Unicode
စကားပြောပြီးနောက် လော့ချယ်က သူနဲ့ စကားမပြောတော့ဘဲ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ပြီး အချိန်ဖြုန်းဖို့ DouDizhu ကိုဖွင့်လိုက်တယ်။
ဒါပေမယ့် အရင်တုန်းကလိုမျိုး ရှုံးပွဲဆက်တိုက်ဖြစ်တာက ပြန်စလာပြန်တယ်။
သိသိသာသာကြီးကို ဟိုတနေ့က သူ့မှာ အရမ်းကောင်းတဲ့လက်လေး ရှိခဲ့တာလေ။
ကတ်ကောင်းလေးတွေက ဒယ်အိုးပူပူပေါ်က ရေပွက် လေးတစ်ပွက်ဖြစ်ခဲ့ရုံပဲတဲ့လား။
ဒုတိယအကြိမ် ပေါ်လာဖို့က သူတို့အတွက် ခက်ခဲလို့လား။
လော့ကျစ်ယွီက လော့ချယ်ရဲ့လက်ထဲက ကတ်ကိုမြင်သွားပြီး "သုံးပွင့်နှစ်ကတ်၊ လေးပွင့်တစ်ကတ်၊ ငါးပွင့်တစ်ကတ်၊ ခြောက်ပွင့်နှစ်ကတ် အကြီးဆုံးကတ်က K. အားချယ်၊ မင်းရဲ့ကံက အမြဲဆိုးနေတာပဲ"
လော့ချယ်ရဲ့နှုတ်ခမ်းပါးလေးတွေက တောင့်တင်းသွားပြီး နောက်ထပ်ဖဲတစ်ဖုံ ထပ်ရှုံးပြီးနောက် "ငါ့မှာ ဂျိုကာ၊ ဘုရင်၊ မိဖုရားလေးပါး၊ aceလေးကောင်ရဖူးတဲ့ ကောင်းမွန်တဲ့လက်လေးရှိခဲ့ဖူးတယ်"
လော့ကျစ်ယွီက အော်ဟစ်လိုက်ပြီး"ဘယ်တုန်းကလဲ၊ ပင်ဂွင်းက နောက်ဆုံးတော့ သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီလား"
" ကုမျန် ငါ့အနားမှာ ရှိနေခဲ့တဲ့အချိန်တုန်းက..." လော့ချယ် တစ်ခုခုကို သဘောပေါက်သွားတယ်။
လော့ကျစ်ယွီရဲ့မျက်၀န်းတွေ တောက်ပလာပြီး သူ စိတ်လှုပ်ရှားလာတယ်။ သူက လော့ချယ်နဲ့ သူ့ချစ်သူကောင်မလေးရဲ့ ဖရဲသီးကို လုံလုံလောက်လောက် မစားရသေးဘူးလို့ ပြောခဲ့ပေမယ့်လည်း ဖရဲသီးလတ်လတ်ဆတ်ဆတ်လေးကို သိပ်မကြာခင်မှာတင် ရလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။
"မင်းနားမှာ ကုမျန်ရှိနေတုန်းက မင်း ကတ်ကောင်းကောင်းရခဲ့တာလား"
"ဒါက တိုက်ဆိုင်သွားတာဖြစ်ရုံပဲ"
လော့ကျစ်ယွီက သိသိသာသာကို တိုက်ဆိုင်မှုဆိုတာ မယုံဘူး။ "မင်း ငါးပွဲ ဒါမှမဟုတ် ခြောက်ပွဲဆက်တိုက် ထပ်ရှုံးသွားတာမလား အရည်အချင်းရှိရင် တစ်ပွဲလောက် အနိုင်ယူကြည့်လေ"
