ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်...
By KimHsuYoon99
115K 13.8K 109
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xig... More
Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 23
Chapter 26
Chapter 27
Good news😍
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 64
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 25
1.2K 155 0
By KimHsuYoon99
Unicode
ဂိမ်းက နှစ်မိနစ်၊သုံးမိနစ်လောက်နဲ့ ပြီးသွားတယ်။
အိမ်ရှင်လော့ချယ်ကလွဲပြီး ကျန်တဲ့နှစ်ယောက်က ကတ်ကစားဖို့အခွင့်အရေး လုံးဝမရှိတော့တာကြောင့် မြေပြင်ပေါ် လဲကျသွားတော့တယ်။
ဂိမ်းထဲမှာ quick chatပို့လိုက်တဲ့သူတောင် ရှိသေးတယ်။ "မင်း ကောင်းကောင်းကစားခဲ့တာပဲ"
လော့ချယ်ရဲ့တွန့်ကုတ်‌နေတဲ့မျက်ခုံးတွေက ဆန့်တန်းသွားပြီး အပြုံးတစ်ပွင့်က သူ့မျက်လုံးအောက်ခြေမှာ စွန်းထင်းသွားတယ်။
တကယ်တော့ အဲ့ဒါက သူ ကောင်းကောင်းကစားခဲ့တာမဟုတ်ပဲ ကတ်တွေ ကောင်းလို့ပါ။
ကောင်းမွန်လွန်းလှတဲ့ကစားပွဲလေးကို ပထမဆုံးအကြိမ်အဖြစ် လော့ချယ်ခံစားဖူးတာပဲ။ ဒါ အရင်က သူတွေးတောင်မတွေးဖူးတဲ့ အရာပါ။
တစ်ချီပြီးသွားပြီနောက် သူနောက်ထပ်တစ်ကျော့ပြန်စချင်ရုံရှိသေးတယ်။ မြေပြင်ပေါ်ရှိအရိပ်က တစ်ခုခုမှားနေပုံရတာကို သူတွေ့ရှိသွားတယ်။
ပထမဆုံးအကြည့်တစ်ချက်နဲ့တင် အရိပ်က ရှင်းရှင်းလင်းလင်းကို လော့ကျစ်ယွီနဲ့မသက်ဆိုင်နေဘူး။
ဒါဆို အခုလေးတင်ဝင်လာတဲ့လူက လော့ကျစ်ယွီမဟုတ်ဘူးလား။
‌လော့ချယ်က မျက်၀န်းတွေကို ကျဉ်းမြောင်းလိုက်ပြီး သူ့ခေါင်းကို ချက်ချင်းလှည့်လိုက်တယ်။
နောက်တစ်စက္ကန့်မှာ သူ့အမြင်အာရုံထဲ၀င်လာတာက သူ့နောက်မှာ တိတ်တဆိတ်ရပ်နေပြီး ကတ်ကစားနေတဲ့သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေတဲ့ ကုမျန်ပါပဲ။
လော့ချယ်က သူအံ့အားသင့်သွားတာကို ခဏလောက် မဖုံးကွယ်ထားနိုင်ခဲ့ဘဲ "ကုမျန်?"
