I just Wanna be Hero, not Her...

By KoKo27644

11.8K 1.3K 90

Season 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်... More

V5 Prologue
Volume 5 Visual Poster details
V5 Chapter 1
V5 Chapter 2
V5 Chapter 3
V5 Chapter 4
V5 Chapter 5
V5 Chapter 6
V5 Chapter 7
V5 Chapter 8
V5 Chapter 9
V5 Chapter 10
V5 Chapter 11
V5 Chapter 12
V5 Chapter 13
V5 Chapter 14
V5 Chapter 15
V5 Chapter 16
V5 Chapter 17
V5 Chapter 18
V5 Chapter 19
V5 Chapter 20
V5 Chapter 21
V5 Chapter 22
V5 Chapter 23
V5 Chapter 24
V5 Chapter 25
V5 Chapter 26
V5 Chapter 27
V5 Chapter 28
V5 Chapter 29
V5 Chapter 30
V5 Chapter 31
V5 Chapter 32
V5 Chapter 33 - မှောင်မိုက်သောနေ့များ
V5 Chapter 34 ဆင့်ကဲဖြစ်စဥ်
V5 Chapter 35 ဧည့်သည်
V5 Chapter 36 ဖရာလီတာ
V5 Chapter 37 - SSS အဆင့်လား
V5 Chapter 38 - နိမိတ်
V5 Chapter 39
V5 Chapter 40 - နတ်ဆိုးနဲ့အပေးအယူလုပ်ခြင်း
V5 Chapter 41
V6 Chapter 1
V6 Chapter 2 ဝါရှင်တန်ဆန့်ကျင်ရေးသမား
V6 Chapter 3 ကတိတစ်ခု
V6 Chapter 4 ထိပ်တိုက်တွေ့ခြင်း
V6 Chapter 5
V6 Chapter 6 - ဒဏ္ဍာရီတစ်ခု၏အဆုံးသတ်
V6 Chapter 7 - ဖလေရာနှင့်ထပ်ဒိတ်ခြင်း
V6 Chapter 8
V6 Chapter 9
V6 Chapter 10
V6 Chapter 11
V6 Chapter 12
V6 Chapter 13
V6 Chapter 14
V6 Chapter 15
V6 Chapter 16
V6 Chapter 17
V6 Chapter 18
V6 Chapter 19
V6 Chapter 20
V6 Chapter 21
V6 Chapter 22
V6 Chapter 23
V6 Chapter 24
V6 Chapter 25
V6 Chapter 26
V6 Chapter 27
V6 Chapter 28
V6 Chapter 29
V6 Chapter 30
V6 Chapter 31
V6 Chapter 32
V6 Chapter 33
V6 Chapter 34
V6 Chapter 35
V6 Chapter 36
V6 Chapter 37
V6 Chapter 38
V6 Chapter 39
V6 Chapter 40
V6 Chapter 41
V7 Prologue
V7 Chapter 1
V7 Chapter 2
V7 Chapter 3
V7 Chapter 4
V7 Chapter 5
V7 Chapter 6
V7 Bonus Chapter
V7 Chapter 7
V7 Chapter 8
V7 Chapter 9
V7 Chapter 10
V7 Chapter 11
V7 Chapter 12
V7 Chapter 13
V7 Chapter 14
V7 Chapter 15
V7 Chapter 16
V7 Chapter 17
V7 Chapter 18
V7 Chapter 19
V7 Chapter 20
V7 Chapter 21
V7 Chapter 23
V7 Chapter 24
V7 Chapter 25
V7 Chapter 26
V7 Chapter 27
V7 Chapter 28
V7 Chapter 29
V7 Bonus Chapter 2
V7 Chapter 30
V7 Chapter 31
V7 Chapter 32
V7 Chapter 33
V7 Chapter 34
V7 Chapter 35
V7 Chapter 36
V7 Chapter 37
V7 Chapter 38
V7 Chapter 39
V7 Chapter 40
V7 Chapter 41
V7 Chapter 42
V7 Chapter 43
V8 Bonus Chapter
V8 Bonus Chapter 2
V8 Chapter 1
V8 Chapter 2
V8 Chapter 3
V8 Chapter 4
V8 Chapter 5
V8 Chapter 6
V8 Chapter 7
V8 Chapter 8
V8 Chapter 9
V8 Chapter 10
V8 Chapter 11
V8 Chapter 12
V8 Chapter 13
V8 Chapter 14
V8 Chapter 15
V8 Chapter 16
V8 Chapter 17
V8 Chapter 18
V8 Chapter 19
V8 Chapter 20
V8 Chapter 21
V8 Chapter 22
V3 Chapter 23
V8 Chapter 24
V8 Chapter 25
V8 Chapter 26
V8 Chapter 27
V8 Chapter 28
V8 Chapter 29
V8 Chapter 30
V8 Chapter 31
V8 Chapter 32
V8 Chapter 33
V8 Chapter 34
V8 Chapter 35
V9 Chapter 1 + မိတ်ဆက်
V9 Chapter 2
V9 Chapter 3
V9 Chapter 4
V9 Chapter 5
V9 Chapter 6
V9 Chapter 7
V9 Chapter 8
V9 Chapter 9
V9 Chapter 10
V9 Chapter 11
V9 Chapter 12
V9 Chapter 13
V9 Chapter 14
V9 C15
V9 Chapter 16
V9 Chapter 17
V9 Chapter 18
V9 Chapter 19
V9 Chapter 20
V9 Chapter 21
V9 Chapter 22
V9 Chapter 23
V9 Chapter 24
V9 Chapter 25
V9 Chapter 26
V9 Chapter 27
V9 Chapter 28
V9 Chapter 29
V9 Chapter 30
V9 Chapter 31
V9 Chapter 32
V9 Chapter 33

