I just Wanna be Hero, not Her...

بواسطة KoKo27644

12.1K 1.3K 90

Season 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်... المزيد

V5 Prologue
Volume 5 Visual Poster details
V5 Chapter 1
V5 Chapter 2
V5 Chapter 3
V5 Chapter 4
V5 Chapter 5
V5 Chapter 6
V5 Chapter 7
V5 Chapter 8
V5 Chapter 9
V5 Chapter 10
V5 Chapter 11
V5 Chapter 12
V5 Chapter 13
V5 Chapter 14
V5 Chapter 15
V5 Chapter 16
V5 Chapter 17
V5 Chapter 18
V5 Chapter 19
V5 Chapter 20
V5 Chapter 21
V5 Chapter 22
V5 Chapter 23
V5 Chapter 24
V5 Chapter 25
V5 Chapter 26
V5 Chapter 27
V5 Chapter 28
V5 Chapter 29
V5 Chapter 30
V5 Chapter 31
V5 Chapter 32
V5 Chapter 33 - မှောင်မိုက်သောနေ့များ
V5 Chapter 34 ဆင့်ကဲဖြစ်စဥ်
V5 Chapter 35 ဧည့်သည်
V5 Chapter 36 ဖရာလီတာ
V5 Chapter 37 - SSS အဆင့်လား
V5 Chapter 38 - နိမိတ်
V5 Chapter 39
V5 Chapter 40 - နတ်ဆိုးနဲ့အပေးအယူလုပ်ခြင်း
V5 Chapter 41
V6 Chapter 1
V6 Chapter 2 ဝါရှင်တန်ဆန့်ကျင်ရေးသမား
V6 Chapter 3 ကတိတစ်ခု
V6 Chapter 4 ထိပ်တိုက်တွေ့ခြင်း
V6 Chapter 5
V6 Chapter 6 - ဒဏ္ဍာရီတစ်ခု၏အဆုံးသတ်
V6 Chapter 7 - ဖလေရာနှင့်ထပ်ဒိတ်ခြင်း
V6 Chapter 8
V6 Chapter 9
V6 Chapter 10
V6 Chapter 11
V6 Chapter 12
V6 Chapter 13
V6 Chapter 14
V6 Chapter 15
V6 Chapter 16
V6 Chapter 17
V6 Chapter 18
V6 Chapter 19
V6 Chapter 20
V6 Chapter 21
V6 Chapter 22
V6 Chapter 23
V6 Chapter 24
V6 Chapter 25
V6 Chapter 26
V6 Chapter 27
V6 Chapter 28
V6 Chapter 29
V6 Chapter 30
V6 Chapter 31
V6 Chapter 32
V6 Chapter 33
V6 Chapter 34
V6 Chapter 35
V6 Chapter 36
V6 Chapter 37
V6 Chapter 38
V6 Chapter 39
V6 Chapter 40
V6 Chapter 41
V7 Prologue
V7 Chapter 1
V7 Chapter 2
V7 Chapter 3
V7 Chapter 4
V7 Chapter 5
V7 Chapter 6
V7 Bonus Chapter
V7 Chapter 7
V7 Chapter 8
V7 Chapter 9
V7 Chapter 10
V7 Chapter 11
V7 Chapter 12
V7 Chapter 13
V7 Chapter 14
V7 Chapter 15
V7 Chapter 16
V7 Chapter 17
V7 Chapter 18
V7 Chapter 19
V7 Chapter 20
V7 Chapter 21
V7 Chapter 22
V7 Chapter 23
V7 Chapter 24
V7 Chapter 26
V7 Chapter 27
V7 Chapter 28
V7 Chapter 29
V7 Bonus Chapter 2
V7 Chapter 30
V7 Chapter 31
V7 Chapter 32
V7 Chapter 33
V7 Chapter 34
V7 Chapter 35
V7 Chapter 36
V7 Chapter 37
V7 Chapter 38
V7 Chapter 39
V7 Chapter 40
V7 Chapter 41
V7 Chapter 42
V7 Chapter 43
V8 Bonus Chapter
V8 Bonus Chapter 2
V8 Chapter 1
V8 Chapter 2
V8 Chapter 3
V8 Chapter 4
V8 Chapter 5
V8 Chapter 6
V8 Chapter 7
V8 Chapter 8
V8 Chapter 9
V8 Chapter 10
V8 Chapter 11
V8 Chapter 12
V8 Chapter 13
V8 Chapter 14
V8 Chapter 15
V8 Chapter 16
V8 Chapter 17
V8 Chapter 18
V8 Chapter 19
V8 Chapter 20
V8 Chapter 21
V8 Chapter 22
V3 Chapter 23
V8 Chapter 24
V8 Chapter 25
V8 Chapter 26
V8 Chapter 27
V8 Chapter 28
V8 Chapter 29
V8 Chapter 30
V8 Chapter 31
V8 Chapter 32
V8 Chapter 33
V8 Chapter 34
V8 Chapter 35
V9 Chapter 1 + မိတ်ဆက်
V9 Chapter 2
V9 Chapter 3
V9 Chapter 4
V9 Chapter 5
V9 Chapter 6
V9 Chapter 7
V9 Chapter 8
V9 Chapter 9
V9 Chapter 10
V9 Chapter 11
V9 Chapter 12
V9 Chapter 13
V9 Chapter 14
V9 C15
V9 Chapter 16
V9 Chapter 17
V9 Chapter 18
V9 Chapter 19
V9 Chapter 20
V9 Chapter 21
V9 Chapter 22
V9 Chapter 23
V9 Chapter 24
V9 Chapter 25
V9 Chapter 26
V9 Chapter 27
V9 Chapter 28
V9 Chapter 29
V9 Chapter 30
V9 Chapter 31
V9 Chapter 32
V9 Chapter 33

