အပိုင်း (၈၁) ဇနီးလေး ကိုယ်မင်းအတွက်ဝယ်လာတဲ့ လက်ဆောင်ကိုခန့်မှန်းကြည့်လေ
သို့သော် ပိုင်လီရေချိုးပြီးပြန်လာချိန်တွင် သူ့အိမ်ကကောလေးတွေက မစားနှင့်သေးဘဲ သူ့ကိုစောင့်နေကြောင်း တွေ့လိုက်ရပြီး ပိုင်လီကတော့ ဒီလိုခံစားချက်မျိုးကို အရမ်းသဘောကျတာပါပဲ။
နောက်တော့ သူတို့မိသားစု အနွေးကုတင်ပေါ်မှာပဲ ညစာကို အေးဆေးစွာစားလိုက်ကျပြီး စားပြီးနောက် ပိုင်လီက အသေးလေးတွေသိပ်ဖို့ အစပြုခဲ့သည်။
ရှောင်ဟန်က အမြဲတမ်း ပိုင်လီက အသေးလေးတွေနားရှိနေရင် ရှောင်ပေးတတ်တာက သတိထားမိစရာတစ်ခုပဲ။ သူက ပိုင်လီပြောင်းလဲလာအပြီးမှာ ပိုင်လီက အသေးလေးတွေအပေါ် အရမ်းဂရုစိုက်လာတာကိုသတိပြုမိပြီး ထို့ကြောင့်လည်း ပိုင်လီရှိနေချိန်တွေမှာဆို ဘေးထွက်နေတတ်ကာ အသေးလေးတွေကို ပိုင်လီနဲသာ အတူရှိစေတတ်သည်။
ဘာလို့လည်းဆိုတော့ သူက အရင်ကလို ပိုင်လီကလေးတွေကို မျက်ကွယ်ပြုပြီး သံယောဇဥ်မရှိတော့မှာကိုစိုးရိမ်လို့ပါပဲ။ ဒါကြောင့် သူက ပိုင်လီမအားတဲ့အချိန်တွေမှာပဲ အသေးလေးတွေနီးနီးကပ်နေတော့တယ်။ အရင်ကအခြေနေတွေကို ကြုံတွေ့ဖူးတာဖြစ်လို့ ပိုင်လီက ကလေးတွေနဲ့နီးကပ်နေတာမြင်ရမှ သူစိတ်ချရသလိုခံစားရတယ်လေ။
ပိုင်လီက ကလေးတွေကိုသိပ်နေတော့ ရှောင်ဟန်ကအနွေးကုတင်ရဲ့အစွန်းမှာထိုင်ပြီး သူ့ရဲ့ချုပ်လက်စအဝတ်လေးကို ချုပ်ဖို့ပြင်လိုက်သော်လည်း ပိုင်လီက ဒါကိုမြင်ပြီး ပြောလာခဲ့လေသည်။
"ညရောက်နေပြီလေ မချုပ်နဲ့တော့"
ဒါကိုကြားတော့ ရှောင်ဟန်က ခဏရပ်တန့်သွားပေမယ့် သူက အဝတ်ခြင်းကိုလည်းမချပါဘူး။ နောက်မှအသံတိုးတိုးလေးနဲ့ ပြောလာသည်မှာ...
"လက်စသပ်စရာလေးရှိလို့ပါ..."
ပိုင်လီသည် အရင်ကလည်း သူရှောင်ဟန်အား ညဘက်တွင် အဝတ်မချုပ်ဖို့ မှာခဲ့ဖူးတာကို မှတ်မိသေးသည်။ ကြည့်စမ်း ဒီကောင်လေးက အဲဒီတုန်းက ဘာမှပြန်မပြောဘဲ နာခံသလိုလိုလုပ်နေပေမယ့် တကယ်တမ်းစကားနားမထောင်ဘူးပဲ။
ဒီမှာက နေ့ခင်းလိုအလင်းကို ကောင်းကောင်းမြင်ရမယ့် လျှပ်စစ်မီးတွေမရှိဘဲ ဆီနဲ့ထွန်းရတဲ့ မီးခွက်လေးပဲရှိတာကြောင့် အလင်းက သိပ်မကောင်းလှဘူးလေ။ ဒါကြောင့် ကြာရင် အမြင်အာရုံကိုထိခိုက်နိုင်တယ်။
ဒါပေမယ့် ပိုင်လီက ဘာတက်နိုင်မှာလဲ။ သူသာဆက်ပြောနေရင် ဖိအားပေးသလိုဖြစ်ပြီး ထိုကောင်လေးကိုခြောက်မိဦးမယ်။
ဒါကြောင့် သူက အသေးလေးတွေကို ခပ်ဖွဖွပုတ်ပေးနေရင်းက ရှောင်ဟန်အဝတ်ချုပ်တဲ့ထဲ အာရုံမစိုက်နိုင်အောင် မနက်မှပြောဖို့စဥ်းစားထားသည့် စကားများအား အခုပြောဖို့ဆုံးဖြတ်လိုက်တော့သည်။
"ရှောင်ဟန် ကိုယ်ညနေက အဖေတို့နဲ့ လယ်ကွက်ဘယ်လောက်ဝယ်ရမလဲကို ဆွေးနွေးခဲ့တယ်"
ရှောင်ဟန်က ဒါကိုကြားတော့ အနွေးကုတင်ရဲ့အတွင်းပိုင်းကလူကို လှမ်းကြည့်လိုက်မိသည်။ အဲဒီအချိန်မှာ ပိုင်လီက ကလေးတွေရဲ့ခြုံစောင်က ကန့်လန့်ဖြစ်နေတာလားလို့ သံသယဝင်ပြီး စောင်ကိုပြန်ပြင်ဖို့လုပ်နေခဲ့ကာ ရှောင်ဟန်က ခဏရပ်တန့်သွားခဲ့သော်လည်း သူကဘာမှမပြောဘဲ ပိုင်လီပြောမှာကိုသာ ဆက်နားထောင်နေခဲ့တော့၏။
