အပိုင်း (၈၃) မုဆိုးကြီးအိမ်က သီးတော်သီးလေးများ
ရှောင်ဟန်သည် ဘာမှကို ပြန်ပြောရန် အချိန်မရခဲ့ပဲ ပိုင်လီက တရပ်စပ်ပြောသွားပြီးနောက် သွားအိပ်သည်ကိုသာ ကြည်နေခဲ့ရသည်။
သူ့မြင်ရသလောက်တော့ ဒီလူက နောက်ပိုင်း အရမ်းအိပ်ပျော်လွယ်လာပြီး သူ့(ပိုင်လီ)ကိုကြည့်ရတာ ဘာစိတ်ရှုပ်စရာမှ မရှိတဲ့လူလိုပါပဲ။ ခေါင်းချပြီး သိပ်မကြာခင်မှာပဲ တန်းအိပ်ပျော်သွားတတ်တယ်လေ။
ရှောင်ဟန်က လျှင်မြန်စွာအိပ်ပျော်သွားသည့် သူ့ခင်ပွန်းကိုကြည့်နေမိကာ သူ့တွင် ပြောစရာစကားအများကြီးရှိနေသော်လည်း စကားလုံးရှာမရသလို ခံစားနေခဲ့ရသည်။
ပိုင်လီက လက်ဝတ်ရတနာသေတ္တာနဲ့ ပန်းထိုးဖိနပ်ထုတ်ကို သူ့ဆီပစ်ပေးခဲ့ပြီး ပိုင်အမေနှင့် ပိုင်မိန်အားသွားပေးဖို့ရာကိုလည်း သူ့ကိုစေခိုင်းခဲ့သဖြင့် သူက တစ်ခုခုမှားနေသလို ခံစားခဲ့ရသော်လည်း ဘာလဲဆိုတာကို ကွဲပြားခြင်းတော့မရှိပေ။
နောက်တော့ ရှောင်ဟန်လည်း ရှုပ်ထွေးမှုများနဲ့အတူ အိပ်ရာဝင်ဖို့လုပ်ခဲ့ပေမယ့် အိပ်မပျော်နိုင်ဖြစ်နေကာ သိပ်မကြာခင်ကမှ ဆိုးသွမ်းမိုက်မဲကာ သူတို့အပေါ်ရက်စက်နေသေးသော သူ၏ခင်ပွန်းသည် ဤသို့ မယုံနိုင်လောက်အောင် ပြောင်းလဲသွားသည်ကို ထပ်စဥ်းစားနေမိခဲ့သည်။
ဒါက တော်တော်လေးကို မယုံကြည်နိုင်စရာပါပဲ။
သူတို့အတွက် မကောင်းတာတော့ မဟုတ်ပေမယ့်လည်း သေချာတွေးကြည့်ရင် အံသြစရာကောင်းနေတုန်းဖြစ်ပြီး ဒီလူက တစ်ယောက်ထဲဖြစ်နေပါလျက်နဲ့ မတူညီတဲ့ တခြားလူတစ်ယောက်လို ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့တယ်လေ။
တကယ်တော့ ဒီလိုမျိုးတွေးမိနေတာက ရှောင်ဟန်တစ်ယောက်ထဲမဟုတ်ဘဲ ဒီည၌ ပိုင်မိသားစုဝင်များကလည်း အတွေးတွေကြောင့် အိပ်မပျော်နိုင် ဖြစ်နေခဲ့ကျရပြီး ဒီရက်အနည်းငယ်အတွင်းပိုင်းမှာ ပိုင်မိသားစုက မယုံနိုင်စရာကောင်းစွာနှင့် ပျော်ရွှင်စရာကိစ္စတွေရှိခဲ့သလို ပြဿနာတွေကလည်း ဘယ်လိုဘယ်ပုံမှန်းမသိ ရောက်ရောက်လာတတ်ကာ အဲတာတွေက ဆက်တိုက်ဆိုသလိုပင် ဖြစ်နေခဲ့သည်။ အားလုံးက ပိုင်လီထံကနေ အစပြုလာပုံရပြီး ပျော်စရာတွေပဲဖြစ်ဖြစ်၊ ပြဿနာတွေပဲဖြစ်ဖြစ်က ပိုင်လီနဲ့ ပတ်သက်နေခဲ့တာတွေချည်းပါပဲ။
ဒီအတွက် သူတို့က အတွေးများနေကျသော်လည်း နောက်ဆုံးမှာတော့ ပိုင်လီက ပြဿနာတွေကို သူ့နည်းသူ့ဟန်နဲ့ရှင်းပေးသွား၍ စိတ်သက်သာရာရခဲ့ရပြီး သူတို့က လာတော့မယ့် ကောင်းမွန်တဲ့နေ့ရက်တွေကို ကြိုတွေးနေမိ၍လည်း သူတို့ရင်ထဲမှာ ပိုင်လီကို တိတ်တိတ်လေး ကျေးဇူးတင်နေခဲ့ကျရသည်။
ဒီလိုနဲ့ ကျိုးရှီရဲ့ပြဿနာ ပြီးဆုံးသွားခြင်းနဲ့အတူ နေ့တစ်နေ့က ကုန်ဆုံးသွားခဲ့ပါတယ်။
နောက်တစ်နေ့ မနက်မှာတော့ ပိုင်လီက သူထနေကျဖြစ်သည့် မနက်ခင်းခုနှစ်နာရီလောက်တွင် နိုးလာခဲ့ပြီး အသေးလေးတွေကလည်း သူနှင့်အတူတူလို နိုးလာခဲ့သဖြင့် သူတို့က ရှောင်ဟန်ပြင်ထားသည့် အသီးရွက်ပန်ကိတ်နှင့် ကြက်ဥစွပ်ပြုတ်ကို မနက်စာအဖြစ် အတူတူစားခဲ့ကျသည်။
နောက်တော့ ထိုလူသားအသေးလေးတွေက အပင်တွေရေလောင်းဖို့ရာနဲ့ ကြက်လေးတွေကို အစာကျွေးဖို့ဆိုပြီး ပြေးထွက်သွားကျပါတော့တယ်။
ပိုင်လီရဲ့ခြံထဲက အပင်တွေအကြောင်းပြောရလျှင် အကုန်လုံးက တောင်ပေါ်မှ ရွေ့ပြောင်းစိုက်ထားခြင်းဖြစ်သော်လည်း ညိုးနွမ်းကာ ခြောက်သွေ့သွားတာမျိုး တစ်ပင်မှပင်ရှိမလာခဲ့ပေ။ ဒါကြောင့် သူ့ခြံထဲမှာစိမ်းစိုနေတဲ့အပင်တချို့ ရှိပေမယ့် ပိုင်လီကတော့ နည်းနေသေးတယ်လို့ထင်နေပြီး သူက အိမ်ဆောက်အပြီးမှာ အပင်တွေကို မည်သို့အလှဆင်သင့်ကြောင်းကို ကြိုတွေး၍တောင်နေခဲ့သည်။
