"နောင့်" ရိုးမ ရာဇာ

By Vi_Vian25

2M 172K 13.8K

ကြမ်းတမ်းတဲ့ ရိုးမရာဇာ မုဆိုးကြီးရဲ့ အသည်းနှလုံးကိုခြွေယူဖို့က ဘိလပ်ပြန် သုတေသနပညာရှင်လေးရဲ့ အပြုံးနုနုသာလိုပ... More

Ch 1
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 40
Ch 41
Ch 42 (Final)
ရိုးမသခင်၏ တစ်ကိုယ်တော်ခရီး
ကျေးဇူးတင်လွှာ
Q & A

Ch 39

38.3K 3.5K 166
By Vi_Vian25

Unicode

မိုးသောက်ယံအချိန် ညောင်မှိုင်းသာယာရွာမှ လှည်းတစ်တန်၊ ကားတစ်တန်နှင့် ထွက်ခဲ့ကြပြီး နောင်တို့ ဒီမြို့လေးကို ရောက်ချိန်သည် ညနေပင်စောင်းနေပြီဖြစ်သည်။ ရွာမှ စထွက်လာတည်းက စက္ကနှင့် ဂျော်နီကြောင့် နောင်တို့ကလူအာရုံစိုက်သိပ်ခံရသည်။

သက္ကလပ်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းကာ ဆေးလိပ်ကို နှုတ်ခမ်းထက်တေ့ထားတတ်သည့် ဂျော်နီက ဘယ်သူ့ကို မှထီမထင်မျက်နှာပေးနှင့်။ ပခုံးထိဝဲကျသည့်ဆံပင်တို့ကို နှစ်ခေါက်ခေါက်စည်းနှောင်ကာ ရိတ်သင်ပြီးကာစ ပါးသိုင်းမွှေးခပ်စိမ်းစိမ်းတို့နှင့် စက္ကက မရယ်မပြုံးမျက်နှာနှင့်။ တစ်ယောက်နှင့် တစ်ယောက် စကားတစ်ခွန်းမှပင် မဟကြသည့် ဒီနှစ်ယောက်ကြောင့် နောင့်မှာ လမ်းတစ်လျှောက် ဟိုကြည့်လိုက်ဒီကြည့်လိုက်နှင့်။

ဂျော်နီတို့ ဘိုးဘွားပိုင်အိမ်ကြီးရှိရာနယ်မြို့လေးကို ရောက်တော့လည်း မရောက်တာကြာပြီဖြစ်သည့်ဂျော်နီက အိမ်ခြေတွေတိုးပွားလာသည့် ဒီနေရာကို သိပ်မှတ်မိပုံမရ။ လမ်းမှားမည်ဆိုး၍ ဟိုဟိုဒီဒီ နှင့် အိမ်ကြီးဆီသွားမည့်လမ်းကို  မေးမြန်းတော့ နောင်တို့ကို လူထူးလူဆန်းတွေကို အကြည့်ခံလိုက်ရသည်။

မထင်မရှားနယ်မြို့လေးတစ်မြို့ဖြစ်ပြီး အေးအေးချမ်းချမ်းနေထိုင်ကြသည့် ဒီမြို့လေးသည် တည်းခိုခန်းဟူ၍သီးသန့်မရှိ။ ထိုနယ်မြို့လေး၏ အစွန်းတွင်တော့ ကြီးမားသည့် ခြံဝန်းကြီးနှင့် နှစ်ဆောင်ပြိုင်အနက်ရောင်အိမ်ကြီးသည် ပတ်ဝန်းကျင်နယ် မြို့တွေထိပါဒဏ္ဍာရီမျိုးစုံနှင့် နာမည်ကြီး၏ ထိုနှစ်ဆောင်ပြိုင်အိမ်ကြီးက ဂျော်နီတို့ဘိုးဘွားပိုင်အိမ်ကြီးဖြစ်သည်။

ဆိုင်တစ်ဆိုင်ထိုင်ကာ ည စာစားသောက်ရင်းမေးမြန်းကြည့်ရသလောက် ထိုအိမ်ကြီးနား ညနေစောင်းချိန်ဆို မည်သူမျှမဖြတ်ရဲတော့တဲ့။ တစ်ခါတစ်ရံ နွားရိုင်းသွင်းချိန်တွေဆို အဖြူရောင်နှင့် ရွှေအိုရောင်ကိုစပ်ယှက်ဝတ်ဆင်ထားသည့် အရပ်မြင့်မားသည့် အမျိုးသမီးတစ်ဦးကို တွေ့ကြရသည်ဆို၏ တချို့လပြည့်ညတွေဆိုလျှင်လည်း အိမ်ကြီး၏ အပေါ်ထပ် ပြတင်းပေါက်သည် ပွင့်နေတတ်ပြီး မနက်မိုးလင်းလျှင် ပြန်ပိတ်နေတတ်သည်ဟုလည်းပြောကြ၏ ထိုစကားတို့ကို ကြားတော့ စက္ကက ကိုင်ထားသည့်အကြမ်းရည်ခွက်ကို ခပ်ဖွဖွဖိပွတ်၏

ဂျော်နီကတော့ ဒါကယုံတမ်းစကားတွေပါလို့ ပြောပေမယ့် နောင့် ခေါင်းထဲ ချက်ချင်း တွေးမိလိုက်သည်က အရှင်မသုနန္ဒာကို ဖြစ်သည်။ မေ့မရသေးဘူးပဲ။ နှလုံးသားထဲ အပြည့်နီးပါးနေရာယူထားနေခဲ့တုန်းပဲ။ အချစ်ကြီးလိုက်ပါဘိ အရှင်မရယ်လို့ ရေရွတ်ကာ ဂရုဏာသက်မိသည်မှလွဲ နောင် လုပ်ပေးနိုင်တာ မရှိပါ။

အစားအသောက်ကို ခပ်သုတ်သုတ်ပင်စားသောက်ကာ အိမ်ကြီးဆီဦးတည်တော့ ခြံတံခါးမကြီးရှေ့ရောက်ချိန်သည် အတော်ပင်ညနေစောင်းနေပြီဖြစ်သည်။ စေ့ရုံစေ့ထားသည့် ခြံတံခါးကြီးကြောင့် ခြံထဲသို့နောင်တို့ လွယ်လွယ်ကူကူဝင်လို့ရခဲ့သည်။ နယ်ခံတွေကတော့ ကြုံတွေ့ကြားသိရသည့် ကိစ္စအဖုံဖုံကြောင့် သိပ်အနားကပ်ရဲကြပုံမပေါ်။ ထို့ကြောင့်လည်း ခြံတံခါးသည် ယို့ယွင်းနေပေမယ့် ပျက်ဆီးနေခြင်းတော့မရှိ။

**ကျွီ**

ခပ်ဖြည်းဖြည်းတွန်းဖွင့်လိုက်သည့် ကျွန်းတံခါးမကြီးဆီမှ ထွက်လာသည့် အသံသည် ခြောက်ခြားဖွယ်အတိ။ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်တော့ တိတ်ဆိတ်ခြောက်ကပ်နေ၏

ကြီးမားသည့် ခြံဝန်းကြီးသည် သစ်ပင်ခြုံနွယ်တို့နှင့် ဖုံးအုပ်နေ၏ အိမ်ကြီး၏ အရှေ့ဘက်တွင်လည်း ရေတွင်းပျက်ကြီးတစ်ခုရှိပြီး အမှိုက်သရိုက်တို့ ရေညှိတို့ ကပ်ညှိကာ ပြိုပျက်နေပြီဖြစ်သည်။ အချိန်သည်ညနေစောင်းမို့ လိမ္မော်ရောင်သမ်းချင်နေသည့် ကောင်းကင်ကြီးသည် သူရိန်နေမင်းကို လွမ်းလွမ်းဆွေးဆွေးနှုတ်ဆက်ဖို့ ပြင်နေပြီ။ ရှေးလူကြီးတို့ နေထိုင်ခဲ့သည့်အိမ်ကြီးမှန်းသိသာစေသည့် ဂျော်နီတို့ ဘိုးဘွားပိုင်အိမ်ကြီးသည် တစ်ဆောင်လုံးနက်ဆွေးနေ၏ ကြီးမားသည့်တံခါးမကြီးကိုတွန်းဖွင့်တော့ ကျွီခနဲ အော်မြည်သည့်အသံသည် ​ကြက်သီးမွှေးညင်းတို့ထဖွယ်အနည်းငယ်တော့ကောင်း၏

မှောင်မိုက်နေသည့်အိမ်ထဲ ဂျော်နီကခြေချလှမ်းသည်နှင့် ပျဥ်ချပ်တို့၏ တကျီကျီမြည်သံက စတင်နှုတ်ခွန်းဆက်သ၏ တစ္ဆေ သရဲ ဟူသည်ကို မကြောက်တတ်သည့်နောင်ပင် အနည်းငယ်တွန့်ဆုတ်မိသည့် အိမ်ကြီးထဲ အငွေ့အသက်တစ်ခုလွှမ်းခြုံထားသလိုပင်။ လက်ကို ခပ်ဖွဖွလာဆုပ်ကိုင်သည့် စက္ကကြောင့် နောင်က ခပ်တင်းတင်းပြန်ဆုပ်ကိုင်မိသည်။