V7 Chapter 22

59 8 1
By KoKo27644

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 22 - ​လျှို့ဝှက်ချက်ပေါက်ကြားခြင်း

လင်ဒါက မက်ဒါနာကို တစ်နေရာဆီ ဆွဲခေါ်သွားပါတယ်။ အပန်းဖြေဥယျာဥ်ထဲက ရေကန်နားမှာရှိနေတဲ့ သစ်သားအိမ်လေးတစ်လုံးဆီကိုပါ။ လင်ဒါက အဲဒီအပန်းဖြေသစ်သားအိမ်လေးကို ငှားထားတဲ့ပုံပဲ။

"လင်.... လင်ဒါ၊ နင်က ဒီမှာသစ်သားအိမ်တောင်ငှားထားတာလား။"

"အင်းလေ၊ ကိုယ်နဲ့မင်းနဲ့ဒီညဒီနေရာမှာ နှစ်ယောက်တည်းအတူဖြတ်သန်းမလို့။"

လင်ဒါက ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်ပြီး မက်ဒါနာရှေ့ကို တိုးကပ်လာတယ်။ နှစ်ယောက်က သိပ်နီးကပ်နေတဲ့အပြင် လင်ဒါက မက်ဒါနာထွက်ပြေးမရအောင် ပခုံးကိုလည်းလက်နဲ့ဆုပ်ကိုင်ထားသေးတယ်။ မက်ဒါနာကတော့ သူ့ရှေ့က မင်းသားလေးလိုချောမောလှတဲ့ လင်ဒါကိုကြည့်ရင်း ရင်တွေခုန်နှလုံးတွေတုန်နေပြီ။

"ကဲ... အခုကစပြီး ငါ့ကိုဒါလင်လို့ပြောင်းခေါ်တော့နော် မက်ဒါနာ။"

ကံမကောင်းတာက လင်ဒါပေါ်ကို ကောင်းကင်ပေါ်ကနေ လက်သီးတစ်ချက်ဆင်းလာတယ်။ လင်ဒါက ရှောင်လိုက်လို့လွတ်သွားပေမဲ့ လက်သီးက မြေပြင်ကိုထိမှန်သွားပြီး ရေကန်သောင်ယံက သဲတွေပွကုန်တယ်။

"အေမီ၊ နင်ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ။ ငါ့နောက်ကို လိုက်လာတာလား။"

မက်ဒါနာက အေမီကို ဒီနေရာမှာမြင်လိုက်ရလို့ အကြီးအကျယ်အံ့ဩသွားတယ်။ အေမီကတော့ လက်ကိုမြေကြီးထဲက ပြန်ဆွဲထုတ်လိုက်ပြီး အိမ်စေအင်္ကျီမှာကပ်နေတဲ့ မြေမှုန့်တချို့ကို ခါလိုက်ပြီး မက်ဒါနာကို ဦးညွှတ်လိုက်တယ်။

"ဟုတ်၊ သခင်မလေးကို ဒီကကျားမကြီးနဲ့ စိတ်မချတဲ့အတွက် တိတ်တိတ်လေးလိုက်လာခဲ့တာပါ။ ခုထင်ထားတဲ့အတိုင်းပဲ ဒီကျားမကြီးက သခင်မလေးကို မကောင်းကြံနေတာတွေ့လို့ ထွက်လာပြီးကာကွယ်ရတာပါ။"

မက်ဒါနာက နှုတ်ခမ်းပေါ်ကို လက်ကလေးတင်ပြီး စဥ်းစားကြည့်ပေမဲ့ အေမီဆိုလိုတာကို နားလည်ပုံမရဘူး။ အဲဲဒီအစား သူခေါင်းထဲပေါ်လာတဲ့အတိုင်းပဲ ပြောချလိုက်တယ်။

"ဒါပေမဲ့ ဒါလင်လင်ဒါက ငါနဲ့အတူ သစ်လုံးအိမ်လေးထဲမှာ အတူအပန်းဖြေချင်ရုံပဲမဟုတ်လား။ ဘာမှမဖြစ်ပါဘူး။"

"အဲဒါကိုက မှားနေတာရှင့်၊ လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်က တခြားမိန်းကလေးတစ်ယောက်နဲ့ နှစ်ယောက်တည်းအိမ်တစ်လုံးမှာ နေလို့သင့်တော်ပါ့မလား။ ဒါလုံးဝအဓိပ္ပါယ်မရှိတာပဲ...."

