အပိုင်း (၈၆) နန်ချောင်းရွာသားများ၏စကားဝိုင်း-2
ဒါပေမယ့် ပိုင်မိသားစုအရှက်ရှိမရှိထက် တခြားအရာတွေကို ပိုစိတ်ဝင်စားတဲ့လူတွေလည်းရှိပါသေးတယ်။
တချို့က...
"နင်တို့တွေ သူများမိသားစုအတွင်းရေးကို ပြောမနေပါနဲ့ ငါကတော့ အဲတာထက် ပိုင်လီက ဘယ်တော့ ဇနီးတွေ ထပ်ယူမလဲကို ပိုစိတ်ဝင်စားတယ်နော်"
"ဟုတ်တယ် ပိုင်မိသားစုက ပိုင်ကျန်းပဲဖြစ်ဖြစ် ပိုင်ဝူပဲဖြစ်ဖြစ် အဓိကမဟုတ်ဘူး အဓိကက အခုအရမ်းသာနေတဲ့ ပိုင်လီပဲမဟုတ်ဘူးလား သူက အခုရှောင်ဟန်နဲ့ သူတို့သားတွေကို ကောင်းကောင်းဆက်ဆံနေရင်တောင် ရှောင်ဟန်ကို အရမ်းမကြိုက်တာကသိသာပါတယ် သူကသိပ်မကြာခင် ဇနီးတွေထပ်ယူလိမ့်မယ်လို့ငါတော့ထင်တယ်"
"အိမ်း...ရှောင်ဟန်က အနေအေးပြီး စိတ်သဘောထားလေးကလည်း မဆိုးဘူး ဒီတော့ ပိုင်လီရဲ့နောက်ထပ်ဇနီးတွေ ဖြစ်လာမယ့်သူတွေက ကံကောင်းမှာသေချာတယ် ဒါကြောင့် ငါ့မိသားစုက ကလေးကိုသာ ပိုင်လီကမျက်စိကျခဲ့ရင် ဒုတိယဇနီးနေရာဆိုရင်တောင် ငါလက်ခံပေးနိုင်ပါတယ်"
"ငါလည်းစဥ်းစားကြည့်နေတာ အခုပိုင်လီက သားနှစ်ယောက်ရှိပေမယ့် နှစ်ယောက်လုံးက ကောလေးတွေဆိုတော့ သားယောင်္ကျားလေးတစ်ယောက်သာ မွေးပေးနိုင်ရင် အဲဒီလူကို ပိုင်လီက မြောက်စားမှာသေချာတယ်မလား"
ဒါတွေကိုကြားတော့ တခြားသူတွေက ပြောတဲ့အမျိုးသမီးကြီးများကို ဝိုင်းကြည့်လိုက်ကျကာဖြင့်...
"နင်တို့က နင်တို့အိမ်မှာ လက်ထပ်ဖို့အရွယ်ရောက်နေတဲ့လူတွေရှိတာနဲ့ ဒါတွေပြောနေတာပဲ နင်တို့ပြောသလိုပဲ ပိုင်လီက ရှောင်ဟန်ကိုသဘောမကျရင်တောင် နင်တို့အိမ်ကကလေးတွေက ရှောင်ဟန်လောက်တောင် ကြည့်မကောင်းဘူးဆိုတာကို ငါသတိပေးလိုက်ချင်တယ်"
ဒီစကားထွက်လာတော့ လူတွေကဝိုင်းရယ်လိုက်ကျပြီး...
"အမှန်ပဲ ပိုင်လီက အခုအရမ်းချမ်းသာနေတော့ အချောလှတွေပဲလိုချင်တော့မှာလေ နင်တို့အိမ်က ကလေးတွေကို ဘယ်လိုလုပ် မျက်လုံးထဲမြင်တော့မှာလဲ စိတ်ကူးယဥ်နေရင်လျော့သင့်တယ် အဲဒီအစား ပိုင်ကျန်းဖြစ်ဖြစ် ပိုင်ဝူဖြစ်ဖြစ် ကြည့်တာက ပိုကောင်းလိမ့်ဦးမယ်"
ဒါကိုကြားတော့ အပြောခံရတဲ့ အမျိူးသမီးကြီးတွေက မကျေနပ်တော့ပါဘူး။
"နင်တို့ဘာစကားပြောတာလဲ! ငါတို့အိမ်က ကလေးကဘယ်နားက ကြည့်မကောင်းလို့လဲ!"
"ဟုတ်တယ် ငါ့အိမ်ကကလေးကလည်း သူ့မျက်နှာလေးနဲ့ တစ်သက်လုံးထိုင်စားသွားလို့ရတယ် နင်တို့ရဲ့ကလေးတွေကသာ ကြည့်မကောင်းလောက်အောင်ရုပ်ဆိုးနေတာဟဲ့!"
ဤသို့ဖြင့် စကားဝိုင်းသည် အတင်းပြောကျရမှ တစ်ယောက်တစ်ခွန်းပြောသည့် အခြေနေသို့ ရောက်ရှိသွားခဲ့တော့သည်။
သူတို့ရဲ့မလှမ်းမကမ်းကနေ ဖြတ်သွားတဲ့ရှောင်ဟန်ကတော့ ဒီလူတွေက သူတို့အကြောင်းကို ပြောနေတာဖြစ်မယ်မှန်း သိထားပြီးဖြစ်သော်လည်း သူကကလေးတွေ မှောက်မလဲအောင်သာ ဂရုစိုက်နေကာ သိပ်ဂရုမစိုက်ခဲ့ပါချေ။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ခင်ပွန်း ဆိုးသွမ်းနေချိန်ကလည်း လူတွေက သူတိုကိုတွေ့ရင် အတင်းဖျင်းပြောနေကျဖြစ်လို့ပါပဲ။
သို့သော် အသေးလေးများသည် သူတို့အားကြည့်လိုက် စကားပြောလိုက် လုပ်နေကျသော လူကြီးအုပ်စုကို မျက်လုံးပြူးလေးများနှင့် စပ်စုနေကျကာ ထိုလူများအား ကျော်သွားချိန်မှာတော့ ရှောင်ဟန်အား မေးလာကျတော့သည်။
"ဖေဖေ.. သူတို့ကဘာတွေပြောနေကျတာလဲဟင်"
ရှောင်ဝူသည် အမြဲတမ်း သူ့အကို၏နောက်လိုက်လေးဖြစ်ကာ သူ့အကို၏ မေးလိုက်သံကို ကြားချိန်မှာတော့ သူကလည်း...
