ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...

By KimHsuYoon99

114K 13.8K 109

Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 25
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108

Chapter 30

1.1K 147 0
By KimHsuYoon99

Unicode

[တာ့ကျဲက တကယ့်ကို တစ်မူထူးနေတဲ့သူတစ်ယောက်ပဲ၊ သူမက လုံးဝ ဂရုမစိုက်တတ်ဘူး၊ ဟားဟား]

[တာ့ကျဲ နှုတ်ဆက်တယ်နော် နောက်တစ်ခါတွေ့မယ်!]

ကုမျန်က တိုက်ရိုက်ထုတ်လွှင့်ပြီးနောက် အိပ်မပျော်တာကြောင့် နာနီဆီသွားပြီး မြေခွေးလေးကို သူမအခန်းထဲပြန်ခေါ်လာကာ မြေခွေးလေးနဲ့တူတူ ခဏကစားပေးလိုက်တယ်။

သူမဘက်မှာတော့ ‌နွေးထွေးပြီး သက်‌တောင့်သက်သာရှိိခဲ့တယ်။

တစ်ဖက်မှာရှိတဲ့ ၀မ့်ရှားကတော့ သူမရဲ့ဖုန်းကို လွှင့်ပစ်လုနီးပါးပင်။

တကယ်တော့ ကုမျန်ရဲ့တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရောက်နေတဲ့ haterတွေက သူမနဲ့ဘာမှမဆိုင်ဘူးလို့ပြောရင် သဘာဝအတိုင်းကို မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူမနဲ့ ပတ်သက်တယ်လို့ ပြောခဲ့ရင် သူမက အလွယ်တကူ ထွက်သွားနိုင်ပြီး ပြသနာထဲပါမှာမဟုတ်ဘူး။ သူမက သူမရဲ့support club ဥက္ကဋ္ဌရှေ့မှာ အနည်းငယ် စိတ်ဆင်းရဲဟန်ဆောင်ကာ ငိုခဲ့ရုံကလွဲပြီး အခြားဘာမှလုပ်ခဲ့ခြင်းမဟုတ်ပေ။

သူမက ကုမျန်ကိုမည်းနက်သွားအောင်ပြုလုပ်စေဖို့ သူမရဲ့ပရိတ်သတ်တွေကို မစည်းရုံးခဲ့ဘဲ ကုမျန်ကိုတွေ့တဲ့အချိန်ဆို သူမစိတ်မချမ်းသာ‌ဘူးလို့လည်း သူ့ကိုမပြောခဲ့ပေ။

လတ်တလောမှာ သူမက အနည်းငယ် ပင်ပန်းမိတယ်ဆိုတာနဲ့ ဒီနယ်ပယ်ထဲနေထိုင်ရတာက အရမ်းကိုခက်ခဲလွန်းတယ်‌လို့ ခံစားမိတယ်ဆိုတာလေးပဲ သူမပြောခဲ့တာ။ ကျန်တာအားလုံးကို သူမ ထိန်းချုပ်ဖို့ မလိုအပ်ဘူး။ သူမရဲ့ support clubဥက္ကဋ္ဌက ကုမျန်ကို အလိုအလျောက် ပစ်မှတ်ထားလိုက်ပြီး သူမရဲ့ ပရိသတ်တွေက သူမ မတရားခံရကြောင်း သိပြီးတဲ့နောက်မှာတော့ သူတို့က သဘာ၀ကျစွာနဲ့ ဒေါသထွက်ခဲ့ကြတယ်။

သူမရဲ့ပရိသတ်တွေကြောင့် ကုမျန်ဆူပူကြိမ်းမောင်းခံ‌ရတာကို မြင်ရတာက ၀မ့်ရှားကို ပျော်ရွှင်စေတယ်။