လော့ချယ်က အချိန်ခဏလောက် စကားမပြောလာခဲ့ပေ။ သူ့ဝမ်းကွဲက ဟန်လုပ်ထားတဲ့ အပြုံးတစ်ပွင့်နဲ့ သူ့ပုခုံးကို ပုတ်ပေးလိုက်ရင်း "အားချယ်၊ မင်းရဲ့ ကောင်မလေးက မင်းကိုကံကောင်းစေနိုင်တဲ့ koi ဖြစ်ပုံရတယ်"
လော့ချယ်က မျက်မှောင်ကြုတ်လိုက်ကာ "အဓိပ္ပာယ်မရှိတာတွေမပြောနဲ့"
"အဓိပ္ပာယ်မရှိဘူးတဲ့လား၊ မင်း နောက်တစ်ကြိမ် ထပ်မကြိုးစားနိုင်တာမဟုတ်ဘူးလား"
စကားပြောပြီးနောက် လော့ကျစ်ယွီက အားရကျေနပ်စွာနဲ့ ထွက်သွားတယ်။
လော့ချယ်က ခေါင်းကိုက်လို့ မျက်ခုံးတွေကို ပွတ်သပ်လိုက်တယ်။ သူ့ဝမ်းကွဲက ပုံမှန်အားဖြင့် အလုပ်ထဲမှာ သူ့ကိုယ်သူနစ်မြုပ်ထားပြီး အလုပ်တိုင်းကို ကျွမ်းကျွမ်းကျင်ကျင်လုပ်တယ်။ ဒါပေမယ့် သူ့မှာ အားနည်းချက်တစ်ခုရှိတယ်၊ အဲ့ဒါက အတင်းအဖျင်းတွေကို အရမ်းကြိုက်တာပဲ။
ဒါပေမယ့် ကုမျန်က သူ့ရဲ့ koi လို့ လော့ကျစ်ယွီပြောခဲ့တယ်။
အဲ့ဒါ တကယ်ဖြစ်နိုင်ပါ့မလား။
ကုမျန်က ရှောင်ကျူးနဲ့အစ်ကိုနန်ကို ကားထဲကဆင်းခါနီး နှုတ်ဆက်လိုက်တယ်။ သူမအိမ်ပြန်ရောက်တော့ နာနီနဲ့ အိမ်ထိန်းကိုသာ တွေ့လိုက်ရတယ်။
ကုမျန်ပြန်လာမယ့်အချိန်ကို ရက်အတိအကျမသိတာကြောင့် ကုကော်အန်းက အလုပ်ကိစ္စနဲ့ ခရီးထွက်နေတယ်။ ကုမျန်က သူမ အိမ်ပြန်ရောက်နေပြီလို့ မပြောခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် အဖေနဲ့သမီးက တယောက်နဲ့တယောက် အနှေးနဲ့အမြန် တွေ့ကြရလိမ့်မှာပဲ။ သူမ အလျင်မလိုပါဘူး။
အဲ့ဒီအချိန်အတောအတွင်း သူမက မူလပိုင်ရှင်ရဲ့ဘဝကို နေသားကျသွားနိုင်လောက်ပြီ။
သူမက ကားထဲမှာ နာရီအတော်ကြာကြာနေခဲ့ရတယ်။ ကုမျန်က ပင်ပန်းနွမ်းနယ်မှုတွေပြေပျောက်သွားစေဖို့ရာ ရေအရင်ချိုးဖို့ စီစဉ်ထားတယ်။ သူမက မြေခွေးလေးကို နာနီဆီပေးလိုက်ကာ သူမအခန်းထဲပြန်သွားပြီး ရေနွေးပူပူနဲ့ ရေချိုးနေတဲ့အချိန် သူ့ကို အရင်ဂရုစိုက်ထားပေးဖို့ တောင်းဆိုခဲ့တယ်။
ကုမျန်ရေချိုးပြီး ဆံပင်လေမှုတ်ပြီးတာနဲ့ ဒါရိုက်တာကျန်းချန်ဆီက ဖုန်းဝင်လာတယ်။