"ဟုတ်တယ် သူတို့က သားတို့ကိုကြည့်နေကျတာ!"
ရှောင်ဟန် ထိုမေးခွန်းလေးတွေကိုကြားတော့ ထိုလူများ၏ ကလေးတွေတောင်သတိပြုမိသွားသည့် အပြုမူများကြောင့် စိတ်မသက်သာဖြစ်ခဲ့ရသည်။ သူတို့တွေက သူတို့ကို စူးစူးရဲရဲကြည့်ခဲ့တာကြောင့် ကလေးတွေက ဒါကိုသတိပြုမိသွားတာ မထူးဆန်းပါဘူး။
သို့သော် ရှောင်ဟန်သည် ထိုလူများက သူတို့၏အတင်းဖျင်းများကို ပြောနေသည်ဟု မပြောနိုင်သဖြင့်...
"အဲတာက...ဒီနေ့ ရှောင်ဖူနဲ့ရှောင်ဝူက အရမ်းကြည့်ကောင်းနေလို့နေမှာပါ ဒါမှဟုတ် မင်းတို့ရဲ့ခါးချိတ်အဆောင်လေးတွေက ကြည့်ကောင်းလို့ ကြည့်နေကျတာလည်းနေမယ်"
ဒါကိုကြားတော့ အသေးလေးများသည် သူတို့်၏ခါးချိတ်အဆောင်လေးများဆီသို့ အာရုံပြောင်းသွားတော့ကာ ထိုခါးချိတ်အဆောင်လေးများကို ကြည့်လိုက်ကျ၏။ ဒီနေ့ ရှောင်ဟန်က အသေးလေးတွေကို ဆင်တူတဲ့ ယုန်ပုံစံ ကျောက်စိမ်းခါးချိတ်အဆောင်လေးတွေကို ဝတ်ပေးထားကာ ရှောင်ဖူနှင့်ရှောင်ဝူသည် သူတို့ဖေဖေရှောင်ဟန်၏ ပြောပြချက်အရ ဒါလေးတွေက သူတို့အဖေပိုင်လီက ဝယ်လာတာဖြစ်ကြောင်း သိထားခဲ့ကျပြီး သူတို့က ဒါလေးတွေကို အရမ်းကြိုက်နှစ်သက်ကျသည်။
နောက်တော့ သူတို့လေးတွေက ရှောင်ဟန်ကိုလက်တစ်ဖက်စီဆွဲပြီး မြန်မြန်သွားလျောက်ဖို့ ပြောလာကျပါတော့ကာ အကြောင်းမှာတော့...
"ဖေဖေ မြန်မြန်သွားရအောင် ဖွားဖွားက ဒီယုန်လေးတွေကိုမကြည့်ရသေးဘူး"
"ဒေါ်လေးငယ်ရောပဲ ဒေါ်လေးငယ်ရော မကြည့်ရသေးဘူး! သားတို့မြန်မြန်သွားကျမယ်"
ထို့ကြောင့် ဒီကောသားဖတတွေက အတင်းပြောနေတဲ့လူအုပ်ကြီးကို နောက်မှာချန်ထားခဲ့တော့ကာ ပိုင်အိမ်၏ တံခါးဝဆီသို့ သိပ်မကြာခင် ရောက်သွားခဲ့ကျတော့သည်။
သူတို့က တံခါးခေါက်ဖို့အလုပ်မှာ အိမ်ထဲကနေ တံခါးဖွင့်ပြီး ထွက်လာတဲ့ပိုင်မိန်နဲ့ ထိပ်တိုက်တိုးသွားပြီး ပိုင်မိန်က တံခါးဖွင့်ဖွင့်ခြင်းမှာ သူတူလေးတွေကိုမြင်လိုက်ရတာကြောင့် လန့်သွားဟန်ဆောင်ခဲ့ကာ...
"အိုက်ရိုး! အိမ်ရှေ့က ဘယ်သူလေးတွေတုန်း ဒါဘယ်အိမ်က အသေးလေးတွေပါလိမ့်နော်"
ပိုင်ရှောင်ဖူနှင့်ပိုင်ရှောင်ဝူသည် ပိုင်မိန်နှင့်အလွန်ရင်းနှီးသောဆက်ဆံရေးရှိသဖြင့် သူတို့က ပိုင်မိန်ဆီပြေးသွားခဲ့ကျသည်။
"ဒေါ်လေးငယ် သားတို့လေ! သားကရှောင်ဖူ ဒါကသားရဲ့ညီလေး.."
ပိုင်မိန်က သူမရဲ့ချစ်စရာတူလေးတွေကို ဆက်လက်မသိချင်ယောင်ဆောင်၍ စချင်သေးသော်လည်း ဤအသေးလေးများက အလွန်ချစ်စရာကောင်းနေသဖြင့် မနေနိုင်ဖြစ်ကာ ဖက်လိုက်ပြီး တစ်ချက်စီနမ်းလိုက်ပြီးမှ ရယ်ကျဲကျဲဖြင့် ပြောခဲ့သည်။
"ဟီးဟီး ဒေါ်လေးငယ်က တမင်မသိယောင်ဆောင်နေတာပါ”
ဒါပေါ့ အသေးလေးတွေက ဒါကိုသိပေမယ့် သူတို့က ပိုင်မိန်နဲ့ကစားဖို့ ဆန္ဒရှိနေတုန်းပါပဲ။
ပိုင်မိန်က အသေးလေးတွေနောက်မှ ရှောင်ဟန်ကိုမြင်သွားပြီးနောက် ရှောင်ဟန်က သစ်သီးခြင်းအလေးကြီးကို လွယ်ထားတာသတိပြုမိတဲ့အခါ သူမလေးက အိမ်ထဲအမြန်ခေါ်ခဲ့သည်။
"ဒုတိယယောင်းမ အိမ်ကိုလာတာမလား ဝင်ခဲ့လေ မြန်မြန် ခြင်းကလေးမယ့်ပုံပဲ"
ပိုင်အမေက အိမ်ထဲမှာ ဟင်းရွက်များသင်လျက်ရှိပြီး သူမရဲ့ ဒုတိယအကိုအိမ်ကို သွားမယ်ဟူသည့် ပိုင်မိန်က ပြန်ဝင်လာတာကိုတွေ့တဲ့အခါ သူမက အံသြသွားခဲ့၏။ တကယ်တော့ ပိုင်အမေက ပိုင်မိန်ကို ပိုင်လီရဲ့အိမ်ကို မသွားစေချင်သေးဘူး။ ဘာလို့လည်းဆိုတော့ အဲဒီမှာရုံအိမ်နဲ့ ကျန်းအိမ်ကယောင်္ကျားတွေရှိနေပြီး သူမလေးက အရွယ်မရောက်တရောက်လေးဖြစ်နေတဲ့အတွက် လူစိမ်းယောင်္ကျားတွေရှိနေတုန်း ခဏခဏသွားနေရင် မသင့်တော့မှာစိုးရိမ်လို့ပါပဲ။
ဒါပေမယ့် ဒီကောင်မစုတ်လေးက နားမထောင်ချင်ခဲ့ဘူးလေ။ ဇွတ်ထွက်သွားပြီး အခုပြန်ဝင်လာတော့ သူမပြောတာများ နားဝင်သွားပြီလားဟု တွေးမိတော့မည်အချိန်တွင် ပိုင်မိန်ရဲ့နောက်မှ အသေးလေးများကိုတွေ့လိုက်ရသဖြင့် ပိုင်အမေက ဟင်းရွက်ခြင်းကိုချကာ သူမမြေးလေးတွေကို အပြေးသွားကြိုခဲ့သည်။
" ရှောင်ဖူလေးနဲ့ရှောင်ဝူလေးက ဖွားဖွားဆီလာလည်တာလား "
မော့ဟွာသည် သူမရဲ့မြေးလေးနှစ်ယောက်လုံးကို တစ်ပြိုင်ထဲချီခဲ့၏။ ဒီနှစ်ယောက်က သေးသေးလေးတွေဆိုတော့ သူမက နှစ်ယောက်လုံးကို ချီတာတောင်မှ အရမ်းပေါ့တယ်လို့ ထင်နေတုန်းပါပဲ။ ဒါကြောင့် အသေးလေးတွေကို စားပွဲဆီချီသွားရင်းနဲ့....