V7 Chapter 25

54 6 0
بواسطة KoKo27644

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 25 - စပိတ်ဂိုဏ်း

မက်ဒါနာတို့ ဆိုင်ထဲဝင်လိုက်တော့ ကလေးအုပ်စုက ပြတင်းပေါက်နဲ့နီးတဲ့ ထိုင်ခုံနှစ်ခုံကို ပူးလိုက်ပြီးတော့
အတူထိုင်နေကြတယ်။ ဘရီစာကတော့ ကလေးတွေ
ကြားမှာ ထင်းထွက်နေတယ်။ အမျိုးသမီးအနေနဲ့ဆိုရင် ဘရီစာက ဒေါင်ကောင်းတဲ့အထဲမှာပါတာမလို့ ဆယ်ကျော်သက်တွေထဲမှာ ထင်းထွက်နေတာ။

"ဝိုး... အမိုက်စားအစ်မကြီးပဲ။" တင်မီက ထုံးစံအတိုင်းပဲ ဘရီစာကို တွေ့တာနဲ့ လေချွန်လိုက်ပါတယ်။ ဒါပေမဲ့ ဘရီစာဘေးမှာထောင်ထားတဲ့ ငွေရောင်ဒိုင်းကြီးကိုမြင်တော့ ချက်ချင်းတံထွေးမျိုချပြီး မက်ဒါနာဘက်ကို လှည့်ကြည့်တယ်။ ဒါပေမဲ့ မက်ဒါနာကတော့ ကလေးအုပ်စု သူ့ကိုမြင်မသွားအောင်လို့ သွက်သွက်လေးလျှောက်ပြီး ချောင်နည်းနည်းကျတဲ့ ခုံမှာဝင်ထိုင်တယ်။ တင်မီကတော့ သူ့ကိုမကြည့်ဘဲ တခြားမိန်းကလေးတစ်ယောက်ကို ကြည့်မိလို့ စိတ်ဆိုးသွားတယ်ပြီး နောက်ကနေ အပြေးလိုက်လာလာတော့တာပေါ့။

"ဒါနဲ့ဘေဘီက ဝီလီယံစပေါ့ကို ဘာသွားလုပ်မှာလဲ။"

  ပြောရရင် ဝီလီယံစပေါ့က မြို့ကြီးပြကြီးမဟုတ်တာကြောင့် အမဲလိုက်ရာသီချိန်လောက်ပဲ လူစည်တာ။ ကျန်တဲ့အချိန်တွေဆိုရင် ပင်စင်စားစစ်ပြန်တွေလောက်ပဲ နေတဲ့မြို့လေ။ မက်ဒါနာလိုငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက် အဲဒီမြို့ကိုသွားဖို့ပြင်နေတာ အတော်ထူးဆန်းတယ်။ မက်ဒါနာက သူနဲ့အတူယူလာတဲ့ ဝတ်စုံသေတ္တာကြီးကို ပုတ်ပြလိုက်ရင်း ​ပြောလိုက်ပါတယ်။

"နင့်လိုပဲ အမဲလိုက်မလို့လေ၊ အနောက်ပိုင်းပြည်နယ်တောအုပ်က တောကောင်ပေါတယ်မဟုတ်လား။"

  မက်ဒါနာက တင်မီအမဲလိုက်ဖို့လာတယ်ဆိုတာကို နည်းနည်းလေးမှမယုံဘူး။ ပြောရရင် ကားပေါ်မှာ ဘာလက်နက်မှမတွေ့သလို ဒီကောင်က ဖွန်ကြောင်တာအပြင် ဘာမှတတ်တာမဟုတ်ဘူးရယ်။ တင်မီက လက်နက်သေတ္တာကြီးကိုကြည့်ရင်း မျက်ခုံးပင့်လိုက်တယ်။

"မင်းက ကောင်းဘွိုင်လိုဝတ်ထားတာ မထူးဆန်းတော့ဘူးပဲ။ ခပ်ကြမ်းကြမ်းကောင်မလေးပဲ။ အထဲက ဒူးလေးလား၊ ရိုင်ဖယ်လား။"

"မြို့တစ်မြို့လုံးကို ပြာချလို့ရတဲ့လက်နက်။" မက်ဒါနာက တင်မီခါးကိုကိုင်းပြီး သူနဲ့မျက်နှာချင်းကပ်မိလုနီးပါး တိုးလာတဲ့အတွက် ပြန်တွန်းလွှတ်လိုက်ပြီး အတည်ပေါက်လေသံနဲ့ပြောလိုက်တယ်။ သူပြောတာလည်းမမှားဘူးလေ၊ ငွေရောင်စစ်သည်တော်သာ တကယ်လုပ်ချင်စိတ်ရှိရင် နယူးယောက်မြို့ကြီးကို အခက်အခဲမရှိဘဲ ပြာချပစ်လို့ရတယ်။

"ဘေဘီ၊ မင်းကနောက်နေတာပဲ။" တင်မီက ပြောလိုက်တယ်။ မက်ဒါနာကတော့ သူ့ငယ်သူငယ်ချင်းဟောင်းနဲ့ စကားပြောရတာ နောက်ကျောလုံးဝမလုံသလိုပဲ။ တင်မီက သူ့ကိုမင်းလွင်မှန်းသိနေတာတောင် ဆက်ဖွန်ဖို့ဆုံးဖြတ်ထားတဲ့သူလေ။ ဖရက်ထက် ပိုစိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတယ်။

ကလင်....

