အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

ChihiroLily7 द्वारा

106K 9.3K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... अधिक

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့

848 77 0
ChihiroLily7 द्वारा

"ခင်များနဲ့ ဥက္ကဋ္ဌကျိုး ဒီလိုနေရာသေးသေးလေးအထိ လာစရာမလိုပါဘူးဗျာ ကျွန်တော့်တာဝန်သာ ထားလိုက်ပါ"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ စိတ်မပူပါနဲ့ ကျွန်တော် သေချာစောင့်ရှောက်လိုက်ပါမယ်"

" ကောင်းပါပြီ ကောင်းပါပြီ၊ ဒါဆို ဆက်လုပ်လိုက်ပါအုံး၊ ကျေးဇူးပြုပြီး ဥက္ကဋ္ဌကျိုးကို သတိရကြောင်း ပြောပေးပါဗျာ ကျေးဇူးတင်ပါတယ်"

Sမြို့တော်ဝန် ဟန်လင်းသည် ဖုန်းတစ်ဖက်တွင် ကျိုးရွှမ်း၏လက်ထောက်ကို တလေးတစားဖြင့် စကားပြောနေသည်။ မကြာခဏဆိုသလို ဦးညွတ်လိုက် မြောက်ပင့်လိုက်နှင့် တစ်ခုခုအမှားလုပ်မိသွားကာ အရာရှိမင်းကို စိတ်ကွက်အောင်လုပ်မိမှာ စိုးနေတော့သည်။

ဖုန်းပြောပြီးနောက် ဟန်လင်းသည် သက်ပြင်းချလိုက်လေသည်။ အလွန်စိတ်လှုပ်ရှားသွားခြင်းကြောင့် နဖူးပေါ်က ချွေးများကို သုတ်လိုက်ပြီး ကိုယ်ကို မတ်လိုက်လေသည်။

လွန်ခဲ့သည့်ဆယ်မိနစ်က ဖယ်ဒရယ်၏နံပါတ်တစ် ဘဏ္ဍာရေးအုပ်စု ဥက္ကဋ္ဌ ကျိုးရွှမ်း၏လက်ထောက်က သူ့ကိုဖုန်းခေါ်လာပြီး ဘွင်းဘွင်းကြီးပြောခဲ့လေသည်။ ရှန်မျိုးရိုးအမည်ရှိ မိသားစုတစ်ခုကို အထူးစောင့်ရှောက်ပေးစေချင်သည်တဲ့။ ဥက္ကဋ္ဌကျိူးအတွက် အလုပ်လုပ်ပေးရသဖြင့် အကျိုးကျေးဇူးများ ရလိမ့်မည်ဟုပင် တဖက်လူက ပြောခဲ့သေးသည်။

ဟန်လင်းသည် အရင်ကတည်းက ကျိူးမိသားစုအား မျက်နှာလိုမျက်နှာရ လုပ်ချင်ခဲ့သော်လည်း ဒါသည် ကျိုးရွှမ်းနှင့်ရင်းနှီးသည့် တစ်စုံတစ်ယောက်နှင့် ပထမဆုံး စကားပြောဖူးချင်းပင်။ သူသည် ကြောက်လွန်းလှသဖြင့် မြန်မြန် သဘောတူလိုက်တော့သည်။

သူ့အတွက်တော့ သည်ကိစ္စသည် ကောင်းကင်မှကျလာသည့် ရွှေပဲစေ့ကြီးတစ်ခုလိုပင်။ သူ့ကို မူးနောက်သွားသည်အထိ ဖိချေလိုက်တော့သည်။ အနာဂတ်တွင် အရာရှိမင်းတစ်ယောက်အဖြစ် ရာထူးတိုးခံရကာ သာယာသည့်နေ့များကိုပင် စိတ်ကူးယဥ်မိတော့သည်။

သို့သော် ဖုန်းချလိုက်ပြီးနောက် ထိုကိစ္စကို သေသေချာချာ ပြန်စဥ်းစားလိုက်လေသည်။ Sမြို့တွင် ရှန်အမျိုးရိုးအမည်နှင့် အထူးလေ့ကျင့်ရေးအရာရှိ သို့မဟုတ် နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက်မှ ရှိဟန်မတူချေ။ သူသည် မြို့တော်ဝန်အဖြစ် ဆယ်နှစ်လောက်အလုပ်လုပ်လာသော်လည်း ရှန်မိသားစုအကြောင်း တစ်ခါမှ မကြားဖူးချေ။ အမှန်ပင် ထူးဆန်းလှပေသည်။