" ကြည့်ပါဦး မင်းတို့ကအရမ်းကိုပေါ့ပါးနေတာပဲ များများမစားဘူးလား"
အခု ပိုင်လီမှာငွေရှိနေပြီး ကလေးတွေကို များများကျွေးတာကဖြစ်သင့်ကာ သူမမြေးလေးတွေက ဝကစ်နေသင့်ပါတယ်။ ဘာကြောင့် သူမမျက်လုံးထဲ ဒီအရွယ်စားက မတတ်သေးတာလဲ။
စားပွဲဝိုင်း၏ဘေးတွင် ပိုင်မိန်က ရှောင်ဟန်၏သစ်သီးခြင်းကို ကူချပေးခဲ့သည်။ ဒီခြင်းက နောက်ကျောလွယ်ခြင်းလေးပဲဖြစ်ပြီး အကြီးကြီးမဟုတ်ပေမယ့်လည်း အသီးဝိတ်တွေကြောင့် လေးမှာကိုသိနိုင်ပါတယ်။ ဒါကြောင့် မော့ဟွာက ဒါကိုမြင်ချိန်မှာ အနည်းငယ်ဆူချင်ခဲ့ပြီး...
"မင်း လာချင်တယ်ဆိုလည်း ကလေးတွေနဲ့ဒီတိုင်းလာခဲ့ပေါ့ ဒါကိုဘာလို့ ကိုယ်တိုင်ယူလာရတာလဲ အိမ်ကိုပေးချင်ရင်လည်း အိမ်ကလူတွေပြန်လာမှထည့်ပေးလိုက် ရနေတာကို ပြီးတော့ ဒီလောက်အများကြီးက ဘာလုပ်တာလဲ "
ပြီးခဲ့တဲ့အချိန်တွေမှာ ရှောင်ဟန်က နေမကောင်းဖြစ်ခဲ့တာတွေများပြီး မော့ဟွာက အဲဒါတွေက သူမသားကြောင့်ဆိုတာသိပြီး သူမက ရှောင်ဟန်အပေါ် အားနာစိတ်အမြဲဖြစ်ရပါတယ်။ ဒါကြောင့် သူတို့တွေပြေလည်လာချိန်မှာ ရှောင်ဟန်ကို ကောင်းကောင်းဆက်ဆံသင့်တယ်လို့ ထင်မိတယ်။
ပြီးတော့ ရှောင်ဟန်က သူမကို အရမ်းချစ်စရာကောင်းတဲ့ မြေးလေးတွေ မွေးပေးထားတယ်လေ။ ဒါကြောင့် သူမက ရှောင်ဟန်ကို မျက်နှာသာပေးသင့်ပါျယ်။
တကယ်တော့ ရှောင်ဟန်က အရမ်းကြီးပင်ပန်းမသွားပါဘူး။ ဒါကြောင့် သူက....
"အမေ ဒါကမပင်ပန်းပါဘူး "
ပြီးနောက် သူကဆက်ပြောခဲ့ကာ...
" ပြီးခဲ့တဲ့နှစ်ရက်က အိမ်ကသစ်တော်ပင်တွေက အရမ်းကြွေကျခဲ့တယ်နဲ့တူတယ် ဒီနေ့ အသီးကြွေတွေပုံနေတာကို တွေ့လို့လေ ဝိုင်းကောက်ပြီး တချို့ကို တတိမတ်လေးတောင် မြို့လေးပေါ်သွားရောင်းတယ် "
အဲဒီနောက် သူက ပိုင်လီက ဘာကြောင့် ကိုယ်တိုင်သွားမရောင်းဘဲ ပိုင်စန်းကို လွှတ်ခဲ့သလဲဆိုတာကို ရှင်းပြခဲ့ပြီး သစ်တော်သီးများက အိမ်တွင်အတော်လေးကျန်နေသေးကာ ပိုင်လီက ရုံအိမ်နှင့် ကျန်းအိမ်ကိုသွားပေးခိုင်းထားကြောင်းကိုတောင် ပြောပြခဲ့သည်။
ဟုတ်ပါတယ်။ ရှောင်ဟန်က ပိုင်အမေတို့ နဲ့ပိုင်မိန်တို့နဲ့အတူရှိနေရင် ပိုပေါ့ပါးပြီး စကားလည်းပုံမှန်ထက်ပိုပြောတတ်တယ်။
ဒါတွေကြားတော့ ပိုင်အမေက သူတို့မတို့ဆီ ယူလာတဲ့အသီးတွေက များလို့ဆိုပြီးမပြောတော့ဘူး။ အဲဒီအစား သူမက အသေးလေးတွေကို ခုံတွေပေါ်တင်ပေးနေရင်းနဲ....