မက်ဒါနာတို့ဝိုင်းကို စားပွဲထိုးလာပြီးအော်ဒါကောက်တုန်း တံခါးပွင့်လာတယ်။ ကလေးငိုသံက ဆိုင်ခန်းထဲ ပဲ့တင်သံထွက်သွားပြီး လင်မယားနှစ်ယောက် စကားများနေတဲ့အသံကိုကြားရတယ်။

"ရှင်တော်တော်ညံ့တဲ့သူ၊ သမီးလေးကြီးလာရင်ပြဖို့ ဆာSilverKnightကို ဓာတ်ပုံရိုက်ပေးပါဆိုတာကို မရိုက်ပေးနိုင်ဘူးတဲ့ အံ့ရော။ ဒါနဲ့များ ဒီနှစ်တောထဲဝင်ပြီး သဘာဝဓာတ်ပုံရိုက်ဦးမယ်တဲ့။ ဆုရဖို့ဝေလာဝေးရော။"

မက်ဒါနာ အကဲခတ်ကြည့်လိုက်တော့ ကလေးရတာ မကြာသေးတဲ့ လူငယ်စုံတွဲဖြစ်ပုံပဲ။ သူတို့စကားတွေကို နားထောင်ရုံနဲ့တင် ဓာတ်ပုံဝါသနာအိုးနဲ့ငယ်သူငယ်ချင်း ညားထားမှန်းသိသာတယ်။

"အဲဒါကြောင့် ငယ်သူငယ်ချင်းတွေက စုံတွဲမဖြစ်သင့်တာ။" မက်ဒါနာက လေသံတိုးတိုးနဲ့ပြောတယ်။ တင်မီက နားစွန်နားဖျားကြားသွားတဲ့အတွက် မက်ဒါနာကိုမေးငေါ့ပြပါတယ်။

"ဘာပြောလိုက်တယ်..."

"ဘာမှမဟုတ်ပါဘူး။"

သူတို့နှစ်ယောက်ထိုင်အချိန်ဖြုန်းနေတုန်း စောပြီးရောက်လာတဲ့ အီဗန်တို့ဝိုင်းအတွက် စားစရာတွေရောက်လာတယ်။ မုန့်နှစ်နဲ့ကြော်ထားတဲ့ ကြက်ကြော်တွေ၊ ဘာဂါတွေအများကြီးပါပေမဲ့ ဘရီစာကတော့ သားသတ်လွတ်အရွက်သုပ်ပဲ မှာထားပုံပဲ။ မကြာခင်မှာပဲ မက်ဒါနာတို့မှာထားတဲ့ စားစရာတွေလည်းရောက်လာပါတယ်။

"စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်၊ ဒီနှစ်က လူတွေတအားကျနေလို့ပါ။" စားပွဲထိုးက တင်မီဖို့ ကိုကာကိုလာနဲ့ ကြက်သားအစပ်ကြော်ချပေးပြီး မက်ဒါနာအတွက် လိမ္မော်ရည်နဲ့ချေ့စ်ကြက်သားကြော်လာချပေးရင်း ပြောတယ်။ တစ်ဆိုင်လုံးမှ ဝန်ထမ်းတစ်ယောက်ပဲ ရှိပုံထောက်တော့ ဒီနေရာက ခရီးသွားတွေကြားထဲ သိပ်နာမည်ရတဲ့ပုံမပေါ်ဘူး။

ကလင်....

"ဆိုင်ရှင်၊ ကျုပ်တို့ဖို့ ဘီယာနှစ်ဝိုင်းနဲ့ကြက်ကြော်ပြင်ပေး။ ထုံးစံအတိုင်းပဲနော်။"

ရုတ်တရက် တံခါးပွင့်လာပြီး လူမိုက်လိုလိုဘာလိုလို လမ်းသရဲအုပ်စုဆိုင်ထဲဝင်လာတဲ့အတွက် မက်ဒါနာ စားစရာတွေကနေ အကြည့်ပြောင်းသွားတယ်။ ဆိုင်ရှေ့မှာ လမ်းသရဲဆန်ဆန်ဆိုင်ကယ်တချို့ရောက်နေပြီး ဒီလူတွေထဲက တချို့က ပန့်လိုလို ဂေါင့်လိုလိုဝတ်ထားကြသူတွေ။ နယူးယောက်မှာတော့ ပေါ်တင််မိုက်တဲ့ လူမိုက်ဂိုဏ်းတွေကို မတွေ့နိုင်တော့ပေမဲ့ အခုက ပန်ဆာဗေးနီးယားပါ။

"ဪ၊ ဒီနေရာက ခရီးသွားတွေကြားမှာ သိပ်ပြီးနာမည်မကြီးတာ အံ့ဩစရာမရှိဘူးပဲ။" လူမိုက်တွေ ရှိနေတဲ့လမ်းကို တော်ရုံခရီးသွားတွေ ရွေးတာရှားတယ်။ တကယ်တော့ ဝီလီယံစပေါ့ကို သွားဖို့လမ်းနှစ်လမ်းရှိတာဖြစ်ပြီး ၇၈လမ်းမကြီးနဲ့ ၈၄ လမ်းမကြီးဆိုပြီးတော့ပါ။ ၈၄ လမ်းမကြီးက ခရီးလမ်းပိုရှည်ပြီး လမ်းမကောင်းတာကြောင့် သုံးတဲ့သူနည်းသင့်ပေမဲ့ အခြေအနေက ပြောင်းပြန်ပါ။ တရားခံက ဆိုင်ကယ်ဂိုဏ်းတွေကြောင့်ဖြစ်ပုံပဲ။