"....." မက်ဒါနာတစ်ယောက် ဆွံအသွားပြီး ပါးစပ်ကလေးဟစိဟစိနဲ့ အေမီကိုကြည့်တယ်။ အေမီကတော့ မျက်နှာကြီးသုန်မှုန်နေပြီး ခုချက်ချင်း မက်ဒါနာကို အိမ်ပြန်ခေါ်သွားတော့မယ့်ရုပ်နဲ့။ တစ်ဖက်မှာတော့ လင်ဒါက ပခုံးတွန့်ပြလိုက်ပြီး မက်ဒါနာဘေးကိုလျှောက်လာကာ မက်ဒါနာရဲ့လက်ကိုဆွဲပြီး သစ်လုံးအိမ်ဆီဆက်လျှောက်ဖို့လုပ်တယ်။ ပြီးတော့ ခုလိုလည်းပြောလိုက်သေးတယ်။

"ငါတို့က မိန်းကလေးချင်းတွေလေ၊ ဘာဖြစ်မှာမလို့လဲ။ ကျောင်းပိတ်ရက်ခရီးအတူသွားတာလောက်ပဲရှိတာ။ လာ၊ မက်ဒါနာ။ အဲဒီမူလီချောင်နေတဲ့ အရုပ်မစကားကို နားမထောင်နဲ့။"

"ရှင်က မိန်းကလေးဖြစ်နေလို့ကို သခင်မလေးကို စိတ်မချတာ။ သခင်မလေးက မိန်းကလေးတွေနဲ့ဆို ကိုယ့်ကိုယ်ကိုယ်သတိထားတတ်တာမဟုတ်ဘူး။"

အေမီက အနုနည်းနဲ့လိုက်ပြီးတားပေမဲ့ မက်ဒါနာက လက်ရှိအခြေအနေမှာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေပြီး လင်ဒါဆွဲခေါ်ရာနောက်ကို ပါနေဆဲ။ အဲ.... တကယ်လို့ ရုတ်တရက်ကြီး ကောင်းကင်ပေါ်မှာ မိုးတိမ်တွေစုစည်းလာပြီး မိုး​ခြိမ်းမလာခင်အထိပေါ့။

"ဖ... ဖရက်၊ နင်ကရော သစ်လုံးအိမ်ခေါင်မိုးပေါ်မှာ ဘာရပ်လုပ်နေတာလဲ။"

မက်ဒါနာက သစ်လုံးအိမ်ခေါင်မိုးပေါ်မှာ ဆောင့်ကြောင့်ကြီးထိုင်ပြီး အောက်ကိုငုံကြည့်နေတဲ့ ဖရက်ကိုမေးလိုက်တယ်။ ဖရက်က အတောင်ပံနက်တွေကိုလည်း ဖြန့်ထားတဲ့အတွက် မသိရင် ကျရှုံးသွားတဲ့ တမန်တော်နတ်သားတစ်ယောက် လူတွေကိုငုံကြည့်နေသလိုပဲ။

"မင်းသမီးလေးကို ဖျက်ဆီးဖို့ကြံနေတဲ့ သစ္စာဖောက်ကို အပြစ်ပေးမလို့ပါ။"

ဖရက်က လက်ကိုကောင်းကင်ပေါ်ဦးတည်မြှောက်လိုက်တယ်။ ကောင်းကင်ပေါ်ကနေ မိုးကြိုးတစ်ချက်ပစ်ချလိုက်ပြီး ဖရက်လက်ထဲမှာ မိုးကြိုးဓားဖြစ်လာတယ်။ တစ်ချိန်တည်းမှာပဲ အေးစက်နေတဲ့လေပြင်းတစ်ခုက ဥယျာဥ်ထဲမှာ စတင်တိုက်ခိုက်တယ်။ တစ်ခနလေးအတွင်းမှာပဲ ကွန်ပေါင်းရေကန်ဥယျာဥ်ရဲ့ပတ်ဝန်းကျင်အ​ရှိန်အဝါက ပြောင်းလဲသွားပြီ။

"တကယ်ကြီးလား...." အခြေအနေမဟန်မှန်းသိတဲ့ လင်ဒါက ဖရက်နဲ့ထိပ်တိုက်ရင်ဆိုင်ရင် မဟန်မှန်းသိတဲ့အတွက် မက်ဒါနာနောက်ကို ဝင်နေလိုက်တယ်။ မက်ဒါနာကလည်း လင်ဒါကြောက်နေတာကို ခံစားမိတဲ့အတွက် ရှေ့ကိုတက်လာပြီး လက်နှစ်ဖက်ကိုဆန့်တန်းကာ လင်ဒါကိုကာကွယ်မယ့်ပုံစံမျိုးနဲ့ ရပ်နေပါတယ်။

"ရှင်တို့ ဒါလင်ကိုကို့ကိုမထိနဲ့၊ မဟုတ်ရင် အသက်ချင်းလဲပစ်လိုက်မှာ။"

ဂါး... ဖြောင်း....

ဖရက်က သူမြင်နေရတဲ့ မြင်ကွင်းကို မယုံနိုင်တော့ဘဲ သူ့လည်ချောင်းကနေ လေတစ်စို့ထိုးတက်လာကာ ထူးဆန်းတဲ့အသံတစ်ခုဖြစ်ပေါ်လာတယ်။ အေမီကတော့ ကြားလိုက်ရတဲ့စကားတွေကြောင့် အနားမှာရှိနေတဲ့ သစ်ပင်တစ်ပင်ကို လက်သီးနဲ့ထိုးချလိုက်မိတယ်။

"အောင်မလေး၊ မင်းသမီးလေးရဲ့။ ဘယ်လိုလုပ်ပြီး အဲဒီစုန်းမကြီးပြုစားထားတာကို ဘာဖြစ်လို့အခုထိ သတိမထားမိသေးတာလဲ။" ဖရက်ကတော့ ချုံးပွဲချငိုတော့မယ့်လေသံနဲ့ အော်ဟစ်လိုက်တယ်။ အေမီကတော့ သူ့ဆားကစ်တွေ အလုပ်မလုပ်တော့တဲ့ပုံစံမျိုးနဲ့ နေရာမှာတင် ကြောင်ကြောင်ကြီးရပ်နေပါတယ်။