ဟန်လင်းသည် ရှန်မိသားစုနေထိုင်သည့် တည်နေရာကို အနီးကပ်ကြည့်လိုက်၏။ ထိုနေရာသည် မြို့စွန်နားတွင်ရှိပြီး ယိုယွင်းနေသည့် လူနေအဆောက်အအုံတစ်ခု အမှန်ပင် ဖြစ်လေသည်။ ချမ်းသာပြီး အင်အားကြီးသည့် မိသားစုတစ်ခုနှင့် မတူလေရာ ဟန်လင်းမှာ ပို၍ စိတ်ရှုပ်သွားတော့သည်။

တစ်ခုခုတော့ မှားနေပါပြီ။ ဟန်လင်း သူ့နဖူးပြောင်ပြောင်ကို ထိလိုက်၏။

ကျိုးရွှမ်း သူ့ကိုဖုန်းခေါ်ပြီး စောင့်ရှောက်ခိုင်းတဲ့ ရှန်မိသားစုက သေချာပေါ့ မရိုးရှင်းဘူး။ သူတို့တွေက လျှို့ဝှက်တဲ့ မိသားစုကြီးတစ်ခု မဟုတ်ရင် ကျိုးရွှမ်းနဲ့ အဆက်အသွယ်မနည်းမနောရှိတာပဲ ဖြစ်ရမယ်။ သူ သတိထားမှပဲ။

" ငါ ဒီရှန်မိသားစုကို အပန်းဖြေအိမ်နဲ့ ဇိမ်ခံကားတစ်စီးလောက် ပေးနိုင်မယ့် အခွင့်အရေးတစ်ခုလောက် ရှာလိုက်ရင်ကောင်းမလား၊ ကျိုးမိသားစုက ဂရုစိုက်တဲ့လူတွေကို ဒီလိုစုတ်ပြတ်နေတဲ့နေရာမှာ နေခွင့်မပြုနိုင်ဘူးလေ"

ဟန်လင်းသည် စီးကရက်ကိုမီးညှိလိုက်ပြီး စိုးရိမ်တကြီး ရေရွတ်နေတော့သည်။

မကြာလိုက်ပေ။ သူ့အတွေးကို လက်လျှော့လိုက်ပြီး မျက်မှောင်ကျုံ့ထားလိုက်လေသည်။

" ကျိုးရွှမ်းရဲ့လက်ထောက်က အရေးမကြီးရင် ရှန်မိသားစုကို သွားမနှောင့်ယှက်နဲ့လို့လဲ အထူးတလည်မှာထားသေးတယ်၊ ရှန်မိသားစု သူတို့ရဲ့စိတ်အခြေအနေကို လေ့ကျင့်ဖို့ ခက်ခဲ့တဲ့ဘဝနဲ့ နေချင်တာဆိုတာရင် ဘယ်လိုလုပ်မလဲ၊ ငါဒီလိုလုပ်လိုက်ရင် သူတို့ကို သွားဆွသလိုဖြစ်ပြီး ဒေါသထွက်အောင်လုပ်လိုက်သလို ဖြစ်သွားမလား"

ဟန်လင်းသည် အုံးနှောက်ခြောက်အောင် စဥ်းစားသော်လည် ရှန်မိသားစုကို စိတ်ကျေနပ်အောင်လုပ်ပေးပြီး ရှန်မိသားစုကို အသုံးချကာ ကျိုးရွှမ်းနှင့်စကားပြောနိုင်မည့် ကျိုးကြောင်းဆီလျော်သည့်နည်းလမ်းကို စဥ်းစားမရချေ။ သူသည် ဘာမှမတတ်နိုင်ဘဲ စီးကရက်တစ်လိပ်ပြီးတစ်လိပ်သောက်ရင်း သက်ပြင်းချမိနေတော့သည်။

"ယို့ အဖေ ဘာတွေစိတ်ပူနေတာလဲ"