"ကောင်းပါတယ် ဒါဆို ကလေးတွေကို ဒီမှာထားခဲ့ပြီး ရှောင်မိန်ကို မင်းနဲ့အတူခေါ်သွားလိုက်ပေါ့ အသီးတွေကဝိတ်ပါတော့ သူမကိုလည်းကူသယ်ခိုင်းချေ"
ပိုင်မိန်က ဒါကိုမငြင်းဘဲ သူမလေးက တတ်တတ်ကြွကြွပင် လက်ခံခဲ့တာကြောင့် ရှောင်ဟန်ကလည်း ငြင်းစရာမရှိတော့ပေ။
အဲဒီနောက်မှာ ရှောင်ဟန်က သူတို့ရဲ့ခါးချိတ်အဆောင်လေးတွေကိုကြွားနေတဲ့ ကလေးနှစ်ယောက်ကိုကြည့်ကာ ဒီအသေးလေးတွေက သူတို့ရဲ့ဝါးခြင်းတောင်းလေးတွေကို မေ့နေပြီဖြစ်သဖြင့် ရှောင်ဟန်ကပဲ သတိပေးလိုက်ရတော့သည်။
"ရှောင်ဖူ ရှောင်ဝူ မင်းတို့ရဲ့ဝါးခြင်းတောင်းလေးတွေထဲမှာ ဘာတွေပါလဲ ပြလိုက်ဦးလေ"
ဒီတော့မှ ထိုကောင်လေးများသည် ၎င်းတို့၏ ဝါးခြင်းတောင်းလေးတွေကို သတိရသွားရသွားကျကာ ချက်ခြင်းခုံလေးတွေပေါ် ထိုင်နေရာမှထ၍ ရှောင်ဖူက သူ့ဘေးကမော့ဟွာကို ကျောလေးပေးလျက်...
"ဖွားဖွား ဒါကဖွားဖွားအတွက်ပါ!"
ရှောင်ဝူကလည်း ထိုနည်းတူပါပဲ။ သူ့ရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ပိုင်မိန်အတွက် ကျောပေးလိုက်ပြီး သူ့ရဲ့ခြင်းတောင်းလေးကိုပြခဲ့ကာ...
"သားဆီမှာ ဒေါ်လေးငယ်ရဲ့ဟာက သားဆီမှာ!"
မော့ဟွာနှင့် ပိုင်မိန်က ခြင်းတောင်းလေးတွေထဲမှာ ဘာတွေပါမှန်းမသိသေးပေ။ ဒါပေမယ့် ဒီကောင်လေးတွေရဲ့ အမူယာလေးတွေနဲ့တင် သူတို့ကတော်တော်လေး ပျော်ရွှင်နေပါပြီ။
သူတို့က ရယ်မောရင်းနဲ့ ဝါးခြင်းတောင်းလေးတွေရဲ့အဖုံးလေးတွေကို ဖွင့်လိုက်ချိန်တွင် သူတို့ထပ်ဆင့်ပျော်စေမည့် လှပသော ပန်းထိုးဖိနပ်လေးများကို တွေ့ခဲ့ရသဖြင့် အံသြသွားခဲ့ကျသည်။
ပိုင်အမေတို့ ဖိနပ်တွေကိုတွေ့သွားအပြီးမှာ ရှောင်ဟန်က ရှင်းပြခဲ့ပြီး...
"ကျွန်တော့်ခင်ပွန်းက ဝက်ဝံရောင်းခဲ့တုန်းက လက်ဆောင်တချို့ ဝယ်လာခဲ့တယ်လို့ပြောပြီး အမေတို့ကို လာပေးခိုင်းလိုက်တာပါ"
အဲဒီနောက်သူက သစ်သီးခြင်းရဲ့ အပေါ်ယံအလွှာက လက်ဝတ်ရတနာသေတ္တာကိုရော ထုတ်ပြီး ဒါတွေပါ ပါကြောင်း တစ်ခါထဲပြချင်ခဲ့သော်လည်း မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးပြန်လာသော စုရှီက သူတို့နားရောက်လာခဲ့သဖြင့် အသီးတွေကိုဖယ်တော့မည့် ရှောင်ဟန်ရဲ့လက်က ရပ်တန့်သွားခဲ့တော့သည်။
................................................................
(AN/ ဒီလို ခပ်အေးအေးအခန်းတွေရေးရတော့ ကိုယ့်မှာ ဇာက်လမ်းက ပေါ့များသွားမလားကိုစိုးရိမ်နေရတယ်။ ဒါမှမဟုတ် ကိုယ်ကပဲ ခွေးသွေးလောင်းချင်လို့ ဒီအခန်းတွေက အေးတယ်ထင်နေတာလားမသိတော့ဘူး။😆
ပြီးတော့ လုံးဝမတိုပါဘူးနော်။ အရင်အပိုင်းတွေလို ပုံမှန်ပါပဲ။ ခပ်အေးအေးအပိုင်းတွေမို့ တိုတယ်ထင်မှာစိုးလို့ပါ။🤧
paid gpမှာ170 ကျော်သွားပါပြီ။)
###
အပိုင္း (၈၆) နန္ေခ်ာင္း႐ြာသားမ်ား၏စကားဝိုင္း-2
ဒါေပမယ့္ ပိုင္မိသားစုအရွက္ရွိမရွိထက္ တျခားအရာေတြကို ပိုစိတ္ဝင္စားတဲ့လူေတြလည္းရွိပါေသးတယ္။
တခ်ိဳ႕က...
