အပိုင်း (၇၂) ကျိုးရှီ၏အလိမ်ညာပြဇာတ်
နောက်တော့ ပိုင်လီက ပိုင်စန်းအား ....
"တတိယ အကြီးဆုံးမရီးနဲ့ မင်းရဲ့ဇနီးကို သွားခေါ်လာခဲ့ ငါ့မှာသူမတို့ကိုမေးစရာတွေရှိပြှး တကယ်လို့မလာရင် ငါက ရုံးတော်ကိုတိုက်ရိုက်သွားမယ်လို့ပြောလိုက်ပါ"
ပိုင်စန်းသည် ဒါကိုကြားတော့ ဘာကြောင့် သူ့ရဲ့ဒုတိယအကိုက သူ့ဇနီးကိုရော ခေါ်ခိုင်းနေရသလဲဆိုတာကိုနားမလည်ပေ။ ဟုတ်ပါတယ် ပိုင်စန်းကနည်းနည်းတုံးတယ်။ ဒါပေမယ့် သူက သူမိသားစုရဲ့စကားကိုနားထောင်တဲ့လူဖြစ်ပြီး ပိုင်လီစကားဆုံးတာနဲ့ ပိုင်အိမ်ကို တဖန်ပြန်ပြေးသွားပြန်သည်။
ပိုင်လီက ကိုယ်ဝန်သည်တွေကို မညှာတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် သူ့အိမ်မှာ သူ့မိဘတွေရောရောက်နေပြီဖြစ်ပြီး သူမတို့ကိုစကားပြောဖို့အတွက် သူတို့ကပြန်သွားတွေ့ရမှာက ရယ်စရာကောင်းတယ်လေ။ ထပ်ပြီး သူမတို့က အပြစ်လုပ်ထားတာဖြစ်ပြီး သူမတို့ရဲ့ကိုယ်ဝန်တွေကလည်း မွေးခါနီးအခြေနေမှာမဟုတ်ဘဲ ရွာချင်းခြားတဲ့ သူတို့ရဲ့ဇာတိရွာကိုတောင်ပြန်နိုင်သေးတာ တစ်ရွာထဲမှာရှိတဲ့ သူ့အိမ်ကို မလာနိုင်လောက်တဲ့ထိ အခြေနေဆိုးမယ်လို့တော့ သူတော့မထင်ပါဘူး။
ပိုင်ကျန်းနှင့် ပိုင်မိသားစုသည် ပိုင်လီထံမှ ရုံးတော်ဟူသည့်စကားကို ကြားလိုက်ချိန်တွင် အနည်းငယ်လန့်သွားကျသော်လည်း ဘာမှတော့ ဝင်မပြောခဲ့ကျပေ။ ရှောင်အိမ်ကိုဖြေရှင်းတုန်းက ပိုင်လီဘယ်လိုကိုင်တွယ်ခဲ့လဲဆိုတာကို သူတို့တွေ့ပြီးသားမလို့ သူတို့က ဒီပြဿနာကိုလည်း ပိုင်လီဘာသာ ကိုင်တွယ်ဖို့ ခွင့်ပြုထားလိုက်ကျတော့သည်။
ထိုအချိန် အိမ်ရှေ့ကစားပွဲမှာ ပိုင်မိသားစုကလူတွေစုနေပြီး တစ်ခုခုဖြစ်နေပုံရတာမလို့ ရှောင်ဟန်ကတည်သီးပင်အောက်ကနေထလာပြီး ပိုင်မိန်ကလည်းအသေးလေးတွေနှင့်အတူ အနားရောက်လို့လာခဲ့၏။
လူကြီးတွေအနားရောက်ချိန်မှာ အသေးလေးတွေက ပိုင်လီဆီမှာ ကပ်တွယ်ချင်နေကျပြီး ပိုင်ရှောင်ဖူက ပိုင်လီရဲ့လက်မောင်းပေါ်ရောက်တဲ့ထိ တွယ်တတ်လာကာ ပိုင်ရှောင်ဝူလေးကတော့ အပေါ်ရောက်ဖို့မကြိုးစားဘဲ ပိုင်လီ၏ခြေထောက်ကိုသာ ပြုံးပြုံးကြီးဖက်လို့ထားခဲ့သည်။ ပိုင်လီက သူ့ရဲ့သားလေးတွေက ခိုအားလားလေးတွေလို သူ့ကိုတွယ်ကပ်နေတာမျိုးကို သဘောကျပေမယ့် ကျိုးရှီ၏ရဲ့ပါးစပ်က ဆိုးတာကိုသတိရသွားတော့ ဒီနေ့ သူ့သားတွေကို လူကြီးတွေစကားများနေမည့်မြင်ကွင်းကို မမြင်တွေ့စေလိုချင်ပေ။ ဒါကြောင့် သူက စဥ်းစားလိုက်ပြီး...
"ရှောင်ဟန် မင်း အိမ်မှာသကြားနည်းနေပြီလို့ မပြောဘူးလား ဘာလို့မြို့လေးကိုမသွားတာလဲ ကလေးတွေနဲ့ရှောင်မိန်ကိုပါ ခေါ်သွားလိုက်လေ ရှောင်ဝူက လှည်းမောင်းပြီးလိုက်ပို့ပေးလိမ့်မယ်"
ရှောင်ဟန်က သေချာပေါက်ဒါကိုငြင်းချင်သည်။ သို့သော် ပိုင်လီက ဒါကိုစျေးဝယ်ဖို့သပ်သပ်ပြောတာမဟုတ်မှန်း ယောင်ဝါးဝါးခန့်မှန်းမိသဖြင့် ဘာပြန်ပြောရမှန်းမသိဖြစ်နေတုန်း ပိုင်လီလက်မောင်းပေါ်ခိုတတ်နေသည့် ရှောင်ဖူလေးက အရင်ပြောလာခဲ့၏။
"လှည်းနဲ့သွားရမှာလား! အရင်တစ်ခေါက်လိုလား! ဘာလို့ ဦးလေးငယ်ကလှည်းမောင်းမှာလဲဟင် အဖေကမမောင်းဘူးလားဟင်"
ပိုင်လီက ဤကောင်လေးက နောက်ပိုင်းမှာ အရမ်းစပ်စုတတ်လာသည်ဟု ခံစားခဲ့ရသော်လည်း သူကအပြစ်မမြင်ပါချေ။ သူက ပိုင်ရှောင်ဖူရဲ့ပါးဖောင်းဖောင်းလေးကိုညှစ်လိုက်ပြီး...
"အဖေကပြီးမှလိုက်ခဲ့မှာလေ ရှောင်ဖူနဲ့ရှောင်ဝူလေးက ဖေဖေရယ်၊ ဒေါ်လေးငယ်နဲ့ဦးလေးငယ်တို့ရယ်နဲ့ အရင်သွားနှင့် အဖေက နောက်ကလိုက်ခဲ့မယ်ဟုတ်ပြီလား"
ပိုင်အမေက ဒါတွေကြားတော့ နားမလည်စွာနှင့်...