ဟန်ရဲ့အိမ်ပြန်ရောက်သည်နှင့် Sမြို့တော်ဝန် ဖြစ်သည့် သူ့အဖေက သက်ပြင်းချနေသည်ကို တွေ့လိုက်ရလေသည်။

သူ့အဖေက ဖဒရယ်မြို့တော်က အာဏာရှိနဲ့အရာရှိတွေနဲ့ မယှဥ်နိုင်ပေမယ့် ဒီလိုSမြို့လေးမှာတော့ သူ့စကားကတစ်ခွန်းဆိုတစ်ခွန်း ထိရောက်တဲ့သူပါ။ သူ့အဖေ အဲလောက်စိတ်ဒုက္ခရောက်နေတာ ပထမဆုံးတွေ့ဖူးတာပဲ။ ဧကန္တတစ်ခုခု ဖြစ်နေလို့လား။

" မကောင်းတဲ့ကိစ္စဖြစ်သွားလို့လား"

ထိုအတွေးကြောင့် ဟန်ရဲ့၏နှလုံးခုန်နှုန်း မြန်သွားပြီး သူ့အသံမှ တုန်ရီသွားတော့သည်။ သူ့မှာ ဒီလောက်ကောင်းတဲ့ အဖေတစ်ယောက်ရှိထားလို့ Sမြို့မှာ အခုလိုအာဏာရှိနိုင်တာပေါ့။ တကယ်ပဲ တစ်ခုခုဖြစ်သွားရင် သူ့နေ့ရက်ကောင်းလေးတွေ ကုန်ဆုံးသွားတော့မှာပဲ။

" ခွေးကောင် သောက်သုံးမကျတဲ့ကောင်"

ဟန်လင်းသည် သူ့သားကြောင့် အတွေးပြတ်သွားတော့သည်။ သူဝိုးတဝါးစဥ်းစားနေသည့် အတွေးတစ်ခုမှာ ချက်ချင်းပျောက်သွားတော့သည်။ ဟန်ရဲ့၏နမော်နမဲ့နှင့် အရည်အချင်းမရှိပုံကို ကြည့်ရင်း ဟန်လင်း သူ့သားကို ကန်ထုတ်ပစ်ချင်သွားတော့သည်။

" ဘာမကောင်းတဲ့ကိစ္စလဲ၊ ကောင်းတဲ့ကိစ္စမှ အကြီးကြီးကွ"

သူ ကျိုးရွှမ်းပေးတဲ့အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်သ၍ ဒါကို ကျိုးရွှမ်းက သူ့အပေါ် ကျေးဇူးတင်စိတ်နဲ့ အလှဲအလှယ်လုပ်ရမယ်လေ။ ဖယ်ဒရယ်မြို့တော်ကို ဝင်နိုင်ဖို့ နဲ့ ဒီလိုပဲ ရာထူးတွေတက်သွားဖို့ ကျိုးမိသားစုကို အသုံးချနိုင်ရမယ်။

ဒါပေမယ့် ဒီအခွင့်အရေးကို ဖမ်းဆုပ်ဖို့ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ ကြည့်ရတာ ရှန်မိသားစုအကြောင်းကို ထပ်မေးမှ အနာနဲ့ဆေးတွေ့မယ်ထင်တယ်။

မကောင်းသည့်ကိစ္စမဟုတ်ကြောင်း ကြားလိုက်ရသဖြင့် ဟန်ရဲ စိတ်အေးသွားတော့သည်။

ဟန်လင်း စိတ်ဆိုးနေသည်ကို တွေ့လိုက်ရသဖြင့် သူ ခပ်မြန်မြန် ရှောင်ထွက်သွားဖို့ ပြင်လိုက်လေသည်။

"ကောင်းပါတယ်၊ ကောင်းပါတယ်၊ အဖေ ဆက်လုပ်နော် ကျွန်တော် အပေါ်ထပ်တက်တော့မယ်"

"အဲမှာရပ်စမ်း"

ဟန်လင်းသည် ဟန်ရဲ့၏ပြောင်လက်နေသည့်အဝတ်အစားကို ဝါးစားတော့မတတ်ကြည့်လိုက်ပြီး ချက်ချင်း ဒေါသထွက်သွားတော့သည်။

" မင်း အသက်၂၀ပြည့်သွားပြီး ဘာမှမလုပ်နိုင်သေးဘူး၊ ကျိုးမိသားစုက ကျိုးရွှမ်းကို ကြည့်စမ်း၊ သူ မင်းထက် အများကြီးကြီးတာမဟုတ်ဘူး၊ ကျိုးကော်ပိုရေးရှင်းကို လက်လွဲယူပြီးတော့ ကောင်းကောင်း နေနိုင်နေပြီ၊ မင့်အဖေ ငါကတော့ သူ့နောက်လိုက်ပြီး သူ့ဖိနပ်ကို လိုက်သယ်ပေးနေရတယ်ကွ"

...

Paid group မှာ တပတ် ၇ပိုင်းနှုန်းတင်ပါတယ်။ Freeမစောင့်ချင်ရင် အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ် FB pageမှာ hi ပို့ပြီး ဝယ်ယူနိုင်ပါတယ်ရှင်။

Gp1 ( 1-250) Kpay/Wavepay -2500

....

Zawgyi

အပိုင္း (၄၉) ခက္ခဲတဲ့ဘဝမွာ ေနခ်င္တယ္တဲ့

"ခင္မ်ားနဲ႔ ဥကၠ႒က်ိဳး ဒီလိုေနရာေသးေသးေလးအထိ လာစရာမလိုပါဘူးဗ်ာ ကြၽန္ေတာ့္တာဝန္သာ ထားလိုက္ပါ"

"ဟုတ္ကဲ့ပါ ဟုတ္ကဲ့ပါ စိတ္မပူပါနဲ႔ ကြၽန္ေတာ္ ေသခ်ာေစာင့္ေရွာက္လိုက္ပါမယ္"

" ေကာင္းပါၿပီ ေကာင္းပါၿပီ၊ ဒါဆို ဆက္လုပ္လိုက္ပါအုံး၊ ေက်းဇူးျပဳၿပီး ဥကၠ႒က်ိဳးကို သတိရေၾကာင္း ေျပာေပးပါဗ်ာ ေက်းဇူးတင္ပါတယ္"

Sၿမိဳ႕ေတာ္ဝန္ ဟန္လင္းသည္ ဖုန္းတစ္ဖက္တြင္ က်ိဳး႐ႊမ္း၏လက္ေထာက္ကို တေလးတစားျဖင့္ စကားေျပာေနသည္။ မၾကာခဏဆိုသလို ဦးၫြတ္လိုက္ ေျမာက္ပင့္လိုက္ႏွင့္ တစ္ခုခုအမွားလုပ္မိသြားကာ အရာရွိမင္းကို စိတ္ကြက္ေအာင္လုပ္မိမွာ စိုးေနေတာ့သည္။

ဖုန္းေျပာၿပီးေနာက္ ဟန္လင္းသည္ သက္ျပင္းခ်လိုက္ေလသည္။ အလြန္စိတ္လႈပ္ရွားသြားျခင္းေၾကာင့္ နဖူးေပၚက ေခြၽးမ်ားကို သုတ္လိုက္ၿပီး ကိုယ္ကို မတ္လိုက္ေလသည္။

လြန္ခဲ့သည့္ဆယ္မိနစ္က ဖယ္ဒရယ္၏နံပါတ္တစ္ ဘ႑ာေရးအုပ္စု ဥကၠ႒ က်ိဳး႐ႊမ္း၏လက္ေထာက္က သူ႔ကိုဖုန္းေခၚလာၿပီး ဘြင္းဘြင္းႀကီးေျပာခဲ့ေလသည္။ ရွန္မ်ိဳး႐ိုးအမည္ရွိ မိသားစုတစ္ခုကို အထူးေစာင့္ေရွာက္ေပးေစခ်င္သည္တဲ့။ ဥကၠ႒က်ိဴးအတြက္ အလုပ္လုပ္ေပးရသျဖင့္ အက်ိဳးေက်းဇူးမ်ား ရလိမ့္မည္ဟုပင္ တဖက္လူက ေျပာခဲ့ေသးသည္။

ဟန္လင္းသည္ အရင္ကတည္းက က်ိဴးမိသားစုအား မ်က္ႏွာလိုမ်က္ႏွာရ လုပ္ခ်င္ခဲ့ေသာ္လည္း ဒါသည္ က်ိဳး႐ႊမ္းႏွင့္ရင္းႏွီးသည့္ တစ္စုံတစ္ေယာက္ႏွင့္ ပထမဆုံး စကားေျပာဖူးခ်င္းပင္။ သူသည္ ေၾကာက္လြန္းလွသျဖင့္ ျမန္ျမန္ သေဘာတူလိုက္ေတာ့သည္။

သူ႔အတြက္ေတာ့ သည္ကိစၥသည္ ေကာင္းကင္မွက်လာသည့္ ေ႐ႊပဲေစ့ႀကီးတစ္ခုလိုပင္။ သူ႔ကို မူးေနာက္သြားသည္အထိ ဖိေခ်လိုက္ေတာ့သည္။ အနာဂတ္တြင္ အရာရွိမင္းတစ္ေယာက္အျဖစ္ ရာထူးတိုးခံရကာ သာယာသည့္ေန႔မ်ားကိုပင္ စိတ္ကူးယဥ္မိေတာ့သည္။

သို႔ေသာ္ ဖုန္းခ်လိုက္ၿပီးေနာက္ ထိုကိစၥကို ေသေသခ်ာခ်ာ ျပန္စဥ္းစားလိုက္ေလသည္။ Sၿမိဳ႕တြင္ ရွန္အမ်ိဳး႐ိုးအမည္ႏွင့္ အထူးေလ့က်င့္ေရးအရာရွိ သို႔မဟုတ္ နာမည္ေက်ာ္ပုဂၢိဳလ္တစ္ေယာက္မွ ရွိဟန္မတူေခ်။ သူသည္ ၿမိဳ႕ေတာ္ဝန္အျဖစ္ ဆယ္ႏွစ္ေလာက္အလုပ္လုပ္လာေသာ္လည္း ရွန္မိသားစုအေၾကာင္း တစ္ခါမွ မၾကားဖူးေခ်။ အမွန္ပင္ ထူးဆန္းလွေပသည္။

ဟန္လင္းသည္ ရွန္မိသားစုေနထိုင္သည့္ တည္ေနရာကို အနီးကပ္ၾကည့္လိုက္၏။ ထိုေနရာသည္ ၿမိဳ႕စြန္နားတြင္ရွိၿပီး ယိုယြင္းေနသည့္ လူေနအေဆာက္အအုံတစ္ခု အမွန္ပင္ ျဖစ္ေလသည္။ ခ်မ္းသာၿပီး အင္အားႀကီးသည့္ မိသားစုတစ္ခုႏွင့္ မတူေလရာ ဟန္လင္းမွာ ပို၍ စိတ္ရႈပ္သြားေတာ့သည္။

တစ္ခုခုေတာ့ မွားေနပါၿပီ။ ဟန္လင္း သူ႔နဖူးေျပာင္ေျပာင္ကို ထိလိုက္၏။

က်ိဳး႐ႊမ္း သူ႔ကိုဖုန္းေခၚၿပီး ေစာင့္ေရွာက္ခိုင္းတဲ့ ရွန္မိသားစုက ေသခ်ာေပါ့ မ႐ိုးရွင္းဘူး။ သူတို႔ေတြက လွ်ိဳ႕ဝွက္တဲ့ မိသားစုႀကီးတစ္ခု မဟုတ္ရင္ က်ိဳး႐ႊမ္းနဲ႔ အဆက္အသြယ္မနည္းမေနာရွိတာပဲ ျဖစ္ရမယ္။ သူ သတိထားမွပဲ။

" ငါ ဒီရွန္မိသားစုကို အပန္းေျဖအိမ္နဲ႔ ဇိမ္ခံကားတစ္စီးေလာက္ ေပးႏိုင္မယ့္ အခြင့္အေရးတစ္ခုေလာက္ ရွာလိုက္ရင္ေကာင္းမလား၊ က်ိဳးမိသားစုက ဂ႐ုစိုက္တဲ့လူေတြကို ဒီလိုစုတ္ျပတ္ေနတဲ့ေနရာမွာ ေနခြင့္မျပဳႏိုင္ဘူးေလ"

