Unicode
လေထုက ခဏလောက်တော့ တိတ်ဆိတ်မှုထဲ ကျရောက်သွားတယ်။
ခန်ယန်ယန်က နှစ်ခါရယ်ပြီး "ဟုတ်လား...?"
လူတော်တော်များများက သူမကို မယုံလောက်ဘူးဆိုတာ ကုမျန်သိပေမယ့် သူမ,မလိမ်ပါဘူး။
သူမမှာ ပုံရိပ်တကယ်မရှိဘူး၊ သူမက သူမပါပဲ။
ဒါပေမယ့် အခြားသူတွေ မယုံကြည်လောက်တာကြောင့် ရှင်းပြရင်တောင် အသုံးမဝင်ဘူး။ ဒါကြောင့် ကုမျန်က ဘာမှမရှင်းပြတော့ဘဲ မရေမရာ ခေါင်းညိတ်လိုက်တယ်။
ခန်ယန်ယန်က ခေါင်းကုတ်လိုက်ပြီး ခေါင်းစဉ်ကို ဘယ်လိုဆက်သွားရမှန်းမသိ ဖြစ်သွားတော့တယ်။
ကုမျန်က လူအိုကြီးရဲ့လွှမ်းမိုးမှုအောက်မှာ ရှေ့ဖြစ်ဟောကြားခြင်းနဲ့ ပတ်သက်တဲ့စာအုပ်များစွာကို ဖတ်ဖူးပေမယ့်လည်း သူမက သမားရိုးကျသင်ယူမှုတွေကို မတွေ့ကြုံခဲ့ရတာကြောင့် ထိုမျှလောက် မကောင်းမွန်လေဘူး။
ဒါပေမယ့် သူမရဲ့သက်မွေး၀မ်းကြောင်းနဲ့စပ်လျဉ်းတဲ့ ကျွမ်းကျင်မှုက သာမန်လူတွေထက်တော့ အများကြီးသာလွန်နေပါသေးတယ်။ သူမ လုပ်နိုင်ဆဲပင်။
ကုမျန် ခန်ယန်ယန်ရဲ့မျက်နှာကို ကြည့်လိုက်တော့ သူမက ဘာအကြံအစည်မှမရှိတဲ့ နွေးထွေးပြီး ရိုးရှင်းတဲ့လူတစ်ယောက်ဆိုတာကို တွေ့လိုက်ရတယ်။သူမပြောတဲ့အတိုင်း သူမက စိတ်လှုပ်ရှားလွယ်ပြီး ရှူးရှူးရှားရှားဖြစ်လွယ်တတ်သူပဲ။ သူမက အဲ့ဒီအကြောင်းထည့်တွေးပြီး “ရှင် ကျွန်မကို မေးစရာမလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် ရှင်က နာမည်ကြီးလိမ့်မယ်”
ခန်ယန်ယန်ရဲ့မျက်လုံးတွေ ပြူးကျယ်သွားပြီး သူမက အနည်းငယ်လည်း အံ့သြသွားကာ "အာ၊ အစ်.. အစ်မလည်းအဲ့ဒီလိုထင်လား"
ကုမျန်က "'Ask the Immortals' ထွက်လာတဲ့အချိန် ရှင်နာမည်ကြီးလိမ့်မယ်"
ခန်ယန်ယန်က ရက်ရက်ရောရောပြုံးပြလိုက်ပြီး လက်ပိုက်ကာ "ဒါဆို အစ်မရဲ့စကားကောင်းလေးတွေ တကယ်ဖြစ်လာဖို့ မျှော်လင့်ပါတယ် ကျေးဇူးပါ!"
