အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စ...

By ChihiroLily7

104K 9.2K 82

လုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတေ... More

ဇာတ်လမ်းမိတ်ဆက်
အပိုင်း (၁) သစ္စာဖောက်
အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း
အပိုင်း (၃) အမည်မသိပူပန်မှု
အပိုင်း (၄) ကျောင်းထွက်ပြီး အလုပ်လုပ်တဲ့
အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်
အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်
အပိုင်း (၇) နားလည်ရဲ့လား
အပိုင်း (၈) ကမ္ဘာ့အဆင့်ပုစ္ဆာများကို အဖြေထုတ်ခြင်း
အပိုင်း (၉) ကြီးမားတဲ့ယုံကြည်ချက်
အပိုင်း (၁၀) သူမ ရူးသွားတာလား
အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း
အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်
အပိုင်း (၁၃) လူပါးဝတဲ့ကောင်ကို သင်ခန်းစာပေးမယ်
အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်
အပိုင်း ( ၁၅) ငါ့မကောင်းကြောင်းပြောနေကြတယ်
အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ
အပိုင်း (၁၇) လူမိုက်လေးတစ်သိုက်
အပိုင်း (၁၈) ချန်းမင် ဘောင်းဘီထဲသေးပေါက်ချတယ်
အပိုင်း (၁၉) သူက မင်းအမ လား
အပိုင်း (၂၀) ကျောင်းတော်ရဲ့မင်းသားလေးထပ်တောင်ပိုချောသေးတယ်
Paid Gp စပါပြီ
အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း
အပိုင်း (၂၂) ပွဲကောင်းတစ်ခုကို စောင့်မျှော်ခြင်း
အပိုင်း (၂၃) နင့်ညီမလေးကို အလျှော့ပေးလိုက်တဲ့
အပိုင်း ( ၂၄) နင့်အသက်ကိုကယ်ပေးမယ်
အပိုင်း (၂၅) အရပ်ဝတ်နဲ့ရဲအတု
အပိုင်း (၂၆) သူမကိုတစ်သန်းပေးလိုက်တယ်
အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့
အပိုင်း (၂၈) တံတားပေါ်က ဘူးသီးခြောက်
အပိုင်း (၂၉) အရာရှိတစ်ယောက်ထပ်ဖြစ်မလာနိုင်တော့ဘူး
အပိုင်း (၃၀) ဖုန်းတစ်လုံးဝယ်ခြင်း
အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်
အပိုင်း (၃၂) VVIP မန်ဘာ
အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်
အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်
အပိုင်း (၃၅) ယွမ်တစ်သန်းသုံးခြင်း
အပိုင်း (၃၆) လောင်းရဲလား
အပိုင်း (၃၇) သေမယ့်လမ်း
အပိုင်း (၃၈) သူမရဲ့သရုပ်မှန်
အပိုင်း (၃၉) သားအမိနှစ်ယောက်ကို ပညာပေးမယ်
အပိုင်း (၄၀) အကြွေးတိုင်းမှာ ကြွေးရှင်ရှိတယ်
အပိုင်း ( ၄၁) သွေးရေပန်း
အပိုင်း (၄၃) ကျေးဇူးပြန်ဆပ်ခြင်း
အပိုင်း ( ၄၄) ကြယ်ငါးပွင့်ဟိုတယ်
အပိုင်း (၄၅) ငွေကို ရေလိုသုံးခြင်း
အပိုင်း (၄၆) စီးပွားရေးလုပ်ငန်း
အပိုင်း (၄၇) ချမ်းသာမှုနှင့် စိတ်ရင်း
အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်
အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့
အပိုင်း (၅၀) ရဲတင်းလိုက်တာ
အပိုင်း (၅၁) သောက်ကျိုးနဲ
အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး
Thidingyut Promotion
အပိုင်း (၅၃) အိုင်ဒေါအဟောင်း
အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း
အပိုင်း (၅၅) သေချာပေါက်လုံးဝငွေမယူဘူး
အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်
အပိုင်း (၅၇) အုတ်အော်သောင်းနင်းဖြစ်သွားခြင်း
အပိုင်း (၅၈) အဖြေမှန်
အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ
အပိုင်း (၆၀) အာမခံချက်ရှိတဲ့ဝင်ခွင့်အခွင့်အရေးရရှိခြင်း
အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ
အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း
အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း
Announcement
အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်
အပိုင်း (၆၅) ကလိမ်ကျတဲ့ နည်းလမ်းတစ်ချို့
အပိုင်း (၆၆) မသမာမှုကြောင့် အသရေဖျက်ခြင်း
အပိုင်း (၆၇) ပရမ်းပတာဖြစ်ခြင်း
အပိုင်း (၆၈) အမှတ်ပြည့်
အပိုင်း ( ၆၉) ဆရာမကိုတောင်းပန်လိုက်
အပိုင်း (၇၀) တရားရုံးမှာတွေ့မယ်
အပိုင်း (၇၁) ရှန်ယွဲ့က ရဲခေါ်လိုက်တယ်
အပိုင်း (၇၂) အိုဗာဖြစ်လွန်းတယ်
အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း
အပိုင်း (၇၄) မင်းကို တနေရာရာမှာတွေ့ဖူးသလိုပဲ
အပိုင်း (၇၅) နောက်ကွယ်လူတစ်စု
အပိုင်း (၇၆) သူကလူပြက်တစ်ယောက်လိုပဲ
အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်
အပိုင်း (၇၈) ရှန်ယွဲ့မှာ ချစ်သူအသစ်ရှိတယ်တဲ့
အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်
အပိုင်း (၈၀) ဟန်ရဲ့ကို မျက်နှာလုပ်ခွင့်ပေးလိုက်တယ်
အပိုင်း (၈၁) ငွေတစ်ခုသာ မျက်လုံးထဲမှာမြင်တယ်
Year End Promotion and Year End Event
Year End Event Announcement
အပိုင်း (၈၂) ယွမ် ၅၀,၀၀၀ကို လက်ခံလိုက်တယ်
GP - 2 မိတ်ဆက်
အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်
အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး
အပိုင်း (၈၅) ရန်သူရဲ့တန်ပြန်တိုက်စစ်
အပိုင်း (၈၆) ကျွန်တော်က အဲလိုလူမျိုးမဟုတ်
အပိုင်း (၈၇) အပြစ်ပြုမိသည်ဟု ခံစားမိခြင်း
အပိုင်း (၈၈) ကင်မရာကို ဖွင့်လိုက်မယ်
အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း
အပိုင်း (၉၀) စပရိုက်နည်းနည်းတိုက်လိုက်မယ်
အပိုင်း (၉၁) ဥက္ကဋ္ဌကျိုးက ဂေး တဲ့
အပိုင်း (၉၂) ၃၆မိနစ်
အပိုင်း (၉၃) စပရိုက်သေးသေးလေး
အပိုင်း (၉၄) အခုချက်ချင်းထွက်သွား
အပိုင်း (၉၅) မဟာအခွင့်အရေးတစ်ခု
အပိုင်း (၉၆) အပြင်မှာ လေပြင်းနေတယ်
အပိုင်း (၉၇) အတုအယောင်ဟု သံသယဖြစ်မိ
အပိုင်း (၉၈) သူ့ခေါင်းကို ရိုက်ခွဲလိုက်တယ်
အပိုင်း (၉၉) တကယ်စိတ်ဆိုးတယ်
အပိုင်း (၁၀၀) ယွမ် တစ်သန်းလျှော်ကြေး
အပိုင်း (၁၀၁) အပေါက်ဆိုးတဲ့မိန်းမ
အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့
အပိုင်း (၁၀၃) ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ
အပိုင်း (၁၀၄) ယွမ် နှစ်သိန်း
အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ
အပိုင်း (၁၀၆) + အပိုင်း (၁၀၇)
အပိုင်း (၁၀၈)+အပိုင်း (၁၀၉)
အပိုင်း (၁၁၀)+အပိုင်း(၁၁၁)
အပိုင်း (၁၁၂) + အပိုင်း (၁၁၃)
အပိုင်း (၁၁၄) + အပိုင်း (၁၁၅)
အပိုင်း (၁၁၆) + အပိုင်း (၁၁၇)
အပိုင်း (၁၁၈) +(၁၁၉)
အပိုင်း (၁၂၀) + အပိုင်း (၁၂၁)
အပိုင်း (၁၂၂) + အပိုင်း (၁၂၃)
အပိုင်း (၁၂၄) + အပိုင်း (၁၂၅)
အပိုင်း (၁၂၆+၁၂၇)
အပိုင်း (၁၂၈ + ၁၂၉)
အပိုင်း (၁၃၀ + ၁၃၁)
အပိုင်း (၁၃၂ + ၁၃၃)
အပိုင်း (၁၃၄ + ၁၃၅)
အပိုင်း (၁၃၆ + ၁၃၇)
အပိုင်း (၁၃၈ + ၁၃၉)
အပိုင်း (၁၄၀ + ၁၄၁)
အပိုင်း (၁၄၂ + ၁၄၃)
အပိုင်း (၁၄၄ + ၁၄၅)
အပိုင်း (၁၄၆ + ၁၄၇)
အပိုင်း (၁၄၈ + ၁၄၉)
Thingyan Promotion!
GP-3 Announcement + Promotion လေးထပ်ပေးထားပါတယ်ရှင်
အပိုင်း (၁၅၀+၁၅၁)
အပိုင်း (၁၅၂+၁၅၃)
အပိုင်း (၁၅၄+၁၅၅)
အပိုင်း (၁၅၆+၁၅၇)
အပိုင်း (၁၅၈+၁၅၉)
အပိုင်း (၁၆၀+၁၆၁)
အပိုင်း (၁၆၂+၁၆၃)

အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း

970 105 7
By ChihiroLily7

ဘာသာပြန်သူ - Chihiro Lily

သမုဒ္ဒရာ၏ တစ်ဖက်ခြမ်းရှိ ကြီးကျယ်ခမ်းနားလှသည့် အဆောက်အအုံတစ်ခု၏ အပေါ်ဆုံးထပ်တွင် မျက်လုံးများပြာပြာ ရွှေရောင်ဆံပင်နှင့် ယောက်ျားတစ်ယောက်သည် သူ့လက်မောင်းထဲတွင် ကိုယ်လုံးတီး အမျိုးသမီးမော်ဒယ်တစ်ယောက်ကို ဖက်ထားလေသည်။ သူသည် ညာဖက်လက်ဖြင့် ဝိုင်နီခွက်ကို ကိုင်ကာ ဖြည်းညင်းစွာလှုပ်ခါရင်း သူ့လက်မောင်းထဲက အမျိုးသမီးမော်ဒယ်၏ အယုအယကို ခံယူနေတော့သည်။ ထိုယောက်ျားက ဘာကိုမှ ဂရုမစိုက်ပေ။ ခေါင်းလေးကိုစောင်းကာ အဝေးတနေရာက လှပသည့်နေဝင်ချိန်ကို ကြည့်လိုက်လေသည်။ သူ့မျက်လုံးများသည် ဝမ်းနည်းနေပြီး ကိုယ့်ဟာကိုယ် တတွတ်တွတ် ရွတ်လိုက်လေသည်။

" လင်ယွဲ့ မင်းက ဒီလောက်အစွမ်းရှိတဲ့ လူတစ်ယောက်ပဲ၊ မင်း လုံးဝ သေသွားမှာမဟုတ်ဘူး.... မင်း အသက်ရှင်နေသေးရင် ကျေးဇူးပြုပြီး ငါ့ကို သတင်းလေးနည်းနည်းပါး ပို့ပါအုံးကွာ..."

သူ့အတိတ်က အမှတ်တရများကို ပြန်လည်တမ်းတရင်း ရွှေရောင်ဆံပင်နှင့် ယောက်ျားသည် ခါးသပ်သပ် ဝိုင်နီတစ်ငုံကို သောက်ကာ အထီးကျန်စွာ သက်ပြင်းချလိုက်သည်။ ရုတ်တရက်ဆိုသလို အခန်းထဲက အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေသည့် ဆက်သွယ်ရေးပစ္စည်းက အသံမြည်လာသည်ကို စူးခနဲ ကြားလိုက်ရ၏။ အစပိုင်းတွင် လင်ယွဲ့ကို အလွန်သတိရမိသဖြင့် ထင်ယောင်ထင်မှားဖြစ်သွားသည်ဟု ထင်လိုက်သော်လည်း နောက်ထပ် အသိပေးချက်က သူ့ကို ထခုန်သွားစေတော့သည်။

"လင်ယွဲ့ မင်းပြန်လာပြီ"

ရွှေရောင်ဆံပင်နှင့် ယောက်ျားသည် ဂယောင်ချောက်ခြားဖြစ်ကာ အော်ဟစ်လေတော့သည်။ သူသည် ရယ်မောလိုက်ပြီး ခုန်လိုက်ကာ ဆက်သွယ်ရေးပစ္စည်းဆီ ခြေလှမ်းကျဲများဖြင့် လျှောက်သွားလိုက်ပြီးနောက် စခရင်ပေါ်တွင် တစ်ကြောင်းပြီးတစ်ကြောင်း ပေါ်လာသည့် စာများကို ကြည့်နေလိုက်သည်။

[လင်ယွဲ့ မင်းလား]

[မင်း မသေဘူးဆိုတာ ငါသိသားပဲ၊ အချိန်အကြာကြီး ပျောက်နေတော့ မင်းကို အရမ်းလွမ်းနေပြီ၊ မင်းကို လွမ်းလွန်းလို့ မအိပ်နိုင် မစားနိုင်ဖြစ်နေပြီ]

[မင်းသေသွားပြီဆိုတဲ့ သတင်းတွေ ပျံ့သွားတုန်းက ဘာတွေ ဘယ်လောက်အထိ ဖြစ်ပျက်သွားတယ်ဆိုတာ မင်း သိမှာမဟုတ်ဘူး၊ ငါ့မှာတော့ သေအောင်လုပ်လိုက်ရတာ ဒါပေမယ့် နင်ကတော့ တခြားနေရာမှာ ဘဝကို ပျော်နေတယ်ပေါ့လေ၊ ငါ မင်းကို ပြောလိုက်မယ်...]