"ဒုတိယ ဘာလို့သူတို့ချည်းလွှတ်နေတာလဲ အိမ်ကကိစ္စဖြေရှင်းပြီးမှ မင်းနဲ့အတူတူသွားကျလေ"
ဒီတော့ ပိုင်လီက ရှင်းပြရုံသာတတ်နိုင်ခဲ့တော့သည်။
"ဒီတလော ကျွန်တော့်အိမ်မှာ ပြဿနာတွေချည်းဖြစ်နေလားလို့ပါ ကလေးတွေကို ဒါတွေမမြင်စေချင်ဘူးလေ ဒါကြောင့် အိမ်မှာဝယ်စရာလေးလည်းရှိနေတော့ သွားဝယ်ခိုင်းတာကောင်းမလားလို့ပါ"
နောက်ထပ် သူထပ်မပြောခဲ့သည့်အချက်မှာ ရှောင်ဟန်က သူ့ဘာသာ မြို့လေးပေါ်သို့ တစ်ခါမှစျေးဝယ်မထွက်ဖူးတာ သေချာသလောက်ရှိသဖြင့် သူက ဒီအခွင့်ရေးကိုအသုံးချကာ ရှောင်ဟန်က အိမ်ရဲ့ငွေကို ကိုင်နိုင်ပြီး သူ့စိတ်ကြိုက်ဝယ်ချင်တာဝယ်လို့ရကြောင်း ပြောပြချင်နေတာပင်။ ပြီးတော့ နောက်ဆိုအိမ်ရဲ့ဝယ်ခြမ်းခြင်းကိစ္စအပေါ် ရှောင်ဟန်ကိုပဲလွှဲပေးတော့မှာမလို့လေ။
ပိုင်အမေကလည်း ဒီတော့မှ သူ့ချွေးမကြီးရဲ့ ပါးစပ်ဆိုးမှုကိုသတိရသွားပြီး ဖြေရှင်းပြီဆိုပါက ငြင်းခုန်တာတွေရှိလာတော့ဖြစ်လို့ ကလေးတွေက ဒါကိုမကြားတာပိုကောင်းသည်ဟု သူမလည်းထင်မြင်ခဲ့သည်။ ဒါကြောင့် သူမက...
"ဒါဆိုလည်းသွားပေါ့ အမေလည်း အိမ်အတွက်အသားနည်းနည်းဝယ်ချင်နေတာနဲ့အတော်ပဲ သွားကျသွားကျ ရှောင်ဝူက မရီးနဲ့ညီမလေးကိုလိုက်ပို့ချေ"
ပိုင်ဝူက သူ့အမေနဲ့ဒုတိယအကိုပြောတာကို မငြင်းခဲ့ပေ။ သူက ပိုင်လီရဲ့ဆန္ဒကိုကြားတာကြောင့် ချက်ခြင်းလှည်းကောက်ပြင်လိုက်ပြီး ရှောင်ဟန်ကလည်းလိုအပ်တာတွေယူဖို့ အိမ်လေးထဲဝင်ခဲ့ချိန်တွင် ပိုင်လီကနောက်ကနေ လိုက်လာကာ...
"ရှောင်ဟန် ငွေကိုပိုယူသွားနော် သကြားအပြင် လိုတဲ့ပစ္စည်းတချို့လည်းဝယ်ခဲ့လိုက် ပြီးတော့ ကလေးတွေကို စားချင်တာဝယ်ကျွေးလိုက်ဦး "
ရှောင်ဟန်က နောက်ကပိုင်လီရဲ့အသံကိုကြားလို့ လှည့်ကြည့်လိုက်ချိန်တွင် ပိုင်လီက ရှောင်ဟန်ခေါင်းပေါ်က အမှိုက်စလေးကိုတွေ့သွားပြီး ဖယ်ပေးလိုက်ရင်း ထပ်ပြောလာခဲ့သည်။
"အိမ်မှာအသားလည်း သိပ်မကျန်တော့ဘူး ငွေသုံးရမှာကိုကြောက်မနေနဲ့နော် ဝယ်လာတာနည်းရင် မင်းကိုပဲသွားပြန်ဝယ်ခိုင်းမှာ တခြားလိုချင်တာတွေရှိရင်လည်း ဝယ်ခဲ့လိုက် ဟုတ်ပြီလား"
ရှောင်ဟန်က ပိုင်လီ၏အပြုမူနှင့် အရမ်းအလိုလိုက်ချင်နေသောအသံကြောင့် မျက်နှာပူလာပြီး အယောင်ယောင်အမှားမှားနှင့် ခေါင်းငြိမ့်လိုက်မိသလိုပင်။ ပိုင်လီကတော့ ခဏနှင့်ပြန်ထွက်သွားကာ သူ့ရဲ့ဇနီးက ရှက်သွားတာကို မမြင်ချင်ယောင်ဆောင်သွားခဲ့၏။
နောက်တော့ ပိုင်ဝူမောင်းသည့်လှည်းလေးက အိမ်ကနေအမြန်ထွက်သွားကာ ပိုင်မိဘတွေနဲ့ ပိုင်လီက အသေးလေးတွေရဲ့ အပြင်သွားရမှာမလို့ တတ်ကြွပျော်ရွှင်နေမှုကိုကြည့်ပြီး ကြည်နူးစွာပြုံးမိနေကျသော်လည်း ခြံဝ၌ ကျိုးရှီတို့လာနေတာကို မြင်ချိန်တွင်မူ သူတို့မျက်နှာပေါ်ရှိအပြုံးများက ပြိုင်တူလိုလိုပင် ပျောက်ကွယ်သွားခဲ့ကျသည်။
လှည်းလေးနဲ့ လူစုက ခြံဝမှာဘေးခြင်းရှောင်လိုက်ကျတာဖြစ်လို့ ကျိုးရှီနဲ့စုရှီရဲ့မျက်နှာပေါ်မှာ စူးစမ်းချင်စိတ်တွေ ပြည့်နှက်သွားကျတော့ကာ သူတို့က ကောင်းကောင်းမွန်မွန်ဝတ်စားထားပြီး ပျော်ရွှင်လန်းဆန်းနေတဲ့ ကလေးတွေကို မြင်လိုက်ရချိန်တွင် ပိုင်အိမ်မှာတုန်းက ပိုင်လီထံက ရုံးတော်တိုင်မယ်ဆိုတဲ့စကားကြောင့် ထိတ်လန့်နေခဲ့ရတာကိုတောင် မေ့သွားကျပြီး အိမ်လေးရှေ့ ကလူအုပ်ထံအမြန်သွား၍ မေးမြန်းကျတော့၏။
"အမေ ရှောင်မိန်နဲ့ ဒုတိယရဲ့မိသားစုက လှည်းနဲ့ဘယ်ကိုသွားတာလဲ သူတို့မှာ ခြင်းတွေရောပါတယ် မြို့လေးကိုစျေးဝယ်သွားတာလား သမီးတို့ရောလိုက်လို့မရဘူးလား"
လှည်းမောင်းနေတဲ့ပိုင်ဝူက ဆယ့်ငါးနှစ်သာရှိသေးပြီး ပိုင်မိန်က ဆယ်နှစ်သာရှိသေးကာ ဒါက ဆယ့်ရှစ်နှစ်အရွယ်ရှောင်ဟန်ကသာ သူတို့ထဲမှာအသက်အကြီးဆုံးဖြစ်နေသည်ဟုဆိုလိုတာပင်။ ဒါဆို သူတို့တွေ အမှန်တကယ် မြို့လေးပေါ်စျေးဝယ်သွားတာဖြစ်ပါက ရှောင်ဟန်ကငွေကိုင်သူဖြစ်လိမ့်မယ်လေ။
ဒါကြောင့် ကျိုးရှီက သူမသာ သူတို့နဲ့လိုက်သွားရင် အသက်ပိုကြီးတဲ့ သူမက ငွေကိုင်ပြီး သူမကစျေးဝယ်ခြမ်းနိုင်သူဖြစ်လိမ့်မယ်ဟု စိတ်ကူးယဥ်နေတာလည်းဖြစ်သည်။
တကယ်တော့ စုရှီကလည်း ကျိုးရှီနှင့်အတွေးတူကာ သူကဝင်မပြောပေမယ့် ကျိုးရှီသာလိုက်သွားနိုင်ပါက သူသည်လည်း လိုက်ရမယ်ဟုတွေးနေတာပင်။
ဒီနှစ်ယောက်က သူတို့ဖြစ်ချင်တာတွေပဲတွေးနေပြီး လက်ရှိအခြေနေကို မေ့သွားကျတာကတော့ တကယ်အံသြစရာပါပဲ။
ပိုင်မိသားစုက သူတို့ကိုစိတ်မပျက်ဘဲ မနေနိုင်ကျဘူး။
မော့ဟွာသည်....