သူ့ရဲ့သားလေးတွေက အပင်တွေကိုကြိုက်တယ်လေ။ သူက ဘာကြောင့် သူ့အိမ်က အသေးလေးတွေအတွက် ဥယျာဥ်တစ်ခုလုပ်မပေးရမှာလဲ။
ပိုင်ရှောင်ဖူနှင့် ပိုင်ရှောင်ဝူသည် အရင်ဆုံးစံပါယ်ပင်လေးကိုရေလောင်းခဲ့ကျသည်။ ဒီနေ့ စံပါယ်ပင်လေးက အပွင့်တွေအများကြီးရှိနေပါတယ်။ ကိုင်းအသစ်လေးတွေလည်းထွက်နေပြီး အညွှန့်လေးတွေမှာ အဖူးသေးသေးလေးတွေကလည်း ထွက်စပြုနေကာ ပိုင်လီတို့အိမ်က စံပါယ်ပွင့်တွေက စပွင့်ထဲက ခူးထားခြင်းမရှိသဖြင့် အရင်ရက်ကအပွင့်တွေမှာ ညိုးသွားခြင်းမရှိသေးဘဲ အသစ်ထပ်ပွင့်သည့် အပွင့်နှင့်ပေါင်းကာ တစ်ပင်လုံးဖွေးနေအောင် ပွင့်နေတာမျိုးဖြစ်နေခဲ့သည်။
ဒါကြောင့် သူတို့ခြံတစ်ခုလုံးက စံပါယ်ပန်းအနံ့တွေနဲ့ပြည့်နေတာကိုတော့ ပြောစရာလိုမယ်မထင်တော့ပါဘူး။
တော်သေးသည်မှာ ဤပန်းပင်၏အနံ့က အရမ်းများများရူမိရင်တောင် အနံ့တွေကြောင့် အီနှောက်ခြင်းမရှိလာစေဘဲ လူတွေအား လန်းဆန်းစေသည့်ခံစားချက်ကိုသာ ပေးစွမ်းနိုင်လို့ပင်။ မဟုတ်ရင်ပါက သူတို့တွေ ပန်းအနံ့တွေကြောင့် အသက်ရှူကျပ်ပြီး မူးနောက်လာမှာကိုတောင် စိုးရိမ်ရပါတယ်။
အပင်တွေရေလောင်းပြီးနောက် ကောသေးသေးလေးများသည် ရှောင်ဟန်ဆီမှ ဆန်ကြမ်းတချို့သွားတောင်းကာ ကြကံခြံလေးဆီသို့ အပြေးလေးသွားခဲ့ကျသည်။ ကြက်တွေအတွက် ဆန်ကြမ်းစေ့လေးတွေ ကျွေးတတ်တဲ့အကျင့်က ပိုင်လီလုပ်ထားတာဖြစ်ပြီး ဒီအတွက် ရှောင်ဟန်ရဲ့နှလုံးသားကတော့ သွေးထွက်နေပါလိမ့်မည်။
လယ်သမားရွာက ကြက်တွေက ဆန်ကြမ်းကိုဘယ်လိုလုပ်စားနိုင်ကျမှာလဲ။ လူတွေတောင် ဆန်ကြမ်းပဲစားရတာကို။
ဒါပေမယ့် ပိုင်လီကတော့ ဒီမှာ ဥတွေအရမ်းစျေးကြီးပြီး ကြက်တွေ ဥသိပ်မဥနိုင်တဲ့ အကြောင်းရင်းက အစားသောက်ကြောင့်ဟု ထင်မြင်ခဲ့သည်။ ကြက်တွေရဲ့အရွယ်စားကတော့ သူ့မူရင်းဘဝက ကြက်တွေနဲ့ အတူတူပါပဲ။ ဒါပေမယ့် တောကောင်တွေကို ကြည့်ထားခြင်းအားဖြင့် ဒီမှာကြက်တွေက ပိုကြီးသင့်ပြီး အစာကောင်းကောင်းသာစားရရင် ဒီထက်ပိုကြီးလာဦးမည်ဟု ပိုင်လီကတွေးမိခဲ့သည်။ ဒါကြောင့် သူက ဆန်ကြမ်းတွေချကျွေးခဲ့ပြီး နောက်၌ ကြက်စာအတွက် သိပ်မအောင်တဲ့ အစေ့ဆန်တွေဝယ်ထားဖို့တောင် တွေးခဲ့တာဖြစ်၏။
ပိုင်လီက မနက်စောစောမှာ သူ့သားလေးတွေက တတ်တတ်ကြွကြွနှင့် ခြံထဲပြေးလွှားနေတာကို မြင်ရပြီး စံပါယ်ပန်းနံ့သင်းသင်းလေးကလည်း စိတ်ကိုလန်းဆန်းစေသဖြင့် သူက အလွန်စိတ်လက်ကြည်သာလျက်ရှိနေခဲ့သည်။
နောက်တော့ သူက အိမ်ရှေ့ကစားပွဲမှာထိုင်ကာ ဒီနေ့ ဘာလုပ်ရင်ကောင်းမလဲကို စတင်စဥ်းစားနေခဲ့သော်လည်း ပြေးလွှားနေခဲ့သော အသေးလေးများက သူ့အနား အလျှင်မြန်ပြေးလာကျခဲ့ပြီး အနားရောက်တာနဲ့ သူ့ကိုဆွဲလာကျ၍ ရှောင်ဖူက အရင်ပြောလာခဲ့၏။
"အဖေ သစ်တော်သီးတွေ အများကြီးပဲ မြေကြီးပေါ်မှာကျနေတာ အများကြီးပဲ"
ရှောင်ဝူလေးကလည်း သူ့အကိုစကားကို ထောက်ခံကာဖြင့်...
"ဟုတ်တယ်ဟုတ်တယ် အသီးတွေက အများကြီးပဲသားတို့ကောက်မနိုင်ဘူး"
ဒီတော့မှ ပိုင်လီက သူ့ယူလာတဲ့သစ်တော်ပင်တွေက အသီးတွေနဲ့ ပြည့်နေတာကို သတိရသွားပြီး သူယူလာချိန်ထဲက အသီးတချို့က စားလို့ရနေပြီဖြစ်၍ အခုလောက်ဆိုအသီးတွေက မှည့်ပြီးကြွေကျနေလောက်တာကို အမှတ်ရသွားခဲ့တော့သည်။ သူတို့ကနှစ်ရက်လောက်လည်း အိမ်မှာမရှိခဲ့ဘူးဆိုတော့ အသီးကြွေတွေ ပုံနေလောက်တာက အံသြစရာတော့မဟုတ်ပါဘူး။
ဒါကြောင့် ပိုင်လီက သူ့ကိုဆွဲခေါ်ချင်နေတဲ့ အသေးလေးတွေရဲ့ ခေါင်းလေးတွေကို ပုတ်ပေးလိုက်ပြီး....
"ဟုတ်ပါပြီ ဒါဆို အဖေတို့က အသီးတွေကိုကောက်ဖို့ ခြင်းတောင်းတွေ ယူရဦးမယ်လေ"
အသေးလေးများသည် ဒါကိုကြားတော့ ခုန်ပေါက်လာကျကာ ရှောင်ဖူက...