တစ်ဖက်တွင်တော့ ရှန်ယွဲ့သည် ကုတင်ကျဥ်းကျဥ်းလေးပေါ်တွင် ထိုင်ကာ သူမပေါင်ပေါ်က ကွန်ပျူတာပေါ်တွင် ပေါ်လာသည့် ယဲ့ရင်း၏ မရေမတွက်နိုင်သည့်စာများကို ကြည့်နေလေသည်။ သူမ၏နဖူးကို ကူကယ်ရာမဲ့သလို ထိလိုက်မိလေသည်။

ယဲ့ရင်းသည် သူမငယ်စဥ်က အဖွဲ့အစည်းက လေ့ကျင့်ရေးအတွက် လွှတ်လိုက်ချိန်က ဝံပုလွေရိုင်းများကြားမှ ကယ်တင်ပေးခဲ့သည့် ရွှေရောင်ဆံပင်နှင့် ကောင်လေးတစ်ယောက်ဖြစ်သည်။ သူ့ကို ယဲ့ရင်းဟု အမည်ပေးခဲ့သူမှာလည်း သူမပင်။

သူတို့နှစ်ယောက်သည် ဘယ်တော့မှ ပြန်အဆက်အသွယ်ရလိမ့်မည်မဟုတ်ဟု တွေးထားခဲ့သည်။ မျှော်လင့်မထားဘဲ ရှစ်နှစ်ကြာပြီးနောက် လင်ယွဲ့ မစ်ရှင်တစ်ခု လုပ်နေစဥ် လုပ်ကြံရမည့်ပစ်မှတ်က ယဲ့ရင်းဖြစ်နေမှန်း မတော်တဆတွေ့သွားတော့သည်။ ယဲ့ရင်းလည်း သူ့ကျေးဇူးရှင်ကို မှတ်နေပြီး ခုခံခြင်းမရှိဘဲ သူ့အသက်ကို ပေးဖို့ သဘောတူခဲ့၏။

လင်ယွဲ့သည် မစ်ရှင်ပစ်မှတ်ကြောင့် စိတ်လှုပ်ရှားရသည်က ခပ်ရှားရှားပင်။ သူမသည် ယဲ့ရင်း၏ စိတ်ရင်းကိုပြသနေသည့် အပြာရောင်မျက်လုံးများကို ကြည့်နေမိ၏။ ဒါသည် ဆုကြေးငွေကြီးတစ်ခုပေးသည့် လုပ်ကြံရေးမစ်ရှင်ကို လက်လွှတ်ခဲ့သည့် သူမ၏ပထမဆုံးအကြိမ်ဖြစ်ခဲ့ပြီး ယဲ့ရင်းကို တိတ်တဆိတ် လွှတ်ပေးခဲ့လေသည်။

ထိုအချိန်ကစပြီး သူမနှင့် ယဲ့ရင်းတို့သည် တစ်ယောက်အကြောင်း တစ်ယောက်သိကြသည့် သူငယ်ချင်းကောင်းများ ဖြစ်လာခဲ့သည်။သူမသည် ကမ္ဘာ့နံပါတ်တစ် လူသ-တ်သမားဖြစ်လာခဲ့ပြီး ယဲ့ရင်းက ဖယ်ဒရေးရှင်းအမီအခိုလွှတ်ကင်းသည့် အင်အားအကြီးဆုံးကြေးစားအဖွဲ့တစ်ခုကို တည်ထောင်ကာ H ဟု အမည်ပေးခဲ့သည်။

ယဲ့ရင်းက နေရာတိုင်းတွင် တော်လေသည်။ သို့သော် သူ၏တစ်ခုတည်းသောပြဿနာမှာ အလွန်စကားများခြင်းပင်။ သူသည် တောင်စဥ်ရေမရ လျှောက်ပြောနေတတ်ပြီး ဆူညံလွန်းလှသည့် စာကလေးတစ်ကောင်နှင့်သာ တူတော့သည်။ ဒါကြောင့်ပင် ရှန်ယွဲ့မှာ ခေါင်းကိုက်ရပြီး သူ့ကို ကသိကအောက်ဖြင်း ဖြတ်ပြောလိုက်တော့သည်။

[ယဲ့ရင်း စကားမပြောနဲ့တော့ ၊ ငါ့ကို တစ်ခု ကူဖြေရှင်းပေးအုံး]

[ကောင်းပြီ ပြော ငါ သေချာပေါက် ကောင်းကောင်းလေးလုပ်ပေးမယ်]

အသေးစိတ် အကြောင်းအရာနှင့် ထိုဉာဏ်ရည်နိမ့်လူသ-တ်သမားများ၏ တည်နေရာကို ပို့လိုက်ပြီးနောက် ယဲ့ရင်းသည် သူမကို သေသေချာချာ ကူညီပေးမည်ဖြစ်ကြောင်း ချက်ချင်း စာပြန်လေသည်။ ရှန်ယွဲ့ စိတ်အေးကာ သက်ပြင်းချလိုက်ပြီး သမ်းဝေကာ အိပ်ချင်လာတော့သည်။