"နင်တို့တွေ အခုအခြေနေကိုပဲ ခေါင်းထဲတွေးကျစမ်းပါ! သူများတွေရဲ့လမ်းကို နှောင့်ယှက်ချင်မနေကျစမ်းပါနဲ့! နင်တို့က ဗိုက်နာလို့ လမ်းတောင်မလျောက်နိုင်ဘူးပြောပြီး အခု မြို့ကိုတောင် သွားချင်နေသေးတယ် တကယ်ပါပဲအေ!"
ဒါကိုကြားတော့မှ ကျိုးရှီနှင့်စုရှီသည် လက်ရှိအခြေနေကို ပြန်အမှတ်ရသွားပြီး သူတို့မျက်နှာများကလည်း အနည်းငယ် အပြုံးများလျော့သွားခဲ့ကျသည်။
သို့သော် သိပ်မကြာလိုက်ဘဲ ကျိုးရှီက အချိုဆုံးပြုံးလာကာ...
"အမေဘာတွေပြောနေတာလဲ အိမ်မှာ ဘာအခြေနေများဖြစ်နေလို့လဲ အားလုံးအဆင်ပြေနေတာပဲမဟုတ်ဘူးလား ကြည့်လေ အိမ်ကအငယ်ဆုံးတွေကတောင် စျေးဝယ်ထွက်နေကျတယ် ဘာအဆင်ပြေတာရှိလို့လဲ"
သူမသည် ပိုင်စန်းက သူမတို့မလာပါက ပိုင်လီက ရုံးတော်ကိုသွားမည်ဟု ပြောလိုက်သည်ကို ကြားလိုက်ချိန်တွင် သူမတို့လုပ်ထားသည်များ ပေါ်သွားပြီထင်၍ အလွန်ထိတ်လန့်သွားခဲ့ရသည်။ သို့သော် ပိုင်စန်းက ဘာမှရေရေရာရာမပြောသဖြင့် သူမက အခုထိဟန်ဆောင်နေတုန်းပင်။
ပိုင်အမေက ဒါကိုကြားတော့ နှာခေါင်းရှုံ့ပြီး တဖက်လှည့်သွားခဲ့သည်။ သူမက ကျိုးရှီ ဒီကိစ္စမှာပါဝင်သလားကို သေသေချာချာမသိသေးပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေမှာ အလိုလိုအသိစိတ်ရှိတာရယ်၊ဒီကျိုးရှီရဲ့စရိုက်က ဒီလိုလုပ်နိုင်ချေများတာရယ်ကြောင့် သူမကတော့ ဒီကိစ္စမှာ ကျိုးရှီပါတယ်လို့ပဲထင်နေတယ်။ အကယ်၍ ကျိူးရှီမပါခဲ့ရင်တောင်ကျိူးမိသားစုက ပိုင်မိသားစုကို လိမ်ညာအမြတ်ထုတ်ခဲ့ပြီး ကျိူးရှီက ပန်းပင်ကိုခိုးပေးလိုက်တဲ့သူဖြစ်လို့ သူမက အရင်လို ကျိုးရှီကို ချွေးမအကြီးဆုံးအနေနဲ့ ချစ်ခင်ဖို့ဆိုတာ လုံးဝဖြစ်လာနိုင်မှာ မဟုတ်တော့ပါဘူး။
ကျိုးရှီကလည်း ပိုင်အမေရဲ့အမူယာကိုမြင်တော့ အံသြသွားကာ အနည်းငယ်ထိတ်လန့်လာခဲ့သည်။
ဒီအချိန်မှာ ပိုင်လီက...