သူမက ကုမျန်ရဲ့စကားတွေကို စိတ်ထဲမထည့်ဘဲ သူမကို နှစ်သိမ့်ဖို့ အကောင်းပြောပေးနေတယ်လို့သာ တွေးနေတယ်။
ဒါပေမယ့် ခန်ယန်ယန်ရဲ့ အမြင်အရ သူမသိချင်တာကို မသိလိုက်ရပေမယ့် ကုမျန်နဲ့ ဆက်ဆံရေးကောင်းမွန်တာကလည်း ကောင်းတာပါပဲ။
တွဲဖက်သရုပ်ဆောင်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာက မကောင်းတဲ့အရာမဟုတ်ပေ။
သူမအဲဒါကိုတွေးရင်း မတ်တပ်ရပ်ပြီးပြုံးလိုက်ကာ "ကုမျန် ၊ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မတကယ်နာမည်ကြီးလာရင် အစ်မကို ညစာစားဖို့ ဖိတ်လိုက်မယ်"
“ကောင်းပြီ”
ခန်ယန်ယန်ထွက်သွားပြီးနောက် မိတ်ကပ်ပညာရှင်က ပြုံးပြီး "မိန်းကလေးကု၊ ရှင်က အရမ်းကြင်နာတတ်တာပဲ"
"အမ်?"
"ခန်ယန်ယန်ကို နှစ်သိမ့်ဖို့ အခုလေးတင် မိန်းကလေးကုပြောခဲ့တဲ့ စကားတွေက ကျွန်မ လေးလေးနက်နက်သဘောထားခဲ့တာတောင် စစ်မှန်လွန်းတယ်"
ကုမျန်က လေးနက်စွာ ပြောလာတယ်။"ဒါက နှစ်သိမ့်ပေးတာမဟုတ်ဘူး၊ အမှန်ပါ"
မိတ်ကပ်ပညာရှင်က ကုမျန်က စိတ်အခြေအနေကောင်းနေပြီး ဟာသမလုပ်ပဲမနေနိုင်တာလို့ ခံစားရတယ်။ "ဒါဆို မိန်းကလေးကု ရှင် ကျွန်မကို ဘယ်လိုထင်လဲ၊ ကျွန်မနာမည်ကြီးနိုင်လား"
"ခန်ယန်ယန်လောက်မကောင်းပေမယ့် ရှင်လည်း နာမည်ကြီးလိမ့်မယ်"
မိတ်ကပ်ပညာရှင်က ဒါကို အလေးအနက်မထားဘူး။ သူမက ပြုံးပြီး နောက်ပြောင်လျက် ပြောလာတယ်။ "ဒါဆို ယန်ယန်လိုပဲ ရှင့်ရဲ့ စကားကောင်းလေးတွေ တကယ်ဖြစ်လာဖို့ ကျွန်မမျှော်လင့်ပါတယ်"
ထိုအချိန် ရှောင်ကျူးက သူမလက်ထဲဖုန်းကိုင်ထားကာ ပြေးဝင်လာပြီး ကျယ်ကျယ်လောင်လောင်နဲ့ "မျန်းမျန်၊ နင့်ရဲ့ Weibo မှာ Follower 800,000 ရှိနေပြီ တစ်သန်းပြည့်တော့မယ်!"
ကုမျန်က "ကောင်းပြီ"
ရှောင်ကျူးက သူမဘေးမှာထိုင်ပြီး ပျော်ရွှင်စွာနဲ့ "ဒီတစ်ကြိမ်မှာ Hot Search ကို အားကိုးပြီး နင် လွယ်လွယ်ကူကူနဲ့ ပိုပြီးနာမည်ကြီးလာနိုင်တယ် ဒါဟာ ကောင်းမွန်တဲ့စတင်မှုတစ်ခုပဲ"
ရှောင်ကျူးရဲ့အကောင်းမြင်မှုနဲ့မတူဘဲ ကုမျန်က သူမရဲ့ အနာဂတ်အတွက် အကောင်းမြင်စိတ်မရှိပေ။ ဇာတ်ကြောင်းက ဘာကြောင့်ပြောင်းလဲသွားမှန်း သူမ မသိပေမယ့်လည်း ဇာတ်ကြောင်းကို မဖယ်ရှားနိုင်သေးပေ။
ဒါကြောင့် နောက်ဆုံးရလဒ်ကို ခန့်မှန်းဖို့က လွယ်ကူမှာမဟုတ်ဘူး။