"အဖေ အဖေ သားလည်း ခြင်းတောင်းတစ်ခုလိုချင်တယ် သားက အသီးတွေကို ခြင်းတောင်းအပြည့်ကောက်ပြီး ဖိုးဖိုးနဲ့ဖွားဖွားကိုပေးချင်တယ်"
ရှောင်ဝူကလည်း နောက်ကျမခံပေ။ သူကလည်း သူလုပ်ချင်တာကို ထုတ်ပြောလာခဲ့သည်။
"သားရော! သားရော တစ်ခုလိုချင်တယ် မဟုတ်ဘူး သားကနှစ်ခုလိုချင်တာ သားက တစ်ခုကို ဒေါ်လေးငယ်ကိုပေးမယ် ဒေါ်လေးငယ်က အသီးစားရတာကိုကြိုက်တယ် တစ်ခုကို စူးစူးကိုပေးမယ် စူးစူးကလည်း အသီးစားရတာကြိုက်တယ်!"
ပိုင်လီ: .......
သူ့ရဲ့သားငယ်လေးက အိမ်ကကျွဲကြီးကို အတော်လေးချစ်ပုံရတယ်။
ပိုင်လီက ဘာမှပြန်မပြောရသေးခင်မှာပင် ရှောင်ဖူက သူ့ညီလေးအား ပြောတာကိုကြားလိုက်ရသည်။
"ရှောင်ဝူ.. ခြင်းတောင်းတစ်ခုမှာ အများကြီးပါမှာလေ ဖိုးဖိုးနဲ့ဖွားဖွားအတွက် တစ်ခုပေးရင် ဒေါ်လေးငယ်ရောရမှာပဲဟာ"
ရှောင်ဝူကတော့ သိပ်နားမလည်ပါဘူး။ သူက တစ်ယောက်တစ်ခုစီ ပေးချင်တာပဲသိပါတယ်။
"မရဘူး ရှောင်ဝူက တစ်ခုစီပေးချင်တာ! ခြင်းတောင်းတစ်ခုစီလေ"
ပိုင်လီက ကလေးတွေငြင်းခုန်မှာဆိုး၍ ရပ်တန့်စေလိုက်ပြီးနောက်...
"ဟုတ်ပြီဟုတ်ပြီ အဖေတို့ အရင်ဆုံး အသီးတွေကို အရင်ကောက်ကျမယ် ပြီးမှ ဘယ်သူတွေကိုပေးမလဲပြောကျမယ် အခုတော့ ခြင်းတောင်းတွေ သွားယူကျမယ် ဟုတ်ပြီလား"
အသေးလေးတွေက ဒါကိုသဘောတူလိုက်ကျပြီး ဒါကြောင့် ပန်းကန်များဆေးပြီး ပြန်လာသောရှောင်ဟန်က ပိုင်လီနှင့် ကလေးနှစ်ယောက်ကို ခြင်းတောင်းကိုယ်စီဖြင့် တစ်နေရာကိုသွားတော့မည့်ပုံနှင့် တွေ့လိုက်ရတော့ကာ သူက လွှတ်ခနဲမေးလိုက်မိတော့သည်။
"ခင်ဗျားတို့ ဘယ်သွားကျမလို့လဲ.."
ရှောင်ဟန်က မနေ့ကညနေထဲက အိမ်ကိုပြန်ရောက်ခဲ့တာဖြစ်သော်လည်း သူက ညစာချက်ပြုတ်နေပြီး ပြီးနောက် အသေးလေးတွေကို ရေချိုးပေးနေခဲ့သဖြင့်အချိန်ကုန်သွားခဲ့ကာ ခုထိ သစ်တော်ပင်တွေနားကို မရောက်ဖြစ်သေးပါချေ။ ဒါကြောင့် သူကလည်းအသီးကြွေတွေပုံနေတာကို မသိခဲ့ဘူးလေ။
ပိုင်လီက သူတို့ သစ်တော်သီးတွေ သွားကောက်မလို့ဟု ပြောတော့မလို့ပေမယ့် ရှောင်ဖူက အရင်ဦးသွားခဲ့ကာ...
"သားတို့က သစ်တော်သီးတွေ သွားကောက်မလို့ အသီးတွေကအများကြီး မြေကြီးပေါ်ကျနေလို့လေ"
အဲဒီနောက် သူလေးက ခေါင်းလေးစောင်းကာဖြင့်မေးလာခဲ့သေး၏။
"ဖေဖေကရော မကောက်ဘူးလားဟင်"
ရှောင်ဟန်က သစ်တော်သီးတွေအကြောင်း ခုမှသိတာပင်။ သူတို့အိမ်မှာ သစ်တော်သီးပင်တွေများတာကြောင့် ရှောင်ဟန်က တကယ် ကူကောက်ပေးချင်ပေမယ့် သူက ပိုင်လီ ခွင့်မပြုမှာလည်း စိုးရိမ်နေတာကြောင့် ပိုလီအား မရဲတရဲလှမ်းကြည့်လိုက်မိပြီး ပိုင်လီကလည်း သူ့ကို မဝံ့မရဲကြည့်ရဲကြည့်လာတဲ့ကောင်လေးကြောင့် အခြေနေကိုမရိပ်မိဘဲ ဘယ်နေပါ့မလဲ။ ဒါကြောင့် သူက ရှောင်ဟန်ဆီကို ဝါးခြင်းတောင်းတစ်လုံးပေးလိုက်ပြီး ပြောလိုက်တော့တယ်။
"အသီးတွေကအများကြီးပဲတဲ့ မြန်မြန်ပြီးအောင် မင်းရောလာကူကောက်ပေးလေ"
ဒီတော့မှ ရှောင်ဟန်က ခေါင်းငြိမ့်လာကာ ခြင်းတောင်းကိုယူ၍ သူတို့နောက်က လိုက်လာသဖြင့် သူတို့က မိသားစုလိုက် သစ်တော်သီးကောက်ဖို့ရာ သစ်တော်ပင်တွေဆီကို ထွက်လာခဲ့ကျတော့သည်။
သူတို့ခြံက ကျယ်ဝန်းပြီးတော့ အိမ်ရှေ့ကနေ သစ်တော်ပင်တွေကို လှမ်းမြင်နိုင်ပေမယ့် ပိုင်လီကအပင်ကြီးတွေကို အိမ်နဲ့နီးအောင်မစိုက်ချင်ခဲ့၍ အရမ်းနှီးနေတာမျိုးတော့ မဟုတ်ပါဘူး။
ပိုင်ရှောင်ဖူနှင့်ပိုင်ရှောင်ဝူသည် သူတို့အဖေနှင့်ဖေဖေတို့နဲ့အတူ အသီးကောက်ရမှာဖြစ်လို့ ပျော်ရွှင်နေကျပြီး သူတို့က ခြင်းတောင်းအသေးတွေကိုင်ကာ ရှေ့ကပြေးနေရင်းမှ နောက်က လူကြိးနှစ်ယောက်ကို လှည့်လှည့်ကြည့်ကာ သူတို့ကိုပါ မြန်မြန်လာဖို့ ခေါ်နေလေသည်။
ဒါကြောင့် ပိုင်လီနဲ့ရှောင်ဟန်တို့ကလည်း ဒီကောင်စုတ်လေးတွေနောက်က မြန်မြန်လိုက်သွားရုံပဲ တတ်နိူင်ပါတော့တယ်။
သူတို့တွေ သစ်တော်သီးပင်တွေနား ရောက်တဲ့အခါမှာတော့ အသေးလေးတွေပြောသလို အသီးကြွေတွေပုံနေတာကို တွေ့လိုက်ရပြီး ပိုင်လီက သူယူလာတဲ့ခုံပုလေးကို ချကာ ရှောင်ဟန်အား ထိုင်ခိုင်းလာသဖြင့် ရှောင်ဟန်ကအံသြသွားခဲ့ရသည်။ သူက အဲဒီခုံကို ကလေးတွေအတွက် ယူတယ်ထင်နေတာပါ။
ပိုင်လီကမူ ရှောင်ဟန်အားထိုင်ခိုင်းပြီးနောက် သူ့ဘေး၌ ခြင်းတောင်းကြီးအလွတ်နှစ်ခု ချပေးလာကာ...