"မရီး ကျွန်တော်ပြန်ရောက်လာပြီ ကျွန်တော့်ကိုပန်းပင်အကြောင်းရှင်းပြပါဦး"
ဒါကိုကြားချိန်တွင် ကျိုးရှီနှင့်စုရှီက ပိုင်လီကိုပြိုင်တူကြည့်လာခဲ့ကျသည်။ သူတို့က ပိုင်စန်း ပထမတစ်ခေါက်လာခေါ်ထဲက ပိုင်လီပြန်ရောက်လာတာကို သိခဲ့ရပြီး ပိုင်လီတွေ့ဖို့တွန့်ဆုတ်နေခဲ့တာလည်းဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ ပြောင်းလဲလာအပြီးမှာ ပိုင်လီက ရင်ဆိုင်ဖို့ခက်ခဲလာသလိုပဲ။ ဒါကြောင့်လည်း သူတို့က ပိုင်လီအိမ်မှာမရှိတဲ့အချိန်ကို ရွေးခဲ့ကျတာလေ။
ကျိုးရှီသည် စိတ်မလုံလဲမှုကြောင့် နှလုံးများ အပြင်းထန်ခုန်နေသော်လည်း သူမရဲ့မျက်နှာကတော့ အပြုံးတစ်ခုကိုဖျစ်ညှစ်ထုတ်ထားကာ အဲတာက ကြည့်နေသူတွေကိုပါ မသက်မသာဖြစ်စေခဲ့သည်။
ဒါပေမယ့် သူမက ပိုင်လီကိုအကဲခက်အပြီးမှာ ပိုင်လီကအေးအေးဆေးဆေးဖြစ်နေတာကို တွေ့ခဲ့ရပြီး စိတ်တိုနေပုံမရခဲ့ဘူး။ ကြည့်ရတာ ပိုင်လီက သူမကို ငွေအပိုထွက်လာမလားလို့ အစ်အောက်ချင်ရုံဟု တွေးမိခဲ့သည်။ ကြည့်လေ ပိုင်လီရဲ့မိသားစုကတောင် အေးအေးဆေးဆေးစျေးဝယ်သွားကျသေးတယ်။ ဒါက ပိုင်လီရဲ့ စိတ်အခြေနေကကောင်းတယ်လို့ ဆိုလိုနေတာမဟုတ်ဘူးလား။ မဟုတ်ရင် သူ့မိသားစုကို ဒီလိုဘယ်ထွက်ခွင့်ပြုမမှာလဲ။ ပိုင်အမေနဲ့ ကျန်လူတွေ မျက်နှာမကောင်းတာကတော့ အရင်ရက် ပိုင်မိန်နဲ့ သူမစကားများခဲ့တာကြောင့် သူမကို အနည်းငယ်အမြင်မကြည်နေတာ ဖြစ်နိုင်တာပဲ။
ထို့သို့တွေးပြီးနောက် ကျိုးရှီက အတန်ငယ် စိတ်သက်သာရာရသွားကာ သူမကြိုတင်စီထားသည့် စကားလုံးများကို တရပ်စပ်ပြောလာခဲ့တော့သည်။
"ဒုတိယမတ်လေး ပြန်ရောက်ပြီပဲ ပန်းပင်ကိစ္စအတွက် မင်းကျေးဇူးတင်စရာမလိုဘူးလို့ မရီးက ကြိုပြောထားမယ် အဲတာက ရွှေတစ်ချောင်းတန်တဲ့ပန်းပင်တဲ့လေ မင်းလည်းအံသြသွားပြီး မယုံနိုင်ဘူးမလား ဒီလိုတောထဲက မတော်တဆတွေ့ခဲ့တဲ့ ပန်းပင်လေးက ငွေချောင်းတစ်ထောင်တောင် တန်နေတာ မင်းကတော့ မိုးနတ်မင်းရဲ့ကောင်းချီတွေ ရထားသလိုကို ကံကောင်းနေတော့တာပဲကွယ် ပိုကံကောင်းတာက အမေက ပန်းပွင့်တချို့ကို မရီးရဲ့ကျိုးမိသားစုကို လက်ဆောင်ပေးလိုက်တယ်လေ ဒီမှာပဲ မင်းရဲ့ကံကောင်းခြင်းက စတာပေါ့ အဲဒီမှာ ကျိုးမိသားစုက မရီးအကို့ရဲ့မိတ်ဆွေက ပန်းပွင့်ကိုတွေ့သွားပြီး အပင်ကိုဝယ်ချင်တော့တာပဲ သူက ပန်းပင်စုဆောင်းသူလေ ရွှေချောင်းတစ်ချောင်းတောင်ပေးတယ်! မရီးတို့လည်းအံအားသင့်ပြီး မင်းအတွက် ဝမ်းသာသွားတော့တာပေါ့ ဒါပေမယ့် မင်းက အိမ်မှာမရှိဘူးလေကွယ် ဒါကြောင့် ကျိုးမိသားစုက အကိုတွေက ပန်းပင်ကိုရောင်းပေးပြီး ငွေကိုမရီးနဲ့ထည့်ပေးလိုက်တော့တာပဲ အဲဒီငွေကို မရီးက အမေ့ကိုပေးထားတယ်သိလား အမေက မင်းကိုပေးမယ်လို့ပြောနေတယ် မင်းကတော့ အဆင်သင့်ရွှေတစ်ချောင်းကိုယူလိုက်ရုံပဲပေါ့ ဘယ်လိုလဲ မင်းရဲ့မရီးကို ကျေးဇူးအရမ်းတင်သွားပြီမလား မရီးကြိုပြောထားသလိုပဲ ကျေးဇူးတင်ဖို့ မလိုဘူးနော် တို့တွေက တစ်မိသားစုထဲပဲလေ "
ပိုင်လီနှင့် ပိုင်မိသားစုသည် ကျိုးရှီ၏ စကားအရှည်ကြီးကို ဝင်မဖြတ်ဘဲ နားထောင်ပေးခဲ့ကျသည်။
အဲဒီနောက် သူတို့က ကျိုးရှီထပ်ပြောလာတာကို ကြားလိုက်ရသေး၏။
"အိုက်ယား! တစ်ဖက်ကဝယ်သူတွေက အလျှင်လိုနေတယ်ဆိုလို့သာ မဟုတ်ရင် မရီးတို့က မင်းပြန်လာတာကိုစောင့်ပြီး မင်းအိမ်ကအပင်ကိုရော ရောင်းပေးချင်သေးတာ မရီးက အစကတော့ မင်းအိမ်ကအပင်ကိုရော ယူဖို့တွေးသေးပေမယ့် အိုင်း.. ရှောင်ဟန်က စိုးရိမ်စိတ်များတတ်တယ်လေ ဒီတော့ သူက သဘောမတူလောက်ဘူးမလား ဒါကြောင့်သာ မင်းငွေချောင်းတစ်ထောင်ထပ်ရမယ့် အခွင့်ရေးတစ်ခုကိုလွဲသွားတာခဲ့ပေါ့ ဒါပေမယ့် မင်းအနေနဲ့ ငွေချောင်းတစ်ထောင်ဆုံးရှုံးသွားလို့ ရှောင်ဟန်ကိုတော့ ဒေါသမထွက်လိုက်ပါနဲ့ကွယ် ဒါကငွေချောင်းတစ်ထောင်တောင်ဆိုပေမယ့် သူကအရင်ထဲက ဒီလိုပုံစံလေးပဲမလား"
.....................
အပိုင္း (၇၂) က်ိဳးရွီ၏အလိမ္ညာျပဇာတ္
ေနာက္ေတာ့ ပိုင္လီက ပိုင္စန္းအား ....