"နင္တို႔ေတြ သူမ်ားမိသားစုအတြင္းေရးကို ေျပာမေနပါနဲ႕ ငါကေတာ့ အဲတာထက္ ပိုင္လီက ဘယ္ေတာ့ ဇနီးေတြ ထပ္ယူမလဲကို ပိုစိတ္ဝင္စားတယ္ေနာ္"
"ဟုတ္တယ္ ပိုင္မိသားစုက ပိုင္က်န္းပဲျဖစ္ျဖစ္ ပိုင္ဝူပဲျဖစ္ျဖစ္ အဓိကမဟုတ္ဘူး အဓိကက အခုအရမ္းသာေနတဲ့ ပိုင္လီပဲမဟုတ္ဘူးလား သူက အခုေရွာင္ဟန္နဲ႕ သူတို႔သားေတြကို ေကာင္းေကာင္းဆက္ဆံေနရင္ေတာင္ ေရွာင္ဟန္ကို အရမ္းမႀကိဳက္တာကသိသာပါတယ္ သူကသိပ္မၾကာခင္ ဇနီးေတြထပ္ယူလိမ့္မယ္လို႔ငါေတာ့ထင္တယ္"
"အိမ္း...ေရွာင္ဟန္က အေနေအးၿပီး စိတ္သေဘာထားေလးကလည္း မဆိုးဘူး ဒီေတာ့ ပိုင္လီရဲ႕ေနာက္ထပ္ဇနီးေတြ ျဖစ္လာမယ့္သူေတြက ကံေကာင္းမွာေသခ်ာတယ္ ဒါေၾကာင့္ ငါ့မိသားစုက ကေလးကိုသာ ပိုင္လီကမ်က္စိက်ခဲ့ရင္ ဒုတိယဇနီးေနရာဆိုရင္ေတာင္ ငါလက္ခံေပးနိုင္ပါတယ္"
"ငါလည္းစဥ္းစားၾကည့္ေနတာ အခုပိုင္လီက သားႏွစ္ေယာက္ရွိေပမယ့္ ႏွစ္ေယာက္လုံးက ေကာေလးေတြဆိုေတာ့ သားေယာကၤ်ားေလးတစ္ေယာက္သာ ေမြးေပးနိုင္ရင္ အဲဒီလူကို ပိုင္လီက ေျမာက္စားမွာေသခ်ာတယ္မလား"
ဒါေတြကိုၾကားေတာ့ တျခားသူေတြက ေျပာတဲ့အမ်ိဳးသမီးႀကီးမ်ားကို ဝိုင္းၾကည့္လိုက္က်ကာျဖင့္...
"နင္တို႔က နင္တို႔အိမ္မွာ လက္ထပ္ဖို႔အ႐ြယ္ေရာက္ေနတဲ့လူေတြရွိတာနဲ႕ ဒါေတြေျပာေနတာပဲ နင္တို႔ေျပာသလိုပဲ ပိုင္လီက ေရွာင္ဟန္ကိုသေဘာမက်ရင္ေတာင္ နင္တို႔အိမ္ကကေလးေတြက ေရွာင္ဟန္ေလာက္ေတာင္ ၾကည့္မေကာင္းဘူးဆိုတာကို ငါသတိေပးလိုက္ခ်င္တယ္"
ဒီစကားထြက္လာေတာ့ လူေတြကဝိုင္းရယ္လိုက္က်ၿပီး...
"အမွန္ပဲ ပိုင္လီက အခုအရမ္းခ်မ္းသာေနေတာ့ အေခ်ာလွေတြပဲလိုခ်င္ေတာ့မွာေလ နင္တို႔အိမ္က ကေလးေတြကို ဘယ္လိုလုပ္ မ်က္လုံးထဲျမင္ေတာ့မွာလဲ စိတ္ကူးယဥ္ေနရင္ေလ်ာ့သင့္တယ္ အဲဒီအစား ပိုင္က်န္းျဖစ္ျဖစ္ ပိုင္ဝူျဖစ္ျဖစ္ ၾကည့္တာက ပိုေကာင္းလိမ့္ဦးမယ္"
ဒါကိုၾကားေတာ့ အေျပာခံရတဲ့ အမ်ိဴးသမီးႀကီးေတြက မေက်နပ္ေတာ့ပါဘူး။
"နင္တို႔ဘာစကားေျပာတာလဲ! ငါတို႔အိမ္က ကေလးကဘယ္နားက ၾကည့္မေကာင္းလို႔လဲ!"
"ဟုတ္တယ္ ငါ့အိမ္ကကေလးကလည္း သူ႕မ်က္ႏွာေလးနဲ႕ တစ္သက္လုံးထိုင္စားသြားလို႔ရတယ္ နင္တို႔ရဲ႕ကေလးေတြကသာ ၾကည့္မေကာင္းေလာက္ေအာင္႐ုပ္ဆိုးေနတာဟဲ့!"
ဤသို႔ျဖင့္ စကားဝိုင္းသည္ အတင္းေျပာက်ရမွ တစ္ေယာက္တစ္ခြန္းေျပာသည့္ အေျခေနသို႔ ေရာက္ရွိသြားခဲ့ေတာ့သည္။
သူတို႔ရဲ႕မလွမ္းမကမ္းကေန ျဖတ္သြားတဲ့ေရွာင္ဟန္ကေတာ့ ဒီလူေတြက သူတို႔အေၾကာင္းကို ေျပာေနတာျဖစ္မယ္မွန္း သိထားၿပီးျဖစ္ေသာ္လည္း သူကကေလးေတြ ေမွာက္မလဲေအာင္သာ ဂ႐ုစိုက္ေနကာ သိပ္ဂ႐ုမစိုက္ခဲ့ပါေခ်။ ဘာလို႔လည္းဆိုေတာ့ သူ႕ရဲ႕ခင္ပြန္း ဆိုးသြမ္းေနခ်ိန္ကလည္း လူေတြက သူတိုကိုေတြ႕ရင္ အတင္းဖ်င္းေျပာေနက်ျဖစ္လို႔ပါပဲ။
သို႔ေသာ္ အေသးေလးမ်ားသည္ သူတို႔အားၾကည့္လိုက္ စကားေျပာလိုက္ လုပ္ေနက်ေသာ လူႀကီးအုပ္စုကို မ်က္လုံးျပဴးေလးမ်ားႏွင့္ စပ္စုေနက်ကာ ထိုလူမ်ားအား ေက်ာ္သြားခ်ိန္မွာေတာ့ ေရွာင္ဟန္အား ေမးလာက်ေတာ့သည္။
"ေဖေဖ.. သူတို႔ကဘာေတြေျပာေနက်တာလဲဟင္"
ေရွာင္ဝူသည္ အၿမဲတမ္း သူ႕အကို၏ေနာက္လိုက္ေလးျဖစ္ကာ သူ႕အကို၏ ေမးလိုက္သံကို ၾကားခ်ိန္မွာေတာ့ သူကလည္း...
"ဟုတ္တယ္ သူတို႔က သားတို႔ကိုၾကည့္ေနက်တာ!"
ေရွာင္ဟန္ ထိုေမးခြန္းေလးေတြကိုၾကားေတာ့ ထိုလူမ်ား၏ ကေလးေတြေတာင္သတိျပဳမိသြားသည့္ အျပဳမူမ်ားေၾကာင့္ စိတ္မသက္သာျဖစ္ခဲ့ရသည္။ သူတို႔ေတြက သူတို႔ကို စူးစူးရဲရဲၾကည့္ခဲ့တာေၾကာင့္ ကေလးေတြက ဒါကိုသတိျပဳမိသြားတာ မထူးဆန္းပါဘူး။
သို႔ေသာ္ ေရွာင္ဟန္သည္ ထိုလူမ်ားက သူတို႔၏အတင္းဖ်င္းမ်ားကို ေျပာေနသည္ဟု မေျပာနိုင္သျဖင့္...