"နင်တို့တွေမှာ တခြားလုပ်စရာမရှိရင် ငါသွားတော့မယ်။ အရှုံးကိုဝန်ခံလိုက်စမ်းပါ။ လာ၊ သွားကြစို့။"

ဖရက်နဲ့အေမီတို့ကြံမရဖြစ်နေတုန်း လင်ဒါ​က မက်ဒါနာရဲ့လက်ကိုဆွဲပြီး သစ်လုံးအိမ်ထဲဝင်ဖို့ကြံတယ်။ ဖရက်ရောအေမီပါ သိထားတာ​က သူတို့နှစ်ယောက်ကို သစ်လုံးအိမ်ထဲဝင်ခွင့်ပေးလိုက်ရင် သူတို့ရှုံးပြီဆိုတာကိုပါ။ ဒါပေမဲ့ သခင်မလေးကိုယ်တိုင်က ရှေ့ကနေ ကာစီးကာစီးလုပ်နေတာဆိုတော့ ဘယ်လိုလုပ်ရမှာလဲ။

ဘွမ်း....

ရုတ်တရက် ရှေ့ကနေသွားနေတဲ့ လင်ဒါ့ပေါ်ကို ရွံရေတွေ ကျဆင်းလာတဲ့အတွက် အဝတ်အစားတွေညစ်ပတ်ကုန်တယ်။ အဲဒီနောက် အားလုံးရှေ့မှာပဲ အားကုန်ခါနီးလို့ မီးနီတွေလင်းနေတဲ့ ပလာဒင်ဝတ်စုံက ပြန်ပေါ်လာပါတယ်။ ဖလေရာရဲ့ရယ်သံက ဝတ်စုံထဲက ထွက်ပေါ်လာနေပြီး ရယ်ရလွန်းလို့ ဒူးပေါ်လက်ထောက်ထားတယ်။

"ဘယ်လိုလဲ လင်ဒါ၊ နင်အခုညစ်ပတ်သွားပြီဆိုတော့ မက်ဒါနာက နင်နဲ့ဆက်ဒိတ်ချင်မှာမဟုတ်ဘူး။ နင်ရှုံးပြီ။"

ဖလေရာက ပြောလိုက်တယ်။ ဖရက်နဲ့အေမီရဲ့မျက်လုံးတွေလည်း မျှော်လင့်ချက်တွေနဲ့အတူ ပြန်တောက်ပလာတယ်။ ဒါပေမဲ့ ထင်မထားတာက လင်ဒါက နောက်အကွက်တစ်ကွက်ကို ထုတ်ပြလိုက်တာပဲ။

"တောင်းပန်ပါတယ်၊ ကိုယ့်ကြောင့် မင်းဂါဝန်လေးကို ညစ်ပေစေခဲ့မိပြီ။"

လင်ဒါ​က ရေဆိုးတချို့စင်လို့ ညစ်ပေသွားတဲ့ မက်ဒါနာရဲ့ဂါဝန်တစ်နေရာကို ညွန်ပြရင်း တောင်းပန်ပါတယ်။ မက်ဒါနာက ချစ်စရာမိန်းကလေးလေးလိုမျိုး
ခေါင်းခါလိုက်ပြီး ပါလာတဲ့ပိုက်ဆံအိတ်ထဲကနေ အိပ်ဆောင်တစ်ရှုးထုတ်ပေးလိုက်တယ်။

"ရပါတယ်၊ ရှင်ကမှ အများကြီးပိုပေကျံကုန်တာပါ။"
နောက်တော့ မက်ဒါနာက ဖလေရာ၊ ဖရက်နဲ့ အေမီတို့သုံးယောက်လုံးကို မျက်ရည်တွေဝဲနေတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်လိုက်ပြီး အပြစ်တင်တဲ့လေသံနဲ့ပြောလိုက်တယ်။

"အားလုံးပဲ၊ ကျွန်မက ရှင်တို့ကို ကျွန်မသူငယ်ချင်းတွေလို့ထင်ထားတာ။ အခုတော့ အားလုံးက မနာလိုသဝန်တိုနေတဲ့ မကောင်းတဲ့သူတွေဖြစ်နေမှန်းသိလိုက်ရပြီ။ ရှင်တို့ကြောင့် ဒါလင်ကိုကိုထိခိုက်သွားပြီ။ ရှင်တို့က သိပ်မုန်းစရာကောင်းတာပဲ။"

အိုတိုမဲရုပ်ပြဇာတ်လမ်းထဲက အဓိကဇာတ်ကောင်မင်းသမီးလေး စိတ်ဆိုးသွားသလိုမျိုးမြင်ကွင်းကို သူတို့မြင်လိုက်ရတဲ့အတွက် အားလုံးရင်ဘက်ကို ဆူးချွန်နဲ့ ထိုးခံလိုက်ရသလို ခံစားလိုက်ရတယ်။ သူတို့တွေ ကိုယ့်ရင်ဘတ်ကိုယ် နာနာကျင်ကျင်နဲ့ဆုပ်ကိုင်ထားကြပြီး ကိုယ့်ဖြစ်တည်မှုကိုယ် ပြန်မေးခွန်းထုတ်ဖြစ်ကြတယ်။