"တတိယ အႀကီးဆုံးမရီးနဲ႕ မင္းရဲ႕ဇနီးကို သြားေခၚလာခဲ့ ငါ့မွာသူမတို႔ကိုေမးစရာေတြရွိျပႇး တကယ္လို႔မလာရင္ ငါက ႐ုံးေတာ္ကိုတိုက္ရိုက္သြားမယ္လို႔ေျပာလိုက္ပါ"
ပိုင္စန္းသည္ ဒါကိုၾကားေတာ့ ဘာေၾကာင့္ သူ႕ရဲ႕ဒုတိယအကိုက သူ႕ဇနီးကိုေရာ ေခၚခိုင္းေနရသလဲဆိုတာကိုနားမလည္ေပ။ ဟုတ္ပါတယ္ ပိုင္စန္းကနည္းနည္းတုံးတယ္။ ဒါေပမယ့္ သူက သူမိသားစုရဲ႕စကားကိုနားေထာင္တဲ့လူျဖစ္ၿပီး ပိုင္လီစကားဆုံးတာနဲ႕ ပိုင္အိမ္ကို တဖန္ျပန္ေျပးသြားျပန္သည္။
ပိုင္လီက ကိုယ္ဝန္သည္ေတြကို မညွာတာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ သူ႕အိမ္မွာ သူ႕မိဘေတြေရာေရာက္ေနၿပီျဖစ္ၿပီး သူမတို႔ကိုစကားေျပာဖို႔အတြက္ သူတို႔ကျပန္သြားေတြ႕ရမွာက ရယ္စရာေကာင္းတယ္ေလ။ ထပ္ၿပီး သူမတို႔က အျပစ္လုပ္ထားတာျဖစ္ၿပီး သူမတို႔ရဲ႕ကိုယ္ဝန္ေတြကလည္း ေမြးခါနီးအေျခေနမွာမဟုတ္ဘဲ ႐ြာခ်င္းျခားတဲ့ သူတို႔ရဲ႕ဇာတိ႐ြာကိုေတာင္ျပန္နိုင္ေသးတာ တစ္႐ြာထဲမွာရွိတဲ့ သူ႕အိမ္ကို မလာနိုင္ေလာက္တဲ့ထိ အေျခေနဆိုးမယ္လို႔ေတာ့ သူေတာ့မထင္ပါဘူး။
ပိုင္က်န္းႏွင့္ ပိုင္မိသားစုသည္ ပိုင္လီထံမွ ႐ုံးေတာ္ဟူသည့္စကားကို ၾကားလိုက္ခ်ိန္တြင္ အနည္းငယ္လန့္သြားက်ေသာ္လည္း ဘာမွေတာ့ ဝင္မေျပာခဲ့က်ေပ။ ေရွာင္အိမ္ကိုေျဖရွင္းတုန္းက ပိုင္လီဘယ္လိုကိုင္တြယ္ခဲ့လဲဆိုတာကို သူတို႔ေတြ႕ၿပီးသားမလို႔ သူတို႔က ဒီျပႆနာကိုလည္း ပိုင္လီဘာသာ ကိုင္တြယ္ဖို႔ ခြင့္ျပဳထားလိုက္က်ေတာ့သည္။
ထိုအခ်ိန္ အိမ္ေရွ႕ကစားပြဲမွာ ပိုင္မိသားစုကလူေတြစုေနၿပီး တစ္ခုခုျဖစ္ေနပုံရတာမလို႔ ေရွာင္ဟန္ကတည္သီးပင္ေအာက္ကေနထလာၿပီး ပိုင္မိန္ကလည္းအေသးေလးေတြႏွင့္အတူ အနားေရာက္လို႔လာခဲ့၏။
လူႀကီးေတြအနားေရာက္ခ်ိန္မွာ အေသးေလးေတြက ပိုင္လီဆီမွာ ကပ္တြယ္ခ်င္ေနက်ၿပီး ပိုင္ေရွာင္ဖူက ပိုင္လီရဲ႕လက္ေမာင္းေပၚေရာက္တဲ့ထိ တြယ္တတ္လာကာ ပိုင္ေရွာင္ဝူေလးကေတာ့ အေပၚေရာက္ဖို႔မႀကိဳးစားဘဲ ပိုင္လီ၏ေျခေထာက္ကိုသာ ၿပဳံးၿပဳံးႀကီးဖက္လို႔ထားခဲ့သည္။ ပိုင္လီက သူ႕ရဲ႕သားေလးေတြက ခိုအားလားေလးေတြလို သူ႕ကိုတြယ္ကပ္ေနတာမ်ိဳးကို သေဘာက်ေပမယ့္ က်ိဳးရွီ၏ရဲ႕ပါးစပ္က ဆိုးတာကိုသတိရသြားေတာ့ ဒီေန႕ သူ႕သားေတြကို လူႀကီးေတြစကားမ်ားေနမည့္ျမင္ကြင္းကို မျမင္ေတြ႕ေစလိုခ်င္ေပ။ ဒါေၾကာင့္ သူက စဥ္းစားလိုက္ၿပီး...
"ေရွာင္ဟန္ မင္း အိမ္မွာသၾကားနည္းေနၿပီလို႔ မေျပာဘူးလား ဘာလို႔ၿမိဳ႕ေလးကိုမသြားတာလဲ ကေလးေတြနဲ႕ေရွာင္မိန္ကိုပါ ေခၚသြားလိုက္ေလ ေရွာင္ဝူက လွည္းေမာင္းၿပီးလိုက္ပို႔ေပးလိမ့္မယ္"
ေရွာင္ဟန္က ေသခ်ာေပါက္ဒါကိုျငင္းခ်င္သည္။ သို႔ေသာ္ ပိုင္လီက ဒါကိုေစ်းဝယ္ဖို႔သပ္သပ္ေျပာတာမဟုတ္မွန္း ေယာင္ဝါးဝါးခန့္မွန္းမိသျဖင့္ ဘာျပန္ေျပာရမွန္းမသိျဖစ္ေနတုန္း ပိုင္လီလက္ေမာင္းေပၚခိုတတ္ေနသည့္ ေရွာင္ဖူေလးက အရင္ေျပာလာခဲ့၏။
"လွည္းနဲ႕သြားရမွာလား! အရင္တစ္ေခါက္လိုလား! ဘာလို႔ ဦးေလးငယ္ကလွည္းေမာင္းမွာလဲဟင္ အေဖကမေမာင္းဘူးလားဟင္"
ပိုင္လီက ဤေကာင္ေလးက ေနာက္ပိုင္းမွာ အရမ္းစပ္စုတတ္လာသည္ဟု ခံစားခဲ့ရေသာ္လည္း သူကအျပစ္မျမင္ပါေခ်။ သူက ပိုင္ေရွာင္ဖူရဲ႕ပါးေဖာင္းေဖာင္းေလးကိုညွစ္လိုက္ၿပီး...
"အေဖကၿပီးမွလိုက္ခဲ့မွာေလ ေရွာင္ဖူနဲ႕ေရွာင္ဝူေလးက ေဖေဖရယ္၊ ေဒၚေလးငယ္နဲ႕ဦးေလးငယ္တို႔ရယ္နဲ႕ အရင္သြားႏွင့္ အေဖက ေနာက္ကလိုက္ခဲ့မယ္ဟုတ္ၿပီလား"
ပိုင္အေမက ဒါေတြၾကားေတာ့ နားမလည္စြာႏွင့္...