"ကိုယ်နဲ့သားတွေက အသီးတွေကောက်လိုက်မယ် မင်းက ကောင်းတာနဲ့မကောင်းတာ ခွဲလိုက်လေ"
ဒါကိုကြားတော့ ညရှောင်ဟန်က တွေးမိခဲ့သည်။ သူ့သားလေးတွေကတောင် ပြေးလွှားပြီး အသီးကောက်ကျမှာကို သူက ထိုင်နေလို့တကယ်ဖြစ်ရဲ့လား။
ပိုင်လီက ရှောင်ဟန်၏ မျက်နှာပေါ်ရှိမေးခွန်းကို ခန့်မှန်းမိသဖြင့် ပြောလိုက်သည်။
"ဒီမှာနည်းနည်းပျော့နေတဲ့အလုံးတွေနဲ့ ငှက်စားထားတဲ့အလုံးတွေရှိတယ်လေ အဲဒါတွေကို ခွဲပေးဖို့လူတစ်ယောက်လိုတယ်မလား မင်းမလုပ်ရင် ကိုယ်လုပ်ရမှာလား"
တကယ်တော့ ပိုင်လီက ဒီတိုင်းမေးလိုက်တာပါပဲ။ သူက ရှောင်ဟန်ကို မပင်ပန်းစေချင်လို့ လုပ်ခိုင်းခဲ့တာပေမယ့် ရှောင်ဟန်က မလုပ်ချင်ဘူးဆိုရင် သူလုပ်လိုက်လို့ရတာပဲလေ။ အသေးလေးတွေအတွက်ကတော့ သူတို့က အသီးကောက်ဖို့ အရမ်းတတ်ကြွနေပြီး ခွဲဖို့လည်း ကောင်းမကောင်း မရွေးနိုင်သေးဘူးဆိုတော့ ပင်တိုင် အသီးကောက်သမားလေးတွေနေရာပဲ နေခိုင်းလို့ရမှာပေါ့။ မဟုတ်ဘူးလား။
သို့သော် ရှောင်ဟန်သည် ပိုင်လီက စိတ်ဆိုးသွားပြီထင်၍ အလျှင်မြန်ပြန်ပြောခဲ့လေသည်။
"မ မဟုတ်ပါဘူး လုပ်မယ် ကျွန်တော် အသီးတွေရွေးလိုက်ပါမယ်"
ဒါကြောင့် ပိုင်လီနှင့် အသေးလေးတွေက အသီးကောက်ဖို့တာဝန်ယူပြီး ကောက်ပြီးသား အသီးတွေကို ရှောင်ဟန်အနားသွားပို့ကျကာ ရှောင်ဟန်ကမူ အသီးတွေကိုရွေးဖို့ တာဝန်ကျသွားခဲ့တော့သည်။
ပိုင်လီက အသီးကောက်တာ အရမ်းကိုမြန်ပြီး ခြင်းတောင်းတစ်လုံးတစ်လုံးကို ခဏနဲ့ပြည့်ပြည့်သွားခဲ့ပေမယ့် အသေးလေးတွေကမူ အသီးတွေကိုတတ်မနင်းမိစေရန် ခြေတံတိုတိုလေးတွေဖြင့် သတိထား ရှောင်ရှားနေရသဖြင့် သူတို့၏ သုံးလေးလုံးလောက်သာဆန့်သော လက်ဆွဲဝါးခြင်းတောင်းသေးသေးလေးတွေ ပြည့်ဖို့ကို အတော်လေးကြာနေရှာ၏။
သူတို့လေးတွေရဲ့ ကုန်းကုန်းကွကွနဲ့ အသီးကောင်ပုံလေးတွေကလည်း အသဲယားစရာကောင်းပြီး မြင်ရသူကိုရယ်မောစေကာ ခြင်းတောင်းလေးတွေပြည့်ပြီးနောက် အားအင်အပြည့်ထည့်ကာ သယ်လာပုံလေးများသည်လည်း အတိုင်းထက်အလွန်ကို ချစ်စရာကောင်းနေတော့သည်။
ဒါကြောင့် ပိုင်လီနဲ့ရှောင်ဟန်က သူတို့ရဲ့ ချစ်စရာသားလေးတွေကြည့်ပြီး ပြုံးနေခြင်းကို မရပ်တန့်နိုင်ခဲ့ကျတော့ပါဘူး။
....................................................................