"ဒါ...ဒါက... ရှုံးနိမ့်ရတဲ့ခံစားချက်လား။" ဖရက်က ပြောလိုက်တယ်။ မျှော်လင့်ချက်ကင်းမဲ့ပြီး မဲမှောင်နေတဲ့ အနာဂတ်တစ်ချိန်ကို ရောက်သွားသလိုပဲ။ ဘာမှကို သူမမြင်ရတော့တာ။ ကိုယ်ချစ်တဲ့သူကို သူများပိုင်ဆိုင်သွားမယ့်ဘေးကနေ တားဆီးချင်နေပေမဲ့ ချစ်ရသူလေးက ဟိုကောင်မှဟိုကောင်ဖြစ်နေတဲ့ ခံစားချက်မျိုး။

ဘုန်း....

ရုတ်တရက် ကောင်းကင်ပေါ်ကနေ အစိမ်းရောင်အလင်းတန်ကြီး ကွန်ပေါင်းရေကန်ထဲကို ပြုတ်ကျသွားတယ်။ ရေစည်ပိုင်းထဲ ခဲကျသွားသလိုမျိုး ကန်ရေတွေမြင့်တက်လာပြီး သောင်ယံက သစ်လုံးအိမ်နဲ့ရပ်နေတဲ့လူတွေပေါ် ရေတွေလာစင်တယ်။

  ကံကောင်းတာက ရေကန်က သိပ်ပြီးရေအနက်ကြီးမဟုတ်တော့ ဆူနာမီလိုမျိုးရေလှိုင်းကြီးတွေဖြစ်မသွားဘူး။ အဲဒီအစား အဝတ်အစားတွေအကုန်စိုရွဲကုန်ရုံပဲ။

မက်ဒါနာလည်း ရေကန်ထဲ ဘာကျလာတာလဲဆိုပြီးကြည့်လိုက်တော့ တြိဂံပုံ ပန်းကန်ပြားပျံနဲ့တူယာဥ်ပျံလေးတစ်စင်းရှိနေပါတယ်။ အေမီနဲ့ဖရက်က ယာဥ်ပျံကို သတိထားတဲ့ပုံစံနဲ့ကြည့်လိုက်ပြီး ဖလေရာက ခေါင်းကိုကုတ် (တကယ်က ဝတ်စုံခေါင်းစွပ်ကိုပွတ်ရင်း)ပြောလိုက်ပါတယ်။

"UFOလား၊ အား... သူတို့UAPလို့ ပြောင်းခေါ်တာကြာပြီပဲ။"

ခနနေတော့ ယာဥ်ပျံရဲ့အဖုံးကပြုတ်ထွက်သွားပြီး အပူရှိန်လွန်ကဲနေတဲ့ပုံစံနဲ့ ရေခိုးရေငွေ့တွေအများကြီးပန်းထွက်လာတယ်။ အထဲကနေ လှုပ်လှုပ်ရှားရှားနဲ့ တစ်ခုခုထွက်လာတော့မယ့်ပုံစံတွေ့လို့ သူတို့အသင့်ပြင်လိုက်ကြတယ်။ အခုတော့ သူတို့တွေတင်မဟုတ်ဘဲ ဥယျာဥ်ထဲမှာရှိနေတဲ့သူတွေလည်း သောင်ယံမှာ ဝိုင်းအုံနေပြီ။ မကြာသေးခင်ကမှ ဖက်ဒရယ်ကောင်စီက ဂြိုဟ်သားကျူးကျော်မှုအကြောင်း ထုတ်ပြန်ထားတာဖြစ်လို့ အခုလိုဂြိုဟ်သားယာဥ်ပျံလိုဟာမျိုးကို တွေ့လိုက်ရတာ ကြောက်စရာပဲလေ။

မက်ဒါနာတို့အုပ်စု လက်နက်တွေနဲ့ထိုးချိန်ထားတုန်း ယာဥ်ထဲကနေ အပြာရောင်နည်းပညာဝတ်စုံနဲ့ အရပ်ငါးပေပြည့်ရုံ လူပုံစံသက်ရှိ​လေးတစ်ယောက်ထွက်လာတယ်။ အဲဒီလူလေးက မက်ဒါနာဘက်ကို မျက်နှာလှည့်လိုက်ပြီး ခေါင်းစွပ်ကိုအမြန်ချွတ်ကာ ပြေးလာပါတယ်။

"မက်ဒါနာ၊ ငါတကယ်ပဲ နေရာမှန်ကို ဆင်းလာနိုင်တာပဲ။"

မက်ဒါနာကတော့ ယာဥ်ပျံထဲက ထွက်လာတဲ့ဂြိုဟ်သား သူ့နာမည်ကို ဘယ်ကနေဘယ်လိုသိနေမှန်းမသိလို့ မျက်လုံးပြူးသွားတယ်။ အဲဒီဂြိုဟ်သားလေးက ဖရက်တို့ရဲ့ခြိမ်းခြောက်တဲ့အကြည့်ကို ကျော်ဖြတ်ပြီးတော့ မက်ဒါနာရှေ့ကိုရောက်လာကာ မက်ဒါနာရဲ့ခါးကို ပြေးဖက်တယ်။