စားသောက်ဆိုင်ဝန်ထမ်းက ကျန်နေသေးတဲ့ စားပွဲတွေကို လစ်လျူရှုလိုက်ပြီး လူမိုက်တွေအတွက် အမှာစာကို အရင်လုပ်ပေးရတယ်။

"ဒေါ်လာတစ်ရာ့ငါးဆယ်ကျပါတယ်။" ဝန်ထမ်းက ကျသင့်ငွေကို တွက်ချက်ပြီး ဘောင်ချာကို ခေါင်းဆောင်ဖြစ်ပုံရတဲ့ ဆိုင်ကယ်လူမိုက်နှုတ်ခမ်းမွှေးကြီးဆီ ကမ်းပေးလိုက်ပေမဲ့ နှုတ်ခမ်းမွှေးက အမှိုက်ပုံးထဲ ထည့်ပစ်လိုက်တယ်။

"ဘာတွေလာပြောနေတာလဲ၊ ဒီနေရာက ငါတို့စပိတ်​တွေရဲ့နယ်မြေပဲ။ ဟိုအီတာလျံကောင်တွေရန်ကနေ
ကာကွယ်ပေးလို့ မင်းတို့ကတောင် ငါတို့ကို ဆက်ကြေးပေးရဦးမယ်။"

ဝန်ထမ်းလေးက ကြောက်ကြောက်နဲ့ပြန်တောင်းပန်ပြီး ထွက်သွားတယ်။ ဆိုင်ကယ်လမ်းသရဲအုပ်စုကတော့ ဆက်ပြီးအသံကျယ်ကျယ်နဲ့သောက်စားနေတုန်းပဲ။ ၈၀ခုနစ် ရုပ်ရှင်တွေထဲက သာမန်လူမိုက်ဂိုဏ်းတွေရဲ့လုပ်ရပ်လိုပဲ။

ဒီကောင်တွေက မက်ဒါနာအတွက် အသေးအဖွဲလေးတွေဖြစ်ပြီး ဒီနေရာမှာ ကလေးတွေလည်းရှိနေတာမလို့ ဆူဆူပူပူမလုပ်ဖို့ မက်ဒါနာဆုံးဖြတ်လိုက်ပြီး ကြက်ကြော်ကိုပဲ ပြန်အာရုံစိုက်လိုက်တယ်။ စိတ်ထဲမှာတော့ ကလေးတွေထွက်သွားပြီးမှ တင်မီကိုလစ်ထားခဲ့ပြီး အဲဒီအုပ်စုကိုသမမယ်လို့ တေးမှတ်ရင်းနဲ့ပေါ့။

ကံမကောင်းတာက...

"ဟေး၊ ကြက်မလေး။ မင်းကြည့်ရတာ လန်းသားပဲ။ တစ်နာရီ ဘယ်လောက်ပေးရမလဲ။"

ရုတ်တရက် အမွှေးထူထူနဲ့လက်ကြမ်းကြမ်းကြီးတစ်ဖက်က မက်ဒါနာရဲ့ပခုံးပေါ်ကိုရောက်လာတဲ့အတွက် လန့်သွားပြီး လှည့်ကြည့်လိုက်တော့ အနက်ရောင် သားရေဂျာကင်ဝတ်ထားတဲ့ အရပ်ပုပုလူမိုက်ဖြစ်နေတယ်။ ဟိုအုပ်စုထဲကပဲ။ တင်မီက ချက်ချင်းဒေါသထောင်းကတည်းထွက်သွားပြီး လက်ကိုတစ်ရှုးနဲ့မြန်မြန်သုတ်ကာ ပြန်ချလိုက်ပြီး ထရပ်လိုက်တယ်။

"အဲဒါငါ့ကောင်မလေးကွ၊ မင်းအဲဒီလိုလုပ်လို့မရ..."

ဒါပေမဲ့ တင်မီစကားမဆုံးခင်မှာပဲ လူပုလေးရဲ့လက်သီးက တင်မီ့ဗိုက်ကိုထိုးမိသွားပြီမလို့ တင်မီခွေခနဲကျသွားတယ်။ လူမိုက်အုပ်စုကတော့ တဟားဟားနဲ့ ရယ်တော့တာပေါ့။

"ဟားဟား၊ နောက်ထပ်ငတုံးတစ်ကောင် ဆမ်မီကို အာခံပြန်ပြီဟေ့။"

"ဆမ်မီက C အဆင့်ခွန်အားမြူတန့်ပဲဟာ၊ ဒီကောင် သုံးရက်လောက် အိပ်ရာထဲလှဲနေရတော့မှာပဲ။"

အဖြစ်အပျက်တွေမြန်လွန်းလို့ မက်ဒါနာတောင် ဘာလုပ်ရမှန်းမသိဘူးဖြစ်သွားတယ်။ ဒါပေမဲ့ လူမိုက်ကောင်တွေ ကျေနပ်လို့မဝသေးခင်မှာပဲ ငွေရောင်ဒိုင်းကြီးက ဆမ်မီရဲ့ခေါင်းကိုရိုက်မိသွားတယ်။

ဘုန်း....

ဆမ်မီတစ်ခါတည်းလွင့်ထွက်သွားပြီး လူမိုက်တွေထိုင်နေတဲ့ စားပွဲပေါ်ကို မှောက်ကျသွားတယ်။ သူ့နဖူးကနေ သွေးတွေစီးကျနေပြီး ကွဲသွားတာသေချာပါတယ်။ ခေါင်းဆောင်နှုတ်ခမ်းမွှေးလည်း ဒေါသထွက်သွားပြီး တိုက်ခိုက်မှုရဲ့ရင်းမြစ်ကို ကြည့်လိုက်တယ်။ တစ်ဖက်မှာတော့ ဘရီစာက သူ့ဆီပြန်လာတဲ့ဒိုင်းကို စူပါသံလိုက်နဲ့ သာသာလေးဖမ်းလိုက်ပြီး အေးစက်စက်လေသံနဲ့ပြောလိုက်ပါတယ်။

"အစကတော့ နင်တို့က ငါတို့ရဲ့တာဝန်မဟုတ်လို့ ကိုယ့်လမ်းကိုယ်သွားမလို့ပဲ။ ဒါပေမဲ့ ဒီအတိုင်းအတာထိတောင် လွန်ကဲလာပြီဆိုတော့...."