"ဒုတိယ ဘာလို႔သူတို႔ခ်ည္းလႊတ္ေနတာလဲ အိမ္ကကိစၥေျဖရွင္းၿပီးမွ မင္းနဲ႕အတူတူသြားက်ေလ"
ဒီေတာ့ ပိုင္လီက ရွင္းျပ႐ုံသာတတ္နိုင္ခဲ့ေတာ့သည္။
"ဒီတေလာ ကြၽန္ေတာ့္အိမ္မွာ ျပႆနာေတြခ်ည္းျဖစ္ေနလားလို႔ပါ ကေလးေတြကို ဒါေတြမျမင္ေစခ်င္ဘူးေလ ဒါေၾကာင့္ အိမ္မွာဝယ္စရာေလးလည္းရွိေနေတာ့ သြားဝယ္ခိုင္းတာေကာင္းမလားလို႔ပါ"
ေနာက္ထပ္ သူထပ္မေျပာခဲ့သည့္အခ်က္မွာ ေရွာင္ဟန္က သူ႕ဘာသာ ၿမိဳ႕ေလးေပၚသို႔ တစ္ခါမွေစ်းဝယ္မထြက္ဖူးတာ ေသခ်ာသေလာက္ရွိသျဖင့္ သူက ဒီအခြင့္ေရးကိုအသုံးခ်ကာ ေရွာင္ဟန္က အိမ္ရဲ႕ေငြကို ကိုင္နိုင္ၿပီး သူ႕စိတ္ႀကိဳက္ဝယ္ခ်င္တာဝယ္လို႔ရေၾကာင္း ေျပာျပခ်င္ေနတာပင္။ ၿပီးေတာ့ ေနာက္ဆိုအိမ္ရဲ႕ဝယ္ျခမ္းျခင္းကိစၥအေပၚ ေရွာင္ဟန္ကိုပဲလႊဲေပးေတာ့မွာမလို႔ေလ။
ပိုင္အေမကလည္း ဒီေတာ့မွ သူ႕ေခြၽးမႀကီးရဲ႕ ပါးစပ္ဆိုးမႈကိုသတိရသြားၿပီး ေျဖရွင္းၿပီဆိုပါက ျငင္းခုန္တာေတြရွိလာေတာ့ျဖစ္လို႔ ကေလးေတြက ဒါကိုမၾကားတာပိုေကာင္းသည္ဟု သူမလည္းထင္ျမင္ခဲ့သည္။ ဒါေၾကာင့္ သူမက...
"ဒါဆိုလည္းသြားေပါ့ အေမလည္း အိမ္အတြက္အသားနည္းနည္းဝယ္ခ်င္ေနတာနဲ႕အေတာ္ပဲ သြားက်သြားက် ေရွာင္ဝူက မရီးနဲ႕ညီမေလးကိုလိုက္ပို႔ေခ်"
ပိုင္ဝူက သူ႕အေမနဲ႕ဒုတိယအကိုေျပာတာကို မျငင္းခဲ့ေပ။ သူက ပိုင္လီရဲ႕ဆႏၵကိုၾကားတာေၾကာင့္ ခ်က္ျခင္းလွည္းေကာက္ျပင္လိုက္ၿပီး ေရွာင္ဟန္ကလည္းလိုအပ္တာေတြယူဖို႔ အိမ္ေလးထဲဝင္ခဲ့ခ်ိန္တြင္ ပိုင္လီကေနာက္ကေန လိုက္လာကာ...
"ေရွာင္ဟန္ ေငြကိုပိုယူသြားေနာ္ သၾကားအျပင္ လိုတဲ့ပစၥည္းတခ်ိဳ႕လည္းဝယ္ခဲ့လိုက္ ၿပီးေတာ့ ကေလးေတြကို စားခ်င္တာဝယ္ေကြၽးလိုက္ဦး "
ေရွာင္ဟန္က ေနာက္ကပိုင္လီရဲ႕အသံကိုၾကားလို႔ လွည့္ၾကည့္လိုက္ခ်ိန္တြင္ ပိုင္လီက ေရွာင္ဟန္ေခါင္းေပၚက အမွိုက္စေလးကိုေတြ႕သြားၿပီး ဖယ္ေပးလိုက္ရင္း ထပ္ေျပာလာခဲ့သည္။
"အိမ္မွာအသားလည္း သိပ္မက်န္ေတာ့ဘူး ေငြသုံးရမွာကိုေၾကာက္မေနနဲ႕ေနာ္ ဝယ္လာတာနည္းရင္ မင္းကိုပဲသြားျပန္ဝယ္ခိုင္းမွာ တျခားလိုခ်င္တာေတြရွိရင္လည္း ဝယ္ခဲ့လိုက္ ဟုတ္ၿပီလား"
ေရွာင္ဟန္က ပိုင္လီ၏အျပဳမူႏွင့္ အရမ္းအလိုလိုက္ခ်င္ေနေသာအသံေၾကာင့္ မ်က္ႏွာပူလာၿပီး အေယာင္ေယာင္အမွားမွားႏွင့္ ေခါင္းၿငိမ့္လိုက္မိသလိုပင္။ ပိုင္လီကေတာ့ ခဏႏွင့္ျပန္ထြက္သြားကာ သူ႕ရဲ႕ဇနီးက ရွက္သြားတာကို မျမင္ခ်င္ေယာင္ေဆာင္သြားခဲ့၏။
ေနာက္ေတာ့ ပိုင္ဝူေမာင္းသည့္လွည္းေလးက အိမ္ကေနအျမန္ထြက္သြားကာ ပိုင္မိဘေတြနဲ႕ ပိုင္လီက အေသးေလးေတြရဲ႕ အျပင္သြားရမွာမလို႔ တတ္ႂကြေပ်ာ္႐ႊင္ေနမႈကိုၾကည့္ၿပီး ၾကည္ႏူးစြာၿပဳံးမိေနက်ေသာ္လည္း ၿခံဝ၌ က်ိဳးရွီတို႔လာေနတာကို ျမင္ခ်ိန္တြင္မူ သူတို႔မ်က္ႏွာေပၚရွိအၿပဳံးမ်ားက ၿပိဳင္တူလိုလိုပင္ ေပ်ာက္ကြယ္သြားခဲ့က်သည္။
လွည္းေလးနဲ႕ လူစုက ၿခံဝမွာေဘးျခင္းေရွာင္လိုက္က်တာျဖစ္လို႔ က်ိဳးရွီနဲ႕စုရွီရဲ႕မ်က္ႏွာေပၚမွာ စူးစမ္းခ်င္စိတ္ေတြ ျပည့္ႏွက္သြားက်ေတာ့ကာ သူတို႔က ေကာင္းေကာင္းမြန္မြန္ဝတ္စားထားၿပီး ေပ်ာ္႐ႊင္လန္းဆန္းေနတဲ့ ကေလးေတြကို ျမင္လိုက္ရခ်ိန္တြင္ ပိုင္အိမ္မွာတုန္းက ပိုင္လီထံက ႐ုံးေတာ္တိုင္မယ္ဆိုတဲ့စကားေၾကာင့္ ထိတ္လန့္ေနခဲ့ရတာကိုေတာင္ ေမ့သြားက်ၿပီး အိမ္ေလးေရွ႕ ကလူအုပ္ထံအျမန္သြား၍ ေမးျမန္းက်ေတာ့၏။
"အေမ ေရွာင္မိန္နဲ႕ ဒုတိယရဲ႕မိသားစုက လွည္းနဲ႕ဘယ္ကိုသြားတာလဲ သူတို႔မွာ ျခင္းေတြေရာပါတယ္ ၿမိဳ႕ေလးကိုေစ်းဝယ္သြားတာလား သမီးတို႔ေရာလိုက္လို႔မရဘူးလား"
လွည္းေမာင္းေနတဲ့ပိုင္ဝူက ဆယ့္ငါးႏွစ္သာရွိေသးၿပီး ပိုင္မိန္က ဆယ္ႏွစ္သာရွိေသးကာ ဒါက ဆယ့္ရွစ္ႏွစ္အ႐ြယ္ေရွာင္ဟန္ကသာ သူတို႔ထဲမွာအသက္အႀကီးဆုံးျဖစ္ေနသည္ဟုဆိုလိုတာပင္။ ဒါဆို သူတို႔ေတြ အမွန္တကယ္ ၿမိဳ႕ေလးေပၚေစ်းဝယ္သြားတာျဖစ္ပါက ေရွာင္ဟန္ကေငြကိုင္သူျဖစ္လိမ့္မယ္ေလ။
ဒါေၾကာင့္ က်ိဳးရွီက သူမသာ သူတို႔နဲ႕လိုက္သြားရင္ အသက္ပိုႀကီးတဲ့ သူမက ေငြကိုင္ၿပီး သူမကေစ်းဝယ္ျခမ္းနိုင္သူျဖစ္လိမ့္မယ္ဟု စိတ္ကူးယဥ္ေနတာလည္းျဖစ္သည္။
တကယ္ေတာ့ စုရွီကလည္း က်ိဳးရွီႏွင့္အေတြးတူကာ သူကဝင္မေျပာေပမယ့္ က်ိဳးရွီသာလိုက္သြားနိုင္ပါက သူသည္လည္း လိုက္ရမယ္ဟုေတြးေနတာပင္။
ဒီႏွစ္ေယာက္က သူတို႔ျဖစ္ခ်င္တာေတြပဲေတြးေနၿပီး လက္ရွိအေျခေနကို ေမ့သြားက်တာကေတာ့ တကယ္အံၾသစရာပါပဲ။
ပိုင္မိသားစုက သူတို႔ကိုစိတ္မပ်က္ဘဲ မေနနိုင္က်ဘဴး။
ေမာ့ဟြာသည္....