ဟန္လင္းသည္ စီးကရက္ကိုမီးညႇိလိုက္ၿပီး စိုးရိမ္တႀကီး ေရ႐ြတ္ေနေတာ့သည္။

မၾကာလိုက္ေပ။ သူ႔အေတြးကို လက္ေလွ်ာ့လိုက္ၿပီး မ်က္ေမွာင္က်ဳံ႕ထားလိုက္ေလသည္။

" က်ိဳး႐ႊမ္းရဲ႕လက္ေထာက္က အေရးမႀကီးရင္ ရွန္မိသားစုကို သြားမေႏွာင့္ယွက္နဲ႔လို႔လဲ အထူးတလည္မွာထားေသးတယ္၊ ရွန္မိသားစု သူတို႔ရဲ႕စိတ္အေျခအေနကို ေလ့က်င့္ဖို႔ ခက္ခဲ့တဲ့ဘဝနဲ႔ ေနခ်င္တာဆိုတာရင္ ဘယ္လိုလုပ္မလဲ၊ ငါဒီလိုလုပ္လိုက္ရင္ သူတို႔ကို သြားဆြသလိုျဖစ္ၿပီး ေဒါသထြက္ေအာင္လုပ္လိုက္သလို ျဖစ္သြားမလား"

ဟန္လင္းသည္ အုံးေႏွာက္ေျခာက္ေအာင္ စဥ္းစားေသာ္လည္ ရွန္မိသားစုကို စိတ္ေက်နပ္ေအာင္လုပ္ေပးၿပီး ရွန္မိသားစုကို အသုံးခ်ကာ က်ိဳး႐ႊမ္းႏွင့္စကားေျပာႏိုင္မည့္ က်ိဳးေၾကာင္းဆီေလ်ာ္သည့္နည္းလမ္းကို စဥ္းစားမရေခ်။ သူသည္ ဘာမွမတတ္ႏိုင္ဘဲ စီးကရက္တစ္လိပ္ၿပီးတစ္လိပ္ေသာက္ရင္း သက္ျပင္းခ်မိေနေတာ့သည္။

"ယို႔ အေဖ ဘာေတြစိတ္ပူေနတာလဲ"

ဟန္ရဲ႕အိမ္ျပန္ေရာက္သည္ႏွင့္ Sၿမိဳ႕ေတာ္ဝန္ ျဖစ္သည့္ သူ႔အေဖက သက္ျပင္းခ်ေနသည္ကို ေတြ႕လိုက္ရေလသည္။

သူ႔အေဖက ဖဒရယ္ၿမိဳ႕ေတာ္က အာဏာရွိနဲ႔အရာရွိေတြနဲ႔ မယွဥ္ႏိုင္ေပမယ့္ ဒီလိုSၿမိဳ႕ေလးမွာေတာ့ သူ႔စကားကတစ္ခြန္းဆိုတစ္ခြန္း ထိေရာက္တဲ့သူပါ။ သူ႔အေဖ အဲေလာက္စိတ္ဒုကၡေရာက္ေနတာ ပထမဆုံးေတြ႕ဖူးတာပဲ။ ဧကႏၲတစ္ခုခု ျဖစ္ေနလို႔လား။

" မေကာင္းတဲ့ကိစၥျဖစ္သြားလို႔လား"

ထိုအေတြးေၾကာင့္ ဟန္ရဲ႕၏ႏွလုံးခုန္ႏႈန္း ျမန္သြားၿပီး သူ႔အသံမွ တုန္ရီသြားေတာ့သည္။ သူ႔မွာ ဒီေလာက္ေကာင္းတဲ့ အေဖတစ္ေယာက္ရွိထားလို႔ Sၿမိဳ႕မွာ အခုလိုအာဏာရွိႏိုင္တာေပါ့။ တကယ္ပဲ တစ္ခုခုျဖစ္သြားရင္ သူ႔ေန႔ရက္ေကာင္းေလးေတြ ကုန္ဆုံးသြားေတာ့မွာပဲ။

" ေခြးေကာင္ ေသာက္သုံးမက်တဲ့ေကာင္"

ဟန္လင္းသည္ သူ႔သားေၾကာင့္ အေတြးျပတ္သြားေတာ့သည္။ သူဝိုးတဝါးစဥ္းစားေနသည့္ အေတြးတစ္ခုမွာ ခ်က္ခ်င္းေပ်ာက္သြားေတာ့သည္။ ဟန္ရဲ႕၏နေမာ္နမဲ့ႏွင့္ အရည္အခ်င္းမရွိပုံကို ၾကည့္ရင္း ဟန္လင္း သူ႔သားကို ကန္ထုတ္ပစ္ခ်င္သြားေတာ့သည္။