ဘရီစာတို့က ရန်သူ့နယ်မြေထဲမှာ ရောက်နေတာဖြစ်တဲ့အတွက် မလိုအပ်ဘဲ သူများအာရုံစိုက်တာ မခံရချင်ပေမဲ့ ဒီလူမိုက်ဂိုဏ်းက ဘရီစာရဲ့ဒိုင်းကိုမြင်နေရတာတောင်မှ အတင့်ရဲနေခဲ့တယ်မဟုတ်လား။ အစအဆုံး ဘရီစာတို့အုပ်စုက ဟီးရိုးအဖွဲ့ဆိုတာကို ဖုံးကွယ်မထားခဲ့ဘူး။ ဒါတောင်မှ ဒီအုပ်စုက အတင့်ရဲနေသေးတယ်လေ။

နှုတ်ခမ်းမွှေးက ဘရီစာကို ခေါင်းအစခြေအဆုံး သေချာကြည့်လိုက်ပြီး ရယ်လိုက်ပါတယ်။ "မင်းကိုကြည့်ရတာ နယ်ခံတော့မဟုတ်ဘူးပဲ။ နယ်ခံဆိုရင်လည်း ငါတို့စပိတ်အဖွဲ့ကို ရင်ဆိုင်ရဲမှာမဟုတ်ဘူး။ ပြီးတော့ ကလေးတွေနဲ့ဆိုတော့ မင်းတို့က ဟီးရိုးကျောင်းတစ်ခုခုကများလား။"

ဟီးရိုးကျောင်းတွေက အလုပ်သင်မစ်ရှင်စေလွှတ်လေ့ရှိတာမလို့ လူမိုက်တွေအနေနဲ့ ဒီလိုအဖြစ်မျိုးနဲ့ စိမ်းပုံမရပါဘူး။ ဒါပေမဲ့ စပိတ်အဖွဲ့က တကယ်ပဲ တည်ငြိမ်နေပါတယ်။

"စိတ်တော့မကောင်းပေမဲ့ မင်းတို့ဟီးရိုးတွေငြိမ်နေလိုက်တာကောင်းမယ်၊ ငါတို့အစ်ကိုကြီးက B+ ကွ၊ တော်ရုံကျောင်းဆရာတွေလောက်တော့ အမှောက်သိပ်ပစ်လို့ရတယ်။"

ဆံပင်ထောင်ထောင်နဲ့ အမည်မသိလူမိုက်က လက်ကိုမြှောက်ပြီး ဆံပင်ကိုသပ်ရင်း ပြောလိုက်တယ်။ စပိတ်အဖွဲ့က ဒီလောက်မှအင်အားမရှိရင် အရင်တည်းက နယ်ခံဟီးရိုးတွေနှိမ်နင်းတာ ခံရပြီးလောက်ရောပေါ့။

"ကြည့်ကြသေးတာပေါ့၊ အပြင်ထွက် ကိစ္စရှင်းကြမလား။" ဘရီစာက မျက်ခုံးပင့်ပြီး ပြောလိုက်တယ်။ နှုတ်ခမ်းမွှေးကလည်း သဘောတူလိုက်တယ်။ မကြာခင်မှာပဲ နှစ်ဖက်အဖွဲ့က ဆိုင်ပြင်ကားပါကင်က နေရာလွတ်မှာ မျက်နှာချင်းဆိုင်နေကြပြီ။ ပြီးတော့ ဟိုလူမိုက်အဖွဲ့က ပိုလူအင်အားများတယ်။ မက်ဒါနာကတော့ စက္ကူအအေးဘူးလေးကိုကိုင် ပိုက်ကလေးကနေ အချိုရည်ကိုတစ်ငုံချင်းစုပ်ရင်း ပွဲကြည့်နေပါတယ်။ ကိုယ်တိုင်ဝင်မပါရဘဲ သူများတိုက်တာကြည့်ရတာ စိတ်ဝင်စားစရာပဲလေ။ တစ်ဖက်မှာတော့ ဆိုင်ဝန်ထမ်းက အထိုးခံရလို့ တဂိဂိတက်နေတဲ့ တင်မီကို ရှေးဦးသူနာပြုစုနည်းနဲ့ သတိမလစ်အောင်လုပ်ပေးနေရတယ်။

....