ပြတင်းတစ်ချပ်နှစ်ချပ်ကို လိုက်ဖွင့်တော့ အလင်းဖျဖျသည် တံခါးမှတိုးဝင်၏ လူအရောက်အပေါက်မရှိတာ နှစ်ချီနေပြီဖြစ်သည့် အိမ်ကြီးသည် ကြပ်ခိုးတို့ အပြည့်နေရာယူ၏ အသင့်ပါလာသည့် လက်နှိပ်ဓါတ်မီးကို‌ချောက်ခနဲဖွင့်ကာ ဟိုဟိုဒီဒီလိုက်ထိုးကြီးတော့ အောက်ထပ်တွင်ပင် အခန်းတို့ များစွာဖွဲ့ထားသည်ကို တွေ့ရသည်။

"ဒီညတော့ အိပ်ဖို့နေရာအရင်လုပ်ရအောင်"

ဂျော်နီ့အပြောကြောင့် စက္ကက ခေါင်းတစ်ချက် ညိတ်ပြ၏ ကြီးမားသည့်နှစ်ဆောင်ပြိုင်အိမ်ကြီးမို့ အခန်းတို့သည် များပြားသည်။ ဟိုဟိုဒီဒီအခန်းတို့လိုက်ဖွင့်တော့ တချို့အခန်းတို့သည် အသေပိတ်ထား၏ ဖွင့်လို့ ရသည့်အခန်းတို့ကတော့ ဖုန်မှုန်ု့တို့ကပ်ညှိနေသည့်ရှေးဟောင်းမှန်တင်ခုံ နှင့် တစ်ယောက်အိပ်သစ်ကုတင်တို့ကို တွေ့ရပြီး တချို့အခန်းတွေဆို သစ်ဘောင်တို့နှင့် ပြုလုပ်ထားသည့် ကလေးပုခက်အပျက်တို့ကို တွေ့ရသည်။ အိမ်ကြီး၏ အလယ်တည့်တည့်တွင် တစ်ချိန်ကခမ်းနားခဲ့ပုံရသည့် ကျွန်းကုလားထိုင်နှင့် စားပွဲအ၀ိုင်းကြီးတို့ကိုတွေ့ရ၏

"ငါတို့ ဒီညတော့ သုံးယောက်လုံးတစ်ခန်းတည်းအိပ်ရင်ကောင်းမယ်ထင်တယ်"

"မိသားစုအခန်းတွေက အပေါ်ထပ်မှာဖြစ်လောက်တယ်"

ဂျော်နီ့အပြောကြောင့် နောင်တို့ ကြီးမားသည့် ကြောင်လိမ်လှေကားကြီးဆီဦးတည်လိုက်ကြသည်။ တစ်ချက်နင်းချလိုက်တိုင်း တကျီကျီမြည်နေသည့် လှေကားတို့ ကြောင့် သတိထားကာ တက်ခဲ့ကြရသည်။

နောင့်လက်ကို ခပ်ဖွဖွဆုပ်ကိုင်ထားသည့် စက္ကက ဒီအိမ်ကြီးထဲရောက်ကတည်းက တစ်ချက်မှမလွှတ်သေး။ နောင်လည်း လွှတ်ချဖို့ စိတ်ကူးမရှိပါ။ သရဏဂုံကို မြဲစွာတည်ပြီး ငါးပါးသီလကို ခါးဝတ်ပုဆိုးလို ခိုင်နေအောင်စောင့်ထိန်းသည့် နောင်က နာမ်လောကသားတွေကို အကြောင်းမဲ့ ကြောက်ရွံ့တတ်သည့်အထဲမပါပေမယ့် ပုထုစဥ်လူသားတစ်ယောက်ဖြစ်သည်ကြောင့် မမြင်ရသည့်အရာတွေကို အနည်းငယ်စိုးထိတ်စိတ်တော့ရှိသည်။ ဒီအိမ်ကြီးထဲဝင်လာတည်းက နောင်တို့ သုံးယောက်ပဲရှိသည်ဟု မခံစားရသည်ကြောင့်လည်း နောင်က သိပ်တော့ ကျောမလုံ။

"ကျုပ် မီးလင်းအိမ်ရှာလိုက်အုံးမယ်"

အပေါ်ထပ်ရောက်သည်နှင့် ဓါတ်မီးတစ်ချောင်းနှင့် ဟိုထိုးဒီထိုးလုပ်ရင် ဂျော်နီက မီးလင်းအိမ်လိုက်ရှာ၏ ထုတ်ပိုးလာသည့်အိတ်ထဲမှ နောင်က စမ်းတဝါးဝါးရှာတော့ ဖယောင်းတိုင်အကြီး နှစ်တိုင်နှင့် မီးခြစ်ဆံဘူး တစ်ဘူးကိုတွေ့သည်။ စက္ကကို လှမ်းပေးတော့ ထောက်ခနဲမီးခြစ်ကာ မီးညှိလိုက်သည်နှင့် ပတ်ဝန်းကျင်ကို မီးအလင်းရောင်ကြောင့် အနည်းငယ်ထင်ထင်ရှားရှားတွေ့ရ၏ ဖယောင်းတိုင်ကို မြှောက်ကိုင်ကာလှည့်ပတ်ကြည့်သည် စက္ကကြောင့် နောင်ပါလိုက်ကြည့်မိသည်။

မြင့်မားသည့် နံရံကြီးထက် စုတ်ပြဲနေသည့် အနက်ရောင်အဝတ်စတို့နှင့် လွှမ်းခြုံထားသည့် ပန်းချီကားချပ်များစွာတို့ကို စီတန်းတွေ့ရသည်။ တစ်စွန်းတစ်စ ပေါ်နေသည့်ပုံတို့ကြောင့်သာ ပန်းချီကားချပ်ဟုပြောနိုင်ပေမယ့် ဘာပုံရယ်လို့တော့ နောင်တို့မမြင်ရ။ နံရံထောင့်တိုင်းတွင် ကြီးမားသည့် သစ်သားပန်းပုရုပ်အစုံတို့သည် ဖုန်အလိမ်းလိမ်းကပ်ညှိနေပေမယ့် မျက်လုံးတို့က အသက်ဝင်နေသယောင်။ ကျားရုပ်၊ ခြင်္သေ့ရုပ်၊ နဂါးရုပ်၊ နရားရုပ်၊ ဘီလူးရုပ်၊ မိန်းမပျိုတစ်ဦး ကကြိုးသီနေဟန်အရုပ်စသည်ဖြင့် ဟိုမှဒီမှ။ တချို့အရုပ်တို့သည် လဲပြိုကျိုးပဲ့နေပြီးတချို့က တော့ အကောင်းပကတိအတိုင်းရှိနေကြသေးသည်။

"မီးလင်းအိမ်တစ်လုံးရှိနေတယ်"

ဖုန်တက်နေသည့်မီးလင်းအိမ်တစ်လုံးကိုင်ကာ အနားရောက်လာသည့် ဂျော်နီက အ၀တ်စတစ်နှင့် ဖုန်မှုန့်တို့ကိုခါထုတ်၏

နေ့အလင်းလုံးဝပျောက်ကွယ်သွားဖြစ်သည်ကြောင့် မီးလင်းအိမ်ကို မီးညှိကာ မိသားစုအိပ်ခန်းဟုယူဆရသည့် အခန်းကျယ်တစ်ခုထဲ နောင်တို့သုံးယောက်၀င်ခဲ့လိုက်ကြသည်။ တစ်ညတာပဲ နားခိုမည်ဖြစ်၍ သန့်ရှင်းရေးကိုတော့ များများစားစားမလုပ်။ သစ်ကုတင်ကြီးနှင့် ပစ္စည်းပစ္စယတင်စားပွဲလေးကိုသာ စက္ကက သုတ်သင်ကာသပ်သပ်ရပ်ရပ်ပြုလုပ်လိုက်သည်။ ဂျော်နီကမီးလင်းအိမ်ကိုမျက်နှာကျက်မှတွဲကျသည့် ချိတ် တစ်ခုတွင်ချိတ်ဆွဲတော့ အလင်းဖျဖျသည် တစ်ခန်းလုံးသို့လွှမ်းခြုံ၏

နောင်ကတော့ပါလာသည့် ချင်းစောင်အပါး နှစ်ထည်ကို သုံးယောက်အိပ်ရဖို့ ကုတင်ကြီးထက် ဖြန့်ခင်းလိုက်သည်။ ဂျော်နီကညာဘက်ထောင့်စွန်းတွင်၀င်လှဲချ၏ သက္ကလပ်ဦးထုပ်ကိုမျက်နှာထက်ဖုံးကာ ပက်လက်အိပ်ချသည့် ဂျော်နီက မည်သည့်စကားမှထပ်မဆို။ နောင်ကတော့ ဘုရားရှင်အားရည်မှန်းကာဦးချကန်တော့ပြီး သရဏဂုံဆောက်တည်၍ ငါးပါးသီလကို ပြန်တည်လိုက်သည်။