"အဲတာက...ဒီေန႕ ေရွာင္ဖူနဲ႕ေရွာင္ဝူက အရမ္းၾကည့္ေကာင္းေနလို႔ေနမွာပါ ဒါမွဟုတ္ မင္းတို႔ရဲ႕ခါးခ်ိတ္အေဆာင္ေလးေတြက ၾကည့္ေကာင္းလို႔ ၾကည့္ေနက်တာလည္းေနမယ္"
ဒါကိုၾကားေတာ့ အေသးေလးမ်ားသည္ သူတို့္၏ခါးခ်ိတ္အေဆာင္ေလးမ်ားဆီသို႔ အာ႐ုံေျပာင္းသြားေတာ့ကာ ထိုခါးခ်ိတ္အေဆာင္ေလးမ်ားကို ၾကည့္လိုက္က်၏။ ဒီေန႕ ေရွာင္ဟန္က အေသးေလးေတြကို ဆင္တူတဲ့ ယုန္ပုံစံ ေက်ာက္စိမ္းခါးခ်ိတ္အေဆာင္ေလးေတြကို ဝတ္ေပးထားကာ ေရွာင္ဖူႏွင့္ေရွာင္ဝူသည္ သူတို႔ေဖေဖေရွာင္ဟန္၏ ေျပာျပခ်က္အရ ဒါေလးေတြက သူတို႔အေဖပိုင္လီက ဝယ္လာတာျဖစ္ေၾကာင္း သိထားခဲ့က်ၿပီး သူတို႔က ဒါေလးေတြကို အရမ္းႀကိဳက္ႏွစ္သက္က်သည္။
ေနာက္ေတာ့ သူတို႔ေလးေတြက ေရွာင္ဟန္ကိုလက္တစ္ဖက္စီဆြဲၿပီး ျမန္ျမန္သြားေလ်ာက္ဖို႔ ေျပာလာက်ပါေတာ့ကာ အေၾကာင္းမွာေတာ့...
"ေဖေဖ ျမန္ျမန္သြားရေအာင္ ဖြားဖြားက ဒီယုန္ေလးေတြကိုမၾကည့္ရေသးဘူး"
"ေဒၚေလးငယ္ေရာပဲ ေဒၚေလးငယ္ေရာ မၾကည့္ရေသးဘူး! သားတို႔ျမန္ျမန္သြားက်မယ္"
ထို႔ေၾကာင့္ ဒီေကာသားဖတေတြက အတင္းေျပာေနတဲ့လူအုပ္ႀကီးကို ေနာက္မွာခ်န္ထားခဲ့ေတာ့ကာ ပိုင္အိမ္၏ တံခါးဝဆီသို႔ သိပ္မၾကာခင္ ေရာက္သြားခဲ့က်ေတာ့သည္။
သူတို႔က တံခါးေခါက္ဖို႔အလုပ္မွာ အိမ္ထဲကေန တံခါးဖြင့္ၿပီး ထြက္လာတဲ့ပိုင္မိန္နဲ႕ ထိပ္တိုက္တိုးသြားၿပီး ပိုင္မိန္က တံခါးဖြင့္ဖြင့္ျခင္းမွာ သူတူေလးေတြကိုျမင္လိုက္ရတာေၾကာင့္ လန့္သြားဟန္ေဆာင္ခဲ့ကာ...
"အိုက္ရိုး! အိမ္ေရွ႕က ဘယ္သူေလးေတြတုန္း ဒါဘယ္အိမ္က အေသးေလးေတြပါလိမ့္ေနာ္"
ပိုင္ေရွာင္ဖူႏွင့္ပိုင္ေရွာင္ဝူသည္ ပိုင္မိန္ႏွင့္အလြန္ရင္းႏွီးေသာဆက္ဆံေရးရွိသျဖင့္ သူတို႔က ပိုင္မိန္ဆီေျပးသြားခဲ့က်သည္။
"ေဒၚေလးငယ္ သားတို႔ေလ! သားကေရွာင္ဖူ ဒါကသားရဲ႕ညီေလး.."
ပိုင္မိန္က သူမရဲ႕ခ်စ္စရာတူေလးေတြကို ဆက္လက္မသိခ်င္ေယာင္ေဆာင္၍ စခ်င္ေသးေသာ္လည္း ဤအေသးေလးမ်ားက အလြန္ခ်စ္စရာေကာင္းေနသျဖင့္ မေနနိုင္ျဖစ္ကာ ဖက္လိုက္ၿပီး တစ္ခ်က္စီနမ္းလိုက္ၿပီးမွ ရယ္က်ဲက်ဲျဖင့္ ေျပာခဲ့သည္။
"ဟီးဟီး ေဒၚေလးငယ္က တမင္မသိေယာင္ေဆာင္ေနတာပါ
ဒါေပါ့ အေသးေလးေတြက ဒါကိုသိေပမယ့္ သူတို႔က ပိုင္မိန္နဲ႕ကစားဖို႔ ဆႏၵရွိေနတုန္းပါပဲ။
ပိုင္မိန္က အေသးေလးေတြေနာက္မွ ေရွာင္ဟန္ကိုျမင္သြားၿပီးေနာက္ ေရွာင္ဟန္က သစ္သီးျခင္းအေလးႀကီးကို လြယ္ထားတာသတိျပဳမိတဲ့အခါ သူမေလးက အိမ္ထဲအျမန္ေခၚခဲ့သည္။
"ဒုတိယေယာင္းမ အိမ္ကိုလာတာမလား ဝင္ခဲ့ေလ ျမန္ျမန္ ျခင္းကေလးမယ့္ပုံပဲ"
ပိုင္အေမက အိမ္ထဲမွာ ဟင္း႐ြက္မ်ားသင္လ်က္ရွိၿပီး သူမရဲ႕ ဒုတိယအကိုအိမ္ကို သြားမယ္ဟူသည့္ ပိုင္မိန္က ျပန္ဝင္လာတာကိုေတြ႕တဲ့အခါ သူမက အံၾသသြားခဲ့၏။ တကယ္ေတာ့ ပိုင္အေမက ပိုင္မိန္ကို ပိုင္လီရဲ႕အိမ္ကို မသြားေစခ်င္ေသးဘူး။ ဘာလို႔လည္းဆိုေတာ့ အဲဒီမွာ႐ုံအိမ္နဲ႕ က်န္းအိမ္ကေယာကၤ်ားေတြရွိေနၿပီး သူမေလးက အ႐ြယ္မေရာက္တေရာက္ေလးျဖစ္ေနတဲ့အတြက္ လူစိမ္းေယာကၤ်ားေတြရွိေနတုန္း ခဏခဏသြားေနရင္ မသင့္ေတာ့မွာစိုးရိမ္လို႔ပါပဲ။