သူက ပိုင်လီမှ သူ့ကို ဒါတွေပြောပြလာမည်ဟု မမျှော်လင့်ထားဘဲ အနည်းငယ် အံသြသွားခဲ့တာတော့အမှန်ပါပဲ။
ဒါပေမယ့် သူတို့က မိသားစုတစ်ခုဖြစ်ပြီး ပိုင်လီက သူလုပ်မယ့်အရာတွေကို သူ့ကိုပြောပြတာက ကောင်းပါတယ်။ မဟုတ်ရင် ကိုယ့်အိမ်က ဦးစီးလုပ်မယ့်လုပ်ငန်းတွေကို ဇနီးဖြစ်သူက အကြမ်းဖျင်းတောင်သိမထားရင် နည်းနည်း ရှက်စရာကောင်းနေမှာလေ။
ရှောင်ဟန်က ပိုင်လီ သူ့ကိုပြောပြတာနဲ့တင် ကျေးဇူးတင်နေပါပြီ။
ဒါကြောင့်သူက ငြိမ်သက်စွာနားထောင်နေကာ ပိုင်လီက ဆက်ပြောနေခဲ့၏။
"ကိုယ်တို့ စပါးစိုက်တဲ့ လယ်ကွက်ငါးရာလောက်နဲ့ အသီးရွက်စိုက်တဲ့မြေကွက်ကိုတော့ သစ်သီးခြံအတွက်ရော ဂျုံနဲ့အသီးရွက်တွေ စိုက်ဖို့အတွက်ရော တစ်ထောင်ကျော်လောက် ဝယ်ကျမယ်"
ရှောင်ဟန်က ဒါကိုကြားတော့ နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး သူ့ရဲ့ခေါင်းတောင် မူးဝေသွားခဲ့သလို ခံစားခဲ့ရသည်။ လယ်ကွက်ငါးရာနဲ့ မြေကွက်တစ်ထောင်ကျော်လို့ သူကြားလိုက်တာလား။ မဖြစ်နိုင်တာ။ သူနားကြားမှားသွားက ပိုဖြစ်နိုင်လောက်ပါတယ်။ ဟုတ်တယ်မလား။
သို့သော် ညအချိန်သည် တိတ်ဆိတ်နေပြီး ပိုင်လီ၏အသံက ငြင်သာပေမယ့် ရှင်းလင်းလွန်းခဲ့သည်။ ရှောင်ဟန်က သူ့ကိုယ်သူ ညာနေရင်တောင် အမှန်ကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူးလေ။
ဒီအချိန်မှာ ရှောင်ဟန်က သူဘယ်လိုခံစားနေမှန်းကို မပြောပြတတ်တော့ပါဘူး။ အဲဒါက တကယ်ကိုမယုံချင်စရာကြီးမလား။ သူတို့က လက်ထဲငွေမရှိဘဲ စားဖို့တောင် အနိုင်နိုင်ဖြစ်ခဲ့ရတဲ့ရက်တွေက သိပ်အဝေးကြီးမှာ မကျန်ခဲ့သေးပေမယ့် အခုတော့ လယ်ကွက်ရာချီ၊ထောင်ချီပြီး ဝယ်ဖို့တောင်ပြင်နေပါပြီ။
ရှောင်ဟန်က ဒါတွေရဲ့အဓိကလူဖြစ်သည့် ပိုင်လီကထပ်လှမ်းကြည့်လိုက်ချိန်တွင် ဒီတစ်ခါ ထိုလူကလည်း သူ့ကိုကြည့်နေကြောင်း တွေ့လိုက်ရသည်။
ကလေးတွေက အိပ်သွားပြီဖြစ်တဲ့အတွက် ပိုင်လီက အနွေးကုတင်ပေါ်မှာ ဒီတိုင်းထိုင်နေပါတယ်။ သူ့ကိုကြည့်ရတာ ရှောင်ဟန်ဆီက တစ်ခုခုပြောလာမှာကိုစောင့်နေပုံလည်းရတယ်။
ရှောင်ဟန်: ......
ဘာလဲ။ သူ့ခင်ပွန်းက သူ့ဆီကထင်မြင်ချက်ကို စောင့်နေတာများလား။
ဒီလိုတွေးမိချိန်တွင် ရှောင်ဟန်က ရယ်မိတော့မလိုပါပင်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ပိုင်လီက သူ့ကိုပြောပြတာတောင် အရမ်းကောင်းနေပါပြီ။ ပိုင်လီအနေနဲ့ သူ့ဆီကထင်မြင်ချက်ကို တောင်းနေစရာမလိုပါဘူး။ ငွေတွေအားလုံးက ပိုင်လီရှာထားတာဖြစ်လို့ ပိုင်လီစိတ်ကြိုက်သုံးနိုင်တာပဲကို မဟုတ်ဘူးလား။
သို့သော် သူထိုသို့တွေးနေချိန်တွင် ပိုင်လီကထပ်ပြောလာခဲ့လေသည်။
"အမ်...အဲတော့ မင်းဘယ်လိုထင်လဲ "
ရှောင်ဟန်: .......