" ဘာမေကာင္းတဲ့ကိစၥလဲ၊ ေကာင္းတဲ့ကိစၥမွ အႀကီးႀကီးကြ"

သူ က်ိဳး႐ႊမ္းေပးတဲ့အခြင့္အေရးကို ဆုပ္ကိုင္ထားႏိုင္သ၍ ဒါကို က်ိဳး႐ႊမ္းက သူ႔အေပၚ ေက်းဇူးတင္စိတ္နဲ႔ အလွဲအလွယ္လုပ္ရမယ္ေလ။ ဖယ္ဒရယ္ၿမိဳ႕ေတာ္ကို ဝင္ႏိုင္ဖို႔ နဲ႔ ဒီလိုပဲ ရာထူးေတြတက္သြားဖို႔ က်ိဳးမိသားစုကို အသုံးခ်ႏိုင္ရမယ္။

ဒါေပမယ့္ ဒီအခြင့္အေရးကို ဖမ္းဆုပ္ဖို႔ ဘယ္လိုလုပ္ရမလဲ မသိေသးဘူး။ ၾကည့္ရတာ ရွန္မိသားစုအေၾကာင္းကို ထပ္ေမးမွ အနာနဲ႔ေဆးေတြ႕မယ္ထင္တယ္။

မေကာင္းသည့္ကိစၥမဟုတ္ေၾကာင္း ၾကားလိုက္ရသျဖင့္ ဟန္ရဲ စိတ္ေအးသြားေတာ့သည္။

ဟန္လင္း စိတ္ဆိုးေနသည္ကို ေတြ႕လိုက္ရသျဖင့္ သူ ခပ္ျမန္ျမန္ ေရွာင္ထြက္သြားဖို႔ ျပင္လိုက္ေလသည္။

"ေကာင္းပါတယ္၊ ေကာင္းပါတယ္၊ အေဖ ဆက္လုပ္ေနာ္ ကြၽန္ေတာ္ အေပၚထပ္တက္ေတာ့မယ္"

"အဲမွာရပ္စမ္း"

ဟန္လင္းသည္ ဟန္ရဲ႕၏ေျပာင္လက္ေနသည့္အဝတ္အစားကို ဝါးစားေတာ့မတတ္ၾကည့္လိုက္ၿပီး ခ်က္ခ်င္း ေဒါသထြက္သြားေတာ့သည္။

" မင္း အသက္၂၀ျပည့္သြားၿပီး ဘာမွမလုပ္ႏိုင္ေသးဘူး၊ က်ိဳးမိသားစုက က်ိဳး႐ႊမ္းကို ၾကည့္စမ္း၊ သူ မင္းထက္ အမ်ားႀကီးႀကီးတာမဟုတ္ဘူး၊ က်ိဳးေကာ္ပိုေရးရွင္းကို လက္လြဲယူၿပီးေတာ့ ေကာင္းေကာင္း ေနႏိုင္ေနၿပီ၊ မင့္အေဖ ငါကေတာ့ သူ႔ေနာက္လိုက္ၿပီး သူ႔ဖိနပ္ကို လိုက္သယ္ေပးေနရတယ္ကြ"

...

Paid group မွာ တပတ္ ၇ပိုင္းႏႈန္းတင္ပါတယ္။ Freeမေစာင့္ခ်င္ရင္ အထူးလုပ္ႀကံေရးသမတစ္ေယာက္ရဲ႕စာမ်က္ႏွာသစ္ FB pageမွာ hi ပို႔ၿပီး ဝယ္ယူႏိုင္ပါတယ္ရွင္။

Gp1 ( 1-250) Kpay/Wavepay -2500

....

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

24.1K 1.8K 62
Not mine. Just Translation. Credit to original author(s) and English translator(s). ☆☆☆☆☆ [အေးအေးလူလူရှိပြီး မျက်နှာနှစ်ဖက်ရှိတဲ့ ချမ်းသာတဲ့ ML vs နက...
1.5M 63.1K 74
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
99.9K 4.9K 18
စာစဥ် 1 မှ စာစဥ်? ??? . . . Not my work . We are just translating this novel for offline purpose. All credits to original Author and English Transl...