ကုမျန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်တယ်။ဒါက သူမတစ်ယောက်တည်း သူမရဲ့အမည်ခံချစ်သူနဲ့ အခန်းတစ်ခန်းထဲမှာ ပထမဆုံးအကြိမ် ရှိ‌နေဖူးတာဖြစ်ပြီး အနည်းငယ်စိတ်မသက်မသာဖြစ်မိတယ်။ မူလပိုင်ရှင်က လော့ချယ်ကို သဘောကျပြီး ဖွင့်ပြောဖို့ လက်ဦးမှုယူကာ သေဆုံးသွားခဲ့ရတယ်။သူမကိုယ်တိုင်အတွက်ကတော့ သူမမှာ သူ့အတွက် တကယ့်ကို အရမ်းပြင်းထန်တဲ့ခံစားချက်မျိုး မရှိဘူး။
ဒါပေမယ့် သူမက ဒီယောက်ျားရဲ့ ချစ်သူကောင်မလေးဖြစ်နေတယ်။
ကုမျန်က ပြန်လည်ပြင်ဆင်ထားတဲ့ ဇာတ်ညွှန်းကို ကိုင်ထားပြီး လော့ချယ်နဲ့ဆန့်ကျင်ဘက် ဆိုဖာပေါ် ထိုင်လိုက်ကာ "ကျွန်မ ရှင့်ကို မနှောင့်ယှက်မိဘူးမလား"
လော့ချယ်က ဖုန်းကို ဘေးဖယ်လိုက်ပြီး "မနှောင့်ယှက်မိဘူး"
ကုမျန်က သူမရဲ့ ရည်ရွယ်ချက်ကို တိုက်ရိုက်ရှင်းပြလိုက်တယ်။"ဒါရိုက်တာက ရှင်နဲ့ ကျွန်မရဲ့နောက်ဆုံးsceneကို တချက်ကြည့်ပေးဖို့ တောင်းဆိုထားတယ်"
"ကောင်းပြီ"
သူမက ဇာတ်ညွှန်းကိုဖွင့်ပြီး မြန်မြန်ကြည့်လိုက်တယ်။ ရိုးရိုးသားသားပြောရရင် ဇာတ်ညွှန်းရပြီးနောက်မှာ သူမရဲ့နောက်ဆုံးsceneက ဘယ်လိုလဲဆိုတာ မတွေ့ရသေးဘူး။ နီးနီးကပ်ကပ်သရုပ်ဆောင်ရတဲ့ sceneနှစ်ခုမှာ ပထမsceneရဲ့ အတိုင်းအတာက အဆင်ပြေတယ်လို့ သူမထင်တာကြောင့် တခြားsceneက အရမ်းကြီးထူးထူးခြားခြား ဖြစ်လောက်မှာမဟုတ်ဘူးလေ။ ဒါပေမယ့် ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာက ဒီလောက်ထိ မယုံနိုင်စရာကောင်းအောင် လုပ်လိမ့်မယ်လို့ သူမ,မထင်မိခဲ့ဘူး။
သူမ ဇာတ်ညွှန်းကို မှန်မှန်ကန်ကန်ဖတ်နေတယ်ဆိုတာ သေချာစေဖို့အတွက် မယုံကြည်မှုတွေနဲ့ နှစ်ကြိမ်လောက် လှန်လှောကြည့်လိုက်သေးတယ်။
ဒါရိုက်တာက ဒီလိုရှက်စရာကောင်းတဲ့ဇာတ်ကွက်ကို စီစဉ်ပေးထားတယ်ပေါ့လေ။
ဇာတ်ကွက်ထဲမှာ ချန်းရှန်က ကာမအားတိုးဆေးနဲ့ဆင်တူတဲ့အရာတစ်ခုကြောင့် မတော်တဆ အဆိပ်မိသွားတယ်။ အဲ့ဒါကို ဖြေရှင်းဖို့ နည်းလမ်းနှစ်ခုသာရှိတယ်။
ပထမတစ်မျိုးက မဖော်ပြနိုင်တဲ့အရာကို လုပ်တာဖြစ်ပြီး ဒုတိယတစ်မျိုးက လူကို အနှစ်တစ်ထောင် သက်တမ်းရှိတဲ့ ရေအေးကန်ထဲနစ်မြုပ်စေပြီး အဆိပ်ကို ဖြည်းဖြည်းချင်းတွန်းထုတ်တာဖြစ်တယ်။
ချန်းရှန်က အမှတ်မထင်အဆိပ်သင့်ပြီးနောက် သူ့ရဲ့အံ့သြဖွယ်ကောင်းတဲ့ စိတ်စွမ်းအားနဲ့ အနှစ်တစ်ထောင်သက်တမ်းရှိ ရေအေးကန်နဲ့အရမ်းနီးကပ်တဲ့ ဝါးတောဆီပြေးသွားခဲ့တယ်။ ဒါပေမယ့် ဝါးတောကို ရောက်ပြီးနောက်မှာ သူရဲ့ကန့်သတ်ချက်ကို အမှန်တကယ်ပင် ရောက်လုနီးနေပါပြီ။