အဲတော့ တကယ်ကြီး! သူ့ခင်ပွန်းက သူ့ရဲ့ထင်မြင်ချက်ကိုမေးနေတာတဲ့လား!!
ရှောင်ဟန်သည် အပြင်ဘက်တွင် ကြောင်ကာ ငြိမ်နေပုံရသော်လည်း သူ၏စိတ်ထဲတွင်ပြေးလွှားနေခဲ့တာဖြစ်သည်။
အယ်.. သူ့ကိုလာမေးတော့ သူကဘယ်လိုဖြေရမှာလဲ။ သူစိတ်ရင်းအတိုင်းဖြေရရင် မြေကွက်တွေနဲ့လယ်ကွက်တွေဝယ်မှာက အရမ်းများတယ်လို့ ပြောမိမှာပဲ။
ဒါပေမယ့် ပိုင်လီရဲ့ လက်ရှိပိုင်ဆိုင်မှုနဲ့ ယှဥ်ကြည့်လိုက်မယ်ဆိုရင် အဲတာက ဘာမှမဟုတ်ပြန်ဘူးလေ။ ပြီးတော့ ပိုင်လီက ဝမ်မိသားစုနဲ့ပြဿနာတတ်ထဲက သူကသစ်သီးခြံဆောက်မယ်လို့ ပြောခဲဖူးပြီး အဲလိုပြောဖူးလို့ သူသိတယ်ဆိုပေမယ့် တကယ်တမ်းသူကလည်း သစ်သီးခြံနဲ့ပတ်သတ်တဲ့ အကြောင်းတွေကို ဘာမှသိတာမဟုတ်ဘူး။ အဲတာက တကယ်ပဲမြေကွက်တစ်ထောင်ကုန်နိုင်တာလား။
သူက အဲလိုဘာမှမသိတဲ့အတွက် ဘယ်လိုထင်မြင်ချက်ကို ပေးနိုင်မှာတဲ့လဲ။ ပြောခဲ့သလိုပဲ သူ့အတွက်တော့ ဝယ်မယ့်ပမာဏက အရမ်းများလွန်းတာပဲသိတယ်။
ဒါပေမယ့် သူဒီလိုပြောလိုက်လို့လည်း မရဘူးလေ။
ပိုင်လီက ဒီနောက်ပိုင်း ကောင်းမွန်လာပြီး သူကလည်း ပိုင်လီရဲ့ဆန္ဒကိုဆန့်ကျင်ပြီး ပိုင်လီကို စိတ်အနှောက်ယှက်ဖြစ်အောင်မလုပ်ချင်ပါဘူး။ ပြီးတော့ ဒီငွေတွေအကုန်လုံးကလည်း ပိုင်လီကပဲ သက်စွန့်ဆံဖျားရှာထားတာဖြစ်လို့ ပိုင်လီသာကောင်းမယ်လို့ယူဆရင် သူလည်း ထောက်ခံပေးရုံပဲ တတ်နိုင်တော့မှာပေါ့။
ဒါကြောင့်ပဲ ရှောင်ဟန်က....
"ကျွန် ကျွန်တော်လည်းမသိဘူးလေ ဒါပေမယ့် ခင်ဗျားကောင်းမယ်ထင်ရင် ကောင်းပါတယ်"
ပိုင်လီက ဒီအဖြေက ပြည့်စုံမှုအားနည်းတယ်လို့ ထင်ခဲ့ပေမယ့် ရှောင်ဟန်ရဲ့ မူလကသူ့ကို စကားတောင်ကောင်းကောင်းမပြောရဲတဲ့ အခြေနေနဲ့ယှဥ်တော့ အဖြေပြန်ရတာကတင် ပိုကောင်းလာပြီလို့ သတ်မှတ်လို့ရသဖြင့် ဒီလောက်နဲ့ကျေနပ်ခဲ့လိုက်သည်။
တကယ်တော့ ပိုင်လီက ရှောင်ဟန်ကသာ လယ်ကွက်တွေနဲ့ မြေကွက်တွေဝယ်မှာက အရမ်းမများဘူးလားလို့ မေးခဲ့ရင် သူက ရှင်းပြဖို့ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကောင်လေးက ဒီလိုမမေးခဲ့ဘူးဆိုမှတော့ သူကလည်း နောက်မှပဲ ဖြေးဖြေးချင်း ရှင်းပြသွားတော့မယ်လေ။
နောက်တော့ ပိုင်လီက အချိန်မနည်းတော့၍ ရှောင်ဟန်အား အဝတ်ဆက်မချုပ်ဘဲ အိပ်တော့ဖို့ပြောလိုက်ပြီး ရှောင်ဟန်က ခဏနေရင် အိပ်တော့မှာပါဟု ပြန်ဖြေခဲ့သဖြင့် သူကလည်း အသေးလေးတွေရဲ့တစ်ဖက်မှာ ဝင်လှဲခဲ့လိုက်တော့သည်။
အဲဒီမှာ ပိုင်လီက မျက်လုံးထောင့်ကနေ သစ်သားသေတ္တာအဟောင်းလေးကို ဖျပ်ခနဲမြင်လိုက်ပြီး သူဝက်ဝံရောင်းရာကနေပြန်လာတုန်းက ပါလာတဲ့ လက်ဝတ်ရတာနာသေတ္တာလေးပါတဲ့ အဝတ်ထုပ်လေးနှင့် ပန်းထိုးဖိနပ်များကို ထုပ်ပိုးထားသော အထုပ်လေးတို့သည် ထိုသစ်သားသေတ္တာ အဟောင်းထဲမှာ ရှိနေတာကို သတိရသွားခဲ့၏။
လက်ဝတ်ရတနာတွေနဲ့ လက်ဆောင်တွေအကြောင်း ပြောရရင် ပိုင်လီက သူ့မိသားစုဝင်တွေကို ပေးဖို့အချိန်ကောင်းကို စောင့်မယ်လို့ စဥ်းစားထားတာပေမယ့် ကျိုးရှီရဲ့ကိစ္စက ကြားဖြတ်ဝင်လာတာကြောင့် ခုထိမပေးနိုင်ဖြစ်ခဲ့ရတာပင်။
ဒီကြားထဲမှာ ရှောင်ဟန်ကလည်း ဒီပစ္စည်းတွေကို ဖွင့်ကြည့်ခဲ့ပုံမရပါဘူး။ အကယ်၍ ထိုကောင်လေးသာ ပစ္စည်းတွေကိုမြင်ပြီးရင် တည်ငြိမ်နိုင်မှာမဟုတ်ဘူးလေ။
တကယ်တော့ ရှောင်ဟန်က ပိုင်လီနဲ့ပတ်သတ်ရင် အရမ်းကိုသတိထားနေတုန်းပါပဲ။ သူက ပိုင်လီခွင့်မပြုထားတဲ့ ဘယ်အရာကိုမှ သူ့သဘော၊သူ့ဆန္ဒနဲ့မလုပ်သလို ပိုင်လီက သူ့ကိုမပေးထားတဲ့ ပစ္စည်းတွေကိုလည်း ခိုးတောင်မကြည့်ဝံ့ရှာဘူး။
အစကတော့ ပိုင်လီက အိပ်တော့မလို့ပေမယ့် သူကအနည်းငယ်စဥ်းစားကြည့်ပြီးနောက်မှာ အခုက သူ့ရဲ့ဇနီလေးကို လက်ဆောင်ပေးထားဖို့ အချိန်ကောင်းပဲလို့ ထင်လိုက်ပြီး ပြန်ထလာပါတော့တယ်။
ရှောင်ဟန်ကတော့ ပိုင်လီက ရုတ်တရက်ပြန်ထလာလို့ လန့်သွားတော့တာပေါ့။
နောက်တော့ သူက ပိုင်လီက သစ်သားသေတ္တာကို ဖွင့်နေတာတွေ့လိုက်ရပြီး ထိုထဲက အထုတ်တွေဆွဲထုတ်လာတာကိုတွေ့လိုက်ရကာ ဒီတော့မှ ရှောင်ဟန်ကလည်း စိတ်သက်သာရာရသွားခဲ့တော့သည်။
ပိုင်လီကမူ အဝတ်ထုပ်ထဲက လက်ဝတ်ရတာကိုသေတ္တာကို ထုတ်လိုက်ပြီး ပန်းထိုးဖိနပ်ထုပ်ကိုလည်း ဆွဲကာဖြင့် ရှောင်ဟန်နားသွားထိုင်လိုက်၍ ကနဦးမှာ သူက ဒီတိုင်းပေးဖို့ တကယ်စဥ်းစားထားတာဖြစ်သော်လည်း ရှောင်ဟန်အနားရောက်မှ စိတ်ပြောင်းသွားကာ စနောက်ချင်စိတ်ဝင်လာသဖြင့် သူ၏မျက်လုံးများ ကြည်စယ်ရိပ်များဖြင့်လှည့်ပတ်သွားတော့သည်။
နောက်တော့ သူက ခပ်တည်တည်နဲ့ ပြောလိုက်ပါတော့တယ်။
"ဇနီးလေး.. ဝက်ဝံရောင်းပြီးတုန်းက ကိုယ်မင်းအတွက်လက်ဆောင်ဝယ်လာခဲ့တာရှိတယ် ဘာလဲဆိုတာခန့်မှန်းကြည့်လေ"
..................................................................
(AN/ ပထမဆုံးအနေနဲ့ ဇနီးလေးလို့ ခေါ်လိုက်ပြီဖြစ်ပါတယ်။ 🤭
ညီအကိုလိုပဲစောင့်ရှောက်မှာပါတဲ့။ ယုံပါတယ်အကိုရယ်လို့🤭)
###
အပိုင္း (၈၁) ဇနီးေလး ကိုယ္မင္းအတြက္ဝယ္လာတဲ့ လက္ေဆာင္ကိုခန့္မွန္းၾကည့္ေလ
သို႔ေသာ္ ပိုင္လီေရခ်ိဳးၿပီးျပန္လာခ်ိန္တြင္ သူ႕အိမ္ကေကာေလးေတြက မစားႏွင့္ေသးဘဲ သူ႕ကိုေစာင့္ေနေၾကာင္း ေတြ႕လိုက္ရၿပီး ပိုင္လီကေတာ့ ဒီလိုခံစားခ်က္မ်ိဳးကို အရမ္းသေဘာက်တာပါပဲ။
ေနာက္ေတာ့ သူတို႔မိသားစု အႏြေးကုတင္ေပၚမွာပဲ ညစာကို ေအးေဆးစြာစားလိုက္က်ၿပီး စားၿပီးေနာက္ ပိုင္လီက အေသးေလးေတြသိပ္ဖို႔ အစျပဳခဲ့သည္။
ေရွာင္ဟန္က အၿမဲတမ္း ပိုင္လီက အေသးေလးေတြနားရွိေနရင္ ေရွာင္ေပးတတ္တာက သတိထားမိစရာတစ္ခုပဲ။ သူက ပိုင္လီေျပာင္းလဲလာအၿပီးမွာ ပိုင္လီက အေသးေလးေတြအေပၚ အရမ္းဂ႐ုစိုက္လာတာကိုသတိျပဳမိၿပီး ထို႔ေၾကာင့္လည္း ပိုင္လီရွိေနခ်ိန္ေတြမွာဆို ေဘးထြက္ေနတတ္ကာ အေသးေလးေတြကို ပိုင္လီနဲသာ အတူရွိေစတတ္သည္။
ဘာလို႔လည္းဆိုေတာ့ သူက အရင္ကလို ပိုင္လီကေလးေတြကို မ်က္ကြယ္ျပဳၿပီး သံေယာဇဥ္မရွိေတာ့မွာကိုစိုးရိမ္လို႔ပါပဲ။ ဒါေၾကာင့္ သူက ပိုင္လီမအားတဲ့အခ်ိန္ေတြမွာပဲ အေသးေလးေတြနီးနီးကပ္ေနေတာ့တယ္။ အရင္ကအေျခေနေတြကို ႀကဳံေတြ႕ဖူးတာျဖစ္လို႔ ပိုင္လီက ကေလးေတြနဲ႕နီးကပ္ေနတာျမင္ရမွ သူစိတ္ခ်ရသလိုခံစားရတယ္ေလ။
ပိုင္လီက ကေလးေတြကိုသိပ္ေနေတာ့ ေရွာင္ဟန္ကအႏြေးကုတင္ရဲ႕အစြန္းမွာထိုင္ၿပီး သူ႕ရဲ႕ခ်ဳပ္လက္စအဝတ္ေလးကို ခ်ဳပ္ဖို႔ျပင္လိုက္ေသာ္လည္း ပိုင္လီက ဒါကိုျမင္ၿပီး ေျပာလာခဲ့ေလသည္။
"ညေရာက္ေနၿပီေလ မခ်ဳပ္နဲ႕ေတာ့"
ဒါကိုၾကားေတာ့ ေရွာင္ဟန္က ခဏရပ္တန့္သြားေပမယ့္ သူက အဝတ္ျခင္းကိုလည္းမခ်ပါဘူး။ ေနာက္မွအသံတိုးတိုးေလးနဲ႕ ေျပာလာသည္မွာ...
"လက္စသပ္စရာေလးရွိလို႔ပါ..."
ပိုင္လီသည္ အရင္ကလည္း သူေရွာင္ဟန္အား ညဘက္တြင္ အဝတ္မခ်ဳပ္ဖို႔ မွာခဲ့ဖူးတာကို မွတ္မိေသးသည္။ ၾကည့္စမ္း ဒီေကာင္ေလးက အဲဒီတုန္းက ဘာမွျပန္မေျပာဘဲ နာခံသလိုလိုလုပ္ေနေပမယ့္ တကယ္တမ္းစကားနားမေထာင္ဘူးပဲ။
ဒီမွာက ေန႕ခင္းလိုအလင္းကို ေကာင္းေကာင္းျမင္ရမယ့္ လွ်ပ္စစ္မီးေတြမရွိဘဲ ဆီနဲ႕ထြန္းရတဲ့ မီးခြက္ေလးပဲရွိတာေၾကာင့္ အလင္းက သိပ္မေကာင္းလွဘူးေလ။ ဒါေၾကာင့္ ၾကာရင္ အျမင္အာ႐ုံကိုထိခိုက္နိုင္တယ္။
ဒါေပမယ့္ ပိုင္လီက ဘာတက္နိုင္မွာလဲ။ သူသာဆက္ေျပာေနရင္ ဖိအားေပးသလိုျဖစ္ၿပီး ထိုေကာင္ေလးကိုေျခာက္မိဦးမယ္။
ဒါေၾကာင့္ သူက အေသးေလးေတြကို ခပ္ဖြဖြပုတ္ေပးေနရင္းက ေရွာင္ဟန္အဝတ္ခ်ဳပ္တဲ့ထဲ အာ႐ုံမစိုက္နိုင္ေအာင္ မနက္မွေျပာဖို႔စဥ္းစားထားသည့္ စကားမ်ားအား အခုေျပာဖို႔ဆုံးျဖတ္လိုက္ေတာ့သည္။
"ေရွာင္ဟန္ ကိုယ္ညေနက အေဖတို႔နဲ႕ လယ္ကြက္ဘယ္ေလာက္ဝယ္ရမလဲကို ေဆြးႏြေးခဲ့တယ္"
ေရွာင္ဟန္က ဒါကိုၾကားေတာ့ အႏြေးကုတင္ရဲ႕အတြင္းပိုင္းကလူကို လွမ္းၾကည့္လိုက္မိသည္။ အဲဒီအခ်ိန္မွာ ပိုင္လီက ကေလးေတြရဲ႕ၿခဳံေစာင္က ကန့္လန့္ျဖစ္ေနတာလားလို႔ သံသယဝင္ၿပီး ေစာင္ကိုျပန္ျပင္ဖို႔လုပ္ေနခဲ့ကာ ေရွာင္ဟန္က ခဏရပ္တန့္သြားခဲ့ေသာ္လည္း သူကဘာမွမေျပာဘဲ ပိုင္လီေျပာမွာကိုသာ ဆက္နားေထာင္ေနခဲ့ေတာ့၏။
သူက ပိုင္လီမွ သူ႕ကို ဒါေတြေျပာျပလာမည္ဟု မေမွ်ာ္လင့္ထားဘဲ အနည္းငယ္ အံၾသသြားခဲ့တာေတာ့အမွန္ပါပဲ။
ဒါေပမယ့္ သူတို႔က မိသားစုတစ္ခုျဖစ္ၿပီး ပိုင္လီက သူလုပ္မယ့္အရာေတြကို သူ႕ကိုေျပာျပတာက ေကာင္းပါတယ္။ မဟုတ္ရင္ ကိုယ့္အိမ္က ဦးစီးလုပ္မယ့္လုပ္ငန္းေတြကို ဇနီးျဖစ္သူက အၾကမ္းဖ်င္းေတာင္သိမထားရင္ နည္းနည္း ရွက္စရာေကာင္းေနမွာေလ။
ေရွာင္ဟန္က ပိုင္လီ သူ႕ကိုေျပာျပတာနဲ႕တင္ ေက်းဇူးတင္ေနပါၿပီ။
ဒါေၾကာင့္သူက ၿငိမ္သက္စြာနားေထာင္ေနကာ ပိုင္လီက ဆက္ေျပာေနခဲ့၏။
"ကိုယ္တို႔ စပါးစိုက္တဲ့ လယ္ကြက္ငါးရာေလာက္နဲ႕ အသီး႐ြက္စိုက္တဲ့ေျမကြက္ကိုေတာ့ သစ္သီးၿခံအတြက္ေရာ ဂ်ဳံနဲ႕အသီး႐ြက္ေတြ စိုက္ဖို႔အတြက္ေရာ တစ္ေထာင္ေက်ာ္ေလာက္ ဝယ္က်မယ္"
ေရွာင္ဟန္က ဒါကိုၾကားေတာ့ နည္းနည္းလႈပ္လႈပ္ရွားရွားျဖစ္သြားၿပီး သူ႕ရဲ႕ေခါင္းေတာင္ မူးေဝသြားခဲ့သလို ခံစားခဲ့ရသည္။ လယ္ကြက္ငါးရာနဲ႕ ေျမကြက္တစ္ေထာင္ေက်ာ္လို႔ သူၾကားလိုက္တာလား။ မျဖစ္နိုင္တာ။ သူနားၾကားမွားသြားက ပိုျဖစ္နိုင္ေလာက္ပါတယ္။ ဟုတ္တယ္မလား။
သို႔ေသာ္ ညအခ်ိန္သည္ တိတ္ဆိတ္ေနၿပီး ပိုင္လီ၏အသံက ျငင္သာေပမယ့္ ရွင္းလင္းလြန္းခဲ့သည္။ ေရွာင္ဟန္က သူ႕ကိုယ္သူ ညာေနရင္ေတာင္ အမွန္ကေတာ့ ေျပာင္းလဲသြားမွာမဟုတ္ဘူးေလ။
ဒီအခ်ိန္မွာ ေရွာင္ဟန္က သူဘယ္လိုခံစားေနမွန္းကို မေျပာျပတတ္ေတာ့ပါဘူး။ အဲဒါက တကယ္ကိုမယုံခ်င္စရာႀကီးမလား။ သူတို႔က လက္ထဲေငြမရွိဘဲ စားဖို႔ေတာင္ အနိုင္နိုင္ျဖစ္ခဲ့ရတဲ့ရက္ေတြက သိပ္အေဝးႀကီးမွာ မက်န္ခဲ့ေသးေပမယ့္ အခုေတာ့ လယ္ကြက္ရာခ်ီ၊ေထာင္ခ်ီၿပီး ဝယ္ဖို႔ေတာင္ျပင္ေနပါၿပီ။
ေရွာင္ဟန္က ဒါေတြရဲ႕အဓိကလူျဖစ္သည့္ ပိုင္လီကထပ္လွမ္းၾကည့္လိုက္ခ်ိန္တြင္ ဒီတစ္ခါ ထိုလူကလည္း သူ႕ကိုၾကည့္ေနေၾကာင္း ေတြ႕လိုက္ရသည္။
ကေလးေတြက အိပ္သြားၿပီျဖစ္တဲ့အတြက္ ပိုင္လီက အႏြေးကုတင္ေပၚမွာ ဒီတိုင္းထိုင္ေနပါတယ္။ သူ႕ကိုၾကည့္ရတာ ေရွာင္ဟန္ဆီက တစ္ခုခုေျပာလာမွာကိုေစာင့္ေနပုံလည္းရတယ္။
ေရွာင္ဟန္: ......
ဘာလဲ။ သူ႕ခင္ပြန္းက သူ႕ဆီကထင္ျမင္ခ်က္ကို ေစာင့္ေနတာမ်ားလား။
ဒီလိုေတြးမိခ်ိန္တြင္ ေရွာင္ဟန္က ရယ္မိေတာ့မလိုပါပင္။
ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ။ ပိုင္လီက သူ႕ကိုေျပာျပတာေတာင္ အရမ္းေကာင္းေနပါၿပီ။ ပိုင္လီအေနနဲ႕ သူ႕ဆီကထင္ျမင္ခ်က္ကို ေတာင္းေနစရာမလိုပါဘူး။ ေငြေတြအားလုံးက ပိုင္လီရွာထားတာျဖစ္လို႔ ပိုင္လီစိတ္ႀကိဳက္သုံးနိုင္တာပဲကို မဟုတ္ဘူးလား။
သို႔ေသာ္ သူထိုသို႔ေတြးေနခ်ိန္တြင္ ပိုင္လီကထပ္ေျပာလာခဲ့ေလသည္။
"အမ္...အဲေတာ့ မင္းဘယ္လိုထင္လဲ "
ေရွာင္ဟန္: .......
အဲေတာ့ တကယ္ႀကီး! သူ႕ခင္ပြန္းက သူ႕ရဲ႕ထင္ျမင္ခ်က္ကိုေမးေနတာတဲ့လား!!
ေရွာင္ဟန္သည္ အျပင္ဘက္တြင္ ေၾကာင္ကာ ၿငိမ္ေနပုံရေသာ္လည္း သူ၏စိတ္ထဲတြင္ေျပးလႊားေနခဲ့တာျဖစ္သည္။
အယ္.. သူ႕ကိုလာေမးေတာ့ သူကဘယ္လိုေျဖရမွာလဲ။ သူစိတ္ရင္းအတိုင္းေျဖရရင္ ေျမကြက္ေတြနဲ႕လယ္ကြက္ေတြဝယ္မွာက အရမ္းမ်ားတယ္လို႔ ေျပာမိမွာပဲ။
ဒါေပမယ့္ ပိုင္လီရဲ႕ လက္ရွိပိုင္ဆိုင္မႈနဲ႕ ယွဥ္ၾကည့္လိုက္မယ္ဆိုရင္ အဲတာက ဘာမွမဟုတ္ျပန္ဘူးေလ။ ၿပီးေတာ့ ပိုင္လီက ဝမ္မိသားစုနဲ႕ျပႆနာတတ္ထဲက သူကသစ္သီးၿခံေဆာက္မယ္လို႔ ေျပာခဲဖူးၿပီး အဲလိုေျပာဖူးလို႔ သူသိတယ္ဆိုေပမယ့္ တကယ္တမ္းသူကလည္း သစ္သီးၿခံနဲ႕ပတ္သတ္တဲ့ အေၾကာင္းေတြကို ဘာမွသိတာမဟုတ္ဘူး။ အဲတာက တကယ္ပဲေျမကြက္တစ္ေထာင္ကုန္နိုင္တာလား။
သူက အဲလိုဘာမွမသိတဲ့အတြက္ ဘယ္လိုထင္ျမင္ခ်က္ကို ေပးနိုင္မွာတဲ့လဲ။ ေျပာခဲ့သလိုပဲ သူ႕အတြက္ေတာ့ ဝယ္မယ့္ပမာဏက အရမ္းမ်ားလြန္းတာပဲသိတယ္။
ဒါေပမယ့္ သူဒီလိုေျပာလိုက္လို႔လည္း မရဘူးေလ။
ပိုင္လီက ဒီေနာက္ပိုင္း ေကာင္းမြန္လာၿပီး သူကလည္း ပိုင္လီရဲ႕ဆႏၵကိုဆန့္က်င္ၿပီး ပိုင္လီကို စိတ္အႏွောက္ယွက္ျဖစ္ေအာင္မလုပ္ခ်င္ပါဘူး။ ၿပီးေတာ့ ဒီေငြေတြအကုန္လုံးကလည္း ပိုင္လီကပဲ သက္စြန့္ဆံဖ်ားရွာထားတာျဖစ္လို႔ ပိုင္လီသာေကာင္းမယ္လို႔ယူဆရင္ သူလည္း ေထာက္ခံေပး႐ုံပဲ တတ္နိုင္ေတာ့မွာေပါ့။
ဒါေၾကာင့္ပဲ ေရွာင္ဟန္က....
"ကြၽန္ ကြၽန္ေတာ္လည္းမသိဘူးေလ ဒါေပမယ့္ ခင္ဗ်ားေကာင္းမယ္ထင္ရင္ ေကာင္းပါတယ္"
ပိုင္လီက ဒီအေျဖက ျပည့္စုံမႈအားနည္းတယ္လို႔ ထင္ခဲ့ေပမယ့္ ေရွာင္ဟန္ရဲ႕ မူလကသူ႕ကို စကားေတာင္ေကာင္းေကာင္းမေျပာရဲတဲ့ အေျခေနနဲ႕ယွဥ္ေတာ့ အေျဖျပန္ရတာကတင္ ပိုေကာင္းလာၿပီလို႔ သတ္မွတ္လို႔ရသျဖင့္ ဒီေလာက္နဲ႕ေက်နပ္ခဲ့လိုက္သည္။
တကယ္ေတာ့ ပိုင္လီက ေရွာင္ဟန္ကသာ လယ္ကြက္ေတြနဲ႕ ေျမကြက္ေတြဝယ္မွာက အရမ္းမမ်ားဘူးလားလို႔ ေမးခဲ့ရင္ သူက ရွင္းျပဖို႔ဆႏၵရွိခဲ့ပါတယ္။ ဒါေပမယ့္ ဒီေကာင္ေလးက ဒီလိုမေမးခဲ့ဘူးဆိုမွေတာ့ သူကလည္း ေနာက္မွပဲ ေျဖးေျဖးခ်င္း ရွင္းျပသြားေတာ့မယ္ေလ။
ေနာက္ေတာ့ ပိုင္လီက အခ်ိန္မနည္းေတာ့၍ ေရွာင္ဟန္အား အဝတ္ဆက္မခ်ဳပ္ဘဲ အိပ္ေတာ့ဖို႔ေျပာလိုက္ၿပီး ေရွာင္ဟန္က ခဏေနရင္ အိပ္ေတာ့မွာပါဟု ျပန္ေျဖခဲ့သျဖင့္ သူကလည္း အေသးေလးေတြရဲ႕တစ္ဖက္မွာ ဝင္လွဲခဲ့လိုက္ေတာ့သည္။
အဲဒီမွာ ပိုင္လီက မ်က္လုံးေထာင့္ကေန သစ္သားေသတၱာအေဟာင္းေလးကို ဖ်ပ္ခနဲျမင္လိုက္ၿပီး သူဝက္ဝံေရာင္းရာကေနျပန္လာတုန္းက ပါလာတဲ့ လက္ဝတ္ရတာနာေသတၱာေလးပါတဲ့ အဝတ္ထုပ္ေလးႏွင့္ ပန္းထိုးဖိနပ္မ်ားကို ထုပ္ပိုးထားေသာ အထုပ္ေလးတို႔သည္ ထိုသစ္သားေသတၱာ အေဟာင္းထဲမွာ ရွိေနတာကို သတိရသြားခဲ့၏။
လက္ဝတ္ရတနာေတြနဲ႕ လက္ေဆာင္ေတြအေၾကာင္း ေျပာရရင္ ပိုင္လီက သူ႕မိသားစုဝင္ေတြကို ေပးဖို႔အခ်ိန္ေကာင္းကို ေစာင့္မယ္လို႔ စဥ္းစားထားတာေပမယ့္ က်ိဳးရွီရဲ႕ကိစၥက ၾကားျဖတ္ဝင္လာတာေၾကာင့္ ခုထိမေပးနိုင္ျဖစ္ခဲ့ရတာပင္။
ဒီၾကားထဲမွာ ေရွာင္ဟန္ကလည္း ဒီပစၥည္းေတြကို ဖြင့္ၾကည့္ခဲ့ပုံမရပါဘူး။ အကယ္၍ ထိုေကာင္ေလးသာ ပစၥည္းေတြကိုျမင္ၿပီးရင္ တည္ၿငိမ္နိုင္မွာမဟုတ္ဘူးေလ။
တကယ္ေတာ့ ေရွာင္ဟန္က ပိုင္လီနဲ႕ပတ္သတ္ရင္ အရမ္းကိုသတိထားေနတုန္းပါပဲ။ သူက ပိုင္လီခြင့္မျပဳထားတဲ့ ဘယ္အရာကိုမွ သူ႕သေဘာ၊သူ႕ဆႏၵနဲ႕မလုပ္သလို ပိုင္လီက သူ႕ကိုမေပးထားတဲ့ ပစၥည္းေတြကိုလည္း ခိုးေတာင္မၾကည့္ဝံ့ရွာဘူး။
အစကေတာ့ ပိုင္လီက အိပ္ေတာ့မလို႔ေပမယ့္ သူကအနည္းငယ္စဥ္းစားၾကည့္ၿပီးေနာက္မွာ အခုက သူ႕ရဲ႕ဇနီေလးကို လက္ေဆာင္ေပးထားဖို႔ အခ်ိန္ေကာင္းပဲလို႔ ထင္လိုက္ၿပီး ျပန္ထလာပါေတာ့တယ္။
ေရွာင္ဟန္ကေတာ့ ပိုင္လီက ႐ုတ္တရက္ျပန္ထလာလို႔ လန့္သြားေတာ့တာေပါ့။
ေနာက္ေတာ့ သူက ပိုင္လီက သစ္သားေသတၱာကို ဖြင့္ေနတာေတြ႕လိုက္ရၿပီး ထိုထဲက အထုတ္ေတြဆြဲထုတ္လာတာကိုေတြ႕လိုက္ရကာ ဒီေတာ့မွ ေရွာင္ဟန္ကလည္း စိတ္သက္သာရာရသြားခဲ့ေတာ့သည္။
ပိုင္လီကမူ အဝတ္ထုပ္ထဲက လက္ဝတ္ရတာကိုေသတၱာကို ထုတ္လိုက္ၿပီး ပန္းထိုးဖိနပ္ထုပ္ကိုလည္း ဆြဲကာျဖင့္ ေရွာင္ဟန္နားသြားထိုင္လိုက္၍ ကနဦးမွာ သူက ဒီတိုင္းေပးဖို႔ တကယ္စဥ္းစားထားတာျဖစ္ေသာ္လည္း ေရွာင္ဟန္အနားေရာက္မွ စိတ္ေျပာင္းသြားကာ စေနာက္ခ်င္စိတ္ဝင္လာသျဖင့္ သူ၏မ်က္လုံးမ်ား ၾကည္စယ္ရိပ္မ်ားျဖင့္လွည့္ပတ္သြားေတာ့သည္။
ေနာက္ေတာ့ သူက ခပ္တည္တည္နဲ႕ ေျပာလိုက္ပါေတာ့တယ္။
"ဇနီးေလး.. ဝက္ဝံေရာင္းၿပီးတုန္းက ကိုယ္မင္းအတြက္လက္ေဆာင္ဝယ္လာခဲ့တာရွိတယ္ ဘာလဲဆိုတာခန့္မွန္းၾကည့္ေလ"
..................................................................
(AN/ ပထမဆုံးအေနနဲ႕ ဇနီးေလးလို႔ ေခၚလိုက္ၿပီျဖစ္ပါတယ္။
ညီအကိုလိုပဲေစာင့္ေရွာက္မွာပါတဲ့။ ယုံပါတယ္အကိုရယ္လို႔)