ယဲ့ရင်းက စာနောက်တစ်စောင်ပို့လာ၏။

[မင်းကရော၊ မင်း ဘယ်လို လက်စားပြန်ချေမယ်လို့ စိတ်ကူးထားလဲ့၊ ငါ့ရှိသမျှအားနဲ့ မင်းကို ကူညီပေးမယ်လေ]

[ငါ အသက်ရှင်နေသေးတယ်ဆိုတဲ့အကြောင်း ဘယ်သူ့ကို မပြောမိစေနဲ့နော်၊ အခုလောလောဆယ် ငါသုံးနေတဲ့ ကွန်ပျူတာနဲ့ အင်တာနက်ဆက်သွယ်ရေးကုဒ်က သိပ်မမြင့်ဘူး၊ ငါ ပစ္စည်းအသစ်ပြောင်းပြီးရင် နင့်ကို ဆက်သွယ်လိုက်မယ်၊ အခုတော့ နည်းနည်း အိပ်ချင်လာလို့၊ မနက်ဖြန်မှ အသေးစိတ်ပြောပြမယ်နော် တာ့တာ]

ထိုစာကြောင်းကို ရေးလိုက်ပြီးနောက် ရှန်ယွဲ့သည် ကွန်ပျူတာကို တွေဝေမနေဘဲ ပိတ်လိုက်တော့သည်။ စောင်ဆွဲခြုံလိုက်ပြီး အိပ်ရန်ပြင်လိုက်၏။

တစ်ဖက်တွင်တော့ ယဲ့ရင်းသည် သူ့မျက်လုံးနီများကို ပွတ်လိုက်၏။ ရှန်ယွဲ့ကိုပို့ထားသည့် စာမှ ပြန်စာမလာတော့သည်ကို တွေ့လိုက်ရချိန်တွင် သူသည် မနေနိုင်ဘဲ ဒေါသတကြီး ဆဲရေးလိုက်တော့သည်။

" ဒီအသည်းနှလုံးမရှိတဲ့ကောင်က ဒီလို အိပ်သွားသတဲ့၊ သေချင်းဆိုး"

သူသည် ဆူဆဲလိုက်ရင်းမှ မနေနိုင်တော့ဘဲ ထပ်ရယ်မောလိုက်ပြန်သည်။ သူ၏ ပင်ပမ်းနွမ်းနယ်နေသည့် မျက်နှာကို ရေအေးဖြင့် ဆေးချလိုက်ပြီး ရှန်ယွဲ့မစ်ရှင်ကို ကိုင်တွယ်ရန် အာရုံစိုက်လိုက်တော့သည်။

Sမြို့တွင် ဉာဥ့်သန်းခေါင်အချိန်၌ အားလုံးက အိပ်မောကျနေစဥ် အနက်ရောင်အရိပ်အချို့သည် ရှန်ယွဲ့တိုက်ခိုက်ခဲ့သည့် သစ်တောငယ်လေးထဲတွင် ပေါ်လာလေသည်။ သူတို့သည် အလောင်းအားလုံးနှင့် ခြေရာလက်ရာများကို ရှင်းလင်းကာ ထိုနေ့ညက သည်နေရာတွင် ဖြစ်သွားသည့် အရာအားလုံးကို ဖျောက်ဖျက်ပစ်လိုက်လေတော့သည်။

...

Paid group မှာ တပတ် ၅ပိုင်းနှုန်းတင်ပါတယ်။ Freeမစောင့်ချင်ရင် အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့စာမျက်နှာသစ် FB pageမှာ hi ပို့ပြီး ဝယ်ယူနိုင်ပါတယ်ရှင်။

Gp1 ( 1-250) Kpay/Wavepay -2500

....