ကျယ်၀န်းသည့် ကုတင်ကြီးမို့ သုံးယောက်ကောင်းမွန်စွာအိပ်စက်နိုင်လောက်သည်။ ယောကျာ်းသားတွေချည်းပဲမို့ ကိစ္စ၀ိစ္စသိပ်မများ။ စက္ကအိပ်မည့်ထောင့်ကို သပ်ရပ်အောင်ဖြန့်ခင်းပေးပြီးခေါင်းအုံးရအောင်အ၀တ်တချို့ခုပေးလိုက်သည်။ စက္ကကိုလှမ်းကြည့်တော့ ပြတင်းတံခါးမှ ကောင်းကင်ယံကိုမော့ကြည့်ကာ တစ်စုံတစ်ခုကိုခပ်တိုးတိုးရွတ်ဆိုနေ၏

စက္က၏ ထိုအကျင့်သည် နောင်စတင်သိချိန်မှသတိထားမိသည်မှာအတော်ကြာပြီဖြစ်သည်။ အခုချိန်ထိတစ်ရက်မှမပြတ်သေး။ နေ့ဘက်တွင် နေထွက်ရာအရပ်မျက်နှာမူကာ သူရိန်နေမင်းကိုပူဇော်တတ်သည့် စက္ကက ညဘက်တွင်ကောင်းကင်ယံထက်အာရုံပြု၍ လမင်းကိုပူဇော်တတ်သည်။

အချိန်ခဏကြာတော့ကုတင်ဘေးရောက်လာသည့်စက္ကက ကုတင်၏ ညာဘက်ခြမ်းတွင်ဝင်လှဲ၏လက်မောင်းတစ်ဖက်ကို နောင့်ဘက် ဆန့်ပေးတော့ ခပ်တောင့်တောင့်လက်မောင်းတို့အပေါ်ခေါင်းအုံးအိပ်ရင်း မုဆိုးကြီးကိုသိုင်းဖက်ထားမိသည်။

"မောင်"

"အင်း"

ပုဇဥ်းရင်ကွဲတို့ နှင့် ပိုးကောင်တို့စူးစူး၀ါး၀ါးအော်သံမှလွဲမည်သည့်အသံမှ မကြားရသည့်ညအချိန်တွင် နောင့် ၏ ခေါ်သံသည် တိုးလျလျပေမယ့် ထင်ထင်ရှားရှား။

"စိတ်ထဲမှာတစ်ယောက်ယောက်လိုက်ကြည့်နေသလိုခံစားရတယ်"

"အိပ်လိုက်နောင်။ မောင်ရှိရင်ဘယ်သူမှမကပ်ရဲပါဘူး"

ချစ်ရသူသည် နောင့်ကိုဘယ်နေရာရောက်ရောက်လုံခြုံနွေးထွေးစေသည်။ မောင်ရှိနေတာပဲဆိုသည့်စိတ်ခံစားချက်က နောင့်ကိုစိတ်ချလက်ချအနားယူစေ၏ မီးရောင်မှိန်ဖျဖျအောက်ဘေးတိုက်မြင်ရသည့်မျက်နှာကိုငေးကြည့်ရင်းမျက်စိတို့ တဖြည်းဖြည်းမှိတ်ချမိသည်။ ဆံပင်တို့ကိုခပ်ဖွဖွသပ်တင်ကာချော့မြူနေသည့် မုဆိုးကြီးက လက်မ နှင့်ပါးတစ်ဖက်ကိုငြင်ငြင်သာသာပွတ်သပ်နေသေး၏ မုဆိုးကြီး၏ အထိအတွေ့တို့ကြား နောင်က အချိန်ခဏကြာသည့်အခါ မျက်လုံးတို့စင်းကျလာပြီး နိုးတစ်၀က်အိပ်တစ်၀က်အခြေအနေသို့ရောက်ရှိသွားခဲ့ရတော့သည်။

မျက်လုံးတို့မှိတ်ကာ အိပ်စက်နေပေမယ့် အာရုံတို့သည်အခန်းထဲဖြန့်ကျက်နေ၏ မီးလင်းအိမ်သည် မှိတ်တုတ် မှိတ်တုတ်နှင့်။ လအလင်းသည် ပြတင်းမှ တိုးဝင်ပေမယ့် အခန်း၏ ထောင့်တို့သည် မှောင်ရိပ်ကျနေဆဲ။ တစ်စုံတစ်ခု၏ လှုပ်ရှားမှုသည် အခန်းထောင့်တစ်နေရာမှ နောင့်ကို စတင်လှုံ့ဆော်နေသလို။ မျက်လုံးတို့သည်မကြည့်ချင်လည်း မြင်နေရသည်။ သို့သော် ဝိုးတိုးဝါးတား။ စက္ကလို့အသံထွက်ခေါ်လိုက်မိပေမယ့် အသံတို့သည် လည်ချောင်းဝမှထွက်မလာ။ ရုန်းကန်ထဖို့ကြိုးစားကြည့်ပေမယ့် လက်တစ်ချောင်းပင်လှုပ်မရ။

တဖြည်းဖြည်းနီးကပ်လာသည့်အရာသည် လူတစ်ယောက်ကဲ့သို့ ပုံပန်းသွင်ပြင်ရှိပေမယ့် မျက်နှာရယ်လို့ သေချာမမြင်ရ။ အိမ်မက်လားလက်တွေ့လား နောင် မခွဲခြားနိုင်။ ကုတင်ခြေရင်းမှ တိုးကပ်လာသည့် အရာသည် နောင့်ကို စူးစူးနစ်နစ်စိုက်ကြည့်နေ၏ ကြီးမားသည့်အရိပ်ကြီးသည်မျက်နှာကျက်မှ နောင့်အပေါ်အုပ်မိုးချနေ၏ လှုပ်မရသည့်ကိုယ်ကြောင့် နောင်ကအားယူကာ ပြတင်းတံခါးကို လှမ်းကြည့်လိုက်သည်။ အိမ်မက်..........ဟုတ်တယ်..........ဒါကအိမ်မက်ပဲ။

စက္က အိပ်ရာထက် မလာခင်က ဒီပြတင်းတံခါးကို သေချာပိတ်ကာ ဂျက်ချလိုက်သည်ကို နောင်မျက်လုံးနှင့် တပ်အပ်မြင်လိုက်သည်။ အခု ပြတင်းတံခါက ပွင့်နေ၏ လေတိုးသည်ကြောင့် နံရံနှင့် တံခါးရိုက်ခတ်သံသည် တဂျုန်းဂျုန်းနှင့်။ လရောင်သည် ဖြာကျနေသည်။ သို့သော် အပြင်မှ သစ်ပင်တို့သည်မလှုပ်။ သစ်ပင်မလှုပ်ပါဘဲ လေတိုးသည်ကြောင့် ပြတင်းတံခါးရိုက်ခတ်စရာအကြောင်းမရှိ။ ကျိန်းသေသည် ဒါက အိမ်မက်တစ်ခု။

အသက်ကိုခပ်ဝဝရှူလိုက်သည်။ စိတ်ထဲ သရဏဂုံကို အထပ်ထပ်အခါခါပွားများသည်။ ပတ်ဝန်းကျင်ကို မေ့လျော့ထားလိုက်သည်။ ထို့နောက်လက်ချောင်းတို့ကို အားယူလှုပ်ကြည့်သည်။ နားထဲ ပြတင်းတံခါး၏ ရိုက်ခတ်သံက ဆူညံစွာမြည်နေဆဲ။ ခြေရင်းနားမှ လူက နောင့်ကို တစ်စုံတစ်ခု ပြောဖို့ ကြိုးစားနေသည်။ တဖြည်းဖြည်းလှမ်းလာသည့် လက်အစုံသည် ခြေချင်းဝတ်နားနီးကပ်လာသည်။ မျက်လုံးတို့ မှိတ်ထားမိသည် ထင်ရပေမယ့် နောင်က ပတ်ဝန်းကျင်၏ လှုပ်ရှားမှုအလုံးစုံကို သိနေ၏ အဆက်မပြတ်ရွတ်ဆိုမိသည့် သရဏဂုံပွားများမှုကို နောင် လုံးဝမရပ်မိ။

"ဟာ့"

ပတ်ဝန်းကျင်သည် ပကတိပြန်လည်တိတ်ဆိတ်သွား၏ ဘေးတစောင်းလှဲအိပ်နေမိသည့် ကိုယ်ခန္ဓာ၏ အထိအတွေ့အလုံးစုံကို နောင်အခုမှ ခံစားလို့ရသည်။ အသက်ကို ခပ်ဝဝရှူလိုက်သည်။ မျက်လုံးတို့ကို အားယူဖွင့်လိုက်မိသည်။ နောင် အနည်းငယ်မောဟိုက်နေ၏ မီးလင်းအိမ်၏ အလင်းရောင် သည် အတော့်ကို မှိန်ဖျနေသည်။ဘေးတွင်စက္ကမရှိတော့။ အမြင်အာရုံသည် အခုချိန်ထိအနည်းငယ် ဝိုးတိုးဝါးတားဖြစ်နေသည်။ မကြည်ချင်သည့်ခေါင်းကခပ်နောက်နောက်။ သိသိသာသာမြန်နေသည့်နှလုံးခုန်နှုန်းက အသားမကျသေး။ ပတ်ဝန်းကျင်ကို ခေါင်းအနည်းငယ်ကြွကာလိုက်ကြည့်မိတော့...............

