ခုမွာ အေျခခံအားျဖင့္ ေနထိုင္ခဲ့တယ္။သူ ကုမ်န္နဲ႕အတူတူ မနက္စာစားဖို႔ အိမ္ျပန္လာၿပီးေနာက္ အျမန္ေရခ်ိဳးဖို႔ အခန္းထဲျပန္ဝင္ကာ အဝတ္အစားလဲၿပီး ကုမၸဏီကို အေျပးအလႊားသြားေတာ့တယ္။
မထြက္ခြာခင္မွာ ကုေကာ္အန္းက "သမီးမွာ ပိုက္ဆံမေလာက္ရင္ ေဖေဖ့ကိုေျပာေနာ္"
ကုမ်န္က ေခါင္းညိတ္လိုက္ၿပီး ႏြေးေထြးတယ္လို႔ ခံစားလိုက္ရတယ္။ "ဟုတ္ကဲ့ ေဖေဖ"
----
အိမ္မွာအနားယူၿပီး ႏွစ္ရက္အၾကာမွာ ကုမ်န္က ဖုန္းေကာလ္တစ္ခု လက္ခံရရွိခဲ့တယ္။"ကုမ်န္?"
"ဟုတ္ပါတယ္ ရွင္က...?"
ထိုလူရဲ႕အသံက ငယ္႐ြယ္တယ္။ သူမရဲ႕ေမးခြန္းကိုၾကားေတာ့ ထိုလူက သိသိသာသာ ရပ္တန႔္သြားၿပီး ျပန္မေျဖခင္ ႏွစ္စကၠန႔္ေလာက္ၾကာခဲ့တယ္။"ကြၽန္ေတာ္က လင္းခ်ီပါ"
လင္းခ်ီ၊ ဒီနာမည္က ရင္းႏွီးသလိုပဲ။
ကုမ်န္က ဒီလူဘယ္သူလဲဆိုတာ တခဏေလာက္ေတာ့ မမွတ္မိခဲ့ဘူး။ "ရွင္ ကြၽန္မနဲ႕ တစ္ခုခုလုပ္စရာရွိလို႔လား"
လင္းခ်ီက ဒီတစ္ႀကိမ္မွာေတာ့ ဖုန္းေျပာတာ အေတာ္ၾကာၾကာရပ္သြားၿပီး"မင္းအားရင္ 'Ask the Immortal' ရဲ႕ theme songကို အသံသြင္းဖို႔ စတူဒီယိုကို လာခဲ့"
သူမ လင္းခ်ီဘယ္သူလဲဆိုတာ မွတ္မိၿပီ။
လင္းခ်ီက သူေရးစပ္ခဲ့တဲ့ "Ask the Immortal" ရဲ႕theme songနဲ႕ ေဖ်ာ္ေျဖေရးနယ္ပယ္မွာ ေရပန္းစားလာခဲ့တဲ့ အနာဂတ္ေ႐ႊတံဆိပ္ဆုရွင္ music producer ျဖစ္တယ္။ ထိုအခ်ိန္မွစၿပီး သူေရးစပ္ခဲ့တဲ့ သီခ်င္းေတြကို အမ်ိဳးသား၊ အမ်ိဳးသမီးနဲ႕ ကေလးေတြ လူအားလုံးနီးပါး အႀကီးအက်ယ္ သီဆိုခဲ့ၾကတယ္။ အဆိုေတာ္,ေတာ္ေတာ္မ်ားမ်ားက သူေရးစပ္ထားတဲ့ သီခ်င္းေတြကို သီဆိုရတာ ဂုဏ္ယူၾကတယ္။
ဒါေပမယ့္ အခုေလာေလာဆယ္မွာေတာ့ လင္းခ်ီက လူနည္းနည္းသာသိတဲ့ music producerေလးတစ္ဦးသာျဖစ္ၿပီး သူရဲ႕နာမည္က ေနာက္ပိုင္း လူတိုင္းထက္ လူသိနည္းလာတယ္။
သူမ စကားမေျပာရေသးခင္မွာပဲ လင္းခ်ီက ဖုန္းခ်သြားၿပီ။
ကုမ်န္က ခဏေလာက္ ေခါင္းကိုက္သြားခဲ့တယ္။ စာအုပ္ထဲမွာ တကယ္ပဲ ဒီလိုဇာတ္ကြက္ရွိတယ္။ မူလပိုင္ရွင္က အစကတည္းက စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးသားပင္။ သူမက သူမရဲ႕နာမည္ကို ေလာ့ခ်ယ္နဲ႕ တန္းတူျဖစ္ေစဖို႔အတြက္ theme song သီဆိုရာမွာ ပါဝင္ခဲ့တာျဖစ္တယ္။
သီခ်င္းမွာ ေယာက္်ားေလးနဲ႕မိန္းကေလးအတြက္ အပိုင္းႏွစ္ပိုင္းပါရွိၿပီး ေယာက္်ားေလးအသံက ေလာ့ခ်ယ္လို႔ အစကတည္းက ဆုံးျဖတ္ထားၿပီးသားပင္။ Theme song မွာ ေလာ့ခ်ယ္နဲ႕ collaborateလုပ္ဖို႔အတြက္ေၾကာင့္နဲ႕ chorusဆိုရမယ့္အခြင့္အေရးကို ရဖို႔ေသခ်ာေနတဲ့ မင္းသမီးတစ္ေယာက္ရဲ႕လက္ထဲကေနလည္း အတင္းအဓမၼ လုယူခဲ့ေသးတယ္။
ဒါေပမယ့္ မူလပိုင္ရွင္က သီခ်င္းဘယ္လိုဆိုရမလဲဆိုတာကို မသိတဲ့အတြက္ ေနာက္ပိုင္းအဆင့္ေတြမွာ sound effects နဲ႕ auto tune ေတြအေပၚ အားကိုးခဲ့တယ္။ Sound effects နည္းပညာေတြက အရမ္းအဆင့္ျမင့္လာၿပီျဖစ္တဲ့အခ်ိန္မွာေတာင္ ဂီတသံစဥ္အတက္အက်ကိဳ ခြဲျခားနိုင္စြမ္းမရွိသူတစ္ဦးျဖစ္တဲ့ သူမကို မကယ္တင္နိုင္ခဲ့ေပ။