(AN/ အေးအေးဆေးဆေးလိုင်းလေးတွေဖတ်ချင်တာဆိုပြီး ပျင်းနေပြီလို့ခံစားနေရပြီလား။ ခံစားနေရရင်ပြောလိုက်ပါ စာရေးသူက ခွေးသွေးတွေလောင်းပေးပါ့မယ် ဟဲဟဲဟဲဟဲ။
ဒါနဲ့ paid gpမှာ အပိုင်း(၁၆၅)ထိပြီးပါပြီ။)
###
အပိုင္း (၈၃) မုဆိုးႀကီးအိမ္က သီးေတာ္သီးေလးမ်ား
ေရွာင္ဟန္သည္ ဘာမွကို ျပန္ေျပာရန္ အခ်ိန္မရခဲ့ပဲ ပိုင္လီက တရပ္စပ္ေျပာသြားၿပီးေနာက္ သြားအိပ္သည္ကိုသာ ၾကည္ေနခဲ့ရသည္။
သူ႕ျမင္ရသေလာက္ေတာ့ ဒီလူက ေနာက္ပိုင္း အရမ္းအိပ္ေပ်ာ္လြယ္လာၿပီး သူ႕(ပိုင္လီ)ကိုၾကည့္ရတာ ဘာစိတ္ရႈပ္စရာမွ မရွိတဲ့လူလိုပါပဲ။ ေခါင္းခ်ၿပီး သိပ္မၾကာခင္မွာပဲ တန္းအိပ္ေပ်ာ္သြားတတ္တယ္ေလ။
ေရွာင္ဟန္က လွ်င္ျမန္စြာအိပ္ေပ်ာ္သြားသည့္ သူ႕ခင္ပြန္းကိုၾကည့္ေနမိကာ သူ႕တြင္ ေျပာစရာစကားအမ်ားႀကီးရွိေနေသာ္လည္း စကားလုံးရွာမရသလို ခံစားေနခဲ့ရသည္။
ပိုင္လီက လက္ဝတ္ရတနာေသတၱာနဲ႕ ပန္းထိုးဖိနပ္ထုတ္ကို သူ႕ဆီပစ္ေပးခဲ့ၿပီး ပိုင္အေမႏွင့္ ပိုင္မိန္အားသြားေပးဖို႔ရာကိုလည္း သူ႕ကိုေစခိုင္းခဲ့သျဖင့္ သူက တစ္ခုခုမွားေနသလို ခံစားခဲ့ရေသာ္လည္း ဘာလဲဆိုတာကို ကြဲျပားျခင္းေတာ့မရွိေပ။
ေနာက္ေတာ့ ေရွာင္ဟန္လည္း ရႈပ္ေထြးမႈမ်ားနဲ႕အတူ အိပ္ရာဝင္ဖို႔လုပ္ခဲ့ေပမယ့္ အိပ္မေပ်ာ္နိုင္ျဖစ္ေနကာ သိပ္မၾကာခင္ကမွ ဆိုးသြမ္းမိုက္မဲကာ သူတို႔အေပၚရက္စက္ေနေသးေသာ သူ၏ခင္ပြန္းသည္ ဤသို႔ မယုံနိုင္ေလာက္ေအာင္ ေျပာင္းလဲသြားသည္ကို ထပ္စဥ္းစားေနမိခဲ့သည္။
ဒါက ေတာ္ေတာ္ေလးကို မယုံၾကည္နိုင္စရာပါပဲ။
သူတို႔အတြက္ မေကာင္းတာေတာ့ မဟုတ္ေပမယ့္လည္း ေသခ်ာေတြးၾကည့္ရင္ အံၾသစရာေကာင္းေနတုန္းျဖစ္ၿပီး ဒီလူက တစ္ေယာက္ထဲျဖစ္ေနပါလ်က္နဲ႕ မတူညီတဲ့ တျခားလူတစ္ေယာက္လို ႐ုတ္တရက္ႀကီး ေျပာင္းလဲသြားခဲ့တယ္ေလ။
တကယ္ေတာ့ ဒီလိုမ်ိဳးေတြးမိေနတာက ေရွာင္ဟန္တစ္ေယာက္ထဲမဟုတ္ဘဲ ဒီည၌ ပိုင္မိသားစုဝင္မ်ားကလည္း အေတြးေတြေၾကာင့္ အိပ္မေပ်ာ္နိုင္ ျဖစ္ေနခဲ့က်ရၿပီး ဒီရက္အနည္းငယ္အတြင္းပိုင္းမွာ ပိုင္မိသားစုက မယုံနိုင္စရာေကာင္းစြာႏွင့္ ေပ်ာ္႐ႊင္စရာကိစၥေတြရွိခဲ့သလို ျပႆနာေတြကလည္း ဘယ္လိုဘယ္ပုံမွန္းမသိ ေရာက္ေရာက္လာတတ္ကာ အဲတာေတြက ဆက္တိုက္ဆိုသလိုပင္ ျဖစ္ေနခဲ့သည္။ အားလုံးက ပိုင္လီထံကေန အစျပဳလာပုံရၿပီး ေပ်ာ္စရာေတြပဲျဖစ္ျဖစ္၊ ျပႆနာေတြပဲျဖစ္ျဖစ္က ပိုင္လီနဲ႕ ပတ္သက္ေနခဲ့တာေတြခ်ည္းပါပဲ။
ဒီအတြက္ သူတို႔က အေတြးမ်ားေနက်ေသာ္လည္း ေနာက္ဆုံးမွာေတာ့ ပိုင္လီက ျပႆနာေတြကို သူ႕နည္းသူ႕ဟန္နဲ႕ရွင္းေပးသြား၍ စိတ္သက္သာရာရခဲ့ရၿပီး သူတို႔က လာေတာ့မယ့္ ေကာင္းမြန္တဲ့ေန႕ရက္ေတြကို ႀကိဳေတြးေနမိ၍လည္း သူတို႔ရင္ထဲမွာ ပိုင္လီကို တိတ္တိတ္ေလး ေက်းဇူးတင္ေနခဲ့က်ရသည္။
ဒီလိုနဲ႕ က်ိဳးရွီရဲ႕ျပႆနာ ၿပီးဆုံးသြားျခင္းနဲ႕အတူ ေန႕တစ္ေန႕က ကုန္ဆုံးသြားခဲ့ပါတယ္။
ေနာက္တစ္ေန႕ မနက္မွာေတာ့ ပိုင္လီက သူထေနက်ျဖစ္သည့္ မနက္ခင္းခုႏွစ္နာရီေလာက္တြင္ နိုးလာခဲ့ၿပီး အေသးေလးေတြကလည္း သူႏွင့္အတူတူလို နိုးလာခဲ့သျဖင့္ သူတို႔က ေရွာင္ဟန္ျပင္ထားသည့္ အသီး႐ြက္ပန္ကိတ္ႏွင့္ ၾကက္ဥစြပ္ျပဳတ္ကို မနက္စာအျဖစ္ အတူတူစားခဲ့က်သည္။
ေနာက္ေတာ့ ထိုလူသားအေသးေလးေတြက အပင္ေတြေရေလာင္းဖို႔ရာနဲ႕ ၾကက္ေလးေတြကို အစာေကြၽးဖို႔ဆိုၿပီး ေျပးထြက္သြားက်ပါေတာ့တယ္။
ပိုင္လီရဲ႕ၿခံထဲက အပင္ေတြအေၾကာင္းေျပာရလွ်င္ အကုန္လုံးက ေတာင္ေပၚမွ ေ႐ြ႕ေျပာင္းစိုက္ထားျခင္းျဖစ္ေသာ္လည္း ညိုးႏြမ္းကာ ေျခာက္ေသြ႕သြားတာမ်ိဳး တစ္ပင္မွပင္ရွိမလာခဲ့ေပ။ ဒါေၾကာင့္ သူ႕ၿခံထဲမွာစိမ္းစိုေနတဲ့အပင္တခ်ိဳ႕ ရွိေပမယ့္ ပိုင္လီကေတာ့ နည္းေနေသးတယ္လို႔ထင္ေနၿပီး သူက အိမ္ေဆာက္အၿပီးမွာ အပင္ေတြကို မည္သို႔အလွဆင္သင့္ေၾကာင္းကို ႀကိဳေတြး၍ေတာင္ေနခဲ့သည္။
