အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...
By ChihiroLily7
106K 9.3K 82
လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More
ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)
အပိုင်း (၁၆၄+၁၆၅)
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
954 86 0
By ChihiroLily7
လက်ထောက်နှင့် ကျိုးရွှမ်းဘေးက ဒရိုက်ဘာသည် ကလစ်တစ်ချက်နှိပ်လိုက်ပြီး မောင်နှမနှစ်ယောက်၏ ကျောပြင်ကို ဓာတ်ပုံရိုက်ယူလိုက်ကာ ကျိုးအိမ်တော်တွင် အနားယူရန်ဖိအားပေးခံထားရသည့် ကျိုးယန်ထံ ဓာတ်ပုံကို ပို့ပေးလိုက်တော့သည်။ တစ်ချိန်ထဲတွင် သူက ရေရွတ်လိုက်သေးသည်။
" သူ့ဘေးက ပိန်ပိန်ပါးပါး အရပ်မြင့်မြင့်နဲ့ကောင်လေးက တော်တော်ချောတာပဲ၊ အဲဒါ သူ့မောင်လေးလား"
ကျိုးရွှမ်း သူ့ခေါင်းကို မသိမသာလှည့်လိုက်ပြီး ဘာမှပြန်မပြောလိုက်သော်လည်း ရှန်ယွဲ့၏ကျောပြင်ကို ငြိမ်သက်စွာ စိုက်ကြည့်နေလိုက်လေသည်။
မနေ့က လူသတ်သမားများ Sမြို့သို့ ရောက်နေသည့်သတင်းကို ကြားပြီးကတည်း သူမကို ကာကွယ်ပေးရန် သန်မာသည့် သက်တော်စောင့်နှစ်ယောက်ကို အရေးပေါ် လွှတ်လိုက်သေးသည်။ သို့သော် သက်တော်စောင့်များက Sမြို့သို့ရောက်သွားချိန်၌ လူသတ်သမားများသည် မနေ့ညက ရှန်ယွဲ့အိမ်နားတွင် အမှန်တကယ်ပေါ်လာခဲ့သော်လည်း ထို့နောက်ပိုင်း အားလုံးက ပျောက်သွားသည်ဟု ဆိုလေသည်။
အန္တရာယ်ဝိုင်းခံထားရသည့် ရှန်ယွဲ့မှာ အန္တရာယ်ကင်းကင်း ရှိနေ၏။ နောက်တစ်နေ့တွင် သူမသည် ဘာအန္တရာယ်မှ မတွေ့ရသကဲ့သို့ စိတ်ကြည်နေသယောင်။
" သူ့မောင်လေး ဖြစ်နိုင်ပါတယ်၊ သူ့ပုံစံက အရမ်းဆိုးပေမယ့် သူ့မောင်လေးကျတော့ တော်တော်ရုပ်ချောတာပဲ၊ ဒီမိသားစုကတော်တော် ထူးဆန်းတာပဲ"
လက်ထောက်က ရေရွတ်လိုက်ပြန်သည်။
ရုတ်တရက် ကျိုးရွှမ်း တဟင်းဟင်းရယ်လိုက်သဖြင့် လက်ထောက်မှာ တောင့်တင်းသွားတော့သည်။ သူ မပြောသင့်သည့်စကားကို ပြောမိသွားသည်ဟု ထင်လိုက်ပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားတော့သည်။
အမှတ်တမဲ့ ကျိုးရွှမ်း၏ကြည့်နေသည့်ဖက်သို့ လိုက်ကြည့်လိုက်ရာ ထိုဝတုတ်မလေး ရှန်ယွဲ့သည့် သူတို့ရှိရာဖက်သို့ သင်္ကာမကင်းကြည့်နေသည်ကို သတိထားမိသွားတော့သည်။ ကားကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်လိုက်ပြီးနောက် သူမ ပြန်လှည့်သွား၏။
"ကောင်မလေး မင်းတော်တော်ပါးနပ်တာပဲ"
ကျိုးရွှမ်း တည်တည်ငြိမ်ငြိမ်ပြောလိုက်ပြီးနောက် ရယ်မောလိုက်လေသည်။
" အာ..."
လက်ထောက်မှာ ဆက်မပြောရဲတော့ချေ။ ဘောစ့်ရယ်တာက ဘာအဓိပ္ပါယ်လဲ။
" အစ်မ နင် ဘာကြည့်နေတာလဲ"
ရှန်ချန်သည် ရှန်ယွဲ့ ရုတ်တရက်လှည့်ကြည့်လိုက်သည်ကို သတိထားမိသွားသော်လည်း သူလှည့်ကြည့်လိုက်ချိန်တွင်တော့ ဘာမှမရှိတော့ချေ။
"ဘာမဟုတ်ပါဘူး၊ ငါ အမြင်မှားသွားတာ"
ရှန်ယွဲ့ပြန်လှည့်လာပြီး အသာအယာ ခေါင်းခါပြလိုက်လေသည်။
လုပ်ကြံသူတစ်ယောက်၏ ပါးနပ်သည့်အာရုံတို့ကြောင့် ရှန်ယွဲ့သည် ပူလောင်ကထိုးဆွနေသည့်အကြည့်တစ်ခုက သူမကို စိုက်ကြည့်နေမှန်း ခံစားမိလိုက်သည်။ သူမ လှည့်ကြည့်လိုက်သော်လည်း အဝေးတနေရာ အနက်ရောင်ကားတစ်စီးကိုသာ မြင်ရ၏။ တစ်ဖက်လူသည်ကားပြတင်းပေါက်မှန်ကို အလင်းပိတ်ဖလင်ပြားဖြင့် ဖုံးထားသဖြင့် ကားထဲကလူကို မမြင်ရချေ။
ဒီလူ ငါ့ဆီလာတာ ဖြစ်မယ်။ သူ့မှာ မကောင်းတဲ့အကြံမရှိတာကိုတော့ ခံစားမိလိုက်တယ်။ ဧကန္တ ကျိုးမိသားစုက တစ်ယောက်ယောက်များလား။
ကျိုးမိသားစုက သူမ၏လက်ရှိသရုပ်မှန်နှင့် ပတ်သက်ပြီး ဘာအချက်အလက်မှ ရှာနိုင်မည်မဟုတ်သည်ကို ရှန်ယွဲ့ လုံးဝယုံထားလေသည်။ ခဏလောက်တွေးတောလိုက်ပြီး ထိုကိစ္စရပ်လေးကို မေ့ထားလိုက်ကာ ရှန်ချန်ကို ပရိုဂရမ်ရေးနည်းသင်ပေးဖို့ စဥ်းစားရင်း အိမ်ပြန်လာခဲ့တော့သည်။
ရှန်ယွဲ့ထွက်သွားပြီးနောက် ကျိုးရွှမ်းက ပြန်ဖို့ ရည်ရွယ်ချက်မရှိသည်ကို သိလိုက်ရပြီးနောက် လက်ထောက်မှာ အသက်ပင် ကျယ်ကျယ်မရှူရဲတော့ချေ။ ကားထဲတွင် ကျိုးရွှမ်းကို အဖော်ပြုရင်းသာ တွေးနေလေလိုက်လေသည်။
ရုတ်တရက်ဆိုသလို အသိပေးစာဝင်လာ၏။ လက်ထောက်သည် သူ့ဖုန်းကို ကောက်ကိုင်ကာ ကြည့်လိုက်လေသည်။ သူ့အမူအရာ ချက်ချင်း ပြောင်းသွားသည်။
" ဘောစ့် ကျွန်တော်အခုပဲ သတင်းတစ်ခုရတယ်၊ Hကြေးစားအုပ်စုက မကြာသေးခင်က Sမြို့မှာ လှုပ်ရှားသွားတယ်တဲ့"
"ဟမ်၊ အဲကောင်တွေက ဖယ်ဒရယ်ကိုပဲ ပစ်မှတ်ထားတာမလား။ သူတို့ဘာလို့ Sမြိုု့ကို ရောက်နေတာလဲ"
ကျိုးရွှမ်း မသိမသာမျက်မှောင်ကျုံ့ထားလိုက်ပြီး လေသံနိမ့်ကာ ပြောလိုက်လေသည်။
" ကျွန်တော်မသိဘူး... သူတို့ရဲ့ လမ်းကြောင်းကလည်း ဒီနားလေးမှာပဲ၊ သူတို့တွေ အဲဒီလူသ-တ်သမားတွေကို ပစ်မှတ်ထားနေတာလား။ မဟုတ်သေးပါဘူး။ အဲဒါနဲ့ မဆိုင်လောက်ဘူး"
လက်ထောက်မှာ အလွန်ဇဝေဇဝါဖြစ်သွားတော့သည်။
လက်ကောက်ဝတ်ပေါ်က နာရီကိုလှည့်လိုက်ပြီး ကျိုးရွှမ်း အမှတ်တမဲ့ ရှန်ယွဲ့အိမ်ရှိရာဖက်သို့ လှမ်းကြည့်လိုက်၏။ မကြာခင်ကဖြစ်သွားတဲ့ ထူးခြားမှုတွေက အဲကောင်မလေးနဲ့ ပတ်သက်နေပုံပဲ။ အခုလေးတင် ရှန်ယွဲ့ သူ့အကြည့်ကို အာရုံခံလိုက်တဲ့ တုန့်ပြန်မှုနှုန်းကို ကြည့်ရင် သူက ထင်ထားသလောက် ရိုးရှင်းတဲ့ပုံမပေါ်ဘူး။