"မောင်"

နောင့်၏ တိုးလျလျခေါ်သံကြောင့် ကျောပေးထားသည့် စက္ကက ခပ်ဖြည်းဖြည်းလှည့်ကြည့်လာ၏ ဘေးတွင်အိပ်နေသူသည် အဘယ်ကြောင့်ကုတင်ခြေရင်းရောက်နေသည်မသိ။ ကျယ်ပြန့်သည့်ကျောပြင်သည် တစ်စုံတစ်ခုကို နောင့်အမြင်အာရုံမှ ကာထား၏ လှည့်ကြည့်လာသည့် မျက်နှာ တစ်ခြမ်းသည် ခက်ထန်လွန်းနေသည်။ မှောင်ရိပ်အနည်းငယ်ကျသည်ကြောင့် အလုံးစုံမမြင်ရပေမယ့် မျက်လုံးတို့သည် နီရဲနေ၏

လှစ်ခနဲဖြစ်သွားသည့် တစ်စုံတစ်ခုသည် အခန်းထောင့်သို့၀င်ရောက်ပျောက်ကွယ်သွား၏ မျက်စိထောင့်မှရိပ်ခနဲမြင်လိုက်ရသည်ကြောင့် ဘာဆိုတာနောင်မဝေခွဲလိုက်နိုင်။ မှောင်ရိပ်ကျသည့်ဘက်ခြမ်းဖြစ်၍ အရိပ်တစ်ခုခု၏ လှုပ်ရှားမှူဟုသာကောက်ချက်ချလိုက်မိပေမယ့် စက္က၏ မျက်လုံးအစုံတို့ကအကြောင်းမဲ့ နီရဲနေခြင်းတော့မဟုတ်။

"နောင်"

"မောင်.... တစ်ခုခုဖြစ်လို့လား"

နောင့်ဘေးနား တင်ပလင်လွဲ၀င်ထိုင်သည့်စက္ကက နောင့် နဖူးထက်ခပ်ဖွဖွငုံ့နမ်း၏ ခက်ထန်မှုတို့မရှိတော့ပေမယ့် မျက်လုံးအရောင်သည် ပုံမှန်ပြန်မဖြစ်သေး။ ကုတင်ခြေရင်းမှ နောင့်ဆီလှမ်းလာသည့် အချိန်တုန်းက စက္က၏ ညာဘက်လက်သည် သိသိသာသာကြီးမား၍ လက်သည်းတို့ရှည်ထွက်နေ၏ အနားရောက်လာသည့်အခါတွင်တော့ ထိုလက်သည်ပုံမှန်အတိုင်းဖြစ်နေသည်။ ဒါက ဒုတိယအကြိမ်မြောက်မဟုတ်လား.... စက္ကမျက်လုံးတွေအနီရောင်တောက်တောက်သို့ပြောင်းလဲသွားတာ ဒုတိယအကြိမ်မြောက်။

"ဘာဖြစ်လို့လဲ မောင်။ တစ်ယောက်ယောက်ရှိနေတာလား"

နောင့်အမေးကိုစက္ကက မဖြေ။ ထိုအစားခေါင်းခါကာခပ်ရေးရေးပြုံးပြ၏ဆံပင်တို့ကို သပ်တင်ကာချော့မြူနေသည့် စက္ကက နောင့်ကိုပြန်အိပ်စေချင်ပုံပင်။ မဖြေချင်သည့်မေးခွန်းအတွက် နောင် ထပ်မမေးဖြစ်တော့။ ကျိန်းသေတာတော့ တစ်ခုခုဖြစ်ပျက်သွားခဲ့သည်။

**၀ုန်း**

နောင့် အနောက်ဘက်မှ ၀ုန်းခနဲအသံနှင့် ထလာသည့် ဂျော်နီကြောင့် ရုတ်တရတ်မို့ နောင် အတော်ကိုလန့်သွားသည်။ဂျော်နီ အင်္ကျီရင်ဘတ်တွင်ချွေးတို့ရွဲနစ်နေ၏ အိမ်မက်ဆိုးတစ်ခုမှ အလန့်တကြားလွတ်မြောက်လာသလို အသက်ရှူသံတို့သည် ခပ်ပြင်းပြင်း။ စက္ကကိုလှည့်ကြည့်လာသည့် မျက်လုံးတို့သည် ခြောက်ခြားမှူတို့အနည်းငယ်ပါ၏ ပြန်စိုက်ကြည့်သည့်စက္က၏ မျက်၀န်းတို့က အရောင်အတော်ဖျော့လာပြီဖြစ်ပြီး နွေးထွေးရိပ်တို့အနည်းငယ်သန်း၏

"အဆင်ပြေရဲ့လား ဂျော်နီ။ ရေသောက်မလား"

"ရတယ်"

ကုတင်မှ ထသွားကာပြတင်းတံခါးကိုသွားဖွင့်၍ လေကောင်းလေသန့်ရှူပြီး စိတ်ငြိမ်အောင်ထိန်းနေပုံရသည့် ဂျော်နီကြောင့် နောင်တို့ဘာမှ ဆက်မမေးဘဲ အခြေအနေကိုသာတစ်ချက်စောင့်ကြည့်နေလိုက်သည်။

ထိုနေ့ညတွင်တော့ နောင်တို့ဆက် မအိပ်ဖြစ်တော့ပါ။ ကုတင်တိုင်ကိုမှီကာ ထိုင်နေသည့်စက္က၏ ပေါင်တစ်ဖက်ပေါ်ခေါင်းတင်မှေးရင်း ည၏ တိတ်ဆိတ်မှုကို နောင်ကကျော်ဖြတ်ရသည်။ စက္ကကတော့ အခန်းထောင့်တစ်နေရာကိုတစ်ချက်တစ်ချက်စူးစူးရဲရဲစိုက်ကြည့်နေသည်မှလွှဲ နောင့် ကျောကိုဖွဖွပွတ်သပ်ပေးနေ၏ ဂျော်နီကတော့ တစ်ညလုံးဖက်ကြမ်းဆေးပြင်းလိပ်ကိုတစ်လိပ်ပြီးတစ်လိပ်ထိုင်သောက်ရင်း ည ၏ အေးစက်မှူကိုကျော်ဖြတ်နေတော့၏

3024 words
27.10.2023 (11:30 pm)
Vi vian
90°bow


Zawgyi

မိုးေသာက္ယံအခ်ိန္ ေညာင္မိႈင္းသာယာရြာမွ လွည္းတစ္တန္၊ ကားတစ္တန္ႏွင့္ ထြက္ခဲ့ၾကၿပီး ေနာင္တို႔ ဒီၿမိဳ႔ေလးကို ေရာက္ခ်ိန္သည္ ညေနပင္ေစာင္းေနၿပီျဖစ္သည္။ ရြာမွ စထြက္လာတည္းက စကၠႏွင့္ ေဂ်ာ္နီေၾကာင့္ ေနာင္တို႔ကလူအာရံုစိုက္သိပ္ခံရသည္။

သကၠလပ္ၪီးထုပ္ကို ခပ္ငိုက္ငိုက္ေဆာင္းကာ ေဆးလိပ္ကို ႏႈတ္ခမ္းထက္ေတ့ထားတတ္သၫ့္ ေဂ်ာ္နီက ဘယ္သူ႔ကို မွထီမထင္မ်က္ႏွာေပးႏွင့္။ ပခံုးထိဝဲက်သၫ့္ဆံပင္တို႔ကို ႏွစ္ေခါက္ေခါက္စည္းေနွာင္ကာ ရိတ္သင္ၿပီးကာစ ပါးသိုင္းေမႊးခပ္စိမ္းစိမ္းတို႔ႏွင့္ စကၠက မရယ္မၿပံဳးမ်က္ႏွာႏွင့္။ တစ္ေယာက္ႏွင့္ တစ္ေယာက္ စကားတစ္ခြန္းမွပင္ မဟၾကသၫ့္ ဒီႏွစ္ေယာက္ေၾကာင့္ ေနာင့္မွာ လမ္းတစ္ေလ်ွာက္ ဟိုၾကၫ့္လိုက္ဒီၾကၫ့္လိုက္ႏွင့္။