"ကျောင်းသားတွေ၊ အခုတိုက်ပွဲက မင်းတို့ရဲ့တိုက်ပွဲပဲ။ ဒါက လက်တွေ့မစ်ရှင်ဖြစ်တာကြောင့် ငါက မင်းတို့အသက်အန္တရာယ်မရှိမချင်း ဝင်ကူမှာမဟုတ်ဘူး။
အစောပိုင်းက ဖြစ်သွားတာက ရုတ်တရက်မလို့ဝင်လှုပ်ရှားရုံပဲ။ နားလည်ကြလား။"

"ဟုတ်ကဲ့...." ဘရီစာက ဒိုင်းကိုမြေမှာစိုက်လိုက်ပြီး မတုန်လှုပ်တဲ့အကြည့်တွေနဲ့ သူတို့ထက်နှစ်ဆနည်းနည်းလူများတဲ့ အုပ်စုကိုစိုက်ကြည့်နေပါတယ်။ အီဗန်တို့အုပ်စုကတော့ သူတို့စွမ်းအားတွေကို ထုတ်ဖော်ရင်း ပြေးတက်သွားကြတယ်။

နှုတ်ခမ်းမွှေးကတော့ အခုထိစိုးရိမ်ပုံမရသေးဘူး။ သူက ရယ်လိုက်ပြီး လက်ကိုဝေ့ယမ်းကာ သူ့လူတွေကို ချီတက်စေတယ်။ "ဘာမဟုတ်တဲ့ကလေးအုပ်စုက ငါတို့ကိုနိုင်မယ်ထင်နေတာပဲ။ သူတို့ကို ပညာပြလိုက်ရအောင်။"

လူမိုက်အုပ်စုကလည်း ​ပြေးတက်လာတယ်။ သူတို့ထဲက အားအနည်းဆုံးတောင်မှ C - အဆင့်ပါ။ ဒါကြောင့် အရမ်းကြီးအားနည်းတယ်လို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့ သူတို့ရင်ဆိုင်နေရတာက ထိပ်သီးရှစ်ကျောင်းထဲက နယူးယောက်ကျောင်းရဲ့လက်ရွေးစင်တွေပါ။

အီဗန်က သူ့ခါးမှာချိတ်ထားတဲ့ ဓားကိုမထုတ်သေးပေမဲ့ သူ့မျက်လုံးအရောင်က အနီအဖြစ်ပြောင်းသွားပြီး ပြောလိုက်ပါတယ်။ "စွမ်းအားကို မဖြုန်းတီးဘဲ လိုသလောက်ပဲသုံး၊ ဟုတ်လား။"

နောက်တော့ သူက ရှေ့ဆုံးက လူမိုက်နှစ်ယောက်ကို တန်းတူရင်ဆိုင်လိုက်တယ်။ ဗင်းဆင့်က သူ့ဝတ်ရုံကို ခန္ဓာကိုယ်တစ်ခုလုံးပြန့်အောင်ခြုံလိုက်ပြီး ကိုယ်ပျောက်သွားတယ်။ ဂရေဟမ်ကတော့ ခါးက​ သေနတ်နှစ်လက်ကိုဆွဲထုတ်ပြီး စပစ်ခတ်တယ်။ ဒီဉာဏ်ကြီးရှင်လေးက သေနတ်နှစ်လက်ကိုင်ပစ်ခတ်ရတာကို အတော်သဘောကျပုံပေါ်တယ်။

နျူရေကတော့ ဘင်ကားထဲမှာဝှက်ထားတဲ့ ဆိုင်ကယ်ပျံကို ဆင့်ခေါ်လိုက်တယ်။ ဘင်ကာတံခါးပွင့်သွားပြီး ဆိုင်ကယ်က သူ့ရှေ့မှာပိတ်ရပ်နေတဲ့ ဂိုဏ်းစတားလေးယောက်ကို ဝင်တိုက်ပစ်လိုက်တယ်။ ဂိုးလ်ကတော့ လူမိုက်တစ်ယောက်ကို လဲကျအောင်လုပ်ပြီး
ကိုယ်ပေါ်တက်ခွကာ သူ့လက်သီးအကြီးကြီးနဲ့ဆက်ရိုက်ထိုးနေတာကြောင့် ဟိုက ​ဝက်ခေါင်းရုပ်ပေါက်နေပါပြီ။

တစ်ဖက်မှာတော့ ဘယ်လာက လက်ကျန်လူမိုက်တွေအားလုံးရဲ့ခြေထောက်ကို ခရစ်စတယ်တွေနဲ့ ဖမ်းချုပ်ပစ်လိုက်တယ်။ အားသွားပြီဖြစ်တဲ့ အီဗန်ကတော့ အဲဒီလူမိုက်တွေအကုန်လုံးရဲ့လက်တွေခြေတွေကို ချိုးပစ်လိုက်တယ်။

မိနစ်ပိုင်းအတွင်းမှာပဲ လူမိုက်အုပ်စုက ပြန့်ကျဲကုန်ပြီဖြစ်ပြီး နှုတ်ခမ်းမွှေးလည်း တုန်လှုပ်နေပါပြီ။ သူတို့ကိုရင်ဆိုင်ရာမှာ ကလေးအုပ်စုက နည်းနည်းလေးမှ မညှာတာခဲ့ဘူး။

"မင်း... မင်းတို့လုပ်နေတာက ငါတို့စပိတ်အဖွဲ့ကို စိန်ခေါ်နေတာပဲ။ သူက ပြောပြောဆိုဆိုနဲ့ အင်္ကျီထဲမှာဝှက်ထားတဲ့ မီးကျည်သေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်တယ်။ မီးကျည်တက်သွားပြီး ငါးမိနစ်လောက်ကြာတော့ ရာနဲ့ချီနဲ့ဆိုင်ကယ်ဂိုဏ်းသားတွေက စားသောက်ဆိုင်ကို ဝိုင်းထားနှင့်ပြီ။ တစ်ပြိုင်နက်တည်းမှာပဲ ကျန်တဲ့ B rank ဂိုဏ်းခွဲခေါင်းဆောင်တွေက နှုတ်ခမ်းမွှေးဆီကို ပြေးလာတယ်။ အခုသူတို့အားလုံးရဲ့အင်အားက စုစုပေါင်း B rank သုံးယောက်ပါ။

"အစ်ကိုကြီး၊ ဘာဖြစ်တာလဲ။"

နှုတ်ခမ်းမွှေးက တခြားခေါင်းဆောင်တွေရဲ့အဖြေကို ကျောင်းသားအုပ်စုကိုလက်ညိုးထိုးရင်း ပြန်တုံ့ပြန်လိုက်ပါတယ်။ "သူတို့... သူတို့...."