သူ႕ရဲ႕သားေလးေတြက အပင္ေတြကိုႀကိဳက္တယ္ေလ။ သူက ဘာေၾကာင့္ သူ႕အိမ္က အေသးေလးေတြအတြက္ ဥယ်ာဥ္တစ္ခုလုပ္မေပးရမွာလဲ။
ပိုင္ေရွာင္ဖူႏွင့္ ပိုင္ေရွာင္ဝူသည္ အရင္ဆုံးစံပါယ္ပင္ေလးကိုေရေလာင္းခဲ့က်သည္။ ဒီေန႕ စံပါယ္ပင္ေလးက အပြင့္ေတြအမ်ားႀကီးရွိေနပါတယ္။ ကိုင္းအသစ္ေလးေတြလည္းထြက္ေနၿပီး အၫႊန့္ေလးေတြမွာ အဖူးေသးေသးေလးေတြကလည္း ထြက္စျပဳေနကာ ပိုင္လီတို႔အိမ္က စံပါယ္ပြင့္ေတြက စပြင့္ထဲက ခူးထားျခင္းမရွိသျဖင့္ အရင္ရက္ကအပြင့္ေတြမွာ ညိုးသြားျခင္းမရွိေသးဘဲ အသစ္ထပ္ပြင့္သည့္ အပြင့္ႏွင့္ေပါင္းကာ တစ္ပင္လုံးေဖြးေနေအာင္ ပြင့္ေနတာမ်ိဳးျဖစ္ေနခဲ့သည္။
ဒါေၾကာင့္ သူတို႔ၿခံတစ္ခုလုံးက စံပါယ္ပန္းအနံ႕ေတြနဲ႕ျပည့္ေနတာကိုေတာ့ ေျပာစရာလိုမယ္မထင္ေတာ့ပါဘူး။
ေတာ္ေသးသည္မွာ ဤပန္းပင္၏အနံ႕က အရမ္းမ်ားမ်ား႐ူမိရင္ေတာင္ အနံ႕ေတြေၾကာင့္ အီႏွောက္ျခင္းမရွိလာေစဘဲ လူေတြအား လန္းဆန္းေစသည့္ခံစားခ်က္ကိုသာ ေပးစြမ္းနိုင္လို႔ပင္။ မဟုတ္ရင္ပါက သူတို႔ေတြ ပန္းအနံ႕ေတြေၾကာင့္ အသက္ရႉက်ပ္ၿပီး မူးေနာက္လာမွာကိုေတာင္ စိုးရိမ္ရပါတယ္။
အပင္ေတြေရေလာင္းၿပီးေနာက္ ေကာေသးေသးေလးမ်ားသည္ ေရွာင္ဟန္ဆီမွ ဆန္ၾကမ္းတခ်ိဳ႕သြားေတာင္းကာ ၾကကံၿခံေလးဆီသို႔ အေျပးေလးသြားခဲ့က်သည္။ ၾကက္ေတြအတြက္ ဆန္ၾကမ္းေစ့ေလးေတြ ေကြၽးတတ္တဲ့အက်င့္က ပိုင္လီလုပ္ထားတာျဖစ္ၿပီး ဒီအတြက္ ေရွာင္ဟန္ရဲ႕ႏွလုံးသားကေတာ့ ေသြးထြက္ေနပါလိမ့္မည္။
လယ္သမား႐ြာက ၾကက္ေတြက ဆန္ၾကမ္းကိုဘယ္လိုလုပ္စားနိုင္က်မွာလဲ။ လူေတြေတာင္ ဆန္ၾကမ္းပဲစားရတာကို။
ဒါေပမယ့္ ပိုင္လီကေတာ့ ဒီမွာ ဥေတြအရမ္းေစ်းႀကီးၿပီး ၾကက္ေတြ ဥသိပ္မဥနိုင္တဲ့ အေၾကာင္းရင္းက အစားေသာက္ေၾကာင့္ဟု ထင္ျမင္ခဲ့သည္။ ၾကက္ေတြရဲ႕အ႐ြယ္စားကေတာ့ သူ႕မူရင္းဘဝက ၾကက္ေတြနဲ႕ အတူတူပါပဲ။ ဒါေပမယ့္ ေတာေကာင္ေတြကို ၾကည့္ထားျခင္းအားျဖင့္ ဒီမွာၾကက္ေတြက ပိုႀကီးသင့္ၿပီး အစာေကာင္းေကာင္းသာစားရရင္ ဒီထက္ပိုႀကီးလာဦးမည္ဟု ပိုင္လီကေတြးမိခဲ့သည္။ ဒါေၾကာင့္ သူက ဆန္ၾကမ္းေတြခ်ေကြၽးခဲ့ၿပီး ေနာက္၌ ၾကက္စာအတြက္ သိပ္မေအာင္တဲ့ အေစ့ဆန္ေတြဝယ္ထားဖို႔ေတာင္ ေတြးခဲ့တာျဖစ္၏။
ပိုင္လီက မနက္ေစာေစာမွာ သူ႕သားေလးေတြက တတ္တတ္ႂကြႂကြႏွင့္ ၿခံထဲေျပးလႊားေနတာကို ျမင္ရၿပီး စံပါယ္ပန္းနံ႕သင္းသင္းေလးကလည္း စိတ္ကိုလန္းဆန္းေစသျဖင့္ သူက အလြန္စိတ္လက္ၾကည္သာလ်က္ရွိေနခဲ့သည္။
ေနာက္ေတာ့ သူက အိမ္ေရွ႕ကစားပြဲမွာထိုင္ကာ ဒီေန႕ ဘာလုပ္ရင္ေကာင္းမလဲကို စတင္စဥ္းစားေနခဲ့ေသာ္လည္း ေျပးလႊားေနခဲ့ေသာ အေသးေလးမ်ားက သူ႕အနား အလွ်င္ျမန္ေျပးလာက်ခဲ့ၿပီး အနားေရာက္တာနဲ႕ သူ႕ကိုဆြဲလာက်၍ ေရွာင္ဖူက အရင္ေျပာလာခဲ့၏။
"အေဖ သစ္ေတာ္သီးေတြ အမ်ားႀကီးပဲ ေျမႀကီးေပၚမွာက်ေနတာ အမ်ားႀကီးပဲ"
ေရွာင္ဝူေလးကလည္း သူ႕အကိုစကားကို ေထာက္ခံကာျဖင့္...
"ဟုတ္တယ္ဟုတ္တယ္ အသီးေတြက အမ်ားႀကီးပဲသားတို႔ေကာက္မနိုင္ဘူး"
ဒီေတာ့မွ ပိုင္လီက သူ႕ယူလာတဲ့သစ္ေတာ္ပင္ေတြက အသီးေတြနဲ႕ ျပည့္ေနတာကို သတိရသြားၿပီး သူယူလာခ်ိန္ထဲက အသီးတခ်ိဳ႕က စားလို႔ရေနၿပီျဖစ္၍ အခုေလာက္ဆိုအသီးေတြက မွည့္ၿပီးေႂကြက်ေနေလာက္တာကို အမွတ္ရသြားခဲ့ေတာ့သည္။ သူတို႔ကႏွစ္ရက္ေလာက္လည္း အိမ္မွာမရွိခဲ့ဘူးဆိုေတာ့ အသီးေႂကြေတြ ပုံေနေလာက္တာက အံၾသစရာေတာ့မဟုတ္ပါဘူး။
ဒါေၾကာင့္ ပိုင္လီက သူ႕ကိုဆြဲေခၚခ်င္ေနတဲ့ အေသးေလးေတြရဲ႕ ေခါင္းေလးေတြကို ပုတ္ေပးလိုက္ၿပီး....
"ဟုတ္ပါၿပီ ဒါဆို အေဖတို႔က အသီးေတြကိုေကာက္ဖို႔ ျခင္းေတာင္းေတြ ယူရဦးမယ္ေလ"
အေသးေလးမ်ားသည္ ဒါကိုၾကားေတာ့ ခုန္ေပါက္လာက်ကာ ေရွာင္ဖူက...