ေဂ်ာ္နီတို႔ ဘိုးဘြားပိုင္အိမ္ႀကီးရိွရာနယ္ၿမိဳ႔ေလးကို ေရာက္ေတာ့လည္း မေရာက္တာၾကာၿပီျဖစ္သၫ့္ေဂ်ာ္နီက အိမ္ေျခေတြတိုးပြားလာသၫ့္ ဒီေနရာကို သိပ္မွတ္မိပံုမရ။ လမ္းမွားမည္ဆိုး၍ ဟိုဟိုဒီဒီ ႏွင့္ အိမ္ႀကီးဆီသြားမၫ့္လမ္းကို  ေမးျမန္းေတာ့ ေနာင္တို႔ကို လူထူးလူဆန္းေတြကို အၾကၫ့္ခံလိုက္ရသည္။

မထင္မရွားနယ္ၿမိဳ႔ေလးတစ္ၿမိဳ႔ျဖစ္ၿပီး ေအးေအးခ်မ္းခ်မ္းေနထိုင္ၾကသၫ့္ ဒီၿမိဳ႔ေလးသည္ တည္းခိုခန္းဟူ၍သီးသန႔္မရိွ။ ထိုနယ္ၿမိဳ႔ေလး၏ အစြန္းတြင္ေတာ့ ႀကီးမားသၫ့္ ၿခံဝန္းႀကီးႏွင့္ ႏွစ္ေဆာင္ၿပိဳင္အနက္ေရာင္အိမ္ႀကီးသည္ ပတ္ဝန္းက်င္နယ္ ၿမိဳ႔ေတြထိပါဒ႑ာရီမ်ိဳးစံုႏွင့္ နာမည္ႀကီး၏ ထိုႏွစ္ေဆာင္ၿပိဳင္အိမ္ႀကီးက ေဂ်ာ္နီတို႔ဘိုးဘြားပိုင္အိမ္ႀကီးျဖစ္သည္။

ဆိုင္တစ္ဆိုင္ထိုင္ကာ ည စာစားေသာက္ရင္းေမးျမန္းၾကၫ့္ရသေလာက္ ထိုအိမ္ႀကီးနား ညေနေစာင္းခ်ိန္ဆို မည္သူမ်ွမျဖတ္ရဲေတာ့တဲ့။ တစ္ခါတစ္ရံ ႏြားရိုင္းသြင္းခ်ိန္ေတြဆို အျဖဴေရာင္ႏွင့္ ေရႊအိုေရာင္ကိုစပ္ယွက္ဝတ္ဆင္ထားသၫ့္ အရပ္ျမင့္မားသၫ့္ အမ်ိဳးသမီးတစ္ၪီးကို ေတြ့ၾကရသည္ဆို၏ တခ်ိဳ႕လျပၫ့္ညေတြဆိုလ်ွင္လည္း အိမ္ႀကီး၏ အေပၚထပ္ ျပတင္းေပါက္သည္ ပြင့္ေနတတ္ၿပီး မနက္မိုးလင္းလ်ွင္ ျပန္ပိတ္ေနတတ္သည္ဟုလည္းေျပာၾက၏ ထိုစကားတို႔ကို ၾကားေတာ့ စကၠက ကိုင္ထားသၫ့္အၾကမ္းရည္ခြက္ကို ခပ္ဖြဖြဖိပြတ္၏

ေဂ်ာ္နီကေတာ့ ဒါကယံုတမ္းစကားေတြပါလို႔ ေျပာေပမယ့္ ေနာင့္ ေခါင္းထဲ ခ်က္ခ်င္း ေတြးမိလိုက္သည္က အရွင္မသုနႏၵာကို ျဖစ္သည္။ ေမ့မရေသးဘူးပဲ။ ႏွလံုးသားထဲ အျပၫ့္နီးပါးေနရာယူထားေနခဲ့တုန္းပဲ။ အခ်စ္ႀကီးလိုက္ပါဘိ အရွင္မရယ္လို႔ ေရရြတ္ကာ ဂရုဏာသက္မိသည္မွလြဲ ေနာင္ လုပ္ေပးႏိုင္တာ မရိွပါ။

အစားအေသာက္ကို ခပ္သုတ္သုတ္ပင္စားေသာက္ကာ အိမ္ႀကီးဆီၪီးတည္ေတာ့ ၿခံတံခါးမႀကီးေရ႔ွေရာက္ခ်ိန္သည္ အေတာ္ပင္ညေနေစာင္းေနၿပီျဖစ္သည္။ ေစ့ရံုေစ့ထားသၫ့္ ၿခံတံခါးႀကီးေၾကာင့္ ၿခံထဲသို႔ေနာင္တို႔ လြယ္လြယ္ကူကူဝင္လို႔ရခဲ့သည္။ နယ္ခံေတြကေတာ့ ႀကံဳေတြ့ၾကားသိရသၫ့္ ကိစၥအဖံုဖံုေၾကာင့္ သိပ္အနားကပ္ရဲၾကပံုမေပၚ။ ထို႔ေၾကာင့္လည္း ၿခံတံခါးသည္ ယို႔ယြင္းေနေပမယ့္ ပ်က္ဆီးေနျခင္းေတာ့မရိွ။

**ကြၽီ**

ခပ္ျဖည္းျဖည္းတြန္းဖြင့္လိုက္သၫ့္ ကြၽန္းတံခါးမႀကီးဆီမွ ထြက္လာသၫ့္ အသံသည္ ေျခာက္ျခားဖြယ္အတိ။ ပတ္ဝန္းက်င္ကို တစ္ခ်က္ေဝ့ၾကၫ့္ေတာ့ တိတ္ဆိတ္ေျခာက္ကပ္ေန၏

ႀကီးမားသၫ့္ ၿခံဝန္းႀကီးသည္ သစ္ပင္ၿခံဳႏြယ္တို႔ႏွင့္ ဖံုးအုပ္ေန၏ အိမ္ႀကီး၏ အေရ႔ွဘက္တြင္လည္း ေရတြင္းပ်က္ႀကီးတစ္ခုရိွၿပီး အမိႈက္သရိုက္တို႔ ေရၫွိတို႔ ကပ္ၫွိကာ ၿပိဳပ်က္ေနၿပီျဖစ္သည္။ အခ်ိန္သည္ညေနေစာင္းမို႔ လိမၼော္ေရာင္သမ္းခ်င္ေနသၫ့္ ေကာင္းကင္ႀကီးသည္ သူရိန္ေနမင္းကို လြမ္းလြမ္းေဆြးေဆြးႏႈတ္ဆက္ဖို႔ ျပင္ေနၿပီ။ ေရွးလူႀကီးတို႔ ေနထိုင္ခဲ့သၫ့္အိမ္ႀကီးမွန္းသိသာေစသၫ့္ ေဂ်ာ္နီတို႔ ဘိုးဘြားပိုင္အိမ္ႀကီးသည္ တစ္ေဆာင္လံုးနက္ေဆြးေန၏ ႀကီးမားသၫ့္တံခါးမႀကီးကိုတြန္းဖြင့္ေတာ့ ကြၽီခနဲ ေအာ္ျမည္သၫ့္အသံသည္ ​ၾကက္သီးေမႊးညင္းတို႔ထဖြယ္အနည္းငယ္ေတာ့ေကာင္း၏

ေမွာင္မိုက္ေနသၫ့္အိမ္ထဲ ေဂ်ာ္နီကေျခခ်လွမ္းသည္ႏွင့္ ပ်ဥ္ခ်ပ္တို႔၏ တက်ီက်ီျမည္သံက စတင္ႏႈတ္ခြန္းဆက္သ၏ တစၧေ သရဲ ဟူသည္ကို မေၾကာက္တတ္သၫ့္ေနာင္ပင္ အနည္းငယ္တြန႔္ဆုတ္မိသၫ့္ အိမ္ႀကီးထဲ အေငြ့အသက္တစ္ခုလႊမ္းၿခံဳထားသလိုပင္။ လက္ကို ခပ္ဖြဖြလာဆုပ္ကိုင္သၫ့္ စကၠေၾကာင့္ ေနာင္က ခပ္တင္းတင္းျပန္ဆုပ္ကိုင္မိသည္။

ျပတင္းတစ္ခ်ပ္ႏွစ္ခ်ပ္ကို လိုက္ဖြင့္ေတာ့ အလင္းဖ်ဖ်သည္ တံခါးမွတိုးဝင္၏ လူအေရာက္အေပါက္မရိွတာ ႏွစ္ခ်ီေနၿပီျဖစ္သၫ့္ အိမ္ႀကီးသည္ ၾကပ္ခိုးတို႔ အျပၫ့္ေနရာယူ၏ အသင့္ပါလာသၫ့္ လက္ႏိွပ္ဓါတ္မီးကို‌ေခ်ာက္ခနဲဖြင့္ကာ ဟိုဟိုဒီဒီလိုက္ထိုးႀကီးေတာ့ ေအာက္ထပ္တြင္ပင္ အခန္းတို႔ မ်ားစြာဖြဲ႔ထားသည္ကို ေတြ့ရသည္။

"ဒီညေတာ့ အိပ္ဖို႔ေနရာအရင္လုပ္ရေအာင္"