"ငါတို့ညီအစ်ကိုတွေကို အမှောက်သိပ်လိုက်တာ သူတို့လား။ ညီနောင်တို့ သူတို့ကို အမှုန့်ကြိတ်ကြ။"

မကြာခင်မှာပဲ အဝေးပြေးလမ်းမကြီးပေါ်က စားသောက်ဆိုင်အနားဝန်းကျင်က ဂိုဏ်းတွေရဲ့နယ်မြေလုတိုက်ပွဲဖြစ်ပွားရာအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့တယ်။

ဆိုင်ထဲမှာတော့ မက်ဒါနာက ပွဲကြည့်နေရင်း အစားအသောက်မပြတ်ပါပဲ။ ထပ်ပြီးတော့တောင် စားစရာတွေမှာနေသေးတယ်။ "ကောင်လေး၊ နောက်ထပ် ကြက်ကြော်ကမ်ဘိုအသေးတစ်ပွဲလောက်၊ အာလုံးချောင်း​ကြော်လည်းချပေးဦး။ ကိုလာပါထည့်လာပေး။"

"ဟုတ်... ဟုတ်ကဲ့ခင်ဗျ။"

ဝန်ထမ်းကတော့ ဆိုင်နောက်ထဲချက်ချင်းပြေးဝင်ပြီး စားစရာတွေကို အသင့်ပြင်ပေးရတယ်။ တစ်ဖက်မှာတော့ လူငယ်လင်မယားက မက်ဒါနာကို တအံ့တဩကြည့်နေကြတယ်။ သူတို့အကြည့်တွေက သက်သေခံနေတာကတော့ 'ဒီကောင်မလေး ဘယ်ဥက ပေါက်လို့ ဒီလောက်ရဲတင်းနေရတာလဲ။' ဆိုတဲ့ ခံစားချက်ပါပဲ။ ဘယ်မိန်းကလေးမျိုးက ဂိုဏ်းစတားတွေနဲ့ဟီးရိုးတွေတိုက်နေတာကို ပျော်ပျော်ကြီးထိုင်ကြည့်နေမှာမလို့လဲ။ သူတို့လည်း အခွင့်အရေးရရင် ဆိုင်ထဲကနေ ထွက်ပြေးနေလောက်ပြီလေ။

"မစ်၊ ကျုပ်တို့တွေ ဆိုင်နောက်ဖေးပေါက်ကနေ ပြေးကြမလား။ တော်ကြာ ဂိုဏ်းစတားတွေနိုင်သွားရင် ဘယ်လိုလုပ်မလဲ။"

တင်မီက ဗိုက်ကိုနှိပ်ထားရင်း ပြောလိုက်တယ်။ သူလည်း နည်းနည်းတော့ ပြန်သက်သာနေပြီဆိုပေမဲ့ အထိုးခံထားရတဲ့ဒဏ်က အတော်ပြင်းတယ်လေ။ ခုလို စကားပြောနိုင်သေးတာ ကံကောင်း။

မက်ဒါနာကတော့ ခေါင်းခါလိုက်ပါတယ်။ "မလိုဘူး၊
နောက်ငါးမိနစ်လောက်ဆိုရင် ဂိုဏ်းခေါင်းဆောင်တွေရော စပိတ်အဖွဲ့တစ်ခုလုံးပါ ပန်ဆာ​ဗေးနီးယားမြေပုံကနေ ပျောက်သွားလိမ့်မယ်။"လို့ ပြောလိုက်တယ်။ သူအတည်ပြောနေတာဖြစ်ပြီး နောက်နေတာနဟုတ်ပါဘူး။ လက်ရှိ နျူရေနဲ့အီဗန်နှစ်ယောက်တည်းကတင် B rank ခေါင်းဆောင်နှစ်ယောက်ကို ဖိနှိပ်ထားပြီး ကျန်တဲ့ကျောင်းသားတွေကလည်း ရာချီတဲ့ဂိုဏ်းသားတွေကို တားဆီးထားနိုင်တယ်။

ဗင်းဆင့်ရဲ့ထောင်ချောက်ပညာက လူအုပ်ကိုရင်ဆိုင်ရလေ ပိုပြီးအစွမ်းထက်ကြောင်း မြင်ရလေပဲ။ သူဆင်ထားတဲ့ လျှပ်စီးထောင်ချောက်တွေကိုတိုးမိပြီး ဒါဇင်နဲ့ချီတဲ့ ဂိုဏ်စတားတွေ ကြမ်းပြင်ပေါ်မှာ ရှော့တိုက်ခံထားရတဲ့ ငါးတွေလိုဖြစ်နေကြပြီ။

ဘယ်လာကတော့ ဂိုဏ်းစတားအများစုကို ချုပ်ပေးပြီး ဂိုးလ်နဲ့ဂရေဟမ်က သူတို့အစွမ်းတွေလက်နက်တွေကိုသုံးပြီး အဆုံးသတ်ပေးတယ်။ ပြီးတော့ အခုထိ ကျောင်းသားအုပ်စုရဲ့စောင့်ရှောက်သူဖြစ်တဲ့ ဘရီစာက ဝင်မပါရသေးဘူး။

"ပြန်ဆုတ်ကြ၊ ပြန်ဆုတ်ကြ။ ငါတို့သူတို့ကိုမနိုင်ဘူး။" အခြေအနေမဟန်မှန်းသိတဲ့ နှုတ်ခမ်းမွေးက အော်ဟစ်ပြီး အီဗန်ဆီကနေ ထွက်ပြေးဖို့လုပ်တယ်။
တခြားခေါင်းဆောင်တစ်ယောက်ကလည်း "လူစုခွဲ" လို့အော်လိုက်တယ်။ ဒါပေမဲ့ အီဗန်က သူတို့ကို အလွတ်ပေးမှာမဟုတ်ပါဘူး။

"ပြေးလို့ရမယ်ထင်နေသေးတာလား။" သူက ခါးက ဓားကိုဖြုတ်လိုက်ပြီး စွမ်းအားကုန်ထည့်သွင်းကာ ပိုင်းချလိုက်တယ်။

ဘုန်း....