"အေဖ အေဖ သားလည္း ျခင္းေတာင္းတစ္ခုလိုခ်င္တယ္ သားက အသီးေတြကို ျခင္းေတာင္းအျပည့္ေကာက္ၿပီး ဖိုးဖိုးနဲ႕ဖြားဖြားကိုေပးခ်င္တယ္"
ေရွာင္ဝူကလည္း ေနာက္က်မခံေပ။ သူကလည္း သူလုပ္ခ်င္တာကို ထုတ္ေျပာလာခဲ့သည္။
"သားေရာ! သားေရာ တစ္ခုလိုခ်င္တယ္ မဟုတ္ဘူး သားကႏွစ္ခုလိုခ်င္တာ သားက တစ္ခုကို ေဒၚေလးငယ္ကိုေပးမယ္ ေဒၚေလးငယ္က အသီးစားရတာကိုႀကိဳက္တယ္ တစ္ခုကို စူးစူးကိုေပးမယ္ စူးစူးကလည္း အသီးစားရတာႀကိဳက္တယ္!"
ပိုင္လီ: .......
သူ႕ရဲ႕သားငယ္ေလးက အိမ္ကကြၽဲႀကီးကို အေတာ္ေလးခ်စ္ပုံရတယ္။
ပိုင္လီက ဘာမွျပန္မေျပာရေသးခင္မွာပင္ ေရွာင္ဖူက သူ႕ညီေလးအား ေျပာတာကိုၾကားလိုက္ရသည္။
"ေရွာင္ဝူ.. ျခင္းေတာင္းတစ္ခုမွာ အမ်ားႀကီးပါမွာေလ ဖိုးဖိုးနဲ႕ဖြားဖြားအတြက္ တစ္ခုေပးရင္ ေဒၚေလးငယ္ေရာရမွာပဲဟာ"
ေရွာင္ဝူကေတာ့ သိပ္နားမလည္ပါဘူး။ သူက တစ္ေယာက္တစ္ခုစီ ေပးခ်င္တာပဲသိပါတယ္။
"မရဘူး ေရွာင္ဝူက တစ္ခုစီေပးခ်င္တာ! ျခင္းေတာင္းတစ္ခုစီေလ"
ပိုင္လီက ကေလးေတြျငင္းခုန္မွာဆိုး၍ ရပ္တန့္ေစလိုက္ၿပီးေနာက္...
"ဟုတ္ၿပီဟုတ္ၿပီ အေဖတို႔ အရင္ဆုံး အသီးေတြကို အရင္ေကာက္က်မယ္ ၿပီးမွ ဘယ္သူေတြကိုေပးမလဲေျပာက်မယ္ အခုေတာ့ ျခင္းေတာင္းေတြ သြားယူက်မယ္ ဟုတ္ၿပီလား"
အေသးေလးေတြက ဒါကိုသေဘာတူလိုက္က်ၿပီး ဒါေၾကာင့္ ပန္းကန္မ်ားေဆးၿပီး ျပန္လာေသာေရွာင္ဟန္က ပိုင္လီႏွင့္ ကေလးႏွစ္ေယာက္ကို ျခင္းေတာင္းကိုယ္စီျဖင့္ တစ္ေနရာကိုသြားေတာ့မည့္ပုံႏွင့္ ေတြ႕လိုက္ရေတာ့ကာ သူက လႊတ္ခနဲေမးလိုက္မိေတာ့သည္။
"ခင္ဗ်ားတို႔ ဘယ္သြားက်မလို႔လဲ.."
ေရွာင္ဟန္က မေန႕ကညေနထဲက အိမ္ကိုျပန္ေရာက္ခဲ့တာျဖစ္ေသာ္လည္း သူက ညစာခ်က္ျပဳတ္ေနၿပီး ၿပီးေနာက္ အေသးေလးေတြကို ေရခ်ိဳးေပးေနခဲ့သျဖင့္အခ်ိန္ကုန္သြားခဲ့ကာ ခုထိ သစ္ေတာ္ပင္ေတြနားကို မေရာက္ျဖစ္ေသးပါေခ်။ ဒါေၾကာင့္ သူကလည္းအသီးေႂကြေတြပုံေနတာကို မသိခဲ့ဘူးေလ။
ပိုင္လီက သူတို႔ သစ္ေတာ္သီးေတြ သြားေကာက္မလို႔ဟု ေျပာေတာ့မလို႔ေပမယ့္ ေရွာင္ဖူက အရင္ဦးသြားခဲ့ကာ...
"သားတို႔က သစ္ေတာ္သီးေတြ သြားေကာက္မလို႔ အသီးေတြကအမ်ားႀကီး ေျမႀကီးေပၚက်ေနလို႔ေလ"
အဲဒီေနာက္ သူေလးက ေခါင္းေလးေစာင္းကာျဖင့္ေမးလာခဲ့ေသး၏။
"ေဖေဖကေရာ မေကာက္ဘူးလားဟင္"
ေရွာင္ဟန္က သစ္ေတာ္သီးေတြအေၾကာင္း ခုမွသိတာပင္။ သူတို႔အိမ္မွာ သစ္ေတာ္သီးပင္ေတြမ်ားတာေၾကာင့္ ေရွာင္ဟန္က တကယ္ ကူေကာက္ေပးခ်င္ေပမယ့္ သူက ပိုင္လီ ခြင့္မျပဳမွာလည္း စိုးရိမ္ေနတာေၾကာင့္ ပိုလီအား မရဲတရဲလွမ္းၾကည့္လိုက္မိၿပီး ပိုင္လီကလည္း သူ႕ကို မဝံ့မရဲၾကည့္ရဲၾကည့္လာတဲ့ေကာင္ေလးေၾကာင့္ အေျခေနကိုမရိပ္မိဘဲ ဘယ္ေနပါ့မလဲ။ ဒါေၾကာင့္ သူက ေရွာင္ဟန္ဆီကို ဝါးျခင္းေတာင္းတစ္လုံးေပးလိုက္ၿပီး ေျပာလိုက္ေတာ့တယ္။
"အသီးေတြကအမ်ားႀကီးပဲတဲ့ ျမန္ျမန္ၿပီးေအာင္ မင္းေရာလာကူေကာက္ေပးေလ"
ဒီေတာ့မွ ေရွာင္ဟန္က ေခါင္းၿငိမ့္လာကာ ျခင္းေတာင္းကိုယူ၍ သူတို႔ေနာက္က လိုက္လာသျဖင့္ သူတို႔က မိသားစုလိုက္ သစ္ေတာ္သီးေကာက္ဖို႔ရာ သစ္ေတာ္ပင္ေတြဆီကို ထြက္လာခဲ့က်ေတာ့သည္။
သူတို႔ၿခံက က်ယ္ဝန္းၿပီးေတာ့ အိမ္ေရွ႕ကေန သစ္ေတာ္ပင္ေတြကို လွမ္းျမင္နိုင္ေပမယ့္ ပိုင္လီကအပင္ႀကီးေတြကို အိမ္နဲ႕နီးေအာင္မစိုက္ခ်င္ခဲ့၍ အရမ္းႏွီးေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး။
ပိုင္ေရွာင္ဖူႏွင့္ပိုင္ေရွာင္ဝူသည္ သူတို႔အေဖႏွင့္ေဖေဖတို႔နဲ႕အတူ အသီးေကာက္ရမွာျဖစ္လို႔ ေပ်ာ္႐ႊင္ေနက်ၿပီး သူတို႔က ျခင္းေတာင္းအေသးေတြကိုင္ကာ ေရွ႕ကေျပးေနရင္းမွ ေနာက္က လူႀကိးႏွစ္ေယာက္ကို လွည့္လွည့္ၾကည့္ကာ သူတို႔ကိုပါ ျမန္ျမန္လာဖို႔ ေခၚေနေလသည္။
ဒါေၾကာင့္ ပိုင္လီနဲ႕ေရွာင္ဟန္တို႔ကလည္း ဒီေကာင္စုတ္ေလးေတြေနာက္က ျမန္ျမန္လိုက္သြား႐ုံပဲ တတ္နိူင္ပါေတာ့တယ္။
သူတို႔ေတြ သစ္ေတာ္သီးပင္ေတြနား ေရာက္တဲ့အခါမွာေတာ့ အေသးေလးေတြေျပာသလို အသီးေႂကြေတြပုံေနတာကို ေတြ႕လိုက္ရၿပီး ပိုင္လီက သူယူလာတဲ့ခုံပုေလးကို ခ်ကာ ေရွာင္ဟန္အား ထိုင္ခိုင္းလာသျဖင့္ ေရွာင္ဟန္ကအံၾသသြားခဲ့ရသည္။ သူက အဲဒီခုံကို ကေလးေတြအတြက္ ယူတယ္ထင္ေနတာပါ။
ပိုင္လီကမူ ေရွာင္ဟန္အားထိုင္ခိုင္းၿပီးေနာက္ သူ႕ေဘး၌ ျခင္းေတာင္းႀကီးအလြတ္ႏွစ္ခု ခ်ေပးလာကာ...