ေဂ်ာ္နီ႔အေျပာေၾကာင့္ စကၠက ေခါင္းတစ္ခ်က္ ညိတ္ျပ၏ ႀကီးမားသၫ့္ႏွစ္ေဆာင္ၿပိဳင္အိမ္ႀကီးမို႔ အခန္းတို႔သည္ မ်ားျပားသည္။ ဟိုဟိုဒီဒီအခန္းတို႔လိုက္ဖြင့္ေတာ့ တခ်ိဳ႕အခန္းတို႔သည္ အေသပိတ္ထား၏ ဖြင့္လို႔ ရသၫ့္အခန္းတို႔ကေတာ့ ဖုန္မႈႏ္ု႔တို႔ကပ္ၫွိေနသၫ့္ေရွးေဟာင္းမွန္တင္ခံု ႏွင့္ တစ္ေယာက္အိပ္သစ္ကုတင္တို႔ကို ေတြ့ရၿပီး တခ်ိဳ႕အခန္းေတြဆို သစ္ေဘာင္တို႔ႏွင့္ ျပဳလုပ္ထားသၫ့္ ကေလးပုခက္အပ်က္တို႔ကို ေတြ့ရသည္။ အိမ္ႀကီး၏ အလယ္တည့္တည့္တြင္ တစ္ခ်ိန္ကခမ္းနားခဲ့ပံုရသည့္ ကြၽန္းကုလားထိုင္ႏွင့္ စားပြဲအဝိုင္းႀကီးတို႔ကိုေတြ့ရ၏

"ငါတို႔ ဒီညေတာ့ သံုးေယာက္လံုးတစ္ခန္းတည္းအိပ္ရင္ေကာင္းမယ္ထင္တယ္"

"မိသားစုအခန္းေတြက အေပၚထပ္မွာျဖစ္ေလာက္တယ္"

ေဂ်ာ္နီ႔အေျပာေၾကာင့္ ေနာင္တို႔ ႀကီးမားသည့္ ေၾကာင္လိမ္ေလွကားႀကီးဆီၪီးတည္လိုက္ၾကသည္။ တစ္ခ်က္နင္းခ်လိုက္တိုင္း တက်ီက်ီျမည္ေနသၫ့္ ေလွကားတို႔ ေၾကာင့္ သတိထားကာ တက္ခဲ့ၾကရသည္။

ေနာင့္လက္ကို ခပ္ဖြဖြဆုပ္ကိုင္ထားသၫ့္ စကၠက ဒီအိမ္ႀကီးထဲေရာက္ကတည္းက တစ္ခ်က္မွမလႊတ္ေသး။ ေနာင္လည္း လႊတ္ခ်ဖို႔ စိတ္ကူးမရိွပါ။ သရဏဂံုကို ၿမဲစြာတည္ၿပီး ငါးပါးသီလကို ခါးဝတ္ပုဆိုးလို ခိုင္ေနေအာင္ေစာင့္ထိန္းသၫ့္ ေနာင္က နာမ္ေလာကသားေတြကို အေၾကာင္းမဲ့ ေၾကာက္ရြံ႔တတ္သၫ့္အထဲမပါေပမယ့္ ပုထုစဥ္လူသားတစ္ေယာက္ျဖစ္သည္ေၾကာင့္ မျမင္ရသၫ့္အရာေတြကို အနည္းငယ္စိုးထိတ္စိတ္ေတာ့ရိွသည္။ ဒီအိမ္ႀကီးထဲဝင္လာတည္းက ေနာင္တို႔ သံုးေယာက္ပဲရိွသည္ဟု မခံစားရသည္ေၾကာင့္လည္း ေနာင္က သိပ္ေတာ့ ေက်ာမလံု။

"က်ဳပ္ မီးလင္းအိမ္ရွာလိုက္အံုးမယ္"

အေပၚထပ္ေရာက္သည္ႏွင့္ ဓါတ္မီးတစ္ေခ်ာင္းႏွင့္ ဟိုထိုးဒီထိုးလုပ္ရင္ ေဂ်ာ္နီက မီးလင္းအိမ္လိုက္ရွာ၏ ထုတ္ပိုးလာသၫ့္အိတ္ထဲမွ ေနာင္က စမ္းတဝါးဝါးရွာေတာ့ ဖေယာင္းတိုင္အႀကီး ႏွစ္တိုင္ႏွင့္ မီးျခစ္ဆံဘူး တစ္ဘူးကိုေတြ့သည္။ စကၠကို လွမ္းေပးေတာ့ ေထာက္ခနဲမီးျခစ္ကာ မီးၫွိလိုက္သည္ႏွင့္ ပတ္ဝန္းက်င္ကို မီးအလင္းေရာင္ေၾကာင့္ အနည္းငယ္ထင္ထင္ရွားရွားေတြ့ရ၏ ဖေယာင္းတိုင္ကို ေျမႇာက္ကိုင္ကာလွၫ့္ပတ္ၾကၫ့္သည္ စကၠေၾကာင့္ ေနာင္ပါလိုက္ၾကၫ့္မိသည္။

ျမင့္မားသၫ့္ နံရံႀကီးထက္ စုတ္ၿပဲေနသၫ့္ အနက္ေရာင္အဝတ္စတို႔ႏွင့္ လႊမ္းၿခံဳထားသၫ့္ ပန္းခ်ီကားခ်ပ္မ်ားစြာတို႔ကို စီတန္းေတြ့ရသည္။ တစ္စြန္းတစ္စ ေပၚေနသၫ့္ပံုတို႔ေၾကာင့္သာ ပန္းခ်ီကားခ်ပ္ဟုေျပာႏိုင္ေပမယ့္ ဘာပံုရယ္လို႔ေတာ့ ေနာင္တို႔မျမင္ရ။ နံရံေထာင့္တိုင္းတြင္ ႀကီးမားသၫ့္ သစ္သားပန္းပုရုပ္အစံုတို႔သည္ ဖုန္အလိမ္းလိမ္းကပ္ၫွိေနေပမယ့္ မ်က္လံုးတို႔က အသက္ဝင္ေနသေယာင္။ က်ားရုပ္၊ ျခေသၤ့ရုပ္၊ နဂါးရုပ္၊ နရားရုပ္၊ ဘီလူးရုပ္၊ မိန္းမပ်ိဳတစ္ၪီး ကႀကိဳးသီေနဟန္အရုပ္စသည္ျဖင့္ ဟိုမွဒီမွ။ တခ်ိဳ႕အရုပ္တို႔သည္ လဲၿပိဳက်ိဳးပဲ့ေနၿပီးတခ်ိဳ႕က ေတာ့ အေကာင္းပကတိအတိုင္းရိွေနၾကေသးသည္။

"မီးလင္းအိမ္တစ္လံုးရိွေနတယ္"

ဖုန္တက္ေနသည့္မီးလင္းအိမ္တစ္လံုးကိုင္ကာ အနားေရာက္လာသည့္ ေဂ်ာ္နီက အ၀တ္စတစ္ႏွင့္ ဖုန္မႈန္႔တို႔ကိုခါထုတ္၏

ေန့အလင္းလံုးဝေပ်ာက္ကြယ္သြားျဖစ္သည္ေၾကာင့္ မီးလင္းအိမ္ကို မီးၫွိကာ မိသားစုအိပ္ခန္းဟုယူဆရသၫ့္ အခန္းက်ယ္တစ္ခုထဲ ေနာင္တို႔သံုးေယာက္၀င္ခဲ့လိုက္ၾကသည္။ တစ္ညတာပဲ နားခိုမည္ျဖစ္၍ သန္႔ရွင္းေရးကိုေတာ့ မ်ားမ်ားစားစားမလုပ္။ သစ္ကုတင္ႀကီးႏွင့္ ပစၥည္းပစၥယတင္စားပြဲေလးကိုသာ စကၠက သုတ္သင္ကာသပ္သပ္ရပ္ရပ္ျပဳလုပ္လိုက္သည္။ ေဂ်ာ္နီကမီးလင္းအိမ္ကိုမ်က္ႏွာက်က္မွတြဲက်သည့္ ခ်ိတ္ တစ္ခုတြင္ခ်ိတ္ဆြဲေတာ့ အလင္းဖ်ဖ်သည္ တစ္ခန္းလံုးသို႔လႊမ္းၿခံဳ၏

ေနာင္ကေတာ့ပါလာသည့္ ခ်င္းေစာင္အပါး ႏွစ္ထည္ကို သံုးေယာက္အိပ္ရဖို႔ ကုတင္ႀကီးထက္ ျဖန္႔ခင္းလိုက္သည္။ ေဂ်ာ္နီကညာဘက္ေထာင့္စြန္းတြင္၀င္လွဲခ်၏ သကၠလပ္ၪီးထုပ္ကိုမ်က္ႏွာထက္ဖံုးကာ ပက္လက္အိပ္ခ်သည့္ ေဂ်ာ္နီက မည္သည့္စကားမွထပ္မဆို။ ေနာင္ကေတာ့ ဘုရားရွင္အားရည္မွန္းကာၪီးခ်ကန္ေတာ့ၿပီး သရဏဂံုေဆာက္တည္၍ ငါးပါးသီလကို ျပန္တည္လိုက္သည္။

က်ယ္၀န္းသည့္ ကုတင္ႀကီးမို႔ သံုးေယာက္ေကာင္းမြန္စြာအိပ္စက္ႏိုင္ေလာက္သည္။ ေယာက်ာ္းသားေတြခ်ည္းပဲမို႔ ကိစၥဝိစၥသိပ္မမ်ား။ စကၠအိပ္မည့္ေထာင့္ကို သပ္ရပ္ေအာင္ျဖန္႔ခင္းေပးၿပီးေခါင္းအံုးရေအာင္အ၀တ္တခ်ိဳ႕ခုေပးလိုက္သည္။ စကၠကိုလွမ္းၾကည့္ေတာ့ ျပတင္းတံခါးမွ ေကာင္းကင္ယံကိုေမာ့ၾကည့္ကာ တစ္စံုတစ္ခုကိုခပ္တိုးတိုးရြတ္ဆိုေန၏

စကၠ၏ ထိုအက်င့္သည္ ေနာင္စတင္သိခ်ိန္မွသတိထားမိသည္မွာအေတာ္ၾကာၿပီျဖစ္သည္။ အခုခ်ိန္ထိတစ္ရက္မွမျပတ္ေသး။ ေန့ဘက္တြင္ ေနထြက္ရာအရပ္မ်က္ႏွာမူကာ သူရိန္ေနမင္းကိုပူေဇာ္တတ္သည့္ စကၠက ညဘက္တြင္ေကာင္းကင္ယံထက္အာရံုျပဳ၍ လမင္းကိုပူေဇာ္တတ္သည္။

အခ်ိန္ခဏၾကာေတာ့ကုတင္ေဘးေရာက္လာသည့္စကၠက ကုတင္၏ ညာဘက္ျခမ္းတြင္ဝင္လွဲ၏လက္ေမာင္းတစ္ဖက္ကို ေနာင့္ဘက္ ဆန္႔ေပးေတာ့ ခပ္ေတာင့္ေတာင့္လက္ေမာင္းတို႔အေပၚေခါင္းအံုးအိပ္ရင္း မုဆိုးႀကီးကိုသိုင္းဖက္ထားမိသည္။

"ေမာင္"

"အင္း"

ပုဇဥ္းရင္ကြဲတို႔ ႏွင့္ ပိုးေကာင္တို႔စူးစူးဝါးဝါးေအာ္သံမွလြဲမည္သည့္အသံမွ မၾကားရသည့္ညအခ်ိန္တြင္ ေနာင့္ ၏ ေခၚသံသည္ တိုးလ်လ်ေပမယ့္ ထင္ထင္ရွားရွား။

"စိတ္ထဲမွာတစ္ေယာက္ေယာက္လိုက္ၾကည့္ေနသလိုခံစားရတယ္"

"အိပ္လိုက္ေနာင္။ ေမာင္ရိွရင္ဘယ္သူမွမကပ္ရဲပါဘူး"

ခ်စ္ရသူသည္ ေနာင့္ကိုဘယ္ေနရာေရာက္ေရာက္လံုၿခံဳေနြးေထြးေစသည္။ ေမာင္ရိွေနတာပဲဆိုသည့္စိတ္ခံစားခ်က္က ေနာင့္ကိုစိတ္ခ်လက္ခ်အနားယူေစ၏ မီးေရာင္မိွန္ဖ်ဖ်ေအာက္ေဘးတိုက္ျမင္ရသည့္မ်က္ႏွာကိုေငးၾကည့္ရင္းမ်က္စိတို႔ တျဖည္းျဖည္းမိွတ္ခ်မိသည္။ ဆံပင္တို႔ကိုခပ္ဖြဖြသပ္တင္ကာေခ်ာ့ျမဴေနသည့္ မုဆိုးႀကီးက လက္မ ႏွင့္ပါးတစ္ဖက္ကိုျငင္ျငင္သာသာပြတ္သပ္ေနေသး၏ မုဆိုးႀကီး၏ အထိအေတြ့တို႔ၾကား ေနာင္က အခ်ိန္ခဏၾကာသၫ့္အခါ မ်က္လံုးတို႔စင္းက်လာၿပီး ႏိုးတစ္၀က္အိပ္တစ္၀က္အေျခအေနသို႔ေရာက္ရိွသြားခဲ့ရေတာ့သည္။

မ်က္လံုးတို႔မိွတ္ကာ အိပ္စက္ေနေပမယ့္ အာရံုတို႔သည္အခန္းထဲျဖန႔္က်က္ေန၏ မီးလင္းအိမ္သည္ မိွတ္တုတ္ မိွတ္တုတ္ႏွင့္။ လအလင္းသည္ ျပတင္းမွ တိုးဝင္ေပမယ့္ အခန္း၏ ေထာင့္တို႔သည္ ေမွာင္ရိပ္က်ေနဆဲ။ တစ္စံုတစ္ခု၏ လႈပ္ရွားမႈသည္ အခန္းေထာင့္တစ္ေနရာမွ ေနာင့္ကို စတင္လႈံ႔ေဆာ္ေနသလို။ မ်က္လံုးတို႔သည္မၾကၫ့္ခ်င္လည္း ျမင္ေနရသည္။ သို႔ေသာ္ ဝိုးတိုးဝါးတား။ စကၠလို႔အသံထြက္ေခၚလိုက္မိေပမယ့္ အသံတို႔သည္ လည္ေခ်ာင္းဝမွထြက္မလာ။ ရုန္းကန္ထဖို႔ႀကိဳးစားၾကၫ့္ေပမယ့္ လက္တစ္ေခ်ာင္းပင္လႈပ္မရ။

တျဖည္းျဖည္းနီးကပ္လာသၫ့္အရာသည္ လူတစ္ေယာက္ကဲ့သို႔ ပံုပန္းသြင္ျပင္ရိွေပမယ့္ မ်က္ႏွာရယ္လို႔ ေသခ်ာမျမင္ရ။ အိမ္မက္လားလက္ေတြ့လား ေနာင္ မခြဲျခားႏိုင္။ ကုတင္ေျခရင္းမွ တိုးကပ္လာသၫ့္ အရာသည္ ေနာင့္ကို စူးစူးနစ္နစ္စိုက္ၾကၫ့္ေန၏ ႀကီးမားသည့္အရိပ္ႀကီးသည္မ်က္ႏွာက်က္မွ ေနာင့္အေပၚအုပ္မိုးခ်ေန၏ လႈပ္မရသၫ့္ကိုယ္ေၾကာင့္ ေနာင္ကအားယူကာ ျပတင္းတံခါးကို လွမ္းၾကၫ့္လိုက္သည္။ အိမ္မက္..........ဟုတ္တယ္..........ဒါကအိမ္မက္ပဲ။

စကၠ အိပ္ရာထက္ မလာခင္က ဒီျပတင္းတံခါးကို ေသခ်ာပိတ္ကာ ဂ်က္ခ်လိုက္သည္ကို ေနာင္မ်က္လံုးႏွင့္ တပ္အပ္ျမင္လိုက္သည္။ အခု ျပတင္းတံခါက ပြင့္ေန၏ ေလတိုးသည္ေၾကာင့္ နံရံႏွင့္ တံခါးရိုက္ခတ္သံသည္ တဂ်ဳန္းဂ်ဳန္းႏွင့္။ လေရာင္သည္ ျဖာက်ေနသည္။ သို႔ေသာ္ အျပင္မွ သစ္ပင္တို႔သည္မလႈပ္။ သစ္ပင္မလႈပ္ပါဘဲ ေလတိုးသည္ေၾကာင့္ ျပတင္းတံခါးရိုက္ခတ္စရာအေၾကာင္းမရိွ။ က်ိန္းေသသည္ ဒါက အိမ္မက္တစ္ခု။

အသက္ကိုခပ္ဝဝရႉလိုက္သည္။ စိတ္ထဲ သရဏဂံုကို အထပ္ထပ္အခါခါပြားမ်ားသည္။ ပတ္ဝန္းက်င္ကို ေမ့ေလ်ာ့ထားလိုက္သည္။ ထို႔ေနာက္လက္ေခ်ာင္းတို႔ကို အားယူလႈပ္ၾကၫ့္သည္။ နားထဲ ျပတင္းတံခါး၏ ရိုက္ခတ္သံက ဆူညံစြာျမည္ေနဆဲ။ ေျခရင္းနားမွ လူက ေနာင့္ကို တစ္စံုတစ္ခု ေျပာဖို႔ ႀကိဳးစားေနသည္။ တျဖည္းျဖည္းလွမ္းလာသၫ့္ လက္အစံုသည္ ေျခခ်င္းဝတ္နားနီးကပ္လာသည္။ မ်က္လံုးတို႔ မိွတ္ထားမိသည္ ထင္ရေပမယ့္ ေနာင္က ပတ္ဝန္းက်င္၏ လႈပ္ရွားမႈအလံုးစံုကို သိေန၏ အဆက္မျပတ္ရြတ္ဆိုမိသၫ့္ သရဏဂံုပြားမ်ားမႈကို ေနာင္ လံုးဝမရပ္မိ။

"ဟာ့"

ပတ္ဝန္းက်င္သည္ ပကတိျပန္လည္တိတ္ဆိတ္သြား၏ ေဘးတေစာင္းလွဲအိပ္ေနမိသၫ့္ ကိုယ္ခႏၶာ၏ အထိအေတြ့အလံုးစံုကို ေနာင္အခုမွ ခံစားလို႔ရသည္။ အသက္ကို ခပ္ဝဝရႉလိုက္သည္။ မ်က္လံုးတို႔ကို အားယူဖြင့္လိုက္မိသည္။ ေနာင္ အနည္းငယ္ေမာဟိုက္ေန၏ မီးလင္းအိမ္၏ အလင္းေရာင္ သည္ အေတာ့္ကို မိွန္ဖ်ေနသည္။ေဘးတြင္စကၠမရိွေတာ့။ အျမင္အာရံုသည္ အခုခ်ိန္ထိအနည္းငယ္ ဝိုးတိုးဝါးတားျဖစ္ေနသည္။ မၾကည္ခ်င္သၫ့္ေခါင္းကခပ္ေနာက္ေနာက္။ သိသိသာသာျမန္ေနသၫ့္ႏွလံုးခုန္ႏႈန္းက အသားမက်ေသး။ ပတ္ဝန္းက်င္ကို ေခါင္းအနည္းငယ္ႂကြကာလိုက္ၾကၫ့္မိေတာ့...............

"ေမာင္"

ေနာင့္၏ တိုးလ်လ်ေခၚသံေၾကာင့္ ေက်ာေပးထားသၫ့္ စကၠက ခပ္ျဖည္းျဖည္းလွၫ့္ၾကၫ့္လာ၏ ေဘးတြင္အိပ္ေနသူသည္ အဘယ္ေၾကာင့္ကုတင္ေျခရင္းေရာက္ေနသည္မသိ။ က်ယ္ျပန႔္သၫ့္ေက်ာျပင္သည္ တစ္စံုတစ္ခုကို ေနာင့္အျမင္အာရံုမွ ကာထား၏ လွၫ့္ၾကၫ့္လာသၫ့္ မ်က္ႏွာ တစ္ျခမ္းသည္ ခက္ထန္လြန္းေနသည္။ ေမွာင္ရိပ္အနည္းငယ္က်သည္ေၾကာင့္ အလံုးစံုမျမင္ရေပမယ့္ မ်က္လံုးတို႔သည္ နီရဲေန၏

လွစ္ခနဲျဖစ္သြားသည့္ တစ္စံုတစ္ခုသည္ အခန္းေထာင့္သို႔၀င္ေရာက္ေပ်ာက္ကြယ္သြား၏ မ်က္စိေထာင့္မွရိပ္ခနဲျမင္လိုက္ရသည္ေၾကာင့္ ဘာဆိုတာေနာင္မေဝခြဲလိုက္ႏိုင္။ ေမွာင္ရိပ္က်သည့္ဘက္ျခမ္းျဖစ္၍ အရိပ္တစ္ခုခု၏ လႈပ္ရွားမွဴဟုသာေကာက္ခ်က္ခ်လိုက္မိေပမယ့္ စကၠ၏ မ်က္လံုးအစံုတို႔ကအေၾကာင္းမဲ့ နီရဲေနျခင္းေတာ့မဟုတ္။

"ေနာင္"

"ေမာင္.... တစ္ခုခုျဖစ္လို႔လား"

ေနာင့္ေဘးနား တင္ပလင္လြဲ၀င္ထိုင္သည့္စကၠက ေနာင့္ နဖူးထက္ခပ္ဖြဖြငံု႔နမ္း၏ ခက္ထန္မႈတို႔မရိွေတာ့ေပမယ့္ မ်က္လံုးအေရာင္သည္ ပံုမွန္ျပန္မျဖစ္ေသး။ ကုတင္ေျခရင္းမွ ေနာင့္ဆီလွမ္းလာသည့္ အခ်ိန္တုန္းက စကၠ၏ ညာဘက္လက္သည္ သိသိသာသာႀကီးမား၍ လက္သည္းတို႔ရွည္ထြက္ေန၏ အနားေရာက္လာသည့္အခါတြင္ေတာ့ ထိုလက္သည္ပံုမွန္အတိုင္းျဖစ္ေနသည္။ ဒါက ဒုတိယအႀကိမ္ေျမာက္မဟုတ္လား.... စကၠမ်က္လံုးေတြအနီေရာင္ေတာက္ေတာက္သို႔ေျပာင္းလဲသြားတာ ဒုတိယအႀကိမ္ေျမာက္။

"ဘာျဖစ္လို႔လဲ ေမာင္။ တစ္ေယာက္ေယာက္ရိွေနတာလား"

ေနာင့္အေမးကိုစကၠက မေျဖ။ ထိုအစားေခါင္းခါကာခပ္ေရးေရးၿပံဳးျပ၏ဆံပင္တို႔ကို သပ္တင္ကာေခ်ာ့ျမဴေနသည့္ စကၠက ေနာင့္ကိုျပန္အိပ္ေစခ်င္ပံုပင္။ မေျဖခ်င္သည့္ေမးခြန္းအတြက္ ေနာင္ ထပ္မေမးျဖစ္ေတာ့။ က်ိန္းေသတာေတာ့ တစ္ခုခုျဖစ္ပ်က္သြားခဲ့သည္။

**ဝုန္း**

ေနာင့္ အေနာက္ဘက္မွ ဝုန္းခနဲအသံႏွင့္ ထလာသည့္ ေဂ်ာ္နီေၾကာင့္ ရုတ္တရတ္မို႔ ေနာင္ အေတာ္ကိုလန္႔သြားသည္။ေဂ်ာ္နီ အက်ႌရင္ဘတ္တြင္ေခြၽးတို႔ရြဲနစ္ေန၏ အိမ္မက္ဆိုးတစ္ခုမွ အလန္႔တၾကားလြတ္ေျမာက္လာသလို အသက္ရႉသံတို႔သည္ ခပ္ျပင္းျပင္း။ စကၠကိုလွည့္ၾကည့္လာသည့္ မ်က္လံုးတို႔သည္ ေျခာက္ျခားမွဴတို႔အနည္းငယ္ပါ၏ ျပန္စိုက္ၾကည့္သည့္စကၠ၏ မ်က္၀န္းတို႔က အေရာင္အေတာ္ေဖ်ာ့လာၿပီျဖစ္ၿပီး ေနြးေထြးရိပ္တို႔အနည္းငယ္သန္း၏

"အဆင္ေျပရဲ့လား ေဂ်ာ္နီ။ ေရေသာက္မလား"

"ရတယ္"

ကုတင္မွ ထသြားကာျပတင္းတံခါးကိုသြားဖြင့္၍ ေလေကာင္းေလသန္႔ရႉၿပီး စိတ္ၿငိမ္ေအာင္ထိန္းေနပံုရသည့္ ေဂ်ာ္နီေၾကာင့္ ေနာင္တို႔ဘာမွ ဆက္မေမးဘဲ အေျခအေနကိုသာတစ္ခ်က္ေစာင့္ၾကည့္ေနလိုက္သည္။

ထိုေန့ညတြင္ေတာ့ ေနာင္တို႔ဆက္ မအိပ္ျဖစ္ေတာ့ပါ။ ကုတင္တိုင္ကိုမွီကာ ထိုင္ေနသည့္စကၠ၏ ေပါင္တစ္ဖက္ေပၚေခါင္းတင္ေမွးရင္း ည၏ တိတ္ဆိတ္မႈကို ေနာင္ကေက်ာ္ျဖတ္ရသည္။ စကၠကေတာ့ အခန္းေထာင့္တစ္ေနရာကိုတစ္ခ်က္တစ္ခ်က္စူးစူးရဲရဲစိုက္ၾကည့္ေနသည္မွလႊဲ ေနာင့္ ေက်ာကိုဖြဖြပြတ္သပ္ေပးေန၏ ေဂ်ာ္နီကေတာ့ တစ္ညလံုးဖက္ၾကမ္းေဆးျပင္းလိပ္ကိုတစ္လိပ္ၿပီးတစ္လိပ္ထိုင္ေသာက္ရင္း ည ၏ ေအးစက္မွဴကိုေက်ာ္ျဖတ္ေနေတာ့၏

3024 words
27.10.2023 (11:30 pm)
Vi vian
90°bow

Continue Reading

You'll Also Like

2.1M 162K 36
No descriptions here
484K 39.7K 34
ရုတ်ရင့်ကြမ်းတမ်းတဲ့ Mafia တစ်ယောက် အချစ်မှာ နစ်မြောသွားတဲ့အခါ ...( OC မဟုတ်ပါ OTP fiction ပါ ) Warning - Sexual contect alert ❗
1.6M 200K 161
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
2.3K 66 3
ဦးကုဋေလွန်းရဲ့ ထာဝရစေးကပ်လွန်းတဲ့ကော်ဗူးလေး ကုဋေလွန်း + ပိုင်ငြိမ်းသုတဟန်