"ရှောင်ကု၊ xx ပလပ်ဖောင်းမှာ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ဖို့ သတိရနော်"
ကုမျန်က သူမရဲ့ဆံပင်ရှည်တွေကို နောက်ကိုဆွဲယူလိုက်ပြီး "ဘာလို့လဲ"
"ဒါက ထွင်လုံးတစ်ခုအဖြစ် မှတ်ယူနိုင်တယ် မင်းတင်မဟုတ်ဘူး၊ နောင်ကျရင် တခြားသရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်မင်းသမီးတွေက အလှည့်ကျ တိုက်ရိုက်ထုတ်လွှင့်ကြလိမ့်မယ် မင်းက ရိုက်ကူးရေးကို အရင်ဆုံးပြီးထားတာဆိုတော့ မင်းကပဲ ရေကို အရင်စမ်းကြည့်လိုက်ပေါ့" (အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို လေ့လာခြင်း)
မူလပိုင်ရှင်ကိုယ်တိုင်လည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့တယ်ဆိုတာကို ကုမျန် ယောင်ဝါးဝါးမှတ်မိသွားတယ်။ အဲ့ဒါက လိုအပ်တဲ့ဇာတ်ကွက်ဖြစ်တာကြောင့်၊သူမ သဘောတူရုံသာတတ်နိုင်တယ်။ "ကောင်းပါပြီ ဒါရိုက်တာ"
"Ask the Immortals" နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေကို မင်းပြောပြလို့ရတယ် ပရိသတ်က ဇာတ်ကွက် ဒါမှမဟုတ် တစ်ခုခုအကြောင်းမေးရင်တော့ ဖြေစရာမလိုဘူး အရေးကြီးတာဘာဖြစ်ဖြစ် မပြောနဲ့ပေါ့ သူတို့နဲ့ ပေါ့ပေါ့ပါးပါး စကားပြောပေးရုံပါပဲ"
"သိပါပြီ ဒါရိုက်တာ"
ကုမျန်က အနည်းငယ် ပင်ပန်းနေပေမယ့်လည်း ရေနွေးပူပူနဲ့ရေချိုးပြီးနောက် နည်းနည်းအသက်ပြန်၀င်လာပြီ။
ကုမျန်က သူမရဲ့ဖုန်းကိုယူထုတ်လိုက်ပြီး xxတိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းကို downloadဆွဲလိုက်တယ်။ ရိုက်ကူးရေးအဖွဲ့သားတွေက သူမတို့တွေအတွက် ပြင်ဆင်ထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအကောင့်ကို ကုမျန်ရဲ့ဖုန်းဆီ ပို့ပေးထားခဲ့တယ်။
သူမက အကောင့်passwordကို ရေးချလိုက်ပြီးနောက် အကောင့်ကို log inဝင်လိုက်တယ်။