ထိုအခိုက်အတန့်မှာ ယင်းလျန်ရောက်လာခဲ့တယ်။
သူမက ချန်းရှန်ကို နှစ်တစ်ထောင်သက်တမ်းရှိရေအေးကန်ထဲ လမ်းလျှောက်၀င်ဖို့ ကူညီပေးခဲ့တယ်။ အစပိုင်းတော့ အားလုံးအဆင်ပြေပေမယ့် နောက်ဆုံးအခိုက်အတန့်မှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်။ ကန့်သတ်ချက်ကိုရောက်နေပြီဖြစ်တဲ့ ချန်းရှန်ရဲ့အသိစိတ်က ဖရိုဖရဲဖြစ်စပြုလာပြီး သူက သူ့ဘေးမှာရှိတဲ့ယင်းလျန်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခဲ့တယ်။
ယင်းလျန်က တုံ့ဆိုင်းသွားခဲ့တာပေါ့ ။ သူမက အံကြိတ်လိုက်တယ်။ နောက်ဆုံးမှာတော့ သူက ပထမ အဆိပ်ဖယ်ရှားတဲ့နည်းလမ်းကို မရွေးချယ်ခဲ့ဘဲ ဒုတိယနည်းလမ်းကို ရွေးချယ်ခဲ့ပါတယ်။
ချန်းရှန်က လေးလံလွန်းလို့ သူမ သူ့ကို လုံးဝ မတွန်းထုတ်နိုင်ခဲ့ဘူး။နောက်ဆုံးမှာ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး နှစ်တစ်ထောင်သက်တမ်းရှိရေအေးကန်ထဲ နစ်မြုပ်သွားခဲ့ကြတယ်။
ဇာတ်ကွက်ရဲ့ဒီအခန်းက စာဖတ်သူတွေအတွက် အညှီအ‌ဟောက်မကင်းဘူးလို့ ယူဆရမယ်။
အမျိုးသားခေါင်းဆောင်နဲ့ အမျိုးသမီး ခေါင်းဆောင်တို့မှာ ရင်းနှီးတဲ့ဆက်ဆံ‌ရေးရှိကြတယ်။ ပြီးတော့ ရေထဲမှာလည်း အလွန့်အလွန်ကို ဟိုလိုသည်လိုဖြစ်နေသေးတယ်။
ဒါပေမယ့် အညှီအဟောက်မကင်းတဲ့scene‌ လေးပြပြီးတဲ့နောက်မှာ သွေးလွှမ်း‌စေမယ့်ဓားတွေက ပရိသတ်ကို စောင့်မျှော်နေဆဲပင်။
ချန်းရှန် သတိ၀င်သွားပြီးနောက်  နှစ်တစ်ထောင်ရေအေးကန်ထဲမှာ သူနဲ့အတူရှိနေတဲ့ အပြစ်ကင်းစင်လှတဲ့ယင်းလျန်ကို သူတွေ့လိုက်ရတယ်။ သူမရဲ့အဝတ်အစားတွေက စိုစွတ်နေပြီး သူမရဲ့ရှိုက်ကြီးဖိုငယ်အသွယ်သွယ်ကလည်း ဗလာဖြစ်နေခဲ့တယ်။ သူမက သူ့ကြောင့် ပျက်စီးသွားခဲ့ပြီ။ သူက နှစ်စက္ကန့်လောက် တီးတိုးရေရွတ်လိုက်ပြီးနောက် ရိုးရှင်းတဲ့ စကားလေးသုံးခွန်းပဲ ပြောလာတယ်။
အဲဒါက "တောင်းပန်ပါတယ်"
ရှေးခေတ်ကျင့်ကြံရေးကမ္ဘာမှာ အချို့သော လွန်လွန်ကဲကဲရှုပ်ထွေးနေတဲ့ ဓလေ့ထုံးတမ်းတွေ ဒါမှမဟုတ် ကျင့်ဝတ်တွေက ပုံမှန်လက်တွေ့ဘ၀ကအရာတွေလောက် သိပ်အရေးမကြီးတော့ဘူး။ယင်းလျန်က သူမရဲ့အပြစ်ကင်းစင်မှုကို ဆုံးရှုံးခဲ့ရပေမယ့်လည်း ချန်းရှန်က သူမကို ဖြစ်ထိုက်တဲ့နေရာ မပေးခဲ့ပေ။
အမျိုးသားခေါင်းဆောင်က အဲ့ဒီအဖြစ်အပျက်ကို တွေ့ကြုံပြီးနောက် သူ့ရဲ့စိတ်အခြေအနေက ချောချောမွေ့မွေ့တိုးတက်သွားပြီး မကြာခင်မှာ ဘေးဆိုးကျရောက်လာတယ်။
နောက်ဆုံးမှာ ကမ္ဘာပေါ်ရှိ ကံကောင်းမှုအားလုံးကို စုဆောင်းခဲ့တဲ့ အမျိုးသားခေါင်းဆောင်က ဘေးဆိုးကို အောင်အောင်မြင်မြင်ဖြတ်ကျော်ပြီး နတ်ဘုရားအဖြစ် တက်လှမ်းသွားခဲ့တယ်။
အဲဒီနောက်မှာတော့ သူနဲ့ ယင်းလျန်တို့ရဲ့ နေရာတွေက ကောင်းကင်နဲ့မြေကြီးဆိုပြီး ကွဲပြားသွားတာကြောင့် အဆက်အသွယ်လုပ်ဖို့ အခွင့်အရေးမရှိတော့ပါဘူး။
ထိုအချိန်မှာပဲ ချန်းရှန်နဲ့ယင်းလျန်တို့ရဲ့ ဆက်ဆံရေးက အဆုံးသတ်သွားခဲ့တယ်။
သူတို့ရဲ့ဆက်ဆံရေးက နက်ရှိုင်းတဲ့ဆက်ဆံ‌ရေးတစ်ခုပင် မဟုတ်ခဲ့ပေ။ အဲ့ဒါက ထာ၀ရမျှော်လင့်ချက်မရှိတဲ့ တဖက်သတ်အချစ်တစ်ခုပါပဲ။
ချန်းရှန်ရဲ့ နှလုံးသားက အစကနေအဆုံးထိ ဘယ်တော့မှ မလှုပ်ရှားသွားခဲ့ဘူး။
ဇာတ်ညွှန်းကိုဖတ်ပြီးနောက်၊ ကုမျန်က သူမရှေ့မှာရှိတဲ့ လော့ချယ်ကို မော့မကြည့်ပဲမနေနိုင်ခဲ့ပေ။ စဉ်းစားခြင်းပင်မရှိ၊ သူမ လွှတ်ခနဲပြောမိသွားတယ်။"ဆန်ကုန်မြေလေး"
လော့ချယ်က ပထမတော့ အနည်းငယ် မသေချာသေးဘဲ သူနားလည်သဘောမပေါက်ခင် နှစ်စက္ကန့်လောက် အချိန်ယူလိုက်ရတယ်။
လော့ချယ်က နည်းနည်းရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရပြီး သူ့နှုတ်ခမ်းထောင့်တွေက အနည်းငယ်မြင့်တက်လာကာ "ဒါတွေအားလုံးက အတုအယောင်တွေပဲ"
ရှန်းရှလောကက အတုအယောင်၊ ယင်းလျန်က အတုအယောင်ဖြစ်ပြီး၊ သူသရုပ်ဆောင်ထားတဲ့ ထျန်းဟူမျိုးနွယ်စုရဲ့ မင်းသားချန်းရှန်ကလည်း အတုအယောင်ပင်။ သရုပ်ဆောင်မှုရဲ့ အပြင်ဘက်ရှိ အရာတွေကသာ အစစ်အမှန်ဖြစ်တယ်။
ဒါပေမယ့် အဲ့ဒါက လုံးဝ အတုအယောင်မဟုတ်ဘူးဆိုတာကို ကုမျန် သူမရဲ့စိတ်ထဲမှာသိတယ်။
ဘာကြောင့်လဲဆိုတော့ ဇာတ်လမ်းတွဲထဲက ယင်းလျန်နဲ့ချန်းရှန်ရဲ့အဆုံးသတ်က မူလပိုင်ရှင်နဲ့ လော့ချယ်ရဲ့အဆုံးသတ် ဖြစ်တာကြောင့်ပါ။
Zawgyi
"ကောင်းပြီ"
အဲဒါက "တောင်းပန်ပါတယ်"
Continue Reading
You'll Also Like
651K 33.1K 82
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
558K 57.4K 200
Book 1 အပိုင်း (1- 200) Title: Reincarnation of Businesswoman at School Author: Warm Color Su Eng Translator: Henyee Translations Mm Translator : Cha...
410K 79.1K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...