သူမလည်းပဲ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ အခြေအနေတွေကို တိတ်တဆိတ်ကြည့်နေခဲ့တာ။ သူမရဲ့ပရိသတ်တွေ ကုမျန်ကို ဆဲဆိုကြိမ်းမောင်းနေတဲ့အချိန်ကတည်းက သူမ အလွန်အမင်းပျော်ရွှင်နေခဲ့တယ်။ ဒါပေမယ့် သူမ ကောင်းမွန်တဲ့ရှိုးပွဲကို ကြည့်ရှုနေဆဲအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက လေရဲ့ဦးတည်ရာက ချက်ချင်းပြောင်းလဲသွားပြီး သူမမြင်ချင်တဲ့မြင်ကွင်းက ချက်ချင်းပျောက်ကွယ်သွားကာ သူမရဲ့ပရိသတ်တွေက Weibo ရဲ့ hot search ပေါ်  ကုမျန်ထပ်ရောက်သွားဖို့တောင် ကူညီပေးခဲ့ကြတယ်။

#National Big Sister # ဆိုတဲ့Hot Search က အောက်ခြေနားမှာ ရှိနေပေမယ့်လည်း သာမန်မျက်စိနဲ့တောင် မြင်နိုင်တဲ့အရှိန်နဲ့ အပေါ်ကို ရူးရူးမူးမူးတက်လာခဲ့တယ်။

၎င်းကိုနှိပ်လိုက်ရုံနဲ့ Hot Search က ကုမျန်နဲ့သက်ဆိုင်တယ်ဆိုတာကို တွေ့ရှိရလိမ့်မယ်။

တိုက်ရိုက်ထုတ်လွှင့်မှုမှာ သူမက ဖြောင့်မတ်ရိုးသားပြီး ဟန်မဆောင်တတ်တာကြောင့် အင်တာနက်အသုံးပြုသူတွေက သူမကို National Big Sisterအဖြစ် ဖော်ဖော်ရွေရွေနဲ့ သရဖူဆောင်းပေးခဲ့ကြတယ်။

ဖျော်ဖြေရေးနယ်ပယ်မှာ national ဆိုပြီးခေါင်းစဉ်တပ်ထားတဲ့ ကြယ်ပွင့်များစွာရှိတယ်။ ဥပမာအားဖြင့်၊ national ဆိုတဲ့စကားလုံးနဲ့ ယေဘုယျအားဖြင့် ဆက်စပ်နေတဲ့ national first love XX၊ national husband XX နဲ့ national sister XX တို့က ကျော်ကြားမှုမြင့်မားတဲ့သူတွေဖြစ်ပြီး ပရိတ်သတ်အသိအမှတ်ပြုခံထားရတဲ့ ကြယ်ပွင့်တွေဖြစ်တယ်။

ဖျော်ဖြေရေးနယ်ပယ်မှာ မျက်နှာနဲ့ သရုပ်ဆောင်မှုစွမ်းရည်က အရမ်းအရေးကြီးတဲ့အရာပါ။ ဒါပေမယ့် အဲ့ဒါက အမြဲတမ်းမမှန်ကန်နေဘူး။ သူတို့က ကျော်ကြားလာဖို့အတွက် လုံလောက်တဲ့သတ်မှတ်ချက် မဟုတ်ဘူး။ အဲ့ဒီအရာတွေက ကျော်ကြားလာဖို့အတွက် အပိုအချက်တချို့မျှသာပင်။ သရုပ်ဆောင်မင်းသားပဲဖြစ်ဖြစ်၊ သရုပ်ဆောင်မင်းသမီးပဲဖြစ်ဖြစ် ပရိသတ်က အဲ့ဒီလူကို ကြိုက်လားမကြိုက်ဘူးလားဆိုတဲ့အပေါ်ပဲ မူတည်ပါတယ်။

မင်းသား ဒါမှမဟုတ် မင်းသမီးတစ်ဦးမှာ တစ်မူထူးခြားတဲ့ ပရိသတ်ဆွဲဆောင်နိုင်စွမ်းရှိခဲ့ရင်  သူမဘာမှမလုပ်ရင်တောင် ပရိသတ်တွေ သဘောကျတာကိုခံရသရွေ့ အောင်မြင်မှုရရှိနိုင်တယ်။