ကုမျန်က ဇာတ်ကြောင်းအတိုင်းသွားမယ်ဆိုတဲ့ မစ်ရှင်ကိုပြီးမြောက်ဖို့ ကြိုးစားနေရုံသာဖြစ်ပြီး သူမက လူကြိုက်များလာဖို့တောင် မစဉ်းစားထားတာကြောင့် မိတ်ကပ်မလိမ်းထားဘဲ အဝတ်အစားပင် မလဲထားခဲ့ပေ။
"Ask the Immortal"ရဲ့ ယင်းလျန်ဆိုတဲ့အခန်းအမည်ကို ရွေးချယ်ပြီးနောက် သူမက တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်းစတင်လိုက်တယ်။
အစတုန်းကတော့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ လူအနည်းငယ်ပဲရှိတယ်။
လူနည်းနည်းပဲရှိတာက ဘာမှမဖြစ်ဘူး။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာရှိတဲ့ လူသုံးယောက် ဒါမှမဟုတ် လူလေးယောက်တည်းနဲ့လည်း သူမအလွယ်တကူ စကားပြောလို့ရတယ်။ အချိန်ပြည့်သွားရင် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လို့ရပြီလေ။
ဒါပေမယ့် ဆယ်မိနစ်ကျော်ကြာပြီးနောက်၊ တိုက်ရိုက်ထုတ်လွှင့်မှုမှာ လူအများအပြား ပေါ်လာတယ်။
တိုက်ရိုက်ထုတ်လွှင့်ခန်းက ရုတ်တရက်ကြီး အသက်ဝင်လာတော့တယ်။
ဒီလူတွေက သိသိသာသာကို hater တွေဖြစ်ပြီး ပြင်ဆင်လာကြတယ်။ သူတို့က ဒီလိုပြောကြတယ်။"ကုမျန်၊ ပလပ်စတစ်ဆာဂျရီမ၊ အကြံအစည်များတဲ့ဟာမ၊ နည်းလမ်းမှန်သမျှ သုံးတဲ့ထိပ်သီးခွေးမ"
Zawgyi
စကားေျပာၿပီးေနာက္ ေလာ့ခ်ယ္က သူနဲ႕ စကားမေျပာေတာ့ဘဲ ေဘာင္းဘီအိတ္ကပ္ထဲမွ ဖုန္းကိုထုတ္ၿပီး အခ်ိန္ျဖဳန္းဖို႔ DouDizhu ကိုဖြင့္လိုက္တယ္။
ဒါေပမယ့္ အရင္တုန္းကလိုမ်ိဳး ရႈံးပြဲဆက္တိုက္ျဖစ္တာက ျပန္စလာျပန္တယ္။
သိသိသာသာႀကီးကို ဟိုတေန႕က သူ႕မွာ အရမ္းေကာင္းတဲ့လက္ေလး ရွိခဲ့တာေလ။
ကတ္ေကာင္းေလးေတြက ဒယ္အိုးပူပူေပၚက ေရပြက္ ေလးတစ္ပြက္ျဖစ္ခဲ့႐ုံပဲတဲ့လား။
ဒုတိယအႀကိမ္ ေပၚလာဖို႔က သူတို႔အတြက္ ခက္ခဲလို႔လား။
ေလာ့က်စ္ယြီက ေလာ့ခ်ယ္ရဲ႕လက္ထဲက ကတ္ကိုျမင္သြားၿပီး "သုံးပြင့္ႏွစ္ကတ္၊ ေလးပြင့္တစ္ကတ္၊ ငါးပြင့္တစ္ကတ္၊ ေျခာက္ပြင့္ႏွစ္ကတ္ အႀကီးဆုံးကတ္က K. အားခ်ယ္၊ မင္းရဲ႕ကံက အၿမဲဆိုးေနတာပဲ"