ရှောင်ကျူးက စကားပြောနေရင်းနဲ့ သူမရဲ့အမူအရာက လေးနက်သွားပြန်တယ်။ "ဒါပေမယ့် Hot Search အပေါ်အခြေခံတဲ့ ဒီလိုရေပွက်မှုမျိုးက ကြာရှည်မခံဘူး သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ ခြေကုပ်ရယူချင်တယ်ဆိုရင် လူထုနဲ့ ရံဖန်ရံခါထိတွေ့ပေးရမယ့်အပြင်၊ ပိုအရေးကြီးတာက လွယ်လွယ်ကူကူလုပ်လို့ရတဲ့ အလုပ်တွေရှိတယ် အလုပ်တွေနဲ့ပြောတာတစ်ခုတည်းကသာ ပရိသတ်က နင့်ကို အချိန်အကြာကြီး မှတ်မိနိုင်မှာ"
သူမက အရမ်းမငယ်ရွယ်ပေမယ့်လည်း ဖျော်ဖြေရေးလောကထဲဝင်ရောက်လာတာ နှစ်,နှစ်လောက်ရှိပြီဖြစ်တာကြောင့် စည်းမျဉ်းတွေနဲ့ ကောင်းကောင်းရင်းနှီးတယ်။
ကုမျန်က ရှောင်ကျူးကို သဘောကျစွာကြည့်လိုက်တယ်။
သူမ စိတ်သက်သာရာ ရသွားတယ်။ အဆုံးမှာတော့ ရှောင်ကျူးက မူလပိုင်ရှင်ရဲ့ဖခင်ဖြစ်သူကနေ အထူးတလည်ရွေးချယ်ထားတဲ့ လက်ထောက်တစ်ဦးဖြစ်တာကြောင့် သူမက ဘာဆိုဘာမှမသိတဲ့ ဖြူစင်လှတဲ့လူသစ်လေးတစ်ယောက် ဘယ်လိုဖြစ်နိုင်မှာလဲ။
သို့ပေမယ့်လည်း ရှောင်ကျူးက သုံးစက္ကန့်လောက်ပဲ အလေးအနက်ဖြစ်လိုက်ပြီး သုံးစက္ကန့်ကြာပြီးနောက်မှာတော့ သူမက ပြန်ပြုံးလိုက်ပြီး "ဒါဆို မျန်းမျန် fighting!"
---
မိတ်ကပ်လိမ်းပြီးတာနဲ့ ကုမျန်နဲ့ ရှောင်ကျူးတို့က ရိုက်ကူးရေးနေရာကို တူတူလျှောက်သွားခဲ့ကြတယ်။
သူမ ဖြတ်သွားတဲ့အချိန် ဇာတ်ပို့ဇာတ်ကောင်က သရုပ်ဆောင်နေတယ်။ လောလောဆယ်မှာတော့ သူမအတွက် sceneတစ်ခုမှ မရှိဘူး။
လော့ချယ် သစ်ပင်ရိပ်အောက်မှာ သူ့ဖုန်းသူကြည့်နေတာကို သူမမြင်လိုက်တော့ နည်းနည်းစဉ်းစားလိုက်ပြီး သူ့ဆီဖြည်းညှင်းစွာ လျှောက်သွားလိုက်တယ်။
သူ့ရှေ့မှာ အရိပ်တစ်ခုကျလာတာကို သတိပြုမိပြီးနောက် လော့ချယ်က မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး ခေါင်းမော့လိုက်တယ်။
ထိုလူက ကုမျန်ဆိုတာကို မြင်လိုက်ရတဲ့အခါ အလင်းတန်းတချက်က လော့ချယ်ရဲ့မျက်လုံးတွေကိုဖြတ်ပြီး အရမ်းကိုလျင်လျင်မြန်မြန် လင်းလက်သွားခဲ့တယ်။
သူနဲ့ကုမျန် တွဲနေတာ ခြောက်ရက်လောက်ရှိပြီဖြစ်ပေမယ့်လည်း အဲ့ဒီခြောက်ရက်အတွင်းမှာ သူတို့ရဲ့ သီးသန့်အဆက်အသွယ်က သနားစရာကောင်းလောက်အောင် နည်းပါးလွန်းတယ်။
ကုမျန်က နှစ်စက္ကန့်လောက်တိတ်ဆိတ်နေပြီး နှုတ်ခမ်းစေ့ကာ "ကျေးဇူးတင်ပါတယ်"
လော့ချယ်က ချက်ချင်း သဘောပေါက်သွားတယ်။
Likeအတွက် ကျေးဇူးတင်ပါတယ်။