Zawgyi

အပိုင္း (၄၂) ယဲ့ရင္းကို ဆက္သြယ္ျခင္း

သမုဒၵရာ၏ တစ္ဖက္ျခမ္းရွိ ႀကီးက်ယ္ခမ္းနားလွသည့္ အေဆာက္အအုံတစ္ခု၏ အေပၚဆုံးထပ္တြင္ မ်က္လုံးမ်ားျပာျပာ ေ႐ႊေရာင္ဆံပင္ႏွင့္ ေယာက္်ားတစ္ေယာက္သည္ သူ႔လက္ေမာင္းထဲတြင္ ကိုယ္လုံးတီး အမ်ိဳးသမီးေမာ္ဒယ္တစ္ေယာက္ကို ဖက္ထားေလသည္။ သူသည္ ညာဖက္လက္ျဖင့္ ဝိုင္နီခြက္ကို ကိုင္ကာ ျဖည္းညင္းစြာလႈပ္ခါရင္း သူ႔လက္ေမာင္းထဲက အမ်ိဳးသမီးေမာ္ဒယ္၏ အယုအယကို ခံယူေနေတာ့သည္။ ထိုေယာက္်ားက ဘာကိုမွ ဂ႐ုမစိုက္ေပ။ ေခါင္းေလးကိုေစာင္းကာ အေဝးတေနရာက လွပသည့္ေနဝင္ခ်ိန္ကို ၾကည့္လိုက္ေလသည္။ သူ႔မ်က္လုံးမ်ားသည္ ဝမ္းနည္းေနၿပီး ကိုယ့္ဟာကိုယ္ တတြတ္တြတ္ ႐ြတ္လိုက္ေလသည္။

" လင္ယြဲ႕ မင္းက ဒီေလာက္အစြမ္းရွိတဲ့ လူတစ္ေယာက္ပဲ၊ မင္း လုံးဝ ေသသြားမွာမဟုတ္ဘူး.... မင္း အသက္ရွင္ေနေသးရင္ ေက်းဇူးျပဳၿပီး ငါ့ကို သတင္းေလးနည္းနည္းပါး ပို႔ပါအုံးကြာ..."

သူ႔အတိတ္က အမွတ္တရမ်ားကို ျပန္လည္တမ္းတရင္း ေ႐ႊေရာင္ဆံပင္ႏွင့္ ေယာက္်ားသည္ ခါးသပ္သပ္ ဝိုင္နီတစ္ငုံကို ေသာက္ကာ အထီးက်န္စြာ သက္ျပင္းခ်လိုက္သည္။ ႐ုတ္တရက္ဆိုသလို အခန္းထဲက အခ်ိန္ၾကာျမင့္စြာ တိတ္ဆိတ္ေနသည့္ ဆက္သြယ္ေရးပစၥည္းက အသံျမည္လာသည္ကို စူးခနဲ ၾကားလိုက္ရ၏။ အစပိုင္းတြင္ လင္ယြဲ႕ကို အလြန္သတိရမိသျဖင့္ ထင္ေယာင္ထင္မွားျဖစ္သြားသည္ဟု ထင္လိုက္ေသာ္လည္း ေနာက္ထပ္ အသိေပးခ်က္က သူ႔ကို ထခုန္သြားေစေတာ့သည္။

"လင္ယြဲ႕ မင္းျပန္လာၿပီ"

ေ႐ႊေရာင္ဆံပင္ႏွင့္ ေယာက္်ားသည္ ဂေယာင္ေခ်ာက္ျခားျဖစ္ကာ ေအာ္ဟစ္ေလေတာ့သည္။ သူသည္ ရယ္ေမာလိုက္ၿပီး ခုန္လိုက္ကာ ဆက္သြယ္ေရးပစၥည္းဆီ ေျခလွမ္းက်ဲမ်ားျဖင့္ ေလွ်ာက္သြားလိုက္ၿပီးေနာက္ စခရင္ေပၚတြင္ တစ္ေၾကာင္းၿပီးတစ္ေၾကာင္း ေပၚလာသည့္ စာမ်ားကို ၾကည့္ေနလိုက္သည္။

[လင္ယြဲ႕ မင္းလား]

[မင္း မေသဘူးဆိုတာ ငါသိသားပဲ၊ အခ်ိန္အၾကာႀကီး ေပ်ာက္ေနေတာ့ မင္းကို အရမ္းလြမ္းေနၿပီ၊ မင္းကို လြမ္းလြန္းလို႔ မအိပ္ႏိုင္ မစားႏိုင္ျဖစ္ေနၿပီ]

[မင္းေသသြားၿပီဆိုတဲ့ သတင္းေတြ ပ်ံ႕သြားတုန္းက ဘာေတြ ဘယ္ေလာက္အထိ ျဖစ္ပ်က္သြားတယ္ဆိုတာ မင္း သိမွာမဟုတ္ဘူး၊ ငါ့မွာေတာ့ ေသေအာင္လုပ္လိုက္ရတာ ဒါေပမယ့္ နင္ကေတာ့ တျခားေနရာမွာ ဘဝကို ေပ်ာ္ေနတယ္ေပါ့ေလ၊ ငါ မင္းကို ေျပာလိုက္မယ္...]

တစ္ဖက္တြင္ေတာ့ ရွန္ယြဲ႕သည္ ကုတင္က်ဥ္းက်ဥ္းေလးေပၚတြင္ ထိုင္ကာ သူမေပါင္ေပၚက ကြန္ပ်ဴတာေပၚတြင္ ေပၚလာသည့္ ယဲ့ရင္း၏ မေရမတြက္ႏိုင္သည့္စာမ်ားကို ၾကည့္ေနေလသည္။ သူမ၏နဖူးကို ကူကယ္ရာမဲ့သလို ထိလိုက္မိေလသည္။

ယဲ့ရင္းသည္ သူမငယ္စဥ္က အဖြဲ႕အစည္းက ေလ့က်င့္ေရးအတြက္ လႊတ္လိုက္ခ်ိန္က ဝံပုေလြ႐ိုင္းမ်ားၾကားမွ ကယ္တင္ေပးခဲ့သည့္ ေ႐ႊေရာင္ဆံပင္ႏွင့္ ေကာင္ေလးတစ္ေယာက္ျဖစ္သည္။ သူ႔ကို ယဲ့ရင္းဟု အမည္ေပးခဲ့သူမွာလည္း သူမပင္။

သူတို႔ႏွစ္ေယာက္သည္ ဘယ္ေတာ့မွ ျပန္အဆက္အသြယ္ရလိမ့္မည္မဟုတ္ဟု ေတြးထားခဲ့သည္။ ေမွ်ာ္လင့္မထားဘဲ ရွစ္ႏွစ္ၾကာၿပီးေနာက္ လင္ယြဲ႕ မစ္ရွင္တစ္ခု လုပ္ေနစဥ္ လုပ္ႀကံရမည့္ပစ္မွတ္က ယဲ့ရင္းျဖစ္ေနမွန္း မေတာ္တဆေတြ႕သြားေတာ့သည္။ ယဲ့ရင္းလည္း သူ႔ေက်းဇူးရွင္ကို မွတ္ေနၿပီး ခုခံျခင္းမရွိဘဲ သူ႔အသက္ကို ေပးဖို႔ သေဘာတူခဲ့၏။

လင္ယြဲ႕သည္ မစ္ရွင္ပစ္မွတ္ေၾကာင့္ စိတ္လႈပ္ရွားရသည္က ခပ္ရွားရွားပင္။ သူမသည္ ယဲ့ရင္း၏ စိတ္ရင္းကိုျပသေနသည့္ အျပာေရာင္မ်က္လုံးမ်ားကို ၾကည့္ေနမိ၏။ ဒါသည္ ဆုေၾကးေငြႀကီးတစ္ခုေပးသည့္ လုပ္ႀကံေရးမစ္ရွင္ကို လက္လႊတ္ခဲ့သည့္ သူမ၏ပထမဆုံးအႀကိမ္ျဖစ္ခဲ့ၿပီး ယဲ့ရင္းကို တိတ္တဆိတ္ လႊတ္ေပးခဲ့ေလသည္။

ထိုအခ်ိန္ကစၿပီး သူမႏွင့္ ယဲ့ရင္းတို႔သည္ တစ္ေယာက္အေၾကာင္း တစ္ေယာက္သိၾကသည့္ သူငယ္ခ်င္းေကာင္းမ်ား ျဖစ္လာခဲ့သည္။သူမသည္ ကမာၻ႔နံပါတ္တစ္ လူသ-တ္သမားျဖစ္လာခဲ့ၿပီး ယဲ့ရင္းက ဖယ္ဒေရးရွင္းအမီအခိုလႊတ္ကင္းသည့္ အင္အားအႀကီးဆုံးေၾကးစားအဖြဲ႕တစ္ခုကို တည္ေထာင္ကာ H ဟု အမည္ေပးခဲ့သည္။

ယဲ့ရင္းက ေနရာတိုင္းတြင္ ေတာ္ေလသည္။ သို႔ေသာ္ သူ၏တစ္ခုတည္းေသာျပႆနာမွာ အလြန္စကားမ်ားျခင္းပင္။ သူသည္ ေတာင္စဥ္ေရမရ ေလွ်ာက္ေျပာေနတတ္ၿပီး ဆူညံလြန္းလွသည့္ စာကေလးတစ္ေကာင္ႏွင့္သာ တူေတာ့သည္။ ဒါေၾကာင့္ပင္ ရွန္ယြဲ႕မွာ ေခါင္းကိုက္ရၿပီး သူ႔ကို ကသိကေအာက္ျဖင္း ျဖတ္ေျပာလိုက္ေတာ့သည္။

[ယဲ့ရင္း စကားမေျပာနဲ႔ေတာ့ ၊ ငါ့ကို တစ္ခု ကူေျဖရွင္းေပးအုံး]

[ေကာင္းၿပီ ေျပာ ငါ ေသခ်ာေပါက္ ေကာင္းေကာင္းေလးလုပ္ေပးမယ္]

အေသးစိတ္ အေၾကာင္းအရာႏွင့္ ထိုဉာဏ္ရည္နိမ့္လူသ-တ္သမားမ်ား၏ တည္ေနရာကို ပို႔လိုက္ၿပီးေနာက္ ယဲ့ရင္းသည္ သူမကို ေသေသခ်ာခ်ာ ကူညီေပးမည္ျဖစ္ေၾကာင္း ခ်က္ခ်င္း စာျပန္ေလသည္။ ရွန္ယြဲ႕ စိတ္ေအးကာ သက္ျပင္းခ်လိုက္ၿပီး သမ္းေဝကာ အိပ္ခ်င္လာေတာ့သည္။