"နင္တို႔ေတြ အခုအေျခေနကိုပဲ ေခါင္းထဲေတြးက်စမ္းပါ! သူမ်ားေတြရဲ႕လမ္းကို ႏွောင့္ယွက္ခ်င္မေနက်စမ္းပါနဲ႕! နင္တို႔က ဗိုက္နာလို႔ လမ္းေတာင္မေလ်ာက္နိုင္ဘူးေျပာၿပီး အခု ၿမိဳ႕ကိုေတာင္ သြားခ်င္ေနေသးတယ္ တကယ္ပါပဲေအ!"
ဒါကိုၾကားေတာ့မွ က်ိဳးရွီႏွင့္စုရွီသည္ လက္ရွိအေျခေနကို ျပန္အမွတ္ရသြားၿပီး သူတို႔မ်က္ႏွာမ်ားကလည္း အနည္းငယ္ အၿပဳံးမ်ားေလ်ာ့သြားခဲ့က်သည္။
သို႔ေသာ္ သိပ္မၾကာလိုက္ဘဲ က်ိဳးရွီက အခ်ိဳဆုံးၿပဳံးလာကာ...
"အေမဘာေတြေျပာေနတာလဲ အိမ္မွာ ဘာအေျခေနမ်ားျဖစ္ေနလို႔လဲ အားလုံးအဆင္ေျပေနတာပဲမဟုတ္ဘူးလား ၾကည့္ေလ အိမ္ကအငယ္ဆုံးေတြကေတာင္ ေစ်းဝယ္ထြက္ေနက်တယ္ ဘာအဆင္ေျပတာရွိလို႔လဲ"
သူမသည္ ပိုင္စန္းက သူမတို႔မလာပါက ပိုင္လီက ႐ုံးေတာ္ကိုသြားမည္ဟု ေျပာလိုက္သည္ကို ၾကားလိုက္ခ်ိန္တြင္ သူမတို႔လုပ္ထားသည္မ်ား ေပၚသြားၿပီထင္၍ အလြန္ထိတ္လန့္သြားခဲ့ရသည္။ သို႔ေသာ္ ပိုင္စန္းက ဘာမွေရေရရာရာမေျပာသျဖင့္ သူမက အခုထိဟန္ေဆာင္ေနတုန္းပင္။
ပိုင္အေမက ဒါကိုၾကားေတာ့ ႏွာေခါင္းရႈံ႕ၿပီး တဖက္လွည့္သြားခဲ့သည္။ သူမက က်ိဳးရွီ ဒီကိစၥမွာပါဝင္သလားကို ေသေသခ်ာခ်ာမသိေသးပါဘူး။ ဒါေပမယ့္ အမ်ိဳးသမီးေတြမွာ အလိုလိုအသိစိတ္ရွိတာရယ္၊ဒီက်ိဳးရွီရဲ႕စရိုက္က ဒီလိုလုပ္နိုင္ေခ်မ်ားတာရယ္ေၾကာင့္ သူမကေတာ့ ဒီကိစၥမွာ က်ိဳးရွီပါတယ္လို႔ပဲထင္ေနတယ္။ အကယ္၍ က်ိဴးရွီမပါခဲ့ရင္ေတာင္က်ိဴးမိသားစုက ပိုင္မိသားစုကို လိမ္ညာအျမတ္ထုတ္ခဲ့ၿပီး က်ိဴးရွီက ပန္းပင္ကိုခိုးေပးလိုက္တဲ့သူျဖစ္လို႔ သူမက အရင္လို က်ိဳးရွီကို ေခြၽးမအႀကီးဆုံးအေနနဲ႕ ခ်စ္ခင္ဖို႔ဆိုတာ လုံးဝျဖစ္လာနိုင္မွာ မဟုတ္ေတာ့ပါဘူး။
က်ိဳးရွီကလည္း ပိုင္အေမရဲ႕အမူယာကိုျမင္ေတာ့ အံၾသသြားကာ အနည္းငယ္ထိတ္လန့္လာခဲ့သည္။
ဒီအခ်ိန္မွာ ပိုင္လီက...