သိသိသာသာကို ကုမျန်မှာ တစ်မူထူးခြားတဲ့ ပရိသတ်ဆွဲ‌ဆောင်နိုင်စွမ်းရှိနေတယ်။

သူမက တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ စကားအနည်းငယ်သာ ပြောခဲ့ပေမယ့် "national big sister” လို့တောင် ပရိသတ်တွေက ရင်းနှီးခင်မင်စွာနဲ့ ခေါ်ဝေါ်ကြတယ်။  'တာ့ကျဲ'' ဆိုတဲ့ စကားလုံးက ပိုပြီးသာမန်ဆန်တာကြောင့်မှန်း ထင်ရှားပြီး ခေါင်းစဉ်က “national first love” နဲ့ “national sister” ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ကွဲပြားနေခဲ့တယ်။

၀မ့်ရှားရဲ့ လက်ထောက်က ခေါင်းငုံ့ပြီး ငြိမ်နေလိုက်တယ်။ ၀မ့်ရှားက ဖုန်းကိုပစ်ချလိုက်ပြီး ဒေါသပြေသွားပြီးနောက် သူမက သတိထားလျက် သတိပေးလိုက်တယ်။ "၀မ့်ရှား ၊ သွားအိပ်တော့နော်၊ မနက်ဖြန် လေယာဉ်မီမှရမယ်လေ"

၀မ့်ရှားက သူမရဲ့ဒေါသကို ထိန်းချုပ်ထားပြီးဖြစ်တယ်။ ဒီစကားကိုကြားတော့ သူမက စိတ်မရှည်စွာနဲ့ "အိပ်ဖို့လား၊ ဒီအချိန်မှာ ငါအိပ်နိုင်ဦးမယ်လို့ နင်ထင်နေတာလား"

သူမက နောက်ဆုံးမှာ အခြားသူဝတ်ဆင်ဖို့မင်္ဂလာဝတ်စုံကို သူမကိုယ်တိုင် ချုပ်ပေးခဲ့တယ်လေ။ (သူမရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးက အခြားသူကိုပဲ အကျိုးရှိသွားစေတယ်) ဒါက ရှက်စရာကောင်းလွန်းတယ်။ ဒါ့အပြင် သူမက ရက်အနည်းငယ်အတွင်းမှာတင် ကုမျန်အတွက် မင်္ဂလာဝတ်စုံနှစ်စုံထိတောင် ဖန်တီးပေးမိခဲ့တယ်။

ပထမအကြိမ်က သူမ သတင်းထောက်ရှေ့မှာ ဝမ်းနည်းပြနေတဲ့အချိန်ဖြစ်ပြီး ဖျော်ဖြေမှုက သဘောထားကြီးပုံပေါက်ပေမယ့် ပြီးပြည့်စုံတယ်။ အဆုံးကျတော့ သတင်းထောက်တွေတင်လိုက်တဲ့ ကုမျန်ရဲ့အင်တာဗျူးက အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့တယ်။ လော့ချယ်က like ပေးခဲ့ပြီး ဒါက သူမကို Weibo ပေါ်မှာ သန်းနဲ့ချီတဲ့ပရိသတ်တွေနဲ့ ညတွင်းချင်းပဲ ကြယ်တစ်ပွင့်ဖြစ်လာစေခဲ့တယ်။

ဒုတိယအကြိမ်မှာ၊ သူမရဲ့ပရိသတ်တွေက ကုမျန်ရဲ့တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကို ဆူပူကြိမ်းမောင်းဖို့ သွားခဲ့ကြပေမယ့်လည်း နောက်ဆုံးမှာ သူမက 'The National Big Sister' ဆိုတဲ့ ခေါင်းစဉ်ကိုရသွားခဲ့တယ်။

၀မ့်ရှားရဲ့မျက်နှာက ဒေါသကြောင့် နီရဲလာတယ်။ လက်ထောက်က ကျည်ဆန်ကို ကိုက်လိုက်ပြီး "မနက်ဖြန် audition က အရမ်းအရေးကြီးတယ်..."

၀မ့်ရှားက သူမအကြာကြီး တိုက်ခိုက်နေခဲ့ရတဲ့ဒရာမာကို သတိရသွားပြီး အင်တင်တင်နဲ့  စိတ်‌လျှော့လိုက်တယ်။"ကောင်းပြီ ငါသိပါတယ် သွားတော့"

လက်ထောက်က ခေါင်းညိတ်ပြပြီး အခန်းထဲကနေ တိတ်တိတ်လေး ထွက်သွားတယ် ။

၀မ့်ရှားက သူမကို နံပါတ်တစ်ရန်သူအဖြစ် သတ်မှတ်လိုက်ကြောင်း ကုမျန်မသိခဲ့ဘူး။ သူမက ပထမဆုံးညကို ကုအိမ်မှာ အေးအေးချမ်းချမ်း ကုန်ဆုံးခဲ့ပြီး မိုးလင်းတဲ့အထိ အိပ်ပျော်သွားခဲ့တယ်။

နောက်တစ်နေ့မှာ သူမမျက်လုံးဖွင့်ပြီး ဖုန်းကိုဖွင့်လိုက်တာနဲ့ တသောသော၀င်လာတဲ့ မက်ဆေ့ချ်အများအပြားနဲ့ missed call‌ တွေကြောင့် စိတ်ရှုပ်သွားခဲ့တယ်။

ဒါနဲ့ သူမ အိပ်ပျော်နေတဲ့အချိန်အတွင်း တစ်ခုခု ဖြစ်သွားခဲ့တာလား။


Zawgyi

[တာ့က်ဲက တကယ့္ကို တစ္မူထူးေနတဲ့သူတစ္ေယာက္ပဲ၊ သူမက လုံးဝ ဂ႐ုမစိုက္တတ္ဘူး၊ ဟားဟား]

[တာ့က်ဲ ႏႈတ္ဆက္တယ္ေနာ္ ေနာက္တစ္ခါေတြ႕မယ္!]

ကုမ်န္က တိုက္ရိုက္ထုတ္လႊင့္ၿပီးေနာက္ အိပ္မေပ်ာ္တာေၾကာင့္ နာနီဆီသြားၿပီး ေျမေခြးေလးကို သူမအခန္းထဲျပန္ေခၚလာကာ ေျမေခြးေလးနဲ႕တူတူ ခဏကစားေပးလိုက္တယ္။

သူမဘက္မွာေတာ့ ‌ႏြေးေထြးၿပီး သက္‌ေတာင့္သက္သာရွိိခဲ့တယ္။

တစ္ဖက္မွာရွိတဲ့ ၀မ့္ရွားကေတာ့ သူမရဲ႕ဖုန္းကို လႊင့္ပစ္လုနီးပါးပင္။

တကယ္ေတာ့ ကုမ်န္ရဲ႕တိုက္ရိုက္ထုတ္လႊင့္ခန္းထဲေရာက္ေနတဲ့ haterေတြက သူမနဲ႕ဘာမွမဆိုင္ဘူးလို႔ေျပာရင္ သဘာဝအတိုင္းကို မျဖစ္နိုင္ဘူး။ ဒါေပမယ့္ သူမနဲ႕ ပတ္သက္တယ္လို႔ ေျပာခဲ့ရင္ သူမက အလြယ္တကူ ထြက္သြားနိုင္ၿပီး ျပသနာထဲပါမွာမဟုတ္ဘူး။ သူမက သူမရဲ႕support club ဥကၠ႒ေရွ႕မွာ အနည္းငယ္ စိတ္ဆင္းရဲဟန္ေဆာင္ကာ ငိုခဲ့႐ုံကလြဲၿပီး အျခားဘာမွလုပ္ခဲ့ျခင္းမဟုတ္ေပ။

သူမက ကုမ်န္ကိုမည္းနက္သြားေအာင္ျပဳလုပ္ေစဖို႔ သူမရဲ႕ပရိတ္သတ္ေတြကို မစည္း႐ုံးခဲ့ဘဲ ကုမ်န္ကိုေတြ႕တဲ့အခ်ိန္ဆို သူမစိတ္မခ်မ္းသာ‌ဘူးလို႔လည္း သူ႕ကိုမေျပာခဲ့ေပ။

လတ္တေလာမွာ သူမက အနည္းငယ္ ပင္ပန္းမိတယ္ဆိုတာနဲ႕ ဒီနယ္ပယ္ထဲေနထိုင္ရတာက အရမ္းကိုခက္ခဲလြန္းတယ္‌လို႔ ခံစားမိတယ္ဆိုတာေလးပဲ သူမေျပာခဲ့တာ။ က်န္တာအားလုံးကို သူမ ထိန္းခ်ဳပ္ဖို႔ မလိုအပ္ဘူး။ သူမရဲ႕ support clubဥကၠ႒က ကုမ်န္ကို အလိုအေလ်ာက္ ပစ္မွတ္ထားလိုက္ၿပီး သူမရဲ႕ ပရိသတ္ေတြက သူမ မတရားခံရေၾကာင္း သိၿပီးတဲ့ေနာက္မွာေတာ့ သူတို႔က သဘာ၀က်စြာနဲ႕ ေဒါသထြက္ခဲ့ၾကတယ္။

သူမရဲ႕ပရိသတ္ေတြေၾကာင့္ ကုမ်န္ဆူပူႀကိမ္းေမာင္းခံ‌ရတာကို ျမင္ရတာက ၀မ့္ရွားကို ေပ်ာ္႐ႊင္ေစတယ္။

သူမလည္းပဲ တိုက္ရိုက္ထုတ္လႊင့္ခန္းထဲမွာ အေျခအေနေတြကို တိတ္တဆိတ္ၾကည့္ေနခဲ့တာ။ သူမရဲ႕ပရိသတ္ေတြ ကုမ်န္ကို ဆဲဆိုႀကိမ္းေမာင္းေနတဲ့အခ်ိန္ကတည္းက သူမ အလြန္အမင္းေပ်ာ္႐ႊင္ေနခဲ့တယ္။ ဒါေပမယ့္ သူမ ေကာင္းမြန္တဲ့ရွိုးပြဲကို ၾကည့္ရႈေနဆဲအခ်ိန္မွာ တိုက္ရိုက္ထုတ္လႊင့္ခန္းထဲက ေလရဲ႕ဦးတည္ရာက ခ်က္ခ်င္းေျပာင္းလဲသြားၿပီး သူမျမင္ခ်င္တဲ့ျမင္ကြင္းက ခ်က္ခ်င္းေပ်ာက္ကြယ္သြားကာ သူမရဲ႕ပရိသတ္ေတြက Weibo ရဲ႕ hot search ေပၚ  ကုမ်န္ထပ္ေရာက္သြားဖို႔ေတာင္ ကူညီေပးခဲ့ၾကတယ္။

#National Big Sister # ဆိုတဲ့Hot Search က ေအာက္ေျခနားမွာ ရွိေနေပမယ့္လည္း သာမန္မ်က္စိနဲ႕ေတာင္ ျမင္နိုင္တဲ့အရွိန္နဲ႕ အေပၚကို ႐ူး႐ူးမူးမူးတက္လာခဲ့တယ္။

၎ကိုႏွိပ္လိုက္႐ုံနဲ႕ Hot Search က ကုမ်န္နဲ႕သက္ဆိုင္တယ္ဆိုတာကို ေတြ႕ရွိရလိမ့္မယ္။

တိုက္ရိုက္ထုတ္လႊင့္မႈမွာ သူမက ေျဖာင့္မတ္ရိုးသားၿပီး ဟန္မေဆာင္တတ္တာေၾကာင့္ အင္တာနက္အသုံးျပဳသူေတြက သူမကို National Big Sisterအျဖစ္ ေဖာ္ေဖာ္ေ႐ြေ႐ြနဲ႕ သရဖူေဆာင္းေပးခဲ့ၾကတယ္။

ေဖ်ာ္ေျဖေရးနယ္ပယ္မွာ national ဆိုၿပီးေခါင္းစဥ္တပ္ထားတဲ့ ၾကယ္ပြင့္မ်ားစြာရွိတယ္။ ဥပမာအားျဖင့္၊ national ဆိုတဲ့စကားလုံးနဲ႕ ေယဘုယ်အားျဖင့္ ဆက္စပ္ေနတဲ့ national first love XX၊ national husband XX နဲ႕ national sister XX တို႔က ေက်ာ္ၾကားမႈျမင့္မားတဲ့သူေတြျဖစ္ၿပီး ပရိတ္သတ္အသိအမွတ္ျပဳခံထားရတဲ့ ၾကယ္ပြင့္ေတြျဖစ္တယ္။

ေဖ်ာ္ေျဖေရးနယ္ပယ္မွာ မ်က္ႏွာနဲ႕ သ႐ုပ္ေဆာင္မႈစြမ္းရည္က အရမ္းအေရးႀကီးတဲ့အရာပါ။ ဒါေပမယ့္ အဲ့ဒါက အၿမဲတမ္းမမွန္ကန္ေနဘူး။ သူတို႔က ေက်ာ္ၾကားလာဖို႔အတြက္ လုံေလာက္တဲ့သတ္မွတ္ခ်က္ မဟုတ္ဘူး။ အဲ့ဒီအရာေတြက ေက်ာ္ၾကားလာဖို႔အတြက္ အပိုအခ်က္တခ်ိဳ႕မွ်သာပင္။ သ႐ုပ္ေဆာင္မင္းသားပဲျဖစ္ျဖစ္၊ သ႐ုပ္ေဆာင္မင္းသမီးပဲျဖစ္ျဖစ္ ပရိသတ္က အဲ့ဒီလူကို ႀကိဳက္လားမႀကိဳက္ဘူးလားဆိုတဲ့အေပၚပဲ မူတည္ပါတယ္။

မင္းသား ဒါမွမဟုတ္ မင္းသမီးတစ္ဦးမွာ တစ္မူထူးျခားတဲ့ ပရိသတ္ဆြဲေဆာင္နိုင္စြမ္းရွိခဲ့ရင္  သူမဘာမွမလုပ္ရင္ေတာင္ ပရိသတ္ေတြ သေဘာက်တာကိုခံရသေ႐ြ႕ ေအာင္ျမင္မႈရရွိနိုင္တယ္။

သိသိသာသာကို ကုမ်န္မွာ တစ္မူထူးျခားတဲ့ ပရိသတ္ဆြဲ‌ေဆာင္နိုင္စြမ္းရွိေနတယ္။

သူမက တိုက္ရိုက္ထုတ္လႊင့္ခန္းမွာ စကားအနည္းငယ္သာ ေျပာခဲ့ေပမယ့္ "national big sister” လို႔ေတာင္ ပရိသတ္ေတြက ရင္းႏွီးခင္မင္စြာနဲ႕ ေခၚေဝၚၾကတယ္။  'တာ့က်ဲ'' ဆိုတဲ့ စကားလုံးက ပိုၿပီးသာမန္ဆန္တာေၾကာင့္မွန္း ထင္ရွားၿပီး ေခါင္းစဥ္က “national first love” နဲ႕ “national sister” ဆိုတဲ့ေခါင္းစဥ္ေတြနဲ႕ ကြဲျပားေနခဲ့တယ္။

၀မ့္ရွားရဲ႕ လက္ေထာက္က ေခါင္းငုံ႕ၿပီး ၿငိမ္ေနလိုက္တယ္။ ၀မ့္ရွားက ဖုန္းကိုပစ္ခ်လိဳက္ၿပီး ေဒါသေျပသြားၿပီးေနာက္ သူမက သတိထားလ်က္ သတိေပးလိုက္တယ္။ "၀မ့္ရွား ၊ သြားအိပ္ေတာ့ေနာ္၊ မနက္ျဖန္ ေလယာဥ္မီမွရမယ္ေလ"

၀မ့္ရွားက သူမရဲ႕ေဒါသကို ထိန္းခ်ဳပ္ထားၿပီးျဖစ္တယ္။ ဒီစကားကိုၾကားေတာ့ သူမက စိတ္မရွည္စြာနဲ႕ "အိပ္ဖို႔လား၊ ဒီအခ်ိန္မွာ ငါအိပ္နိုင္ဦးမယ္လို႔ နင္ထင္ေနတာလား"

သူမက ေနာက္ဆုံးမွာ အျခားသူဝတ္ဆင္ဖို႔မဂၤလာဝတ္စုံကို သူမကိုယ္တိုင္ ခ်ဳပ္ေပးခဲ့တယ္ေလ။ (သူမရဲ႕ႀကိဳးစားအားထုတ္မႈေတြအားလုံးက အျခားသူကိုပဲ အက်ိဳးရွိသြားေစတယ္) ဒါက ရွက္စရာေကာင္းလြန္းတယ္။ ဒါ့အျပင္ သူမက ရက္အနည္းငယ္အတြင္းမွာတင္ ကုမ်န္အတြက္ မဂၤလာဝတ္စုံႏွစ္စုံထိေတာင္ ဖန္တီးေပးမိခဲ့တယ္။

ပထမအႀကိမ္က သူမ သတင္းေထာက္ေရွ႕မွာ ဝမ္းနည္းျပေနတဲ့အခ်ိန္ျဖစ္ၿပီး ေဖ်ာ္ေျဖမႈက သေဘာထားႀကီးပုံေပါက္ေပမယ့္ ၿပီးျပည့္စုံတယ္။ အဆုံးက်ေတာ့ သတင္းေထာက္ေတြတင္လိုက္တဲ့ ကုမ်န္ရဲ႕အင္တာဗ်ဴးက အင္တာနက္ေပၚမွာ ပ်ံ့ႏွံ႕သြားခဲ့တယ္။ ေလာ့ခ်ယ္က like ေပးခဲ့ၿပီး ဒါက သူမကို Weibo ေပၚမွာ သန္းနဲ႕ခ်ီတဲ့ပရိသတ္ေတြနဲ႕ ညတြင္းခ်င္းပဲ ၾကယ္တစ္ပြင့္ျဖစ္လာေစခဲ့တယ္။

ဒုတိယအႀကိမ္မွာ၊ သူမရဲ႕ပရိသတ္ေတြက ကုမ်န္ရဲ႕တိုက္ရိုက္ထုတ္လႊင့္ခန္းထဲကို ဆူပူႀကိမ္းေမာင္းဖို႔ သြားခဲ့ၾကေပမယ့္လည္း ေနာက္ဆုံးမွာ သူမက 'The National Big Sister' ဆိုတဲ့ ေခါင္းစဥ္ကိုရသြားခဲ့တယ္။

၀မ့္ရွားရဲ႕မ်က္ႏွာက ေဒါသေၾကာင့္ နီရဲလာတယ္။ လက္ေထာက္က က်ည္ဆန္ကို ကိုက္လိုက္ၿပီး "မနက္ျဖန္ audition က အရမ္းအေရးႀကီးတယ္..."

၀မ့္ရွားက သူမအၾကာႀကီး တိုက္ခိုက္ေနခဲ့ရတဲ့ဒရာမာကို သတိရသြားၿပီး အင္တင္တင္နဲ႕  စိတ္‌ေလွ်ာ့လိုက္တယ္။"ေကာင္းၿပီ ငါသိပါတယ္ သြားေတာ့"

လက္ေထာက္က ေခါင္းညိတ္ျပၿပီး အခန္းထဲကေန တိတ္တိတ္ေလး ထြက္သြားတယ္ ။

၀မ့္ရွားက သူမကို နံပါတ္တစ္ရန္သူအျဖစ္ သတ္မွတ္လိုက္ေၾကာင္း ကုမ်န္မသိခဲ့ဘူး။ သူမက ပထမဆုံးညကို ကုအိမ္မွာ ေအးေအးခ်မ္းခ်မ္း ကုန္ဆုံးခဲ့ၿပီး မိုးလင္းတဲ့အထိ အိပ္ေပ်ာ္သြားခဲ့တယ္။

ေနာက္တစ္ေန႕မွာ သူမမ်က္လုံးဖြင့္ၿပီး ဖုန္းကိုဖြင့္လိုက္တာနဲ႕ တေသာေသာ၀င္လာတဲ့ မက္ေဆ့ခ်္အမ်ားအျပားနဲ႕ missed call‌ ေတြေၾကာင့္ စိတ္ရႈပ္သြားခဲ့တယ္။

ဒါနဲ႕ သူမ အိပ္ေပ်ာ္ေနတဲ့အခ်ိန္အတြင္း တစ္ခုခု ျဖစ္သြားခဲ့တာလား။

Continue Reading

You'll Also Like

319K 45.1K 84
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao Jiao Struggled Every Day [JJSED] Author...
250K 14.9K 40
My priority /property/privacy
402K 52.1K 133
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...
15.1K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant