Unicode
ကုမျန်က တောင်တန်းအပေါ်မှီခိုကာ ဘာကြိုးစားအားထုတ်မှုမှမရှိဘဲ မူလပိုင်ရှင်ရဲ့ဖခင်ဖြစ်သူဆီကနေ ပံ့ပိုးကူညီမှုရရှိခဲ့ပေမယ့်လည်း၊ မဟုတ်သေးဘူး၊သူက အခုတော့ သူမရဲ့ အဖေဖြစ်နေပြီ။ လော့ချယ်ယူဆောင်ပေးတဲ့ အကျိုးကျေးဇူးတွေကို ခံစားခဲ့ရတဲ့အတွက် သူမ သူ့ကို ကျေးဇူးတင်ရမယ်။
လော့ချယ်ရဲ့မျက်ခွံလေးတွေက အနည်းငယ်အောက်ကျသွားပြီး ပယင်း ရောင်မျက်၀န်းတွေကို ဖုံးအုပ်သွားတယ်။ သူက လော့ကျစ်ယွီကို သူပေးခဲ့တဲ့အဖြေအတိုင်း ပြန်ပြောလိုက်တယ်။
ကုမျန်ရဲ့တုံ့ပြန်မှုက လော့ကျစ်ယွီနဲ့ အတော်လေး ကွာခြားတယ်။
လော့ချယ်ရဲ့အဖြေက မျက်နှာနှစ်ဖက်ရှိတဲ့ အဖြေဖြစ်ပြီး အမှန်အတိုင်းမပြောဘူးလို့ လော့ကျစ်ယွီက တွေးခဲ့သေးပေမယ့်လည်း ကုမျန်ကတော့ သူပြောတာကိုယုံကြည်ခဲ့တယ်။
လော့ချယ်က သူ့ပရိသတ်တွေကို အဲ့ဒီစကားနှစ်ခွန်းပြောနေတာ သူမရှင်းရှင်းလင်းလင်း မှတ်မိနေတယ်။
ပထမစာကြောင်းကတော့ "တစ်နေ့ ငါ ဒီနယ်ပယ်က ထွက်သွားရင် မင်းတို့ကို ကြိုပြီးနှုတ်ဆက်မယ် အဲဒီနေ့မတိုင်ခင်မှာ မင်းတို့ရဲ့အချစ်တွေနဲ့ ထိုက်တန်အောင် ငါ အကောင်းဆုံးကြိုးစားမှာဖြစ်ပြီးတော့ မင်းတို့ကို စိတ်မပျက်စေရပါဘူး"
လော့ချယ်က သူ့ပရိသတ်တွေကို အရမ်းrespectထားတယ်။
သူက နေမကောင်းတဲ့ပရိတ်သတ်တွေဆီ လက်ဆောင်တွေနဲ့ကောင်းချီးဆုတောင်းတွေ ပို့ပေးလိမ့်မယ်။ပူပြင်းခြောက်သွေ့တဲ့နေရောင်အောက် ဒါမှမဟုတ် မိုးသက်မုန်တိုင်းတွေအောက်မှာ သူ့ကိုတွေ့ဖို့အတွက် စိတ်ရှည်ရှည်စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေကို ထီးနဲ့ သောက်စရာအေးအေးလေးတွေ ပေးလိုက်ဖို့ကိုလည်း သူ့လက်ထောက်ကို သူတောင်းဆိုပေးလိမ့်မယ်။ သူ့ရဲ့နှစ်လိုဖွယ်ကောင်းမှုကြောင့် သူ့မှာ စစ်မှန်တဲ့followerတွေ သေချာပေါက်ကို အများကြီးရှိတယ်။
ပြီးတော့ သူပြောခဲ့တဲ့ ဒုတိယစာကြောင်းက "တစ်နေ့ ငါ သဘောကျတဲ့ တစ်စုံတစ်ယောက်ရှိခဲ့မယ်ဆိုရင် ငါ မင်းတို့ကိုပြောပြမယ်"
ဒါကလည်း respect ထားနည်းတစ်မျိုးပါပဲ။ သူ သဘောကျနေတဲ့သူရှိရင် ဖုံးကွယ်ထားမှာမဟုတ်ပဲ ပရိသတ်တွေကို ရက်ရက်ရောရောပြောပြမှာပါ။
လော့ချယ်ရဲ့Weibo မှာ သူမနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို updateမလုပ်ခဲ့ပေ။
တစ်နည်းအားဖြင့် လော့ချယ်က သူမကို သဘောမကျဘူး။
ဒါက သဘာဝအတိုင်း ကုမျန်မျှော်လင့်ထားသလို ဖြစ်တာကြောင့် လော့ချယ်ရဲ့စကားကိုကြားပြီးနောက်မှာ သူမ အေးအေးဆေးဆေးပဲ ခေါင်းညိတ်လိုက်တယ်။
သူမ ထွက်သွားတော့မှာဖြစ်ပေမယ့် ဒါရိုက်တာက ဝမ်းသာအားရနဲ့ သူမတို့ဆီ လျှောက်လာတယ်။
ကုမျန်ရဲ့အမြင်မှာတောင် ဒါရိုက်တာ ဒီလောက်သိသိသာသာ ပျော်ရွှင်နေတာက ဒါပထမဆုံးအကြိမ် ဖြစ်ပုံရတယ်။
ကောင်းတာ တစ်ခုခုဖြစ်နေတာလား။
သူ ကုမျန်နဲ့လော့ချယ်ကိုတွေ့တဲ့အခါ လက်ကိုဝှေ့ယမ်းလိုက်ပြီး "မင်းတို့နှစ်ယောက် ဒီကိုရောက်နေတာပဲ ငါ မင်းတို့ကိုပြောစရာရှိတယ် ဇာတ်ညွှန်းကို ပြန်ပြင်ရနိုင်တယ်"
လော့ချယ်က မျက်ခုံးပင့်လိုက်ပြီး "ဟင်?"
ဒါရိုက်တာက ဟက်ဟက်ပက်ပက်ပြုံးပြီး "ငါ ပရိသတ်တွေရဲ့ဆန္ဒကိုလည်း လိုက်လျောပေးချင်တယ်လေ ဒါနဲ့ပဲ မင်းရဲ့ပရိသတ်တော်တော်များများက ဇာတ်ကြောင်းထဲက ဆရာသခင်နဲ့ အလုပ်သင်အကြား ဟိုလိုသည်လိုဆက်ဆံရေးရှိတဲ့sceneတချို့ တောင်းဆိုခဲ့ကြပြီးတော့ ငါလည်း ဒီလိုလုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်လေ ဒါကြောင့်မို့..." ဒါရိုက်တာက "မင်းသိပါတယ်" ဆိုတဲ့အကြည့်တချက်ကို ပြသလိုက်တယ်။
ကုမျန် အနည်းငယ် အံ့သြသွားရတယ်။
လော့ချယ်က matureဆန်တဲ့အလုပ် ဒါမှမဟုတ် နမ်းတာ ဒါမှမဟုတ် ပွေ့ဖက်တာလိုအပ်တဲ့ ဘယ်ပရောဂျက်ကိုမှ မလုပ်ခဲ့ဖူးဘူး။ ပွဲဦးထွက်ကတည်းက သူ့ရဲ့ဖန်သားပြင်ပေါ်က first kissနဲ့ ဖန်သားပြင်ပေါ်က အချစ်ဦးsceneတွေကို အခုထိ မမြင်ဖူးကြသေးဘူး။
လော့ချယ်ရဲ့ပရိသတ်တွေက ပိုင်ဆိုင်လိုစိတ်ကြီးတာကြောင့် အဲ့လိုရိုက်ကူးဖို့က မဖြစ်နိုင်ဘူးလေ။ တီဗီဒရာမာတွေ ဒါမှမဟုတ် ရုပ်ရှင်တွေထဲမှာသာ ချစ်သူရှိခဲ့ရင်တောင် သူတို့က သည်းမခံနိုင်ကြဘဲ တစ်စုံတစ်ယောက်က သူ့ရဲ့သန့်ရှင်းမှုကို ညစ်ညမ်းစေတယ်လို့ ခံစားရတဲ့အထိ အရမ်းကို ပိုင်ဆိုင်လိုစိတ်ကြီးကြပါတယ်။
အစပိုင်းမှာ လော့ချယ်က ဒီလိုsceneတွေပါတဲ့ ကောင်းမွန်တဲ့ဇာတ်ညွှန်းတွေကို မရရှိခဲ့ဘူး။ သူ တဖြည်းဖြည်း နာမည်ကြီးလာတဲ့အချိန်ကျတော့ သူ့ပရိသတ်တွေက သူ့ကို ဒီလိုဇာတ်ညွှန်းမျိုး လက်ခံခွင့်မပေးကြတော့ဘူး။
ဒါကြောင့်၊ လော့ချယ်က love lineမပါတဲ့ အမျိုးသားဇာတ်ဆောင်ဒရမ်မာတွေကိုပဲ အမြဲရွေးချယ်ခဲ့လေ့ရှိပြီး လေးနက်လွန်းတဲ့စာကြောင်းတွေနဲ့ "Ask the Immortal" ကလည်း သဘာဝအတိုင်း ပါဝင်ခဲ့ပါတယ်။
"Ask the Immortal" မှာ ယင်းလျန်က ချန်းရှန်ရဲ့တစ်ဦးတည်းသော အလုပ်သင်လေးဖြစ်ပြီး သူမရဲ့နှလုံးသားထဲ သူရှိနေပေမယ့်လည်း၊ တကယ်တော့ ဒါက ယင်းလျန်အတွက် မျှော်လင့်ချက်မရှိတဲ့ တဖက်သတ်အချစ်တစ်ခုသာပင်။
ချန်းရှန်က အစမှအဆုံးထိ အေးစက်နေခဲ့တယ်။
နတ်ဘုရားရာထူးကိုတက်လှမ်းဖို့ နောက်ဆုံးသောအကြီးမြင့်ဆုံးနတ်ဘုရားအနေနဲ့ သူ့ရဲ့အဆင့်အတန်းက ကောင်းကင်ဘုံနဲ့ဆိုင်တဲ့ 'တောက်'ပြီးရင် ဒုတိယပါပဲ။ ချန်းရှန်ရဲ့နှလုံးသားထဲမှာ ကျင့်ကြံခြင်းသာရှိတယ်။
သူက ယင်းလျန်ကို သူ့တပည့်ဖြစ်လာစေပြီး လမ်းညွှန်ပေးတာက သူမရဲ့ကျေးဇူးကို ပြန်ဆပ်ချင်ရုံပင်။
ဒါကြောင့် ကုမျန်က ဇာတ်လိုက်မင်းသမီးဆိုပေမယ့်လည်း ဇာတ်လမ်းတွဲထဲမှာ ဇာတ်ကွက်အများကြီးမပါ၀င်ပါဘူး။
ချန်းရှန်က ယင်းလျန်ကို တပည့်အဖြစ် လက်ခံခဲ့ပြီးနောက် သူမရဲ့ဇာတ်ကောင်က ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ။
ချန်းရှန်က ကိုယ်ခံပညာ ပြန်ရသွားတာနဲ့တပြိုင်နက် မွန်းစတားတွေကို တိုက်ခိုက်ဖို့လမ်းကြောင်းတစ်ခု စတင်မှာဖြစ်ပြီး အဆင့်မြှင့်တင်လိမ့်မယ်။ကျင့်ကြံဆင့်နိမ့်တဲ့ယင်းလျန်က ပါ၀င်ဖို့မသင့်တော်ဘဲ မလိုလားစွာနဲ့ သူမကို ဖယ်ထုတ်လိုက်ရုံသာတတ်နိုင်တယ်။
ချန်းရှန်ရဲ့ဘ၀ထဲမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရတဲ့အတွက် ယင်းလျန်ကံကောင်းခဲ့တယ်။ ဒါပေမယ့် အဲ့ဒီကာလက သူ့ရဲ့ရှည်လျားလှတဲ့အတက်အကျနဲ့ အံ့သြဖွယ်ကောင်းတဲ့ဘဝထဲမှာဆို အရေးမပါလှပေ။
ဒါပေမယ့် ဒါရိုက်တာက တကယ်ကြီး ဒရာမာထဲ ယင်းလျန်ကိုထည့်မယ်လို့ ပြောလာတယ်။ ပြီးတော့ အဲဒါက ဟိုလိုသည်လိုscene တွေတဲ့။
ကုမျန်က နှုတ်ခမ်းကို စေ့လိုက်ရင်း "ဒါက... မကောင်းဘူးလားလို့"
ဒါရိုက်တာက "ဒါက ဘာဖြစ်နေလို့လဲ၊ ဒီမှာ၊ အနက်ရောင်နာနတ်သီးတွေပြောတာကို မင်းကိုယ်တိုင်ကြည့်လိုက်လေ"
ကုမျန်က ဒါရိုက်တာရဲ့ဖုန်းကို ယူလိုက်တယ်။
စကားလုံးအနည်းငယ်က သူမရဲ့အမြင်ထဲ ဝင်လာတယ်။
[လော့ချယ်ရဲ့ ဆတ်ကော့လတ်ကော့ဂွမ်းကပ် : ဘာလို့လဲဆိုတာ ငါမသိဘူး၊ မိန်းကလေးကုမျန်နဲ့ချယ်ချယ် CP ဖြစ်ခဲ့ရင် ငါလက်ခံနိုင်တယ်ဆိုတာက အရမ်းထူးဆန်းတယ်လို့ ခံစားရတယ်]
[ ဒီနန်းတော်ရဲ့ချယ်ချယ် : ငါလည်း လက်ခံနိုင်တယ် မိန်းကလေးကုမျန်က ငါတို့လိုပဲ အရူးအမူးစွဲလမ်းတတ်တဲ့ အနက်ရောင်နာနတ်သီးမို့လို့ဖြစ်နိုင်တယ် အင်တာဗျူးမှာ သူမက ကျော်ကြားမှုကို မလိုချင်ပဲ လော့ချယ်ကိုပဲလိုချင်တယ်လို့ ပြတ်ပြတ်သားသား ပြောနိုင်တယ် သူမ ဘယ်လိုတောင် အရူးအမူးဖြစ်နိုင်ရတာလဲ ဒါဆို သူမနေရာမှာ ငါ့ကိုယ်ငါ အလွယ်တကူ အစားထိုးနိုင်ပြီပေါ့ [ရှက်ရွံ့]](လော့ချယ်နဲ့သရုပ်ဆောင်နေတဲ့ ကုမျန်အစား သူ့ကိုယ်သူအစားထိုးမြင်ယောင်ကြည့်လို့ရတယ်လို့ ပြောချင်တာပါ)
[ကမ္ဘာပေါ်မှာအသန့်ရှင်းဆုံးက မင်းကလွဲပြီးမရှိ : ဟုတ်တယ်၊ ငါက သူမနဲ့အတူတူပဲလို့ ငါထင်တယ် မိန်းကလေးကုမျန်က ချယ်ချယ်နဲ့ဟိုလိုသည်လိုဖြစ်နေရင် ငါလည်း သူနဲ့ အတူရှိနေတယ်လို့ ငါခံစားရလိမ့်မယ်။ [မျက်နှာအုပ်ထား]]
[မြတ်နိုးရာလေး : နင်ပြောတာမှန်တယ်၊ စုပြီးပြောကြ၊ ဒါပဲ!]
ဒါရိုက်တာက ကုမျန်ရဲ့ပုခုံးကို ပုတ်လိုက်ပြီး "မင်းက လော့ချယ်ရဲ့ သရုပ်ဆောင်လမ်းကြောင်းစကတည်းက အနက်ရောင်နာနတ်သီးတွေ အသိအမှတ်ပြုတဲ့ ပထမဆုံးသရုပ်ဆောင်မင်းသမီးပဲ၊ ဒါကြောင့် ဒီအခွင့်အရေးကို ယူလိုက်"
ကုမျန် : "..
သူမ ပင်ပန်းသွားသလို ခံစားလိုက်ရတယ်။
Zawgyi
ကုမ်န္က ေတာင္တန္းအေပၚမွီခိုကာ ဘာႀကိဳးစားအားထုတ္မႈမွမရွိဘဲ မူလပိုင္ရွင္ရဲ႕ဖခင္ျဖစ္သူဆီကေန ပံ့ပိုးကူညီမႈရရွိခဲ့ေပမယ့္လည္း၊ မဟုတ္ေသးဘူး၊သူက အခုေတာ့ သူမရဲ႕ အေဖျဖစ္ေနၿပီ။ ေလာ့ခ်ယ္ယူေဆာင္ေပးတဲ့ အက်ိဳးေက်းဇူးေတြကို ခံစားခဲ့ရတဲ့အတြက္ သူမ သူ႕ကို ေက်းဇူးတင္ရမယ္။
ေလာ့ခ်ယ္ရဲ႕မ်က္ခြံေလးေတြက အနည္းငယ္ေအာက္က်သြားၿပီး ပယင္း ေရာင္မ်က္၀န္းေတြကို ဖုံးအုပ္သြားတယ္။ သူက ေလာ့က်စ္ယြီကို သူေပးခဲ့တဲ့အေျဖအတိုင္း ျပန္ေျပာလိုက္တယ္။
ကုမ်န္ရဲ႕တုံ႕ျပန္မႈက ေလာ့က်စ္ယြီနဲ႕ အေတာ္ေလး ကြာျခားတယ္။
ေလာ့ခ်ယ္ရဲ႕အေျဖက မ်က္ႏွာႏွစ္ဖက္ရွိတဲ့ အေျဖျဖစ္ၿပီး အမွန္အတိုင္းမေျပာဘူးလို႔ ေလာ့က်စ္ယြီက ေတြးခဲ့ေသးေပမယ့္လည္း ကုမ်န္ကေတာ့ သူေျပာတာကိုယုံၾကည္ခဲ့တယ္။
ေလာ့ခ်ယ္က သူ႕ပရိသတ္ေတြကို အဲ့ဒီစကားႏွစ္ခြန္းေျပာေနတာ သူမရွင္းရွင္းလင္းလင္း မွတ္မိေနတယ္။
ပထမစာေၾကာင္းကေတာ့ "တစ္ေန႕ ငါ ဒီနယ္ပယ္က ထြက္သြားရင္ မင္းတို႔ကို ႀကိဳၿပီးႏႈတ္ဆက္မယ္ အဲဒီေန႕မတိုင္ခင္မွာ မင္းတို႔ရဲ႕အခ်စ္ေတြနဲ႕ ထိုက္တန္ေအာင္ ငါ အေကာင္းဆုံးႀကိဳးစားမွာျဖစ္ၿပီးေတာ့ မင္းတို႔ကို စိတ္မပ်က္ေစရပါဘူး"
ေလာ့ခ်ယ္က သူ႕ပရိသတ္ေတြကို အရမ္းrespectထားတယ္။
သူက ေနမေကာင္းတဲ့ပရိတ္သတ္ေတြဆီ လက္ေဆာင္ေတြနဲ႕ေကာင္းခ်ီးဆုေတာင္းေတြ ပို႔ေပးလိမ့္မယ္။ပူျပင္းေျခာက္ေသြ႕တဲ့ေနေရာင္ေအာက္ ဒါမွမဟုတ္ မိုးသက္မုန္တိုင္းေတြေအာက္မွာ သူ႕ကိုေတြ႕ဖို႔အတြက္ စိတ္ရွည္ရွည္ေစာင့္ဆိုင္းေနတဲ့ ပရိသတ္ေတြကို ထီးနဲ႕ ေသာက္စရာေအးေအးေလးေတြ ေပးလိုက္ဖို႔ကိုလည္း သူ႕လက္ေထာက္ကို သူေတာင္းဆိုေပးလိမ့္မယ္။ သူ႕ရဲ႕ႏွစ္လိုဖြယ္ေကာင္းမႈေၾကာင့္ သူ႕မွာ စစ္မွန္တဲ့followerေတြ ေသခ်ာေပါက္ကို အမ်ားႀကီးရွိတယ္။
ၿပီးေတာ့ သူေျပာခဲ့တဲ့ ဒုတိယစာေၾကာင္းက "တစ္ေန႕ ငါ သေဘာက်တဲ့ တစ္စုံတစ္ေယာက္ရွိခဲ့မယ္ဆိုရင္ ငါ မင္းတို႔ကိုေျပာျပမယ္"
ဒါကလည္း respect ထားနည္းတစ္မ်ိဳးပါပဲ။ သူ သေဘာက်ေနတဲ့သူရွိရင္ ဖုံးကြယ္ထားမွာမဟုတ္ပဲ ပရိသတ္ေတြကို ရက္ရက္ေရာေရာေျပာျပမွာပါ။
ေလာ့ခ်ယ္ရဲ႕Weibo မွာ သူမနဲ႕ပတ္သက္တဲ့ အခ်က္အလက္ေတြကို updateမလုပ္ခဲ့ေပ။
တစ္နည္းအားျဖင့္ ေလာ့ခ်ယ္က သူမကို သေဘာမက်ဘဴး။
ဒါက သဘာဝအတိုင္း ကုမ်န္ေမွ်ာ္လင့္ထားသလို ျဖစ္တာေၾကာင့္ ေလာ့ခ်ယ္ရဲ႕စကားကိုၾကားၿပီးေနာက္မွာ သူမ ေအးေအးေဆးေဆးပဲ ေခါင္းညိတ္လိုက္တယ္။
သူမ ထြက္သြားေတာ့မွာျဖစ္ေပမယ့္ ဒါရိုက္တာက ဝမ္းသာအားရနဲ႕ သူမတို႔ဆီ ေလွ်ာက္လာတယ္။
ကုမ်န္ရဲ႕အျမင္မွာေတာင္ ဒါရိုက္တာ ဒီေလာက္သိသိသာသာ ေပ်ာ္႐ႊင္ေနတာက ဒါပထမဆုံးအႀကိမ္ ျဖစ္ပုံရတယ္။
ေကာင္းတာ တစ္ခုခုျဖစ္ေနတာလား။
သူ ကုမ်န္နဲ႕ေလာ့ခ်ယ္ကိုေတြ႕တဲ့အခါ လက္ကိုေဝွ႕ယမ္းလိုက္ၿပီး "မင္းတို႔ႏွစ္ေယာက္ ဒီကိုေရာက္ေနတာပဲ ငါ မင္းတို႔ကိုေျပာစရာရွိတယ္ ဇာတ္ၫႊန္းကို ျပန္ျပင္ရနိုင္တယ္"
ေလာ့ခ်ယ္က မ်က္ခုံးပင့္လိုက္ၿပီး "ဟင္?"
ဒါရိုက္တာက ဟက္ဟက္ပက္ပက္ၿပဳံးၿပီး "ငါ ပရိသတ္ေတြရဲ႕ဆႏၵကိုလည္း လိုက္ေလ်ာေပးခ်င္တယ္ေလ ဒါနဲ႕ပဲ မင္းရဲ႕ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ဇာတ္ေၾကာင္းထဲက ဆရာသခင္နဲ႕ အလုပ္သင္အၾကား ဟိုလိုသည္လိုဆက္ဆံေရးရွိတဲ့sceneတခ်ိဳ႕ ေတာင္းဆိုခဲ့ၾကၿပီးေတာ့ ငါလည္း ဒီလိုလုပ္ဖို႔ ရည္႐ြယ္ခ်က္ရွိတယ္ေလ ဒါေၾကာင့္မို႔..." ဒါရိုက္တာက "မင္းသိပါတယ္" ဆိုတဲ့အၾကည့္တခ်က္ကို ျပသလိုက္တယ္။
ကုမ်န္ အနည္းငယ္ အံ့ၾသသြားရတယ္။
ေလာ့ခ်ယ္က matureဆန္တဲ့အလုပ္ ဒါမွမဟုတ္ နမ္းတာ ဒါမွမဟုတ္ ေပြ႕ဖက္တာလိုအပ္တဲ့ ဘယ္ပေရာဂ်က္ကိုမွ မလုပ္ခဲ့ဖူးဘူး။ ပြဲဦးထြက္ကတည္းက သူ႕ရဲ႕ဖန္သားျပင္ေပၚက first kissနဲ႕ ဖန္သားျပင္ေပၚက အခ်စ္ဦးsceneေတြကို အခုထိ မျမင္ဖူးၾကေသးဘူး။
ေလာ့ခ်ယ္ရဲ႕ပရိသတ္ေတြက ပိုင္ဆိုင္လိုစိတ္ႀကီးတာေၾကာင့္ အဲ့လိုရိုက္ကူးဖို႔က မျဖစ္နိုင္ဘူးေလ။ တီဗီဒရာမာေတြ ဒါမွမဟုတ္ ႐ုပ္ရွင္ေတြထဲမွာသာ ခ်စ္သူရွိခဲ့ရင္ေတာင္ သူတို႔က သည္းမခံနိုင္ၾကဘဲ တစ္စုံတစ္ေယာက္က သူ႕ရဲ႕သန႔္ရွင္းမႈကို ညစ္ညမ္းေစတယ္လို႔ ခံစားရတဲ့အထိ အရမ္းကို ပိုင္ဆိုင္လိုစိတ္ႀကီးၾကပါတယ္။
အစပိုင္းမွာ ေလာ့ခ်ယ္က ဒီလိုsceneေတြပါတဲ့ ေကာင္းမြန္တဲ့ဇာတ္ၫႊန္းေတြကို မရရွိခဲ့ဘူး။ သူ တျဖည္းျဖည္း နာမည္ႀကီးလာတဲ့အခ်ိန္က်ေတာ့ သူ႕ပရိသတ္ေတြက သူ႕ကို ဒီလိုဇာတ္ၫႊန္းမ်ိဳး လက္ခံခြင့္မေပးၾကေတာ့ဘူး။
ဒါေၾကာင့္၊ ေလာ့ခ်ယ္က love lineမပါတဲ့ အမ်ိဳးသားဇာတ္ေဆာင္ဒရမ္မာေတြကိုပဲ အၿမဲေ႐ြးခ်ယ္ခဲ့ေလ့ရွိၿပီး ေလးနက္လြန္းတဲ့စာေၾကာင္းေတြနဲ႕ "Ask the Immortal" ကလည္း သဘာဝအတိုင္း ပါဝင္ခဲ့ပါတယ္။
"Ask the Immortal" မွာ ယင္းလ်န္က ခ်န္းရွန္ရဲ႕တစ္ဦးတည္းေသာ အလုပ္သင္ေလးျဖစ္ၿပီး သူမရဲ႕ႏွလုံးသားထဲ သူရွိေနေပမယ့္လည္း၊ တကယ္ေတာ့ ဒါက ယင္းလ်န္အတြက္ ေမွ်ာ္လင့္ခ်က္မရွိတဲ့ တဖက္သတ္အခ်စ္တစ္ခုသာပင္။
ခ်န္းရွန္က အစမွအဆုံးထိ ေအးစက္ေနခဲ့တယ္။
နတ္ဘုရားရာထူးကိုတက္လွမ္းဖို႔ ေနာက္ဆုံးေသာအႀကီးျမင့္ဆုံးနတ္ဘုရားအေနနဲ႕ သူ႕ရဲ႕အဆင့္အတန္းက ေကာင္းကင္ဘုံနဲ႕ဆိုင္တဲ့ 'ေတာက္'ၿပီးရင္ ဒုတိယပါပဲ။ ခ်န္းရွန္ရဲ႕ႏွလုံးသားထဲမွာ က်င့္ႀကံျခင္းသာရွိတယ္။
သူက ယင္းလ်န္ကို သူ႕တပည့္ျဖစ္လာေစၿပီး လမ္းၫႊန္ေပးတာက သူမရဲ႕ေက်းဇူးကို ျပန္ဆပ္ခ်င္႐ုံပင္။
ဒါေၾကာင့္ ကုမ်န္က ဇာတ္လိုက္မင္းသမီးဆိုေပမယ့္လည္း ဇာတ္လမ္းတြဲထဲမွာ ဇာတ္ကြက္အမ်ားႀကီးမပါ၀င္ပါဘူး။
ခ်န္းရွန္က ယင္းလ်န္ကို တပည့္အျဖစ္ လက္ခံခဲ့ၿပီးေနာက္ သူမရဲ႕ဇာတ္ေကာင္က ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနၿပီ။
ခ်န္းရွန္က ကိုယ္ခံပညာ ျပန္ရသြားတာနဲ႕တၿပိဳင္နက္ မြန္းစတားေတြကို တိုက္ခိုက္ဖို႔လမ္းေၾကာင္းတစ္ခု စတင္မွာျဖစ္ၿပီး အဆင့္ျမႇင့္တင္လိမ့္မယ္။က်င့္ႀကံဆင့္နိမ့္တဲ့ယင္းလ်န္က ပါ၀င္ဖို႔မသင့္ေတာ္ဘဲ မလိုလားစြာနဲ႕ သူမကို ဖယ္ထုတ္လိုက္႐ုံသာတတ္နိုင္တယ္။
ခ်န္းရွန္ရဲ႕ဘ၀ထဲမွာ အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္ခြင့္ရတဲ့အတြက္ ယင္းလ်န္ကံေကာင္းခဲ့တယ္။ ဒါေပမယ့္ အဲ့ဒီကာလက သူ႕ရဲ႕ရွည္လ်ားလွတဲ့အတက္အက်နဲ႕ အံ့ၾသဖြယ္ေကာင္းတဲ့ဘဝထဲမွာဆို အေရးမပါလွေပ။