ဒါပေမယ့် ရှန်ယွဲ့ရဲ့အချက်အလက်တွေမှာလည်း မှားနေတာမတွေ့ရဘူး။ ခုတလော သူ့ရဲ့အကြီးမားဆုံး ပြောင်းလဲမှုက သူ ဝိတ်ချနေတယ်ပြီးတော့ ဝိတ်အများကြီးကျသွားတယ်။ ကျိုးယန်ကို ကယ်ခဲ့တဲ့ ဒီကောင်မလေးမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိပုံရတယ်။ ဧကန္တ ကျိုးယန်ကို ကယ်ခဲ့တာလည်း တမင်လုပ်ခဲ့တာများလား။
ကျိုးရွှမ်း လယ်သာလက်ရမ်းပေါ်တွင် လက်ချောင်းများကို တတောက်တောက်ခေါက်ရင်း လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
" အဲဒီလူသ-တ်သမားတွေရဲ့ လမ်းကြောင်းကို သိရတဲ့အထိ သူ့ကို တိတ်တိတ်လေးကာကွယ်ပေးဖို့ နောက်ထပ် သက်တော်စောင့်လေးယောက် ထပ်လွှတ်ထားလိုက်"
"နားလည်ပါပြီ"
လက်ထောက်သည် မြန်မြန်ပြန်ဖြေလိုက်၏။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူမေးလိုက်လေသည်။
" သခင်လေးက ပြောတယ် သူ သူမကို ထပ်ပြီး ကျေးဇူးတင်စကား ပြောချင်တယ်တဲ့ ဘောစ့် ကျွန်တော်တို့..."
"မလိုဘူး"
ကျိုးရွှမ်း ခေါင်းခါပြလိုက်လေသည်။ သူ ကျိုးယန်ကို ပြဿနာတွေ ကူရှင်းပြီးပြီလေ။ သူ့အသက်သခင် ကျေးဇူးရှင်ကို ကိုယ်တိုင်ကျေးဇူးတင်စကား ပြောတာက ပိုကောင်းမှာပေါ့။ သူ့ဦးလေး အနေနဲ့ သူ့အလုပ်တွေကို လိုက်လုပ်ရုံသက်သက်ပဲလေ။
သို့သော်ငြား နောက်ဆုံးတော့လည်း ရှန်ယွဲ့ဘေးက အန္တရာယ်များသည် ကျိုးမိသားစုကြောင့် ဖြစ်သွားသည်ဖြစ်ရာ ကျိုးရွှမ်း ခဏလောက်ပြန်စဥ်းစားလိုက်ပြီးနောက် ညွှန်ကြားလိုက်လေတော့သည်။
" Sမြို့ရဲ့ မြို့တော်ဝန်ကို ဖုန်းခေါ်ပြီး သူ့ကို ရှန်မိသားစုကို စောင့်ရှောက်ဖို့ပြောထားလိုက်"
...
Paid group မှာ တပတ် ၇ပိုင်းနှုန်းတင်ပါတယ်။ Freeမစောင့်ချင်ရင် အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ် FB pageမှာ hi ပို့ပြီး ဝယ်ယူနိုင်ပါတယ်ရှင်။
Gp1 ( 1-250) Kpay/Wavepay -2500
....
Zawgyi
" အာ..."
"နားလည်ပါပြီ"
"မလိုဘူး"
...
....
Continue Reading
You'll Also Like
158K 19.8K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
164K 8.1K 44
Lord Chu's Wife is Wild Wevnovel_796. Paid. Gp-1 (1-150) - Free completed. Gp-2 (151-300)-2000MMK.completed. Gp-3(301-450)-2000MMK.completed. Gp-4(4...
80.4K 10.5K 106
Translate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest
5.1K 287 50
စုန့်လွမ်သည် "အာဏာရှင်ဝန်ကြီး" ဟု အမည်ပေးထားသော စာအုပ်ထဲကို ကူးပြောင်းလာခဲ့ပြီး ဇာတ်လိုက်၏ ဇနီးဖြစ်လာခဲ့သည်။ စာအုပ်ထဲမှာ မူလကိုယ်က မိုက်မဲကာ သူ့သားကိ...