လော့ချယ်အတွက် သေးငယ်တဲ့လှုပ်ရှားမှုလေးကတောင် Weibo ပေါ်မှာ ဆူနာမီလိုမျိုး ပြင်းထန်တဲ့တုန်လှုပ်မှု ဖြစ်စေတယ်။ အခုတစ်ကြိမ်မှာ သူ့ရဲ့ 'like'က ကုမျန်အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို သိသိသာသာ ယူဆောင်လာပေးတယ်လေ။
ပထမဆုံးဇာတ်လမ်းတွဲထဲမှာ တစ်လကျော်မျှသာ ပါဝင်သရုပ်ဆောင်ခဲ့ရသေးတဲ့ အသစ်လေးတစ်ယောက်အနေနဲ့ လော့ချယ်ရဲ့ ချီးကျူးမှုက သူမကို ကြီးကြီးမားမားအကူအညီပေးခဲ့ပြီး အနာဂတ်မှာ သူမရဲ့လမ်းကြောင်းကို ပိုမိုချောမွေ့စေခဲ့တယ်။
Zawgyi
ေလထုက ခဏေလာက္ေတာ့ တိတ္ဆိတ္မႈထဲ က်ေရာက္သြားတယ္။
ခန္ယန္ယန္က ႏွစ္ခါရယ္ၿပီး "ဟုတ္လား...?"
လူေတာ္ေတာ္မ်ားမ်ားက သူမကို မယုံေလာက္ဘူးဆိုတာ ကုမ်န္သိေပမယ့္ သူမ,မလိမ္ပါဘူး။
သူမမွာ ပုံရိပ္တကယ္မရွိဘူး၊ သူမက သူမပါပဲ။
ဒါေပမယ့္ အျခားသူေတြ မယုံၾကည္ေလာက္တာေၾကာင့္ ရွင္းျပရင္ေတာင္ အသုံးမဝင္ဘူး။ ဒါေၾကာင့္ ကုမ်န္က ဘာမွမရွင္းျပေတာ့ဘဲ မေရမရာ ေခါင္းညိတ္လိုက္တယ္။
ခန္ယန္ယန္က ေခါင္းကုတ္လိုက္ၿပီး ေခါင္းစဥ္ကို ဘယ္လိုဆက္သြားရမွန္းမသိ ျဖစ္သြားေတာ့တယ္။
ကုမ်န္က လူအိုႀကီးရဲ႕လႊမ္းမိုးမႈေအာက္မွာ ေရွ႕ျဖစ္ေဟာၾကားျခင္းနဲ႕ ပတ္သက္တဲ့စာအုပ္မ်ားစြာကို ဖတ္ဖူးေပမယ့္လည္း သူမက သမားရိုးက်သင္ယူမႈေတြကို မေတြ႕ႀကဳံခဲ့ရတာေၾကာင့္ ထိုမွ်ေလာက္ မေကာင္းမြန္ေလဘူး။
ဒါေပမယ့္ သူမရဲ႕သက္ေမြး၀မ္းေၾကာင္းနဲ႕စပ္လ်ဥ္းတဲ့ ကြၽမ္းက်င္မႈက သာမန္လူေတြထက္ေတာ့ အမ်ားႀကီးသာလြန္ေနပါေသးတယ္။ သူမ လုပ္နိုင္ဆဲပင္။
ကုမ်န္ ခန္ယန္ယန္ရဲ႕မ်က္ႏွာကို ၾကည့္လိုက္ေတာ့ သူမက ဘာအႀကံအစည္မွမရွိတဲ့ ႏြေးေထြးၿပီး ရိုးရွင္းတဲ့လူတစ္ေယာက္ဆိုတာကို ေတြ႕လိုက္ရတယ္။သူမေျပာတဲ့အတိုင္း သူမက စိတ္လႈပ္ရွားလြယ္ၿပီး ရႉးရႉးရွားရွားျဖစ္လြယ္တတ္သူပဲ။ သူမက အဲ့ဒီအေၾကာင္းထည့္ေတြးၿပီး “ရွင္ ကြၽန္မကို ေမးစရာမလိုပါဘူး၊ ဘာပဲျဖစ္ျဖစ္ ရွင္က နာမည္ႀကီးလိမ့္မယ္”
ခန္ယန္ယန္ရဲ႕မ်က္လုံးေတြ ျပဴးက်ယ္သြားၿပီး သူမက အနည္းငယ္လည္း အံ့ၾသသြားကာ "အာ၊ အစ္.. အစ္မလည္းအဲ့ဒီလိုထင္လား"
ကုမ်န္က "'Ask the Immortals' ထြက္လာတဲ့အခ်ိန္ ရွင္နာမည္ႀကီးလိမ့္မယ္"
ခန္ယန္ယန္က ရက္ရက္ေရာေရာၿပဳံးျပလိုက္ၿပီး လက္ပိုက္ကာ "ဒါဆို အစ္မရဲ႕စကားေကာင္းေလးေတြ တကယ္ျဖစ္လာဖို႔ ေမွ်ာ္လင့္ပါတယ္ ေက်းဇူးပါ!"