ဒါေပမယ့္ ဒီေကာင္မစုတ္ေလးက နားမေထာင္ခ်င္ခဲ့ဘူးေလ။ ဇြတ္ထြက္သြားၿပီး အခုျပန္ဝင္လာေတာ့ သူမေျပာတာမ်ား နားဝင္သြားၿပီလားဟု ေတြးမိေတာ့မည္အခ်ိန္တြင္ ပိုင္မိန္ရဲ႕ေနာက္မွ အေသးေလးမ်ားကိုေတြ႕လိုက္ရသျဖင့္ ပိုင္အေမက ဟင္း႐ြက္ျခင္းကိုခ်ကာ သူမေျမးေလးေတြကို အေျပးသြားႀကိဳခဲ့သည္။
" ေရွာင္ဖူေလးနဲ႕ေရွာင္ဝူေလးက ဖြားဖြားဆီလာလည္တာလား "
ေမာ့ဟြာသည္ သူမရဲ႕ေျမးေလးႏွစ္ေယာက္လုံးကို တစ္ၿပိဳင္ထဲခ်ီခဲ့၏။ ဒီႏွစ္ေယာက္က ေသးေသးေလးေတြဆိုေတာ့ သူမက ႏွစ္ေယာက္လုံးကို ခ်ီတာေတာင္မွ အရမ္းေပါ့တယ္လို႔ ထင္ေနတုန္းပါပဲ။ ဒါေၾကာင့္ အေသးေလးေတြကို စားပြဲဆီခ်ီသြားရင္းနဲ႕....
" ၾကည့္ပါဦး မင္းတို႔ကအရမ္းကိုေပါ့ပါးေနတာပဲ မ်ားမ်ားမစားဘူးလား"
အခု ပိုင္လီမွာေငြရွိေနၿပီး ကေလးေတြကို မ်ားမ်ားေကြၽးတာကျဖစ္သင့္ကာ သူမေျမးေလးေတြက ဝကစ္ေနသင့္ပါတယ္။ ဘာေၾကာင့္ သူမမ်က္လုံးထဲ ဒီအ႐ြယ္စားက မတတ္ေသးတာလဲ။
စားပြဲဝိုင္း၏ေဘးတြင္ ပိုင္မိန္က ေရွာင္ဟန္၏သစ္သီးျခင္းကို ကူခ်ေပးခဲ့သည္။ ဒီျခင္းက ေနာက္ေက်ာလြယ္ျခင္းေလးပဲျဖစ္ၿပီး အႀကီးႀကီးမဟုတ္ေပမယ့္လည္း အသီးဝိတ္ေတြေၾကာင့္ ေလးမွာကိုသိနိုင္ပါတယ္။ ဒါေၾကာင့္ ေမာ့ဟြာက ဒါကိုျမင္ခ်ိန္မွာ အနည္းငယ္ဆူခ်င္ခဲ့ၿပီး...
"မင္း လာခ်င္တယ္ဆိုလည္း ကေလးေတြနဲ႕ဒီတိုင္းလာခဲ့ေပါ့ ဒါကိုဘာလို႔ ကိုယ္တိုင္ယူလာရတာလဲ အိမ္ကိုေပးခ်င္ရင္လည္း အိမ္ကလူေတြျပန္လာမွထည့္ေပးလိုက္ ရေနတာကို ၿပီးေတာ့ ဒီေလာက္အမ်ားႀကီးက ဘာလုပ္တာလဲ "
ၿပီးခဲ့တဲ့အခ်ိန္ေတြမွာ ေရွာင္ဟန္က ေနမေကာင္းျဖစ္ခဲ့တာေတြမ်ားၿပီး ေမာ့ဟြာက အဲဒါေတြက သူမသားေၾကာင့္ဆိုတာသိၿပီး သူမက ေရွာင္ဟန္အေပၚ အားနာစိတ္အၿမဲျဖစ္ရပါတယ္။ ဒါေၾကာင့္ သူတို႔ေတြေျပလည္လာခ်ိန္မွာ ေရွာင္ဟန္ကို ေကာင္းေကာင္းဆက္ဆံသင့္တယ္လို႔ ထင္မိတယ္။
ၿပီးေတာ့ ေရွာင္ဟန္က သူမကို အရမ္းခ်စ္စရာေကာင္းတဲ့ ေျမးေလးေတြ ေမြးေပးထားတယ္ေလ။ ဒါေၾကာင့္ သူမက ေရွာင္ဟန္ကို မျက်နှာသာပေးသင့်ပါျယ်။
တကယ္ေတာ့ ေရွာင္ဟန္က အရမ္းႀကီးပင္ပန္းမသြားပါဘူး။ ဒါေၾကာင့္ သူက....
"အေမ ဒါကမပင္ပန္းပါဘူး "
ၿပီးေနာက္ သူကဆက္ေျပာခဲ့ကာ...
" ၿပီးခဲ့တဲ့ႏွစ္ရက္က အိမ္ကသစ္ေတာ္ပင္ေတြက အရမ္းေႂကြက်ခဲ့တယ္နဲ႕တူတယ္ ဒီေန႕ အသီးေႂကြေတြပုံေနတာကို ေတြ႕လို႔ေလ ဝိုင္းေကာက္ၿပီး တခ်ိဳ႕ကို တတိမတ္ေလးေတာင္ ၿမိဳ႕ေလးေပၚသြားေရာင္းတယ္ "
အဲဒီေနာက္ သူက ပိုင္လီက ဘာေၾကာင့္ ကိုယ္တိုင္သြားမေရာင္းဘဲ ပိုင္စန္းကို လႊတ္ခဲ့သလဲဆိုတာကို ရွင္းျပခဲ့ၿပီး သစ္ေတာ္သီးမ်ားက အိမ္တြင္အေတာ္ေလးက်န္ေနေသးကာ ပိုင္လီက ႐ုံအိမ္ႏွင့္ က်န္းအိမ္ကိုသြားေပးခိုင္းထားေၾကာင္းကိုေတာင္ ေျပာျပခဲ့သည္။
ဟုတ္ပါတယ္။ ေရွာင္ဟန္က ပိုင္အေမတို႔ နဲ႕ပိုင္မိန္တို႔နဲ႕အတူရွိေနရင္ ပိုေပါ့ပါးၿပီး စကားလည္းပုံမွန္ထက္ပိုေျပာတတ္တယ္။
ဒါေတြၾကားေတာ့ ပိုင္အေမက သူတို႔မတို႔ဆီ ယူလာတဲ့အသီးေတြက မ်ားလို႔ဆိုၿပီးမေျပာေတာ့ဘူး။ အဲဒီအစား သူမက အေသးေလးေတြကို ခုံေတြေပၚတင္ေပးေနရင္းနဲ....