မက်ဒါနာကလည်း အံ့ဩနေပြီး အသေးလေးကို သေချာကြည့်လိုက်တယ်။ အသေးလေးနဖူးမှာ အစိမ်းရောင်သလင်းကျောက်တစ်ခုရှိပြီး နားရွက်က နည်းနည်းချွန်တယ်။ ခါးအထိရှည်တဲ့ ရွှေရောင်ဆံပင်တွေရှိပြီး နဖူးနည်းနည်းပြောင်နေတယ်။ မက်ဒါနာက
ချက်ချင်းသတိထားမိ​သွားပြီး ပြောလိုက်တယ်။

"ဆိုဖီယာလား၊ နင်က ဘယ်လိုလုပ်ပြီး ကလေးလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲ ဝင်နေတာလဲ။"

ပြောရရင် မက်ဒါနာနဲ့ဆိုဖီယာက ဝိညာဥ်ချင်းနီးစပ်ထားတာမလို့ မက်ဒါနာက ဆိုဖီယာကိုမြင်တာနဲ့တန်းမှတ်မိနေတာ။ ဆိုဖီယာကတော့ မက်ဒါနာကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။

"နေစမ်းပါဦး၊ နင့်ကို ဘယ်သူက ညို့ယူခြင်းအစွမ်းနဲ့
ထိန်းချုပ်ထားတာလဲ။" ဆိုဖီယာက ပြောပြောဆိုဆိုနဲ့
မက်ဒါနာကို သူ့လက်ညိုးနဲ့ထိလိုက်တယ်။ ဆိုဖီယာရဲ့စွမ်းအင်လှိုင်းတွေက မက်ဒါနာကို လွှမ်းမိုးသွားပြီး မက်ဒါနာရဲ့ကိုယ်မှာစွဲထင်နေတဲ့ ပန်းရောင်စွမ်းအင်လှိုင်းတွေကို ဖယ်ထုတ်ပစ်လိုက်တယ်။

စက္ကန့်ပိုင်းလောက်ကြာတော့ မက်ဒါနာက မျက်တောင်ခတ်လိုက်တယ်။ အဲဒီနောက်တော့ သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး...

"နေပါဦး၊ ငါက ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ။" ဒါပေမဲ့ သူစကားမဆုံးသေးခင်မှာပဲ စိတ်ညို့ခံနေရတုန်းက ဖြစ်ခဲ့တဲ့ မှတ်ဉာဏ်တွေအကုန်လုံး ပြန်တိုးဝင်လာလို့ ကိုယ့်ခေါင်းကိုယ်ဆုပ်ကိုင်ထားလိုက်မိတယ်။ နောက်တော့ လင်ဒါဘက်ကို ကြည့်လိုက်ပြီ။

"ဒီတော့ နင့်လက်ချက်ပေါ့လေ။" စိတ်ပုံမှန်ရှိနေတဲ့ မက်ဒါနာဆိုရင် သေချာပေါက် အိုတိုမဲမင်းသမီးလေးလို ပြုမူနေမှာမဟုတ်ဘူး။ သူ့ဘာသာ ကွေးရမလား မကွေးရဘူးလား ဆုံးဖြတ်ချက်ချမရလို့ ခုထိဘယ်သူ့ကိုမှ လက်မခံသေးတာသာကြည့်တော့။

"အဟီးဟီး..." လင်ဒါက မက်ဒါနာကို ရယ်ပြလိုက်တယ်။ ကြည့်ရတာ ပေါ်သွားပြီထင်တယ်။ မက်ဒါနာက အလှလေးတစ်ယောက်ရယ်ပြနေရုံလောက်နဲ့ အရည်ပျော်ကျသွားမယ့်သူမဟုတ်တာကြောင့် အေမီကို အမိန့်ပေးလိုက်တယ်။

"အေမီ၊ အဲဒီဟာမကို ဘလက်လစ်သွင်းပြီး ဖမ်းစစ်ရမယ်။"

"ဟုတ်ကဲ့ပါ၊ မမလေး ဒီလိုအမိန့်ပေးမှာကို အကြာကြီးစောင့်နေခဲ့ရတာပါ။"

....

မိနစ်အနည်းငယ်လောက်ကြာတော့ မက်ဒါနာတို့က သစ်လုံးအိမ်ထဲမှာ ရှိနေပြီဖြစ်ပြီး လင်ဒါကို ထိုင်ခုံနဲဲ့တွဲပြီး ကြိုးတုတ်ထားကြတယ်။ ဒါပေမဲ့ ကြိုးတုပ်ထားတဲ့ပုံစံက နည်းနည်းထူးဆန်းနေလို့ မက်ဒါနာက အေမီကိုလှည့်ကြည့်ပြီး မေးလိုက်တယ်။

"အေမီ၊ နင်သူ့ကို ကြိုးတုပ်ထားတာက နည်းနည်းဟိုလိုဖြစ်မနေဘူးလား။"

"ဟိုလို...." အေမီက မက်ဒါနာရဲ့စကားကို နားမလည်တဲ့အတွက် ခေါင်းလေးကိုစောင်းပြီး စဥ်းစားကြည့်ပါတယ်။ မက်ဒါနာကတော့ အေမီကို ကယ်မရတော့တဲ့ လူတစ်ယောက်ကို ကြည့်နေသလိုမျိုးကြည့်ပြီး ပြောလိုက်ပါတယ်။

"နင်လူကိုဘယ်လိုကြိုးနဲ့ချည်မလဲဆိုပြီး ဂိုဂဲလ်မှာ ရှာကြည့်လိုက်တယ်မဟုတ်လား။" မက်ဒါနာရဲ့အမေးကို အေမီက ခေါင်းညိတ်ပြီးဖြေတယ်။ မက်ဒါနာက အဖြေကိုကြားတာနဲ့ နဖူးကိုလက်ဝါးနဲ့ဆုပ်ကိုင်ရင်း
"ဝက်ဆိုက်ကိုမဝင်ခင် အသက်ကန့်သတ်ချက်စနစ်ကိုဖြတ်ရပြီး ခေါင်းစဥ်မှာ 'ကောင်မလေးကို ကြိုးနဲ့ချည်နည်းလို့ ရေးထားတယ်မဟုတ်လား။"

မက်ဒါနာရဲ့မေးခွန်းတွေနောက်က အဓိပ္ပါယ်ကို အေမီက နားလည်သေးပုံမပေါ်ဘဲ ဝမ်းသာစွာခေါင်းညိတ်ပြီး သခင်မလေးကို ချီးကျူးလိုက်ပါတယ်။

"မှန်ပါတယ်ရှင့်၊ သခင်မလေးက တကယ့်ကိုထူးချွန်ထက်မြက်ပြီး နေရာတိုင်းသိမြင်နိုင်စွမ်းရှိပါတယ်။ ကျွန်မဝင်လေ့လာခဲ့တဲ့ဝက်ဆိုက်က သခင်မလေးပြောတာနဲ့ အတိအကျတူပါတယ်။"

အေမီဆီကနေထွက်လာတဲ့ အဖြေကိုလည်းကြားရော မက်ဒါနာတို့အုပ်စုတစ်ခုလုံးရဲ့အေမီကိုကြည့်တဲ့အကြည့်တွေက ပြောင်းလဲသွားကြတယ်။ တချို့က အထင်သေးနေပြီး၊ တချို့က ရယ်ချင်နေတဲ့မျက်လုံးတွေနဲ့ ကြည့်နေကြတာ။ မက်ဒါနာက သက်ပြင်းချရင်း အခုလိုမျိုးမှတ်ချက်ချလိုက်တယ်။

"အရင်နှစ်နှစ်ဆယ်လောက်က လူတွေပြောခဲ့တဲ့ ဉာဏ်ရည်တုတွေက ထက်မြက်သလောက် တုံးတယ်ဆိုတဲ့စကားက အခုထိမှန်နေသေးတာပဲ။"

အေမီကတော့ မက်ဒါနာရဲ့မှတ်ချက်ကြောင့် သူ့ကိုယ်သူ လက်ညိုးနဲ့ညွန်ပြလိုက်ရင်း "ကျွန်မက တုံးနေသေးတာလား။" ပြောရရင် အေမီက သခင်မလေးသူ့ကို စွပ်စွဲနေတယ်လို့ကို ထင်မိတော့တာ။ အေမီရဲ့မှတ်ဉာဏ်တွေ ပြန်ရပြီးတဲ့နောက် သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းက အများကြီးတိုးတက်လာတယ်လေ။

"ဘာပဲဖြစ်ဖြစ် အရေးကြီးတာ အရင်လုပ်ကြရအောင်။ လင်ဒါ၊ ဘယ်တုန်းက နင့်မြူတန့်စွမ်းအား အဆင့်တက်သွားတာလဲ။"

မက်ဒါနာက အရေးမပါတဲ့ကိစ္စတွေ ဆွေးနွေးနေတာတော်ပြီဆိုတဲ့ မျက်နှာထားနဲ့ လင်ဒါကို ကြည့်လိုက်တယ်။ လင်ဒါက မက်ဒါနာကို အမှားလုပ်မိထားတဲ့
ကလေးလေးလိုမျက်နှာနဲ့ ကြည့်လိုက်ရင်း ပြန်ဖြေပါတယ်။

"တကယ်တော့ မြို့ထဲက သစ်ဆွေးပိုးကိစ္စကိုစုံစမ်းရင်း ငါ့အစွမ်းကို အဲဒီလိုသုံးလို့ရတယ်ဆိုတာ သိသွားတာ။ မတော်တဆပါနော်၊ မတော်တဆပါ။ ငါက စွမ်းအားအသစ်ရထားတာမကြာသေးလို့ နင့်ကိုကယ်ရင်းနဲ့ ကလိချင်စိတ်နည်းနည်းလေးပေါ်လာတာ။"

မက်ဒါနာက လင်ဒါရဲ့စကားတွေကိုနားထောင်ရင်း ငါးသေမျက်လုံးကြီးတွေနဲ့ကြည့်နေတယ်။ 'လင်ဒါရဲ့စွမ်းအားကြောင့် ငါလေးကွေးသွားတော့မလို့။ ဆိုဖီယာပြန်ရောက်လာတာ အချိန်ကိုက်ပဲ။' မက်ဒါနာက အခုလိုတွေးလိုက်မိတော့ ရင်ဘတ်ထဲက အလုံးကြီးကျသွားပြီး လေပူတွေကို မှုတ်ထုတ်လိုက်တယ်။

"ငါက တမင်လုပ်တာမဟုတ်လို့ ခွင့်လွှတ်ပေးပါ၊ နော်... နော်..." လင်ဒါက တောင်းပန်နေတော့ မက်ဒါနာဘယ်လိုလုပ်ရမှန်းမသိဘူး။ ဖလေရာ၊ အေမီနဲ့ဖရက်ကတော့ လုံးဝခွင့်လွှတ်ပေးချင်စိတ်ရှိပုံမရဘူး။ ဒါပေမဲ့ တင်းမာမှုတွေမြင့်တက်နေတုန်း ဆိုဖီယာက ဝင်ဖျန်ဖြေပေးတဲ့အနေနဲ့ပြောလိုက်တယ်။

"လင်ဒါရဲ့စွမ်းအားက တကယ်ပဲ ပိုးကောင်တွေကို
တားဆီးနိုင်တယ်ဆိုရင် ကမ္ဘာကိုကာကွယ်ဖို့အကျိုးရှိလိမ့်မယ်။"

မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး လင်ဒါကိုချည်ထားတဲ့ ကြိုးတွေကို ပြန်ဖြေခိုင်းလိုက်တယ်။ ပြီးတဲ့နောက် လင်ဒါပထမဆုံးလုပ်တာကတော့ မက်ဒါနာကို ရေအတူချိုးဖို့ဖိတ်တာပါ။

"မက်ဒါနာရေ၊ နင်လည်းရွံရေတွေစိုသွားသေးတယ်မဟုတ်လား။ ကန်ထဲ ရေဆင်းစိမ်ကြမယ်လေ။ ပြီးတော့ ငါက နင့်ကိုကယ်ထားတာမလို့ ဆုအနေနဲ့ ငါနဲ့ဒိတ်ပေးရမယ်လို့ အားလုံးက ကတိပေးထားပြီးသား။"

မက်ဒါနာက လင်ဒါကိုမျက်စောင်းထိုးလိုက်ပေမဲ့ တကယ်လည်း သူ့ဝတ်စုံကို ပိုးကောင်အမြုတေလွှမ်းမိုးသွားတုန်း ကယ်ထားတယ်ဆိုတာ သတိရတော့ စိတ်ကိုလျှော့လိုက်ရတယ်။ ဒါပေမဲ့ အရူးမလင်ဒါ သူ့ကိုနောက်တစ်ခါ တစ်ခုခုလုပ်မှာစိုးရိမ်တဲ့အတွက် အခုလိုပြောလိုက်တယ်။

"ရတယ်၊ ဖရက်ကလွဲလို့ ငါတို့အားလုံး အတူတူတစ်ကန်ထဲမှာ ရေချိုးကြမယ်။"

လင်ဒါက ရလဒ်ကိုသိပ်သဘောကျတဲ့ပုံမပေါ်ပေမဲ့ ဆိုဖီယာအပါအဝင် မိန်းကလေးတွေအကုန်လုံးက မက်ဒါနာရဲ့ဆုံးဖြတ်ချက်ကို သဘောကျတဲ့ပုံပဲ။ မက်ဒါနာက အားနေတဲ့ဖရက်ကိုကြည့်ပြီး ပြောလိုက်ပါတယ်။

"ဖရက်၊ နင်ကတော့ ငါတို့ရေချိုးနေတုန်း သူများလာမချောင်းအောင်စောင့်ရမယ်။ နင်ကိုယ်တိုင်ချောင်းရင်တော့ သွားတွေအကုန်ကျွတ်ထွက်သွားစေရမယ်။"

ဖရက်က မက်ဒါနာရဲ့အမိန့်ကိုရတော့ ရင်ဘတ်ကို လက်ဝါးနဲ့ပုတ်ပြီး အာမခံလိုက်တယ်။ "စိတ်ချပါ မင်းသမီးလေး။ မင်းသမီးလေးတို့ရေချိုးမယ့်နေရာကို ယင်ဖိုတောင်မသန်းစေရဘူး။"

နောက်တော့ ဖရက်က မက်ဒါနာတို့အဝတ်မလဲခင် သစ်လုံးအိမ်ထဲကနေ ထွက်သွားတယ်။ သူဆက်ရှိနေလို့ မသင့်တော်ဘူးလေ။ အဲဒီအစား အိမ်ပြင်ထွက်ပြီး
ကင်းစောင့်တယ်။

မက်ဒါနာကတော့ ဆိုဖီယာဘက်လှည့်ပြီး ပြောလိုက်ပါတယ်။ "ငါတို့တွေ အဲဒီမှာပဲ သတင်းဖလှယ်ကြတာပေါ့။" ဆိုဖီယာကလည်း ခေါင်းညိတ်လိုက်တယ်။ သူတို့ကွဲကွာနေတာ ကြာခဲ့ပြီလေ။ တစ်ဖက်နဲ့တစ်ဖယ် ပေးသိဖို့လိုအပ်တဲ့ သတင်းတွေက အများကြီးပဲ။














































Continue Reading

You'll Also Like

1.2M 214K 92
ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy (秃子小贰) Translation Status - Completed ...
3.9M 158K 69
Highest rank: #1 in Teen-Fiction and sci-fi romance, #1 mindreader, #2 humor Aaron's special power might just be the coolest- or scariest- thing ever...
11.8K 1.3K 200
Season 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရ...
130K 12K 47
ဒါကUnicodeမရခဲ့တဲ့အပိုင်း​တွေအတွက်​ပြန်​​ရေး​ပေးတာပါဒီထဲမှာunicodeပဲပါမှာမယ်​အစကဟိုအထဲမှာပဲတင်​​ပေးဖို့ဒါ​ပေမဲ့လဲအခုဖတ်​​နေတဲ့သူ​တွေကရ​ရောကုန်​မှာဆိ...