"ကိုယ္နဲ႕သားေတြက အသီးေတြေကာက္လိုက္မယ္ မင္းက ေကာင္းတာနဲ႕မေကာင္းတာ ခြဲလိုက္ေလ"
ဒါကိုၾကားေတာ့ ညေရွာင္ဟန္က ေတြးမိခဲ့သည္။ သူ႕သားေလးေတြကေတာင္ ေျပးလႊားၿပီး အသီးေကာက္က်မွာကို သူက ထိုင္ေနလို႔တကယ္ျဖစ္ရဲ႕လား။
ပိုင္လီက ေရွာင္ဟန္၏ မ်က္ႏွာေပၚရွိေမးခြန္းကို ခန့္မွန္းမိသျဖင့္ ေျပာလိုက္သည္။
"ဒီမွာနည္းနည္းေပ်ာ့ေနတဲ့အလုံးေတြနဲ႕ ငွက္စားထားတဲ့အလုံးေတြရွိတယ္ေလ အဲဒါေတြကို ခြဲေပးဖို႔လူတစ္ေယာက္လိုတယ္မလား မင္းမလုပ္ရင္ ကိုယ္လုပ္ရမွာလား"
တကယ္ေတာ့ ပိုင္လီက ဒီတိုင္းေမးလိုက္တာပါပဲ။ သူက ေရွာင္ဟန္ကို မပင္ပန္းေစခ်င္လို႔ လုပ္ခိုင္းခဲ့တာေပမယ့္ ေရွာင္ဟန္က မလုပ္ခ်င္ဘူးဆိုရင္ သူလုပ္လိုက္လို႔ရတာပဲေလ။ အေသးေလးေတြအတြက္ကေတာ့ သူတို႔က အသီးေကာက္ဖို႔ အရမ္းတတ္ႂကြေနၿပီး ခြဲဖို႔လည္း ေကာင္းမေကာင္း မေ႐ြးနိုင္ေသးဘူးဆိုေတာ့ ပင္တိုင္ အသီးေကာက္သမားေလးေတြေနရာပဲ ေနခိုင္းလို႔ရမွာေပါ့။ မဟုတ္ဘူးလား။
သို႔ေသာ္ ေရွာင္ဟန္သည္ ပိုင္လီက စိတ္ဆိုးသြားၿပီထင္၍ အလွ်င္ျမန္ျပန္ေျပာခဲ့ေလသည္။
"မ မဟုတ္ပါဘူး လုပ္မယ္ ကြၽန္ေတာ္ အသီးေတြေ႐ြးလိုက္ပါမယ္"
ဒါေၾကာင့္ ပိုင္လီႏွင့္ အေသးေလးေတြက အသီးေကာက္ဖို႔တာဝန္ယူၿပီး ေကာက္ၿပီးသား အသီးေတြကို ေရွာင္ဟန္အနားသြားပို႔က်ကာ ေရွာင္ဟန္ကမူ အသီးေတြကိုေ႐ြးဖို႔ တာဝန္က်သြားခဲ့ေတာ့သည္။
ပိုင္လီက အသီးေကာက္တာ အရမ္းကိုျမန္ၿပီး ျခင္းေတာင္းတစ္လုံးတစ္လုံးကို ခဏနဲ႕ျပည့္ျပည့္သြားခဲ့ေပမယ့္ အေသးေလးေတြကမူ အသီးေတြကိုတတ္မနင္းမိေစရန္ ေျခတံတိုတိုေလးေတြျဖင့္ သတိထား ေရွာင္ရွားေနရသျဖင့္ သူတို႔၏ သုံးေလးလုံးေလာက္သာဆန့္ေသာ လက္ဆြဲဝါးျခင္းေတာင္းေသးေသးေလးေတြ ျပည့္ဖို႔ကို အေတာ္ေလးၾကာေနရွာ၏။
သူတို႔ေလးေတြရဲ႕ ကုန္းကုန္းကြကြနဲ႕ အသီးေကာင္ပုံေလးေတြကလည္း အသဲယားစရာေကာင္းၿပီး ျမင္ရသူကိုရယ္ေမာေစကာ ျခင္းေတာင္းေလးေတြျပည့္ၿပီးေနာက္ အားအင္အျပည့္ထည့္ကာ သယ္လာပုံေလးမ်ားသည္လည္း အတိုင္းထက္အလြန္ကို ခ်စ္စရာေကာင္းေနေတာ့သည္။
ဒါေၾကာင့္ ပိုင္လီနဲ႕ေရွာင္ဟန္က သူတို႔ရဲ႕ ခ်စ္စရာသားေလးေတြၾကည့္ၿပီး ၿပဳံးေနျခင္းကို မရပ္တန့္နိုင္ခဲ့က်ေတာ့ပါဘူး။
....................................................................
(AN/ ေအးေအးေဆးေဆးလိုင္းေလးေတြဖတ္ခ်င္တာဆိုၿပီး ပ်င္းေနၿပီလို႔ခံစားေနရၿပီလား။ ခံစားေနရရင္ေျပာလိုက္ပါ စာေရးသူက ေခြးေသြးေတြေလာင္းေပးပါ့မယ္ ဟဲဟဲဟဲဟဲ။
ဒါနဲ႕ paid gpမွာ အပိုင္း(၁၆၅)ထိၿပီးပါၿပီ။)