"ေကာင္းပါတယ္ ဒါဆို ကေလးေတြကို ဒီမွာထားခဲ့ၿပီး ေရွာင္မိန္ကို မင္းနဲ႕အတူေခၚသြားလိုက္ေပါ့ အသီးေတြကဝိတ္ပါေတာ့ သူမကိုလည္းကူသယ္ခိုင္းေခ်"
ပိုင္မိန္က ဒါကိုမျငင္းဘဲ သူမေလးက တတ္တတ္ႂကြႂကြပင္ လက္ခံခဲ့တာေၾကာင့္ ေရွာင္ဟန္ကလည္း ျငင္းစရာမရွိေတာ့ေပ။
အဲဒီေနာက္မွာ ေရွာင္ဟန္က သူတို႔ရဲ႕ခါးခ်ိတ္အေဆာင္ေလးေတြကိုႂကြားေနတဲ့ ကေလးႏွစ္ေယာက္ကိုၾကည့္ကာ ဒီအေသးေလးေတြက သူတို႔ရဲ႕ဝါးျခင္းေတာင္းေလးေတြကို ေမ့ေနၿပီျဖစ္သျဖင့္ ေရွာင္ဟန္ကပဲ သတိေပးလိုက္ရေတာ့သည္။
"ေရွာင္ဖူ ေရွာင္ဝူ မင္းတို႔ရဲ႕ဝါးျခင္းေတာင္းေလးေတြထဲမွာ ဘာေတြပါလဲ ျပလိုက္ဦးေလ"
ဒီေတာ့မွ ထိုေကာင္ေလးမ်ားသည္ ၎တို႔၏ ဝါးျခင္းေတာင္းေလးေတြကို သတိရသြားရသြားက်ကာ ခ်က္ျခင္းခုံေလးေတြေပၚ ထိုင္ေနရာမွထ၍ ေရွာင္ဖူက သူ႕ေဘးကေမာ့ဟြာကို ေက်ာေလးေပးလ်က္...
"ဖြားဖြား ဒါကဖြားဖြားအတြက္ပါ!"
ေရွာင္ဝူကလည္း ထိုနည္းတူပါပဲ။ သူ႕ရဲ႕မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတဲ့ပိုင္မိန္အတြက္ ေက်ာေပးလိုက္ၿပီး သူ႕ရဲ႕ျခင္းေတာင္းေလးကိုျပခဲ့ကာ...
"သားဆီမွာ ေဒၚေလးငယ္ရဲ႕ဟာက သားဆီမွာ!"
ေမာ့ဟြာႏွင့္ ပိုင္မိန္က ျခင္းေတာင္းေလးေတြထဲမွာ ဘာေတြပါမွန္းမသိေသးေပ။ ဒါေပမယ့္ ဒီေကာင္ေလးေတြရဲ႕ အမူယာေလးေတြနဲ႕တင္ သူတို႔ကေတာ္ေတာ္ေလး ေပ်ာ္႐ႊင္ေနပါၿပီ။
သူတို႔က ရယ္ေမာရင္းနဲ႕ ဝါးျခင္းေတာင္းေလးေတြရဲ႕အဖုံးေလးေတြကို ဖြင့္လိုက္ခ်ိန္တြင္ သူတို႔ထပ္ဆင့္ေပ်ာ္ေစမည့္ လွပေသာ ပန္းထိုးဖိနပ္ေလးမ်ားကို ေတြ႕ခဲ့ရသျဖင့္ အံၾသသြားခဲ့က်သည္။
ပိုင္အေမတို႔ ဖိနပ္ေတြကိုေတြ႕သြားအၿပီးမွာ ေရွာင္ဟန္က ရွင္းျပခဲ့ၿပီး...
"ကြၽန္ေတာ့္ခင္ပြန္းက ဝက္ဝံေရာင္းခဲ့တုန္းက လက္ေဆာင္တခ်ိဳ႕ ဝယ္လာခဲ့တယ္လို႔ေျပာၿပီး အေမတို႔ကို လာေပးခိုင္းလိုက္တာပါ"
အဲဒီေနာက္သူက သစ္သီးျခင္းရဲ႕ အေပၚယံအလႊာက လက္ဝတ္ရတနာေသတၱာကိုေရာ ထုတ္ၿပီး ဒါေတြပါ ပါေၾကာင္း တစ္ခါထဲျပခ်င္ခဲ့ေသာ္လည္း မီးဖိုေခ်ာင္ကို သန့္ရွင္းေရးလုပ္ၿပီးျပန္လာေသာ စုရွီက သူတို႔နားေရာက္လာခဲ့သျဖင့္ အသီးေတြကိုဖယ္ေတာ့မည့္ ေရွာင္ဟန္ရဲ႕လက္က ရပ္တန့္သြားခဲ့ေတာ့သည္။
................................................................
(AN/ ဒီလို ခပ္ေအးေအးအခန္းေတြေရးရေတာ့ ကိုယ့္မွာ ဇာက္လမ္းက ေပါ့မ်ားသြားမလားကိုစိုးရိမ္ေနရတယ္။ ဒါမွမဟုတ္ ကိုယ္ကပဲ ေခြးေသြးေလာင္းခ်င္လို႔ ဒီအခန္းေတြက ေအးတယ္ထင္ေနတာလားမသိေတာ့ဘူး။😆
ၿပီးေတာ့ လုံးဝမတိုပါဘူးေနာ္။ အရင္အပိုင္းေတြလို ပုံမွန္ပါပဲ။ ခပ္ေအးေအးအပိုင္းေတြမို႔ တိုတယ္ထင္မွာစိုးလို႔ပါ။
paid gpမွာ170 ေက်ာ္သြားပါၿပီ။)