ေလာ့ခ်ယ္ရဲ႕ႏႈတ္ခမ္းပါးေလးေတြက ေတာင့္တင္းသြားၿပီး ေနာက္ထပ္ဖဲတစ္ဖုံ ထပ္ရႈံးၿပီးေနာက္ "ငါ့မွာ ဂ်ိဳကာ၊ ဘုရင္၊ မိဖုရားေလးပါး၊ aceေလးေကာင္ရဖူးတဲ့ ေကာင္းမြန္တဲ့လက္ေလးရွိခဲ့ဖူးတယ္"
ေလာ့က်စ္ယြီက ေအာ္ဟစ္လိုက္ၿပီး"ဘယ္တုန္းကလဲ၊ ပင္ဂြင္းက ေနာက္ဆုံးေတာ့ သူ႕မ်က္လုံးေတြကို ဖြင့္လိုက္ၿပီလား"
" ကုမ်န္ ငါ့အနားမွာ ရွိေနခဲ့တဲ့အခ်ိန္တုန္းက..." ေလာ့ခ်ယ္ တစ္ခုခုကို သေဘာေပါက္သြားတယ္။
ေလာ့က်စ္ယြီရဲ႕မ်က္၀န္းေတြ ေတာက္ပလာၿပီး သူ စိတ္လႈပ္ရွားလာတယ္။ သူက ေလာ့ခ်ယ္နဲ႕ သူ႕ခ်စ္သူေကာင္မေလးရဲ႕ ဖရဲသီးကို လုံလုံေလာက္ေလာက္ မစားရေသးဘူးလို႔ ေျပာခဲ့ေပမယ့္လည္း ဖရဲသီးလတ္လတ္ဆတ္ဆတ္ေလးကို သိပ္မၾကာခင္မွာတင္ ရလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားမိခဲ့ဘူး။
"မင္းနားမွာ ကုမ်န္ရွိေနတုန္းက မင္း ကတ္ေကာင္းေကာင္းရခဲ့တာလား"
"ဒါက တိုက္ဆိုင္သြားတာျဖစ္႐ုံပဲ"
ေလာ့က်စ္ယြီက သိသိသာသာကို တိုက္ဆိုင္မႈဆိုတာ မယုံဘူး။ "မင္း ငါးပြဲ ဒါမွမဟုတ္ ေျခာက္ပြဲဆက္တိုက္ ထပ္ရႈံးသြားတာမလား အရည္အခ်င္းရွိရင္ တစ္ပြဲေလာက္ အနိုင္ယူၾကည့္ေလ"
ေလာ့ခ်ယ္က အခ်ိန္ခဏေလာက္ စကားမေျပာလာခဲ့ေပ။ သူ႕ဝမ္းကြဲက ဟန္လုပ္ထားတဲ့ အၿပဳံးတစ္ပြင့္နဲ႕ သူ႕ပုခုံးကို ပုတ္ေပးလိုက္ရင္း "အားခ်ယ္၊ မင္းရဲ႕ ေကာင္မေလးက မင္းကိုကံေကာင္းေစနိုင္တဲ့ koi ျဖစ္ပုံရတယ္"
ေလာ့ခ်ယ္က မ်က္ေမွာင္ၾကဳတ္လိုက္ကာ "အဓိပၸာယ္မရွိတာေတြမေျပာနဲ႕"
"အဓိပၸာယ္မရွိဘူးတဲ့လား၊ မင္း ေနာက္တစ္ႀကိမ္ ထပ္မႀကိဳးစားနိုင္တာမဟုတ္ဘူးလား"
စကားေျပာၿပီးေနာက္ ေလာ့က်စ္ယြီက အားရေက်နပ္စြာနဲ႕ ထြက္သြားတယ္။
ေလာ့ခ်ယ္က ေခါင္းကိုက္လို႔ မ်က္ခုံးေတြကို ပြတ္သပ္လိုက္တယ္။ သူ႕ဝမ္းကြဲက ပုံမွန္အားျဖင့္ အလုပ္ထဲမွာ သူ႕ကိုယ္သူနစ္ျမဳပ္ထားၿပီး အလုပ္တိုင္းကို ကြၽမ္းကြၽမ္းက်င္က်င္လုပ္တယ္။ ဒါေပမယ့္ သူ႕မွာ အားနည္းခ်က္တစ္ခုရွိတယ္၊ အဲ့ဒါက အတင္းအဖ်င္းေတြကို အရမ္းႀကိဳက္တာပဲ။