ဒါေပမယ့္ ဒါရိုက္တာက တကယ္ႀကီး ဒရာမာထဲ ယင္းလ်န္ကိုထည့္မယ္လို႔ ေျပာလာတယ္။ ၿပီးေတာ့ အဲဒါက ဟိုလိုသည္လိုscene ေတြတဲ့။
ကုမ်န္က ႏႈတ္ခမ္းကို ေစ့လိုက္ရင္း "ဒါက... မေကာင္းဘူးလားလို႔"
ဒါရိုက္တာက "ဒါက ဘာျဖစ္ေနလို႔လဲ၊ ဒီမွာ၊ အနက္ေရာင္နာနတ္သီးေတြေျပာတာကို မင္းကိုယ္တိုင္ၾကည့္လိုက္ေလ"
ကုမ်န္က ဒါရိုက္တာရဲ႕ဖုန္းကို ယူလိုက္တယ္။
စကားလုံးအနည္းငယ္က သူမရဲ႕အျမင္ထဲ ဝင္လာတယ္။
[ေလာ့ခ်ယ္ရဲ႕ ဆတ္ေကာ့လတ္ေကာ့ဂြမ္းကပ္ : ဘာလို႔လဲဆိုတာ ငါမသိဘူး၊ မိန္းကေလးကုမ်န္နဲ႕ခ်ယ္ခ်ယ္ CP ျဖစ္ခဲ့ရင္ ငါလက္ခံနိုင္တယ္ဆိုတာက အရမ္းထူးဆန္းတယ္လို႔ ခံစားရတယ္]
[ ဒီနန္းေတာ္ရဲ႕ခ်ယ္ခ်ယ္ : ငါလည္း လက္ခံနိုင္တယ္ မိန္းကေလးကုမ်န္က ငါတို႔လိုပဲ အ႐ူးအမူးစြဲလမ္းတတ္တဲ့ အနက္ေရာင္နာနတ္သီးမို႔လို႔ျဖစ္နိုင္တယ္ အင္တာဗ်ဴးမွာ သူမက ေက်ာ္ၾကားမႈကို မလိုခ်င္ပဲ ေလာ့ခ်ယ္ကိုပဲလိုခ်င္တယ္လို႔ ျပတ္ျပတ္သားသား ေျပာနိုင္တယ္ သူမ ဘယ္လိုေတာင္ အ႐ူးအမူးျဖစ္နိုင္ရတာလဲ ဒါဆို သူမေနရာမွာ ငါ့ကိုယ္ငါ အလြယ္တကူ အစားထိုးနိုင္ၿပီေပါ့ [ရွက္႐ြံ႕]](ေလာ့ခ်ယ္နဲ႕သ႐ုပ္ေဆာင္ေနတဲ့ ကုမ်န္အစား သူ႕ကိုယ္သူအစားထိုးျမင္ေယာင္ၾကည့္လို႔ရတယ္လို႔ ေျပာခ်င္တာပါ)
[ကမၻာေပၚမွာအသန့္ရွင္းဆုံးက မင္းကလြဲၿပီးမရွိ : ဟုတ္တယ္၊ ငါက သူမနဲ႕အတူတူပဲလို႔ ငါထင္တယ္ မိန္းကေလးကုမ်န္က ခ်ယ္ခ်ယ္နဲ႕ဟိုလိုသည္လိုျဖစ္ေနရင္ ငါလည္း သူနဲ႕ အတူရွိေနတယ္လို႔ ငါခံစားရလိမ့္မယ္။ [မ်က္ႏွာအုပ္ထား]]
[ျမတ္နိုးရာေလး : နင္ေျပာတာမွန္တယ္၊ စုၿပီးေျပာၾက၊ ဒါပဲ!]
ဒါရိုက္တာက ကုမ်န္ရဲ႕ပုခုံးကို ပုတ္လိုက္ၿပီး "မင္းက ေလာ့ခ်ယ္ရဲ႕ သ႐ုပ္ေဆာင္လမ္းေၾကာင္းစကတည္းက အနက္ေရာင္နာနတ္သီးေတြ အသိအမွတ္ျပဳတဲ့ ပထမဆုံးသ႐ုပ္ေဆာင္မင္းသမီးပဲ၊ ဒါေၾကာင့္ ဒီအခြင့္အေရးကို ယူလိုက္"
ကုမ်န္ : "..
သူမ ပင္ပန္းသြားသလို ခံစားလိုက္ရတယ္။