သူမက ကုမ်န္ရဲ႕စကားေတြကို စိတ္ထဲမထည့္ဘဲ သူမကို ႏွစ္သိမ့္ဖို႔ အေကာင္းေျပာေပးေနတယ္လို႔သာ ေတြးေနတယ္။
ဒါေပမယ့္ ခန္ယန္ယန္ရဲ႕ အျမင္အရ သူမသိခ်င္တာကို မသိလိုက္ရေပမယ့္ ကုမ်န္နဲ႕ ဆက္ဆံေရးေကာင္းမြန္တာကလည္း ေကာင္းတာပါပဲ။
တြဲဖက္သ႐ုပ္ေဆာင္ေတြနဲ႕ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိတာက မေကာင္းတဲ့အရာမဟုတ္ေပ။
သူမအဲဒါကိုေတြးရင္း မတ္တပ္ရပ္ၿပီးၿပဳံးလိုက္ကာ "ကုမ်န္ ၊ ဒီေန႕အတြက္ ေက်းဇူးတင္ပါတယ္၊ ကြၽန္မတကယ္နာမည္ႀကီးလာရင္ အစ္မကို ညစာစားဖို႔ ဖိတ္လိုက္မယ္"
“ေကာင္းၿပီ”
ခန္ယန္ယန္ထြက္သြားၿပီးေနာက္ မိတ္ကပ္ပညာရွင္က ၿပဳံးၿပီး "မိန္းကေလးကု၊ ရွင္က အရမ္းၾကင္နာတတ္တာပဲ"
"အမ္?"
"ခန္ယန္ယန္ကို ႏွစ္သိမ့္ဖို႔ အခုေလးတင္ မိန္းကေလးကုေျပာခဲ့တဲ့ စကားေတြက ကြၽန္မ ေလးေလးနက္နက္သေဘာထားခဲ့တာေတာင္ စစ္မွန္လြန္းတယ္"
ကုမ်န္က ေလးနက္စြာ ေျပာလာတယ္။"ဒါက ႏွစ္သိမ့္ေပးတာမဟုတ္ဘူး၊ အမွန္ပါ"
မိတ္ကပ္ပညာရွင္က ကုမ်န္က စိတ္အေျခအေနေကာင္းေနၿပီး ဟာသမလုပ္ပဲမေနနိုင္တာလို႔ ခံစားရတယ္။ "ဒါဆို မိန္းကေလးကု ရွင္ ကြၽန္မကို ဘယ္လိုထင္လဲ၊ ကြၽန္မနာမည္ႀကီးနိုင္လား"
"ခန္ယန္ယန္ေလာက္မေကာင္းေပမယ့္ ရွင္လည္း နာမည္ႀကီးလိမ့္မယ္"
မိတ္ကပ္ပညာရွင္က ဒါကို အေလးအနက္မထားဘူး။ သူမက ၿပဳံးၿပီး ေနာက္ေျပာင္လ်က္ ေျပာလာတယ္။ "ဒါဆို ယန္ယန္လိုပဲ ရွင့္ရဲ႕ စကားေကာင္းေလးေတြ တကယ္ျဖစ္လာဖို႔ ကြၽန္မေမွ်ာ္လင့္ပါတယ္"
ထိုအခ်ိန္ ေရွာင္က်ဴးက သူမလက္ထဲဖုန္းကိုင္ထားကာ ေျပးဝင္လာၿပီး က်ယ္က်ယ္ေလာင္ေလာင္နဲ႕ "မ်န္းမ်န္၊ နင့္ရဲ႕ Weibo မွာ Follower 800,000 ရွိေနၿပီ တစ္သန္းျပည့္ေတာ့မယ္!"
ကုမ်န္က "ေကာင္းၿပီ"
ေရွာင္က်ဴးက သူမေဘးမွာထိုင္ၿပီး ေပ်ာ္႐ႊင္စြာနဲ႕ "ဒီတစ္ႀကိမ္မွာ Hot Search ကို အားကိုးၿပီး နင္ လြယ္လြယ္ကူကူနဲ႕ ပိုၿပီးနာမည္ႀကီးလာနိုင္တယ္ ဒါဟာ ေကာင္းမြန္တဲ့စတင္မႈတစ္ခုပဲ"
ေရွာင္က်ဴးရဲ႕အေကာင္းျမင္မႈနဲ႕မတူဘဲ ကုမ်န္က သူမရဲ႕ အနာဂတ္အတြက္ အေကာင္းျမင္စိတ္မရွိေပ။ ဇာတ္ေၾကာင္းက ဘာေၾကာင့္ေျပာင္းလဲသြားမွန္း သူမ မသိေပမယ့္လည္း ဇာတ္ေၾကာင္းကို မဖယ္ရွားနိုင္ေသးေပ။
ဒါေၾကာင့္ ေနာက္ဆုံးရလဒ္ကို ခန႔္မွန္းဖို႔က လြယ္ကူမွာမဟုတ္ဘူး။
ေရွာင္က်ဴးက စကားေျပာေနရင္းနဲ႕ သူမရဲ႕အမူအရာက ေလးနက္သြားျပန္တယ္။ "ဒါေပမယ့္ Hot Search အေပၚအေျခခံတဲ့ ဒီလိုေရပြက္မႈမ်ိဳးက ၾကာရွည္မခံဘူး သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႕ ေဖ်ာ္ေျဖေရးနယ္ပယ္မွာ ေျခကုပ္ရယူခ်င္တယ္ဆိုရင္ လူထုနဲ႕ ရံဖန္ရံခါထိေတြ႕ေပးရမယ့္အျပင္၊ ပိုအေရးႀကီးတာက လြယ္လြယ္ကူကူလုပ္လို႔ရတဲ့ အလုပ္ေတြရွိတယ္ အလုပ္ေတြနဲ႕ေျပာတာတစ္ခုတည္းကသာ ပရိသတ္က နင့္ကို အခ်ိန္အၾကာႀကီး မွတ္မိနိုင္မွာ"
သူမက အရမ္းမငယ္႐ြယ္ေပမယ့္လည္း ေဖ်ာ္ေျဖေရးေလာကထဲဝင္ေရာက္လာတာ ႏွစ္,ႏွစ္ေလာက္ရွိၿပီျဖစ္တာေၾကာင့္ စည္းမ်ဥ္းေတြနဲ႕ ေကာင္းေကာင္းရင္းႏွီးတယ္။
ကုမ်န္က ေရွာင္က်ဴးကို သေဘာက်စြာၾကည့္လိုက္တယ္။
သူမ စိတ္သက္သာရာ ရသြားတယ္။ အဆုံးမွာေတာ့ ေရွာင္က်ဴးက မူလပိုင္ရွင္ရဲ႕ဖခင္ျဖစ္သူကေန အထူးတလည္ေ႐ြးခ်ယ္ထားတဲ့ လက္ေထာက္တစ္ဦးျဖစ္တာေၾကာင့္ သူမက ဘာဆိုဘာမွမသိတဲ့ ျဖဴစင္လွတဲ့လူသစ္ေလးတစ္ေယာက္ ဘယ္လိုျဖစ္နိုင္မွာလဲ။
သို႔ေပမယ့္လည္း ေရွာင္က်ဴးက သုံးစကၠန႔္ေလာက္ပဲ အေလးအနက္ျဖစ္လိုက္ၿပီး သုံးစကၠန႔္ၾကာၿပီးေနာက္မွာေတာ့ သူမက ျပန္ၿပဳံးလိုက္ၿပီး "ဒါဆို မ်န္းမ်န္ fighting!"
---
မိတ္ကပ္လိမ္းၿပီးတာနဲ႕ ကုမ်န္နဲ႕ ေရွာင္က်ဴးတို႔က ရိုက္ကူးေရးေနရာကို တူတူေလွ်ာက္သြားခဲ့ၾကတယ္။
သူမ ျဖတ္သြားတဲ့အခ်ိန္ ဇာတ္ပို႔ဇာတ္ေကာင္က သ႐ုပ္ေဆာင္ေနတယ္။ ေလာေလာဆယ္မွာေတာ့ သူမအတြက္ sceneတစ္ခုမွ မရွိဘူး။
ေလာ့ခ်ယ္ သစ္ပင္ရိပ္ေအာက္မွာ သူ႕ဖုန္းသူၾကည့္ေနတာကို သူမျမင္လိုက္ေတာ့ နည္းနည္းစဥ္းစားလိုက္ၿပီး သူ႕ဆီျဖည္းညွင္းစြာ ေလွ်ာက္သြားလိုက္တယ္။
သူ႕ေရွ႕မွာ အရိပ္တစ္ခုက်လာတာကို သတိျပဳမိၿပီးေနာက္ ေလာ့ခ်ယ္က မ်က္လုံးေတြကို က်ဥ္းေျမာင္းလိုက္ၿပီး ေခါင္းေမာ့လိုက္တယ္။
ထိုလူက ကုမ်န္ဆိုတာကို ျမင္လိုက္ရတဲ့အခါ အလင္းတန္းတခ်က္က ေလာ့ခ်ယ္ရဲ႕မ်က္လုံးေတြကိုျဖတ္ၿပီး အရမ္းကိုလ်င္လ်င္ျမန္ျမန္ လင္းလက္သြားခဲ့တယ္။
သူနဲ႕ကုမ်န္ တြဲေနတာ ေျခာက္ရက္ေလာက္ရွိၿပီျဖစ္ေပမယ့္လည္း အဲ့ဒီေျခာက္ရက္အတြင္းမွာ သူတို႔ရဲ႕ သီးသန႔္အဆက္အသြယ္က သနားစရာေကာင္းေလာက္ေအာင္ နည္းပါးလြန္းတယ္။
ကုမ်န္က ႏွစ္စကၠန႔္ေလာက္တိတ္ဆိတ္ေနၿပီး ႏႈတ္ခမ္းေစ့ကာ "ေက်းဇူးတင္ပါတယ္"
ေလာ့ခ်ယ္က ခ်က္ခ်င္း သေဘာေပါက္သြားတယ္။
Likeအတြက္ ေက်းဇူးတင္ပါတယ္။
ေလာ့ခ်ယ္အတြက္ ေသးငယ္တဲ့လႈပ္ရွားမႈေလးကေတာင္ Weibo ေပၚမွာ ဆူနာမီလိုမ်ိဳး ျပင္းထန္တဲ့တုန္လႈပ္မႈ ျဖစ္ေစတယ္။ အခုတစ္ႀကိမ္မွာ သူ႕ရဲ႕ 'like'က ကုမ်န္အတြက္ ႀကီးမားတဲ့ အက်ိဳးေက်းဇူးေတြကို သိသိသာသာ ယူေဆာင္လာေပးတယ္ေလ။
ပထမဆုံးဇာတ္လမ္းတြဲထဲမွာ တစ္လေက်ာ္မွ်သာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ရေသးတဲ့ အသစ္ေလးတစ္ေယာက္အေနနဲ႕ ေလာ့ခ်ယ္ရဲ႕ ခ်ီးက်ဴးမႈက သူမကို ႀကီးႀကီးမားမားအကူအညီေပးခဲ့ၿပီး အနာဂတ္မွာ သူမရဲ႕လမ္းေၾကာင္းကို ပိုမိုေခ်ာေမြ႕ေစခဲ့တယ္။