ဒါေပမယ့္ ကုမ်န္က သူ႕ရဲ႕ koi လို႔ ေလာ့က်စ္ယြီေျပာခဲ့တယ္။
အဲ့ဒါ တကယ္ျဖစ္နိုင္ပါ့မလား။
ကုမ်န္က ေရွာင္က်ဴးနဲ႕အစ္ကိုနန္ကို ကားထဲကဆင္းခါနီး ႏႈတ္ဆက္လိုက္တယ္။ သူမအိမ္ျပန္ေရာက္ေတာ့ နာနီနဲ႕ အိမ္ထိန္းကိုသာ ေတြ႕လိုက္ရတယ္။
ကုမ်န္ျပန္လာမယ့္အခ်ိန္ကို ရက္အတိအက်မသိတာေၾကာင့္ ကုေကာ္အန္းက အလုပ္ကိစၥနဲ႕ ခရီးထြက္ေနတယ္။ ကုမ်န္က သူမ အိမ္ျပန္ေရာက္ေနၿပီလို႔ မေျပာခဲ့ဘူး။ ဘာပဲျဖစ္ျဖစ္ အေဖနဲ႕သမီးက တေယာက္နဲ႕တေယာက္ အႏွေးနဲ႕အျမန္ ေတြ႕ၾကရလိမ့္မွာပဲ။ သူမ အလ်င္မလိုပါဘူး။
အဲ့ဒီအခ်ိန္အေတာအတြင္း သူမက မူလပိုင္ရွင္ရဲ႕ဘဝကို ေနသားက်သြားနိုင္ေလာက္ၿပီ။
သူမက ကားထဲမွာ နာရီအေတာ္ၾကာၾကာေနခဲ့ရတယ္။ ကုမ်န္က ပင္ပန္းႏြမ္းနယ္မႈေတြေျပေပ်ာက္သြားေစဖို႔ရာ ေရအရင္ခ်ိဳးဖို႔ စီစဥ္ထားတယ္။ သူမက ေျမေခြးေလးကို နာနီဆီေပးလိုက္ကာ သူမအခန္းထဲျပန္သြားၿပီး ေရႏြေးပူပူနဲ႕ ေရခ်ိဳးေနတဲ့အခ်ိန္ သူ႕ကို အရင္ဂ႐ုစိုက္ထားေပးဖို႔ ေတာင္းဆိုခဲ့တယ္။
ကုမ်န္ေရခ်ိဳးၿပီး ဆံပင္ေလမႈတ္ၿပီးတာနဲ႕ ဒါရိုက္တာက်န္းခ်န္ဆီက ဖုန္းဝင္လာတယ္။
"ေရွာင္ကု၊ xx ပလပ္ေဖာင္းမွာ တိုက္ရိုက္ထုတ္လႊင့္မႈလုပ္ဖို႔ သတိရေနာ္"
ကုမ်န္က သူမရဲ႕ဆံပင္ရွည္ေတြကို ေနာက္ကိုဆြဲယူလိုက္ၿပီး "ဘာလို႔လဲ"
"ဒါက ထြင္လုံးတစ္ခုအျဖစ္ မွတ္ယူနိုင္တယ္ မင္းတင္မဟုတ္ဘူး၊ ေနာင္က်ရင္ တျခားသ႐ုပ္ေဆာင္ေတြနဲ႕ သ႐ုပ္ေဆာင္မင္းသမီးေတြက အလွည့္က် တိုက္ရိုက္ထုတ္လႊင့္ၾကလိမ့္မယ္ မင္းက ရိုက္ကူးေရးကို အရင္ဆုံးၿပီးထားတာဆိုေတာ့ မင္းကပဲ ေရကို အရင္စမ္းၾကည့္လိုက္ေပါ့" (အျခားသူေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြကို ေလ့လာျခင္း)
မူလပိုင္ရွင္ကိုယ္တိုင္လည္း တိုက္ရိုက္ထုတ္လႊင့္ခဲ့တယ္ဆိုတာကို ကုမ်န္ ေယာင္ဝါးဝါးမွတ္မိသြားတယ္။ အဲ့ဒါက လိုအပ္တဲ့ဇာတ္ကြက္ျဖစ္တာေၾကာင့္၊သူမ သေဘာတူ႐ုံသာတတ္နိုင္တယ္။ "ေကာင္းပါၿပီ ဒါရိုက္တာ"
"Ask the Immortals" နဲ႕ပတ္သက္တဲ့ ဇာတ္လမ္းေတြကို မင္းေျပာျပလို႔ရတယ္ ပရိသတ္က ဇာတ္ကြက္ ဒါမွမဟုတ္ တစ္ခုခုအေၾကာင္းေမးရင္ေတာ့ ေျဖစရာမလိုဘူး အေရးႀကီးတာဘာျဖစ္ျဖစ္ မေျပာနဲ႕ေပါ့ သူတို႔နဲ႕ ေပါ့ေပါ့ပါးပါး စကားေျပာေပး႐ုံပါပဲ"
"သိပါၿပီ ဒါရိုက္တာ"
ကုမ်န္က အနည္းငယ္ ပင္ပန္းေနေပမယ့္လည္း ေရႏြေးပူပူနဲ႕ေရခ်ိဳးၿပီးေနာက္ နည္းနည္းအသက္ျပန္၀င္လာၿပီ။
ကုမ်န္က သူမရဲ႕ဖုန္းကိုယူထုတ္လိုက္ၿပီး xxတိုက္ရိုက္ထုတ္လႊင့္မႈ ပလက္ေဖာင္းကို downloadဆြဲလိုက္တယ္။ ရိုက္ကူးေရးအဖြဲ႕သားေတြက သူမတို႔ေတြအတြက္ ျပင္ဆင္ထားတဲ့ တိုက္ရိုက္ထုတ္လႊင့္မႈအေကာင့္ကို ကုမ်န္ရဲ႕ဖုန္းဆီ ပို႔ေပးထားခဲ့တယ္။
သူမက အေကာင့္passwordကို ေရးခ်လိဳက္ၿပီးေနာက္ အေကာင့္ကို log inဝင္လိုက္တယ္။
ကုမ်န္က ဇာတ္ေၾကာင္းအတိုင္းသြားမယ္ဆိုတဲ့ မစ္ရွင္ကိုၿပီးေျမာက္ဖို႔ ႀကိဳးစားေန႐ုံသာျဖစ္ၿပီး သူမက လူႀကိဳက္မ်ားလာဖို႔ေတာင္ မစဥ္းစားထားတာေၾကာင့္ မိတ္ကပ္မလိမ္းထားဘဲ အဝတ္အစားပင္ မလဲထားခဲ့ေပ။
"Ask the Immortal"ရဲ႕ ယင္းလ်န္ဆိုတဲ့အခန္းအမည္ကို ေ႐ြးခ်ယ္ၿပီးေနာက္ သူမက တိုက္ရိုက္ထုတ္လႊင့္မႈကို ခ်က္ခ်င္းစတင္လိုက္တယ္။
အစတုန္းကေတာ့ တိုက္ရိုက္ထုတ္လႊင့္ခန္းထဲမွာ လူအနည္းငယ္ပဲရွိတယ္။
လူနည္းနည္းပဲရွိတာက ဘာမွမျဖစ္ဘူး။ တိုက္ရိုက္ထုတ္လႊင့္ခန္းထဲမွာရွိတဲ့ လူသုံးေယာက္ ဒါမွမဟုတ္ လူေလးေယာက္တည္းနဲ႕လည္း သူမအလြယ္တကူ စကားေျပာလို႔ရတယ္။ အခ်ိန္ျပည့္သြားရင္ တိုက္ရိုက္ထုတ္လႊင့္မႈကို ပိတ္လို႔ရၿပီေလ။
ဒါေပမယ့္ ဆယ္မိနစ္ေက်ာ္ၾကာၿပီးေနာက္၊ တိုက္ရိုက္ထုတ္လႊင့္မႈမွာ လူအမ်ားအျပား ေပၚလာတယ္။
တိုက္ရိုက္ထုတ္လႊင့္ခန္းက ႐ုတ္တရက္ႀကီး အသက္ဝင္လာေတာ့တယ္။
ဒီလူေတြက သိသိသာသာကို hater ေတြျဖစ္ၿပီး ျပင္ဆင္လာၾကတယ္။ သူတို႔က ဒီလိုေျပာၾကတယ္။"ကုမ်န္၊ ပလပ္စတစ္ဆာဂ်ရီမ၊ အႀကံအစည္မ်ားတဲ့ဟာမ၊ နည္းလမ္းမွန္သမွ် သုံးတဲ့ထိပ္သီးေခြးမ"