အီဗန်ရဲ့လေဖိအားဓားချက်က ကားပါကင်တစ်ခုလုံးကို ပြန့်နှံသွားတယ်။ ခွန်အားကို ထိန်းချုပ်ထားခဲ့ပေမဲ့
ဆိုင်ပြတင်းပေါက်တစ်ချပ်တော့ အက်သွားတယ်။ အားအများစုက ရန်သူတွေနောက်ကိုလိုက်သွားလို့သာ ပိုသာတဲ့ပျက်စီးမှုမျိုးမဖြစ်ခဲ့တာ။

"အား....." ဓားချက်က နှုတ်ခမ်းမွှေးရဲ့ခြေထောက်နှစ်ချောင်းနဲ့ ကျန်တစ်​ယောက်ရဲ့လက်တစ်ဖက်ကို ချိုးပစ်လိုက်တယ်။ ဟုတ်ပါတယ်၊ သူတို့လက်တွေခြေတွေ ပြတ်မသွားဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အီဗန်ကတော့ အားအဟုန်ကို သေချာမထိန်းနိုင်သေးတဲ့အတွက် သူ့ကိုယ်တွင်းက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြောင်းပြန်လန်ကုန်သလို ခံစားလိုက်ရပြီး သွေးအန်ထုတ်လိုက်ရတယ်။

"နောက်တစ်ယောက်လွတ်သွားပြီ။" နျူရေက အီဗန်လဲကျမသွားအောင် ဖမ်းဆွဲထားလိုက်တဲ့အချိန် သူအဲဒီလိုပြောလိုက်ပေမဲ့ ဆရာမဘရီစာရဲ့ဒိုင်းပျံကြီးက ထွက်ပြေးသွားတဲ့ခေါင်းဆောင်ရဲ့ပခုံးကိုမှန်သွားပြီး ခါးရိုးပုံပျက်ကာ မြေပေါ်တုန်းလုံးလဲကျသွားတယ်။

"ကောင်းတယ်၊ အခုဒီကောင်တွေကို သက်ဆိုင်ရာလက်ထဲ အပ်ဖို့ပဲကျန်တော့တယ်။" ဘရီစာက လူတွေရာနဲ့ချီပြီးလဲကျနေတဲ့ ကားပါကင်အလယ်မှာရပ်နေရင်း သူ့တပည့်တွေကို ချီးကျူးလိုက်ပါတယ်။ နောက်တော့ သူက အီဗန်ကိုကြည့်ပြီး သီးသန့်ချီးကျူးလိုက်တယ်။

"မဆိုးဘူး၊ နင့်စွမ်းအားက ကြမ်းတမ်းပေမဲ့ မလိုအပ်ဘဲ လူ့အသက်မသတ်မိအောင် ကြိုးစားခဲ့တာပဲ။ ဟီးရိုးပီသတယ်။"

ဘရီစာက ခါတိုင်းလိုပဲ အသံဩဩနဲ့ကျယ်ကျယ်ပြောလိုက်တာဖြစ်လို့ ဆိုင်ထဲမှာထိုင်နေတဲ့ မက်ဒါနာလည်း တီးတိုးကြားလိုက်ရပြီး စားနေတဲ့ ကြက်ပေါင်ကိုတောင် ပစ်ချလိုက်မိတယ်။ ငွေရောင်စစ်သည်က ဟီးရိုးပေမဲ့ ရန်သူမှန်သမျှကို အမြဲလိုလိုအသေသတ်နေရတဲ့တစ်ယောက်မဟုတ်လား။ သူ့ရန်သူအများစုက ကယ်မရတဲ့ကောင်တွေ ဖြစ်နေတာလည်းပါတာကိုး။ မက်ဒါနာမသိပေမဲ့ ငွေရောင်စစ်သည်ကို လူအများစုက ရန်သူအသေသတ်ဝါဒယုံကြည်တဲ့ ဟီးရိုးလို့သတ်မှတ်ထားတယ်ဆိုတာပါ။

واصل القراءة

ستعجبك أيضاً

1.2M 215K 92
ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy (秃子小贰) Translation Status - Completed ...
1.5K 228 13
ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ အူဂျူရဲ့ကမ္ဘာမှာ ဘယ်လို နေ့ရက်တွေ အထပ်ထပ် လည်ပတ်နေသလဲ ဆိုတာရယ်၊ အူဂျူရဲ့ကမ္ဘာ လို့ တင်စားလည်း မမှားတဲ့ ဖြစ်တည်မှုလေးတစ...
3.9M 159K 69
Highest rank: #1 in Teen-Fiction and sci-fi romance, #1 mindreader, #2 humor Aaron's special power might just be the coolest- or scariest- thing ever...
109K 13K 200
လုကျိုးဟာ မမျှော်လင့်ဘဲ စနစ်တခုကိုပိုငဆိုင်ကာ လူတွေအလည်မှာ ထင်ပေါ်ကျော်ကြားလာခဲ့တယ်