"မရီး ကြၽန္ေတာ္ျပန္ေရာက္လာၿပီ ကြၽန္ေတာ့္ကိုပန္းပင္အေၾကာင္းရွင္းျပပါဦး"
ဒါကိုၾကားခ်ိန္တြင္ က်ိဳးရွီႏွင့္စုရွီက ပိုင္လီကိုၿပိဳင္တူၾကည့္လာခဲ့က်သည္။ သူတို႔က ပိုင္စန္း ပထမတစ္ေခါက္လာေခၚထဲက ပိုင္လီျပန္ေရာက္လာတာကို သိခဲ့ရၿပီး ပိုင္လီေတြ႕ဖို႔တြန့္ဆုတ္ေနခဲ့တာလည္းျဖစ္သည္။ ဘာေၾကာင့္လဲဆိုေတာ့ ေျပာင္းလဲလာအၿပီးမွာ ပိုင္လီက ရင္ဆိုင္ဖို႔ခက္ခဲလာသလိုပဲ။ ဒါေၾကာင့္လည္း သူတို႔က ပိုင္လီအိမ္မွာမရွိတဲ့အခ်ိန္ကို ေ႐ြးခဲ့က်တာေလ။
က်ိဳးရွီသည္ စိတ္မလုံလဲမႈေၾကာင့္ ႏွလုံးမ်ား အျပင္းထန္ခုန္ေနေသာ္လည္း သူမရဲ႕မ်က္ႏွာကေတာ့ အၿပဳံးတစ္ခုကိုဖ်စ္ညွစ္ထုတ္ထားကာ အဲတာက ၾကည့္ေနသူေတြကိုပါ မသက္မသာျဖစ္ေစခဲ့သည္။
ဒါေပမယ့္ သူမက ပိုင္လီကိုအကဲခက္အၿပီးမွာ ပိုင္လီကေအးေအးေဆးေဆးျဖစ္ေနတာကို ေတြ႕ခဲ့ရၿပီး စိတ္တိုေနပုံမရခဲ့ဘူး။ ၾကည့္ရတာ ပိုင္လီက သူမကို ေငြအပိုထြက္လာမလားလို႔ အစ္ေအာက္ခ်င္႐ုံဟု ေတြးမိခဲ့သည္။ ၾကည့္ေလ ပိုင္လီရဲ႕မိသားစုကေတာင္ ေအးေအးေဆးေဆးေစ်းဝယ္သြားက်ေသးတယ္။ ဒါက ပိုင္လီရဲ႕ စိတ္အေျခေနကေကာင္းတယ္လို႔ ဆိုလိုေနတာမဟုတ္ဘူးလား။ မဟုတ္ရင္ သူ႕မိသားစုကို ဒီလိုဘယ္ထြက္ခြင့္ျပဳမမွာလဲ။ ပိုင္အေမနဲ႕ က်န္လူေတြ မ်က္ႏွာမေကာင္းတာကေတာ့ အရင္ရက္ ပိုင္မိန္နဲ႕ သူမစကားမ်ားခဲ့တာေၾကာင့္ သူမကို အနည္းငယ္အျမင္မၾကည္ေနတာ ျဖစ္နိုင္တာပဲ။
ထို႔သို႔ေတြးၿပီးေနာက္ က်ိဳးရွီက အတန္ငယ္ စိတ္သက္သာရာရသြားကာ သူမႀကိဳတင္စီထားသည့္ စကားလုံးမ်ားကို တရပ္စပ္ေျပာလာခဲ့ေတာ့သည္။
"ဒုတိယမတ္ေလး ျပန္ေရာက္ၿပီပဲ ပန္းပင္ကိစၥအတြက္ မင္းေက်းဇူးတင္စရာမလိုဘူးလို႔ မရီးက ႀကိဳေျပာထားမယ္ အဲတာက ေ႐ႊတစ္ေခ်ာင္းတန္တဲ့ပန္းပင္တဲ့ေလ မင္းလည္းအံၾသသြားၿပီး မယုံနိုင္ဘူးမလား ဒီလိုေတာထဲက မေတာ္တဆေတြ႕ခဲ့တဲ့ ပန္းပင္ေလးက ေငြေခ်ာင္းတစ္ေထာင္ေတာင္ တန္ေနတာ မင္းကေတာ့ မိုးနတ္မင္းရဲ႕ေကာင္းခ်ီေတြ ရထားသလိုကို ကံေကာင္းေနေတာ့တာပဲကြယ္ ပိုကံေကာင္းတာက အေမက ပန္းပြင့္တခ်ိဳ႕ကို မရီးရဲ႕က်ိဳးမိသားစုကို လက္ေဆာင္ေပးလိုက္တယ္ေလ ဒီမွာပဲ မင္းရဲ႕ကံေကာင္းျခင္းက စတာေပါ့ အဲဒီမွာ က်ိဳးမိသားစုက မရီးအကို႔ရဲ႕မိတ္ေဆြက ပန္းပြင့္ကိုေတြ႕သြားၿပီး အပင္ကိုဝယ္ခ်င္ေတာ့တာပဲ သူက ပန္းပင္စုေဆာင္းသူေလ ေ႐ႊေခ်ာင္းတစ္ေခ်ာင္းေတာင္ေပးတယ္! မရီးတို႔လည္းအံအားသင့္ၿပီး မင္းအတြက္ ဝမ္းသာသြားေတာ့တာေပါ့ ဒါေပမယ့္ မင္းက အိမ္မွာမရွိဘူးေလကြယ္ ဒါေၾကာင့္ က်ိဳးမိသားစုက အကိုေတြက ပန္းပင္ကိုေရာင္းေပးၿပီး ေငြကိုမရီးနဲ႕ထည့္ေပးလိုက္ေတာ့တာပဲ အဲဒီေငြကို မရီးက အေမ့ကိုေပးထားတယ္သိလား အေမက မင္းကိုေပးမယ္လို႔ေျပာေနတယ္ မင္းကေတာ့ အဆင္သင့္ေ႐ႊတစ္ေခ်ာင္းကိုယူလိုက္႐ုံပဲေပါ့ ဘယ္လိုလဲ မင္းရဲ႕မရီးကို ေက်းဇူးအရမ္းတင္သြားၿပီမလား မရီးႀကိဳေျပာထားသလိုပဲ ေက်းဇူးတင္ဖို႔ မလိုဘူးေနာ္ တို႔ေတြက တစ္မိသားစုထဲပဲေလ "
ပိုင္လီႏွင့္ ပိုင္မိသားစုသည္ က်ိဳးရွီ၏ စကားအရွည္ႀကီးကို ဝင္မျဖတ္ဘဲ နားေထာင္ေပးခဲ့က်သည္။
အဲဒီေနာက္ သူတို႔က က်ိဳးရွီထပ္ေျပာလာတာကို ၾကားလိုက္ရေသး၏။
"အိုက္ယား! တစ္ဖက္ကဝယ္သူေတြက အလွ်င္လိုေနတယ္ဆိုလို႔သာ မဟုတ္ရင္ မရီးတို႔က မင္းျပန္လာတာကိုေစာင့္ၿပီး မင္းအိမ္ကအပင္ကိုေရာ ေရာင္းေပးခ်င္ေသးတာ မရီးက အစကေတာ့ မင္းအိမ္ကအပင္ကိုေရာ ယူဖို႔ေတြးေသးေပမယ့္ အိုင္း.. ေရွာင္ဟန္က စိုးရိမ္စိတ္မ်ားတတ္တယ္ေလ ဒီေတာ့ သူက သေဘာမတူေလာက္ဘူးမလား ဒါေၾကာင့္သာ မင္းေငြေခ်ာင္းတစ္ေထာင္ထပ္ရမယ့္ အခြင့္ေရးတစ္ခုကိုလြဲသြားတာခဲ့ေပါ့ ဒါေပမယ့္ မင္းအေနနဲ႕ ေငြေခ်ာင္းတစ္ေထာင္ဆုံးရႈံးသြားလို႔ ေရွာင္ဟန္ကိုေတာ့ ေဒါသမထြက္လိုက္ပါနဲ႕ကြယ္ ဒါကေငြေခ်ာင္းတစ္ေထာင္ေတာင္ဆိုေပမယ့္ သူကအရင္ထဲက ဒီလိုပုံစံေလးပဲမလား"
.....................