ယဲ့ရင္းက စာေနာက္တစ္ေစာင္ပို႔လာ၏။

[မင္းကေရာ၊ မင္း ဘယ္လို လက္စားျပန္ေခ်မယ္လို႔ စိတ္ကူးထားလဲ့၊ ငါ့ရွိသမွ်အားနဲ႔ မင္းကို ကူညီေပးမယ္ေလ]

[ငါ အသက္ရွင္ေနေသးတယ္ဆိုတဲ့အေၾကာင္း ဘယ္သူ႔ကို မေျပာမိေစနဲ႔ေနာ္၊ အခုေလာေလာဆယ္ ငါသုံးေနတဲ့ ကြန္ပ်ဴတာနဲ႔ အင္တာနက္ဆက္သြယ္ေရးကုဒ္က သိပ္မျမင့္ဘူး၊ ငါ ပစၥည္းအသစ္ေျပာင္းၿပီးရင္ နင့္ကို ဆက္သြယ္လိုက္မယ္၊ အခုေတာ့ နည္းနည္း အိပ္ခ်င္လာလို႔၊ မနက္ျဖန္မွ အေသးစိတ္ေျပာျပမယ္ေနာ္ တာ့တာ]

ထိုစာေၾကာင္းကို ေရးလိုက္ၿပီးေနာက္ ရွန္ယြဲ႕သည္ ကြန္ပ်ဴတာကို ေတြေဝမေနဘဲ ပိတ္လိုက္ေတာ့သည္။ ေစာင္ဆြဲၿခဳံလိုက္ၿပီး အိပ္ရန္ျပင္လိုက္၏။

တစ္ဖက္တြင္ေတာ့ ယဲ့ရင္းသည္ သူ႔မ်က္လုံးနီမ်ားကို ပြတ္လိုက္၏။ ရွန္ယြဲ႕ကိုပို႔ထားသည့္ စာမွ ျပန္စာမလာေတာ့သည္ကို ေတြ႕လိုက္ရခ်ိန္တြင္ သူသည္ မေနႏိုင္ဘဲ ေဒါသတႀကီး ဆဲေရးလိုက္ေတာ့သည္။

" ဒီအသည္းႏွလုံးမရွိတဲ့ေကာင္က ဒီလို အိပ္သြားသတဲ့၊ ေသခ်င္းဆိုး"

သူသည္ ဆူဆဲလိုက္ရင္းမွ မေနႏိုင္ေတာ့ဘဲ ထပ္ရယ္ေမာလိုက္ျပန္သည္။ သူ၏ ပင္ပမ္းႏြမ္းနယ္ေနသည့္ မ်က္ႏွာကို ေရေအးျဖင့္ ေဆးခ်လိုက္ၿပီး ရွန္ယြဲ႕မစ္ရွင္ကို ကိုင္တြယ္ရန္ အာ႐ုံစိုက္လိုက္ေတာ့သည္။

Sၿမိဳ႕တြင္ ဉာဥ့္သန္းေခါင္အခ်ိန္၌ အားလုံးက အိပ္ေမာက်ေနစဥ္ အနက္ေရာင္အရိပ္အခ်ိဳ႕သည္ ရွန္ယြဲ႕တိုက္ခိုက္ခဲ့သည့္ သစ္ေတာငယ္ေလးထဲတြင္ ေပၚလာေလသည္။ သူတို႔သည္ အေလာင္းအားလုံးႏွင့္ ေျခရာလက္ရာမ်ားကို ရွင္းလင္းကာ ထိုေန႔ညက သည္ေနရာတြင္ ျဖစ္သြားသည့္ အရာအားလုံးကို ေဖ်ာက္ဖ်က္ပစ္လိုက္ေလေတာ့သည္။

...

Paid group မွာ တပတ္ ၅ပိုင္းႏႈန္းတင္ပါတယ္။ Freeမေစာင့္ခ်င္ရင္ အထူးလုပ္ႀကံေရးသမတစ္ေယာက္ရဲ႕စာမ်က္ႏွာသစ္ FB pageမွာ hi ပို႔ၿပီး ဝယ္ယူႏိုင္ပါတယ္ရွင္။

Gp1 ( 1-250) Kpay/Wavepay -2500

....

Continue Reading

You'll Also Like

27K 2.4K 99
EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတ...
99.9K 4.9K 18
စာစဥ် 1 မှ စာစဥ်? ??? . . . Not my work . We are just translating this novel for offline purpose. All credits to original Author and English Transl...
1.2M 91.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.3M 45.3K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd